He Dufo [何渡佛] •COMPLETED•

De NTNO1823

305K 45.7K 6.9K

"အမှန်စင်စစ် အတွင်းအထိ ဗလာနတ္ထိ ဖြစ်ရိုးမှန်ရင် ဘယ်လိုကြောင့် ငါ့ကို မကြည့်ဝံ့သလဲ" ⚠️ BJYX, Yizhan, Adventure... Mais

Warning
1 (Vol 1)
1 (Z)
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
31(Vol 2)
32
33
34
35
36
37
38
39
40
41
42
43
43 (Z)
44
45
46
47
48
49
50
51
51 (z)
52
53
54
55
56
57
58
59
60
60 (z)
61
62
63
64 (Vol 3)
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93 (final)
Extra 1
Extra 2
Extra 3
Extra 4
78 (z)
93 (final) z
Extra 2 (z)
Extra 1 (z)
Extra 3 (z)
Exta 4 (z)

30

3.2K 500 91
De NTNO1823

အပိုင်း။ ၃၀

ကြမ်းတမ်းတဲ့လေအေးတွေက နွေဦးရဲ့ နောက်ဆုံးမိုးပြေးနဲ့အတူ လွင့်ပါးကုန်ကြတဲ့အတွက် ရန်ကျိုးရဲ့ရာသီဥတုက လတ်တလောမှာ နွေးထွေးလာတယ်၊ ကောင်းကင်တခွင် ပြာလဲ့နေကာ ဘယ်ကိုကြည့်ကြည့် ကြည်လင်နေတဲ့ ပတ်၀န်းကျင်ကို တွေ့ရလိမ့်မယ်၊ မိုးပြေးကြောင့် ညတွင်းချင်း ပွင့်လန်းလာကြတဲ့ ပန်းတွေရဲ့ ပွင့်ဖတ်လေးတွေ​ပေါ်မှာ မိုးရေစက်တွေ တင်ကျန်ခဲ့ပြီး သူတို့တွေက နွေးထွေးညင်သာတဲ့ လေပြေနဲ့အတူ ဘယ်ညာယိမ်းနွဲ့နေကြတယ်။

ရှောင်းကျန့်က မျက်လုံးတွေကို အနည်းငယ် မှေးကျဉ်းထားပြီး တောက်ပနေတဲ့ နေရောင်ထဲကို ငေးကြည့်နေတယ်၊ ကျန်ရှိနေတဲ့ ပူပန်မှုတချို့က နှလုံးသားမှာ အခိုးအငွေ့တွေ‌များအဖြစ် ရစ်သိုင်း‌ဖွဲ့တည်‌နေတယ်။

ပုယွီက အခါးရည်ချပေးရင်း ရှောင်းကျန့်ကို အရိပ်အကဲကြည့်ပြီး မေးမြန်းလာတယ်။

"ယန်လူကြီးမင်းကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လိုများ မှာကြားလိုပါသလဲ အရှင်"

ရှောင်းကျန့်က မဖြေသေးဘဲ အခါးရည်တစ်ငုံ သောက်တယ်၊ အတန်ကြာ နှုတ်ဆိတ်နေပြီးနောက်မှ ပြောလာတယ်။

"မတော်တဆ ခြေချော်ကျပြီး သေတယ်လို့ သတင်းပို့လိုက်.. အစားထိုးဖို့အတွက် အထက်က ကြည့်စီစဉ်လိမ့်မယ်"

"အရှင့်ရဲ့ သနားကြင်နာမှုက မြင့်မြတ်လှပါတယ်"

ပုယွီက ပြန်ပြောတယ်။

ယန်လီက အချစ်ကြောင့် ရူးသွပ်သွားတာ မှန်ပေမဲ့ ရှောင်းကျန့်ကတော့ သူ့ရဲ့ဂုဏ်သိက္ခာကို ဆက်လက်ထိန်းသိမ်းပေးဖို့ ဆန္ဒရှိပါတယ်၊ ဘယ်အရာကြောင့်မှ မယိမ်းယိုင်ဘဲ ထင်းရူးပင်လို ဖြောင့်မတ်ခဲ့တဲ့ လူငယ်လေးက ဘယ်တော့မှ ပြန်မလာနိုင်တော့ဘူး ဆိုပေမဲ့လဲပေါ့။

"ဒါတွေက ယန်လူကြီးမင်းကျန်ရစ်ခဲ့တဲ့ ပစ္စည်းတွေပါ"

ပုယွီက ပစ္စည်းတွေကို ရှောင်းကျန့်ရှေ့ယူလာတယ်၊ ယွန်းဘူးငယ်တစ်ခု၊ စည်းမျဉ်းအတိုင်း ပြန်အပ်ရတဲ့ ယန်လီရဲ့အဆောင်အယောင်အရာရှိ၀တ်ရုံနဲ့ အမည်းရောင် အရာရှိဦးထုပ်၊ စုစုပေါင်း ပစ္စည်း ၃ မျိုးပါတယ်။

"ငယ်သား သွားကြည့်တုန်းက ဒီပစ္စည်း ၃ မျိုးကို ပင်မခန်းမဆောင်မှာ သေချာစီပြီး ချထားတာကို တွေ့ခဲ့ရတာပါ အရှင်.. ငယ်သားအထင်တော့ ယန်လူကြီးမင်းက အရှင့်ရဲ့စူးရှလွန်းတဲ့ ထိုးထွင်းသိမြင်နိုင်စွမ်းကနေ လွတ်မြောက်ဖို့မဖြစ်နိုင်တာကို ကြိုတင်ခန့်မှန်းမိပြီးသား ဖြစ်ပါလိမ့်မယ်"

ရှောင်းကျန့် သက်ပြင်းချလိုက်ပြီး ယန်လီချန်ရစ်ခဲ့တဲ့ဦးထုပ်ကို လက်ချောင်းထိပ်နဲ့ ထိတွေ့လိုက်တယ်။

"မဖြစ်နိုင်မှန်းသိနေလဲ အဆုံးထိ လျှောက်ကြည့်ချင်တာမျိုးပေါ့.. အဲဒါက တကယ် တန်ကောတန်ရဲ့လား?"

'ဘာမှမတတ်နိုင်ဘူး အချစ်က ဒီလိုပဲ' လို့ ဆိုရမလား။

ချစ်မိတော့လဲ တစ်ချိန်မှာ ကွဲကွာရမယ်ဆိုတာ သိရက်နဲ့တောင် အတူရှိခွင့်ရတဲ့ တခဏတာကို လက်လွှတ်မခံချင်တာမျိုး၊ အဖြစ်မှန် ပေါ်လာမယ်ဆိုတာ သိရက်နဲ့တောင် တူညီတဲ့အမှားကို ထပ်တလဲလဲ ကျူးလွန်ဖို့ ၀န်မလေးတာမျိုး။

ယွန်းဘူးလေးကို ဖွင့်လိုက်တော့ အထဲမှာ စာတစ်စောင် ရှိနေတာကို တွေ့လိုက်ရတယ်၊ စာအိတ်က ဟောင်းနွမ်းနေပြီး စာရွက်တွေက ဝါကျင့်ကျင့် အရောင်ပြောင်းနေပြီ၊ အပေါ်က  '‌နယ်စားမင်းယန်လီ ဖတ်ရန်' ဆိုပြီး လိပ်မူထားတဲ့ စာကြောင်းကိုတောင် မှုန်ဝါးဝါးပဲ မြင်ရတော့တယ်။

သူမရှိတော့တဲ့အခါ ရှောင်းကျန့်က သူ့ပစ္စည်းတွေရှင်းလင်းဖို့ စီစဉ်ခိုင်းလောက်တယ်ဆိုပြီး ယန်လီက ကြိုတွေးမိခဲ့ပုံပေါ်တယ်၊ ဒါကြောင့် အလုပ်နဲ့ မသက်ဆိုင်တဲ့ စာတစ်စောင်ကိုပါ အတူထားခဲ့တာ၊ ဒီစာကို ရှောင်းကျန့်ဖတ်ဖို့ထားခဲ့တယ်ဆိုပြီး ယူဆလို့ရတယ်။

စာကတော့ ဖွင့်ဖတ်ထားပြီးသားပါ၊ အထဲကစာကို ရှောင်းကျန့် ထုတ်ယူလိုက်တယ်၊ လက်ရေးလက်သားက စီးဆင်းနေတဲ့ရေလို သိမ်မွေ့လှပတယ်၊ လက်ရေးအလှချင်းယှဉ်ရင်တောင် ထိပ်တန်းအဆင့်လို့ သတ်မှတ်လို့ရတဲ့ လက်ရေးမျိုးပါ၊ ဒါပေမဲ့ တချို့နေရာတွေမှာ မညီညာဖြစ်နေတဲ့ စုတ်ချက်တွေကို တွေ့ရတယ်၊ ကြည့်ရတာ ဒီလက်ရေးပိုင်ရှင်က လက်ကောက်၀တ်မှာ ပြသနာရှိနေတာမျိုး ဒီလိုမှမဟုတ်ရင် အပြင်းအထန် နာမကျန်းဖြစ်နေတဲ့သူ ဖြစ်လောက်တယ်။

'သို့
လူကြီးမင်းယန်လီ

လူကိုယ်တိုင် မတွေ့ဖူးပေမဲ့ အမည်ကိုတော့ ရင်းနှီးနေခဲ့ပါတယ်။

ဒီစာရေးလိုက်ရတဲ့ အကြောင်းအရင်းကတော့ ယန်လူကြီးမင်းထံမှာ အကူအညီတောင်းခံချင်တာ‌ကြောင့်ပါပဲ။

ကျွန်ုပ်နဲ့ ယွင်ညန်ကြားမှာ ဆက်ဆံရေးတစ်ခု တည်ဆောက်ခဲ့သော်ငြား အတူရှိဖို့ ရေစက်မပါခဲ့ပါဘူး၊ ဆရာသခင်က ကျွန်ုပ်ကို ဂိုဏ်းကနုတ်ထွက်ဖို့ ခွင့်မပြုတဲ့အပြင် စည်းကမ်းချိုး‌ဖောက်တဲ့ပြစ်ဒဏ်အနေနဲ့ အတွင်းအားနဲ့ သိုင်းပညာကိုပါ ဖျက်ဆီးပစ်ခဲ့တယ်၊ နေဖို့ရက်မကျန်တော့တဲ့ ဒုက္ခိတမို့ သူနဲ့မထိုက်တန်တော့ပါဘူး။

ကျွန်ုပ်ကြောင့်လဲသူ့မှာ ကြီးစွာခက်ခဲခဲ့ရပြီးပြီ၊ နှစ်ပေါင်းများစွာ ချစ်ကျွမ်း၀င်ခဲ့တာ မဟုတ်သော်ငြား သူ့ကိုအမှန်တကယ် မြတ်နိုးတန်ဖိုးထားခဲ့ပါတယ်၊ ဒါကြောင့် နောက်ဆုံးအထိ သူ့ကောင်းကျိုးကိုပဲ ရှေးရှုလိုပါတယ်။

ယန်လူကြီးမင်းက ယွင်ညန်ကို ငယ်စဥ်ကတည်းက ဖေးမစောင့်ရှောက်ခဲ့သူလို့ သိရတယ်၊ အခုလက်ရှိ နန်းတွင်းစာမေးပွဲ‌ ဖြေဆိုအောင်မြင်ပြီး ဇာတိမြို့ ပြန်လာပြီဆိုတဲ့ သတင်းကောင်းလဲ ကြားသိထားပါတယ်၊ ဒါကြောင့် ယွင်ညန်ကို ယန်လူကြီးမင်းလက်ထဲ အပ်ခဲ့ချင်ပါတယ်၊ သူ့ကို တွန်းမထုတ်ဖို့ မေတ္တာရပ်ခံချင်ပါတယ်၊ လက်ခံပေးဖို့ တောင်းဆိုချင်ပါတယ်။

ကျွန်ုပ်ရဲ့ဆန္ဒအလုံးစုံကို ဖွင့်ပြပြီး တောင်းဆိုပါရ‌စေ။

အသိမပေးပါ...နဲ့.. လျှို့ဝှက်ထားပါ..
၀န်ထုပ်လို့ မ..မယူဆပါနဲ့...
ကျန်းမာရေး ဂရုစိုက်..ပါ '

စာရဲ့နောက်ဆုံးပိုင်းမှာ စုတ်ချက်တွေယိမ်းယိုင်ကာ မင်ဖျော့ပြီး ပြတ်ကျန်နေတယ်၊ စာရေးတဲ့သူက စိတ်နှလုံးကြေကွဲပြီး နောက်ဆုံးစာကြောင်းကို အဆုံးမသတ်နိုင် ဖြစ်ခဲ့ပုံပေါ်တယ်။

ဒီစာကိုရေးခဲ့တဲ့လူက ၀မ်ရိပေါ်ရဲ့ဆရာတူအစ်ကို ရွှမ်ရိဖြစ်နေလိမ့်မယ်လို့ ရှောင်းကျန့် ဘယ်တုန်းကမှ မ‌မျှော်လင့်ခဲ့မိဘူး။

ယွင်ညန်နဲ့ အတူရှိခွင့်ရဖို့ တောင်းဆိုရင်း သိုင်းပညာဖျက်ဆီးခံခဲ့ရပြီး ခန္ဓာကိုယ်ပါ ထိခိုက်ခဲ့တယ်၊ အသက်ရှင်ဖို့အချိန် မရှိတော့တဲ့အခါ ယွင်ညန် ကိုယ့်ကိုယ်ကို အပြစ်မတင်ရလေအောင် အဖြစ်မှန်ကို ဖုံးကွယ်ထားပြီး ယန်လီဆီမှာ အပ်နှံခဲ့တာ။

ဒါပေမဲ့ သူ့ရဲ့ဆုံးဖြတ်ချက်က အနာဂတ်မှာ ကြီးမားတဲ့အမှားကြီးတစ်ခုဆီ ဦးတည်သွားစေမယ်လို့ မထင်ထားခဲ့လောက်ဘူး‌။

ရွှမ်ရိက အထင်ကရ ဟယ်ရှန်ဖြစ်ပေမဲ့ လူ့သဘောသဘာ၀ကိုတော့ နားလည်ခဲ့ပုံ မပေါ်ဘူး၊ ဘဝအပြင် အချစ်ကိုပါ ဆုံးရှုံးလိုက်ရတဲ့ မိန်းမတစ်ယောက်ရဲ့ အစွဲအလမ်းက ဘယ်လောက် အတိုင်းအတာထိ ကြီးမားနိုင်လဲဆိုတာကို သူမမှန်းတတ်ခဲ့ဘူး။

"ယန်လူကြီးမင်းက အဖြစ်မှန်တွေကို သိခဲ့ရက်နဲ့ ယွင်ညန်ကို ဘာလို့ မပြောပြခဲ့တာများလဲ.. သူပြောလိုက်ရင် ဒီလိုအဖြစ်ဆိုးမျိုးတွေ မဖြစ်အောင် တားဆီးနိုင်ခဲ့မှာနော် အရှင်"

ရှောင်းကျန့်နဲ့ စာအတူဖတ်နေတဲ့ပုယွီက အားမလိုအားမရ ဖြစ်နေဟန်နဲ့ မေးလာတယ်၊ ရှောင်းကျန့်က သက်ပြင်းချလိုက်ပြီး။

"လူတွေက မွေးရာပါ တစ်ကိုယ်ကောင်းဆန်ကြလို့လေ .. ယွင်ညန်က အချစ်ကြောင့် ရူးသွပ်ပြီး လက်စားချေချင်တာကြောင့်သာ သူ့ကိုပြန်ချဥ်းကပ်ခဲ့တာ.. သူ့အာဏာနဲ့ အရှိန်အဝါကို အသုံးချဖို့ အနားမှာရှိနေရင်တောင် ယန်လီက ကျေကျေနပ်နပ်ကြီး ဗီလိန်လုပ်ပေးချင်ခဲ့တာ"

ယွင်ညန်ဆီမှာ အမုန်းတရားတွေ ဆက်ရှိနေမှသာ သူ့ကို အဖက်လုပ်မယ်ဆိုတာကို ယန်လီကောင်းကောင်းသိတယ်၊ ဒါကြောင့် ယွင်ညန်ဘာတွေပဲ ကျူးလွန်ပါစေ အနောက်ကနေ ထပ်ကြပ်မကွာ လိုက်ဖြည့်ဆည်းပေးခဲ့တာ။

ချစ်ရသူဆီက အကြည့်တစ်ချက်လောက် ပြန်ရဖို့အတွက် ၃ ယောက်ထဲမှာမှ အဆိုးရွားအနိမ့်ကျဆုံး အခန်းကဏ္ဍမှာ ကျေကျေနပ်နပ်ကြီး ပါဝင်ကပြခဲ့တယ်။

"ပြောရရင်တော့.. လူတွေက သိပ်ကိုတစ်ကိုယ်ကောင်းဆန်ကြတာကြောင့်ပဲ"

ရှောင်းကျန့် စိတ်ရှုပ်ထွေးစွာနဲ့ လေပူတွေ မှုတ်ထုတ်လိုက်တယ်၊ လောကကြီးမှာ ဖြစ်တတ်တဲ့ လွဲချော်မှုတွေအကြောင်း ရှောင်းကျန့်မှာ လိုက်တွေးဖို့ အချိန်မရှိဘူး၊ လုပ်စရာရှိတာ ဆက်လုပ်ဖို့တွေးပြီး ပုယွီကို မေးတယ်။

"ဒါနဲ့ ပန်ကုန်းက စာပို့လိုက်တာ ဆိုပေမဲ့.. မင်းတို့က ထင်ထားတာထက် ပိုမြန်မြန်​ ရောက်လာသလားလို့"

ယန်လီတို့နှစ်ယောက်နဲ့ ရင်ဆိုင်မဲ့အပြင် ထျန်ယွမ်ရဲ့နယ်နိမိတ်စည်းနားလဲ ဖြစ်နေနိုင်တာမို့ ရှောင်းကျန့်က ကြိုတင်ကာကွယ်တဲ့အနေနဲ့ အရိပ်သက်တော်စောင့်တချို့ လွှတ်ပေးဖို့ ပုယွီတို့ကို ပြောလိုက်တာ၊ ကိုယ်တိုင်လာခိုင်းတာ မဟုတ်ခဲ့ဘူး။

"အရှင့်ဆီက စာလက်ခံရချိန်မှာ ငယ်သားက အရှင့်ဆီလာနေတဲ့လမ်းမှာ ရောက်နေတာကြောင့်ပါ"

ပုယွီနဲ့ ပု၀မ်နှစ်ယောက်ကို လူစားထိုးမင်းသမီးနဲ့အတူ ထျန်ယွမ် လိုက်သွားဖို့ ရှောင်းကျန့် စီစဉ်ပေးလိုက်တာ‌လေ၊ ဘာလို့ အစောကြီး သူ့ဆီပြန်လာတာလဲ။

"ဘာလို့လဲ? ထျန်ယွမ်မှာ တစ်ခုခု ဖြစ်ခဲ့လို့လား?"

"လျှောက်တင်ရမှာ စိုးရွံပေမဲ့.. အရှင့်နေရာကို အစားထိုးထားတဲ့လူကို ထျန်ယွမ်ရောက်ပြီး ရက်ပိုင်းအတွင်းမှာတင် အကြိမ်ကြိမ်လုပ်ကြံခဲ့ကြပါတယ်..."

ပုယွီက ရှေ့ဆက်ဖို့ အနည်းငယ် တွန့်ဆုတ်နေဟန်နဲ့ ရပ်သွားတယ်၊ ပြီးမှ။

"နောက်ဆုံးတစ်ယောက် အဆိပ်ခတ် လုပ်ကြံခံရအပြီးမှာတော့ ပု၀မ်ကယ်တင်ပေးနေတာတောင် အသက်ရှင်ဖို့ ခက်ခဲတဲ့အခြေအနေ ဖြစ်လာပါတယ်"

ရှောင်းကျန့်က စိတ်တိုတိုနဲ့ လက်ကိုဝေ့ယမ်းလိုက်‌တော့ ခလွမ်းခနဲ အသံနဲ့အတူ အခါးရည်ခွက်က ကြမ်းပြင်ပေါ်ကို ကျကွဲသွားခဲ့တယ်။

"အတင့်ရဲလိုက်ကြတာ!.. ရန်ဖေးကြည့်ရတာ ပန်ကုန်းဆီက ပွဲတောင်းနေတဲ့ပုံပဲ"

ပုယွီလဲ ကြောက်လာတာမို့ မတ်တပ်ဆက်မရပ်ရဲတော့ဘဲ ကြမ်းပြင်ပေါ် ဒူးထောက်ချပြီး ဆက်လျှောက်တင်တယ်။

"စိုးရွံပင်မဲ့ အားလုံးက ငယ်သားတို့ရဲ့ ပေါ့ဆမှုကြောင့်ပါ.. ဒါပေမဲ့ သူတို့ဘက်က အကြောင်းမရှိဘဲ လုပ်နေတာ မဟုတ်တော့ပါဘူး အရှင်.. သိပ်မကြာခင်ကပဲ နန်းတွင်းအထောက်တော်ဆီက သတင်းတစ်ခု ရခဲ့ပါတယ်.."

"အဲ..အဲဒါက‌တော့ မိဖုရားခေါင်းကြီးမှာ ကိုယ်၀န်ရှိနေတာကြောင့် နန်းတော်တစ်ခုလုံး ပျော်ရွှင်နေကြတယ်ဆိုတဲ့ သတင်းပါ"

"ဘယ်လိုဖြစ်ပြီးတော့လဲ..."

ရှောင်းကျန့် နှုတ်ကနေ တိုးတိုးရေရွတ်တယ်၊ ဒါပေမဲ့ မျက်နှာကတော့ အပြောင်းအလဲမရှိဘဲ ပကတိ တည်ငြိမ်နေတယ်၊ နှုတ်ခမ်းထောင့်လေးတွေက ကော့ညွှတ်နေကြပြီး မြောက်များလှစွာသော ဖြစ်နိုင်ခြေတွေကို စိတ်ထဲမှာ အပြေးအလွှား တွက်ချက်နေခဲ့တယ်။

ပြောရရင် ရန်ဖေးမှာ သားတော်ရှိလာမှာကို လိုလားတဲ့လူဆိုတာ မရှိဘူး၊ ဧကရာဇ်က ကိုယ်တိုင်ကလဲ မကြိုဆိုသလို၊ ရှောင်းကျန့်ကလဲ မလိုလားဘူး။

သားတော်ရှိလာရင် ထျန်ယွမ်က သူတို့သွေးပါတဲ့မင်းသားကို နန်းတင်ဖို့ အခွင့်အရေးရလာတော့မှာ၊ ဒါကို ဧကရာဇ်က ကြောက်တယ်၊ မင်းသမီးဖြစ်တဲ့ ရှောင်းကျန့် အနေနဲ့ကလဲ ရန်ဖေးနဲ့ အလွယ်တကူ ပခုံးချင်းယှဉ်ခွင့် ရနေတာကလဲ မိဖုရား‌ခေါင်းကြီးမှာ နန်းမွေခံသားတော် မရှိလို့ပဲ၊ တကယ်လို့ သားတော်ရှိလာခဲ့ရင် သူတို့ကြားက ညီမျှနေတဲ့ ဟန်ချက်က ပျက်ဆီးသွားလိမ့်မယ်။

ရန်မိဖုရား နန်းတွင်း၀င်ခါစတုန်းက လမစေ့ဘဲ ကလေးမွေးပြီး အဖတ်မတင်ဖြစ်ခဲ့တယ်၊ ‌နောက်ပိုင်းမှာတော့ ကိုယ်၀န်ရဖို့ ခက်ခဲတယ်ဆိုတဲ့ သတင်းတွေ ထွက်လာတယ်၊ ရှောင်းကျန့်က သိပ်အာရုံမစိုက်ပေမဲ့ နောက်ကွယ်မှာ ဘယ်သူရှိ‌တယ်ဆိုတာကိုတော့ သူသိတယ်။

နှစ်ပေါင်းများစွာကြာတဲ့အထိ ရန်မိဖုရားမှာ ကလေးမရှိခဲ့ဘူး၊ ရှိတာနဲ့ ဧကရာဇ်ဘက်က တစ်ခုမဟုတ် တစ်ခုလုပ်မယ်ဆိုတာ ရှောင်းကျန့် သိတယ်။

ဒီလိုဖြစ်‌နေတဲ့ရန်ဖေးမှာ ရုတ်ချည်းဆိုသလိုပဲ ကိုယ်ဝန်ရှိလာတာ‌ကြောင့် ဘယ်‌နေရာမှာ လွဲနေမှန်း စဉ်းစားမရဘဲ ရှောင်းကျန့် လမ်းပျောက်သွားတယ်။

အခုလက်ရှိမှာတော့ ကလေးကြောင့် ရန်ဖေးက ရူးသွပ်နေတာ၊ သူ့သား အိမ်ရှေ့စံဖြစ်မဲ့ လမ်းကြောင်းမှာ ဆူးညောင့်ခလုပ် ဖြစ်နေတဲ့ တစ်ဦးတည်းသောသူက ရှောင်းကျန့် ဖြစ်နေတာ၊ ဒါကြောင့်ပဲ သူ့ကို သေအောင်သတ်ချင်နေတာ။

...

ပုယွီပြန်သွားတော့ ပြင်ဆင်ပေးမဲ့လူတွေ ၀င်လာကြတယ်၊ လူကသေသွားပြီဆိုပေမဲ့ ရန်ကျိုးကို ပြန်လာစည်ကားလာစေချင်တာက ယန်လီရဲ့ဆန္ဒ ဖြစ်ခဲ့တာ မဟုတ်လား၊ ဒါကြောင့် ရှောင်းကျန့်က တာဝန်ယူထားတဲ့အတိုင်း နောက်ဆုံးအဆင့်ထိ ဖြည့်ဆည်းပေးဖို့ တွေးခဲ့တယ်။

ဒီနှစ်ရဲ့ ချုံဟွာ ပန်းနတ်ဘုရားမ ပူဇော်ပွဲမှာ အရှုပ်အထွေးများစွာ ရှိခဲ့ပေမဲ့ နောက်ဆုံးဖြစ်တဲ့ပူဇော်ပွဲနေ့ကိုတော့ ရောက်လာခဲ့ပြီ။

အကြိမ်ကြိမ် ငြင်းပယ်ခဲ့တဲ့ ပုလဲခေါင်းဆောင်းက နောက်ဆုံးတော့ ရှောင်းကျန့်ခေါင်းပေါ်မှာ ကျကျနန နေရာယူသွားတယ်၊ တွဲလောင်းကျနေတဲ့ ပုလဲလုံးတန်းလေးက လှပကျော့ရှင်းတဲ့ မျက်ခုံးနှစ်ဖက်ကြားက နေရာလွတ်မှာ ကျက်သရေရှိစွာ နေရာယူတယ်၊ အလွှာအထပ်ထပ်ပါတဲ့ အဖြူစွတ်စွတ် ဘရိုကိတ်၀တ်ရုံက သိမ်မွေ့စွာ ပွင့်အာနေတဲ့ ပျိုနီပန်းပွင့်လို လှပတယ်။

ရှောင်းကျန့်မှာ ခေါင်းဆောင်းကြောင့် လှည့်ရပြုရခက်နေတာမို့ လည်ပင်းကုပ်ပိုးတစ်ခုလုံး တောင့်လာတယ်၊ မအီမသာ ဖြစ်နေတဲ့ ရှောင်းကျန့်က ပြတင်းပေါက် အပြင်ဘက်ကို လှမ်းမျှော်ကြည့်နေရင်း လေးပင်စွာ သက်ပြင်းချလိုက်တယ်။

"ဘာ‌များ စိတ်ပူပန်စရာ ရှိနေလို့လဲ အရှင်မင်းသမီး?"

တည်ငြိမ်အေးဆေးတဲ့ စကားသံက နောက်ကျောဘက်ကနေ ထွက်ပေါ်လာတယ်၊  လှည့်ကြည့်စရာမလိုဘဲ ဘယ်သူမှန်း ရှောင်းကျန့် သိတယ်။

"နောက်ဆုံးတော့ မင်းသတိရပြီပဲ"

ချောက်ထဲပြုတ်ကျပြီးနောက်ပိုင်းမှာ ၀မ်ရိပေါ်က ရက်အတော်ကြာ သတိလစ်နေခဲ့တယ်၊ ပြန်နိုးလာချိန်မှာတော့ အရင်အတိုင်း တည်ငြိမ်တဲ့၀မ်ရိပေါ် ပြန်ဖြစ်သွားခဲ့တယ်၊ ဂူထဲမှာ အတူပိတ်မိခဲ့တဲ့ ကိစ္စတွေက ဘယ်တုန်းကမှ မဖြစ်ခဲ့ဖူးသလို သူ့မှတ်ဥာဏ်ထဲကနေ ပျောက်ကွယ်သွားပြီထင်တယ်။

၀မ်ရိပေါ်ဘက်က တကယ်မေ့သွားလို့ပဲ ဖြစ်ဖြစ်၊ သိရက်နဲ့ ထုတ်မပြောချင်တော့တာပဲဖြစ်ဖြစ် ကိစ္စမရှိဘူး၊ ရှောင်းကျန့် နားလည်ပေးထားပြီး ဘယ်မှမဖြစ်ခဲ့သလို နေပေးဖို့ ဆန္ဒရှိပါတယ်။

"အင်း"

၀မ်ရိပေါ်က ပြန်ဖြေရင်း သူ့နားမှာ ဣန္ဒြေရစွာ ၀င်ထိုင်တယ်။

ပြတင်းပေါက်က လှမ်းကြည့်မယ်ဆိုရင် ပန်းနတ်ဘုရားမ ထွက်လာတာကို စောင့်မျှော်နေကြတဲ့ လူတွေကို တွေ့ရလိမ့်မယ်၊ သူတို့ရဲ့ စိတ်အားထက်သန်မှုတွေက ပူလောင်တဲ့အတွက် ရှောင်းကျန့်မှာ ရှောင်ပုန်းချင်စိတ် ပေါ်လာတယ်။

"တအားလေးနေလား?"

၀မ်ရိပေါ်က ပုလဲတွေနဲ့ စီခြယ်အလှဆင်ထားတဲ့ သရဖူ‌ခေါင်းဆောင်းကို လက်ညိုးညွှန်ပြပြီး မေးလာတယ်။

"အဆင်ပြေပါသေးတယ်"

ရှောင်းကျန့်က နွမ်းလျစွာ ပြုံးလိုက်ပြီး။

"ပန်ကုန်းရဲ့ မင်းသမီးအဆောင်အယောင်တွေထဲမှာ ဒီထက်လေးတာတွေတောင် ရှိသေးတယ်"

"အရှင်မင်းသမီးကို ကိုယ်တော်ပေးထားတဲ့ သစ်သားဆံထိုးလေးရော?"

၀မ်ရိပေါ်မေးခွန်းကို ရှောင်းကျန့်က တမင် ပြန်မဖြေဘဲ စကားလမ်းကြောင်း လွှဲပစ်လိုက်တယ်။

"ဒီကကိစ္စတွေ ပြီးသွားရင် မင်းဘယ်ကိုဆက်သွားမှာလဲ?"

ဘယ်ကို... သွားမှာလဲ?

၀မ်ရိပေါ်ဘက်က အနည်းငယ် ဆွံ့အသွားတယ်၊ ရှောင်းကျန့်ဘက်က ဒီမေးခွန်းမေးလာလိမ့်မယ်လို့ သူမမျှော်လင့်ခဲ့လောက်ဘူး။

ရှောင်းကျန့်က မပီပြင်တဲ့အပြုံးတစ်ခုနဲ့ ဆက်ပြောတယ်။

"ပန်ကုန်း မေးခွန်း မှားသွားလို့လား?"

အတန်ကြာမှ တည်ငြိမ်တဲ့စကားသံ ထွက်လာတယ်။

"အရှင်မင်းသမီးရဲ့မေးခွန်းက..မှန်ကန်ပါတယ်"

ရှောင်းကျန့်ကခေါင်းငြိမ့်လိုက်ပြီး။

"ဒီမှာဖြစ်ခဲ့တဲ့ ကိစ္စတွေကို အိပ်မက်ရှည်တစ်ခုလိုပဲ သတ်မှတ်လိုက်ကြစို့"

ရှေ့မှာရှိနေတဲ့အမျိုးသားရဲ့ မျက်နှာတစ်ခြမ်းကို ၀မ်ရိပေါ် ငြိမ်ငြိမ်လေး ငေးကြည့်နေမိတယ်၊ စိတ်ထဲမှာ အကူအညီမဲ့မှုများနဲ့ ပြည့်နှက်ကာ မရေမတွက်နိုင်အောင်များတဲ့ မေးခွန်းတွေ ပေါ်ပေါက်လာပေမဲ့ နောက်ဆုံးမှာတော့ ခံစားမှုမပါဘူးထင်ရတဲ့ စကားလုံးတချို့အဖြစ်သာ ပြောင်းလဲသွားတယ်။

"ကောင်းပါပြီ"

'ဒီလိုအနေအထားအတိုင်းပဲ ကောင်းတယ်.. ဒီထက်နီးကပ်ဖို့ မလုပ်မိစေနဲ့'

ရှောင်းကျန့် ကိုယ့်ကိုယ်ကို တိတ်တဆိတ် သတိပေးလိုက်တယ်။

...

ရှောင်းကျန့် အခန်းထဲကနေ တစ်လှမ်းချင်း ထွက်လာတယ်၊ စိတ်ထဲမှာ ဒီနေ့လောက် ရှင်းလင်းနေတာ မရှိခဲ့ဖူးသလိုပဲ၊ သူ့ရဲ့ ဆင်ခြင်နိုင်စွမ်းက အမြင့်ဆုံးမှာ ရှိနေတယ်။

၀မ်ရိပေါ်ကို သဘောကျတယ်ဆိုတာ သူ့ကိုယ်သူ သိတယ်၊ ဒီခံစားချက်က ၀မ်ရိပေါ်ကို သူ့ရဲ့ ဆရာတူအစ်ကိုနည်းတူ ပျက်ဆီးစေလိမ့်မယ်ဆိုတာလဲ သိသေးတယ်၊ အဲလိုမျိုး အဖြစ်ခံမဲ့အစား သူ့ခံစားချက်ကို ထုပ်ပိုးသိမ်းဆည်းထားပြီး အစမလုပ်ဖို့ ရှောင်းကျန့်ရွေးချယ်မယ်။

ဒါပေမဲ့ ၀မ်ရိပေါ်သူ့ကို သစ်သားဆံထိုးအကြောင်း မေးရတဲ့ရည်ရွယ်ချက်နဲ့ ပြီးဆုံးအောင် ပြောခွင့်မရလိုက်ရတဲ့ စကားရဲ့နောက်ကွယ်က အဓိပ္ပါယ်ကိုတော့ ရှောင်းကျန့် မသိလိုက်ဘူး။

တကယ်တော့ ၀မ်ရိပေါ်သူ့ကို လာတွေ့တာက ပြောစရာ ရှိနေလို့ပါ။

တကယ်လို့ သရဖူခေါင်းဆောင်းက လေးလွန်းတယ်ဆိုရင်၊ ဧကရာဇ်ရဲ့သမီးတော်အဖြစ် နေထိုင်ရတာက ခက်ခဲလွန်းတယ်ဆိုရင် ပေါ့ပါးတဲ့ သစ်သားဆံထိုးလေးသာ ပန်ဆင်ရတဲ့ သူ့ရဲ့တစ်ဦးတည်းသော အရှင်မင်းသမီး လုပ်ချင်လဲရပါတယ်လို့ ၀မ်ရိပေါ်က ကမ်းလှမ်းချင်ခဲ့တာ။

အဆုံးသတ်မှာတော့ ၀မ်ရိပေါ် စကားတွေထဲက သံယောဇဉ် အရိပ်အမြွက်ကို ရှောင်းကျန့်က နားမလည်ခဲ့သလို ရှောင်းကျန့်ဘက်က လမ်းခွဲဖို့ပြောရတဲ့ နောက်ကွယ်က အကြောင်း အရင်းမှန်ကိုလဲ ၀မ်ရိပေါ် မသိခဲ့ဘူး။

ကျန်းကျောက် ဧကရာဇ် နန်းစံနှစ် ၃၀ နှစ် မြောက်တဲ့နှစ်မှာတော့ ရန်ကျိုးရဲ့ ချုံဟွာ ပန်းနတ်ဘုရားမ ပူဇော်ပွဲကို အောင်မြင်စွာ ပြန်လည်အသက်သွင်းနိုင်ခဲ့ကြတယ်။

မျက်နှာတစ်၀က်ကို ပန်းတွေနဲ့ စီခြယ် အလှဆင်ထားတဲ့ ပန်းနတ်ဘုရားမက ပရိတ်သတ်တို့အလယ်ကို အပူဇော်ခံဖို့ ရောက်နေတယ်၊ ၀တ်ထားတဲ့ အဖြူရောင် ဘရိုကိတ်၀တ်စုံက ဆီးနှင်းလိုဖြူပြီး ကျောပြင်မှာ ချထားတဲ့ ဆံနွယ်ရှည်တွေက မင်လိုပဲမည်းနက်တယ်။

ထောင်ပေါင်းများစွာသော ပန်းပင်လယ်ကြီးထဲမှာမြင်ရတဲ့ ပန်းနတ်ဘုရားမက လူလောကကို သက်ဆင်းလာတဲ့ မသေမျိုး နတ်ဘုရား အစစ်လိုပဲ၊ ထောင်ပေါင်းများစွာသော ပွင့်ဖတ်တွေက လေပြေနဲ့အတူ ကောင်းကင်တခွင်မှာ လွင့်ပျံနေပြီး ပန်းနတ်ဘုရားမကို ကြိုဆိုနှုတ်ဆက်ကြတယ်။

စိတ်ဝင်စားစရာတစ်ခုက ဒီနှစ်ရဲ့ ချုံဟွာ ပန်းနတ်ဘုရားမ ပူဇော်ပွဲကို အထင်ကရ ဟယ်ရှန်တစ်ပါးလဲ ကြွရောက်ခဲ့တယ်၊ ဟယ်ရှန်တွေနဲ့ ပန်းနတ်ဘုရားမကြားမှာ ကာလကြာရှည်စွာရှိခဲ့တဲ့ အငြိုးအတေးတွေကလဲ နောက်ဆုံးတော့ တိမ်တိုက်ကလေး လေနဲ့အတူ လွင့်မျောသွားသလို ချုပ်ငြိမ်းသွားခဲ့တယ်။

ပန်းနတ်ဘုရားမက လှပတဲ့ အဖြူရောင် ပျိုနီပန်းတစ်ပွင့် ယူကာ အထင်ကရ ဟယ်ရှန်ရဲ့ နားရွက်မှာ ပန်ဆင်ပေးလိုက်ရင်း စကားတစ်ခွန်းဆိုခဲ့တယ်။

"ဒီပန်းက မင်းနဲ့ အလိုက်ဖက်ဆုံးပဲ"

ချုံဟွာ ပန်းနတ်ဘုရားမဒဏ္ဍာရီကတော့  ဒီနေရာတွင်ပဲ ပြီးဆုံးပါတယ်။

End of Vol 1

240216
မနက်ဖြန် update တစ်ရက်နားပါတယ်။

.........

အပိုင္း။ ၃၀

ၾကမ္းတမ္းတဲ့ေလေအးေတြက ေႏြဦးရဲ႕ ေနာက္ဆုံးမိုးေျပးနဲ႕အတူ လြင့္ပါးကုန္ၾကတဲ့အတြက္ ရန္က်ိဳးရဲ႕ရာသီဥတုက လတ္တေလာမွာ ေႏြးေထြးလာတယ္၊ ေကာင္းကင္တခြင္ ျပာလဲ့ေနကာ ဘယ္ကိုၾကည့္ၾကည့္ ၾကည္လင္ေနတဲ့ ပတ္၀န္းက်င္ကို ေတြ႕ရလိမ့္မယ္၊ မိုးေျပးေၾကာင့္ ညတြင္းခ်င္း ပြင့္လန္းလာၾကတဲ့ ပန္းေတြရဲ႕ ပြင့္ဖတ္ေလးေတြေပၚမွာ မိုးေရစက္ေတြ တင္က်န္ခဲ့ၿပီး သူတို႔ေတြက ေႏြးေထြးညင္သာတဲ့ ေလေျပနဲ႕အတူ ဘယ္ညာယိမ္းႏြဲ႕ေနၾကတယ္။

ေရွာင္းက်န့္က မ်က္လုံးေတြကို အနည္းငယ္ ေမွးက်ဥ္းထားၿပီး ေတာက္ပေနတဲ့ ေနေရာင္ထဲကို ေငးၾကည့္ေနတယ္၊ က်န္ရွိေနတဲ့ ပူပန္မႈတခ်ိဳ႕က ႏွလုံးသားမွာ အခိုးအေငြ႕ေတြ‌မ်ားအျဖစ္ ရစ္သိုင္း‌ဖြဲ႕တည္‌ေနတယ္။

ပုယြီက အခါးရည္ခ်ေပးရင္း ေရွာင္းက်န့္ကို အရိပ္အကဲၾကည့္ၿပီး ေမးျမန္းလာတယ္။

"ယန္လူႀကီးမင္းကိစၥနဲ႕ ပတ္သက္ၿပီး ဘယ္လိုမ်ား မွာၾကားလိုပါသလဲ အရွင္"

ေရွာင္းက်န့္က မေျဖေသးဘဲ အခါးရည္တစ္ငုံ ေသာက္တယ္၊ အတန္ၾကာ ႏႈတ္ဆိတ္ေနၿပီးေနာက္မွ ေျပာလာတယ္။

"မေတာ္တဆ ေျခေခ်ာ္က်ၿပီး ေသတယ္လို႔ သတင္းပို႔လိုက္.. အစားထိုးဖို႔အတြက္ အထက္က ၾကည့္စီစဥ္လိမ့္မယ္"

"အရွင့္ရဲ႕ သနားၾကင္နာမႈက ျမင့္ျမတ္လွပါတယ္"

ပုယြီက ျပန္ေျပာတယ္။

ယန္လီက အခ်စ္ေၾကာင့္ ႐ူးသြပ္သြားတာ မွန္ေပမဲ့ ေရွာင္းက်န့္ကေတာ့ သူ႕ရဲ႕ဂုဏ္သိကၡာကို ဆက္လက္ထိန္းသိမ္းေပးဖို႔ ဆႏၵရွိပါတယ္၊ ဘယ္အရာေၾကာင့္မွ မယိမ္းယိုင္ဘဲ ထင္း႐ူးပင္လို ေျဖာင့္မတ္ခဲ့တဲ့ လူငယ္ေလးက ဘယ္ေတာ့မွ ျပန္မလာနိုင္ေတာ့ဘူး ဆိုေပမဲ့လဲေပါ့။

"ဒါေတြက ယန္လူႀကီးမင္းက်န္ရစ္ခဲ့တဲ့ ပစၥည္းေတြပါ"

ပုယြီက ပစၥည္းေတြကို ေရွာင္းက်န့္ေရွ႕ယူလာတယ္၊ ယြန္းဘူးငယ္တစ္ခု၊ စည္းမ်ဥ္းအတိုင္း ျပန္အပ္ရတဲ့ ယန္လီရဲ႕အေဆာင္အေယာင္အရာရွိ၀တ္႐ုံနဲ႕ အမည္းေရာင္ အရာရွိဦးထုပ္၊ စုစုေပါင္း ပစၥည္း ၃ မ်ိဳးပါတယ္။

"ငယ္သား သြားၾကည့္တုန္းက ဒီပစၥည္း ၃ မ်ိဳးကို ပင္မခန္းမေဆာင္မွာ ေသခ်ာစီၿပီး ခ်ထားတာကို ေတြ႕ခဲ့ရတာပါ အရွင္.. ငယ္သားအထင္ေတာ့ ယန္လူႀကီးမင္းက အရွင့္ရဲ႕စူးရွလြန္းတဲ့ ထိုးထြင္းသိျမင္နိုင္စြမ္းကေန လြတ္ေျမာက္ဖို႔မျဖစ္နိုင္တာကို ႀကိဳတင္ခန့္မွန္းမိၿပီးသား ျဖစ္ပါလိမ့္မယ္"

ေရွာင္းက်န့္ သက္ျပင္းခ်လိဳက္ၿပီး ယန္လီခ်န္ရစ္ခဲ့တဲ့ဦးထုပ္ကို လက္ေခ်ာင္းထိပ္နဲ႕ ထိေတြ႕လိုက္တယ္။

"မျဖစ္နိုင္မွန္းသိေနလဲ အဆုံးထိ ေလွ်ာက္ၾကည့္ခ်င္တာမ်ိဳးေပါ့.. အဲဒါက တကယ္ တန္ေကာတန္ရဲ႕လား?"

'ဘာမွမတတ္နိုင္ဘူး အခ်စ္က ဒီလိုပဲ' လို႔ ဆိုရမလား။

ခ်စ္မိေတာ့လဲ တစ္ခ်ိန္မွာ ကြဲကြာရမယ္ဆိုတာ သိရက္နဲ႕ေတာင္ အတူရွိခြင့္ရတဲ့ တခဏတာကို လက္လႊတ္မခံခ်င္တာမ်ိဳး၊ အျဖစ္မွန္ ေပၚလာမယ္ဆိုတာ သိရက္နဲ႕ေတာင္ တူညီတဲ့အမွားကို ထပ္တလဲလဲ က်ဴးလြန္ဖို႔ ၀န္မေလးတာမ်ိဳး။

ယြန္းဘူးေလးကို ဖြင့္လိုက္ေတာ့ အထဲမွာ စာတစ္ေစာင္ ရွိေနတာကို ေတြ႕လိုက္ရတယ္၊ စာအိတ္က ေဟာင္းႏြမ္းေနၿပီး စာ႐ြက္ေတြက ဝါက်င့္က်င့္ အေရာင္ေျပာင္းေနၿပီ၊ အေပၚက  '‌နယ္စားမင္းယန္လီ ဖတ္ရန္' ဆိုၿပီး လိပ္မူထားတဲ့ စာေၾကာင္းကိုေတာင္ မႈန္ဝါးဝါးပဲ ျမင္ရေတာ့တယ္။

သူမရွိေတာ့တဲ့အခါ ေရွာင္းက်န့္က သူ႕ပစၥည္းေတြရွင္းလင္းဖို႔ စီစဥ္ခိုင္းေလာက္တယ္ဆိုၿပီး ယန္လီက ႀကိဳေတြးမိခဲ့ပုံေပၚတယ္၊ ဒါေၾကာင့္ အလုပ္နဲ႕ မသက္ဆိုင္တဲ့ စာတစ္ေစာင္ကိုပါ အတူထားခဲ့တာ၊ ဒီစာကို ေရွာင္းက်န့္ဖတ္ဖို႔ထားခဲ့တယ္ဆိုၿပီး ယူဆလို႔ရတယ္။

စာကေတာ့ ဖြင့္ဖတ္ထားၿပီးသားပါ၊ အထဲကစာကို ေရွာင္းက်န့္ ထုတ္ယူလိုက္တယ္၊ လက္ေရးလက္သားက စီးဆင္းေနတဲ့ေရလို သိမ္ေမြ႕လွပတယ္၊ လက္ေရးအလွခ်င္းယွဥ္ရင္ေတာင္ ထိပ္တန္းအဆင့္လို႔ သတ္မွတ္လို႔ရတဲ့ လက္ေရးမ်ိဳးပါ၊ ဒါေပမဲ့ တခ်ိဳ႕ေနရာေတြမွာ မညီညာျဖစ္ေနတဲ့ စုတ္ခ်က္ေတြကို ေတြ႕ရတယ္၊ ၾကည့္ရတာ ဒီလက္ေရးပိုင္ရွင္က လက္ေကာက္၀တ္မွာ ျပသနာရွိေနတာမ်ိဳး ဒီလိုမွမဟုတ္ရင္ အျပင္းအထန္ နာမက်န္းျဖစ္ေနတဲ့သူ ျဖစ္ေလာက္တယ္။

'သို႔
လူႀကီးမင္းယန္လီ

လူကိုယ္တိုင္ မေတြ႕ဖူးေပမဲ့ အမည္ကိုေတာ့ ရင္းႏွီးေနခဲ့ပါတယ္။

ဒီစာေရးလိုက္ရတဲ့ အေၾကာင္းအရင္းကေတာ့ ယန္လူႀကီးမင္းထံမွာ အကူအညီေတာင္းခံခ်င္တာ‌ေၾကာင့္ပါပဲ။

ကြၽန္ုပ္နဲ႕ ယြင္ညန္ၾကားမွာ ဆက္ဆံေရးတစ္ခု တည္ေဆာက္ခဲ့ေသာ္ျငား အတူရွိဖို႔ ေရစက္မပါခဲ့ပါဘူး၊ ဆရာသခင္က ကြၽန္ုပ္ကို ဂိုဏ္းကႏုတ္ထြက္ဖို႔ ခြင့္မျပဳတဲ့အျပင္ စည္းကမ္းခ်ိဳး‌ေဖာက္တဲ့ျပစ္ဒဏ္အေနနဲ႕ အတြင္းအားနဲ႕ သိုင္းပညာကိုပါ ဖ်က္ဆီးပစ္ခဲ့တယ္၊ ေနဖို႔ရက္မက်န္ေတာ့တဲ့ ဒုကၡိတမို႔ သူနဲ႕မထိုက္တန္ေတာ့ပါဘူး။

ကြၽန္ုပ္ေၾကာင့္လဲသူ႕မွာ ႀကီးစြာခက္ခဲခဲ့ရၿပီးၿပီ၊ ႏွစ္ေပါင္းမ်ားစြာ ခ်စ္ကြၽမ္း၀င္ခဲ့တာ မဟုတ္ေသာ္ျငား သူ႕ကိုအမွန္တကယ္ ျမတ္နိုးတန္ဖိုးထားခဲ့ပါတယ္၊ ဒါေၾကာင့္ ေနာက္ဆုံးအထိ သူ႕ေကာင္းက်ိဳးကိုပဲ ေရွးရႈလိုပါတယ္။

ယန္လူႀကီးမင္းက ယြင္ညန္ကို ငယ္စဥ္ကတည္းက ေဖးမေစာင့္ေရွာက္ခဲ့သူလို႔ သိရတယ္၊ အခုလက္ရွိ နန္းတြင္းစာေမးပြဲ‌ ေျဖဆိုေအာင္ျမင္ၿပီး ဇာတိၿမိဳ႕ ျပန္လာၿပီဆိုတဲ့ သတင္းေကာင္းလဲ ၾကားသိထားပါတယ္၊ ဒါေၾကာင့္ ယြင္ညန္ကို ယန္လူႀကီးမင္းလက္ထဲ အပ္ခဲ့ခ်င္ပါတယ္၊ သူ႕ကို တြန္းမထုတ္ဖို႔ ေမတၱာရပ္ခံခ်င္ပါတယ္၊ လက္ခံေပးဖို႔ ေတာင္းဆိုခ်င္ပါတယ္။

ကြၽန္ုပ္ရဲ႕ဆႏၵအလုံးစုံကို ဖြင့္ျပၿပီး ေတာင္းဆိုပါရ‌ေစ။

အသိမေပးပါ...နဲ႕.. လွ်ို႔ဝွက္ထားပါ..
၀န္ထုပ္လို႔ မ..မယူဆပါနဲ႕...
က်န္းမာေရး ဂ႐ုစိုက္..ပါ '

စာရဲ႕ေနာက္ဆုံးပိုင္းမွာ စုတ္ခ်က္ေတြယိမ္းယိုင္ကာ မင္ေဖ်ာ့ၿပီး ျပတ္က်န္ေနတယ္၊ စာေရးတဲ့သူက စိတ္ႏွလုံးေၾကကြဲၿပီး ေနာက္ဆုံးစာေၾကာင္းကို အဆုံးမသတ္နိုင္ ျဖစ္ခဲ့ပုံေပၚတယ္။

ဒီစာကိုေရးခဲ့တဲ့လူက ၀မ္ရိေပၚရဲ႕ဆရာတူအစ္ကို ႐ႊမ္ရိျဖစ္ေနလိမ့္မယ္လို႔ ေရွာင္းက်န့္ ဘယ္တုန္းကမွ မ‌ေမွ်ာ္လင့္ခဲ့မိဘူး။

ယြင္ညန္နဲ႕ အတူရွိခြင့္ရဖို႔ ေတာင္းဆိုရင္း သိုင္းပညာဖ်က္ဆီးခံခဲ့ရၿပီး ခႏၶာကိုယ္ပါ ထိခိုက္ခဲ့တယ္၊ အသက္ရွင္ဖို႔အခ်ိန္ မရွိေတာ့တဲ့အခါ ယြင္ညန္ ကိုယ့္ကိုယ္ကို အျပစ္မတင္ရေလေအာင္ အျဖစ္မွန္ကို ဖုံးကြယ္ထားၿပီး ယန္လီဆီမွာ အပ္ႏွံခဲ့တာ။

ဒါေပမဲ့ သူ႕ရဲ႕ဆုံးျဖတ္ခ်က္က အနာဂတ္မွာ ႀကီးမားတဲ့အမွားႀကီးတစ္ခုဆီ ဦးတည္သြားေစမယ္လို႔ မထင္ထားခဲ့ေလာက္ဘူး‌။

႐ႊမ္ရိက အထင္ကရ ဟယ္ရွန္ျဖစ္ေပမဲ့ လူ႕သေဘာသဘာ၀ကိုေတာ့ နားလည္ခဲ့ပုံ မေပၚဘူး၊ ဘဝအျပင္ အခ်စ္ကိုပါ ဆုံးရႈံးလိုက္ရတဲ့ မိန္းမတစ္ေယာက္ရဲ႕ အစြဲအလမ္းက ဘယ္ေလာက္ အတိုင္းအတာထိ ႀကီးမားနိုင္လဲဆိုတာကို သူမမွန္းတတ္ခဲ့ဘူး။

"ယန္လူႀကီးမင္းက အျဖစ္မွန္ေတြကို သိခဲ့ရက္နဲ႕ ယြင္ညန္ကို ဘာလို႔ မေျပာျပခဲ့တာမ်ားလဲ.. သူေျပာလိုက္ရင္ ဒီလိုအျဖစ္ဆိုးမ်ိဳးေတြ မျဖစ္ေအာင္ တားဆီးနိုင္ခဲ့မွာေနာ္ အရွင္"

ေရွာင္းက်န့္နဲ႕ စာအတူဖတ္ေနတဲ့ပုယြီက အားမလိုအားမရ ျဖစ္ေနဟန္နဲ႕ ေမးလာတယ္၊ ေရွာင္းက်န့္က သက္ျပင္းခ်လိဳက္ၿပီး။

"လူေတြက ေမြးရာပါ တစ္ကိုယ္ေကာင္းဆန္ၾကလို႔ေလ .. ယြင္ညန္က အခ်စ္ေၾကာင့္ ႐ူးသြပ္ၿပီး လက္စားေခ်ခ်င္တာေၾကာင့္သာ သူ႕ကိုျပန္ခ်ဥ္းကပ္ခဲ့တာ.. သူ႕အာဏာနဲ႕ အရွိန္အဝါကို အသုံးခ်ဖိဳ႕ အနားမွာရွိေနရင္ေတာင္ ယန္လီက ေက်ေက်နပ္နပ္ႀကီး ဗီလိန္လုပ္ေပးခ်င္ခဲ့တာ"

ယြင္ညန္ဆီမွာ အမုန္းတရားေတြ ဆက္ရွိေနမွသာ သူ႕ကို အဖက္လုပ္မယ္ဆိုတာကို ယန္လီေကာင္းေကာင္းသိတယ္၊ ဒါေၾကာင့္ ယြင္ညန္ဘာေတြပဲ က်ဴးလြန္ပါေစ အေနာက္ကေန ထပ္ၾကပ္မကြာ လိုက္ျဖည့္ဆည္းေပးခဲ့တာ။

ခ်စ္ရသူဆီက အၾကည့္တစ္ခ်က္ေလာက္ ျပန္ရဖို႔အတြက္ ၃ ေယာက္ထဲမွာမွ အဆိုး႐ြားအနိမ့္က်ဆဳံး အခန္းက႑မွာ ေက်ေက်နပ္နပ္ႀကီး ပါဝင္ကျပခဲ့တယ္။

"ေျပာရရင္ေတာ့.. လူေတြက သိပ္ကိုတစ္ကိုယ္ေကာင္းဆန္ၾကတာေၾကာင့္ပဲ"

ေရွာင္းက်န့္ စိတ္ရႈပ္ေထြးစြာနဲ႕ ေလပူေတြ မႈတ္ထုတ္လိုက္တယ္၊ ေလာကႀကီးမွာ ျဖစ္တတ္တဲ့ လြဲေခ်ာ္မႈေတြအေၾကာင္း ေရွာင္းက်န့္မွာ လိုက္ေတြးဖို႔ အခ်ိန္မရွိဘူး၊ လုပ္စရာရွိတာ ဆက္လုပ္ဖို႔ေတြးၿပီး ပုယြီကို ေမးတယ္။

"ဒါနဲ႕ ပန္ကုန္းက စာပို႔လိုက္တာ ဆိုေပမဲ့.. မင္းတို႔က ထင္ထားတာထက္ ပိုျမန္ျမန္ ေရာက္လာသလားလို႔"

ယန္လီတို႔ႏွစ္ေယာက္နဲ႕ ရင္ဆိုင္မဲ့အျပင္ ထ်န္ယြမ္ရဲ႕နယ္နိမိတ္စည္းနားလဲ ျဖစ္ေနနိုင္တာမို႔ ေရွာင္းက်န့္က ႀကိဳတင္ကာကြယ္တဲ့အေနနဲ႕ အရိပ္သက္ေတာ္ေစာင့္တခ်ိဳ႕ လႊတ္ေပးဖို႔ ပုယြီတို႔ကို ေျပာလိုက္တာ၊ ကိုယ္တိုင္လာခိုင္းတာ မဟုတ္ခဲ့ဘူး။

"အရွင့္ဆီက စာလက္ခံရခ်ိန္မွာ ငယ္သားက အရွင့္ဆီလာေနတဲ့လမ္းမွာ ေရာက္ေနတာေၾကာင့္ပါ"

ပုယြီနဲ႕ ပု၀မ္ႏွစ္ေယာက္ကို လူစားထိုးမင္းသမီးနဲ႕အတူ ထ်န္ယြမ္ လိုက္သြားဖို႔ ေရွာင္းက်န့္ စီစဥ္ေပးလိုက္တာ‌ေလ၊ ဘာလို႔ အေစာႀကီး သူ႕ဆီျပန္လာတာလဲ။

"ဘာလို႔လဲ? ထ်န္ယြမ္မွာ တစ္ခုခု ျဖစ္ခဲ့လို႔လား?"

"ေလွ်ာက္တင္ရမွာ စိုး႐ြံေပမဲ့.. အရွင့္ေနရာကို အစားထိုးထားတဲ့လူကို ထ်န္ယြမ္ေရာက္ၿပီး ရက္ပိုင္းအတြင္းမွာတင္ အႀကိမ္ႀကိမ္လုပ္ႀကံခဲ့ၾကပါတယ္..."

ပုယြီက ေရွ႕ဆက္ဖို႔ အနည္းငယ္ တြန့္ဆုတ္ေနဟန္နဲ႕ ရပ္သြားတယ္၊ ၿပီးမွ။

"ေနာက္ဆုံးတစ္ေယာက္ အဆိပ္ခတ္ လုပ္ႀကံခံရအၿပီးမွာေတာ့ ပု၀မ္ကယ္တင္ေပးေနတာေတာင္ အသက္ရွင္ဖို႔ ခက္ခဲတဲ့အေျခအေန ျဖစ္လာပါတယ္"

ေရွာင္းက်န့္က စိတ္တိုတိုနဲ႕ လက္ကိုေဝ့ယမ္းလိုက္‌ေတာ့ ခလြမ္းခနဲ အသံနဲ႕အတူ အခါးရည္ခြက္က ၾကမ္းျပင္ေပၚကို က်ကြဲသြားခဲ့တယ္။

"အတင့္ရဲလိုက္ၾကတာ!.. ရန္ေဖးၾကည့္ရတာ ပန္ကုန္းဆီက ပြဲေတာင္းေနတဲ့ပုံပဲ"

ပုယြီလဲ ေၾကာက္လာတာမို႔ မတ္တပ္ဆက္မရပ္ရဲေတာ့ဘဲ ၾကမ္းျပင္ေပၚ ဒူးေထာက္ခ်ၿပီး ဆက္ေလွ်ာက္တင္တယ္။

"စိုး႐ြံပင္မဲ့ အားလုံးက ငယ္သားတို႔ရဲ႕ ေပါ့ဆမႈေၾကာင့္ပါ.. ဒါေပမဲ့ သူတို႔ဘက္က အေၾကာင္းမရွိဘဲ လုပ္ေနတာ မဟုတ္ေတာ့ပါဘူး အရွင္.. သိပ္မၾကာခင္ကပဲ နန္းတြင္းအေထာက္ေတာ္ဆီက သတင္းတစ္ခု ရခဲ့ပါတယ္.."

"အဲ..အဲဒါက‌ေတာ့ မိဖုရားေခါင္းႀကီးမွာ ကိုယ္၀န္ရွိေနတာေၾကာင့္ နန္းေတာ္တစ္ခုလုံး ေပ်ာ္႐ႊင္ေနၾကတယ္ဆိုတဲ့ သတင္းပါ"

"ဘယ္လိုျဖစ္ၿပီးေတာ့လဲ..."

ေရွာင္းက်န့္ ႏႈတ္ကေန တိုးတိုးေရ႐ြတ္တယ္၊ ဒါေပမဲ့ မ်က္ႏွာကေတာ့ အေျပာင္းအလဲမရွိဘဲ ပကတိ တည္ၿငိမ္ေနတယ္၊ ႏႈတ္ခမ္းေထာင့္ေလးေတြက ေကာ့ၫႊတ္ေနၾကၿပီး ေျမာက္မ်ားလွစြာေသာ ျဖစ္နိုင္ေျခေတြကို စိတ္ထဲမွာ အေျပးအလႊား တြက္ခ်က္ေနခဲ့တယ္။

ေျပာရရင္ ရန္ေဖးမွာ သားေတာ္ရွိလာမွာကို လိုလားတဲ့လူဆိုတာ မရွိဘူး၊ ဧကရာဇ္က ကိုယ္တိုင္ကလဲ မႀကိဳဆိုသလို၊ ေရွာင္းက်န့္ကလဲ မလိုလားဘူး။

သားေတာ္ရွိလာရင္ ထ်န္ယြမ္က သူတို႔ေသြးပါတဲ့မင္းသားကို နန္းတင္ဖို႔ အခြင့္အေရးရလာေတာ့မွာ၊ ဒါကို ဧကရာဇ္က ေၾကာက္တယ္၊ မင္းသမီးျဖစ္တဲ့ ေရွာင္းက်န့္ အေနနဲ႕ကလဲ ရန္ေဖးနဲ႕ အလြယ္တကူ ပခုံးခ်င္းယွဥ္ခြင့္ ရေနတာကလဲ မိဖုရား‌ေခါင္းႀကီးမွာ နန္းေမြခံသားေတာ္ မရွိလို႔ပဲ၊ တကယ္လို႔ သားေတာ္ရွိလာခဲ့ရင္ သူတို႔ၾကားက ညီမွ်ေနတဲ့ ဟန္ခ်က္က ပ်က္ဆီးသြားလိမ့္မယ္။

ရန္မိဖုရား နန္းတြင္း၀င္ခါစတုန္းက လမေစ့ဘဲ ကေလးေမြးၿပီး အဖတ္မတင္ျဖစ္ခဲ့တယ္၊ ‌ေနာက္ပိုင္းမွာေတာ့ ကိုယ္၀န္ရဖို႔ ခက္ခဲတယ္ဆိုတဲ့ သတင္းေတြ ထြက္လာတယ္၊ ေရွာင္းက်န့္က သိပ္အာ႐ုံမစိုက္ေပမဲ့ ေနာက္ကြယ္မွာ ဘယ္သူရွိ‌တယ္ဆိုတာကိုေတာ့ သူသိတယ္။

ႏွစ္ေပါင္းမ်ားစြာၾကာတဲ့အထိ ရန္မိဖုရားမွာ ကေလးမရွိခဲ့ဘူး၊ ရွိတာနဲ႕ ဧကရာဇ္ဘက္က တစ္ခုမဟုတ္ တစ္ခုလုပ္မယ္ဆိုတာ ေရွာင္းက်န႔္ သိတယ္။

ဒီလိုျဖစ္‌ေနတဲ့ရန္ေဖးမွာ ႐ုတ္ခ်ည္းဆိုသလိုပဲ ကိုယ္ဝန္ရွိလာတာ‌ေၾကာင့္ ဘယ္‌ေနရာမွာ လြဲေနမွန္း စဥ္းစားမရဘဲ ေရွာင္းက်န့္ လမ္းေပ်ာက္သြားတယ္။

အခုလက္ရွိမွာေတာ့ ကေလးေၾကာင့္ ရန္ေဖးက ႐ူးသြပ္ေနတာ၊ သူ႕သား အိမ္ေရွ႕စံျဖစ္မဲ့ လမ္းေၾကာင္းမွာ ဆူးေညာင့္ခလုပ္ ျဖစ္ေနတဲ့ တစ္ဦးတည္းေသာသူက ေရွာင္းက်န့္ ျဖစ္ေနတာ၊ ဒါေၾကာင့္ပဲ သူ႕ကို ေသေအာင္သတ္ခ်င္ေနတာ။

...

ပုယြီျပန္သြားေတာ့ ျပင္ဆင္ေပးမဲ့လူေတြ ၀င္လာၾကတယ္၊ လူကေသသြားၿပီဆိုေပမဲ့ ရန္က်ိဳးကို ျပန္လာစည္ကားလာေစခ်င္တာက ယန္လီရဲ႕ဆႏၵ ျဖစ္ခဲ့တာ မဟုတ္လား၊ ဒါေၾကာင့္ ေရွာင္းက်န့္က တာဝန္ယူထားတဲ့အတိုင္း ေနာက္ဆုံးအဆင့္ထိ ျဖည့္ဆည္းေပးဖို႔ ေတြးခဲ့တယ္။

ဒီႏွစ္ရဲ႕ ခ်ဳံဟြာ ပန္းနတ္ဘုရားမ ပူေဇာ္ပြဲမွာ အရႈပ္အေထြးမ်ားစြာ ရွိခဲ့ေပမဲ့ ေနာက္ဆုံးျဖစ္တဲ့ပူေဇာ္ပြဲေန႕ကိုေတာ့ ေရာက္လာခဲ့ၿပီ။

အႀကိမ္ႀကိမ္ ျငင္းပယ္ခဲ့တဲ့ ပုလဲေခါင္းေဆာင္းက ေနာက္ဆုံးေတာ့ ေရွာင္းက်န့္ေခါင္းေပၚမွာ က်က်နန ေနရာယူသြားတယ္၊ တြဲေလာင္းက်ေနတဲ့ ပုလဲလုံးတန္းေလးက လွပေက်ာ့ရွင္းတဲ့ မ်က္ခုံးႏွစ္ဖက္ၾကားက ေနရာလြတ္မွာ က်က္သေရရွိစြာ ေနရာယူတယ္၊ အလႊာအထပ္ထပ္ပါတဲ့ အျဖဴစြတ္စြတ္ ဘရိုကိတ္၀တ္႐ုံက သိမ္ေမြ႕စြာ ပြင့္အာေနတဲ့ ပ်ိဳနီပန္းပြင့္လို လွပတယ္။

ေရွာင္းက်န့္မွာ ေခါင္းေဆာင္းေၾကာင့္ လွည့္ရျပဳရခက္ေနတာမို႔ လည္ပင္းကုပ္ပိုးတစ္ခုလုံး ေတာင့္လာတယ္၊ မအီမသာ ျဖစ္ေနတဲ့ ေရွာင္းက်န့္က ျပတင္းေပါက္ အျပင္ဘက္ကို လွမ္းေမွ်ာ္ၾကည့္ေနရင္း ေလးပင္စြာ သက္ျပင္းခ်လိဳက္တယ္။

"ဘာ‌မ်ား စိတ္ပူပန္စရာ ရွိေနလို႔လဲ အရွင္မင္းသမီး?"

တည္ၿငိမ္ေအးေဆးတဲ့ စကားသံက ေနာက္ေက်ာဘက္ကေန ထြက္ေပၚလာတယ္၊  လွည့္ၾကည့္စရာမလိုဘဲ ဘယ္သူမွန္း ေရွာင္းက်န့္ သိတယ္။

"ေနာက္ဆုံးေတာ့ မင္းသတိရၿပီပဲ"

ေခ်ာက္ထဲျပဳတ္က်ၿပီးေနာက္ပိုင္းမွာ ၀မ္ရိေပၚက ရက္အေတာ္ၾကာ သတိလစ္ေနခဲ့တယ္၊ ျပန္နိုးလာခ်ိန္မွာေတာ့ အရင္အတိုင္း တည္ၿငိမ္တဲ့၀မ္ရိေပၚ ျပန္ျဖစ္သြားခဲ့တယ္၊ ဂူထဲမွာ အတူပိတ္မိခဲ့တဲ့ ကိစၥေတြက ဘယ္တုန္းကမွ မျဖစ္ခဲ့ဖူးသလို သူ႕မွတ္ဥာဏ္ထဲကေန ေပ်ာက္ကြယ္သြားၿပီထင္တယ္။

၀မ္ရိေပၚဘက္က တကယ္ေမ့သြားလို႔ပဲ ျဖစ္ျဖစ္၊ သိရက္နဲ႕ ထုတ္မေျပာခ်င္ေတာ့တာပဲျဖစ္ျဖစ္ ကိစၥမရွိဘူး၊ ေရွာင္းက်န့္ နားလည္ေပးထားၿပီး ဘယ္မွမျဖစ္ခဲ့သလို ေနေပးဖို႔ ဆႏၵရွိပါတယ္။

"အင္း"

၀မ္ရိေပၚက ျပန္ေျဖရင္း သူ႕နားမွာ ဣေႏၵျရစြာ ၀င္ထိုင္တယ္။

ျပတင္းေပါက္က လွမ္းၾကည့္မယ္ဆိုရင္ ပန္းနတ္ဘုရားမ ထြက္လာတာကို ေစာင့္ေမွ်ာ္ေနၾကတဲ့ လူေတြကို ေတြ႕ရလိမ့္မယ္၊ သူတို႔ရဲ႕ စိတ္အားထက္သန္မႈေတြက ပူေလာင္တဲ့အတြက္ ေရွာင္းက်န့္မွာ ေရွာင္ပုန္းခ်င္စိတ္ ေပၚလာတယ္။

"တအားေလးေနလား?"

၀မ္ရိေပၚက ပုလဲေတြနဲ႕ စီျခယ္အလွဆင္ထားတဲ့ သရဖူ‌ေခါင္းေဆာင္းကို လက္ညိုးၫႊန္ျပၿပီး ေမးလာတယ္။

"အဆင္ေျပပါေသးတယ္"

ေရွာင္းက်န့္က ႏြမ္းလ်စြာ ၿပဳံးလိုက္ၿပီး။

"ပန္ကုန္းရဲ႕ မင္းသမီးအေဆာင္အေယာင္ေတြထဲမွာ ဒီထက္ေလးတာေတြေတာင္ ရွိေသးတယ္"

"အရွင္မင္းသမီးကို ကိုယ္ေတာ္ေပးထားတဲ့ သစ္သားဆံထိုးေလးေရာ?"

၀မ္ရိေပၚေမးခြန္းကို ေရွာင္းက်န့္က တမင္ ျပန္မေျဖဘဲ စကားလမ္းေၾကာင္း လႊဲပစ္လိုက္တယ္။

"ဒီကကိစၥေတြ ၿပီးသြားရင္ မင္းဘယ္ကိုဆက္သြားမွာလဲ?"

ဘယ္ကို... သြားမွာလဲ?

၀မ္ရိေပၚဘက္က အနည္းငယ္ ဆြံ႕အသြားတယ္၊ ေရွာင္းက်န့္ဘက္က ဒီေမးခြန္းေမးလာလိမ့္မယ္လို႔ သူမေမွ်ာ္လင့္ခဲ့ေလာက္ဘူး။

ေရွာင္းက်န့္က မပီျပင္တဲ့အၿပဳံးတစ္ခုနဲ႕ ဆက္ေျပာတယ္။

"ပန္ကုန္း ေမးခြန္း မွားသြားလို႔လား?"

အတန္ၾကာမွ တည္ၿငိမ္တဲ့စကားသံ ထြက္လာတယ္။

"အရွင္မင္းသမီးရဲ႕ေမးခြန္းက..မွန္ကန္ပါတယ္"

ေရွာင္းက်န့္ကေခါင္းၿငိမ့္လိုက္ၿပီး။

"ဒီမွာျဖစ္ခဲ့တဲ့ ကိစၥေတြကို အိပ္မက္ရွည္တစ္ခုလိုပဲ သတ္မွတ္လိုက္ၾကစို႔"

ေရွ႕မွာရွိေနတဲ့အမ်ိဳးသားရဲ႕ မ်က္ႏွာတစ္ျခမ္းကို ၀မ္ရိေပၚ ၿငိမ္ၿငိမ္ေလး ေငးၾကည့္ေနမိတယ္၊ စိတ္ထဲမွာ အကူအညီမဲ့မႈမ်ားနဲ႕ ျပည့္ႏွက္ကာ မေရမတြက္နိုင္ေအာင္မ်ားတဲ့ ေမးခြန္းေတြ ေပၚေပါက္လာေပမဲ့ ေနာက္ဆုံးမွာေတာ့ ခံစားမႈမပါဘူးထင္ရတဲ့ စကားလုံးတခ်ိဳ႕အျဖစ္သာ ေျပာင္းလဲသြားတယ္။

"ေကာင္းပါၿပီ"

'ဒီလိုအေနအထားအတိုင္းပဲ ေကာင္းတယ္.. ဒီထက္နီးကပ္ဖို႔ မလုပ္မိေစနဲ႕'

ေရွာင္းက်န့္ ကိုယ့္ကိုယ္ကို တိတ္တဆိတ္ သတိေပးလိုက္တယ္။

...

ေရွာင္းက်န့္ အခန္းထဲကေန တစ္လွမ္းခ်င္း ထြက္လာတယ္၊ စိတ္ထဲမွာ ဒီေန႕ေလာက္ ရွင္းလင္းေနတာ မရွိခဲ့ဖူးသလိုပဲ၊ သူ႕ရဲ႕ ဆင္ျခင္နိုင္စြမ္းက အျမင့္ဆုံးမွာ ရွိေနတယ္။

၀မ္ရိေပၚကို သေဘာက်တယ္ဆိုတာ သူ႕ကိုယ္သူ သိတယ္၊ ဒီခံစားခ်က္က ၀မ္ရိေပၚကို သူ႕ရဲ႕ ဆရာတူအစ္ကိုနည္းတူ ပ်က္ဆီးေစလိမ့္မယ္ဆိုတာလဲ သိေသးတယ္၊ အဲလိုမ်ိဳး အျဖစ္ခံမဲ့အစား သူ႕ခံစားခ်က္ကို ထုပ္ပိုးသိမ္းဆည္းထားၿပီး အစမလုပ္ဖို႔ ေရွာင္းက်န့္ေ႐ြးခ်ယ္မယ္။

ဒါေပမဲ့ ၀မ္ရိေပၚသူ႕ကို သစ္သားဆံထိုးအေၾကာင္း ေမးရတဲ့ရည္႐ြယ္ခ်က္နဲ႕ ၿပီးဆုံးေအာင္ ေျပာခြင့္မရလိုက္ရတဲ့ စကားရဲ႕ေနာက္ကြယ္က အဓိပၸါယ္ကိုေတာ့ ေရွာင္းက်န့္ မသိလိုက္ဘူး။

တကယ္ေတာ့ ၀မ္ရိေပၚသူ႕ကို လာေတြ႕တာက ေျပာစရာ ရွိေနလို႔ပါ။

တကယ္လို႔ သရဖူေခါင္းေဆာင္းက ေလးလြန္းတယ္ဆိုရင္၊ ဧကရာဇ္ရဲ႕သမီးေတာ္အျဖစ္ ေနထိုင္ရတာက ခက္ခဲလြန္းတယ္ဆိုရင္ ေပါ့ပါးတဲ့ သစ္သားဆံထိုးေလးသာ ပန္ဆင္ရတဲ့ သူ႕ရဲ႕တစ္ဦးတည္းေသာ အရွင္မင္းသမီး လုပ္ခ်င္လဲရပါတယ္လို႔ ၀မ္ရိေပၚက ကမ္းလွမ္းခ်င္ခဲ့တာ။

အဆုံးသတ္မွာေတာ့ ၀မ္ရိေပၚ စကားေတြထဲက သံေယာဇဥ္ အရိပ္အႁမြက္ကို ေရွာင္းက်န့္က နားမလည္ခဲ့သလို ေရွာင္းက်န့္ဘက္က လမ္းခြဲဖို႔ေျပာရတဲ့ ေနာက္ကြယ္က အေၾကာင္း အရင္းမွန္ကိုလဲ ၀မ္ရိေပၚ မသိခဲ့ဘူး။

က်န္းေက်ာက္ ဧကရာဇ္ နန္းစံႏွစ္ ၃၀ ႏွစ္ ေျမာက္တဲ့ႏွစ္မွာေတာ့ ရန္က်ိဳးရဲ႕ ခ်ဳံဟြာ ပန္းနတ္ဘုရားမ ပူေဇာ္ပြဲကို ေအာင္ျမင္စြာ ျပန္လည္အသက္သြင္းနိုင္ခဲ့ၾကတယ္။

မ်က္ႏွာတစ္၀က္ကို ပန္းေတြနဲ႕ စီျခယ္ အလွဆင္ထားတဲ့ ပန္းနတ္ဘုရားမက ပရိတ္သတ္တို႔အလယ္ကို အပူေဇာ္ခံဖို႔ ေရာက္ေနတယ္၊ ၀တ္ထားတဲ့ အျဖဴေရာင္ ဘရိုကိတ္၀တ္စုံက ဆီးႏွင္းလိုျဖဴၿပီး ေက်ာျပင္မွာ ခ်ထားတဲ့ ဆံႏြယ္ရွည္ေတြက မင္လိုပဲမည္းနက္တယ္။

ေထာင္ေပါင္းမ်ားစြာေသာ ပန္းပင္လယ္ႀကီးထဲမွာျမင္ရတဲ့ ပန္းနတ္ဘုရားမက လူေလာကကို သက္ဆင္းလာတဲ့ မေသမ်ိဳး နတ္ဘုရား အစစ္လိုပဲ၊ ေထာင္ေပါင္းမ်ားစြာေသာ ပြင့္ဖတ္ေတြက ေလေျပနဲ႕အတူ ေကာင္းကင္တခြင္မွာ လြင့္ပ်ံေနၿပီး ပန္းနတ္ဘုရားမကို ႀကိဳဆိုႏႈတ္ဆက္ၾကတယ္။

စိတ္ဝင္စားစရာတစ္ခုက ဒီႏွစ္ရဲ႕ ခ်ဳံဟြာ ပန္းနတ္ဘုရားမ ပူေဇာ္ပြဲကို အထင္ကရ ဟယ္ရွန္တစ္ပါးလဲ ႂကြေရာက္ခဲ့တယ္၊ ဟယ္ရွန္ေတြနဲ႕ ပန္းနတ္ဘုရားမၾကားမွာ ကာလၾကာရွည္စြာရွိခဲ့တဲ့ အၿငိဳးအေတးေတြကလဲ ေနာက္ဆုံးေတာ့ တိမ္တိုက္ကေလး ေလနဲ႕အတူ လြင့္ေမ်ာသြားသလို ခ်ဳပ္ၿငိမ္းသြားခဲ့တယ္။

ပန္းနတ္ဘုရားမက လွပတဲ့ အျဖဴေရာင္ ပ်ိဳနီပန္းတစ္ပြင့္ ယူကာ အထင္ကရ ဟယ္ရွန္ရဲ႕ နား႐ြက္မွာ ပန္ဆင္ေပးလိုက္ရင္း စကားတစ္ခြန္းဆိုခဲ့တယ္။

"ဒီပန္းက မင္းနဲ႕ အလိုက္ဖက္ဆုံးပဲ"

ခ်ဳံဟြာ ပန္းနတ္ဘုရားမဒ႑ာရီကေတာ့  ဒီေနရာတြင္ပဲ ၿပီးဆုံးပါတယ္။

End of Vol 1

240216
မနက္ျဖန္ update တစ္ရက္နားပါမယ္။

Continue lendo

Você também vai gostar

1M 18.7K 43
What if Aaron Warner's sunshine daughter fell for Kenji Kishimoto's grumpy son? - This fanfic takes place almost 20 years after Believe me. Aaron and...
1M 1.7K 7
yk what you clicked. If you don't like it, don't read it please!! Includes all kinds of kinks. Lmk what you guys think
512K 18.4K 94
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...
2.3M 110K 55
[COMPLETED] One thing about tattoo artist, Hendrix Cross, is that he's lonely. He needs something or someone in his life to fill in that void. He ne...