ကမ္ဘာအဆုံးထိ မင်းရဲ့နယ်ရုပ်လေ...

By harley__robbie

16.3K 1.2K 358

"ကမ္ဘာအဆုံးအထိ ကိုယ့်နှလုံးသားမြေဆီလွှာလေးမှာ မင်းတစ်ယောက်တည်းအတွက်ပဲ အချစ်ပျိုးပင်လေးတွေ ရှင်သန်စေမယ်။ ကိုယ်... More

Author 's Note (Read‼️)U + Z
Chapter 1/U: Unexpected Destiny
Chapter 1/Z: Unexpected Destiny
Chapter 2/U : A Promise
Chapter 2/Z : A Promise
Chapter 3/U: Just A Kiss with No Love
Chapter 3/Z: Just A Kiss with No Love
Chapter 4/Z: Entering the Tiger's Mouth After Rebirth
CHAPTER 5/U: Don Dar Di Du Bu Bu
Chapter 5/Z: Don Dar Di Du Bu Bu
Chapter 6/U: A Pawn in the Chess
Chapter 6/Z: A Pawn in the Chess
Noti Test
Chapter 7/U: 'Love' that pretends to be 'Hate'
Chapter 7/Z: 'Love' that pretends to be 'Hate'
Conversation with my sons 🌜
Chapter 8/U: Revenge is just wasting your time, sweetheart!
Chapter 8/Z: Revenge is just wasting your time, sweetheart!
Chapter 9/U: Royal Mess
Ch 9/Z: Royal Mess
Chapter 10/U: Empire Conference (1)
Ch 10/Z: Empire Conference (1)
Chapter 11/U: Empire Conference (2)
Ch 11/Z: Empire Conference (2)
Chapter 12/U: Moving to the New Palace
Chapter 12/Z: Moving to the New Palace
Chapter 13/U : I'll be always yours, my baby King
Chapter 13/Z : I'll be always yours, my baby King
Chapter 14/ U : Don't you know that I'm in love with a monster?
Chapter 14/ Z : Don't you know that I'm in love with a monster?
Chapter 15/U: Reincarnations and Time Traveling (1)
Chapter 15/Z: Reincarnations and Time Traveling (1)
Random Q & A From Readers to Author [U]
Random Q & A From Readers to Author [Z]
နာမည်ဆိုးဖြင့် ကျော်ကြားသော အရှေ့ပင်လယ် (U)
နာမည်ဆိုးဖြင့် ကျော်ကြားသော အရှေ့ပင်လယ် (Z)
Chibi Fan Art Gift 💝
Ai Arts (U+Z)
Chapter 16/U: Reincarnations and Time Traveling (2)
Chapter 16/Z: Reincarnations and Time Traveling (2)
Chapter 17/U: Reincarnations and Time Traveling (3)
Chapter 17/Z: Reincarnations and Time Traveling (3)
Chapter 18/U: Fate and Trust
Chapter 18/Z: Fate and Trust
The Four Princesses (AI version)
Chapter 19/U: Escapism (or) Everybody wants a home with a happy family!
Chapter 19/Z: Escapism (or) Everybody wants a home with a happy family

Chapter 4/U: Entering the Tiger's Mouth After Rebirth

481 52 39
By harley__robbie

အခန်း ()
ပြန်လည်မွေးဖွားလာပြီးနောက်
ကျားခံတွင်းသို့ အပြီးတိုင်ဝင်သွားခြင်း

"ဟင်း....စိတ်ညစ်ပြီး ပျင်းလိုက်တာ စာအုပ်ကြီးရယ်။ ဖြောင်ခေတ်မှာ PS 5 တွေ Nintendo Switch တွေလည်း မရှိ။ ဖုန်းလည်း မရှိတော့ စွန်းပျင်းဖို့​ ကောင်း.......ဝါး......"

အခန်းဆောင်သည် ဖယောင်းတိုင်မီးများ ထွန်းညှိထားလျက်။ ညအိပ်ချိန်မှာ အိပ်မပျော်နေသဖြင့် ကျွန်းကုတင်ပေါ်မှာ ထထိုင်နေသော မိန်ဓိရာဇ်က လက်နှစ် အပေါ်ဖက်သို့ အကြောဆန့်တန်းကာ တဝါးဝါးသမ်းဝေလိုက်သည်။ ထိုအခါ လေပေါ်မှာရှိနေသည့် လူမျက်နှာနှင့်မှော်စာအုပ်ကြီးက မိန်ဓိရာဇ်မျက်နှာရှေ့တည့်တည့်သို့ ရောက်ချလာသည်။

"ပျင်းရင် ငါ့ကိုဖတ် "

ထိုအခါ ပျင်းရိပျင်းတွဲဖြစ်နေသည့် မိန်ဓိရာဇ်လည်း စာအုပ်ကြီးကို အတင်းဖျစ်ညှစ်ကာ ဖက်ထားခဲ့သည်။ စာအုပ်ကြီးလည်း မိန်ဓိရာဇ်​၏လက်နှစ်ဖက်ကြားကနေ အတင်းရုန်းကာ ပျံထွက်ဖို့ ကြိုးစားသည်။

"ဟဲ့ကောင်...စာဖတ်ခိုင်းနေတာ၊ ငါ့ကို ဖက်ခိုင်းနေတာ မဟုတ်ဘူး။ လွှတ်စမ်း။"

"ဪ မသိပါဘူးဗျာ။ ဆောတီး။ ဒါနဲ့ ခင်ဗျားဆီကနေ ဘာစာတွေ ဖတ်ရမှာတုန်း။"

"အရင်တုန်းက ဖြောင်အင်ပါယာအကြောင်းတွေနဲ့ မင်း ရှုပ်ခဲ့တဲ့အကြောင်းတွေ..."

"ဟာ...မဖတ်ချင်ပါဘူး။ ဖတ်လိုက်ရင်လည်း ကျွန်တော့်အကြောင်းတွေ ကောင်းတာ တစ်ခုမှ တွေ့ရမှာ မဟုတ်ဘူးမလား။ ဖတ်ဘူး...ဖတ်ဘူး။"

"အဲဒီအကြောင်းတွေ မဖတ်ချင်လို့ မရဘူး။ ငါ့စာရွက်လေးတွေကို စာမျက်နှာနံပါတ်တွေနဲ့ မှတ်တမ်းတင်ခံထားရတဲ့အကြောင်းအရာတွေ ပြောင်းမပြောင်း စစ်ဆေးပေးမဲ့လူက မင်းကလွဲရင် တခြားသူ မရှိဘူးကွ။"

"အဲဒီလိုလား..."

"ဟုတ်တယ်"

"ဒါနဲ့....ခင်ဗျားက ဘယ်လိုလုပ် ခုလိုပုံစံမျိုးဖြစ်နေရတာလဲ"

"အဲဒါကလည်း ငါ့နာမည်ကို မေ့နေသလိုပဲ...မေ့နေတာ။ ရန်ငြိုးတွေကြောင့် ကျိန်စာတိုက်ခံခဲ့ရတာတော့ ကျိန်းသေသိနေပေမဲ့လည်း ငါက မှတ်ဉာဏ်ဆိုးတွေအားလုံးကို ပြန်မမှတ်မိချင်တော့လို့ မေ့သွားတာလည်းနေမှာ။ မင်းကိုပြောဖူးခဲ့သလိုပါပဲ။ အဖြေတွေအားလုံးက မင်းဆီမှာလေ။ မင်းသာ ဒီတစ်ကြိမ်ဖြောင်ခေတ်မှာ စောက်ချိုးလေးပြေပြေနေပြီး လိမ္မာမယ်ဆိုရင် အရာအားလုံးက လွယ်ကူနေမှာ အသေချာပဲ။"

စာအုပ်ကြီး​၏စကားကို ဘဝင်မကျလေသော မိန်ဓိရာဇ်မှာ နှုတ်ခမ်းတစ်တောင်လောက်ထော်သွားလျက်။ ထိုစဉ် သူ ဖျတ်ခနဲ သတိရသွားသည်မှာ ယခင် မိန်ဓိရာဇ်အနေဖြင့် လိင်တူချင်း သားမယားအဖြစ် ပြုကျင့်ခံရသူများထဲမှာ ပထမဦးဆုံးသားကောင်ဖြစ်ခဲ့လေသော 'ရာဇသိင်္ဂါ' အကြောင်းကိုပင်။

"နေအုံး...စာအုပ်ကြီး။ ကျွန်တော် ရာဇသိင်္ဂါအကြောင်းတော့ ပြည့်ပြည့်စုံစုံလေး သိချင်တယ်...သူက ဟိုအရင်မိန်ဓိရာဇ်ရဲ့အချစ်ဆုံးဖြစ်ခဲ့တယ်ဆို။"

စာအုပ်ကြီးက ခပ်တည်တည်နှင့်သာ စကားတစ်လုံးတည်း တုံ့ပြန်သည်။

"အင်း..."

စာအုပ်ကြီးဘက်က 'အင်း' ဆိုသည်နှင့် တစ်ပြိုင်နက် မိန်ဓိရာဇ်မှာ လေပေါ်မှာ ရှိနေသည့် စာအုပ်ကြီးကို ဆတ်ခနဲဆွဲယူလိုက်သည်။

"ခွေးကောင်လေး...ဖြည်းဖြည်းသာသာ လုပ်ပါဟ။ မင်း အခုလို ကြမ်းကြမ်းတမ်းတမ်းလုပ်ရင် ငါ ပြဲသွားလိမ့်မယ်။"

"ခင်ဗျားကလည်းဗျာ...စကားကို ဘယ်လိုပြောနေတာတုန်း။ ခင်ဗျားပြောနေတဲ့ပုံစံကိုသာ အခန်းစောင့်နတ်တွေသာကြားရင် မှောင်နေကြလောက်ပြီ။ ပါးစပ်လေး ပိတ်ပြီးတော့သာ ငြိမ်နေပေး။ ကျွန်တော် ရာဇသိင်္ဂါအကြောင်းကို သေချာဖတ်ချင်လို့...."

"မင်းတော့....ဟင်း..."

မိန်ဓိရာဇ်က မှော်စာအုပ်ကြီး၏အတွင်းစာမျက်နှာကို လှန်လှောဖွင့်ဖတ်နေခဲ့သည့်အခါ စာအုပ်ကြီးလည်း သူ့ဒေါသကို သက်ပြင်းနှင့်အတူ ဖြေသိမ့်လိုက်၏။ မိန်ဓိရာဇ်လည်း ချောမွတ်ပြောင်လက်နေသည့် မှော်စာရွက်များကို စိတ်ဝင်တစားဖြင့် တစ်ရွက်ချင်းစီ လှန်ဖတ်နေခဲ့သည်။ သူထင်ခဲ့သည့်အတိုင်း စာအုပ်တစ်အုပ်လုံး၏မှတ်တမ်းသည် ယခင် အင်ပါယာဘုရင်ဆိုး မိန်ဓိရာဇ်နှင့်ပတ်သက်၍ မကောင်းကြောင်းများသာ ပြည့်နှက်နေခဲ့ရုံမက ထိုမိန်ဓိရာဇ်၏ပုံများအပြင် ဖြောင်နန်းတွင်းရှိ ပုဂ္ဂိုလ်အားလုံး၏ပုံများကိုလည်း စနစ်တကျ မှတ်တမ်းတင်ဖော်ပြထားခဲ့လျက်။

ထိုမှော်မှတ်တမ်းများသည် ၂၁ ရာစုခေတ်က ပုံနှိပ်စာအုပ်များအတိုင်း ဓာတ်ပုံများနှင့်တကွ ပုံနှိပ်ထားသကဲ့သို့ပင်။ မိန်ဓိရာဇ်ပုံများအား စာညွှန်းတမ်း "Caption " များ ထိုးထားသည့်ပုံစံများကိုမြင်ရလျှင် မိန်ဓိရာဇ်တစ်ယောက် မျက်နှာအီးမှန်သွားသည်။ ရာဇသိင်္ဂါ​၏ပုံစာညွှန်းများနှင့် တခြားပုဂ္ဂိုလ်များ​၏ပုံစာညွှန်းများတွင်မူ ထိုကဲ့သို့ မဟုတ်ပါပေ။

လူမျက်နှာ မှော်စာအုပ်ကြီးထဲတွင် ဖော်ပြထားသောပုံများအနက် မိန်ဓိရာဇ်နှင့် ရာဇသိင်္ဂါတို့ပုံများမှာ ဤသို့တည်း။

   
"တဏှာရူး နှာဘူးဘုရင် မိန်ဓိရာဇ်
ထိီးနန်းလုတက်စဉ်အခါက"



"လူယုတ်မာ မုဒိမ်းကောင် မိန်ဓိရာဇ် ကျင်ငယ်ရေကော့ပန်းချင်စရာ၊ နွားချီးသုတ်ချင်စရာ
ပုံတူပန်းချီကားချပ်တစ်ခု"




"မိန်ဓိရာဇ်၏အတင်းအဓမ္မသိမ်းပိုက်ခြင်းခံလိုက်ရသည့် ဖြောင်အင်ပါယာ၏အချောမောဆုံးသော သနားစရာ အိမ်ရှေ့စံမင်းသားချောလေး ရာဇသိင်္ဂါ သို့မဟုတ်
မိဖုရားခေါင်ကြီး ရာဇသိင်္ဂါ"


"ဖြောင်ခေတ်​၏ဧကရီဘုရင်မဟု တင်စားခံထားရသော ချစ်စဖွယ် မင်းသားချောလေး ရာဇသိ​င်္ဂါ​၏ပုံတူပန်းချီကားချပ်တစ်ခု"




ယခုဘဝက မိန်ဓိရာဇ် (ဟယ်ရီရှိန်းနောင်) လည်း သူ​၏အရင်ဘဝက  မိန်ဓိရာဇ်ပုံစံသာမက မိန်ဓိရာဇ်နှင့် ရာဇသိင်္ဂါတို့​၏နန်းတွင်းရာဇဝင်အကြောင်းကို ဖတ်ရှုရသည့်အခါ ရာဇသိင်္ဂါအပေါ် အားနာစိတ်များ၊ သနားကရုဏာသက်မိသည့်စိတ်များ တဖွားဖွားပေါ်ပေါက်၍သာ။

စင်စစ်အားဖြင့် အိမ်ရှေ့စံမင်းသားချော ရာဇသိင်္ဂါဆိုသူသည် အင်ပါယာဘုရင်ဖြစ်သွားသော မိန်ဓိရာဇ်​၏အချစ်နှင့် ချီးမြှင့်မြောက်စားခံရမှုကို တခြားသူများထက် ကောင်းစွာရရှိခဲ့သော်လည်း တစ်ရက်မှ မိန်ဓိရာဇ်အပေါ် မကြည်ဖြူခဲ့ပေ။

(A/N: ဘာကြောင့် မကြည်ဖြူခဲ့သလဲသိချင်ရင် အခန်း (၁) ကို ပြန်ဖတ်နိုင်ပါတယ်။)

သို့သော် ရာဇသိင်္ဂါသည် မိန်ဓိရာဇ်ကို သူ​၏အစ်ကိုတော်အရင်းပမာ ချစ်မြတ်နိုးခဲ့ရုံမက သွေးသောက်ညီအစ်ကိုများအဖြစ်လည်း ပြုလုပ်ထားခဲ့သေးသည်။ မိန်ဓိရာဇ်ဘက်ကသာ ညီအစ်ကိုစည်းကို အပြီးတိုင် ဖောက်ဖျက်ခဲ့ပေတကား။

"အား...ကိုယ့်အခွက်ကြီးကိုပြန်မြင်ရပြီး မုဒိမ်းကောင်လို့ရေးခံထားရတာလောက် ခံပြင်းသာ မရှိဘူး။ ဟိုဘဝက ဟိုဘဝက။ ဒီဘဝက ဒီဘဝကလေ။ ဘာမှန်းလည်း မသိဘူး။ စိတ်ညစ်ဖို့ကောင်းလိုက်တာ။ နှစ်ပေါင်းတစ်ထောင်တောင် ကျော်လာခဲ့ပြီးမှ ဟယ်ရီရှိန်းနောင်အနေနဲ့ပဲ နေပါရစေတော့လား။ ဘောက်မဲ့ကြောင့် အတိတ်ကို ဆွဲခေါ်ကြရသလဲကို မယုံနိုင်ဘူး။ "

"အဲဒါကတော့ မင်းရဲ့အတွေးပေါ့ ကောင်လေးရဲ့။ မင်း အရင်ပုံစံနဲ့ရက်စက်ခဲ့သမျှတွေကို ခံစားခဲ့ရတဲ့ လူတွေမှာ မင်းအပေါ် နှစ်တစ်ထောင်မကတဲ့ အမုန်းတွေ အငြိုးအတေးတွေရှိနေခဲ့ကြတာပဲ...စိတ်မညစ်နေဘဲ နေသားကျအောင်လုပ်ရင်း လိမ်လိမ်မာမာလေးပဲ နေလိုက်။ ခိုကောင်ကြီးလို ညဉ်းညူနေတာတွေလည်း ရပ်ပါတော့။ ငါလည်း စိတ်ဆင်းရဲတယ်။"

ဤသို့ဖြင့် မိန်ဓိရာဇ်လည်း စာအုပ်ကြီးထဲက မှတ်တမ်းစာတွေကို ဆက်မဖတ်တော့ပေ။ ထို့နောက် စာအုပ်ကို ပြန်ပိတ်ပေးခဲ့သည်။ ပြီးလျှင် စာအုပ်ကြီးကို ပွေ့ပိုက်ကာ သူ့ဗိုက်ပေါ်မှာ တင်ထားပြီး ကုတင်ပေါ်တွင် လဲလျောင်းလိုက်သည်။ အခန်းဆောင်၏မျက်နှာကြက်ကို သေချာစိုက်ကြည့်နေကာ သက်ပြင်းလေးလေးရှည်ရှည်တစ်ခု ချလိုက်ရင်း....

"စာအုပ်ကြီး"

"ဟေ..."

"ကျွန်တော့်အနားကနေ ခွဲမသွားပါနဲ့။ ဒီဘက်ဖြောင်ခေတ်မှာ ကျွန်တော်ယုံကြည်အားကိုးရတဲ့ မိတ်ဆွေဆိုလို့ ခင်ဗျားပဲရှိလို့...."

"အိမ်း....ငါကတော့ မင်းဘက်က တာဝန်မကျေမချင်း မခွဲသွားပါဘူး။ ငါ့မှာလည်း အဖော်ဆိုလို့ မင်းပဲရှိတာ။ "

"နောက်ပြီး ခင်ဗျားကိုမေးဖို့ မေ့နေသေးတာ၊ ဒါပေမဲ့ ခင်ဗျား မေ့နေရင်လည်း မေ့နေမှာပေါ့။"

မိန်ဓိရာဇ်၏စကားကြောင့် ပွတ်သပ်ယုယခံနေရသည့် မှော်စာအုပ်ကြီးလည်း မျက်မှောင်ကုတ်သွားသည်။

"ဘာကိုလဲ"

"ခင်ဗျားက အရင်ခေတ်မှာ ကျိန်စာမိခံခဲ့ရပြီး နှစ်ပေါင်းတစ်ထောင်ကြာတဲ့အထိ ကျွန်တော်ပြန်မွေးဖွားလာတာကို စောင့်နေခဲ့တာမလား။ "

"ဟုတ်တယ်လေ"

"အဲဒီတော့ ခုကျွန်တော်နဲ့ အဖော်လုပ်ပေးနေတဲ့အချိန် အရင်တစ်ချိန်က ခင်ဗျားဆိုတဲ့ဖြစ်တည်မှုနေရာမှာ တစ်ယောက်ယောက် အစားဝင်နေနိုင်လား။ မဟုတ်ရင် ဒီတစ်ခါ ဇာတ်လမ်းမှာ ခင်ဗျားက ဖျောက်ခံထားရတာလား။ ဒါကို ကျွန်တော် သိချင်စိတ်ပြင်းနေလို့။"

"အဖျောက်မခံထားရလောက်ဘူး။ မင်းရဲ့ပြဇာတ်မှာ ငါ ပွဲကဖို့ စောသေးလို့ ဒီပုံစံဖြစ်နေတာတော့ အလိုလို ခံစားမိနေသား။"

"ဪ...အဲဒီလိုကိုး။ ဟုတ်ပါပြီ။ ခုတော့ အချိန်လည်းလင့်နေပြီမို့ အိပ်ကြရအောင်။"

"အင်း...."

မိန်ဓိရာဇ်လည်း စာအုပ်ကြီးကို ဆက်မပွေ့ပိုက်ထားတော့ဘဲ လွှတ်ပေးလိုက်ပြီး ဘေးတစ်စောင်းအိပ်စက်ခဲ့သည်။ စာအုပ်ကြီးက လေပေါ်မှာ ဝဲပျံကာ ဖယောင်းတိုင်မီးများကို သူ့အစွမ်းဖြင့် မီးငြှိမ်းပေးလိုက်လျှင် အခန်းဆောင်တစ်ခုလုံးမှာ မှောင်အတိပြီး၏။

-----

"အား...သရဲ...အွန့်"

အိပ်မောကျ၍ ကောင်းနေသောအချိန်အခါ၌ မိန်ဓိရာဇ်မှာ သူ့လက်နှစ်ဖက်ကို အပေါ်သို့မြှောက်ကာ ချုပ်ခံထားလိုက်ရသလို။ လူကြားအောင် အော်ခွင့်မသာလိုက်ဘဲ သူ့ပါးစပ်သည်လည်း လက်ဖဝါးဖြင့် အုပ်ပိတ်ခံလိုက်ရ​၏။

"မအော်နဲ့...ပါးစပ်ပိတ်ထား"

"အွန်း...အွန်း..."

"မင်းကိုသတ်ချင်နေတာကြာပြီ မိန်ဓိရာဇ်။ ငါ့မှာ ဘဝပေါင်းများစွာ ဒုက္ခခံပြီး မင်း ငရဲကနေ လွတ်သွားတဲ့အခါ ပြန်မွေးလာမှာကိုစောင့်နေခဲ့တာ နှစ်ပေါင်းတစ်ထောင်ရှိခဲ့ပြီ။ ဒီဘဝ ငါမင်းကို ကောင်းကောင်းကြီး ကလဲ့စားချေပြီး နှိပ်စက်ပြမယ်။"

အခန်းဆောင်အတွင်း လရောင်မှိန်တိန်တိန်သာရှိသည်။ ထိုကဲ့သို့ မထင်မရှားလရောင်၏အလင်းကို အမှီပြုကာ သူ့အား ဒေါသတကြီးနှင့်ပြောဆိုနေသော လူပုဂ္ဂိုလ်၏မျက်နှာကို သေချာပြူးကြည့်လိုက်သောအခါ အံ့သြတုန်လှုပ်သွားသည်။

ထိုသူမှာ အိမ်ရှေ့စံမင်းသား ရာဇသိင်္ဂါပင်။ ရာဇသိင်္ဂါ​၏မျက်နှာတွင် မုန်းမာန်ဖွဲ့ အငြိုးများနှင့် ပြည့်နှက်နေရုံသာမက မိန်ဓိရာဇ်အား လှောင်ပြုံးများဖြင့် ရယ်ပြနေခဲ့လျက်။ ထိုပုံစံ၊ ထိုမြင်ကွင်းက သူ့အတွက်တော့ ကြောက်မက်ဖွယ် အိပ်မက်ဆိုးတစ်ခုအတိုင်း ကြက်သီးထစရာပင်။ သူ့အနားတွင်လည်း စာအုပ်ကြီး မရှိနေခဲ့ပေ။ တကယ်တမ်းတွင် စာအုပ်ကြီးခမျာမှာ ရာဇသိင်္ဂါ​၏မှော်အစွမ်းရထားသော ကျားသစ်နက်ကြီးထံတွင် ဖမ်းဆီးချုပ်နှောင်ခံထားရသောကြောင့် စာအုပ်ကြီးကိုလည်း မတွေ့နေရပါ။

ယခုတွင် သူ့ဘဝသည် ကံဆိုးမိုးမှောင်ကျရောက်ရန် လက်တစ်ကမ်းသာ လိုတော့သည်။ ရာဇသိင်္ဂါမှာ သူ့ခန္ဓာကိုယ်နှင့်အတူ ပါးစပ်ကိုပါ လုံးဝလှုပ်မရအောင် မှော်စွမ်းအားများဖြင့် ထိန်းချုပ်ထားခဲ့လေပြီ။ ယခုတွင်မူ ရာဇသိင်္ဂါမှာ သူ​၏ဝတ်ရုံတော်နှင့် ခါးဝတ်ဘောင်းဘီကို ချွတ်နေခဲ့သည်။ ထို့နောက် မိန်ဓိရာဇ်​၏ခါးဝတ်ဘောင်းဘီကိုလည်း ဆွဲချွတ်လိုက်ရာ မိန်ဓိရာဇ်ခမျာ မျက်လုံးများမှာ ပြူးခနဲ။

မိန်ဓိရာဇ်လည်း အတတ်နိုင်ဆုံး တအွန့်အွန့် တအွန်းအွန်းအော်ဟစ်လိုက်၊ ရုန်းကန်လိုက်လုပ်ခဲ့ပြီး ရာဇသိင်္ဂါဆီ သူ့အား အဓမ္မမကျင့်ရန် အသနားခံရှာသည်။ တောရိုင်းသာရဲတစ်ကောင်ကဲ့သို့ အရိုင်းစိတ်ကြီးစိုးနေသော ရာဇသိင်္ဂါကမူ မိန်ဓိရာဇ်အား မသနားခဲ့ဘဲ ညှာတာခြင်းမရှိ သားမယားအဖြစ် အဆက်မပြတ် အဓမ္မပြုကျင့်ခဲ့တော့သည်။ မိန်ဓိရာဇ်ဖြစ်နေသော လူပျိုလေး ဟယ်ရီရှိန်းနောင်လည်း အတိတ်ရန်ငြိုးကြောင့် ပန်းဦးခြွေခံလိုက်ရသည့်အချိန်တွင် ပါးနှစ်ဖက်ကနေ မျက်ရည်စီးကြောင်းများ တသွင်သွင် စီးကျလာ​၏။

"ဟားဟားဟား....မင်းအလှည့် ပြန်ခံရတော့ ဘယ်လိုနေလဲ မိန်ဓိရာဇ်။ သိပ်ခံလို့ ကောင်းလား။ ဟမ်...ခုမှ နောင်တရလို့ ငိုနေတာလား။ နာလို့ ငိုနေတာလား။ ဘာကြောင့်ပဲ ငိုငို... ဒီညကနေစပြီး မင်းသေတဲ့ မင်းက ငါ့အပိုင်ပဲဆိုတာ မှတ်လောက်သားလောက်အောင် ပြပေးမှာ။ "

ရာဇသိင်္ဂါကတော့ အံကြိတ်ကာ မိန်ဓိရာဇ်ကို ပြင်းထန်စွာ ကာမသိမ်းပိုက်နေရင်း အတိတ်ရန်ကြွေးများကို ကောင်းကောင်းကြီး ကလဲ့စားချေနေခဲ့စဥ် မိန်ဓိရာဇ်မှာ နာကျင်သောဝေဒါနာများကြောင့် တအွန်းအွန်းနှင့်သာ အော်ဟစ်နေခဲ့ရင်း...။

အတိတ်ဘဝကပါလာသမျှ ဝဋ်​ကြွေးအားလုံးကို  အခုအချိန်ကနေစပြီး တစ်ဖန်ပြန်ဆပ်ရတော့မယ်နဲ့တူပါတယ်ဗျာ။ နာလွန်းလို့ သေပါတော့မယ်။ စာအုပ်ကြီးရေ....ကျွန်တော့်ကို လာကယ်ပါဦး။ စာအုပ်ကြီး...ခင်ဗျား ဘယ်မှာလဲ။

ထိုစဉ် မှော်စွမ်းအင်များဖြင့် အချုပ်ခံထားရသည့် စာအုပ်ကြီးနှင့် ရာဇသိင်္ဂါ​၏ကျားသစ်နက်ကြီးမှာ ကုတင်ပေါ်တွင် ဝုန်းဒိုင်းကြဲနေသောပုံရိပ်များကို အခန်းဆောင်ထောင့်တစ်နေရာကနေမှ ငြိမ်ငြိမ်လေး ကြည့်ရှုနေကြလျက်။


══════ ◈ ═══════

လူမျက်နှာနဲ့ မှော်စာအုပ်ကြီးပုံကိုလည်း AI နဲ့လုပ်ထားတာ အနီးစပ်ဆုံးက ဒါပဲထွက်လာတယ်။ စာရေးသူစိတ်ကူးထဲက တကယ်လိုချင်တဲ့ပုံစံတော့ မဟုတ်ပေမဲ့လည်း ဒီတိုင်းလေး စိတ်ကူးကြည့်ပေးထားပါလို့။

အခုထိတော့ ဘာမှ plot ကြိုမချထားဘဲ စိတ်ကူးပေါက်ရာ လက်တန်းရေးတာကြောင့်ရယ်၊ အားရင်အားသလို ရေးမှာမို့ Update ကတော့ မြန်ပါလိမ့်မယ်။ မ edit ထားဘဲ ညလယ်မှာ နည်းနည်းအိပ်ငိုက်ရင်း တင်လိုက်တာကြောင့် စာလုံးပေါင်းသတ်ပုံအမှား၊ Typing Error လေးတွေ ပါနိုင်ပါတယ်။ ဖတ်ရအဆင်မပြေတာ၊ ဇာတ်လမ်းအဆင်မပြေတာရှိခဲ့လည်း ပြန်ပြောပေးပါဦးနော်။ နောက်ပိုင်းဇာတ်ရှိန်တက်လာမှသာ တစ်ခန်းချင်းစီအတွက် plot အကြမ်းတွေ ကြိုချရေးပြီး အချောသတ်ရေးသွားဖို့ စိတ်ကူးရှိပါတယ်။ အချက်အလက်တွေရှာရင်းနဲ့ပေါ့။

ဇာတ်လမ်းကတော့ မက်ကျူးဝါးများနိုင်ပေမဲ့ ကွင်းကွင်းကွက်ကွက်ရေးချင်မှလည်း ရေးမှာပါ။ ဓားတွေပါလာရင်းတောင် ရယ်မောနေရအောင် စခွီအပြည့်နဲ့ပဲ လက်တန်းရေးသွားမှာမို့ အားပေးကြရင်တော့ ပျော်နေမိမှာပါ။

Ongoing လိုက်မယ့် စာဖတ်သူလေးကို စိတ်မပျက်ရအောင်တော့ ကြိုးစားပေးပါ့မယ်ရှင်။ ဖတ်ပေးလို့ အာပွားပါ🫦

14.1.2024 (Sunday)
2:55 AM

Continue Reading

You'll Also Like

304K 33.9K 46
This is the sequel of RRR, so new readers please read it before starting this book. Agneya, the soon to be crown prince of Rakshatra, was bounded by...
115K 9.2K 109
Translation Author:Dreamy Coffee Chater-575 translator by NORA
58.1K 4.1K 90
Nihira, a modern girl, is mysteriously transported to the era of the Mahabharata. At Dronacharya's ashram, she falls for the fierce Ashwatthama. Howe...
129K 15.9K 96
စာရေးသူ - ယွီရှောက်လန်ရှန်း ဇာတ်ဆောင် - ရှန်ချန်းလင် x ချင်ရှောက်ယွီ - ယဲ့ကျင် x ရှန်ချန်းဖုန်း