Boss Baby ဟမ်းစတားလေး ဝူယိ

By phyolay1991

31K 3.9K 22

Title - A Filthy Rich Hamster In Apocalypse 🐹 ကမ္ဘာပျက်ကပ်ထဲက ဟမ်းစတားသူဌေးလေး Description ဟမ်းစတားလေး : "ဒ... More

Boss Babyဟမ်းစတားလေးဝူယိ
Boss Babyဟမ်းစတားလေးဝူယိ
Boss Babyဟမ်းစတားလေးဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
chapter 60
chapter 61
chapter 62
chapter 63
chapter 64
chapter 65
chapter 66
chapter 67
chapter 68
chapter 69
chapter 70
chapter 71
chapter 72
chapter 73
chapter 74
chapter 75
chapter 76
chapter 77
chapter 78
chapter 79
chapter 80
chapter 81
chapter 82
chapter 83

Boss Baby ဟမ်းစတားလေး ဝူယိ

502 67 0
By phyolay1991

Chapter 29
September 21, 2023

*၁*

🐹 အခန်း ၂၉

ဝူယိလေးက ကံကောင်းစေတဲ့ တိမ် စီးနင်းပြီး ရောက်ရှိလာတယ် -၂

လူ ၄ ယောက်မှာ ဇွန်ဘီအုပ်ထဲသို့ ပစ်ထားခံလိုက်ရသည်။ အဆင့် ၃ ဇွန်ဘီသည် သူ၏ စွမ်းရည်အား အသုံးပြုထားသည့်အတွက် လှုပ်ရှားရန် အကန့်အသတ်ဖြင့် ရှိနေပုံရသည်။ ထို့ကြောင့် နင်ဖုန်းနှင့် ရှောင်ယန်အား လိုက်လံဖမ်းဆီးခြင်း မပြုဘဲ နျဲ့ရှောင်တို့နှင့် မျက်နှာချင်းဆိုင် ထိုင်နေလေသည်။

သူ၏အရှေ့တွင်ရှိနေသည့် အသား ၄ တုံးအား စောင့်ကြပ်နေခြင်း ဖြစ်သည်။

နျဲ့ရှောင်သည် သူ၏မျက်နှာချင်းဆိုင်တွင်ရှိသည့် အကျည်းတန်လှသော ဇွန်ဘီအား ကြည့်လိုက်ပြီးနောက် အရေးကြီးသည့် ပြဿနာတစ်ခုအား သတိပြုမိလိုက်သဖြင့် သူ၏မျက်နှာမှာ အလွန်လေးနက်နေလေသည်။

“ပြောကြည့်.. ငါတို့က သူ့ထက်ပိုပြီး စွမ်းအင်သုံးနိုင်မလား..”

သူတို့ ၃ ဦးသည် ချက်ချင်းပင် မမောမပန်းနိုင်ပုံရသည့် ဇွန်ဘီအား ကြည့်လိုက်ကြသည်။  ကိုယ်ပိုင်စွမ်းရည်များမှာ အဆက်မပြတ် အသုံးပြုနေရသည်ကို ခံစားမိသဖြင့် သူတို့အားလုံး တိတ်ဆိတ်သွားကြလေသည်။

“အခုချိန် တုနှိုင်းမဲ့တဲ့ သူရဲကောင်းလေးတစ်ယောက်လောက်က မင်္ဂလာရှိတဲ့ ခုနစ်ရောင်ခြယ် တိမ်တိုက်တစ်ခုကို စီးနင်းပြီး ငါတို့ကို လာကယ်သင့်တယ် မဟုတ်ဘူးလား..”

ကျန်းချိုးသည် ကောင်းကင်အား မော့ကြည့်လို့နေသည်။

နျဲ့ရှောင်တို့ ၃ ဦးအဖွဲ့ : “……”

“မင်းရဲ့ပါးစပ်ကို ပိတ်ထားလိုက်ပါတော့..”

***

ထိုအချိန်မှာပင် ကျစ်ဟွေ့ကွမ်၏ အကူအညီဖြင့် ရှောင်ဝူယိတို့သည် မြို့လယ်သို့ ရောက်ရှိလာကြသည်။ အဝေးမှ ကြီးမားသည့် ဇွန်ဘီအုပ်၏ လှုပ်ရှားသံကို ကြားမိသဖြင့် သူတို့သည် ထိုအရပ်သို့ တိုက်ရိုက်ဆက်သွားကြသည်။

ထို့နောက်တွင် ရှောင်ယန်၊ နင်ဖုန်းနှင့် အခြားသော ထွက်ပြေးလာကြသူများနှင့် ဝင်တိုက်မိကြလေသည်။

ဝူဝမ်ယွီသည် ရှောင်ယန်အား မြင်သည့်အခါတွင် အံ့အားသင့်နေမိသည်။

ရှောင်ယန်သည် ရုတ်တရက် ထွက်ပေါ်လာသည့် ဝူဝမ်ယွီအား မြင်သည့်အခါ ခေတ္တမျှ ကြောင်အလို့နေပြီး ဝူဝမ်ယွီအား ပျော်ရွှင်စိတ်လှုပ်ရှားစွာဖြင့် ပွေ့ဖက်လိုက်လေသည်။

“ကောင်းလိုက်တာ.. ရှောင်ယွီက ဘေးကင်းကင်းနဲ့ ရှိနေတာပဲ.. တကယ်ကို ကောင်းတယ်..”

ရှောင်ယန်သည် စိတ်လှုပ်ရှားမှုကြောင့် ငိုကြွေးလုမတတ် ဖြစ်နေသည်။ အခြားသူများသည် ထူးထူးခြားခြား လှပသည့် အမျိုးသမီးအား မြင်တွေ့သည့်အခါ မျက်လုံးများ တောက်ပလာကြသည်။

ဤတစ်ကြိမ်တွင် ရှောင်ဝူယိသည် စိတ်လှုပ်ရှားမှုနှင့် ပျော်ရွှင်မှုအား အလေးမထားနိုင်ချေ။ ဘယ်ဘယ် ညာညာ ကြည့်လိုက်သော်လည်း နျဲ့ရှောင်၏ ပုံရိပ်အား မတွေ့ရချေ။ ထို့ကြောင့် နင်ဖုန်း၏ အင်္ကျီလက်အား ဆွဲလိုက်သည်။

“နံစော် ဖုန်းဖုန်း.. ရှောင်ယန် ကျဲကျဲ.. ဒယ်ဒီ ဘယ်မှာလဲဟင်..”

ရင်းနှီးသည့် အခေါ်အဝေါ်အား ကြားလိုက်သည့်အခါ ရှောင်ယန်နှင့် နင်ဖုန်းတို့သည် နံဘေးတွင်ရှိသည့် အတော်လေးလှပသည့် ကောင်ငယ်လေးအား သတိပြုမိလိုက်ကြပြီး သူတို့၏ ခေါင်းထဲတွင် စိတ်ရှုပ်ထွေးလာကြသည်။ သူတို့၏ မှတ်ဉာဏ်ထဲတွင် ဤကဲ့သို့သော လူတစ်ယောက်အား ဆုံတွေ့ခဲ့ဖူးခြင်း မရှိချေ။

ဝူဝမ်ယွီသည်လည်း မူမမှန်မှုအား သတိပြုမိသည်ကြောင့် ရှောင်ယန်နှင့် နင်ဖုန်းတို့အား အလျင်စလိုနိုင်စွာ ကြည့်လိုက်ပြီး အနည်းငယ် စိုးရိမ်နေမိသည်။

“ဟုတ်သားပဲ.. ယန် ကျဲကျဲ.. ညီမရဲ့ အစ်ကိုကော..”

ရှောင်ယန်နှင့် နင်ဖုန်းတို့သည် ထိုအမေးအား ကြားသည့်အခါတွင် အခြားအရာများအား မစဉ်းစားနိုင်တော့ချေ။ ထိုနေရာတွင်ရှိသည့် အခြေအနေအား ပြန်လည်မြင်ယောင်မိသည့်အခါ သူတို့၏ အမူအရာများမှာ စိုးရိမ်ပူပန်မိလာသည်။

“မင်းရဲ့အစ်ကိုနဲ့ တခြားသူတွေက အခု အဆင့် ၃ ဇွန်ဘီရဲ့ ဇွန်ဘီအုပ်အလယ်မှာ ပိတ်မိနေတယ်.. ငါတို့ပဲ ထွက်ပြေးလာနိုင်ခဲ့တာ..”

“ဘာ.. အဆင့် ၃ ဇွန်ဘီလား..”

ထိုအရာအား ကြားသည့်အခါ လူတိုင်း ကြောက်ရွံ့မှုကြောင့် ဖြူဖျော့သွားလေသည်။

ရှောင်ဝူယိသည် နျဲ့ရှောင်နှင့် အခြားသူများ အန္တရာယ်ရှိနေသည်ကို ကြားသည့်အခါ စိုးရိမ်တကြီး ဖြစ်လာသည်။ ကျစ်ဟွေ့ကွမ်အား စီးကာ စိတ်အားထက်သန်မှုအပြည့်ဖြင့် ဇွန်ဘီအုပ်ရှိသည့်နေရာသို့ ပျံသန်းသွားလေသည်။

“ကျစ်ဟွေ့ကွမ်ရေ.. မြန်မြန်လေးနော်.. ငါ့ရဲ့ ဒယ်ဒီကို ကယ်ရမယ်..”

ကျားကြီးအား စီးနင်းကာ ပျံသန်းထွက်ခွာသွားသည့် ကောင်ငယ်လေးအားကြည့်ရင်း လူတိုင်း စိုးရိမ်လာမိကြသည်။ နင်ဖုန်းနှင့် ရှောင်ယန်တို့ စကားမဆုံးသေးသော်လည်း ရှောင်ဝူယိ ထောင်ချောက်ထဲသို့ လျှောက်လှမ်းသွားသည်ကို ကြည့်မနေနိုင်သည့်အတွက် ပြန်လာခဲ့ရန် အော်ဟစ်လိုက်ကြသည်။

“အဲဒါ အန္တရာယ်ရှိတယ်.. ပြန်လာခဲ့.. အဲဒီ အဆင့် ၃ ဇွန်ဘီမှာ စွမ်းရည်ရှိနေတယ်..”

သို့‌သော်လည်း ထိုအချိန်တွင် ရှောင်ဝူယိ၏ စိတ်ထဲတွင် နျဲ့ရှောင်၏ ဘေးကင်းမှုကလွဲ အခြားအရာများအား တွေးတောနိုင်ခြင်း မရှိတော့ချေ။ သူတို့၏ အော်ခေါ်သံအား မကြားဟန်ပြုကာ နောက်သို့လှည့်မကြည့်ဘဲနှင့် ရှေ့သို့ဆက်သွားလေသည်။

ရှောင်ယန်နှင့် အခြားသူများသည် ထိုကောင်ငယ်လေးအား တားဆီးနိုင်ခြင်း မရှိသည့်အတွက် လျင်မြန်စွာ နောက်မှလိုက်ကြရသည်။

ပိုင်မေ့သည့် ရုတ်တရက်ထွက်ပေါ်လာသည့် လူအုပ်ကြီးအား မြင်သည့်အခါ သူ၏ လျှို့ဝှက်အစီအစဉ်မှာ ဝင်ရောက်နှောင့်ယှက်ခံလိုက်ရပြန်သည်။ ထို့ကြောင့် လျှို့ဝှက်စွာဖြင့် အံတင်းတင်းကြိတ်ရုံသာ တတ်နိုင်လေသည်။ ခြေတစ်လှမ်း နောက်ကျနေသည့်အတွက် ထိုအဖွဲ့ကြီးအား လိုက်မီရန် ကြိုးစားနေရလေသည်။

***

အကန့်အသတ်မဲ့သည့် ဇွန်ဘီအုပ်၏ အလယ်တွင် နျဲ့ရှောင်အပါအဝင် လူ ၄ ဦးမှာ သိပ်သည်းများပြားသည့် ဇွန်ဘီများ၏ ဝိုင်းရံထားခြင်း ခံနေရသည်။ ရွံရှာဖွယ် အနံ့အသက်များသည် သူတို့၏ နှာခေါင်းလုပ်ဆောင်ချက်အား ချွတ်ယွင်းစေသည်။

အဆင့် ၃ ဇွန်ဘီသည် နျဲ့ရှောင်တို့၏ မျက်နှာချင်းဆိုင်တွင် မမှိတ်မသုန် ထိုင်ကာ သူတို့၏ စွမ်းရည်များအား အလျင်အမြန် ကုန်ဆုံးစေရန်အတွက် နျဲ့ရှောင်တို့ ၄ ဦးအား အဆက်မပြတ် ကိုက်ခဲဖို့ရန် အဆင့်နိမ့် ဇွန်ဘီများအား အမိန့်ပေးစေခိုင်းနေလေသည်။

ဇွန်ဘီများ၏ ရှောင်တိမ်းခြင်းခံခဲ့ရသည့် နျဲ့ရှောင်ပင်လျင် စတင်တိုက်ခိုက်ခံနေရပြီ ဖြစ်သည်။ ဇွန်ဘီများသည် လျှပ်စီးကြောင့် လောင်ကျွမ်းကာ ပြာမှုန်များအဖြစ် ပြောင်းလဲသွားသော်လည်း တစ်ကောင်ပြီးတစ်ကောင် စဉ်ဆက်မပြတ် ရောက်ရှိလာလေသည်။

လူ ၄ ဦးမှာ တဖြည်းဖြည်းချင်း စတင်ကာ ရုန်းကန်လာကြရသည်။

စွမ်းရည်များမှာ အသုံးသာရှိပြီး အဝင်မရှိချေ။ သူတို့၏ စွမ်းအားများသည် များမကြာမီတွင် ကုန်ဆုံးသွားတော့မည် ဖြစ်သည်။ နျဲ့ရှောင်အပါအဝင် လူတိုင်း၏ မျက်နှာမှာ အနည်းငယ် ဖျော့တော့လျက်ရှိပြီး ခေါင်းကိုက်ခြင်းအား စတင်ခံစားနေကြရသည်။

အဆင့် ၃ ဇွန်ဘီသည်လည်း ထိုအဖွဲ့၏ အခြေအနေအား သတိပြုမိပုံရသည်။ ချက်ချင်း မတ်တတ်ရပ်ကာဖြင့် ပတ်ပတ်လည်တွင်ရှိသည့် အဆင့်နိမ့်ဇွန်ဘီများအား အုပ်စုခွဲလိုက်သည်။ သူ၏ ပြည်များရှိနေသည့် ဖြူပြာရောင် အစွယ်များမှာ သွားရည်တများများ ကျဆင်းနေလေသည်။

သူတို့ ၄ ဦး၏ စွမ်းရည်များ ကုန်ဆုံးသည်နှင့် အဆင့် ၃ ဇွန်ဘီသည် သူတို့၏ အသားများအား ချက်ချင်း ကိုက်ဖြတ်ပစ်ပေလိမ့်မည်။

“ဒီစောက်.. လောင်ဇီက တောင့်မခံနိုင်တော့ဘူးကွ..”

ဝူဝမ်ချီသည် ချွေးအေးများ စီးကျနေပြီး သွမ့်ဝမ်ယွီသည်လည်း ပြိုလဲကျလုနီးနီး ဖြစ်လာကာ ကျန်းချိုးသည် မည်သည့်စကားမျှ မဆိုဘဲ အံတင်းတင်းကြိတ်ကာဖြင့် နှုတ်ခမ်းများသည်လည်း စတင်ကာ ဖြူဖျော့လာနေသည်။

နျဲ့ရှောင်သည် သူတို့ ၃ ဦးထက် ပိုကောင်းနေခြင်း မရှိသော်လည်း အဖွဲ့သားများ၏ အခြေအနေအပေါ် အာရုံစိုက်နေဆဲဖြစ်သည်။ သူ၏ စူးရှသည့် မျက်လုံးများဖြင့် သွမ့်ဝမ်ယွီမှာ အရေပြားများ စတင်ပေါ်လာနေသည်ကို မြင်လိုက်ရသဖြင့် နျဲ့ရှောင်၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

အဆင့် ၃ ဇွန်ဘီသည် သွမ့်ဝမ်ယွီထံသို့ လမ်းလျှောက်သွားလေသည်။

သွမ့်ဝမ်ယွီသည် ထိုအဖြစ်အပျက်အား မြင်သည့်အခါ သူ၏ နောက်ဆုံးစကားများအား မှာကြားခဲ့လေသည်။

“ဘော့စ်.. ဝမ်ချီ.. အနာဂတ်မှာ ကျွန်တော့်အစား နင်ဖုန်းကို စောင့်ရှောက်ပေးဖို့ မမေ့ပါနဲ့..”

“ပိတ်ထားစမ်း..”

ဝူဝမ်ချီသည် နီရဲနေသည့် မျက်လုံးများဖြင့် ဆူပူလိုက်သည်။

“မင်းသေသွားရင်တောင် ငါကမင်းကို ထောက်ပံ့ပေးနေဦးမှာ..”

သွမ့်ဝမ်ယွီ၏ စွမ်းရန် ကုန်ဆုံးသွားတော့မည့် အချိန်မှာပင် နျဲ့ရှောင်သည် ထပ်မံတွေးတောခြင်း မရှိဘဲနှင့် သူ၏ကိုယ်ပိုင် စွမ်းရည်များအား ပြန်လည်နှုတ်ယူလိုက်သည်။ ဝူဝမ်ချီနှင့် ကျန်းချိုးတို့သည်လည်း နျဲ့ရှောင်အတိုင်း လှုပ်ရှားလိုက်ကြသည်။

သွမ့်ဝမ်ယွီသည် ထိုမြင်ကွင်းအား မြင်သည့်အခါ အံ့အားသင့်နေမိပြီး သူ၏ ရေစွမ်းအင်ကြောင့် မျက်လုံးများ ဝေဝါးလာခြင်းလား သို့တည်းမဟုတ် မျက်မှန် မရှိတော့သဖြင့်လား မသိတော့ချေ။

“မင်းတို့ ဘာတွေလုပ်နေကြတာလဲ..”

“ဘယ်သူအရင်သေသေကွာ..”

အမျိုးသား ၄ ဦးသည် သူတို့၏ မူလအခြေအနေသို့ ပြန်လည်ရောက်ရှိလာကြသည်။ အဆင့် ၃ ဇွန်ဘီသည် ခေတ္တမျှ ရှုပ်ထွေးနေပြီးနောက် သူ၏ သွေးသံရဲရဲ ပါးစပ်အား ဖွင့်ဟကာဖြင့် အဖွဲ့၏ အစွမ်းအထက်ဆုံး သူဖြစ်သည့် နျဲ့ရှောင်ရှိရာသို့ တုံ့ဆိုင်းခြင်း မရှိဘဲ ကြမ်းတမ်းစွာ ပြေးဝင်သွားလေသည်။

“ဘော့စ်!!!!”

“ဖာ့ခ်!”

ဟမ်းစတားလေး ရောက်ရှိလာချိန်တွင် ထိုမြင်ကွင်းမှာ သူ့အားဆီးကြိုနှုတ်ဆက်နေသဖြင့် ဒေါသပေါက်ကွဲထွက်လာတော့သည်။ တိမ်မြူခိုးအဖြစ်သို့ ပြောင်းလဲနေသည့် ကျစ်ဟွေ့ကွမ်အား စီးနင်းကာဖြင့် အလင်း၏ အလျင်ဖြင့် ရှေ့သို့ပြေးသွားလေသည်။

အန္တရာယ်ကျရောက်လုဆဲဖြစ်သည့် နျဲ့ရှောင်သည် ဇွန်ဘီ၏ ပါးစပ်ဝမှ အဝေးသို့ ခေါ်ဆောင်သွားခံရလေသည်။

“ဒယ်ဒီ.. ပေါင်ပေါင်းက ဒယ်ဒီ့ကို နောက်ဆုံးတော့ ရှာတွေ့ခဲ့ပြီလေ..” ৻(  •‌ ᗜ •‌  ৻)

***

[ရေတွက်ခြင်း အဆုံးသတ်ပါပြီ။ နောက်ဆုံးတော့ ဝူယိလေးနဲ့ ဒယ်ဒီတို့ ဆုံတွေ့ကြပါပြီ။◝(⁰▿⁰)◜

မှတ်ချက်။  ။ အရင်အပိုင်းတွေမှာ Space system ဆိုရင် အာကာသစွမ်းရည် ကနေမှ ဝူယိတို့ဆို အာကာသစွမ်းရည်ရဲ့ မျိုးကွဲဖြစ်တဲ့ နေရာလွတ်စွမ်းရည် ဆိုပြီး ဘာသာပြန်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီအပိုင်းရဲ့ * ပြထားတဲ့ နေရာကနေ စပြီး space system ကို အာကာသစနစ် လို့ပြောင်းပြီး သူ့ရဲ့မျိုးကွဲ space ability ကိုတော့ အရင်အတိုင်း နေရာလွတ်စွမ်းရည် ဆိုပြီး သုံးပါမယ်။ ပိုပြီး ကွဲသွားအောင်လို့ပါ။ space system က ဥပမာထားပြီး ပြောတာပါနော်။ earth system, metal system, water system စတာတွေ ရှိပါသေးတယ်။ ⸜(。˃ ᵕ ˂ )⸝♡]

ရှောင်ဝူယိသည် နျဲ့ရှောင်အား ဇွန်ဘီ၏ ပါးစပ်ဝမှ ကယ်တင်ပြီးနောက် တိမ်တိုက်အသွင်နှင့် ကျစ်ဟွေ့ကွမ်အား စီးနင်းကာ အဝေးသို့ ပျံသန်းသွားလေသည်။

ထူးဆန်းသည့် ဒီဂျာဗူး ခံစားချက်မျိုးဖြင့် ရှောင်ဝူယိသည် ကျစ်ဟွေ့ကွမ်တိမ်တိုက်ဖြင့် စီးနင်းဖြတ်သန်းသွားရင်း အခြားသူများထံမှ စွမ်းအင်ကွင်းအား ဆွဲဖယ်လိုက်သည်။ ဝူယိကိုယ်တိုင်သည် ထိုအရာကို ပြုလုပ်ခဲ့ခြင်းအား သတိမပြုမိသော်လည်း အခြားသူများသည် သူ၏အပြုအမူကြောင့် များစွာသက်သာရာ ရလေသည်။

အဆင့် ၃ ဇွန်ဘီသည် သူ၏ ခံတွင်းဝမှ လုယူသွားခံရသည့် သားကောင်အားကြည့်ကာ သူ၏ပိုင်နက်အား ကျူးကျော်ကာ သားကောင်ကို လူယူသွားသည့်အတွက် ဒေါသတကြီးဖြစ်လာကာ သူ၏ ပုပ်အက်နေသည့် ဦးခေါင်ပင် မူးဝေလုနီးနီး ဖြစ်လာသည်။

သားကောင်အတွက် သူ၏ အလိုအလျောက် တုံ့ပြန်မှုသည် နေရာမှာပင် ပေါက်ကွဲထွက်လာသည်။ သူ၏ ခြေကန်ချက်သည် မြေပြင်ပေါ်တွင် ချိုင့်တွင်းတစ်ခု ဖြစ်ပေါ်လာပြီး လေးမှလွှတ်လိုက်သည့် မြားတစ်စင်းသဖွယ် ဖြစ်လေသည်။ နီရဲနေသည့် မျက်လုံးများဖြင့် လွတ်မြောက်သွားသည့် နှစ်ဦးနောက်သို့ ဒေါသတကြီး လိုက်ဖမ်းလေသည်။

ထိုအချိန်တွင် မြေပြင်ပေါ်တွင် ကျန်ရစ်ခဲ့သည့် လူ ၃ ဦးမှာ လျစ်လျူရှုခံလိုက်ရသည်။

ဝူဝမ်ချီသည် ဖမ်းချုပ်ခံထားရခြင်းမှ လွတ်မြောက်သည်နှင့် သူ၏အိတ်ကပ်ထဲရှိ အမြုတေတစ်ခုအား ထုတ်ယူကာ စွမ်းရည်ပြန်လည် ဖြည့်သွင်းလျက်ဖြင့် အနီးအနားရှိ အဆင့်နိမ့်ဇွန်ဘီများအား ကန်ကျောက်ပစ်နေသည်။

တဖြည်းဖြည်း သေးငယ်လာသည့် ပုံရိပ်များအားကြည့်ကာ ကျန်းချိုး၏ အမှိုက်ကဲ့သို့ မုန်းစရာကောင်းသည့် ပါးစပ်မှာ အလင်းရောင်အား ယူဆောင်လာနိုင်လိမ့်မည်ဟု ဝူဝမ်ချီ မည်သည့်အခါတွင်မျှ စိတ်ကူးခဲ့ဖူးခြင်း မရှိပေ။

အချုပ်အနှောင်မှ လွတ်မြောက်လာသည့် ကျန်းချိုးသည် ကယ်တင်ခြင်းခံလိုက်ရသည့် နျဲ့ရှောင်အားကြည့်ကာ အံ့အားသင့်စွာဖြင့် လျှာတောက်လိုက်မိသည်။

“လူတွေကို ကယ်တင်ဖို့ သူရဲကောင်းလေး ရောက်လာမယ်လို့ ငါမျှော်လင့်မထားဘူး.. ကျွတ်.. အဲဒီ မျိုးမစစ်ကောင် နျဲ့ရှောင်က သူရဲကောင်းလေးကို သူ့ရဲ့ ဘဝ ပေးအပ်ဖို့ အသင့်ပြင်ထားသင့်တယ်..”

အမြုတေတစ်ခုအား ကိုင်ဆောင်ကာ စွမ်းရည်ဖြည့်တင်းနေရင်း အဆင့်နိမ့်ဇွန်ဘီများအား သတ်ဖြတ်နေသည့် သွမ့်ဝမ်ယွီသည့် ကျန်းချိုး၏ စကားအား ကြားသည့်အခါ သူ၏လက်များမှာ ရုတ်တရက် ရပ်တံ့သွားလေသည်။

လုံးလုံးလျားလျား သတိပြုမိပုံမရသည့် လူ ၂ ဦးအား ကြည့်ကာ သွမ့်ဝမ်ယွီ အနည်းငယ် တုံ့ဆိုင်းသည့် လေသံဖြင့် ပြောလိုက်သည်။

“တကယ်တော့... အခုနက ဘော့စ်ကို ‘ဒယ်ဒီ’ လို့ ခေါ်သွားတာကို ငါကြားလိုက်သလိုပဲ.. မှားပြီး ကြားမိတာလားတော့ မသိဘူး‌နော်..”

ဝူဝမ်ချီနှင့် ကျန်းချိုး : “!!!?”

ထိုအချိန်တွင် ကောင်ငယ်လေး၏ အဝေးသို့ခေါ်သွားခြင်းခံရသည့် နျဲ့ရှောင်မှာ ‘ဒယ်ဒီ’ ဟူသည့် စကားလုံး နှစ်လုံးကြောင့် မိုးကြိုးပစ်ချခံရသလို မှင်တက်နေလေသည်။

ထိုအချိန်တွင် သူ့အနေဖြင့် သူတို့နောက်မှ ထပ်ကြပ်မကွာ လိုက်ပါဖမ်းဆီးလျက်ရှိသော ကြောက်မက်ဖွယ်ရာ အဆင့် ၃ ဇွန်ဘီအကြောင်း ဂရုစိုက်နိုင်စွမ်း မရှိတော့ဘဲ နှစ်လိုဖွယ်ကောင်းပြီး ထူးဆန်းသွာ ရင်းနှီးနေသည့် မျက်နှာသွင်ပြင်နှင့် ကောင်ငယ်လေးအားကြည့်ကာ သူ၏ခေါင်းထဲတွင် အမေးသင်္ကေများ ပြည့်နေလေသည်။ သူ၏ ဦးနှောက်ထဲတွင် စကားလုံး ၃ လုံး ထွက်ပေါ်လာသည်။

——“ရှီတန့်ပါး လား..”

ရှောင်ဝူယိသည် နျဲ့ရှောင်၏ ခါးအား လက်နှစ်ဘက်ဖြင့် ပွေ့ဖက်ထားပြီး နျဲ့ရှောင်၏ နွေးထွေးလှသည့် ပွေ့ဖက်မှုထဲတွင် မျက်နှာတစ်ခုလုံး နှစ်မြုပ်ကာ ပွတ်သပ်လို့နေသည်။ ရင်းနှီးကျွမ်းဝင်နေသော သူ့ဒယ်ဒီ ခန္ဓာကိုယ်မှ ငြိမ်းချမ်းအေးမြသည့် အရသာအား ခံစားရင်းဖြင့် သူပြောလိုခဲ့သည့် စကားလုံးပေါင်းများစွာမှာ စိတ်ကျေနပ်စွာ သက်ပြင်းချမှုတစ်ခုအဖြစ်သို့ ပြောင်းလဲသွားလေသည်။

“ဒယ်ဒီ.. ပေါင်ပေါင်းက အရမ်းပဲ လွမ်းနေခဲ့တာ..”

နူးညံ့သည့် အသံလေးအား နားထောင်ရသည့်အခါ နျဲ့ရှောင်၏ နှလုံးသားမှာ ရုတ်တရက် နူးညံ့လာကာ ထိုစကားလုံးများထဲတွင် ပါဝင်နေသည့် ပူပြင်းသည့် ခံစားချက်များကြောင့် ထိန်းချုပ်မရနိုင်အောင် တထိတ်ထိတ် ခုန်လာသည်။ သူ၏လက်အား မြှောက်ကာ ထိုကောင်လေးအား အဝေးသို့ တွန်းဖယ်ရန် မလုပ်နိုင်ပါချေ။

ဤကောင်ငယ်လေးမှာ မည်သူဖြစ်ကြောင်း သူယခုထိတိုင် ပုံဖော်နိုင်ခြင်း မရှိသေးပေ။

ထိုအချိန်တွင် အဆင့် ၃ ဇွန်ဘီသည် သူတို့ထံသို့ ချဉ်းကပ်လာပြီး နူးညံ့သိမ်မွေ့သည့် အခိုက်အတံ့အား အနှောင့်အယှက်ပေးလေသည်။

ရှောင်ဝူယိသည် သူ၏နောက်ကျောအား ထိခိုက်မိသည့် စွမ်းအင်စက်ကွင်းကြောင့် နာကျင်သွားလေသည်။ ချက်ချင်းပင် ဒေါသတကြီးဖြစ်လာပြီး ခပ်ပူပူ မုန့်ပေါင်းနှင့်တူသည့် မျက်နှာဖြင့် လှည့်ကြည့်လိုက်သည်။

ငါနဲ့ ဒယ်ဒီ ပြန်တွေ့တာကို နှောင့်ယှက်တဲ့သူတွေက လူဆိုးကောင်ကြီးတွေနော်.. (•‌⤙•‌ )

ထိုလူဆိုးကောင်ကြီးမှာ နျဲ့ရှောင်အား ထိခိုက်မှုပြုမိတော့မတတ် ဖြစ်ခဲ့သည်ကို ပြန်စဉ်းစားမိသည့်အခါ ရှောင်ဝူယိ မျက်လုံးများထဲတွင် မီးပွားများတောက်လာသည်။ အပါချာအား ဆွဲယူကာ ပြန်ပစ်လိုက်သည်။

နျဲ့ရှောင်သည် စွမ်းရည်အား လွန်ကဲစွာ အသုံးပြုခဲ့မိခြင်းကြောင့် ယခုထိတိုင် ပြန်လည်ကောင်းမွန်လာခြင်း မရှိသေးဘဲ ဇွန်ဘီများအား မှော်ဆန်စွာ တိုက်ခိုက်နေသည့် ကောင်ငယ်လေးကိုသာ ကူကယ်ရာမဲ့စွာဖြင့် ကြည့်နေမိသည်။

ထိုအရာမှာ လမ်းပေါ်တွင် ကွင်းပစ်တမ်း ကစားနေသည်နှင့်ပင် တူလေသည်။ အဆင့် ၃ ဇွန်ဘီသည် ကောင်ငယ်လေး၏ တိုက်ခိုက်မှုအား လွယ်ကူစွာ ရှောင်ရှားလို့နေသည်။ နောက်ဆုံးတွင် ဇွန်ဘီသည် သူ၏ကိုယ်ပိုင်စွမ်းအားဖြင့် ကျုံးဇီ (ကောက်ညှင်းထုပ်) သဖွယ် ထုတ်ပိုးခံလိုက်ရသည်။ ဇွန်ဘီသည် မြေပြင်ပေါ်တွင် ရုန်းကန်ကာဖြင့် စိတ်မချမ်းမြေ့ဖွယ် အသံများအား ပြုလုပ်နေလေသည်။

သူ၏ ခြေထောက်အောက်ရှိ တိမ်တိုက်မှာ ရပ်တံ့သွားပြီး လိမ္မော်နှင့် အနက်ရောင်အစင်းကြားများ ရှိသည့် ကျားကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။ ခမ်းနားထည်ဝါသည့် ကျားကြီးသည် ကောင်ငယ်လေး၏ နံဘေးသို့ နူးညံ့သိမ်မွေ့စွာဖြင့် လျှောက်လှမ်းလာသည်။

ထိုအဖြစ်အပျက်များအား ကြည့်နေသည့် နျဲ့ရှောင်မှာ ထူးခြားဆန်းကျယ်စွာဖြင့် ဖခင်တစ်ဦး၏ ဂုဏ်ယူမှုနှင့် ကျေနပ်မှုတို့ဖြင့် ပြည့်နှက်လာသည်။

——အားကိုးအားထားပြုနိုင်သလို ချစ်စရာလေးတွေ ရောင်းချတတ်ပြီး အရမ်းထူးချွန်တဲ့ ကလေးတစ်ယောက်ကို ရုတ်တရက် ရှာတွေ့လိုက်သလို ခံစားချက်ကြီးက ငါ့ရဲ့ စိတ်ကူးယဉ်မှုပဲ ဖြစ်မှာပါလေ..

နျဲ့ရှောင်သည် သူ၏ရင်ဘတ်အား ထိကြည့်လိုက်မိပြီး ရူးသွပ်သွားတော့မတတ် ခံစားနေရသည်။ မည်မျှပင် စဉ်းစားစေကာမူ သူ့ထံတွင် ဤအရွယ်ရှိသည့် ကလေးတစ်ယောက် ရှိလာရန်မှာ မဖြစ်နိုင်ပေ။

Continue Reading

You'll Also Like

35.5K 4.1K 48
Title - After Transmigrated into a Book, I've Gained an Entire Family of Cannon Fodder Description ...
37.3K 4.2K 147
BL Novel ပါနော်။ စစချင်းအပိုင်းမှာ မိန်းကလေး pov ဆိုတာက ဒီအတိုင်း တခြားသူအမြင်ပါရှင်။ မှားမှာစိုးလို့ပါရှင်
5.4K 516 32
IQ Team မှ ကြိုဆိုပါတယ်.. သိလိုသည်များနှင့် Paid Novels များအတွက် IQ Team Webnovels Translations Page ကို ဆက်သွယ်ပေးပါရှင်...👇👇👇 https://www.face...
614K 48.9K 52
မင်ရန်ရှင်း💓ဝမ်ယွမ် {ဝမ်ယင်}