လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်န...

By Indolent-Senorita

826K 121K 3.7K

Original Title ; 分手了, 别闹 English Title ; Breaking Up , No Joke Author ; 香芋奶茶 (Taro Milk Tea) English Transla... More

ဇာတ်လမ်းမိတ်ဆက်
အခန်း-၁(လမ်းခွဲခြင်း)
အခန်း-၂(​ကောလဟာလ)
အခန်း-၃(လုယူခြင်း)
အခန်း-၄(အချစ်ပြိုင်ဘက်)
အခန်း-၅(ရန်စခြင်း)
အခန်း-၆(တိတ်တခိုးအချစ်)
အခန်း-၇(မ​မျှော်လင့်ဘဲ ​တွေ့ဆုံခြင်း)
အခန်း-၈(​ခြေရာခံခြင်း)
အခန်း-၉(နူးညံ့​သောနှလုံးသား)
အခန်း-၁၀(ငြင်းဆန်ခြင်း)
အခန်း-၁၁(မ​ကျေနပ်ချက်)
အခန်း-၁၂(​ဆေး)
အခန်း-၁၃(အမျက်​​ဒေါသ)
အခန်း-၁၄(စို​ပြေ​စေခြင်း)
对不起
အခန်း-၁၅(ညစ်ပတ်​သော)
အခန်း-၁၆(မ​ကျေမနပ်နှင့်တိုင်တန်းခြင်း)
အခန်း-၁၇(ရသစုံရှိုးပွဲ)
အခန်း-၁၈(တွယ်ချိတ်)
အခန်း-၁၉(အသုံးချခြင်း)
အခန်း-၂၀(အ​ရေး​ပေါ်သတင်း)
အခန်း-၂၁(ပရိသတ်)
အခန်း-၂၂(ခြိမ်း​ခြောက်ခြင်း)
အခန်း-၂၃(အ​ကြွေးပြန်ဆပ်ခြင်း)
အခန်း-၂၄(အကူအညီ​တောင်းခံခြင်း)
အခန်း-၂၅(ဒီ​ယောကျ်ား)
အခန်း-၂၆(ပြသာနာ)
အခန်း-၂၇(စိတ်အ​နှောင့်အယှက်ဖြစ်စရာ​ကောင်း​သော)
အခန်း-၂၈(ဂရုစိုက်ခြင်း)
အခန်း-၂၉(လှည့်ကွက်)
အခန်း-၃၀(အ​ပြောင်းအလဲ)
အခန်း-၃၁(​မျှော်လင့်မထားတဲ့ပြသာနာ)
အခန်း-၃၂(အကူအညီရှာ​ဖွေခြင်း)
အခန်း-၃၃(ဗိုလ်ကျခြယ်လှယ်တတ်​သောအမျိုးသား)
အခန်း-၃၄(စိမ်းကားခြင်း)
အခန်း-၃၅(ဖရဲသီး​လေးရဲ့ချစ်ခင်မှု)
အခန်း-၃၆(စုန့်ရှီလင်၏ရက်စက်ခြင်း)
အခန်း-၃၇(အတိတ်)
အခန်း-၃၈(အပြစ်ပြုမိခြင်း)
အခန်း-၃၉(သတိ​ပေးခြင်း)
အခန်း-၄၀(ဥပါဒါန်)
အခန်း-၄၁(အချစ်)
Happy Thadingyut Festival
အခန်း-၄၂(ရှက်ကိုးရှက်ကန်းဖြစ်ခြင်း)
အခန်း-၄၃(​မော့ကုမ္ပဏီ)
အခန်း-၄၄(နှစ်ပတ်လည်ပါတီ)
အခန်း-၄၅(သီးသန့်ကြိုတင်​နေရာယူထားခြင်း)
အခန်း-၄၆(ဖွင့်ဟ၀န်ခံခြင်း)
အခန်း-၄၇(သ၀န်တိုခြင်း)
အခန်း-၄၈(နှင်းဆီပန်း)
အခန်း-၄၉(ဥက္ကဋ္ဌချူ)
အခန်း-၅၀(ရန်​ဖေး)
အခန်း-၅၁(မုန်းတီးခြင်း)
အခန်း-၅၂(ဒွိဟဖြစ်ခြင်း)
အခန်း-၅၃(သကြားလုံး)
အခန်း-၅၄(ချစ်ဒုက္ခ)
အခန်း-၅၅(မ​တော်တဆမှု)
အခန်း-၅၆(ပြိုလဲရှုံးနိမ့်ခြင်း)
အခန်း-၅၇(သူ၏ကြမ္မာဂြိုလ်ဆိုး)
အခန်း-၅၈(​မျှော်လင့်မထားမိခဲ့​လေ​သော)
အခန်း-၅၉(​ပျော်ရွှင်မှု)
အခန်း-၆၀(ပြန်လည်​ပေါင်းစည်းမိသွား​သောစုံတွဲ)
အခန်း-၆၁(ဖရဲသီး​လေး စိတ်ဆိုးခြင်း)
အခန်း-၆၂(သဲလွန်စ)
အခန်း-၆၃(အပြစ်ရှိစိတ်)
အခန်း-၆၄(စုံစမ်းစစ်​ဆေးခြင်း)
အခန်း-၆၅(​ဖော်ထုတ်ခြင်း)
အခန်း-၆၆(အ​ကြောက်တရား)
အခန်း-၆၇(​နေ့စဉ်ဘ၀​လေး)
အခန်း-၆၈(အသိအမှတ်ပြုခြင်း)
အခန်း-၆၉(စုန့်မိသားစု)
အခန်း-၇၀(တွဲဖက်ပါတနာ)
အခန်း-၇၁(သူ့အားလွမ်းဆွတ်ခြင်း)
အခန်း-၇၂(ချစ်ခြင်း​မေတ္တာ)
အခန်း-၇၃(ကို့ရို့ကားရားအ​ခြေအ​နေတစ်ခု)
အခန်း-၇၄(သကြားဖေ​ဖေ)
အခန်း-၇၅(ရန်သူ)
အခန်း-၇၆(ကြိုတင်ပြင်ဆင်ခြင်း)
အခန်း-၇၇(လှည့်စားခြင်းပရိယာယ်)
အခန်း-၇၈(ပြန်လည်တိုက်ခိုက်ခြင်း)
အခန်း-၇၉(အ​မှောင်ထုထဲသို့ သွတ်သွင်းခြင်း)
အခန်း-၈၀(တစ်ကိုယ်​တော်မိဘ)
အခန်း-၈၁(ပြန်လာခြင်း)
အခန်း-၈၂(အလုပ်ခွင်သို့ အလည်တစ်​ခေါက်)
အခန်း-၈၃(သတိ​ပေးချက်)
အခန်း-၈၄(မယုံသင်္ကာဖြစ်ခြင်း)
အခန်း-၈၅(အမှန်တရား)
အခန်း-၈၆(ချစ်မှု​ရေးရာကိစ္စများ)
အခန်း-၈၇(စီးပွား​ရေး​ကြော်ငြာ)
အခန်း-၈၈(စိတ်အားငယ်ခြင်း)
အခန်း-၈၉(ကြွားလုံးထုတ်ခြင်း)
အခန်း-၉၀(အပြင်းအထန်​ပြောင်းလဲဆန့်ကျင်ခြင်း)
အခန်း-၉၁(ငြင်းဆန်ခြင်း)
အခန်း-၉၂(ပြသာနာရှာခြင်း)
အခန်း-၉၃(​ပေါ်ယွီ၏ရိုက်ကွင်းသို့လိုက်သွားခြင်း)
အခန်း-၉၄(သံသယ)
အခန်း-၉၅(ရိုက်နှက်​စေခြင်း)
အခန်း-၉၆(ဖွင့်​ပြောခြင်း)
အခန်း-၉၇(​ဒေါသထွက်ဖွယ်)
အခန်း-၉၈(ကလဲ့စား)
အခန်း-၉၉(၀တ်​ကျေတမ်း​ကျေတုံ့ပြန်မှု)
အခန်း-၁၀၀(​ရောက်လာသူ)
အခန်း-၁၀၁(​ပေါ်ယွီ၏အတိတ်)
အခန်း-၁၀၂(ပထမဆုံးအကြိမ် ​တွေ့ဆုံမှု)
အခန်း-၁၀၃(အပြစ်ပြုခြင်း)
အခန်း-၁၀၄(အိမ်အပြန်)
အခန်း-၁၀၅(ချစ်ရသူ)
အခန်း-၁၀၆(အစွဲအလမ်း)
အခန်း-၁၀၇(အစားထိုး)
အခန်း-၁၀၈(ထုတ်​မေးခြင်း)
အခန်း-၁၀၉(စိတ်ရှည်သည်းခံခြင်း)
အခန်း-၁၁၀(စစ်ပွဲမီး​တောက်)
အခန်း-၁၁၁(လူထုအမြင်)
အခန်း-၁၁၂(သရုပ်မှန်)
အခန်း-၁၁၃(အနမ်းများခိုးယူခြင်း)
အခန်း-၁၁၄(အစားပုတ်​လေး)
အခန်း-၁၁၅(ညစာတစ်နပ်ဒကာခံခြင်း)
အခန်း-၁၁၆(အလိမ်အညာ)
အခန်း-၁၁၇(ခွင့်လွှတ်မှု)
အခန်း-၁၁၈(ရုပ်ဆိုးတဲ့ဝတ်စုံ)
အခန်း-၁၁၉(ရိုးအီ​နေ​သော ​ကြော်ငြာပုံစံအ​ဟောင်း)
အခန်း-၁၂၀(ချစ်ခင်မှုအတွက် ယှဉ်ပြိုင်ခြင်း)
အခန်း-၁၂၁(မ​ပြေမပြစ် အ​ပြောအဆို)
အခန်း-၁၂၂(၀ိတ်ချခြင်း)
အခန်း-၁၂၃(ဉာဏ်တိုက်ပွဲ)
အခန်း-၁၂၅(ဆုနှင့်လွဲ​ချော်ခဲ့ရခြင်း)
အခန်း-၁၂၆(ဖဲကြိုးဖြတ်ပွဲအခမ်းအနား)
အခန်း-၁၂၇(လိုက်ဖက်ညီမှု)
အခန်း-၁၂၈(ခြင်များ)
အခန်း-၁၂၉(လက်​ဝှေ့ထိုးခြင်း)
အခန်း-၁၃၀(ဒုတိယ​မြောက်ရင်​သွေး)
အခန်း-၁၃၁(သတင်းထွက်လာခြင်း)
အခန်း-၁၃၂(ချုပ်ချယ်ခြင်း)
အခန်း-၁၃၃(​စေ့စပ်ပွဲ)
အခန်း-၁၃၄(​သေလမ်းကိုဖိတ်​ခေါ်ခြင်း)
အခန်း-၁၃၅(​လောကီ​ရေးရာ)

အခန်း-၁၂၄(အချစ်စစ်)

1.3K 217 4
By Indolent-Senorita

Scroll down for Zawgyi.

Unicode

ဒီနှစ်ရက်၌ ဖရဲသီး​လေး အိမ်ပြန်​ရောက်လာလျှင် ​ပေါ်ယွီ့အား မုန့်ပဲသ​ရေစာစုံပလုံစိ ထုတ်​ကျွေး​နေသည်။မုန့်​တွေအပြင် မိန်းက​လေးဆံညှပ်​လေး​တွေ ၊ ​ခေါင်းစည်းကွင်း​လေး​တွေကမူ အိမ်ကအမှိုက်ပုံးထဲ ​ရောက်ကုန်၏။

​ပေါ်ယွီ စတင်သတိလားမိလာသည်။

သူတို့သားက အသက်​လေး နှစ်နှစ်ရှိ​သေးတာကို ဒီလို​တွေ​တောင် လူကြိုက်များ​နေပြီလား ???

​ပေါ်ယွီခမျာ မအားမလပ် ဂျင်ဂျင်လည်လှသည့် သူ့အချိန်ဇယားထဲမှ မရသည့်အချိန်ကို ဖျစ်ညှစ်ယူကာ ဖရဲသီး​လေးကို ​ကျောင်းသွားကြိုခဲ့သည်။

​တစ်ချိန်က ​ကျောင်းမသွားချင်လို့ ငိုယိုငြင်းဆန်ခဲ့ဖူး​သော ဖရဲသီး​လေးကို ​ပေါ်ယွီ ​ကျောင်းတံခါး၀က​နေ ​သေချာ​လေး လှမ်းကြည့်လိုက်သည်။က​လေး​လေးက အခု​တော့ သူငယ်ချင်း​တွေကို ​ပျော်​ပျော်ရွှင်ရွှင် တာတာ့ပြ​နေသည်။ခပ်ကြီးကြီး မုန်လာဥနီအရွယ် အတန်း​ဖော်တစ်သိုက်က ဖရဲသီး​လေးအနား စကား​တွေ​ကျည်ကျည်ကျာကျာ ၀ိုင်း​ပြော​နေကြသည်။ဖရဲသီး​လေးက တစ်ခုခု ပြန်​ပြောလိုက်သည်ထင်။ထိုအတန်း​ဖော်​လေး​တွေက မခွဲနိုင်မခွာရက်နှင့် မိဘ​တွေ စိတ်မရှည်လက်မရှည် ဆွဲ​ခေါ်ကြသည့်​နောက် ပါသွားခဲ့သည်။

ညှို့ဓါတ်ပိုင်ရှင် ဖရဲသီး​လေးက ​ကျောပိုးအိတ်အပြည့်မုန့်​တွေနဲ့အတူ ​ကျောင်းအပြင်သို့ ထွက်လာသည်။​ကျောင်းတံခါး၀မှာ ​စောင့်​နေသည့် ​ပေါ်ယွီ့လက်​ထောက်ကို မြင်​သောအခါ ​ခေါင်း​လေး​ထောင်၍ မျက်လုံး​လေး​တွေ ဘလင်းဘလင်း ​တောက်ပသွားသည်။

ပါးပါး လာကြိုတယ် !!!

ဖရဲသီး​လေးက သူနှင့်ရင်းနှီး​နေသည့် ​ပေါ်ယွီ့ကားကို လူအုပ်ကြီးအတွင်းမှ မြန်မြန်ဆန်ဆန် ရှာ​တွေ့ပြီး ​အ​လောတကြီး ​ပြေးသွားသည်မို့ က​လေး​ပျောက်မှာ​ကြောက်သည့် လက်​ထောက်က အ​နောက်က​နေ ဒ​ရော​သောပါး လိုက်ရ၏။

ကားတံခါးပွင့်ပွင့်ချင်း သူ့ဆီ ပစ်၀င်လာ​သော ဖရဲသီး​လေးအား ​ပေါ်ယွီ ဆီးဖမ်းလျက် က​လေး​လေး​ကျော​ပေါ်က မုန့်အပြည့်ပါသည့် ​ကျောပိုးအိတ်ကို ကိုင်ဆကြည့်လိုက်​သော် အ​နည်းငယ် ​လေး​သည်။ဖရဲသီး​လေးမှာမူ ​ပေါ်ယွီ့​ပွေ့ဖက်မှုထဲ၌ လူးလိမ့်​ပျော်မြူး​နေသည်။

​ပေါ်ယွီက ​ကျောပိုးအိတ်ကို လက်ညှိုးထိုးပြလိုက်၏။
" ဖရဲသီး​လေး ၊ ပါးပါး မင်း​ကျောပိုးအိတ်ကို ဖွင့်ကြည့်လို့ရမလား ??? "

" အွန်း "
ရှုပ်ပွပွ ဆံပင်​လေး​တွေနဲ့ဖရဲသီး​လေးက ချက်ချင်း ထရပ်ကာ ​ကျောပိုးအိတ်ထဲက ပစ္စည်းပစ္စယာများကို စိတ်အားထက်သန်စွာ ထုတ်​ပေးသည်။

" ဒါက ​ရှောင်မိ့ဖန်း(ပျား​လေး) ​ပေးတာ ၊ ဒါကကျ ​ရှောင်ဖန့်ဇီ​(၀တုတ်​လေး) ပေးတာ ၊ ဒီတစ်ခုရယ် ဒီမက်ရှယ်လ်လိုး​ရယ်က ကျန်း​ကော်​ပေးတာ။ မက်ရှယ်လ်လိုး​​တွေ အိအိ​လေးနဲ့ သိပ်စား​ကောင်းတယ်။ ဒီစတစ်ကာ​လေးက .......... "

ဖရဲသီး​လေးက သူ့​ဘော်ဒါ​တွေ ​ပေးလိုက်​သော လက်​ဆောင်ငယ်​လေးများကို ​ပေါ်ယွီ့​ရှေ့ တစ်ခုပြီးတစ်ခု စိတ်လှုပ်ရှားစွာ ချပြရင်း ​ပေါ်ယွီ နှစ်ခြိုက်တာမရှိမည်ကို စိုးရွံ့သည့်အလား အ​မောတ​ကော ​ဆိုလိုက်သည်။
" ပါးပါး ကြည့် ! ပါးပါး ကြိုက်တဲ့ဥစ္စာ ဖရဲသီး​လေး ​ပေး​မယ်​လေ !! "

" ပါးပါးက ဒါ​တွေအကုန်လုံးကို ကြိုက်တယ်ဆိုရင်​ရော ??? "
​ပေါ်ယွီတစ်​ယောက် သူ့​ရှေ့ရှိအရုပ်ပုစိ​​​ပေါက်စ​တွေကို ကြည့်ကာ ​မေးလိုက်၏။

​ဖရဲသီး​လေးက မျက်​မှောင်​လေးတစ်ချက်ကြုံ့လို့ တွန့်ဆုတ်ဆုတ်နှင့် ပေါ်ယွီကို စိတ်မပါလက်မပါ​လေး ​ဖြေသည်။
" ဟုတ်ပြီ ၊ သား ပါးပါးကို အကုန်​ပေးပါတယ်။ ဒါနဲ့​လေ ပါးပါးက တအား​လောဘကြီးတာပဲ​နော် "

တစ်ကားတည်းမှာ ထိုင်​နေသည့် ​ပေါ်ယွီ့လက်​ထောက်က တဟားဟား ​အော်ရယ်သည်။
" ဖရဲသီး​လေး ၊ သားက​ ​မူကြိုကျောင်းမှာ နာမည်ကြီးလှချည်လားကွ "

" ပါးပါးကို ​ပြောပြပါဦး ၊ သူငယ်ချင်း​တွေနဲ့ ဘယ်တုန်းကတည့်သွားကြတာလဲ ??? "
​ပေါ်ယွီ လက်ထဲကအရုပ်​​လေး​တွေကို ဟိုကလိဒီကလိ ကစား​နေသည့်တိုင် စိတ်ထဲမှာ ပူပန်​နေရသည်။

" သား မမှတ်မိဘူး "
ဖရဲသီး​လေးက မက်ရှယ်လ်လိုး​​ထုပ်ကို ​ဖောက်၍ သူ့ပါးစပ်​လေးထဲ တစ်ခုထည့်လိုက်သည်။ထို့​နောက် လက်​လေးကိုဆန့်ကာ ​ပေါ်ယွီ့ကို တစ်ခုခွံ့​ကျွေးသည်။

စားကြည့်​လိုက်တော့ အရသာ​ကောင်း​ကြောင်း သိသွားသည့် ​ပေါ်ယွီက ဖရဲသီး​လေးကို ​ပြောသည်။
" ​နောက်တစ်​ခေါက် ပါးပါးတို့ စူပါမားကတ်သွားရင် မက်ရှယ်လ်လိုး​​၀ယ်ရ​အောင်။ တကယ် စား​ကောင်းတယ်။ ပါးပါးကို တစ်ခုထပ်​ကျွေးပါဦး "

ပါးပါးနဲ့အတူ မုန့်မျှစားရတာကို ​သ​ဘောကျ​နေတဲ့ ဖရဲသီး​လေးက မက်ရှယ်လ်လိုး​​တစ်ခုကို ယူလို့ ​ပေါ်ယွီထံ ​ပျော်ရွှင်စွာ ​ပေးလိုက်သည်။
" ဟုတ်ကဲ့ ပါးပါး ! "

" မနက်ဖြန် ​ကျောင်းသွားတဲ့အခါ သားရဲ့အရုပ်​အသစ်တွေကို သယ်သွားပြီး သူငယ်ချင်း​တွေကို လက်​ဆောင်​ပေးလိုက်ဦး​နော် "
​ပေါ်ယွီက မက်ရှယ်လ်လိုး​​ဝါးရင်း ခပ်ဖြည်းဖြည်းချင်း ဆို၏။

ဖရဲသီး​လေး အလန့်တကြားဖြစ်သွားသည်။
" ဟင့်အင်း ၊ သား မ​ပေးချင်ဘူး ! "

" ဖရဲသီး​လေးသူငယ်ချင်း​တွေက ဖရဲသီး​လေးကို အရုပ်​တွေ လက်​ဆောင်​ပေးထားတယ်မလား ၊ သားက ဘာလို့ ပြန်မ​ပေးချင်တာလဲ ??? "
​ပေါ်ယွီ ​ဖြောင့်ဖြလိုက်သည်။

ဖရဲသီး​လေးက လက်ကျန်မက်ရှယ်လ်လိုး​​​တွေအားလုံးကို သူ့ပါးစပ်​လေးထဲ သဲကြီးမဲကြီး ထိုးသိပ်ထည့်လိုက်၏။အတန်ကြာမှ စိတ်မပါလက်မပါ​လေး ​ခေါင်းညိတ်သ​ဘောတူသည်။

​ပေါ်ယွီ ဖရဲသီး​လေးရဲ့​ခေါင်းထိပ်​လေးကို နှစ်လိုကြင်နာစွာ ပုတ်​ပေးလိုက်သည်။​ ​ကျောင်းမှာ ချစ်သူခင်သူ​ပေါများပြီး နာမည်ကြီးတာက ​ကောင်းပါရဲ့။သို့​ပေမယ့် အခြားသူရဲ့ပစ္စည်း​တွေကို မိမိကပဲ တစ်ဖက်သတ်ကြီး လက်ခံယူ​နေတတ်တဲ့ အကျင့်က စွဲသွားလို့မဖြစ်။

ဖရဲသီး​လေးက ​ပေါ်ယွီ့ကို အထင်လွဲသွားဟန်ပင်။

က​လေး​လေးက မက်ရှယ်လ်လိုး​​​တွေအားလုံးကို တစ်လုတ်တည်းနှင့် ပါးစပ်ထဲထည့်ပစ်မိခြင်းအား ​နောင်တရ​နေ၏။

ပါးစပ်ထဲက မက်ရှယ်လ်လိုး​​​တွေကို ဆက်မဝါး​တော့ဘဲ ၎င်းတို့ကို ပါးစပ်ထဲက​နေ ပြန်ထုတ်၍ ​ပေါ်ယွီ့ဆီသို့ ရတနာတစ်ပါးပမာ ထိုး​ပေးလိုက်သည်။
" ပါးပါး ၊ စား "

​ပေါ်ယွီက မက်ရှယ်လ်လိုး​​​တွေတင်ထားသည့် ဖရဲသီး​လေးရဲ့လက်​လေးကို တ​လေးတနက် ပြန်တွန်း​ကာ ချိုချိုသာသာ ဆိုလိုက်သည်။
" ပါးပါး ဗိုက်ပြည့်ပြီ ၊ ဖရဲသီး​လေး စား​နော် "

" အွန်း ........ "

ဖရဲသီး​လေးက မက်ရှယ်လ်လိုး​​​တွေကို ပါးစပ်ထဲ ထည့်လိုက်ပြီး လက်​ပေါ်မှာကျန်​နေ​သေးသည့် မုန့်နှစ်ခုကို ကြည့်လိုက်သည်။
" ပါးပါး ၊ စားဖို့ "

​ပေါ်ယွီက တံ​တွေးတို့​ပေလူး​နေ​သော မက်ရှယ်လ်လိုး​​များကို ဖရဲသီး​လေးပါးစပ်ထဲ ခွံ့​ကျွေးလိုက်၏။
" ဟင့်အင်း ၊ ပါးပါးက တကယ့်ကို ဗိုက်၀​နေပါပြီ ၊ ဖရဲသီးဘာသာ စား "

က​လေးငယ်​လေးဟာ အူ​ကြောင်​ကြောင်​လေး ​ခေါင်းညိတ်ရှာသည်။​ပေါ်ယွီက သူ့တံ​တွေး​တွေကို မကြိုက်တာဖြစ်​ကြောင်း နားမလည်ပါ​ချေ။

______________

< Secret Agent > ၏ ပြည်တွင်းအနှံ့​ကြော်ငြာမိတ်ဆက်ပွဲအပြီး ဒီဇင်ဘာ ၂၅ ရက်​နေ့တွင် ရုပ်ရှင်ကို တရား၀င် ရုံတင်ပြသခဲ့သည်။

< Secret Agent > ရုပ်ရှင်ဟာ သြဇာလွှမ်းမိုး​သော မင်းသားနှစ်လက် ဦး​ဆောင်သည့်အပြင် ​အော်စကာဆုရှင် သရုပ်​ဆောင်လျူခိုင်ရဲ့ဒါရိုက်တာအဖြစ် ပထမဆုံး ပွဲဦးထွက်​ဖန်တီးမှုဖြစ်သည်မို့ ကနဦးပိုင်း ရုပ်ရှင်မိတ်ဆက်မှုအဆင့်မှာတင် ပရိသတ်အ​မြောက်အများကို ဆွဲ​ဆောင်ထားနိုင်သည်။

အဓိကဇာတ်လိုက်မင်းသားဖြစ်တဲ့ ​ပေါ်ယွီက အရမ်းအရမ်း နာမည်ကြီးသည့်သူ။​သူ့တစ်သက်လုံး လုပ်ကိုင်လာခဲ့​သော အလုပ်​တွေက အခြားသက်တူ ၊ ရွယ်တူ ၊ အဆင့်အတန်းတူ သရုပ်​ဆောင်များထက် အများကြီးပိုသည့်အ​လျောက် ရုပ်ရှင်ထုတ်လွှင့်ပြသသည်နှင့်တစ်ပြိုင်နက် ရုပ်ရှင်ရုံတိုင်းနီးပါးက ရုံပြည့်ရုံလျှံ။

အ​ကောင်းဆုံးသရုပ်​ဆောင်မင်းသားဆုရှင်ကြီး လျူခိုင်က < ချစ်စရာ့ က​လေးငယ် > အစီအစဉ်တွင်  သူ့ရဲ့ထူးချွန်​ပြောင်​မြောက်လှသည့် ပါ၀င်တင်ဆက်မှု​ကြောင့် ပရိသတ်​ပေါင်းများစွာ၏အား​ပေးချစ်ခင်မှုကို ထပ်​ဆောင်းရရှိခဲ့ပြီး ၎င်းပရိသတ်များကို < Secret Agent > အထိပါ ဆွဲ​ခေါ်လာနိုင်ခဲ့သည်။

ပထမအကြိမ် နိုင်ငံတစ်၀န်း ရုံတင်ပြသသည့်ရက်တွင် အမြတ်​ငွေ ၅၀၀ မီလီယံကို သဲ့ယူနိုင်ခဲ့ကာ ဤဆယ်စုနှစ်အတွင်း အမြန်အစွန်းအများဆုံးရရှိ​သော ရုပ်ရှင်ဖြစ်လာသည်။

​ပေါ်လျန်က ထို​နေ့၌ အ​နောက်​တောင်မြို့​တော် ရုပ်ရှင်ရုံများအားလုံးရှိ ရှိရှိသမျှ < Secret Agent > ရုပ်ရှင်လက်မှတ်အကုန်အစင်ကို ​​ငွေ​ပေး​ချေ၀ယ်ယူ၍ ​ပေါ်မိသားစု၏ကုမ္ပဏီဝန်ထမ်းများထံ လက်​ဆောင်ချီးမြှင့်ခဲ့သည်။ရုပ်ရှင်ရုံတစ်ရုံစီ​၀င်​ပေါက်ရှေ့မှာ ဂုဏ်ပြုစာလွှာများကိုပါ ​သောင်း​​သောင်းဖြဖြ ချိတ်ဆွဲ​ပေးခဲ့သည်။

အ​နောက်​တောင်မြို့​တော်ရဲ့သတင်းဋ္ဌာနအ​ပေါင်းဟာ အုတ်အုတ်ကျက်ကျက် ​ခြေချင်းလိမ်​နေကြသည်။​သွေး​အေးမိ​ချောင်းကြီးဟု တင်စားရ​သော စီးပွား​ရေးလုပ်ငန်းရှင်ဥက္ကဋ္ဌကြီးက သူ့ရဲ့အ​ဖေတူအ​​မေကွဲညီငယ်​လေးအား ဒီ​လောက် အလိုလိုက်ဆက်ဆံ​ပေးလိမ့်မည့်အကြောင်းကို ၎င်းတို့ စိတ်ပင်မကူးခဲ့စဖူး။

ထို့​နေ့တွင် စုန့်ရှီလင်ကလည်း ဟွားချန်မြို့​တော် ရုပ်ရှင်ရုံများမှ < Secret Agent > ရုပ်ရုင်လက်မှတ်​တွေအကုန်လုံးကို ၀ယ်ယူပစ်ခဲ့ပြန်သည်။ { Secret Agent ရုပ်ရှင်လက်မှတ်​ရောင်းချမှုအတွက် ဂုဏ်ပြုပါတယ် } ဟူ​သော စာသားနှင့်တကွ ပန်းစည်းပန်းခြင်းများကို သုံးရက်တိုင်တိုင် ရုံ​ပေါက်​စေ့​ရှေ့၌ ချိတ်ဆွဲပြသခဲ့သည်။

ဟွားချန်မြို့​တော်ရှိသတင်းဋ္ဌာတစ်သိုက် : " ......... "

​ပေါ်ယွီနဲ့​ပေါ်လျန်က ညီအစ်ကို​တွေမို့လို့ ထားပါ​တော့ ၊ ​ပေါ်ယွီနဲ့စုန့်ရှီလင်ကကျ အလုပ်အတူလုပ်​နေကြတဲ့ သာမာန်သူငယ်ချင်း​တွေပဲဥစ္စာ။ ဒါကြီးက နည်းနည်းများ ဇာချဲ့ရာကျမ​နေဘူးလား ???

သို့​လောသို့​လော​မေးခွန်း​တွေက အင်တာနက်​ပေါ် ပလူပျံလာတဲ့အခါ ယခင် ​ပေါ်ယွီရဲ့​လှေနံနှစ်ဖက်နင်းသည့်​ကောလဟာလထွက်စဉ်က ငြိမ်ကျသွားခဲ့​သော စုန့်​ပေါ် CP သင်္ဘောစီးသူများဟာ တစ်စခန်းထလာခဲ့၏။

《 တို့ဥက္ကဋ္ဌစုန့်ရဲ့အချစ်စစ်က ​ပေါ်ကိုကို​လေးကွ !!! 》

《 ​ပေါ်ယွီက စုန့်လုပ်ငန်းစုရဲ့​ပြော​ရေးဆိုခွင့်ရှိသူ ၊ ဖရဲသီး​လေးက ဥက္ကဋ္ဌစုန့်ရဲ့​ခေါင်းကိုင်သား။ သူတို့နှစ်​ယောက် ဆက်ဆံ​ရေး​ကောင်းတာ ဆန်းသလား။ အဲဒီကိစ္စက မင်းတို့ပါးစပ်ဖျားကျမှ ဟိုလိုလိုဒီလိုလိုဆန်သွားရ​သေး ???!!! 》

《 စုန့်ရှီလင်နဲ့​​ပေါ်ယွီ့ကြားက ဆက်ဆံ​ရေးက အ​ကောင်းလွန်​နေတာ​တော့ အမှန်ပဲရယ် ၊ ဟုတ်ပြီလား ??? သူတို့နှစ်​ယောက်ရဲ့အဓိပ္ပါယ်အပြည့်ပါတဲ့ Weibo ID name ​တွေကို ဆက်စပ်ကြည့်လိုက် ၊ ' ထင်းရှူးပင်​လေး​ပေါ် ကုပ်တွယ်တက်​နေတဲ့ရှဉ့် ' လို့ ယူဆရတယ် !!! 》

||| T/N : စုန့်ရှီလင်ရဲ့စုန့်က ရှဉ့်ရဲ့သံတူ​ကြောင်းကွဲစာလုံးဖြစ်ပြီး ​ပေါ်ယွီရဲ့​ပေါ်က  ထင်းရှူးပင်ရဲ့သံတူ​ကြောင်းကွဲစာလုံးပါတဲ့ |||

《 ဟား ၊ ဟား ၊ ဟား ၊ ဟား ၊ ဟား !!! ဟုတ်သ​ဟေ့ !!! ဘာသူငယ်ချင်း​ကောင်း​တွေလဲ ၊ တို့ဖြင့် မယုံ​ပေါင်။ ​နေ့တိုင်း လုပ်စရာအလုပ်​ပေါင်း ကု​ဋေကုဋာရှိ​နေတဲ့ လုပ်ငန်းစုဥက္ကဋ္ဌကြီးက က​လေးပိစိ​လေးတစ်​ယောက်ကို အား​ပေးဖို့အ​ရေး ရသစုံရှိုးဆီ တကူးတက သွား​နေရမယ့်အချိန် ဘယ်လိုလုပ် ရှိပါ့မလဲဟဲ့ ??? အ​သေးစိတ်သိချင်ရင် < ချစ်စရာ့ က​လေးငယ် > ​နောက်ဆုံးအပိုင်းကို သွားကြည့်ကြ​ !!! 》

《 < ချစ်စရာ့ က​လေးငယ် > အဖွဲ့သား​တွေ < Breaking Up Challenges > ကိုသွားကြတုန်းက ရိုက်ကွင်းမှာ ဖြတ်ခနဲ​လေးပါလာတဲ့ ဒီမျက်နှာက ဥက္ကဋ္ဌစုန့်ရဲ့မျက်နှာမှန်း မင်းတို့​တွေ မသိကြဘူးလား​ရော် ??? ~ Screenshot ပုံများ ~ 》

Hot Search အထိတက်​နေ​သော ထို comment အား အင်တာနက်အသုံးပြုသူ​တွေ မြင်မြင်ချင်း ဗု​ဒ္ဓေါတသွားကြသည်။ထို့​နောက် < ချစ်စရာ့ က​လေးငယ် > အဖွဲ့သား​တစ်စု < Breaking Up Challenges > သို့ သွားခဲ့ကြသည့် ဗီဒီယိုကို အ​ပြေးအလွှားရှာကြည့်ကြ၏။၎င်းတို့မျက်နှာ​တွေခမျာ ယုံရနိုးနိုး မယုံရနိုးနိုး ဒွိဟ​ဖြစ်စွာ။ရလဒ်မှာမူ ပရိသတ်အုပ်ထဲ၌ လျှပ်တစ်ပြက်​လေး​တွေ့လိုက်ရ​သော စုန့်ရှီလင်မျက်နှာ​ကြောင့် မျက်လုံး​တွေ ကန်းလုမတတ်။

ဒီတစ်​ယောက်က ငါတို့သိတဲ့ ! ရင်းနှီး​နေတဲ့ ! ​သောက်ရမ်းရုပ်​ချောခန့်ညားတဲ့ ! အ​ကောင်းစား Suit ကြီး ၀တ်ထားတဲ့ ! စုန့်ရှီလင် !!!

စိတ်​လေးငြိမ်ငြိမ်ထားမည်မှကြံ​သေး ၊ စုန့်​ပေါ် CP ​ထောက်ခံသူများအဖွဲ့က သြချ​လောက်ဖွယ် စိတ်လှုပ်ရှားမှုကြီးနဲ့အတူ တစ်ဖန် ထိန်းမနိုင်သိမ်းမရ ပွက်​လောရိုက်ကြပြန်သည်။သူတို့ သင်္ဘောစီး​နေတဲ့ စုန့်​ပေါ် CP ဟာ တကယ်ကြီး အစစ်အမှန်ဖြစ်​နေဖို့ မျှော်လင့်ချက်​လေး စတင်​ပေါက်ဖွားလာကြသည်။

အနှီအ​ကြောင်းကို ကြား​သော် ​ပေါ်ယွီက မိသားစုကို ​ထောက်ပံ့ပြုစုရန် စားပွဲမှာထိုင်ကာ အလုပ်လုပ်​ငွေရှာ​နေရရှာ​သော စုန့်ရှီလင်အား ခပ်တည်တည် တို့လိုက်၏။
" မင်း အဲဒီ​နေ့က < Breaking Up Challenges > ရိုက်ကွင်းကို ​ရောက်လာတဲ့ကိစ္စ အခု ​ပေါ်သွားပြီ "

" ဟုတ်လား "
စုန့်ရှီလင်က ဘယ်နှယ့်မျှမ​နေ။
" အဲဒါ ဟုတ်​နေတာပဲကို။ အဲဒီအချိန်က အဲဒီ​နေရာမှာရှိတဲ့လူအားလုံး ကိုယ့်ကို မြင်လိုက်ကြတယ်​လေ "

" အင်း .......... "
​ပေါ်ယွီ သူ့လက်ထဲကဖိတ်စာကို စုန့်ရှီလင်အ​ရှေ့ ချ​ပေးလိုက်သည်။

စုန့်ရှီလင် ယင်းပစ္စည်းကို လှမ်းအကြည့် ၊ ၎င်းက ​ရွှေအို​ရောင်စာလုံးများ ထွင်း​ရေးထား​သော ဖိတ်စာတစ်​စောင်ဖြစ်သည်။
" ဒါက ဘာလဲ ??? "

" < BreakUp > ရုပ်ရှင်ပွဲ​တော်ရဲ့ဖိတ်စာ။ ​ကော်​ဇောနီ​ပေါ်မှာ ငါနဲ့အတူတူ တွဲ​လျှောက်ဖို့ သတင်း​ခေါင်းစီး​တွေအကုန်လုံးကို သိမ်းကျုံးယူ​ပေးမယ့် ပါတနာတစ်​ယောက်လိုတယ်မလား "

​ပေါ်ယွီ မရည်ရွယ်ပါဘဲ စုန့်ရှီလင်အား ​မျှော်လင့်ခြင်းတို့ ​ရွှန်းလဲ့​နေသော မျက်၀န်းများဖြင့် ကြည့်မိ​နေသည်။

စုန့်ရှီလင်က ​ဖောက်သည်တစ်ဦး၏အ​ရေးကိစ္စကို စစ်​ဆေးရန် mailbox အရင်ဖွင့်လိုက်ပြီး​နောက် လက်ကိုဆန့်လို့ အံဆွဲထဲက​နေ ​ပေါ်ယွီ့ဖိတ်စာနှင့်ချွတ်စွပ်တူညီ​​သော ဖိတ်စာတစ်​စောင်ကို ထုတ်လိုက်သည်။
" ​ရော့ "

​ပေါ်ယွီက တစ်ပုံစံတည်းတူ​နေသည့် ဖိတ်စာနှစ်​စောင်ကို ကိုင်၍ ​မေးသည်။
" ဒါဆို မင်း အမျိုးသမီးပွဲတက်အ​ဖော် ​ခေါ်သွားမှာလား ??? "

စုန့်ရှီလင်က ​ခေါင်းယမ်းပြလျက် ​ပေါ်ယွီ့ကို စာကြည့်ခန်းထဲက ထွက်​ပေးပါရန် စကားအလိမ္မာ​​လေးသုံး​ ဆိုလာ၏။
" မင်းမှာ ​ပြောစရာမရှိရင် အရင်အပြင်ထွက်နှင့်မလား။ ကိုယ် အခု တအားအလုပ်များ​နေတာ "

" ........... "

စကားလုံး​တွေ​​နောက်ကွယ်က မလိုလားသည့် အ​ငွေ့အသက်​တွေကို ကြားလိုက်ရတဲ့ ​ပေါ်ယွီက ဇွဲမ​လျော့တမ်း ​ပေ​တေ​ပြောသည်။
" ငါ့ဖုန်းက အားသွင်း​နေတယ်။ မင်း ငါနဲ့အတူတူ အ​ဖော်ပြုပေးဦး "

​စုန့်ရှီလင်က အံဆွဲကို လက်တစ်ဖက်နှင့် ဆွဲဖွင့်ကာ အထဲက သူ့ဖုန်းကို ထုတ်၍ ​ပေါ်ယွီ့​ရှေ့ ချ​ပေးလိုက်သည်။
" မင်း ကစားဖို့။ ကိုယ် ခဏ​နေရင် အလုပ်ပြီးမှာ။ အိပ်ခန်းထဲပြန်သွားနှင့်​နော် "

​ပေါ်ယွီ စုန့်ရှီလင်ဖုန်းကို ယူပြီး စာကြည့်ခန်းထဲက လစ်ခဲ့သည်။ဟိုတ​လောက အမျိုးသမီးသူရဲ​ကောင်းရုပ်ရှင်တစ်ခု ထွက်ထားတာရှိသည်။ဇာတ်အသွားအလာက သိပ်မဆိုး။သူ ထိုရုပ်ရှင်ကို ကြည့်ရမည်။

​ပေါ်ယွီ online က​နေ ရုပ်ရှင်ကြည့်​တော့မည့်ဆဲဆဲ လီကျဲထံမှဖုန်းက တဂွမ်ဂွမ် မြည်လာသည်။

လီကျဲ : " ​ကော်​ဇောနီ​ပေါ် ဘယ်သူနဲ့ ​လျှောက်မယ် စဉ်းစားလဲ ??? တွဲဖက်မရှိသေးရင် ရှန်ယန်နဲ့ ​လျှောက်လိုက်ပါ့လား။ သူ နိုင်ငံခြားကပြန်​ရောက်ပြီ။ < Secret Agent > ကလည်း ပြ​နေတုန်းဆို​တော့ .......... "

" ကျွန်​တော် ပါတနာရှိတယ် "

​ပေါ်ယွီ ​အံဆွဲထဲရှိ တစ်၀က်ခန့်ကျ​န်​နေ​သော ​စီးကရက်ဘူးကို လှမ်းယူလို့ ​​ဆေးလိပ်​သောက်ရန် ခုတင်​အောက်က ​​မွှေးပွကော်​ဇောထက် ဆင်းထိုင်လိုက်သည်။

ဒီရက်ပိုင်း သူ ​ဆေးလိပ်စွဲတာ ပိုဆိုးလာသလိုပင်။

လီကျဲက သ​ဘောမတူချင်စွာ အကြံ​ပေး၏။
" ရှင် ထပ်​တွေးကြည့်လိုက်ပါဦး​လေ။ ​ရှန်ယန်က မိန်းမလှ​လေးပါ။ သေချာ ဆုံးဖြတ်ပြီးခါမှ ကျွန်မကို​ပြော။ ကျွန်မ ရှန်ယန့်ကို ကူဆက်သွယ်​ပေးမယ် "

​ပေါ်ယွီ ​ဆေးလိပ်​ငွေ့ဖြူဖြူများကို မှုတ်ထုတ်ရင်း တိုးဖွဖွ ဆိုလိုက်သည်။
" စုန့်ရှီလင်နဲ့ ​လျှောက်မှာ "

လီကျဲ : " .......... "

" သူ လက်ခံရဲ့လား ??? "
လီကျဲအသံ အပြည့်အ၀သတိကပ်ထားသ​ယောင်။

​ပေါ်ယွီ ​ခေါင်းညိတ်ပြလိုက်​သော်ငြား လီကျဲက သူ့အမူအရာကို မမြင်နိုင်မှန်း အမှတ်ရသွားသဖြင်း - " ခံတယ် "

လီကျဲက ​အေး​ဆေးတည်ငြိမ်သူကြီးနှယ် ဟန်​ဆောင်လျက် စိတ်သက်သာရာရစွာ သက်ပြင်းချသည်။
" အင်းပါ။ ရှင်က ကိုယ့်ဇာတ်ကိုယ် နိုင်ပါတယ်။ ကျွန်မ အလုပ်လုပ်ရဦးမှာမို့ ဖုန်းချပြီ။ ဒါပဲ​နော် "

​ပေါ်ယွီ ဖုန်းကို ​ဘေးချပြီးသည်နှင့် ​ဆေးလိပ်​သောက်ခြင်းကို အမြန်ဆုံး လက်စသတ်၍ ပြာခွက်ထဲ ​ချွေသည်။​ဆေးလိပ်ကို လက်စ​ဖျောက်ပြီးလျှင် မတ်တပ်ထရပ်ကာ ပြင်သစ်မှန်ပြတင်းများဆီ သွားလို့ ​​လေ၀င်​လေထွက်​ကောင်း​အောင် ပြတင်း​ပေါက်​​ကို ဖွင့်လိုက်သည်။

​ပေါ်ယွီ ​ဆေးလိပ်​သောက်သည်ကို အင်မတိအင်မတန် အလိုမကျသည့် စုန့်ရှီလင်က သူ အိပ်ခန်းထဲမှာ ​ဆေးလိပ်​သောက်ထားခဲ့တာကို လုံး၀ ကြည်ဖြူလိမ့်မည် မဟုတ်ပါ​ချေ။

ထို့​ကြောင့် ​ပေါ်ယွီအ​နေနှင့် သက်​သေကို ဖျက်ဆီးလို့ သဲလွန်စကို ​ဖျောက်ဖျက်ရ​ပေမည်။စုန့်ရှီလင်အား ရိပ်မိသွားခွင့်မပြုနိုင်။

သို့​ပေတည့် အိပ်ခန်းထဲက ​ဆေးလိပ်နံ့တ​ထောင်း​ထောင်းဟာ အနံ့​ပျောက်မည်မှ မပြင်ရ​သေးမီ .............

အခန်းတံခါး ကျွီခနဲ ပွင့်သွား၏။စုန့်ရှီလင်က အခန်း၀တွင် ​ခြေစုံရပ်လျက် မျက်နှာကပါ တစ်စတစ်စ မှိုင်းညှို့နက်ရှိုင်းလာသည်။

သူ ​ဆေးလိပ်နံ့ကို အနံ့ရသွားခဲ့​ချေပြီ။

.
.
.
.
.
.

Thanks for reading my translation ... ❤






















































Zawgyi

ဒီႏွစ္ရက္၌ ဖရဲသီး​ေလး အိမ္ျပန္​ေရာက္လာလွ်င္ ​ေပၚယြီ႕အား မုန္႔ပဲသ​ေရစာစုံပလုံစိ ထုတ္​ေကြၽး​ေနသည္။မုန္႔​ေတြအျပင္ မိန္းက​ေလးဆံညႇပ္​ေလး​ေတြ ၊ ​ေခါင္းစည္းကြင္း​ေလး​ေတြကမူ အိမ္ကအမိႈက္ပုံးထဲ ​ေရာက္ကုန္၏။

​ေပၚယြီ စတင္သတိလားမိလာသည္။

သူတို႔သားက အသက္​ေလး ႏွစ္ႏွစ္႐ွိ​ေသးတာကို ဒီလို​ေတြ​ေတာင္ လူႀကိဳက္မ်ား​ေနၿပီလား ???

​ေပၚယြီခမ်ာ မအားမလပ္ ဂ်င္ဂ်င္လည္လွသည့္ သူ႕အခ်ိန္ဇယားထဲမွ မရသည့္အခ်ိန္ကို ဖ်စ္ညႇစ္ယူကာ ဖရဲသီး​ေလးကို ​ေက်ာင္းသြားႀကိဳခဲ့သည္။

​တစ္ခ်ိန္က ​ေက်ာင္းမသြားခ်င္လို႔ ငိုယိုျငင္းဆန္ခဲ့ဖူး​ေသာ ဖရဲသီး​ေလးကို ​ေပၚယြီ ​ေက်ာင္းတံခါး၀က​ေန ​ေသခ်ာ​ေလး လွမ္းၾကည့္လိုက္သည္။က​ေလး​ေလးက အခု​ေတာ့ သူငယ္ခ်င္း​ေတြကို ​ေပ်ာ္​ေပ်ာ္႐ႊင္႐ႊင္ တာတာ့ျပ​ေနသည္။ခပ္ႀကီးႀကီး မုန္လာဥနီအ႐ြယ္ အတန္း​ေဖာ္တစ္သိုက္က ဖရဲသီး​ေလးအနား စကား​ေတြ​က်ည္က်ည္က်ာက်ာ ဝိုင္း​ေျပာ​ေနၾကသည္။ဖရဲသီး​ေလးက တစ္ခုခု ျပန္​ေျပာလိုက္သည္ထင္။ထိုအတန္း​ေဖာ္​ေလး​ေတြက မခြဲႏိုင္မခြာရက္ႏွင့္ မိဘ​ေတြ စိတ္မ႐ွည္လက္မ႐ွည္ ဆြဲ​ေခၚၾကသည့္​ေနာက္ ပါသြားခဲ့သည္။

ညိႇဳ႕ဓါတ္ပိုင္႐ွင္ ဖရဲသီး​ေလးက ​ေက်ာပိုးအိတ္အျပည့္မုန္႔​ေတြနဲ႔အတူ ​ေက်ာင္းအျပင္သို႔ ထြက္လာသည္။​ေက်ာင္းတံခါး၀မွာ ​ေစာင့္​ေနသည့္ ​ေပၚယြီ႕လက္​ေထာက္ကို ျမင္​ေသာအခါ ​ေခါင္း​ေလး​ေထာင္၍ မ်က္လုံး​ေလး​ေတြ ဘလင္းဘလင္း ​ေတာက္ပသြားသည္။

ပါးပါး လာႀကိဳတယ္ !!!

ဖရဲသီး​ေလးက သူႏွင့္ရင္းႏွီး​ေနသည့္ ​ေပၚယြီ႕ကားကို လူအုပ္ႀကီးအတြင္းမွ ျမန္ျမန္ဆန္ဆန္ ႐ွာ​ေတြ႕ၿပီး ​အ​ေလာတႀကီး ​ေျပးသြားသည္မို႔ က​ေလး​ေပ်ာက္မွာ​ေၾကာက္သည့္ လက္​ေထာက္က အ​ေနာက္က​ေန ဒ​ေရာ​ေသာပါး လိုက္ရ၏။

ကားတံခါးပြင့္ပြင့္ခ်င္း သူ႕ဆီ ပစ္၀င္လာ​ေသာ ဖရဲသီး​ေလးအား ​ေပၚယြီ ဆီးဖမ္းလ်က္ က​ေလး​ေလး​ေက်ာ​ေပၚက မုန္႔အျပည့္ပါသည့္ ​ေက်ာပိုးအိတ္ကို ကိုင္ဆၾကည့္လိုက္​ေသာ္ အ​နည္းငယ္ ​ေလး​သည္။ဖရဲသီး​ေလးမွာမူ ​ေပၚယြီ႕​ေပြ႕ဖက္မႈထဲ၌ လူးလိမ့္​ေပ်ာ္ျမဴး​ေနသည္။

​ေပၚယြီက ​ေက်ာပိုးအိတ္ကို လက္ညိႇဳးထိုးျပလိုက္၏။
" ဖရဲသီး​ေလး ၊ ပါးပါး မင္း​ေက်ာပိုးအိတ္ကို ဖြင့္ၾကည့္လို႔ရမလား ??? "

" အြန္း "
႐ႈပ္ပြပြ ဆံပင္​ေလး​ေတြနဲ႔ဖရဲသီး​ေလးက ခ်က္ခ်င္း ထရပ္ကာ ​ေက်ာပိုးအိတ္ထဲက ပစၥည္းပစၥယာမ်ားကို စိတ္အားထက္သန္စြာ ထုတ္​ေပးသည္။

" ဒါက ​ေ႐ွာင္မိ့ဖန္း(ပ်ား​ေလး) ​ေပးတာ ၊ ဒါကက် ​ေ႐ွာင္ဖန္႔ဇီ​(၀တုတ္​ေလး) ေပးတာ ၊ ဒီတစ္ခုရယ္ ဒီမက္႐ွယ္လ္လိုး​ရယ္က က်န္း​ေကာ္​ေပးတာ။ မက္႐ွယ္လ္လိုး​​ေတြ အိအိ​ေလးနဲ႔ သိပ္စား​ေကာင္းတယ္။ ဒီစတစ္ကာ​ေလးက .......... "

ဖရဲသီး​ေလးက သူ႕​ေဘာ္ဒါ​ေတြ ​ေပးလိုက္​ေသာ လက္​ေဆာင္ငယ္​ေလးမ်ားကို ​ေပၚယြီ႕​ေ႐ွ႕ တစ္ခုၿပီးတစ္ခု စိတ္လႈပ္႐ွားစြာ ခ်ျပရင္း ​ေပၚယြီ ႏွစ္ၿခိဳက္တာမ႐ွိမည္ကို စိုး႐ြံ႕သည့္အလား အ​ေမာတ​ေကာ ​ဆိုလိုက္သည္။
" ပါးပါး ၾကည့္ ! ပါးပါး ႀကိဳက္တဲ့ဥစၥာ ဖရဲသီး​ေလး ​ေပး​မယ္​ေလ !! "

" ပါးပါးက ဒါ​ေတြအကုန္လုံးကို ႀကိဳက္တယ္ဆိုရင္​ေရာ ??? "
​ေပၚယြီတစ္​ေယာက္ သူ႕​ေ႐ွ႕႐ွိအ႐ုပ္ပုစိ​​​ေပါက္စ​ေတြကို ၾကည့္ကာ ​ေမးလိုက္၏။

​ဖရဲသီး​ေလးက မ်က္​ေမွာင္​ေလးတစ္ခ်က္ၾကဳံ႕လို႔ တြန္႔ဆုတ္ဆုတ္ႏွင့္ ေပၚယြီကို စိတ္မပါလက္မပါ​ေလး ​ေျဖသည္။
" ဟုတ္ၿပီ ၊ သား ပါးပါးကို အကုန္​ေပးပါတယ္။ ဒါနဲ႔​ေလ ပါးပါးက တအား​ေလာဘႀကီးတာပဲ​ေနာ္ "

တစ္ကားတည္းမွာ ထိုင္​ေနသည့္ ​ေပၚယြီ႕လက္​ေထာက္က တဟားဟား ​ေအာ္ရယ္သည္။
" ဖရဲသီး​ေလး ၊ သားက​ ​မူႀကိဳေက်ာင္းမွာ နာမည္ႀကီးလွခ်ည္လားကြ "

" ပါးပါးကို ​ေျပာျပပါဦး ၊ သူငယ္ခ်င္း​ေတြနဲ႔ ဘယ္တုန္းကတည့္သြားၾကတာလဲ ??? "
​ေပၚယြီ လက္ထဲကအ႐ုပ္​​ေလး​ေတြကို ဟိုကလိဒီကလိ ကစား​ေနသည့္တိုင္ စိတ္ထဲမွာ ပူပန္​ေနရသည္။

" သား မမွတ္မိဘူး "
ဖရဲသီး​ေလးက မက္႐ွယ္လ္လိုး​​ထုပ္ကို ​ေဖာက္၍ သူ႕ပါးစပ္​ေလးထဲ တစ္ခုထည့္လိုက္သည္။ထို႔​ေနာက္ လက္​ေလးကိုဆန္႔ကာ ​ေပၚယြီ႕ကို တစ္ခုခြံ႕​ေကြၽးသည္။

စားၾကည့္​လိုက္ေတာ့ အရသာ​ေကာင္း​ေၾကာင္း သိသြားသည့္ ​ေပၚယြီက ဖရဲသီး​ေလးကို ​ေျပာသည္။
" ​ေနာက္တစ္​ေခါက္ ပါးပါးတို႔ စူပါမားကတ္သြားရင္ မက္႐ွယ္လ္လိုး​​၀ယ္ရ​ေအာင္။ တကယ္ စား​ေကာင္းတယ္။ ပါးပါးကို တစ္ခုထပ္​ေကြၽးပါဦး "

ပါးပါးနဲ႔အတူ မုန္႔မွ်စားရတာကို ​သ​ေဘာက်​ေနတဲ့ ဖရဲသီး​ေလးက မက္႐ွယ္လ္လိုး​​တစ္ခုကို ယူလို႔ ​ေပၚယြီထံ ​ေပ်ာ္႐ႊင္စြာ ​ေပးလိုက္သည္။
" ဟုတ္ကဲ့ ပါးပါး ! "

" မနက္ျဖန္ ​ေက်ာင္းသြားတဲ့အခါ သားရဲ႕အ႐ုပ္​အသစ္ေတြကို သယ္သြားၿပီး သူငယ္ခ်င္း​ေတြကို လက္​ေဆာင္​ေပးလိုက္ဦး​ေနာ္ "
​ေပၚယြီက မက္႐ွယ္လ္လိုး​​ဝါးရင္း ခပ္ျဖည္းျဖည္းခ်င္း ဆို၏။

ဖရဲသီး​ေလး အလန္႔တၾကားျဖစ္သြားသည္။
" ဟင့္အင္း ၊ သား မ​ေပးခ်င္ဘူး ! "

" ဖရဲသီး​ေလးသူငယ္ခ်င္း​ေတြက ဖရဲသီး​ေလးကို အ႐ုပ္​ေတြ လက္​ေဆာင္​ေပးထားတယ္မလား ၊ သားက ဘာလို႔ ျပန္မ​ေပးခ်င္တာလဲ ??? "
​ေပၚယြီ ​ေျဖာင့္ျဖလိုက္သည္။

ဖရဲသီး​ေလးက လက္က်န္မက္႐ွယ္လ္လိုး​​​ေတြအားလုံးကို သူ႕ပါးစပ္​ေလးထဲ သဲႀကီးမဲႀကီး ထိုးသိပ္ထည့္လိုက္၏။အတန္ၾကာမွ စိတ္မပါလက္မပါ​ေလး ​ေခါင္းညိတ္သ​ေဘာတူသည္။

​ေပၚယြီ ဖရဲသီး​ေလးရဲ႕​ေခါင္းထိပ္​ေလးကို ႏွစ္လိုၾကင္နာစြာ ပုတ္​ေပးလိုက္သည္။​ ​ေက်ာင္းမွာ ခ်စ္သူခင္သူ​ေပါမ်ားၿပီး နာမည္ႀကီးတာက ​ေကာင္းပါရဲ႕။သို႔​ေပမယ့္ အျခားသူရဲ႕ပစၥည္း​ေတြကို မိမိကပဲ တစ္ဖက္သတ္ႀကီး လက္ခံယူ​ေနတတ္တဲ့ အက်င့္က စြဲသြားလို႔မျဖစ္။

ဖရဲသီး​ေလးက ​ေပၚယြီ႕ကို အထင္လြဲသြားဟန္ပင္။

က​ေလး​ေလးက မက္႐ွယ္လ္လိုး​​​ေတြအားလုံးကို တစ္လုတ္တည္းႏွင့္ ပါးစပ္ထဲထည့္ပစ္မိျခင္းအား ​ေနာင္တရ​ေန၏။

ပါးစပ္ထဲက မက္႐ွယ္လ္လိုး​​​ေတြကို ဆက္မဝါး​ေတာ့ဘဲ ၎တို႔ကို ပါးစပ္ထဲက​ေန ျပန္ထုတ္၍ ​ေပၚယြီ႕ဆီသို႔ ရတနာတစ္ပါးပမာ ထိုး​ေပးလိုက္သည္။
" ပါးပါး ၊ စား "

​ေပၚယြီက မက္႐ွယ္လ္လိုး​​​ေတြတင္ထားသည့္ ဖရဲသီး​ေလးရဲ႕လက္​ေလးကို တ​ေလးတနက္ ျပန္တြန္း​ကာ ခ်ိဳခ်ိဳသာသာ ဆိုလိုက္သည္။
" ပါးပါး ဗိုက္ျပည့္ၿပီ ၊ ဖရဲသီး​ေလး စား​ေနာ္ "

" အြန္း ........ "

ဖရဲသီး​ေလးက မက္႐ွယ္လ္လိုး​​​ေတြကို ပါးစပ္ထဲ ထည့္လိုက္ၿပီး လက္​ေပၚမွာက်န္​ေန​ေသးသည့္ မုန္႔ႏွစ္ခုကို ၾကည့္လိုက္သည္။
" ပါးပါး ၊ စားဖို႔ "

​ေပၚယြီက တံ​ေတြးတို႔​ေပလူး​ေန​ေသာ မက္႐ွယ္လ္လိုး​​မ်ားကို ဖရဲသီး​ေလးပါးစပ္ထဲ ခြံ႕​ေကြၽးလိုက္၏။
" ဟင့္အင္း ၊ ပါးပါးက တကယ့္ကို ဗိုက္၀​ေနပါၿပီ ၊ ဖရဲသီးဘာသာ စား "

က​ေလးငယ္​ေလးဟာ အူ​ေၾကာင္​ေၾကာင္​ေလး ​ေခါင္းညိတ္႐ွာသည္။​ေပၚယြီက သူ႕တံ​ေတြး​ေတြကို မႀကိဳက္တာျဖစ္​ေၾကာင္း နားမလည္ပါ​ေခ်။

______________

< Secret Agent > ၏ ျပည္တြင္းအႏွံ႔​ေၾကာ္ျငာမိတ္ဆက္ပြဲအၿပီး ဒီဇင္ဘာ ၂၅ ရက္​ေန႔တြင္ ႐ုပ္႐ွင္ကို တရား၀င္ ႐ုံတင္ျပသခဲ့သည္။

< Secret Agent > ႐ုပ္႐ွင္ဟာ ၾသဇာလႊမ္းမိုး​ေသာ မင္းသားႏွစ္လက္ ဦး​ေဆာင္သည့္အျပင္ ​ေအာ္စကာဆု႐ွင္ သ႐ုပ္​ေဆာင္လ်ဴခိုင္ရဲ႕ဒါ႐ိုက္တာအျဖစ္ ပထမဆုံး ပြဲဦးထြက္​ဖန္တီးမႈျဖစ္သည္မို႔ ကနဦးပိုင္း ႐ုပ္႐ွင္မိတ္ဆက္မႈအဆင့္မွာတင္ ပရိသတ္အ​ေျမာက္အမ်ားကို ဆြဲ​ေဆာင္ထားႏိုင္သည္။

အဓိကဇာတ္လိုက္မင္းသားျဖစ္တဲ့ ​ေပၚယြီက အရမ္းအရမ္း နာမည္ႀကီးသည့္သူ။​သူ႕တစ္သက္လုံး လုပ္ကိုင္လာခဲ့​ေသာ အလုပ္​ေတြက အျခားသက္တူ ၊ ႐ြယ္တူ ၊ အဆင့္အတန္းတူ သ႐ုပ္​ေဆာင္မ်ားထက္ အမ်ားႀကီးပိုသည့္အ​ေလ်ာက္ ႐ုပ္႐ွင္ထုတ္လႊင့္ျပသသည္ႏွင့္တစ္ၿပိဳင္နက္ ႐ုပ္႐ွင္႐ုံတိုင္းနီးပါးက ႐ုံျပည့္႐ုံလွ်ံ။

အ​ေကာင္းဆုံးသ႐ုပ္​ေဆာင္မင္းသားဆု႐ွင္ႀကီး လ်ဴခိုင္က < ခ်စ္စရာ့ က​ေလးငယ္ > အစီအစဥ္တြင္  သူ႕ရဲ႕ထူးခြၽန္​ေျပာင္​ေျမာက္လွသည့္ ပါ၀င္တင္ဆက္မႈ​ေၾကာင့္ ပရိသတ္​ေပါင္းမ်ားစြာ၏အား​ေပးခ်စ္ခင္မႈကို ထပ္​ေဆာင္းရ႐ွိခဲ့ၿပီး ၎ပရိသတ္မ်ားကို < Secret Agent > အထိပါ ဆြဲ​ေခၚလာႏိုင္ခဲ့သည္။

ပထမအႀကိမ္ ႏိုင္ငံတစ္၀န္း ႐ုံတင္ျပသသည့္ရက္တြင္ အျမတ္​ေငြ ၅၀၀ မီလီယံကို သဲ့ယူႏိုင္ခဲ့ကာ ဤဆယ္စုႏွစ္အတြင္း အျမန္အစြန္းအမ်ားဆုံးရ႐ွိ​ေသာ ႐ုပ္႐ွင္ျဖစ္လာသည္။

​ေပၚလ်န္က ထို​ေန႔၌ အ​ေနာက္​ေတာင္ၿမိဳ႕​ေတာ္ ႐ုပ္႐ွင္႐ုံမ်ားအားလုံး႐ွိ ႐ွိ႐ွိသမွ် < Secret Agent > ႐ုပ္႐ွင္လက္မွတ္အကုန္အစင္ကို ​​ေငြ​ေပး​ေခ်၀ယ္ယူ၍ ​ေပၚမိသားစု၏ကုမၸဏီဝန္ထမ္းမ်ားထံ လက္​ေဆာင္ခ်ီးျမႇင့္ခဲ့သည္။႐ုပ္႐ွင္႐ုံတစ္႐ုံစီ​၀င္​ေပါက္ေ႐ွ႕မွာ ဂုဏ္ျပဳစာလႊာမ်ားကိုပါ ​ေသာင္း​​ေသာင္းျဖျဖ ခ်ိတ္ဆြဲ​ေပးခဲ့သည္။

အ​ေနာက္​ေတာင္ၿမိဳ႕​ေတာ္ရဲ႕သတင္း႒ာနအ​ေပါင္းဟာ အုတ္အုတ္က်က္က်က္ ​ေျခခ်င္းလိမ္​ေနၾကသည္။​ေသြး​ေအးမိ​ေခ်ာင္းႀကီးဟု တင္စားရ​ေသာ စီးပြား​ေရးလုပ္ငန္း႐ွင္ဥကၠ႒ႀကီးက သူ႕ရဲ႕အ​ေဖတူအ​​ေမကြဲညီငယ္​ေလးအား ဒီ​ေလာက္ အလိုလိုက္ဆက္ဆံ​ေပးလိမ့္မည့္အေၾကာင္းကို ၎တို႔ စိတ္ပင္မကူးခဲ့စဖူး။

ထို႔​ေန႔တြင္ စုန္႔႐ွီလင္ကလည္း ဟြားခ်န္ၿမိဳ႕​ေတာ္ ႐ုပ္႐ွင္႐ုံမ်ားမွ < Secret Agent > ႐ုပ္႐ုင္လက္မွတ္​ေတြအကုန္လုံးကို ၀ယ္ယူပစ္ခဲ့ျပန္သည္။ { Secret Agent ႐ုပ္႐ွင္လက္မွတ္​ေရာင္းခ်မႈအတြက္ ဂုဏ္ျပဳပါတယ္ } ဟူ​ေသာ စာသားႏွင့္တကြ ပန္းစည္းပန္းျခင္းမ်ားကို သုံးရက္တိုင္တိုင္ ႐ုံ​ေပါက္​ေစ့​ေ႐ွ႕၌ ခ်ိတ္ဆြဲျပသခဲ့သည္။

ဟြားခ်န္ၿမိဳ႕​ေတာ္႐ွိသတင္း႒ာတစ္သိုက္ : " ......... "

​ေပၚယြီနဲ႔​ေပၚလ်န္က ညီအစ္ကို​ေတြမို႔လို႔ ထားပါ​ေတာ့ ၊ ​ေပၚယြီနဲ႔စုန္႔႐ွီလင္ကက် အလုပ္အတူလုပ္​ေနၾကတဲ့ သာမာန္သူငယ္ခ်င္း​ေတြပဲဥစၥာ။ ဒါႀကီးက နည္းနည္းမ်ား ဇာခ်ဲ႕ရာက်မ​ေနဘူးလား ???

သို႔​ေလာသို႔​ေလာ​ေမးခြန္း​ေတြက အင္တာနက္​ေပၚ ပလူပ်ံလာတဲ့အခါ ယခင္ ​ေပၚယြီရဲ႕​ေလွနံႏွစ္ဖက္နင္းသည့္​ေကာလဟာလထြက္စဥ္က ၿငိမ္က်သြားခဲ့​ေသာ စုန္႔​ေပၚ CP သေဘၤာစီးသူမ်ားဟာ တစ္စခန္းထလာခဲ့၏။

《 တို႔ဥကၠ႒စုန္႔ရဲ႕အခ်စ္စစ္က ​ေပၚကိုကို​ေလးကြ !!! 》

《 ​ေပၚယြီက စုန္႔လုပ္ငန္းစုရဲ႕​ေျပာ​ေရးဆိုခြင့္႐ွိသူ ၊ ဖရဲသီး​ေလးက ဥကၠ႒စုန္႔ရဲ႕​ေခါင္းကိုင္သား။ သူတို႔ႏွစ္​ေယာက္ ဆက္ဆံ​ေရး​ေကာင္းတာ ဆန္းသလား။ အဲဒီကိစၥက မင္းတို႔ပါးစပ္ဖ်ားက်မွ ဟိုလိုလိုဒီလိုလိုဆန္သြားရ​ေသး ???!!! 》

《 စုန္႔႐ွီလင္နဲ႔​​ေပၚယြီ႕ၾကားက ဆက္ဆံ​ေရးက အ​ေကာင္းလြန္​ေနတာ​ေတာ့ အမွန္ပဲရယ္ ၊ ဟုတ္ၿပီလား ??? သူတို႔ႏွစ္​ေယာက္ရဲ႕အဓိပၸါယ္အျပည့္ပါတဲ့ Weibo ID name ​ေတြကို ဆက္စပ္ၾကည့္လိုက္ ၊ ' ထင္း႐ွဴးပင္​ေလး​ေပၚ ကုပ္တြယ္တက္​ေနတဲ့႐ွဥ့္ ' လို႔ ယူဆရတယ္ !!! 》

||| T/N : စုန္႔႐ွီလင္ရဲ႕စုန္႔က ႐ွဥ့္ရဲ႕သံတူ​ေၾကာင္းကြဲစာလုံးျဖစ္ၿပီး ​ေပၚယြီရဲ႕​ေပၚက  ထင္း႐ွဴးပင္ရဲ႕သံတူ​ေၾကာင္းကြဲစာလုံးပါတဲ့ |||

《 ဟား ၊ ဟား ၊ ဟား ၊ ဟား ၊ ဟား !!! ဟုတ္သ​ေဟ့ !!! ဘာသူငယ္ခ်င္း​ေကာင္း​ေတြလဲ ၊ တို႔ျဖင့္ မယုံ​ေပါင္။ ​ေန႔တိုင္း လုပ္စရာအလုပ္​ေပါင္း ကု​ေဋကုဋာ႐ွိ​ေနတဲ့ လုပ္ငန္းစုဥကၠ႒ႀကီးက က​ေလးပိစိ​ေလးတစ္​ေယာက္ကို အား​ေပးဖို႔အ​ေရး ရသစုံ႐ိႈးဆီ တကူးတက သြား​ေနရမယ့္အခ်ိန္ ဘယ္လိုလုပ္ ႐ွိပါ့မလဲဟဲ့ ??? အ​ေသးစိတ္သိခ်င္ရင္ < ခ်စ္စရာ့ က​ေလးငယ္ > ​ေနာက္ဆုံးအပိုင္းကို သြားၾကည့္ၾက​ !!! 》

《 < ခ်စ္စရာ့ က​ေလးငယ္ > အဖြဲ႕သား​ေတြ < Breaking Up Challenges > ကိုသြားၾကတုန္းက ႐ိုက္ကြင္းမွာ ျဖတ္ခနဲ​ေလးပါလာတဲ့ ဒီမ်က္ႏွာက ဥကၠ႒စုန္႔ရဲ႕မ်က္ႏွာမွန္း မင္းတို႔​ေတြ မသိၾကဘူးလား​ေရာ္ ??? ~ Screenshot ပုံမ်ား ~ 》

Hot Search အထိတက္​ေန​ေသာ ထို comment အား အင္တာနက္အသုံးျပဳသူ​ေတြ ျမင္ျမင္ခ်င္း ဗု​ေဒၶါတသြားၾကသည္။ထို႔​ေနာက္ < ခ်စ္စရာ့ က​ေလးငယ္ > အဖြဲ႕သား​တစ္စု < Breaking Up Challenges > သို႔ သြားခဲ့ၾကသည့္ ဗီဒီယိုကို အ​ေျပးအလႊား႐ွာၾကည့္ၾက၏။၎တို႔မ်က္ႏွာ​ေတြခမ်ာ ယုံရႏိုးႏိုး မယုံရႏိုးႏိုး ဒြိဟ​ျဖစ္စြာ။ရလဒ္မွာမူ ပရိသတ္အုပ္ထဲ၌ လွ်ပ္တစ္ျပက္​ေလး​ေတြ႕လိုက္ရ​ေသာ စုန္႔႐ွီလင္မ်က္ႏွာ​ေၾကာင့္ မ်က္လုံး​ေတြ ကန္းလုမတတ္။

ဒီတစ္​ေယာက္က ငါတို႔သိတဲ့ ! ရင္းႏွီး​ေနတဲ့ ! ​ေသာက္ရမ္း႐ုပ္​ေခ်ာခန္႔ညားတဲ့ ! အ​ေကာင္းစား Suit ႀကီး ၀တ္ထားတဲ့ ! စုန္႔႐ွီလင္ !!!

စိတ္​ေလးၿငိမ္ၿငိမ္ထားမည္မွၾကံ​ေသး ၊ စုန္႔​ေပၚ CP ​ေထာက္ခံသူမ်ားအဖြဲ႕က ၾသခ်​ေလာက္ဖြယ္ စိတ္လႈပ္႐ွားမႈႀကီးနဲ႔အတူ တစ္ဖန္ ထိန္းမႏိုင္သိမ္းမရ ပြက္​ေလာ႐ိုက္ၾကျပန္သည္။သူတို႔ သေဘၤာစီး​ေနတဲ့ စုန္႔​ေပၚ CP ဟာ တကယ္ႀကီး အစစ္အမွန္ျဖစ္​ေနဖို႔ ေမွ်ာ္လင့္ခ်က္​ေလး စတင္​ေပါက္ဖြားလာၾကသည္။

အႏွီအ​ေၾကာင္းကို ၾကား​ေသာ္ ​ေပၚယြီက မိသားစုကို ​ေထာက္ပံ့ျပဳစုရန္ စားပြဲမွာထိုင္ကာ အလုပ္လုပ္​ေငြ႐ွာ​ေနရ႐ွာ​ေသာ စုန္႔႐ွီလင္အား ခပ္တည္တည္ တို႔လိုက္၏။
" မင္း အဲဒီ​ေန႔က < Breaking Up Challenges > ႐ိုက္ကြင္းကို ​ေရာက္လာတဲ့ကိစၥ အခု ​ေပၚသြားၿပီ "

" ဟုတ္လား "
စုန္႔႐ွီလင္က ဘယ္ႏွယ့္မွ်မ​ေန။
" အဲဒါ ဟုတ္​ေနတာပဲကို။ အဲဒီအခ်ိန္က အဲဒီ​ေနရာမွာ႐ွိတဲ့လူအားလုံး ကိုယ့္ကို ျမင္လိုက္ၾကတယ္​ေလ "

" အင္း .......... "
​ေပၚယြီ သူ႕လက္ထဲကဖိတ္စာကို စုန္႔႐ွီလင္အ​ေ႐ွ႕ ခ်​ေပးလိုက္သည္။

စုန္႔႐ွီလင္ ယင္းပစၥည္းကို လွမ္းအၾကည့္ ၊ ၎က ​ေ႐ႊအို​ေရာင္စာလုံးမ်ား ထြင္း​ေရးထား​ေသာ ဖိတ္စာတစ္​ေစာင္ျဖစ္သည္။
" ဒါက ဘာလဲ ??? "

" < BreakUp > ႐ုပ္႐ွင္ပြဲ​ေတာ္ရဲ႕ဖိတ္စာ။ ​ေကာ္​ေဇာနီ​ေပၚမွာ ငါနဲ႔အတူတူ တြဲ​ေလွ်ာက္ဖို႔ သတင္း​ေခါင္းစီး​ေတြအကုန္လုံးကို သိမ္းက်ံဳးယူ​ေပးမယ့္ ပါတနာတစ္​ေယာက္လိုတယ္မလား "

​ေပၚယြီ မရည္႐ြယ္ပါဘဲ စုန္႔႐ွီလင္အား ​ေမွ်ာ္လင့္ျခင္းတို႔ ​႐ႊန္းလဲ့​ေနေသာ မ်က္၀န္းမ်ားျဖင့္ ၾကည့္မိ​ေနသည္။

စုန္႔႐ွီလင္က ​ေဖာက္သည္တစ္ဦး၏အ​ေရးကိစၥကို စစ္​ေဆးရန္ mailbox အရင္ဖြင့္လိုက္ၿပီး​ေနာက္ လက္ကိုဆန္႔လို႔ အံဆြဲထဲက​ေန ​ေပၚယြီ႕ဖိတ္စာႏွင့္ခြၽတ္စြပ္တူညီ​​ေသာ ဖိတ္စာတစ္​ေစာင္ကို ထုတ္လိုက္သည္။
" ​ေရာ့ "

​ေပၚယြီက တစ္ပုံစံတည္းတူ​ေနသည့္ ဖိတ္စာႏွစ္​ေစာင္ကို ကိုင္၍ ​ေမးသည္။
" ဒါဆို မင္း အမ်ိဳးသမီးပြဲတက္အ​ေဖာ္ ​ေခၚသြားမွာလား ??? "

စုန္႔႐ွီလင္က ​ေခါင္းယမ္းျပလ်က္ ​ေပၚယြီ႕ကို စာၾကည့္ခန္းထဲက ထြက္​ေပးပါရန္ စကားအလိမၼာ​​ေလးသုံး​ ဆိုလာ၏။
" မင္းမွာ ​ေျပာစရာမ႐ွိရင္ အရင္အျပင္ထြက္ႏွင့္မလား။ ကိုယ္ အခု တအားအလုပ္မ်ား​ေနတာ "

" ........... "

စကားလုံး​ေတြ​​ေနာက္ကြယ္က မလိုလားသည့္ အ​ေငြ႕အသက္​ေတြကို ၾကားလိုက္ရတဲ့ ​ေပၚယြီက ဇြဲမ​ေလ်ာ့တမ္း ​ေပ​ေတ​ေျပာသည္။
" ငါ့ဖုန္းက အားသြင္း​ေနတယ္။ မင္း ငါနဲ႔အတူတူ အ​ေဖာ္ျပဳေပးဦး "

​စုန္႔႐ွီလင္က အံဆြဲကို လက္တစ္ဖက္ႏွင့္ ဆြဲဖြင့္ကာ အထဲက သူ႕ဖုန္းကို ထုတ္၍ ​ေပၚယြီ႕​ေ႐ွ႕ ခ်​ေပးလိုက္သည္။
" မင္း ကစားဖို႔။ ကိုယ္ ခဏ​ေနရင္ အလုပ္ၿပီးမွာ။ အိပ္ခန္းထဲျပန္သြားႏွင့္​ေနာ္ "

​ေပၚယြီ စုန္႔႐ွီလင္ဖုန္းကို ယူၿပီး စာၾကည့္ခန္းထဲက လစ္ခဲ့သည္။ဟိုတ​ေလာက အမ်ိဳးသမီးသူရဲ​ေကာင္း႐ုပ္႐ွင္တစ္ခု ထြက္ထားတာ႐ွိသည္။ဇာတ္အသြားအလာက သိပ္မဆိုး။သူ ထို႐ုပ္႐ွင္ကို ၾကည့္ရမည္။

​ေပၚယြီ online က​ေန ႐ုပ္႐ွင္ၾကည့္​ေတာ့မည့္ဆဲဆဲ လီက်ဲထံမွဖုန္းက တဂြမ္ဂြမ္ ျမည္လာသည္။

လီက်ဲ : " ​ေကာ္​ေဇာနီ​ေပၚ ဘယ္သူနဲ႔ ​ေလွ်ာက္မယ္ စဥ္းစားလဲ ??? တြဲဖက္မ႐ွိေသးရင္ ႐ွန္ယန္နဲ႔ ​ေလွ်ာက္လိုက္ပါ့လား။ သူ ႏိုင္ငံျခားကျပန္​ေရာက္ၿပီ။ < Secret Agent > ကလည္း ျပ​ေနတုန္းဆို​ေတာ့ .......... "

" ကြၽန္​ေတာ္ ပါတနာ႐ွိတယ္ "

​ေပၚယြီ ​အံဆြဲထဲ႐ွိ တစ္၀က္ခန္႔က်​န္​ေန​ေသာ ​စီးကရက္ဘူးကို လွမ္းယူလို႔ ​​ေဆးလိပ္​ေသာက္ရန္ ခုတင္​ေအာက္က ​​ေမႊးပြေကာ္​ေဇာထက္ ဆင္းထိုင္လိုက္သည္။

ဒီရက္ပိုင္း သူ ​ေဆးလိပ္စြဲတာ ပိုဆိုးလာသလိုပင္။

လီက်ဲက သ​ေဘာမတူခ်င္စြာ အၾကံ​ေပး၏။
" ႐ွင္ ထပ္​ေတြးၾကည့္လိုက္ပါဦး​ေလ။ ​႐ွန္ယန္က မိန္းမလွ​ေလးပါ။ ေသခ်ာ ဆုံးျဖတ္ၿပီးခါမွ ကြၽန္မကို​ေျပာ။ ကြၽန္မ ႐ွန္ယန္႔ကို ကူဆက္သြယ္​ေပးမယ္ "

​ေပၚယြီ ​ေဆးလိပ္​ေငြ႕ျဖဴျဖဴမ်ားကို မႈတ္ထုတ္ရင္း တိုးဖြဖြ ဆိုလိုက္သည္။
" စုန္႔႐ွီလင္နဲ႔ ​ေလွ်ာက္မွာ "

လီက်ဲ : " .......... "

" သူ လက္ခံရဲ႕လား ??? "
လီက်ဲအသံ အျပည့္အ၀သတိကပ္ထားသ​ေယာင္။

​ေပၚယြီ ​ေခါင္းညိတ္ျပလိုက္​ေသာ္ျငား လီက်ဲက သူ႕အမူအရာကို မျမင္ႏိုင္မွန္း အမွတ္ရသြားသျဖင္း - " ခံတယ္ "

လီက်ဲက ​ေအး​ေဆးတည္ၿငိမ္သူႀကီးႏွယ္ ဟန္​ေဆာင္လ်က္ စိတ္သက္သာရာရစြာ သက္ျပင္းခ်သည္။
" အင္းပါ။ ႐ွင္က ကိုယ့္ဇာတ္ကိုယ္ ႏိုင္ပါတယ္။ ကြၽန္မ အလုပ္လုပ္ရဦးမွာမို႔ ဖုန္းခ်ၿပီ။ ဒါပဲ​ေနာ္ "

​ေပၚယြီ ဖုန္းကို ​ေဘးခ်ၿပီးသည္ႏွင့္ ​ေဆးလိပ္​ေသာက္ျခင္းကို အျမန္ဆုံး လက္စသတ္၍ ျပာခြက္ထဲ ​ေခြၽသည္။​ေဆးလိပ္ကို လက္စ​ေဖ်ာက္ၿပီးလွ်င္ မတ္တပ္ထရပ္ကာ ျပင္သစ္မွန္ျပတင္းမ်ားဆီ သြားလို႔ ​​ေလ၀င္​ေလထြက္​ေကာင္း​ေအာင္ ျပတင္း​ေပါက္​​ကို ဖြင့္လိုက္သည္။

​ေပၚယြီ ​ေဆးလိပ္​ေသာက္သည္ကို အင္မတိအင္မတန္ အလိုမက်သည့္ စုန္႔႐ွီလင္က သူ အိပ္ခန္းထဲမွာ ​ေဆးလိပ္​ေသာက္ထားခဲ့တာကို လုံး၀ ၾကည္ျဖဴလိမ့္မည္ မဟုတ္ပါ​ေခ်။

ထို႔​ေၾကာင့္ ​ေပၚယြီအ​ေနႏွင့္ သက္​ေသကို ဖ်က္ဆီးလို႔ သဲလြန္စကို ​ေဖ်ာက္ဖ်က္ရ​ေပမည္။စုန္႔႐ွီလင္အား ရိပ္မိသြားခြင့္မျပဳႏိုင္။

သို႔​ေပတည့္ အိပ္ခန္းထဲက ​ေဆးလိပ္နံ႔တ​ေထာင္း​ေထာင္းဟာ အနံ႔​ေပ်ာက္မည္မွ မျပင္ရ​ေသးမီ .............

အခန္းတံခါး ကြၽီခနဲ ပြင့္သြား၏။စုန္႔႐ွီလင္က အခန္း၀တြင္ ​ေျခစုံရပ္လ်က္ မ်က္ႏွာကပါ တစ္စတစ္စ မိႈင္းညိႇဳ႕နက္႐ိႈင္းလာသည္။

သူ ​ေဆးလိပ္နံ႔ကို အနံ႔ရသြားခဲ့​ေခ်ၿပီ။

.
.
.
.
.
.

Thanks for reading my translation ... ❤






















































Continue Reading

You'll Also Like

117K 9.9K 38
This is myanmar translation. Not my own story. Eng Title-Its Not Easy Being your love ravil's Big Brother (Completed) Chinese Tit...
237K 26.3K 105
Language Korean Author(s) 벼르치 Associated Names 메인수가 집착광공이 되면 Status in COO 103 chapters (Complete) Licensed No Original Publisher BLYNUE 블리뉴 Descript...
241K 6K 72
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
126K 17.6K 30
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ