He Dufo [何渡佛] •COMPLETED•

By NTNO1823

296K 45.3K 6.8K

"အမှန်စင်စစ် အတွင်းအထိ ဗလာနတ္ထိ ဖြစ်ရိုးမှန်ရင် ဘယ်လိုကြောင့် ငါ့ကို မကြည့်ဝံ့သလဲ" ⚠️ BJYX, Yizhan, Adventure... More

Warning
1 (Vol 1)
1 (Z)
2
3
4
5
6
7
8
9
10
11
12
13
14
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31(Vol 2)
32
33
34
35
36
37
38
39
40
41
42
43
43 (Z)
44
45
46
47
48
49
50
51
51 (z)
52
53
54
55
56
57
58
59
60
60 (z)
61
62
63
64 (Vol 3)
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93 (final)
Extra 1
Extra 2
Extra 3
Extra 4
78 (z)
93 (final) z
Extra 2 (z)
Extra 1 (z)
Extra 3 (z)
Exta 4 (z)

15

2.9K 458 46
By NTNO1823

အပိုင်း။ ၁၅

ရန်ကျိုးမြို့ထဲသွားတဲ့လမ်းမှာ ၀မ်ရိပေါ်ပြောတဲ့စကားကို ရှောင်းကျန့် ပြန်တွေးနေမိတယ်။

ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတဲ့ ကျောင်းတိုက်ဟယ်ရှန် ရွမ်ရိက ၀မ်ရိပေါ်ရဲ့ဆရာတူအစ်ကို ဖြစ်နေတာကြောင့် ၀မ်ရိပေါ်ဆီမှာ မူမမှန်တဲ့ တုံ့ပြန်မှုတွေ မြင်ရတာဆိုတာက တရားနည်းလမ်းကျတယ်၊ ဒါပေမဲ့ ၀မ်ရိပေါ်က အဲဒီတစ်ခွန်းကလွဲပြီး ဘာကိုမှထပ်မပြောတော့ဘူး။

သူတို့တွေက ဘယ်ကလာကြတာလဲ? ဘာကြောင့် ကွဲကွာသွားခဲ့တာလဲ? ဘာဆိုဘာမှကို မသိရဘူးဖြစ်နေတာ။

ဒါပေမဲ့ ရှောင်းကျန့် မလောပါဘူး၊ ဘာပဲဖြစ်ဖြစ် အမှန်တရားကို သူ ရအောင်စုံစမ်းမှာလေ။

ရှောင်းကျန့်နဲ့ ၀မ်ရိပေါ်က ရှောင်လုကျစ်ကိုခေါ်ပြီး မြို့ကိုသွားတယ်၊ မြို့အ၀င်တံခါးနား ရောက်လာတော့ ရှောင်းကျန့်က ရှောင်လုကျစ်ကို ဆေး၀ယ်ဖို့အတွက် ငွေစတချို့ ထုတ်ပေးလိုက်တယ်၊ ရှောင်လုကျစ်က မအီမလည်မျက်နှာနဲ့ ငွေတုံးကိုယူလိုက်ပြီး ကျောက်စိမ်းပြားကို ရှောင်းကျန့်လက်ထဲ ပြန်ထည့်ပေးတယ်။

ရှောင်းကျန့်က ကျောက်စိမ်းပြားကို လေထဲမြှောက်ပစ်ကာ ဆော့ကစားလိုက်ပြီး။

"ကောင်စုတ်လေး မင်းက စကားတော့တည်သားပဲ"

ရှောင်လုကျစ်က မျက်နှာမဲ့ပြလာပြီး။

"ဆရာတူအစ်ကိုကြောင့်မို့လေ..မဟုတ်ရင် မင်းကိုပြန်ပေးမနေဘူး"

ရှောင်းကျန့်က ကိုရင်လေးရဲ့ခေါင်းကို ပုတ်လိုက်ပြီး။

"မလိမ်မာတဲ့ကလေးကို ဘယ်သူမှမကြိုက်ဘူး"

"ဟွန့်.. မင်းကိုလဲ ဘယ်သူမှ မကြိုက်ပါဘူး"

ရှောင်လုကျစ်က ရှောင်းကျန့်ကို တစ်ခွန်းမကျန် ပြန်ပက်ပြီးတာနဲ့ ကျောမှလွယ်ထားတဲ့ ပဝါဦးထုပ်ကိုချွတ်ကာ ၀မ်ရိပေါ်ဘက် ကမ်းပေးလိုက်တယ်။

"သာ့ရှီး ဒါကိုဆောင်းသွားပါ.. သာ့ရှီးက ဟယ်ရှန်ဆိုတာကို မြို့ထဲကလူတွေ မမြင်စေနဲ့"

၀မ်ရိပေါ်က ကျေးဇူးတင်ကြောင်းပြောပြီး လက်ခံလိုက်တာနဲ့ ရှောင်လုကျစ်က အနားကနေ ပြေးထွက်သွားတယ်၊ သိပ်မကြာခင်မှာပဲ လူကြားထဲ တိုး၀င်ပြီး ပျောက်ကွယ်သွားခဲ့တယ်။

ရှောင်လုကျစ် နောက်ကျောကို လိုက်ကြည့်နေတဲ့ ရှောင်းကျန့်က ဝမ်ရိပေါ်ဘက်လှည့်လာပြီး။

"သူက ပန်ကုန်းကိုကျ ကောင်းကောင်းမဆက်ဆံဘူး.. မင်းကိုကျ ဘာလို့ ဒီလောက်တောင် ကောင်းနေရတာလဲ.. ဆေးဖိုးပေးတဲ့လူက ပန်ကုန်းဟာ"

၀မ်ရိပေါ်က ဦးထုပ်ဆောင်းလိုက်ပြီမို့ ပဝါအောက်ကနေ ရယ်သံသဲ့သဲ့ ထွက်ပေါ်လာတယ်။

"ကလေးတွေက သဘောကျကြောင်း ထုတ်ပြောရမှာ ရှက်ကြတယ်"

ဒီစကားကြားတော့ ရှောင်းကျန့်က ပိတ်ကျဲသားပဝါနားထိ တိုးကပ်သွားလိုက်ပြီး။

"မင်းငယ်ငယ်တုန်းကကော ဒီလိုပဲလား?"

ပဝါက လုံခြုံအောင်ကာထားတာမို့ ၀မ်ရိပေါ်ရဲ့ မျက်နှာအမူအယာကို ရှောင်းကျန့် မတွေ့ရဘူး၊ ပဝါနောက်ကနေ ပေါ့ပါးတဲ့ စကားသံပဲ ထွက်လာတယ်။

"သွားရအောင်"

လက်ထဲမှာ တော်၀င်ကျောက်စိမ်းပြားရှိနေတဲ့အခါ ရှောင်းကျန့်ရဲ့ခြေလှမ်းတွေက ခါတိုင်းထက် ပိုပေါ့ပါးတယ်၊ သူက မြို့ထဲက အချိန်းအချက်လုပ်ထားတဲ့ လျှို့ဝှက်နေရာကို၀င်ပြီး ပိုက်ဆံ၀င်ယူတယ်၊ နောက်တော့ သူ့အတွက် ပဝါဦးထုပ်တစ်လုံး ဝယ်လိုက်တယ်။

ဝမ်ရိပေါ်ရော ရှောင်းကျန့်ပါ ၀တ်စုံအသီးသီး လဲလိုက်ကြတယ်၊ ရှောင်းကျန့်က ဖျင်သား၀တ်စုံကို ချက်ချင်းပစ်ချပြီး ပန်းရိပ်တွေပါတဲ့ ဘရိုကိတ်၀တ်စုံကို လဲ၀တ်တယ်၊ နှစ်ယောက်လုံးက အရပ်ရှည်ပြီး ကိုယ်နေဟန်ထား ကြော့ရှင်းကြတာမို့ မျက်နှာကို အုပ်ကွယ်ထားတာတောင် လမ်းသွားရင် ထင်ပေါ်နေတယ်၊ ချမ်းသာတဲ့အိမ်တော်သခင်လေးတွေ အလည်အပတ် ခရီးထွက်လာတာနဲ့ တူနေတယ်။

နှစ်ယောက်သား လျှို့ဝှက်နေရာကနေ ထွက်လာပြီး ရုံးတော်ဘက်ကို ဦးတည်လိုက်တယ်၊ လမ်းမှာ ရှောင်းကျန့်ကဝမ်ရိပေါ်နားကပ်ပြီး တီးတိုးစကားဆိုတယ်။

"ရုံးတော်ရောက်ရင် ပန်ကုန်းရဲ့အမူအယာကိုကြည့်ပြီး အလိုက်အထိုက်ပြောပေး သိလား"

၀မ်ရိပေါ်က နားမလည်သလို ကြောင်အမ်းအမ်းနဲ့ ပြန်ကြည့်လာတယ်။

ရှောင်းကျန့်က ကျစ်ခနဲ့ စုတ်သတ်လိုက်ပြီး။

"တခြားဟာတွေက ပြောင်းလဲဖို့လွယ်ပေမဲ့ အသံကတော့ ပြောင်းရခက်တယ်လေ.. ပန်ကုန်း မင်းသမီးနေရာ ရောက်နေပြီဆိုရင် စကားသိပ်မပြောတာကို မင်း သတိမထားမိဘူးလား.. စကားပြောရရင်တောင် တိုးတိုးပဲပြောတာ.. အဲလို တမင်လုပ်ပြောရတာ ပင်ပန်းလွန်းတယ်.. များသောအားဖြင့် ငယ်သားတွေပဲ အကုန်ပြောပေးတာ.. ပြောချင်တာ သဘောပေါက်လား"

ဝမ်ရိပေါ်က ရယ်ချင်သလိုမျက်နှာပေး ဖြစ်သွားပြီး။

"ငယ်သား သဘောပေါက်ပါပြီ"

ရှောင်းကျန့်လဲ မနေနိုင်ဘဲ ရယ်ချလိုက်တယ်၊ အဲဒီနောက်တော့ နှစ်ယောက်သား ရုံးတော်ဘက်ကို ဆက်လျှောက်လာကြတယ်၊ တံခါးနားရောက်ချိန်မှာတော့ မထင်မှတ်ထားတဲ့ ရုတ်ရုတ်သဲသဲ အခြေအနေတစ်ခုနဲ့ ကြုံလိုက်ရတယ်။

ဘုန်းတန်ခိုးကြီးတဲ့ ရုံးတော်က ခါတိုင်းလို တည်ငြိမ်မနေဘူး၊အသားစိမ်း၊ ငါးစိမ်းစျေးလို ဆူညံရှုပ်ထွေးနေတယ်၊ ခြင်္သေ့ရုပ်ကြီးရဲ့အရှေ့က နေရာလွတ်ကိုအစောင့်တွေက စက်ဝိုင်းပုံစံ ဝိုင်းထားတယ်၊ ပတ်၀န်းကျင်မှာလဲ ရပ်ကြည့်နေတဲ့လူတွေနဲ့ ကြိတ်ကြိတ်တိုး စည်ကားနေတာကို တွေ့လိုက်ရတယ်။

အဲဒီ စက်ဝိုင်းရဲ့အလယ်ဗဟိုကနေ ယောက်ျားတစ်ယောက်ရဲ့ အော်သံထွက်လာတယ်။

"ကျုပ်ကို ၀င်ခွင့်ပေး ! "

အစောင့်တွေက ဓားတွေလှံတွေနဲ့ ပိတ်ကာထားပြီး တားမြစ်တယ်။

"ဒီနေရာကရုံးတော် မင်းလိုလူကို ဘာလို့ လွယ်လွယ်ပေး၀င်ရမှာလဲ"

"ဘာကို ရုံးတော်လဲ.. ဒီနေရာက မိန်းကလေးတွေကို အလိုမတူဘဲ ဖိအားပေးခိုင်းစေနေတဲ့ ကလိမ်ကျစ်တွေနေတဲ့နေရာ! "

အဲဒီအသံထွက်လာတာနဲ့ တစ်ပြိုင်နက် မီးခိုးရောင်ဖျော့ဖျော့ ဖျင်သား၀တ်စုံကို ဝတ်ထားတဲ့ လူတစ်ယောက်က အစောင့်တွေကို တွန်းတိုက်ပြီး အထဲဝင်ဖို့ လုပ်တာကို တွေ့လိုက်ရတယ်၊ အစောင့်တွေကတော့ သူ့ကို ကြက်ကလေး ဌက်ကလေးဖမ်းသလို အလွယ်တကူပဲ ပြန်ဖမ်းထားကြတယ်။

ရှောင်းကျန့်တို့က မလှမ်းမကမ်းကနေ အခြေအနေကို အကဲခတ်နေတာ၊ အစောင့်လက်ထဲမှာ ခက်ခက်ခဲခဲ ရုန်းကန်နေတဲ့လူရဲ့မျက်နှာ သူ့ဘက်လှည့်လာချိန်မှာတော့ ရှောင်းကျန့် ကြက်သေ,သေသွားပြီး။

"ရှန့်ကွမ်!"

ခေါ်သံကြားလိုက်တဲ့အခါ ရှန့်ကွမ်မော့ပေက ချက်ချင်းလှည့်ကြည့်လာတယ်၊ ဒါပေမဲ့ ပိုးပဝါအုပ်ထားတဲ့ လူနှစ်ယောက်ကို ဘယ်သူတွေမှန်း သူမှန်းလို့မရဘူး။

အဲဒီအချိန်မှာပဲ ငေးကြောင်နေတဲ့သူ့ကို တာ၀န်ကျတဲ့ခေါင်းဆောင်က ဖမ်းထားပြီး ခြိမ်းခြောက်လိုက်တယ်။

"ကြိမ်ဒဏ် အချက် ၅၀ ပေးလိုက်စမ်း.. ရိုက်ခံရပြီးရင် မဆင်မခြင် လာလုပ်ရဲသေးလား ကြည့်ရအောင်"

အမိန့်ရလာတာနဲ့ အသင့်ချိန်ရွယ်ထားတဲ့တုတ်က လူပေါ် တန်းကျလာတာပဲ၊ ရှန့်ကွမ်မော့ပေဆီက နာကျင်စွာ အော်သံ ထွက်လာတယ်၊ အဲဒီအချိန်မှာပဲ လူအုပ်ကြားကနေ ရုတ်တရက် တားမြစ်သံထွက်ပေါ်လာခဲ့တယ်။

"ရပ်လိုက်စမ်း!"

အသံနဲ့အတူ ပိုးပဝါအုပ်ထားတဲ့ လူတစ်ယောက် လှေကားနားကို လျှောက်လာတယ်၊ အဲဒီလူက ရှောင်းကျန့်ကလွဲရင် တခြားဘယ်သူ ဖြစ်အုံးမှာလဲ။

"မင်းက ဘယ်သူမို့ တာ၀န်ကို လာနှောင့်ယှက်တာလဲ?"

အစောင့်က ခပ်မာမာ လှမ်းမေးတယ်။

ရှောင်းကျန့်က ကျောက်စိမ်းပြားကို အစောင့်လက်ထဲ ပစ်ပေးလိုက်ပြီး။

"မင်းတို့လူကြီးမင်းကို သွားခေါ်စမ်း"

တာ၀န်ကျ ခေါင်းဆောင်က အစကတော့ အလျော့မပေးချင်ဘူး၊ ဒါပေမဲ့ ခေါင်းဆောင်နေရာကို ရောက်နေတယ်ဆိုတာက မျက်စိရှင်လို့ပဲ၊ ကြည့်လိုက်တာနဲ့တင် ဒီလူ့အရှိန်အဝါက သာမန်မဟုတ်မှန်း သတိထားမိလိုက်တယ်၊ ဒါကြောင့် ချက်ချင်း အထဲကို ပြေးဝင်သွားပြီး သတင်းသွားပို့တယ်။

အမွှေးတိုင် တစ်ဝက်စာလောက် ကုန်သွားချိန်မှာတော့ ရုံးတော်ကလူကြီးမင်းဆိုသူ အရှေ့ကို ပျာပျာသလဲ ရောက်ချလာတယ်၊ အရာရှိဆိုပေမဲ့ လူပုံစံက ကြမ်းတမ်းပြီး သိုင်းလောကသားနဲ့ တူတယ်၊ လက်ထဲမှာ အမည်းရောင် အရာရှိဦးထုပ်ကိုင်ထားတယ်၊ မသပ်မရပ်ပုံစံကို ကြည့်တာနဲ့တင် သတင်းပို့တာနဲ့ ကသောကမျော ပြေးထွက်မှန်း သိသာတယ်၊ အနောက်မှာတော့ နောက်လိုက်အစေအပါး တပြုံတမကြီး ပါလာတယ်။

ရှောင်းကျန့်ကို တွေ့တာနဲ့ လူကြီးမင်းဖြစ်သူက ချက်ချင်းဒူးထောက်ချတယ်၊ ရှောင်းကျန် စိတ်မပါတပါနဲ့ လက်ချောင်းတွေကို လှုပ်ရှားပြီး သူ့ကိုပြန်ထခွင့်ပြုလိုက်တယ်၊ အဲဒီနောက်တော့ တန်ဖိုးကြီး ဘရိုကိတ်၀တ်ရုံကိုခါပြီး ရုံးတော်ထဲကို အေးအေးဆေးဆေး လျှောက်ဝင်သွားခဲ့တယ်။

ပင်မခန်းမဆောင်ထဲ ရောက်တဲ့အခါမှာတော့ ရှောင်းကျန့်က ပိုးပဝါစကို မ,လိုက်ပြီး အတူပါလာတဲ့ ရှန့်ကွမ်မော့ပေကို ကြည့်လိုက်တယ်၊ ပဝါအောက်က မျက်နှာကို မြင်သွားတာနဲ့ ရှန့်ကွမ်မော့ပေက အလန့်တကြား ထအော်တယ်။

"မင်းကိုး ! "

စကားပြောနေတဲ့နှစ်ယောက်ကို ကြည့်ပြီး ရန်ကျိုးလူကြီးမင်းလဲ ချွေးစေးပြန်လာတယ်။

သွားပြီ၊ ဧကရာဇ်သမီးတော်ရဲ့လူကို ရိုက်မိလို့ ရာထူးပြုတ်တော့မယ် ထင်တယ်။

"ယန်လူကြီးမင်းက ရန်ကျိုးမှာ အတော်လေး ဩဇာကြီးနေတယ် ကြားတယ်"

ရှောင်းကျန့်က ပင်မခန်းမဆောင်ရဲ့ထိပ်ဆုံးကခုံမှာ ၀င်ထိုင်လိုက်ပြီး စကားစတယ်၊ ပိုးပဝါအောက် ထွက်လာတဲ့ စကားသံက တိုးလျညင်သာပေမဲ့ အသွားထက်တဲ့ ဓားပါးပါးတစ်လက်လို ကြက်သီးထစရာကောင်းတယ်။

ယန်လီမှာ ဆက်ရပ်မနေရဲတော့ဘဲ ကြမ်းပေါ် ဒူးထောက်ချလိုက်ပြီး။

"ခွင့်လွှတ်ပေးပါ အရှင်မင်းသမီး.. ဒီလူငယ်လေးက အရှင်မင်းသမီးလူမှန်း ကျွန်တော်မျိုး တကယ်မသိလို့ပါ..ခွင့်လွှတ်ပေးပါ"

အစေခံက အခါးရည်လာချပေးတယ်၊ ကျွန်းကုလားထိုင်မှာထိုင်နေတဲ့ ရှောင်းကျန့်က ကြွေခွက်ကို လက်တစ်ဖက်တည်းနဲ့ လှမ်းယူလိုက်တယ်၊ ၀မ်ရိပေါ်ကတော့ မှာထားတဲ့အတိုင်း အတိအကျပဲ၊ အပါးတော်မြဲ တစ်ယောက်လို ရှောင်းကျန့်အနောက်မှာ ရပ်နေတယ်။

ကြွေခွက်ယူလိုက်လို့ ထွက်လာတဲ့ ချွင်ခနဲ အသံကလွဲရင် ခန်းမကြီးထဲမှာ အပ်ကျသံ ကြားရလောက်အောင် တိတ်ဆိတ်နေတယ်၊ အဲဒီအသံက ဒူးထောက်နေတဲ့ ယန်လီကို ဆတ်ခနဲ တုန်သွားစေတယ်။

ယန်လီ ဧကရာဇ်သမီးတော် လက်အောက်မှာ အမှုထမ်းခဲ့တာ၊ လက်ရှိရာထူးကိုလဲ တော်၀င်မင်းသမီးကပဲ တိုးမြှင့်ပြီး ခန့်အပ်ခဲ့တာ၊ သူဖက်ထားတဲ့ရွှေပေါင်ကြီးက ဘယ်လိုလုပ် ရန်ကျိုးကိုရောက်လာမှန်း ယန်လီ မသိတော့ဘူး။

ဧကရာဇ်ရဲ့သမီးတော်က ထျန်ယွမ်ကို ထွက်သွားတာ မဟုတ်ဘူးလား?

ဒါပေမဲ့ သူ့လိုလူက မေးခွန်းထုတ်ရဲပါ့မလား၊ မင်းသမီးနားမှာ အမှုထမ်းခဲ့တာမို့ သူ့စိတ်ကို ကောင်းကောင်းနားလည်တယ်၊ သူ့အပိုင်ကို လာထိရင် ဘယ်သူ့မျက်နှာမှမကြည့်ဘဲ မညှာမတာထောင်းလိမ့်မယ်၊ ဒါကိုတွေးမိပြန်တော့ ယန်လီခန္ဓာကိုယ်ကြီးက ပိုလို့တောင် တုန်ယင်လာတယ်။

ရှောင်းကျန့်က အခါးရည်ခွက်ကို ပြန်ချထားလိုက်ပြီး ရှန့်ကွမ်မော့ပေဘက်ကို လက်ညိုးထိုးပြလိုက်တဲ့အခါ ဝမ်ရိပေါ်က အလိုက်တသိ ပြောပေးတယ်။

"သူ့ကိုခေါ်ထုတ်သွား"

၀မ်ရိပေါ်စကားကြောင့် ရှောင်းကျန့်က ဆတ်ခနဲလှည့်ပြီး မျက်စောင်းခဲပြလိုက်တယ်၊ အဲဒီတော့မှ ၀မ်ရိပေါ်က ချောင်းဟန့်လိုက်ပြီး ပြန်ပြင်ပြောတယ်။

"သမားတော် ခေါ်လိုက်"

ဒီလိုကမှ ဟုတ်သေးတယ်ဆိုတဲ့သဘောနဲ့ ရှောင်းကျန့်က ၀မ်ရိပေါ်ဘက် ထပ်လှည့်ကြည့်တယ်၊ သူတို့နှစ်ယောက်ကြားမှာ ချက်ခနဲဆိုတာနဲ့ နားခွက်မီးတောက်နိုင်ဖို့ တော်တော်လေး အလှမ်းဝေးသေးတာပဲလို့တောင် ရှောင်းကျန့် တွေးလိုက်မိတယ်။

ဒါပေမဲ့ ဝမ်ရိပေါ်က ရှောင်းကျန့်ရဲ့ နောက်ဆန္ဒတစ်ခုကို အလွယ်တကူ ခန့်မှန်းလိုက်နိုင်တယ်။

"အရှင်မင်းသမီး ပင်ပန်းလာတာမို့ အနားယူဖိို့ ပြင်ဆင်ထားလိုက်ပါ"

အမိန့်ရတာနဲ့ ယန်လီလဲ မနှောင့်နှေးရဲဘဲ ညွှန်ကြားဖို့အတွက် နေရာကနေ ချက်ချင်း ထွက်သွားတယ်။

ခလုပ်တိုက်မိသွားတာမြင်တော့ ရှောင်းကျန့် အသံထွက်ရယ်လိုက်ပြီး ခန်းမထဲမှာ လူကုန်သွားတဲ့အထိ စောင့်လိုက်တယ်၊ ပြီးတာနဲ့ ဘေးကခုံမှာ ဖင်တစောင်းဝင်ထိုင်နေတဲ့ ရှန့်ကွမ်မော့ပေဘက် လှည့်ကြည့်ပြီး။

"မင်းက ဘာလို့ ဒီရောက်နေတာလဲ?"

ရှန့်ကွမ်မော့ပေက ဘာမှမပြောခင် ဟွန့်ခနဲ နှာအရင်မှုတ်တယ်။

ရှန့်ကွမ်မော့ပေကို တံငါသည်မိသားစုက မြစ်ထဲကနေ ကယ်ထားခဲ့တာ၊ အဲဒီမိသားစုရဲ့သမီးကသူ့ကို ပြန်လည်ကျန်းမာလာအောင် ပြုစုပေးခဲ့တယ်၊ ဒါပေမဲ့ တံငါသည်မိသားစုက သိပ်ဆင်းရဲတာမို့ မိန်းကလေးကို အစေခံအဖြစ် ရုံးတော်ကို ရောင်းစားလိုက်ရတယ်၊ သူ့ကိုကယ်ခဲ့တဲ့ မိန်းမလှလေးမှာ ဆွဲခေါ်တဲ့နောက်ကို တငိုငို တရယ်ရယ်နဲ့ ပါသွားတာမို့ ရှန့်ကွမ်မော့ပေလဲ မနေနိုင်ဘဲ ရုံးတော်အထိ လိုက်လာခဲ့တာပဲ။

"အိုက်ရား လူငယ်လေး.. မင်းက တကယ့် တဇောက်ကန်းပါလား.. အထဲမရောက်ဘဲ အရိုက်ခံရပြီး သေသွားနိုင်တာကို မင်းခေါင်းကြီးက မတွေးမိဘူးလား? ငါမရောက်လာရင် ဘယ်လိုလုပ်မလဲ"

ရှောင်းကျန့်က အားမနာတမ်း မှတ်ချက်ပေးလိုက်တယ်။

"လင်းမိန်းကလေးက ကျုပ်ကို ကောင်းကောင်းဆက်ဆံတဲ့လူ.. သူပြသနာတက်နေတာကို ဘယ်လိုလုပ်ပြီး မျက်နှာလွှဲခဲပစ် လုပ်နိုင်မလဲ"

ရှန့်ကွမ်မော့ပေက ငြိမ်မနေဘဲ ပက်ခနဲ ပြန်ပြောတယ်၊ ရှောင်းကျန့်က စုတ်တစ်ချက်သပ်လိုက်ပြီး။

"ကိုယ်လုပ်တော် လုပ်ရမှာမှ မဟုတ်တာ.. ရုံးတော်မှာ အစေခံလုပ်ဖို့ အရောင်းခံရတာ မဟုတ်ဘူးလား.. လူတိုင်းမှာ ကိုယ့်ကြမ္မာနဲ့ကိုယ် ရှိပြီးသား.. မင်းဘာလို့ ဒီလောက်ထိ လုပ်ဖို့လိုမှာလဲ"

"အစေခံလုပ်ရုံဆိုရင် ဘယ်သူက ဒီလောက်ထိ ဖြစ်နေမှာလဲ"

ရှန့်ကွမ်မော့ပေက ဒေါသထွက်သွားပြီး ခုံကို ဖြန်းခနဲ ရိုက်ချလိုက်တယ်၊ ပြီးမှ နာသွားတဲ့လက်ကို ပြန်ပွတ်နေရင်း။

"အဲဒီခွေးအရာရှိမင်းက လင်းမိန်းကလေးရဲ့ ရုပ်ရည်ကိုမြင်တော့ အတင်းဖိအားပေးပြီး ပန်းနတ်ဘုရားမ လုပ်ခိုင်းတာ"

ဒီစကားက ရှောင်းကျန့်ကို မင်တက်သွားစေရုံတင်မကဘူး၊ အနောက်မှာရှိနေတဲ့ ဝမ်ရိပေါ်ကိုပါ လှုပ်လှုပ်ရှားရှား ဖြစ်သွားစေတယ်။

"ပန်းနတ်ဘုရားမ?"

နှစ်ယောက်စလုံးဆီကနေ အာမေဋိတ်သံ တစ်ပြိုင်နက် ထွက်လာတယ်။

"ဟုတ်တယ်"

ရှန့်ကွမ်မော့ပေက ဒေါသတကြီး ဆက်ပြောတယ်။

"အဲဒီ ပန်းနတ်ဘုရားမ ရွေးပြီး ဘာလုပ်ကြမလို့လဲ.. ကျုပ်ကြားတာတော့ အရင်ကလဲ လူတွေအများကြီး သေပြီးပြီတဲ့.. အဲဒါကို ဒီလိုပွဲမျိုး ဆက်လုပ်ချင်ကြသေးတာလား.. မီးပုံမှန်းသိရဲ့နဲ့တော့ လင်းမိန်းကလေးကို ခုန်ချခွင့်မပြုနိုင်ဘူး"

ရှန့်ကွမ်မော့ပေ အဆက်မပြတ်ပြောနေတာကို နားထောင်ရင်း ဘာလို့များ ယန်လီက ချုံဟွာ ပန်းနတ်ဘုရားမ ပူဇော်ပွဲကို ပြန်လုပ်ဖို့ ကြိုးစားနေသလဲဆိုပြီး ရှောင်းကျန့် အဖြေရှာနေမိတယ်။

ဟယ်ရှန်တွေ ထွက်ပြေးကုန်လို့ ဘေးကင်းသွားပြီလို့ ထင်လို့လား? ဒါမှမဟုတ် မဖြစ်မနေလုပ်ရမဲ့ တခြားအကြောင်းအရင်းတစ်ခုခု ရှိနေသလား?

"မင်းရောက်လာတာ အချိန်ကိုက်ပဲ..ကျုပ်ကို ကူညီပြီး လင်းမိန်းကလေးကို ကယ်ပေးပါ"

ရှန့်ကွမ်မော့ပေက စကားကို အဆုံးသတ်ပြီး ရှောင်းကျန့်ကို တောင်းဆိုလိုက်တယ်။

"ပန်ကုန်းက မင်းကို ဘာလို့ကူညီရမှာလဲ?"

ရှောင်းကျန့် ပြန်မေးလိုက်တော့ ရှန့်ကွမ်မော့ပေက အကြံသမား လေသံနဲ့ ပြန်ပြောတယ်။

"ဘာလို့လဲဆိုတော့ ကျုပ်ဆီမှာ မင်းသမီးရဲ့ လူသိမခံနိုင်တဲ့ လျှို့ဝှက်ချက် ရှိနေတယ်လေ"

ရှောင်းကျန့် မျက်လုံးတွေကို မှေးကျဉ်းကာ ကြည့်လိုက်တယ်၊ ဝမ်ရိပေါ်က ပိုတောင်ဆိုးသေးတယ်၊ ရှောင်းကျန့်ဘက်က ဘာမှမပြောရသေးခင်မှာ သူက လက်သီးကျစ်ကျစ်ဆုပ်ထားပြီး ရှန့်ကွမ်မော့ပေကို စူးစူးစိုက်စိုက် ကြည့်နေတယ်၊ အရှေ့ကလူနှစ်ယောက်လုံးဆီက လာနေတဲ့ လူသတ်ချင်တဲ့ အရိပ်အငွေ့တွေကြောင့် ရှန့်ကွမ်မော့ပေ အနည်းငယ် ထစ်ငေါ့သွားပြီး။

"ဘာ_ဘာလဲ လူသတ်ပြီး နှုတ်ပိတ်ချင်နေတာလား.. လုပ်ရဲလုပ်ကြည့်ပါလား..ဧကရာဇ်ရဲ့သမီးတော်က မိန်းကလေးအယောင်ဆောင်ထားတဲ့ ယောက်ျားကြီးဆိုပြီး ကျုပ်က ရန်ကျိုးတစ်မြို့လုံး ပတ်ပြီးပြောပစ်__ အား! မြည်းခေါင်းတုံး ဘာလုပ်တာလဲ!!"

ရှန့်ကွမ်မော့ပေဘက်က ပြောလို့မပြီးခင်မှာဘဲ အခါးရည်ခွက်က သူ့မျက်နှာတည့်တည့်ကို ပျံလာတယ်၊ ရှောင်းကျန့်ရဲ့ အခါးရည်ခွက်က မူလနေရာမှာ မရှိတော့ဘူး၊ ပစ်လိုက်တဲ့လူကတော့ ဝတ်ရုံလက်ကို ပြန်သိမ်းလိုက်ပြီး ဘာမှမလုပ်ထားသလို မူလနေရာမှာ တည်ငြိမ်စွာ ရပ်နေတယ်၊ ဒီနေရာကနေ တစ်ခါလေးမှမရွေ့ခဲ့သလို ရပ်နေရင်း ပေါ့ပေါ့ပါးပါး ပြန်ပြောတယ်။

"လက်ချော်သွားတာ"

"ဒီ မြည်းခေါင်းတုံးတော့!!!"

ခွက်က ရှန့်ကွမ်မော့ပေကို မထိပါဘူး၊ ဒါပေမဲ့ လှည့်ရှောင်လိုက်ရတော့ တင်ပါးက အရိုက်ခံထားရတဲ့ဒဏ်ရာက နာသွားတယ်၊ သူနဲ့မဆိုင်သလို ခပ်တည်တည်လုပ်နေတဲ့ ဝမ်ရိပေါ်ကို ရှန့်ကွမ်မော့ပေ ရိုက်ပစ်ချင်သွားတယ်။

ရှောင်းကျန့် ပြုံးရုံပြုံးလိုက်မိတယ်၊ သူတို့နှစ်ယောက် ရေထဲအတူကျသွားပြီး ဖက်တွယ်ရုန်းကန်ခဲ့ရမှတော့ သူ့ရဲ့သရုပ်မှန်ကို ဆက်ဖုံးထားလို့ မရလောက်ဘူးလို့ ရှောင်းကျန့် တွေးမိပြီးသားပါ၊ အဲဒီတုန်းက ရှန့်ကွမ်မော့ပေက လန့်ဖျပ်ပြီး မသိခဲ့ရင်တောင် နောက်ပိုင်း သတိကောင်းကောင်းပြန်ရပြီး တွေးမိရင်း အဖြေပေါ်သွားမှာပဲလေ။

ရှောင်းကျန့်က မလောပါဘူး၊ ၀မ်ရိပေါ်ကို လက်ကာပြလိုက်ပြီး ရှန့်ကွမ်မော့ပေကို ပြောလိုက်တယ်။

"ဒီကိစ္စနဲ့ ပန်ကုန်းကို ခြိမ်းခြောက်ခဲ့တဲ့ နောက်ဆုံးလူပေါ်မှာ ဖုံးနေတဲ့မြက်တွေက မင်းအရပ်ထက်တောင် ကျော်နေပြီဆိုတာကော သိရဲ့လား"

ရှန့်ကွမ်မော့ပေ လည်ပင်းယားသွားတယ်၊ ဒါပေမဲ့ သူ့အသံကတော့ ခိုင်မာနေတုန်းပဲ။

"ဒါတွေ ကျုပ်မသိချင်ဘူး.. လင်းမိန်းကလေးအတွက်ဆိုရင် အသက်ကိုစတေးရလဲ လုပ်ရမှာပဲ"

ရှောင်းကျန့်က သက်ပြင်းဖွဖွ ချလိုက်ပြီး။

"လူငယ်လေးတွေကတော့__"

အမြဲတမ်း တဆုံးထိ တွေးတော့တာပဲ။

ရှောင်းကျန့်က သက်ပြင်းထပ်ချပြီး။

"အဲဒီလင်းမိန်းကလေးကို မကယ်ဘူးလို့ ပန်ကုန်းမပြောဘူး..ယန်လီ လင်းမိန်းကလေးကို မျက်စိကျသွားတာ သူ့ရုပ်ရည်ကြောင့်မလား.. ဒါဆို သူ့အစား တခြားတစ်ယောက် ရှာပေးလိုက်ရင်ရမှာပေါ့"

"ပြောသလောက် လွယ်တယ်များ ထင်နေလား.. အပြင်ကိုထွက်ပြီး စုံစမ်းကြည့်လိုက်အုံး.. ရန်ကျိုးမှာ ပန်းနတ်ဘုရားမ ဖြစ်ချင်တဲ့မိန်းကလေး လုံးဝမရှိဘူး"

ရှန့်ကွမ်မော့ပေက အပြီးအပြတ်ပြောလာတယ်။

"ဘယ်သူမှ မလုပ်ချင်တဲ့အတူတူ အဲဒီခွေးလူကြီးမင်းကို အမိန့်ပေးပြီး ပွဲဖျက်ခိုင်းလိုက်.. မင်းက တော်၀င်မင်းသမီးပဲဟာ.. ဘယ်သူက မင်းစကားကို ပယ်ရှားရဲမှာလဲ"

"မင်းတော်တော်တုံးအတာပဲ"

ရှောင်းကျန့် အော်လိုက်ပြီး စားပွဲခုံကို လက်ချောင်းထိပ်နဲ့ တတောက်တောက် ခေါက်နေတယ်။

"ပွဲဖျက်ခိုင်းလို့ ရမယ်များ ထင်နေသလား.. ယန်လီက ဘယ်သူမှမလိုလားမှန်း သိနေတာတောင် ရအောင်လုပ်ဖို့ကြိုးစားနေတာ.. ဒီ ပန်းနတ်ဘုရားမရွေးချယ်ပွဲက သူ့အတွက် အရေးပါတယ်ဆိုတာ သိသာတယ်.. လူ့အသက်သေမှာထက်တောင် အရေးကြီးတဲ့ရည်ရွယ်ချက် ရှိနေတယ်.. ဒါကို ဘယ်လိုနည်းနဲ့ တားရမှာလဲ.. တားတဲ့လူကို သူဘာပြန်လုပ်မလဲ မင်းတွေးကြည့်ဖူးသလား"

ရှောင်းကျန့် ပြောနေတာကို နားထောင်နေရင်း တရားနည်းလမ်းကျတယ်လို့ ရှန့်ကွမ်မော့ပေ ထင်လာတယ်၊ ဒါပေမဲ့ ခေါင်းမာစွာ ပြောနေတုန်းပဲ။

"ဒါ_ဒါပေမဲ့ သူက လူတိုင်းကို သတ်လို့မရဘူးလေ.. ပြီးတော့ မင်းက မင်ကျောက်ဧကရာဇ်ရဲ့ သမီးတော်ဟာ"

"နဂါးဆိုရင်တောင် နယ်မြေကျွမ်းတဲ့ ဒေသခံမြွေကို နိုင်ဖို့မလွယ်ဘူး"

"မင်းမမေ့နဲ့.. မင်ကျောက်ရဲ့သမီးတော်က ထျန်ယွမ်မှာ ရှိနေရမှာ.. ပန်ကုန်းဒီရောက်နေတာ ဘယ်သူမှမသိဘူး..သူ့ဘက်က ပန်ကုန်းကို လုပ်ကြံလိုက်ရင်တောင် သံသယ၀င်မဲ့လူ ရှိမှာမဟုတ်ဘူး "

ရှောင်းကျန့်က တည်တည်ငြိမ်ငြိမ်နဲ့ အခြေအနေကို သုံးသပ်ပြလိုက်တယ်။

"ပန်ကုန်းက ထျန်ယွမ်မသွားဘဲ တိတ်တိတ်လေး ဆင်းလာတာ.. လက်ထဲမှာ ဘာအာဏာမှ မရှိဘူး.. သူ့ကို ဘာလုပ်ခိုင်းလို့ ရမှာလဲ"

ရှန့်ကွမ်မော့ပေက မျက်မှောင်ကြီး ကြုတ်သွားပြီး။

"မင်းပြောချင်တာက လင်းမိန်းကလေးကို မကယ်နိုင်ပေးနိုင်ဘူးပေါ့"

"သူ့ကို မကယ်ဘူးလို့ ပန်ကုန်းမပြောမိပါဘူး"

ရှောင်းကျန့်က ရှန့်ကွမ်မော့ပေကို မျက်စောင်းခဲ ကြည့်လာပြီး။

"သူ့ကို ပန်းနတ်ဘုရားမလုပ်ခိုင်းပြီး ပန်ကုန်းတို့ ဘေးကစောင့်ကြပ်နေမယ်.. အခုလက်ရှိမှာ နတ်ဆိုးဟယ်ရှန်မပြောနဲ့.. မိုင်တစ်ရာပတ်လည်အတွင်းမှာတောင် ဟယ်ရှန်တစ်ယောက်ပဲရှိမယ်.. သူကလဲ ငါတို့ဘေးမှာ.. ဒီတော့ ပန်းနတ်ဘုရားမကို ဘယ်သူကလာပြီး ထိခိုက်အောင် လုပ်နိုင်မှာလဲ"

ရှန့်ကွမ်မော့ပေက နှုတ်ခမ်းတင်းတင်းစေ့ထားပြီး ၀မ်ရိပေါ်ကို လှမ်းကြည့်တယ်၊ ဒါပေမဲ့ ဝမ်ရိပေါ်ဆီက လူသတ်ချင်နေတဲ့ အရှိန်အဝါတွေ ခံစားလိုက်ရတဲ့အခါ အကြည့်ကို ချက်ချင်း ရုတ်သိမ်းလိုက်ပြီး။

"ဒါပေမဲ့ ကျုပ်စိတ်ပူသေးတယ်.. သူ့ကို မလုပ်ခိုင်းတာ အကောင်းဆုံးလို့ ထင်တယ်"

"ဟိုဟာလဲ အလုပ်မဖြစ်.. ဒီဟာလဲ အလုပ်မဖြစ်နဲ့.. မင်းပြောတော့ အစားထိုးဖို့ လူရှာဖို့ မလွယ်ဘူးဆို"

ရှောင်းကျန့် စိတ်တိုတိုနဲ့ ရှန့်ကွမ်မော့ပေကို အော်လိုက်တယ်။

ဒီကိစ္စက အန္တရာယ်များမှန်း ရှောင်းကျန့်သိတယ်၊ ဒါပေမဲ့ ရှောင်းကျန့်တို့က ဒီနေရာနဲ့ မရင်းနှီးဘူး၊ သင့်တော်တဲ့လူကလဲ လွယ်လွယ်နဲ့တွေ့ဖို့ ခက်လိမ့်မယ်။

နောက်ပြီး မင်းသမီးတစ်ယောက်အနေနဲ့ ကောင်းမွန်တဲ့မိန်းကလေးတွေကို အတင်းဖိအားပေးပြီး ပန်းနတ်ဘုရားမ လုပ်ခိုင်းလို့မဖြစ်ဘူးလေ။

ဒီစကားကြားတော့ ရှန့်ကွမ်မော့ပေဘက်က သိသိသာသာ တိတ်ကျသွားတယ်၊ ခဏကြာတော့ မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း ရှောင်းကျန့်ကို ပြန်ကြည့်လာတယ်၊ သူ့ရဲ့ထူးဆန်းတဲ့အကြည့်ကို သတိထားမိသွားတာမို့ ရှောင်းကျန့်က ရင်ဘက်မှာ လက်နှစ်ဖက်နဲ့ ယှက်ကာလိုက်ပြီး။

"တကယ်ကြီးလား? အဲလိုအကြံအစည်မျိုး မင်းခေါင်းထဲမှာ တွေးရဲတယ်ပေါ့ ဟုတ်လား?"

ရှန့်ကွမ်မော့ပေက ရှောင်းကျန့်ကို ခေါင်းအစခြေအဆုံး ကြည့်လိုက်ပြီးမှ။

"ဒါအကောင်းဆုံးပဲ.. ပထမအချက်အနေနဲ့ မင်းက မိန်းကလေးလို ဟန်ဆောင်တာ ကျွမ်းတယ်.. ဒုတိယအချက်က မင်းက ကွန်ဖူးတော်တယ်.. တတိယအချက်က ကျုပ်လက်ထဲမှာ မင်းရဲ့လျှို့ဝှက်ချက်ရှိနေတယ်"

ရှန့်ကွမ်မော့ပေက လက်ချောင်း ၃ ချောင်းကို ကျကျနနချိုးပြီး အသေအချာ ပြောသွားတာ။

"ဒါကြောင့် မင်းက အသင့်တော်ဆုံး__"

စကားတောင်မဆုံးသေးဘူး တစ်ချိန်လုံး အသံတိတ်နေတဲ့ ၀မ်ရိပေါ်ဆီက စကားသံကို နှစ်ယောက်လုံး ကြားလိုက်ရတယ်။

"မရဘူး"

"ဟေး ခေါင်းတုံး ကာယကံရှင်တောင် ဘာမှမပြောသေးဘူး.. မင်းက ဘာဆိုင်လို့ ဝင်ပြောတာလဲ"

ရှောင်းကျန့်ပြန်ပြောဖို့ ပါးစပ်ဟလိုက်ရုံပဲ ရှိသေးတယ်၊ ၀မ်ရိပေါ်ရဲ့၀တ်ရုံအဖြူက အရှေ့ဘက်ကို ရောက်လာတယ်၊ ကျယ်ပြန့်တဲ့ပခုံးတစ်စုံနဲ့ သန်မာတဲ့ခါးက ရှောင်းကျန့်အရှေ့မှာ ပိတ်ကွယ်သွားတယ်၊ အဲဒီနောက်တော့ ရေခဲပြင်တမျှ အေးစက်မာကျောတဲ့စကားသံ ထပ်ထွက်လာတယ်။

"မရဘူးလို့ ကိုယ်တော် ပြောနေတယ်"

240129

⇝⇝⇝⇝✥⇜⇜⇜⇜

အပိုင္း။ ၁၅

ရန္က်ိဳးၿမိဳ႕ထဲသြားတဲ့လမ္းမွာ ၀မ္ရိေပၚေျပာတဲ့စကားကို ေရွာင္းက်န္႔ ျပန္ေတြးေနမိတယ္။

ကိုယ့္ကိုယ္ကို အဆုံးစီရင္သြားတဲ့ ေက်ာင္းတိုက္ဟယ္ရွန္ ႐ြမ္ရိက ၀မ္ရိေပၚရဲ႕ဆရာတူအစ္ကို ျဖစ္ေနတာေၾကာင့္ ၀မ္ရိေပၚဆီမွာ မူမမွန္တဲ့ တုံ႔ျပန္မႈေတြ ျမင္ရတာဆိုတာက တရားနည္းလမ္းက်တယ္၊ ဒါေပမဲ့ ၀မ္ရိေပၚက အဲဒီတစ္ခြန္းကလြဲၿပီး ဘာကိုမွထပ္မေျပာေတာ့ဘူး။

သူတို႔ေတြက ဘယ္ကလာၾကတာလဲ? ဘာေၾကာင့္ ကြဲကြာသြားခဲ့တာလဲ? ဘာဆိုဘာမွကို မသိရဘူးျဖစ္ေနတ ။

ဒါေပမဲ့ ေရွာင္းက်န္႔ မေလာပါဘူး၊ ဘာပဲျဖစ္ျဖစ္ အမွန္တရားကို သူ ရေအာင္စုံစမ္းမွာမို႔လို႔ေလ။

ေရွာင္းက်န္႔နဲ႔ ၀မ္ရိေပၚက ေရွာင္လုက်စ္ကိုေခၚၿပီး ၿမိဳ႕ကိုသြားတယ္၊ ၿမိဳ႕အ၀င္တံခါးနား ေရာက္လာေတာ့ ေရွာင္းက်န္႔က ေရွာင္လုက်စ္ကို ေဆး၀ယ္ဖို႔အတြက္ ေငြစတခ်ိဳ႕ ထုတ္ေပးလိုက္တယ္၊ ေရွာင္လုက်စ္က မအီမလည္မ်က္ႏွာနဲ႔ ေငြတုံးကိုယူလိုက္ၿပီး ေက်ာက္စိမ္းျပားကို ေရွာင္းက်န္႔လက္ထဲ ျပန္ထည့္ေပးတယ္။

ေရွာင္းက်န္႔က ေက်ာက္စိမ္းျပားကို ေလထဲေျမႇာက္ပစ္ကာ ေဆာ့ကစားလိုက္ၿပီး။

"ေကာင္စုတ္ေလး မင္းက စကားေတာ့တည္သားပဲ"

ေရွာင္လုက်စ္က မ်က္ႏွာမဲ့ျပလာၿပီး။

"ဆရာတူအစ္ကိုေၾကာင့္မို႔ေလ..မဟုတ္ရင္ မင္းကိုျပန္ေပးမေနဘူး"

ေရွာင္းက်န္႔က ကိုရင္ေလးရဲ႕ေခါင္းကို ပုတ္လိုက္ၿပီး။

"မလိမ္မာတဲ့ကေလးကို ဘယ္သူမွမႀကိဳက္ဘူး"

"ဟြန္႔.. မင္းကိုလဲ ဘယ္သူမွ မႀကိဳက္ပါဘူး"

ေရွာင္လုက်စ္က ေရွာင္းက်န္႔ကို တစ္ခြန္းမက်န္ ျပန္ပက္ၿပီးတာနဲ႔ ေက်ာမွလြယ္ထားတဲ့ ပဝါဦးထုပ္ကိုခြၽတ္ကာ ၀မ္ရိေပၚဘက္ ကမ္းေပးလိုက္တယ္။

"သာ့ရွီး ဒါကိုေဆာင္းသြားပါ.. သာ့ရွီးက ဟယ္ရွန္ဆိုတာကို ၿမိဳ႕ထဲကလူေတြ မျမင္ေစနဲ႔"

၀မ္ရိေပၚက ေက်းဇူးတင္ေၾကာင္းေျပာၿပီး လက္ခံလိုက္တာနဲ႔ ေရွာင္လုက်စ္က အနားကေန ေျပးထြက္သြားတယ္၊ သိပ္မၾကာခင္မွာပဲ လူၾကားထဲ တိုး၀င္ၿပီး ေပ်ာက္ကြယ္သြားခဲ့တယ္။

ေရွာင္လုက်စ္ ေနာက္ေက်ာကို လိုက္ၾကည့္ေနတဲ့ ေရွာင္းက်န္႔က ဝမ္ရိေပၚဘက္လွည့္လာၿပီး။

"သူက ပန္ကုန္းကိုက် ေကာင္းေကာင္းမဆက္ဆံဘူး.. မင္းကိုက် ဘာလို႔ ဒီေလာက္ေတာင္ ေကာင္းေနရတာလဲ.. ေဆးဖိုးေပးတဲ့လူက ပန္ကုန္းဟာ"

၀မ္ရိေပၚက ဦးထုပ္ေဆာင္းလိုက္ၿပီမို႔ ပဝါေအာက္ကေန ရယ္သံသဲ့သဲ့ ထြက္ေပၚလာတယ္။

"ကေလးေတြက သေဘာက်ေၾကာင္း ထုတ္ေျပာရမွာ ရွက္ၾကတယ္"

ဒီစကားၾကားေတာ့ ေရွာင္းက်န္႔က ပိတ္က်ဲသားပဝါနားထိ တိုးကပ္သြားလိုက္ၿပီး။

"မင္းငယ္ငယ္တုန္းကေကာ ဒီလိုပဲလား?"

ပဝါက လုံၿခဳံေအာင္ကာထားတာမို႔ ၀မ္ရိေပၚရဲ႕ မ်က္ႏွာအမူအယာကို ေရွာင္းက်န္႔ မေတြ႕ရဘူး၊ ပဝါေနာက္ကေန ေပါ့ပါးတဲ့ စကားသံပဲ ထြက္လာတယ္။

"သြားရေအာင္"

လက္ထဲမွာ ေတာ္၀င္ေက်ာက္စိမ္းျပားရွိေနတဲ့အခါ ေရွာင္းက်န္႔ရဲ႕ေျခလွမ္းေတြက ခါတိုင္းထက္ ပိုေပါ့ပါးတယ္၊ သူက ၿမိဳ႕ထဲက အခ်ိန္းအခ်က္လုပ္ထားတဲ့ လွ်ိဳ႕ဝွက္ေနရာကို၀င္ၿပီး ပိုက္ဆံ၀င္ယူတယ္၊ ေနာက္ေတာ့ သူ႔အတြက္ ပဝါဦးထုပ္တစ္လုံး ဝယ္လိုက္တယ္။

ဝမ္ရိေပၚေရာ ေရွာင္းက်န္႔ပါ ၀တ္စုံအသီးသီး လဲလိုက္ၾကတယ္၊ ေရွာင္းက်န္႔က ဖ်င္သား၀တ္စုံကို ခ်က္ခ်င္းပစ္ခ်ၿပီး ပန္းရိပ္ေတြပါတဲ့ ဘ႐ိုကိတ္၀တ္စုံကို လဲ၀တ္တယ္၊ ႏွစ္ေယာက္လုံးက အရပ္ရွည္ၿပီး ကိုယ္ေနဟန္ထား ေၾကာ့ရွင္းၾကတာမို႔ မ်က္ႏွာကို အုပ္ကြယ္ထားတာေတာင္ လမ္းသြားရင္ ထင္ေပၚေနတယ္၊ ခ်မ္းသာတဲ့အိမ္ေတာ္သခင္ေလးေတြ အလည္အပတ္ ခရီးထြက္လာတာနဲ႔ တူေနတယ္။

ႏွစ္ေယာက္သား လွ်ိဳ႕ဝွက္ေနရာကေန ထြက္လာၿပီး ႐ုံးေတာ္ဘက္ကို ဦးတည္လိုက္တယ္၊ လမ္းမွာ ေရွာင္းက်န္႔ကဝမ္ရိေပၚနားကပ္ၿပီး တီးတိုးစကားဆိုတယ္။

"႐ုံးေတာ္ေရာက္ရင္ ပန္ကုန္းရဲ႕အမူအယာကိုၾကည့္ၿပီး အလိုက္အထိုက္ေျပာေပး သိလား"

၀မ္ရိေပၚက နားမလည္သလို ေၾကာင္အမ္းအမ္းနဲ႔ ျပန္ၾကည့္လာတယ္။

ေရွာင္းက်န္႔က က်စ္ခနဲ႔ စုတ္သတ္လိုက္ၿပီး။

"တျခားဟာေတြက ေျပာင္းလဲဖို႔လြယ္ေပမဲ့ အသံကေတာ့ ေျပာင္းရခက္တယ္ေလ.. ပန္ကုန္း မင္းသမီးေနရာ ေရာက္ေနၿပီဆိုရင္ စကားသိပ္မေျပာတာကို မင္း သတိမထားမိဘူးလား.. စကားေျပာရရင္ေတာင္ တိုးတိုးပဲေျပာတာ.. အဲလို တမင္လုပ္ေျပာရတာ ပင္ပန္းလြန္းတယ္.. မ်ားေသာအားျဖင့္ ငယ္သားေတြပဲ အကုန္ေျပာေပးတာ.. ေျပာခ်င္တာ သေဘာေပါက္လား"

ဝမ္ရိေပၚက ရယ္ခ်င္သလိုမ်က္ႏွာေပး ျဖစ္သြားၿပီး။

"ငယ္သား သေဘာေပါက္ပါၿပီ"

ေရွာင္းက်န္႔လဲ မေနႏိုင္ဘဲ ရယ္ခ်လိုက္တယ္၊ အဲဒီေနာက္ေတာ့ ႏွစ္ေယာက္သား ႐ုံးေတာ္ဘက္ကို ဆက္ေလွ်ာက္လာၾကတယ္၊ တံခါးနားေရာက္ခ်ိန္မွာေတာ့ မထင္မွတ္ထားတဲ့ ႐ုတ္႐ုတ္သဲသဲ အေျခအေနတစ္ခုနဲ႔ ႀကဳံလိုက္ရတယ္။

ဘုန္းတန္ခိုးႀကီးတဲ့ ႐ုံးေတာ္က ခါတိုင္းလို တည္ၿငိမ္မေနဘူး၊အသားစိမ္း၊ ငါးစိမ္းေစ်းလို ဆူညံရႈပ္ေထြးေနတယ္၊ ျခေသၤ့႐ုပ္ႀကီးရဲ႕အေရွ႕က ေနရာလြတ္ကိုအေစာင့္ေတြက စက္ဝိုင္းပုံစံ ဝိုင္းထားတယ္၊ ပတ္၀န္းက်င္မွာလဲ ရပ္ၾကည့္ေနတဲ့လူေတြနဲ႔ ႀကိတ္ႀကိတ္တိုး စည္ကားေနတာကို ေတြ႕လိုက္ရတယ္။

အဲဒီ စက္ဝိုင္းရဲ႕အလယ္ဗဟိုကေန ေယာက္်ားတစ္ေယာက္ရဲ႕ ေအာ္သံထြက္လာတယ္။

"က်ဳပ္ကို ၀င္ခြင့္ေပး ! "

အေစာင့္ေတြက ဓားေတြလွံေတြနဲ႔ ပိတ္ကာထားၿပီး တားျမစ္တယ္။

"ဒီေနရာက႐ုံးေတာ္ မင္းလိုလူကို ဘာလို႔ လြယ္လြယ္ေပး၀င္ရမွာလဲ"

"ဘာကို ႐ုံးေတာ္လဲ.. ဒီေနရာက မိန္းကေလးေတြကို အလိုမတူဘဲ ဖိအားေပးခိုင္းေစေနတဲ့ ကလိမ္က်စ္ေတြေနတဲ့ေနရာ! "

အဲဒီအသံထြက္လာတာနဲ႔ တစ္ၿပိဳင္နက္ မီးခိုးေရာင္ေဖ်ာ့ေဖ်ာ့ ဖ်င္သား၀တ္စုံကို ဝတ္ထားတဲ့ လူတစ္ေယာက္က အေစာင့္ေတြကို တြန္းတိုက္ၿပီး အထဲဝင္ဖို႔ လုပ္တာကို ေတြ႕လိုက္ရတယ္၊ အေစာင့္ေတြကေတာ့ သူ႔ကို ၾကက္ကေလး ဌက္ကေလးဖမ္းသလို အလြယ္တကူပဲ ျပန္ဖမ္းထားၾကတယ္။

ေရွာင္းက်န္႔တို႔က မလွမ္းမကမ္းကေန အေျခအေနကို အကဲခတ္ေနတာ၊ အေစာင့္လက္ထဲမွာ ခက္ခက္ခဲခဲ ႐ုန္းကန္ေနတဲ့လူရဲ႕မ်က္ႏွာ သူ႔ဘက္လွည့္လာခ်ိန္မွာေတာ့ ေရွာင္းက်န္႔ ၾကက္ေသ,ေသသြားၿပီး။

"ရွန္႔ကြမ္!"

ေခၚသံၾကားလိုက္တဲ့အခါ ရွန္႔ကြမ္ေမာ့ေပက ခ်က္ခ်င္းလွည့္ၾကည့္လာတယ္၊ ဒါေပမဲ့ ပိုးပဝါအုပ္ထားတဲ့ လူႏွစ္ေယာက္ကို ဘယ္သူေတြမွန္း သူမွန္းလို႔မရဘူး။

အဲဒီအခ်ိန္မွာပဲ ေငးေၾကာင္ေနတဲ့သူ႔ကို တာ၀န္က်တဲ့ေခါင္းေဆာင္က ဖမ္းထားၿပီး ၿခိမ္းေျခာက္လိုက္တယ္။

"ႀကိမ္ဒဏ္ အခ်က္ ၅၀ ေပးလိုက္စမ္း.. ႐ိုက္ခံရၿပီးရင္ မဆင္မျခင္ လာလုပ္ရဲေသးလား ၾကည့္ရေအာင္"

အမိန္႔ရလာတာနဲ႔ အသင့္ခ်ိန္႐ြယ္ထားတဲ့တုတ္က လူေပၚ တန္းက်လာတာပဲ၊ ရွန္႔ကြမ္ေမာ့ေပဆီက နာက်င္စြာ ေအာ္သံ ထြက္လာတယ္၊ အဲဒီအခ်ိန္မွာပဲ လူအုပ္ၾကားကေန ႐ုတ္တရက္ တားျမစ္သံထြက္ေပၚလာခဲ့တယ္။

"ရပ္လိုက္စမ္း!"

အသံနဲ႔အတူ ပိုးပဝါအုပ္ထားတဲ့ လူတစ္ေယာက္ ေလွကားနားကို ေလွ်ာက္လာတယ္၊ အဲဒီလူက ေရွာင္းက်န္႔ကလြဲရင္ တျခားဘယ္သူ ျဖစ္အုံးမွာလဲ။

"မင္းက ဘယ္သူမို႔ တာ၀န္ကို လာေႏွာင့္ယွက္တာလဲ?"

အေစာင့္က ခပ္မာမာ လွမ္းေမးတယ္။

ေရွာင္းက်န္႔က ေက်ာက္စိမ္းျပားကို အေစာင့္လက္ထဲ ပစ္ေပးလိုက္ၿပီး။

"မင္းတို႔လူႀကီးမင္းကို သြားေခၚစမ္း"

တာ၀န္က် ေခါင္းေဆာင္က အစကေတာ့ အေလ်ာ့မေပးခ်င္ဘူး၊ ဒါေပမဲ့ ေခါင္းေဆာင္ေနရာကို ေရာက္ေနတယ္ဆိုတာက မ်က္စိရွင္လို႔ပဲ၊ ၾကည့္လိုက္တာနဲ႔တင္ ဒီလူ႔အရွိန္အဝါက သာမန္မဟုတ္မွန္း သတိထားမိလိုက္တယ္၊ ဒါေၾကာင့္ ခ်က္ခ်င္း အထဲကို ေျပးဝင္သြားၿပီး သတင္းသြားပို႔တယ္။

အေမႊးတိုင္ တစ္ဝက္စာေလာက္ ကုန္သြားခ်ိန္မွာေတာ့ ႐ုံးေတာ္ကလူႀကီးမင္းဆိုသူ အေရွ႕ကို ပ်ာပ်ာသလဲ ေရာက္ခ်လာတယ္၊ အရာရွိဆိုေပမဲ့ လူပုံစံက ၾကမ္းတမ္းၿပီး သိုင္းေလာကသားနဲ႔ တူတယ္၊ လက္ထဲမွာ အမည္းေရာင္ အရာရွိဦးထုပ္ကိုင္ထားတယ္၊ မသပ္မရပ္ပုံစံကို ၾကည့္တာနဲ႔တင္ သတင္းပို႔တာနဲ႔ ကေသာကေမ်ာ ေျပးထြက္မွန္း သိသာတယ္၊ အေနာက္မွာေတာ့ ေနာက္လိုက္အေစအပါး တၿပဳံတမႀကီး ပါလာတယ္။

ေရွာင္းက်န္႔ကို ေတြ႕တာနဲ႔ လူႀကီးမင္းျဖစ္သူက ခ်က္ခ်င္းဒူးေထာက္ခ်တယ္၊ ေရွာင္းက်န္ စိတ္မပါတပါနဲ႔ လက္ေခ်ာင္းေတြကို လႈပ္ရွားၿပီး သူ႔ကိုျပန္ထခြင့္ျပဳလိုက္တယ္၊ အဲဒီေနာက္ေတာ့ တန္ဖိုးႀကီး ဘ႐ိုကိတ္၀တ္႐ုံကိုခါၿပီး ႐ုံးေတာ္ထဲကို ေအးေအးေဆးေဆး ေလွ်ာက္ဝင္သြားခဲ့တယ္။

ပင္မခန္းမေဆာင္ထဲ ေရာက္တဲ့အခါမွာေတာ့ ေရွာင္းက်န္႔က ပိုးပဝါစကို မ,လိုက္ၿပီး အတူပါလာတဲ့ ရွန္႔ကြမ္ေမာ့ေပကို ၾကည့္လိုက္တယ္၊ ပဝါေအာက္က မ်က္ႏွာကို ျမင္သြားတာနဲ႔ ရွန္႔ကြမ္ေမာ့ေပက အလန္႔တၾကား ထေအာ္တယ္။

"မင္းကိုး ! "

စကားေျပာေနတဲ့ႏွစ္ေယာက္ကို ၾကည့္ၿပီး ရန္က်ိဳးလူႀကီးမင္းလဲ ေခြၽးေစးျပန္လာတယ္။

သြားၿပီ၊ ဧကရာဇ္သမီးေတာ္ရဲ႕လူကို ႐ိုက္မိလို႔ ရာထူးျပဳတ္ေတာ့မယ္ ထင္တယ္။

"ယန္လူႀကီးမင္းက ရန္က်ိဳးမွာ အေတာ္ေလး ဩဇာႀကီးေနတယ္ ၾကားတယ္"

ေရွာင္းက်န္႔က ပင္မခန္းမေဆာင္ရဲ႕ထိပ္ဆုံးကခုံမွာ ၀င္ထိုင္လိုက္ၿပီး စကားစတယ္၊ ပိုးပဝါေအာက္ ထြက္လာတဲ့ စကားသံက တိုးလ်ညင္သာေပမဲ့ အသြားထက္တဲ့ ဓားပါးပါးတစ္လက္လို ၾကက္သီးထစရာေကာင္းတယ္။

ယန္လီမွာ ဆက္ရပ္မေနရဲေတာ့ဘဲ ၾကမ္းေပၚ ဒူးေထာက္ခ်လိုက္ၿပီး။

"ခြင့္လႊတ္ေပးပါ အရွင္မင္းသမီး.. ဒီလူငယ္ေလးက အရွင္မင္းသမီးလူမွန္း ကြၽန္ေတာ္မ်ိဳး တကယ္မသိလို႔ပါ..ခြင့္လႊတ္ေပးပါ"

အေစခံက အခါးရည္လာခ်ေပးတယ္၊ ကြၽန္းကုလားထိုင္မွာထိုင္ေနတဲ့ ေရွာင္းက်န္႔က ေႂကြခြက္ကို လက္တစ္ဖက္တည္းနဲ႔ လွမ္းယူလိုက္တယ္၊ ၀မ္ရိေပၚကေတာ့ မွာထားတဲ့အတိုင္း အတိအက်ပဲ၊ အပါးေတာ္ၿမဲ တစ္ေယာက္လို ေရွာင္းက်န္႔အေနာက္မွာ ရပ္ေနတယ္။

ေႂကြခြက္ယူလိုက္လို႔ ထြက္လာတဲ့ ခြၽင္ခနဲ အသံကလြဲရင္ ခန္းမႀကီးထဲမွာ အပ္က်သံ ၾကားရေလာက္ေအာင္ တိတ္ဆိတ္ေနတယ္၊ အဲဒီအသံက ဒူးေထာက္ေနတဲ့ ယန္လီကို ဆတ္ခနဲ တုန္သြားေစတယ္။

ယန္လီ ဧကရာဇ္သမီးေတာ္ လက္ေအာက္မွာ အမႈထမ္းခဲ့တာ၊ လက္ရွိရာထူးကိုလဲ ေတာ္၀င္မင္းသမီးကပဲ တိုးျမႇင့္ၿပီး ခန္႔အပ္ခဲ့တာ၊ သူဖက္ထားတဲ့ေ႐ႊေပါင္ႀကီးက ဘယ္လိုလုပ္ ရန္က်ိဳးကိုေရာက္လာမွန္း ယန္လီ မသိေတာ့ဘူး။

ဧကရာဇ္ရဲ႕သမီးေတာ္က ထ်န္ယြမ္ကို ထြက္သြားတာ မဟုတ္ဘူးလား?

ဒါေပမဲ့ သူ႔လိုလူက ေမးခြန္းထုတ္ရဲပါ့မလား၊ မင္းသမီးနားမွာ အမႈထမ္းခဲ့တာမို႔ သူ႔စိတ္ကို ေကာင္းေကာင္းနားလည္တယ္၊ သူ႔အပိုင္ကို လာထိရင္ ဘယ္သူ႔မ်က္ႏွာမွမၾကည့္ဘဲ မညႇာမတာေထာင္းလိမ့္မယ္၊ ဒါကိုေတြးမိျပန္ေတာ့ ယန္လီခႏၶာကိုယ္ႀကီးက ပိုလို႔ေတာင္ တုန္ယင္လာတယ္။

ေရွာင္းက်န္႔က အခါးရည္ခြက္ကို ျပန္ခ်ထားလိုက္ၿပီး ရွန္႔ကြမ္ေမာ့ေပဘက္ကို လက္ညိဳးထိုးျပလိုက္တဲ့အခါ ဝမ္ရိေပၚက အလိုက္တသိ ေျပာေပးတယ္။

"သူ႔ကိုေခၚထုတ္သြား"

၀မ္ရိေပၚစကားေၾကာင့္ ေရွာင္းက်န္႔က ဆတ္ခနဲလွည့္ၿပီး မ်က္ေစာင္းခဲျပလိုက္တယ္၊ အဲဒီေတာ့မွ ၀မ္ရိေပၚက ေခ်ာင္းဟန္႔လိုက္ၿပီး ျပန္ျပင္ေျပာတယ္။

"သမားေတာ္ ေခၚလိုက္"

ဒီလိုကမွ ဟုတ္ေသးတယ္ဆိုတဲ့သေဘာနဲ႔ ေရွာင္းက်န္႔က ၀မ္ရိေပၚဘက္ ထပ္လွည့္ၾကည့္တယ္၊ သူတို႔ႏွစ္ေယာက္ၾကားမွာ ခ်က္ခနဲဆိုတာနဲ႔ နားခြက္မီးေတာက္ႏိုင္ဖို႔ ေတာ္ေတာ္ေလး အလွမ္းေဝးေသးတာပဲလို႔ေတာင္ ေရွာင္းက်န္႔ ေတြးလိုက္မိတယ္။

ဒါေပမဲ့ ဝမ္ရိေပၚက ေရွာင္းက်န္႔ရဲ႕ ေနာက္ဆႏၵတစ္ခုကို အလြယ္တကူ ခန္႔မွန္းလိုက္ႏိုင္တယ္။

"အရွင္မင္းသမီး ပင္ပန္းလာတာမို႔ အနားယူဖိို႔ ျပင္ဆင္ထားလိုက္ပါ"

အမိန္႔ရတာနဲ႔ ယန္လီလဲ မေႏွာင့္ေႏွးရဲဘဲ ၫႊန္ၾကားဖို႔အတြက္ ေနရာကေန ခ်က္ခ်င္း ထြက္သြားတယ္။

ခလုပ္တိုက္မိသြားတာျမင္ေတာ့ ေရွာင္းက်န္႔ အသံထြက္ရယ္လိုက္ၿပီး ခန္းမထဲမွာ လူကုန္သြားတဲ့အထိ ေစာင့္လိုက္တယ္၊ ၿပီးတာနဲ႔ ေဘးကခုံမွာ ဖင္တေစာင္းဝင္ထိုင္ေနတဲ့ ရွန္႔ကြမ္ေမာ့ေပဘက္ လွည့္ၾကည့္ၿပီး။

"မင္းက ဘာလို႔ ဒီေရာက္ေနတာလဲ?"

ရွန္႔ကြမ္ေမာ့ေပက ဘာမွမေျပာခင္ ဟြန္႔ခနဲ ႏွာအရင္မႈတ္တယ္။

ရွန္႔ကြမ္ေမာ့ေပကို တံငါသည္မိသားစုက ျမစ္ထဲကေန ကယ္ထားခဲ့တာ၊ အဲဒီမိသားစုရဲ႕သမီးကသူ႔ကို ျပန္လည္က်န္းမာလာေအာင္ ျပဳစုေပးခဲ့တယ္၊ ဒါေပမဲ့ တံငါသည္မိသားစုက သိပ္ဆင္းရဲတာမို႔ မိန္းကေလးကို အေစခံအျဖစ္ ႐ုံးေတာ္ကို ေရာင္းစားလိုက္ရတယ္၊ သူ႔ကိုကယ္ခဲ့တဲ့ မိန္းမလွေလးမွာ ဆြဲေခၚတဲ့ေနာက္ကို တငိုငို တရယ္ရယ္နဲ႔ ပါသြားတာမို႔ ရွန္႔ကြမ္ေမာ့ေပလဲ မေနႏိုင္ဘဲ ႐ုံးေတာ္အထိ လိုက္လာခဲ့တာပဲ။

"အိုက္ရား လူငယ္ေလး.. မင္းက တကယ့္ တေဇာက္ကန္းပါလား.. အထဲမေရာက္ဘဲ အ႐ိုက္ခံရၿပီး ေသသြားႏိုင္တာကို မင္းေခါင္းႀကီးက မေတြးမိဘူးလား? ငါမေရာက္လာရင္ ဘယ္လိုလုပ္မလဲ"

ေရွာင္းက်န္႔က အားမနာတမ္း မွတ္ခ်က္ေပးလိုက္တယ္။

"လင္းမိန္းကေလးက က်ဳပ္ကို ေကာင္းေကာင္းဆက္ဆံတဲ့လူ.. သူျပသနာတက္ေနတာကို ဘယ္လိုလုပ္ၿပီး မ်က္ႏွာလႊဲခဲပစ္ လုပ္ႏိုင္မလဲ"

ရွန္႔ကြမ္ေမာ့ေပက ၿငိမ္မေနဘဲ ပက္ခနဲ ျပန္ေျပာတယ္၊ ေရွာင္းက်န္႔က စုတ္တစ္ခ်က္သပ္လိုက္ၿပီး။

"ကိုယ္လုပ္ေတာ္ လုပ္ရမွာမွ မဟုတ္တာ.. ႐ုံးေတာ္မွာ အေစခံလုပ္ဖို႔ အေရာင္းခံရတာ မဟုတ္ဘူးလား.. လူတိုင္းမွာ ကိုယ့္ၾကမၼာနဲ႔ကိုယ္ ရွိၿပီးသား.. မင္းဘာလို႔ ဒီေလာက္ထိ လုပ္ဖို႔လိုမွာလဲ"

"အေစခံလုပ္႐ုံဆိုရင္ ဘယ္သူက ဒီေလာက္ထိ ျဖစ္ေနမွာလဲ"

ရွန္႔ကြမ္ေမာ့ေပက ေဒါသထြက္သြားၿပီး ခုံကို ျဖန္းခနဲ ႐ိုက္ခ်လိုက္တယ္၊ ၿပီးမွ နာသြားတဲ့လက္ကို ျပန္ပြတ္ေနရင္း။

"အဲဒီေခြးအရာရွိမင္းက လင္းမိန္းကေလးရဲ႕ ႐ုပ္ရည္ကိုျမင္ေတာ့ အတင္းဖိအားေပးၿပီး ပန္းနတ္ဘုရားမ လုပ္ခိုင္းတာ"

ဒီစကားက ေရွာင္းက်န္႔ကို မင္တက္သြားေစ႐ုံတင္မကဘူး၊ အေနာက္မွာရွိေနတဲ့ ဝမ္ရိေပၚကိုပါ လႈပ္လႈပ္ရွားရွား ျဖစ္သြားေစတယ္။

"ပန္းနတ္ဘုရားမ?"

ႏွစ္ေယာက္စလုံးဆီကေန အာေမဋိတ္သံ တစ္ၿပိဳင္နက္ ထြက္လာတယ္။

"ဟုတ္တယ္"

ရွန္႔ကြမ္ေမာ့ေပက ေဒါသတႀကီး ဆက္ေျပာတယ္။

"အဲဒီ ပန္းနတ္ဘုရားမ ေ႐ြးၿပီး ဘာလုပ္ၾကမလို႔လဲ.. က်ဳပ္ၾကားတာေတာ့ အရင္ကလဲ လူေတြအမ်ားႀကီး ေသၿပီးၿပီတဲ့.. အဲဒါကို ဒီလိုပြဲမ်ိဳး ဆက္လုပ္ခ်င္ၾကေသးတာလား.. မီးပုံမွန္းသိရဲ႕နဲ႔ေတာ့ လင္းမိန္းကေလးကို ခုန္ခ်ခြင့္မျပဳႏိုင္ဘူး"

ရွန္႔ကြမ္ေမာ့ေပ အဆက္မျပတ္ေျပာေနတာကို နားေထာင္ရင္း ဘာလို႔မ်ား ယန္လီက ခ်ဳံဟြာ ပန္းနတ္ဘုရားမ ပူေဇာ္ပြဲကို ျပန္လုပ္ဖို႔ ႀကိဳးစားေနသလဲဆိုၿပီး ေရွာင္းက်န္႔ အေျဖရွာေနမိတယ္။

ဟယ္ရွန္ေတြ ထြက္ေျပးကုန္လို႔ ေဘးကင္းသြားၿပီလို႔ ထင္လို႔လား? ဒါမွမဟုတ္ မျဖစ္မေနလုပ္ရမဲ့ တျခားအေၾကာင္းအရင္းတစ္ခုခု ရွိေနသလား?

"မင္းေရာက္လာတာ အခ်ိန္ကိုက္ပဲ..က်ဳပ္ကို ကူညီၿပီး လင္းမိန္းကေလးကို ကယ္ေပးပါ"

ရွန္႔ကြမ္ေမာ့ေပက စကားကို အဆုံးသတ္ၿပီး ေရွာင္းက်န္႔ကို ေတာင္းဆိုလိုက္တယ္။

"ပန္ကုန္းက မင္းကို ဘာလို႔ကူညီရမွာလဲ?"

ေရွာင္းက်န္႔ ျပန္ေမးလိုက္ေတာ့ ရွန္႔ကြမ္ေမာ့ေပက အႀကံသမား ေလသံနဲ႔ ျပန္ေျပာတယ္။

"ဘာလို႔လဲဆိုေတာ့ က်ဳပ္ဆီမွာ မင္းသမီးရဲ႕ လူသိမခံႏိုင္တဲ့ လွ်ိဳ႕ဝွက္ခ်က္ ရွိေနတယ္ေလ"

ေရွာင္းက်န္႔ မ်က္လုံးေတြကို ေမွးက်ဥ္းကာ ၾကည့္လိုက္တယ္၊ ဝမ္ရိေပၚက ပိုေတာင္ဆိုးေသးတယ္၊ ေရွာင္းက်န္႔ဘက္က ဘာမွမေျပာရေသးခင္မွာ သူက လက္သီးက်စ္က်စ္ဆုပ္ထားၿပီး ရွန္႔ကြမ္ေမာ့ေပကို စူးစူးစိုက္စိုက္ ၾကည့္ေနတယ္၊ အေရွ႕ကလူႏွစ္ေယာက္လုံးဆီက လာေနတဲ့ လူသတ္ခ်င္တဲ့ အရိပ္အေငြ႕ေတြေၾကာင့္ ရွန္႔ကြမ္ေမာ့ေပ အနည္းငယ္ ထစ္ေငါ့သြားၿပီး။

"ဘာ_ဘာလဲ လူသတ္ၿပီး ႏႈတ္ပိတ္ခ်င္ေနတာလား.. လုပ္ရဲလုပ္ၾကည့္ပါလား..ဧကရာဇ္ရဲ႕သမီးေတာ္က မိန္းကေလးအေယာင္ေဆာင္ထားတဲ့ ေယာက္်ားႀကီးဆိုၿပီး က်ဳပ္က ရန္က်ိဳးတစ္ၿမိဳ႕လုံး ပတ္ၿပီးေျပာပစ္__ အား! ျမည္းေခါင္းတုံး ဘာလုပ္တာလဲ!!"

ရွန္႔ကြမ္ေမာ့ေပဘက္က ေျပာလို႔မၿပီးခင္မွာဘဲ အခါးရည္ခြက္က သူ႔မ်က္ႏွာတည့္တည့္ကို ပ်ံလာတယ္၊ ေရွာင္းက်န္႔ရဲ႕ အခါးရည္ခြက္က မူလေနရာမွာ မရွိေတာ့ဘူး၊ ပစ္လိုက္တဲ့လူကေတာ့ ဝတ္႐ုံလက္ကို ျပန္သိမ္းလိုက္ၿပီး ဘာမွမလုပ္ထားသလို မူလေနရာမွာ တည္ၿငိမ္စြာ ရပ္ေနတယ္၊ ဒီေနရာကေန တစ္ခါေလးမွမေ႐ြ႕ခဲ့သလို ရပ္ေနရင္း ေပါ့ေပါ့ပါးပါး ျပန္ေျပာတယ္။

"လက္ေခ်ာ္သြားတာ"

"ဒီ ျမည္းေခါင္းတုံးေတာ့!!!"

ခြက္က ရွန္႔ကြမ္ေမာ့ေပကို မထိပါဘူး၊ ဒါေပမဲ့ လွည့္ေရွာင္လိုက္ရေတာ့ တင္ပါးက အ႐ိုက္ခံထားရတဲ့ဒဏ္ရာက နာသြားတယ္၊ သူနဲ႔မဆိုင္သလို ခပ္တည္တည္လုပ္ေနတဲ့ ဝမ္ရိေပၚကို ရွန္႔ကြမ္ေမာ့ေပ ႐ိုက္ပစ္ခ်င္သြားတယ္။

ေရွာင္းက်န္႔ ၿပဳံး႐ုံၿပဳံးလိုက္မိတယ္၊ သူတို႔ႏွစ္ေယာက္ ေရထဲအတူက်သြားၿပီး ဖက္တြယ္႐ုန္းကန္ခဲ့ရမွေတာ့ သူ႔ရဲ႕သ႐ုပ္မွန္ကို ဆက္ဖုံးထားလို႔ မရေလာက္ဘူးလို႔ ေရွာင္းက်န္႔ ေတြးမိၿပီးသားပါ၊ အဲဒီတုန္းက ရွန္႔ကြမ္ေမာ့ေပက လန္႔ဖ်ပ္ၿပီး မသိခဲ့ရင္ေတာင္ ေနာက္ပိုင္း သတိေကာင္းေကာင္းျပန္ရၿပီး ေတြးမိရင္း အေျဖေပၚသြားမွာပဲေလ။

ေရွာင္းက်န္႔က မေလာပါဘူး၊ ၀မ္ရိေပၚကို လက္ကာျပလိုက္ၿပီး ရွန္႔ကြမ္ေမာ့ေပကို ေျပာလိုက္တယ္။

"ဒီကိစၥနဲ႔ ပန္ကုန္းကို ၿခိမ္းေျခာက္ခဲ့တဲ့ ေနာက္ဆုံးလူေပၚမွာ ဖုံးေနတဲ့ျမက္ေတြက မင္းအရပ္ထက္ေတာင္ ေက်ာ္ေနၿပီဆိုတာေကာ သိရဲ႕လား"

ရွန္႔ကြမ္ေမာ့ေပ လည္ပင္းယားသြားတယ္၊ ဒါေပမဲ့ သူ႔အသံကေတာ့ ခိုင္မာေနတုန္းပဲ။

"ဒါေတြ က်ဳပ္မသိခ်င္ဘူး.. လင္းမိန္းကေလးအတြက္ဆိုရင္ အသက္ကိုစေတးရလဲ လုပ္ရမွာပဲ"

ေရွာင္းက်န္႔က သက္ျပင္းဖြဖြ ခ်လိုက္ၿပီး။

"လူငယ္ေလးေတြကေတာ့__"

အၿမဲတမ္း တဆုံးထိ ေတြးေတာ့တာပဲ။

ေရွာင္းက်န္႔က သက္ျပင္းထပ္ခ်ၿပီး။

"အဲဒီလင္းမိန္းကေလးကို မကယ္ဘူးလို႔ ပန္ကုန္းမေျပာဘူး..ယန္လီ လင္းမိန္းကေလးကို မ်က္စိက်သြားတာ သူ႔႐ုပ္ရည္ေၾကာင့္မလား.. ဒါဆို သူ႔အစား တျခားတစ္ေယာက္ ရွာေပးလိုက္ရင္ရမွာေပါ့"

"ေျပာသေလာက္ လြယ္တယ္မ်ား ထင္ေနလား.. အျပင္ကိုထြက္ၿပီး စုံစမ္းၾကည့္လိုက္အုံး.. ရန္က်ိဳးမွာ ပန္းနတ္ဘုရားမ ျဖစ္ခ်င္တဲ့မိန္းကေလး လုံးဝမရွိဘူး"

ရွန္႔ကြမ္ေမာ့ေပက အၿပီးအျပတ္ေျပာလာတယ္။

"ဘယ္သူမွ မလုပ္ခ်င္တဲ့အတူတူ အဲဒီေခြးလူႀကီးမင္းကို အမိန္႔ေပးၿပီး ပြဲဖ်က္ခိုင္းလိုက္.. မင္းက ေတာ္၀င္မင္းသမီးပဲဟာ.. ဘယ္သူက မင္းစကားကို ပယ္ရွားရဲမွာလဲ"

"မင္းေတာ္ေတာ္တုံးအတာပဲ"

ေရွာင္းက်န္႔ ေအာ္လိုက္ၿပီး စားပြဲခုံကို လက္ေခ်ာင္းထိပ္နဲ႔ တေတာက္ေတာက္ ေခါက္ေနတယ္။

"ပြဲဖ်က္ခိုင္းလို႔ ရမယ္မ်ား ထင္ေနသလား.. ယန္လီက ဘယ္သူမွမလိုလားမွန္း သိေနတာေတာင္ ရေအာင္လုပ္ဖို႔ႀကိဳးစားေနတာ.. ဒီ ပန္းနတ္ဘုရားမေ႐ြးခ်ယ္ပြဲက သူ႔အတြက္ အေရးပါတယ္ဆိုတာ သိသာတယ္.. လူ႔အသက္ေသမွာထက္ေတာင္ အေရးႀကီးတဲ့ရည္႐ြယ္ခ်က္ ရွိေနတယ္.. ဒါကို ဘယ္လိုနည္းနဲ႔ တားရမွာလဲ.. တားတဲ့လူကို သူဘာျပန္လုပ္မလဲ မင္းေတြးၾကည့္ဖူးသလား"

ေရွာင္းက်န္႔ ေျပာေနတာကို နားေထာင္ေနရင္း တရားနည္းလမ္းက်တယ္လို႔ ရွန္႔ကြမ္ေမာ့ေပ ထင္လာတယ္၊ ဒါေပမဲ့ ေခါင္းမာစြာ ေျပာေနတုန္းပဲ။

"ဒါ_ဒါေပမဲ့ သူက လူတိုင္းကို သတ္လို႔မရဘူးေလ.. ၿပီးေတာ့ မင္းက မင္ေက်ာက္ဧကရာဇ္ရဲ႕ သမီးေတာ္ဟာ"

"နဂါးဆိုရင္ေတာင္ နယ္ေျမကြၽမ္းတဲ့ ေဒသခံေႁမြကို ႏိုင္ဖို႔မလြယ္ဘူး"

"မင္းမေမ့နဲ႔.. မင္ေက်ာက္ရဲ႕သမီးေတာ္က ထ်န္ယြမ္မွာ ရွိေနရမွာ.. ပန္ကုန္းဒီေရာက္ေနတာ ဘယ္သူမွမသိဘူး..သူ႔ဘက္က ပန္ကုန္းကို လုပ္ႀကံလိုက္ရင္ေတာင္ သံသယ၀င္မဲ့လူ ရွိမွာမဟုတ္ဘူး "

ေရွာင္းက်န္႔က တည္တည္ၿငိမ္ၿငိမ္နဲ႔ အေျခအေနကို သုံးသပ္ျပလိုက္တယ္။

"ပန္ကုန္းက ထ်န္ယြမ္မသြားဘဲ တိတ္တိတ္ေလး ဆင္းလာတာ.. လက္ထဲမွာ ဘာအာဏာမွ မရွိဘူး.. သူ႔ကို ဘာလုပ္ခိုင္းလို႔ ရမွာလဲ"

ရွန္႔ကြမ္ေမာ့ေပက မ်က္ေမွာင္ႀကီး ၾကဳတ္သြားၿပီး။

"မင္းေျပာခ်င္တာက လင္းမိန္းကေလးကို မကယ္ႏိုင္ေပးႏိုင္ဘူးေပါ့"

"သူ႔ကို မကယ္ဘူးလို႔ ပန္ကုန္းမေျပာမိပါဘူး"

ေရွာင္းက်န္႔က ရွန္႔ကြမ္ေမာ့ေပကို မ်က္ေစာင္းခဲ ၾကည့္လာၿပီး။

"သူ႔ကို ပန္းနတ္ဘုရားမလုပ္ခိုင္းၿပီး ပန္ကုန္းတို႔ ေဘးကေစာင့္ၾကပ္ေနမယ္.. အခုလက္ရွိမွာ နတ္ဆိုးဟယ္ရွန္မေျပာနဲ႔.. မိုင္တစ္ရာပတ္လည္အတြင္းမွာေတာင္ ဟယ္ရွန္တစ္ေယာက္ပဲရွိမယ္.. သူကလဲ ငါတို႔ေဘးမွာ.. ဒီေတာ့ ပန္းနတ္ဘုရားမကို ဘယ္သူကလာၿပီး ထိခိုက္ေအာင္ လုပ္ႏိုင္မွာလဲ"

ရွန္႔ကြမ္ေမာ့ေပက ႏႈတ္ခမ္းတင္းတင္းေစ့ထားၿပီး ၀မ္ရိေပၚကို လွမ္းၾကည့္တယ္၊ ဒါေပမဲ့ ဝမ္ရိေပၚဆီက လူသတ္ခ်င္ေနတဲ့ အရွိန္အဝါေတြ ခံစားလိုက္ရတဲ့အခါ အၾကည့္ကို ခ်က္ခ်င္း ႐ုတ္သိမ္းလိုက္ၿပီး။

"ဒါေပမဲ့ က်ဳပ္စိတ္ပူေသးတယ္.. သူ႔ကို မလုပ္ခိုင္းတာ အေကာင္းဆုံးလို႔ ထင္တယ္"

"ဟိုဟာလဲ အလုပ္မျဖစ္.. ဒီဟာလဲ အလုပ္မျဖစ္နဲ႔.. မင္းေျပာေတာ့ အစားထိုးဖို႔ လူရွာဖို႔ မလြယ္ဘူးဆို"

ေရွာင္းက်န္႔ စိတ္တိုတိုနဲ႔ ရွန္႔ကြမ္ေမာ့ေပကို ေအာ္လိုက္တယ္။

ဒီကိစၥက အႏၲရာယ္မ်ားမွန္း ေရွာင္းက်န္႔သိတယ္၊ ဒါေပမဲ့ ေရွာင္းက်န္႔တို႔က ဒီေနရာနဲ႔ မရင္းႏွီးဘူး၊ သင့္ေတာ္တဲ့လူကလဲ လြယ္လြယ္နဲ႔ေတြ႕ဖို႔ ခက္လိမ့္မယ္။

ေနာက္ၿပီး မင္းသမီးတစ္ေယာက္အေနနဲ႔ ေကာင္းမြန္တဲ့မိန္းကေလးေတြကို အတင္းဖိအားေပးၿပီး ပန္းနတ္ဘုရားမ လုပ္ခိုင္းလို႔မျဖစ္ဘူးေလ။

ဒီစကားၾကားေတာ့ ရွန္႔ကြမ္ေမာ့ေပဘက္က သိသိသာသာ တိတ္က်သြားတယ္၊ ခဏၾကာေတာ့ မ်က္ေတာင္ပုတ္ခတ္ပုတ္ခတ္လုပ္ရင္း ေရွာင္းက်န္႔ကို ျပန္ၾကည့္လာတယ္၊ သူ႔ရဲ႕ထူးဆန္းတဲ့အၾကည့္ကို သတိထားမိသြားတာမို႔ ေရွာင္းက်န္႔က ရင္ဘက္မွာ လက္ႏွစ္ဖက္နဲ႔ ယွက္ကာလိုက္ၿပီး။

"တကယ္ႀကီးလား? အဲလိုအႀကံအစည္မ်ိဳး မင္းေခါင္းထဲမွာ ေတြးရဲတယ္ေပါ့ ဟုတ္လား?"

ရွန္႔ကြမ္ေမာ့ေပက ေရွာင္းက်န္႔ကို ေခါင္းအစေျခအဆုံး ၾကည့္လိုက္ၿပီးမွ။

"ဒါအေကာင္းဆုံးပဲ.. ပထမအခ်က္အေနနဲ႔ မင္းက မိန္းကေလးလို ဟန္ေဆာင္တာ ကြၽမ္းတယ္.. ဒုတိယအခ်က္က မင္းက ကြန္ဖူးေတာ္တယ္.. တတိယအခ်က္က က်ဳပ္လက္ထဲမွာ မင္းရဲ႕လွ်ိဳ႕ဝွက္ခ်က္ရွိေနတယ္"

ရွန္႔ကြမ္ေမာ့ေပက လက္ေခ်ာင္း ၃ ေခ်ာင္းကို က်က်နနခ်ိဳးၿပီး အေသအခ်ာ ေျပာသြားတာ။

"ဒါေၾကာင့္ မင္းက အသင့္ေတာ္ဆုံး__"

စကားေတာင္မဆုံးေသးဘူး တစ္ခ်ိန္လုံး အသံတိတ္ေနတဲ့ ၀မ္ရိေပၚဆီက စကားသံကို ႏွစ္ေယာက္လုံး ၾကားလိုက္ရတယ္။

"မရဘူး"

"ေဟး ေခါင္းတုံး ကာယကံရွင္ေတာင္ ဘာမွမေျပာေသးဘူး.. မင္းက ဘာဆိုင္လို႔ ဝင္ေျပာတာလဲ"

ေရွာင္းက်န္႔ျပန္ေျပာဖို႔ ပါးစပ္ဟလိုက္႐ုံပဲ ရွိေသးတယ္၊ ၀မ္ရိေပၚရဲ႕၀တ္႐ုံအျဖဴက အေရွ႕ဘက္ကို ေရာက္လာတယ္၊ က်ယ္ျပန္႔တဲ့ပခုံးတစ္စုံနဲ႔ သန္မာတဲ့ခါးက ေရွာင္းက်န္႔အေရွ႕မွာ ပိတ္ကြယ္သြားတယ္၊ အဲဒီေနာက္ေတာ့ ေရခဲျပင္တမွ် ေအးစက္မာေက်ာတဲ့စကားသံ ထပ္ထြက္လာတယ္။

"မရဘူးလို႔ ကိုယ္ေတာ္ ေျပာေနတယ္"

240129

Continue Reading

You'll Also Like

287K 13.6K 50
[COMPLETED] Do Kyungsoo and Kim Jongin were happily marriedㅡuntil Jung Soojung entered the picture. Kyungsoo was pregnant that time and Soojung was...
14.4K 1K 25
"I curse you to be like me so you can't get want you want, like me ".
215K 13.9K 102
Summer of 2012: Colin O'Donoghue joins the cast of Once Upon a Time in Vancouver. When he meets his costar Jennifer, a new friendship is born. But...
610K 37.2K 101
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...