He Dufo [何渡佛] •COMPLETED•

NTNO1823

294K 45.1K 6.8K

"အမှန်စင်စစ် အတွင်းအထိ ဗလာနတ္ထိ ဖြစ်ရိုးမှန်ရင် ဘယ်လိုကြောင့် ငါ့ကို မကြည့်ဝံ့သလဲ" ⚠️ BJYX, Yizhan, Adventure... Еще

Warning
1 (Vol 1)
1 (Z)
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31(Vol 2)
32
33
34
35
36
37
38
39
40
41
42
43
43 (Z)
44
45
46
47
49
50
51
51 (z)
52
53
54
55
56
57
58
59
60
60 (z)
61
62
63
64 (Vol 3)
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93 (final)
Extra 1
Extra 2
Extra 3
Extra 4
78 (z)
93 (final) z
Extra 2 (z)
Extra 1 (z)
Extra 3 (z)
Exta 4 (z)

48

2.4K 402 68
NTNO1823

အပိုင်း။ ၄၈

ရန်ဖေးရဲ့သားတော်က ခန့်မှန်းထားတဲ့ရက်ထက် လဝက်လောက်စောပြီး မွေးလာတာပါ။

"ဘာပြဿနာရှိခဲ့လို့လဲ?"

ရှောင်းကျန့် မေးကြည့်တော့ ပုဝမ်က ခပ်တိုးတိုး လျှောက်တင်တယ်။

"ငယ်သား ကြားမိတာတော့ မတော်တဆ ချော်လဲပြီး ဗိုက်နာလာတယ်လို့ ပြောပါတယ်.. မိဖုရားခေါင်ကြီးက ဘယ်သူကြောင့်မှ မဟုတ်ဘူး.. သူ့ဟာသူ ဖြစ်တာလို့ ပြောပါတယ်တဲ့ အရှင်"

ရှောင်းကျန့်က တွေးတွေးဆဆနဲ့ ခေါင်းငြိမ့်လိုက်တယ်။

ဝမ်ရိပေါ်က ရှောင်းကျန့်ရဲ့ခြေထောက်လေးတွေကို စောင်ခြုံထဲ ပြန်ထည့်ပြီး ထွေးထားပေးလိုက်တယ်၊ နန်းတွင်းကရေးရာနဲ့ ပတ်သက်ပြီး ရှောင်းကျန့်မှာ စဉ်းစားစရာတွေ ရှိနေမှန်းသိတာမို့ မနှောင့်ယှက်တော့ဘဲ ဆေးအသစ်ကျိုဖို့ ထွက်သွားတယ်။

ရှောင်းကျန့်က ဒူးနှစ်လုံးပေါ် လက်တင်ပြီး ငေးငိုင်နေတယ်၊ ဝမ်ရိပေါ် တံခါးဖွင့်လိုက်တဲ့အချိန်မှာ အခန်းထဲကို မျက်စိကျိန်းလောက်အောင်တောက်ပတဲ့ နေရောင်ခြည်တန်းတွေ တိုးဝင်လာတယ်၊ ရှောင်းကျန့်က တစ်ကိုယ်စာ ကြားရုံလောက် တီးတိုးရေရွတ်တယ်။

"နေသာတဲ့နေ့ပဲ"

လဝက်လောက် အုံ့မှိုင်းစိုစွတ်စေခဲ့တဲ့မိုးက နောက်ဆုံးမှာ ရပ်တန့်သွားပြီး လှပတဲ့ ဆောင်းဦးရဲ့အလင်းရောင်လေးကို ပြန်မြင်လာရပြီ၊ ရာသီဥတု ကြည်လင်လာတဲ့အခါ ကျင်းလင်ရဲ့ လမ်းမတစ်ဖက်တချက်မှာ ဆိုင်ခန်းလေးတွေ အလျှိုလျှို ပြန်ထွက်လာကြတယ်၊ ဆောင်းဦးရွက်ကြွေတွေကြောင့် လမ်းမတွေက ရွှေဆေးနဲ့ရေးခြယ်ထားတဲ့ ပန်းချီကားလိုဖြစ်နေပြီး မြင်ရသူရဲ့ စိတ်နှလုံးကို ငြိမ်းအေးစေတယ်။

မိဖုရားခေါင်ကြီးက ဆက်ခံသူ နန်းလျာမင်းသားကို မွေးဖွားသန့်စင်ပေးလိုက်တဲ့ သတင်းကြောင့် တစ်တိုင်းပြည်လုံး ဝမ်းမြောက်ပျော်ရွှင်နေကြတယ်၊ ဧကရာဇ်က သားတော်လေးမွေးဖွားမှုကို ဂုဏ်ပြုတဲ့အနေနဲ့ အကျဉ်းသားတွေကိုပါ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တယ်၊ ဒါကြောင့် ပြည်သူတွေက ဧကရာဇ်ရဲ့ဂရုဏာတော်အတွက် ကျေးဇူးတင်ကြသလို နန်းမွေဆက်ခံမဲ့ မင်းသားငယ်လေးရဲ့ ဘုန်းတန်ခိုးအရှိန်ဝါကိုလဲ ချီးကျူးထောပနာပြု မဆုံးနိုင်အောင် ဖြစ်ကြတယ်။

မင်ကျောက်မှာ ရုတ်တရက် ရွာချလာတဲ့မိုးကြောင့် ဆောင်းဦးအမဲလိုက်ပွဲ ကျင်းပရေးမှာ အနှောင့်အယှက် ပေါ်ခဲ့တယ်၊ ဒါပေမဲ့ နန်းလျာမင်းသားငယ်မွေး မွေးဖွားလာတဲ့နေ့မှာတော့ သည်းထန်နေခဲ့တဲ့မိုးက ချက်ချင်း တိတ်သွားပြီး နွေးထွေးတဲ့နေရောင်ခြည်တန်းတွေက မိုးသားမည်းမည်းတွေကို ဖြတ်ကျော်ကာ ကမ္ဘာမြေပေါ် တဖန် ပြန်လည် ကျရောက်လာတယ်၊ မိုးရွာပြီးစက ကောင်းကင်မှာ အရောင်စုံတိမ်တွေနဲ့ ချက်ချင်းပြည့်နှက်သွားတာက အံ့ဖွယ်တစ်ရပ်လိုပါပဲ။

ဒါတင်မကသေးပါဘူး၊ သိပ်မကြာသေးခင်ကမှ မင်ကျောက် ပြည်သူတွေထဲမှာ ကူးစက်ပျံ့နှံ့ပြီး ဒုက္ခပေးနေခဲ့တဲ့ တစ္ဆေမျက်နှာရောဂါကလဲ မင်းသားငယ်လေး ဖွားမြင်ပြီးတဲ့နောက်ပိုင်းကတည်းက ပြန့်ပွါးမှုနှုန်း လျော့ကျလာတယ်၊ ရောဂါအခြေအနေမဆိုးသေးတဲ့ လူနာအများစုက တစ်နေ့တခြား ပြန်သက်သာလာတာကို တွေ့ရတယ်။

ဒါတွေအားလုံးက နန်းလျာမင်းသားငယ်လေးရဲ့ ဘုန်းတန်ခိုးကြောင့်ပဲဆိုပြီး တိုင်းသူပြည်သား အားလုံးက တညီတညွတ်တည်း လက်ခံလိုက်ကြတယ်။

ကောင်းကင်ဘုံက စစ်နတ်ဘုရားဝင်စားတဲ့ မင်းသားငယ်လေး၊ မကောင်းတဲ့ အတိတ်နမိတ်တွေကို ပယ်ရှားပေးနိုင်စွမ်းရှိတဲ့ နန်းလျာမင်းသား၊ ရာဇပုလ္လင်ကို ပိုင်စိုးနိုင်မဲ့ နဂါးစွမ်းအင်နဲ့ ပြည့်ဝတဲ့သူ စတဲ့ ကောလဟလတွေလဲ ရှိနေပါသေးတယ်။

ဒီလိုကောလဟလတွေက အချိန်တစ်ခုကြာတဲ့အထိ ရပ်မသွားသလို၊ မင်းသားငယ်ကို အမွမ်းတင် ဂုဏ်ပြုမှုတွေကလဲ လျော့ပါးမသွားဘဲ ဆက်လက်တည်ရှိနေခဲ့တယ်။

အပြင်လောကရဲ့ ရှုပ်ထွေးမှုတွေက မင်းသမီးအိမ်တော်ရဲ့ ငြိမ်သက်အေးဆေးမှုကိုတော့ အနှောင့်အယှက် မပေးနိုင်ဘူး၊ ဟိတ်ဟန်ကြီးတဲ့ ကျောက်စိမ်းပန်းပု၊ ရွှေပန်းပုတွေ မထားတဲ့ စံအိမ်ထဲမှာ တိတ်ဆိတ်ငြိမ်သက်နေတယ်၊ ပန်းမျိုးစုံပွင့်နေတဲ့ ဥယျာဉ်ထဲမှာတော့ ဝတ်မှုံကူးဖို့ အလုပ်များနေတဲ့ လိပ်ပြာလေးတွေ ပျားလေးတွေ ပျံဝဲနေပြီ၊ ကြည်လင်တဲ့ စမ်းချောင်းငယ်လေးနဲ့ စိမ်းမြတဲ့ဝါးရုံတောလေးကိုလဲ တွေ့ရမယ်၊ သမီးတော်ရဲ့စံနန်းက ရွှေချည်ငွေချည်ထိုး ပန်းချီလိုက်ကာနဲ့ အလှဆင်ထားစရာမလိုဘူး၊ လက်ကျန်အရွက်တွေကို ကြွေကျပေးပြီး ရွှေအိုရောင်တောက်ပစေတဲ့ သစ်တော်ပင်ကြီးတစ်ပင် ရှိနေရုံနဲ့တင် လုံလောက်တယ်။

ရော်ရွက်ဝါတွေက လေသာဆောင်မှာထားတဲ့ စာရေးစားပွဲရဲ့ အောက်ခြေအထိ လွင့်ကြွေလာတယ်၊ စုတ်တံကိုင်ထားတဲ့ ရှောင်းကျန့်ရဲ့လက်တွေက ခဏတာ ရပ်တန့်သွားပြီး ရွက်ကြွေလေးကို တိတ်တဆိတ် ကြည့်နေတယ်၊ အဲဒီအခိုက်အတန့်မှာ ဝံပုလွေသားမွေးစုတ်တံထိပ်က မင်တွေ အောက်စီးကျကုန်တာကြောင့် စာမျက်နှာတစ်ဝက်လောက် စိုရွှဲသွားတယ်။

"အရှင်"

ဆေးပန်းကန်ကိုင်ထားတဲ့ပုဝမ်က ရှောင်းကျန့်နားရောက်လာပြီး အရိုအသေပေးတယ်၊ ရှောင်းကျန့်က လက်ထဲက စုတ်တံကို ချထားလိုက်ပြီး ပုဝမ်ဘက်ကို အနည်းငယ် စောင့်ငဲ့ကြည့်ပြီး မေးတယ်။

"သူဘယ်မှာလဲ?"

ပုဝမ်က ဆေးရည်ခွက်ကို ရှောင်းကျန့်လက်ထဲ သေချာထည့်ပေးရင်း လျှောက်တင်တယ်။

"သာ့ရှီးက သိပ်မသက်သာသေးတဲ့ လူနာတွေကို ကြည့်ပေးဖို့အတွက် မြို့ပြင်ခဏသွားပါတယ်.."

ရှောင်းကျန့်က ဆေးကို ဖြည်းဖြည်းချင်းသောက်တယ်၊ သောက်နေကျလို့တောင် ပြောလို့ရနေပြီ၊ ဒါလဲ အခုထိ သူ့မှာ ကျင့်သားမရနိုင်ဘူး၊ ဆေးသောက်တိုင်း မသက်မသာနဲ့ မျက်မှောင်ကြုတ်မိတုန်းပါပဲ။

ပုဝမ်က ရှောင်းကျန့်ရဲ့မျက်နှာရိပ်မျက်နှာကဲကို ကြည့်ပြီး မဝံ့မရဲ ပြောလာတယ်။

"တုတ်ထိုးသကြားလုံး သုံးဆောင်ချင်ပါသလား အရှင်"

ရှောင်းကျန့်က လက်ခါပြပြီး ငြင်းတယ်။

"လူနာတွေရဲ့ အခြေအနေက ဘယ်လိုလဲ?"

"အခြေအနေတွေ ပြန်ကောင်းလာတာတော့ အမှန်ပါပဲ အရှင်"

ရှောင်းကျန့်ဘက်က အသံတိတ်သွားပြီး စားပွဲခုံကို လက်ညိုးထိပ်လေးနဲ့ အသာတောက်လိုက်တယ်။

"သူ့သွေးတစ်ခုတည်းကြောင့် ကောင်းလာတာလား.."

အရှင်က တွေးမိတာကို မရေရာစွာနဲ့ ထုတ်ပြောလိုက်တဲ့ပုံမို့ ပုဝမ်က မဖြေသေးဘဲ ရှောင်းကျန့် ခံတွင်းကျင်းဖို့ အခါးရည်အရင် ငှဲ့ပေးတယ်။

"ငယ်သားကတော့ အဲဒီလို မထင်ပါဘူးအရှင်.. သာ့ရှီးက သူဖော်ထားတဲ့ဆေးကို သောက်ဖို့ဆန္ဒရှိတဲ့ လူနာအနည်းငယ်ကိုပဲ တိုက်ခဲ့တာပါ.. ဒါပေမဲ့ ခုရက်ပိုင်းအတွင်း သက်သာလာကြတဲ့ လူနာအများစုမှာ သာ့ရှီးရဲ့ဆေးကို မသောက်ဖူးတဲ့လူနာတွေ အများကြီးပါနေပါတယ်"

ရှောင်းကျန့်က ခံတွင်းထဲက အခါးဓာတ်တွေ လျော့ပါးသက်သာသွားဖို့အတွက် ရေနွေးပူပူကို တစ်ငုံအရင် မှုတ်သောက်လိုက်တယ်။

"ဟွာအန်း အမွေးအိတ်ထဲကပစ္စည်းအတွက် မင်းလိုလူတောင် ဖြေဆေးမဖော်နိုင်ခဲ့ဘူးလေ.. ဒီတော့ အဆိပ်ခပ်ခဲ့တဲ့သူက သူ့ဟာသူ အဆိပ်ဖြေဆေးထုတ်ပေးလိုက်တာ တစ်ခုပဲ ဖြစ်နိုင်ခြေ ရှိတော့တယ်.."

"ငယ်သားလဲ ဒီလိုပဲ တွေးမိပါတယ် အရှင်"

ရှောင်းကျန့်က စိတ်ရှုပ်ထွေးစွာနဲ့ ပင့်သက်တစ်ချက် ရှိုက်လိုက်ပြီး။

"ကောင်းပြီ.. မနက်ဖြန်ပွဲအတွက် လိုအပ်တာ သွားပြင်လိုက်တော့"

"အမိန့်အတိုင်းပါ အရှင်"

ဒါပေမဲ့ ပုဝမ် ပြန်လှည့်လာတုန်းမှာပဲ ရှောင်းကျန့်ဆီက နောက်ထပ် စကားတစ်ခွန်း ထွက်လာတယ်။

"တမြန်နေ့က လူနာတွေအတွက် ဆေးကုသခန်း ဆောက်ဖို့ လက်မှုရေးရာဝန်မင်းကို ပြောခိုင်းထားတာ အခြေအနေ ဘယ်လိုရှိပြီလဲ?"

ဒီမေးခွန်းကြားတော့ ပုဝမ်မှာ ဘယ်လိုအဖြေရမှန်းမသိဘဲ အနည်းငယ် တုံ့ဆိုင်းသွားခဲ့တယ်၊ ရှောင်းကျန့်က ရှည်သွယ်လှပတဲ့ လက်ချောင်းတွေနဲ့ အခါးရည်ခွက်လေးကို ညင်သာစွာ လှည့်နေရင်း ပုဝမ်ကို အေးစက်စွာ ကြည့်လာတယ်။

"ဘယ်အခြေအနေလဲလို့"

ပုဝမ်က ကြမ်းပြင်ပေါ် ချက်ချင်း ဒူးထောက်အရိုအသေ ပေးလိုက်ပြီး။

"လျှောက်တင်ပါတယ် အရှင်.. ငယ်သာတို့ သွားပြောပေမဲ့.. လက်မှုရေးရာဝန်မင်းက ဧကရာဇ်ရဲ့ နန်းလျာသားတော်အတွက် မွေးနေ့မဏ္ဍပ် ဆောက်စရာ ရှိတာမို့ လုပ်..လုပ်ဖို့ အချိန် မ.. မရှိသေး"

ဟွန်ခနဲ နှာမှုတ်သံ အနောက်မှာတော့ ခုံပေါ်ကို အခါးရည်ခွက် ပစ်ချလိုက်တဲ့အသံ လိုက်လာခဲ့တယ်၊ ရှောင်းကျန့်က တစ်ဖက်လှည့်သွားပြီး စုတ်တံကို ပြန်ကိုင်တယ်၊ နောက်တော့ ခေါင်းမမော့ဘဲ ပြောလာတယ်။

"ပန်ကုန်းနဲ့ နှစ်ပေါင်းများစွာ အလုပ်တွဲလုပ်ခဲ့တဲ့သူက အခုတော့ သခင်အသစ်ကိုခစားရင်း အလုပ်များနေတယ် ဆိုပါတော့"

ထိန်းထိန်းသိမ်းသိမ်း ပြောလိုက်တဲ့စကားမို့ ဒေါသမပါဘူး ထင်ရပေမဲ့ ပုဝမ်ကတော့ ရေခဲကန်ထဲ နစ်မြုပ်သွားသလို အေးခဲတောင့်တင်းသွားခဲ့တယ်။

....

မင်ကျောက်မှာ ကျန်းကျောက်ဧကရာဇ် စိုးစံနေတဲ့ နန်းသက်အနှစ် ၃၀ အကြာမှာ ပထမဆုံး နန်းလျာသားတော် ဖွားမြင်ခဲ့ပြီး၊ သားတော်ရဲ့တစ်လပြည့် မွေးနေ့ဂုဏ်ပြုပွဲကို ကျင်ဟွာတော်ဝင်ဥယျာဉ်တော်ထဲမှာ ကြီးကျယ်ခမ်းနားစွာ ကျင်းပပေးတယ်။

ဝေါယာဉ်ထဲမှာထိုင်လိုက်လာတဲ့ ရှောင်းကျန့်က ပင်လုံးကြိုင်အရသာဆန်မုန့်ကို ပါးစပ်ထဲထိုးထည့်ပြီး ဝါးနေတယ်၊ ဆောင်းဦးဆိုတာက ပင်လုံးကြိုင်ပန်းတွေ ဖွေးနေအောင်ပွင့်လေ့ရှိတဲ့ရာသီ၊ မွှေးပျံ့နေတဲ့ ပင်လုံးကြိုင် ပန်းရနံ့အပြည့်ပါတဲ့ အိအိပျော့ပျော့ဆန်မုန့်ကြောင့် ရှောင်းကျန့်ရဲ့ပါးနှစ်ဖက်က ရှဉ့်လေးလို ဘေးကိုဖောင်းထွက်နေတယ်၊ ဒါတင်မကဘူး သူ့မျက်လုံးလေးတွေကလဲ စိတ်ကျေနပ်မှုအပြည့်နဲ့ ကွေးကျနေသေးတယ်။

ဝမ်ရိပေါ်က သဘောကျစွာပြုံးနေရင်း ရှောင်းကျန့်ရဲ့ နှုတ်ခမ်းနားတဝိုက်မှာပေနေခဲ့တဲ့ မုန့်စတွေကို ပိုးပဝါနဲ့ သုတ်ပေးတယ်။

"အရှင်မင်းသမီးက ညစာစားပွဲသွားမဲ့လူနဲ့တောင် မတူပါလား"

ရှောင်းကျန့်က ဆန်မုန့်တစ်ခု ထပ်ယူလိုက်ပြီး။

"ညစာစားပွဲက ဗိုက်ပြည့်မှာ မဟုတ်ဘူး.. တွေ့ရမဲ့လူတွေကို စဉ်းစားကြည့်တာနဲ့တင် အစားအသောက်ပျက်တယ်.. ဒါပေမဲ့ သေရည်ကတော့ ကောင်းမှာသေချာတယ်.. မင်းအတွက် တစ်အိုးယူလာပေးမယ်"

"ကိုယ်တော်က သေရည်မသောက်တတ်ပါဘူး"

ဝမ်ရိပေါ်က သူ့အတွက် ငြင်းသလို ရှောင်းကျန့်ကိုပါ တားမြစ်လိုက်သေးတာ။

"အရှင်မင်းသမီးလဲ သိပ်သောက်လို့ မဖြစ်ပါဘူး"

ရှောင်းကျန့်က ပြီးပြီးရော ခေါင်းညိတ်ပြပြီး မသက်မသာဖြစ််နေဟန်နဲ့ ဇက်ပိုးကို ဘယ်ညာလှည့်လိုက်တယ်။

ဒီနေ့က တော်ဝင်စားတော်ပွဲတက်ရမှာမို့ နန်းဝတ်နန်းစားတွေ ဝတ်ထားရတယ်၊ ပန်းနုရောင်ပိုးဖဲအစမှာ ရွှေရောင် လီလီပန်းရိပ်လေးတွေပါတဲ့ဝတ်ရုံနဲ့ ရာပေါင်းများစွာသော လိပ်ပြာလေးတွေကို ပန်းထိုးပေးထားတဲ့ ဘရိုကိတ် အပေါ်ရုံကို ဆင်ယင်ထားတယ်၊ ခေါင်းမှာလဲ လှုပ်ရှားတိုင်း ကျယ်ကျယ်လောင်လောင် အသံမြည်သွားတဲ့ ကျောက်စိမ်းပုတီးစေ့သရဖူးကို ဆောင်းထားရတယ်၊ မျက်နှာလေးက ပန်းနုရောင်ပြေးနေပြီး လူပုံစံက နုနယ်လှပပေမဲ့၊ ဝတ်စုံတွေရဲ့လေးလံမှုကတော့ နှိုင်းမရဘူး။

ဝမ်ရိပေါ်က လက်မြောက်တာ မြင်လိုက်ရတဲ့ တခဏမှာ သူ့ခေါင်းပေါ်မှာ တစ်ခုခုထိုးပေးလိုက်သလို ခံစားမှုမျိုး ရှောင်းကျန့်ရလိုက်တယ်၊ လက်နဲ့စမ်းကြည့်လိုက်တော့ ထုံးစံအတိုင်း ချောမွေ့နေတဲ့ စန္ဒကူးနံ့သာသားဆံထိုးကို တွေ့လိုက်ရတယ်၊ တွဲလောင်းကျနေတဲ့ ကျောက်စိမ်းက အေးမြတဲ့ခံစားချက်ကို ပေးတယ်၊ ရှောင်းကျန့်က လက်ချောင်းလေးတွေနဲ့ ထိနေရင်း ရယ်တယ်။

"သစ်ခွလိပ်ပြာလေးပဲ"

ဝမ်ရိပေါ်ကလဲ ပြုံးလိုက်ပြီး။

"အရှင်မင်းသမီးရဲ့မယ်တော်က သစ်ခွနန်းတော်ထဲမှာ နေခဲ့တာဆိုတော့.. အရှင်မင်းသမီးလဲ သစ်ခွပန်းကြိုက်လောက်မယ် ထင်လို့ပါ"

ရှောင်းကျန့်က ဆံထိုးလေးကို မဖြုတ်လိုက်ဘဲ ကျောက်စိမ်းပန်းပွင့်လေးနဲ့ အခက်လေးတွေကို လက်ချောင်းထိပ်လေးနဲ့ လိုက်ထိနေတယ်၊ နောက်တော့ သဘောတကျ ထပ်ရယ်လိုက်ပြီး။

"ဝမ်ရိပေါ်.. မင်းက မရိုးသားဘူးပဲ"

ဝမ်ရိပေါ်ကသူ့ကို မျက်ခုံးနှစ်ဖက် အသာပင့်မပြီး ကြည့်လာတယ်။

"ဒီနေ့ပွဲကို သစ်ခွလိပ်ပြာဆံထိုးနဲ့ လာတက်တာကို ရန်ဖေးသာ မြင်သွားကြည့်ပါလား.. ပန်ကုန်းက သူစိတ်အနှောင့်အယှက်ဖြစ်အောင် တမင်လုပ်လာပါတယ်ဆိုပြီး ဒေါသပုန်ထလိမ့်မယ်"

"မင်းသမီးပျော်ရင်ပြီးတာပဲ မဟုတ်ဘူးလား.. ဘာတွေများ ဂရုစိုက်စရာလိုမှာပဲ"

ဝမ်ရိပေါ်က လက်မြှောက်ပြီး နေရာအနည်းငယ်ရွေ့သွားတဲ့ ဆံထိုးလေးကို တည့်တည့်လေး ဖြစ်သွားအောင် သေချာပြန်ထိုးပေးတယ်၊ ဝမ်ရိပေါ်အနားကို ကပ်လာတော့ လတ်ဆတ်တဲ့စန္ဒကူးနံ့သာရနံ့က သင်းထုံသွားတဲ့အပြင်၊ လက်ကောက်ဝတ်မှာရှိနေတဲ့ ဆုတောင်းပုတီးဆီက ခပ်တိုးတိုးမြည်သံလဲ ကြားလိုက်ရတယ်။

"ဒီဆံထိုးလေးမှာ လျှို့ဝှက်ဆန်းကြယ်မှုတစ်ခု ရှိသေးတယ်"

ဝမ်ရိပေါ်က ရှောင်းကျန့်လက်ကို ဆွဲယူသွားပြီး ဆံထိုးလေးကို တစ်ပတ်လှည့်လိုက်တယ်၊ ဂျောက်ခနဲ အသံနဲ့ ချွန်ထက်တဲ့ ဓားတစ်လက်က ဓားအိမ်ထဲကနေ ထွက်လာတယ်၊ ရှောင်းကျန့်ကြည့်လိုက်တော့ လက်ထဲပါလာတာက အရွယ်အစားသေးပေမဲ့ သပ်ရပ်လှပတဲ့ ဓားမြှောင့်ငယ်လေးတစ်လက် ဖြစ်နေခဲ့တယ်။

ဝမ်ရိပေါ်က ဆံထိုးရဲ့အရိုးကို ဓားအိမ်လို သုံးထားတာ၊ အလင်းရောင်အားနည်းတဲ့ ဝေါယာဉ်ထဲမှာ ထက်မြတဲ့ဓားမြှောင်လေးရဲ့ဓားသွားက အရောင်တလက်လက်ဖြာနေတယ်၊ ဓားရိုးလေးမှာတော့ ကျောက်စိမ်းသစ်ခွလိပ်ပြာလေးက တွဲလောင်းကျနေတယ်။

"မင်းသမီးလုပ်ပေးဖို့ပြောဖူးတဲ့ လျှို့ဝှက်ဓားပါတဲ့ ဆံထိုးလေး လုပ်လာတာပါ.. ဘယ်လိုလဲ.. နှစ်သက်ပါရဲ့လား?"

ရှောင်းကျန့်က ဓားလေးကို အဖိုးတန်အရာတစ်ခုလား ဂရုတစိုက် ပွတ်သပ်ကိုင်တွယ်နေရင်း။

"အနုစိတ်လိုက်တာ.. သိပ်သဘောကျတာပဲ"

ရှောင်းကျန့်က ပြုံးရယ်နေရင်း ဝမ်ရိပေါ်ကို မှတ်ချက်တစ်ခုပေးတယ်။

"မင်းက ဟယ်ရှန်သာမဟုတ်ခဲ့ရင် ထူးချွန်တဲ့လက်မှုပညာရှင် ဖြစ်လာမှာ သေချာတယ်"

"အရှင်မင်းသမီးကတော့ ကိုယ်တော့်ကို စနောက်ပြန်ပြီ"

ရှောင်းကျန့်က ပြုံးတုံ့တုံ့နဲ့ ဝမ်ရိပေါ်နားကို ကပ်လာပြီး ခပ်တိုးတိုး မေးတယ်။

"ဘာလို့လဲ.. ဒီနေ့ပန်ကုန်းကို နန်းတွင်းလွှတ်လိုက်ရတဲ့အတွက် စိတ်မချဖြစ်နေလို့လား.. အခုချိန် နန်းတော်ထဲ ဝင်သွားရင် ပန်ကုန်းမှ အန္တရာယ်ဖြစ်လာမှာ စိုးရိမ်နေတာလား?"

ဝမ်ရိပေါ်က ဘာမှ ပြန်မဖြေဘူး၊ ဒါပေမဲ့ နန်းလျာမင်းသား မွေးလာတဲ့အတွက် ရှောင်းကျန့်ရဲ့ တော်ဝင်အာဏာစက်က အရင်ထက် ယိမ်းယိုင်ချိနဲ့ လာလိမ့်မယ်ဆိုတာ သူသေချာသိတယ်၊ အိမ်တော်ထဲမှာ တိတ်ဆိတ်နေတယ် ဆိုတာက မုန်တိုင်းမကျခင် လေငြိမ်နေတဲ့ ထင်ယောင်ထင်မှားဖြစ်မှု သက်သက်ပဲ၊ မငြိမ်သက်မှုတွေ ကျိန်းသေပေါက်ရှိနေတာ။

ဝမ်ရိပေါ်က ရှောင်းကျန့်ကိုကူညီပြီး ဆံထိုးလေးကို သေချာပြန်ထိုးပေးလိုက်တယ်။

"မင်းသမီး ဘေးကင်းဖို့ မျှော်လင့်ပါတယ်.. သတိနဲ့ဂရုစိုက်သွားပါ"

ကိုယ်တော့်ကို စိတ်ပူရအောင် မလုပ်ပါနဲ့။

ရှောင်းကျန့်ရဲ့ နူးနူးညံ့ညံ့လေး ပြုံးလိုက်ပြီး။

"မင်းက ပန်ကုန်းကို စိတ်ပူနေတာပဲ"

ဝမ်ရိပေါ်က လက်ကိုပြန်ချလိုက်ပြီး ရှောင်းကျန့်နဲ့ မျက်လုံးချင်းဆုံပြီး ကြည့်လာတယ်။

"ကိုယ်တော်က စိတ်ပူတယ်ပြောရင်ကော.. မင်းသမီးက ဘာလုပ်မှာလဲ?"

ဝေါယာဉ်ထဲမှာ အလင်းရောင် သိပ်မကောင်းလှဘူး၊ ဒါပေမဲ့ ဝမ်ရိပေါ်ရဲ့အကြည့်တွေကတော့ တောက်လောင်နေတယ်၊ ဒါကို ကောင်းကောင်း ခံစားမိနေတာမို့ ရှောင်းကျန်း ပါးပြင်နှစ်ဖက်လုံး ပူတက်လာတယ်၊ တကယ်တော့ ရှောင်းကျန့်က ကျီစယ်စနောက်ချင်ရုံပါ၊ ဝမ်ရိပေါ်လိုလူမျိုးက ဗြောင်ကျကျဝန်ခံပြီး တန်ပြန်မေးခွန်းထုတ်လိမ့်မယ်လို့ ရှောင်းကျန့်မှ မထင်ခဲ့မိတာလေ။

ထင်သလိုမဟုတ်တော့ ရှောင်းကျန့် ဘဝင်မကျသလို ဖြစ်သွားတယ်။

"မလုပ်ပါဘူး.. ဘာမှမလုပ်ဘူး"

ဝမ်ရိပေါ်က ပြုံးလိုက်ပြီး အနည်းငယ် ဖရိုဖရဲဖြစ်နေတဲ့ ရှောင်းကျန့်ရဲ့ဝတ်ရုံကို ကျကျနန ဖြစ်သွားအောင် ဆွဲဆန့်ပေးရင်း ဆိုတယ်။

"ကိုယ်တော်က အရှင်မင်းသမီးကို ဒီနေရာမှာပဲ စောင့်နေမှာမို့"

"..."

"စောစောသွားပြီး.. စောစောပြန်လာခဲ့ပါ"

...

ညဘက်ဖြစ်ပေမဲ့ ကျင်ဟွာဥယျာဉ်တော်တစ်ခုလုံးကို မီးပုံးတွေ၊ ရွှေပန်းဆွဲ၊ ငွေပန်းဆွဲတွေနဲ့ ထိန်ထိန်ညီးနေအောင်  အလှဆင်ထားတဲ့အတွက် တောက်ပနေတဲ့မီးရောင်များကို ၁၀မိုင်အဝေးကနေတောင် မြင်နေရတယ်၊ ပွဲအခမ်းအနားကျင်းပဖို့ရာ မင်္ဂလာအချိန် မရောက်သေးတာကြောင့် တော်ဝင်ဧည့်သည်တော် မှူးကြီးမတ်ကြီး အချင်းချင်းသာ စကားလက်ဆုံ ကျနေတယ်။

စိမ်းစိုနေတဲ့ ဝါးတောလေးတွေလဲပါဝင်တဲ့ ဧကရာဇ်ရဲ့ဥယျာဉ်တော်က လောကတခွင်မှာ အလှပဆုံး သဘာဝရှုခင်း ပန်းချီတစ်ချပ်ရယ်လို့ နာမည်ကြီးတယ်၊ ဒီဥယျာဉ်တော်ကို ကျင်ဟွာလို့နာမည်တွင်ရတဲ့ အကြောင်းအရင်းက ဥယျာဉ်တော်အလယ်က အလှမွေး Koi ရွှေငါးကြင်း အကောင်ရေ ထောင်ပေါင်းများစွာရှိနေတဲ့ ကျောက်စိမ်းရေကန်ကြောင့်ပဲ၊ ဧကရာဇ်က သူတန်ဖိုးထားတဲ့နေရာမှာ ဂုဏ်ပြုစားသောက်ပွဲကျင်းပခွင့်ပြုလိုက်တယ်ဆိုတာက ရန်မျိုးနွယ်တွေနဲ့ သားတော်လေးကို မျက်နှာသာပေးလိုက်တာနဲ့ အတူတူပါပဲ။

ရှောင်းကျန့်က ညစာစားပွဲတွေ သိပ်တက်လေ့မရှိပါဘူး၊ တက်ခဲ့ရင်တောင် ပင်မနားနေဆောင်ထဲမှာ တသီးတသန့် ဝင်ထိုင်ပြီး စည်ကားနေတဲ့အပြင်လောကကို ကြည့်နေတာများတယ်၊ ဒီနေ့က ရန်မျိုးနွယ်တွေအတွက် လုပ်ပေးတဲ့ အထူးညစာစားပွဲ ဖြစ်နေတော့ ဘေးကနားနေဆောင်မှာပဲ နေရာယူလိုက်ပြီး အဲဒီအမျိုးသမီးရဲ့အပေါင်းအပါတွေ ပျော်ပါးရယ်မောနေတာကို ထိုင်ကြည့်နေတယ်။

ရှောင်းကျန့်က ပွဲတက်လေ့မရှိပေမဲ့ သူရောက်လာရင်တော့ မျက်နှာလုပ်ပြီး နှုတ်ဆက်ချင်တဲ့လူတွေက ရှိနေကျပဲ၊ များသောအားဖြင့် ရှောင်းကျန့်ကို စကားရောဖောရော မလုပ်ရဲကြဘဲ တရိုတသေ လာနှုတ်ဆက်ကြရတယ်၊ ရယ်စရာကောင်းတာက ဒီနေ့ကျ အဲလိုလူတွေလဲ သိသိသာသာ ကျဲပါးသွားခဲ့တယ်။

သိပ်မဝေးတဲ့နေရာမှာတော့ လူစုရုံးစုရုံးဖြစ်နေတာကို တွေ့နေရတယ်၊ အားလုံးရဲ့အလယ်မှာတော့ ဟန်ချင်မင်းသားကြီးရဲ့ သမီးတော်ထိုင်နေတယ်၊ ဟန်ချင်မင်းသားကြီးဆိုတာက တခြားလူမဟုတ်ဘူး၊ ရန်မိဖုရားရဲ့အယုံကြည်ရဆုံး ဆွေတော်မျိုးတော် ဝန်မင်းပါ၊ အခုလက်ရှိမှာ ရန်မိဖုရားရဲ့ကံက အတက်ဘက်ကို ရောက်နေတာမို့ အများစုက ရန်မိဖုရားရဲ့ မွေးစားသမီးနားမှာ အစာတောင်းနေတဲ့ ခွေးတွေလို သွားရည်တမြားမြားနဲ့ ဝိုင်းနေကြတာပဲ။

ဒီလိုနဲ့ တစ်ချိန်က ဩဇာအာဏာစက် အမြင့်ဆုံးဖြစ်တဲ့ တော်ဝင်မင်းသမီးချင်ဟွေ့ရဲ့တည်ရှိမှုက စတင်ပြီး မှေးမှိန်လာခဲ့တယ်။

"အထက်ဖား အောက်ဖိတွေက ထျန်ယွမ်မှာပဲ ရှိတယ်လို့ ထင်ခဲ့မိတာ.. ဘယ်ဟုတ်မလဲ တကယ်တော့ လောကကြီးရဲ့နေရာတိုင်းမှာ ရှိနေကြတာပဲ"

အမျိုးသမီးတစ်ယောက်ရဲ့ ညင်သာတဲ့ စကားသံက ကန့်လန့်ကာ အနောက်ကနေ ထွက်လာတယ်၊ ကန့်လန့်ကာကြားက အလင်းနဲ့အမှောင်ရဲ့ လှည့်စားမှုအောက်မှာ ဟွာအန်းက လက်တစ်ဖက်က ပဝါကိုကိုင်ကာ ဒူးအနည်းငယ်ညွတ်ကွေးပြီး ရှောင်းကျန့်ကို အရိုအသေပေးလာတယ်၊ ရှောင်းကျန့်က ဟွာအန်းကို ယဉ်ကျေးမှုအရတောင် ပြန်နှုတ်ဆက်ဖို့ စိတ်ကူးမရှိဘူး၊ လက်တစ်ဖက်မြှောက်လိုက်တော့ ဘေးမှာရပ်နေတဲ့ပုဝမ်က ဟွာအန်းအတွက် သေရည်တစ်ခွက် ထည့်ပေးလိုက်တယ်။

ဟွာအန်းက သေရည်ခွက်ကို ကိုင်ထားပြီး ခုံမှာဝင်ထိုင်တယ်၊ ဖြူသွယ်နေတဲ့လက်ချောင်းတွေက ကျောက်စိမ်းသေရည်ခွက်ရဲ့ မျက်နှာပြင်ပေါ်မှာ ရောထွေးပျောက်ကွယ်နေတယ်။

"စိတ်မဆိုးဘူးလား အရှင်မင်းသမီး?"

ရှောင်းကျန့်က ရယ်လိုက်ပြီး။

"ဟွာအန်းမင်းသမီးတောင် စိတ်မဆိုးတဲ့ကိစ္စမှာ.. ပန်ကုန်းက ဘာအကြောင်းကြောင့် စိတ်ဆိုးရမှာလဲ?"

"ဘာကြောင့် ဒီလိုပြောရတာလဲ?"

ဟွာအန်းက တကယ်ပဲနားမလည်သလို မျက်နှာလေးလုပ်ပြီး ခေါင်းလေးစောင်းပြီး ပြန်မေးတယ်။

"ဟွာအန်းမင်းသမီးက တော်ဝင်မိသားစုဖြစ်တာမို့ မိဖုရားခေါင်ကြီးနဲ့ ပိုနီးစပ်တဲ့သူလေ..  အမတ်တစ်ယောက်ရဲ့သမီးနားမှာ ဝိုင်းနေတဲ့လူတွေက မျက်စိကန်းနေတာပဲ ဖြစ်လိမ့်မယ်"

ရှောင်းကျန့်က ခပ်အေးအေးပဲ ပြောပြလိုက်တယ်၊ ဟွာအန်းက ပြုံးလိုက်ပြီး ခွက်ကို ပဝါနဲ့အုပ်ကွယ်ကာ သေရည်တစ်ငုံသောက်တယ်။

"သူတို့အတွက် ဟွာအန်းက ဆွေမျိုးမဟုတ်ပါဘူး.. ဟွာအန်း ဒီအတိုင်း လှောင်ချိုင့်ထဲက ငှက်လေးတစ်ကောင်ဖြစ်နေရုံပါ"

"ဟွာအန်းမင်းသမီးက ကိုယ့်ကိုယ်ကို နှိမ့်ချလွန်းနေပါပြီ"

"နောက်ပြီး ပန်ကုန်းအိမ်တော်ကအစေခံတွေက သိပ်မချင့်ချိန်တတ်ဘူး.. ဒါကြောင့် အဲဒီနေ့က မင်းသမီးကို အပြစ်ပြုခဲ့မိသေးလားတော့ မသိဘူး?"

ရှောင်းကျန့်စကားသံမှာ ခံစားချက် တစ်စုံတရာ ပါမနေဘူး၊ ဟွာအန်းက သေရည်ခွက်ကို စိုက်ကြည့်နေရင်း မိုးရွာတဲ့နေ့တုန်းကကိစ္စကို ပြန်တွေးမိသွားတယ်၊ သူက လူတစ်ယောက်ရဲ့ရင်ခွင်ထဲကို ပြိုကျသွားခဲ့ပေမဲ့ အဲဒီနောက်ပိုင်း ကိစ္စတွေကို လုံးဝမသိတော့ဘူး၊ ဒါကြောင့် ဘာပြန်ပြောရမှန်းမသိ ဖြစ်နေတယ်။

ဟွာအန်းရဲ့မျက်နှာ အနည်းငယ်မှောင်ကျသွားပေမဲ့ နှုတ်ခမ်းတွေက ဆက်ပြုံးနေရင်း ငြင်းတယ်။

"အပြစ်ပြုမိတာမျိုးမရှိခဲ့ပါဘူး"

ရှောင်းကျန့်က အတက်အကျမရှိတဲ့လေသံနဲ့ တည်ငြိမ်စွာ ပြန်ပြောတယ်။

"ပန်ကုန်းရဲ့အစေခံက စည်းတွေဘောင်တွေ သိပ်မသိတာမို့ ထိန်းသိမ်းရခက်လွန်းပါတယ်"

ရှောင်းကျန့်စကားဆုံးသွားတာနဲ့ ဟွာအန်းဆီက ချိုလွင်စွာ ရယ်လိုက်သံ ထွက်လာတယ်။

"ထျန်ယွမ်မှာနေတုန်းကတည်းက အစ်ကိုတော်မင်းသားတွေဆီကနေ ကြားဖူးခဲ့တာ ရှိတယ်.. အသန်မာဆုံးမြင်းတွေက ယဉ်ပါးအောင် ထိန်းကျောင်းဖို့ အခက်ဆုံးတဲ့.. ဟွာအန်းက မိန်းကလေးဆိုပေမဲ့ မြင်းရိုင်းကို စကားနားထောင်အောင် ထိန်းကျောင်းနိုင်တဲ့သူရဲကောင်း ဖြစ်ချင်ခဲ့တာ"

သေရည်ခွက်ကိုင်ထားတဲ့ ရှောင်းကျန့်လက်တွေက ရုတ်ချည်း တင်းကျပ်သွားတယ်၊ ဟွာအန်းကတော့ သူ့အတွေးနဲ့သူ ဆက်ပြောတယ်။

"ဒါက အရှင်မင်းသမီးဟွာအန်းကို ပေးလာတဲ့ သိတတ်မှုပဲလေ.. ဟွာအန်း မယဉ်မကျေး မလုပ်ရဲပါဘူး.. နောက်ပြီး ကိစ္စကြီးလုပ်ဖို့ကလဲ ကျန်သေးတာ.. အခုချိန်မှာ ပေးထားတဲ့လက်ဆောင်ကို ပြန်တောင်းတာကျ စောမနေဘူးလား.. အရှင်မင်းသမီး လိုအပ်တယ်ပြောလာရင် ဟွာအန်းက ကူညီပေးဖို့အသင့်ပါ.. မလိုအပ်တော့တာသေချာမှ လက်ဆောင်ကို ပြန်တောင်းရင်လဲ နောက်မကျဘူးထင်ပါတယ် "

သူတို့နှစ်ယောက် သဘောတူညီမှုမရဘဲ တိုးတိုးကြိတ်ကြိတ်ဖြစ်နေတဲ့အချိန်မှာပဲ ကန့်လန့်ကာအပြင်မှာ ရပ်ကျန်နေခဲ့တဲ့ အထိန်းတော်မော့မော့ဆီက စကားသံထွက်လာတယ်။

"မိဖုရားခေါင်ကြီး ကြွလာပါပြီ ဟွာအန်းမင်းသမီး"

ဟွာအန်းက နေရာကနေ ထရပ်လိုက်ပြီး ရှောင်းကျန့်ကို အရိုအသေပေးတယ်။

"ဟွာအန်းကို ဒီလောက်နဲ့ပဲ သွားခွင့်ပြုပါ အရှင်မင်းသမီး"

ကန့်လန့်ကာကိုမပြီး အပြင်ထွက်သွားတော့မဲ့ အချိန်မှာပဲ အနောက်က စကားသံ ထွက်လာတယ်။

"နန်းတော်ထဲမှာနေရင် ဘာကိုမှ တရားသေတွက်ထားလို့မရဘူး.. ကိုယ့်အနေအထားကို နားမလည်ဘဲ အမြင့်မှန်းလွန်းရင် အကျနာတတ်တယ်ဆိုတာကို ဟွာအန်းမင်းသမီးလဲ သိလောက်မှာပါ"

ဟွာအန်းက ရှောင်းကျန့်ကို ပြန်လှည့်မကြည့်ဘူး၊ အဲဒီအစား ပြုံးလိုက်ပြီး။

"ဟွာအန်းအတွက် စိတ်မပူပါနဲ့ မင်းသမီး"

"..."

"လေကြမ်းပြီး အေးခဲလွန်းပါတယ်ဆိုရင်တောင် အပေါ်ကိုတော့ရောက်အောင် တက်ကြည့်အုန်းမှာပါ"

....

ဧကရာဇ်နဲ့ မိဖုရားခေါင်ကြီး ရောက်လာတာနဲ့ မူးမတ်တွေနဲ့ ဆွေတော်မျိုးတော်တွေက တညီတညာ အရိုအသေပေးပြီး ပွဲအခမ်းအနားကို တရားဝင်စတင်တယ်၊ အဲဒီနောက်တော့ ကျောက်စိမ်းခွက်တွေပါတဲ့ ရွှေလင်ဗန်းလေးတွေသယ်ထားတဲ့ ရံရွေတော်တွေ ဝင်ရောက်လာတယ်၊ တည့်ခင်းထားတဲ့ အစားအသောက်တွေက လှပရုံတင်မက အရသာလဲ အထူးကောင်းမွန်တယ်၊ ဧကရာဇ်နဲ့ မိဖုရားကြီးနှစ်ပါးလုံး စိတ်ပျော်ရွှင်နေတာမို့ အမတ်တွေ အရာရှိတွေကို အရှေ့ထွက်ပြီး သေရည်အတူသောက်ဖို့ မကြာမကြာ ဖိတ်တတ်တယ်။

သေရည်သောက်နေတုန်းမှာပဲ ဧကရာဇ်က ထရပ်လိုက်ပြီး မိဖုရားခေါင်ကြီးကို လက်ဆောင်ပြင်ဆင်ထားတာမို့ သူ့ရဲ့အမတ်တွေကိုပါ အတူတကွလိုက်ကြည့်ဖို့ ပြောတယ်၊ နောက်တော့ မိဖုရားခေါင်ကြီးကို လက်ဆွဲခေါ်ပြီး ပင်မနားနေဆောင်ရဲ့ လေသာဆောင်အပြင်မှာ ပခုံးချင်းယှဉ်လျက် သွားရပ်ကြည့်တယ်။

သိပ်မကြာခင်မှာပဲ ညကောင်းကင်ယံမှာ အရောင်အသွေး စုံလင်ပြီး ဆန်းပြားလှပတဲ့ မီးရှူးမီးပန်းအထပ်ထပ်နဲ့ ဖုံးလွှမ်းသွားခဲ့တယ်၊ ဒီ အတိုင်းအဆမရှိ တောက်ပနေတဲ့ အံ့သြဖွယ်ရာမြင်ကွင်းကို ကျင်ဟွာဥယျာဉ်တော်အပြင်မှာ ဂုဏ်ပြုဖို့ ရောက်နေကြတဲ့ ထောင်ပေါင်းများစွာသော တိုင်းသူပြည်သားတွေလဲ မြင်ခွင့်ရကြတယ်၊ မီးရှူးမီးပန်းတွေရဲ့အောက်မှာ ရွှေနန်းတော်တစ်ခုလုံးသာမက ကျင်းလင်မှာအမြင့်ဆုံးလို့ပြောရမဲ့ ကျောက်စိမ်းမျှော်စင်ပါ ခမ်းနားစွာ တောက်ပနေတယ်။

အဲဒီကျောက်စိမ်းမျှော်စင်က တစ်ချိန်ကတော့ ဧကရာဇ်ရဲ့ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုတဲ့ သင်္ကေတအဖြစ် နှစ်ပေါင်းများစွာ တည်ရှိခဲ့ဖူးတယ်၊ အခုမြင်ကွင်းကို ကောင်းကင်ထိအောင်မြင့်ပြီး ထီးထီးကြီးဖြစ်နေတဲ့ မျှော်စင်ထဲမှာ ချိတ်ဆွဲထားဆဲဖြစ်တဲ့ ပုံတူပန်းချီတွေထဲက အမျိုးသမီးလဲ မြင်လိမ့်မယ်ထင်တယ်။

ရှောင်းကျန့်ကတော့ ရယ်စရာကောင်းတယ်လို့ ထင်မိတာပဲ၊ ဒီမြင်ကွင်းကိုမြင်ရင် အဲဒီအမျိုးသမီးကော လှောင်ရယ်နေမလား?

အားလုံးရဲ့အာရုံက မျက်စိပသာဒရှိလွန်းတဲ့ ကောင်းကင်က မီးရှူးမီးပန်းတွေဆီမှာ ရှိနေတယ်၊ သူတစ်ယောက်တည်းကပဲ ခဏတာ မှိန်သွားလိုက် ဖျတ်ခနဲ ပြန်လင်းလာလိုက်ဖြစ်နေတဲ့ အဋ္ဌဂံပုံအဆောက်အဦးကြီးကိုပဲ မမှိတ်မသုန် ငေးကြည့်နေခဲ့တယ်၊ အဲဒီနောက်တော့ ရှောင်းကျန့်က မြင်ကွင်းကနေ မျက်စိလွှဲလိုက်ပြီး မှောင်ရိပ်ကျနေတဲ့ ဘက်ကို လျှို့ဝှက်စွာအချက်ပြလိုက်တယ်။

နောက်ဆုံးတော့ လှုပ်ရှားဖို့ အချိန်ကျပြီ။

မီးရှူးမီးပန်းဖောက်တာ မပြီးသေးခင်မှာပဲ အရာရှိတစ်ဦးဆီက တအံ့တသြ အော်ပြောလိုက်သံ ထွက်လာတယ်။

"ဒီ..ဒီငါးတွေ.. ဒီ Koi ရွှေငါးကြင်းတွေက ဘာဖြစ်တာလဲ! !"

သူ့အသံကြားတော့ ရှိသမျှလူကုန် ကျောက်စိမ်းရေကန်ထဲကို ခေါင်းငုံ့ကြည့်ကြတော့တယ်၊ ထောင်ပေါင်းများစွာသော Koi ရွှေငါးကြင်းတွေက ဧကရာဇ်နဲ့ မိဖုရားခေါင်ကြီးရဲ့ ခြေတော်ရင်းနားမှာ စုရုံးရောက်ရှိပြီး တိုးဝှေ့နေကြတဲ့အတွက် ပတ်ဝန်းကျင်ကိုတောင် ရေမှုန်ရေမွှားတွေ စင်ကုန်တယ်၊ ရေမျက်နှာပြင်ပေါ်အထိ နှစ်ပတ်သုံးပတ် ခုန်ပေါက်နေတဲ့ Koi ငါးကြင်းတွေတောင် မြင်ရတာမို့ သိပ်ကိုအံ့ဩစရာကောင်းတယ်။

"ဂုဏ်ယူဝမ်းမြောက်မိပါတယ်.. အရှင်မင်းကြီး... ဂုဏ်ယူဝမ်းမြောက်မိပါတယ်.. မိဖုရားကြီး.. Koi ရွှေငါးကြင်းတွေ နဂါးဂိတ်မှာ စုံရုံးရောက်ရှိပြီး ကောင်းချီးပေးနေကြတာပါ.. နန်းမွေခံအရှင့်သားက ကောင်းချီးအဖြာဖြာနဲ့ မွေးဖွားလာတဲ့ မင်းသားလေးပါ.. ဒါကြောင့်မို့သာ ဒီလို အံ့သြဖွယ်ကောင်းလောက်အောင် ဆန်းကြယ်တဲ့ကိစ္စမျိုးနဲ့ ကြုံတာဖြစ်ကြောင်းပါ ဘုရား"

ဘယ်သူစလိုက်သလဲ မသိပေမဲ့ ရှိသမျှအမတ်တွေကလဲ သူ့ထက်ငါအပြိုင် ဂုဏ်ပြုစကား ဆိုကြတယ်။

"ဂုဏ်ယူဝမ်းမြောက်မိပါတယ်.. အရှင်မင်းကြီး !... ဂုဏ်ယူဝမ်းမြောက်မိပါတယ်.. မိဖုရားကြီး !"

ဧကရာဇ်က ပြုံးရယ်နေတာမို့ ဒီနေ့ နဂါးမြူးနေတာ အသေအချာပဲ၊ သူက မိဖုရားခေါင်ကြီးလက်ထဲမှာ ချီထားတဲ့ သားတော်လေးကို ကြင်နာစွာ ငုံ့ကြည့်ပြီး ချော့မြှူလိုပ်သေးတယ်။

"ငါကိုယ်တော်ရဲ့ကျို့အာလေးက ကောင်းခြင်းအဖြာဖြာနဲ့ ပြည့်စုံနေတဲ့ ကလေးလေးပဲ"

နန်းလျာသားတော်လေးက ခမည်းတော်ရဲ့ လက်ညိုးကို ဆုပ်ကိုင်ထားပြီး တခစ်ခစ်ရယ်သံ ပေးတယ်။

အချိန်အများစုမှာ အေးစက်နေတတ်တဲ့ ရန်ဖေးရဲ့ မျက်နှာက အခုအခိုက်အတန့်မှာတော့ သားကိုချစ်တဲ့ မိခင်မေတ္တာကြောင့် တောက်ပနွေးထွေးနေတယ်၊ သူက ပြုံးနေရင်း ပြောလာတယ်။

"ကြည့်ပါအုံး အရှင်.. သားတော်လေးက သူ့ခမည်းတော်ကို အတော်ချစ်တဲ့ပုံပါ"

သူတို့နှစ်ယောက်က သားချော့တေးဆိုပြကာ ကလေးမြှူနေကြတယ်၊ သိတတ်တဲ့သားလိမ္မာလေးကြောင့် ဧကရာဇ် ဂုဏ်ယူဝမ်းမြောက်နေမှန်း သိသာလွန်းတယ်။

မီးရှူးမီးပန်းတွေကွယ်ပျောက်သွားချိန်မှာတော့ ကောင်းကင်က မူလအတိုင်း ပြန်လည်မည်းမှောင်သွားတယ်၊ ဒါပေမဲ့ ရုတ်ချည်းဆိုသလိုပဲ ခပ်ဖျော့ဖျော့ အလင်းတန်းတချို့ ပေါ်လာတယ်၊ တိမ်တွေအနောက်မှာ ပုန်းလျှိုးကွယ်လျှိုးလုပ်နေတဲ့ အဲဒီအလင်းတန်းက ညမှောင်မှောင်မှာ တဖြည်းဖြည်း သိသာလာခဲ့တယ်။

"နဂါး.. နဂါးပဲ!!"

လူတစ်ယောက်က ထ, အော်လိုက်တဲ့အခါ လူတိုင်း တအံ့တသြနဲ့ မော့ကြည့်ကုန်တယ်၊ ရန်ဖေးတောင် မယုံနိုင်ဖြစ်ပြီး ခေါင်းမော့ ကြည့်လာတယ်။

တကယ်ပဲ နဂါးတစ်ကောင်လို ခံ့ညားထည်ဝါတဲ့ အရိပ်တစ်ခုက တိမ်တွေရဲ့အနောက်မှာ ခွေကာရစ်ကာနဲ့ လှည့်ပတ်နေတာကို ကောင်းကင်မှာ ထင်ရှားစွာ မြင်တွေ့နေရတယ်။

နဂါးဆိုတာက တန်ခိုးအာဏာ ကြီးမားပြီး အလင်းအမှောင်ကို လိုသလို ထိန်းချုပ်နိုင်စွမ်းရှိတယ်၊ နေ့တာနဲ့ညတာ ၁၂ နာရီချင်းညီမျှသွားတဲ့ နွေဦးရက် (မတ် ၂၁)မှာ နဂါးက ကောင်းကင်ကို တက်လေ့ရှိပြီး၊ နေ့တာနဲ့ညတာ ၁၂ နာရီချင်းညီမျှသွားတဲ့ ဆောင်းဦးရက်(စက်တင်ဘာ ၂၂) မှာတော့ နဂါးက အသူတစ်ရာချောက်နက်ထဲ သွားလေ့ရှိတယ်ဆိုတဲ့ ဒဏ္ဍာရီရှိတယ်။

လက်ရှိအချိန်အရ အသူတစ်ရာခြောက်နက်ထဲ ရောက်နေရမဲ့နဂါးက ရုတ်ချည်း မင်ကျောက်ရဲ့ ကောင်းကင်ယံမှာ ပေါ်လာခဲ့တယ်။

အံ့သြဆွံ့အနေတဲ့ လူအုပ်ကြီးထဲကနေ အော်သံတစ်ခု ထပ်ထွက်လာတယ်။

"နန်းမွေခံအရှင့်သားက တော်ဝင်နဂါးမျိုးနွယ်က ပြန်ဝင်စားလာတယ်ဆိုတဲ့စကားက အမှန်ဖြစ်နေတာပေါ့!!"

240305

.....

အပိုင္း။ ၄၈

ရန္ေဖးရဲ႕သားေတာ္က ခန႔္မွန္းထားတဲ့ရက္ထက္ လဝက္ေလာက္ေစာၿပီး ေမြးလာတာပါ။

"ဘာျပႆနာရွိခဲ့လို႔လဲ?"

ေရွာင္းက်န႔္ ေမးၾကည့္ေတာ့ ပုဝမ္က ခပ္တိုးတိုး ေလွ်ာက္တင္တယ္။

"ငယ္သား ၾကားမိတာေတာ့ မေတာ္တဆ ေခ်ာ္လဲၿပီး ဗိုက္နာလာတယ္လို႔ ေျပာပါတယ္.. မိဖုရားေခါင္ႀကီးက ဘယ္သူေၾကာင့္မွ မဟုတ္ဘူး.. သူ႔ဟာသူ ျဖစ္တာလို႔ ေျပာပါတယ္တဲ့ အရွင္"

ေရွာင္းက်န႔္က ေတြးေတြးဆဆနဲ႔ ေခါင္းညိတ့္လိုက္တယ္။

ဝမ္ရိေပၚက ေရွာင္းက်န႔္ရဲ႕ေျခေထာက္ေလးေတြကို ေစာင္ၿခဳံထဲ ျပန္ထည့္ၿပီး ေထြးထားေပးလိုက္တယ္၊ နန္းတြင္းကေရးရာနဲ႔ ပတ္သက္ၿပီး ေရွာင္းက်န႔္မွာ စဥ္းစားစရာေတြ ရွိေနမွန္းသိတာမို႔ မေႏွာင့္ယွက္ေတာ့ဘဲ ေဆးအသစ္က်ိဳဖို႔ ထြက္သြားတယ္။

ေရွာင္းက်န႔္က ဒူးႏွစ္လုံးေပၚ လက္တင္ၿပီး ေငးငိုင္ေနတယ္၊ ဝမ္ရိေပၚ တံခါးဖြင့္လိုက္တဲ့အခ်ိန္မွာ အခန္းထဲကို မ်က္စိက်ိန္းေလာက္ေအာင္ေတာက္ပတဲ့ ေနေရာင္ျခည္တန္းေတြ တိုးဝင္လာတယ္၊ ေရွာင္းက်န႔္က တစ္ကိုယ္စာ ၾကား႐ုံေလာက္ တီးတိုးေရ႐ြတ္တယ္။

"ေနသာတဲ့ေန႔ပဲ"

လဝက္ေလာက္ အုံ႔မႈိင္းစိုစြတ္ေစခဲ့တဲ့မိုးက ေနာက္ဆုံးမွာ ရပ္တန႔္သြားၿပီး လွပတဲ့ ေဆာင္းဦးရဲ႕အလင္းေရာင္ေလးကို ျပန္ျမင္လာရၿပီ၊ ရာသီဥတု ၾကည္လင္လာတဲ့အခါ က်င္းလင္ရဲ႕ လမ္းမတစ္ဖက္တခ်က္မွာ ဆိုင္ခန္းေလးေတြ အလွ်ိဳလွ်ိဳ ျပန္ထြက္လာၾကတယ္၊ ေဆာင္းဦး႐ြက္ေႂကြေတြေၾကာင့္ လမ္းမေတြက ေ႐ႊေဆးနဲ႔ေရးျခယ္ထားတဲ့ ပန္းခ်ီကားလိုျဖစ္ေနၿပီး ျမင္ရသူရဲ႕ စိတ္ႏွလုံးကို ၿငိမ္းေအးေစတယ္။

မိဖုရားေခါင္ႀကီးက ဆက္ခံသူ နန္းလ်ာမင္းသားကို ေမြးဖြားသန႔္စင္ေပးလိုက္တဲ့ သတင္းေၾကာင့္ တစ္တိုင္းျပည္လုံး ဝမ္းေျမာက္ေပ်ာ္႐ႊင္ေနၾကတယ္၊ ဧကရာဇ္က သားေတာ္ေလးေမြးဖြားမႈကို ဂုဏ္ျပဳတဲ့အေနနဲ႔ အက်ဥ္းသားေတြကိုပါ လြတ္ၿငိမ္းခ်မ္းသာခြင့္ ေပးခဲ့တယ္၊ ဒါေၾကာင့္ ျပည္သူေတြက ဧကရာဇ္ရဲ႕ဂ႐ုဏာေတာ္အတြက္ ေက်းဇူးတင္ၾကသလို နန္းေမြဆက္ခံမဲ့ မင္းသားငယ္ေလးရဲ႕ ဘုန္းတန္ခိုးအရွိန္ဝါကိုလဲ ခ်ီးက်ဴးေထာပနာျပဳ မဆုံးႏိုင္ေအာင္ ျဖစ္ၾကတယ္။

မင္ေက်ာက္မွာ ႐ုတ္တရက္ ႐ြာခ်လာတဲ့မိုးေၾကာင့္ ေဆာင္းဦးအမဲလိုက္ပြဲ က်င္းပေရးမွာ အေႏွာင့္အယွက္ ေပၚခဲ့တယ္၊ ဒါေပမဲ့ နန္းလ်ာမင္းသားငယ္ေမြး ေမြးဖြားလာတဲ့ေန႔မွာေတာ့ သည္းထန္ေနခဲ့တဲ့မိုးက ခ်က္ခ်င္း တိတ္သြားၿပီး ေႏြးေထြးတဲ့ေနေရာင္ျခည္တန္းေတြက မိုးသားမည္းမည္းေတြကို ျဖတ္ေက်ာ္ကာ ကမာၻေျမေပၚ တဖန္ ျပန္လည္ က်ေရာက္လာတယ္၊ မိုး႐ြာၿပီးစက ေကာင္းကင္မွာ အေရာင္စုံတိမ္ေတြနဲ႔ ခ်က္ခ်င္းျပည့္ႏွက္သြားတာက အံ့ဖြယ္တစ္ရပ္လိုပါပဲ။

ဒါတင္မကေသးပါဘူး၊ သိပ္မၾကာေသးခင္ကမွ မင္ေက်ာက္ ျပည္သူေတြထဲမွာ ကူးစက္ပ်ံ႕ႏွံ႔ၿပီး ဒုကၡေပးေနခဲ့တဲ့ တေစၦမ်က္ႏွာေရာဂါကလဲ မင္းသားငယ္ေလး ဖြားျမင္ၿပီးတဲ့ေနာက္ပိုင္းကတည္းက ျပန႔္ပြါးမႈႏႈန္း ေလ်ာ့က်လာတယ္၊ ေရာဂါအေျခအေနမဆိုးေသးတဲ့ လူနာအမ်ားစုက တစ္ေန႔တျခား ျပန္သက္သာလာတာကို ေတြ႕ရတယ္။

ဒါေတြအားလုံးက နန္းလ်ာမင္းသားငယ္ေလးရဲ႕ ဘုန္းတန္ခိုးေၾကာင့္ပဲဆိုၿပီး တိုင္းသူျပည္သား အားလုံးက တညီတၫြတ္တည္း လက္ခံလိုက္ၾကတယ္။

ေကာင္းကင္ဘုံက စစ္နတ္ဘုရားဝင္စားတဲ့ မင္းသားငယ္ေလး၊ မေကာင္းတဲ့ အတိတ္နမိတ္ေတြကို ပယ္ရွားေပးႏိုင္စြမ္းရွိတဲ့ နန္းလ်ာမင္းသား၊ ရာဇပုလႅင္ကို ပိုင္စိုးႏိုင္မဲ့ နဂါးစြမ္းအင္နဲ႔ ျပည့္ဝတဲ့သူ စတဲ့ ေကာလဟလေတြလဲ ရွိေနပါေသးတယ္။

ဒီလိုေကာလဟလေတြက အခ်ိန္တစ္ခုၾကာတဲ့အထိ ရပ္မသြားသလို၊ မင္းသားငယ္ကို အမြမ္းတင္ ဂုဏ္ျပဳမႈေတြကလဲ ေလ်ာ့ပါးမသြားဘဲ ဆက္လက္တည္ရွိေနခဲ့တယ္။

အျပင္ေလာကရဲ႕ ရႈပ္ေထြးမႈေတြက မင္းသမီးအိမ္ေတာ္ရဲ႕ ၿငိမ္သက္ေအးေဆးမႈကိုေတာ့ အေႏွာင့္အယွက္ မေပးႏိုင္ဘူး၊ ဟိတ္ဟန္ႀကီးတဲ့ ေက်ာက္စိမ္းပန္းပု၊ ေ႐ႊပန္းပုေတြ မထားတဲ့ စံအိမ္ထဲမွာ တိတ္ဆိတ္ၿငိမ္သက္ေနတယ္၊ ပန္းမ်ိဳးစုံပြင့္ေနတဲ့ ဥယ်ာဥ္ထဲမွာေတာ့ ဝတ္မႈံကူးဖို႔ အလုပ္မ်ားေနတဲ့ လိပ္ျပာေလးေတြ ပ်ားေလးေတြ ပ်ံဝဲေနၿပီ၊ ၾကည္လင္တဲ့ စမ္းေခ်ာင္းငယ္ေလးနဲ႔ စိမ္းျမတဲ့ဝါး႐ုံေတာေလးကိုလဲ ေတြ႕ရမယ္၊ သမီးေတာ္ရဲ႕စံနန္းက ေ႐ႊခ်ည္ေငြခ်ည္ထိုး ပန္းခ်ီလိုက္ကာနဲ႔ အလွဆင္ထားစရာမလိုဘူး၊ လက္က်န္အ႐ြက္ေတြကို ေႂကြက်ေပးၿပီး ေ႐ႊအိုေရာင္ေတာက္ပေစတဲ့ သစ္ေတာ္ပင္ႀကီးတစ္ပင္ ရွိေန႐ုံနဲ႔တင္ လုံေလာက္တယ္။

ေရာ္႐ြက္ဝါေတြက ေလသာေဆာင္မွာထားတဲ့ စာေရးစားပြဲရဲ႕ ေအာက္ေျခအထိ လြင့္ေႂကြလာတယ္၊ စုတ္တံကိုင္ထားတဲ့ ေရွာင္းက်န႔္ရဲ႕လက္ေတြက ခဏတာ ရပ္တန႔္သြားၿပီး ႐ြက္ေႂကြေလးကို တိတ္တဆိတ္ ၾကည့္ေနတယ္၊ အဲဒီအခိုက္အတန႔္မွာ ဝံပုေလြသားေမြးစုတ္တံထိပ္က မင္ေတြ ေအာက္စီးက်ကုန္တာေၾကာင့္ စာမ်က္ႏွာတစ္ဝက္ေလာက္ စို႐ႊဲသြားတယ္။

"အရွင္"

ေဆးပန္းကန္ကိုင္ထားတဲ့ပုဝမ္က ေရွာင္းက်န႔္နားေရာက္လာၿပီး အ႐ိုအေသေပးတယ္၊ ေရွာင္းက်န႔္က လက္ထဲက စုတ္တံကို ခ်ထားလိုက္ၿပီး ပုဝမ္ဘက္ကို အနည္းငယ္ ေစာင့္ငဲ့ၾကည့္ၿပီး ေမးတယ္။

"သူဘယ္မွာလဲ?"

ပုဝမ္က ေဆးရည္ခြက္ကို ေရွာင္းက်န႔္လက္ထဲ ေသခ်ာထည့္ေပးရင္း ေလွ်ာက္တင္တယ္။

"သာ့ရွီးက သိပ္မသက္သာေသးတဲ့ လူနာေတြကို ၾကည့္ေပးဖို႔အတြက္ ၿမိဳ႕ျပင္ခဏသြားပါတယ္.."

ေရွာင္းက်န႔္က ေဆးကို ျဖည္းျဖည္းခ်င္းေသာက္တယ္၊ ေသာက္ေနက်လို႔ေတာင္ ေျပာလို႔ရေနၿပီ၊ ဒါလဲ အခုထိ သူ႔မွာ က်င့္သားမရႏိုင္ဘူး၊ ေဆးေသာက္တိုင္း မသက္မသာနဲ႔ မ်က္ေမွာင္ၾကဳတ္မိတုန္းပါပဲ။

ပုဝမ္က ေရွာင္းက်န႔္ရဲ႕မ်က္ႏွာရိပ္မ်က္ႏွာကဲကို ၾကည့္ၿပီး မဝံ့မရဲ ေျပာလာတယ္။

"တုတ္ထိုးသၾကားလုံး သုံးေဆာင္ခ်င္ပါသလား အရွင္"

ေရွာင္းက်န႔္က လက္ခါျပၿပီး ျငင္းတယ္။

"လူနာေတြရဲ႕ အေျခအေနက ဘယ္လိုလဲ?"

"အေျခအေနေတြ ျပန္ေကာင္းလာတာေတာ့ အမွန္ပါပဲ အရွင္"

ေရွာင္းက်န႔္ဘက္က အသံတိတ္သြားၿပီး စားပြဲခုံကို လက္ညိဳးထိပ္ေလးနဲ႔ အသာေတာက္လိုက္တယ္။

"သူ႔ေသြးတစ္ခုတည္းေၾကာင့္ ေကာင္းလာတာလား.."

အရွင္က ေတြးမိတာကို မေရရာစြာနဲ႔ ထုတ္ေျပာလိုက္တဲ့ပုံမို႔ ပုဝမ္က မေျဖေသးဘဲ ေရွာင္းက်န႔္ ခံတြင္းက်င္းဖို႔ အခါးရည္အရင္ ငွဲ႔ေပးတယ္။

"ငယ္သားကေတာ့ အဲဒီလို မထင္ပါဘူးအရွင္.. သာ့ရွီးက သူေဖာ္ထားတဲ့ေဆးကို ေသာက္ဖို႔ဆႏၵရွိတဲ့ လူနာအနည္းငယ္ကိုပဲ တိုက္ခဲ့တာပါ.. ဒါေပမဲ့ ခုရက္ပိုင္းအတြင္း သက္သာလာၾကတဲ့ လူနာအမ်ားစုမွာ သာ့ရွီးရဲ႕ေဆးကို မေသာက္ဖူးတဲ့လူနာေတြ အမ်ားႀကီးပါေနပါတယ္"

ေရွာင္းက်န႔္က ခံတြင္းထဲက အခါးဓာတ္ေတြ ေလ်ာ့ပါးသက္သာသြားဖို႔အတြက္ ေရေႏြးပူပူကို တစ္ငုံအရင္ မႈတ္ေသာက္လိုက္တယ္။

"ဟြာအန္း အေမြးအိတ္ထဲကပစၥည္းအတြက္ မင္းလိုလူေတာင္ ေျဖေဆးမေဖာ္ႏိုင္ခဲ့ဘူးေလ.. ဒီေတာ့ အဆိပ္ခပ္ခဲ့တဲ့သူက သူ႔ဟာသူ အဆိပ္ေျဖေဆးထုတ္ေပးလိုက္တာ တစ္ခုပဲ ျဖစ္ႏိုင္ေျခ ရွိေတာ့တယ္.."

"ငယ္သားလဲ ဒီလိုပဲ ေတြးမိပါတယ္ အရွင္"

ေရွာင္းက်န႔္က စိတ္ရႈပ္ေထြးစြာနဲ႔ ပင့္သက္တစ္ခ်က္ ရႈိက္လိုက္ၿပီး။

"ေကာင္းၿပီ.. မနက္ျဖန္ပြဲအတြက္ လိုအပ္တာ သြားျပင္လိုက္ေတာ့"

"အမိန႔္အတိုင္းပါ အရွင္"

ဒါေပမဲ့ ပုဝမ္ ျပန္လွည့္လာတုန္းမွာပဲ ေရွာင္းက်န႔္ဆီက ေနာက္ထပ္ စကားတစ္ခြန္း ထြက္လာတယ္။

"တျမန္ေန႔က လူနာေတြအတြက္ ေဆးကုသခန္း ေဆာက္ဖို႔ လက္မႈေရးရာဝန္မင္းကို ေျပာခိုင္းထားတာ အေျခအေန ဘယ္လိုရွိၿပီလဲ?"

ဒီေမးခြန္းၾကားေတာ့ ပုဝမ္မွာ ဘယ္လိုအေျဖရမွန္းမသိဘဲ အနည္းငယ္ တုံ႔ဆိုင္းသြားခဲ့တယ္၊ ေရွာင္းက်န႔္က ရွည္သြယ္လွပတဲ့ လက္ေခ်ာင္းေတြနဲ႔ အခါးရည္ခြက္ေလးကို ညင္သာစြာ လွည့္ေနရင္း ပုဝမ္ကို ေအးစက္စြာ ၾကည့္လာတယ္။

"ဘယ္အေျခအေနလဲလို႔"

ပုဝမ္က ၾကမ္းျပင္ေပၚ ခ်က္ခ်င္း ဒူးေထာက္အ႐ိုအေသ ေပးလိုက္ၿပီး။

"ေလွ်ာက္တင္ပါတယ္ အရွင္.. ငယ္သာတို႔ သြားေျပာေပမဲ့.. လက္မႈေရးရာဝန္မင္းက ဧကရာဇ္ရဲ႕ နန္းလ်ာသားေတာ္အတြက္ ေမြးေန႔မ႑ပ္ ေဆာက္စရာ ရွိတာမို႔ လုပ္..လုပ္ဖို႔ အခ်ိန္ မ.. မရွိေသး"

ဟြန္ခနဲ ႏွာမႈတ္သံ အေနာက္မွာေတာ့ ခုံေပၚကို အခါးရည္ခြက္ ပစ္ခ်လိုက္တဲ့အသံ လိုက္လာခဲ့တယ္၊ ေရွာင္းက်န႔္က တစ္ဖက္လွည့္သြားၿပီး စုတ္တံကို ျပန္ကိုင္တယ္၊ ေနာက္ေတာ့ ေခါင္းမေမာ့ဘဲ ေျပာလာတယ္။

"ပန္ကုန္းနဲ႔ ႏွစ္ေပါင္းမ်ားစြာ အလုပ္တြဲလုပ္ခဲ့တဲ့သူက အခုေတာ့ သခင္အသစ္ကိုခစားရင္း အလုပ္မ်ားေနတယ္ ဆိုပါေတာ့"

ထိန္းထိန္းသိမ္းသိမ္း ေျပာလိုက္တဲ့စကားမို႔ ေဒါသမပါဘူး ထင္ရေပမဲ့ ပုဝမ္ကေတာ့ ေရခဲကန္ထဲ နစ္ျမဳပ္သြားသလို ေအးခဲေတာင့္တင္းသြားခဲ့တယ္။

....

မင္ေက်ာက္မွာ က်န္းေက်ာက္ဧကရာဇ္ စိုးစံေနတဲ့ နန္းသက္အႏွစ္ ၃၀ အၾကာမွာ ပထမဆုံး နန္းလ်ာသားေတာ္ ဖြားျမင္ခဲ့ၿပီး၊ သားေတာ္ရဲ႕တစ္လျပည့္ ေမြးေန႔ဂုဏ္ျပဳပြဲကို က်င္ဟြာေတာ္ဝင္ဥယ်ာဥ္ေတာ္ထဲမွာ ႀကီးက်ယ္ခမ္းနားစြာ က်င္းပေပးတယ္။

ေဝါယာဥ္ထဲမွာထိုင္လိုက္လာတဲ့ ေရွာင္းက်န႔္က ပင္လုံးႀကိဳင္အရသာဆန္မုန႔္ကို ပါးစပ္ထဲထိုးထည့္ၿပီး ဝါးေနတယ္၊ ေဆာင္းဦးဆိုတာက ပင္လုံးႀကိဳင္ပန္းေတြ ေဖြးေနေအာင္ပြင့္ေလ့ရွိတဲ့ရာသီ၊ ေမႊးပ်ံ႕ေနတဲ့ ပင္လုံးႀကိဳင္ ပန္းရနံ႔အျပည့္ပါတဲ့ အိအိေပ်ာ့ေပ်ာ့ဆန္မုန႔္ေၾကာင့္ ေရွာင္းက်န႔္ရဲ႕ပါးႏွစ္ဖက္က ရွဥ့္ေလးလို ေဘးကိုေဖာင္းထြက္ေနတယ္၊ ဒါတင္မကဘူး သူ႔မ်က္လုံးေလးေတြကလဲ စိတ္ေက်နပ္မႈအျပည့္နဲ႔ ေကြးက်ေနေသးတယ္။

ဝမ္ရိေပၚက သေဘာက်စြာၿပဳံးေနရင္း ေရွာင္းက်န႔္ရဲ႕ ႏႈတ္ခမ္းနားတဝိုက္မွာေပေနခဲ့တဲ့ မုန႔္စေတြကို ပိုးပဝါနဲ႔ သုတ္ေပးတယ္။

"အရွင္မင္းသမီးက ညစာစားပြဲသြားမဲ့လူနဲ႔ေတာင္ မတူပါလား"

ေရွာင္းက်န႔္က ဆန္မုန႔္တစ္ခု ထပ္ယူလိုက္ၿပီး။

"ညစာစားပြဲက ဗိုက္ျပည့္မွာ မဟုတ္ဘူး.. ေတြ႕ရမဲ့လူေတြကို စဥ္းစားၾကည့္တာနဲ႔တင္ အစားအေသာက္ပ်က္တယ္.. ဒါေပမဲ့ ေသရည္ကေတာ့ ေကာင္းမွာေသခ်ာတယ္.. မင္းအတြက္ တစ္အိုးယူလာေပးမယ္"

"ကိုယ္ေတာ္က ေသရည္မေသာက္တတ္ပါဘူး"

ဝမ္ရိေပၚက သူ႔အတြက္ ျငင္းသလို ေရွာင္းက်န႔္ကိုပါ တားျမစ္လိုက္ေသးတာ။

"အရွင္မင္းသမီးလဲ သိပ္ေသာက္လို႔ မျဖစ္ပါဘူး"

ေရွာင္းက်န႔္က ၿပီးၿပီးေရာ ေခါင္းညိတ္ျပၿပီး မသက္မသာျဖစ္ေနဟန္နဲ႔ ဇက္ပိုးကို ဘယ္ညာလွည့္လိုက္တယ္။

ဒီေန႔က ေတာ္ဝင္စားေတာ္ပြဲတက္ရမွာမို႔ နန္းဝတ္နန္းစားေတြ ဝတ္ထားရတယ္၊ ပန္းႏုေရာင္ပိုးဖဲအစမွာ ေ႐ႊေရာင္ လီလီပန္းရိပ္ေလးေတြပါတဲ့ဝတ္႐ုံနဲ႔ ရာေပါင္းမ်ားစြာေသာ လိပ္ျပာေလးေတြကို ပန္းထိုးေပးထားတဲ့ ဘ႐ိုကိတ္ အေပၚ႐ုံကို ဆင္ယင္ထားတယ္၊ ေခါင္းမွာလဲ လႈပ္ရွားတိုင္း က်ယ္က်ယ္ေလာင္ေလာင္ အသံျမည္သြားတဲ့ ေက်ာက္စိမ္းပုတီးေစ့သရဖူးကို ေဆာင္းထားရတယ္၊ မ်က္ႏွာေလးက ပန္းႏုေရာင္ေျပးေနၿပီး လူပုံစံက ႏုနယ္လွပေပမဲ့၊ ဝတ္စုံေတြရဲ႕ေလးလံမႈကေတာ့ ႏႈိင္းမရဘူး။

ဝမ္ရိေပၚက လက္ေျမာက္တာ ျမင္လိုက္ရတဲ့ တခဏမွာ သူ႔ေခါင္းေပၚမွာ တစ္ခုခုထိုးေပးလိုက္သလို ခံစားမႈမ်ိဳး ေရွာင္းက်န႔္ရလိုက္တယ္၊ လက္နဲ႔စမ္းၾကည့္လိုက္ေတာ့ ထုံးစံအတိုင္း ေခ်ာေမြ႕ေနတဲ့ စႏၵကူးနံ႔သာသားဆံထိုးကို ေတြ႕လိုက္ရတယ္၊ တြဲေလာင္းက်ေနတဲ့ ေက်ာက္စိမ္းက ေအးျမတဲ့ခံစားခ်က္ကို ေပးတယ္၊ ေရွာင္းက်န႔္က လက္ေခ်ာင္းေလးေတြနဲ႔ ထိေနရင္း ရယ္တယ္။

"သစ္ခြလိပ္ျပာေလးပဲ"

ဝမ္ရိေပၚကလဲ ၿပဳံးလိုက္ၿပီး။

"အရွင္မင္းသမီးရဲ႕မယ္ေတာ္က သစ္ခြနန္းေတာ္ထဲမွာ ေနခဲ့တာဆိုေတာ့.. အရွင္မင္းသမီးလဲ သစ္ခြပန္းႀကိဳက္ေလာက္မယ္ ထင္လို႔ပါ"

ေရွာင္းက်န႔္က ဆံထိုးေလးကို မျဖဳတ္လိုက္ဘဲ ေက်ာက္စိမ္းပန္းပြင့္ေလးနဲ႔ အခက္ေလးေတြကို လက္ေခ်ာင္းထိပ္ေလးနဲ႔ လိုက္ထိေနတယ္၊ ေနာက္ေတာ့ သေဘာတက် ထပ္ရယ္လိုက္ၿပီး။

"ဝမ္ရိေပၚ.. မင္းက မ႐ိုးသားဘူးပဲ"

ဝမ္ရိေပၚကသူ႔ကို မ်က္ခုံးႏွစ္ဖက္ အသာပင့္မၿပီး ၾကည့္လာတယ္။

"ဒီေန႔ပြဲကို သစ္ခြလိပ္ျပာဆံထိုးနဲ႔ လာတက္တာကို ရန္ေဖးသာ ျမင္သြားၾကည့္ပါလား.. ပန္ကုန္းက သူစိတ္အေႏွာင့္အယွက္ျဖစ္ေအာင္ တမင္လုပ္လာပါတယ္ဆိုၿပီး ေဒါသပုန္ထလိမ့္မယ္"

"မင္းသမီးေပ်ာ္ရင္ၿပီးတာပဲ မဟုတ္ဘူးလား.. ဘာေတြမ်ား ဂ႐ုစိုက္စရာလိုမွာပဲ"

ဝမ္ရိေပၚက လက္ေျမႇာက္ၿပီး ေနရာအနည္းငယ္ေ႐ြ႕သြားတဲ့ ဆံထိုးေလးကို တည့္တည့္ေလး ျဖစ္သြားေအာင္ ေသခ်ာျပန္ထိုးေပးတယ္၊ ဝမ္ရိေပၚအနားကို ကပ္လာေတာ့ လတ္ဆတ္တဲ့စႏၵကူးနံ႔သာရနံ႔က သင္းထုံသြားတဲ့အျပင္၊ လက္ေကာက္ဝတ္မွာရွိေနတဲ့ ဆုေတာင္းပုတီးဆီက ခပ္တိုးတိုးျမည္သံလဲ ၾကားလိုက္ရတယ္။

"ဒီဆံထိုးေလးမွာ လွ်ိဳ႕ဝွက္ဆန္းၾကယ္မႈတစ္ခု ရွိေသးတယ္"

ဝမ္ရိေပၚက ေရွာင္းက်န႔္လက္ကို ဆြဲယူသြားၿပီး ဆံထိုးေလးကို တစ္ပတ္လွည့္လိုက္တယ္၊ ေဂ်ာက္ခနဲ အသံနဲ႔ ခြၽန္ထက္တဲ့ ဓားတစ္လက္က ဓားအိမ္ထဲကေန ထြက္လာတယ္၊ ေရွာင္းက်န႔္ၾကည့္လိုက္ေတာ့ လက္ထဲပါလာတာက အ႐ြယ္အစားေသးေပမဲ့ သပ္ရပ္လွပတဲ့ ဓားေျမႇာင့္ငယ္ေလးတစ္လက္ ျဖစ္ေနခဲ့တယ္။

ဝမ္ရိေပၚက ဆံထိုးရဲ႕အ႐ိုးကို ဓားအိမ္လို သုံးထားတာ၊ အလင္းေရာင္အားနည္းတဲ့ ေဝါယာဥ္ထဲမွာ ထက္ျမတဲ့ဓားေျမႇာင္ေလးရဲ႕ဓားသြားက အေရာင္တလက္လက္ျဖာေနတယ္၊ ဓား႐ိုးေလးမွာေတာ့ ေက်ာက္စိမ္းသစ္ခြလိပ္ျပာေလးက တြဲေလာင္းက်ေနတယ္။

"မင္းသမီးလုပ္ေပးဖို႔ေျပာဖူးတဲ့ လွ်ိဳ႕ဝွက္ဓားပါတဲ့ ဆံထိုးေလး လုပ္လာတာပါ.. ဘယ္လိုလဲ.. ႏွစ္သက္ပါရဲ႕လား?"

ေရွာင္းက်န႔္က ဓားေလးကို အဖိုးတန္အရာတစ္ခုလား ဂ႐ုတစိုက္ ပြတ္သပ္ကိုင္တြယ္ေနရင္း။

"အႏုစိတ္လိုက္တာ.. သိပ္သေဘာက်တာပဲ"

ေရွာင္းက်န႔္က ၿပဳံးရယ္ေနရင္း ဝမ္ရိေပၚကို မွတ္ခ်က္တစ္ခုေပးတယ္။

"မင္းက ဟယ္ရွန္သာမဟုတ္ခဲ့ရင္ ထူးခြၽန္တဲ့လက္မႈပညာရွင္ ျဖစ္လာမွာ ေသခ်ာတယ္"

"အရွင္မင္းသမီးကေတာ့ ကိုယ္ေတာ့္ကို စေနာက္ျပန္ၿပီ"

ေရွာင္းက်န႔္က ၿပဳံးတုံ႔တုံ႔နဲ႔ ဝမ္ရိေပၚနားကို ကပ္လာၿပီး ခပ္တိုးတိုး ေမးတယ္။

"ဘာလို႔လဲ.. ဒီေန႔ပန္ကုန္းကို နန္းတြင္းလႊတ္လိုက္ရတဲ့အတြက္ စိတ္မခ်ျဖစ္ေနလို႔လား.. အခုခ်ိန္ နန္းေတာ္ထဲ ဝင္သြားရင္ ပန္ကုန္းမွ အႏၲရာယ္ျဖစ္လာမွာ စိုးရိမ္ေနတာလား?"

ဝမ္ရိေပၚက ဘာမွ ျပန္မေျဖဘူး၊ ဒါေပမဲ့ နန္းလ်ာမင္းသား ေမြးလာတဲ့အတြက္ ေရွာင္းက်န႔္ရဲ႕ ေတာ္ဝင္အာဏာစက္က အရင္ထက္ ယိမ္းယိုင္ခ်ိနဲ႔ လာလိမ့္မယ္ဆိုတာ သူေသခ်ာသိတယ္၊ အိမ္ေတာ္ထဲမွာ တိတ္ဆိတ္ေနတယ္ ဆိုတာက မုန္တိုင္းမက်ခင္ ေလၿငိမ္ေနတဲ့ ထင္ေယာင္ထင္မွားျဖစ္မႈ သက္သက္ပဲ၊ မၿငိမ္သက္မႈေတြ က်ိန္းေသေပါက္ရွိေနတာ။

ဝမ္ရိေပၚက ေရွာင္းက်န႔္ကိုကူညီၿပီး ဆံထိုးေလးကို ေသခ်ာျပန္ထိုးေပးလိုက္တယ္။

"မင္းသမီး ေဘးကင္းဖို႔ ေမွ်ာ္လင့္ပါတယ္.. သတိနဲ႔ဂ႐ုစိုက္သြားပါ"

ကိုယ္ေတာ့္ကို စိတ္ပူရေအာင္ မလုပ္ပါနဲ႔။

ေရွာင္းက်န႔္ရဲ႕ ႏူးႏူးညံ့ညံ့ေလး ၿပဳံးလိုက္ၿပီး။

"မင္းက ပန္ကုန္းကို စိတ္ပူေနတာပဲ"

ဝမ္ရိေပၚက လက္ကိုျပန္ခ်လိုက္ၿပီး ေရွာင္းက်န႔္နဲ႔ မ်က္လုံးခ်င္းဆုံၿပီး ၾကည့္လာတယ္။

"ကိုယ္ေတာ္က စိတ္ပူတယ္ေျပာရင္ေကာ.. မင္းသမီးက ဘာလုပ္မွာလဲ?"

ေဝါယာဥ္ထဲမွာ အလင္းေရာင္ သိပ္မေကာင္းလွဘူး၊ ဒါေပမဲ့ ဝမ္ရိေပၚရဲ႕အၾကည့္ေတြကေတာ့ ေတာက္ေလာင္ေနတယ္၊ ဒါကို ေကာင္းေကာင္း ခံစားမိေနတာမို႔ ေရွာင္းက်န္း ပါးျပင္ႏွစ္ဖက္လုံး ပူတက္လာတယ္၊ တကယ္ေတာ့ ေရွာင္းက်န႔္က က်ီစယ္စေနာက္ခ်င္႐ုံပါ၊ ဝမ္ရိေပၚလိုလူမ်ိဳးက ေျဗာင္က်က်ဝန္ခံၿပီး တန္ျပန္ေမးခြန္းထုတ္လိမ့္မယ္လို႔ ေရွာင္းက်န႔္မွ မထင္ခဲ့မိတာေလ။

ထင္သလိုမဟုတ္ေတာ့ ေရွာင္းက်န႔္ ဘဝင္မက်သလို ျဖစ္သြားတယ္။

"မလုပ္ပါဘူး.. ဘာမွမလုပ္ဘူး"

ဝမ္ရိေပၚက ၿပဳံးလိုက္ၿပီး အနည္းငယ္ ဖ႐ိုဖရဲျဖစ္ေနတဲ့ ေရွာင္းက်န႔္ရဲ႕ဝတ္႐ုံကို က်က်နန ျဖစ္သြားေအာင္ ဆြဲဆန႔္ေပးရင္း ဆိုတယ္။

"ကိုယ္ေတာ္က အရွင္မင္းသမီးကို ဒီေနရာမွာပဲ ေစာင့္ေနမွာမို႔"

"..."

"ေစာေစာသြားၿပီး.. ေစာေစာျပန္လာခဲ့ပါ"

...

ညဘက္ျဖစ္ေပမဲ့ က်င္ဟြာဥယ်ာဥ္ေတာ္တစ္ခုလုံးကို မီးပုံးေတြ၊ ေ႐ႊပန္းဆြဲ၊ ေငြပန္းဆြဲေတြနဲ႔ ထိန္ထိန္ညီးေနေအာင္  အလွဆင္ထားတဲ့အတြက္ ေတာက္ပေနတဲ့မီးေရာင္မ်ားကို ၁၀မိုင္အေဝးကေနေတာင္ ျမင္ေနရတယ္၊ ပြဲအခမ္းအနားက်င္းပဖို႔ရာ မဂၤလာအခ်ိန္ မေရာက္ေသးတာေၾကာင့္ ေတာ္ဝင္ဧည့္သည္ေတာ္ မႉးႀကီးမတ္ႀကီး အခ်င္းခ်င္းသာ စကားလက္ဆုံ က်ေနတယ္။

စိမ္းစိုေနတဲ့ ဝါးေတာေလးေတြလဲပါဝင္တဲ့ ဧကရာဇ္ရဲ႕ဥယ်ာဥ္ေတာ္က ေလာကတခြင္မွာ အလွပဆုံး သဘာဝရႈခင္း ပန္းခ်ီတစ္ခ်ပ္ရယ္လို႔ နာမည္ႀကီးတယ္၊ ဒီဥယ်ာဥ္ေတာ္ကို က်င္ဟြာလို႔နာမည္တြင္ရတဲ့ အေၾကာင္းအရင္းက ဥယ်ာဥ္ေတာ္အလယ္က အလွေမြး Koi ေ႐ႊငါးၾကင္း အေကာင္ေရ ေထာင္ေပါင္းမ်ားစြာရွိေနတဲ့ ေက်ာက္စိမ္းေရကန္ေၾကာင့္ပဲ၊ ဧကရာဇ္က သူတန္ဖိုးထားတဲ့ေနရာမွာ ဂုဏ္ျပဳစားေသာက္ပြဲက်င္းပခြင့္ျပဳလိုက္တယ္ဆိုတာက ရန္မ်ိဳးႏြယ္ေတြနဲ႔ သားေတာ္ေလးကို မ်က္ႏွာသာေပးလိုက္တာနဲ႔ အတူတူပါပဲ။

ေရွာင္းက်န႔္က ညစာစားပြဲေတြ သိပ္တက္ေလ့မရွိပါဘူး၊ တက္ခဲ့ရင္ေတာင္ ပင္မနားေနေဆာင္ထဲမွာ တသီးတသန႔္ ဝင္ထိုင္ၿပီး စည္ကားေနတဲ့အျပင္ေလာကကို ၾကည့္ေနတာမ်ားတယ္၊ ဒီေန႔က ရန္မ်ိဳးႏြယ္ေတြအတြက္ လုပ္ေပးတဲ့ အထူးညစာစားပြဲ ျဖစ္ေနေတာ့ ေဘးကနားေနေဆာင္မွာပဲ ေနရာယူလိုက္ၿပီး အဲဒီအမ်ိဳးသမီးရဲ႕အေပါင္းအပါေတြ ေပ်ာ္ပါးရယ္ေမာေနတာကို ထိုင္ၾကည့္ေနတယ္။

ေရွာင္းက်န႔္က ပြဲတက္ေလ့မရွိေပမဲ့ သူေရာက္လာရင္ေတာ့ မ်က္ႏွာလုပ္ၿပီး ႏႈတ္ဆက္ခ်င္တဲ့လူေတြက ရွိေနက်ပဲ၊ မ်ားေသာအားျဖင့္ ေရွာင္းက်န႔္ကို စကားေရာေဖာေရာ မလုပ္ရဲၾကဘဲ တ႐ိုတေသ လာႏႈတ္ဆက္ၾကရတယ္၊ ရယ္စရာေကာင္းတာက ဒီေန႔က် အဲလိုလူေတြလဲ သိသိသာသာ က်ဲပါးသြားခဲ့တယ္။

သိပ္မေဝးတဲ့ေနရာမွာေတာ့ လူစု႐ုံးစု႐ုံးျဖစ္ေနတာကို ေတြ႕ေနရတယ္၊ အားလုံးရဲ႕အလယ္မွာေတာ့ ဟန္ခ်င္မင္းသားႀကီးရဲ႕ သမီးေတာ္ထိုင္ေနတယ္၊ ဟန္ခ်င္မင္းသားႀကီးဆိုတာက တျခားလူမဟုတ္ဘူး၊ ရန္မိဖုရားရဲ႕အယုံၾကည္ရဆုံး ေဆြေတာ္မ်ိဳးေတာ္ ဝန္မင္းပါ၊ အခုလက္ရွိမွာ ရန္မိဖုရားရဲ႕ကံက အတက္ဘက္ကို ေရာက္ေနတာမို႔ အမ်ားစုက ရန္မိဖုရားရဲ႕ ေမြးစားသမီးနားမွာ အစာေတာင္းေနတဲ့ ေခြးေတြလို သြားရည္တျမားျမားနဲ႔ ဝိုင္းေနၾကတာပဲ။

ဒီလိုနဲ႔ တစ္ခ်ိန္က ဩဇာအာဏာစက္ အျမင့္ဆုံးျဖစ္တဲ့ ေတာ္ဝင္မင္းသမီးခ်င္ေဟြ႕ရဲ႕တည္ရွိမႈက စတင္ၿပီး ေမွးမွိန္လာခဲ့တယ္။

"အထက္ဖား ေအာက္ဖိေတြက ထ်န္ယြမ္မွာပဲ ရွိတယ္လို႔ ထင္ခဲ့မိတာ.. ဘယ္ဟုတ္မလဲ တကယ္ေတာ့ ေလာကႀကီးရဲ႕ေနရာတိုင္းမွာ ရွိေနၾကတာပဲ"

အမ်ိဳးသမီးတစ္ေယာက္ရဲ႕ ညင္သာတဲ့ စကားသံက ကန႔္လန႔္ကာ အေနာက္ကေန ထြက္လာတယ္၊ ကန႔္လန႔္ကာၾကားက အလင္းနဲ႔အေမွာင္ရဲ႕ လွည့္စားမႈေအာက္မွာ ဟြာအန္းက လက္တစ္ဖက္က ပဝါကိုကိုင္ကာ ဒူးအနည္းငယ္ၫြတ္ေကြးၿပီး ေရွာင္းက်န႔္ကို အ႐ိုအေသေပးလာတယ္၊ ေရွာင္းက်န႔္က ဟြာအန္းကို ယဥ္ေက်းမႈအရေတာင္ ျပန္ႏႈတ္ဆက္ဖို႔ စိတ္ကူးမရွိဘူး၊ လက္တစ္ဖက္ေျမႇာက္လိုက္ေတာ့ ေဘးမွာရပ္ေနတဲ့ပုဝမ္က ဟြာအန္းအတြက္ ေသရည္တစ္ခြက္ ထည့္ေပးလိုက္တယ္။

ဟြာအန္းက ေသရည္ခြက္ကို ကိုင္ထားၿပီး ခုံမွာဝင္ထိုင္တယ္၊ ျဖဴသြယ္ေနတဲ့လက္ေခ်ာင္းေတြက ေက်ာက္စိမ္းေသရည္ခြက္ရဲ႕ မ်က္ႏွာျပင္ေပၚမွာ ေရာေထြးေပ်ာက္ကြယ္ေနတယ္။

"စိတ္မဆိုးဘူးလား အရွင္မင္းသမီး?"

ေရွာင္းက်န႔္က ရယ္လိုက္ၿပီး။

"ဟြာအန္းမင္းသမီးေတာင္ စိတ္မဆိုးတဲ့ကိစၥမွာ.. ပန္ကုန္းက ဘာအေၾကာင္းေၾကာင့္ စိတ္ဆိုးရမွာလဲ?"

"ဘာေၾကာင့္ ဒီလိုေျပာရတာလဲ?"

ဟြာအန္းက တကယ္ပဲနားမလည္သလို မ်က္ႏွာေလးလုပ္ၿပီး ေခါင္းေလးေစာင္းၿပီး ျပန္ေမးတယ္။

"ဟြာအန္းမင္းသမီးက ေတာ္ဝင္မိသားစုျဖစ္တာမို႔ မိဖုရားေခါင္ႀကီးနဲ႔ ပိုနီးစပ္တဲ့သူေလ..  အမတ္တစ္ေယာက္ရဲ႕သမီးနားမွာ ဝိုင္းေနတဲ့လူေတြက မ်က္စိကန္းေနတာပဲ ျဖစ္လိမ့္မယ္"

ေရွာင္းက်န႔္က ခပ္ေအးေအးပဲ ေျပာျပလိုက္တယ္၊ ဟြာအန္းက ၿပဳံးလိုက္ၿပီး ခြက္ကို ပဝါနဲ႔အုပ္ကြယ္ကာ ေသရည္တစ္ငုံေသာက္တယ္။

"သူတို႔အတြက္ ဟြာအန္းက ေဆြမ်ိဳးမဟုတ္ပါဘူး.. ဟြာအန္း ဒီအတိုင္း ေလွာင္ခ်ိဳင့္ထဲက ငွက္ေလးတစ္ေကာင္ျဖစ္ေန႐ုံပါ"

"ဟြာအန္းမင္းသမီးက ကိုယ့္ကိုယ္ကို ႏွိမ့္ခ်လြန္းေနပါၿပီ"

"ေနာက္ၿပီး ပန္ကုန္းအိမ္ေတာ္ကအေစခံေတြက သိပ္မခ်င့္ခ်ိန္တတ္ဘူး.. ဒါေၾကာင့္ အဲဒီေန႔က မင္းသမီးကို အျပစ္ျပဳခဲ့မိေသးလားေတာ့ မသိဘူး?"

ေရွာင္းက်န႔္စကားသံမွာ ခံစားခ်က္ တစ္စုံတရာ ပါမေနဘူး၊ ဟြာအန္းက ေသရည္ခြက္ကို စိုက္ၾကည့္ေနရင္း မိုး႐ြာတဲ့ေန႔တုန္းကကိစၥကို ျပန္ေတြးမိသြားတယ္၊ သူက လူတစ္ေယာက္ရဲ႕ရင္ခြင္ထဲကို ၿပိဳက်သြားခဲ့ေပမဲ့ အဲဒီေနာက္ပိုင္း ကိစၥေတြကို လုံးဝမသိေတာ့ဘူး၊ ဒါေၾကာင့္ ဘာျပန္ေျပာရမွန္းမသိ ျဖစ္ေနတယ္။

ဟြာအန္းရဲ႕မ်က္ႏွာ အနည္းငယ္ေမွာင္က်သြားေပမဲ့ ႏႈတ္ခမ္းေတြက ဆက္ၿပဳံးေနရင္း ျငင္းတယ္။

"အျပစ္ျပဳမိတာမ်ိဳးမရွိခဲ့ပါဘူး"

ေရွာင္းက်န႔္က အတက္အက်မရွိတဲ့ေလသံနဲ႔ တည္ၿငိမ္စြာ ျပန္ေျပာတယ္။

"ပန္ကုန္းရဲ႕အေစခံက စည္းေတြေဘာင္ေတြ သိပ္မသိတာမို႔ ထိန္းသိမ္းရခက္လြန္းပါတယ္"

ေရွာင္းက်န႔္စကားဆုံးသြားတာနဲ႔ ဟြာအန္းဆီက ခ်ိဳလြင္စြာ ရယ္လိုက္သံ ထြက္လာတယ္။

"ထ်န္ယြမ္မွာေနတုန္းကတည္းက အစ္ကိုေတာ္မင္းသားေတြဆီကေန ၾကားဖူးခဲ့တာ ရွိတယ္.. အသန္မာဆုံးျမင္းေတြက ယဥ္ပါးေအာင္ ထိန္းေက်ာင္းဖို႔ အခက္ဆုံးတဲ့.. ဟြာအန္းက မိန္းကေလးဆိုေပမဲ့ ျမင္း႐ိုင္းကို စကားနားေထာင္ေအာင္ ထိန္းေက်ာင္းႏိုင္တဲ့သူရဲေကာင္း ျဖစ္ခ်င္ခဲ့တာ"

ေသရည္ခြက္ကိုင္ထားတဲ့ ေရွာင္းက်န႔္လက္ေတြက ႐ုတ္ခ်ည္း တင္းက်ပ္သြားတယ္၊ ဟြာအန္းကေတာ့ သူ႔အေတြးနဲ႔သူ ဆက္ေျပာတယ္။

"ဒါက အရွင္မင္းသမီးဟြာအန္းကို ေပးလာတဲ့ သိတတ္မႈပဲေလ.. ဟြာအန္း မယဥ္မေက်း မလုပ္ရဲပါဘူး.. ေနာက္ၿပီး ကိစၥႀကီးလုပ္ဖို႔ကလဲ က်န္ေသးတာ.. အခုခ်ိန္မွာ ေပးထားတဲ့လက္ေဆာင္ကို ျပန္ေတာင္းတာက် ေစာမေနဘူးလား.. အရွင္မင္းသမီး လိုအပ္တယ္ေျပာလာရင္ ဟြာအန္းက ကူညီေပးဖို႔အသင့္ပါ.. မလိုအပ္ေတာ့တာေသခ်ာမွ လက္ေဆာင္ကို ျပန္ေတာင္းရင္လဲ ေနာက္မက်ဘူးထင္ပါတယ္ "

သူတို႔ႏွစ္ေယာက္ သေဘာတူညီမႈမရဘဲ တိုးတိုးႀကိတ္ႀကိတ္ျဖစ္ေနတဲ့အခ်ိန္မွာပဲ ကန႔္လန႔္ကာအျပင္မွာ ရပ္က်န္ေနခဲ့တဲ့ အထိန္းေတာ္ေမာ့ေမာ့ဆီက စကားသံထြက္လာတယ္။

"မိဖုရားေခါင္ႀကီး ႂကြလာပါၿပီ ဟြာအန္းမင္းသမီး"

ဟြာအန္းက ေနရာကေန ထရပ္လိုက္ၿပီး ေရွာင္းက်န႔္ကို အ႐ိုအေသေပးတယ္။

"ဟြာအန္းကို ဒီေလာက္နဲ႔ပဲ သြားခြင့္ျပဳပါ အရွင္မင္းသမီး"

ကန႔္လန႔္ကာကိုမၿပီး အျပင္ထြက္သြားေတာ့မဲ့ အခ်ိန္မွာပဲ အေနာက္က စကားသံ ထြက္လာတယ္။

"နန္းေတာ္ထဲမွာေနရင္ ဘာကိုမွ တရားေသတြက္ထားလို႔မရဘူး.. ကိုယ့္အေနအထားကို နားမလည္ဘဲ အျမင့္မွန္းလြန္းရင္ အက်နာတတ္တယ္ဆိုတာကို ဟြာအန္းမင္းသမီးလဲ သိေလာက္မွာပါ"

ဟြာအန္းက ေရွာင္းက်န႔္ကို ျပန္လွည့္မၾကည့္ဘူး၊ အဲဒီအစား ၿပဳံးလိုက္ၿပီး။

"ဟြာအန္းအတြက္ စိတ္မပူပါနဲ႔ မင္းသမီး"

"..."

"ေလၾကမ္းၿပီး ေအးခဲလြန္းပါတယ္ဆိုရင္ေတာင္ အေပၚကိုေတာ့ေရာက္ေအာင္ တက္ၾကည့္အုန္းမွာပါ"

....

ဧကရာဇ္နဲ႔ မိဖုရားေခါင္ႀကီး ေရာက္လာတာနဲ႔ မူးမတ္ေတြနဲ႔ ေဆြေတာ္မ်ိဳးေတာ္ေတြက တညီတညာ အ႐ိုအေသေပးၿပီး ပြဲအခမ္းအနားကို တရားဝင္စတင္တယ္၊ အဲဒီေနာက္ေတာ့ ေက်ာက္စိမ္းခြက္ေတြပါတဲ့ ေ႐ႊလင္ဗန္းေလးေတြသယ္ထားတဲ့ ရံေ႐ြေတာ္ေတြ ဝင္ေရာက္လာတယ္၊ တည့္ခင္းထားတဲ့ အစားအေသာက္ေတြက လွပ႐ုံတင္မက အရသာလဲ အထူးေကာင္းမြန္တယ္၊ ဧကရာဇ္နဲ႔ မိဖုရားႀကီးႏွစ္ပါးလုံး စိတ္ေပ်ာ္႐ႊင္ေနတာမို႔ အမတ္ေတြ အရာရွိေတြကို အေရွ႕ထြက္ၿပီး ေသရည္အတူေသာက္ဖို႔ မၾကာမၾကာ ဖိတ္တတ္တယ္။

ေသရည္ေသာက္ေနတုန္းမွာပဲ ဧကရာဇ္က ထရပ္လိုက္ၿပီး မိဖုရားေခါင္ႀကီးကို လက္ေဆာင္ျပင္ဆင္ထားတာမို႔ သူ႔ရဲ႕အမတ္ေတြကိုပါ အတူတကြလိုက္ၾကည့္ဖို႔ ေျပာတယ္၊ ေနာက္ေတာ့ မိဖုရားေခါင္ႀကီးကို လက္ဆြဲေခၚၿပီး ပင္မနားေနေဆာင္ရဲ႕ ေလသာေဆာင္အျပင္မွာ ပခုံးခ်င္းယွဥ္လ်က္ သြားရပ္ၾကည့္တယ္။

သိပ္မၾကာခင္မွာပဲ ညေကာင္းကင္ယံမွာ အေရာင္အေသြး စုံလင္ၿပီး ဆန္းျပားလွပတဲ့ မီးရွဴးမီးပန္းအထပ္ထပ္နဲ႔ ဖုံးလႊမ္းသြားခဲ့တယ္၊ ဒီ အတိုင္းအဆမရွိ ေတာက္ပေနတဲ့ အံ့ၾသဖြယ္ရာျမင္ကြင္းကို က်င္ဟြာဥယ်ာဥ္ေတာ္အျပင္မွာ ဂုဏ္ျပဳဖို႔ ေရာက္ေနၾကတဲ့ ေထာင္ေပါင္းမ်ားစြာေသာ တိုင္းသူျပည္သားေတြလဲ ျမင္ခြင့္ရၾကတယ္၊ မီးရွဴးမီးပန္းေတြရဲ႕ေအာက္မွာ ေ႐ႊနန္းေတာ္တစ္ခုလုံးသာမက က်င္းလင္မွာအျမင့္ဆုံးလို႔ေျပာရမဲ့ ေက်ာက္စိမ္းေမွ်ာ္စင္ပါ ခမ္းနားစြာ ေတာက္ပေနတယ္။

အဲဒီေက်ာက္စိမ္းေမွ်ာ္စင္က တစ္ခ်ိန္ကေတာ့ ဧကရာဇ္ရဲ႕ခ်စ္ျခင္းေမတၱာကို ကိုယ္စားျပဳတဲ့ သေကၤတအျဖစ္ ႏွစ္ေပါင္းမ်ားစြာ တည္ရွိခဲ့ဖူးတယ္၊ အခုျမင္ကြင္းကို ေကာင္းကင္ထိေအာင္ျမင့္ၿပီး ထီးထီးႀကီးျဖစ္ေနတဲ့ ေမွ်ာ္စင္ထဲမွာ ခ်ိတ္ဆြဲထားဆဲျဖစ္တဲ့ ပုံတူပန္းခ်ီေတြထဲက အမ်ိဳးသမီးလဲ ျမင္လိမ့္မယ္ထင္တယ္။

ေရွာင္းက်န႔္ကေတာ့ ရယ္စရာေကာင္းတယ္လို႔ ထင္မိတာပဲ၊ ဒီျမင္ကြင္းကိုျမင္ရင္ အဲဒီအမ်ိဳးသမီးေကာ ေလွာင္ရယ္ေနမလား?

အားလုံးရဲ႕အာ႐ုံက မ်က္စိပသာဒရွိလြန္းတဲ့ ေကာင္းကင္က မီးရွဴးမီးပန္းေတြဆီမွာ ရွိေနတယ္၊ သူတစ္ေယာက္တည္းကပဲ ခဏတာ မွိန္သြားလိုက္ ဖ်တ္ခနဲ ျပန္လင္းလာလိုက္ျဖစ္ေနတဲ့ အ႒ဂံပုံအေဆာက္အဦးႀကီးကိုပဲ မမွိတ္မသုန္ ေငးၾကည့္ေနခဲ့တယ္၊ အဲဒီေနာက္ေတာ့ ေရွာင္းက်န႔္က ျမင္ကြင္းကေန မ်က္စိလႊဲလိုက္ၿပီး ေမွာင္ရိပ္က်ေနတဲ့ ဘက္ကို လွ်ိဳ႕ဝွက္စြာအခ်က္ျပလိုက္တယ္။

ေနာက္ဆုံးေတာ့ လႈပ္ရွားဖို႔ အခ်ိန္က်ၿပီ။

မီးရွဴးမီးပန္းေဖာက္တာ မၿပီးေသးခင္မွာပဲ အရာရွိတစ္ဦးဆီက တအံ့တၾသ ေအာ္ေျပာလိုက္သံ ထြက္လာတယ္။

"ဒီ..ဒီငါးေတြ.. ဒီ Koi ေ႐ႊငါးၾကင္းေတြက ဘာျဖစ္တာလဲ! !"

သူ႔အသံၾကားေတာ့ ရွိသမွ်လူကုန္ ေက်ာက္စိမ္းေရကန္ထဲကို ေခါင္းငုံ႔ၾကည့္ၾကေတာ့တယ္၊ ေထာင္ေပါင္းမ်ားစြာေသာ Koi ေ႐ႊငါးၾကင္းေတြက ဧကရာဇ္နဲ႔ မိဖုရားေခါင္ႀကီးရဲ႕ ေျခေတာ္ရင္းနားမွာ စု႐ုံးေရာက္ရွိၿပီး တိုးေဝွ႔ေနၾကတဲ့အတြက္ ပတ္ဝန္းက်င္ကိုေတာင္ ေရမႈန္ေရမႊားေတြ စင္ကုန္တယ္၊ ေရမ်က္ႏွာျပင္ေပၚအထိ ႏွစ္ပတ္သုံးပတ္ ခုန္ေပါက္ေနတဲ့ Koi ငါးၾကင္းေတြေတာင္ ျမင္ရတာမို႔ သိပ္ကိုအံ့ဩစရာေကာင္းတယ္။

"ဂုဏ္ယူဝမ္းေျမာက္မိပါတယ္.. အရွင္မင္းႀကီး... ဂုဏ္ယူဝမ္းေျမာက္မိပါတယ္.. မိဖုရားႀကီး.. Koi ေ႐ႊငါးၾကင္းေတြ နဂါးဂိတ္မွာ စုံ႐ုံးေရာက္ရွိၿပီး ေကာင္းခ်ီးေပးေနၾကတာပါ.. နန္းေမြခံအရွင့္သားက ေကာင္းခ်ီးအျဖာျဖာနဲ႔ ေမြးဖြားလာတဲ့ မင္းသားေလးပါ.. ဒါေၾကာင့္မို႔သာ ဒီလို အံ့ၾသဖြယ္ေကာင္းေလာက္ေအာင္ ဆန္းၾကယ္တဲ့ကိစၥမ်ိဳးနဲ႔ ႀကဳံတာျဖစ္ေၾကာင္းပါ ဘုရား"

ဘယ္သူစလိုက္သလဲ မသိေပမဲ့ ရွိသမွ်အမတ္ေတြကလဲ သူ႔ထက္ငါအၿပိဳင္ ဂုဏ္ျပဳစကား ဆိုၾကတယ္။

"ဂုဏ္ယူဝမ္းေျမာက္မိပါတယ္.. အရွင္မင္းႀကီး !... ဂုဏ္ယူဝမ္းေျမာက္မိပါတယ္.. မိဖုရားႀကီး !"

ဧကရာဇ္က ၿပဳံးရယ္ေနတာမို႔ ဒီေန႔ နဂါးျမဴးေနတာ အေသအခ်ာပဲ၊ သူက မိဖုရားေခါင္ႀကီးလက္ထဲမွာ ခ်ီထားတဲ့ သားေတာ္ေလးကို ၾကင္နာစြာ ငုံ႔ၾကည့္ၿပီး ေခ်ာ့ျမႇဴလိုပ္ေသးတယ္။

"ငါကိုယ္ေတာ္ရဲ႕က်ိဳ႕အာေလးက ေကာင္းျခင္းအျဖာျဖာနဲ႔ ျပည့္စုံေနတဲ့ ကေလးေလးပဲ"

နန္းလ်ာသားေတာ္ေလးက ခမည္းေတာ္ရဲ႕ လက္ညိဳးကို ဆုပ္ကိုင္ထားၿပီး တခစ္ခစ္ရယ္သံ ေပးတယ္။

အခ်ိန္အမ်ားစုမွာ ေအးစက္ေနတတ္တဲ့ ရန္ေဖးရဲ႕ မ်က္ႏွာက အခုအခိုက္အတန႔္မွာေတာ့ သားကိုခ်စ္တဲ့ မိခင္ေမတၱာေၾကာင့္ ေတာက္ပေႏြးေထြးေနတယ္၊ သူက ၿပဳံးေနရင္း ေျပာလာတယ္။

"ၾကည့္ပါအုံး အရွင္.. သားေတာ္ေလးက သူ႔ခမည္းေတာ္ကို အေတာ္ခ်စ္တဲ့ပုံပါ"

သူတို႔ႏွစ္ေယာက္က သားေခ်ာ့ေတးဆိုျပကာ ကေလးျမႇဴေနၾကတယ္၊ သိတတ္တဲ့သားလိမၼာေလးေၾကာင့္ ဧကရာဇ္ ဂုဏ္ယူဝမ္းေျမာက္ေနမွန္း သိသာလြန္းတယ္။

မီးရွဴးမီးပန္းေတြကြယ္ေပ်ာက္သြားခ်ိန္မွာေတာ့ ေကာင္းကင္က မူလအတိုင္း ျပန္လည္မည္းေမွာင္သြားတယ္၊ ဒါေပမဲ့ ႐ုတ္ခ်ည္းဆိုသလိုပဲ ခပ္ေဖ်ာ့ေဖ်ာ့ အလင္းတန္းတခ်ိဳ႕ ေပၚလာတယ္၊ တိမ္ေတြအေနာက္မွာ ပုန္းလွ်ိဳးကြယ္လွ်ိဳးလုပ္ေနတဲ့ အဲဒီအလင္းတန္းက ညေမွာင္ေမွာင္မွာ တျဖည္းျဖည္း သိသာလာခဲ့တယ္။

"နဂါး.. နဂါးပဲ!!"

လူတစ္ေယာက္က ထ, ေအာ္လိုက္တဲ့အခါ လူတိုင္း တအံ့တၾသနဲ႔ ေမာ့ၾကည့္ကုန္တယ္၊ ရန္ေဖးေတာင္ မယုံႏိုင္ျဖစ္ၿပီး ေခါင္းေမာ့ ၾကည့္လာတယ္။

တကယ္ပဲ နဂါးတစ္ေကာင္လို ခံ့ညားထည္ဝါတဲ့ အရိပ္တစ္ခုက တိမ္ေတြရဲ႕အေနာက္မွာ ေခြကာရစ္ကာနဲ႔ လွည့္ပတ္ေနတာကို ေကာင္းကင္မွာ ထင္ရွားစြာ ျမင္ေတြ႕ေနရတယ္။

နဂါးဆိုတာက တန္ခိုးအာဏာ ႀကီးမားၿပီး အလင္းအေမွာင္ကို လိုသလို ထိန္းခ်ဳပ္ႏိုင္စြမ္းရွိတယ္၊ ေန႔တာနဲ႔ညတာ ၁၂ နာရီခ်င္းညီမွ်သြားတဲ့ ေႏြဦးရက္ (မတ္ ၂၁)မွာ နဂါးက ေကာင္းကင္ကို တက္ေလ့ရွိၿပီး၊ ေန႔တာနဲ႔ညတာ ၁၂ နာရီခ်င္းညီမွ်သြားတဲ့ ေဆာင္းဦးရက္(စက္တင္ဘာ ၂၂) မွာေတာ့ နဂါးက အသူတစ္ရာေခ်ာက္နက္ထဲ သြားေလ့ရွိတယ္ဆိုတဲ့ ဒ႑ာရီရွိတယ္။

လက္ရွိအခ်ိန္အရ အသူတစ္ရာေျခာက္နက္ထဲ ေရာက္ေနရမဲ့နဂါးက ႐ုတ္ခ်ည္း မင္ေက်ာက္ရဲ႕ ေကာင္းကင္ယံမွာ ေပၚလာခဲ့တယ္။

အံ့ၾသဆြံ႕အေနတဲ့ လူအုပ္ႀကီးထဲကေန ေအာ္သံတစ္ခု ထပ္ထြက္လာတယ္။

"နန္းေမြခံအရွင့္သားက ေတာ္ဝင္နဂါးမ်ိဳးႏြယ္က ျပန္ဝင္စားလာတယ္ဆိုတဲ့စကားက အမွန္ျဖစ္ေနတာေပါ့!!"

240305

Продолжить чтение

Вам также понравится

5.7K 281 56
Cassie DeMarco is the girl who became abused by her boyfriend, but what happens when she moves with her family to Beacon Hills where she meets Scott...
287K 13.6K 50
[COMPLETED] Do Kyungsoo and Kim Jongin were happily marriedㅡuntil Jung Soojung entered the picture. Kyungsoo was pregnant that time and Soojung was...
662K 33K 24
↳ ❝ [ ILLUSION ] ❞ ━ yandere hazbin hotel x fem! reader ━ yandere helluva boss x fem! reader ┕ 𝐈𝐧 𝐰𝐡𝐢𝐜𝐡, a powerful d...
summer sweater .

Фанфик

7.1K 1.1K 18
[burmese] A binhao story.