အပိုင်း။ ၁၇
စူးစမ်းနေတဲ့ ဝမ်ရိပေါ်ရဲ့ မျက်ဝန်းနက်နက်တွေကြောင့်လားတော့ မသိ၊ ရှောင်းကျန့် အနေကျုံ့သွားပြီး ပါးပြင်နှစ်ဖက်မှာ သိသိသာသာ ပူလာတယ်၊ ဒါကြောင့် တစ်ဖက် လှည့်သွားကာ ပလုံးပထွေး ပြောမိတယ်။
"သိ..ပြီ"
ဝမ်ရိပေါ်ကလဲ ပြောတာကို ရပ်လိုက်ပြီး ခေါင်းငုံ့ကာ ဆုတောင်းစာကို ဆက်ရေးတယ်။
ရှောင်းကျန့်က တစ်ယောက်တည်း နေရတာ ပျင်းတာမို့ အခန်းကို အစောကြီး မပြန်ချင်ဘူး၊ ဒါကြောင့် ဝမ်ရိပေါ် အိပ်ရာပေါ်မှာထိုင်ပြီး ဒီနေ့သင်လာတဲ့သီချင်းကို တိုးတိုးလေး ညည်းနေတယ်၊ ဝမ်ရိပေါ်ကတော့ သူ့ကို ဥပေက္ခာပြုထားပြီး လုပ်လက်စအလုပ်ကို ဆက်လုပ်တယ်။
သူတို့နှစ်ယောက်လုံး စကားမပြောကြတော့ဘူး၊ ဖယောင်းတိုင် မီးစာလေးက လေနဲ့အတူ အထီးကျန်စွာ လူးလွန့်သွားတတ်တယ်။
သိပ်မကြာခင်မှာပဲ ရှောင်းကျန့်ဆီက ထွက်နေတဲ့ သီချင်းသံက တဖြည်းဖြည်းနဲ့ တိုးဝင်ဖျော့တော့သွားပြီး၊ မြင်နေရတဲ့ အဖြူရောင်ဝတ်ရုံကလဲ ဝေဝါးလာတယ်၊ နောက်ဆုံးတော့ မျက်ခွံတွေက ပိတ်ကျသွားပြီး အစေခံအိပ်ခန်းက မာကျောတဲ့အိပ်ရာပေါ်မှာပဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့တယ်။
ရှောင်းကျန့်က အိပ်မက်မမက်ဘဲ အေးအေးချမ်းချမ်း အိပ်ပျော်တာ သိပ်ရှားတယ်၊ ဒီနေ့တော့ အိပ်ပျော်သွားလိုက်တာ စာရေးနေတဲ့လူ စုတ်တံကိုချထားပြီး စောင်လာခြုံပေးတာကိုတောင် မသိလိုက်ဘူး၊ ညလယ်ခေါင် အရောက်မှာတော့ အေးစိမ့်စိမ့်ဖြစ်လာတာကြောင့် ရှောင်းကျန့် လန့်နိုးသွားတယ်။
ရှောင်းကျန့်က မျက်ခွံတွေကို ခက်ခက်ခဲခဲ ဖွင့်ကြည့်မိတယ်၊ သူ့တစ်ကိုယ်လုံးက သိသိသာသာကြီးကို လေးလံထိုင်းမှိုင်းနေတယ်၊ ခေါင်းငုံ့ပြီး ခြေရင်းဘက်ကို ကြည့်မိသွားချိန်မှာတော့ ရှောင်းကျန့် လန့်ဖျပ်သွားခဲ့တယ်။
"ဝမ်__ဝမ်ရိပေါ်"
"အရှင်မင်းသမီး နိုးလာပြီလား?"
ရှောင်းကျန့်ဆီက ခေါ်သံကြားတော့ ဝမ်ရိပေါ်က ခေါင်းထောင်ပြီး လှည့်ကြည့်လာတယ်၊ အခုတော့ သူတို့ နှစ်ယောက်လုံး ကြက်သေ,သေသွားကြပြီ။
အကြောင်းကတော့ ရှောင်းကျန့်ခြေထောက်မှာ အစိမ်းရင့်ရောင် မြွေတစ်ကောင် ရစ်ပတ်နေတာကြောင့်ပဲ၊ ညမှောင်မှောင်မှာတောင် ပြောင်လက်နေတဲ့ အကြေးခွံတွေကို မြင်ရတာမို့ မြွေကအဆိပ်ရှိမှန်း သိသာတယ်၊ သူက အနီရောင်လျှာနှစ်ခွကို အထုတ်အသွင်းလုပ်ပြီး အဆိပ်ငွေ့တချို့ကိုပါ မှုတ်ထုတ်လိုက်သေးတယ်။
မြွေကသူ့ဘက်ကို စိုက်ကြည့်လာတာကြောင့် ရှောင်းကျန့် လည်စေ့က အထက်အောက် ရွေ့သွားတယ်၊ အိပ်ရာခင်းကိုကိုင်ထားတဲ့ လက်ချောင်းတွေကလဲ ပိုပြီးတင်းကျပ်သွားခဲ့တယ်၊ သူ့မှာ နည်းနည်းလေးတောင် မလှုပ်ရှားဝံ့တော့ဘူး၊ ဝမ်ရိပေါ်ဘက် မျက်လုံးစွေပြီး ကြည့်တော့ ဝမ်ရိပေါ်က တိတ်တိတ်နေဆိုတဲ့ သဘောနဲ့ နှုတ်ခမ်းရှေ့မှာ လက်တစ်ချောင်းကပ်ပြီး အချက်ပြတယ်။
မြွေက ရှောင်းကျန့်ခြေသလုံးကို တရစ်ချင်း ရစ်ပတ်ဖို့ ကြိုးပမ်းတဲ့အခါ ရှောင်းကျန့်တစ်ကိုယ်လုံးက မြွေဆီက ထုတ်လွှတ်လာတဲ့ ပြင်းထန်တဲ့အဆိပ်ငွေ့ကြောင့် အေးစက်လာတယ်။
ဝမ်ရိပေါ်က ခြေသံလုံလုံနဲ့ အနားကို လျှောက်လာပြီး ရှောင်းကျန့်နဲ့ အကြည့်ချင်း ဆုံလိုက်တယ်၊ အဲဒီနောက်တော့ လက်က လေထဲမြောက်တက်သွားပြီး သူကိုင်ထားတဲ့စုတ်တံက မြွေခန္ဓာကိုယ်ဆီ ဦးတည်ပြီး ပြေးထွက်လာတယ်။
မြားတစ်ချောင်းလေကို ဖောက်ထွင်းလာသလို ရွှီးခနဲအသံ ကြားလိုက်ပြီးတာနဲ့ တစ်ပြိုင်နက် စုတ်တံက မြွေကိုယ်မှာ တည့်တည့်မတ်မတ် စိုက်ဝင်သွားခဲ့တယ်၊ မြွေရဲ့အရေပြား ပေါက်ထွက်သွားပြီး မသတီစရာအရည်တချို့ ရှောင်းကျန့်ခြေထောက်ပေါ် ကျလာတယ်၊ စိတ်အေးရပြီ ထင်လိုက်ပေမဲ့ တကယ်တမ်းမှာ မြွေကမသေနိုင်သေးဘဲ ပိုပြီးကနာမငြိမ် ဖြစ်လာတယ်၊ အဲဒီနောက်တော့ ခန္ဓာကိုယ်တွန့်လိမ်ကာ အစွယ်တွေ ရှည်ထွက်လာပြီး ကြောက်မက်ဖွယ် တရှူးရှူးတရှဲရှဲ အသံတွေပါ လုပ်တော့တယ်။
"အရှင်မင်းသမီး!"
ဝမ်ရိပေါ်က လက်မြန်ခြေမြန်နဲ့ ရှောင်းကျန့်ကို သူ့ဘက်ဆွဲခေါ်ဖို့ လုပ်တယ်၊ ဒါပေမဲ့ လျှပ်တစ်ပြက်အတွင်းမှာပဲ ဒေါသထွက်ပြီး ရိုင်းစိုင်းနေတဲ့မြွေက ပါးစပ်ကိုဟပြီး ရှောင်းကျန့်ရဲ့ ခြေကျင်းဝတ်ကို ကိုက်ချလိုက်တယ်။
အား!!
နာလွန်းတဲ့အတွက် ရှောင်းကျန့်မှာ လည်ပင်းကြောတွေ ထောင်လာတဲ့အထိ အော်မိသွားတယ်၊ ဝမ်ရိပေါ်က မြွေခေါင်းကို လက်နဲ့အုပ်ကိုင်ပြီး အဝေးကို လွှင့်ပစ်လိုက်တယ်၊ မြွေက နံရံနဲ့ ပြင်းထန်စွာ ရိုက်မိပြီး နောက်ဆုံးတော့ ငြိမ်ကျသွားခဲ့တယ်။
ရှောင်းကျန့်ဆီက ညည်းညူသံ ထွက်လာတယ်။
"အာ့..နာလိုက်တာ"
ဝမ်ရိပေါ်က ရှောင်းကျန့်ကို ပွေ့ချီဖို့ လုပ်ပြီး။
"သမားတော်သွားရှာမယ်"
ရှောင်းကျန့်က ဝမ်ရိပေါ်လက်ကို ဆွဲထားပြီး။
"အသုံးမဝင်ဘူး.. အဆိပ်ရှိတဲ့မြွေတွေအကြောင်း ပန်ကုန်း ကောင်းကောင်း သိတယ်..ကိုက်တာခံရရင် အမွှေးတိုင်တစ်တိုင်စာအတွင်း အဆိပ်တွေပြန့်ပြီး သေလိမ့်မယ်"
ရှောင်းကျန့်ကိုင်ထားတဲ့ ဝမ်ရိပေါ်လက်က သူ့ထက်တောင် အေးစက်နေတယ်၊ သူ့ကို အားနဲ့ ပြန်ဆုပ်ကိုင်ထားတာမို့ အဆစ်နေရာတွေတောင် ဖြူဖွေးနေပြီ၊ ဝမ်ရိပေါ်ကို ဒီလိုပုံစံမျိုး ရှောင်းကျန့်တစ်ခါမှ မတွေ့ဖူးဘူး၊ သူ့ပုံက ထိတ်လန့် တုန်လှုပ်မှုကို မဖုံးကွယ်နိုင်ဘူး၊ သိပ်ကိုအသည်းအသန်ဖြစ်နေတယ်။
ရှောင်းကျန့်က အိပ်ရာဘေးကို မှီချလိုက်ပြီး ဝမ်ရိပေါ်ကို ကြည့်တယ်။
"မင်း ဒီလိုဖြစ်စရာမလိုဘူး..သေခြင်းရှင်ခြင်း ကံကြမ္မာဆိုတာ ထိန်းချုပ်လို့မရတဲ့အရာ ဒါပေမဲ့ မင်ကျောက်ရဲ့ သြဇာအာဏာ အကြီးဆုံးမင်းသမီးက မြွေကိုက်လို့သေရမယ်လို့တော့ မထင်ခဲ့ဘူးပေါ့"
ဝမ်ရိပေါ်က စိတ်တိုသွားသလို ရှောင်းကျန့် လက်ဖျားတွေကို ဆွဲညှစ်လိုက်ပြီး အက်ကွဲနေတဲ့အသံနဲ့ တားမြစ်တယ်။
"ပါးစပ်ပိတ်ထား"
အဆိပ်ကိုယ်ထဲမှာ စပြီး ပြန့်ကုန်တာကြောင့်လားတော့ မသိ၊ ရှောင်းကျန့် မူးဝေလာတာမို့ ခက်ခက်ခဲခဲ အားယူပြီး ပြောလိုက်တယ်။
"မင်းက ပန်းကုန်းကိုဆို ဘယ်တော့မှ ကောင်းကောင်း မဆက်ဆံဘူး..ပန်းကုန်းကို အမြဲ မုန်းနေ__"
သူ့စကားမဆုံးခင်မှာပဲ ဝမ်ရိပေါ်က ရှောင်းကျန့်ရဲ့ဝတ်ရုံအောက်နားကို မ,တင်လိုက်တယ်။
"မင်း... မင်းဘာလုပ်တာလဲ?!"
စိတ်ပိုင်းဖြတ်ထားပြီးတဲ့ မျက်လုံးတွေနဲ့ ဝမ်ရိပေါ်ကရှောင်းကျန့်ကို လှမ်းကြည့်တယ်၊ ပြီးတာနဲ့ ရှောင်းကျန့်ရဲ့ ခြေထောက်ကို မြှောက်ကိုင်ကာ ခေါင်းငုံ့ပြီး ဒဏ်ရာမှာ နှုတ်ခမ်းလွှာတွေကို ဖိကပ်လိုက်တယ်။
ရှောင်းကျန့်မှာ မင်တက်သွားပြီး ချက်ချင်း မတုံ့ပြန်နိုင်ခဲ့ဘူး၊ ကိုက်ခံထားရတဲ့ ဒဏ်ရာကို နွေးထွေးနူးညံ့တဲ့ ပါးစပ်ကငုံထားပြီး အဆိပ်သွေးကို စုပ်ပေးနေတယ်၊ စုပ်ယူခံနေရတဲ့နေရာက ချက်ချင်းဆိုသလိုပဲ ယားကျိကျိ ဖြစ်သွားတယ်။
ရှောင်းကျန့် ထိတ်ထိတ်လန့်လန့်နဲ့ သူ့ခြေကျင်းဝတ်ကို ပါးစပ်နဲ့စုပ်နေတဲ့လူကို လှမ်းအော်ကာ တားမြစ်လိုက်တယ်။
"ဝမ်ရိပေါ် မင်းရူးနေလား!!"
နေရာကနေထပြီး ဝမ်ရိပေါ်ကို တွန်းထုတ်ဖို့ ကြိုးစားတယ်၊ ဒါပေမဲ့ ရှောင်းကျန့်မှာ ဒီလို လုပ်နိုင်လောက်အောင် ခွန်အားက ကျန်မနေဘူး။
"ဒီလိုလုပ်ရင် မင်းပါ အဆိပ်သင့်လိမ့်မယ်.. ဝမ်ရိပေါ် ..ဖယ်လို့!"
ရှောင်းကျန့်ရဲ့ခြေကျင်းဝတ်တွေက သေးသွယ်တာမို့ ဝမ်ရိပေါ်အတွက် လက်တစ်ဖက်တည်းနဲ့တင် ထိန်းကိုင်ထားဖို့ လုံလောက်တယ်၊ ဆွဲထုတ်ချင်ပေမဲ့ နည်းနည်းလေးတောင် သူ့ဘက်ပြန်မပါခဲ့ဘူး။
ဝမ်ရိပေါ်က ခေါင်းမော့ပြီး မျက်လုံးလှန်ကြည့်တယ်၊ သူ့နှုတ်ခမ်းလွှာတွေမှာ အရောင်တောက်တောက် အဆိပ်သွေးတွေ စွန်းပေနေတယ်၊ သွေးစက်တချို့ နှုတ်ခမ်းထောင့်ကနေ လျှံကျပြီး မေးဖျားမှာ တွဲခိုနေကြတယ်၊ သူ့ပုံစံက နှင်းတောထဲမှာ မြင်နေရတဲ့ မြတ်နိုးဖွယ်ရာ မှဲ့နီလေးအလား ဆွဲဆောင်မှုရှိပြီး နတ်ဆိုးဆန်စွာ လှပနေတယ်။
ရှောင်းကျန့်ကို ကြည့်လာတဲ့ မျက်လုံးတွေက အောက်ခြေကို မမြင်နိုင်တဲ့ အသူတစ်ရာချောက်လိုပဲ ကြောက်ခမန်းလိလိ မည်းမှောင်နေတယ်၊ ဝမ်ရိပေါ်က နှုတ်ခမ်းလွှာတွေက ခွာသွားပြီး အမည်းရောင် သွေးတစ်ပွက် ထွေးပစ်တယ်၊ ပြီးတာနဲ့ ခေါင်းပြန်ငုံ့ကာ နူးညံ့ပြီးထိရှလွယ်တဲ့ ရှောင်းကျန့်ရဲ့ ခြေကျင်းဝတ် အရေပြားပေါ်ကို တဖန်ဖိကပ်ပြန်တယ်။
ရှောင်းကျန့် ကြောင်အမ်းစွာ ငေးကြည့်နေမိတယ်၊ ပြင်းထန်လွန်းတဲ့ အဆိပ်အတောက်တွေက အရိုးထဲထိ ဖောက်ဝင်သွားပြီလား သူမသေချာတော့ဘူး၊ တစ်ကိုယ်လုံးက နာကျင်မှုကို မခံစားရတော့တဲ့အထိ အေးစက်လာတယ်၊ ခြေကျင်းဝတ်မှာရှိနေတဲ့ ဒဏ်ရာမှာလဲ နာကျင်မှုအစား ယားယံမှုက အစားထိုး ဝင်ရောက်လာတယ်၊ အဲဒီယားယံမှုက ခြေသလုံးသားတလျှောက် အပေါ်ကို တရွေ့ရွေ့ ဆန်တက်လာနေတယ်။
ဝမ်ရိပေါ်ချုပ်ကိုင်ထားတဲ့ ခြေကျင်းဝတ်ကတော့ ပူလောင်နေသေးတယ်၊ အဲဒီနေရာက ရှောင်းကျန့်ကိုယ်မှာ အနွေးဓာတ်ခံစားရတဲ့ တစ်ခုတည်းသော နေရာပဲ၊ ရှောင်းကျန့်ရဲ့ အာရုံ ၅ ပါးလုံးက ဒီတစ်နေရာတည်းမှာပဲ စုနေတယ်၊ သူ့ဆီက တုံ့ပြန်မှုမှန်သမျှကလဲ ဝမ်ရိပေါ်နဲ့ သက်ဆိုင်နေတာချည်းပဲ။
ဝမ်ရိပေါ်နှုတ်ခမ်းတွေက ဖြည်းဖြည်းချင်း စုပ်လိုက်ရင် ရှောင်းကျန့်ကိုယ်လေးက တုန်ယင်သွားတယ်၊ ဝမ်ရိပေါ်ဘက်က ခပ်ကြမ်းကြမ်းစုပ်ရင် ရှောင်းကျန့်ဆီက ညည်းသံသဲ့သဲ့ ထွက်လာတယ်။
လေပြေလေညင်းလေးတွေ တိုးဝှေ့တိုက်သွားတဲ့အခါ ရှောင်းကျန့်ဝတ်စုံရဲ့ အနားတွေ လှုပ်ခတ်သွားပြီး ဝမ်ရိပေါ်ရဲ့ ဆံပင်တွေလဲ လွင့်ပါလှုပ်ရှားကုန်တယ်၊ စည်းနှောင်ထားခြင်းမရှိတာကြောင့် ဝမ်ရိပေါ်ရဲ့ဆံပင်တွေက ရှောင်းကျန့်ရဲ့ အရေပြားပေါ်မှာ ရေတံခွန်လို အုပ်ဆိုင်းကျနေကြတယ်။
ဝမ်ရိပေါ်က ဆုတောင်းစာ ရေးနေတာမို့ အဖြူရောင် ဟယ်ရှန်ဝတ်စုံကို လဲဝတ်ထားတာ၊ အချိန်တိုအတွင်းမှာပဲ အဖြူစွတ်စွတ်ဝတ်ရုံက အမည်းရောင် အဆိပ်သွေးတွေ စွန်းထင်းသွားခဲ့ပြီ။
ဝမ်ရိပေါ်ကတော့ ဘာကိုမှ ဂရုမစိုက်ဘဲ လျစ်လျူရှုထားတယ်၊ ဒူးတစ်ဝက်ထောက်ထိုင်ကာ ခေါင်းငုံ့ပြီး ရှောင်းကျန့် ခြေကျင်းဝတ်က အဆိပ်တွေကို ထပ်ခါထပ်ခါ စုပ်ထုတ်ပေးနေတယ်။
ရှောင်းကျန့်ရဲ့ ခြေကျင်းဝတ်က ဝမ်ရိပေါ်လက်ထဲမှာ မြုပ်ဝင်နေတယ်၊ ခေါင်းငုံ့ပြီး ရှောင်းကျန့်ရဲ့ အရေပြားကို အသာအယာ ဖိကပ်လိုက်တိုင်း ဝမ်ရိပေါ်ရဲ့မျက်ခုံးတန်းတွေက အနည်းငယ် ပြေလျော့သွားတယ်၊ ဒါပေမဲ့ ခေါင်းမာပြီး ဇွတ်တရွတ် ဆန်မှုတွေကတော့ နည်းနည်းလေးတောင် လျှော့ပါးမသွားခဲ့ဘူး။
သိက္ခာတော်ရ ဟယ်ရှန်ဆိုတာ ဗုဒ္ဓအရှေ့မှောက်မှာပဲ ဒူးထောက်လေ့ရှိတာ၊ ဒီဟယ်ရှန်ကတော့ မင်းသမီးတစ်ပါးရဲ့ဘေးမှာ ဒူးထောက်နေတယ်၊ ဒါတင်မကသေးဘူး လှိုက်လှိုက်လှဲလှဲ တောင်းဆုပြုနေတဲ့အတိုင်း သူ့ခြေကျင်းဝတ်ကို ကိုင်ထားပြီး အဆိပ်တွေကို ထက်သန်စွာ စုပ်ယူပေးနေသေးတယ်။
ပတ်ဝန်းကျင်က တိတ်ဆိတ်နေတယ်၊ ဝမ်ရိပေါ်နဲ့စတွေ့ကတည်းက သူတို့နှစ်ယောက်ရဲ့ အနေအထားက အမြဲထူးဆန်းတယ်လို့ ခံစားခဲ့ရတယ်၊ သူတို့အတူရှိကြတဲ့အချိန်တိုင်း ရှောင်းကျန့်က မင်ကျောက်ရဲ့ တော်ဝင်မင်းသမီးနဲ့ မတူတော့သလို၊ ဝမ်ရိပေါ်ကလဲ သိက္ခာတော်ရ ဟယ်ရှန်နဲ့ မတူတော့ဘူး။
ဝမ်ရိပေါ်ကို စတွေ့ဖူးတဲ့အချိန်ကို ရှောင်းကျန့် ကောင်းကောင်း မှတ်မိသေးတယ်၊ ကြာကလပ်အလယ်မှာ ထိုင်နေတဲ့ ဝမ်ရိပေါ်က ဆီးနှင်းတမျှ အေးစက်ပြီး ဖုန်မှုန့်မတင်နိုင်သလို သန့်စင်တဲ့ အရှိန်အဝါတွေ လင်းဖြာနေတယ်၊ သူ့ပုံစံက အပေါ်ကလှမ်းကြည့်ရင် အောက်ခြေထိ မြင်ရတဲ့ ရေကန်နဲ့ တူတယ်၊ ကြမ်းခင်းအထိ ထွင်းဖောက် မြင်နေရပေမဲ့ ဘယ်လောက်ထိ နက်ရှိုင်းသလဲ မသိနိုင်သလိုမျိုးပဲ။
အခုလို ရှောင်းကျန့်နားမှာ ဒူးထောက်နေပြီး နှုတ်ခမ်းလွှာမှာ သွေးတွေစွန်းပေနေတာကို မြင်ရတဲ့အခါ သူ့မှာရှိခဲ့တဲ့ ကြည်လင်မှုက အနှောက်ခံလိုက်ရပြီး တစ်ဘဝစာ ကျင့်ကြံပေးဆပ်ခဲ့တာတွေကို သဲထဲရေသွန် ဖြစ်အောင်လုပ်မိသလို ခံစားရတယ်။
ရှောင်းကျန့်က ကုတင်မှာမှီနေရင်း ရုတ်တရက် ထ,ပြောတယ်။
"လူတွေအားလုံးက မင်းကို ဗုဒ္ဓပြန်ဝင်စားတယ်လို့ သတ်မှတ်ပြီး သူတို့ရဲ့အပူတွေကို ငြိမ်းပေးနိုင်ဖို့ မျှော်လင့်နေကြတာ.. ဒီလိုမျိုး ပန်ကုန်းကြောင့် အဆိပ်မိပြီး သေသွားရင် သိပ်နှမျောစရာကောင်းသွားမယ် မဟုတ်ဘူးလား?"
ရှောင်းကျန့် တစ်ကိုယ်လုံးက ကျကွဲသွားတဲ့ ကျောက်စိမ်းရုပ်ထုလိုမျိုး အားအင်ကုန်ခမ်းနေတယ်၊ ခြေလက်တွေ လေးကန်ပြီး အသံကပါ နားစိုက်ထောင်မှ ကြားရတော့တဲ့အထိ တိုးလျဝင်သွားတယ်။
ဝမ်ရိပေါ်က သူ့ကိုမော့ကြည့်လာတယ်၊ ရှောင်းကျန့်က အားယူပြီး ခပ်ယဲ့ယဲ့ ပြုံးပြလိုက်တယ်၊ ဝမ်ရိပေါ်က ရှောင်းကျန့်ရဲ့ ခြေထောက်ကို အသာအယာ ပြန်ချထားလိုက်ပြီး သူ့ကိုကြည့်နေတယ်။
အခန်းထဲက ဖယောင်းတိုင်က ဘယ်ညာယိမ်းနွဲ့သွားပြီး တဖျစ်ဖျစ်အသံတချို့ ထမြည်တယ်၊ ဝမ်ရိပေါ်ရဲ့ နှုတ်ခမ်းလွှာတွေက မြွေဆိပ်ကြောင့် ခရမ်းပြာရောင်ပြောင်းနေကြပြီ၊ သွေးစက်တချို့ မေးဖျားမှာ တွဲလဲခိုနေတုန်းပဲ၊ မသေမျိုး နတ်ဘုရားလို ကျက်သရေရှိတဲ့ မျက်နှာအစား နတ်ဆိုးတစ်ယောက်လို လှပတဲ့မျက်နှာတစ်ခု မွေးဖွားလာတယ်။
ဝမ်ရိပေါ်က ရှောင်းကျန့်ကို ကြည့်နေရင်း နှာနုဖျားက လေထွက်ရုံ ရယ်လိုက်တယ်။
"ဒီနိမ့်ကျတဲ့ ကိုယ်တော်အတွက်ကတော့ အရှင်မင်းသမီးတစ်ယောက်ကို လမ်းပြပေးနိုင်ရုံနဲ့တင် ဒီဘဝအတွက် လုံလောက်ပါပြီ"
...
လူတွေက သေခါနီးအချိန်မှာ စိတ်ထဲမှာ လွမ်းဆွတ်နေတဲ့လူကို ပြန်မြင်ယောင်လေ့ ရှိတယ်ဆိုတဲ့စကားရှိတယ်၊ ရှောင်းကျန့်ရှေ့မှာ အဲဒီလူရဲ့မျက်နှာ ပေါ်လာတဲ့အချိန်မှာ ရှောင်းကျန့်က ဝမ်းနည်းဆို့နင့်စွာ လှမ်းခေါ်လိုက်တယ်။
"ဆရာသခင်"
ခံပြင်းပြီး မချိမခံသာ ဖြစ်မိတာတော့ ငြင်းမရဘူး၊ ဆရာသခင်ကို ပေးထားခဲ့တဲ့ကတိကို သူ မတည်နိုင်သေးဘူးလေ၊ အခုတော့ လောကကြီးကနေ စောစောစီးစီ ထွက်ခွာသွားရတော့မယ်။
ရုတ်ချည်းဆိုသလိုပဲ သူ့လက်မောင်း နာသွားပြီး တစ်စုံတယောက်ဆီက အနားကပ်အော်လိုက်တာကို ခံလိုက်ရတယ်။
"ဘယ်သူ့ကို ဆရာသခင်လို့ လာခေါ်နေတာလဲ.. မြွေဆိပ်က ခေါင်းထဲအထိ ရောက်သွားတာလား?"
အဲဒီတော့မှသာ ရှောင်းကျန့်လဲ ကောင်းကောင်း နိုးသွားပြီး သူ့အရှေ့ရောက်နေတဲ့ ရှန့်ကွမ်မော့ပေရဲ့ မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်သွားတယ်။
ရှောင်းကျန့်က ချက်ချင်းထထိုင်ပြီး မေးတယ်။
"မင်း ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ?"
ရှန်ကွမ်မော့ပေက ဂုဏ်ယူဝင့်ကြွားစွာ ပြောပြလာတယ်။
"မင်းတို့ကို စိတ်ပူပြီး လာကြည့်မိလို့ပေါ့.. မဟုတ်ရင် မင်းနဲ့ အဲဒီမြည်းခေါင်းတုံး နှစ်ယောက်လုံး မြွေဆိပ်တက်ပြီး သေနေလောက်ပြီ "
"သူကော?"
ရှောင်းကျန့် အလောတကြီး မေးမိတယ်၊ ရှန့်ကွမ်မော့ပေက ကျစ်ခနဲလုပ်ပြီး သက်ပြင်းအရင်ချတယ်၊ သူ့အပြုအမူကြောင့် ရှောင်းကျန့်ရင်ဝမှာ ပူခနဲ ဖြစ်သွားတယ်၊ စိတ်မရှည်တော့ဘဲ ရှန့်ကွမ်မော့ပေ လက်မောင်းကို ဖျတ်ခနဲ ရိုက်လိုက်ပြီး။
"မြန်မြန်ပြောစမ်းပါ"
"ဘာလို့ ဒီလောက်တောင် ကြမ်းတမ်းရတာလဲ!!"
ရှန့်ကွမ်မော့ပေက ရိုက်ခံရတဲ့နေရာကို လက်နဲ့ပွတ်နေရင်း ပြောလာတယ်။
"သူလား.. အဆင်ပြေတယ်လေ.. မင်းဆီက အဆိပ်ကို ပါးစပ်နဲ့ စုပ်ထုတ်လိုက်လို့ သူ့ပါ အဆိပ်မိသွားတာ..အခုတော့ အဆင်ပြေနေပြီ"
အဲဒီတော့မှသာ ရှောင်းကျန့် သက်ပြင်းချနိုင်သွားပြီး အိပ်ရာပေါ် ပြန်လှဲချလိုက်တယ်၊ ရှန့်ကွမ်မော့ပေက တစ်ခုခုကို သံသယဖြစ်နေတဲ့ပုံနဲ့ လေသံလျှော့ချပြီး မေးလာတယ်။
"မင်းကိုမေးပါအုံးမယ်"
"ဟမ်?"
ရှောင်းကျန့်က သူ့ရဲ့လျှို့လျှို့ဝှက်ဝှက်ပုံစံကို နားမလည်သလို ကြည့်မိသွားတယ်၊ ရှန့်ကွမ်မော့ပေက မျက်တောင် နှစ်ချက်လောက် ဆင့်ခတ်လိုက်ပြီး။
"အဲဒီ မြည်းခေါင်းတုံးက မင်းကိုများ ကြိုက်နေသလား?"
240202
⇝⇝⇝⇝✥⇜⇜⇜⇜
အပိုင္း။ ၁၇
စူးစမ္းေနတဲ့ ဝမ္ရိေပၚရဲ႕ မ်က္ဝန္းနက္နက္ေတြေၾကာင့္လားေတာ့ မသိ၊ ေရွာင္းက်န႔္ အေနက်ဳံ႔သြားၿပီး ပါးျပင္ႏွစ္ဖက္မွာ သိသိသာသာ ပူလာတယ္၊ ဒါေၾကာင့္ တစ္ဖက္ လွည့္သြားကာ ပလုံးပေထြး ေျပာမိတယ္။
"သိ..ၿပီ"
ဝမ္ရိေပၚကလဲ ေျပာတာကို ရပ္လိုက္ၿပီး ေခါင္းငုံ႔ကာ ဆုေတာင္းစာကို ဆက္ေရးတယ္။
ေရွာင္းက်န႔္က တစ္ေယာက္တည္း ေနရတာ ပ်င္းတာမို႔ အခန္းကို အေစာႀကီး မျပန္ခ်င္ဘူး၊ ဒါေၾကာင့္ ဝမ္ရိေပၚ အိပ္ရာေပၚမွာထိုင္ၿပီး ဒီေန႔သင္လာတဲ့သီခ်င္းကို တိုးတိုးေလး ညည္းေနတယ္၊ ဝမ္ရိေပၚကေတာ့ သူ႔ကို ဥေပကၡာျပဳထားၿပီး လုပ္လက္စအလုပ္ကို ဆက္လုပ္တယ္။
သူတို႔ႏွစ္ေယာက္လုံး စကားမေျပာၾကေတာ့ဘူး၊ ဖေယာင္းတိုင္ မီးစာေလးက ေလနဲ႔အတူ အထီးက်န္စြာ လူးလြန႔္သြားတတ္တယ္။
သိပ္မၾကာခင္မွာပဲ ေရွာင္းက်န႔္ဆီက ထြက္ေနတဲ့ သီခ်င္းသံက တျဖည္းျဖည္းနဲ႔ တိုးဝင္ေဖ်ာ့ေတာ့သြားၿပီး၊ ျမင္ေနရတဲ့ အျဖဴေရာင္ဝတ္႐ုံကလဲ ေဝဝါးလာတယ္၊ ေနာက္ဆုံးေတာ့ မ်က္ခြံေတြက ပိတ္က်သြားၿပီး အေစခံအိပ္ခန္းက မာေက်ာတဲ့အိပ္ရာေပၚမွာပဲ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္သြားခဲ့တယ္။
ေရွာင္းက်န႔္က အိပ္မက္မမက္ဘဲ ေအးေအးခ်မ္းခ်မ္း အိပ္ေပ်ာ္တာ သိပ္ရွားတယ္၊ ဒီေန႔ေတာ့ အိပ္ေပ်ာ္သြားလိုက္တာ စာေရးေနတဲ့လူ စုတ္တံကိုခ်ထားၿပီး ေစာင္လာၿခဳံေပးတာကိုေတာင္ မသိလိုက္ဘူး၊ ညလယ္ေခါင္ အေရာက္မွာေတာ့ ေအးစိမ့္စိမ့္ျဖစ္လာတာေၾကာင့္ ေရွာင္းက်န႔္ လန႔္ႏိုးသြားတယ္။
ေရွာင္းက်န႔္က မ်က္ခြံေတြကို ခက္ခက္ခဲခဲ ဖြင့္ၾကည့္မိတယ္၊ သူ႔တစ္ကိုယ္လုံးက သိသိသာသာႀကီးကို ေလးလံထိုင္းမႈိင္းေနတယ္၊ ေခါင္းငုံ႔ၿပီး ေျခရင္းဘက္ကို ၾကည့္မိသြားခ်ိန္မွာေတာ့ ေရွာင္းက်န႔္ လန႔္ဖ်ပ္သြားခဲ့တယ္။
"ဝမ္__ဝမ္ရိေပၚ"
"အရွင္မင္းသမီး ႏိုးလာၿပီလား?"
ေရွာင္းက်န႔္ဆီက ေခၚသံၾကားေတာ့ ဝမ္ရိေပၚက ေခါင္းေထာင္ၿပီး လွည့္ၾကည့္လာတယ္၊ အခုေတာ့ သူတို႔ ႏွစ္ေယာက္လုံး ၾကက္ေသ,ေသသြားၾကၿပီ။
အေၾကာင္းကေတာ့ ေရွာင္းက်န႔္ေျခေထာက္မွာ အစိမ္းရင့္ေရာင္ ေႁမြတစ္ေကာင္ ရစ္ပတ္ေနတာေၾကာင့္ပဲ၊ ညေမွာင္ေမွာင္မွာေတာင္ ေျပာင္လက္ေနတဲ့ အေၾကးခြံေတြကို ျမင္ရတာမို႔ ေႁမြကအဆိပ္ရွိမွန္း သိသာတယ္၊ သူက အနီေရာင္လွ်ာႏွစ္ခြကို အထုတ္အသြင္းလုပ္ၿပီး အဆိပ္ေငြ႕တခ်ိဳ႕ကိုပါ မႈတ္ထုတ္လိုက္ေသးတယ္။
ေႁမြကသူ႔ဘက္ကို စိုက္ၾကည့္လာတာေၾကာင့္ ေရွာင္းက်န႔္ လည္ေစ့က အထက္ေအာက္ ေ႐ြ႕သြားတယ္၊ အိပ္ရာခင္းကိုကိုင္ထားတဲ့ လက္ေခ်ာင္းေတြကလဲ ပိုၿပီးတင္းက်ပ္သြားခဲ့တယ္၊ သူ႔မွာ နည္းနည္းေလးေတာင္ မလႈပ္ရွားဝံ့ေတာ့ဘူး၊ ဝမ္ရိေပၚဘက္ မ်က္လုံးေစြၿပီး ၾကည့္ေတာ့ ဝမ္ရိေပၚက တိတ္တိတ္ေနဆိုတဲ့ သေဘာနဲ႔ ႏႈတ္ခမ္းေရွ႕မွာ လက္တစ္ေခ်ာင္းကပ္ၿပီး အခ်က္ျပတယ္။
ေႁမြက ေရွာင္းက်န႔္ေျခသလုံးကို တရစ္ခ်င္း ရစ္ပတ္ဖို႔ ႀကိဳးပမ္းတဲ့အခါ ေရွာင္းက်န႔္တစ္ကိုယ္လုံးက ေႁမြဆီက ထုတ္လႊတ္လာတဲ့ ျပင္းထန္တဲ့အဆိပ္ေငြ႕ေၾကာင့္ ေအးစက္လာတယ္။
ဝမ္ရိေပၚက ေျခသံလုံလုံနဲ႔ အနားကို ေလွ်ာက္လာၿပီး ေရွာင္းက်န႔္နဲ႔ အၾကည့္ခ်င္း ဆုံလိုက္တယ္၊ အဲဒီေနာက္ေတာ့ လက္က ေလထဲေျမာက္တက္သြားၿပီး သူကိုင္ထားတဲ့စုတ္တံက ေႁမြခႏၶာကိုယ္ဆီ ဦးတည္ၿပီး ေျပးထြက္လာတယ္။
ျမားတစ္ေခ်ာင္းေလကို ေဖာက္ထြင္းလာသလို ႐ႊီးခနဲအသံ ၾကားလိုက္ၿပီးတာနဲ႔ တစ္ၿပိဳင္နက္ စုတ္တံက ေႁမြကိုယ္မွာ တည့္တည့္မတ္မတ္ စိုက္ဝင္သြားခဲ့တယ္၊ ေႁမြရဲ႕အေရျပား ေပါက္ထြက္သြားၿပီး မသတီစရာအရည္တခ်ိဳ႕ ေရွာင္းက်န႔္ေျခေထာက္ေပၚ က်လာတယ္၊ စိတ္ေအးရၿပီ ထင္လိုက္ေပမဲ့ တကယ္တမ္းမွာ ေႁမြကမေသႏိုင္ေသးဘဲ ပိုၿပီးကနာမၿငိမ္ ျဖစ္လာတယ္၊ အဲဒီေနာက္ေတာ့ ခႏၶာကိုယ္တြန႔္လိမ္ကာ အစြယ္ေတြ ရွည္ထြက္လာၿပီး ေၾကာက္မက္ဖြယ္ တရွဴးရွဴးတရွဲရွဲ အသံေတြပါ လုပ္ေတာ့တယ္။
"အရွင္မင္းသမီး!"
ဝမ္ရိေပၚက လက္ျမန္ေျချမန္နဲ႔ ေရွာင္းက်န႔္ကို သူ႔ဘက္ဆြဲေခၚဖို႔ လုပ္တယ္၊ ဒါေပမဲ့ လွ်ပ္တစ္ျပက္အတြင္းမွာပဲ ေဒါသထြက္ၿပီး ႐ိုင္းစိုင္းေနတဲ့ေႁမြက ပါးစပ္ကိုဟၿပီး ေရွာင္းက်န႔္ရဲ႕ ေျခက်င္းဝတ္ကို ကိုက္ခ်လိုက္တယ္။
အား!!
နာလြန္းတဲ့အတြက္ ေရွာင္းက်န႔္မွာ လည္ပင္းေၾကာေတြ ေထာင္လာတဲ့အထိ ေအာ္မိသြားတယ္၊ ဝမ္ရိေပၚက ေႁမြေခါင္းကို လက္နဲ႔အုပ္ကိုင္ၿပီး အေဝးကို လႊင့္ပစ္လိုက္တယ္၊ ေႁမြက နံရံနဲ႔ ျပင္းထန္စြာ ႐ိုက္မိၿပီး ေနာက္ဆုံးေတာ့ ၿငိမ္က်သြားခဲ့တယ္။
ေရွာင္းက်န႔္ဆီက ညည္းညဴသံ ထြက္လာတယ္။
"အာ့..နာလိုက္တာ"
ဝမ္ရိေပၚက ေရွာင္းက်န႔္ကို ေပြ႕ခ်ီဖို႔ လုပ္ၿပီး။
"သမားေတာ္သြားရွာမယ္"
ေရွာင္းက်န႔္က ဝမ္ရိေပၚလက္ကို ဆြဲထားၿပီး။
"အသုံးမဝင္ဘူး.. အဆိပ္ရွိတဲ့ေႁမြေတြအေၾကာင္း ပန္ကုန္း ေကာင္းေကာင္း သိတယ္..ကိုက္တာခံရရင္ အေမႊးတိုင္တစ္တိုင္စာအတြင္း အဆိပ္ေတြျပန႔္ၿပီး ေသလိမ့္မယ္"
ေရွာင္းက်န႔္ကိုင္ထားတဲ့ ဝမ္ရိေပၚလက္က သူ႔ထက္ေတာင္ ေအးစက္ေနတယ္၊ သူ႔ကို အားနဲ႔ ျပန္ဆုပ္ကိုင္ထားတာမို႔ အဆစ္ေနရာေတြေတာင္ ျဖဴေဖြးေနၿပီ၊ ဝမ္ရိေပၚကို ဒီလိုပုံစံမ်ိဳး ေရွာင္းက်န႔္တစ္ခါမွ မေတြ႕ဖူးဘူး၊ သူ႔ပုံက ထိတ္လန႔္ တုန္လႈပ္မႈကို မဖုံးကြယ္ႏိုင္ဘူး၊ သိပ္ကိုအသည္းအသန္ျဖစ္ေနတယ္။
ေရွာင္းက်န႔္က အိပ္ရာေဘးကို မွီခ်လိုက္ၿပီး ဝမ္ရိေပၚကို ၾကည့္တယ္။
"မင္း ဒီလိုျဖစ္စရာမလိုဘူး..ေသျခင္းရွင္ျခင္း ကံၾကမၼာဆိုတာ ထိန္းခ်ဳပ္လို႔မရတဲ့အရာ ဒါေပမဲ့ မင္ေက်ာက္ရဲ႕ ၾသဇာအာဏာ အႀကီးဆုံးမင္းသမီးက ေႁမြကိုက္လို႔ေသရမယ္လို႔ေတာ့ မထင္ခဲ့ဘူးေပါ့"
ဝမ္ရိေပၚက စိတ္တိုသြားသလို ေရွာင္းက်န႔္ လက္ဖ်ားေတြကို ဆြဲညႇစ္လိုက္ၿပီး အက္ကြဲေနတဲ့အသံနဲ႔ တားျမစ္တယ္။
"ပါးစပ္ပိတ္ထား"
အဆိပ္ကိုယ္ထဲမွာ စၿပီး ျပန႔္ကုန္တာေၾကာင့္လားေတာ့ မသိ၊ ေရွာင္းက်န႔္ မူးေဝလာတာမို႔ ခက္ခက္ခဲခဲ အားယူၿပီး ေျပာလိုက္တယ္။
"မင္းက ပန္းကုန္းကိုဆို ဘယ္ေတာ့မွ ေကာင္းေကာင္း မဆက္ဆံဘူး..ပန္းကုန္းကို အၿမဲ မုန္းေန__"
သူ႔စကားမဆုံးခင္မွာပဲ ဝမ္ရိေပၚက ေရွာင္းက်န႔္ရဲ႕ဝတ္႐ုံေအာက္နားကို မ,တင္လိုက္တယ္။
"မင္း... မင္းဘာလုပ္တာလဲ?!"
စိတ္ပိုင္းျဖတ္ထားၿပီးတဲ့ မ်က္လုံးေတြနဲ႔ ဝမ္ရိေပၚကေရွာင္းက်န႔္ကို လွမ္းၾကည့္တယ္၊ ၿပီးတာနဲ႔ ေရွာင္းက်န႔္ရဲ႕ ေျခေထာက္ကို ေျမႇာက္ကိုင္ကာ ေခါင္းငုံ႔ၿပီး ဒဏ္ရာမွာ ႏႈတ္ခမ္းလႊာေတြကို ဖိကပ္လိုက္တယ္။
ေရွာင္းက်န႔္မွာ မင္တက္သြားၿပီး ခ်က္ခ်င္း မတုံ႔ျပန္ႏိုင္ခဲ့ဘူး၊ ကိုက္ခံထားရတဲ့ ဒဏ္ရာကို ေႏြးေထြးႏူးညံ့တဲ့ ပါးစပ္ကငုံထားၿပီး အဆိပ္ေသြးကို စုပ္ေပးေနတယ္၊ စုပ္ယူခံေနရတဲ့ေနရာက ခ်က္ခ်င္းဆိုသလိုပဲ ယားက်ိက်ိ ျဖစ္သြားတယ္။
ေရွာင္းက်န႔္ ထိတ္ထိတ္လန္႔လန႔္နဲ႔ သူ႔ေျခက်င္းဝတ္ကို ပါးစပ္နဲ႔စုပ္ေနတဲ့လူကို လွမ္းေအာ္ကာ တားျမစ္လိုက္တယ္။
"ဝမ္ရိေပၚ မင္း႐ူးေနလား!!"
ေနရာကေနထၿပီး ဝမ္ရိေပၚကို တြန္းထုတ္ဖို႔ ႀကိဳးစားတယ္၊ ဒါေပမဲ့ ေရွာင္းက်န႔္မွာ ဒီလို လုပ္ႏိုင္ေလာက္ေအာင္ ခြန္အားက က်န္မေနဘူး။
"ဒီလိုလုပ္ရင္ မင္းပါ အဆိပ္သင့္လိမ့္မယ္.. ဝမ္ရိေပၚ ..ဖယ္လို႔!"
ေရွာင္းက်န႔္ရဲ႕ေျခက်င္းဝတ္ေတြက ေသးသြယ္တာမို႔ ဝမ္ရိေပၚအတြက္ လက္တစ္ဖက္တည္းနဲ႔တင္ ထိန္းကိုင္ထားဖို႔ လုံေလာက္တယ္၊ ဆြဲထုတ္ခ်င္ေပမဲ့ နည္းနည္းေလးေတာင္ သူ႔ဘက္ျပန္မပါခဲ့ဘူး။
ဝမ္ရိေပၚက ေခါင္းေမာ့ၿပီး မ်က္လုံးလွန္ၾကည့္တယ္၊ သူ႔ႏႈတ္ခမ္းလႊာေတြမွာ အေရာင္ေတာက္ေတာက္ အဆိပ္ေသြးေတြ စြန္းေပေနတယ္၊ ေသြးစက္တခ်ိဳ႕ ႏႈတ္ခမ္းေထာင့္ကေန လွ်ံက်ၿပီး ေမးဖ်ားမွာ တြဲခိုေနၾကတယ္၊ သူ႔ပုံစံက ႏွင္းေတာထဲမွာ ျမင္ေနရတဲ့ ျမတ္ႏိုးဖြယ္ရာ မွဲ႔နီေလးအလား ဆြဲေဆာင္မႈရွိၿပီး နတ္ဆိုးဆန္စြာ လွပေနတယ္။
ေရွာင္းက်န႔္ကို ၾကည့္လာတဲ့ မ်က္လုံးေတြက ေအာက္ေျခကို မျမင္ႏိုင္တဲ့ အသူတစ္ရာေခ်ာက္လိုပဲ ေၾကာက္ခမန္းလိလိ မည္းေမွာင္ေနတယ္၊ ဝမ္ရိေပၚက ႏႈတ္ခမ္းလႊာေတြက ခြာသြားၿပီး အမည္းေရာင္ ေသြးတစ္ပြက္ ေထြးပစ္တယ္၊ ၿပီးတာနဲ႔ ေခါင္းျပန္ငုံ႔ကာ ႏူးညံ့ၿပီးထိရွလြယ္တဲ့ ေရွာင္းက်န႔္ရဲ႕ ေျခက်င္းဝတ္ အေရျပားေပၚကို တဖန္ဖိကပ္ျပန္တယ္။
ေရွာင္းက်န႔္ ေၾကာင္အမ္းစြာ ေငးၾကည့္ေနမိတယ္၊ ျပင္းထန္လြန္းတဲ့ အဆိပ္အေတာက္ေတြက အ႐ိုးထဲထိ ေဖာက္ဝင္သြားၿပီလား သူမေသခ်ာေတာ့ဘူး၊ တစ္ကိုယ္လုံးက နာက်င္မႈကို မခံစားရေတာ့တဲ့အထိ ေအးစက္လာတယ္၊ ေျခက်င္းဝတ္မွာရွိေနတဲ့ ဒဏ္ရာမွာလဲ နာက်င္မႈအစား ယားယံမႈက အစားထိုး ဝင္ေရာက္လာတယ္၊ အဲဒီယားယံမႈက ေျခသလုံးသားတေလွ်ာက္ အေပၚကို တေ႐ြ႕ေ႐ြ႕ ဆန္တက္လာေနတယ္။
ဝမ္ရိေပၚခ်ဳပ္ကိုင္ထားတဲ့ ေျခက်င္းဝတ္ကေတာ့ ပူေလာင္ေနေသးတယ္၊ အဲဒီေနရာက ေရွာင္းက်န႔္ကိုယ္မွာ အေႏြးဓာတ္ခံစားရတဲ့ တစ္ခုတည္းေသာ ေနရာပဲ၊ ေရွာင္းက်န႔္ရဲ႕ အာ႐ုံ ၅ ပါးလုံးက ဒီတစ္ေနရာတည္းမွာပဲ စုေနတယ္၊ သူ႔ဆီက တုံ႔ျပန္မႈမွန္သမွ်ကလဲ ဝမ္ရိေပၚနဲ႔ သက္ဆိုင္ေနတာခ်ည္းပဲ။
ဝမ္ရိေပၚႏႈတ္ခမ္းေတြက ျဖည္းျဖည္းခ်င္း စုပ္လိုက္ရင္ ေရွာင္းက်န႔္ကိုယ္ေလးက တုန္ယင္သြားတယ္၊ ဝမ္ရိေပၚဘက္က ခပ္ၾကမ္းၾကမ္းစုပ္ရင္ ေရွာင္းက်န႔္ဆီက ညည္းသံသဲ့သဲ့ ထြက္လာတယ္။
ေလေျပေလညင္းေလးေတြ တိုးေဝွ႔တိုက္သြားတဲ့အခါ ေရွာင္းက်န႔္ဝတ္စုံရဲ႕ အနားေတြ လႈပ္ခတ္သြားၿပီး ဝမ္ရိေပၚရဲ႕ ဆံပင္ေတြလဲ လြင့္ပါလႈပ္ရွားကုန္တယ္၊ စည္းေႏွာင္ထားျခင္းမရွိတာေၾကာင့္ ဝမ္ရိေပၚရဲ႕ဆံပင္ေတြက ေရွာင္းက်န႔္ရဲ႕ အေရျပားေပၚမွာ ေရတံခြန္လို အုပ္ဆိုင္းက်ေနၾကတယ္။
ဝမ္ရိေပၚက ဆုေတာင္းစာ ေရးေနတာမို႔ အျဖဴေရာင္ ဟယ္ရွန္ဝတ္စုံကို လဲဝတ္ထားတာ၊ အခ်ိန္တိုအတြင္းမွာပဲ အျဖဴစြတ္စြတ္ဝတ္႐ုံက အမည္းေရာင္ အဆိပ္ေသြးေတြ စြန္းထင္းသြားခဲ့ၿပီ။
ဝမ္ရိေပၚကေတာ့ ဘာကိုမွ ဂ႐ုမစိုက္ဘဲ လ်စ္လ်ဴရႈထားတယ္၊ ဒူးတစ္ဝက္ေထာက္ထိုင္ကာ ေခါင္းငုံ႔ၿပီး ေရွာင္းက်န႔္ ေျခက်င္းဝတ္က အဆိပ္ေတြကို ထပ္ခါထပ္ခါ စုပ္ထုတ္ေပးေနတယ္။
ေရွာင္းက်န႔္ရဲ႕ ေျခက်င္းဝတ္က ဝမ္ရိေပၚလက္ထဲမွာ ျမဳပ္ဝင္ေနတယ္၊ ေခါင္းငုံ႔ၿပီး ေရွာင္းက်န႔္ရဲ႕ အေရျပားကို အသာအယာ ဖိကပ္လိုက္တိုင္း ဝမ္ရိေပၚရဲ႕မ်က္ခုံးတန္းေတြက အနည္းငယ္ ေျပေလ်ာ့သြားတယ္၊ ဒါေပမဲ့ ေခါင္းမာၿပီး ဇြတ္တ႐ြတ္ ဆန္မႈေတြကေတာ့ နည္းနည္းေလးေတာင္ ေလွ်ာ့ပါးမသြားခဲ့ဘူး။
သိကၡာေတာ္ရ ဟယ္ရွန္ဆိုတာ ဗုဒၶအေရွ႕ေမွာက္မွာပဲ ဒူးေထာက္ေလ့ရွိတာ၊ ဒီဟယ္ရွန္ကေတာ့ မင္းသမီးတစ္ပါးရဲ႕ေဘးမွာ ဒူးေထာက္ေနတယ္၊ ဒါတင္မကေသးဘူး လႈိက္လႈိက္လွဲလွဲ ေတာင္းဆုျပဳေနတဲ့အတိုင္း သူ႔ေျခက်င္းဝတ္ကို ကိုင္ထားၿပီး အဆိပ္ေတြကို ထက္သန္စြာ စုပ္ယူေပးေနေသးတယ္။
ပတ္ဝန္းက်င္က တိတ္ဆိတ္ေနတယ္၊ ဝမ္ရိေပၚနဲ႔စေတြ႕ကတည္းက သူတို႔ႏွစ္ေယာက္ရဲ႕ အေနအထားက အၿမဲထူးဆန္းတယ္လို႔ ခံစားခဲ့ရတယ္၊ သူတို႔အတူရွိၾကတဲ့အခ်ိန္တိုင္း ေရွာင္းက်န႔္က မင္ေက်ာက္ရဲ႕ ေတာ္ဝင္မင္းသမီးနဲ႔ မတူေတာ့သလို၊ ဝမ္ရိေပၚကလဲ သိကၡာေတာ္ရ ဟယ္ရွန္နဲ႔ မတူေတာ့ဘူး။
ဝမ္ရိေပၚကို စေတြ႕ဖူးတဲ့အခ်ိန္ကို ေရွာင္းက်န႔္ ေကာင္းေကာင္း မွတ္မိေသးတယ္၊ ၾကာကလပ္အလယ္မွာ ထိုင္ေနတဲ့ ဝမ္ရိေပၚက ဆီးႏွင္းတမွ် ေအးစက္ၿပီး ဖုန္မႈန႔္မတင္ႏိုင္သလို သန႔္စင္တဲ့ အရွိန္အဝါေတြ လင္းျဖာေနတယ္၊ သူ႔ပုံစံက အေပၚကလွမ္းၾကည့္ရင္ ေအာက္ေျခထိ ျမင္ရတဲ့ ေရကန္နဲ႔ တူတယ္၊ ၾကမ္းခင္းအထိ ထြင္းေဖာက္ ျမင္ေနရေပမဲ့ ဘယ္ေလာက္ထိ နက္ရႈိင္းသလဲ မသိႏိုင္သလိုမ်ိဳးပဲ။
အခုလို ေရွာင္းက်န႔္နားမွာ ဒူးေထာက္ေနၿပီး ႏႈတ္ခမ္းလႊာမွာ ေသြးေတြစြန္းေပေနတာကို ျမင္ရတဲ့အခါ သူ႔မွာရွိခဲ့တဲ့ ၾကည္လင္မႈက အေႏွာက္ခံလိုက္ရၿပီး တစ္ဘဝစာ က်င့္ႀကံေပးဆပ္ခဲ့တာေတြကို သဲထဲေရသြန္ ျဖစ္ေအာင္လုပ္မိသလို ခံစားရတယ္။
ေရွာင္းက်န႔္က ကုတင္မွာမွီေနရင္း ႐ုတ္တရက္ ထ,ေျပာတယ္။
"လူေတြအားလုံးက မင္းကို ဗုဒၶျပန္ဝင္စားတယ္လို႔ သတ္မွတ္ၿပီး သူတို႔ရဲ႕အပူေတြကို ၿငိမ္းေပးႏိုင္ဖို႔ ေမွ်ာ္လင့္ေနၾကတာ.. ဒီလိုမ်ိဳး ပန္ကုန္းေၾကာင့္ အဆိပ္မိၿပီး ေသသြားရင္ သိပ္ႏွေမ်ာစရာေကာင္းသြားမယ္ မဟုတ္ဘူးလား?"
ေရွာင္းက်န႔္ တစ္ကိုယ္လုံးက က်ကြဲသြားတဲ့ ေက်ာက္စိမ္း႐ုပ္ထုလိုမ်ိဳး အားအင္ကုန္ခမ္းေနတယ္၊ ေျခလက္ေတြ ေလးကန္ၿပီး အသံကပါ နားစိုက္ေထာင္မွ ၾကားရေတာ့တဲ့အထိ တိုးလ်ဝင္သြားတယ္။
ဝမ္ရိေပၚက သူ႔ကိုေမာ့ၾကည့္လာတယ္၊ ေရွာင္းက်န႔္က အားယူၿပီး ခပ္ယဲ့ယဲ့ ၿပဳံးျပလိုက္တယ္၊ ဝမ္ရိေပၚက ေရွာင္းက်န႔္ရဲ႕ ေျခေထာက္ကို အသာအယာ ျပန္ခ်ထားလိုက္ၿပီး သူ႔ကိုၾကည့္ေနတယ္။
အခန္းထဲက ဖေယာင္းတိုင္က ဘယ္ညာယိမ္းႏြဲ႕သြားၿပီး တဖ်စ္ဖ်စ္အသံတခ်ိဳ႕ ထျမည္တယ္၊ ဝမ္ရိေပၚရဲ႕ ႏႈတ္ခမ္းလႊာေတြက ေႁမြဆိပ္ေၾကာင့္ ခရမ္းျပာေရာင္ေျပာင္းေနၾကၿပီ၊ ေသြးစက္တခ်ိဳ႕ ေမးဖ်ားမွာ တြဲလဲခိုေနတုန္းပဲ၊ မေသမ်ိဳး နတ္ဘုရားလို က်က္သေရရွိတဲ့ မ်က္ႏွာအစား နတ္ဆိုးတစ္ေယာက္လို လွပတဲ့မ်က္ႏွာတစ္ခု ေမြးဖြားလာတယ္။
ဝမ္ရိေပၚက ေရွာင္းက်န႔္ကို ၾကည့္ေနရင္း ႏွာႏုဖ်ားက ေလထြက္႐ုံ ရယ္လိုက္တယ္။
"ဒီနိမ့္က်တဲ့ ကိုယ္ေတာ္အတြက္ကေတာ့ အရွင္မင္းသမီးတစ္ေယာက္ကို လမ္းျပေပးႏိုင္႐ုံနဲ႔တင္ ဒီဘဝအတြက္ လုံေလာက္ပါၿပီ"
...
လူေတြက ေသခါနီးအခ်ိန္မွာ စိတ္ထဲမွာ လြမ္းဆြတ္ေနတဲ့လူကို ျပန္ျမင္ေယာင္ေလ့ ရွိတယ္ဆိုတဲ့စကားရွိတယ္၊ ေရွာင္းက်န႔္ေရွ႕မွာ အဲဒီလူရဲ႕မ်က္ႏွာ ေပၚလာတဲ့အခ်ိန္မွာ ေရွာင္းက်န႔္က ဝမ္းနည္းဆို႔နင့္စြာ လွမ္းေခၚလိုက္တယ္။
"ဆရာသခင္"
ခံျပင္းၿပီး မခ်ိမခံသာ ျဖစ္မိတာေတာ့ ျငင္းမရဘူး၊ ဆရာသခင္ကို ေပးထားခဲ့တဲ့ကတိကို သူ မတည္ႏိုင္ေသးဘူးေလ၊ အခုေတာ့ ေလာကႀကီးကေန ေစာေစာစီးစီ ထြက္ခြာသြားရေတာ့မယ္။
႐ုတ္ခ်ည္းဆိုသလိုပဲ သူ႔လက္ေမာင္း နာသြားၿပီး တစ္စုံတေယာက္ဆီက အနားကပ္ေအာ္လိုက္တာကို ခံလိုက္ရတယ္။
"ဘယ္သူ႔ကို ဆရာသခင္လို႔ လာေခၚေနတာလဲ.. ေႁမြဆိပ္က ေခါင္းထဲအထိ ေရာက္သြားတာလား?"
အဲဒီေတာ့မွသာ ေရွာင္းက်န႔္လဲ ေကာင္းေကာင္း ႏိုးသြားၿပီး သူ႔အေရွ႕ေရာက္ေနတဲ့ ရွန႔္ကြမ္ေမာ့ေပရဲ႕ မ်က္ႏွာကို ရွင္းရွင္းလင္းလင္း ျမင္သြားတယ္။
ေရွာင္းက်န႔္က ခ်က္ခ်င္းထထိုင္ၿပီး ေမးတယ္။
"မင္း ဘယ္လိုလုပ္ၿပီး ေရာက္လာတာလဲ?"
ရွန္ကြမ္ေမာ့ေပက ဂုဏ္ယူဝင့္ႂကြားစြာ ေျပာျပလာတယ္။
"မင္းတို႔ကို စိတ္ပူၿပီး လာၾကည့္မိလို႔ေပါ့.. မဟုတ္ရင္ မင္းနဲ႔ အဲဒီျမည္းေခါင္းတုံး ႏွစ္ေယာက္လုံး ေႁမြဆိပ္တက္ၿပီး ေသေနေလာက္ၿပီ "
"သူေကာ?"
ေရွာင္းက်န႔္ အေလာတႀကီး ေမးမိတယ္၊ ရွန႔္ကြမ္ေမာ့ေပက က်စ္ခနဲလုပ္ၿပီး သက္ျပင္းအရင္ခ်တယ္၊ သူ႔အျပဳအမူေၾကာင့္ ေရွာင္းက်န႔္ရင္ဝမွာ ပူခနဲ ျဖစ္သြားတယ္၊ စိတ္မရွည္ေတာ့ဘဲ ရွန႔္ကြမ္ေမာ့ေပ လက္ေမာင္းကို ဖ်တ္ခနဲ ႐ိုက္လိုက္ၿပီး။
"ျမန္ျမန္ေျပာစမ္းပါ"
"ဘာလို႔ ဒီေလာက္ေတာင္ ၾကမ္းတမ္းရတာလဲ!!"
ရွန႔္ကြမ္ေမာ့ေပက ႐ိုက္ခံရတဲ့ေနရာကို လက္နဲ႔ပြတ္ေနရင္း ေျပာလာတယ္။
"သူလား.. အဆင္ေျပတယ္ေလ.. မင္းဆီက အဆိပ္ကို ပါးစပ္နဲ႔ စုပ္ထုတ္လိုက္လို႔ သူ႔ပါ အဆိပ္မိသြားတာ..အခုေတာ့ အဆင္ေျပေနၿပီ"
အဲဒီေတာ့မွသာ ေရွာင္းက်န႔္ သက္ျပင္းခ်ႏိုင္သြားၿပီး အိပ္ရာေပၚ ျပန္လွဲခ်လိုက္တယ္၊ ရွန႔္ကြမ္ေမာ့ေပက တစ္ခုခုကို သံသယျဖစ္ေနတဲ့ပုံနဲ႔ ေလသံေလွ်ာ့ခ်ၿပီး ေမးလာတယ္။
"မင္းကိုေမးရအုံးမယ္"
"ဟမ္?"
ေရွာင္းက်န႔္က သူ႔ရဲ႕လွ်ိဳ႕လွ်ိဳ႕ဝွက္ဝွက္ပုံစံကို နားမလည္သလို ၾကည့္မိသြားတယ္၊ ရွန႔္ကြမ္ေမာ့ေပက မ်က္ေတာင္ ႏွစ္ခ်က္ေလာက္ ဆင့္ခတ္လိုက္ၿပီး။
"အဲဒီ ျမည္းေခါင္းတုံးက မင္းကိုမ်ား ႀကိဳက္ေနသလား?"
240202