ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တ...
By Swae_Nyoe
400K 38.6K 340
ဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော် More
Description
Part 1
Part 2
Part 3
Part 4
Part 5
တယ်လီဂရုရရှိကြောင်း ကြေညာချက်
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Notice!!
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 50
Part 51
Part 52
Part 53
Part 54
Part 55
Part 56
Part 57
Part 58
Part 59
Part 60
Part 61
Part 62
Part 63
Part 64
Part 65
Part 66
ပေးဂရုလေးမှာ အဆုံးထိပြီးသွားပါကြောင်း
Part 67
Part 68
Part 69
Part 70
Part 71
Part 72
Part 73
Part 74
Part 75
Part 76
Part 77
Part 78
Part 80
Part 81
Part 82
Part 83
Part 84
Part 85
Part 86
Part 87
Part 88
Part 89
Part 90
Part 91
Part 92
Part 93
Part 94
Part 95
Part 96
Part 97
Part 98
ဗီလိန်အတုမှ အမြောက်စာဇာတ်ကောင်သို့... အစအဆုံးပြီးဆုံးပါကြောင်း...
Part 99
Part 100
Part 101
Part 102
🌤️May Breeze Promotion နောက်ဆုံးရက်🌤️
Part 103
Part 104
Telegram ကို လာခဲ့နော်
Part 105
Part 106
🌅Summer Mood Promotion🌅
Part 107
🌧️ချစ်မေတ္တာများဖြင့် မိုးရာသီ ပရိုမိုးရှင်း 2nd Day🌧️
Completed in Telegram
Part 108
Part 79
2.9K 339 3
By Swae_Nyoe
အပိုင်း (၇၉)
အန်းရှသည် ထိုစကားလုံးများကို ထုတ်ပြောလိုက်သောအခါ များစွာ စိတ်သက်သာရာ ရသွားသည်ဟု ခံစားလိုက်ရတော့သည်။
ဤသုံးရက်တာကာလ အတောအတွင်းတွင် သူမသည် မော့ကျားရှု၏ ကြင်နာမှုများကြောင့် စိတ်မသက်မသာ ဖြစ်နေခဲ့ရလေသည်။
သူမသည် အန်းမိသားစုနှင့် ချန်ရွှယ်မင်ကို တည်​ငြိမ်စွာ ဆက်ဆံနိုင်သော်လည်း မော့ကျားရှုနှင့် ဆက်ဆံရန်ကိုမူ ခက်ခဲနေခဲ့လေသည်။
ထိုအရာက မော့ကျားရှုသည် မူလပိုင်ရှင်အပေါ်တွင် ဒေါသတရားများ ထားရှိနေခြင်းကြောင့် ဖြစ်နိုင်သလို သူသည် ပြန်လည် မွေးဖွားလာသူ ဖြစ်သည့်အလျောက် သူမအနေဖြင့် ရင်မဆိုင်ရဲသောကြောင့်လည်း ဖြစ်နိုင်လေသည်။
အန်းရှသည် ထိုကဲ့သို့ ပြောလိုက်ပြီးသောအခါ မူလပိုင်ရှင်၏ သားဖြစ်သူမှ ပြန်လည်တုံ့ပြန်လာမည့် ဖြစ်နိုင်ချေများအားလုံးကို တွေးတော မျှော်လင့်နေမိတော့သည်။
သို့သော် သူမ မမျှော်လင့်ထားခဲ့သည်က ထိုကလေးသည် ၁၀၀ ရာခိုင်နှုန်းတွင် ၉၉ ပုံကိုပယ်၍ ကျန် ၁ ရာခိုင်နှုန်းသော တုံ့ပြန်မှုကို ပေးခဲ့ခြင်းကိုပင်။
"အမေ... အမေလည်း ပြန်လည် မွေးဖွားလာခဲ့တာပဲ မဟုတ်လား..." မော့ကျားရှုသည် သူ၏မျက်ဝန်းများထဲတွင် အပြစ်ခံစားနေရမှုများနှင့် ပြည့်နှက်နေကာ သူ၏ နှုတ်ခမ်းလေးကိုသာ ကိုက်ထားလေသည်။
မော့ကျားရှု၏ စကားလုံးများကို ကြားလိုက်ရသောအခါ အန်းရှ၏ မျက်ဝန်းများသည် ပြူးကျယ် ဝိုင်းစက်သွားတော့သည်။
သူသည်လည်း သူမအား ပြန်လည် မွေးဖွားလာခြင်းဖြစ်သည်ဟု တွေးမိသည်တဲ့လား။
"အမေ... တကယ်တော့ သားက အရင်ကတည်းက ခန့်မှန်းခဲ့ပြီးသားပါ။ အမေက သူ့ကို အရမ်းချစ်တာလေ။ တကယ်လို့ အဲဒီလိုသာ မဟုတ်ခဲ့ဘူးဆိုရင် အမေသူ့ကို ဒီလိုမျိုး အလွယ်တကူနဲ့ ဘယ်လိုလုပ် ကွာရှင်းနိုင်မှာတဲ့လဲ..."
မော့ကျားရှုသည် အန်းရှအား ဝမ်းနည်း စိတ်မကောင်းဖြစ်နေသော အမူအယာမျိုးဖြင့် ကြည့်လိုက်လေသည်။ သူ့အနေဖြင့် ပြန်လာပြီးနောက်တွင် သိလိုက်ရသည်က သူ၏အမေသည် ကိုယ်ဝန်ပျက်ကျသွား၍ မိဘနှစ်ဦးသည်လည်း အေးချမ်းစွာ ကွာရှင်းလိုက်ကြသည်ကိုပင်။ ထို့ကြောင့် သူသည် တွေဝေစွာဖြင့် ခန့်မှန်းခဲ့ခြင်း ဖြစ်လေသည်။ ထိုအရာသည် အပြိုင်ဖြစ်နေသော အချိန်ကာလတစ်ခုဖြစ်နိုင်သလို နောက်တစ်မျိုး​မှာ သူ၏အမေသည် သူကဲ့သို့ပင် ပြန်လည် မွေးဖွားလာသည်လည်း ဖြစ်နိုင်သည်ပင်။
သို့သော် သူ၏အမေသည်သူ့အား ထိုအကြောင်းအရာများကို မပြောပြလောက်ဟု တွေးထင်ခဲ့လေသည်။
သို့သော် ယခုအ​ခြေအနေကို ကြည့်လိုက်မည်ဆိုလျှင် သူ၏အမေသည် သူ့အပေါ်တွင် အညှိုးအတေးများ ရှိနေသေးပုံရလေသည်။
"အမေ... သား တောင်းပန်ပါတယ်... သား တောင်းပန်ပါတယ်... အရင်တုန်းက သား မှားခဲ့တာပါ..."
မော့ကျားရှုသည် သူမအား ဖက်လိုက်ကာ ငိုကြွေးနေဆဲဖစ်ပြီး တောင်းပန်စကားများလည်း ပြောနေခဲ့သောကြောင့် အန်းရှသည် ကြောင်စီစီ ဖြစ်သွားလေသည်။
ပြန်လည်မွေးဖွားလားခြင်း ဖြစ်သောကြောင့် မော့ကျားရှုသည် သူမထက်ပင် အသက်အရွယ် ပိုကြီးနေမည်ဖြစ်ပြီး ထိုအချက်ကြောင့်ပင် သူမကို စိတ်မသက်မသာ ဖြစ်သွားစေလေသည်။
မော့ကျားရှုသည် သူမအား အမေအဖြစ်သတ်မှတ်ကာ ဖက်တွယ်ထား၍ ငိုယို တောင်းပန်နေလေသည်။
မော့ကျားရှု၏ အပြစ်ခံယူမှုများနှင့် ဝမ်းနည်းမှုများသည် သူမထံသို့ ဒီရေအလား တစ်ဟုန်ထိုး ရောက်ရှိလာနေသောကြောင့် သူမသည် မည်ကဲ့သို့ တုံ့ပြန်ရမည်မှန်းပင် မသိခဲ့လေ။
"ငါ မဟုတ်..."
အန်းရှသည် မော့ကျားရှုအား ပို၍ စိတ်တည်ငြိမ်စေရန် ပြုလုပ်ပေးချင်နေလေသည်။ သို့သော် သူမသည်ပင် မည်သည်ကိုမျှ မပြောဆိုရသေးခင် သူသည် သူ့မ၏စကားအား ဖြတ်ပြောလိုက်လေသည်။ "အမေ... သားက ဆိုးသွမ်းခဲ့တယ်ဆိုတာကို သိပါတယ်။ သားက လူဆိုးပါ။ အမေ သားကို ခွင့်မလွှတ်ဘူးဆိုရင်လည်း ရပါတယ်။ ကိစ္စမရှိပါဘူး။ အမေသာ ဒီနေရာမှာ ရှိနေမယ်ဆိုရင် သား နောက်ပိုင်း အမေပြောသမျှကို နာနာခံခံနဲ့ လိုက်နာပါ့မယ်။ အမေ ကျေားဇူးပြုပြီးတော့ သားကို မထားခဲ့ပါနဲ့ နော်..."
သေးငယ်သော မော့ကျားရှုသည် သူမအား တင်းတင်းကြပ်ကြပ် ဖတ်တွယ်ထားပုံမှာ သူ၏ အသက်ကယ်ဆယ်ရေးအတွက် နောက်ဆုံး ကောက်ရိုးမျှင်တစ်ချောင်းကို ဆုတ်ကိုင်ထားသလိုပင်။ သူမသာ လက်လွှတ်လိုက်မည်ဆိုလျှင် သူသည် နက်ရှိုင်းသော ချောက်ထဲသို့ ပြုတ်ကျသွားတော့မလိုပင်။
အန်းရှသည် သူမ၏ ခါးတစ်ဝိုက်မှ ပူလောင်မှုနှင့် စိုစွတ်မှုများကို ခံစားလိုက်ရသောအခါ သူမ၏ နှလုံးသားသည် ပြင်းပြင်းထန်ထန် တုန်ခါနေသည့်အလျောက် လောင်ကျွမ်းနေသကဲ့သို့ ပူလောင်နေတော့သည်။
မော့ကျားရှုသည် သူမအား ပြန်လည်မွေးဖွားလာသော မူလပိုင်ရှင်ဟု တွေးထင်နေလေသည်။
သူမသည် မိမိကိုယ်ကို အမေဖြစ်သူမဟုတ်ကြောင်း ရှင်းပြလိုက်သောပခါ မော့ကျားရှုသည် သူ၏အမေဖြစ်သူမှ သူ့အား ခွင့်လွှတ်ပေးရန် ငြင်းဆိုနေသည်ဟု ထင်လိုက်လေသည်။
အန်းရှသည် တစ်ခဏမျှကြာအောင် ကူကယ်ရာ မဲ့နေသကဲ့သို့ ခံစားလိုက်ရသလို မော့ကျားရှုကိုလည်း အနည်းငယ် သနားစဖွယ်ကောင်းသည်ဟု ခံစားလိုက်ရလေသည်။
သို့သော် သူသည် မူလပိုင်ရှင်လောက်တော့ သနားစဖွယ်မကောင်းလှပေ။
မည်သို့ပင်ဆိုဆို မကောင်းမှုများကို ပြုလုပ်ပြီးစီးခဲ့ပြီ ဖြစ်လေသည်။ သူ့အနေဖြင့် မည်မျှပင် နောင်တရ၍ ပြန်လည်ပေးဆပ်ချင်နေကာမူ အရာအားလုံးသည် အသုံးမဝင်တော့ပေ။
မော့ကျားရှုသည် ငိုယိုထားသောကြောင့် မျက်ဝန်းများပင် ယောင်ကိုင်းနေလေသည်။ အန်းရှသည်လည်း သူမ၏ စိတ်ထဲတွင် တုံ့ဆိုင်းနေမိလေသည်။
သူမသည် ယခုအချိန်တွင် မည်ကဲ့သို့ ပြောပြစေကာမူ မော့ကျားရှုသည် ပြန်လည်မွေးဖွားလာသော သူမက သူ့အား ခွင့်မလွှတ်နိုင်သောကြောင့် သူ့အား လက်မခံနိုင်ဖြစ်နေသည်ဟု ထင်နေမည်ကို သူမ သိလေသည်။
သူမသည် မည်သို့ ပြုလုပ်ရမည်ကို လုံးဝ မသိတော့ချေ။
"အမေ... သား တောင်းပန်ပါတယ်။ သားကို ခွင့်လွှတ်ပါနော်..."
မော့ကျားရှုသည် အန်းရှအား တင်းကြပ်စွာ ဖက်ထားသောကြောင့် သူမသည် အနည်းငယ်ပင် နာကြင်နေပြီ ဖြစ်လေသည်။
မော့ကျားရှု၏ အပြစ်များ ခံစားနေရကာ စိတ်ဆင်းရဲမှုများနှင့် ပြည့်နှက်နေသော မျက်ဝန်းနက်များကို တွေ့မြင်လိုက်ရသောအခါ အန်းရှ၏ စိတ်သည် နူးညံ့သွားတော့သည်။
အန်းရှသည် ဘာကိုမျှမပြောဘဲ သူမ၏ လက်ဖဝါးကို မြှောက်လိုက်ကာ မော့ကျားရှု၏ ထူထဲနေသော ဆံပင်ကို ဂရုတစိုက်ဖြင့် ညင်သာစွာ သပ်ပေးလိုက်လေသည်။
ထိုအရာသည် ရင်းနှီးသော အမူအယာမျိုးဖြစ်ကာ နူးညံ့သော အငွေ့အသက်များကိုလည်း ရရှိစေလေသည်။
သူ၏ဦးခေါင်းကို ညင်သာစွာ တွေ့ထိလိုက်သောအခါ မော့ကျားရှု၏ စိတ်ဆင်းရဲနေသော မျက်ဝန်းများသည် ချက်ချင်းဆိုသလို တောက်ပ ဝင်းလက်သွားတော့သည်။
ချက်ချင်းဆိုသလိုပင် သူသည် မျက်ရည်များဝဲလာကာ ပြုံးရယ်လိုက်တော့သည်။ "အမေ..."
အမေဖြစ်သူသည် သူ့အပေါ်တွင် ခွင့်လွှတ်ခြင်း ခွင့်မလွှတ်ခြင်းသည် အဓိက မကျလှပေ။ အမေ​ဖြစ်သူအား သူ့အနေဖြင့် မှားယွင်းခဲ့ကြောင်းကို သက်သေပြရမည် ဖြစ်လေသည်။
မော့ကျားရှု၏ သေးငယ်သော ခန္ဓာကိုယ်လေးသည် ပြင်းထန်သော ခံစားချက်များကို တောင့်မခံနိုင်သေးသောကြောင့် သူသည် အိပ်မောကျသွားတော့သည်။
သူမသည် ကလေးငယ်ကို မချီလိုက်ကာ ဆေးရုံအိပ်ရာပေါ်သို့ တင်ထားလိုက်ပြီး အိပ်ရာအစွန်းတွင် ဝင်ထိုင်နေလိုက်သည်။ သူမသည် မိမိ၏ပါးကို ကိုင်ထားလိုက်ရင်း အနာဂတ်တွင် သူမ ရင်ဆိုင်ရမည်ဖြစ်သော ပြဿနာများအကြောင်းကို တွေးတောနေမိတော့သည်။
ပွင့်ပွင့်လင်းလင်း ဝန်ခံရမည်ဆိုလျှင် သူမသည် အန်းမိသားစုကို လျင်မြန်စွာ လက်ခံခဲ့ရခြင်း အကြောင်းမှာ မူလပိုင်ရှင်၏ ဆန္ဒကြောင့်သာ ဖြစ်လေသည်။ မူလပိုင်ရှင်သည် အန်းရှအား သူမနေရာတွင် အစားထိုးနေထိုင်စေချင်၍ အန်းမိသားစု၏ တစ်စိတ်တစ်ပိုင်းဖြစ်ကာ မိဘများအတွက် သားသမီးဝတ္တရားကို ကျေပွန်စေချင်လေသည်။
ဒုတိယ အကြောင်းပြချက်မှာ သူမထံတွင်လည်း အပြန်အလှန် မေတ္တာတရားများ ရှိနေသောကြောင့် ဖြစ်လေသည်။ အန်းမိသားစုသည် သူမအပေါ်တွင် လွန်စွာ ချစ်မြတ်နိုးကြလေသည်။ မိဘအရင်းများထံမှ ချစ်ခြင်းမေတ္တာများကို မခံစားခဲ့ရဖူးသော သူမသည် ထိုမိသားစု၏ ချစ်မြတ်နိုးမှုများကို နှစ်သက်လေသည်။ ထို့ကြောင့် သူမသည်လည်း မူလပိုင်ရှင်၏ မိသားစုဝင်များကို သူများ၏ ဆွေမျိုးများကဲ့သို့ ပြုမူဆက်ဆံခဲ့လေသည်။
သူမသည် သမီးတစ်ယောက်၊ ညီမငယ်တစ်ယောက်၊ အစ်မတစ်ယောက်ကဲ့သို့သော ပုံစံအတိုင်းနေထိုင်ရန် အသားကျနေပြီ ဖြစ်သော်လည်း အမေတစ်ယောက်ကဲ့သို့ ပြုမူနေထိုင်ရန်တော့ အသားမကျသေးချေ။
အထူးသဖြင့် အရွယ်ရောက်ပြီး လူကြီးတစ်ယောက်ကဲ့သို့ စိတ်ဓာတ်ရှိနေပြီး ကလေးတစ်ယောက်၏ အရေကို ခြုံထားသကဲ့သို့ ဖြစ်နေသောသူ၏ အမေအဖြစ် နေထိုင်ရန်ကို ဖြစ်လေသည်။
လက်ရှိ မော့ကျားရှုသည် သူမထက်ပင် အသက်အရွယ် ပိုကြီးနေနိုင်လေသည်။
သို့သော် သူမသည် ထိုအမှန်တရားကို ပြန်လည်မွေးဖွားလာသော မော့ကျားရှုအား ပြောပြလိုက်မည်ဆိုလျှင်လည်း သူ့အနေဖြင့် ယုံကြည်ရန် ငြင်းဆန်နေမည် ဖြစ်လေသည်။
ဘုရားသခင်သည် သူမအား အသက် ဆယ့်ရှစ်နှစ်အရွယ် မိခင်တစ်ဦးများ ဖြစ်စေချင်ရော့သလား။
"ဟူး..." အန်းရှသည် သက်ပြင်းချလိုက်လေသည်။
သူမသည် မူလပိုင်ရှင်အဖြစ် ကိုယ်စားဝင်ရောက်လာကတည်းက မူလပိုင်ရှင်အတွက် တာဝန်များအားလုံးကို ဖြည့်ဆည်းပေးရတော့မည် ​ဖြစ်လေသည်။
မူလပိုင်ရှင်သည် သူမအား မော့ကျားရှုအတွက် အနည်းငယ် ဂရုစိုက်ပေးရန်သာ ပြောကြားခဲ့သော်လည်း ပြဿနာများကြားတွင်ပင် ထိုသားဖြစ်သူနှင့် လျင်မြန်စွာ နေသားကျသွားပြီ ဖြစ်လေသည်။
မူလပိုင်ရှင်သည် သူမ မထွက်ခွာသွားမီက သူမ၏ သားဖြစ်သူကို ဂရုစိုက်ပေးရန် ပြောကြားခဲ့သောကြောင့် ထိုကလေး၏ တောင်းပန်မှုများကိုပါ လက်ခံပေးရတော့မည်ဟု အန်းရှအနေဖြင့် တွေးမိလိုက်လေသည်။
သူမသည် မူလပိုင်ရှင်၏ သားဖြစ်သူကို ထပ်မံ၍ ငြင်းဆန်ရန် မသင့်တော်တော့ပေ။
သူမသည် အကြောင်းချင်းရာများ အားလုံးကို စဉ်းစားတွေးတောပြီး ရှင်းလင်းသောအဖြေကို ရရှိပြီးသောအခါ ထို သနားစရာကောင်းလှသော အမျိုးသမီးအတွက် တစ်စုံတစ်ခုပြုလုပ်ပေးသင့်သည်ဟု စဉ်းစားမိလိုက်လေသည်။
"မင်မင်... ငါ နင့်ကို နောက်ထပ်တစ်ခုလောက် အကူအညီတောင်းချင်လို့။ ငါ့ရဲ့ ဇိမ်ခံပစ္စည်းအချို့နဲ့ ပိုင်ဆိုင်မှုနည်းနည်းကို ရောင်းပေးပါလား။ ငါ ရန်ပုံငွေ အဖွဲ့အစည်းတစ်ခုကို ထူထောင်ချင်လို့..."
Telegram မှာ အပြီးအထိ တင်ပြီးပါပြီနော်။
Continue Reading
You'll Also Like
482K 68.8K 171
131K 16.2K 119
Associated name : 佛系少女穿书日常 Author : 十六月西瓜 , shiliu yue xigua Status in COO : 253 chapters ...
315K 7.7K 77
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
688K 77.9K 200
ဘာသာပြန်သူ - Swae Nyoe Team ဇာတ်လမ်းအကျဉ်း နန်းပေါင်ရီ သည် ချမ်းသာကြွယ်ဝသောမိသားစုတွင် အလိုလိုက်ခံရကာ ကြီးပြင်းခဲ့သော်လည်း လူရွေးမှားလက်ထပ်ခဲ့မိပြီး...