He Dufo [何渡佛] •COMPLETED•

By NTNO1823

296K 45.3K 6.8K

"အမှန်စင်စစ် အတွင်းအထိ ဗလာနတ္ထိ ဖြစ်ရိုးမှန်ရင် ဘယ်လိုကြောင့် ငါ့ကို မကြည့်ဝံ့သလဲ" ⚠️ BJYX, Yizhan, Adventure... More

Warning
1 (Vol 1)
1 (Z)
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31(Vol 2)
32
33
34
35
36
37
38
39
40
41
42
43
43 (Z)
44
45
46
47
48
49
50
51
51 (z)
52
53
54
55
56
57
58
59
60
60 (z)
61
62
63
64 (Vol 3)
65
66
67
68
69
70
71
72
73
74
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93 (final)
Extra 1
Extra 2
Extra 3
Extra 4
78 (z)
93 (final) z
Extra 2 (z)
Extra 1 (z)
Extra 3 (z)
Exta 4 (z)

75

2.5K 467 123
By NTNO1823

အပိုင်း။ ၇၅

ယွီဝမ်ကျယ် စိတ်လွတ်သွားတာလား?

ရှောင်းကျန့်က သူ့ရဲ့ကိုယ်လုပ်တော်ကို ရိုက်ထားတာလေ၊ သူ့ကိုယ်လုပ်တော်ကလဲ ဒီအတိုင်း ကိုယ်လုပ်တော် မဟုတ်ဘဲ၊ အမတ်ရဲ့သမီး၊ နောက်ပိုင်းမှာ သူ့အိမ်က ပြသနာ ဘယ်လောက်ရှာမလဲဆိုတာ မသိနိုင်ဘူး၊ ဒါပေမဲ့ ယွီဝမ်ကျယ်က စိတ်မဆိုးဘဲ ရှောင်းကျန့်လက်ကို တစ်ဖက်ကဆွဲ၊ နောက်တစ်ဖက်နဲ့ ကျူရှန်းကို ချီလာတယ်၊ ခန်းမထဲရောက်တော့ ညနေစာဘာစားချင်လဲဆိုပြီး ရှောင်းကျန့်ကို မေးသေးတာ။

မသိရင် သူတို့ ၃ ယောက်က မိသားစု ၃ ယောက်လိုပဲ။

ရှောင်းကျန့် လန့်ဖျပ်သွားပြီး ယွီဝမ်ကျယ်လက်ထဲက ရုန်းထွက်ကာ၊ ပါးစပ်ကနေ ရူးနေလားလို့အော်ပြီး ထွက်ပြေးသွားတယ်၊ သူ့ကိုယ်ပိုင်အခန်းထဲ ပြန်ရောက်တဲ့အထိ အခဲမကြေနိုင်ဘဲ ဒေါသထွက်နေတုန်းပဲ၊ ရှောင်းကျန့်ရဲ့ရည်ရွယ်ချက်ကို ယွီဝမ်ကျယ်ကောင်းကောင်း သိနေလောက်တယ်၊ ဒါကြောင့် ရှောင်းကျန့်ကို ပြသနာရှာတတ်တဲ့လူဖြစ်အောင် တမင်လုပ်သွားတာ။

ဒေါသထွက်ပြီး အံကြိတ်ရလွန်းလို့ ရှောင်းကျန့်သွားတွေတောင် နာလာတယ်၊ သူ့ကို 'ရှင်မ' လို့ခေါ်တဲ့ ယွီဝမ်ကျယ်ရဲ့မျက်နှာကို ပြန်မြင်ယောင်ရတော့ ရှောင်းကျန့်ရင်ဘက်ထဲမှာ စူးနင့်ပြီးအောင့်သွားတယ်။

ရှောင်းကျန့်စိတ်ထဲမှာ ရှုပ်ထွေးပွေလီလာတယ်၊ ဝမ်ရိပေါ် မဟုတ်ပါဘူးလို့ ယွီဝမ်ကျယ်ကိုယ်တိုင် ပြောခဲ့ပြီးသား၊ ထိမ်းမြားလက်ထက်ပွဲနေ့တုန်းကလဲ မင်းသား ၁ ကို အဝေးကနေ ရှောင်းကျန့် လှမ်းမြင်ခဲ့တယ်၊ သူ့မှာ အတော်အသင့် ခံ့ညားတဲ့ဥပတိရုပ်ရှိပေမဲ့ ယွီဝမ်ကျယ်ထက်တော့ ကြမ်းတမ်းပုံပေါ်တယ်၊ ရှောင်းကျန့် မျက်နှာလိုက်ပြီး ပြောတာမဟုတ်ဘူး၊ ညီအစ်ကိုပေမဲ့ သူတို့ကမတူဘူး၊ ဒါဖြင့် ဘာမှမတော်တဲ့ လူနှစ်ယောက်က ဒီလောက်အထိ တူနိုင်ပါ့မလား?

ပုယွီလက်ထဲကို ရေနွေးခွက်လာထည့်ပေးတဲ့အထိ ရှောင်းကျန့်က ငေးကြောင်ပြီး ရပ်နေမိတုန်းပါ။

"လျှောက်တင်ရမှာစိုးရွံ့ပေမဲ့ ဒီနေ့ကိစ္စကနေ ပြသနာဖြစ်လာမှာ ကြောက်မိပါတယ်"

"ထားလိုက် ကိစ္စမရှိဘူး.. ချူရှောင်းက အမတ်တစ်ယောက်ရဲ့ သမီးကြောင့်နဲ့တော့ ပန်ကုန်းကို သတ်ပါ့မလား.. ပြသနာဖြစ်လဲ ယွီဝမ်ကျယ်ပဲဖြစ်မှာ.. ပန်ကုန်းက ပွဲကြည့်ပရိတ်သတ်ပဲ.."

ရှောင်းကျန့်က ပြောနေရင်း ရပ်လိုက်ပြီး ထပ်ဖြည့်ပြောတယ်။

"အဲဒီယွီဝမ်ကျယ်က ရူးနေပြီထင်တယ်.. ပန်ကုန်းဘက်က ဒီလိုမျိုး သောင်းကျန်းလေ သူက ပိုကြိုက်လေ ဖြစ်နေတယ်"

ရှောင်းကျန့် ဒီလောက်ထိ တက်တက်ကြွကြွ ဆူဆူပူပူ ပြောဆိုနေတဲ့ပုံကို ပုယွီ မမြင်ရတာကြာလှပြီ၊ လွန်ခဲ့တဲ့ ၃ နှစ်လုံး ရှောင်းကျန့်က ခံစားချက်မရှိတဲ့ သစ်ပင်တစ်ပင်လို နေခဲ့တာမဟုတ်လား၊ ပုယွီငေးကြောင်နေတုန်း ရှောင်းကျန့်က သူ့ကိုခေါ်လာတယ်၊ ပုယွီလဲ အသိပြန်ကပ်လာပြီး ရှောင်းကျန့်ကို ညနေစာအတွက် မေးမြန်းတယ်။

ရှောင်းကျန့်က လက်ခါပြပြီး စားချင်စိတ်မရှိကြောင်း ငြင်းတယ်၊ ပြီးတာနဲ့ ဉာဏ်များတဲ့မြေခွေးလေးလို ပြုံးလိုက်ရင်း ဆိုလာတယ်။

"ဒီညလုပ်စရာရှိတယ်.. ပြင်ဆင်ထား"

ညည့်နက်ချိန်မှာတော့ ရှောင်းကျန့်နဲ့ ပုယွီက အမည်းရောင်ဝတ်စုံကိုယ်စီဝတ်ပြီး ထွက်လာတယ်၊ ဒီလိုကိစ္စမျိုးက ပုယွီလုပ်နေကြပါ၊ ဒီနေ့ နန်းတော်ထဲကိုဝင်ရမယ်လို့ ပုယွီကထင်နေတာ၊ ဒါပေမဲ့ ရှောင်းကျန့်ကသူ့ကို အရှေ့နန်းဆောင်ရဲ့အတွင်းဘက်ကျကျနေရာကို ခေါ်လာတယ်။

ရှောင်းကျန့် လမ်းပျောက်နေတယ်အထင်နဲ့ ပုယွီက မေးတယ်။

"အရှင်.. ငယ်သားတို့နေရာ.."

"ရှူး!"

ရှောင်းကျန့်က သူ့ကိုလှည့်ကြည့်ပြီး တိတ်တိတ်နေဖို့ အချက်ပြတယ်။

အရှေ့နန်းဆောင်ရဲ့ အရှေ့ဘက်အကျဆုံးနေရာ ရောက်တဲ့အထိ သူတို့နှစ်ယောက် မှောင်ရိပ်ခိုပြီး လျှောက်လာကြတယ်၊ သိပ်မကြာခင်မှာပဲ အမှောင်ထဲမှာ မျှော်စင်ထီးထီးကြီးတစ်ခုပေါ်လာတယ်၊ မျှော်စင်က သိပ်မမြင့်လှဘူး၊ ဒါပေမဲ့ အရှေ့နန်းဆောင်ရဲ့ မီးမထွန်းထားတဲ့ တစ်ခုတည်းသော အဆောက်အဦးဖြစ်နေတယ်၊ ပတ်ဝန်းကျင်က အေးစက်ပြီး လူသူကင်းမဲ့တယ်၊ အမေ့လျော့ခံ ဖြစ်နေရာကနေ အနားကပ်မသွားရဲတော့တဲ့ တစ္ဆေမျှော်စင်ကြီး ဖြစ်လာပုံရတယ်။

ဒီနေရာက ရှောင်းကျန့်ကိုမသွားဖို့ ယွီဝမ်ကျယ်ထုတ်ပြောပြီး တားမြစ်ထားတဲ့ တစ်ခုတည်းသော နေရာပဲ၊ ရှောင်းကျန့်က ဒါကိုအမြဲအမှတ်ရနေတာ၊ ဒီနေ့ကိစ္စအပြီးမှာ ဒီမျှော်စင်ထဲမှာရှိနေတဲ့ လျှို့ဝှက်ချက်ကို ရှောင်းကျန့် ပိုလို့တောင် သိချင်သွားတယ်၊ ဒီထဲမှာ ယွီဝမ်ကျယ်ရဲ့ လျှို့ဝှက်ချက်၊ သူ့မျက်နှာနဲ့ ပတ်သက်နေတဲ့ အဖြေတစ်ခုခု ရှိနေလောက်တာကို ရှောင်းကျန့် အလိုလို သိနေတယ်။

ယွီဝမ်ကျယ် တစ်ယောက်ယောက်ကို ဖမ်းချုပ်ထားတာမျိုးများ ဖြစ်နေမလား၊ ယွီဝမ်ကျယ်နဲ့ ဝမ်ရိပေါ် ရုပ်ချင်းတူနေရတဲ့ နောက်ကွယ်က အကြောင်းအရင်းကို ရှာဖွေဖို့အတွက် ရှောင်းကျန့် မတတ်နိုင်ဘဲ ဒီနည်းလမ်းကို ရွေးချယ်လိုက်ရတာပဲ။

ဒါပေမဲ့ ရှောင်းကျန့်က အရှေ့နန်းဆောင်ကို ရောက်ခါစမို့ အရာအားလုံးနဲ့ စိမ်းသက်နေတာ၊ ဒါတင်မကဘူး၊ ယွီဝမ်ကျယ်ရဲ့လူတွေက သူ့ကိုတစ်ချိန်လုံး စောင့်ကြည့်နေတာမို့ အခွင့်အရေးမရခဲ့ဘူး၊ ဒီနေ့ အရှေ့နန်းဆောင်မှာ ပြသနာကြီးကြီး ရှာထားလိုက်တဲ့အခါ အားလုံးရဲ့အာရုံက ကိုယ်လုပ်တော်ရွှီဆီ ရောက်နေကြတာ၊ ဒီအရှုပ်အထွေးကို အခွင့်ကောင်းယူပြီး မတင်မကျဖြစ်နေတာကို အဖြေရှာဖို့လုပ်ရတာပဲ။

ရှောင်းကျန့်က ပုယွီလက်မောင်းကို ပုတ်လိုက်ပြီး။

"မင်း ဒီမှာစောင့်ကြည့်နေ.. ပန်ကုန်းအပေါ်တက်သွားပြီး ကြည့်လိုက်မယ်"

အရှင့်ကို တစ်ယောက်တည်း လွှတ်လိုက်ရမှာ စိုးရိမ်ပေမဲ့ မငြင်းသာတာမို့ ပုယွီက ခေါင်းညိတ်သဘောတူလိုက်ရတယ်။

မျှော်စင်ရဲ့တံခါးအနားထိ ရောက်ဖို့တောင် ချုံနွယ်ပိတ်ပေါင်းတွေထူနေတဲ့ လျှောက်လမ်းကို ဖြတ်ရတယ်၊ ကြည့်ရတာ ဒီနေရာကို လူမလာတာ အတော်လေး ကြာနေပုံရတယ်၊ တံခါးမှာ ဖုန်တွေတင်နေပြီး ခတ်ထားတဲ့ သော့အိမ်မှာ ကြေးဓားငယ်တစ်လက် ထိုးထည့်ထားတယ်၊ ရှောင်းကျန့်က သော့ကိုကိုင်ပြီး စေ့စပ်စွာ ကြည့်တယ်။

ဒီလိုသော့ပုံစံမျိုး ရှောင်းကျန့်မြင်ဖူးတယ်၊ နည်းပညာဘက်မှာ တီထွင်နိုင်စွမ်းမြင့်မားတဲ့ ကျန်းနန်မိသားစုက လုပ်ထားတဲ့သော့၊ ဒီသော့ရဲ့ထူးခြားချက်က သော့တံမလိုဘူး၊ သော့အိမ်မှာပါတဲ့ ကျားကွက်လေးတွေကို မှန်အောင်ရွေ့နိုင်ရင်ရပြီ၊ သော့က ထူးခြားတဲ့ သံမဏိအမျိုးအစားနဲ့ လုပ်ထားတာ၊ မူရင်းဝှက်စာကလွဲရင် တခြားလက်နက်တွေနဲ့ ဖျက်လို့မရဘူး။

ပုယွီနဲ့ရှောင်းကျန့် အင်အားသုံးလဲ ဒီသော့ကို ဖွင့်ဖို့မလွယ်ဘူး။

သော့ဖျက်ဖို့နည်းက အသုံးမဝင်တော့ ရှောင်းကျန့်က မျှော်စင်ကို တစ်ပတ်ပတ်ကြည့်ပြီး အထဲဝင်နိုင်ဖို့ တခြားနည်းရှာတယ်၊ အဆောက်အဦးက သိပ်မမြင့်လှဘူး၊ ပြတင်းပေါက်က မြေပြင်ကနေ ၄/၅ မီတာလောက်မှာ ရှိနေတာ၊ ပုယွီသာကူညီမယ်ဆိုရင် ပထမထပ်ရဲ့ပြတင်းပေါက်ကို တက်လို့ရနိုင်လောက်တယ်။

ဒါကိုတွေးမိတော့ သိပ်မဝေးတဲ့နေရာမှာရပ်နေတဲ့ ပုယွီကို အချက်ပြလိုက်တယ်၊ သူတို့နှစ်ယောက်လုံးက ငယ်ငယ်ကတည်းက ဒါမျိုးတွေ ခဏခဏလုပ်ဖူးတယ်၊ ပုယွီကလဲသိတော့ ရှောင်းကျန့်ဆီ အမြန်ပြေးလာပြီး ပခုံးကို ပုတ်ပြတယ်၊ ရှောင်းကျန့်က သူ့ပခုံးပေါ်ကို တက်လိုက်ပြီး အုတ်နံရံကို ကုတ်တွယ်တက်ကာ အနီးဆုံး ပြတင်းပေါက်ဘောင်ကို လှမ်းကိုင်ဖို့ ကြိုးစားတယ်၊ ဘောင်နားရောက်ခါနီးမှာဘဲ ချော်ပြီးအောက်ကိုပြုတ်ကျလာတယ်။

မင်ကျောက်ရဲ့မင်းသမီးမှာ မြေကြီးပေါ်ကို ခွေးကျဝက်ကျ ကျသွားခဲ့တယ်၊ ကံကောင်းချင်တော့  အောက်ကနေ မဖမ်းနိုင်မှန်း သိလိုက်တာနဲ့ ပုယွီက မြေကြီးပေါ်လှဲချကာ ရှောင်းကျန့်မနာအောင် ခန္ဓာကိုယ်နဲ့ ခံထားပေးလိုက်တယ်၊ နှစ်ယောက်လုံး မြေကြီးပေါ်မှာ ကားယားလေးဖြစ်နေတယ်။

ရှောင်းကျန့်ကတော့ စိတ်ထဲကနေ ယွီဝမ်ကျယ်ကို ပျစ်ပျစ်နှစ်နှစ် ဆဲလိုက်တယ်၊ အပြင်ကနေ ကြည့်ရင် မထူးခြားတဲ့ သာမန်မျှော်စင်လို့ ထင်ရပေမဲ့ တကယ်တမ်းက နံရံကိုချော်အောင် အထူးစီမံထားတဲ့ အုတ်နဲ့ကာထားတာ၊ လက်ဗလာနဲ့တက်ဖို့ ဘယ်လိုမှမဖြစ်နိုင်ဘူး၊ လက်နက်တစ်ခုခုနဲ့ ထိုးစိုက်အားယူပြီး တက်မှသာ အဆင်ပြေမှာ။

ဒီအုတ်တွေက တစ်ချပ်ချင်း အနုစိတ်စီရင်ရတာမို့ တန်ဖိုးက ရွှေသားနံရံနီးနီး တန်ဖိုးကြီးတယ်၊ နှစ်များစွာ လေဒဏ်မိုးဒဏ်ခံထားရတော့ အဆင်းအရောင်က အရင်လို မဟုတ်တော့တာ၊ မူလကာကွယ်နိုင်စွမ်းကတော့ လျှော့မသွားခဲ့ဘူး။

ပုယွီရှိပေမဲ့ အပေါ်ကပြုတ်ကျလာတော့ ရှောင်းကျန့် ခြေထောက်တစ်ဖက် နာသွားတယ်၊ ထဖို့တောင် အခက်တွေ့နေတာမို့ ယုတ်မာလွန်းတဲ့ ယွီဝမ်ကျယ်ကိုပဲ မကျေမနပ်နဲ့ ထပ်ခါထပ်ခါ ကျိန်ဆဲနေမိတယ်၊ နာတာကို သည်းညည်းခံပြီး ထဖို့လုပ်တဲ့အချိန်မှာပဲ သူတို့အရှေ့ကို အဖြူရောင်ဝတ်ရုံနဲ့ လူတစ်ယောက် လာရပ်တယ်၊ အထည်စက သာမန်မဟုတ်ဘဲ တန်ဖိုးကြီးပိုးသားပါ။

ရှောင်းကျန့်က အနည်းငယ်စိုးရိမ်နေတဲ့မျက်နှာနဲ့ မော့ကြည့်လိုက်မိတယ်၊ ကံကောင်းချင်တော့ ရောက်လာတဲ့လူက ယွီဝမ်ကျယ်မဟုတ်ဘဲ သူ့ရဲ့ အမျိုးသားကိုယ်လုပ်တော် ဖြစ်နေတယ်၊ ရှောင်းကျန့်တောင်သူ့ကို ချောတယ်လို့ တွေးခဲ့သေးတာလေ။

သူက လရောင်အောက်မှာ တည်တည်ငြိမ်ငြိမ်နဲ့ ရပ်နေတာ၊ စည်းနှောင်ထားတဲ့ ဆံနွယ်တွေကို အနောက်မှာ အသာအယာ ချထားတယ်၊ အရှေ့ဆံပင်တချို့က ကြည်လင်သန့်စင်နေတဲ့ ပါးပြင်ပေါ်မှာ ကပိုကရိုလေး ကျနေတယ်၊ သူ့ကိုကြည့်ရတာ တိတ်ဆိတ်အေးချမ်းတဲ့ သစ်ခွပန်းလေးနဲ့ တူတယ်။

သူက ရှောင်းကျန့်ကို ပြုံးပြလာတာမို့ ရှောင်းကျန့် နည်းနည်း မျက်နှာပူသွားတယ်။

"မင်..မင်းက.."

"ကျွန်တော်မျိုးက ဝမ့်ကျွင်းပါ"

ဝမ့်ကျွင်းက ရှောင်းကျန့်ကို ဦးညွတ်နှုတ်ဆက်တယ်။

"မြေကြီးက အေးပါတယ် အရှင်မင်းသမီး"

ဝမ့်ကျွင်းက ပြောရင်းနဲ့ ရှောင်းကျန့်ရှေ့ကို လက်တစ်ဖက် ကမ်းပေးလာတယ်၊ ဝမ့်ကျွင်းရဲ့ လက်ချောင်းတွေက ဖြူသွယ်လှပတယ်၊ စာပေရေးသားဖို့ သင့်တော်တဲ့ လက်ပိုင်ရှင်၊ ရှောင်းကျန့်ကလဲ ဝမ့်ကျွင်းရဲ့လက်ကို ဆုပ်ကိုင်လိုက်ပြီး မြေကြီးပေါ်ကနေ ထ,ရပ်လိုက်တယ်။

ဒီလိုပုံစံကို ပြရတာ ရှောင်းကျန့် နည်းနည်းတော့ ရှက်မိတယ်၊ ဝမ့်ကျွင်းကို ဘယ်လိုဆင်ခြေပေးရမယ်မှန်းတောင် ရှောင်းကျန့် မစဉ်းစားတတ်ဘဲ ရှုပ်ထွေးသွားတယ်၊ ရုပ်ရည်ချောမောတဲ့လူတွေကို သဘောကျတတ်တဲ့ ရှောင်းကျန့်ရဲ့ဝသီကြောင့်သာမဟုတ်ရင် ဝမ့်ကျွင်းကို နေရာမှာတင် သတ်ပစ်လိုက်ပြီ။

ဝမ့်ကျွင်းကတော့ ရှောင်းကျန့်ရဲ့စိတ်အခြေအနေကို ခန့်မှန်းမိပုံ မပေါ်ဘူး၊ တရင်းတနှီး ပြုံးနေရင်း ရှောင်းကျန့် ဒူးမှာကပ်နေတဲ့ ဖုန်တွေကို ခါပေးနေတယ်။

"အရှင်မင်းသမီး လမ်းလျှောက်နိုင်ရဲ့လား?"

"အမ်?"

ရှောင်းကျန့် နည်းနည်းတော့ အံ့သြသွားပေမဲ့ မျက်နှာမှာ မပေါ်စေဘဲ။

"အရှင်မင်းသမီး ပြန်ဖို့ ကူပေးပါ့မယ်"

ဝမ့်ကျွင်းက ပြောပြီးတာနဲ့ ရှောင်းကျန့်ရဲ့လက်တစ်ဖက်ကို ဝင်တွဲပြီး ထိန်းပေးလိုက်တယ်။

အောက်ကနေ ထ,ရပ်လိုက်တဲ့ ပုယွီကလဲ ဝေခွဲမရဖြစ်နေတဲ့မျက်နှာနဲ့ ရှောင်းကျန့်ဘေးမှာ ရပ်နေတယ်၊ သူတို့နှစ်ယောက် အကြည့်ချင်းဆုံသွားချိန်မှာ ပုယွီမေးချင်နေတာကို နှစ်ပေါင်းများစွာ အတူရှိလာတဲ့ ရှောင်းကျန့်က နားလည်သွားတယ်၊ တကယ်တော့ ပုယွီက ဝမ့်ကျွင်းကို ရှင်းပစ်ရမလားဆိုပြီး အသံတိတ် မေးလာတာ။

ရှောင်းကျန့်က ခေါင်းခါလိုက်တယ်၊ ဒီညအတွက်တော့ အိမ်ရှေ့စံနဲ့ နန်းဆောင်မှာ သွေးထွက်သံယို ထပ်ဖြစ်လို့ မသင့်တော်တော့ဘူးလို့ ရှောင်းကျန့်ယူဆတယ်။

ဝမ့်ကျွင်းက ရှောင်းကျန့်ကိုတွဲပေးရင်း အတူလျှောက်လာတယ်၊ အပြန်လမ်းမှာ သူတို့ ၃ ယောက်လုံး စကားမပြောကြဘူး၊ ရှောင်းကျန့်ရဲ့ အိပ်ခန်းတံခါးနားကို ရောက်တော့ ဝမ့်ကျွင်းက သူ့လက်ကို ပြန်လွှတ်ပေးလိုက်ပြီး ဦးညွတ်နှုတ်ဆက်ကာ ထွက်သွားဖို့ ပြင်တယ်။

အဲဒါကိုမြင်တော့ ရှောင်းကျန့်က။

"ဒီည မင်း.."

ဝမ့်ကျွင်းက ရှောင်းကျန့်ဘက် ပြန်လှည့်လာပြီး။

"ဒီည အရှင်မင်းသမီးနဲ့ ကျွန်တော်မျိုး မတွေ့ခဲ့ပါဘူး"

ရှောင်းကျန့်က သဘောပေါက်သွားဟန်နဲ့ ပြုံးလိုက်ချိန်မှာ ဝမ့်ကျွင်းက။

"ဒါပေမဲ့ အဲဒီအဆောက်အဦးက အန္တရာယ်များတဲ့နေရာမို့ ထပ်မသွားပါနဲ့တော့ အရှင်မင်းသမီး"

ရှောင်းကျန့်က ဒီစကားအတွက်တော့ ခေါင်းညိတ်ခေါင်းခါ မလုပ်ဘူး။

"ပန်ကုန်းမင်းကို တစ်ခုလောက် မေးလို့ရမလား?"

ဝမ့်ကျွင်းက ခေါင်းခါလိုက်ပြီး ရုတ်ချည်းထ, ပြောတာက။

"အရှင်မင်းသမီးပန်ထားတဲ့ဆံထိုးရဲ့လက်ရာက ထူးခြားလွန်းတယ်.. အဲဒီဆံထိုး ကျွန်တော်မျိုးကို လက်ဆောင်ပေးလို့ရမလား?"

ရှောင်းကျန့်က သူ့ခေါင်းက လျှို့ဝှက်ဆံထိုးကို လက်နဲ့ထိလိုက်တယ်၊ ဒီဆံထိုးကို ရှောင်းကျန့်က ၃ နှစ်လုံးလုံး ကိုယ်နဲ့မကွာ ဆောင်ထားခဲ့တာ။

"ဒါကတော့ မိတ်ဆွေဟောင်းတစ်ယောက်ပေးခဲ့တဲ့ ပစ္စည်းဖြစ်နေလို့ ပေးလို့မရဘူး.. မင်းလိုချင်ရင် လူရှာပြီး နောက်တစ်ခု လုပ်ပေးပါ့မယ်"

"ဒါဆိုရင်လဲ စေတနာအတွက် ကျေးဇူးတင်ပါတယ် အရှင်မင်းသမီး"

အဲဒီနောက်တော့ ဝမ့်ကျွင်းက ရှောင်းကျန့်ကို အရိုအသေပေးပြီး ထွက်သွားတယ်။

သူက အမျိုးသားကိုယ်လုပ်တော်ထဲမှာတောင် တခြားကိုယ်လုပ်တော်တွေနဲ့ သိသိသာသာ ကွဲပြားနေတယ်၊ သူ့မျက်နှာက မနာလိုဝန်တိုခြင်း ကင်းတယ်၊ ဒီလို ဖြူစင်အေးချမ်းတဲ့ပုံစံလေးမှာ မကျရှုံးသွားတဲ့သူဆိုတာ ရှားလိမ့်မယ်။

ယွီဝမ်ကျယ်ကြိုက်တာ မထူးဆန်းပါဘူး။

ရှောင်းကျန့်က ဝမ့်ကျွင်းနောက်ကျောကို ငေးနေတော့ ပုယွီက ရှောင်းကျန့်ကို အခန်းထဲတွဲခေါ်သွားရင်း။

"ဘာတွေများတွေးနေတာလဲ အရှင်"

ရှောင်းကျန့်က ပြုတ်ကျတုန်းက ခေါက်သွားတဲ့ ခြေထောက်ကို ပွတ်သပ်လိုက်ပြီး အနည်းငယ်ရွံရှာဟန်နဲ့ ဆိုတယ်။

"ယွီဝမ်ကျယ်လို့ လူယုတ်မာမျိုးက ဒီလိုအလှလေးနဲ့ မတန်ဘူးလို့ တွေးနေတာ"

ဒီစကားကြားတော့ ပုယွီက အသံထွက် ရယ်လိုက်ပြီး။

"အဲဒီဝမ့်ကျွင်းသခင်လေးက အရှင်နဲ့ ပုံစံချင်း နည်းနည်းတူနေတယ်လို့ မထင်ဘူးလား?"

"ဟမ်.. တူနေတာလား?"

"အွန်း"

.....

နောက်တစ်လခွဲလောက်အထိ ရှောင်းကျန့် ငြိမ်နေရတယ်၊ မငြိမ်လို့လဲ မရဘူး၊ ခြေခေါက်လဲထားတဲ့ဒဏ်က ဆောင်းတွင်းမို့ သက်သာဖို့ ကြာနေတာ၊ ဒါပေမဲ့ မျှော်စင်အကြောင်းကတော့ ရှောင်းကျန့် ခေါင်းထဲမှာ စက္ကန့်မလပ် ရှိနေတာပါ၊ အဲဒီမျှော်စင်က ထူးဆန်းနေတယ်လေ၊ ယွီဝမ်ကျယ်က ဖွက်ထားချင်လေ၊ ရှောင်းကျန့်က အထဲမှာသိမ်းထားတဲ့ လျှို့ဝှက်ချက်ကို ပိုသိချင်လေပဲ၊ အဲဒီလျှို့ဝှက်ချက်ကနေ ယွီဝမ်ကျယ်က ဘာလဲ၊ သူ့ရဲ့ နောက်ကြောင်းက ဘာလဲဆိုတာ သိနိုင်တယ်၊ ဒါက ရှောင်းကျန့်က သိပ်ကိုအရေးကြီးတယ်။

ဒါပေမဲ့ ရှောင်းကျန့်မှာ အခွင့်အရေး သိပ်မရှိဘူး၊ တော်ဝင်မျိုးနွယ်တွေ၊ မိသားစုတွေ လာရောက်ပြီး ဂါရဝပြုတာကို နေ့တိုင်းလက်ခံနေရတယ်၊ ယွီဝမ်ကျယ် မဖြစ်မနေ သွားခိုင်းတဲ့ ပန်းကြည့်ပွဲဆိုတာကိုလဲ သွားရသေးတယ်၊ အဲဒီပွဲမှာ မင်းသား ၁ ရဲ့ ကြင်ယာတော် မင်းသမီးကို တွေ့လာခဲ့တယ်။

ယွီဝမ်ကျယ်က သတိထားခိုင်းတဲ့ အမျိုးသမီးမို့ ရှောင်းကျန့်က ပိုတောင်မတွေ့ချင်ဘူး၊ အဲလိုပွဲတွေလဲ ရှောင်းကျန့်က သဘောမကျဘူး၊ အစပိုင်းလောက်ပဲ သွားပြီး ကျန်တာတွေ အကုန်ငြင်းလွှတ်တယ်၊ နန်းဆောင်မှာ အေးအေးဆေးဆေးနားနေပြီး ယွီဝမ်ကျယ်နောက်ကြောင်းကို တိတ်တဆိတ် စုံစမ်းနေမိတယ်။

ကံဆိုးချင်တော့ ဘာမှမယ်မယ်ရရ မသိရဘူး၊ ယွီဝမ်ကျယ်မွေးနေ့ကို သိလာရပေမဲ့ ချုရှောင်းမှာ ကလေးမွေးလာရင် မွေးနေ့ကို ကျောက်စိမ်းပြားမှာ ထွင်းပေးတဲ့ဓလေ့ မရှိသလို၊ ယွီဝမ်ကျယ်မွေးနေ့နဲ့ ဝမ်ရိပေါ် ပေးထားခဲ့တဲ့ ကျောက်စိမ်းပြားမှာပါတဲ့ မွေးနေ့ကလဲ မတူဘူး။

ယွီဝမ်ကျယ် မျက်နှာကလွဲရင် ရှောင်းကျန့်မှာ ဘာသဲလွန်စမှ ရှိမနေဘူး၊ ပြောရရင် ယွီဝမ်ကျယ်မျက်နှာကို မမြင်ရတာတောင် ရက်အတော်ကြာနေခဲ့ပြီ။

ယွီဝမ်ကျယ်က အရှေ့နန်းဆောင်ကို သိပ်ပြန်လေ့မရှိဘူး၊ ချူရှောင်းဧကရာဇ်ကိုယ်စား နိုင်ငံရေးမှာ ဝင်ရောက်စီမံနေရတာမို့ ပြန်ဖို့နောက်ကျနေရင် နန်းတော်မှာပဲ အိပ်လေ့ရှိတယ်၊ အိမ်ထောင်မကျခင်တုန်းကဆို အရှေ့နန်းဆောင်ကို နှစ်ဝက်လောက်နေမှ တစ်ခါလောက် ပြန်လာတတ်တယ်လို့ သိရတယ်။

ကြောင်မရှိကြွက်ထ ဆိုသလိုပဲ၊ အရှေ့နန်းဆောင်မှာရှိတဲ့ ကိုယ်လုပ်တော်တွေကြားမှာ ပြသနာ မကြာခဏဖြစ်နေကြတာ ယွီဝမ်ကျယ်ပြန်မလာလို့ပဲ၊ ခြောက်ကပ်ပြီး ပျော်စရာမရှိတဲ့ ပတ်ဝန်းကျင်က လူကိုသေစေနိုင်တယ်၊ ခစားရမဲ့ ခင်ပွန်းသည်မရှိတော့ အချင်းချင်းချောက်ချပြီးပဲ အပျင်းဖြေနေကြရတာ၊ ရှောင်းကျန့်က သူတို့ကိစ္စတွေကို ကလေးတွေ ရန်ဖြစ်နေသလောက်ပဲ သတ်မှတ်ထားပြီး အဖက်ကိုမလုပ်ဘူး။

ရှောင်းကျန့်က သူ့ကိုယ်သူ ယွီဝမ်ကျယ်ရဲ့အိမ်ရှင်မလို့ မတွေးဘူး၊ ဒီက ကိုယ်လုပ်တော်တွေနဲ့ အခြေအနေချင်း တူတယ်လို့လဲ မထင်ဘူး၊ ရှောင်းကျန့်လို အနေအထားက သူတို့သေသွားရင်တောင် အလွတ်ကြီး၊ ဝင်ပါနေစရာကို မလိုဘူး၊ ဒါပေမဲ့ ဒီပျင်းစရာကောင်းတဲ့ ကိုယ်လုပ်တော်တွေက နောက်ဆုံးမှာ ကလေးတစ်ယောက်ကိုတောင် အလွတ်မပေးဘဲ ဒုက္ခပေးလာအချိန်မှာတော့ ရှောင်းကျန့် ထိုင်မနေနိုင်တော့ဘူး။

ကျူရှန်းက ၁ရက်နဲ့ ၁ည တိတိ ကိုယ်တွေ ခြစ်ခြစ်တောက်ပူနေကြောင်း ပုယွီသိလာတော့ ရှောင်းကျန့်က ဝတ်ရုံကို ကမန်းကတန်းဝတ်ပြီး ပြေးကြည့်ရတယ်၊ ကလေးက နီရဲတွတ်နေတယ်၊ သတိရတစ်ချက် မရတစ်ချက်နဲ့ ပါးစပ်ကနေ ကယောင်ကတမ်းတွေ ပြောနေတာ။

ရှောင်းကျန့်က တော်ဝင်သမားတော်ကို ဆင့်ခေါ်လိုက်တယ်၊ သမားတော် ရောက်လာပြီး အပ်စိုက် ကုတာတောင် ကလေးက သတိလစ်နေလို့ မရုန်းနိုင်ဘူး၊ နာလွန်းလို့ ညည်းညည်းညူညူနဲ့ ငိုရှာတယ်။

ရှောင်းကျန့် ငယ်ထိပ်ကို သွေးဆောင့်တက်သွားသလို ခံစားလိုက်ရတယ်၊ ဒါကြောင့် ဘေးက အထိန်းတော်ကို ကြမ်းပြင်ပေါ်ကို ဒေါသတကြီး တွန်းချပြီး။

"ငါ့ကို အခုချက်ချင်း ဖြစ်ကြောင်းကုန်စင် လျှောက်တင်စမ်း.. ဘာလို့ သမားတော် စောစောစီးစီး မခေါ်တာလဲ ဟမ်.. ငါ့ကို ဘာလို့ဘာမပြောတာလဲ?"

ယွီဝမ်ကျယ်သားကို ပျိုးထောင်ပေးချင်တာမျိုး မဟုတ်ပေမဲ့ ကျူရှန်းလေးက တကယ်ကို သနားဖို့ကောင်းတာ၊ အိမ်ရှေ့စံရဲ့မျိုးဆက် တစ်နေ့နဲ့တစ်ညတိတိ ဖျားနာနေတာကို မကုပေးဘဲ ပစ်ထားရဲကြတာကို ရှောင်းကျန့်တကယ်ပဲ နားမလည်နိုင်အောင် ဖြစ်မိတယ်။

အထိန်းတော်ကြီးက တုန်တုန်ယင်ယင်နဲ့ အောက်မှာ ဒူးထောက်ထိုင်ချလိုက်ပြီး။

"လျှောက်တင်ရမှာ စိုးရွံ့မိပါတယ်.. ဖျားမှန်းသိတဲ့ မနက်စောစောကတည်းက ကျွန်တော်မျိုးမ သမားတော်ကို အခေါ်လွှတ်ပါတယ်.. ဒါပေမဲ့ ကိုယ်လုပ်တော်ရွှယ်က တော်ဝင်သမားတော် လာမယ်.. စိတ်အေးအေးနဲ့ စောင့်နေပါဆိုပြီး ပြောလာပါတယ်.. ကျွန်တော်မျိုးမလဲ စိတ်ပူပြီး အရှင်မင်းသမီးကို သတင်းပို့ဖို့ တွေးမိပါသေးတယ်.. ဒါပေမဲ့ အိမ်ရှေ့စံကိုယ်တော်လေးက မင်းသမီးအနားယူတာကို အနှောင့်အယှက်မပေးဖို့ သတိပေးထာတာမို့.. လာရောက်ပြီး သတင်းမပို့ဝံ့တာပါ"

ရှောင်းကျန့်က ကိုယ်လုပ်တော်တွေအားလုံးကို ချက်ချင်းဆင့်ခေါ်ပြီး နှင်းတောထဲမှာ တစ်ယောက်မကျန် ဒူးထောက်ခိုင်းထားတယ်၊ အဲဒီနောက်တော့ ရွှယ်မျိုးရိုး ကိုယ်လုပ်တော်ကို ရှောင်းကျန့်ကြည့်လိုက်တယ်။

ဒီရက်ပိုင်းအတွင်းမှာ အိမ်ရှေ့စံရဲ့အနောက်ဆောင်က အခြေအနေတွေကို ရှောင်းကျန့် စုံစမ်းထားဖူးတယ်၊ ရွှယ်မျိုးရိုးက ရွှီမျိုးရိုးလောက်မဟုတ်ပေမဲ့ မျိုးရိုးမြင့် အိမ်တော်ကလာတဲ့ မိန်းကလေးပဲ၊ နောက်ပြီး သူက ယွီဝမ်ကျယ်ထက်တောင် တစ်နှစ်ကြီးတယ်၊ ရွှီမျိုးရိုးအာဏာ ကျဆင်းသွားတဲ့နောက်ပိုင်းမှာ သူကအုပ်ချုပ်သူနေရာကို အလိုလိုရောက်လာတာ။

ရှောင်းကျန့် သတိထားမိခဲ့ပေမဲ့ သူ့ပုံစံက ခပ်အေးအေးပဲမို့ လွှတ်ထားပေးခဲ့တာ၊ အခုလို ပြသနာဖြစ်လာပြီ ဆိုမှတော့ သူ့ဆီက ဖြေရှင်းချက်ကို စောင့်ရတော့မှာပေါ့။

ကိုယ်လုပ်တော်ရွှယ်က အရှေ့ထွက်လာပြီး ဒူးထောက်လိုက်တယ်၊ သူ့ပုံစံက မော်ကြွားမှု မရှိဘူး၊ ဒါပေမဲ့ သိပ်ပြီး ရိုကျိုးနေတာမျိုးလဲ မဟုတ်လှဘူး၊ တော်ဝင်သမားတော်ကို ပင့်ဖို့အတွက် သူကိုယ်တိုင် စာရေးပြီးပို့လိုက်ပေမဲ့ စာသွားပို့တဲ့အစေခံက ပြန်ရောက်မလာတဲ့အကြောင်းကို ပြောပြလာတယ်၊ နန်းတော်ကို အထိတ်တလန့် ဖြစ်အောင် လုပ်မိမှာစိုးတဲ့အတွက် နောက်တစ်ကြိမ် ထပ်မပြောဝံ့ဘဲ စောင့်ကြည့်နေတာဖြစ်ကြောင်း ရှင်းပြတယ်။

ရှောင်းကျန့်က ဒေါသတကြီးနဲ့ ခုံပေါ်က အခါးရည်ခွက်ကို တိုက်ချပြီး ကျိန်ဆဲပစ်လိုက်တယ်။

ဒါပေမဲ့ ရှောင်းကျန့်သိတယ်၊ နန်းတွင်းက တစ်ခုခုတောင်းဆိုဖို့အတွက် အိမ်တော်အကြီးအကဲရဲ့ ခွင့်ပြုချက်လိုတယ်၊ အိမ်ရှေ့စံရဲ့အနောက်ဆောင်က ကိုယ်လုပ်တော် တစ်ယောက်အတွက် စာပို့ဖို့တောင် မလွယ်ကူလှဘူး။

ကိုယ်လုပ်တော်ရွယ်က စာတစ်စောင် ကြိုးစားပို့ကြည့်ထားပေမဲ့၊ ထပ်ခါထပ်ခါတော့ တိုက်တွန်းရဲမှာမဟုတ်ဘူး၊ ရှောင်းကျန့်ဆီလဲ လာမရှာရဲတာ သေချာတယ်၊ ရွှီမျိုးရိုးကိစ္စပြီးကတည်းက သူတို့အားလုံးကြားမှာ ရှောင်းကျန့်ရဲ့အဆောင်က တားမြစ်နယ်မြေဖြစ်လာတယ်၊ ဘယ်သူမှ ရှောင်းကျန့်ကိုလာပြီး အနှောင့်အယှက် မပေးဝံ့ကြဘူး။

ရှောင်းကျန့် စိတ်ရှုပ်ထွေးစွာနဲ့ နဖူးကို ထိန်းကိုင်ထားရင်း ကျူရှန်းအတွက် ဆေးကျိုဖို့ အစေခံ တစ်ယောက်ကို ညွှန်ကြားလိုက်တယ်၊ သူကတော့ နေရာမှာ ဆက်ထိုင်နေရင်း ဘယ်သူ့ကို အပြစ်တင်ရမှန်း မသိဘဲ လမ်းပျောက်နေခဲ့တယ်၊ နောက်တော့ ဒီကိစ္စကို ဒီလောက်နဲ့ပဲ ထားလိုက်တော့ဖို့ ဆုံးဖြတ်လိုက်တယ်၊ ဒါပေမဲ့ သမားတော်က အခန်းထဲက ထွက်လာပြီး ရှောင်းကျန့်ကို လျှောက်တင်လာတဲ့ အချိန်မှာတော့ ရှောင်းကျန့် ဝုန်းခနဲပေါက်ကွဲသွားတယ်။

"သခင်လေးရဲ့ရောဂါက ရာသီအကူးအပြောင်းကြောင့် ဖြစ်တဲ့ အအေးမိတာ မဟုတ်ပါဘူး.. အအေးခံတာ လွန်ကဲသွားလို့ ဖြစ်ရတာပါ"

ကျူရှန်းက အပြင်ထွက်ပြီး ဆော့တတ်လို့ သေချာစောင့်ကြည့်ပြီး တတ်နိုင်သမျှ နွေးနွေးထွေးထွေး ဝတ်ဆင်ပေးထားတာ၊ အအေးခံတာလွန်ကဲတယ်ဆိုတာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ၊ ဒါပေမဲ့ တော်ဝင်သမားတော်က ဒီလိုပြောမှတော့ သူ့ကိုအအေးမိအောင် တမင်လုပ်တဲ့သူ ရှိခဲ့တာ သေချာတယ်။

ရှောင်းကျန့်လဲ ကျူရှန်းအခန်းကို ချက်ချင်းသွားပြီး စေ့စေ့စပ်စပ် စစ်ဆေးကြည့်တယ်၊ ဆောင်းရာသီအစ ကတည်းက သေချာပိတ်ထားတဲ့ ပြတင်းပေါက်တံခါးက ပွင့်ဟနေတာကို တွေ့လိုက်ရတယ်၊ နောက်ပြီး အဲဒီအဟလေးက ကျူရှန်းအိပ်ရာဘက်ကို မျက်နှာမူနေတယ်၊ ပြတင်းပေါက်ဘောင်ပေါ်မှာ ပြာကျနေတဲ့အမှုန့်တချို့ ရှိနေတယ်၊ ကြည့်ရတာ အိပ်ဆေးခတ်ပြီး တစ်ညလုံး ကလေးကို လေအေးထဲမှာ အိပ်ပျော်နေအောင် တမင်လုပ်ခဲ့တဲ့ပုံပဲ။

ရှောင်းကျန့် ခေါင်းကိုက်လာတာမို့ အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်တယ်။

"ဒီကိစ္စကို အခုချက်ချင်း သေချာစစ်ဆေးစမ်း"

အဲဒီမှာ တွေ့လာရတာက ကျူရှန်းနားမှာ စောင့်ပေးရတဲ့ အစေခံအမျိုးသမီးနဲ့ သမားတော်သွားခေါ်တဲ့အစေခံကောင်လေးက မောင်နှမတွေဆိုတာကို သွားတွေ့တယ်၊ ဒါက တိုက်ဆိုင်တာမဟုတ်ဘူး၊ တမင်စီစဉ်ထားတာပဲ၊ ရှောင်းကျန့်က ထွက်ပြေးသွားတဲ့နှစ်ယောက်ကို အနောက်က လိုက်ဖမ်းခိုင်းလိုက်တယ်။

ရှောင်းကျန့် နားမလည်နိုင်တာက ကျူရှန်းက အရှေ့နန်းဆောင်က တစ်ဦးတည်းသောကလေး၊ အခုလက်ရှိ ကိုယ်လုပ်တော်ထဲမှာ ဘယ်သူမှကိုယ်ဝန်မရှိကြပါပဲနဲ့ ဘာလို့ ကျူရှန်းကို စောစောစီးစီး ဒုက္ခပေးဖို့ လုပ်ရတာလဲ?

အိမ်ရှေ့စံနန်းဆောင်က အစောင့်တွေက မြန်မြန်ဆန်ဆန် လှုပ်ရှားတဲ့အခါ ထွက်ပြေးတဲ့မောင်နှမကို ခဏလေးနဲ့ ဖမ်းမိသွားတယ်၊ သူတို့ကို ရှောင်းကျန့်အရှေ့မှာ တွန်းချပြီး ဒူးထောက်ခိုင်းလိုက်ချိန်မှာတော့ လက်ထဲကိုင်ထားတဲ့အထုပ်ကပွင့်ထွက်သွားပြီး အထဲကနေ တန်ဖိုးကြီး ရတနာတွေ ထွက်လာတာ မြင်လိုက်ရတယ်။

အဲဒါတွေက ဝမ့်ကျွင်းကို ဆုချလိုက်တဲ့ ရတနာပစ္စည်းတွေထဲကတချို့ဆိုတာကို ရှောင်းကျန့် မှတ်မိလိုက်တယ်။

ဝမ့်ကျွင်းက ရှောင်းကျန့်ရဲ့ဆံထိုးကို တောင်းဆိုခဲ့ပေမဲ့ သူမပေးခဲ့ဘူး၊ အဲဒီအစား ပစ္စည်းကောင်း တော်တော်များများပေးသနားလိုက်တယ်၊ ကြောက်ရွံ့နေတဲ့ အစေခံက တုန်ယင်စွာနဲ့ ပြောလာတယ်။

"ဝမ့်သခင်လေး ခိုင်းလို့လုပ်ရတာပါ.. ကျွန်..ကျွန်တော်မျိုးမရဲ့မိခင်ကမမာတဲ့အတွက်.. မတတ်နိုင်ဘဲ.. မတတ်နိုင်ဘဲ လုပ်ခဲ့ရတာပါ"

ရှောင်းကျန့်က ဝမ့်ကျွင်းကို လှမ်းကြည့်လိုက်တယ်၊ သူက ခါတိုင်းလိုပဲ ကိုယ်လုပ်တော်တွေ အားလုံးရဲ့ နောက်ဆုံးတန်းမှာ ဒူးထောက်နေတာ၊ အစေခံစကားကြောင့် အားလုံးကသူ့ကို အထင်အမြင်သေးနေတဲ့မျက်နှာတွေနဲ့ လှည့်ကြည့်ကြတယ်။

အဲဒီညက ဆုံပြီးတော့ ဝမ့်ကျွင်းအကြောင်း ရှောင်းကျန့်စုံစမ်းခိုင်းလိုက်မိတယ်၊ ဝမ့်ကျွင်းက ဇာတ်နိမ့်အစေခံ မျိုးရိုး ဒါပေမဲ့ ယွီဝမ်ကျယ်က မျက်စိကျပြီး ကိုယ်လုပ်တော်မြှောက်လိုက်တာမို့ အရှေ့နန်းဆောင်ကို ဝင်လာတာ။

အရှေ့နန်းဆောင်ကိုရောက်နေကြတဲ့ ကိုယ်လုပ်တော်အများစုက မိသားစုနောက်ခံမျိုးရိုး တောင့်တင်းကြတာများတယ်၊ ဒါကြောင့် အစေခံမျိုးရိုးဖြစ်တဲ့ ဝမ့်ကျွင်းကို အထင်သေးပြီး အနိုင်ကျင့်ကြတယ်၊ ဒါပေမဲ့ သူတို့ အနိုင်ကျင့်လေ ယွီဝမ်ကျယ်က မျက်နှာသာပေးလေပဲ၊ ယွီဝမ်ကျယ်က ကိုယ်လုပ်တော်တွေထဲမှာတောင် ဝမ့်ကျွင်း တစ်ယောက်ကိုပဲ အိမ်တော်ကနေ စိတ်တိုင်းကျ ထွက်ခွာခွင့် ပေးထားတယ်လို့ သိရတယ်။

ပြသနာရဲ့အဓိကအကြောင်းအရင်းကို ရှောင်းကျန့် သဘောပေါက်သွားတယ်၊ ရှောင်းကျန့် အရှေ့နန်းဆောင် ရောက်လာပြီး ရက်ပိုင်းအတွင်းမှာပဲ ဝမ့်ကျွင်းကို လက်ဆောင်တွေ အများကြီး ပေးသနားလိုက်တာမို့ ကိုယ်လုပ်တော်တွေက သူ့ကိုပိုပြီး မနာလိုဖြစ်ကုန်ကြတာ၊ ဒါကြောင့် ဒီကိစ္စကိုဖန်တီးလိုက်တာပဲ။

သူထင်ထားသလိုပဲ ကိုယ်လုပ်တော်တချို့က အိတ်ထဲက ဝမ့်ကျွင်းပစ္စည်းကို လက်ညိုးထိုးပြပြီး။

"ဒီဟာတွေက အိမ်ရှေ့စံမိဖုရား ဝမ့်ကျွင်းကို ပေးထားတဲ့ပစ္စည်းမလား.. တစ်အိမ်လုံးမှာ တစ်ခုပဲရှိတဲ့ဟာ"

အားလုံးက ဝိုင်းအပြစ်တင်ဝေဖန်နေတဲ့အချိန်မှာပဲ ဝမ့်ကျွင်းက ရှောင်းကျန့်အရှေ့ထိ ဣန္ဒြေရရလျှောက်လာပြီး ဒူးထောက်ထိုင်လိုက်တယ်၊ သူ့ရဲ့လှုပ်ရှားမှုက နန်းရင်ပြင်မှာ မှန်ရာကိုဆိုနေတဲ့ပညာရှိလို တည်ငြိမ်တယ်။

"ကျွန်တော်မျိုး ဒီလိုကိစ္စမျိုး မခိုင်းဖူးပါဘူး အရှင်မင်းသမီး.. လုပ်ခိုင်းခဲ့ရင်တောင် မင်းသမီး ချီးမြင့်ထားတဲ့ လက်ဆောင်ကို ထုတ်ပေးပြီး ကျွန်တော်မျိုးမှန်း သိသာနေအောင် ဘယ်လုပ်ပါ့မလဲ.. ကျွန်တော်မျိုးမှာ ထပ်ပြီး ပြောစရာ မရှိတော့ပါဘူး"

သူ့စကားကြားတော့ ကိုယ်လုပ်တော်ရွယ်က ဝင်ပြောတယ်။

"ဒီလိုပြောလို့ ဘယ်ရမလဲ.. မင်းလို မျိုးရိုးနိမ့်ကျတဲ့လူမှာ အိမ်ရှေ့စံမိဖုရားပေးထားတဲ့ ပစ္စည်းကလွဲရင် တခြားတန်ဖိုးကြီးပစ္စည်း ဘယ်မှာရှိလို့လဲ ..ဒါကြောင့် သုံးချင်သုံးမှာပေါ့"

"ဒါက သိပ်မဟုတ်သလိုပဲ"

ရှောင်းကျန့်က ခပ်တိုးတိုး ရေရွတ်တယ်။

"သခင်ငယ်လေးကို ထိခိုက်အောင်လုပ်ပြီး သူက ဘာအကျိုးအမြတ်ရမှာမို့လဲ.. သူက ကျန်တဲ့လူတွေလို ကလေးမွေးနိုင်တာမှ မဟုတ်တာ"

ဝမ့်ကျွင်းကို ချောက်ချပြီး ရှောင်းကျန့်ကို အပြစ်ပေးအောင် လုပ်ချင်တာလား၊ ဒါက တရားနည်းလမ်းကျတာမို့ ရှောင်းကျန့် အသံတိတ်စဉ်းစားခန်းဝင်နေတယ်။

ဝမ့်ကျွင်းကတော့ ခါးကိုမတ်မတ်ထားပြီး ဒူးထောက်နေရင်း ထပ်ပြောတယ်။

"ကျွန်တော်မျိုး ဒီလိုကိစ္စကို မလုပ်ခဲ့ဖူးပါဘူး အရှင်မင်းသမီး"

ရှောင်းကျန့်ခေါင်းက ပေါက်ကွဲထွက်တော့မတတ် ကိုက်ခဲလာပြီး လူကလဲနုံးချိသွားသလို ခံစားရတယ်။

ယွီဝမ်ကျယ်ရဲ့ အနောက်ဆောင်က ပြသနာပေါင်းသောင်းခြောက်ထောင်ကို ရှောင်းကျန့်က ဘာလို့ တာဝန်ယူဖြေရှင်းနေရတာလဲ၊ ဒါကိုတွေးမိသွားတော့ ဒေါသတွေအလိပ်လိုက်ထွက်လာတော့တယ်။

ဒီဘဝမှာ ကံအကြောင်းမလှခဲ့လို့ သာမန်ယောက်ျားတစ်ယောက်ဘဝကို စွန့်လွှတ်ခဲ့ရတယ်၊ အဲလိုနေရတာနဲ့တင် မလုံလောက်သေးဘူးလား၊ ယောကျ်ားကြီးတန်မဲ့ သူများအနောက်ဆောင်က အရှုပ်အရှင်းတွေထဲ ဝင်ပါနေရတာက မဟုတ်သေးဘူးလေ၊ ဒီကိစ္စက လုံးဝအဓိပ္ပါယ်မရှိဘူး။

ရှောင်းကျန့် ထ,ရပ်လိုက်ပြီး အောက်မှာ ဒူးထောက်နေတဲ့လူတွေကို အေးစက်စွာ ကြည့်လိုက်တယ်။

"ပထမတစ်ခေါက်ကတည်းက ပန်ကုန်းရဲ့ သဘောထားကို မင်းတို့အားလုံး ရှင်းရှင်းလင်းလင်း နားလည်ကြမယ်လို့ ထင်ခဲ့မိတာ.. ပြသနာရှာရဲတဲ့လူတွေ ကျန်နေလိမ့်မယ်လို့ တကယ်မထင်ထားခဲ့ဘူး.. ဒီလိုဖြစ်လာမှတော့ မင်းတို့အားလုံး ဒီအတိုင်းဆက်ဒူးထောက်နေပြီး ပြသနာရှာရင် ဖြစ်လာတတ်တဲ့ နောက်ဆက်တွဲ အကျိုးအပြစ်ကို သေချာခံစားကြည့်ကြ"

ရှောင်းကျန့်က ပုယွီဘက် စောင်းငဲ့ကြည့်ကာ အချက်ပြပြီး ဆက်ပြောတယ်။

"ဒီနေ့ပြသနာအတွက် အမှန်အမှားစစ်ပေးဖို့ ပန်ကုန်းမှာ အချိန်မရှိဘူး.. ဒီတော့ ဒီကိစ္စနဲ့ တိုက်ရိုက်ပတ်သက်နေတဲ့လူတွေကို အရှေ့ခေါ်ထုတ်လာပြီး အပြစ်ဝန်မခံမချင်း ကြိမ်နဲ့ရိုက်"

ခြံဝန်းထဲမှာ အာမေဋိတ်သံတွေ ထွက်လာတယ်၊ အိမ်ရှေ့စံမိဖုရားက သြဇာကြီးမှန်းသိပေမဲ့ ဒီလောက်ထိ လုပ်ရဲလိမ့်မယ်လို့ ဘယ်သူမှ မထင်ထားဘူး၊ အိမ်ရှေ့စံမိဖုရား အသစ်က အနောက်ဆောင်က အရှုပ်အထွေးကြား ဝင်ပါပြီး ခေါင်းစားခံမဲ့သူမဟုတ်ဘူး၊ အင်အားသုံးပြီး အမှန်ပြောတဲ့သူ ထွက်လာအောင် လုပ်မဲ့လူမျိုးဖြစ်နေခဲ့တယ်။

ရှောင်းကျန့် ပြောပြီချိန်မှာတော့ ဒီကိစ္စမှာ တိုက်ရိုက်ပါဝင်နေတဲ့လူတွေကို မြေကြီးပေါ်တွန်းချပြီး ရိုက်တယ်၊ အဲဒီမှာ ကိုယ်လုပ်တော်ရွှယ်ရဲ့အော်သံကတော့ အကျယ်ဆုံးပါ၊ ဝမ့်ကျွင်းကတော့အရိုက်ခံရပေမဲ့ အံကြိတ်ပြီး ငြိမ်ခံနေတယ်။

"အိမ်ရှေ့စံမင်းသားကြွလာပြီ!!!"

ဆူညံနေတဲ့ရိုက်သံ၊ အော်သံတွေကြားထဲကနေ မိန်းမစိုးတစ်ယောက်ရဲ့ စူးရှကျယ်လောင်တဲ့ ကြေညာသံ ထွက်လာတယ်။

ခြံထဲကို တစ်လှမ်းချင်း စမတ်ကျကျ လျှောက်ဝင်လာတဲ့ ယွီဝမ်ကျယ်ကြောင့် ရှောင်းကျန့် သိပ်စိတ်တိုသွားတယ်၊ ရက်အတော်ကြာအိမ်ပြန်မလာဘဲ၊ ရှောင်းကျန့်ကို သူ့ရဲ့ပြသနာတသိုက်နဲ့ ထားခဲ့တယ်၊ လရောင်အောက်မှာ အရှိန်အဝါ အဆောင်အယောင်အပြည့်နဲ့ ခံ့ခံ့ညားညားရပ်နေတာကို မြင်လိုက်ရတော့ ပိုလို့တောင် ဒေါသထွက်လာသေးတယ်။

ယွီဝမ်ကျယ်က အနားကိုရောက်လာပြီး။

"မင်းသမီးအရှေ့နန်းဆောင်ကို ရောက်လာပြီးကတည်းက ကိုယ်တော့်ရဲ့အနောက်ဆောင်က အရင်လိုမဟုတ်တော့ဘဲ စည်ကားသိုက်မြိုက်လာလိုက်တာ"

"အဓိပ္ပါယ်မရှိတဲ့ မင်းရဲ့အနောက်ဆောင်ကို ပန်ကုန်းက ခေါင်းထဲထည့်မယ်လို့ ထင်နေတာလား"

လူတွေအများကြီးရှိနေလဲ ရှောင်းကျန့်က ယွီဝမ်ကျယ်မျက်နှာကို မထောက်ထားနိုင်တော့ဘူး၊ ဒါကြောင့် ပြန်အော်ပစ်လိုက်တယ်၊ ယွီဝမ်ကျယ်က စိတ်မဆိုးပါဘူး၊ ရှောင်းကျန့်လက်ကို ဖမ်းဆွဲဖို့လုပ်လာတယ်၊ ရှောင်းကျန့်က အမြန်ရှောင်လိုက်ပြီး တစ်ဖက်လှည့်ကာ ကျူရှန်းအတွက်ဆေးအိုးကို ကြည့်နေတယ်။

ယွီဝမ်ကျယ်က ရှက်သွားတဲ့လက်ချောင်းလေးတွေကို ပွတ်သပ်နေရင်း အကြောင်းစုံကို မေးမြန်းတယ်၊ အကြမ်းဖျင်းသိသွားပြီးချိန်မှာတော့ စစ်မေးတဲ့အမှုကိစ္စကို စတင်လိုက်တယ်။

"ဒီပစ္စည်းတွေက ဝမ့်ကျွင်းပေးတယ်လို့ မင်းပြောတာနော်.. သူမင်းကို ဘယ်လိုပေးတာလဲ.. အရှေ့နန်းဆောင်မှာ အခွင့်မရှိဘဲ စိတ်တိုင်းကျ လျှောက်သွားလို့မရဘူးဆိုတဲ့ တားမြစ်ချက်ရှိတယ်.. မင်းက ဝမ့်ကျွင်းရဲ့အဆောင်နဲ့ သခင်ငယ်လေးရဲ့အဆောင်ကြားမှာ ဘယ်လိုများ ဆက်သွယ်လိုက်သလဲ"

အစေခံက အရိုက်ခံထားရပြီးသားမို့ ပြန်ဖြေတဲ့အသံက သိပ်တောင်မထွက်ချင်တော့ဘူး။

"အဆောင်တစ်ခုနဲ့တစ်ခုကြားက ခြံစည်းရိုးမှာရှိတဲ့ ခွေးတိုးပေါက်လို နေရာလေးကနေ.."

"ဒါဆို ခိုင်းလိုက်တဲ့လူရဲ့မျက်နှာကို သေချာမတွေ့လိုက်ရဘဲ.. ဝမ့်သခင်လေးခိုင်းတာမှန်း ဘယ်လိုသိတာလဲ?"

ဒီမေးခွန်းကို ဘေးမှာရပ်နေတဲ့ အားကျင်းက မေးလိုက်တာ။

"ငယ်သားက ပစ္စည်းကိုကြည့်ပြီး ပြောတာပါ.. ပေးလာတဲ့ ပစ္စည်းတွေက..မင်.. မင်ကျောက်က ရတနာတွေမို့ အရှေ့နန်းဆောင်မှာ အိမ်..အိမ်ရှေ့စံမိဖုရားကလွဲရင်.. ဒီလိုပစ္စည်းက ဝမ့်သခင်လေးမှာပဲ ရှိတာမို့ပါ.."

ဒီစကားကြောင့် ဆေးအိုးယပ်ခပ်နေတဲ့ ရှောင်းကျန့်ရဲ့လှုပ်ရှားမှုတွေက ရပ်တန့်သွားပြီး လေထွက်ရုံလောက် လှောင်ရယ်လိုက်တယ်။

သြော် ဖြစ်ချင်တော့ ရှောင်းကျန့်အလှည့် ကျန်နေသေးတာပဲ။

ယွီဝမ်ကျယ် မရောက်ခင်တုန်းက ဒီအကြောင်းကို တမင်ထုတ်မပြောတာက ကစားပွဲထဲမှာ ကစားပွဲတစ်ခု ထပ်ရှိနေသေးလို့ကိုး၊ ရှောင်းကျန့်က အစေခံစကားကိုယုံပြီး ဝမ့်ကျွင်းတစ်ယောက်တည်းကို အပြစ်ပေးလိုက်ရင် ဒါက ကိစ္စကြီးတစ်ခုဖြစ်လာမှာ။

အစေခံစကားအရ မင်ကျောက်ရဲ့ပစ္စည်းဆိုမှတော့ ရှောင်းကျန့်ပစ္စည်းမဟုတ်ရင် ဝမ့်ကျွင်းပစ္စည်းပဲ၊ ဆိုတော့ကား နောက်ကွယ်က ခိုင်းတဲ့လူက ဝမ့်ကျွင်းမဟုတ်ရင် ရှောင်းကျန့်ပဲ၊ အစေခံက ယွီဝမ်ကျယ်အရှေ့မှာမှ ဒါကိုထုတ်ပြောတယ်ဆိုကတည်းက အစတည်းက ရှောင်းကျန့်ကဦးတည်ရာထဲမှာ ပါနေခဲ့တာ။

ရှောင်းကျန့်က ဆေးပန်းကန်လေးကို ကိုင်ထားရင်း ကိုယ်လုပ်တော်ရွှယ်ဘက်ကို စောင်းငဲ့ကြည့် လိုက်တယ်၊ သူက အရိုက်ခံထားရပေမဲ့ တည်တည်ငြိမ်ငြိမ်နဲ့ ဒူးထောက်နေတုန်းပဲ၊ သူကလဲ ထင်ရှားတဲ့အိမ်တော်က သမီးပဲ၊ ကိုယ်လုပ်တော်ရွှီလက်အောက်မှာ အကြားကြီး သည်းခံနေပြီး သင်ယူခဲ့တာတွေ မနည်းရှိလိမ့်မပေါ့။

ဒီလောက်ဆို သူဘာကိုမြင်လို ဒီချုံထွင်တယ်ဆိုတာ သာမန်ဦးနှောက်ရှိတဲ့လူတိုင်း မြင်တတ်ပါပြီ၊ တစ်ဖက်က တရားဝင်ဇနီး၊ နောက်တစ်ဖက်က ဖူးဖူးမှုတ်အလိုလိုက်ထားတဲ့ အမျိုးသားကိုယ်လုပ်တော်။

ကဲ အိမ်ရှေ့စံဘယ်လိုစီရင်မှာလဲ?

အားလုံးက ယွီဝမ်ကျယ်ကို တိတ်တဆိတ်စောင့်ကြည့်နေကြတယ်။

ရှောင်းကျန့်ကလဲ ယွီဝမ်ကျယ်ကို ကြည့်လာတယ်၊ ယွီဝမ်ကျယ်ကလဲ ရှောင်းကျန့်ကို ပြန်ကြည့်နေတယ်၊ နှစ်ယောက်သား အကြည့်ချင်းဆုံသွားတော့ ရှောင်းကျန့်က ယွီဝမ်ကျယ်ကို အေးစက်စက် မျက်စောင်းထိုးလိုက်ပြီး ဆေးပန်းကန်လေးကိုင်ကာ ကျူရှန်းအခန်းထဲကို ဝင်သွားတယ်။

တံခါးမပိတ်ခင်မှာတော့ ယွီဝမ်ကျယ်ပြောလိုက်တာကို ရှောင်းကျန့်နားနဲ့ ဆက်ဆက် ကြားလိုက်ပါသေးတယ်။

"ဝမ့်ကျွင်းသွားနားလိုက်တော့"

အဲဒီနောက်မှာတော့။

"နောက်ကို အိမ်ရှေ့စံမိဖုရား စိတ်ဆိုးအောင်လုပ်တဲ့ ဘယ်သူ့ကိုမဆို သိတာနဲ့အပြင်ဆွဲထုတ်ပြီး တုတ်နဲ့မသေမချင်းရိုက်ခိုင်းမယ်"

ကိစ္စတွေပြီးသွားတော့ အားကျင်းက ယွီဝမ်ကျယ်နားကပ်လာပြီး တိုးတိုးလေး မေးတယ်။

"အရှင့်သားကမင်းသမီးကို အပြစ်မတင်ပေမဲ့ မင်းသမီးက ဘာလို့ စိတ်ဆိုးသွားတာလဲ?"

ဒီစကားကြားတော့ ယွီဝမ်ကျယ်က ပြုံးသွားတယ်၊ တကယ်လဲ ရှောင်းကျန့်ပုံစံလေးက အမြီးတက်နင်းခံလိုက်ရတဲ့ကြောင်လို ဒေါသအမျက်ချောင်းချောင်းထွက်ပြီး ခြောက်ချက်လောက် ကုတ်ပစ်ချင်နေတာ မဟုတ်လား။

"မြက်ခင်းပြင်မှာ စိတ်ကြိုက်ခုန်ပေါက်ပြေးလွှားနေခဲ့တဲ့ မြင်းရိုင်းတွေကို အတင်းဖမ်းပြီး မြင်းဇောင်းမှာ ချည်ထားလိုက်ရင် ဘာဖြစ်လာမယ်လို့ ထင်လဲ"

ထူးချွန်တဲ့မြင်းထိန်းဖြစ်တဲ့ အားကျင်းက ခေါင်းကုတ်နေရင်း။

"မြင်သမျှ ခြံစည်းရိုးတွေကို လျှောက်ကန်လိမ့်မယ်"

အားကျင်းအဖြေကြောင့် ယွီဝမ်ကျယ်နှုတ်ခမ်းတွေက အပေါ်ကို တွန့်တက်သွားတယ်၊ အဲဒီနောက်တော့ အခန်းထဲကို လိုက်ဝင်သွားခဲ့တယ်။

မီးသွေးမီးဖိုကြောင့် ကျူရှန်းရဲ့အခန်းက အနည်းငယ် အိုက်စပ်စပ်ဖြစ်နေတယ်၊ ရှောင်းကျန့်က အပေါ်ထပ်ဝတ်ရုံကို ချွတ်ထားလိုက်ပြီး အိပ်ရာပေါ်မှာ တင်ပါးလွှဲဝင်ထိုင်ကာ ကျူရှန်းနဖူးက ချွေးတွေကို တယုတယ သုတ်ပေးတယ်။

ရှောင်းကျန့် ကိုယ်ပေါ်မှာက ပိုးသားမှာ ရွှေချည်ထိုးထားတဲ့ ညဝတ်အင်္ကျီအရှည်ပဲ ကျန်တော့တာ၊ ပိုးသားက အရည်အသွေးကောင်းပြီး ပျော့ပြောင်းလွန်းတာမို့ လည်ပင်းရှည် ကြွေပန်းအိုးလေးလိုလှပတဲ့ သူ့ရဲ့ခါးအောက်ပိုင်းကို သိသိသာသာ ဖော်ပြထားသလို ဖြစ်နေတယ်။

ဒီလို မျက်စိပသာဒဖြစ်စရာမြင်ကွင်းကို ယွီဝမ်ကျယ်က ခဏရပ်ကြည့်နေပြီး အထဲကို လျှောက်ဝင်လာတယ်၊ နောက်တော့ အနားမှာ ဝင်ထိုင်လိုက်တယ်။

ကျူရှန်းက ဆေးသောက်ပြီးပေမဲ့ သတိမရသေးဘူး၊ ဝင်လေထွက်လေက ပူလောင်နေတုန်းပဲ၊ ရှောင်းကျန့်က မကျေမနပ်နဲ့ အရှေ့မှာလာထိုင်နေတဲ့ ယွီဝမ်ကျယ်ကို မော့ကြည့်လိုက်တယ်၊ အမှန်တော့ ယွီဝမ်ကျယ်ကို စကားမပြောချင်ဘူး၊ ဒါပေမဲ့ ပြောစရာက ရှိနေတာမို့။

"ဝမ့်ကျွင်းကို ဘာလို့ဒီလိုလုပ်တာလဲ?"

ယွီဝမ်ကျယ်က ပြန်မေးတယ်။

"ဝမ်ကျွင်းကို ဘယ်လိုလုပ်မိလို့လဲ?"

သူတို့ပြောနေတဲ့ပုံက ကြင်စဦးမောင်နှံနှစ်ယောက် သဝန်တိုပြီး အပြန်အလှန် နှုတ်လှန်ထိုးနေတာနဲ့ တူသွားတာမို့ ရှောင်းကျန့် ပိုပြီးစိတ်တိုလာတယ်။

"ပန်ကုန်းက ဝမ့်ကျွင်းကို အပြစ်ပေးတယ်ဆိုတာက.. အားလုံးထက်သူ့ကို မျက်နှာသာပေးတယ်လို့ ထင်ကုန်မှာစိုးလို့.. အိမ်ရှေ့စံသူ့ကို မျက်နှာသာပေးလေ.. သူ ဒုက္ခပိုရောက်လေ ဖြစ်နေမှာ.. ဒါကို အိမ်ရှေ့စံမမြင်တတ်ဘူးလား?"

"ဒီကိစ္စက အစကတည်းက သူနဲ့မှမဆိုင်တာ"

ယွီဝမ်ကျယ်က ရှောင်းကျန့်ကို စနောက်သလို ပြောလာတယ်။

"အဲဒီပစ္စည်းတွေက မင်းသမီးပေးတာလဲ ဖြစ်နေနိုင်တယ်လို့ သူများပြောသွားတာ မကြားလိုက်ဘူးလား?"

"အိမ်ရှေ့စံက ဒီစကားကို ယုံတယ်ပေါ့"

ရှောင်းကျန့်က ခါးပြန်မတ်လိုက်ပြီး စိုက်ကြည့်လိုက်တယ်၊ ပြုံးတုံ့တုံ့ဖြစ်နေတဲ့ ယွီဝမ်ကျယ်ကို မြင်လိုက်တော့ သူ့ကိုစနောက်နေတာမှန်း သိသွားပြီး ယွီဝမ်ကျယ်ကိုယ်ကြီးကို စိတ်တိုတိုနဲ့ တွန်းထုတ်လိုက်တယ်။

"ဝေးဝေးနေ.. ပူတယ်"

ယွီဝမ်ကျယ်က သဘောတကျနဲ့ အသံထွက်ရယ်လိုက်တယ်။

"ကိုယ်တော် ယုံသွားရင် ဘယ်လိုလုပ်မလဲ.. နည်းနည်းတောင် မကြောက်ဘူးလား? "

"သူတို့ပြောတာကိုယုံရင်လဲ အခုချက်ချင်းဖမ်းလေ"

ရှောင်းကျန့်က ဒေါသသံနဲ့ ပြန်ပြောတယ်။

အမှန်တော့ ယွီဝမ်ကျယ်သူ့ကို သံသယမဖြစ်လောက်ဘူးလို့ ရှောင်းကျန့်က မထင်ပါဘူး၊ ခဏလောက် တိတ်ဆိတ်နေပြီးမှ ထပ်မေးလိုက်တယ်။

"သူတို့ပြောသလိုဖြစ်နေမှာ အိမ်ရှေ့စံက မစိုးရိမ်ဘူးလား?"

ယွီဝမ်ကျယ်က ရှောင်းကျန့်ကို မကြည့်ဘဲ ကျူရှန်းရဲ့ပါးလေးကို ဖွဖွပွတ်သပ်ပေးနေရင်း။

"မင်းမဖြစ်နိုင်ဘူး"

"ဘယ်လိုကြောင့်လဲ?"

"ပထမအချက်က မင်းကသူတို့ကို အဖက်မတန်ဘူးလို့ သဘောထားတာ.. နောက်တစ်ချက်က မင်းကကလေးမမွေးနိုင်ဘူးလေ"

ယွီဝမ်ကျယ်က ခပ်အေးအေးပဲ ပြန်ဖြေလိုက်တာဆိုပေမဲ့ ရှောင်းကျန့်ရဲ့ ပါးပြင်နှစ်ဖက်ကတော့ နွေးခနဲ ဖြစ်သွားတယ်၊ ဒါက ယွီဝမ်ကျယ်သူ့ကို နားလည်ပြီး ယုံကြည်နေတာကြောင့်လား၊ ဒါမှမဟုတ် ကလေးမွေးတဲ့ကိစ္စ ပါလာတာကြောင့်လားဆိုတာတော့ ရှောင်းကျန့်လဲ မသဲကွဲဘူး။

အတန်ကြာ တိတ်ဆိတ်နေပြီးမှ ရှောင်းကျန့်က ပြောလိုက်တယ်။

"ထိန်းကျောင်းပေးချင်ချင် မပေးချင်ချင်.. သူများက အိမ်ရှေ့စံအတွက် ကလေးမွေးထားပြီးပြီလေ"

တကယ်တော့ ယွီဝမ်ကျယ်က ကျူရှန်းကို ဂရုမစိုက်လို့ ရှောင်းကျန့်က ဒီစကားကို ထုတ်ပြောလိုက်တာ၊ ဘယ်လိုကြည့်ကြည့် ယွီဝမ်ကျယ်နဲ့ ကျူရှန်းက ရပ်ဝေးကအမျိုးနဲ့ တူနေတယ်၊ သူတို့မှာ သားအဖလို အချင်းချင်းရင်းနှီးနွေးထွေးမှု မရှိဘူး။

"ကျူရှန်းက ကိုယ်တော့်သားမဟုတ်ဘူး"

ယွီဝမ်ကျယ်က သဘောပေါက်သွားပြီး ချက်ချင်း ထငြင်းတယ်၊ ရှောင်းကျန့်လဲ အံ့သြသွားပြီး ယွီဝမ်ကျယ်ကို မော့ကြည့်လိုက်မိတယ်။

ယွီဝမ်ကျယ်က ကျူရှန်းကို စောင်သေချာခြုံပေးနေရင်း။

"ကျူရှန်းက ကိုယ့်တော် ဦးရီးတော်ရဲ့သား.. ဦးရီတော်မဆုံးပါးခင် ကိုယ်တော့်ကို စောင့်ရှောက်ပေးဖို့ အပ်ခဲ့တာ.. ကျူရှန်းက သနားစရာကောင်းတဲ့ ကလေးပါ"

ယွီဝမ်ကျယ်က ပြောနေရင်း ခဏရပ်သွားပြီးမှ။

"သူက ခေါင်းထိခိုက်ထားတာ.. ၈ နှစ် ၉ နှစ် ဆိုပေမဲ့.. အသိဉာဏ် ဖွံ့ဖြိုးမှုက နောက်ကျနေတယ်.. တစ်ယောက်တည်းထားလို့မရဘူး"

ယွီဝမ်ကျယ်ပြောတာ နားထောင်ပြီး ရှောင်းကျန့်က နားမလည်သလို မေးခွန်းထုတ်လာတယ်။

"ပန်ကုန်းကို ရှင်းပြနေတာလား?"

ယွီဝမ်ကျယ်လဲ သူ့ကိုယ်သူ သတိထားမိသွားကာ ပြုံးလိုက်ပြီး။

"ဟုတ်တယ်.. ကိုယ်မင်းကိုရှင်းပြနေတာ"

ယွီဝမ်ကျယ်က 'ကိုယ်တော်'လို့ မသုံးပဲ 'ကိုယ်'လို့ သုံးလိုက်တာ။

"ကောင်းပြီ.. မင်းသွားနားလိုက်တော့.. ကိုယ်တော် ဆက်စောင့်လိုက်မယ်"

ရှောင်းကျန့်က လက်ခါပြတယ်၊ ကျူရှန်းက ရှောင်းကျန့်လက်တစ်ချောင်းကို ဆုပ်ကိုင်ထားတာ၊ အဲဒီလက်ကို ဆွဲထုတ်တာနဲ့ ကျူရှန်းကငိုတာ။

"ပန်ကုန်းဖယ်လိုက်ရင်.. သူငိုလိမ့်မယ်"

"ပိုလိုက်တာ"

ယွီဝမ်ကျယ်က မယုံသလိုပြောပြီး ကျူရှန်းလက်ချောင်းလေးတွေကို တစ်ချောင်းချင်း ဖယ်ဖို့လုပ်တယ်၊ ဒါပေမဲ့ ထိလိုက်တာနဲ့ချက်ချင်း ကျူရှန်းက အိပ်မက်ဆိုးမက်သလို ထ,ငိုတော့တာပဲ။

အဲဒီတော့မှာ ယွီဝမ်ကျယ်လဲ မလှုပ်ရဲတော့ဘူး၊ ရှောင်းကျန့်က ကလေးကို ငိုအောင်လုပ်တဲ့ ယွီဝမ်ကျယ်ကို မျက်စောင်းခဲကာ ကြည့်လိုက်တယ်၊ ပြီးတာနဲ့ ကျူရှန်းဗိုက်လေးပေါ်မှာ လက်တင်ကာ ဖွဖွပုတ်ပေးရင်း ချော့ပြောတယ်။

"အင်း..အင်း.. လိမ္မာတယ်"

အသံက နူးညံ့လွန်းလိုက်တာလို့တောင် ယွီဝမ်ကျယ် တွေးမိသွားတယ်။

ဒါပေမဲ့ ကျူရှန်းက ငြိမ်မသွားဘူး၊ မျက်လုံးမှိတ်ထားရင်း တသိမ့်သိမ့်ရှိုက်နေတုန်းပဲမို့ ရှောင်းကျန့်က သနားလာပြီး အနားကပ်သွားကာ။

ကောင်းကင်မှာ အမည်းရောင် ပိတ်ကျဲစနဲ့ အုပ်ထားတယ်

ကမ်းပါးပေါ်မှာ အပြာရောင် ကျောက်တုံးလေးတွေ ညီညီစီထားမယ်

မိုးဖောက်ဖောက်ကျလာရင် အရောင်ပြောင်းပြီး အသံမြည်လိမ့်မယ်

ပျံလွှားငှက်တွေက မစောင့်စားဘဲ အိမ်ပြန်ကြတယ်

ငြိမ့်ညောင်းတဲ့ သီချင်းသံက မမြင်ရတဲ့ လက်တစ်စုံလို ကျူရှန်းရဲ့ မျက်ခုံးတန်းလေးတွေကို ပွတ်သပ် ပြေလျော့သွားစေခဲ့တယ်။

အခန်းရဲ့လေထုက နွေးနွေးထွေးထွေး ရှိတယ်၊ မစည်းနှောင်ထားတဲ့ ရှောင်းကျန့်ရဲ့ ပိတုန်းရောင် ဆံနွယ်တွေက အနည်းငယ် ဖရိုဖရဲဖြစ်နေတယ်၊ အောက်ငုံ့ထားတဲ့ မျက်တောင်ဖျားလေးတွေက လေမှာလွင့်သွားတဲ့ ဆောင်းဦးတဲ့ ရော်ရွက်လေးတွေလို လှုပ်ခတ်နေတယ်၊ သီချင်းဆိုနေတဲ့ ပန်းနုရောင်နှုတ်ခမ်းချွန်ချွန်လေးက ပွင့်လိုက် ပိတ်လိုက် ဖြစ်နေကြတယ်၊ နူးညံ့တဲ့ ပျားရည်ရောင်ဝတ်ရုံက လှပတဲ့ခန္ဓာကိုယ်ကို သိမ်မွေ့စွာ ထွေးပတ်ထားတယ်။

ယွီဝမ်ကျယ် လက်ချောင်းထိပ်တွေ ယားကျိကျိ ဖြစ်လာတယ်၊ မနေနိုင်တဲ့အဆုံးမှာတော့ လက်ကို ဆန့်ထုတ်လိုက်ပြီး ရှောင်းကျန့်ရဲ့ပါးပြင်မှာ ဝဲကျနေတဲ့ဆံစလေးတွေကို သပ်ယူကာ နားရွက်အနောက်မှာ ညှပ်ပေးလိုက်တယ်။

ယွီဝမ်ကျယ်ကြောင့် ရှောင်းကျန့် လန့်ဖျပ်သွားတယ်၊ ကလေးချောဖို့ပဲ အာရုံရောက်နေတာမို့ ယွီဝမ်ကျယ် ရှိနေသေးတာကို သူမေ့သွားခဲ့တာ၊ ဒါကြောင့် ရှက်ကိုးရှက်ကန်း ပြောလိုက်တယ်။

"ပန်ကုန်းနေမကောင်းရင် ဆရာသခင်က ဒီသီချင်းနဲ့ သိပ်နေကျမို့လို့"

"အွန်း"

ဒီလိုပုံစံနဲ့ ကျူရှန်းကို ပုတ်ပြီးသိပ်နေရင်း ရှောင်းကျန့်လဲ အိပ်ပျော်သွားခဲ့တယ်၊ အိပ်ချင်မူးတူဖြစ်နေပေမဲ့ သူ့ကို အိပ်ရာပေါ် ခေါ်သွားတာကိုတော့ သိလိုက်ပါသေးတယ်။

အိပ်မက်ထဲမှာ တအားအိုက်တယ်၊ ရှောင်းကျန့် မနေနိုင်တော့ဘဲ စောင်အပြင်ကို ခြေထောက်ဆန့်ထုတ်ဖို့လုပ်တယ်၊ ဒါပေမဲ့ တစ်စုံတယောက်က ရှောင်းကျန့်ရဲ့ခြေကျင်းဝတ်ကိုကိုင်ထားပြီး ခြေဖဝါးကိုလက်နဲ့ထွေးဆုပ်ထားပေးတယ်၊ အဲဒီနောက်တော့ သြရှရှနဲ့ နားဝင်ပီယံရှိလှတဲ့ သီချင်းသံ ထွက်ပေါ်လာတယ်။

ဆူလွန်းတယ် ဆူလွန်းတယ် ထမင်းချိုးကျော် ဝါးရတာဘယ်တော့မှမဝဘူး

လှလွန်းတယ် လှလွန်းတယ် မင်းရဲ့ခြေဖမိုးကော့ကော့လေးက လှလွန်းတယ်

240323

(တတိယလူရယ်လို့ မဟုတ်ပေမဲ့ ကိုယ်လုပ်တော်တို့၊ အချစ်တော်တို့ ပါမယ်ဆိုတာက အစကတည်းက warning ပေးထားပြီးသားပါ)

.......

အပိုင္း။ ၇၅

ယြီဝမ္က်ယ္ စိတ္လြတ္သြားတာလား?

ေရွာင္းက်န႔္က သူ႔ရဲ႕ကိုယ္လုပ္ေတာ္ကို ႐ိုက္ထားတာေလ၊ သူ႔ကိုယ္လုပ္ေတာ္ကလဲ ဒီအတိုင္း ကိုယ္လုပ္ေတာ္ မဟုတ္ဘဲ၊ အမတ္ရဲ႕သမီး၊ ေနာက္ပိုင္းမွာ သူ႔အိမ္က ျပသနာ ဘယ္ေလာက္ရွာမလဲဆိုတာ မသိႏိုင္ဘူး၊ ဒါေပမဲ့ ယြီဝမ္က်ယ္က စိတ္မဆိုးဘဲ ေရွာင္းက်န႔္လက္ကို တစ္ဖက္ကဆြဲ၊ ေနာက္တစ္ဖက္နဲ႔ က်ဴရွန္းကို ခ်ီလာတယ္၊ ခန္းမထဲေရာက္ေတာ့ ညေနစာဘာစားခ်င္လဲဆိုၿပီး ေရွာင္းက်န႔္ကို ေမးေသးတာ။

မသိရင္ သူတို႔ ၃ ေယာက္က မိသားစု ၃ ေယာက္လိုပဲ။

ေရွာင္းက်န႔္ လန႔္ဖ်ပ္သြားၿပီး ယြီဝမ္က်ယ္လက္ထဲက ႐ုန္းထြက္ကာ၊ ပါးစပ္ကေန ႐ူးေနလားလို႔ေအာ္ၿပီး ထြက္ေျပးသြားတယ္၊ သူ႔ကိုယ္ပိုင္အခန္းထဲ ျပန္ေရာက္တဲ့အထိ အခဲမေၾကႏိုင္ဘဲ ေဒါသထြက္ေနတုန္းပဲ၊ ေရွာင္းက်န႔္ရဲ႕ရည္႐ြယ္ခ်က္ကို ယြီဝမ္က်ယ္ေကာင္းေကာင္း သိေနေလာက္တယ္၊ ဒါေၾကာင့္ ေရွာင္းက်န႔္ကို ျပသနာရွာတတ္တဲ့လူျဖစ္ေအာင္ တမင္လုပ္သြားတာ။

ေဒါသထြက္ၿပီး အံႀကိတ္ရလြန္းလို႔ ေရွာင္းက်န႔္သြားေတြေတာင္ နာလာတယ္၊ သူ႔ကို 'ရွင္မ' လို႔ေခၚတဲ့ ယြီဝမ္က်ယ္ရဲ႕မ်က္ႏွာကို ျပန္ျမင္ေယာင္ရေတာ့ ေရွာင္းက်န႔္ရင္ဘက္ထဲမွာ စူးနင့္ၿပီးေအာင့္သြားတယ္။

ေရွာင္းက်န႔္စိတ္ထဲမွာ ရႈပ္ေထြးေပြလီလာတယ္၊ ဝမ္ရိေပၚ မဟုတ္ပါဘူးလို႔ ယြီဝမ္က်ယ္ကိုယ္တိုင္ ေျပာခဲ့ၿပီးသား၊ ထိမ္းျမားလက္ထက္ပြဲေန႔တုန္းကလဲ မင္းသား ၁ ကို အေဝးကေန ေရွာင္းက်န႔္ လွမ္းျမင္ခဲ့တယ္၊ သူ႔မွာ အေတာ္အသင့္ ခံ့ညားတဲ့ဥပတိ႐ုပ္ရွိေပမဲ့ ယြီဝမ္က်ယ္ထက္ေတာ့ ၾကမ္းတမ္းပုံေပၚတယ္၊ ေရွာင္းက်န႔္ မ်က္ႏွာလိုက္ၿပီး ေျပာတာမဟုတ္ဘူး၊ ညီအစ္ကိုေပမဲ့ သူတို႔ကမတူဘူး၊ ဒါျဖင့္ ဘာမွမေတာ္တဲ့ လူႏွစ္ေယာက္က ဒီေလာက္အထိ တူႏိုင္ပါ့မလား?

ပုယြီလက္ထဲကို ေရေႏြးခြက္လာထည့္ေပးတဲ့အထိ ေရွာင္းက်န႔္က ေငးေၾကာင္ၿပီး ရပ္ေနမိတုန္းပါ။

"ေလွ်ာက္တင္ရမွာစိုး႐ြံ႕ေပမဲ့ ဒီေန႔ကိစၥကေန ျပသနာျဖစ္လာမွာ ေၾကာက္မိပါတယ္"

"ထားလိုက္ ကိစၥမရွိဘူး.. ခ်ဴေရွာင္းက အမတ္တစ္ေယာက္ရဲ႕ သမီးေၾကာင့္နဲ႔ေတာ့ ပန္ကုန္းကို သတ္ပါ့မလား.. ျပသနာျဖစ္လဲ ယြီဝမ္က်ယ္ပဲျဖစ္မွာ.. ပန္ကုန္းက ပြဲၾကည့္ပရိတ္သတ္ပဲ.."

ေရွာင္းက်န႔္က ေျပာေနရင္း ရပ္လိုက္ၿပီး ထပ္ျဖည့္ေျပာတယ္။

"အဲဒီယြီဝမ္က်ယ္က ႐ူးေနၿပီထင္တယ္.. ပန္ကုန္းဘက္က ဒီလိုမ်ိဳး ေသာင္းက်န္းေလ သူက ပိုႀကိဳက္ေလ ျဖစ္ေနတယ္"

ေရွာင္းက်န႔္ ဒီေလာက္ထိ တက္တက္ႂကြႂကြ ဆူဆူပူပူ ေျပာဆိုေနတဲ့ပုံကို ပုယြီ မျမင္ရတာၾကာလွၿပီ၊ လြန္ခဲ့တဲ့ ၃ ႏွစ္လုံး ေရွာင္းက်န႔္က ခံစားခ်က္မရွိတဲ့ သစ္ပင္တစ္ပင္လို ေနခဲ့တာမဟုတ္လား၊ ပုယြီေငးေၾကာင္ေနတုန္း ေရွာင္းက်န႔္က သူ႔ကိုေခၚလာတယ္၊ ပုယြီလဲ အသိျပန္ကပ္လာၿပီး ေရွာင္းက်န႔္ကို ညေနစာအတြက္ ေမးျမန္းတယ္။

ေရွာင္းက်န႔္က လက္ခါျပၿပီး စားခ်င္စိတ္မရွိေၾကာင္း ျငင္းတယ္၊ ၿပီးတာနဲ႔ ဉာဏ္မ်ားတဲ့ေျမေခြးေလးလို ၿပဳံးလိုက္ရင္း ဆိုလာတယ္။

"ဒီညလုပ္စရာရွိတယ္.. ျပင္ဆင္ထား"

ညည့္နက္ခ်ိန္မွာေတာ့ ေရွာင္းက်န႔္နဲ႔ ပုယြီက အမည္းေရာင္ဝတ္စုံကိုယ္စီဝတ္ၿပီး ထြက္လာတယ္၊ ဒီလိုကိစၥမ်ိဳးက ပုယြီလုပ္ေနၾကပါ၊ ဒီေန႔ နန္းေတာ္ထဲကိုဝင္ရမယ္လို႔ ပုယြီကထင္ေနတာ၊ ဒါေပမဲ့ ေရွာင္းက်န႔္ကသူ႔ကို အေရွ႕နန္းေဆာင္ရဲ႕အတြင္းဘက္က်က်ေနရာကို ေခၚလာတယ္။

ေရွာင္းက်န႔္ လမ္းေပ်ာက္ေနတယ္အထင္နဲ႔ ပုယြီက ေမးတယ္။

"အရွင္.. ငယ္သားတို႔ေနရာ.."

"ရွဴး!"

ေရွာင္းက်န႔္က သူ႔ကိုလွည့္ၾကည့္ၿပီး တိတ္တိတ္ေနဖို႔ အခ်က္ျပတယ္။

အေရွ႕နန္းေဆာင္ရဲ႕ အေရွ႕ဘက္အက်ဆုံးေနရာ ေရာက္တဲ့အထိ သူတို႔ႏွစ္ေယာက္ ေမွာင္ရိပ္ခိုၿပီး ေလွ်ာက္လာၾကတယ္၊ သိပ္မၾကာခင္မွာပဲ အေမွာင္ထဲမွာ ေမွ်ာ္စင္ထီးထီးႀကီးတစ္ခုေပၚလာတယ္၊ ေမွ်ာ္စင္က သိပ္မျမင့္လွဘူး၊ ဒါေပမဲ့ အေရွ႕နန္းေဆာင္ရဲ႕ မီးမထြန္းထားတဲ့ တစ္ခုတည္းေသာ အေဆာက္အဦးျဖစ္ေနတယ္၊ ပတ္ဝန္းက်င္က ေအးစက္ၿပီး လူသူကင္းမဲ့တယ္၊ အေမ့ေလ်ာ့ခံ ျဖစ္ေနရာကေန အနားကပ္မသြားရဲေတာ့တဲ့ တေစၦေမွ်ာ္စင္ႀကီး ျဖစ္လာပုံရတယ္။

ဒီေနရာက ေရွာင္းက်န႔္ကိုမသြားဖို႔ ယြီဝမ္က်ယ္ထုတ္ေျပာၿပီး တားျမစ္ထားတဲ့ တစ္ခုတည္းေသာ ေနရာပဲ၊ ေရွာင္းက်န႔္က ဒါကိုအၿမဲအမွတ္ရေနတာ၊ ဒီေန႔ကိစၥအၿပီးမွာ ဒီေမွ်ာ္စင္ထဲမွာရွိေနတဲ့ လွ်ိဳ႕ဝွက္ခ်က္ကို ေရွာင္းက်န႔္ ပိုလို႔ေတာင္ သိခ်င္သြားတယ္၊ ဒီထဲမွာ ယြီဝမ္က်ယ္ရဲ႕ လွ်ိဳ႕ဝွက္ခ်က္၊ သူ႔မ်က္ႏွာနဲ႔ ပတ္သက္ေနတဲ့ အေျဖတစ္ခုခု ရွိေနေလာက္တာကို ေရွာင္းက်န႔္ အလိုလို သိေနတယ္။

ယြီဝမ္က်ယ္ တစ္ေယာက္ေယာက္ကို ဖမ္းခ်ဳပ္ထားတာမ်ိဳးမ်ား ျဖစ္ေနမလား၊ ယြီဝမ္က်ယ္နဲ႔ ဝမ္ရိေပၚ ႐ုပ္ခ်င္းတူေနရတဲ့ ေနာက္ကြယ္က အေၾကာင္းအရင္းကို ရွာေဖြဖို႔အတြက္ ေရွာင္းက်န႔္ မတတ္ႏိုင္ဘဲ ဒီနည္းလမ္းကို ေ႐ြးခ်ယ္လိုက္ရတာပဲ။

ဒါေပမဲ့ ေရွာင္းက်န႔္က အေရွ႕နန္းေဆာင္ကို ေရာက္ခါစမို႔ အရာအားလုံးနဲ႔ စိမ္းသက္ေနတာ၊ ဒါတင္မကဘူး၊ ယြီဝမ္က်ယ္ရဲ႕လူေတြက သူ႔ကိုတစ္ခ်ိန္လုံး ေစာင့္ၾကည့္ေနတာမို႔ အခြင့္အေရးမရခဲ့ဘူး၊ ဒီေန႔ အေရွ႕နန္းေဆာင္မွာ ျပသနာႀကီးႀကီး ရွာထားလိုက္တဲ့အခါ အားလုံးရဲ႕အာ႐ုံက ကိုယ္လုပ္ေတာ္႐ႊီဆီ ေရာက္ေနၾကတာ၊ ဒီအရႈပ္အေထြးကို အခြင့္ေကာင္းယူၿပီး မတင္မက်ျဖစ္ေနတာကို အေျဖရွာဖို႔လုပ္ရတာပဲ။

ေရွာင္းက်န႔္က ပုယြီလက္ေမာင္းကို ပုတ္လိုက္ၿပီး။

"မင္း ဒီမွာေစာင့္ၾကည့္ေန.. ပန္ကုန္းအေပၚတက္သြားၿပီး ၾကည့္လိုက္မယ္"

အရွင့္ကို တစ္ေယာက္တည္း လႊတ္လိုက္ရမွာ စိုးရိမ္ေပမဲ့ မျငင္းသာတာမို႔ ပုယြီက ေခါင္းညိတ္သေဘာတူလိုက္ရတယ္။

ေမွ်ာ္စင္ရဲ႕တံခါးအနားထိ ေရာက္ဖို႔ေတာင္ ခ်ဳံႏြယ္ပိတ္ေပါင္းေတြထူေနတဲ့ ေလွ်ာက္လမ္းကို ျဖတ္ရတယ္၊ ၾကည့္ရတာ ဒီေနရာကို လူမလာတာ အေတာ္ေလး ၾကာေနပုံရတယ္၊ တံခါးမွာ ဖုန္ေတြတင္ေနၿပီး ခတ္ထားတဲ့ ေသာ့အိမ္မွာ ေၾကးဓားငယ္တစ္လက္ ထိုးထည့္ထားတယ္၊ ေရွာင္းက်န႔္က ေသာ့ကိုကိုင္ၿပီး ေစ့စပ္စြာ ၾကည့္တယ္။

ဒီလိုေသာ့ပုံစံမ်ိဳး ေရွာင္းက်န႔္ျမင္ဖူးတယ္၊ နည္းပညာဘက္မွာ တီထြင္ႏိုင္စြမ္းျမင့္မားတဲ့ က်န္းနန္မိသားစုက လုပ္ထားတဲ့ေသာ့၊ ဒီေသာ့ရဲ႕ထူးျခားခ်က္က ေသာ့တံမလိုဘူး၊ ေသာ့အိမ္မွာပါတဲ့ က်ားကြက္ေလးေတြကို မွန္ေအာင္ေ႐ြ႕ႏိုင္ရင္ရၿပီ၊ ေသာ့က ထူးျခားတဲ့ သံမဏိအမ်ိဳးအစားနဲ႔ လုပ္ထားတာ၊ မူရင္းဝွက္စာကလြဲရင္ တျခားလက္နက္ေတြနဲ႔ ဖ်က္လို႔မရဘူး။

ပုယြီနဲ႔ေရွာင္းက်န႔္ အင္အားသုံးလဲ ဒီေသာ့ကို ဖြင့္ဖို႔မလြယ္ဘူး။

ေသာ့ဖ်က္ဖို႔နည္းက အသုံးမဝင္ေတာ့ ေရွာင္းက်န႔္က ေမွ်ာ္စင္ကို တစ္ပတ္ပတ္ၾကည့္ၿပီး အထဲဝင္ႏိုင္ဖို႔ တျခားနည္းရွာတယ္၊ အေဆာက္အဦးက သိပ္မျမင့္လွဘူး၊ ျပတင္းေပါက္က ေျမျပင္ကေန ၄/၅ မီတာေလာက္မွာ ရွိေနတာ၊ ပုယြီသာကူညီမယ္ဆိုရင္ ပထမထပ္ရဲ႕ျပတင္းေပါက္ကို တက္လို႔ရႏိုင္ေလာက္တယ္။

ဒါကိုေတြးမိေတာ့ သိပ္မေဝးတဲ့ေနရာမွာရပ္ေနတဲ့ ပုယြီကို အခ်က္ျပလိုက္တယ္၊ သူတို႔ႏွစ္ေယာက္လုံးက ငယ္ငယ္ကတည္းက ဒါမ်ိဳးေတြ ခဏခဏလုပ္ဖူးတယ္၊ ပုယြီကလဲသိေတာ့ ေရွာင္းက်န႔္ဆီ အျမန္ေျပးလာၿပီး ပခုံးကို ပုတ္ျပတယ္၊ ေရွာင္းက်န႔္က သူ႔ပခုံးေပၚကို တက္လိုက္ၿပီး အုတ္နံရံကို ကုတ္တြယ္တက္ကာ အနီးဆုံး ျပတင္းေပါက္ေဘာင္ကို လွမ္းကိုင္ဖို႔ ႀကိဳးစားတယ္၊ ေဘာင္နားေရာက္ခါနီးမွာဘဲ ေခ်ာ္ၿပီးေအာက္ကိုျပဳတ္က်လာတယ္။

မင္ေက်ာက္ရဲ႕မင္းသမီးမွာ ေျမႀကီးေပၚကို ေခြးက်ဝက္က် က်သြားခဲ့တယ္၊ ကံေကာင္းခ်င္ေတာ့ ေအာက္ကေန မဖမ္းႏိုင္မွန္း သိလိုက္တာနဲ႔ ပုယြီက ေျမႀကီးေပၚလွဲခ်ကာ ေရွာင္းက်န႔္မနာေအာင္ ခႏၶာကိုယ္နဲ႔ ခံထားေပးလိုက္တယ္၊ ႏွစ္ေယာက္လုံး ေျမႀကီးေပၚမွာ ကားယားေလးျဖစ္ေနတယ္။

ေရွာင္းက်န႔္ကေတာ့ စိတ္ထဲကေန ယြီဝမ္က်ယ္ကို ပ်စ္ပ်စ္ႏွစ္ႏွစ္ ဆဲလိုက္တယ္၊ အျပင္ကေန ၾကည့္ရင္ မထူးျခားတဲ့ သာမန္ေမွ်ာ္စင္လို႔ ထင္ရေပမဲ့ တကယ္တမ္းက နံရံကိုေခ်ာ္ေအာင္ အထူးစီမံထားတဲ့ အုတ္နဲ႔ကာထားတာ၊ လက္ဗလာနဲ႔တက္ဖို႔ ဘယ္လိုမွမျဖစ္ႏိုင္ဘူး၊ လက္နက္တစ္ခုခုနဲ႔ ထိုးစိုက္အားယူၿပီး တက္မွသာ အဆင္ေျပမွာ။

ဒီအုတ္ေတြက တစ္ခ်ပ္ခ်င္း အႏုစိတ္စီရင္ရတာမို႔ တန္ဖိုးက ေ႐ႊသားနံရံနီးနီး တန္ဖိုးႀကီးတယ္၊ ႏွစ္မ်ားစြာ ေလဒဏ္မိုးဒဏ္ခံထားရေတာ့ အဆင္းအေရာင္က အရင္လို မဟုတ္ေတာ့တာ၊ မူလကာကြယ္ႏိုင္စြမ္းကေတာ့ ေလွ်ာ့မသြားခဲ့ဘူး။

ပုယြီရွိေပမဲ့ အေပၚကျပဳတ္က်လာေတာ့ ေရွာင္းက်န႔္ ေျခေထာက္တစ္ဖက္ နာသြားတယ္၊ ထဖို႔ေတာင္ အခက္ေတြ႕ေနတာမို႔ ယုတ္မာလြန္းတဲ့ ယြီဝမ္က်ယ္ကိုပဲ မေက်မနပ္နဲ႔ ထပ္ခါထပ္ခါ က်ိန္ဆဲေနမိတယ္၊ နာတာကို သည္းညည္းခံၿပီး ထဖို႔လုပ္တဲ့အခ်ိန္မွာပဲ သူတို႔အေရွ႕ကို အျဖဴေရာင္ဝတ္႐ုံနဲ႔ လူတစ္ေယာက္ လာရပ္တယ္၊ အထည္စက သာမန္မဟုတ္ဘဲ တန္ဖိုးႀကီးပိုးသားပါ။

ေရွာင္းက်န႔္က အနည္းငယ္စိုးရိမ္ေနတဲ့မ်က္ႏွာနဲ႔ ေမာ့ၾကည့္လိုက္မိတယ္၊ ကံေကာင္းခ်င္ေတာ့ ေရာက္လာတဲ့လူက ယြီဝမ္က်ယ္မဟုတ္ဘဲ သူ႔ရဲ႕ အမ်ိဳးသားကိုယ္လုပ္ေတာ္ ျဖစ္ေနတယ္၊ ေရွာင္းက်န႔္ေတာင္သူ႔ကို ေခ်ာတယ္လို႔ ေတြးခဲ့ေသးတာေလ။

သူက လေရာင္ေအာက္မွာ တည္တည္ၿငိမ္ၿငိမ္နဲ႔ ရပ္ေနတာ၊ စည္းေႏွာင္ထားတဲ့ ဆံႏြယ္ေတြကို အေနာက္မွာ အသာအယာ ခ်ထားတယ္၊ အေရွ႕ဆံပင္တခ်ိဳ႕က ၾကည္လင္သန႔္စင္ေနတဲ့ ပါးျပင္ေပၚမွာ ကပိုက႐ိုေလး က်ေနတယ္၊ သူ႔ကိုၾကည့္ရတာ တိတ္ဆိတ္ေအးခ်မ္းတဲ့ သစ္ခြပန္းေလးနဲ႔ တူတယ္။

သူက ေရွာင္းက်န႔္ကို ၿပဳံးျပလာတာမို႔ ေရွာင္းက်န႔္ နည္းနည္း မ်က္ႏွာပူသြားတယ္။

"မင္..မင္းက.."

"ကြၽန္ေတာ္မ်ိဳးက ဝမ့္ကြၽင္းပါ"

ဝမ့္ကြၽင္းက ေရွာင္းက်န႔္ကို ဦးၫြတ္ႏႈတ္ဆက္တယ္။

"ေျမႀကီးက ေအးပါတယ္ အရွင္မင္းသမီး"

ဝမ့္ကြၽင္းက ေျပာရင္းနဲ႔ ေရွာင္းက်န႔္ေရွ႕ကို လက္တစ္ဖက္ ကမ္းေပးလာတယ္၊ ဝမ့္ကြၽင္းရဲ႕ လက္ေခ်ာင္းေတြက ျဖဴသြယ္လွပတယ္၊ စာေပေရးသားဖို႔ သင့္ေတာ္တဲ့ လက္ပိုင္ရွင္၊ ေရွာင္းက်န႔္ကလဲ ဝမ့္ကြၽင္းရဲ႕လက္ကို ဆုပ္ကိုင္လိုက္ၿပီး ေျမႀကီးေပၚကေန ထ,ရပ္လိုက္တယ္။

ဒီလိုပုံစံကို ျပရတာ ေရွာင္းက်န႔္ နည္းနည္းေတာ့ ရွက္မိတယ္၊ ဝမ့္ကြၽင္းကို ဘယ္လိုဆင္ေျခေပးရမယ္မွန္းေတာင္ ေရွာင္းက်န႔္ မစဥ္းစားတတ္ဘဲ ရႈပ္ေထြးသြားတယ္၊ ႐ုပ္ရည္ေခ်ာေမာတဲ့လူေတြကို သေဘာက်တတ္တဲ့ ေရွာင္းက်န႔္ရဲ႕ဝသီေၾကာင့္သာမဟုတ္ရင္ ဝမ့္ကြၽင္းကို ေနရာမွာတင္ သတ္ပစ္လိုက္ၿပီ။

ဝမ့္ကြၽင္းကေတာ့ ေရွာင္းက်န႔္ရဲ႕စိတ္အေျခအေနကို ခန႔္မွန္းမိပုံ မေပၚဘူး၊ တရင္းတႏွီး ၿပဳံးေနရင္း ေရွာင္းက်န႔္ ဒူးမွာကပ္ေနတဲ့ ဖုန္ေတြကို ခါေပးေနတယ္။

"အရွင္မင္းသမီး လမ္းေလွ်ာက္ႏိုင္ရဲ႕လား?"

"အမ္?"

ေရွာင္းက်န႔္ နည္းနည္းေတာ့ အံ့ၾသသြားေပမဲ့ မ်က္ႏွာမွာ မေပၚေစဘဲ။

"အရွင္မင္းသမီး ျပန္ဖို႔ ကူေပးပါ့မယ္"

ဝမ့္ကြၽင္းက ေျပာၿပီးတာနဲ႔ ေရွာင္းက်န႔္ရဲ႕လက္တစ္ဖက္ကို ဝင္တြဲၿပီး ထိန္းေပးလိုက္တယ္။

ေအာက္ကေန ထ,ရပ္လိုက္တဲ့ ပုယြီကလဲ ေဝခြဲမရျဖစ္ေနတဲ့မ်က္ႏွာနဲ႔ ေရွာင္းက်န႔္ေဘးမွာ ရပ္ေနတယ္၊ သူတို႔ႏွစ္ေယာက္ အၾကည့္ခ်င္းဆုံသြားခ်ိန္မွာ ပုယြီေမးခ်င္ေနတာကို ႏွစ္ေပါင္းမ်ားစြာ အတူရွိလာတဲ့ ေရွာင္းက်န႔္က နားလည္သြားတယ္၊ တကယ္ေတာ့ ပုယြီက ဝမ့္ကြၽင္းကို ရွင္းပစ္ရမလားဆိုၿပီး အသံတိတ္ ေမးလာတာ။

ေရွာင္းက်န႔္က ေခါင္းခါလိုက္တယ္၊ ဒီညအတြက္ေတာ့ အိမ္ေရွ႕စံနဲ႔ နန္းေဆာင္မွာ ေသြးထြက္သံယို ထပ္ျဖစ္လို႔ မသင့္ေတာ္ေတာ့ဘူးလို႔ ေရွာင္းက်န႔္ယူဆတယ္။

ဝမ့္ကြၽင္းက ေရွာင္းက်န႔္ကိုတြဲေပးရင္း အတူေလွ်ာက္လာတယ္၊ အျပန္လမ္းမွာ သူတို႔ ၃ ေယာက္လုံး စကားမေျပာၾကဘူး၊ ေရွာင္းက်န႔္ရဲ႕ အိပ္ခန္းတံခါးနားကို ေရာက္ေတာ့ ဝမ့္ကြၽင္းက သူ႔လက္ကို ျပန္လႊတ္ေပးလိုက္ၿပီး ဦးၫြတ္ႏႈတ္ဆက္ကာ ထြက္သြားဖို႔ ျပင္တယ္။

အဲဒါကိုျမင္ေတာ့ ေရွာင္းက်န႔္က။

"ဒီည မင္း.."

ဝမ့္ကြၽင္းက ေရွာင္းက်န႔္ဘက္ ျပန္လွည့္လာၿပီး။

"ဒီည အရွင္မင္းသမီးနဲ႔ ကြၽန္ေတာ္မ်ိဳး မေတြ႕ခဲ့ပါဘူး"

ေရွာင္းက်န႔္က သေဘာေပါက္သြားဟန္နဲ႔ ၿပဳံးလိုက္ခ်ိန္မွာ ဝမ့္ကြၽင္းက။

"ဒါေပမဲ့ အဲဒီအေဆာက္အဦးက အႏၲရာယ္မ်ားတဲ့ေနရာမို႔ ထပ္မသြားပါနဲ႔ေတာ့ အရွင္မင္းသမီး"

ေရွာင္းက်န႔္က ဒီစကားအတြက္ေတာ့ ေခါင္းညိတ္ေခါင္းခါ မလုပ္ဘူး။

"ပန္ကုန္းမင္းကို တစ္ခုေလာက္ ေမးလို႔ရမလား?"

ဝမ့္ကြၽင္းက ေခါင္းခါလိုက္ၿပီး ႐ုတ္ခ်ည္းထ, ေျပာတာက။

"အရွင္မင္းသမီးပန္ထားတဲ့ဆံထိုးရဲ႕လက္ရာက ထူးျခားလြန္းတယ္.. အဲဒီဆံထိုး ကြၽန္ေတာ္မ်ိဳးကို လက္ေဆာင္ေပးလို႔ရမလား?"

ေရွာင္းက်န႔္က သူ႔ေခါင္းက လွ်ိဳ႕ဝွက္ဆံထိုးကို လက္နဲ႔ထိလိုက္တယ္၊ ဒီဆံထိုးကို ေရွာင္းက်န႔္က ၃ ႏွစ္လုံးလုံး ကိုယ္နဲ႔မကြာ ေဆာင္ထားခဲ့တာ။

"ဒါကေတာ့ မိတ္ေဆြေဟာင္းတစ္ေယာက္ေပးခဲ့တဲ့ ပစၥည္းျဖစ္ေနလို႔ ေပးလို႔မရဘူး.. မင္းလိုခ်င္ရင္ လူရွာၿပီး ေနာက္တစ္ခု လုပ္ေပးပါ့မယ္"

"ဒါဆိုရင္လဲ ေစတနာအတြက္ ေက်းဇူးတင္ပါတယ္ အရွင္မင္းသမီး"

အဲဒီေနာက္ေတာ့ ဝမ့္ကြၽင္းက ေရွာင္းက်န႔္ကို အ႐ိုအေသေပးၿပီး ထြက္သြားတယ္။

သူက အမ်ိဳးသားကိုယ္လုပ္ေတာ္ထဲမွာေတာင္ တျခားကိုယ္လုပ္ေတာ္ေတြနဲ႔ သိသိသာသာ ကြဲျပားေနတယ္၊ သူ႔မ်က္ႏွာက မနာလိုဝန္တိုျခင္း ကင္းတယ္၊ ဒီလို ျဖဴစင္ေအးခ်မ္းတဲ့ပုံစံေလးမွာ မက်ရႈံးသြားတဲ့သူဆိုတာ ရွားလိမ့္မယ္။

ယြီဝမ္က်ယ္ႀကိဳက္တာ မထူးဆန္းပါဘူး။

ေရွာင္းက်န႔္က ဝမ့္ကြၽင္းေနာက္ေက်ာကို ေငးေနေတာ့ ပုယြီက ေရွာင္းက်န႔္ကို အခန္းထဲတြဲေခၚသြားရင္း။

"ဘာေတြမ်ားေတြးေနတာလဲ အရွင္"

ေရွာင္းက်န႔္က ျပဳတ္က်တုန္းက ေခါက္သြားတဲ့ ေျခေထာက္ကို ပြတ္သပ္လိုက္ၿပီး အနည္းငယ္႐ြံရွာဟန္နဲ႔ ဆိုတယ္။

"ယြီဝမ္က်ယ္လို႔ လူယုတ္မာမ်ိဳးက ဒီလိုအလွေလးနဲ႔ မတန္ဘူးလို႔ ေတြးေနတာ"

ဒီစကားၾကားေတာ့ ပုယြီက အသံထြက္ ရယ္လိုက္ၿပီး။

"အဲဒီဝမ့္ကြၽင္းသခင္ေလးက အရွင္နဲ႔ ပုံစံခ်င္း နည္းနည္းတူေနတယ္လို႔ မထင္ဘူးလား?"

"ဟမ္.. တူေနတာလား?"

"အြန္း"

.....

ေနာက္တစ္လခြဲေလာက္အထိ ေရွာင္းက်န႔္ ၿငိမ္ေနရတယ္၊ မၿငိမ္လို႔လဲ မရဘူး၊ ေျခေခါက္လဲထားတဲ့ဒဏ္က ေဆာင္းတြင္းမို႔ သက္သာဖို႔ ၾကာေနတာ၊ ဒါေပမဲ့ ေမွ်ာ္စင္အေၾကာင္းကေတာ့ ေရွာင္းက်န႔္ ေခါင္းထဲမွာ စကၠန႔္မလပ္ ရွိေနတာပါ၊ အဲဒီေမွ်ာ္စင္က ထူးဆန္းေနတယ္ေလ၊ ယြီဝမ္က်ယ္က ဖြက္ထားခ်င္ေလ၊ ေရွာင္းက်န႔္က အထဲမွာသိမ္းထားတဲ့ လွ်ိဳ႕ဝွက္ခ်က္ကို ပိုသိခ်င္ေလပဲ၊ အဲဒီလွ်ိဳ႕ဝွက္ခ်က္ကေန ယြီဝမ္က်ယ္က ဘာလဲ၊ သူ႔ရဲ႕ ေနာက္ေၾကာင္းက ဘာလဲဆိုတာ သိႏိုင္တယ္၊ ဒါက ေရွာင္းက်န႔္က သိပ္ကိုအေရးႀကီးတယ္။

ဒါေပမဲ့ ေရွာင္းက်န႔္မွာ အခြင့္အေရး သိပ္မရွိဘူး၊ ေတာ္ဝင္မ်ိဳးႏြယ္ေတြ၊ မိသားစုေတြ လာေရာက္ၿပီး ဂါရဝျပဳတာကို ေန႔တိုင္းလက္ခံေနရတယ္၊ ယြီဝမ္က်ယ္ မျဖစ္မေန သြားခိုင္းတဲ့ ပန္းၾကည့္ပြဲဆိုတာကိုလဲ သြားရေသးတယ္၊ အဲဒီပြဲမွာ မင္းသား ၁ ရဲ႕ ၾကင္ယာေတာ္ မင္းသမီးကို ေတြ႕လာခဲ့တယ္။

ယြီဝမ္က်ယ္က သတိထားခိုင္းတဲ့ အမ်ိဳးသမီးမို႔ ေရွာင္းက်န႔္က ပိုေတာင္မေတြ႕ခ်င္ဘူး၊ အဲလိုပြဲေတြလဲ ေရွာင္းက်န႔္က သေဘာမက်ဘူး၊ အစပိုင္းေလာက္ပဲ သြားၿပီး က်န္တာေတြ အကုန္ျငင္းလႊတ္တယ္၊ နန္းေဆာင္မွာ ေအးေအးေဆးေဆးနားေနၿပီး ယြီဝမ္က်ယ္ေနာက္ေၾကာင္းကို တိတ္တဆိတ္ စုံစမ္းေနမိတယ္။

ကံဆိုးခ်င္ေတာ့ ဘာမွမယ္မယ္ရရ မသိရဘူး၊ ယြီဝမ္က်ယ္ေမြးေန႔ကို သိလာရေပမဲ့ ခ်ဳေရွာင္းမွာ ကေလးေမြးလာရင္ ေမြးေန႔ကို ေက်ာက္စိမ္းျပားမွာ ထြင္းေပးတဲ့ဓေလ့ မရွိသလို၊ ယြီဝမ္က်ယ္ေမြးေန႔နဲ႔ ဝမ္ရိေပၚ ေပးထားခဲ့တဲ့ ေက်ာက္စိမ္းျပားမွာပါတဲ့ ေမြးေန႔ကလဲ မတူဘူး။

ယြီဝမ္က်ယ္ မ်က္ႏွာကလြဲရင္ ေရွာင္းက်န႔္မွာ ဘာသဲလြန္စမွ ရွိမေနဘူး၊ ေျပာရရင္ ယြီဝမ္က်ယ္မ်က္ႏွာကို မျမင္ရတာေတာင္ ရက္အေတာ္ၾကာေနခဲ့ၿပီ။

ယြီဝမ္က်ယ္က အေရွ႕နန္းေဆာင္ကို သိပ္ျပန္ေလ့မရွိဘူး၊ ခ်ဴေရွာင္းဧကရာဇ္ကိုယ္စား ႏိုင္ငံေရးမွာ ဝင္ေရာက္စီမံေနရတာမို႔ ျပန္ဖို႔ေနာက္က်ေနရင္ နန္းေတာ္မွာပဲ အိပ္ေလ့ရွိတယ္၊ အိမ္ေထာင္မက်ခင္တုန္းကဆို အေရွ႕နန္းေဆာင္ကို ႏွစ္ဝက္ေလာက္ေနမွ တစ္ခါေလာက္ ျပန္လာတတ္တယ္လို႔ သိရတယ္။

ေၾကာင္မရွိႂကြက္ထ ဆိုသလိုပဲ၊ အေရွ႕နန္းေဆာင္မွာရွိတဲ့ ကိုယ္လုပ္ေတာ္ေတြၾကားမွာ ျပသနာ မၾကာခဏျဖစ္ေနၾကတာ ယြီဝမ္က်ယ္ျပန္မလာလို႔ပဲ၊ ေျခာက္ကပ္ၿပီး ေပ်ာ္စရာမရွိတဲ့ ပတ္ဝန္းက်င္က လူကိုေသေစႏိုင္တယ္၊ ခစားရမဲ့ ခင္ပြန္းသည္မရွိေတာ့ အခ်င္းခ်င္းေခ်ာက္ခ်ၿပီးပဲ အပ်င္းေျဖေနၾကရတာ၊ ေရွာင္းက်န႔္က သူတို႔ကိစၥေတြကို ကေလးေတြ ရန္ျဖစ္ေနသေလာက္ပဲ သတ္မွတ္ထားၿပီး အဖက္ကိုမလုပ္ဘူး။

ေရွာင္းက်န႔္က သူ႔ကိုယ္သူ ယြီဝမ္က်ယ္ရဲ႕အိမ္ရွင္မလို႔ မေတြးဘူး၊ ဒီက ကိုယ္လုပ္ေတာ္ေတြနဲ႔ အေျခအေနခ်င္း တူတယ္လို႔လဲ မထင္ဘူး၊ ေရွာင္းက်န႔္လို အေနအထားက သူတို႔ေသသြားရင္ေတာင္ အလြတ္ႀကီး၊ ဝင္ပါေနစရာကို မလိုဘူး၊ ဒါေပမဲ့ ဒီပ်င္းစရာေကာင္းတဲ့ ကိုယ္လုပ္ေတာ္ေတြက ေနာက္ဆုံးမွာ ကေလးတစ္ေယာက္ကိုေတာင္ အလြတ္မေပးဘဲ ဒုကၡေပးလာအခ်ိန္မွာေတာ့ ေရွာင္းက်န႔္ ထိုင္မေနႏိုင္ေတာ့ဘူး။

က်ဴရွန္းက ၁ရက္နဲ႔ ၁ည တိတိ ကိုယ္ေတြ ျခစ္ျခစ္ေတာက္ပူေနေၾကာင္း ပုယြီသိလာေတာ့ ေရွာင္းက်န႔္က ဝတ္႐ုံကို ကမန္းကတန္းဝတ္ၿပီး ေျပးၾကည့္ရတယ္၊ ကေလးက နီရဲတြတ္ေနတယ္၊ သတိရတစ္ခ်က္ မရတစ္ခ်က္နဲ႔ ပါးစပ္ကေန ကေယာင္ကတမ္းေတြ ေျပာေနတာ။

ေရွာင္းက်န႔္က ေတာ္ဝင္သမားေတာ္ကို ဆင့္ေခၚလိုက္တယ္၊ သမားေတာ္ ေရာက္လာၿပီး အပ္စိုက္ ကုတာေတာင္ ကေလးက သတိလစ္ေနလို႔ မ႐ုန္းႏိုင္ဘူး၊ နာလြန္းလို႔ ညည္းညည္းညဴညဴနဲ႔ ငိုရွာတယ္။

ေရွာင္းက်န႔္ ငယ္ထိပ္ကို ေသြးေဆာင့္တက္သြားသလို ခံစားလိုက္ရတယ္၊ ဒါေၾကာင့္ ေဘးက အထိန္းေတာ္ကို ၾကမ္းျပင္ေပၚကို ေဒါသတႀကီး တြန္းခ်ၿပီး။

"ငါ့ကို အခုခ်က္ခ်င္း ျဖစ္ေၾကာင္းကုန္စင္ ေလွ်ာက္တင္စမ္း.. ဘာလို႔ သမားေတာ္ ေစာေစာစီးစီး မေခၚတာလဲ ဟမ္.. ငါ့ကို ဘာလို႔ဘာမေျပာတာလဲ?"

ယြီဝမ္က်ယ္သားကို ပ်ိဳးေထာင္ေပးခ်င္တာမ်ိဳး မဟုတ္ေပမဲ့ က်ဴရွန္းေလးက တကယ္ကို သနားဖို႔ေကာင္းတာ၊ အိမ္ေရွ႕စံရဲ႕မ်ိဳးဆက္ တစ္ေန႔နဲ႔တစ္ညတိတိ ဖ်ားနာေနတာကို မကုေပးဘဲ ပစ္ထားရဲၾကတာကို ေရွာင္းက်န႔္တကယ္ပဲ နားမလည္ႏိုင္ေအာင္ ျဖစ္မိတယ္။

အထိန္းေတာ္ႀကီးက တုန္တုန္ယင္ယင္နဲ႔ ေအာက္မွာ ဒူးေထာက္ထိုင္ခ်လိုက္ၿပီး။

"ေလွ်ာက္တင္ရမွာ စိုး႐ြံ႕မိပါတယ္.. ဖ်ားမွန္းသိတဲ့ မနက္ေစာေစာကတည္းက ကြၽန္ေတာ္မ်ိဳးမ သမားေတာ္ကို အေခၚလႊတ္ပါတယ္.. ဒါေပမဲ့ ကိုယ္လုပ္ေတာ္႐ႊယ္က ေတာ္ဝင္သမားေတာ္ လာမယ္.. စိတ္ေအးေအးနဲ႔ ေစာင့္ေနပါဆိုၿပီး ေျပာလာပါတယ္.. ကြၽန္ေတာ္မ်ိဳးမလဲ စိတ္ပူၿပီး အရွင္မင္းသမီးကို သတင္းပို႔ဖို႔ ေတြးမိပါေသးတယ္.. ဒါေပမဲ့ အိမ္ေရွ႕စံကိုယ္ေတာ္ေလးက မင္းသမီးအနားယူတာကို အေႏွာင့္အယွက္မေပးဖို႔ သတိေပးထာတာမို႔.. လာေရာက္ၿပီး သတင္းမပို႔ဝံ့တာပါ"

ေရွာင္းက်န႔္က ကိုယ္လုပ္ေတာ္ေတြအားလုံးကို ခ်က္ခ်င္းဆင့္ေခၚၿပီး ႏွင္းေတာထဲမွာ တစ္ေယာက္မက်န္ ဒူးေထာက္ခိုင္းထားတယ္၊ အဲဒီေနာက္ေတာ့ ႐ႊယ္မ်ိဳး႐ိုး ကိုယ္လုပ္ေတာ္ကို ေရွာင္းက်န႔္ၾကည့္လိုက္တယ္။

ဒီရက္ပိုင္းအတြင္းမွာ အိမ္ေရွ႕စံရဲ႕အေနာက္ေဆာင္က အေျခအေနေတြကို ေရွာင္းက်န႔္ စုံစမ္းထားဖူးတယ္၊ ႐ႊယ္မ်ိဳး႐ိုးက ႐ႊီမ်ိဳး႐ိုးေလာက္မဟုတ္ေပမဲ့ မ်ိဳး႐ိုးျမင့္ အိမ္ေတာ္ကလာတဲ့ မိန္းကေလးပဲ၊ ေနာက္ၿပီး သူက ယြီဝမ္က်ယ္ထက္ေတာင္ တစ္ႏွစ္ႀကီးတယ္၊ ႐ႊီမ်ိဳး႐ိုးအာဏာ က်ဆင္းသြားတဲ့ေနာက္ပိုင္းမွာ သူကအုပ္ခ်ဳပ္သူေနရာကို အလိုလိုေရာက္လာတာ။

ေရွာင္းက်န႔္ သတိထားမိခဲ့ေပမဲ့ သူ႔ပုံစံက ခပ္ေအးေအးပဲမို႔ လႊတ္ထားေပးခဲ့တာ၊ အခုလို ျပသနာျဖစ္လာၿပီ ဆိုမွေတာ့ သူ႔ဆီက ေျဖရွင္းခ်က္ကို ေစာင့္ရေတာ့မွာေပါ့။

ကိုယ္လုပ္ေတာ္႐ႊယ္က အေရွ႕ထြက္လာၿပီး ဒူးေထာက္လိုက္တယ္၊ သူ႔ပုံစံက ေမာ္ႂကြားမႈ မရွိဘူး၊ ဒါေပမဲ့ သိပ္ၿပီး ႐ိုက်ိဳးေနတာမ်ိဳးလဲ မဟုတ္လွဘူး၊ ေတာ္ဝင္သမားေတာ္ကို ပင့္ဖို႔အတြက္ သူကိုယ္တိုင္ စာေရးၿပီးပို႔လိုက္ေပမဲ့ စာသြားပို႔တဲ့အေစခံက ျပန္ေရာက္မလာတဲ့အေၾကာင္းကို ေျပာျပလာတယ္၊ နန္းေတာ္ကို အထိတ္တလန႔္ ျဖစ္ေအာင္ လုပ္မိမွာစိုးတဲ့အတြက္ ေနာက္တစ္ႀကိမ္ ထပ္မေျပာဝံ့ဘဲ ေစာင့္ၾကည့္ေနတာျဖစ္ေၾကာင္း ရွင္းျပတယ္။

ေရွာင္းက်န႔္က ေဒါသတႀကီးနဲ႔ ခုံေပၚက အခါးရည္ခြက္ကို တိုက္ခ်ၿပီး က်ိန္ဆဲပစ္လိုက္တယ္။

ဒါေပမဲ့ ေရွာင္းက်န႔္သိတယ္၊ နန္းတြင္းက တစ္ခုခုေတာင္းဆိုဖို႔အတြက္ အိမ္ေတာ္အႀကီးအကဲရဲ႕ ခြင့္ျပဳခ်က္လိုတယ္၊ အိမ္ေရွ႕စံရဲ႕အေနာက္ေဆာင္က ကိုယ္လုပ္ေတာ္ တစ္ေယာက္အတြက္ စာပို႔ဖို႔ေတာင္ မလြယ္ကူလွဘူး။

ကိုယ္လုပ္ေတာ္႐ြယ္က စာတစ္ေစာင္ ႀကိဳးစားပို႔ၾကည့္ထားေပမဲ့၊ ထပ္ခါထပ္ခါေတာ့ တိုက္တြန္းရဲမွာမဟုတ္ဘူး၊ ေရွာင္းက်န႔္ဆီလဲ လာမရွာရဲတာ ေသခ်ာတယ္၊ ႐ႊီမ်ိဳး႐ိုးကိစၥၿပီးကတည္းက သူတို႔အားလုံးၾကားမွာ ေရွာင္းက်န႔္ရဲ႕အေဆာင္က တားျမစ္နယ္ေျမျဖစ္လာတယ္၊ ဘယ္သူမွ ေရွာင္းက်န႔္ကိုလာၿပီး အေႏွာင့္အယွက္ မေပးဝံ့ၾကဘူး။

ေရွာင္းက်န႔္ စိတ္ရႈပ္ေထြးစြာနဲ႔ နဖူးကို ထိန္းကိုင္ထားရင္း က်ဴရွန္းအတြက္ ေဆးက်ိဳဖို႔ အေစခံ တစ္ေယာက္ကို ၫႊန္ၾကားလိုက္တယ္၊ သူကေတာ့ ေနရာမွာ ဆက္ထိုင္ေနရင္း ဘယ္သူ႔ကို အျပစ္တင္ရမွန္း မသိဘဲ လမ္းေပ်ာက္ေနခဲ့တယ္၊ ေနာက္ေတာ့ ဒီကိစၥကို ဒီေလာက္နဲ႔ပဲ ထားလိုက္ေတာ့ဖို႔ ဆုံးျဖတ္လိုက္တယ္၊ ဒါေပမဲ့ သမားေတာ္က အခန္းထဲက ထြက္လာၿပီး ေရွာင္းက်န႔္ကို ေလွ်ာက္တင္လာတဲ့ အခ်ိန္မွာေတာ့ ေရွာင္းက်န္႔ ဝုန္းခနဲေပါက္ကြဲသြားတယ္။

"သခင္ေလးရဲ႕ေရာဂါက ရာသီအကူးအေျပာင္းေၾကာင့္ ျဖစ္တဲ့ အေအးမိတာ မဟုတ္ပါဘူး.. အေအးခံတာ လြန္ကဲသြားလို႔ ျဖစ္ရတာပါ"

က်ဴရွန္းက အျပင္ထြက္ၿပီး ေဆာ့တတ္လို႔ ေသခ်ာေစာင့္ၾကည့္ၿပီး တတ္ႏိုင္သမွ် ေႏြးေႏြးေထြးေထြး ဝတ္ဆင္ေပးထားတာ၊ အေအးခံတာလြန္ကဲတယ္ဆိုတာ ဘယ္လိုလုပ္ၿပီး ျဖစ္ႏိုင္မွာလဲ၊ ဒါေပမဲ့ ေတာ္ဝင္သမားေတာ္က ဒီလိုေျပာမွေတာ့ သူ႔ကိုအေအးမိေအာင္ တမင္လုပ္တဲ့သူ ရွိခဲ့တာ ေသခ်ာတယ္။

ေရွာင္းက်န႔္လဲ က်ဴရွန္းအခန္းကို ခ်က္ခ်င္းသြားၿပီး ေစ့ေစ့စပ္စပ္ စစ္ေဆးၾကည့္တယ္၊ ေဆာင္းရာသီအစ ကတည္းက ေသခ်ာပိတ္ထားတဲ့ ျပတင္းေပါက္တံခါးက ပြင့္ဟေနတာကို ေတြ႕လိုက္ရတယ္၊ ေနာက္ၿပီး အဲဒီအဟေလးက က်ဴရွန္းအိပ္ရာဘက္ကို မ်က္ႏွာမူေနတယ္၊ ျပတင္းေပါက္ေဘာင္ေပၚမွာ ျပာက်ေနတဲ့အမႈန႔္တခ်ိဳ႕ ရွိေနတယ္၊ ၾကည့္ရတာ အိပ္ေဆးခတ္ၿပီး တစ္ညလုံး ကေလးကို ေလေအးထဲမွာ အိပ္ေပ်ာ္ေနေအာင္ တမင္လုပ္ခဲ့တဲ့ပုံပဲ။

ေရွာင္းက်န႔္ ေခါင္းကိုက္လာတာမို႔ အသက္ျပင္းျပင္း တစ္ခ်က္ရွဴလိုက္တယ္။

"ဒီကိစၥကို အခုခ်က္ခ်င္း ေသခ်ာစစ္ေဆးစမ္း"

အဲဒီမွာ ေတြ႕လာရတာက က်ဴရွန္းနားမွာ ေစာင့္ေပးရတဲ့ အေစခံအမ်ိဳးသမီးနဲ႔ သမားေတာ္သြားေခၚတဲ့အေစခံေကာင္ေလးက ေမာင္ႏွမေတြဆိုတာကို သြားေတြ႕တယ္၊ ဒါက တိုက္ဆိုင္တာမဟုတ္ဘူး၊ တမင္စီစဥ္ထားတာပဲ၊ ေရွာင္းက်န႔္က ထြက္ေျပးသြားတဲ့ႏွစ္ေယာက္ကို အေနာက္က လိုက္ဖမ္းခိုင္းလိုက္တယ္။

ေရွာင္းက်န႔္ နားမလည္ႏိုင္တာက က်ဴရွန္းက အေရွ႕နန္းေဆာင္က တစ္ဦးတည္းေသာကေလး၊ အခုလက္ရွိ ကိုယ္လုပ္ေတာ္ထဲမွာ ဘယ္သူမွကိုယ္ဝန္မရွိၾကပါပဲနဲ႔ ဘာလို႔ က်ဴရွန္းကို ေစာေစာစီးစီး ဒုကၡေပးဖို႔ လုပ္ရတာလဲ?

အိမ္ေရွ႕စံနန္းေဆာင္က အေစာင့္ေတြက ျမန္ျမန္ဆန္ဆန္ လႈပ္ရွားတဲ့အခါ ထြက္ေျပးတဲ့ေမာင္ႏွမကို ခဏေလးနဲ႔ ဖမ္းမိသြားတယ္၊ သူတို႔ကို ေရွာင္းက်န႔္အေရွ႕မွာ တြန္းခ်ၿပီး ဒူးေထာက္ခိုင္းလိုက္ခ်ိန္မွာေတာ့ လက္ထဲကိုင္ထားတဲ့အထုပ္ကပြင့္ထြက္သြားၿပီး အထဲကေန တန္ဖိုးႀကီး ရတနာေတြ ထြက္လာတာ ျမင္လိုက္ရတယ္။

အဲဒါေတြက ဝမ့္ကြၽင္းကို ဆုခ်လိုက္တဲ့ ရတနာပစၥည္းေတြထဲကတခ်ိဳ႕ဆိုတာကို ေရွာင္းက်န႔္ မွတ္မိလိုက္တယ္။

ဝမ့္ကြၽင္းက ေရွာင္းက်န႔္ရဲ႕ဆံထိုးကို ေတာင္းဆိုခဲ့ေပမဲ့ သူမေပးခဲ့ဘူး၊ အဲဒီအစား ပစၥည္းေကာင္း ေတာ္ေတာ္မ်ားမ်ားေပးသနားလိုက္တယ္၊ ေၾကာက္႐ြံ႕ေနတဲ့ အေစခံက တုန္ယင္စြာနဲ႔ ေျပာလာတယ္။

"ဝမ့္သခင္ေလး ခိုင္းလို႔လုပ္ရတာပါ.. ကြၽန္..ကြၽန္ေတာ္မ်ိဳးမရဲ႕မိခင္ကမမာတဲ့အတြက္.. မတတ္ႏိုင္ဘဲ.. မတတ္ႏိုင္ဘဲ လုပ္ခဲ့ရတာပါ"

ေရွာင္းက်န႔္က ဝမ့္ကြၽင္းကို လွမ္းၾကည့္လိုက္တယ္၊ သူက ခါတိုင္းလိုပဲ ကိုယ္လုပ္ေတာ္ေတြ အားလုံးရဲ႕ ေနာက္ဆုံးတန္းမွာ ဒူးေထာက္ေနတာ၊ အေစခံစကားေၾကာင့္ အားလုံးကသူ႔ကို အထင္အျမင္ေသးေနတဲ့မ်က္ႏွာေတြနဲ႔ လွည့္ၾကည့္ၾကတယ္။

အဲဒီညက ဆုံၿပီးေတာ့ ဝမ့္ကြၽင္းအေၾကာင္း ေရွာင္းက်န႔္စုံစမ္းခိုင္းလိုက္မိတယ္၊ ဝမ့္ကြၽင္းက ဇာတ္နိမ့္အေစခံ မ်ိဳး႐ိုး ဒါေပမဲ့ ယြီဝမ္က်ယ္က မ်က္စိက်ၿပီး ကိုယ္လုပ္ေတာ္ေျမႇာက္လိုက္တာမို႔ အေရွ႕နန္းေဆာင္ကို ဝင္လာတာ။

အေရွ႕နန္းေဆာင္ကိုေရာက္ေနၾကတဲ့ ကိုယ္လုပ္ေတာ္အမ်ားစုက မိသားစုေနာက္ခံမ်ိဳး႐ိုး ေတာင့္တင္းၾကတာမ်ားတယ္၊ ဒါေၾကာင့္ အေစခံမ်ိဳး႐ိုးျဖစ္တဲ့ ဝမ့္ကြၽင္းကို အထင္ေသးၿပီး အႏိုင္က်င့္ၾကတယ္၊ ဒါေပမဲ့ သူတို႔ အႏိုင္က်င့္ေလ ယြီဝမ္က်ယ္က မ်က္ႏွာသာေပးေလပဲ၊ ယြီဝမ္က်ယ္က ကိုယ္လုပ္ေတာ္ေတြထဲမွာေတာင္ ဝမ့္ကြၽင္း တစ္ေယာက္ကိုပဲ အိမ္ေတာ္ကေန စိတ္တိုင္းက် ထြက္ခြာခြင့္ ေပးထားတယ္လို႔ သိရတယ္။

ျပသနာရဲ႕အဓိကအေၾကာင္းအရင္းကို ေရွာင္းက်န႔္ သေဘာေပါက္သြားတယ္၊ ေရွာင္းက်န႔္ အေရွ႕နန္းေဆာင္ ေရာက္လာၿပီး ရက္ပိုင္းအတြင္းမွာပဲ ဝမ့္ကြၽင္းကို လက္ေဆာင္ေတြ အမ်ားႀကီး ေပးသနားလိုက္တာမို႔ ကိုယ္လုပ္ေတာ္ေတြက သူ႔ကိုပိုၿပီး မနာလိုျဖစ္ကုန္ၾကတာ၊ ဒါေၾကာင့္ ဒီကိစၥကိုဖန္တီးလိုက္တာပဲ။

သူထင္ထားသလိုပဲ ကိုယ္လုပ္ေတာ္တခ်ိဳ႕က အိတ္ထဲက ဝမ့္ကြၽင္းပစၥည္းကို လက္ညိဳးထိုးျပၿပီး။

"ဒီဟာေတြက အိမ္ေရွ႕စံမိဖုရား ဝမ့္ကြၽင္းကို ေပးထားတဲ့ပစၥည္းမလား.. တစ္အိမ္လုံးမွာ တစ္ခုပဲရွိတဲ့ဟာ"

အားလုံးက ဝိုင္းအျပစ္တင္ေဝဖန္ေနတဲ့အခ်ိန္မွာပဲ ဝမ့္ကြၽင္းက ေရွာင္းက်န႔္အေရွ႕ထိ ဣေျႏၵရရေလွ်ာက္လာၿပီး ဒူးေထာက္ထိုင္လိုက္တယ္၊ သူ႔ရဲ႕လႈပ္ရွားမႈက နန္းရင္ျပင္မွာ မွန္ရာကိုဆိုေနတဲ့ပညာရွိလို တည္ၿငိမ္တယ္။

"ကြၽန္ေတာ္မ်ိဳး ဒီလိုကိစၥမ်ိဳး မခိုင္းဖူးပါဘူး အရွင္မင္းသမီး.. လုပ္ခိုင္းခဲ့ရင္ေတာင္ မင္းသမီး ခ်ီးျမင့္ထားတဲ့ လက္ေဆာင္ကို ထုတ္ေပးၿပီး ကြၽန္ေတာ္မ်ိဳးမွန္း သိသာေနေအာင္ ဘယ္လုပ္ပါ့မလဲ.. ကြၽန္ေတာ္မ်ိဳးမွာ ထပ္ၿပီး ေျပာစရာ မရွိေတာ့ပါဘူး"

သူ႔စကားၾကားေတာ့ ကိုယ္လုပ္ေတာ္႐ြယ္က ဝင္ေျပာတယ္။

"ဒီလိုေျပာလို႔ ဘယ္ရမလဲ.. မင္းလို မ်ိဳး႐ိုးနိမ့္က်တဲ့လူမွာ အိမ္ေရွ႕စံမိဖုရားေပးထားတဲ့ ပစၥည္းကလြဲရင္ တျခားတန္ဖိုးႀကီးပစၥည္း ဘယ္မွာရွိလို႔လဲ ..ဒါေၾကာင့္ သုံးခ်င္သုံးမွာေပါ့"

"ဒါက သိပ္မဟုတ္သလိုပဲ"

ေရွာင္းက်န္႔က ခပ္တိုးတိုး ေရ႐ြတ္တယ္။

"သခင္ငယ္ေလးကို ထိခိုက္ေအာင္လုပ္ၿပီး သူက ဘာအက်ိဳးအျမတ္ရမွာမို႔လဲ.. သူက က်န္တဲ့လူေတြလို ကေလးေမြးႏိုင္တာမွ မဟုတ္တာ"

ဝမ့္ကြၽင္းကို ေခ်ာက္ခ်ၿပီး ေရွာင္းက်န္႔ကို အျပစ္ေပးေအာင္ လုပ္ခ်င္တာလား၊ ဒါက တရားနည္းလမ္းက်တာမို႔ ေရွာင္းက်န႔္ အသံတိတ္စဥ္းစားခန္းဝင္ေနတယ္။

ဝမ့္ကြၽင္းကေတာ့ ခါးကိုမတ္မတ္ထားၿပီး ဒူးေထာက္ေနရင္း ထပ္ေျပာတယ္။

"ကြၽန္ေတာ္မ်ိဳး ဒီလိုကိစၥကို မလုပ္ခဲ့ဖူးပါဘူး အရွင္မင္းသမီး"

ေရွာင္းက်န႔္ေခါင္းက ေပါက္ကြဲထြက္ေတာ့မတတ္ ကိုက္ခဲလာၿပီး လူကလဲႏုံးခ်ိသြားသလို ခံစားရတယ္။

ယြီဝမ္က်ယ္ရဲ႕ အေနာက္ေဆာင္က ျပသနာေပါင္းေသာင္းေျခာက္ေထာင္ကို ေရွာင္းက်န႔္က ဘာလို႔ တာဝန္ယူေျဖရွင္းေနရတာလဲ၊ ဒါကိုေတြးမိသြားေတာ့ ေဒါသေတြအလိပ္လိုက္ထြက္လာေတာ့တယ္။

ဒီဘဝမွာ ကံအေၾကာင္းမလွခဲ့လို႔ သာမန္ေယာက္်ားတစ္ေယာက္ဘဝကို စြန႔္လႊတ္ခဲ့ရတယ္၊ အဲလိုေနရတာနဲ႔တင္ မလုံေလာက္ေသးဘူးလား၊ ေယာက်္ားႀကီးတန္မဲ့ သူမ်ားအေနာက္ေဆာင္က အရႈပ္အရွင္းေတြထဲ ဝင္ပါေနရတာက မဟုတ္ေသးဘူးေလ၊ ဒီကိစၥက လုံးဝအဓိပၸါယ္မရွိဘူး။

ေရွာင္းက်န႔္ ထ,ရပ္လိုက္ၿပီး ေအာက္မွာ ဒူးေထာက္ေနတဲ့လူေတြကို ေအးစက္စြာ ၾကည့္လိုက္တယ္။

"ပထမတစ္ေခါက္ကတည္းက ပန္ကုန္းရဲ႕ သေဘာထားကို မင္းတို႔အားလုံး ရွင္းရွင္းလင္းလင္း နားလည္ၾကမယ္လို႔ ထင္ခဲ့မိတာ.. ျပသနာရွာရဲတဲ့လူေတြ က်န္ေနလိမ့္မယ္လို႔ တကယ္မထင္ထားခဲ့ဘူး.. ဒီလိုျဖစ္လာမွေတာ့ မင္းတို႔အားလုံး ဒီအတိုင္းဆက္ဒူးေထာက္ေနၿပီး ျပသနာရွာရင္ ျဖစ္လာတတ္တဲ့ ေနာက္ဆက္တြဲ အက်ိဳးအျပစ္ကို ေသခ်ာခံစားၾကည့္ၾက"

ေရွာင္းက်န႔္က ပုယြီဘက္ ေစာင္းငဲ့ၾကည့္ကာ အခ်က္ျပၿပီး ဆက္ေျပာတယ္။

"ဒီေန႔ျပသနာအတြက္ အမွန္အမွားစစ္ေပးဖို႔ ပန္ကုန္းမွာ အခ်ိန္မရွိဘူး.. ဒီေတာ့ ဒီကိစၥနဲ႔ တိုက္႐ိုက္ပတ္သက္ေနတဲ့လူေတြကို အေရွ႕ေခၚထုတ္လာၿပီး အျပစ္ဝန္မခံမခ်င္း ႀကိမ္နဲ႔႐ိုက္"

ၿခံဝန္းထဲမွာ အာေမဋိတ္သံေတြ ထြက္လာတယ္၊ အိမ္ေရွ႕စံမိဖုရားက ၾသဇာႀကီးမွန္းသိေပမဲ့ ဒီေလာက္ထိ လုပ္ရဲလိမ့္မယ္လို႔ ဘယ္သူမွ မထင္ထားဘူး၊ အိမ္ေရွ႕စံမိဖုရား အသစ္က အေနာက္ေဆာင္က အရႈပ္အေထြးၾကား ဝင္ပါၿပီး ေခါင္းစားခံမဲ့သူမဟုတ္ဘူး၊ အင္အားသုံးၿပီး အမွန္ေျပာတဲ့သူ ထြက္လာေအာင္ လုပ္မဲ့လူမ်ိဳးျဖစ္ေနခဲ့တယ္။

ေရွာင္းက်န႔္ ေျပာၿပီခ်ိန္မွာေတာ့ ဒီကိစၥမွာ တိုက္႐ိုက္ပါဝင္ေနတဲ့လူေတြကို ေျမႀကီးေပၚတြန္းခ်ၿပီး ႐ိုက္တယ္၊ အဲဒီမွာ ကိုယ္လုပ္ေတာ္႐ႊယ္ရဲ႕ေအာ္သံကေတာ့ အက်ယ္ဆုံးပါ၊ ဝမ့္ကြၽင္းကေတာ့အ႐ိုက္ခံရေပမဲ့ အံႀကိတ္ၿပီး ၿငိမ္ခံေနတယ္။

"အိမ္ေရွ႕စံမင္းသားႂကြလာၿပီ!!!"

ဆူညံေနတဲ့႐ိုက္သံ၊ ေအာ္သံေတြၾကားထဲကေန မိန္းမစိုးတစ္ေယာက္ရဲ႕ စူးရွက်ယ္ေလာင္တဲ့ ေၾကညာသံ ထြက္လာတယ္။

ၿခံထဲကို တစ္လွမ္းခ်င္း စမတ္က်က် ေလွ်ာက္ဝင္လာတဲ့ ယြီဝမ္က်ယ္ေၾကာင့္ ေရွာင္းက်န႔္ သိပ္စိတ္တိုသြားတယ္၊ ရက္အေတာ္ၾကာအိမ္ျပန္မလာဘဲ၊ ေရွာင္းက်န႔္ကို သူ႔ရဲ႕ျပသနာတသိုက္နဲ႔ ထားခဲ့တယ္၊ လေရာင္ေအာက္မွာ အရွိန္အဝါ အေဆာင္အေယာင္အျပည့္နဲ႔ ခံ့ခံ့ညားညားရပ္ေနတာကို ျမင္လိုက္ရေတာ့ ပိုလို႔ေတာင္ ေဒါသထြက္လာေသးတယ္။

ယြီဝမ္က်ယ္က အနားကိုေရာက္လာၿပီး။

"မင္းသမီးအေရွ႕နန္းေဆာင္ကို ေရာက္လာၿပီးကတည္းက ကိုယ္ေတာ့္ရဲ႕အေနာက္ေဆာင္က အရင္လိုမဟုတ္ေတာ့ဘဲ စည္ကားသိုက္ၿမိဳက္လာလိုက္တာ"

"အဓိပၸါယ္မရွိတဲ့ မင္းရဲ႕အေနာက္ေဆာင္ကို ပန္ကုန္းက ေခါင္းထဲထည့္မယ္လို႔ ထင္ေနတာလား"

လူေတြအမ်ားႀကီးရွိေနလဲ ေရွာင္းက်န႔္က ယြီဝမ္က်ယ္မ်က္ႏွာကို မေထာက္ထားႏိုင္ေတာ့ဘူး၊ ဒါေၾကာင့္ ျပန္ေအာ္ပစ္လိုက္တယ္၊ ယြီဝမ္က်ယ္က စိတ္မဆိုးပါဘူး၊ ေရွာင္းက်န႔္လက္ကို ဖမ္းဆြဲဖို႔လုပ္လာတယ္၊ ေရွာင္းက်န႔္က အျမန္ေရွာင္လိုက္ၿပီး တစ္ဖက္လွည့္ကာ က်ဴရွန္းအတြက္ေဆးအိုးကို ၾကည့္ေနတယ္။

ယြီဝမ္က်ယ္က ရွက္သြားတဲ့လက္ေခ်ာင္းေလးေတြကို ပြတ္သပ္ေနရင္း အေၾကာင္းစုံကို ေမးျမန္းတယ္၊ အၾကမ္းဖ်င္းသိသြားၿပီးခ်ိန္မွာေတာ့ စစ္ေမးတဲ့အမႈကိစၥကို စတင္လိုက္တယ္။

"ဒီပစၥည္းေတြက ဝမ့္ကြၽင္းေပးတယ္လို႔ မင္းေျပာတာေနာ္.. သူမင္းကို ဘယ္လိုေပးတာလဲ.. အေရွ႕နန္းေဆာင္မွာ အခြင့္မရွိဘဲ စိတ္တိုင္းက် ေလွ်ာက္သြားလို႔မရဘူးဆိုတဲ့ တားျမစ္ခ်က္ရွိတယ္.. မင္းက ဝမ့္ကြၽင္းရဲ႕အေဆာင္နဲ႔ သခင္ငယ္ေလးရဲ႕အေဆာင္ၾကားမွာ ဘယ္လိုမ်ား ဆက္သြယ္လိုက္သလဲ"

အေစခံက အ႐ိုက္ခံထားရၿပီးသားမို႔ ျပန္ေျဖတဲ့အသံက သိပ္ေတာင္မထြက္ခ်င္ေတာ့ဘူး။

"အေဆာင္တစ္ခုနဲ႔တစ္ခုၾကားက ၿခံစည္း႐ိုးမွာရွိတဲ့ ေခြးတိုးေပါက္လို ေနရာေလးကေန.."

"ဒါဆို ခိုင္းလိုက္တဲ့လူရဲ႕မ်က္ႏွာကို ေသခ်ာမေတြ႕လိုက္ရဘဲ.. ဝမ့္သခင္ေလးခိုင္းတာမွန္း ဘယ္လိုသိတာလဲ?"

ဒီေမးခြန္းကို ေဘးမွာရပ္ေနတဲ့ အားက်င္းက ေမးလိုက္တာ။

"ငယ္သားက ပစၥည္းကိုၾကည့္ၿပီး ေျပာတာပါ.. ေပးလာတဲ့ ပစၥည္းေတြက..မင္.. မင္ေက်ာက္က ရတနာေတြမို႔ အေရွ႕နန္းေဆာင္မွာ အိမ္..အိမ္ေရွ႕စံမိဖုရားကလြဲရင္.. ဒီလိုပစၥည္းက ဝမ့္သခင္ေလးမွာပဲ ရွိတာမို႔ပါ.."

ဒီစကားေၾကာင့္ ေဆးအိုးယပ္ခပ္ေနတဲ့ ေရွာင္းက်န႔္ရဲ႕လႈပ္ရွားမႈေတြက ရပ္တန႔္သြားၿပီး ေလထြက္႐ုံေလာက္ ေလွာင္ရယ္လိုက္တယ္။

ေၾသာ္ ျဖစ္ခ်င္ေတာ့ ေရွာင္းက်န႔္အလွည့္ က်န္ေနေသးတာပဲ။

ယြီဝမ္က်ယ္ မေရာက္ခင္တုန္းက ဒီအေၾကာင္းကို တမင္ထုတ္မေျပာတာက ကစားပြဲထဲမွာ ကစားပြဲတစ္ခု ထပ္ရွိေနေသးလို႔ကိုး၊ ေရွာင္းက်န႔္က အေစခံစကားကိုယုံၿပီး ဝမ့္ကြၽင္းတစ္ေယာက္တည္းကို အျပစ္ေပးလိုက္ရင္ ဒါက ကိစၥႀကီးတစ္ခုျဖစ္လာမွာ။

အေစခံစကားအရ မင္ေက်ာက္ရဲ႕ပစၥည္းဆိုမွေတာ့ ေရွာင္းက်န႔္ပစၥည္းမဟုတ္ရင္ ဝမ့္ကြၽင္းပစၥည္းပဲ၊ ဆိုေတာ့ကား ေနာက္ကြယ္က ခိုင္းတဲ့လူက ဝမ့္ကြၽင္းမဟုတ္ရင္ ေရွာင္းက်န႔္ပဲ၊ အေစခံက ယြီဝမ္က်ယ္အေရွ႕မွာမွ ဒါကိုထုတ္ေျပာတယ္ဆိုကတည္းက အစတည္းက ေရွာင္းက်န႔္ကဦးတည္ရာထဲမွာ ပါေနခဲ့တာ။

ေရွာင္းက်န႔္က ေဆးပန္းကန္ေလးကို ကိုင္ထားရင္း ကိုယ္လုပ္ေတာ္႐ႊယ္ဘက္ကို ေစာင္းငဲ့ၾကည့္ လိုက္တယ္၊ သူက အ႐ိုက္ခံထားရေပမဲ့ တည္တည္ၿငိမ္ၿငိမ္နဲ႔ ဒူးေထာက္ေနတုန္းပဲ၊ သူကလဲ ထင္ရွားတဲ့အိမ္ေတာ္က သမီးပဲ၊ ကိုယ္လုပ္ေတာ္႐ႊီလက္ေအာက္မွာ အၾကားႀကီး သည္းခံေနၿပီး သင္ယူခဲ့တာေတြ မနည္းရွိလိမ့္မေပါ့။

ဒီေလာက္ဆို သူဘာကိုျမင္လို ဒီခ်ဳံထြင္တယ္ဆိုတာ သာမန္ဦးေႏွာက္ရွိတဲ့လူတိုင္း ျမင္တတ္ပါၿပီ၊ တစ္ဖက္က တရားဝင္ဇနီး၊ ေနာက္တစ္ဖက္က ဖူးဖူးမႈတ္အလိုလိုက္ထားတဲ့ အမ်ိဳးသားကိုယ္လုပ္ေတာ္။

ကဲ အိမ္ေရွ႕စံဘယ္လိုစီရင္မွာလဲ?

အားလုံးက ယြီဝမ္က်ယ္ကို တိတ္တဆိတ္ေစာင့္ၾကည့္ေနၾကတယ္။

ေရွာင္းက်န႔္ကလဲ ယြီဝမ္က်ယ္ကို ၾကည့္လာတယ္၊ ယြီဝမ္က်ယ္ကလဲ ေရွာင္းက်န႔္ကို ျပန္ၾကည့္ေနတယ္၊ ႏွစ္ေယာက္သား အၾကည့္ခ်င္းဆုံသြားေတာ့ ေရွာင္းက်န႔္က ယြီဝမ္က်ယ္ကို ေအးစက္စက္ မ်က္ေစာင္းထိုးလိုက္ၿပီး ေဆးပန္းကန္ေလးကိုင္ကာ က်ဴရွန္းအခန္းထဲကို ဝင္သြားတယ္။

တံခါးမပိတ္ခင္မွာေတာ့ ယြီဝမ္က်ယ္ေျပာလိုက္တာကို ေရွာင္းက်န႔္နားနဲ႔ ဆက္ဆက္ ၾကားလိုက္ပါေသးတယ္။

"ဝမ့္ကြၽင္းသြားနားလိုက္ေတာ့"

အဲဒီေနာက္မွာေတာ့။

"ေနာက္ကို အိမ္ေရွ႕စံမိဖုရား စိတ္ဆိုးေအာင္လုပ္တဲ့ ဘယ္သူ႔ကိုမဆို သိတာနဲ႔အျပင္ဆြဲထုတ္ၿပီး တုတ္နဲ႔မေသမခ်င္း႐ိုက္ခိုင္းမယ္"

ကိစၥေတြၿပီးသြားေတာ့ အားက်င္းက ယြီဝမ္က်ယ္နားကပ္လာၿပီး တိုးတိုးေလး ေမးတယ္။

"အရွင့္သားကမင္းသမီးကို အျပစ္မတင္ေပမဲ့ မင္းသမီးက ဘာလို႔ စိတ္ဆိုးသြားတာလဲ?"

ဒီစကားၾကားေတာ့ ယြီဝမ္က်ယ္က ၿပဳံးသြားတယ္၊ တကယ္လဲ ေရွာင္းက်န႔္ပုံစံေလးက အၿမီးတက္နင္းခံလိုက္ရတဲ့ေၾကာင္လို ေဒါသအမ်က္ေခ်ာင္းေခ်ာင္းထြက္ၿပီး ေျခာက္ခ်က္ေလာက္ ကုတ္ပစ္ခ်င္ေနတာ မဟုတ္လား။

"ျမက္ခင္းျပင္မွာ စိတ္ႀကိဳက္ခုန္ေပါက္ေျပးလႊားေနခဲ့တဲ့ ျမင္း႐ိုင္းေတြကို အတင္းဖမ္းၿပီး ျမင္းေဇာင္းမွာ ခ်ည္ထားလိုက္ရင္ ဘာျဖစ္လာမယ္လို႔ ထင္လဲ"

ထူးခြၽန္တဲ့ျမင္းထိန္းျဖစ္တဲ့ အားက်င္းက ေခါင္းကုတ္ေနရင္း။

"ျမင္သမွ် ၿခံစည္း႐ိုးေတြကို ေလွ်ာက္ကန္လိမ့္မယ္"

အားက်င္းအေျဖေၾကာင့္ ယြီဝမ္က်ယ္ႏႈတ္ခမ္းေတြက အေပၚကို တြန႔္တက္သြားတယ္၊ အဲဒီေနာက္ေတာ့ အခန္းထဲကို လိုက္ဝင္သြားခဲ့တယ္။

မီးေသြးမီးဖိုေၾကာင့္ က်ဴရွန္းရဲ႕အခန္းက အနည္းငယ္ အိုက္စပ္စပ္ျဖစ္ေနတယ္၊ ေရွာင္းက်န႔္က အေပၚထပ္ဝတ္႐ုံကို ခြၽတ္ထားလိုက္ၿပီး အိပ္ရာေပၚမွာ တင္ပါးလႊဲဝင္ထိုင္ကာ က်ဴရွန္းနဖူးက ေခြၽးေတြကို တယုတယ သုတ္ေပးတယ္။

ေရွာင္းက်န႔္ ကိုယ္ေပၚမွာက ပိုးသားမွာ ေ႐ႊခ်ည္ထိုးထားတဲ့ ညဝတ္အက်ႌအရွည္ပဲ က်န္ေတာ့တာ၊ ပိုးသားက အရည္အေသြးေကာင္းၿပီး ေပ်ာ့ေျပာင္းလြန္းတာမို႔ လည္ပင္းရွည္ ေႂကြပန္းအိုးေလးလိုလွပတဲ့ သူ႔ရဲ႕ခါးေအာက္ပိုင္းကို သိသိသာသာ ေဖာ္ျပထားသလို ျဖစ္ေနတယ္။

ဒီလို မ်က္စိပသာဒျဖစ္စရာျမင္ကြင္းကို ယြီဝမ္က်ယ္က ခဏရပ္ၾကည့္ေနၿပီး အထဲကို ေလွ်ာက္ဝင္လာတယ္၊ ေနာက္ေတာ့ အနားမွာ ဝင္ထိုင္လိုက္တယ္။

က်ဴရွန္းက ေဆးေသာက္ၿပီးေပမဲ့ သတိမရေသးဘူး၊ ဝင္ေလထြက္ေလက ပူေလာင္ေနတုန္းပဲ၊ ေရွာင္းက်န႔္က မေက်မနပ္နဲ႔ အေရွ႕မွာလာထိုင္ေနတဲ့ ယြီဝမ္က်ယ္ကို ေမာ့ၾကည့္လိုက္တယ္၊ အမွန္ေတာ့ ယြီဝမ္က်ယ္ကို စကားမေျပာခ်င္ဘူး၊ ဒါေပမဲ့ ေျပာစရာက ရွိေနတာမို႔။

"ဝမ့္ကြၽင္းကို ဘာလို႔ဒီလိုလုပ္တာလဲ?"

ယြီဝမ္က်ယ္က ျပန္ေမးတယ္။

"ဝမ္ကြၽင္းကို ဘယ္လိုလုပ္မိလို႔လဲ?"

သူတို႔ေျပာေနတဲ့ပုံက ၾကင္စဦးေမာင္ႏွံႏွစ္ေယာက္ သဝန္တိုၿပီး အျပန္အလွန္ ႏႈတ္လွန္ထိုးေနတာနဲ႔ တူသြားတာမို႔ ေရွာင္းက်န႔္ ပိုၿပီးစိတ္တိုလာတယ္။

"ပန္ကုန္းက ဝမ့္ကြၽင္းကို အျပစ္ေပးတယ္ဆိုတာက.. အားလုံးထက္သူ႔ကို မ်က္ႏွာသာေပးတယ္လို႔ ထင္ကုန္မွာစိုးလို႔.. အိမ္ေရွ႕စံသူ႔ကို မ်က္ႏွာသာေပးေလ.. သူ ဒုကၡပိုေရာက္ေလ ျဖစ္ေနမွာ.. ဒါကို အိမ္ေရွ႕စံမျမင္တတ္ဘူးလား?"

"ဒီကိစၥက အစကတည္းက သူနဲ႔မွမဆိုင္တာ"

ယြီဝမ္က်ယ္က ေရွာင္းက်န႔္ကို စေနာက္သလို ေျပာလာတယ္။

"အဲဒီပစၥည္းေတြက မင္းသမီးေပးတာလဲ ျဖစ္ေနႏိုင္တယ္လို႔ သူမ်ားေျပာသြားတာ မၾကားလိုက္ဘူးလား?"

"အိမ္ေရွ႕စံက ဒီစကားကို ယုံတယ္ေပါ့"

ေရွာင္းက်န႔္က ခါးျပန္မတ္လိုက္ၿပီး စိုက္ၾကည့္လိုက္တယ္၊ ၿပဳံးတုံ႔တုံ႔ျဖစ္ေနတဲ့ ယြီဝမ္က်ယ္ကို ျမင္လိုက္ေတာ့ သူ႔ကိုစေနာက္ေနတာမွန္း သိသြားၿပီး ယြီဝမ္က်ယ္ကိုယ္ႀကီးကို စိတ္တိုတိုနဲ႔ တြန္းထုတ္လိုက္တယ္။

"ေဝးေဝးေန.. ပူတယ္"

ယြီဝမ္က်ယ္က သေဘာတက်နဲ႔ အသံထြက္ရယ္လိုက္တယ္။

"ကိုယ္ေတာ္ ယုံသြားရင္ ဘယ္လိုလုပ္မလဲ.. နည္းနည္းေတာင္ မေၾကာက္ဘူးလား? "

"သူတို႔ေျပာတာကိုယုံရင္လဲ အခုခ်က္ခ်င္းဖမ္းေလ"

ေရွာင္းက်န႔္က ေဒါသသံနဲ႔ ျပန္ေျပာတယ္။

အမွန္ေတာ့ ယြီဝမ္က်ယ္သူ႔ကို သံသယမျဖစ္ေလာက္ဘူးလို႔ ေရွာင္းက်န႔္က မထင္ပါဘူး၊ ခဏေလာက္ တိတ္ဆိတ္ေနၿပီးမွ ထပ္ေမးလိုက္တယ္။

"သူတို႔ေျပာသလိုျဖစ္ေနမွာ အိမ္ေရွ႕စံက မစိုးရိမ္ဘူးလား?"

ယြီဝမ္က်ယ္က ေရွာင္းက်န႔္ကို မၾကည့္ဘဲ က်ဴရွန္းရဲ႕ပါးေလးကို ဖြဖြပြတ္သပ္ေပးေနရင္း။

"မင္းမျဖစ္ႏိုင္ဘူး"

"ဘယ္လိုေၾကာင့္လဲ?"

"ပထမအခ်က္က မင္းကသူတို႔ကို အဖက္မတန္ဘူးလို႔ သေဘာထားတာ.. ေနာက္တစ္ခ်က္က မင္းကကေလးမေမြးႏိုင္ဘူးေလ"

ယြီဝမ္က်ယ္က ခပ္ေအးေအးပဲ ျပန္ေျဖလိုက္တာဆိုေပမဲ့ ေရွာင္းက်န႔္ရဲ႕ ပါးျပင္ႏွစ္ဖက္ကေတာ့ ေႏြးခနဲ ျဖစ္သြားတယ္၊ ဒါက ယြီဝမ္က်ယ္သူ႔ကို နားလည္ၿပီး ယုံၾကည္ေနတာေၾကာင့္လား၊ ဒါမွမဟုတ္ ကေလးေမြးတဲ့ကိစၥ ပါလာတာေၾကာင့္လားဆိုတာေတာ့ ေရွာင္းက်န႔္လဲ မသဲကြဲဘူး။

အတန္ၾကာ တိတ္ဆိတ္ေနၿပီးမွ ေရွာင္းက်န႔္က ေျပာလိုက္တယ္။

"ထိန္းေက်ာင္းေပးခ်င္ခ်င္ မေပးခ်င္ခ်င္.. သူမ်ားက အိမ္ေရွ႕စံအတြက္ ကေလးေမြးထားၿပီးၿပီေလ"

တကယ္ေတာ့ ယြီဝမ္က်ယ္က က်ဴရွန္းကို ဂ႐ုမစိုက္လို႔ ေရွာင္းက်န႔္က ဒီစကားကို ထုတ္ေျပာလိုက္တာ၊ ဘယ္လိုၾကည့္ၾကည့္ ယြီဝမ္က်ယ္နဲ႔ က်ဴရွန္းက ရပ္ေဝးကအမ်ိဳးနဲ႔ တူေနတယ္၊ သူတို႔မွာ သားအဖလို အခ်င္းခ်င္းရင္းႏွီးေႏြးေထြးမႈ မရွိဘူး။

"က်ဴရွန္းက ကိုယ္ေတာ့္သားမဟုတ္ဘူး"

ယြီဝမ္က်ယ္က သေဘာေပါက္သြားၿပီး ခ်က္ခ်င္း ထျငင္းတယ္၊ ေရွာင္းက်န႔္လဲ အံ့ၾသသြားၿပီး ယြီဝမ္က်ယ္ကို ေမာ့ၾကည့္လိုက္မိတယ္။

ယြီဝမ္က်ယ္က က်ဴရွန္းကို ေစာင္ေသခ်ာၿခဳံေပးေနရင္း။

"က်ဴရွန္းက ကိုယ့္ေတာ္ ဦးရီးေတာ္ရဲ႕သား.. ဦးရီေတာ္မဆုံးပါးခင္ ကိုယ္ေတာ့္ကို ေစာင့္ေရွာက္ေပးဖို႔ အပ္ခဲ့တာ.. က်ဴရွန္းက သနားစရာေကာင္းတဲ့ ကေလးပါ"

ယြီဝမ္က်ယ္က ေျပာေနရင္း ခဏရပ္သြားၿပီးမွ။

"သူက ေခါင္းထိခိုက္ထားတာ.. ၈ ႏွစ္ ၉ ႏွစ္ ဆိုေပမဲ့.. အသိဉာဏ္ ဖြံ႕ၿဖိဳးမႈက ေနာက္က်ေနတယ္.. တစ္ေယာက္တည္းထားလို႔မရဘူး"

ယြီဝမ္က်ယ္ေျပာတာ နားေထာင္ၿပီး ေရွာင္းက်န႔္က နားမလည္သလို ေမးခြန္းထုတ္လာတယ္။

"ပန္ကုန္းကို ရွင္းျပေနတာလား?"

ယြီဝမ္က်ယ္လဲ သူ႔ကိုယ္သူ သတိထားမိသြားကာ ၿပဳံးလိုက္ၿပီး။

"ဟုတ္တယ္.. ကိုယ္မင္းကိုရွင္းျပေနတာ"

ယြီဝမ္က်ယ္က 'ကိုယ္ေတာ္'လို႔ မသုံးပဲ 'ကိုယ္'လို႔ သုံးလိုက္တာ။

"ေကာင္းၿပီ.. မင္းသြားနားလိုက္ေတာ့.. ကိုယ္ေတာ္ ဆက္ေစာင့္လိုက္မယ္"

ေရွာင္းက်န႔္က လက္ခါျပတယ္၊ က်ဴရွန္းက ေရွာင္းက်န႔္လက္တစ္ေခ်ာင္းကို ဆုပ္ကိုင္ထားတာ၊ အဲဒီလက္ကို ဆြဲထုတ္တာနဲ႔ က်ဴရွန္းကငိုတာ။

"ပန္ကုန္းဖယ္လိုက္ရင္.. သူငိုလိမ့္မယ္"

"ပိုလိုက္တာ"

ယြီဝမ္က်ယ္က မယုံသလိုေျပာၿပီး က်ဴရွန္းလက္ေခ်ာင္းေလးေတြကို တစ္ေခ်ာင္းခ်င္း ဖယ္ဖို႔လုပ္တယ္၊ ဒါေပမဲ့ ထိလိုက္တာနဲ႔ခ်က္ခ်င္း က်ဴရွန္းက အိပ္မက္ဆိုးမက္သလို ထ,ငိုေတာ့တာပဲ။

အဲဒီေတာ့မွာ ယြီဝမ္က်ယ္လဲ မလႈပ္ရဲေတာ့ဘူး၊ ေရွာင္းက်န႔္က ကေလးကို ငိုေအာင္လုပ္တဲ့ ယြီဝမ္က်ယ္ကို မ်က္ေစာင္းခဲကာ ၾကည့္လိုက္တယ္၊ ၿပီးတာနဲ႔ က်ဴရွန္းဗိုက္ေလးေပၚမွာ လက္တင္ကာ ဖြဖြပုတ္ေပးရင္း ေခ်ာ့ေျပာတယ္။

"အင္း..အင္း.. လိမၼာတယ္"

အသံက ႏူးညံ့လြန္းလိုက္တာလို႔ေတာင္ ယြီဝမ္က်ယ္ ေတြးမိသြားတယ္။

ဒါေပမဲ့ က်ဴရွန္းက ၿငိမ္မသြားဘူး၊ မ်က္လုံးမွိတ္ထားရင္း တသိမ့္သိမ့္ရႈိက္ေနတုန္းပဲမို႔ ေရွာင္းက်န႔္က သနားလာၿပီး အနားကပ္သြားကာ။

ေကာင္းကင္မွာ အမည္းေရာင္ ပိတ္က်ဲစနဲ႔ အုပ္ထားတယ္

ကမ္းပါးေပၚမွာ အျပာေရာင္ ေက်ာက္တုံးေလးေတြ ညီညီစီထားမယ္

မိုးေဖာက္ေဖာက္က်လာရင္ အေရာင္ေျပာင္းၿပီး အသံျမည္လိမ့္မယ္

ပ်ံလႊားငွက္ေတြက မေစာင့္စားဘဲ အိမ္ျပန္ၾကတယ္

ၿငိမ့္ေညာင္းတဲ့ သီခ်င္းသံက မျမင္ရတဲ့ လက္တစ္စုံလို က်ဴရွန္းရဲ႕ မ်က္ခုံးတန္းေလးေတြကို ပြတ္သပ္ ေျပေလ်ာ့သြားေစခဲ့တယ္။

အခန္းရဲ႕ေလထုက ေႏြးေႏြးေထြးေထြး ရွိတယ္၊ မစည္းေႏွာင္ထားတဲ့ ေရွာင္းက်န႔္ရဲ႕ ပိတုန္းေရာင္ ဆံႏြယ္ေတြက အနည္းငယ္ ဖ႐ိုဖရဲျဖစ္ေနတယ္၊ ေအာက္ငုံ႔ထားတဲ့ မ်က္ေတာင္ဖ်ားေလးေတြက ေလမွာလြင့္သြားတဲ့ ေဆာင္းဦးတဲ့ ေရာ္႐ြက္ေလးေတြလို လႈပ္ခတ္ေနတယ္၊ သီခ်င္းဆိုေနတဲ့ ပန္းႏုေရာင္ႏႈတ္ခမ္းခြၽန္ခြၽန္ေလးက ပြင့္လိုက္ ပိတ္လိုက္ ျဖစ္ေနၾကတယ္၊ ႏူးညံ့တဲ့ ပ်ားရည္ေရာင္ဝတ္႐ုံက လွပတဲ့ခႏၶာကိုယ္ကို သိမ္ေမြ႕စြာ ေထြးပတ္ထားတယ္။

ယြီဝမ္က်ယ္ လက္ေခ်ာင္းထိပ္ေတြ ယားက်ိက်ိ ျဖစ္လာတယ္၊ မေနႏိုင္တဲ့အဆုံးမွာေတာ့ လက္ကို ဆန႔္ထုတ္လိုက္ၿပီး ေရွာင္းက်န႔္ရဲ႕ပါးျပင္မွာ ဝဲက်ေနတဲ့ဆံစေလးေတြကို သပ္ယူကာ နား႐ြက္အေနာက္မွာ ညႇပ္ေပးလိုက္တယ္။

ယြီဝမ္က်ယ္ေၾကာင့္ ေရွာင္းက်န႔္ လန႔္ဖ်ပ္သြားတယ္၊ ကေလးေခ်ာဖို႔ပဲ အာ႐ုံေရာက္ေနတာမို႔ ယြီဝမ္က်ယ္ ရွိေနေသးတာကို သူေမ့သြားခဲ့တာ၊ ဒါေၾကာင့္ ရွက္ကိုးရွက္ကန္း ေျပာလိုက္တယ္။

"ပန္ကုန္းေနမေကာင္းရင္ ဆရာသခင္က ဒီသီခ်င္းနဲ႔ သိပ္ေနက်မို႔လို႔"

"အြန္း"

ဒီလိုပုံစံနဲ႔ က်ဴရွန္းကို ပုတ္ၿပီးသိပ္ေနရင္း ေရွာင္းက်န႔္လဲ အိပ္ေပ်ာ္သြားခဲ့တယ္၊ အိပ္ခ်င္မူးတူျဖစ္ေနေပမဲ့ သူ႔ကို အိပ္ရာေပၚ ေခၚသြားတာကိုေတာ့ သိလိုက္ပါေသးတယ္။

အိပ္မက္ထဲမွာ တအားအိုက္တယ္၊ ေရွာင္းက်န႔္ မေနႏိုင္ေတာ့ဘဲ ေစာင္အျပင္ကို ေျခေထာက္ဆန႔္ထုတ္ဖို႔လုပ္တယ္၊ ဒါေပမဲ့ တစ္စုံတေယာက္က ေရွာင္းက်န႔္ရဲ႕ေျခက်င္းဝတ္ကိုကိုင္ထားၿပီး ေျခဖဝါးကိုလက္နဲ႔ေထြးဆုပ္ထားေပးတယ္၊ အဲဒီေနာက္ေတာ့ ၾသရွရွနဲ႔ နားဝင္ပီယံရွိလွတဲ့ သီခ်င္းသံ ထြက္ေပၚလာတယ္။

ဆူလြန္းတယ္ ဆူလြန္းတယ္ ထမင္းခ်ိဳးေက်ာ္ ဝါးရတာဘယ္ေတာ့မွမဝဘူး

လွလြန္းတယ္ လွလြန္းတယ္ မင္းရဲ႕ေျခဖမိုးေကာ့ေကာ့ေလးက လွလြန္းတယ္

240323

(တတိယလူရယ္လို႔ မဟုတ္ေပမဲ့ ကိုယ္လုပ္ေတာ္တို႔၊ အခ်စ္ေတာ္တို႔ ပါမယ္ဆိုတာက အစကတည္းက warning ေပးထားၿပီးသားပါ)

Continue Reading

You'll Also Like

26.6K 4K 52
• Authorized translation from Artist 来喜汉子. Don't repost my translation work anywhere! •
609K 37K 101
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...
3.3K 483 9
ကျောင်းသားဘဝတည်းက ပြိုင်ဆိုင်ခဲ့တဲ့၂ယောက်က လုပ်ငန်းရှင်တွေဘဝမှာလည်း စီးပွားရေးပြိုင်ဘက်တွေဖြစ်လာတဲ့အခါ အနိုင်ယူလိုစိတ်တွေဖုံးနေတဲ့၂ယောက်က သူတို့ရင်ထဲ...
207K 3.5K 50
Welcome to the Southside. This place is my home and I hate how those over privileged residents from the Northside treat us. Southside has two main ga...