ဒီအပြစ်သားက ရှင်သန်လို...(၂)...

Bởi Swae_Nyoe

116K 18.2K 476

ဘာသာပြန်သူ - စွဲညို့အသင်း။ တစ်ဦးတည်း ပြန်ဆိုခြင်း မဟုတ်ပါ။ အပိုင်း ၁၁၁ မှ အဆုံးထိ တင်သွားပါမည်။ Xem Thêm

အခန်း ၁၁၁
အခန်း ၁၁၂
အခန်း ၁၁၃
အခန်း ၁၁၄
အခန်း ၁၁၅
အခန်း ၁၁၆
အခန်း ၁၁၇
အခန်း ၁၁၈
အခန်း ၁၁၉
အခန်း ၁၂၀
အခန်း ၁၂၁
အခန်း ၁၂၂
အခန်း ၁၂၃
အခန်း ၁၂၄
အခန်း ၁၂၅
အခန်း ၁၂၆
အခန်း ၁၂၇
အခန်း ၁၂၈
အခန်း ၁၂၉
အခန်း ၁၃၀
အခန်း ၁၃၁
အခန်း ၁၃၂
အခန်း ၁၃၃
အခန်း ၁၃၄
အခန်း ၁၃၅
အခန်း ၁၃၆
အခန်း ၁၃၇
အခန်း ၁၃၈
အခန်း ၁၃၉
အခန်း ၁၄၀
အခန်း ၁၄၁
အခန်း ၁၄၂
အခန်း ၁၄၃
အခန်း ၁၄၄
အခန်း ၁၄၅
အခန်း ၁၄၆
အခန်း ၁၄၇
အခန်း ၁၄၈
အခန်း ၁၄၉
အခန်း ၁၅၀
အခန်း ၁၅၁
အခန်း ၁၅၂
အခန်း ၁၅၃
အခန်း ၁၅၄
အခန်း ၁၅၅
အခန်း ၁၅၆
အခန်း ၁၅၇
အခန်း ၁၅၈
အခန်း ၁၅၉
အခန်း ၁၆၀
အခန်း ၁၆၁
အခန်း ၁၆၂
အခန်း ၁၆၃
အခန်း ၁၆၄
အခန်း ၁၆၅
အခန်း ၁၆၆
အခန်း ၁၆၇
အခန်း ၁၆၈
အခန်း ၁၆၉
အခန်း (၁၇၀)
အခန်း (၁၇၁)
အခန်း (၁၇၂)
အခန်း (၁၇၃)
အခန်း ၁၇၄
အခန်း ၁၇၅
အခန်း ၁၇၆
အခန်း ၁၇၇
အခန်း ၁၇၈
အခန်း ၁၈၀
အခန်း ၁၈၁
အခန်း ၁၈၂
အခန်း ၁၈၃
အခန်း ၁၈၄
အခန်း ၁၈၅
အခန်း ၁၈၆
အခန်း ၁၈၇
တယ်လီဂရုနောက်တစ်ခု စဆုံးပြီးဆုံးပါကြောင်း...
BL Completed Package Promotion
အခန်း ၁၈၈
အခန်း ၁၈၉
အခန်း ၁၉၀
အခန်း ၁၉၁
အခန်း ၁၉၂
အခန်း ၁၉၃
အခန်း ၁၉၄
အခန်း ၁၉၅
အခန်း ၁၉၆
အခန်း ၁၉၇
အခန်း ၁၉၈
အခန်း ၁၉၉
အခန်း ၂၀၀
အခန်း (၂၀၁)
အခန်း ၂၀၂
အခန်း ၂၀၃
အခန်း ၂၀၄
အခန်း ၂၀၅
အခန်း ၂၀၆
Telegram ကို လာခဲ့နော်
အခန်း ၂၀၇
အခန်း ၂၀၈
Completed in Telegram

အခန်း ၁၇၉

954 178 2
Bởi Swae_Nyoe

အပိုင်း (၁၇၉) တစ်ယောက်အပေါ်မှာ နွေးထွေး တစ်ယောက်အပေါ်မှာ အေးစက်

ကျန်းလော့ မျက်နှာထက်တွင် ချွေးများ စီးကျနေသည်။ ကျန်းလော့၏ အပြုံးတို့သည် ပို၍ နက်ရှိုင်းသွားပြီး သူ့ကိုပဲ ပြုံးပြုံးကြီး ကြည့်နေသောအခါ ကျန်းနင်း၏ မျက်နှာသည် တဖြည်းဖြည်း ပူလာတော့သည်။ အရင်က ကျန်းလော့အတွက် စိတ်ခံစားချက် နည်းနည်းမှ မရှိသော သူ့စိတ်တို့သည် လုံးဝ ပြောင်းပြန်ဖြစ်သွားပြီး

"မင်း အရမ်း ပူနေတာလား"

'ဒီလူကတော့ကွာ ငါ့ကို ပြုံးပြနေတာ ရပ်ပါတော့ သူ့ကို ကြိုက်လွန်းလို့ သေရပါတော့မယ် ..'

"တော်တော်လေး ပူနေတာတော့ အမှန်ပဲ"

ကျန်းလော့သည် ပေါ့ပါးသော အမူအယာဖြင့် ပြောလိုက်ပြီး ဝမ်ယမ်လန့်ကို ခေါင်းစည်းကြိုးတစ်ခု တောင်းလိုက်ပြီး ဆံပင်စည်းလိုက်ရာ လှပသော ငန်းလည်ပင်းပေါ်လာပြီး ပို၍ ဆွဲဆောင်မှု ရှိသွားတော့သည်။

"အခု ပိုကောင်းသွားပြီ"

ကျန်းလော့ ခန္ဓာကိုယ်ကို ကြည့်နေသော အကြည့်တို့သည် ပို၍ တောက်လောင်လာသည်။ ထိုအကြည့်သည် ကျန်းလော့၏ နဖူးမှ ချွေးစက်တို့ လည်ပင်းထိ စီးကျလာသည်ကို ပြင်းပြင်းပြပြ ကြည့်နေသည်။

အသားအရေသည် ချောမွတ်နေပြီး ည၏ လေအေးတို့ကြောင့် အေးစက်ဖြူဖွေးနေသော အသားအရေသည် သူ့ကို ပို၍ တောက်လောင်ပြင်းပြလာစေသည်။ ကျန်းလော့သည် ယနေ့တွင် နားဆွဲမပါဘဲ အပြင်ထွက်လာခဲ့သည်။ နားရွက်တစ်ဖက်ထဲ ဖောက်ထားသော နားပေါက်သည် ခြောက်သွေ့ပြီး သန့်ရှင်းနေသည်။

သူ့ကိုကြည့်နေသော အကြည့်သည်ပို၍ ပြင်းထန်လာပြီး ကျန်းလော့သည် တစ်ခုခု မှားနေသလို ခံစားလာရသည်။ သူသည် မျက်မှောင်ကြုတ်၍ ခေါင်းမော့လိုက်ပြီး အကြည့်လာရာဆီသို့ ကြည့်လိုက်သည်။

မကောင်းဆိုးဝါးသည် ကျက်သရေရှိသော ခြေလှမ်းများဖြင့် နူးညံ့သိမ်မွေ့သော သူတော်ကောင်း ယောင်ဆောင်ထားသည့် မျက်နှာဖုံးကို ဝတ်၍ ကျန်းလော့နားသို့ လျှောက်လာသည်။ ပလွှားမောက်မာခြင်း မရှိသော အလွန်လူကြီးလူကောင်းဆန်စွာ လျှောက်လှမ်းလာပြီး သူ့မျက်နှာတွင်တော့ ကျန်းလော့သာ မြင်နိုင်သည့် ကျန်းလော့၏ အာရုံစိုက်မှုရ၍ ကျေနပ်နေသော အမူအယာတို့ ရှိလေသည်။

ကျန်းလော့၏ အမူအယာသည် စိတ်မရှည်သော အမူအယာသို့ ပြောင်းလဲသွားပြီး ကျန်းနင်းဘက်သို့ ပြန်လှည့်ကာ စနောက်၍ ရယ်မောနေလိုက်သည်။ ထို့နောက် လျိုချီသည် သူတို့နားသို့ လူနှစ်ယောက်ခေါ်၍ ရောက်လာကာ မိတ်ဆက်ပေးလိုက်သည်။

"ဒီဘက်က ကျုပ်ညီအစ်ကို ဝမ်ရှောက် ပြီးတော့ ဟောဒီက ချောမောခန့်ညားတဲ့ လူကြီးမင်းက ဝမ်ရှောက်ရဲ့ သူငယ်ချင်း ချီယုံ ခဏနေ ပြိုင်ပွဲကျရင် လူတစ်ယောက် ထပ်ဖြည့်ရလိမ့်မယ် မင်းတို့ စိတ်မရှိဘူးမို့လား"

လူတိုင်းသည် သေချာစွာ ခေါင်းယမ်းပြလိုက်ကြသည်။ ချီယုံသည် ပြုံးလိုက်ပြီး ကျန်းလော့ရှေ့သို့ လက်ဆန့်တန်း၍

"ဟယ်လို"

ကျန်းလော့သည် သူ့လက်ကို ပြန်ကိုင်၍ လက်ဆွဲနှုတ်ဆက်ပေးလိုက်သည်။ သူတို့နှစ်ယောက်သည် အချင်းချင်း မသိကြသလို ပြုမူနေကြသည်။

"ဟယ်လို"

သို့သော် ကျန်းလော့ လက်လွှတ်ဖို့ကြိုးစားသောအခါ မကောင်းဆိုးဝါးသည် သူ့လက်ကို ဆက်ဆွဲထားပြီး လက်ဖဝါးကို ညင်သာစွာ ပွတ်လာသည်။ ကျန်းလော့သည် သူ့ကိုယ်သူ ချီယုံ မမှီနိုင်တဲ့ ပန်းလေးလို နေရမည်ကို သတိရသွားသည်။ ထို့ကြောင့် ချီယုံ့ကို ကြည့်လိုက်ပြီး မကောင်းဆိုးဝါး၏ လက်ထဲမှ ဇွတ်ရုန်းထွက်လိုက်သည်။

ဤအပြုအမူ သေးသေးလေးကို မည်သူမျှ သတိမထားမိပေ။ ကျန်းနင်းသည် ချီယုံ့ကို ဖမ်းစားခံရသလို ငေးကြည့်နေသောကြောင့် ဘာမှမသိလိုက်ပေ။

"ဝမ့်ရဲ့ ဒီသူငယ်ချင်းကို တစ်ခါမှ မမြင်ဖူးဘူးရော"

ဝမ်ရှောက်သည် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူသည် ချီယုံ့ကို အလွန်လေးစားသည်။

"ဒါက ကိုယ့်ရဲ့ သူငယ်ချင်းကောင်းလေ မင်း သူ့ကို လျော့မတွက်နဲ့ကွ"

ကျန်းလော့သည် ချီယုံ့၏ နောက်လိုက်အများစုသည် ဦးနှောက်ဆေးခံထားရခြင်း သို့မဟုတ်ပါလျှင် ချီယုံ၏ ရုပ်သေးများ ဖြစ်လာကြသည်ကို သတိရလိုက်မိသည်။ ချီယုံသာ ကံကြမ္မာယုံသူကို သတ်ပြီး ကျိန်စာကို ပယ်ဖျက်ခဲ့မည်ဆိုလျှင် ထိုနောက်လိုက်များသည် ပို၍ တိုးပွားလာဖို့ပဲ ရှိသည်။ ချီယုံသာ တစ်စုံတစ်ယောက်ကို ပစ်မှတ်ထားချင်ပြီဆိုပါလျှင် ကျန်းလော့သည် သူ့ရှေ့တွင် တစ်နည်းမဟုတ် တစ်နည်းဖြင့် ပေါ်လာမည်ဖြစ်ပြီး သူသွားလေရာနေရာသို့ ဘာကိစ္စရှိရှိ မရှိရှိ လိုက်နေမည်ဖြစ်သည်။

၎င်းသည် မမြင်ရသော လက်ဖဝါးကြီးက အနက်ရောင်မျဉ်းကြောင်းကို လိုက်ပိတ်နေသလိုပါပေ။ ထိုမျဉ်းနက်က ကျန်းလော့၏ မမြင်နိုင်သော လက်ဖဝါးနှင့် ပေါင်းစည်းချင်နေသည်ကိုတော့ ထည့်မတွက်နဲ့ပေါ့လေ။ ကျန်းလော့သည် ဝမ်ရှောက်ကိုကြည့်လိုက်ပြီး သူ့ဟာသူ တွေးလိုက်သည်။

'မင်းရဲ့ ဒီသူငယ်ချင်းကောင်းကြီးက လွန်ခဲ့တဲ့နှစ်ဝက်က သေသွားပြီကွာ အခု မင်းရှေ့မှာ ရှိနေတာ သရဲကြီး'

ကျန်းနင်း၏ ပါးနှစ်ဖက်သည် နီဆွေးနေပြီး သူသည် ချီယုံ့အကြည့်ကြောင့် ဆေးမိနေသလိုဖြစ်နေကာ ကျန်းလော့ကိုလည်း မပြတ်နိုင်ဖြစ်နေပြီး ရှေ့ကြည့်လိုက် နောက်ပြန်ကြည့်လိုက်ဖြစ်နေသည်။

(ငါသူ့ကို တအားသနား XD😊)

သူ့အကြည့်တို့သည် တခြားသူ၏ အာရုံကို ဖမ်းစားနိုင်ခဲ့ကာ ချီယုံသည် ကျန်းနင်းကို ကြည့်လိုက်ပြီး မျက်ခုံးပင့်လိုက်သည်။ ထို့နောက် ကျန်းလော့ကို အဓိပ္ပာယ်ပါပါ ကြည့်၍ မေးလိုက်သည်။

"ဒါက မင်း ခေါ်လာတဲ့ လူလား"

ကျန်းနင်းသည် မသိစိတ်က ချက်ချင်း ငြင်းပစ်လိုက်ချင်သော်လည်း ပါးစပ်ဖွင့်လိုက်ပြီး တွေဝေနေသည်။

"ဒါက ..."

လျိုချီသည် မထူးခြားသလို ရယ်မောလိုက်ပြီး

"ညီလေးကျန်းက ဒီကိုလာတုန်းက အဖော်မပါဘူးဗျ ဟုတ်တယ်နော့"

ကျန်းလော့သည်လည်း မငြင်းခဲ့ပေ။

"ဟုတ်တာပေါ့"

"အိုး"

ချီယုံသည့် သူ့ကို စိုက်ကြည့်လိုက်ပြီး နှုတ်ခမ်းထောင့်များသည် ကျေနပ်စွာ အပေါ်သို့ ကွေးသွားတော့သည်။

"ဒါဆို ပြိုင်ပွဲကျရင် တခြားတစ်ခုခုနဲ့ လောင်းကြေးထပ်ရအောင်လေ ဘယ်သူရှုံးရှုံး ရှုံးတဲ့သူရဲ့ပါတနာကို ပေးရမယ်"

ထို့နောက် ချီယုံသည် ကျန်းနင်းကို ပေါ့ပါးစွာ ပြုံးပြလိုက်ပြီး မငြင်းဆန်နိုင်သော ချောမောမှုတို့ဖြင့်

"ဘယ်လိုလဲ"

ကျန်းနင်းသည် တံတွေးမျိုချလိုက်ပြီး သူ့ကိုယ်သူ ဖိအားပေးကာ ကိုလူချော၏ ကျီစယ်ရိပ်သမ်းနေသော စကားတို့ကို မထူးခြားသလို ဟန်ဆောင်ရင်း

"ကောင်းပြီ ကျွန်တော် အဆင်ပြေပါတယ်"

ကျန်းလော့ နိုင်လျှင် သူသည် ကျန်းလော့၏ ပါတနာဖြစ်လာမည်ဖြစ်ပြီး ကိုလူချော နိုင်သွားလျှင် ကိုလူချော၏ ပါတနာဖြစ်လာမည်။ အမိုက်စားလူနှစ်ယောက်က သူ့ကြောင့် ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး သူ့တွင် ဘယ်လိုကြည့်ကြည့် အရှုံးမရှိပေ။

ချီယုံသည်လည်း အဖော်မရှိပေ။ သို့သော် ဝမ်ရှောက်က သူ့အမျိုးသမီးပါတနာကို ချီယုံ့ကို ငှားပေးခဲ့သည်။ မကြာခင်တွင် ပြိုင်ပွဲ စတော့မည် ဖြစ်သောကြောင့် ပြိုင်ပွဲဝင်သူများသည် ဆိုင်ကယ်များပေါ်သို့ ကိုယ်စီတက်လိုက်ကြပြီး နောက်တွင် ပါတနာများကို တင်ထားကြသည်။

ကျန်းလော့သည် ဆိုင်ကယ်ပေါ်သို့ အရင်တက်သွားပြီး ခြေထောက်နှစ်ဖက်ကို သေချာနေရာချ၍ လက်အိတ်ဝတ်ပြီး သေချာကြည့်လိုက်သည်။ ပြင်ဆင်စရာရှိတာ ပြင်ဆင်ပြီးသွားပြီးနောက် ဟဲလ်မက်ဆောင်းလိုက်သည်။

ချီယုံသည် သူနှင့် သိပ်မဝေးပေ။ သူသည် ဒိုင်လူကြီးမှ 'အဆင်သင့်' ဟုအော်လိုက်သည်နှင့် ကျန်းလော့သည် သူ့ကိုယ်အပေါ်ပိုင်းကို ဆိုင်ကယ်ရှေ့ထိ ကွေးချလိုက်သည်ကို မြင်လိုက်ရသည်။ ကျန်းလော့၏ ကျောရိုးသည် အလွန်လှပသော ကောက်ကြောင်းတို့ကို ဖော်ပြနေပြီး ခါးမှ တင်ပါးအထိ အကြည့်မလွှဲနိုင်အောင် ဖြစ်စေသည်။ ထိုသို့ရိုးရှင်းသော ပြင်ဆင်ခြင်း ပုံစံသည်ပင် မကောင်းဆိုးဝါး၏ အမှောင်မီးတောက်ထဲသို့ ဆီများ ပုံးလိုက် လောင်းချလိုက်သလို ဖြစ်စေသည်။ ခံစားချက်သည် 'ကျန်းလော့' ဟုခေါ်သောဆေးစွဲနေသလို ခံစားချက်ဖြစ်ပြီး ကျန်းလော့၏ အပြုအမူ လုပ်ရပ်တိုင်းသည် သူ့ခံစားချက်များကို လွှမ်းမိုးစေသည်။

သူ့ဝိညာဉ်သည် လောင်ကျွမ်းလာပြီး သူ့ခန္ဓာကိုယ်သည် အရည်ပျော်သွားတော့မည်ဖြစ်ပြီး ခန္ဓာကိုယ်မှ ဆဲလ်တစ်ခု ချင်းစီတိုင်းသည် အလွန်ထူးဆန်းလာနေပြီး တစ်စုံတစ်ယောက်ကို အစွမ်းကုန် တမ်းတနေသည်။ ချီယုံ၏ အာရုံကြောများသည် ချက်ချင်း အသိစိတ်နှင့် မသိစိတ် အစွန်းနှစ်ဖက်တွင် လွန်ဆွဲနေပြီး ကျန်းလော့၏ အသွေးအသားများကို လိုချင်လာသည်။ ချီယုံသည် ကျန်းလော့ကို ရူးသွပ်စွာ လိုချင်တပ်မက်နေမှုသည် ကျန်းလော့မှ သူ့ကို လှောင်ပြောင်စရာ ပစ္စည်းတစ်ခုသာသာ သတ်မှတ်ထားကြောင်းလဲ ရှင်းရှင်းလင်းလင်း သိနေပါသည်။

ချီယုံသည် စိတ်ဆန္ဒတို့ကို ထိန်းချုပ်ရာတွင် ပညာရှင်အဆင့်ဖြစ်ပြီး ပြိုင်ဘက်ကင်း အလှအပ ခံစားတတ်သူလည်း ဖြစ်သည်။ ကျန်းလော့သည် သူ့ကို အလှတရားနှင့် ချည်နှောင်ထားသော်လည်း ထိုအလှလေးသည် သူ ကြိုးဆွဲရာအတိုင်း မကချင်ပေ။ သူ့ကို ထိုသို့ ချုပ်ထိန်းရန် သူ့ဘေးမှ ဆူးများကို အရင်ဖယ်ရှားပစ်ဖို့ လိုနေသေးသည်။

ထိုသို့ မထိန်းချုပ်နိုင်မှုသည် သူ့ကို မယုံနိုင်လောက်အောင် အံ့ဩမှုကြီးကို ပေးစွမ်းနေသည်။

အမျိုးသမီးပါတနာသည် ချီယုံ့နောက်သို့ တက်လာပြီး နီရဲရဲ လက်သည်းနီဆိုးထားသော လက်တို့သည် ချီယုံ့ခါးကို ဖက်တော့မည့် အချိန်တွင် ချီယုံသည် ဆိုင်ကယ်သော့နှင့် တားဆီးလိုက်သည်။ မကောင်းဆိုးဝါးသည် ကျန်းလော့ထံမှ အကြည့်လွှဲပြီး ပြုံးလိုက်ကာ

"မိန်းမလှလေး ဆိုင်ကယ်ကိုပဲ ကိုင်ထားနိုင်တယ်မလား ဟုတ်တယ်မလား"

အမျိုးသမီးအဖော်ဖြစ်သူသည် တစ်ကိုယ်လုံး ရုတ်တရက် အေးစက်လာပြီး တုန်ယင်လာသည်။ သူမသည် အပြုံးတို့ကို ဖျစ်ညစ်ထုတ်၍ ဆိုင်ကယ်နောက်မှ ဘားတန်းလေးကို ကိုင်ထားလိုက်သည်။

"ဟုတ်ကဲ့..."

တောင်ထိပ်ပေါ်တွင် ဒါဇင်ပေါင်းများစွာသော ဆိုင်ကယ်များသည် ဒိုင်လူကြီး၏လက် အောက်ချသွားသည်နှင့် အရှိန်ပြင်းပြင်းနှင့် မောင်းထွက်သွားတော့သည်။ အသက်ဝင်လှသော အင်ဂျင်သံများသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် ရက်စက်သော အနုပညာဆန်သည့် အသံတစ်ခုကို ဖြစ်ပေါ်စေသည်။ ဆိုင်ကယ်နှစ်စီးသည် တာထွက်သည်နှင့် လီဗာကို အဆုံးထိတင်ကာ မောင်းလာပြီး တာယာများ၏ ပွတ်တိုက်မှုကြောင့် လမ်းမပေါ်တွင် အင်ဂျင်ဝိုင်နံ့လိုလို ညှော်နံ့လိုလို များ ရလာသည်။

ကျန်းလော့နှင့် ချီယုံတို့သည် ထိပ်ဆုံးတွင် ဦးဆောင်နေကြသည်။ ကျန်းလော့သည် ချီယုံ့ကို တစ်ချက်ကြည့်လိုက်ပြီး လျစ်လျူရှုထားလိုက်သည်။ သို့သော် သူသည် တခြားတစ်ယောက် သူ့ဆိုင်ကယ်နား ကပ်လာသည်ကို ခံဏားမိပြီး ဆိုင်ကယ်နှစ်စီးသည် ပြေးလမ်းပေါ်တွင် တိုက်မိမလို ဖြစ်နေကြသည်။ ကျန်းနင်းနှင့် ချီယုံ့နောက်မှ ပါတနာတို့သည် ကြောက်လန့်သွားပြီး အသည်းအသန် အော်ဟစ်ကြတော့သည်။

"လမ်းကျဉ်းလေးကို တအား မနီးလာနဲ့လေ အာ.."

"တိုက်မိတော့မယ် တိုက်မိတော့မယ်"

ထိုသို့သော အရှိန်နှုန်းဖြင့် အမှားတစ်ခုလေးသည်ပင် ဆိုင်ကယ်နှစ်စီးကို အလွန်ပြင်းထန်သော မတော်တဆမှု ဖြစ်သွားစေနို်ငသည်။ ကျန်းလော့သည် ချီယုံနှင့် ဝေးဝေးနေရန် ကြိုးစားသော်လည်း ချီယုံက သူ့ခြေနင်းဆီသို့ နင်းလာမည်ဟု မထင်ထားပေ။ သူသာ ကန်ပစ်လိုက်လျှင် ကျန်းလော့သည် ဆိုင်ကယ်ကို ဆက်၍ ထိန်းနိုင်မှာ မဟုတ်တော့ပဲ လောကကြီးကို တာ့တာပြသွားရပေလိမ့်မည်။ ဆိုင်ကယ်နှစ်စီး၏ နောက်ကြည့်မှန်များသည် အချင်းချင်း တိုက်မိနေကြပြီး အရှိန်ပြင်းပြင်းကြောင့် မှန်နှစ်ခုလုံး ပြုတ်ထွက်သွားကြသည်။

ကျန်းလော့၏ ဆိုင်ကယ်သည် မှန်နှစ်ခု တိုက်မိမှုကြောင့် ပြေးလမ်းကြောင်းထဲမှ ထွက်သွားတော့မလို ဖြစ်သွားပြီး ကျန်းနင်းနှင့် မိန်းကလေးအဖော်တို့သည် ကြောက်လန့်လွန်း၍ မျက်စိ သူငယ်အိမ်များ လည်နေသည်။ သူတို့သည် ရှေ့တွင် လမ်းကွေ့ကို မြင်သောအခါ အလွန်ကြောက်လန့်ပြီး အော်ငိုလိုက်ချင်ကြသော်လည်း အသံမထွက်ရဲကြပေ။

အမျိုးသမီးပါတနာသည် အခုထိတိုင်အောင် အော်နိုင်သေးပုံရပြီး ကျန်းနင်းကတော့ ကြောက်လန့်ပြီး ပျော့ခွေနေကာ လုံးဝကြီး အသံပျောက်သွားတော့သည်။ ပထမဆုံးအကြိမ်အဖြစ် ချီယုံသည် မိစ္ဆာကောင်တစ်ကောင်ဆိုတာ သူ့အတွက် ရှင်းရှင်းလင်းလင်း နားလည်သွားတော့သည်။

'သူက ငါတို့အားလုံးကို သေစေချင်နေတာလား'

ချီယုံသည် ဟဲလ်မက် ဝတ်မထားတော့ပေ။ ထို့ကြောင့် သူ့မျက်နှာကို အမှောင်ထဲတွင် မြင်နေရပြီး မြင်ဖူးသမျှထဲတွင် အချောမောဆုံးသူဖြစ်ကြောင်း ဝန်ခံရမည် ဖြစ်သော်လည်း သူများကို ဒုက္ခပေးချင်နေသောကြောင့် ချောသည်ကို မမြင်နိုင်တော့ပေ။

ကျန်းနင်းသည် အလွန်ကြောက်လန့်နေပြီး ကျန်းလော့ ဆိုင်ကယ်မှ လက်ကိုင်အတန်းကို ကိုင်ရန် လက်ဆန့်ထုတ်လိုက်သည်။

'ဒါကြီးက ကြောက်စရာကောင်းတယ် အဲဒီလူက ပိုကြောက်စရာကောင်းတယ် ဒီလူက တကယ့် လူသတ်ကောင် ငါသေရတော့မယ် အမလေး'

သူ၏ ချီယုံ့ကို ဝန်ခံချင်သည့် စိတ်ကလေးသည် လေထဲတွင် လွှင့်ပြယ်သွားပြီဖြစ်ပြီး မျက်နှာပေါ်တွင် မျက်ရည်များနှင့် နှာရည်များဖြင့် ပေပွနေတော့သည်။ ထိုသို့ လုပ်ထားခြင်းသည် တစ်စုံတစ်ယောက်၏ ဆိုင်ကယ်ကို ဘယ်အချိန်မှာမဆို မှောက်သွားအောင် လုပ်နိုင်ပြီး ထိုသို့ ဆိုးရွားသော လုပ်ရပ်လုပ်နေတာတောင် ထိုလူသည် ပြုံး၍

"ဒါက ကိုယ်တို့ရဲ့ အမျိုးသားနဲ့ အမျိုးသမီးပါတနာတွေကို လဲကြရမဲ့ အချိန်မို့လား"

'သူ ဘာပြောလိုက်တာ.....'

ကျန်းနင်းနှင့် အမျိုးသမီးပါတနာတို့၏ မျက်နှာသည် ဖြူဆုတ်သွားတော့သည်။ သူတို့သည် ကနေတဲ့အချိန်မှာပဲ ပါတနာလဲသည်ကို ကြားဖူးပြီး မော်တော်ဆိုင်ကယ်ပြိုင်ပွဲတွင် ပါတနာလဲသည်ကိုတော့ တစ်သက်လုံး ဘယ်မှာမှ မကြားခဲ့ဖူးချေ။ အမျိုးသားနှင့် အမျိုးသမီးပါတနာတို့ကို လဲလိုက်လျှင် ဆိုင်ကယ်သည် တစ်ဖက်သို့ စောင်းသွားမည်မှာ သေချာသည်။ ရှေ့မှ လမ်းကွေ့ကိုတော့ ထည့်ပြောစရာပင်မလိုတော့ပေ။ မည်သို့မှကို မဖြစ်နိုင်ပေ။ ကျန်းလော့သည် လှမ်းလာသော လက်ကို ရှောင်လိုက်ပြီး သူ့နောက်မှ ကျန်းနင်းကို တည်ငြိမ်စွာ ပြောလိုက်သည်။

"ငါ့ကို တင်းတင်းကိုင်ထား"

ကျန်းနင်းသည် တောင့်တင်းသွားပြီး ကျန်းလော့ကို တုန်တုန်ယင်ယင်ဖြင့် တင်းနေအောင် ဖက်ထားသည်။ ကျန်းလော့သည် ချီယုံ့လက်မှ လွတ်အောင် လီဗာကို အဆုံးထိတင်၍ ဆိုင်ကယ်ကို အရှိန်ပြင်းပြင်း ပြန်ကွေ့ပစ်လိုက်သည်။ ကြောက်စရာကောင်းလောက်အောင် တာယာများ ပြင်းပြင်းထန်ထန် ပွတ်ဆွဲမိသော ပြင်းအားကြောင့် မြေပြင်သည်ပင် မီးပွင့်များ ထွက်လာပြီး တာယာညှော်နံ့များ ရလာသည်။ ကျန်းနင်း၏ မျက်လုံးများသည် အလွန်ပြူးကျယ်သွားပြီး ထုံထိုင်းသွားကာ အသက်ရှူကြပ်သွားသည်။

ထိုသို့ ကြောက်မက်ဖွယ်အခိုက်အတန့်တွင် ကျန်းလော့သည် နောက်ထပ်တစ်ကြိမ် ဂငယ်ကွေ့ထပ်ကွေ့လိုက်ကာ အကွေ့ဆီသို့ ပြန်ဦးတည်လိုက်သည်။ သူ့နောက်တွင် နောက်ထပ်ဆိုင်ကယ်တစ်စင်းသည် အရှိန်ပြင်းပြင်းဖြင့် မောင်းလာသည်။

ကျန်းလော့သည် ခန္ဓာကိုယ်ကို ဆိုင်ကယ်နှင့် ကပ်နေအောင် ကုန်းလိုက်ပြီး နောက်ထပ်တစ်ကြိမ် ချီယုံ့ကို မှီလာကာ လမ်းအကွေ့တွင် ချီယုံ့ကို ကျော်တက်လိုက်ပြီး ချီယုံ့ရှေ့မှ တည့်တည့်ကြီး မောင်းသွားတော့သည်။ ဤတစ်ကြိမ်တွင် ဆိုင်ကယ်နှစ်စင်းသည် လက်တစ်ဖက်စာ အကွာအဝေးတွင် ရှိနေပြီး ကျန်းနင်း၏ နှလုံးသားသည် လည်ပင်းအဝထိ ရောက်နေအောင် ကြောက်ရွံ့နေပြီး ကျန်းလော့ကို ခိုးကြည့်လိုက်သည်။

ကျန်းလော့သည် မကောင်းဆိုးဝါးလက်မှ လွတ်ရန် လမ်းရှာသော်လည်း သူဘယ်ဘက်သွားလျှင်ချီယုံသည် ဘယ်ဘက်သို့ လိုက်ကပ်ပြီး ညာဘက်သွားလျှင် ညာဘက်သို့ လိုက်ကပ်သည်။ ချီယုံ့ကို သူကျော်မတက်နိုင်ပေ။

ထိုသို့သော အခြေအနေတွင် ကျန်းနင်းသည် ကျန်းလော့၏ အမူအယာကိုကြည့်၍ စိုးရိမ်ကြောက်ရွံ့မှုများ လျော့ကျသွားကာ လုံခြုံမှုကို ခံစားလိုက်ရသည်။ ကျန်းနင်းသည် နတ်ဆိုးတစ်ကောင်လို ဘေးမှ ကပ်လိုက်မောင်းနေသော ချီယုံထံသို့ အကြည့်ရောက်သွားသည်။ ထိုလူသည် တစ်စက်လေးမှ လမ်းကို ကြည့်မောင်းမနေဘဲ သူ့ကို သာ အမူအယာကင်းမဲ့စွာဖြင့် စိုက်ကြည့်နေခဲ့သည်။

". . . ."

ကျန်းနင်း၏ တစ်ကိုယ်လုံးသည် တုန်ယင်နေပြီး ပြင်းထန်စွာ ကြောက်ရွံ့လာသည်။ ချီယုံ့မျက်လုံးမှ အကြည့်များသည် တီဗီထဲမှ လူသတ်သမားများထက် ပို၍ ကြောက်စရာကောင်းနေပြီး နောက်ကျောတစ်ပြင်လုံး အေးစိမ့်လာပြီး ကြက်သီးများ ထလာသည်။

"ကျန်း ကျန်းလော့..."

'မြန်မြန် သွားရအောင်ပါ'

သိုသော် နောက်တစ်ခွန်း မထွက်ရသေးခင် တစ်စုံတစ်ခု မှားနေကြောင်း သတိထားမိသွားသည်။

'ချီယုံ သူ့နောက်က မိန်းကလေး ဘယ်ရောက်သွားတာလဲ'

ကျန်းနင်း၏ မျက်နှာသည် ဖြူဆုတ်သွားတော့သည်။ သို့သော် မကြာလိုက်ပေ ထိုအမျိုးသမီး ဘယ်ရောက်သွားလဲ ကျန်းနင်း သိသွားရတော့သည်။

အဘယ့်ကြောင့်ဆိုသော် ကျန်းနင်း၏ ခေါင်းပေါ်မှ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသောကြောင့် ဖြစ်သည်။

"ခုန်ချလိုက် ခုန်ချလိုက် ခုန်ချ ခုန်ချ..............."

"မင်းအသက်ရှင်ဖို့ ခုန်ချလိုက် မဟုတ်ရင် မင်း သေမယ်"

"မင်းလက်တွေ အရင်လွတ်ပြီးလက်တွေအရင် ခုန်လိုက်"

'လက်တွေ အရင်ခုန်... နနီ'

'အဲ့လိုခုန်လိုက်ရင် လက်တွေ သုံးစားမရတော့အောင် ကျိုးသွားမှာပေါ့'

သို့သော် အသံသည် ပို၍ ခက်ထန်လာပြီး သရဲတစ်ကောင်မှ သူ့နားနား ကပ်ပြောနေသလို ကြောက်စရာကောင်းလာခဲ့သည်။ ကျန်းနင်းသည် အပေါ်မော့ကြည့်လိုက်သောအခါ လမ်းတစ်ဖက်တစ်ချက်မှ မီးတိုင်များတွင် ရုတ်တရက် အလောင်းများ ချိတ်ဆွဲထားသည်ကို မြင်လိုက်ရသည်။ ထို့အပြင် ထိုအလောင်းသည် သူ့ကို မျက်လုံးဖွင့်၍ သွားဖြဲပြနေသည်။

"အား..."

ကျန်းနင်းသည် ကျန်းလော့ကို ကိုင်ထားရာမှ လွတ်လိုက်ပြီး ဆိုင်ကယ်ပေါ်မှ ခုန်ချဖို့လုပ်လိုက်သော်လည်း သူခုန်မချနိုင်ခင်လေးတွင် ကျန်းလော့သည် သူ့ကို ပြန်ဆွဲချ၍ ဆုပ်ကိုင်ထားလိုက်သည်။ ကျန်းလော့သည် တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။

"ဒီအတိုင်းပဲ ငြိမ်ငြိမ်ထိုင်နေ"

သူသည် ကျန်းနင်း၏ လက်ကို နှစ်သိမ့်စွာ ပုတ်ပေးလိုက်သည်။ ကျန်းနင်းသည် သူ့ခေါင်းထဲမှ ကြားနေရသော ထိတ်လန့်ဖွယ်အသံတို့ ထပ်မကြားရတော့သည်ကို ခံစားမိပြီး သူ့ရှေ့မှ သရဲအလောင်းသည်လည်း ပျောက်ကွယ်သွားတော့သည်။ သူသည် အလွန်ရှုပ်ထွေးသွားပြီး ငြိမ်သက်စွာ ထိုင်နေတော့သည်။

ကျန်းလော့သည် ကျန်းနင်းကို အဆောင်ထုတ်ပေးလိုက်ပြီး မေးခွန်းများ ပြည့်နေသော အမျိုးသမီးကို လည်း အဆောင်တစ်ခု ပစ်လွတ်လိုက်ပြီး နောက်တွင် ဝမ်ယမ်လန်လည်း ပါလာသောကြောင့် တခြားသော အပြစ်မဲ့သူများ ဘာမှမဖြစ်ဖို့ စိတ်ချရသည်။ ကျန်းနင်းကို ပြန်ထိုင်အောင် ဆွဲချပြီးနောက် ကျန်းလော့သည် ချီယုံ့ကို ကြည့်လိုက်ပြီး သူကပင် အရင်ဦးအောင် အနားကပ်သွားလိုက်သည်။ ပိုပိုပြီး နီးကပ်သွားအောင် အနားကပ်သွားပြီးနောက် အကွေ့နားတွင် ချီယုံ့ဆိုင်ကယ်ကို ဆောင့်ကန်ပစ်လိုက်သည်။

ချီယုံ့ဆိုင်ကယ်သည် ကျန်းလော့ကြောင့် ပြင်းထန်စွာ လှုပ်ရှမ်းသွားပြီး ချီယုံသည် ကျန်းလော့ကို မှီအောင် ပြန်ကပ်လိုက်လာပြီး သူက ညာဘက်မှာ ဖြစ်ပြီး ကျန်းလော့က ဘယ်ဘက်ခြမ်းမှာ ဖြစ်သည်။

ကျန်းလော့သည် သူလုံခြုံသွားသည်နှင့် ဘယ်ဖက်လက်ကို ဆန့်ထုတ်လိုက်ပြီး ချီယုံ့လက်မောင်းကို လှမ်းဆွဲ၍ သတိပေးလိုက်သည်။

"ငါ့လူတွေကို ထပ်မထိနဲ့ ကြားလား"

သူပြောလို့ ပြီးသွားသောအခါ ကျန်းလော့၏ လက်သည် ရှေ့တိုးသွားပြီး ချီယုံ့ညာလက်ကို အုပ်ကိုင်လိုက်သည်။ သူ့လက်ငါးချောင်းတို့သည် ပန်းချီဆရာတစ်ယောက် အချိန်တော်တော်ကြာပေးပြီး ဆွဲထားသော မှတ်တမ်းဝင် အနုပညာလက်ရာတို့နှင့် တူသည်။ သူ့လက်သည် ချီယုံ့လက်ငါးချောင်းထဲသို့ တိုးဝင်သွားပြီး ချီယုံ့လက်အောက်မှ လီဗာလက်ကိုင်ကို ကိုင်လိုက်ရာ မကောင်းဆိုးဝါး၏ မျက်လုံးတို့သည် နက်မှောင်သွားပြီး ကျန်းလော့သည် မကောင်းဆိုးဝါး၏ ဘရိတ်လီဗာကို အဆုံးထိ ဆွဲပစ်လိုက်သည်။

ချီယုံ့ဆိုင်ကယ်သည် ရုတ်တရက် ပြင်းထန်စွာ ခုန်သွားပြီး ထောင်သွားကာ ကျန်းလော့သည် သူ့ကို တမင်တကာ တွန်းလိုက်သေးသောကြောင့် ရှေ့သို့ ခုန်ထွက်သွားသည်။ သူလုပ်ပြီးသည်နှင့် ကျန်းလော့သည် နောက်လှည့်ကြည့်လိုက်ပြီး သူ့ဘယ်လက်သည် ဘရိတ်ဆွဲလိုက်ကာ လက်ချောင်းများကို ဟဲလ်မက်မှ နှုတ်ခမ်းနေရာကို ထိလိုက်ပြီး မကောင်းဆိုးဝါးကို ဖလိုင်းကစ် ပေးလိုက်ကာ

"အမှိုက်ကောင်ရေ သွားပြီကွာ"

ထိုအနမ်းသည် ပြိုင်ဘက်ကို လှောင်ပြောင်ရန် ရည်ရွယ်သော်လည်း လေပြေတို့ ဖြတ်တိုက်သွားသောကြောင့် တစ်ဖက်မှ မြင်ရဖို့ မရှိနိုင်ပေ။

မျက်စိတစ်မှိတ်အတွင်းတွင် ကျန်းလော့သည် အဝေးသို့ ရောက်သွားပြီဖြစ်သည်။

ကျန်းလော့သည် ပထမဆုံး ပန်းဝင်သွားခဲ့ပြီး ဒုတိယ ပြိုင်ပွဲတွင် ဒုတိယနေရာမှ ပန်းဝင်သွားခဲ့သည်။ သူသည် ကျန်းနင်းကို အောက်ချပေးပြီး လျိုချီထံသို့ လွှဲပြောင်းပေးခဲ့ကာ ဟဲလ်မက်ကို ချွတ်လိုက်ပြီး သူ့ဘေးမှ လူတစ်ယောက်နှင့် စကားပြော၍ သန့်စင်ခန်းသို့ သွားခဲ့သည်။

သူ့လက်များ ဆေးနေတုန်း ကျန်းလော့သည် မှန်ထဲမှ သူ့နောက်တွင် လူတစ်ယောက် ရပ်နေသည်ကို မြင်ခဲ့သည်။ ကျန်းလော့သည် နည်းနည်းလေးတောင် အံ့ဩမသွားခဲ့ပဲ ချီယုံ့ကို အနိုင်ယူခဲ့ပြီး ပြိုင်ပွဲတွင်လည်း ရလဒ်မဆိုးသောကြောင့် ပျော်ရွှင်နေကာ ချီယုံ့ကို မြင်ပြီးနောက် ထိုပျော်ရွှင်နေသော အမူအယာများ ပျောက်ကွယ်သွားသည်။ ချီယုံသည် ထိုသို့သော အပြုအမူများတွင် သူ့ကိုယ်သူ ရှာဖွေမရခဲ့ပေ။

ချီယုံသည် ကျန်းလော့မှ သူ့ကို ထိုသို့ကြည့်သည်ကို သဘောမကျပေ။ ကျန်းလော့သည် သူ့ကို မမြင်သလိုပင် စက္ကူတစ်ရွက် ဆွဲထုတ်ကာ လက်သုတ်လိုက်ပြီး အပြင်ထွက်ဖို့ လုပ်လိုက်သည်။

သို့သော် မကောင်းဆိုးဝါးသည် လမ်းပိတ်ပစ်လိုက်သည်။

ကျန်းလော့သည် ပြိုင်ပွဲအရှိန်ကြောင့် မျက်နှာတို့ အနည်းငယ် နီရဲနေဆဲဖြစ်ကာ နှုတ်ခမ်းများသည် ရဲတွတ်နေပြီး နှာခေါင်းထိပ်တွင် ချွေးစက်လေး သီးနေပြီး ချွေးများ ရွှဲနေသော မျက်နှာကို ရေဖြင့်သစ်ထားသည်။ သူ့မျက်လုံးထောင့်များသည် ကော့တက်နေပြီး မကောင်းဆိုးဝါး၏ မျက်နှာကို သေချာကြည့်နေသည်။

"ဘာတုန်း"

သူသည် အေးစက်စွာ မေးလိုက်သည်။

မကောင်းဆိုးဝါးသည် ခဏလောက် တိတ်ဆိတ်သွားပြီး တမင်တကာကို စိတ်လျှော့၍ အေးအေးဆေးဆေး ပြောလိုက်သည်။

"ကျန်းလော့"

သူသည် မျက်လုံးများ မှေးသွားပြီး အန္တာရာယ်ရှိသော အေးစက်စက် အရှိန်အဝါများ လေထုထဲတွင် ဖြန့်ကျတ်လိုက်ပြီး

"မင်း ဘာကြောင့်များ ကိုယ့်ကိုဆို တစ်ချိန်ထဲမှာပဲ အေးစက်စက်ဆက်ဆံလိုက် နွေးနွေးထွေးထွေး ဆက်ဆံလိုက် လုပ်နေရတာလဲကွာ"

#####

Telegram မှာ အပြီးအထိ တင်ပြီးပါပြီနော်။

Đọc tiếp

Bạn Cũng Sẽ Thích

5.8K 700 11
တစ်နေ့တော့ ယိုကျန်းဖန်ဟာ ကမ္ဘာကြီးကို ဖျက်စီးပစ်ဖို့ လုံလောက်တဲ့စွမ်းအားဟာ သူ့အိမ်မှာ ပေါ်လာတယ်ဆိုတဲ့ သတိပေးချက် ကို လက်ခံ ရရှိခဲ့တယ်။ သာမာန်လူတစ်ယော...
178K 34.3K 60
This novel's not mine. I love to read this novel. So I translate for fun. Please support original author and english translator. Title : The Young G...
78.3K 11.6K 28
Both Zawgyi & Unicode available. မသေမျိုးလောက၏ နံပတ်တစ်ဆေးဖော်စပ်သူဖြစ်သည့် မုချန်သည် သူ၏ဆေးတွေဖော်စပ်မှုအပေါ်တွင်သဲာအမြဲအာရုံစိုက်နေမိသည့်အတွက် သူ့တ...
126K 24.3K 67
ဘ၀ကို လွတ်လပ်ပေါ့ပါးစွာ ဖြတ်သန်းလိုသည့် လုချောင်ယဲ့ တစ်ယောက် အရာအားလုံးအား လွှတ်ချပြီး မိမိ စိတ်ကူးအား အကောင်အထည်ဖော်ရန် ပြင်စဉ်မှာပင် ယာဉ်မတော်တဆမှ...