He Dufo [何渡佛] •COMPLETED•

By NTNO1823

296K 45.3K 6.8K

"အမှန်စင်စစ် အတွင်းအထိ ဗလာနတ္ထိ ဖြစ်ရိုးမှန်ရင် ဘယ်လိုကြောင့် ငါ့ကို မကြည့်ဝံ့သလဲ" ⚠️ BJYX, Yizhan, Adventure... More

Warning
1 (Vol 1)
1 (Z)
2
3
4
5
6
7
8
9
10
11
12
13
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31(Vol 2)
32
33
34
35
36
37
38
39
40
41
42
43
43 (Z)
44
45
46
47
48
49
50
51
51 (z)
52
53
54
55
56
57
58
59
60
60 (z)
61
62
63
64 (Vol 3)
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93 (final)
Extra 1
Extra 2
Extra 3
Extra 4
78 (z)
93 (final) z
Extra 2 (z)
Extra 1 (z)
Extra 3 (z)
Exta 4 (z)

14

2.8K 453 34
By NTNO1823

အပိုင်း။ ၁၄

"ကိုယ်တော်ကတော့ စစ်မှန်တဲ့နှလုံးသားကို သစ္စာရှိပါတယ်"

မင်းရဲ့စစ်မှန်တဲ့နှလုံးသားက ဘာလဲ?

ဒါပေမဲ့ ရှောင်လုကျစ်ရဲ့ ဆရာတူအစ်ကို ပြန်သတိရလာတာမို့ ဒီမေးခွန်းကို ရှောင်းကျန့် မမေးလိုက်ရဘူး၊ ဟယ်ရှန်နိုးလာတော့လဲ ကျင့်၀တ်သိက္ခာတွေ၊ တရားဓမ္မတွေအကြောင်းပဲ ထပ်ကြားရတာ၊ ဒီနေ့အဖို့ အတော်လုံလောက်သွားပြီမို့ ရှောင်းကျန့် ဆက်သည်းမခံနိုင်တော့ဘဲ။

"အဲဒါက ကျုပ်ကိုယ်တိုင် လှူထားတာလို့ အထပ်ထပ် ရှင်းပြပြီးပြီလေ..မင်းတို့ဟယ်ရှန်တွေ ဘာလို့ဒီလောက်တောင် မာနကြီးတာလဲ"

ရှောင်းကျန့်က ပြောပြီးတာနဲ့ ၀မ်ရိပေါ်ဘက် လှမ်းကြည့်တယ်၊ ၀မ်ရိပေါ်ကလဲ ရှောင်းကျန့်ကို ပြန်ကြည့်လာတယ်၊ နောက်တော့ ဆရာတူအစ်ကိုဆိုသူဘက်လှည့်ပြီး ပြောလိုက်တယ်။

"ဒီလိုမလုပ်ပါနဲ့.. တကယ်လို့ ကိုယ်တော်မရှိတော့ရင် ရှောင်လုကျစ်ဘ၀က လမ်းဘေးရောက်သွားလိမ့်မယ် "

ရှောင်းကျန့်ကလဲ ထောက်ခံဟန်နဲ့ ခေါင်းတဆတ်ဆတ်ညိတ်ပြတယ်။

"အသက်ရှင်နေမှ သူ့ကို ကောင်းကောင်းသင်ပြပေးဖို့ အခွင့်အရေးရှိမှာ"

အဲဒီတော့မှသာ ခေါင်းမာတဲ့ ဆရာတူအစ်ကိုလဲ စိတ်ကိုပြန်ထိန်းသိမ်းလိုက်ပြီး သေမယ်တကဲကဲလုပ်နေတာကို ရပ်လိုက်တယ်၊ ယာဂုလုပ်နေတဲ့ ရှောင်လုကျစ်က အခုထိ ပြန်မလာသေးဘူး၊ ၃ ယောက်သား ကြမ်းပြင်မှာ ထိုင်နေကြတယ်၊ ၀မ်ရိပေါ်က ရှောင်လုကျစ်ရဲ့ အစ်ကိုကို သွေးကြောထပ်စမ်းပေးနေတယ်။

"ဒီက ကယ်တင်ရှင်ဒကာရဲ့ အမည်ကိုတောင် ကိုယ်တော်မမေးရသေးဘူး"

ဆရာတူအစ်ကိုက ရှောင်းကျန့်ကို မေးလာတယ်။

"ကျုပ်က အားကျန့်ပါ.. ဒီကဟယ်ရှန်ရဲ့ အမည်ကကော?"

"ဓမ္မအမည်ရှိပေမဲ့ ဒကာလေးကတော့ ကိုယ်တော့်ကို အားကျို့လို့ပဲ ခေါ်လို့ရပါတယ်"

အားကျို့ဆိုတဲ့ဟယ်ရှန်က ဒီလိုပြောလာတော့ ရှောင်းကျန့်တောင် ဇဝေဇဝါဖြစ်သွားတယ်၊ ရှောင်းကျန့်က တော်၀င်မျိုးနွယ်မို့ 'ရှောင်း' ဆိုတဲ့ မျိုးရိုးအမည်ကို  လက်လွတ်စပယ် ပြောလို့မရတာ၊ ဒီဟယ်ရှန်က ဘာကြောင့် လျှို့လျှို့ဝှက်ဝှက်ဖြစ်‌နေရတာလဲ?

၀မ်ရိပေါ်တုန်းကဆို စတွေ့ကတည်းက လူ၀တ်ကြောင်အမည်ပါ တအားပြောပြချင်ခဲ့တာလေ၊ အားကျို့ကတော့ ဓမ္မနာမည်ကိုတောင် ဖုံးကွယ်ထားချင်နေတဲ့ပုံမို့ ရှောင်းကျန့် သံသယပွါးမိသွားတယ်။

၀မ်ရိပေါ်ကလဲ မျက်မှောင်အနည်းငယ် တွန့်သွားတယ်။

"ဒါနဲ့လေ တိုင်းပြည်နေရာအနှံ့က ဘုံကျောင်းတွေပြင်ဆင်ဖို့အတွက် နန်းတော်က အလှူငွေတွေ နှစ်တိုင်း လှူဒါန်းပေးနေတယ် မဟုတ်ဘူးလား.. ဘာလို့ ဒီမှာရှိတဲ့ ဘုံကျောင်းတွေက စွန့်ပစ်ခံထားရသလို ချုံတွေပေါင်းတွေကြားမှာ ရောက်နေရတာလဲ?"

၀မ်ရိပေါ်နဲ့ ရှောင်းကျန့် တစ်ညအိပ်ခဲ့တဲ့ ဘုံကျောင်းငယ်လေးကလဲ ဒီနေရာလိုပဲ ယိုယွင်းနေတာ မဟုတ်လား၊ ဒီလိုအခြေအနေတွေ ရှိနေတော့ မင်ကျောက်ကို ဘာသာတရားကိုင်းရှိုင်းတဲ့တိုင်းပြည်လို့ အမွမ်းတင်ဖို့တောင် အခက်တွေ့နေရတယ်။

အားကျို့က သက်ပြင်းချလိုက်ပြီး။

"ရှောင်လုကျစ်နဲ့ ကိုယ်တော်က ရန်ကျိုးမှာကျန်ခဲ့တဲ့ နောက်ဆုံးလက်ကျန် ဟယ်ရှန်တွေဖြစ်တာကြောင့်ပါ "

"ဟို နတ်_နတ်ဆိုးဟယ်ရှန်ဆိုတာကြောင့်လား?"

ရှောင်းကျန့်က သွေးတိုးစမ်းပြီး မေးကြည့်တယ်၊ အားကျို့မျက်နှာက ချက်ချင်း မည်းမှောင်သွားပြီး။

"စကားပြော ဆင်ခြင်ပါ ဒကာ"

ရှောင်းကျန့် ပြုံးမိသွားတယ်၊ အဲဒီအချိန်မှာပဲ ၀မ်ရိပေါ်က မေးလာတယ်။

"တကယ်ပဲ ပန်းနတ်ဘုရားမနဲ့ ပတ်သက်မှုရှိနေတာလား?"

ဒီစကားကိုတော့ အားကျို့က ဖြည်းညှင်းစွာ ခေါင်းညိတ်ပြလာတယ်။

"လွန်ခဲ့တဲ့ ၁၂ နှစ်တုန်းက ပန်းနတ်ဘုရားမ ၂ ပါး ဘုံကျောင်းထဲမှာ  ဆက်တိုက်အသတ်ခံလိုက်ရတယ်.. ဒီကလူအားလုံးကလဲ သတ်တဲ့သူကို နတ်ဆိုးဟယ်ရှန်ဆိုပြီး လက်ခံထားတယ်..ဒီကိစ္စကြောင့် ဘယ်သူမှ ဘုံကျောင်းတွေကို ဆုတောင်းပူဇော်ဖို့ မလာကြတော့ဘူး..လူတိုင်းက ဟယ်ရှန်ဆို အထင်သေး နှာခေါင်းရှုပ်ကြတယ်.. အလှူရှင်မရှိတဲ့အတွက် ရှင်သန်ဖို့ခက်တယ်.. နောက်ဆုံးတော့ ဒီနယ်မှာ ဘယ်ဟယ်ရှန်မှ မနေလိုကြတော့ဘူး"

"ရုံးတော်က သေချာ မစစ်ဆေးပေးဘူးလား.. တကယ်ပဲ ..ဟယ်ရှန်... လုပ်ခဲ့တာ မို့လို့လား?"

အားကျို့မျက်နှာက လွန်စွာကြည့်ရဆိုးနေတယ်၊ သူက ဖြူရော်နေတဲ့ နှုတ်ခမ်းတွေကို တင်းတင်းဖိကပ်ထားရင်း ပြန်ဖြေဖို့ ငြင်းဆန်တယ်၊ ခဏကြာမှ ပြန်ပြောတယ်။

"ကိုယ်..ကိုယ်တော်ကလဲ ငယ်သေးတာမို့ အမှန်တရားကို သေချာမရှင်းလင်းဘူး"

"ဆရာတူအစ်ကို !"

သူတို့စကားပြောနေတုန်း ရှောင်လုကျစ်က ဇလုံအဟောင်းလေး တစ်လုံးကိုင်ပြီး အထဲ၀င်လာတယ်။

"ဆရာတူ အစ်ကို နိုးလာပြီလား.. ကျွန်တော် ယာဂုချက်ထားပေး..."

အားကျို့ ထပ်ပြီးကြိမ်းမောင်းနေမှာ ကြောက်တဲ့အတွက် ရှောင်လုကျစ်ရဲ့စကားသံက တဖြည်းဖြည်း တိမ်၀င်တိုးဖျော့သွားတယ်၊ ဒါပေမဲ့ အားကျို့က ဖျော့တော့စွာ ပြုံးလိုက်ပြီး သူ့နားလာထိုင်ဖို့ ရှောင်လုကျစ်ကို လက်ဟန် လုပ်ပြလိုက်တယ်။

ရှောင်လုကျစ်လဲ ရွှင်ရွှင်လန်းလန်းပြန်ဖြစ်သွားပြီး သူ့အစ်ကိုအနားမှာ ပြေးထိုင်လိုက်တယ်၊ ညီအစ်ကိုနှစ်ယောက် ပြောစရာရှိနေလောက်တာကို နားလည်နေတော့ ၀မ်ရိပေါ်နဲ့ ရှောင်းကျန့်ကလဲ အလိုက်တသိနဲ့ ရှောင်ထွက်လာလိုက်တယ်။

တစ်ညတာ ကုန်လွန်ခါနီးပြီမို့ မိုးကုတ်စက်ဝိုင်းက အရောင်ဖျော့လာခဲ့ပြီ၊ သိပ်မဝေးတဲ့နေရာမှာတော့ လခြမ်းကွေးလေးကို ရေးတေးတေး မြင်နေရဆဲပါပဲ၊ ရှောင်းကျန့်က အညောင်းအညာဖြေကာ သမ်းဝေနေရင်း။

"ပင်ပန်းလှပြီ"

ရှောင်းကျန့် နောက်လှည့်ပြီး ၀မ်ရိပေါ်ကို ပြောလိုက်တယ်။

"ပြန်ပြီး ခဏလောက် အိပ်ရအောင်.. ညမှောင်တော့မှ ရှောင်လုကျစ်ကိုခေါ်ပြီး ဆေးသွား၀ယ်မယ်"

၀မ်ရိပေါ်က ခေါင်းညိတ်ကာ လက်ခံလိုက်ပြီး အထဲကလူနှစ်ယောက်ကို သွားနှုတ်ဆက်ကြတယ်၊ ရှောင်လုကျစ်က ရတက်မအေးတဲ့မျက်နှာနဲ့ လက်သီးဆုပ်ထားရင်း။

"မင်းပြန်လာရမယ်နော်..မင်းပစ္စည်းတွေ ဒီမှာရှိနေသေးတာ မေ့မသွားနဲ့"

ရှောင်းကျန့်ကလဲ မျက်စောင်းခဲပြီး ပြန်ကြည့်ပေးလိုက်တယ်၊ နောက်တော့ ယာတောအိမ်ကိုပြန်ဖို့ ဝမ်ရိပေါ်နောက်ကနေ လိုက်သွားတော့တယ်၊ အိမ်ရှေ့ရောက်တော့ သူတို့ကိုစောင့်နေပုံရတဲ့ အိမ်ပိုင်ရှင်လယ်သူမကို တွေ့လိုက်ရတယ်။

"သခင်လေးတို့ ပြန်လာကြပြီလား.. သခင်လေးတို့က ဒီနယ်မြေနဲ့ စိမ်းတော့ သူခိုးလေးဆီက လှည့်စားခံလိုက်ရမှာ စိုးရိမ်နေတာ"

ရှောင်းကျန့်က အသံထွက်ရယ်လိုက်ပြီး။

"သူကကလေးလေးပါ..ဘာမှစိုးရိမ်စရာမရှိဘူး"

အိမ်ရှင်မက သူတို့အတွက် သောက်ရေတစ်ခွက်စီ ငှဲ့ပေးတယ်။

"သူ့ကို အထင်သေးလို့မရဘူး သခင်လေး..သူ့လှည့်ကွက်မှာ ခံလိုက်ရတဲ့လူ တော်တော်များများ ရှိတယ်"

ရှောင်းကျန့်က ရေခွက်ကိုင်ထားရင်း ထပ်မေးတယ်။

"ဒါပေမဲ့ ဘယ်သူကမှ သူ့ကို မတိုင်တန်းကြဘူးလေ"

အိမ်ရှင်အမျိုးသမီးက သက်ပြင်းရှည်တစ်ခု ချလိုက်ပြီး။

"သူက သနားစရာကောင်းလို့ပါ..ငယ်ငယ်ရွယ်ရွယ်လေးနဲ့ အိမ်ကထွက်လာရပြီး နောက်ဆုံး ဒီလိုအခြေအနေနဲ့ ကြုံရတယ်"

အိမ်ရှင်မက စကားပြောနေရင်း ၀မ်ရိပေါ်ဘက်ကိုလဲ လှမ်းအကဲခတ်နေသေးတယ်။

အမှန်တော့ သူတို့နှစ်ယောက် တည်းခိုခွင့်တောင်းတော့ အိမ်ရှင်တွေက အတော်လေး ချီတုံချတုံ ဖြစ်နေခဲ့တာ၊ ရှောင်းကျန့်က ပိုက်ဆံအများကြီး ပေးလိုက်တော့မှသာ တည်းဖို့လက်ခံလိုက်တယ်၊ ဒါပေမဲ့ အပြင်လျှောက်မသွားဖို့တော့ သတိပေးစကားလိုလို ပြောခဲ့သေးတယ်။

အခုပြန်စဉ်းစားကြည့်လိုက်တော့ ၀မ်ရိပေါ်က ဟယ်ရှန်ဖြစ်နေတာကြောင့် ဒီလိုမျိုး ဆက်ဆံခံရတာမှန်း နားလည်သွားတယ်၊ ဒါကြောင့် ရှောင်းကျန့်က တမင်ပဲ မေးကြည့်တယ်။

"ဒီကနယ်ခံတွေက ဟယ်ရှန်တွေကို အမြင်စောင်းနေကြတာလား?"

ရှောင်းကျန့်မေးခွန်းက တဲ့တိုးဆန်လွန်းတော့ အိမ်ရှင်မ ဖြေရခက်သွားပြီး မျက်လုံး ပေကလယ်ပေကလယ် ဖြစ်သွားတယ်၊ နောက်တော့ ၀မ်ရိပေါ်ဘက်ကို ထပ်ပြီး ခိုးကြည့်လိုက်တယ်၊ ပြန်တော့ မဖြေရဲဘူး။

"သူ့ကိုစိတ်မပူနဲ့.. သူက မွေးကတည်းက ဆံပင်မရှိတာ.. ဟယ်ရှန်အစစ်မဟုတ်ဘူး"

ရှောင်းကျန့်က ဒီလိုထပြောလိုက်တော့ ၀မ်ရိပေါ်က မျက်ခုံးကြီးပင့်ပြီး ကြည့်လာတယ်၊ ရှောင်းကျန့်က အသံထွက် ရယ်လိုက်ပြီး။

"ဒီမယ် အစ်မကြီး ကျုပ်တို့ ခရီးသွားတွေ.. ဗဟုသုတ ရှာမှီးရတာကို သဘောကျတယ်.. ဒီဒေသရဲ့ ထူးခြားတဲ့ပုံပြင်တွေရှိရင် ပြောပြပါလား"

ရှောင်းကျန့်က စကားဆုံးတာနဲ့ အင်္ကျီလက်ထဲကနေ ငွေတစ်စထုတ်ပြီး စားပွဲခုံပေါ်မှာ တင်ပေးလိုက်တယ်၊ အဲဒီတော့မှ ချီတုံချတုံဖြစ်နေတဲ့ အိမ်ရှင်မမျက်နှာလဲ ၀င်းပသွားပြီး။

"ကျွန်မတို့ဆီမှာ နတ်ဆိုးဟယ်ရှန်တွေရှိခဲ့တော့ လူတိုင်းက ဟယ်ရှန်ဆိုတာနဲ့ နှာခေါင်းရှုပ် ကြတာပါ"

"ဒီအကြောင်း ကျုပ်ကြားပြီးပြီ.. တကယ်ပဲ ပန်းနတ်ဘုရားမနဲ့ ပတ်သက်နေတာလား?"

ရှောင်းကျန့်က ထပ်မေးတယ်။

"ဟုတ်ပါတယ်.. ဒေသခံတွေက ပန်းအဓိကထားစိုက်ပြီး အသက်မွေးကြတယ်.. ချုံဟွာ ပန်းနတ်ဘုရားမ ပူဇော်ပွဲဆိုတာက ဒီဒေသရဲ့ အကြီးကျယ်ဆုံးပွဲတော်ပါ.. အဲဒီပွဲတော်မှာ ရန်ကျိုးခရိုင်က ဘယ်မိန်းမပျိုမဆို ၀င်အရွေးခံလို့ရတယ်.. အလှဆုံးမိန်းမပျိုကိုပဲ ပန်းနတ်ဘုရားမ ရွေးချယ်သတ်မှတ်တယ်..ဒီလို သတ်မှတ်ခံရတဲ့ မိန်းမပျိုဆိုတာ ဘိုးဘေးတွေဆီက ကောင်းချီးဆုမွန်တွေ လက်ခံရတာနဲ့ အတူတူပါပဲ"

ဒီအကြောင်းပြောနေချိန်မှာ အိမ်ရှင်မပုံစံက တက်ကြွနေတယ်။

"ပန်းနတ်ဘုရားမကိုတွေ့ရဖို့ တိုင်းပြည်အရပ်ရပ်က ပန်းကုန်သည်တွေပါ ရောက်လာလေ့ ရှိတယ်.. ချုံဟွား ပန်းနတ်ဘုရားမ ပူဇော်ပွဲလုပ်ပြီးရင် ၃ နှစ်လောက်အထိ ပန်းစျေးကွက်က ထောင်တက်သွားတတ်တယ်..ခရိုင်တစ်ခုလုံး အကျိုးရှိတယ်လို့တောင် ပြောလို့ရတယ်"

နောက်ဆုံးတော့ ပန်းနတ်ဘုရားမပူဇော်ပွဲဆိုတာကို ရှောင်းကျန့်နားလည်သွားတယ်၊ သူက ကျင်းလင်ရွှေမြို့တော်က အလှကညာရွေးပွဲနဲ့ အတူတူပဲ၊ အလှကညာကို တွေ့ရဖို့ လူတွေရောက်လာမယ်၊ သူရှိတဲ့ ဆောင်ကြားမြိုင်နဲ့ ဘေးပတ်၀န်းကျင်က စည်ကားမှုရဲ့ အကျိုးရလဒ်ကို ခံစားရတယ်။

"လွန်ခဲ့တဲ့ ၁၀ နှစ်လောက်တုန်းက အရွေးချယ်ခံထားရတဲ့ ပန်းနတ်ဘုရားမက ဘုံကျောင်းမှာ သေဆုံးသွားခဲ့တယ်.. ၃ နှစ်ကြာတော့ နောက်တစ်ယောက် ထပ်သေတယ်..တကယ်ကို ကံဆိုးလွန်းတယ်..ဒီဖြစ်ရပ်နောက်ပိုင်းမှာ ချုံဟွာ ပန်းနတ်ဘုရားမ ပူဇော်ပွဲကို လုံး၀ရပ်တန့်ထားခဲ့တာ"

"သူတို့ကို သတ်လိုက်တဲ့လူက ဟယ်ရှန်ပါဆိုပြီး ရုံးတော်က တရား၀င်ဖော်ထုတ်ခဲ့လို့လား?"

ရှောင်းကျန့်က အသံကို တမင်နိမ့်ပြီး မေးတယ်။

"ဒီလို လူကြားလို့မသင့်တော်တဲ့ ကိစ္စမျိုးကို ဘယ်လိုလုပ်ပြီး တရား၀င်ထုတ်ပြောပါ့မလဲ"

"ဒီကိစ္စက လူကြားလို့ မသင့်တော်ဘူးလား?"

အိမ်ရှင်မမျက်နှာမှာ လွန်စွာတုံ့ဆိုင်းနေတဲ့ အရိပ်အယောင်တွေ ပေါ်လာတယ်၊ ခဏကြာမှ စကားဆက်တယ်။

"အဲဒါက သခင်လေးက မသိသေးတာ ရှိနေလို့.. ပန်းနတ်ဘုရားမကို အဲဒီဟယ်ရှန်က အ_အဓမ္မပြုကျင့်ပြီး သတ်လိုက်တာ"

ရှောင်းကျန့်ဘက်က မင်တက်သွားပြီး မတုံ့ပြန်နိုင်သေးခင်မှာပဲ ၀မ်ရိပေါ်လက်ထဲမှာ ကိုင်ထားတဲ့ရေခွက်က အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားခဲ့တယ်၊ လှည့်ကြည့်လိုက်တော့ ၀မ်ရိပေါ်မျက်နှာက တင်းမာနေပြီး နဖူးတည့်တည့်မှာရှိနေတဲ့ အနီစက်ကလဲ အေးစက်စက် အလင်းတဖျတ် တောက်ပသွားတယ်၊ မသိရင် သူ့ဆီကနေ နတ်ဆိုးတစ်ယောက်ရဲ့ရောင်ဝါတွေ ဖြာထွက်နေသလိုပဲ။

အိမ်ရှင်မလဲ လန့်သွားပြီး စကားကို ရှေ့မဆက်ရဲတော့ဘူး၊ ဒီကလူတွေကို ရှောင်းကျန့် နားလည်သလို ရှိလာတယ်၊ ဟယ်ရှန်က လူသတ်တယ်ဆိုတာတောင် ထိတ်လန့်စရာ ကောင်းလှပြီဟာ၊ အဓမ္မကျင့်ပြီးမှ သတ်သွားတယ်ဆိုမှတော့ အဲဒီဟယ်ရှန်ကို နတ်ဆိုးဟယ်ရှန်လို့ ခေါ်တာ မဆန်းတော့ဘူးပဲ။

တကယ်တော့ အားကျို့က မသိတာမဟုတ်ဘဲ၊ မပြောချင်တာကိုး၊ သူကိုယ်တိုင်က ဟယ်ရှန်ဖြစ်နေတဲ့အပြင်၊ သူ့ရဲ့စီနီယာလို့ပြောရမဲ့ ဟယ်ရှန်က လူသတ်ပြီး အဓမ္မကျင့်တယ်လို့ စွပ်စွဲခံရတဲ့ကိစ္စမို့ ဒီလိုစကားတွေ လွယ်လွယ်ဘယ်ပြောထွက်ပါ့မလဲ။

နောက်တစ်ခုအနေနဲ့ အားကျို့ကိုယ်တိုင်က ဒီကိစ္စကို မယုံကြည်တာမျိုးလဲ ဖြစ်နိုင်တာပေါ့။

ရှောင်းကျန့်မပြောခင် ၀မ်ရိပေါ်က အေးစက်စွာ မေးခွန်းထုတ်တယ်။

"သက်သေရှိလား?"

၀မ်ရိပေါ်လေသံက ရေခဲပြင်လို အေးစက်တောင့်ခဲနေတယ်၊ သူ့မျက်နှာအမူအယာက ခက်ထန်ပြီး ကြက်သီးထစရာ ကောင်းလွန်းတယ်၊ နှစ်ပေါင်းများစွာ ငြိမ်သက်နေတဲ့ကန်လို တည်ငြိမ်နေတတ်တဲ့ ၀မ်ရိပေါ် မျက်နှာမှာ ဟယ်ရှန်တစ်ယောက်ရဲ့ ငြိမ်းချမ်းတဲ့သွင်ပြင် ပျောက်ဆုံးသွားပြီး သိသိသာသာ လှိုင်းထလှုပ်ရှားနေတယ်။

၀မ်ရိပေါ်ရဲ့ပြောင်းလဲမှုက အိမ်ရှင်မကို စကားမပြောနိုင်တဲ့အထိ ဖိအား‌ဖြစ်သွား‌စေတယ်၊ သူ့မှာ တည့်တည့်တောင် မကြည့်ရဲတော့ပဲ တုန်တုန်ယင်ယင်နဲ့ ဆက်ပြောနေရတယ်။

"အကုန်လုံးက အဲလိုပဲပြောကြတာ.. ပန်းနတ်ဘုရားမက သွေးအလိမ်းလိမ်းနဲ့ အိပ်ရာပေါ်မှာသေနေပြီး ဟယ်ရှန်က သူ့ဘေးမှာ လှဲအိပ်နေတာကို တွေ့တယ်ဆိုပြီး__"

"အဓိပ္ပါယ်မရှိလိုက်တာ!"

ဒါကတော့ ၀မ်ရိပေါ် ဘာမှမပြောနိုင်ခင်မှာ ရှောင်းကျန့်က ဦးအောင်ထပြောလိုက်တာ။

"ဒီလိုကိစ္စကြီးကို သူများပြောတာလေး တစ်ခုတည်းနဲ့ ယုံနေလို့ ဘယ်ဖြစ်မှာလဲ.. လိမ်ပြောတာဖြစ်နေရင် ဘယ်လိုလုပ်မလဲ?"

အိမ်ရှင်မက စိတ်မသက်မသာ ဖြစ်သွားဟန်နဲ့ ၀တ်ထားတဲ့ ဖျင်ကြမ်းအင်္ကျီအနားကို လက်နဲ့ဆုပ်ထားတယ်။

"အဲ_အဲဒါက လိမ်တာ မဟုတ်ဘူး.. ဒုတိယမြောက်သေသွားတဲ့ ပန်းနတ်ဘုရားမက သူ့ကိုဟယ်ရှန်က မတရားအနိုင်ကျင့်တာပါဆိုပြီး ကိုယ်တိုင် ပြောသွားခဲ့တာ"

ရှောင်းကျန့်က အေးစက်စွာ ဖြတ်မေးတယ်။

"သေသွားတဲ့လူက ဘယ်လိုနည်းနဲ့ ပြောနိုင်မှာတုံး"

"ဒုတိယမြောက် ပန်းနတ်ဘုရားမက သူ့ကိုယ်သူ အဆုံးစီရင်သွားတာ..သူက သွေးသေတမ်းစာရေးပြီး ပြစ်မှုကျူးလွန်တဲ့သူက ကျောက်တိဘုံကျောင်းက ဟယ်ရှန်ဆိုတာကို ပြောသွားခဲ့တယ်"

အိမ်ရှင်မရဲ့ စကားအဆုံးမှာ ရှောင်းကျန့် ကျောရိုးထဲမှာ စိမ့်ခနဲ ဖြစ်သွားတယ်၊ အဲဒီဘုံကျောင်းမှာ လူတကယ်သေထားမယ်လို့ သူမှမထင်ခဲ့ဘဲ၊ ပတ်၀န်းကျင်က မကောင်းတဲ့အငွေ့အသက်တွေနဲ့ ကြက်သီးထစရာကောင်းနေတာ၊ အဲဒါက ရှောင်းကျန့် စိတ်ထင်ရုံတင် မဟုတ်ဘူးပဲ။

အိမ်ရှင်မက ခပ်တိုးတိုး စကားဆက်တယ်။

"အစကတော့ အားလုံးကလဲ သခင်လေးပြောသလို ကောလဟလလို့ပဲ သတ်မှတ်ပြီး ပထမတစ်ကြိမ်ကို ဘယ်သူမှမယုံခဲ့ကြဘူး.. ဒုတိယအကြိမ်မှာတော့ သက်သေရှိလာပြီမို့ မယုံလို့မရတော့ဘူးလေ"

"ဘာဆက်ဖြစ်သွားလဲ_"

၀မ်ရိပေါ်ထပ်မေးတယ်၊ ဒီတစ်ခါတော့ သူ့မျက်နှာမှာ ဒေါသမိုးတိမ်တွေ ကင်းစင်သလောက် ရှိနေပြီ၊ သူက လက်ထဲမှာရှိနေသေးတဲ့ ကြွေထည်အပိုင်းအစတွေကို ငုံ့ကြည့်နေရင်း လေသံအေးအေးနဲ့ မေးတာ။

"နောက်ကျတော့ အပြစ်ရှိတဲ့ဟယ်ရှန်ကို ခေါင်းဖြတ်ပြီး ကွပ်မျက်လိုက်တယ်.. ကျောက်တိကျောင်းရဲ့ ကျောင်းတိုက်ဟယ်ရှန်ကလဲ အရှက်ရပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတယ်"

"အဆုံ...အဆုံးစီရင်သွားတယ် ဟုတ်လား"

၀မ်ရိပေါ်အသံက အနည်းငယ် တုန်လှုပ်နေပုံပေါ်တယ်။

"ဟုတ်တယ်.. အဲဒီအချိန်တုန်းက ကျောက်တိဘုံကျောင်းရဲ့ ကျောင်းတိုက်ဟယ်ရှန် ရွမ်ရိကို လူတွေက သိပ်လေးစားပြီး ကြည်ညိုကြတာ.. ကျောင်းမှာရှိတဲ့ အများစုသော ဟယ်ရှန်တွေက သူ့ရဲ့အနီးကပ်တပည့်တွေ.. သူ့တပည့်က ရာဇ၀တ်မှုကျူးလွန်တော့ ဆရာသခင်တစ်ယောက်နေရာကနေနဲ့ အရှက်ရပြီး အဆုံးစီရင်သွားတာထင်တယ်"

"ဘယ်__ဘယ်မှာရှိတာလဲ.. သူ့အုတ်ဂူက ဘယ်မှာလဲ?"

၀မ်ရိပေါ်မေးလိုက်တယ်။

"အဲဒါတော့ မသိဘူး.. အဲဒီကိစ္စဖြစ်ပြီး လူတွေက ဟယ်ရှန်တွေအပေါ်မှာ အယုံအကြည်မဲ့ကုန်ပြီး အထင်သေးအမြင်သေးနဲ့ ဆက်ဆံလာကြတယ်.. ဟယ်ရှန်တွေလဲ ဒီနေရာမှာ ဆက်မနေနိုင်တော့ဘဲ အလျိုလျိုနဲ့ ထွက်သွားကြတာ.. သေသူရဲ့ဝိညာဉ်တောင် နားခိုစရာနေရာ ရှိပါ့မလားပဲ"

အိမ်ရှင်မစကားဆုံးသွားတာနဲ့ တစ်ပြိုင်နက် ၀မ်ရိပေါ်ဆီက ထပ်ပြီးပေါက်ကွဲထွက်လာတော့မဲ့ အရိပ်အယောင်တွေ တွေ့နေရတာမို့ ရှောင်းကျန့်က စကားဝိုင်းကို မြန်မြန်လက်စသတ်လိုက်တယ်။

"ရှုပ်နေတာကို သေချာရှင်းပေးတဲ့ အစ်မကြီးကို ကျေးဇူးတင်တယ်နော်"

"ပြောပြရတာက ကျွန်မအဖို့ ဘာမှမပင်ပန်းပါဘူး..ဒါပေမဲ့ သခင်လေးတို့ နှစ်ယောက်ကတော့ ဒီနေရာက မြန်မြန်ထွက်သွားတာ ပိုကောင်းပါလိမ့်မယ်"

အိမ်ရှင်မက ပြောပြီးတာနဲ့ ၀မ်ရိပေါ်ဘက် ခိုးကြည့်လိုက်သေးတယ်၊ ရှောင်းကျန့်က ခေါင်းငြိမ့်ပြပြီး အိမ်ရှင်မကို အပြင်လိုက်ပို့တယ်၊ သူပြန်ဝင်လာတော့ ခုံမှာထိုင်ပြီး တရားမှတ်နေတဲ့ ဝမ်ရိပေါ်ကို တွေ့လိုက်ရတယ်၊ လက်ထဲက ပုတီးစေ့တွေက မှန်မှန်လည်နေတယ်၊ ၀မ်ရိပေါ်ကတော့ နောက်ထပ် စကားမပြောလိုတဲ့ပုံနဲ့ နှုတ်ခမ်းလွှာတွေကို တင်းတင်းစေ့ထားတယ်။

ရှောင်းကျန့် ဘာမေးမေး ၀မ်ရိပေါ်ဘက်က ဖြေမှာမဟုတ်မှန်း သိနေတဲ့အတွက် ရှောင်းကျန့် သက်ပြင်းပဲ ချလိုက်မိတယ်၊ အဲဒီနောက် ရှောင်းကျန့်လဲ အိပ်ရာပေါ်တက်ကာ စောင်ခြုံထဲ၀င်လိုက်ပြီး အိပ်ပျော်အောင် အိပ်လိုက်တော့တယ်။

ရှောင်းကျန့်နိုးလာတော့ နေ့ခင်း ၃ နာရီထိုးနေပြီ၊ မျက်လုံးဖွင့်လိုက်တာနဲ့ ယာတောအိမ်ရဲ့ပြတင်းပေါက်အပြင်က နေရောင်ကျဲတောက်တောက်ကို လှမ်းမြင်လိုက်ရတယ်၊ ပြင်းထန်တဲ့နေရောင်ကြောင့် ရှောင်းကျန့်မှာ မျက်စိတောင် ကောင်းကောင်းဖွင့်မရချင်ဘူး။

၀မ်ရိပေါ်ကတော့ သူ့ကိုကျောပေးပြီး ထိုင်နေတယ်၊ ဘာလုပ်နေမှန်း ရှောင်းကျန့် မသိဘူး၊ အသံကြားတော့ ရှောင်းကျန့်ဘက် လှည့်ကြည့်ပြီး။

"အရှင်မင်းသမီး နိုးလာပြီလား?"

ရှောင်းကျန့်က တင်းတောင့်နေတဲ့ကုတ်ပိုးကို ပွတ်သပ်နေရင်း ဖြည်းညှင်းစွာ ထိုင်လိုက်တယ်။

"မင်းမအိပ်ဘူးလား?"

၀မ်ရိပေါ်က ဘာမှပြန်မပြောဘူး၊ ရှောင်းကျန့်က အိပ်ရာပေါ်ကဆင်းပြီး ရေတစ်ခွက် ငှဲ့သောက်တယ်၊ ခေါင်းကိုစမ်းကြည့်တော့ ဆံပင်တွေ ရှုပ်ထွေးပြီး အချင်းချင်း တွယ်ငြိနေတာကို တွေ့လိုက်ရတယ်၊ လယ်တောအိမ်မှာ ကြေးမုံမရှိဘူး၊ မျက်နှာသစ်ဆေးကြောဖို့ ရေထည့်ပေးထားတဲ့ ကြေးနီအင်တုံ တစ်လုံးပဲ ရှိတယ်၊ ရှောင်းကျန့်က မလုပ်ချင်လုပ်ချင်နဲ့ လက်ကိုရေစွတ်လိုက်ပြီး ဆံပင်တထွေးကို စပြီးဖြည်တယ်။

သူက တော်၀င်ရွှေမင်းသမီးလေ၊ အခုလို ဆံပင်ပွနေဖို့ မပြောနဲ့၊ ဆံပင်တစ်မွေး ကျွတ်သွားရင်တောင် အစေခံတွေက ဒူးဖက်မတတ် တောင်းပန်ရတာ၊ ဒါမျိုးတွေ ကိုယ်တိုင် ဘယ်လုပ်ဖူးပါ့မလဲ၊ ရှောင်းကျန့် အခက်တွေ့နေတုန်း လက်တစ်စုံရောက်လာပြီး သွယ်လျတဲ့လက်ချောင်းတွေက ဆံပင်တွေကြားတိုး၀င်ကာ ညှင်သာစွာ ဖြီးပေးလာတယ်။

ရှောင်းကျန့်က ဒါကို ရေဇလုံထဲကနေ ကြည့်နေခဲ့တယ်။

လှိုင်းကြပ်ခွပ်လေးတွေကြောင့် တစ်ဖက်လူရဲ့ ခပ်တည်တည်မျက်နှာပေါ်မှာ နူးညံ့ခြင်းအရိပ်တွေ ဖြတ်ပြေးပြီး သိမ်မွေ့သွားတယ်လို့တောင် ရှောင်းကျန့်မှာ ထင်မိသွားသေးတယ်။

၀မ်ရိပေါ်က လက်ချောင်းထိပ်တွေကို ရေစွတ်ပြီး ရှောင်းကျန့်ဆံပင်ကို စိတ်ရှည်ရှည်နဲ့ ရှင်းပေးနေတာ၊ ပထမတစ်ကြိမ်နဲ့ ယှဉ်ရင်တော့ လက်ရည်က အများကြီး တိုးတက်လာတာတော့ အမှန်ပဲ။

"မနေ့ညကလဲ ပန်ကုန်းဆံပင်ကို လာကိုင်ပြီး တိတ်တိတ်လေး လေ့ကျင့်နေတာမလား.. ဟုတ်တယ်မလား?"

ရှောင်းကျန့်က ရယ်ရယ်ပြုံးပြုံးနဲ့ မေးလိုက်တော့ ၀မ်ရိပေါ်ကလဲ ခပ်အေးအေးပဲ တုံ့ပြန်တယ်။

"မသပ်မရပ်ဖြစ်နေတာက ကြည့်ရဆိုးတယ်"

ဘာလဲ? ပန်ကုန်းပုံစံက ကြည့်ရဆိုးတယ်လို့ ပြောချင်တာလား?

ရိုင်းလိုက်လေ။

ရှောင်းကျန့် စိတ်တိုသွားတာမို့ လက်မြှောက်ပြီး ၀မ်ရိပေါ်ကို တွန်းထုတ်ဖို့လုပ်တယ်။

"သွား.. မင်းကို ဘယ်သူက လုပ်ပေးဖို့ ခွင့်ပြုထားလို့လဲ"

ရှောင်းကျန်းက ရုန်းမလို့ဘဲ၊ ဒါပေမဲ့ ကိုယ့်ဆံပင်တွေက သူများလက်ထဲ ရောက်နေတယ်ဆိုတာကို သတိရပြီး ဆံပင်တွေကိုပါ ပြန်ဆွဲယူဖို့လုပ်တယ်၊ ၀မ်ရိပေါ်က တွန်းခံရပေမဲ့ နည်းနည်းလေးတောင် နေရာမရွေ့သွားဘဲ သူ့ဆံပင်တွေကို မြဲမြဲကိုင်ထားရင်း ချော့ချော့မော့မော့ ပြောလာတယ်။

"လိမ်မာတယ်.. ခဏငြိမ်နေ.. ဆွဲမိရင် နာသွားလိမ့်မယ်.."

၀မ်ရိပေါ်က ရှောင်းကျန့်ကို 'အရှင်မင်းသမီး' လို့ မခေါ်ဘူး၊ ရင်းနှီးမှုအရိပ်အမြွက်တွေ အများကြီးပါတဲ့လေသံနဲ့ ညင်သာစွာပြောတယ်၊ အဲဒါက ကြေးနီအင်တုံထဲကရေကို လက်ချောင်းထိပ်နဲ့ ထိလိုက်တဲ့အခါ လှိုင်းလေးတွေထပြီး ဘောင်ဘင်ခတ်သွားသလိုမျိုးနဲ့ အတူတူပဲ၊ ရှောင်းကျန့်နှလုံးသားကိုပါ မထိတထိ ကျီစယ်သွားတယ်။

ရှောင်းကျန့် နေရာမရွေ့နိုင်တော့ဘူး၊ ခေါင်းပြန်မော့ထားပေးပြီး ဆံပင်တွေကို ၀မ်ရိပေါ် လက်ထဲအပ်လိုက်တယ်။

ဒီနေ့တော့ ၀မ်ရိပေါ်က ဆံထုံးကို ခပ်သွက်သွက်ပဲ ထုံးလို့ရသွားတယ်၊ ရှောင်းကျန့်က ချည်ဖို့အတွက်  စည်းနေကျကြိုး လှမ်းပေးဖို့လုပ်တယ်၊ ၀မ်ရိပေါ်က သူ့၀တ်ရုံထဲက သစ်သားဆံထိုးတစ်ခုထုတ်ပြီး ဆံထုံးလေးမှာ ထိုးပေးလိုက်မယ်လို့တော့ ရှောင်းကျန့်လဲ ဘယ်ထင်ထားခဲ့ပါ့မလဲ။

ဒီသစ်သားဆံထိုးက အသစ်စက်စက်ပဲရှိသေးတယ်၊ သူ့ပေါ်မှာ လွင့်မျောနေတဲ့တိမ်လွှာပုံစံ ဖော်ထားပေးတယ်၊ ကျောက်စိမ်းဆံထိုးလောက် မချောမွေ့ပေမဲ့ တမူထူခြားစွာ ကြော့ရှင်းလှပတယ်၊ ရှောင်းကျန့်က ရေထဲငုံ့ကြည့်နေရင်း လက်ချောင်းထိပ်လေးနဲ့ ဆံထိုးကို အသာအယာ ထိကြည့်မိတယ်။

"ပန်ကုန်းအတွက် လုပ်ထားတာလား?"

၀မ်ရိပေါ်က ခေါင်းညိတ်ပြတယ်။

အနုစိတ်ထွင်းထားတဲ့ တိမ်လွှာတိမ်လိပ်လေးတွေပေါ်ကို ရှောင်းကျန့်က လက်ချောင်းတွေနဲ့ ထိတွေ့နေရင်း။

"တကယ်လှတယ်"

"သဘောကျရဲ့လား?"

၀မ်ရိပေါ်က မဝံ့မရဲနဲ့ ဆက်ပြောတယ်။

"ဒါက ရောင်းလိုက်ရတဲ့ ကျောက်စိမ်းဆံထိုးလောက် မကောင်းလောက်တာမို့ ကိုယ်တော်က__ စိုးရိမ်နေတာ"

ရှောင်းကျန့်က ပြုံးလိုက်ပြီး။

"အင်း အရမ်းလှတယ်..နောက်ပြီး ပေါ့ပါးတယ်"

ပြောပြီးတာနဲ့ ရှောင်းကျန့်က ၀မ်ရိပေါ်နဲ့ မျက်နှာချင်းဆိုင်လိုက်ပြီး ခေါင်းလေးလှုပ်ပြကာ။

"ဘယ်လိုလဲ.. ပန်ကုန်းနဲ့ လိုက်ရဲ့လား?"

၀မ်ရိပေါ်က ရှောင်းကျန့်ကို ပြုံးကြည့်နေရင်း ခေါင်းတခါခါ လုပ်တယ်၊ ပြုံးရယ်နေတဲ့ ရှောင်းကျန့်ပုံလေးက တုတ်ထိုးသကြားလုံးစားရလို့ ပျော်ရွှင်နေတဲ့ ကလေးငယ်တစ်ယောက်လိုပဲ၊ ၀မ်ရိပေါ်ရင်ထဲမှာ အဆပေါင်းများစွာ နွေးထွေးနူးညံ့သွားပြီး။

"လိုက်တယ်"

ရှောင်းကျန့်လဲ အများကြီး ကျေနပ်သွားတယ်။

"မင်းကို ဒီလိုလက်မှုပညာလဲ ကျွမ်းကျင်လိမ့်မယ်လို့ မထင်ခဲ့မိဘူး"

"လုပ်စရာမရှိတာမို့... ဒါလုပ်ပြီး အချိန်ကုန်ဆုံးစေရုံပါ"

၀မ်ရိပေါ်က မူလပုံစံအတိုင်း တည်ငြိမ်စွာ ပြန်ပြောလာတယ်။

ရှောင်းကျန့်မှာ မနေနိုင်ဘဲ သစ်သားဆံထိုးလေးကို ဆက်တိုက် ထိကိုင်နေမိတယ်၊ မက်မွန်သားရနံ့က ပတ်၀န်းကျင်မှာ ပျံ့လွင့်နေသလို ခံစားရတယ်၊ ရှောင်းကျန့်က ရုတ်ချည်း ရယ်ချလိုက်ပြီး။

"ဒါက ပန်ကုန်းကို လုပ်ခိုင်းချင်တာရှိလို့ လာဘ်ကြိုထိုးထားတဲ့ သဘောများလား?"

သူ့စကားကြောင့် ၀မ်ရိပေါ် မင်တက်သွားတယ်၊ ရှောင်းကျန့်က ခေါင်းလေး စောင်းကြည့်လာပြီး။

"ဖုံးထားဖို့ ကြိုးစားမနေနဲ့..ပန်ကုန်း မှန်းမိပြီးသား"

"အရှင်မင်းသမီးက ဘာကိုများ မှန်းမိထားတာလဲ?"

၀မ်ရိပေါ်က ပြန်မေးလာတယ်။

"ပန်းနတ်ဘုရားမ သေဆုံးမှုကိစ္စနဲ့ ပတ်သက်ပြီး မင်းပန်ကုန်းကို စုံစမ်းခိုင်းချင်နေတာ မဟုတ်ဘူးလား?"

မနေ့ကကိစ္စနဲ့ပတ်သက်ပြီး ၀မ်ရိပေါ်ရဲ့တုံ့ပြန်မှုကို မြင်ပြီးကတည်းက အဲဒီကျောက်တိဘုံကျောင်းက ၀မ်ရိပေါ်နဲ့ တစ်နည်းမဟုတ်တနည်း ဆက်နွယ်မှု ရှိနေလောက်တယ်ဆိုတာ ရှောင်းကျန့် တွေးမိပြီးသား။

"မင်းက သူများကိစ္စမှာ ၀င်ပါလေ့ရှိတဲ့လူ မဟုတ်ဘူးလေ..ဒါပေမဲ့ ကျောက်တိဘုံးကျောင်းကိစ္စနဲ့ ပတ်သက်ရင် ဆတ်ဆတ်ထိ မခံနိုင်အောင် တုံ့ပြန်လွယ်နေခဲ့တယ်.. ဒီအကြောင်းကို အောက်ခြေကစပြီး စုံစမ်းချင်တယ်ဆိုရင် ရုံးတော်ကိုသွားပြီး အမှုတွဲတွေ ပြန်ရှာဖို့ လိုလာမယ်... ဒါက ပန်ကုန်းမရှိရင် လုပ်လို့ရမှာမဟုတ်ဘူး"

ရှောင်းကျန့်က ခပ်အေးအေးနဲ့ ရှင်းပြသွားတယ်၊ ၀မ်ရိပေါ်က အတန်ကြာ နှုတ်ဆိတ်နေပြီးမှ။

"အရှင်မင်းသမီးက ထက်မြက်ပါပေတယ်"

ဒါက ဖြစ်သင့်တာပဲလေဆိုတဲ့ပုံစံနဲ့ ရှောင်းကျန့် မျက်နှာချီထားပြီး ချထားတဲ့ဆံပင်တချို့ကို အနောက်ပို့လိုက်တယ်၊ ပြီးတာနဲ့ ၀မ်ရိပေါ်ကို မျက်၀န်းတောက်တောက်တစ်စုံနဲ့ စိုက်ကြည့်လာရင်း။

"ပန်ကုန်း မင်းကို ကူညီပေးလို့ရတယ်.. ဒါပေမဲ့ တစ်ခုပဲ__"

ရှောင်းကျန့်က တမင် အသံရှည်ဆွဲပြီး ပြောတယ်။

"အဲဒီ ကျောက်တိဘုံကျောင်းနဲ့ မင်းရဲ့ပတ်သက်မှုကို ပြောပြပေးရမယ်"

၀မ်ရိပေါ် မျက်နှာပျက်သွားပြီး ရှောင်းကျန့်မျက်လုံးတွေကနေ ရှောင်ဖယ်သွားတယ်။

"ဒီကိစ္စ မမေးလို့မရဘူးလား အရှင်မင်းသမီး?"

"မရဘူး"

ရှောင်းကျန့်က ပြတ်ပြတ်သားသားပဲ ငြင်းတယ်။

၀မ်ရိပေါ်က ရှောင်းကျန့်နဲ့ မျက်လုံးချင်းဆုံအောင် ပြန်ကြည့်တယ်၊ နှစ်ယောက်သားက အတန်ကြာ အကြည့်ချင်း ဖလှယ်မိသွားတယ်၊ ရှောင်းကျန့် မျက်လုံးတွေမှာ ဆုံးဖြတ်ချက် ခိုင်မာခြင်းအရိပ်တွေ စိုးမိုးနေတယ်၊ ဆုတောင်းပုတီးကို ဖိကိုင်ထားတဲ့အခါ ၀မ်ရိပေါ်ရဲ့ လက်ချောင်းထိပ်တွေက ဖြူဖွေးသွားတယ်၊ နောက်ဆုံးမှာတော့ ၀မ်ရိပေါ် က မျက်လွှာချသွားပြီး ခပ်တိုးတိုး ပြောလိုက်တယ်။

"ကျောက်တိ ဘုံကျောင်းရဲ့ကျောင်းတိုက်ဟယ်ရှန်က.. ကိုယ်တော့်ရဲ့ ဆရာတူအစ်ကိုပါ"

240127

⇝⇝⇝⇝✥⇜⇜⇜⇜

အပိုင္း။ ၁၄

"ကိုယ္ေတာ္ကေတာ့ စစ္မွန္တဲ့ႏွလုံးသားကို သစၥာရွိပါတယ္"

မင္းရဲ႕စစ္မွန္တဲ့ႏွလုံးသားက ဘာလဲ?

ဒါေပမဲ့ ေရွာင္လုက်စ္ရဲ႕ ဆရာတူအစ္ကို ျပန္သတိရလာတာမို႔ ဒီေမးခြန္းကို ေရွာင္းက်န္႔ မေမးလိုက္ရဘူး၊ ဟယ္ရွန္ႏိုးလာေတာ့လဲ က်င့္၀တ္သိကၡာေတြ၊ တရားဓမၼေတြအေၾကာင္းပဲ ထပ္ၾကားရတာ၊ ဒီေန႔အဖို႔ အေတာ္လုံေလာက္သြားၿပီမို႔ ေရွာင္းက်န္႔ ဆက္သည္းမခံႏိုင္ေတာ့ဘဲ။

"အဲဒါက က်ဳပ္ကိုယ္တိုင္ လႉထားတာလို႔ အထပ္ထပ္ ရွင္းျပၿပီးၿပီေလ..မင္းတို႔ဟယ္ရွန္ေတြ ဘာလို႔ဒီေလာက္ေတာင္ မာနႀကီးတာလဲ"

ေရွာင္းက်န္႔က ေျပာၿပီးတာနဲ႔ ၀မ္ရိေပၚဘက္ လွမ္းၾကည့္တယ္၊ ၀မ္ရိေပၚကလဲ ေရွာင္းက်န္႔ကို ျပန္ၾကည့္လာတယ္၊ ေနာက္ေတာ့ ဆရာတူအစ္ကိုဆိုသူဘက္လွည့္ၿပီး ေျပာလိုက္တယ္။

"ဒီလိုမလုပ္ပါနဲ႔.. တကယ္လို႔ ကိုယ္ေတာ္မရွိေတာ့ရင္ ေရွာင္လုက်စ္ဘ၀က လမ္းေဘးေရာက္သြားလိမ့္မယ္ "

ေရွာင္းက်န္႔ကလဲ ေထာက္ခံဟန္နဲ႔ ေခါင္းတဆတ္ဆတ္ညိတ္ျပတယ္။

"အသက္ရွင္ေနမွ သူ႔ကို ေကာင္းေကာင္းသင္ျပေပးဖို႔ အခြင့္အေရးရွိမွာ"

အဲဒီေတာ့မွသာ ေခါင္းမာတဲ့ ဆရာတူအစ္ကိုလဲ စိတ္ကိုျပန္ထိန္းသိမ္းလိုက္ၿပီး ေသမယ္တကဲကဲလုပ္ေနတာကို ရပ္လိုက္တယ္၊ ယာဂုလုပ္ေနတဲ့ ေရွာင္လုက်စ္က အခုထိ ျပန္မလာေသးဘူး၊ ၃ ေယာက္သား ၾကမ္းျပင္မွာ ထိုင္ေနၾကတယ္၊ ၀မ္ရိေပၚက ေရွာင္လုက်စ္ရဲ႕ အစ္ကိုကို ေသြးေၾကာထပ္စမ္းေပးေနတယ္။

"ဒီက ကယ္တင္ရွင္ဒကာရဲ႕ အမည္ကိုေတာင္ ကိုယ္ေတာ္မေမးရေသးဘူး"

ဆရာတူအစ္ကိုက ေရွာင္းက်န္႔ကို ေမးလာတယ္။

"က်ဳပ္က အားက်န္႔ပါ.. ဒီကဟယ္ရွန္ရဲ႕ အမည္ကေကာ?"

"ဓမၼအမည္ရွိေပမဲ့ ဒကာေလးကေတာ့ ကိုယ္ေတာ့္ကို အားက်ိဳ႕လို႔ပဲ ေခၚလို႔ရပါတယ္"

အားက်ိဳ႕ဆိုတဲ့ဟယ္ရွန္က ဒီလိုေျပာလာေတာ့ ေရွာင္းက်န္႔ေတာင္ ဇေဝဇဝါျဖစ္သြားတယ္၊ ေရွာင္းက်န္႔က ေတာ္၀င္မ်ိဳးႏြယ္မို႔ 'ေရွာင္း' ဆိုတဲ့ မ်ိဳး႐ိုးအမည္ကို  လက္လြတ္စပယ္ ေျပာလို႔မရတာ၊ ဒီဟယ္ရွန္က ဘာေၾကာင့္ လွ်ိဳ႕လွ်ိဳ႕ဝွက္ဝွက္ျဖစ္‌ေနရတာလဲ?

၀မ္ရိေပၚတုန္းကဆို စေတြ႕ကတည္းက လူ၀တ္ေၾကာင္အမည္ပါ တအားေျပာျပခ်င္ခဲ့တာေလ၊ အားက်ိဳ႕ကေတာ့ ဓမၼနာမည္ကိုေတာင္ ဖုံးကြယ္ထားခ်င္ေနတဲ့ပုံမို႔ ေရွာင္းက်န္႔ သံသယပြါးမိသြားတယ္။

၀မ္ရိေပၚကလဲ မ်က္ေမွာင္အနည္းငယ္ တြန္႔သြားတယ္။

"ဒါနဲ႔ေလ တိုင္းျပည္ေနရာအႏွံ႔က ဘုံေက်ာင္းေတြျပင္ဆင္ဖို႔အတြက္ နန္းေတာ္က အလႉေငြေတြ ႏွစ္တိုင္း လႉဒါန္းေပးေနတယ္ မဟုတ္ဘူးလား.. ဘာလို႔ ဒီမွာရွိတဲ့ ဘုံေက်ာင္းေတြက စြန္႔ပစ္ခံထားရသလို ခ်ဳံေတြေပါင္းေတြၾကားမွာ ေရာက္ေနရတာလဲ?"

၀မ္ရိေပၚနဲ႔ ေရွာင္းက်န္႔ တစ္ညအိပ္ခဲ့တဲ့ ဘုံေက်ာင္းငယ္ေလးကလဲ ဒီေနရာလိုပဲ ယိုယြင္းေနတာ မဟုတ္လား၊ ဒီလိုအေျခအေနေတြ ရွိေနေတာ့ မင္ေက်ာက္ကို ဘာသာတရားကိုင္းရႈိင္းတဲ့တိုင္းျပည္လို႔ အမြမ္းတင္ဖို႔ေတာင္ အခက္ေတြ႕ေနရတယ္။

အားက်ိဳ႕က သက္ျပင္းခ်လိုက္ၿပီး။

"ေရွာင္လုက်စ္နဲ႔ ကိုယ္ေတာ္က ရန္က်ိဳးမွာက်န္ခဲ့တဲ့ ေနာက္ဆုံးလက္က်န္ ဟယ္ရွန္ေတြျဖစ္တာေၾကာင့္ပါ "

"ဟို နတ္_နတ္ဆိုးဟယ္ရွန္ဆိုတာေၾကာင့္လား?"

ေရွာင္းက်န္႔က ေသြးတိုးစမ္းၿပီး ေမးၾကည့္တယ္၊ အားက်ိဳ႕မ်က္ႏွာက ခ်က္ခ်င္း မည္းေမွာင္သြားၿပီး။

"စကားေျပာ ဆင္ျခင္ပါ ဒကာ"

ေရွာင္းက်န္႔ ၿပဳံးမိသြားတယ္၊ အဲဒီအခ်ိန္မွာပဲ ၀မ္ရိေပၚက ေမးလာတယ္။

"တကယ္ပဲ ပန္းနတ္ဖုရားမနဲ႔ ပတ္သက္မႈရွိေနတာလား?"

ဒီစကားကိုေတာ့ အားက်ိဳ႕က ျဖည္းညႇင္းစြာ ေခါင္းညိတ္ျပလာတယ္။

"လြန္ခဲ့တဲ့ ၁၂ ႏွစ္တုန္းက ပန္းနတ္ဖုရားမ ၂ ပါး ဘုံေက်ာင္းထဲမွာ  ဆက္တိုက္အသတ္ခံလိုက္ရတယ္.. ဒီကလူအားလုံးကလဲ သတ္တဲ့သူကို နတ္ဆိုးဟယ္ရွန္ဆိုၿပီး လက္ခံထားတယ္..ဒီကိစၥေၾကာင့္ ဘယ္သူမွ ဘုံေက်ာင္းေတြကို ဆုေတာင္းပူေဇာ္ဖို႔ မလာၾကေတာ့ဘူး..လူတိုင္းက ဟယ္ရွန္ဆို အထင္ေသး ႏွာေခါင္းရႈပ္ၾကတယ္.. အလႉရွင္မရွိတဲ့အတြက္ ရွင္သန္ဖို႔ခက္တယ္.. ေနာက္ဆုံးေတာ့ ဒီနယ္မွာ ဘယ္ဟယ္ရွန္မွ မေနလိုၾကေတာ့ဘူး"

"႐ုံးေတာ္က ေသခ်ာ မစစ္ေဆးေပးဘူးလား.. တကယ္ပဲ ..ဟယ္ရွန္... လုပ္ခဲ့တာ မို႔လို႔လား?"

အားက်ိဳ႕မ်က္ႏွာက လြန္စြာၾကည့္ရဆိုးေနတယ္၊ သူက ျဖဴေရာ္ေနတဲ့ ႏႈတ္ခမ္းေတြကို တင္းတင္းဖိကပ္ထားရင္း ျပန္ေျဖဖို႔ ျငင္းဆန္တယ္၊ ခဏၾကာမွ ျပန္ေျပာတယ္။

"ကိုယ္..ကိုယ္ေတာ္ကလဲ ငယ္ေသးတာမို႔ အမွန္တရားကို ေသခ်ာမရွင္းလင္းဘူး"

"ဆရာတူအစ္ကို !"

သူတို႔စကားေျပာေနတုန္း ေရွာင္လုက်စ္က ဇလုံအေဟာင္းေလး တစ္လုံးကိုင္ၿပီး အထဲ၀င္လာတယ္။

"ဆရာတူ အစ္ကို ႏိုးလာၿပီလား.. ကြၽန္ေတာ္ ယာဂုခ်က္ထားေပး..."

အားက်ိဳ႕ ထပ္ၿပီးႀကိမ္းေမာင္းေနမွာ ေၾကာက္တဲ့အတြက္ ေရွာင္လုက်စ္ရဲ႕စကားသံက တျဖည္းျဖည္း တိမ္၀င္တိုးေဖ်ာ့သြားတယ္၊ ဒါေပမဲ့ အားက်ိဳ႕က ေဖ်ာ့ေတာ့စြာ ၿပဳံးလိုက္ၿပီး သူ႔နားလာထိုင္ဖို႔ ေရွာင္လုက်စ္ကို လက္ဟန္ လုပ္ျပလိုက္တယ္။

ေရွာင္လုက်စ္လဲ ႐ႊင္႐ႊင္လန္းလန္းျပန္ျဖစ္သြားၿပီး သူ႔အစ္ကိုအနားမွာ ေျပးထိုင္လိုက္တယ္၊ ညီအစ္ကိုႏွစ္ေယာက္ ေျပာစရာရွိေနေလာက္တာကို နားလည္ေနေတာ့ ၀မ္ရိေပၚနဲ႔ ေရွာင္းက်န္႔ကလဲ အလိုက္တသိနဲ႔ ေရွာင္ထြက္လာလိုက္တယ္။

တစ္ညတာ ကုန္လြန္ခါနီးၿပီမို႔ မိုးကုတ္စက္ဝိုင္းက အေရာင္ေဖ်ာ့လာခဲ့ၿပီ၊ သိပ္မေဝးတဲ့ေနရာမွာေတာ့ လျခမ္းေကြးေလးကို ေရးေတးေတး ျမင္ေနရဆဲပါပဲ၊ ေရွာင္းက်န္႔က အေညာင္းအညာေျဖကာ သမ္းေဝေနရင္း။

"ပင္ပန္းလွၿပီ"

ေရွာင္းက်န္႔ ေနာက္လွည့္ၿပီး ၀မ္ရိေပၚကို ေျပာလိုက္တယ္။

"ျပန္ၿပီး ခဏေလာက္ အိပ္ရေအာင္.. ညေမွာင္ေတာ့မွ ေရွာင္လုက်စ္ကိုေခၚၿပီး ေဆးသြား၀ယ္မယ္"

၀မ္ရိေပၚက ေခါင္းညိတ္ကာ လက္ခံလိုက္ၿပီး အထဲကလူႏွစ္ေယာက္ကို သြားႏႈတ္ဆက္ၾကတယ္၊ ေရွာင္လုက်စ္က ရတက္မေအးတဲ့မ်က္ႏွာနဲ႔ လက္သီးဆုပ္ထားရင္း။

"မင္းျပန္လာရမယ္ေနာ္..မင္းပစၥည္းေတြ ဒီမွာရွိေနေသးတာ ေမ့မသြားနဲ႔"

ေရွာင္းက်န္႔ကလဲ မ်က္ေစာင္းခဲၿပီး ျပန္ၾကည့္ေပးလိုက္တယ္၊ ေနာက္ေတာ့ ယာေတာအိမ္ကိုျပန္ဖို႔ ဝမ္ရိေပၚေနာက္ကေန လိုက္သြားေတာ့တယ္၊ အိမ္ေရွ႕ေရာက္ေတာ့ သူတို႔ကိုေစာင့္ေနပုံရတဲ့ အိမ္ပိုင္ရွင္လယ္သူမကို ေတြ႕လိုက္ရတယ္။

"သခင္ေလးတို႔ ျပန္လာၾကၿပီလား.. သခင္ေလးတို႔က ဒီနယ္ေျမနဲ႔ စိမ္းေတာ့ သူခိုးေလးဆီက လွည့္စားခံလိုက္ရမွာ စိုးရိမ္ေနတာ"

ေရွာင္းက်န္႔က အသံထြက္ရယ္လိုက္ၿပီး။

"သူကကေလးေလးပါ..ဘာမွစိုးရိမ္စရာမရွိဘူး"

အိမ္ရွင္မက သူတို႔အတြက္ ေသာက္ေရတစ္ခြက္စီ ငွဲ႔ေပးတယ္။

"သူ႔ကို အထင္ေသးလို႔မရဘူး သခင္ေလး..သူ႔လွည့္ကြက္မွာ ခံလိုက္ရတဲ့လူ ေတာ္ေတာ္မ်ားမ်ား ရွိတယ္"

ေရွာင္းက်န္႔က ေရခြက္ကိုင္ထားရင္း ထပ္ေမးတယ္။

"ဒါေပမဲ့ ဘယ္သူကမွ သူ႔ကို မတိုင္တန္းၾကဘူးေလ"

အိမ္ရွင္အမ်ိဳးသမီးက သက္ျပင္းရွည္တစ္ခု ခ်လိုက္ၿပီး။

"သူက သနားစရာေကာင္းလို႔ပါ..ငယ္ငယ္႐ြယ္႐ြယ္ေလးနဲ႔ အိမ္ကထြက္လာရၿပီး ေနာက္ဆုံး ဒီလိုအေျခအေနနဲ႔ ႀကဳံရတယ္"

အိမ္ရွင္မက စကားေျပာေနရင္း ၀မ္ရိေပၚဘက္ကိုလဲ လွမ္းအကဲခတ္ေနေသးတယ္။

အမွန္ေတာ့ သူတို႔ႏွစ္ေယာက္ တည္းခိုခြင့္ေတာင္းေတာ့ အိမ္ရွင္ေတြက အေတာ္ေလး ခ်ီတုံခ်တုံ ျဖစ္ေနခဲ့တာ၊ ေရွာင္းက်န္႔က ပိုက္ဆံအမ်ားႀကီး ေပးလိုက္ေတာ့မွသာ တည္းဖို႔လက္ခံလိုက္တယ္၊ ဒါေပမဲ့ အျပင္ေလွ်ာက္မသြားဖို႔ေတာ့ သတိေပးစကားလိုလို ေျပာခဲ့ေသးတယ္။

အခုျပန္စဥ္းစားၾကည့္လိုက္ေတာ့ ၀မ္ရိေပၚက ဟယ္ရွန္ျဖစ္ေနတာေၾကာင့္ ဒီလိုမ်ိဳး ဆက္ဆံခံရတာမွန္း နားလည္သြားတယ္၊ ဒါေၾကာင့္ ေရွာင္းက်န္႔က တမင္ပဲ ေမးၾကည့္တယ္။

"ဒီကနယ္ခံေတြက ဟယ္ရွန္ေတြကို အျမင္ေစာင္းေနၾကတာလား?"

ေရွာင္းက်န္႔ေမးခြန္းက တဲ့တိုးဆန္လြန္းေတာ့ အိမ္ရွင္မ ေျဖရခက္သြားၿပီး မ်က္လုံး ေပကလယ္ေပကလယ္ ျဖစ္သြားတယ္၊ ေနာက္ေတာ့ ၀မ္ရိေပၚဘက္ကို ထပ္ၿပီး ခိုးၾကည့္လိုက္တယ္၊ ျပန္ေတာ့ မေျဖရဲဘူး။

"သူ႔ကိုစိတ္မပူနဲ႔.. သူက ေမြးကတည္းက ဆံပင္မရွိတာ.. ဟယ္ရွန္အစစ္မဟုတ္ဘူး"

ေရွာင္းက်န္႔က ဒီလိုထေျပာလိုက္ေတာ့ ၀မ္ရိေပၚက မ်က္ခုံးႀကီးပင့္ၿပီး ၾကည့္လာတယ္၊ ေရွာင္းက်န္႔က အသံထြက္ ရယ္လိုက္ၿပီး။

"ဒီမယ္ အစ္မႀကီး က်ဳပ္တို႔ ခရီးသြားေတြ.. ဗဟုသုတ ရွာမွီးရတာကို သေဘာက်တယ္.. ဒီေဒသရဲ႕ ထူးျခားတဲ့ပုံျပင္ေတြရွိရင္ ေျပာျပပါလား"

ေရွာင္းက်န္႔က စကားဆုံးတာနဲ႔ အက်ႌလက္ထဲကေန ေငြတစ္စထုတ္ၿပီး စားပြဲခုံေပၚမွာ တင္ေပးလိုက္တယ္၊ အဲဒီေတာ့မွ ခ်ီတုံခ်တုံျဖစ္ေနတဲ့ အိမ္ရွင္မမ်က္ႏွာလဲ ၀င္းပသြားၿပီး။

"ကြၽန္မတို႔ဆီမွာ နတ္ဆိုးဟယ္ရွန္ေတြရွိခဲ့ေတာ့ လူတိုင္းက ဟယ္ရွန္ဆိုတာနဲ႔ ႏွာေခါင္းရႈပ္ ၾကတာပါ"

"ဒီအေၾကာင္း က်ဳပ္ၾကားၿပီးၿပီ.. တကယ္ပဲ ပန္းနတ္ဖုရားမနဲ႔ ပတ္သက္ေနတာလား?"

ေရွာင္းက်န္႔က ထပ္ေမးတယ္။

"ဟုတ္ပါတယ္.. ေဒသခံေတြက ပန္းအဓိကထားစိုက္ၿပီး အသက္ေမြးၾကတယ္.. ခ်ဳံဟြာ ပန္းနတ္ဖုရားမ ပူေဇာ္ပြဲဆိုတာက ဒီေဒသရဲ႕ အႀကီးက်ယ္ဆုံးပြဲေတာ္ပါ.. အဲဒီပြဲေတာ္မွာ ရန္က်ိဳးခ႐ိုင္က ဘယ္မိန္းမပ်ိဳမဆို ၀င္အေ႐ြးခံလို႔ရတယ္.. အလွဆုံးမိန္းမပ်ိဳကိုပဲ ပန္းနတ္ဖုရားမ ေ႐ြးခ်ယ္သတ္မွတ္တယ္..ဒီလို သတ္မွတ္ခံရတဲ့ မိန္းမပ်ိဳဆိုတာ ဘိုးေဘးေတြဆီက ေကာင္းခ်ီးဆုမြန္ေတြ လက္ခံရတာနဲ႔ အတူတူပါပဲ"

ဒီအေၾကာင္းေျပာေနခ်ိန္မွာ အိမ္ရွင္မပုံစံက တက္ႂကြေနတယ္။

"ပန္းနတ္ဖုရားမကိုေတြ႕ရဖို႔ တိုင္းျပည္အရပ္ရပ္က ပန္းကုန္သည္ေတြပါ ေရာက္လာေလ့ ရွိတယ္.. ခ်ဳံဟြား ပန္းနတ္ဖုရားမ ပူေဇာ္ပြဲလုပ္ၿပီးရင္ ၃ ႏွစ္ေလာက္အထိ ပန္းေစ်းကြက္က ေထာင္တက္သြားတတ္တယ္..ခ႐ိုင္တစ္ခုလုံး အက်ိဳးရွိတယ္လို႔ေတာင္ ေျပာလို႔ရတယ္"

ေနာက္ဆုံးေတာ့ ပန္းနတ္ဖုရားမပူေဇာ္ပြဲဆိုတာကို ေရွာင္းက်န္႔နားလည္သြားတယ္၊ သူက က်င္းလင္ေ႐ႊၿမိဳ႕ေတာ္က အလွကညာေ႐ြးပြဲနဲ႔ အတူတူပဲ၊ အလွကညာကို ေတြ႕ရဖို႔ လူေတြေရာက္လာမယ္၊ သူရွိတဲ့ ေဆာင္ၾကားၿမိဳင္နဲ႔ ေဘးပတ္၀န္းက်င္က စည္ကားမႈရဲ႕ အက်ိဳးရလဒ္ကို ခံစားရတယ္။

"လြန္ခဲ့တဲ့ ၁၀ ႏွစ္ေလာက္တုန္းက အေ႐ြးခ်ယ္ခံထားရတဲ့ ပန္းနတ္ဖုရားမက ဘုံေက်ာင္းမွာ ေသဆုံးသြားခဲ့တယ္.. ၃ ႏွစ္ၾကာေတာ့ ေနာက္တစ္ေယာက္ ထပ္ေသတယ္..တကယ္ကို ကံဆိုးလြန္းတယ္..ဒီျဖစ္ရပ္ေနာက္ပိုင္းမွာ ခ်ဳံဟြာ ပန္းနတ္ဖုရားမ ပူေဇာ္ပြဲကို လုံး၀ရပ္တန္႔ထားခဲ့တာ"

"သူတို႔ကို သတ္လိုက္တဲ့လူက ဟယ္ရွန္ပါဆိုၿပီး ႐ုံးေတာ္က တရား၀င္ေဖာ္ထုတ္ခဲ့လို႔လား?"

ေရွာင္းက်န္႔က အသံကို တမင္နိမ့္ၿပီး ေမးတယ္။

"ဒီလို လူၾကားလို႔မသင့္ေတာ္တဲ့ ကိစၥမ်ိဳးကို ဘယ္လိုလုပ္ၿပီး တရား၀င္ထုတ္ေျပာပါ့မလဲ"

"ဒီကိစၥက လူၾကားလို႔ မသင့္ေတာ္ဘူးလား?"

အိမ္ရွင္မမ်က္ႏွာမွာ လြန္စြာတုံ႔ဆိုင္းေနတဲ့ အရိပ္အေယာင္ေတြ ေပၚလာတယ္၊ ခဏၾကာမွ စကားဆက္တယ္။

"အဲဒါက သခင္ေလးက မသိေသးတာ ရွိေနလို႔.. ပန္းနတ္ဖုရားမကို အဲဒီဟယ္ရွန္က အ_အဓမၼျပဳက်င့္ၿပီး သတ္လိုက္တာ"

ေရွာင္းက်န္႔ဘက္က မင္တက္သြားၿပီး မတုံ႔ျပန္ႏိုင္ေသးခင္မွာပဲ ၀မ္ရိေပၚလက္ထဲမွာ ကိုင္ထားတဲ့ေရခြက္က အစိတ္စိတ္အမႊာမႊာ ကြဲေၾကသြားခဲ့တယ္၊ လွည့္ၾကည့္လိုက္ေတာ့ ၀မ္ရိေပၚမ်က္ႏွာက တင္းမာေနၿပီး နဖူးတည့္တည့္မွာရွိေနတဲ့ အနီစက္ကလဲ ေအးစက္စက္ အလင္းတဖ်တ္ ေတာက္ပသြားတယ္၊ မသိရင္ သူ႔ဆီကေန နတ္ဆိုးတစ္ေယာက္ရဲ႕ေရာင္ဝါေတြ ျဖာထြက္ေနသလိုပဲ။

အိမ္ရွင္မလဲ လန္႔သြားၿပီး စကားကို ေရွ႕မဆက္ရဲေတာ့ဘူး၊ ဒီကလူေတြကို ေရွာင္းက်န္႔ နားလည္သလို ရွိလာတယ္၊ ဟယ္ရွန္က လူသတ္တယ္ဆိုတာေတာင္ ထိတ္လန္႔စရာ ေကာင္းလွၿပီဟာ၊ အဓမၼက်င့္ၿပီးမွ သတ္သြားတယ္ဆိုမွေတာ့ အဲဒီဟယ္ရွန္ကို နတ္ဆိုးဟယ္ရွန္လို႔ ေခၚတာ မဆန္းေတာ့ဘူးပဲ။

တကယ္ေတာ့ အားက်ိဳ႕က မသိတာမဟုတ္ဘဲ၊ မေျပာခ်င္တာကိုး၊ သူကိုယ္တိုင္က ဟယ္ရွန္ျဖစ္ေနတဲ့အျပင္၊ သူ႔ရဲ႕စီနီယာလို႔ေျပာရမဲ့ ဟယ္ရွန္က လူသတ္ၿပီး အဓမၼက်င့္တယ္လို႔ စြပ္စြဲခံရတဲ့ကိစၥမို႔ ဒီလိုစကားေတြ လြယ္လြယ္ဘယ္ေျပာထြက္ပါ့မလဲ။

ေနာက္တစ္ခုအေနနဲ႔ အားက်ိဳ႕ကိုယ္တိုင္က ဒီကိစၥကို မယုံၾကည္တာမ်ိဳးလဲ ျဖစ္ႏိုင္တာေပါ့။

ေရွာင္းက်န္႔မေျပာခင္ ၀မ္ရိေပၚက ေအးစက္စြာ ေမးခြန္းထုတ္တယ္။

"သက္ေသရွိလား?"

၀မ္ရိေပၚေလသံက ေရခဲျပင္လို ေအးစက္ေတာင့္ခဲေနတယ္၊ သူ႔မ်က္ႏွာအမူအယာက ခက္ထန္ၿပီး ၾကက္သီးထစရာ ေကာင္းလြန္းတယ္၊ ႏွစ္ေပါင္းမ်ားစြာ ၿငိမ္သက္ေနတဲ့ကန္လို တည္ၿငိမ္ေနတတ္တဲ့ ၀မ္ရိေပၚ မ်က္ႏွာမွာ ဟယ္ရွန္တစ္ေယာက္ရဲ႕ ၿငိမ္းခ်မ္းတဲ့သြင္ျပင္ ေပ်ာက္ဆုံးသြားၿပီး သိသိသာသာ လႈိင္းထလႈပ္ရွားေနတယ္။

၀မ္ရိေပၚရဲ႕ေျပာင္းလဲမႈက အိမ္ရွင္မကို စကားမေျပာႏိုင္တဲ့အထိ ဖိအား‌ျဖစ္သြား‌ေစတယ္၊ သူ႔မွာ တည့္တည့္ေတာင္ မၾကည့္ရဲေတာ့ပဲ တုန္တုန္ယင္ယင္နဲ႔ ဆက္ေျပာေနရတယ္။

"အကုန္လုံးက အဲလိုပဲေျပာၾကတာ.. ပန္းနတ္ဖုရားမက ေသြးအလိမ္းလိမ္းနဲ႔ အိပ္ရာေပၚမွာေသေနၿပီး ဟယ္ရွန္က သူ႔ေဘးမွာ လွဲအိပ္ေနတာကို ေတြ႕တယ္ဆိုၿပီး__"

"အဓိပၸါယ္မရွိလိုက္တာ!"

ဒါကေတာ့ ၀မ္ရိေပၚ ဘာမွမေျပာႏိုင္ခင္မွာ ေရွာင္းက်န္႔က ဦးေအာင္ထေျပာလိုက္တာ။

"ဒီလိုကိစၥႀကီးကို သူမ်ားေျပာတာေလး တစ္ခုတည္းနဲ႔ ယုံေနလို႔ ဘယ္ျဖစ္မွာလဲ.. လိမ္ေျပာတာျဖစ္ေနရင္ ဘယ္လိုလုပ္မလဲ?"

အိမ္ရွင္မက စိတ္မသက္မသာ ျဖစ္သြားဟန္နဲ႔ ၀တ္ထားတဲ့ ဖ်င္ၾကမ္းအက်ႌအနားကို လက္နဲ႔ဆုပ္ထားတယ္။

"အဲ_အဲဒါက လိမ္တာ မဟုတ္ဘူး.. ဒုတိယေျမာက္ေသသြားတဲ့ ပန္းနတ္ဖုရားမက သူ႔ကိုဟယ္ရွန္က မတရားအႏိုင္က်င့္တာပါဆိုၿပီး ကိုယ္တိုင္ ေျပာသြားခဲ့တာ"

ေရွာင္းက်န္႔က ေအးစက္စြာ ျဖတ္ေမးတယ္။

"ေသသြားတဲ့လူက ဘယ္လိုနည္းနဲ႔ ေျပာႏိုင္မွာတုံး"

"ဒုတိယေျမာက္ ပန္းနတ္ဖုရားမက သူ႔ကိုယ္သူ အဆုံးစီရင္သြားတာ..သူက ေသြးေသတမ္းစာေရးၿပီး ျပစ္မႈက်ဴးလြန္တဲ့သူက ေက်ာက္တိဘုံေက်ာင္းက ဟယ္ရွန္ဆိုတာကို ေျပာသြားခဲ့တယ္"

အိမ္ရွင္မရဲ႕ စကားအဆုံးမွာ ေရွာင္းက်န္႔ ေက်ာ႐ိုးထဲမွာ စိမ့္ခနဲ ျဖစ္သြားတယ္၊ အဲဒီဘုံေက်ာင္းမွာ လူတကယ္ေသထားမယ္လို႔ သူမွမထင္ခဲ့ဘဲ၊ ပတ္၀န္းက်င္က မေကာင္းတဲ့အေငြ႕အသက္ေတြနဲ႔ ၾကက္သီးထစရာေကာင္းေနတာ၊ အဲဒါက ေရွာင္းက်န္႔ စိတ္ထင္႐ုံတင္ မဟုတ္ဘူးပဲ။

အိမ္ရွင္မက ခပ္တိုးတိုး စကားဆက္တယ္။

"အစကေတာ့ အားလုံးကလဲ သခင္ေလးေျပာသလို ေကာလဟလလို႔ပဲ သတ္မွတ္ၿပီး ပထမတစ္ႀကိမ္ကို ဘယ္သူမွမယုံခဲ့ၾကဘူး.. ဒုတိယအႀကိမ္မွာေတာ့ သက္ေသရွိလာၿပီမို႔ မယုံလို႔မရေတာ့ဘူးေလ"

"ဘာဆက္ျဖစ္သြားလဲ_"

၀မ္ရိေပၚထပ္ေမးတယ္၊ ဒီတစ္ခါေတာ့ သူ႔မ်က္ႏွာမွာ ေဒါသမိုးတိမ္ေတြ ကင္းစင္သေလာက္ ရွိေနၿပီ၊ သူက လက္ထဲမွာရွိေနေသးတဲ့ ေႂကြထည္အပိုင္းအစေတြကို ငုံ႔ၾကည့္ေနရင္း ေလသံေအးေအးနဲ႔ ေမးတာ။

"ေနာက္က်ေတာ့ အျပစ္ရွိတဲ့ဟယ္ရွန္ကို ေခါင္းျဖတ္ၿပီး ကြပ္မ်က္လိုက္တယ္.. ေက်ာက္တိေက်ာင္းရဲ႕ ေက်ာင္းတိုက္ဟယ္ရွန္ကလဲ အရွက္ရၿပီး ကိုယ့္ကိုယ္ကို အဆုံးစီရင္သြားတယ္"

"အဆုံ...အဆုံးစီရင္သြားတယ္ ဟုတ္လား"

၀မ္ရိေပၚအသံက အနည္းငယ္ တုန္လႈပ္ေနပုံေပၚတယ္။

"ဟုတ္တယ္.. အဲဒီအခ်ိန္တုန္းက ေက်ာက္တိဘုံေက်ာင္းရဲ႕ ေက်ာင္းတိုက္ဟယ္ရွန္ ႐ြမ္ရိကို လူေတြက သိပ္ေလးစားၿပီး ၾကည္ညိဳၾကတာ.. ေက်ာင္းမွာရွိတဲ့ အမ်ားစုေသာ ဟယ္ရွန္ေတြက သူ႔ရဲ႕အနီးကပ္တပည့္ေတြ.. သူ႔တပည့္က ရာဇ၀တ္မႈက်ဴးလြန္ေတာ့ ဆရာသခင္တစ္ေယာက္ေနရာကေနနဲ႔ အရွက္ရၿပီး အဆုံးစီရင္သြားတာထင္တယ္"

"ဘယ္__ဘယ္မွာရွိတာလဲ.. သူ႔အုတ္ဂူက ဘယ္မွာလဲ?"

၀မ္ရိေပၚေမးလိုက္တယ္။

"အဲဒါေတာ့ မသိဘူး.. အဲဒီကိစၥျဖစ္ၿပီး လူေတြက ဟယ္ရွန္ေတြအေပၚမွာ အယုံအၾကည္မဲ့ကုန္ၿပီး အထင္ေသးအျမင္ေသးနဲ႔ ဆက္ဆံလာၾကတယ္.. ဟယ္ရွန္ေတြလဲ ဒီေနရာမွာ ဆက္မေနႏိုင္ေတာ့ဘဲ အလ်ိဳလ်ိဳနဲ႔ ထြက္သြားၾကတာ.. ေသသူရဲ႕ဝိညာဥ္ေတာင္ နားခိုစရာေနရာ ရွိပါ့မလားပဲ"

အိမ္ရွင္မစကားဆုံးသြားတာနဲ႔ တစ္ၿပိဳင္နက္ ၀မ္ရိေပၚဆီက ထပ္ၿပီးေပါက္ကြဲထြက္လာေတာ့မဲ့ အရိပ္အေယာင္ေတြ ေတြ႕ေနရတာမို႔ ေရွာင္းက်န္႔က စကားဝိုင္းကို ျမန္ျမန္လက္စသတ္လိုက္တယ္။

"ရႈပ္ေနတာကို ေသခ်ာရွင္းေပးတဲ့ အစ္မႀကီးကို ေက်းဇူးတင္တယ္ေနာ္"

"ေျပာျပရတာက ကြၽန္မအဖို႔ ဘာမွမပင္ပန္းပါဘူး..ဒါေပမဲ့ သခင္ေလးတို႔ ႏွစ္ေယာက္ကေတာ့ ဒီေနရာက ျမန္ျမန္ထြက္သြားတာ ပိုေကာင္းပါလိမ့္မယ္"

အိမ္ရွင္မက ေျပာၿပီးတာနဲ႔ ၀မ္ရိေပၚဘက္ ခိုးၾကည့္လိုက္ေသးတယ္၊ ေရွာင္းက်န္႔က ေခါင္းၿငိမ့္ျပၿပီး အိမ္ရွင္မကို အျပင္လိုက္ပို႔တယ္၊ သူျပန္ဝင္လာေတာ့ ခုံမွာထိုင္ၿပီး တရားမွတ္ေနတဲ့ ဝမ္ရိေပၚကို ေတြ႕လိုက္ရတယ္၊ လက္ထဲက ပုတီးေစ့ေတြက မွန္မွန္လည္ေနတယ္၊ ၀မ္ရိေပၚကေတာ့ ေနာက္ထပ္ စကားမေျပာလိုတဲ့ပုံနဲ႔ ႏႈတ္ခမ္းလႊာေတြကို တင္းတင္းေစ့ထားတယ္။

ေရွာင္းက်န္႔ ဘာေမးေမး ၀မ္ရိေပၚဘက္က ေျဖမွာမဟုတ္မွန္း သိေနတဲ့အတြက္ ေရွာင္းက်န္႔ သက္ျပင္းပဲ ခ်လိုက္မိတယ္၊ အဲဒီေနာက္ ေရွာင္းက်န္႔လဲ အိပ္ရာေပၚတက္ကာ ေစာင္ၿခဳံထဲ၀င္လိုက္ၿပီး အိပ္ေပ်ာ္ေအာင္ အိပ္လိုက္ေတာ့တယ္။

ေရွာင္းက်န္႔ႏိုးလာေတာ့ ေန႔ခင္း ၃ နာရီထိုးေနၿပီ၊ မ်က္လုံးဖြင့္လိုက္တာနဲ႔ ယာေတာအိမ္ရဲ႕ျပတင္းေပါက္အျပင္က ေနေရာင္က်ဲေတာက္ေတာက္ကို လွမ္းျမင္လိုက္ရတယ္၊ ျပင္းထန္တဲ့ေနေရာင္ေၾကာင့္ ေရွာင္းက်န္႔မွာ မ်က္စိေတာင္ ေကာင္းေကာင္းဖြင့္မရခ်င္ဘူး။

၀မ္ရိေပၚကေတာ့ သူ႔ကိုေက်ာေပးၿပီး ထိုင္ေနတယ္၊ ဘာလုပ္ေနမွန္း ေရွာင္းက်န္႔ မသိဘူး၊ အသံၾကားေတာ့ ေရွာင္းက်န္႔ဘက္ လွည့္ၾကည့္ၿပီး။

"အရွင္မင္းသမီး ႏိုးလာၿပီလား?"

ေရွာင္းက်န္႔က တင္းေတာင့္ေနတဲ့ကုတ္ပိုးကို ပြတ္သပ္ေနရင္း ျဖည္းညႇင္းစြာ ထိုင္လိုက္တယ္။

"မင္းမအိပ္ဘူးလား?"

၀မ္ရိေပၚက ဘာမွျပန္မေျပာဘူး၊ ေရွာင္းက်န္႔က အိပ္ရာေပၚကဆင္းၿပီး ေရတစ္ခြက္ ငွဲ႔ေသာက္တယ္၊ ေခါင္းကိုစမ္းၾကည့္ေတာ့ ဆံပင္ေတြ ရႈပ္ေထြးၿပီး အခ်င္းခ်င္း တြယ္ၿငိေနတာကို ေတြ႕လိုက္ရတယ္၊ လယ္ေတာအိမ္မွာ ေၾကးမုံမရွိဘူး၊ မ်က္ႏွာသစ္ေဆးေၾကာဖို႔ ေရထည့္ေပးထားတဲ့ ေၾကးနီအင္တုံ တစ္လုံးပဲ ရွိတယ္၊ ေရွာင္းက်န္႔က မလုပ္ခ်င္လုပ္ခ်င္နဲ႔ လက္ကိုေရစြတ္လိုက္ၿပီး ဆံပင္တေထြးကို စၿပီးျဖည္တယ္။

သူက ေတာ္၀င္ေ႐ႊမင္းသမီးေလ၊ အခုလို ဆံပင္ပြေနဖို႔ မေျပာနဲ႔၊ ဆံပင္တစ္ေမြး ကြၽတ္သြားရင္ေတာင္ အေစခံေတြက ဒူးဖက္မတတ္ ေတာင္းပန္ရတာ၊ ဒါမ်ိဳးေတြ ကိုယ္တိုင္ ဘယ္လုပ္ဖူးပါ့မလဲ၊ ေရွာင္းက်န္႔ အခက္ေတြ႕ေနတုန္း လက္တစ္စုံေရာက္လာၿပီး သြယ္လ်တဲ့လက္ေခ်ာင္းေတြက ဆံပင္ေတြၾကားတိုး၀င္ကာ ညႇင္သာစြာ ၿဖီးေပးလာတယ္။

ေရွာင္းက်န္႔က ဒါကို ေရဇလုံထဲကေန ၾကည့္ေနခဲ့တယ္။

လႈိင္းၾကပ္ခြပ္ေလးေတြေၾကာင့္ တစ္ဖက္လူရဲ႕ ခပ္တည္တည္မ်က္ႏွာေပၚမွာ ႏူးညံ့ျခင္းအရိပ္ေတြ ျဖတ္ေျပးၿပီး သိမ္ေမြ႕သြားတယ္လို႔ေတာင္ ေရွာင္းက်န္႔မွာ ထင္မိသြားေသးတယ္။

၀မ္ရိေပၚက လက္ေခ်ာင္းထိပ္ေတြကို ေရစြတ္ၿပီး ေရွာင္းက်န္႔ဆံပင္ကို စိတ္ရွည္ရွည္နဲ႔ ရွင္းေပးေနတာ၊ ပထမတစ္ႀကိမ္နဲ႔ ယွဥ္ရင္ေတာ့ လက္ရည္က အမ်ားႀကီး တိုးတက္လာတာေတာ့ အမွန္ပဲ။

"မေန႔ညကလဲ ပန္ကုန္းဆံပင္ကို လာကိုင္ၿပီး တိတ္တိတ္ေလး ေလ့က်င့္ေနတာမလား.. ဟုတ္တယ္မလား?"

ေရွာင္းက်န္႔က ရယ္ရယ္ၿပဳံးၿပဳံးနဲ႔ ေမးလိုက္ေတာ့ ၀မ္ရိေပၚကလဲ ခပ္ေအးေအးပဲ တုံ႔ျပန္တယ္။

"မသပ္မရပ္ျဖစ္ေနတာက ၾကည့္ရဆိုးတယ္"

ဘာလဲ? ပန္ကုန္းပုံစံက ၾကည့္ရဆိုးတယ္လို႔ ေျပာခ်င္တာလား?

႐ိုင္းလိုက္ေလ။

ေရွာင္းက်န္႔ စိတ္တိုသြားတာမို႔ လက္ေျမႇာက္ၿပီး ၀မ္ရိေပၚကို တြန္းထုတ္ဖို႔လုပ္တယ္။

"သြား.. မင္းကို ဘယ္သူက လုပ္ေပးဖို႔ ခြင့္ျပဳထားလို႔လဲ"

ေရွာင္းက်န္းက ႐ုန္းမလို႔ဘဲ၊ ဒါေပမဲ့ ကိုယ့္ဆံပင္ေတြက သူမ်ားလက္ထဲ ေရာက္ေနတယ္ဆိုတာကို သတိရၿပီး ဆံပင္ေတြကိုပါ ျပန္ဆြဲယူဖို႔လုပ္တယ္၊ ၀မ္ရိေပၚက တြန္းခံရေပမဲ့ နည္းနည္းေလးေတာင္ ေနရာမေ႐ြ႕သြားဘဲ သူ႔ဆံပင္ေတြကို ၿမဲၿမဲကိုင္ထားရင္း ေခ်ာ့ေခ်ာ့ေမာ့ေမာ့ ေျပာလာတယ္။

"လိမ္မာတယ္.. ခဏၿငိမ္ေန.. ဆြဲမိရင္ နာသြားလိမ့္မယ္.."

၀မ္ရိေပၚက ေရွာင္းက်န္႔ကို 'အရွင္မင္းသမီး' လို႔ မေခၚဘူး၊ ရင္းႏွီးမႈအရိပ္အႁမြက္ေတြ အမ်ားႀကီးပါတဲ့ေလသံနဲ႔ ညႇင္သာစြာေျပာတယ္၊ အဲဒါက ေၾကးနီအင္တုံထဲကေရကို လက္ေခ်ာင္းထိပ္နဲ႔ ထိလိုက္တဲ့အခါ လႈိင္းေလးေတြထၿပီး ေဘာင္ဘင္ခတ္သြားသလိုမ်ိဳးနဲ႔ အတူတူပဲ၊ ေရွာင္းက်န္႔ႏွလုံးသားကိုပါ မထိတထိ က်ီစယ္သြားတယ္။

ေရွာင္းက်န္႔ ေနရာမေ႐ြ႕ႏိုင္ေတာ့ဘူး၊ ေခါင္းျပန္ေမာ့ထားေပးၿပီး ဆံပင္ေတြကို ၀မ္ရိေပၚ လက္ထဲအပ္လိုက္တယ္။

ဒီေန႔ေတာ့ ၀မ္ရိေပၚက ဆံထုံးကို ခပ္သြက္သြက္ပဲ ထုံးလို႔ရသြားတယ္၊ ေရွာင္းက်န္႔က ခ်ည္ဖို႔အတြက္  စည္းေနက်ႀကိဳး လွမ္းေပးဖို႔လုပ္တယ္၊ ၀မ္ရိေပၚက သူ႔၀တ္႐ုံထဲက သစ္သားဆံထိုးတစ္ခုထုတ္ၿပီး ဆံထုံးေလးမွာ ထိုးေပးလိုက္မယ္လို႔ေတာ့ ေရွာင္းက်န္႔လဲ ဘယ္ထင္ထားခဲ့ပါ့မလဲ။

ဒီသစ္သားဆံထိုးက အသစ္စက္စက္ပဲရွိေသးတယ္၊ သူ႔ေပၚမွာ လြင့္ေမ်ာေနတဲ့တိမ္လႊာပုံစံ ေဖာ္ထားေပးတယ္၊ ေက်ာက္စိမ္းဆံထိုးေလာက္ မေခ်ာေမြ႕ေပမဲ့ တမူထူျခားစြာ ေၾကာ့ရွင္းလွပတယ္၊ ေရွာင္းက်န္႔က ေရထဲငုံ႔ၾကည့္ေနရင္း လက္ေခ်ာင္းထိပ္ေလးနဲ႔ ဆံထိုးကို အသာအယာ ထိၾကည့္မိတယ္။

"ပန္ကုန္းအတြက္ လုပ္ထားတာလား?"

၀မ္ရိေပၚက ေခါင္းညိတ္ျပတယ္။

အႏုစိတ္ထြင္းထားတဲ့ တိမ္လႊာတိမ္လိပ္ေလးေတြေပၚကို ေရွာင္းက်န္႔က လက္ေခ်ာင္းေတြနဲ႔ ထိေတြ႕ေနရင္း။

"တကယ္လွတယ္"

"သေဘာက်ရဲ႕လား?"

၀မ္ရိေပၚက မဝံ့မရဲနဲ႔ ဆက္ေျပာတယ္။

"ဒါက ေရာင္းလိုက္ရတဲ့ ေက်ာက္စိမ္းဆံထိုးေလာက္ မေကာင္းေလာက္တာမို႔ ကိုယ္ေတာ္က__ စိုးရိမ္ေနတာ"

ေရွာင္းက်န္႔က ၿပဳံးလိုက္ၿပီး။

"အင္း အရမ္းလွတယ္..ေနာက္ၿပီး ေပါ့ပါးတယ္"

ေျပာၿပီးတာနဲ႔ ေရွာင္းက်န္႔က ၀မ္ရိေပၚနဲ႔ မ်က္ႏွာခ်င္းဆိုင္လိုက္ၿပီး ေခါင္းေလးလႈပ္ျပကာ။

"ဘယ္လိုလဲ.. ပန္ကုန္းနဲ႔ လိုက္ရဲ႕လား?"

၀မ္ရိေပၚက ေရွာင္းက်န္႔ကို ၿပဳံးၾကည့္ေနရင္း ေခါင္းတခါခါ လုပ္တယ္၊ ၿပဳံးရယ္ေနတဲ့ ေရွာင္းက်န္႔ပုံေလးက တုတ္ထိုးသၾကားလုံးစားရလို႔ ေပ်ာ္႐ႊင္ေနတဲ့ ကေလးငယ္တစ္ေယာက္လိုပဲ၊ ၀မ္ရိေပၚရင္ထဲမွာ အဆေပါင္းမ်ားစြာ ေႏြးေထြးႏူးညံ့သြားၿပီး။

"လိုက္တယ္"

ေရွာင္းက်န္႔လဲ အမ်ားႀကီး ေက်နပ္သြားတယ္။

"မင္းကို ဒီလိုလက္မႈပညာလဲ ကြၽမ္းက်င္လိမ့္မယ္လို႔ မထင္ခဲ့မိဘူး"

"လုပ္စရာမရွိတာမို႔... ဒါလုပ္ၿပီး အခ်ိန္ကုန္ဆုံးေစ႐ုံပါ"

၀မ္ရိေပၚက မူလပုံစံအတိုင္း တည္ၿငိမ္စြာ ျပန္ေျပာလာတယ္။

ေရွာင္းက်န္႔မွာ မေနႏိုင္ဘဲ သစ္သားဆံထိုးေလးကို ဆက္တိုက္ ထိကိုင္ေနမိတယ္၊ မက္မြန္သားရနံ႔က ပတ္၀န္းက်င္မွာ ပ်ံ႕လြင့္ေနသလို ခံစားရတယ္၊ ေရွာင္းက်န္႔က ႐ုတ္ခ်ည္း ရယ္ခ်လိုက္ၿပီး။

"ဒါက ပန္ကုန္းကို လုပ္ခိုင္းခ်င္တာရွိလို႔ လာဘ္ႀကိဳထိုးထားတဲ့ သေဘာမ်ားလား?"

သူ႔စကားေၾကာင့္ ၀မ္ရိေပၚ မင္တက္သြားတယ္၊ ေရွာင္းက်န္႔က ေခါင္းေလး ေစာင္းၾကည့္လာၿပီး။

"ဖုံးထားဖို႔ ႀကိဳးစားမေနနဲ႔..ပန္ကုန္း မွန္းမိၿပီးသား"

"အရွင္မင္းသမီးက ဘာကိုမ်ား မွန္းမိထားတာလဲ?"

၀မ္ရိေပၚက ျပန္ေမးလာတယ္။

"ပန္းနတ္ဖုရားမေတြ ေသဆုံးမႈကိစၥနဲ႔ ပတ္သက္ၿပီး မင္းပန္ကုန္းကို စုံစမ္းခိုင္းခ်င္ေနတာ မဟုတ္ဘူးလား?"

မေန႔ကကိစၥနဲ႔ပတ္သက္ၿပီး ၀မ္ရိေပၚရဲ႕တုံ႔ျပန္မႈကို ျမင္ၿပီးကတည္းက အဲဒီေက်ာက္တိဘုံေက်ာင္းက ၀မ္ရိေပၚနဲ႔ တစ္နည္းမဟုတ္တနည္း ဆက္ႏြယ္မႈ ရွိေနေလာက္တယ္ဆိုတာ ေရွာင္းက်န္႔ ေတြးမိၿပီးသား။

"မင္းက သူမ်ားကိစၥမွာ ၀င္ပါေလ့ရွိတဲ့လူ မဟုတ္ဘူးေလ..ဒါေပမဲ့ ေက်ာက္တိဘုံးေက်ာင္းကိစၥနဲ႔ ပတ္သက္ရင္ ဆတ္ဆတ္ထိ မခံႏိုင္ေအာင္ တုံ႔ျပန္လြယ္ေနခဲ့တယ္.. ဒီအေၾကာင္းကို ေအာက္ေျခကေနစၿပီး စုံစမ္းခ်င္တယ္ဆိုရင္ ႐ုံးေတာ္ကိုသြားၿပီး အမႈတြဲေတြ ျပန္ရွာဖို႔ လိုလာမယ္... ဒါက ပန္ကုန္းမရွိရင္ လုပ္လို႔ရမွာမဟုတ္ဘူး"

ေရွာင္းက်န္႔က ခပ္ေအးေအးနဲ႔ ရွင္းျပသြားတယ္၊ ၀မ္ရိေပၚက အတန္ၾကာ ႏႈတ္ဆိတ္ေနၿပီးမွ။

"အရွင္မင္းသမီးက ထက္ျမက္ပါေပတယ္"

ဒါက ျဖစ္သင့္တာပဲေလဆိုတဲ့ပုံစံနဲ႔ ေရွာင္းက်န္႔ မ်က္ႏွာခ်ီထားၿပီး ခ်ထားတဲ့ဆံပင္တခ်ိဳ႕ကို အေနာက္ပို႔လိုက္တယ္၊ ၿပီးတာနဲ႔ ၀မ္ရိေပၚကို မ်က္၀န္းေတာက္ေတာက္တစ္စုံနဲ႔ စိုက္ၾကည့္လာရင္း။

"ပန္ကုန္း မင္းကို ကူညီေပးလို႔ရတယ္.. ဒါေပမဲ့ တစ္ခုပဲ__"

ေရွာင္းက်န္႔က တမင္ အသံရွည္ဆြဲၿပီး ေျပာတယ္။

"အဲဒီ ေက်ာက္တိဘုံေက်ာင္းနဲ႔ မင္းရဲ႕ပတ္သက္မႈကို ေျပာျပေပးရမယ္"

၀မ္ရိေပၚ မ်က္ႏွာပ်က္သြားၿပီး ေရွာင္းက်န္႔မ်က္လုံးေတြကေန ေရွာင္ဖယ္သြားတယ္။

"ဒီကိစၥ မေမးလို႔မရဘူးလား အရွင္မင္းသမီး?"

"မရဘူး"

ေရွာင္းက်န္႔က ျပတ္ျပတ္သားသားပဲ ျငင္းတယ္။

၀မ္ရိေပၚက ေရွာင္းက်န္႔နဲ႔ မ်က္လုံးခ်င္းဆုံေအာင္ ျပန္ၾကည့္တယ္၊ ႏွစ္ေယာက္သားက အတန္ၾကာ အၾကည့္ခ်င္း ဖလွယ္မိသြားတယ္၊ ေရွာင္းက်န္႔ မ်က္လုံးေတြမွာ ဆုံးျဖတ္ခ်က္ ခိုင္မာျခင္းအရိပ္ေတြ စိုးမိုးေနတယ္၊ ဆုေတာင္းပုတီးကို ဖိကိုင္ထားတဲ့အခါ ၀မ္ရိေပၚရဲ႕ လက္ေခ်ာင္းထိပ္ေတြက ျဖဴေဖြးသြားတယ္၊ ေနာက္ဆုံးမွာေတာ့ ၀မ္ရိေပၚ က မ်က္လႊာခ်သြားၿပီး ခပ္တိုးတိုး ေျပာလိုက္တယ္။

"ေက်ာက္တိ ဘုံေက်ာင္းရဲ႕ေက်ာင္းတိုက္ဟယ္ရွန္က.. ကိုယ္ေတာ့္ရဲ႕ ဆရာတူအစ္ကိုပါ"

240127

Continue Reading

You'll Also Like

26.5K 4K 52
• Authorized translation from Artist 来喜汉子. Don't repost my translation work anywhere! •
7.2K 1.1K 18
[burmese] A binhao story.
14.4K 1K 25
"I curse you to be like me so you can't get want you want, like me ".
2.9K 133 17
・゜・♱・゜・ 𝚃𝚑𝚎 𝚋𝚘𝚢𝚜, 𝚝𝚑𝚎 𝚐𝚒𝚛𝚕𝚜, 𝚝𝚑𝚎𝚢 𝚊𝚕𝚕 𝚕𝚒𝚔𝚎 𝙲𝚊𝚛𝚖𝚎𝚗. 𝚂𝚑𝚎 𝚐𝚒𝚟𝚎𝚜 𝚝𝚑𝚎𝚖 𝚋𝚞𝚝𝚝𝚎𝚛𝚏𝚕𝚒𝚎𝚜, 𝚋𝚊𝚝𝚜 �...