He Dufo [何渡佛] •COMPLETED•

By NTNO1823

296K 45.3K 6.8K

"အမှန်စင်စစ် အတွင်းအထိ ဗလာနတ္ထိ ဖြစ်ရိုးမှန်ရင် ဘယ်လိုကြောင့် ငါ့ကို မကြည့်ဝံ့သလဲ" ⚠️ BJYX, Yizhan, Adventure... More

Warning
1 (Vol 1)
1 (Z)
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31(Vol 2)
32
33
34
35
36
37
38
39
40
41
42
43
43 (Z)
44
45
46
47
48
49
51
51 (z)
52
53
54
55
56
57
58
59
60
60 (z)
61
62
63
64 (Vol 3)
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93 (final)
Extra 1
Extra 2
Extra 3
Extra 4
78 (z)
93 (final) z
Extra 2 (z)
Extra 1 (z)
Extra 3 (z)
Exta 4 (z)

50

2.4K 421 109
By NTNO1823

အပိုင်း။ ၅၀

အလွတ်ကြီးဖြစ်နေခဲ့တဲ့ လှည်းထဲမှာ ထူးဆန်းတဲ့ အနံ့တစ်ခု ကျန်ရစ်ခဲ့တယ်၊ ဆုတောင်းပုတီးကတော့ လှည်းထဲက ထိုင်ခုံကူရှင်ပေါ်မှာ ရှိနေတယ်၊ ၀မ်ရိပေါ်က ပုတီးကို ကိုယ်နဲ့မကွာ ဆောင်ထားတဲ့သူလေ၊ ရှောင်းကျန့်က ပုတီးကို ကောက်ကိုင်လိုက်ပြီး ပု၀မ်ကိုမေးတယ်။

"အနံ့တစ်ခုခု မရဘူးလား?"

ပု၀မ်က ဆေးပညာကျွမ်းကျင်သူမို့ အနံ့ခံအာရုံက သူများထက် ၃ ဆ ပိုစူးရှတယ်၊ ပု၀မ် သေချာရှူကြည့်တော့ ရိပေါ်သာ့ရှီးဆီကရနေကျ စန္ဒကူးနံ့သာနံ့အပြင် ရင်းနှီးနေသလိုရှိတဲ့ အနံ့တမျိုးပါ ရနေတယ်၊ ဒီအနံ့က စိုစွတ်နေတဲ့သစ်သားရနံ့နဲ့ တူတယ်၊ သာမန်ထက် အနည်းငယ် ဆန်းပြားပြီး ပြင်းထန်တယ်။

"‌ ပြောရမှာစိုးရွံ့‌ပေမဲ့ ဒီအနံ့က ဟွာအန်း မင်းသမီးဆီကရခဲ့တဲ့ အမွှေးအိတ်နဲ့ ဆင်ပါတယ်.. နောက်ပြီး တခြားပရဆေးတချို့လဲ ပါနေသေးတယ်"

ပု၀မ်က ရှောင်းကျန့်ကို မော့ကြည့်လိုက်တော့ ပုတီးကို ခပ်တင်းတင်း ဆုပ်ကိုင်ထားတဲ့ အရှင့်ကို တွေ့လိုက်ရတယ်၊ ကြည့်ရတာ အရှင်က အဖြေကို အစောကြီးကတည်းက သိနှင့်ပြီးသား ဖြစ်လိမ့်မယ်။

၀မ်ရိပေါ်က ပုတီးကို ချွတ်လေ့မရှိတဲ့သူ၊ ဖမ်းခေါ်သွားတုန်းကသာ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့မယ်ဆိုရင် ပုတီးက အောက်ပြုတ်ကျနေမှ ယုတ္တိရှိမှာ၊ အခုလို ကူရှင်ပေါ်မှာ နေရာတကျ ကျန်နေစရာအကြောင်း မရှိဘူး။

အခုအခြေအနေအရ ခေါ်သွားတဲ့လူက ဒီပုတီးကို ရှောင်းကျန့်မြင်ဖို့အတွက် တမင်ထားခဲ့တာ၊ ရွံရှာဖို့ကောင်းတဲ့အနံ့ကြောင့်လဲ ဘယ်သူလုပ်သလဲ ဆိုတာကို ခက်ခက်ခဲခဲ တွေးနေစရာတောင် လိုမနေဘူး။

ညစာစားပွဲတုန်းက ဟွာအန်းရဲ့အဓိပ္ပါယ်တချို့ပါနေတဲ့ အကြည့်တွေကို ပြန်တွေးမိသွားတော့ ရှောင်းကျန့်ရင်ထဲမှာ ထိတ်ခနဲဖြစ်သွားတယ်၊ ပုတီးကို ဆုပ်ကိုင်ထားတဲ့ ရှောင်းကျန့်ရဲ့လက်တွေက သိသိသာသာ တုန်ယင်ပြီး အေးစက်လာတယ်။

"သူ..သူက ပန်ကုန်းကို ခြိမ်းခြောက်ချင်တာလား?"

သိပ်သေချာတာပေါ့၊ ရှောင်းကျန့် အိမ်တော်ပြန်မရောက်ခင်မှာပဲ စာကအရင်ရောက်နှင့်နေခဲ့ပြီ၊ စာရေးတဲ့လူက ဥာဏ်သိပ်ကောင်းတယ်၊ စာထဲမှာပါတဲ့ စာလုံးတစ်လုံးချင်းစီတိုင်းက နှိုင်းနှိုင်းချိန်ချိန်ရှိပြီး ယဉ်ကျေးတယ်၊ ဒါပေမဲ့ စာရေးတဲ့သူ အပြင်မှာ လုပ်ထားတဲ့ကိစ္စကို သိတဲ့သူမှသာလျှင် နောက်ဆုံးစာကြောင်းရဲ့အဓိပ္ပါယ်ကို ဖော်နိုင်လိမ့်မယ်။

//လက်ဆောင်ကို ကောင်းကောင်း လက်ခံထားတာမို့ သတင်းကောင်းကို မျှော်နေပါ့မယ်//

ပု၀မ်က စာဖတ်ပြီးသွားတာနဲ့ ရှောင်းကျန့်ရဲ့ မျက်နှာကို လှမ်းအကဲခတ်ရင်း။

"စိုးရွံ့‌ပေမဲ့ ဟွာအန်းမင်းသမီးက အရှင့်ကို သာ့ရှီးနဲ့ ခြိမ်းခြောက်ပြီး မိဖုရားနေရာရအောင် လုပ်ပေးခိုင်းတာ ဖြစ်နေမလား"

ရှောင်းကျန့်က စာကို စိုက်ကြည့်နေတယ်၊ ဟွာအန်းကို သူအထင်သေးခဲ့မိတာ ၀န်ခံရမယ်၊ တကယ်တော့ ဟွာအန်းက ရှောင်းကျန့်ရဲ့ သည်းခံနိုင်စွမ်းကို စမ်းသပ်နေခဲ့တာ၊ သူက လူကဲခတ်တော်လွန်းတယ်၊ ရှောင်းကျန့်နဲ့ ၃-၄ ကြိမ်လောက် တွေ့ပြီးတဲ့အချိန်မှာပဲ အိမ်တော်ကအစေခံလို့ ပြောထားတဲ့ ၀မ်ရိပေါ်က ရှောင်းကျန့်ရဲ့ အားနည်းချက်ဆိုတာကို ရှာတွေ့သွားခဲ့တယ်။

ဟွာအန်း တော်တာထက်တာကို မငြင်းပါဘူး၊ ဒါပေမဲ့ ၀မ်ရိပေါ်ကို ဖမ်းထားပြီး ရှောင်းကျန့်ကို ခြိမ်းခြောက်ရဲတာကတော့ သိပ်ကိုသတ္တိကောင်းလွန်းနေတာ မဟုတ်ဘူးလား။

ရုတ်ချည်းဆိုသလိုပဲ ပြတင်းပေါက်အပြင်မှာ ဝေါခနဲ အသံကြားလိုက်ရပြီး တစ်လလောက် ရပ်တန့်နေခဲ့တဲ့မိုးက သည်းထန်စွာ ရွာလာတယ်၊ အခန်းထဲက ဖယောင်းတိုင်မီးစာလေးတွေက တိုး၀င်လာတဲ့လေပြင်း‌ကြောင့် ဘယ်ညာယိမ်းယိုင်ကုန်တယ်။

ပု၀မ်ရဲ့မေးမြန်းသံက အခန်းထဲမှာ ခပ်တိုးတိုး ထွက်ပေါ်လာတယ်၊ ပု၀မ်က ပြောနေရင်း မျက်လုံး၀င့်ကာ ခိုးကြည့်ပြီး ရှောင်းကျန့်ရဲ့အရိပ်အခြေကို ကြည့်တယ်။

"နန်းတွင်းရေး ရှုပ်ထွေးနေတဲ့အချိန်မှာ သူမိဖုရားနေရာရဖို့အတွက် အရှင်ကူညီပေးလိုက်မယ်ဆိုရင်.. ဧကရာဇ် သံသယ၀င်လာမှာ ကြောက်ရ..."

"မလိုဘူး"

ရှောင်းကျန့်စကားသံက ခံစားချက် အတက်အကျမရှိဘဲ တည်ငြိမ်နေတယ်၊ သူက စာကို လက်နှစ်ချောင်းကြားမှာ ညှပ်ကိုင်ပြီး မီးရှို့လိုက်တယ်၊ တမုဟုတ်ချင်း ထတောက်လာတဲ့ မီးတောက်မီးလျှံတွေက မင်လိုမည်းနက်နေတဲ့ သူ့မျက်၀န်းတွေမှာ ထင်ဟပ်နေခဲ့တယ်။

"သူ့မှာ ဒီလိုအခွင့်အရေး ထပ်ရှိမှာမဟုတ်ဘူး"

ဟွာအန်းက သီးသန်အဆောင်တော်မှာ နေရတာ၊ သိပ်မကြာခင်မှာတော့ နန်းတွင်း၀င်ပြီး ကိုယ်လုပ်တော်အဖြစ် တရား၀င် ခစားရမယ်၊ အဲဒါမတိုင်ခင်မှာတော့ ကိုယ်လုပ်တော်တစ်ယောက် တတ်သိနားလည်ထားရမဲ့ စည်းမျဉ်းစည်းကမ််းတွေကို အရင်ဆုံး သင်ယူဆည်းပူးရမယ်၊ သီးသန့်အဆောင်ဆိုပေမဲ့ ထီးရိပ်နန်းရိပ်အောက်မှာပဲ ရှိတာပါ၊ အနားမှာ ခစားတာကလဲ နန်းတွင်းသူတွေနဲ့ နန်းတော်ကအမှူထမ်းတွေပဲ။

များသောအားဖြင့် ဟွာအန်းနေတဲ့နေရာက အစောင့်အရှောက်များပြီး လုံခြုံတယ်၊ ဒါပေမဲ့ ရုတ်ချည်း သည်းသည်းမည်းမည်း ရွာချတဲ့မိုးကြောင့် ဒီနေ့တော့ ခါတိုင်းထက် လူနည်းနေတယ်။

"အရှေ့မှာ လူလာနေတယ်"

အစောင့်တစ်ယောက်က သတိပေးလိုက်တော့ ကျန်တဲ့လူတွေလဲ သတိအနေအထား ဖြစ်သွားပြီး အရှေ့က လမ်းကြားထဲကို အာရုံစိုက်ပြီး ကြည့်မိကုန်တယ်၊ မိုးရေထဲမှာ လူ ၃ယောက် လမ်းလျှောက်လာတယ်၊ အားလုံးက အမည်းရောင်၀တ်စုံတွေ ၀တ်ထားတယ်၊ အလယ်မှာ လျှောက်လာတဲ့လူကတော့ အနီရောင်ထီးတစ်လက်ကို ဆောင်းထားတာ တွေ့ရတယ်၊ မ်ိုးရေထဲမှာ အေးအေး‌ဆေးဆေး လမ်းလျှောက်လာတဲ့ပုံစံက ညဘက်မှ လမ်းပေါ်ထွက်လေ့ရှိတဲ့ နာနာဘာ၀တွေလိုပဲ။

"အတင့်ရဲလိုက်တာ.. မင်းသမီးရဲ့ခြံနားကို အခွင့်မရှိဘဲ လာရဲတယ်ပေါ့!"

အစောင့်တပ်သားခေါင်းဆောင်က အရင်ဦးအောင် အော်ပြောတယ်၊ ၀င်လာတဲ့လူ ၃ ယောက်ကတော့ အ၀င်တံခါး၀မှာ ရပ်နေတယ်။

အားလုံးက မျက်နှာဖုံး‌တွေအုပ်ထားကြပေမဲ့ အလင်းအမှောင်ကြားမှာ ထင်ထင်ရှားရှားတွေ့နေရတာ အနီရောင်ထီးဆောင်းထားတဲ့လူရဲ့ လှပတဲ့မျက်ခုံးနဲ့ ညို့မှိုင်းနေတဲ့ မျက်၀န်းတစ်စုံပဲ၊ ကိုယ်ပေါ်မှာလွှမ်းခြုံထားတဲ့ အမည်းရောင်၀တ်ရုံက လေနဲ့အတူ လွင့်ပျံနေတဲ့အခါ လှပကျော့ရှင်းပြီး ဆွဲဆောင်မှုရှိတဲ့ လိပ်ပြာလေးတစ်ကောင် အတောင်ပံခတ်နေတာနဲ့ သွားတူတယ်။

ထိုသူက အစောင့်ဆီကအော်သံကို မကြားလိုက်သလိုပုံစံနဲ့ ၀တ်ရုံအောက်နားကို မ,ပြီး လှေကားထစ်တွေကနေ တစ်လှမ်းချင်း တက်လာတယ်၊ အစောင့်တွေက ချက်ချင်း ဓားဆွဲထုတ် လိုက်တာမို့ သူတို့ကြားမှာ အေးစက်တဲ့ အလင်းတန်းတွေ ဖြာသွားတယ်။

တစ်ချိန်တည်းမှာပဲ ထီးဆောင်းထားတဲ့လူရဲ့ဘေးက မျက်နှာဖုံးစွပ်လူက အစောင့်တွေကို လက်ထဲက ဓားနဲ့ ပြန်လည်ချိန်ရွယ် ထားလိုက်ပြီး။

"ကျုပ်ရဲ့သခင်က ဟွာအန်းမင်းသမီးနဲ့တွေ့ဆုံဖို့ ချိန်းဆိုထားမို့ လမ်းဖယ်ပေးပါ"

အစောင့်တွေက တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်တယ်၊ ဒီအချိန်လာတဲ့လူက ဧည့်သည်ကောင်းမဟုတ်နိုင်မှန်း သိကြတာမို့ ဘာမှပြောမနေဘူး၊ ချက်ချင်း တိုက်ခိုက်လာတယ်။

ဓားကိုင်ထားတဲ့ မျက်နှာဖုံးစွပ်လူက လျင်မြန်စွာ လှုပ်ရှားပြီး ကာလိုက်တာမို့၊ သူတို့ရဲ့ ဓားတွေက ထီးဆောင်ထားတဲ့လူဆီ ရောက်မသွားခဲ့ဘူး၊ ပတ်၀န်းကျင်မှာ အလင်းတွေဖြာပြီး ဓားချင်း ယှဉ်ခုတ်သံတွေ ထွက်လာတယ်။

ဒါတွေက ရှောင်းကျန့်အပေါ်မှာ နည်းနည်းတောင် သက်ရောက်မှု မရှိဘူး၊ သူက ထီးကိုင်ထားရင်း ပု၀မ်နဲ့အတူ ခြံ၀န်းကျယ်ထဲကို လှမ်း၀င်သွားတယ်၊ အပြင်ကကိစ္စတွေက ပုယွီတစ်ယောက်နဲ့တင် လုံလောက်တယ်။

ဂျိန်း! !

အလှဆင် ပါတေးရှင်းနံရံကို ကျော်လိုက်တာနဲ့ မိုးသံတွေက ပိုကျယ်လောင်လာတယ်၊ ခန်းမထဲမှာ မီးရောင်မှိန်မှိန်ပဲ လင်းတယ်၊ ရှောင်းကျန့်က တံခါးကိုတွန်းဖွင့်ပြီး အထဲ၀င်လိုက်တယ်၊ အေးစက်နေတဲ့ မိုးညရဲ့လေပြင်းတွေကြောင့် အခန်းထဲမှာ ထွန်းထားတဲ့ ဖယောင်းတိုင်မီးစာတွေ ယိမ်းယိုင်ကုန်တယ်။

လျှပ်စီးတစ်ချက် လက်သွားတဲ့အခိုက်အတန့်လေးမှာပဲ အခန်းထဲကမြင်ကွင်းကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရတယ်၊ အဖြူရောင်၀တ်စုံနဲ့ လူငယ်လေးက နံရံကိုမှီပြီး ထိုင်နေတယ်၊ သူက သတိလစ်နေတာ၊ သူ့ကိုမှီနေတဲ့အမျိုးသမီးကတော့ အစိမ်းရောင်၀တ်စုံကို ၀တ်ထားတယ်။

အ၀တ်အစားတွေက နေရာမယွင်း ရှိနေသေးတယ် ဆိုပေမဲ့ လူနှစ်ယောက်ရဲ့ အနေအထားက သိပ်ကို ပူးကပ်လွန်းနေတယ်၊ အမျိုးသမီးရဲ့ ဆံပင်ရှည်တွေက နွယ်ပင်တွေလို လူငယ်လေးရဲ့ ရင်ဘက်ပေါ်မှာ အုပ်ဆိုင်းကျနေတယ်၊ ဒီမြင်ကွင်းနဲ့ တည့်တည့်တိုးသွားတဲ့ ရှောင်းကျန့်ရဲ့မျက်လုံးတွေက ကောင်းကင်က မိုးကြိုးသွားတွေ ထက်တောင် စူးရှသွားခဲ့တယ်။

ရုတ်ချည်း လူတွေ၀င်လာတာမို့ ဟွာအန်းလန့်ဖျပ်ပြီး ထရပ်လိုက်တယ်၊ ရှောင်းကျန့် ညတွင်းချင်း သူ့အိမ်ထဲထိ ၀င်လာရဲလိမ့်မယ်လို့ မမျှော်လင့်ခဲ့မိတာလဲ ပါတာပေါ့၊ ဒါပေမဲ့ စက္ကန့်ပိုင်းအတွင်းမှာပဲ ပျက်ယွင်းနေတဲ့ မျက်နှာကိုပြင်လိုက်တယ်၊ နောက်တော့ ၀တ်ရုံကို ပြန်ပြင်၀တ်သလို အောက်ဆွဲချရင်း ရှောင်းကျန့်ကို ပြုံးပြလာတယ်။

"နောက်ကျနေပြီလေ အရှင်မင်းသမီး.. လာမယ်ဆိုတာကို ဘာလို့ ကြိုတင်အကြောင်းမကြား... အား! !"

စကားတောင် ဆုံးအောင် မပြောလိုက်ရဘူး၊ လက်တစ်ဖက်နဲ့ သူ့လည်ပင်းကို ဖမ်းကိုင်ပြီး တင်းကျပ်စွာ ညှစ်ထားတာကို ခံလိုက်ရတယ်၊ ဟွာအန်းရဲ့ ခြေဖျားတွေ ကြမ်းခင်ကနေ လွတ်သွားတဲ့အချိန်ထိ ရှောင်းကျန့်က လက်တစ်ဖက်တည်းနဲ့ မြှောက်ကိုင်ကာ ညှစ်ထားခဲ့တယ်။

နူးညံ့တဲ့ဟွာအန်းရဲ့မျက်နှာက ချက်ချင်းလက်ငင်း ရဲတွတ်သွားတယ်၊ ရှောင်းကျန့်က သူ့ကိုတောင် မကြည့်ဘဲ ပြောတယ်၊ လေသံက နူးညံ့နေပေမဲ့ ပြောလိုက်တဲ့စကားကတော့ ကြက်သီးထစရာကောင်းလွန်းတယ်။

"ပန်ကုန်းအရှေ့မှာ ခွေးတစ်ကောင်လို လာဟောင်နေဖို့ မင်းကိုဘယ်သူခွင့်ပြုထားလဲ?"

ရှောင်းကျန့်အနောက်ကလိုက်လာတဲ့ ပု၀မ်က သတိလစ်နေတဲ့၀မ်ရိပေါ်ကို သွေးကြောစမ်းလိုက်ပြီး ရှောင်းကျန့်ကို လှမ်းပြောတယ်။

"ဆေးခပ်ခံထားရပါတယ်"

သူ့စကားဆုံးတာနဲ့ ရှောင်းကျန့်က ဟွာအန်းကို ပစ်ချလိုက်တာမို့ ဟွာအန်းမှာ ကြမ်းပေါ်ကို အရှိန်ပြင်းပြင်းနဲ့ ပြုတ်ကျသွားတယ်၊ ဟွာအန်းဘက်က ဘာမှ မတုံ့ပြန်နိုင်သေးခင်မှာပဲ ရှောင်းကျန့်က ဟွာအန်းရဲ့ ဖော့ဖယောင်းလို နူးညံ့လက်ချောင်းတွေ‌ပေါ်ကို ကျောက်စိမ်းဖိနပ်နဲ့ ဖိနင်းထားပြီး ငယ်ထိပ်က ဆံပင်တထွေးကိုဆုပ်ကိုင်ကာ မျက်နှာကိုအတင်းဆွဲမော့လိုက်တယ်။

ရှောင်းကျန့်ကို ဒီလိုကြမ်းတမ်းတဲ့ပုံစံမျိုးနဲ့ မတွေ့ဖူးခဲ့တာမို့ မင်ကျောက်မင်းသမီးက သူ့ရဲ့ပုံရိပ်ကို တတ်နိုင်သမျှ ထိန်းထားတတ်တဲ့သူလို့ ဟွာအန်းက ထင်ခဲ့တာ၊ ဒါပေမဲ့ စိတ်က အပြောင်းအလဲများပြီး ခန့်မှန်းရခက်မှန်းတော့ ဟွာအန်းသိတယ်။

အခုလက်ရှိမှာတော့ ချင်ဟွေ့မင်းသမီးရဲ့ မျက်လုံးတွေထဲမှာ အေးစက်လွန်းတဲ့ အမှောင်ထုကြီး ဖုံးလွှမ်းနေတယ်၊ ဒီလို ကြောက်မက်ဖွယ်ကောင်းလွန်းတဲ့ အရိပ်အငွေ့က လူတစ်ယောက်မှာ ရှိသင့်တဲ့ ပမာဏထက် အများကြီးပိုနေတယ်၊ သူ့ကိုကြည့်နေရတာ အသက်မဲ့နေတဲ့ မကောင်းဆိုးဝါးတစ်ကောင်နဲ့ သွားတူနေတယ်။

မျက်လုံးချင်းဆုံကြည့်နေရင်းမှာပဲ ဟွာအန်း အသက်ရှူရ ခက်ခဲလာတယ်၊ ရှောင်းကျန့်ဆီကနေ ခံစားချက် အတက်အကျမပါတဲ့ စကားလုံးတစ်ချို့ ထွက်ကျလာတယ်။

"ဖြေဆေး"

ဆံပင်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားတာမို့ ဟွာအန်းရဲ့ဦးရေပြားတွေက ကျိန်းစပ်နာကျင်နေပြီ၊ အမြဲလို နူးညံ့နေတတ်တဲ့မျက်နှာက နာကျင်မှုကြောင့် ရှုံ့တွနေတယ်၊ ဒီလိုဖြစ်နေတာတောင် ရှောင်းကျန့်ကို လှောင်ရယ်လိုက်ပြီး။

"အရှင်မင်းသမီးက တကယ်ရူးသွပ်နေတာပဲ.. ဒီနေရာက ဧကရာဇ်ရဲ့ပိုင်နက်နယ်မြေထဲမှာ ရှိနေတယ်ဆိုလဲ သတိရအုံး.. ဒီလို မဆင်မခြင်ပြုမူပြီး စည်းမျဉ်းတွေကို ချိုးဖောက်တော့မလို့လား?"

ရှောင်းကျန့်ဘက်က တုံ့ပြန်လာနိုင်တာတွေကို ဟွာအန်းဘက်က ကြိုတင်စဉ်းစားခဲ့ပါသေးတယ်၊ ဧကရာဇ်ရဲ့ ခြေတော်ရင်းမှာ ဒီလောက်ထိ ထင်တိုင်းကြဲလိမ့်မယ်လို့ မထင်ခဲ့တာပဲရှိတာ။

ဒါပေမဲ့ သူ့စကားဆုံးတာနဲ့ ဆံပင်ထပ်ဆွဲဆောင့်ခံလိုက်ရပြီး ခေါင်းနဲ့ကြမ်းပြင်နဲ့ ရိုက်မိသွားတယ်၊ ဟွာအန်း နာကျင်စွာ အော်လိုက်မိတယ်၊ လူက မူးဝေသွားပြီး နဖူးစပ်မှာ သွေးစတချို့ စီးကျလာတယ်။

"ဟွာအန်းမင်းသမီးကို ဘယ်သူမှ မပြောပြထားခဲ့ဘူးလား.. ဒီမင်ကျောက်မှာ.."

ရှောင်းကျန့် ပြောနေရင်း ရပ်တန့်လိုက်ကာ လေထွက်ရုံလောက် လှောင်ရယ်လိုက်ပြီး။

"ပန်ကုန်းကဥပဒေဆိုတဲ့ အကြောင်းကိုလေ"

ရှောင်းကျန့်က ဟွာအန်းကို ပစ်ချလိုက်ပြီး ၀မ်ရိပေါ်ဆီ လျှောက်သွားတယ်၊ အနားရောက်တာနဲ့ ၀မ်ရိပေါ်မျက်နှာကို လက်ဖမိုးလေးနဲ့ ညင်သာစွာ ထိလိုက်တယ်၊ အေးစက်နေတဲ့ အရေပြားရဲ့ အထိတွေ့က သူ့ဆီကူးစက်လာတယ်။

ရှောင်းကျန့်ဆီက အကြည့်တစ်ချက်ရတာနဲ့ ပု၀မ်က ၀မ်ရိပေါ်ကိုသယ်ပြီး အပြင်ကို အရင်ထွက်သွားတယ်၊ ဘာအဆိပ်ပဲ သုံးထားပါစေ၊ ပု၀မ်က အရင်ဆုံး သေချာစစ်ဆေးခိုင်းဖို့ လိုနေတာ။

ဖြေဆေးအတွက်ကတော့...

အခုထိမထနိုင်သေးဘဲ ကြမ်းပြင်မှာလဲနေတဲ့ ဟွာအန်းကို ရှောင်းကျန့်က အပေါ်စီးကနေ ကြည့်လိုက်ပြီး။

"ပန်ကုန်းရဲ့ စိတ်ရှည်မှုက အတိုင်းအတာရှိတယ်.. ဖြေဆေးကို နောက်တစ်ကြိမ် ထပ်တောင်းရအောင် မလုပ်ဖို့ မျှော်လင့်တယ်"

ဟွာအန်းက ဟွန့်ခနဲ့ နှာမှုတ်တယ်။

"အဟင်းဟင်း.. ကျွန်မမှန်းတာ မှန်နေတာပဲ.. မင်းသမီး ဒီလူကို တကယ်အလေးထားမှန်း သိနေလို့ ကျွန်မကိုယ်တိုင် ထျန်ယွမ်ကယူလာတဲ့ လျှို့ဝှက်ဆေးကို ပေးခဲ့တာလေ.. ဖြေဆေးမရရင်.. သူက ၃ ရက်တောင် အသက်ရှင်နိုင်မှာ မဟုတ်ဘူး.."

"ကောင်းတယ်.. သိပ်ကောင်းတယ်"

ရှောင်းကျန့်ဆီက စကားသံကြားလိုက်ရပြီးတဲ့ နောက်မှာတော့ ဟွာအန်းမျက်လုံးထဲမှာ အလင်းတဖျပ်လက်သွားတယ်၊ ချွန်ထက်ပါးလွှာတဲ့ ဓားလေးတစ်လက်ရဲ့ အေးစက်စက် အထိအတွေ့က သူ့ပါးပြင်အထက်မှာ နေရာယူလာတယ်။

"အရင်ကတော့ မိန်းမတွေကို ကိုယ်ထိလက်ရောက် နာကျင်အောင် မလုပ်တတ်ပါဘူး.. ဒါပေမဲ့ ဒီထက်ပိုပြီး ရိုင်းပြလာမယ်ဆိုရင်တော့ ပန်ကုန်းကို အဆိုးမဆိုစေချင်ဘူး ဟွာအန်းမင်းသမီးက"

"..."

".. ဒီနားလေးကို လှီးစေချင်သလား.. ဒါမှမဟုတ်.. ဟောဒီနားလေးလား..ဟမ်?"

ဓားလေးက ဟွာအန်းရဲ့လှပတဲ့ မျက်နှာပေါ်မှာ မြွေတစ်ကောင်လို လျှောက်ပြေးနေတယ်၊ ဟွာအန်းရဲ့ ခန္ဓာကိုယ်က တဆတ်ဆတ် တုန်ယင်လာပြီး။

"ရိုင်းစိုင်းလိုက်တာ ချင်ဟွေ့ နင်ဘယ်လိုတောင် လုပ်ရဲတာလဲ!"

ထိုအခိုက်အတန့်မှာပဲ ဓားလေးက လေထဲမှာ မြောက်တက်သွားပြီး ကြမ်းပြင်မှာ ထောက်ထားတဲ့ ဟွာအန်းရဲ့ လက်ခုံပေါ်ကို စိုက်၀င်သွားတယ်။

"အား! ! !"

ဟွာအန်းဆီက နာကျင်စွာ အော်ဟစ်သံက မိုးသံလေသံတွေနဲ့အတူ ရောပါပျောက်ကွယ်သွားတယ်၊ ငွေရောင်ဓားလေးအနေနဲ့ စိုက်၀င်သွားပြီး သွေးတွေရွှဲနေတဲ့ အနီရောင်ဓားအဖြစ် ပြန်ထွက်လာတယ်၊ အဲဒီနောက်တော့ အနွေးဓာတ်ရှိသွားပြီဖြစ်တဲ့ သွေးစွန်းဓားက ဟွာအန်းရဲ့ပါးပြင်ပေါ်ကို တဖန်ပြန်ရောက်လာပြန်တယ်။

ရှောင်းကျန့်အပြုံးက မာယာများတဲ့ အနီရောင် နမိတ်ဆိုးပန်းပွင့်လေးတွေ အပြိုင်ပွင့်နေသလို လှပတယ်။

"မလုပ်ရဲစရာ ဘာရှိလဲ?"

"..."

" အနောက်တိုင်းသူ ပြည်ကြီးဒါလီကနေ အဖေမပေါ်ဘဲ မွေးလာတဲ့လူက တော်၀င်မင်းသမီး တစ်ယောက်လို ဟန်ဆောင်ထားတဲ့ဟာ.. အဲလိုလူက ငါ့အရှေ့မှာ လေသံကျယ်ကျယ်နဲ့ စကားပြောဖို့ အဆင့်မီတယ် ထင်နေလို့လား.. ဟမ်?"

ဒီစကားကြားတော့ ဟွာအန်း သူ့နားသူတောင် မယုံနိုင်ဖြစ်သွားပြီး ရှောင်းကျန့်ကို မော့ကြည့်လိုက်တယ်။

သူပြောတာအမှန်ပဲ ဟွာအန်းက ထျန်ယွမ်က တော်၀င်မျိုးနွယ် မဟုတ်ဘူး၊ သူ့အမေက အနောက်တိုင်းသူ၊ အဖေက ဘယ်သူမှန်း သူမသိဘူး၊ ပွဲတော်တစ်ခုမှာ ကပြ‌ဖျော်ဖြေရင်း သူ့ရဲ့ ရင်သပ်ရှုမောဖွယ်သွင်ပြင်ကို အနွယ်တော်တချို့က သတိထားမိပြီး ထျန်ယွမ်ရဲ့ဧကရာဇ်ဆီ ဆက်သလိုက်တာ၊ ဧကရာဇ်က သူ့ကိုလုံး၀သဘောမကျခဲ့ဘူး၊ ဒါကြောင့် တော်ကောက်မဲ့အစား တစ်နေ့ကျရင် မင်ကျောက်ဧကရာဇ်ကို မြှူဆွယ်ခိုင်းဖို့ ရည်ရွယ်ထားပြီး လေ့ကျင့်စေခဲ့တယ်။

"ဘာလို့လဲ.. ရက်နည်းနည်းလောက် မင်းသမီး အခေါ်ခံလိုက်ရတော့ ကိုယ့်ရဲ့ဇစ်မြစ်ကိုပါ မေ့သွားတာလား?"

ရှောင်းကျန့်က မသေမျိုး နတ်ဘုရားတစ်ပါးလို အထက်စီးဆန်စွာ ကြည့်လာရင်း အေးစက်စွာ ပြောတယ်၊ ဒီလို ရွံရှာနေတဲ့အကြည့်မျိုးကို ဟွာအန်း ကောင်းကောင်းရင်းနှီးတယ်၊ ကလေးဘ၀ တလျှောက်လုံးမှာ လူပေါင်းများစွာဆီက ဒီလိုမျက်လုံးမျိုးနဲ့ ကြည့်တာကို ဟွာအန်းက ခံခဲ့ရတာ၊ ဒါကြောင့် တစ်နေ့ကျရင် အားလုံးမော့ကြည့်ပြီး အားကျရတဲ့သူဖြစ်အောင် လုပ်မယ်၊ သူ့ကို အထင်သေးခဲ့တဲ့လူတွေကို ဒီလိုမျက်လုံးမျိုးနဲ့ ပြန်ကြည့်မယ်ဆိုပြီး တိတ်တိတ်လေး ကြုံးဝါးခဲ့တယ်။

ဒီလိုမျိုး အခွင့်အရေးရလာတဲ့အခါမှာ ခန္ဓာကိုယ်ကသွေးတွေ ဆူပွက်လာတဲ့အထိ ဆန္ဒတွေပြင်းပြလာတယ်၊ အထူးသဖြင့် မင်ကျောက်ရဲ့ မင်းသမီးနဲ့ ဆုံသွားတဲ့အချိန်မှာ အဆိုးဆုံးဖြစ်ခဲ့တယ်။

ဒီမိန်းကလေးက ဟွာအန်းလိုချင်နေတဲ့အရာအားလုံးနဲ့ ပြည့်စုံနေတယ်၊ နတ်ကညာလို နုနယ်လှပပေမဲ့ ဩဇာအာဏာ အပြည့်ရှိတယ်၊ လူတွေဆီက လေးစားအားကျတာ ခံရတယ်၊ ခမည်းတော်ကလဲ ဖူးဖူးမှုတ် အလိုလိုက်ထားတယ်၊ ဒါတွေအကုန်လုံးက ဟွာအန်းတစ်ဘဝလုံး ရယူဖို့ကြိုးစားနေခဲ့ရတဲ့ အရာတွေချည်းပဲ၊ ဒါကြောင့် လုယူဖို့လုပ်ခဲ့တာ။

"ပန်ကုန်းက ရက်နည်းနည်းလောက် သဘော ကောင်းပေးလိုက်တာနဲ့ ခေါင်းပေါ်တက်ချင်သွားတယ်ပေါ့ ဟုတ်သလား?"

ရှောင်းကျန့်စကားပြောနေတုန်းမှာပဲ သူ့ရဲ့ ဓားလေးက ဟွာအန်းရဲ့ ဆံပင်တွေကြားထဲကို တိုး၀င်သွားတယ်။

"ပန်ကုန်းက တိုင်းပြည်ကို အုပ်စိုးမဲ့သူ.. မင်းကတော့ ကချေသည်အဆင့်ပဲ"

"..."

"‌ ခွေးလှေးခုန်လို့ ဖုန်မထ ဆိုတဲ့ စကားပုံကို ဘယ်လိုရေးရလဲဆိုတာ မင်းသိရဲ့လား"

ရှောင်းကျန့်ပုံစံက ကြောက်ဖို့ကောင်းနေတယ်၊ ဟွာအန်းမျက်လုံးတွေ ရဲတက်လာတယ်၊ ဒါမျိုးမဖြစ်ရဘူး၊ သူလိုချင်တာ ဒါမျိုးမဟုတ်ဘူး။

ဟွာအန်းက အက်ကွဲစွာ ပြန်အော်ပြောတယ်။

"နင်လိုချင်တဲ့ဖြေဆေးတော့ ရမှာမဟုတ်ဘူး.. သတ္တိရှိရင် ငါ့ကိုသတ်လိုက်"

ရှောင်းကျန့်ရဲ့ လှောင်ရိပ်သန်းနေတဲ့ နှုတ်ခမ်းတွေက အပေါ်ကိုအပြည့်အ၀ ကွေးညွတ်တက်သွားတယ်၊ သူက ဓားကိုပြန်ရုတ်လိုက်ပြီး ခန်းမထဲက ခုံမှာ ၀င်ထိုင်လိုက်တယ်၊ ပြီးတော့ ဟွာအန်းကို အဖိုးမတန်တဲ့ သေလူတစ်ယောက်လို အထင်အမြင်သေးစွာ ကြည့်လိုက်ပြီး။

"မင်းလိုလူမျိုးက လွယ်လွယ်လေးနဲ့ သေချင်မှာ မဟုတ်တာ ငါသိတယ်"

ဟွာအန်းလိုလူမျိုးတွေ ရှောင်းကျန့် အများကြီး တွေ့ဖူးတယ်၊ မတော်လောဘနဲ့ အမှန်ကိုမမြင်နိုင်ဘဲ ထင်ယောင်ထင်မှား ဖြစ်နေတဲ့သူတွေပေါ့၊ ဒီလိုလူတွေက လွယ်လွယ်လေး သေသွားရမှာကို ကြောက်ကြတယ်၊ သူတို့လိုလူတွေက ခန္ဓာကိုယ်မှာ သွေးအလိမ်းလိမ်း ဖြစ်နေရင်တောင် အားကုန်သုံးပြီး အသက်ရှင်နိုင်ဖို့ ကြိုးစားကြတယ်၊ အမြင့်ဆုံးကို တက်ကြည့်ချင်တယ်ဆိုတဲ့ ထင်ယောင်ထင်မှား စိတ်လေးနဲ့ပေါ့။

ဟွာအန်းမျက်လုံးတွေမှာ ထိတ်လန့်တုန်လှုပ်မှုတွေနဲ့ ပြည့်နှက်သွားတယ်၊ ဒီစကားက သူ့စိတ်ကို ဖောက်ထွင်းကြည့်ပြီး ပြောလိုက်တာနဲ့ အတူတူပဲ၊ ရှောင်းကျန့်က ဓားမြှောင်လေးကို လက်ထဲမှာ လှည့်ပတ်ပြီး ဆော့နေတယ်၊ အန္တရာယ်များတဲ့ပစ္စည်းက သူ့လက်ထဲမှာတော့ ချစ်စဖွယ်ကလေးကစားစရာတစ်ခု အလားပဲ၊ နောက်ဆုံးမှာတော့ ဓားဦးကို ဟွာအန်းဘက် လှည့်ထားလိုက်ပြီး တစ်လုံးချင်း ပြောလာတယ်။

"ပန်ကုန်းက မင်းကို သတ်ရဲတယ်"

"..."

"မင်းက.. သေရဲတာ သေချာလား?"

...

အပြင်မှာ မိုးသည်းထန်စွာ ရွာနေတယ်၊ ရှောင်းကျန့်က အမည်းရောင်၀တ်ရုံကို ၀တ်ထားပြီး အနီရောင်ပိုးထီးကိုကိုင်ကာ မိုးရွာထဲမှာ လျှောက်လာတယ်၊ သူက မဆုံးနိုင်တဲ့ အတိဒုက္ခမျိုးစုံကို ငရဲမှာ တွေ့ကြုံခံစားခဲ့ရပြီး ပြန်တက်လာတဲ့ ကျောက်စိမ်းနတ်ဘုရားလို လောကကြီးကို နည်းနည်းလေးတောင် အရေးမစိုက်တဲ့ပုံစံမျိုး။

အစောင့်တွေကို ဖြေရှင်းပြီးသွားတဲ့ပုယွီက ရှောင်းကျန့်နား ရောက်လာပြီး၊ သူ့လက်ထဲက ထီးကိုယူဆောင်းပေးရင်း မေးတယ်။

"အရှင် ကိစ္စတွေ အဆင်ပြေခဲ့ပါရဲ့လား?"

ရှောင်းကျန့်က ခေါင်းတစ်ချက်ညိတ်တယ်။

" သာ့ရှီးကို စမ်းသပ်စစ်ဆေးဖို့ ပု၀မ်က အိမ်တော်ကို အရင်ပြန်သွားပါတယ်"

ရှောင်းကျန့်က ကြွေအိုးငယ်လေး ထုတ်ယူလိုက်ပြီး။

"ဒီဟာဖြေဆေး.. ပြန်သွားရင် လူတစ်ယောက်ဆီမှာ အရင်စမ်းသပ်ခိုင်းလိုက်"

"ငယ်သား နားလည်ပါပြီ"

ပြီးတာနဲ့ အိမ်တော်ပြန်ဖို့အတွက် နှစ်ယောက််သား လှည်းဆီပြန်လာကြတယ်၊ ပုယွီက မသေမချာ ဖြစ်နေဟန်နဲ့ အနောက်ကို ပြန်လှည့်ကြည့်တယ်၊ အိမ်တော်ရဲ့မျက်နှာစာတံခါး၀မှာ အနီရောင်မီးပုံးတွေ ထွန်းထားတယ်၊ ပတ်၀န်းကျင်က လတ်တလောမှာ ဘာတစ်ခုမှ ဖြစ်မထားခဲ့သလိုပဲ၊ မိုးသံကလွဲပြီး ဆိတ်ငြိမ်နေတယ်။

ပုယွီက သူ့အရှင်ဘက် ပြန်လှည့်ကြည့်ပြီး စိုးရိမ်နေဟန်နဲ့ ခပ်တိုးတိုး ထပ်မေးတယ်။

"ဟွာအန်းမင်းသမီးနဲ့ပတ်သက်ပြီး ငယ်သားကိုယ်တိုင် ရှင်းလင်းပေးရမှာများ ရှိပါသေးလား အရှင်"

ရှောင်းကျန့်အသံက ဇာပဝါအောက်ကနေ တိုးလျစွာ ထွက်ပေါ်လာတယ်။

"မလိုဘူး.. သူက အခုထိ အသုံး၀င်နေသေးတယ်"

ဧကရာဇ်နဲ့ ရန်ဖေးကြားမှာ ပြသနာဖန်တီးဖို့ ဟွာအန်းကို ဆက်ပြီးအသုံးချရအုံးမှာ။

ပုယွီက ရတတ်မအေးသလို ထောက်ပြလာတယ်။

"ဒါ.. ဒါပေမဲ့ သူက အရှင်ခိုင်းတဲ့အတိုင်း လိုက်နာပါတော့မလား?"

မိုးသံတဖြောက်ဖြောက်ကြားမှာ ရှောင်းကျန့် အသံထွက်ပြီး ရယ်လိုက်မိတယ်။

"လိုက်နာလိမ့်မယ်"

"ဘယ်လိုကြောင့်များ..."

ပုယွီမှာ နားမလည်နိုင်ဘဲ ရှုပ်ထွေးသွားတယ်၊ ရှောင်းကျန့်က ခပ်အေးအေးပဲ ပြောပြလာတယ်။

"အစကနေအဆုံးမှာ သူ့အတွက်ရွေးစရာက ဒီတစ်လမ်းပဲရှိခဲ့တာ"

ထျန်ယွမ်ရဲ့ ရန်မျိုးနွယ်တွေက မင်ကျောက်ကိုလာပြီး ထျန်ယွမ်သွေး တစ်၀က်ပါတဲ့ မင်းသားကို မွေးခဲ့တယ်၊ သွေးနှောနေတဲ့ မင်းသားကြောင့် ဧကရာဇ်နှစ်ပါးလုံးရဲ့စိတ်ထဲမှာ အနှောင့်အယှက် ဖြစ်လာတယ်၊ ဟွာအန်းကို ထျန်ယွမ်ဧကရာဇ်က ဆက်သလိုက်တယ်ဆိုတာက ရန်မိဖုရားကို တစ်ဖက်လှည့်နဲ့ သတိပေးလိုက်တာပဲ၊ ရန်မိဖုရားက ဟွာအန်းကို ဘယ်တော့မှ ကူညီမှာမဟုတ်ဘူး၊ နေရာလုမဲ့ ရန်သူလိုပဲ သဘောထားလိမ့်မယ်။

ဒီအတွက် ဟွာအန်းမှာ ရွေးစရာနှစ်ခုပဲ ရှိတယ်၊ တစ်ခုက ရှောင်းကျန့်နဲ့ ပူးပေါင်းပြီး မိဖုရားကို နန်းချမလား၊ ဒါမှမဟုတ် ဧကရာဇ်ဆီက မျက်နှာသာရတဲ့ ကိုယ်လုပ်တော် ဖြစ်လာအောင် ကိုယ့်နည်းကိုယ်ဟန်နဲ့ ကြိုးစားမလား။

ဒီနှစ်ခုမှာ ဧကရာဇ်ဘေးက မိဖုရားကို ရှင်းပစ်ဖို့က ပိုလွယ်တယ်၊ အခုလို မိဖုရားကို ရှင်းပစ်နိုင်တော့မဲ့အချိန်မှာ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် အသက်ရှင်ကျန်အောင်ပဲ သူကြိုးစားလိမ့်မယ်၊ ရှောင်းကျန့်ကို ရန်စမိတာကတော့ သူ့ကိုယ်သူ သိပ်အထင်ကြီးမိတာ ဖြစ်လိမ့်မယ်။

ရှောင်းကျန့်ရှင်းပြပေးတော့မှပဲ ပုယွီလဲ သက်ပြင်း ချနိုင်သွားတယ်၊ သူက တိုက်ခိုက်ဖို့တစ်ခုပဲ သိတာ၊ အရှင်က အဆင်ပြေတယ်လို့ ပြောလာရင် အဆင်ပြေတယ်လို့ ခြွင်းချက်မရှိ ယုံကြည်ထားလိုက်ရင်ရပြီ။

ဒါပေမဲ့ မထင်မှတ်ဘဲ ဇာပဝါအောက်ကနေ ခပ်လေးလေး သက်ပြင်းချသံ ကြားလိုက်ရတယ်။

"တကယ်တော့.. နှမျောဖို့ကောင်းတယ်..."

"ဘာကိုများပါလဲ အရှင်?"

ဒါပေမဲ့ ရှောင်းကျန့်က ပုယွီမေးခွန်းကို ပြန်မဖြေတော့ဘဲ နှုတ်ဆိတ်သွားတယ်။

ဘာကိုနှမျောမိမှန်း ရှောင်းကျန့်ကိုယ်တိုင်လဲ ရေရေရာရာ မရှိဘူး၊ တကယ်တော့ ဟွာအန်းလိုလူမျိုးတွေက စစ်တုရင်နယ်ရုပ်လေးလို အသုံးချပြီး နောက်ဆုံးမှာ အနှမျောမရှိ ထိုးကျွေးခံလိုက်ရတာက ၀မ်းနည်းဖို့ကောင်းတယ်။

ဟွာအန်း ရည်မှန်းချက်ကြီးတာကို ရှောင်းကျန့် နားလည်ပေးနိုင်တယ်၊ တကယ်လို့ ဟွာအန်းသာ သူ့စကားနားထောင်ပြီး လိမ်လိမ်မာမာ ပူးပေါင်းပေးခဲ့ရင် ရှောင်းကျန့်ကလဲ ဟွာအန်းလွတ်မြောက်သွားနိုင်ဖို့ ကယ်ပေါက်တစ်ခုခုတော့ ချန်ပေးမိလိမ့်မယ်ထင်တယ်၊ ဟွာအန်းရွေးချယ်မှုက မှားယွင်းခဲ့တာက နှမျောစရာပဲ။

အိမ်တော်ပြန်ရောက်တဲ့ အချိန်မှာတော့ မိုးကုပ်စက်ဝိုင်းမှာ ရောင်နီတောင်သန်းလုနီးနီး ဖြစ်နေပြီ၊ ရှောင်းကျန့်က လှည်းပေါ်က ခပ်သွက်သွက်ဆင်းပြီး အိမ်ထဲ၀င်သွားတယ်၊ ဝမ်ရိပေါ်အိပ်ခန်းနား အရောက်မှာတော့ အထဲက သုတ်သီးသုတ်ပြာပြန်ထွက်လာတဲ့ပု၀မ်နဲ့ တည့်တည့်တိုးသွားတယ်။

"ဘယ်လိုနေသေးလဲ?"

ပု၀မ်က ဖြေရခက်နေတဲ့မျက်နှာက ရှောင်းကျန့်ကို ကြည့်လာတယ်၊ ရှောင်းကျန့်လဲ ဆက်ပြီးမစောင့်နိုင်တော့ဘဲ အပေါ်ရုံကိုချွတ်ပစ်ပြီး အခန်းထဲတန်း၀င်သွားတယ်၊ အခန်းထဲရောက်တော့ ထိုင်ခုံပေါ်မှာ ခပ်မတ်မတ်ထိုင်နေတဲ့ ၀မ်ရိပေါ်ကို တွေ့လိုက်ရတယ်။

၀တ်ထားတဲ့ အဖြူရောင်၀တ်ရုံက လျော့တိလျော့ရဲဖြစ်နေတယ်၊ လက်နှစ်ဖက်ကို ဒူးပေါ်တင်ထားပြီး မော့ကြည့်လာတယ်၊ အထဲ၀င်လာတဲ့ ရှောင်းကျန့်ကိုကြည့်လာတဲ့ မျက်လုံးတွေက ပကတိတည်ငြိမ်နေတယ်။

အကြောင်းအရင်း သေချာမပြောပြတတ်ပေမဲ့ ရှောင်းကျန့်ရင်ထဲမှာ ထိတ်ခနဲ ဖြစ်သွားတယ်၊ ရှောင်းကျန့် တံတွေးမြိုချပြီး ခပ်တိုးတိုး မေးလိုက်မိတယ်။

"မင်း.. အဆင်ပြေရဲ့လား?"

၀မ်ရိပေါ်က ရှောင်းကျန့်ကို စိုက်ကြည့်နေတယ်၊ မျက်၀န်းနက်နက်တွေက အတိမ်အနက်မှန်းလို့မရတဲ့ ရေကန်လို ကြည်လင်တယ်၊ သူ့အသံကတော့ ရေခဲပြင်တမျှ အေးစက်တောင့်ခဲနေခဲ့တယ်။

"အရှင်မင်းသမီး ဘယ်တုန်းကတည်းက သတိပြန်ရနေတာလဲ?"

240307

.....

အပိုင္း။ ၅၀

အလြတ္ႀကီးျဖစ္ေနခဲ့တဲ့ လွည္းထဲမွာ ထူးဆန္းတဲ့ အနံ႕တစ္ခု က်န္ရစ္ခဲ့တယ္၊ ဆုေတာင္းပုတီးကေတာ့ လွည္းထဲက ထိုင္ခုံကူရွင္ေပၚမွာ ရွိေနတယ္၊ ၀မ္ရိေပၚက ပုတီးကို ကိုယ္နဲ႕မကြာ ေဆာင္ထားတဲ့သူေလ၊ ေရွာင္းက်န့္က ပုတီးကို ေကာက္ကိုင္လိုက္ၿပီး ပု၀မ္ကိုေမးတယ္။

"အနံ႕တစ္ခုခု မရဘူးလား?"

ပု၀မ္က ေဆးပညာကြၽမ္းက်င္သူမို႔ အနံ႕ခံအာ႐ုံက သူမ်ားထက္ ၃ ဆ ပိုစူးရွတယ္၊ ပု၀မ္ ေသခ်ာရႉၾကည့္ေတာ့ ရိေပၚသာ့ရွီးဆီကရေနက် စႏၵကူးနံ႕သာနံ႕အျပင္ ရင္းႏွီးေနသလိုရွိတဲ့ အနံ႕တမ်ိဳးပါ ရေနတယ္၊ ဒီအနံ႕က စိုစြတ္ေနတဲ့သစ္သားရနံ႕နဲ႕ တူတယ္၊ သာမန္ထက္ အနည္းငယ္ ဆန္းျပားၿပီး ျပင္းထန္တယ္။

"‌ ေျပာရမွာစိုး႐ြံ႕‌ေပမဲ့ ဒီအနံ႕က ဟြာအန္း မင္းသမီးဆီကရခဲ့တဲ့ အေမႊးအိတ္နဲ႕ ဆင္ပါတယ္.. ေနာက္ၿပီး တျခားပရေဆးတခ်ိဳ႕လဲ ပါေနေသးတယ္"

ပု၀မ္က ေရွာင္းက်န့္ကို ေမာ့ၾကည့္လိုက္ေတာ့ ပုတီးကို ခပ္တင္းတင္း ဆုပ္ကိုင္ထားတဲ့ အရွင့္ကို ေတြ႕လိုက္ရတယ္၊ ၾကည့္ရတာ အရွင္က အေျဖကို အေစာႀကီးကတည္းက သိႏွင့္ၿပီးသား ျဖစ္လိမ့္မယ္။

၀မ္ရိေပၚက ပုတီးကို ခြၽတ္ေလ့မရွိတဲ့သူ၊ ဖမ္းေခၚသြားတုန္းကသာ ႐ုန္းရင္းဆန္ခတ္ ျဖစ္ခဲ့မယ္ဆိုရင္ ပုတီးက ေအာက္ျပဳတ္က်ေနမွ ယုတၱိရွိမွာ၊ အခုလို ကူရွင္ေပၚမွာ ေနရာတက် က်န္ေနစရာအေၾကာင္း မရွိဘူး။

အခုအေျခအေနအရ ေခၚသြားတဲ့လူက ဒီပုတီးကို ေရွာင္းက်န့္ျမင္ဖို႔အတြက္ တမင္ထားခဲ့တာ၊ ႐ြံရွာဖို႔ေကာင္းတဲ့အနံ႕ေၾကာင့္လဲ ဘယ္သူလုပ္သလဲ ဆိုတာကို ခက္ခက္ခဲခဲ ေတြးေနစရာေတာင္ လိုမေနဘူး။

ညစာစားပြဲတုန္းက ဟြာအန္းရဲ႕အဓိပၸါယ္တခ်ိဳ႕ပါေနတဲ့ အၾကည့္ေတြကို ျပန္ေတြးမိသြားေတာ့ ေရွာင္းက်န့္ရင္ထဲမွာ ထိတ္ခနဲျဖစ္သြားတယ္၊ ပုတီးကို ဆုပ္ကိုင္ထားတဲ့ ေရွာင္းက်န့္ရဲ႕လက္ေတြက သိသိသာသာ တုန္ယင္ၿပီး ေအးစက္လာတယ္။

"သူ..သူက ပန္ကုန္းကို ၿခိမ္းေျခာက္ခ်င္တာလား?"

သိပ္ေသခ်ာတာေပါ့၊ ေရွာင္းက်န့္ အိမ္ေတာ္ျပန္မေရာက္ခင္မွာပဲ စာကအရင္ေရာက္ႏွင့္ေနခဲ့ၿပီ၊ စာေရးတဲ့လူက ဥာဏ္သိပ္ေကာင္းတယ္၊ စာထဲမွာပါတဲ့ စာလုံးတစ္လုံးခ်င္းစီတိုင္းက ႏွိုင္းႏွိုင္းခ်ိန္ခ်ိန္ရွိၿပီး ယဥ္ေက်းတယ္၊ ဒါေပမဲ့ စာေရးတဲ့သူ အျပင္မွာ လုပ္ထားတဲ့ကိစၥကို သိတဲ့သူမွသာလွ်င္ ေနာက္ဆုံးစာေၾကာင္းရဲ႕အဓိပၸါယ္ကို ေဖာ္နိုင္လိမ့္မယ္။

//လက္ေဆာင္ကို ေကာင္းေကာင္း လက္ခံထားတာမို႔ သတင္းေကာင္းကို ေမွ်ာ္ေနပါ့မယ္//

ပု၀မ္က စာဖတ္ၿပီးသြားတာနဲ႕ ေရွာင္းက်န့္ရဲ႕ မ်က္ႏွာကို လွမ္းအကဲခတ္ရင္း။

"စိုး႐ြံ႕‌ေပမဲ့ ဟြာအန္းမင္းသမီးက အရွင့္ကို သာ့ရွီးနဲ႕ ၿခိမ္းေျခာက္ၿပီး မိဖုရားေနရာရေအာင္ လုပ္ေပးခိုင္းတာ ျဖစ္ေနမလား"

ေရွာင္းက်န့္က စာကို စိုက္ၾကည့္ေနတယ္၊ ဟြာအန္းကို သူအထင္ေသးခဲ့မိတာ ၀န္ခံရမယ္၊ တကယ္ေတာ့ ဟြာအန္းက ေရွာင္းက်န့္ရဲ႕ သည္းခံနိုင္စြမ္းကို စမ္းသပ္ေနခဲ့တာ၊ သူက လူကဲခတ္ေတာ္လြန္းတယ္၊ ေရွာင္းက်န့္နဲ႕ ၃-၄ ႀကိမ္ေလာက္ ေတြ႕ၿပီးတဲ့အခ်ိန္မွာပဲ အိမ္ေတာ္ကအေစခံလို႔ ေျပာထားတဲ့ ၀မ္ရိေပၚက ေရွာင္းက်န့္ရဲ႕ အားနည္းခ်က္ဆိုတာကို ရွာေတြ႕သြားခဲ့တယ္။

ဟြာအန္း ေတာ္တာထက္တာကို မျငင္းပါဘူး၊ ဒါေပမဲ့ ၀မ္ရိေပၚကို ဖမ္းထားၿပီး ေရွာင္းက်န့္ကို ၿခိမ္းေျခာက္ရဲတာကေတာ့ သိပ္ကိုသတၱိေကာင္းလြန္းေနတာ မဟုတ္ဘူးလား။

႐ုတ္ခ်ည္းဆိုသလိုပဲ ျပတင္းေပါက္အျပင္မွာ ေဝါခနဲ အသံၾကားလိုက္ရၿပီး တစ္လေလာက္ ရပ္တန့္ေနခဲ့တဲ့မိုးက သည္းထန္စြာ ႐ြာလာတယ္၊ အခန္းထဲက ဖေယာင္းတိုင္မီးစာေလးေတြက တိုး၀င္လာတဲ့ေလျပင္း‌ေၾကာင့္ ဘယ္ညာယိမ္းယိုင္ကုန္တယ္။

ပု၀မ္ရဲ႕ေမးျမန္းသံက အခန္းထဲမွာ ခပ္တိုးတိုး ထြက္ေပၚလာတယ္၊ ပု၀မ္က ေျပာေနရင္း မ်က္လုံး၀င့္ကာ ခိုးၾကည့္ၿပီး ေရွာင္းက်န႔္ရဲ႕အရိပ္အေျခကို ၾကည့္တယ္။

"နန္းတြင္းေရး ရႈပ္ေထြးေနတဲ့အခ်ိန္မွာ သူမိဖုရားေနရာရဖို႔အတြက္ အရွင္ကူညီေပးလိုက္မယ္ဆိုရင္.. ဧကရာဇ္ သံသယ၀င္လာမွာ ေၾကာက္ရ..."

"မလိုဘူး"

ေရွာင္းက်န့္စကားသံက ခံစားခ်က္ အတက္အက်မရွိဘဲ တည္ၿငိမ္ေနတယ္၊ သူက စာကို လက္ႏွစ္ေခ်ာင္းၾကားမွာ ညွပ္ကိုင္ၿပီး မီးရွို႔လိုက္တယ္၊ တမုဟုတ္ခ်င္း ထေတာက္လာတဲ့ မီးေတာက္မီးလွ်ံေတြက မင္လိုမည္းနက္ေနတဲ့ သူ႕မ်က္၀န္းေတြမွာ ထင္ဟပ္ေနခဲ့တယ္။

"သူ႕မွာ ဒီလိုအခြင့္အေရး ထပ္ရွိမွာမဟုတ္ဘူး"

ဟြာအန္းက သီးသန္အေဆာင္ေတာ္မွာ ေနရတာ၊ သိပ္မၾကာခင္မွာေတာ့ နန္းတြင္း၀င္ၿပီး ကိုယ္လုပ္ေတာ္အျဖစ္ တရား၀င္ ခစားရမယ္၊ အဲဒါမတိုင္ခင္မွာေတာ့ ကိုယ္လုပ္ေတာ္တစ္ေယာက္ တတ္သိနားလည္ထားရမဲ့ စည္းမ်ဥ္းစည္းကမ္္းေတြကို အရင္ဆုံး သင္ယူဆည္းပူးရမယ္၊ သီးသန့္အေဆာင္ဆိုေပမဲ့ ထီးရိပ္နန္းရိပ္ေအာက္မွာပဲ ရွိတာပါ၊ အနားမွာ ခစားတာကလဲ နန္းတြင္းသူေတြနဲ႕ နန္းေတာ္ကအမႉထမ္းေတြပဲ။

မ်ားေသာအားျဖင့္ ဟြာအန္းေနတဲ့ေနရာက အေစာင့္အေရွာက္မ်ားၿပီး လုံၿခဳံတယ္၊ ဒါေပမဲ့ ႐ုတ္ခ်ည္း သည္းသည္းမည္းမည္း ႐ြာခ်တဲ့မိုးေၾကာင့္ ဒီေန႕ေတာ့ ခါတိုင္းထက္ လူနည္းေနတယ္။

"အေရွ႕မွာ လူလာေနတယ္"

အေစာင့္တစ္ေယာက္က သတိေပးလိုက္ေတာ့ က်န္တဲ့လူေတြလဲ သတိအေနအထား ျဖစ္သြားၿပီး အေရွ႕က လမ္းၾကားထဲကို အာ႐ုံစိုက္ၿပီး ၾကည့္မိကုန္တယ္၊ မိုးေရထဲမွာ လူ ၃ေယာက္ လမ္းေလွ်ာက္လာတယ္၊ အားလုံးက အမည္းေရာင္၀တ္စုံေတြ ၀တ္ထားတယ္၊ အလယ္မွာ ေလွ်ာက္လာတဲ့လူကေတာ့ အနီေရာင္ထီးတစ္လက္ကို ေဆာင္းထားတာ ေတြ႕ရတယ္၊ မ္ိုးေရထဲမွာ ေအးေအး‌ေဆးေဆး လမ္းေလွ်ာက္လာတဲ့ပုံစံက ညဘက္မွ လမ္းေပၚထြက္ေလ့ရွိတဲ့ နာနာဘာ၀ေတြလိုပဲ။

"အတင့္ရဲလိုက္တာ.. မင္းသမီးရဲ႕ၿခံနားကို အခြင့္မရွိဘဲ လာရဲတယ္ေပါ့!"

အေစာင့္တပ္သားေခါင္းေဆာင္က အရင္ဦးေအာင္ ေအာ္ေျပာတယ္၊ ၀င္လာတဲ့လူ ၃ ေယာက္ကေတာ့ အ၀င္တံခါး၀မွာ ရပ္ေနတယ္။

အားလုံးက မ်က္ႏွာဖုံး‌ေတြအုပ္ထားၾကေပမဲ့ အလင္းအေမွာင္ၾကားမွာ ထင္ထင္ရွားရွားေတြ႕ေနရတာ အနီေရာင္ထီးေဆာင္းထားတဲ့လူရဲ႕ လွပတဲ့မ်က္ခုံးနဲ႕ ညို႔မွိုင္းေနတဲ့ မ်က္၀န္းတစ္စုံပဲ၊ ကိုယ္ေပၚမွာလႊမ္းၿခဳံထားတဲ့ အမည္းေရာင္၀တ္႐ုံက ေလနဲ႕အတူ လြင့္ပ်ံေနတဲ့အခါ လွပေက်ာ့ရွင္းၿပီး ဆြဲေဆာင္မႈရွိတဲ့ လိပ္ျပာေလးတစ္ေကာင္ အေတာင္ပံခတ္ေနတာနဲ႕ သြားတူတယ္။

ထိုသူက အေစာင့္ဆီကေအာ္သံကို မၾကားလိုက္သလိုပုံစံနဲ႕ ၀တ္႐ုံေအာက္နားကို မ,ၿပီး ေလွကားထစ္ေတြကေန တစ္လွမ္းခ်င္း တက္လာတယ္၊ အေစာင့္ေတြက ခ်က္ခ်င္း ဓားဆြဲထုတ္ လိုက္တာမို႔ သူတို႔ၾကားမွာ ေအးစက္တဲ့ အလင္းတန္းေတြ ျဖာသြားတယ္။

တစ္ခ်ိန္တည္းမွာပဲ ထီးေဆာင္းထားတဲ့လူရဲ႕ေဘးက မ်က္ႏွာဖုံးစြပ္လူက အေစာင့္ေတြကို လက္ထဲက ဓားနဲ႕ ျပန္လည္ခ်ိန္႐ြယ္ ထားလိုက္ၿပီး။

"က်ဳပ္ရဲ႕သခင္က ဟြာအန္းမင္းသမီးနဲ႕ေတြ႕ဆုံဖို႔ ခ်ိန္းဆိုထားမို႔ လမ္းဖယ္ေပးပါ"

အေစာင့္ေတြက တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ၾကည့္လိုက္တယ္၊ ဒီအခ်ိန္လာတဲ့လူက ဧည့္သည္ေကာင္းမဟုတ္နိုင္မွန္း သိၾကတာမို႔ ဘာမွေျပာမေနဘူး၊ ခ်က္ခ်င္း တိုက္ခိုက္လာတယ္။

ဓားကိုင္ထားတဲ့ မ်က္ႏွာဖုံးစြပ္လူက လ်င္ျမန္စြာ လႈပ္ရွားၿပီး ကာလိုက္တာမို႔၊ သူတို႔ရဲ႕ ဓားေတြက ထီးေဆာင္ထားတဲ့လူဆီ ေရာက္မသြားခဲ့ဘူး၊ ပတ္၀န္းက်င္မွာ အလင္းေတြျဖာၿပီး ဓားခ်င္း ယွဥ္ခုတ္သံေတြ ထြက္လာတယ္။

ဒါေတြက ေရွာင္းက်န့္အေပၚမွာ နည္းနည္းေတာင္ သက္ေရာက္မႈ မရွိဘူး၊ သူက ထီးကိုင္ထားရင္း ပု၀မ္နဲ႕အတူ ၿခံ၀န္းက်ယ္ထဲကို လွမ္း၀င္သြားတယ္၊ အျပင္ကကိစၥေတြက ပုယြီတစ္ေယာက္နဲ႕တင္ လုံေလာက္တယ္။

ဂ်ိန္း! !

အလွဆင္ ပါေတးရွင္းနံရံကို ေက်ာ္လိုက္တာနဲ႕ မိုးသံေတြက ပိုက်ယ္ေလာင္လာတယ္၊ ခန္းမထဲမွာ မီးေရာင္မွိန္မွိန္ပဲ လင္းတယ္၊ ေရွာင္းက်န့္က တံခါးကိုတြန္းဖြင့္ၿပီး အထဲ၀င္လိုက္တယ္၊ ေအးစက္ေနတဲ့ မိုးညရဲ႕ေလျပင္းေတြေၾကာင့္ အခန္းထဲမွာ ထြန္းထားတဲ့ ဖေယာင္းတိုင္မီးစာေတြ ယိမ္းယိုင္ကုန္တယ္။

လွ်ပ္စီးတစ္ခ်က္ လက္သြားတဲ့အခိုက္အတန့္ေလးမွာပဲ အခန္းထဲကျမင္ကြင္းကို ရွင္းရွင္းလင္းလင္း ျမင္လိုက္ရတယ္၊ အျဖဴေရာင္၀တ္စုံနဲ႕ လူငယ္ေလးက နံရံကိုမွီၿပီး ထိုင္ေနတယ္၊ သူက သတိလစ္ေနတာ၊ သူ႕ကိုမွီေနတဲ့အမ်ိဳးသမီးကေတာ့ အစိမ္းေရာင္၀တ္စုံကို ၀တ္ထားတယ္။

အ၀တ္အစားေတြက ေနရာမယြင္း ရွိေနေသးတယ္ ဆိုေပမဲ့ လူႏွစ္ေယာက္ရဲ႕ အေနအထားက သိပ္ကို ပူးကပ္လြန္းေနတယ္၊ အမ်ိဳးသမီးရဲ႕ ဆံပင္ရွည္ေတြက ႏြယ္ပင္ေတြလို လူငယ္ေလးရဲ႕ ရင္ဘက္ေပၚမွာ အုပ္ဆိုင္းက်ေနတယ္၊ ဒီျမင္ကြင္းနဲ႕ တည့္တည့္တိုးသြားတဲ့ ေရွာင္းက်န့္ရဲ႕မ်က္လုံးေတြက ေကာင္းကင္က မိုးႀကိဳးသြားေတြ ထက္ေတာင္ စူးရွသြားခဲ့တယ္။

႐ုတ္ခ်ည္း လူေတြ၀င္လာတာမို႔ ဟြာအန္းလန့္ဖ်ပ္ၿပီး ထရပ္လိုက္တယ္၊ ေရွာင္းက်န့္ ညတြင္းခ်င္း သူ႕အိမ္ထဲထိ ၀င္လာရဲလိမ့္မယ္လို႔ မေမွ်ာ္လင့္ခဲ့မိတာလဲ ပါတာေပါ့၊ ဒါေပမဲ့ စကၠန့္ပိုင္းအတြင္းမွာပဲ ပ်က္ယြင္းေနတဲ့ မ်က္ႏွာကိုျပင္လိုက္တယ္၊ ေနာက္ေတာ့ ၀တ္႐ုံကို ျပန္ျပင္၀တ္သလို ေအာက္ဆြဲခ်ရင္း ေရွာင္းက်န့္ကို ၿပဳံးျပလာတယ္။

"ေနာက္က်ေနၿပီေလ အရွင္မင္းသမီး.. လာမယ္ဆိုတာကို ဘာလို႔ ႀကိဳတင္အေၾကာင္းမၾကား... အား! !"

စကားေတာင္ ဆုံးေအာင္ မေျပာလိုက္ရဘူး၊ လက္တစ္ဖက္နဲ႕ သူ႕လည္ပင္းကို ဖမ္းကိုင္ၿပီး တင္းက်ပ္စြာ ညွစ္ထားတာကို ခံလိုက္ရတယ္၊ ဟြာအန္းရဲ႕ ေျခဖ်ားေတြ ၾကမ္းခင္ကေန လြတ္သြားတဲ့အခ်ိန္ထိ ေရွာင္းက်န့္က လက္တစ္ဖက္တည္းနဲ႕ ျမႇောက္ကိုင္ကာ ညွစ္ထားခဲ့တယ္။

ႏူးညံ့တဲ့ဟြာအန္းရဲ႕မ်က္ႏွာက ခ်က္ခ်င္းလက္ငင္း ရဲတြတ္သြားတယ္၊ ေရွာင္းက်န့္က သူ႕ကိုေတာင္ မၾကည့္ဘဲ ေျပာတယ္၊ ေလသံက ႏူးညံ့ေနေပမဲ့ ေျပာလိုက္တဲ့စကားကေတာ့ ၾကက္သီးထစရာေကာင္းလြန္းတယ္။

"ပန္ကုန္းအေရွ႕မွာ ေခြးတစ္ေကာင္လို လာေဟာင္ေနဖို႔ မင္းကိုဘယ္သူခြင့္ျပဳထားလဲ?"

ေရွာင္းက်န့္အေနာက္ကလိုက္လာတဲ့ ပု၀မ္က သတိလစ္ေနတဲ့၀မ္ရိေပၚကို ေသြးေၾကာစမ္းလိုက္ၿပီး ေရွာင္းက်န့္ကို လွမ္းေျပာတယ္။

"ေဆးခပ္ခံထားရပါတယ္"

သူ႕စကားဆုံးတာနဲ႕ ေရွာင္းက်န့္က ဟြာအန္းကို ပစ္ခ်လိဳက္တာမို႔ ဟြာအန္းမွာ ၾကမ္းေပၚကို အရွိန္ျပင္းျပင္းနဲ႕ ျပဳတ္က်သြားတယ္၊ ဟြာအန္းဘက္က ဘာမွ မတုံ႕ျပန္နိုင္ေသးခင္မွာပဲ ေရွာင္းက်န့္က ဟြာအန္းရဲ႕ ေဖာ့ဖေယာင္းလို ႏူးညံ့လက္ေခ်ာင္းေတြ‌ေပၚကို ေက်ာက္စိမ္းဖိနပ္နဲ႕ ဖိနင္းထားၿပီး ငယ္ထိပ္က ဆံပင္တေထြးကိုဆုပ္ကိုင္ကာ မ်က္ႏွာကိုအတင္းဆြဲေမာ့လိုက္တယ္။

ေရွာင္းက်န့္ကို ဒီလိုၾကမ္းတမ္းတဲ့ပုံစံမ်ိဳးနဲ႕ မေတြ႕ဖူးခဲ့တာမို႔ မင္ေက်ာက္မင္းသမီးက သူ႕ရဲ႕ပုံရိပ္ကို တတ္နိုင္သမွ် ထိန္းထားတတ္တဲ့သူလို႔ ဟြာအန္းက ထင္ခဲ့တာ၊ ဒါေပမဲ့ စိတ္က အေျပာင္းအလဲမ်ားၿပီး ခန့္မွန္းရခက္မွန္းေတာ့ ဟြာအန္းသိတယ္။

အခုလက္ရွိမွာေတာ့ ခ်င္ေဟြ႕မင္းသမီးရဲ႕ မ်က္လုံးေတြထဲမွာ ေအးစက္လြန္းတဲ့ အေမွာင္ထုႀကီး ဖုံးလႊမ္းေနတယ္၊ ဒီလို ေၾကာက္မက္ဖြယ္ေကာင္းလြန္းတဲ့ အရိပ္အေငြ႕က လူတစ္ေယာက္မွာ ရွိသင့္တဲ့ ပမာဏထက္ အမ်ားႀကီးပိုေနတယ္၊ သူ႕ကိုၾကည့္ေနရတာ အသက္မဲ့ေနတဲ့ မေကာင္းဆိုးဝါးတစ္ေကာင္နဲ႕ သြားတူေနတယ္။

မ်က္လုံးခ်င္းဆုံၾကည့္ေနရင္းမွာပဲ ဟြာအန္း အသက္ရႉရ ခက္ခဲလာတယ္၊ ေရွာင္းက်န့္ဆီကေန ခံစားခ်က္ အတက္အက်မပါတဲ့ စကားလုံးတစ္ခ်ိဳ႕ ထြက္က်လာတယ္။

"ေျဖေဆး"

ဆံပင္ကို တင္းက်ပ္စြာ ဆုပ္ကိုင္ထားတာမို႔ ဟြာအန္းရဲ႕ဦးေရျပားေတြက က်ိန္းစပ္နာက်င္ေနၿပီ၊ အၿမဲလို ႏူးညံ့ေနတတ္တဲ့မ်က္ႏွာက နာက်င္မႈေၾကာင့္ ရႈံ႕တြေနတယ္၊ ဒီလိုျဖစ္ေနတာေတာင္ ေရွာင္းက်န့္ကို ေလွာင္ရယ္လိုက္ၿပီး။

"အရွင္မင္းသမီးက တကယ္႐ူးသြပ္ေနတာပဲ.. ဒီေနရာက ဧကရာဇ္ရဲ႕ပိုင္နက္နယ္ေျမထဲမွာ ရွိေနတယ္ဆိုလဲ သတိရအုံး.. ဒီလို မဆင္မျခင္ျပဳမူၿပီး စည္းမ်ဥ္းေတြကို ခ်ိဳးေဖာက္ေတာ့မလို႔လား?"

ေရွာင္းက်န့္ဘက္က တုံ႕ျပန္လာနိုင္တာေတြကို ဟြာအန္းဘက္က ႀကိဳတင္စဥ္းစားခဲ့ပါေသးတယ္၊ ဧကရာဇ္ရဲ႕ ေျခေတာ္ရင္းမွာ ဒီေလာက္ထိ ထင္တိုင္းႀကဲလိမ့္မယ္လို႔ မထင္ခဲ့တာပဲရွိတာ။

ဒါေပမဲ့ သူ႕စကားဆုံးတာနဲ႕ ဆံပင္ထပ္ဆြဲေဆာင့္ခံလိုက္ရၿပီး ေခါင္းနဲ႕ၾကမ္းျပင္နဲ႕ ရိုက္မိသြားတယ္၊ ဟြာအန္း နာက်င္စြာ ေအာ္လိုက္မိတယ္၊ လူက မူးေဝသြားၿပီး နဖူးစပ္မွာ ေသြးစတခ်ိဳ႕ စီးက်လာတယ္။

"ဟြာအန္းမင္းသမီးကို ဘယ္သူမွ မေျပာျပထားခဲ့ဘူးလား.. ဒီမင္ေက်ာက္မွာ.."

ေရွာင္းက်န့္ ေျပာေနရင္း ရပ္တန့္လိုက္ကာ ေလထြက္႐ုံေလာက္ ေလွာင္ရယ္လိုက္ၿပီး။

"ပန္ကုန္းကဥပေဒဆိုတဲ့ အေၾကာင္းကိုေလ"

ေရွာင္းက်န့္က ဟြာအန္းကို ပစ္ခ်လိဳက္ၿပီး ၀မ္ရိေပၚဆီ ေလွ်ာက္သြားတယ္၊ အနားေရာက္တာနဲ႕ ၀မ္ရိေပၚမ်က္ႏွာကို လက္ဖမိုးေလးနဲ႕ ညင္သာစြာ ထိလိုက္တယ္၊ ေအးစက္ေနတဲ့ အေရျပားရဲ႕ အထိေတြ႕က သူ႕ဆီကူးစက္လာတယ္။

ေရွာင္းက်န့္ဆီက အၾကည့္တစ္ခ်က္ရတာနဲ႕ ပု၀မ္က ၀မ္ရိေပၚကိုသယ္ၿပီး အျပင္ကို အရင္ထြက္သြားတယ္၊ ဘာအဆိပ္ပဲ သုံးထားပါေစ၊ ပု၀မ္က အရင္ဆုံး ေသခ်ာစစ္ေဆးခိုင္းဖို႔ လိုေနတာ။

ေျဖေဆးအတြက္ကေတာ့...

အခုထိမထနိုင္ေသးဘဲ ၾကမ္းျပင္မွာလဲေနတဲ့ ဟြာအန္းကို ေရွာင္းက်န့္က အေပၚစီးကေန ၾကည့္လိုက္ၿပီး။

"ပန္ကုန္းရဲ႕ စိတ္ရွည္မႈက အတိုင္းအတာရွိတယ္.. ေျဖေဆးကို ေနာက္တစ္ႀကိမ္ ထပ္ေတာင္းရေအာင္ မလုပ္ဖို႔ ေမွ်ာ္လင့္တယ္"

ဟြာအန္းက ဟြန့္ခနဲ႕ ႏွာမႈတ္တယ္။

"အဟင္းဟင္း.. ကြၽန္မမွန္းတာ မွန္ေနတာပဲ.. မင္းသမီး ဒီလူကို တကယ္အေလးထားမွန္း သိေနလို႔ ကြၽန္မကိုယ္တိုင္ ထ်န္ယြမ္ကယူလာတဲ့ လွ်ို႔ဝွက္ေဆးကို ေပးခဲ့တာေလ.. ေျဖေဆးမရရင္.. သူက ၃ ရက္ေတာင္ အသက္ရွင္နိုင္မွာ မဟုတ္ဘူး.."

"ေကာင္းတယ္.. သိပ္ေကာင္းတယ္"

ေရွာင္းက်န့္ဆီက စကားသံၾကားလိုက္ရၿပီးတဲ့ ေနာက္မွာေတာ့ ဟြာအန္းမ်က္လုံးထဲမွာ အလင္းတဖ်ပ္လက္သြားတယ္၊ ခြၽန္ထက္ပါးလႊာတဲ့ ဓားေလးတစ္လက္ရဲ႕ ေအးစက္စက္ အထိအေတြ႕က သူ႕ပါးျပင္အထက္မွာ ေနရာယူလာတယ္။

"အရင္ကေတာ့ မိန္းမေတြကို ကိုယ္ထိလက္ေရာက္ နာက်င္ေအာင္ မလုပ္တတ္ပါဘူး.. ဒါေပမဲ့ ဒီထက္ပိုၿပီး ရိုင္းျပလာမယ္ဆိုရင္ေတာ့ ပန္ကုန္းကို အဆိုးမဆိုေစခ်င္ဘူး ဟြာအန္းမင္းသမီးက"

"..."

".. ဒီနားေလးကို လွီးေစခ်င္သလား.. ဒါမွမဟုတ္.. ေဟာဒီနားေလးလား..ဟမ္?"

ဓားေလးက ဟြာအန္းရဲ႕လွပတဲ့ မ်က္ႏွာေပၚမွာ ေႁမြတစ္ေကာင္လို ေလွ်ာက္ေျပးေနတယ္၊ ဟြာအန္းရဲ႕ ခႏၶာကိုယ္က တဆတ္ဆတ္ တုန္ယင္လာၿပီး။

"ရိုင္းစိုင္းလိုက္တာ ခ်င္ေဟြ႕ နင္ဘယ္လိုေတာင္ လုပ္ရဲတာလဲ!"

ထိုအခိုက္အတန့္မွာပဲ ဓားေလးက ေလထဲမွာ ေျမာက္တက္သြားၿပီး ၾကမ္းျပင္မွာ ေထာက္ထားတဲ့ ဟြာအန္းရဲ႕ လက္ခုံေပၚကို စိုက္၀င္သြားတယ္။

"အား! ! !"

ဟြာအန္းဆီက နာက်င္စြာ ေအာ္ဟစ္သံက မိုးသံေလသံေတြနဲ႕အတူ ေရာပါေပ်ာက္ကြယ္သြားတယ္၊ ေငြေရာင္ဓားေလးအေနနဲ႕ စိုက္၀င္သြားၿပီး ေသြးေတြ႐ႊဲေနတဲ့ အနီေရာင္ဓားအျဖစ္ ျပန္ထြက္လာတယ္၊ အဲဒီေနာက္ေတာ့ အေႏြးဓာတ္ရွိသြားၿပီျဖစ္တဲ့ ေသြးစြန္းဓားက ဟြာအန္းရဲ႕ပါးျပင္ေပၚကို တဖန္ျပန္ေရာက္လာျပန္တယ္။

ေရွာင္းက်န့္အၿပဳံးက မာယာမ်ားတဲ့ အနီေရာင္ နမိတ္ဆိုးပန္းပြင့္ေလးေတြ အၿပိဳင္ပြင့္ေနသလို လွပတယ္။

"မလုပ္ရဲစရာ ဘာရွိလဲ?"

"..."

" အေနာက္တိုင္းသူ ျပည္ႀကီးဒါလီကေန အေဖမေပၚဘဲ ေမြးလာတဲ့လူက ေတာ္၀င္မင္းသမီး တစ္ေယာက္လို ဟန္ေဆာင္ထားတဲ့ဟာ.. အဲလိုလူက ငါ့အေရွ႕မွာ ေလသံက်ယ္က်ယ္နဲ႕ စကားေျပာဖို႔ အဆင့္မီတယ္ ထင္ေနလို႔လား.. ဟမ္?"

ဒီစကားၾကားေတာ့ ဟြာအန္း သူ႕နားသူေတာင္ မယုံနိုင္ျဖစ္သြားၿပီး ေရွာင္းက်န့္ကို ေမာ့ၾကည့္လိုက္တယ္။

သူေျပာတာအမွန္ပဲ ဟြာအန္းက ထ်န္ယြမ္က ေတာ္၀င္မ်ိဳးႏြယ္ မဟုတ္ဘူး၊ သူ႕အေမက အေနာက္တိုင္းသူ၊ အေဖက ဘယ္သူမွန္း သူမသိဘူး၊ ပြဲေတာ္တစ္ခုမွာ ကျပ‌ေဖ်ာ္ေျဖရင္း သူ႕ရဲ႕ ရင္သပ္ရႈေမာဖြယ္သြင္ျပင္ကို အႏြယ္ေတာ္တခ်ိဳ႕က သတိထားမိၿပီး ထ်န္ယြမ္ရဲ႕ဧကရာဇ္ဆီ ဆက္သလိုက္တာ၊ ဧကရာဇ္က သူ႕ကိုလုံး၀သေဘာမက်ခဲ့ဘူး၊ ဒါေၾကာင့္ ေတာ္ေကာက္မဲ့အစား တစ္ေန႕က်ရင္ မင္ေက်ာက္ဧကရာဇ္ကို ျမႇူဆြယ္ခိုင္းဖို႔ ရည္႐ြယ္ထားၿပီး ေလ့က်င့္ေစခဲ့တယ္။

"ဘာလို႔လဲ.. ရက္နည္းနည္းေလာက္ မင္းသမီး အေခၚခံလိုက္ရေတာ့ ကိုယ့္ရဲ႕ဇစ္ျမစ္ကိုပါ ေမ့သြားတာလား?"

ေရွာင္းက်န့္က မေသမ်ိဳး နတ္ဘုရားတစ္ပါးလို အထက္စီးဆန္စြာ ၾကည့္လာရင္း ေအးစက္စြာ ေျပာတယ္၊ ဒီလို ႐ြံရွာေနတဲ့အၾကည့္မ်ိဳးကို ဟြာအန္း ေကာင္းေကာင္းရင္းႏွီးတယ္၊ ကေလးဘ၀ တေလွ်ာက္လုံးမွာ လူေပါင္းမ်ားစြာဆီက ဒီလိုမ်က္လုံးမ်ိဳးနဲ႕ ၾကည့္တာကို ဟြာအန္းက ခံခဲ့ရတာ၊ ဒါေၾကာင့္ တစ္ေန႕က်ရင္ အားလုံးေမာ့ၾကည့္ၿပီး အားက်ရတဲ့သူျဖစ္ေအာင္ လုပ္မယ္၊ သူ႕ကို အထင္ေသးခဲ့တဲ့လူေတြကို ဒီလိုမ်က္လုံးမ်ိဳးနဲ႕ ျပန္ၾကည့္မယ္ဆိုၿပီး တိတ္တိတ္ေလး ႀကဳံးဝါးခဲ့တယ္။

ဒီလိုမ်ိဳး အခြင့္အေရးရလာတဲ့အခါမွာ ခႏၶာကိုယ္ကေသြးေတြ ဆူပြက္လာတဲ့အထိ ဆႏၵေတြျပင္းျပလာတယ္၊ အထူးသျဖင့္ မင္ေက်ာက္ရဲ႕ မင္းသမီးနဲ႕ ဆုံသြားတဲ့အခ်ိန္မွာ အဆိုးဆုံးျဖစ္ခဲ့တယ္။

ဒီမိန္းကေလးက ဟြာအန္းလိုခ်င္ေနတဲ့အရာအားလုံးနဲ႕ ျပည့္စုံေနတယ္၊ နတ္ကညာလို ႏုနယ္လွပေပမဲ့ ဩဇာအာဏာ အျပည့္ရွိတယ္၊ လူေတြဆီက ေလးစားအားက်တာ ခံရတယ္၊ ခမည္းေတာ္ကလဲ ဖူးဖူးမႈတ္ အလိုလိုက္ထားတယ္၊ ဒါေတြအကုန္လုံးက ဟြာအန္းတစ္ဘဝလုံး ရယူဖို႔ႀကိဳးစားေနခဲ့ရတဲ့ အရာေတြခ်ည္းပဲ၊ ဒါေၾကာင့္ လုယူဖို႔လုပ္ခဲ့တာ။

"ပန္ကုန္းက ရက္နည္းနည္းေလာက္ သေဘာ ေကာင္းေပးလိုက္တာနဲ႕ ေခါင္းေပၚတက္ခ်င္သြားတယ္ေပါ့ ဟုတ္သလား?"

ေရွာင္းက်န့္စကားေျပာေနတုန္းမွာပဲ သူ႕ရဲ႕ ဓားေလးက ဟြာအန္းရဲ႕ ဆံပင္ေတြၾကားထဲကို တိုး၀င္သြားတယ္။

"ပန္ကုန္းက တိုင္းျပည္ကို အုပ္စိုးမဲ့သူ.. မင္းကေတာ့ ကေခ်သည္အဆင့္ပဲ"

"..."

"‌ ေခြးေလွးခုန္လို႔ ဖုန္မထ ဆိုတဲ့ စကားပုံကို ဘယ္လိုေရးရလဲဆိုတာ မင္းသိရဲ႕လား"

ေရွာင္းက်န့္ပုံစံက ေၾကာက္ဖို႔ေကာင္းေနတယ္၊ ဟြာအန္းမ်က္လုံးေတြ ရဲတက္လာတယ္၊ ဒါမ်ိဳးမျဖစ္ရဘူး၊ သူလိုခ်င္တာ ဒါမ်ိဳးမဟုတ္ဘူး။

ဟြာအန္းက အက္ကြဲစြာ ျပန္ေအာ္ေျပာတယ္။

"နင္လိုခ်င္တဲ့ေျဖေဆးေတာ့ ရမွာမဟုတ္ဘူး.. သတၱိရွိရင္ ငါ့ကိုသတ္လိုက္"

ေရွာင္းက်န့္ရဲ႕ ေလွာင္ရိပ္သန္းေနတဲ့ ႏႈတ္ခမ္းေတြက အေပၚကိုအျပည့္အ၀ ေကြးၫြတ္တက္သြားတယ္၊ သူက ဓားကိုျပန္႐ုတ္လိုက္ၿပီး ခန္းမထဲက ခုံမွာ ၀င္ထိုင္လိုက္တယ္၊ ၿပီးေတာ့ ဟြာအန္းကို အဖိုးမတန္တဲ့ ေသလူတစ္ေယာက္လို အထင္အျမင္ေသးစြာ ၾကည့္လိုက္ၿပီး။

"မင္းလိုလူမ်ိဳးက လြယ္လြယ္ေလးနဲ႕ ေသခ်င္မွာ မဟုတ္တာ ငါသိတယ္"

ဟြာအန္းလိုလူမ်ိဳးေတြ ေရွာင္းက်န့္ အမ်ားႀကီး ေတြ႕ဖူးတယ္၊ မေတာ္ေလာဘနဲ႕ အမွန္ကိုမျမင္နိုင္ဘဲ ထင္ေယာင္ထင္မွား ျဖစ္ေနတဲ့သူေတြေပါ့၊ ဒီလိုလူေတြက လြယ္လြယ္ေလး ေသသြားရမွာကို ေၾကာက္ၾကတယ္၊ သူတို႔လိုလူေတြက ခႏၶာကိုယ္မွာ ေသြးအလိမ္းလိမ္း ျဖစ္ေနရင္ေတာင္ အားကုန္သုံးၿပီး အသက္ရွင္နိုင္ဖို႔ ႀကိဳးစားၾကတယ္၊ အျမင့္ဆုံးကို တက္ၾကည့္ခ်င္တယ္ဆိုတဲ့ ထင္ေယာင္ထင္မွား စိတ္ေလးနဲ႕ေပါ့။

ဟြာအန္းမ်က္လုံးေတြမွာ ထိတ္လန့္တုန္လႈပ္မႈေတြနဲ႕ ျပည့္ႏွက္သြားတယ္၊ ဒီစကားက သူ႕စိတ္ကို ေဖာက္ထြင္းၾကည့္ၿပီး ေျပာလိုက္တာနဲ႕ အတူတူပဲ၊ ေရွာင္းက်န့္က ဓားျမႇောင္ေလးကို လက္ထဲမွာ လွည့္ပတ္ၿပီး ေဆာ့ေနတယ္၊ အႏၲရာယ္မ်ားတဲ့ပစၥည္းက သူ႕လက္ထဲမွာေတာ့ ခ်စ္စဖြယ္ကေလးကစားစရာတစ္ခု အလားပဲ၊ ေနာက္ဆုံးမွာေတာ့ ဓားဦးကို ဟြာအန္းဘက္ လွည့္ထားလိုက္ၿပီး တစ္လုံးခ်င္း ေျပာလာတယ္။

"ပန္ကုန္းက မင္းကို သတ္ရဲတယ္"

"..."

"မင္းက.. ေသရဲတာ ေသခ်ာလား?"

...

အျပင္မွာ မိုးသည္းထန္စြာ ႐ြာေနတယ္၊ ေရွာင္းက်န့္က အမည္းေရာင္၀တ္႐ုံကို ၀တ္ထားၿပီး အနီေရာင္ပိုးထီးကိုကိုင္ကာ မိုး႐ြာထဲမွာ ေလွ်ာက္လာတယ္၊ သူက မဆုံးနိုင္တဲ့ အတိဒုကၡမ်ိဳးစုံကို ငရဲမွာ ေတြ႕ႀကဳံခံစားခဲ့ရၿပီး ျပန္တက္လာတဲ့ ေက်ာက္စိမ္းနတ္ဘုရားလို ေလာကႀကီးကို နည္းနည္းေလးေတာင္ အေရးမစိုက္တဲ့ပုံစံမ်ိဳး။

အေစာင့္ေတြကို ေျဖရွင္းၿပီးသြားတဲ့ပုယြီက ေရွာင္းက်န့္နား ေရာက္လာၿပီး၊ သူ႕လက္ထဲက ထီးကိုယူေဆာင္းေပးရင္း ေမးတယ္။

"အရွင္ ကိစၥေတြ အဆင္ေျပခဲ့ပါရဲ႕လား?"

ေရွာင္းက်န့္က ေခါင္းတစ္ခ်က္ညိတ္တယ္။

" သာ့ရွီးကို စမ္းသပ္စစ္ေဆးဖို႔ ပု၀မ္က အိမ္ေတာ္ကို အရင္ျပန္သြားပါတယ္"

ေရွာင္းက်န့္က ေႂကြအိုးငယ္ေလး ထုတ္ယူလိုက္ၿပီး။

"ဒီဟာေျဖေဆး.. ျပန္သြားရင္ လူတစ္ေယာက္ဆီမွာ အရင္စမ္းသပ္ခိုင္းလိုက္"

"ငယ္သား နားလည္ပါၿပီ"

ၿပီးတာနဲ႕ အိမ္ေတာ္ျပန္ဖို႔အတြက္ ႏွစ္ေယာက္္သား လွည္းဆီျပန္လာၾကတယ္၊ ပုယြီက မေသမခ်ာ ျဖစ္ေနဟန္နဲ႕ အေနာက္ကို ျပန္လွည့္ၾကည့္တယ္၊ အိမ္ေတာ္ရဲ႕မ်က္ႏွာစာတံခါး၀မွာ အနီေရာင္မီးပုံးေတြ ထြန္းထားတယ္၊ ပတ္၀န္းက်င္က လတ္တေလာမွာ ဘာတစ္ခုမွ ျဖစ္မထားခဲ့သလိုပဲ၊ မိုးသံကလြဲၿပီး ဆိတ္ၿငိမ္ေနတယ္။

ပုယြီက သူ႕အရွင္ဘက္ ျပန္လွည့္ၾကည့္ၿပီး စိုးရိမ္ေနဟန္နဲ႕ ခပ္တိုးတိုး ထပ္ေမးတယ္။

"ဟြာအန္းမင္းသမီးနဲ႕ပတ္သက္ၿပီး ငယ္သားကိုယ္တိုင္ ရွင္းလင္းေပးရမွာမ်ား ရွိပါေသးလား အရွင္"

ေရွာင္းက်န့္အသံက ဇာပဝါေအာက္ကေန တိုးလ်စြာ ထြက္ေပၚလာတယ္။

"မလိုဘူး.. သူက အခုထိ အသုံး၀င္ေနေသးတယ္"

ဧကရာဇ္နဲ႕ ရန္ေဖးၾကားမွာ ျပသနာဖန္တီးဖို႔ ဟြာအန္းကို ဆက္ၿပီးအသုံးခ်ရအုံးမွာ။

ပုယြီက ရတတ္မေအးသလို ေထာက္ျပလာတယ္။

"ဒါ.. ဒါေပမဲ့ သူက အရွင္ခိုင္းတဲ့အတိုင္း လိုက္နာပါေတာ့မလား?"

မိုးသံတေျဖာက္ေျဖာက္ၾကားမွာ ေရွာင္းက်န့္ အသံထြက္ၿပီး ရယ္လိုက္မိတယ္။

"လိုက္နာလိမ့္မယ္"

"ဘယ္လိုေၾကာင့္မ်ား..."

ပုယြီမွာ နားမလည္နိုင္ဘဲ ရႈပ္ေထြးသြားတယ္၊ ေရွာင္းက်န့္က ခပ္ေအးေအးပဲ ေျပာျပလာတယ္။

"အစကေနအဆုံးမွာ သူ႕အတြက္ေ႐ြးစရာက ဒီတစ္လမ္းပဲရွိခဲ့တာ"

ထ်န္ယြမ္ရဲ႕ ရန္မ်ိဳးႏြယ္ေတြက မင္ေက်ာက္ကိုလာၿပီး ထ်န္ယြမ္ေသြး တစ္၀က္ပါတဲ့ မင္းသားကို ေမြးခဲ့တယ္၊ ေသြးေႏွာေနတဲ့ မင္းသားေၾကာင့္ ဧကရာဇ္ႏွစ္ပါးလုံးရဲ႕စိတ္ထဲမွာ အေႏွာင့္အယွက္ ျဖစ္လာတယ္၊ ဟြာအန္းကို ထ်န္ယြမ္ဧကရာဇ္က ဆက္သလိုက္တယ္ဆိုတာက ရန္မိဖုရားကို တစ္ဖက္လွည့္နဲ႕ သတိေပးလိုက္တာပဲ၊ ရန္မိဖုရားက ဟြာအန္းကို ဘယ္ေတာ့မွ ကူညီမွာမဟုတ္ဘူး၊ ေနရာလုမဲ့ ရန္သူလိုပဲ သေဘာထားလိမ့္မယ္။

ဒီအတြက္ ဟြာအန္းမွာ ေ႐ြးစရာႏွစ္ခုပဲ ရွိတယ္၊ တစ္ခုက ေရွာင္းက်န့္နဲ႕ ပူးေပါင္းၿပီး မိဖုရားကို နန္းခ်မလား၊ ဒါမွမဟုတ္ ဧကရာဇ္ဆီက မ်က္ႏွာသာရတဲ့ ကိုယ္လုပ္ေတာ္ ျဖစ္လာေအာင္ ကိုယ့္နည္းကိုယ္ဟန္နဲ႕ ႀကိဳးစားမလား။

ဒီႏွစ္ခုမွာ ဧကရာဇ္ေဘးက မိဖုရားကို ရွင္းပစ္ဖို႔က ပိုလြယ္တယ္၊ အခုလို မိဖုရားကို ရွင္းပစ္နိုင္ေတာ့မဲ့အခ်ိန္မွာ ဘယ္လိုနည္းနဲ႕ပဲျဖစ္ျဖစ္ အသက္ရွင္က်န္ေအာင္ပဲ သူႀကိဳးစားလိမ့္မယ္၊ ေရွာင္းက်န့္ကို ရန္စမိတာကေတာ့ သူ႕ကိုယ္သူ သိပ္အထင္ႀကီးမိတာ ျဖစ္လိမ့္မယ္။

ေရွာင္းက်န့္ရွင္းျပေပးေတာ့မွပဲ ပုယြီလဲ သက္ျပင္း ခ်နိဳင္သြားတယ္၊ သူက တိုက္ခိုက္ဖို႔တစ္ခုပဲ သိတာ၊ အရွင္က အဆင္ေျပတယ္လို႔ ေျပာလာရင္ အဆင္ေျပတယ္လို႔ ႁခြင္းခ်က္မရွိ ယုံၾကည္ထားလိုက္ရင္ရၿပီ။

ဒါေပမဲ့ မထင္မွတ္ဘဲ ဇာပဝါေအာက္ကေန ခပ္ေလးေလး သက္ျပင္းခ်သံ ၾကားလိုက္ရတယ္။

"တကယ္ေတာ့.. ႏွေမ်ာဖို႔ေကာင္းတယ္..."

"ဘာကိုမ်ားပါလဲ အရွင္?"

ဒါေပမဲ့ ေရွာင္းက်န့္က ပုယြီေမးခြန္းကို ျပန္မေျဖေတာ့ဘဲ ႏႈတ္ဆိတ္သြားတယ္။

ဘာကိုႏွေမ်ာမိမွန္း ေရွာင္းက်န့္ကိုယ္တိုင္လဲ ေရေရရာရာ မရွိဘူး၊ တကယ္ေတာ့ ဟြာအန္းလိုလူမ်ိဳးေတြက စစ္တုရင္နယ္႐ုပ္ေလးလို အသုံးခ်ၿပီး ေနာက္ဆုံးမွာ အႏွေမ်ာမရွိ ထိုးေကြၽးခံလိုက္ရတာက ၀မ္းနည္းဖို႔ေကာင္းတယ္။

ဟြာအန္း ရည္မွန္းခ်က္ႀကီးတာကို ေရွာင္းက်န့္ နားလည္ေပးနိုင္တယ္၊ တကယ္လို႔ ဟြာအန္းသာ သူ႕စကားနားေထာင္ၿပီး လိမ္လိမ္မာမာ ပူးေပါင္းေပးခဲ့ရင္ ေရွာင္းက်န့္ကလဲ ဟြာအန္းလြတ္ေျမာက္သြားနိုင္ဖို႔ ကယ္ေပါက္တစ္ခုခုေတာ့ ခ်န္ေပးမိလိမ့္မယ္ထင္တယ္၊ ဟြာအန္းေ႐ြးခ်ယ္မႈက မွားယြင္းခဲ့တာက ႏွေမ်ာစရာပဲ။

အိမ္ေတာ္ျပန္ေရာက္တဲ့ အခ်ိန္မွာေတာ့ မိုးကုပ္စက္ဝိုင္းမွာ ေရာင္နီေတာင္သန္းလုနီးနီး ျဖစ္ေနၿပီ၊ ေရွာင္းက်န့္က လွည္းေပၚက ခပ္သြက္သြက္ဆင္းၿပီး အိမ္ထဲ၀င္သြားတယ္၊ ဝမ္ရိေပၚအိပ္ခန္းနား အေရာက္မွာေတာ့ အထဲက သုတ္သီးသုတ္ျပာျပန္ထြက္လာတဲ့ပု၀မ္နဲ႕ တည့္တည့္တိုးသြားတယ္။

"ဘယ္လိုေနေသးလဲ?"

ပု၀မ္က ေျဖရခက္ေနတဲ့မ်က္ႏွာက ေရွာင္းက်န့္ကို ၾကည့္လာတယ္၊ ေရွာင္းက်န့္လဲ ဆက္ၿပီးမေစာင့္နိုင္ေတာ့ဘဲ အေပၚ႐ုံကိုခြၽတ္ပစ္ၿပီး အခန္းထဲတန္း၀င္သြားတယ္၊ အခန္းထဲေရာက္ေတာ့ ထိုင္ခုံေပၚမွာ ခပ္မတ္မတ္ထိုင္ေနတဲ့ ၀မ္ရိေပၚကို ေတြ႕လိုက္ရတယ္။

၀တ္ထားတဲ့ အျဖဴေရာင္၀တ္႐ုံက ေလ်ာ့တိေလ်ာ့ရဲျဖစ္ေနတယ္၊ လက္ႏွစ္ဖက္ကို ဒူးေပၚတင္ထားၿပီး ေမာ့ၾကည့္လာတယ္၊ အထဲ၀င္လာတဲ့ ေရွာင္းက်န့္ကိုၾကည့္လာတဲ့ မ်က္လုံးေတြက ပကတိတည္ၿငိမ္ေနတယ္။

အေၾကာင္းအရင္း ေသခ်ာမေျပာျပတတ္ေပမဲ့ ေရွာင္းက်န့္ရင္ထဲမွာ ထိတ္ခနဲ ျဖစ္သြားတယ္၊ ေရွာင္းက်န့္ တံေတြးၿမိဳခ်ၿပီး ခပ္တိုးတိုး ေမးလိုက္မိတယ္။

"မင္း.. အဆင္ေျပရဲ႕လား?"

၀မ္ရိေပၚက ေရွာင္းက်န့္ကို စိုက္ၾကည့္ေနတယ္၊ မ်က္၀န္းနက္နက္ေတြက အတိမ္အနက္မွန္းလို႔မရတဲ့ ေရကန္လို ၾကည္လင္တယ္၊ သူ႕အသံကေတာ့ ေရခဲျပင္တမွ် ေအးစက္ေတာင့္ခဲေနခဲ့တယ္။

"အရွင္မင္းသမီး ဘယ္တုန္းကတည္းက သတိျပန္ရေနတာလဲ?"

240307

Continue Reading

You'll Also Like

1.1M 48.8K 95
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
672K 33.4K 24
↳ ❝ [ ILLUSION ] ❞ ━ yandere hazbin hotel x fem! reader ━ yandere helluva boss x fem! reader ┕ 𝐈𝐧 𝐰𝐡𝐢𝐜𝐡, a powerful d...
94.1K 9.3K 104
ဒီficလေးကို ဖတ်တော့မယ်ဆိုရင်အရင်ဦးဆုံး ကလေးရဲ့အရင်ကောင့်က ကျော်ဇေထက်လေးကိုဖတ်ပေးပါ တကယ်လို့မသိရင်ကလေးရဲ့ RL ထဲကိုဝင်ကြည့်လိုက်ပါနော်..ကျော်ဇေထက်လေးက...
4.5K 138 35
THIS IS NOT A BOOK I NEED UNSOLICITED OPINIONS FROM U LONELY PEOPLE. am i the ASSHOLE BE HONEST NO SHIT ALSO PLEASE DO NOT ATTACK THIS LOVELY. LOVELY...