လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း - ၈
ဆိုင်မှာတော့ လာဝယ်သူပါးပေမယ့် အွန်လိုင်းကနေမှာတဲ့သူများတာကြောင့် သိမ့်သိမ့်နဲ့မမတို့က deliအပ်ဖို့လိပ်စာနဲ့အထုပ်တွေ သေချာလုပ်နေကြသည်။ ဈေးဝယ်သူနှစ်ယောက်ရှိတာကိုတော့ အချစ်ပန်းကပဲ သေချာလိုက်ပြပြီးရောင်းပေးလိုက်၏။ ဈေးဝယ်သူမရှိတော့တာနဲ့ အချစ်ပန်းလည်း ပါဆယ်ထုပ်နေတဲ့နှစ်ယောက်ကိုကြည့်ရင်း
"ချစ်ပန်း ဒိန်ချဉ်စားချင်လို့ Convenience Store မှာသွားဝယ်လိုက်ဦးမယ် ဘာမှာဦးမလဲ"
" တစ်ယောက်ထဲမသွားနဲ့လေ မမတို့ပြီးမှ သိမ့်သိမ့်နဲ့သွား"
" အချစ်ပန်းက အခုစားချင်နေပြီ မမတို့အထုပ်တွေကအများကြီး ကျန်သေးတယ်မလား ပြီးတော့ နေလယ်အမှီ deliအပ်ရဦးမှာကို"
" တစ်ယောက်ထဲ စိတ်မချဘူး ပြီးမှသွား လမ်းကကူးရဦးမှာ ဉီမလေးက ဗိုက်တကားကားနဲ့သွားတာကနှေးသေး။ ခုခေတ်ကားမောင်းသူတွေက ရှေ့နောက်ကြည့်ကြတာမဟုတ်ဘူး"
" အချစ်ပန်း ကလေးမှမဟုတ်တော့တာ လမ်းကူးတတ်ပါတယ်။ ပြီးတော့လူကူးမျဉ်းကြားကကူးမှာ စိတ်ချနော် ။ အချစ်ပန်းတော့သွားပြီ"
အထုပ်တွေထုပ်နေရင်း မိုးသွန်းတစ်ယောက် ထွက်သွားတဲ့ လှုပ်လီလှုပ်လဲ့ မိန်းကလေးကိုကြည့်ရင်း
" သေချာသတိထားကူးနော် သွားရတာအဆင်မပြေရင် အကူအညီတောင်း"
လှမ်းအော်လိုက်တော့သည်။
လမ်းလူကူးမျဉ်းကြားမှာ မီးနီနေလို့ အချစ်ပန်းလဲရပ်နေလိုက်သည်။
ထိုစဉ် အနန္တာတို့ကားလေးမီးပွိုင့်ကိုဖြတ်ခါနီးမီးဝါပြလို့ အရှိန်လျော့လိုက်လေ၏။ လူကူးမျဉ်းက မီးစိမ်းပြနေပြီမို့ အချစ်ပန်းလဲ ဗိုက်လေးကို လက်နဲ့အသာကိုင်ပြီး ဖြေးဖြေးချင်း ဖြတ်နေလိုက်သည်။
ကားမောင်းနေရင်း နောင်ရိုးအရှေ့ကိုကြည့်လိုက်တော့ လာဗန်ဒါနဲ့တူတဲ့ကိုယ်ဝန်သည်တစ်ယောက် သူလည်းမနေနိုင်တော့စွာနဲ့ ကားအနောက်ခန်းမှာ စတော့ဈေးကွက်ကြည့်နေတဲ့ ဒုဥက္ကဌကို လှမ်းပြောလိုက်လေသည်။
" ဒုဥက္ကဌ အရှေ့က ကိုယ်ဝန်သည်မိန်းကလေးက လာဗန်ဒါနဲ့တူတယ်နော် ။ ဆံပင်တိုသွားတာရယ် ပြည့်ပြည့်လေးဖြစ်နေတာရယ်ပဲပြောင်းလဲသွားတာ။ ကိုယ်ဝန်ကြောင့်ထင်တယ်"
လာဗန်ဒါလို့ပြောလိုက်တော့ သူ့မျက်လုံးတွေက သူမရှိနေမည့် ရှေ့တည့်တည့်က လူကုးမျဉ်းကြားဘက်ကြည့်လိုက်တော့ တကယ်ပဲ ထိုကောင်မလေး။ ဘာတွေပဲပြောင်းလဲနေပါစေ ရင်းနှိးခဲ့တဲ့ ခန္ဓာကိုယ်လေးကိုတော့ သူမှတ်မိလို့နေသည်။ ဖက်ဖူးစိမ်းရောင် ဗိုက်ဖုံးဂါဝန်လေးနဲ့သူမက အခုမှထွက်လာသည့်ဖူးသစ်စ အရွက်လေးလို လန်းဆန်းနေသလို ထိခိုက်လွယ်မည့်ပုံလေးပေါ်နေသည်။ ရှေ့စူထွက်နေသည့် ဗိုက်ဖောင်းဖောင်းလေးကို လက်မောင်းသွယ်သွယ်လေးတွေနဲ့ အသာအယာကိုင်တွယ်ရင်း အရှေ့ကိုလည်းသေချာကြည့်ရင်း လျှောက်နေလေသည်။ မတွေ့ရသည့် လပိုင်းတွေမှာ သူမအတော်လေးပြောင်းလဲနေသလို တကယ်ပဲသူမမှာ တခြားလူရဲ့ကိုယ်ဝန်ကိုလွယ်ထားရသည်ဆိုတာ လက်ခံလိုက်တော့ ဘယ်ဘက်ရင်အုံထဲမှာ အနည်းငယ်တော့အောင့်သက်ပြီး နာကြင်သွားသည်။ စိတ်ထဲကမွန်းကြပ်မှုကိုမခံနိုင်သည့်အဆုံး ကားထဲမှထွက်ရင်း
" ငါ့ကိုအရှေ့ shopping mall နားမှာခဏစောင့်ပါ"
နောင်ရိုးကိုမှာပြီးသူ လာဗန်ဒါသွားရာလမ်းဘက်ကိုခြေလှည်းတွေက အလိုလိုဦးတည်ပြီး ထွက်လာလိုက်လေသည်။ ထွက်သွားသော သူဌေးကို ကားအနောက်ကြည့်မှန်ထဲမှ နောင်ရိုးလှမ်းကြည့်နေရင်း ပြုံးမိနေသည်။ နောက်ဆုံးတော့ နှလုံးသားခေါ်ဆောင်ရာနောက်ကိုလိုက်ချင်ပြီပေါ့။ သူခန့်မှန်းတာသာမမှားရင် သူဌေးက လာဗန်ဒါကိုသဘောကျနေတာ သေချာသလောက်ရှိမည်။ သူ့သူဌေးအကြောင်း သူအသိဆုံးမလား။ လာဗန်ဒါအရှေ့မှာမော်ဒယ် သုံးယောက်နဲ့စာချုပ်ချုပ် ဖူးပေမယ့် မိန်းကလေးတွေဆီကိုသွားတာ တစ်နှစ်မှာ နှစ်ခါ သုံးခါထက်မပိုပါ။ တတိယတစ်ယောက် စွဲဆို စာချုပ်သာချုပ် ပြီး တခါမှသွားမအိပ်ဖူးပေ။ ဒါကြောင့်လဲ စွဲက သူမနဲ့ဇာတ်လမ်းတွဲရိုက်နေသည့် ဒါရိုက်တာပေါက်စတစ်ယောက်နဲ့ ဒိတ်တင်း သတင်းထွက်လာခြင်းပင်။ အစထဲက စိတ်ဝင်စားမှုနည်းနေတဲ့သူဌေးက ထိုအချိန်မှစပြီး စာချုပ်ကိုဖျက်လိုက်တော့သည်။ နောက်ဆုံးတစ်ယောက်က လာဗန်ဒါဖြစ်ပြီး သူမှတ်မိသလောက်ဆို သူမနဲ့တစ်ပတ် လေး ငါးခါလောက်သွားအိပ်တက်သလို အခွင့်အရေးပေးမှုအများဆုံးပင်။ ပုံမှန်အားဖြင့် စာချုပ်ချုပ်ထားသော သူတွေနဲ့စာချုပ်ထဲကအတိုင်း တခြားပါတီရဲ့ မိသားစုအရေး ပုဂ္ဂိုလ်ရေးတွေကိုဝင်ရောက်စွက်ဖက်ကူညီလေ့မရှိပေမယ့် အချစ်ပန်းရဲ့ မမအတွက် သူကိုယ်တိုင် ပြည်တွင်းပြည်ပ အသိဒေါက်တာနဲ့စီးပွားဘက်တွေကို နှလုံးလှူမည့်သူကို ရှာဖွေပေးခဲ့သည်။ အချစ်ပန်းမသိအောင်လဲ သူမ မမခွဲစိတ်ဖို့အတွက် နိုင်ငံရဲ့အတော်ဆုံးခွဲစိတ်အထူးကုနဲ့ နှလုံးအထူးကုကို ငှားပေးခဲ့သည်မဟုတ်လား။ ဒါက လာဗန်ဒါကိုစိတ်ထဲမှာရှိနေပြီး ပံ့ပိုးမှုပေးနေတာ သဘော ကျတဲ့လက္ခဏာတွေမဟုတ် လား။ မီးစိမ်းနေပြီမို့ သူလဲကားကိုမောင်းထွက်လာခဲ့တော့သည်။
ခပ်လှမ်းလှမ်းကနေ တရွေ့ရွေ့နဲ့ အစိမ်းရောင်လုံးလုံးလေးကို အနောက်ကနေကြည့်နေရင်း သူသဘောကျနေမိပြီး နှုတ်ခမ်းမှာပင် အပြုံးပန်းဆင်လိုက်မိသည်။ ထိုအစိမ်းရောင်လေးကတော့ သူ့နောက်မှာ လူတွေရှိတယ်လို့ပင် သတိထားမိမည်မဟုတ်ပေ။
အချစ်ပန်း ဒိန်ချဉ် စားချင်နေပြီ။ ဆိုင်ကရောက်ဖို့နည်းနည်းလိုနေတာမို့ ခြေလှမ်းကိုပိုပြီး မြန်မြန်လေးလှမ်းလိုက်သည်။ ထိုစဉ် အရှေ့မှာ ၁၁နှစ်အရွယ်ကလေးတစ်ယောက်က စကိတ်စီးရင်း ထိန်းမရတဲ့ပုံစံဖြစ်နေပြီး သူမကိုဝင်ပစ်တိုက်တော့မလို့ခံစားမိတာကြောင့် သူမဗိုက်ကိုပိုပြီးခပ်တင်းတင်းပိုက်လိုက်ရင်း မျက်လုံးကိုလည်းအသားကုန်မှိတ်ကာ ဘေးကိုလွဲလိုက်လေသည်။
"အမလေး"
သူမအော်ရင်းရှောင်လိုက်သလို ထိုကလေးကလည်း
"ဆောရီး ဆောရီး" လို့အော်သွားတော့သည်။ တုန်နေသည့်ရင်ကို အသာဖိလိုက်ရင်း အရှေကိုသာသေချာကြည့်ပြီး ဖြေးဖြေးမှန်မှန်လျှောက်လိုက်တော့သည်။
အနန္တ စကိတ်စီးလာတဲ့ကလေးနဲ့သူမ ဝင်တိုက်မိတော့မလိုဖြစ်တာမြင်လိုက်မိသည့်ခဏချင်း အပြေးအလွှားသွားလိုက်ပေမယ့် အကွာဝေးနည်းနည်းများတာမို့ သူမအနားတော့မရောက်ပေ။ စကိတ်နဲ့ကလေးကသူမကျော်သွားမှ သူလည်း သက်ပျင်းချနိုင်တော့သည်။ သူ လှမ်းကြည့်လိုက်တော့ သူမကအရှေ့ကို ဖြေးဖြေးမှန်မှန်ပြန်သွားနေလေသည်။ စကိတ်နဲ့ကလေးက သူ့အနားရောက်လာသည်နှင့် သူလည်းထိုကလေးကို မလဲအောင် ဆွဲဖမ်းလိုက်သည်။ ကလေးကချော်လဲမလိုဖြစ်ပေမယ့် သူထိန်းထားတာကြောင့်လဲမသွားပဲ စကိတ်အရှိန်ရပ်သွားတော့သည်။ သူလည်း ကလေးရဲ့လက်ကိုသေချာဆွဲထားလိုက်တော့သည်။
" ဦး လွှတ်ဗျ ကျနော့်လက်နာနေပြီ"
" နောက်ဆို စကိတ်စီးရင် အရှိန်နဲ့မစီးနဲ့ ရှေ့နောက်ကြည့်စီး၊ စောနက ကိုယ်ဝန်သည်ကို မတော်တဆတိုက်မိရင် မင်း လုံးဝခွင့်လွှတ်ခံရမှာမဟုတ်ဘူး။ ပြီးတော့ ဒီလိုရှေ့နောက်မကြည့်ပဲစီးရင် ကားတိုက်ပြီးသေလိမ့်မယ်"
သူ့စကားကြောင့် ထိုကလေးလဲ ထိန့်လန့်သွားသလိုဖြစ်ကာ သူ့ကိုပြူးပြူးလေးကြည့်ရင်း
" ဟုတ် ဟုတ်ကဲ့ နောက်ဆို အရှိန်လျော့စီးပါမယ်ဗျ"
သူလက်လွှတ်လိုက်တော့ ထိုကလေးက စကိတ်ကိုချွတ်လိုက်ပြီးပြေးထွက်သွားတော့သည်။ သူအရှေ့ကိုကြည့်လိုက်တော့ အစိမ်းလုံးလေးက ဆိုင်ထဲဝင်သွားပြီမို့ အမြန်လေးလိုက်သွားတော့သည်။
ဆိုင်ကိုရောက်တော့ တံခါးကိုဖွင့် ဝင်ပြီးသည်နှင့် အအေးဘူးတွေထားရာကို မြန်မြန်လျှောက်သွားလိုက်ပြီး သူမစားနေကြဒိန်ချဉ်တစ်ဗူးကို မစောင့်နိုင်တော့လို့ ဖောက်စားလိုက်သည်။ စားနေရင်းပဲ သိမ့်သိမ့်နဲ့မမအတွက်သောက်စရာနဲ့ တခုခုစားဖို့ ဝယ်သွားမလို့ လျှောက်ကြည့်နေလိုက်သည်။
အနန္တာလည်း စတိုးဆိုင်ထဲဝင်ရင်းခပ်လှမ်းလှမ်းကနေပဲ ဒိန်ချဉ်စားနေတဲ့သူမကို တိတ်တိတ်ဆိတ်ဆိတ်ကြည့်နေလိုက်သည်။
Notice me
Take my hand
Why are we
Strangers when
Our love is strong?
Why carry on without me?
ဆိုင်ထဲကဖွင့်တဲ့ သီချင်းသဲ့သဲ့ကို သူမကြားလိုက်တော့ တစ်စုံတစ်ယောက်ကို သူမ သတိရမိသွားသည်။ သူမတို့အဖြစ်ကလဲ ပိုပြီးရင်းနှီးလာမည်ဆိုမှ ပိုဝေးပြီး သူစိမ်းတွေဖြစ်သွားကြတာမလား။ ခုဆို ထိုလူက သူနဲ့လိုက်ဖက်လွန်းသည့် လက်တွဲဖော်အမျိုးသမီးတစ်ယောက်ပင် ဘေးမှာရှိတော့မည်။ သူမလို သေးသိမ်သည့် မိန်းကလေးကတော့ သူ့အတွက်အပျော်ရှာရာ ယာယီနေရာလေးသက်သက်ပဲမဟုတ်လား။ လက်ထဲကိုင်ထားသည့် မစ်ရှိတ်ဘူးကို မရည်ရွယ်ပါပဲသေချာစိုက်ကြည့်ရင်း သီချင်းကိုနားထောင်နေမိသလို ထိုလူအကြောင်းကို တွေးနေလေသည်။
And every time I try to fly I fall without my wings
I feel so small
I guess I need you baby
And every time I see you in my dreams
I see your face
It's haunting me
I guess I need you baby
I make-believe
That you are here
It's the only way
That I see clear
What have I done?
You seem to move on easy
And every time I try to fly I fall without my wings
I feel so small
I guess I need you baby
And every time I see you in my dreams
I see your face
You're haunting me
I guess I need you baby
I may have made it rain
Please forgive me
My weakness caused you pain
And this song's my sorry
အနန္တလည်း ထိုကောင်မလေး ပါတီမှာဆိုသွားသည့် သီချင်းကိုနားထောင်နေရင်း ဘာရယ်မဟုတ် စာသားတွေက သူတို့အဖြစ်နဲ့ နည်းနည်းတိုက်ဆိုင်နေတယ်လို့ထင်မိသည်။ သူလည်းဝန်မခံချင်ပေမယ့် သူမကိုစိတ်ဝင်စားနေမှန်း သူ့ကိုယ်သူရိပ်မိနေတာကြာပါပြီ။ သူမနဲ့ ရင်းနှီးဖို့ပိုကြိုးစားမည်လို့ စဉ်းစားကာမှ သူမက လက်ထဲမှာရှိနေတဲ့ရွှေရောင် အခွင့်အရေးတွေကို သူမဟုတ်တဲ့ လူတစ်ယောက်နဲ့လုံးဝ လဲလိုက်သည်မဟုတ်လား။ ဒီလိုတွေးမိတော့ သူမအပေါ်အခွင့်အရေး ယူပြီးတခြားတစ်ယောက်နဲ့ လက်ထပ်သွားသည့် ဟိုဒါရိုက်တာရဲ့ မျက်ခွက် တခွပ်ခွပ်မြည်အောင် ပြေးထိုးချင်စိတ်တွေပေါ်နေပြီး ဘယ်လိုဒုက္ခပေးရင်ကောင်းမလဲဆိုတာတောင် တွေးနေမိသည်။ Carrer ပျက်သွားအောင်လား၊ ထိုလူရဲ့ အိမ်ထောင်ရေး ပြိုကွဲသွားအောင်လား။ လူယုတ်မာဆိုပြီး လူတွေရှောင်ဖယ်ခံရအောင်လား။
သူတွေးနေရင်း လာဗန်ဒါကိုလှမ်းကြည့်လိုက်တော့ သူမက အရုပ်တန်းရောက်နေပြီး အရုပ်တွေကိုင်ကြည့်နေသည်။ ကလေးအတွက်လား သူမအတွက်လားတော့မသိ။ ထပ်ပြီးသူ့စိတ်တွေရှေ့ကပုံရိပ်လေးကြည့်ပြီး ကျေနပ်နေပြန်သည်။
အချစ်ပန်းလည်း စားစရာနဲ့မစ်ရှိတ်၁ဗူးခြင်းထဲထည့်ပြီး ဘာရယ်မဟုတ် အရုပ်တန်းဘက်ကြည့်နေရင်း နန်းတော်ပုံစံLego (အတုံးလေးတွေနဲ့အရုပ်ဆက်ရသည်) အရုပ်တစ်ခုဝယ်ခဲ့သည်။ အရင်က အရုပ်တွေဘာတွေမက်တာမရှိပဲ ခုမှ Lego ဆက်ချင်သည့်စိတ်ကြောင့်တခုယူလိုက်ပြီး ကောင်တာမှာသွားရှင်းလိုက်တော့သည်။
အချစ်ပန်းကောင်တာထွက်သွားသည်နှင့် အနန္တလေး အချစ်ပန်းယူလိုက်သည့်Legoအရုပ်လိုမျိုးတခုထပ်ယူလိုက်သည်။ သူလည်းထိုအရုပ်ကိုမြင်ပြီး အရုပ်ဆက်ချင်သည့်စိတ်ပေါ်လာသလို အရုပ်ဆက်ရင်းပေါ်လာမည့် သူမရဲ့ခံစားချက်အတိုင်း သူလည်းတစ်ထပ်ထဲခံစားချင်သည်။
လက်တစ်ဖက်က မုန့်ထုပ်ဆွဲရင်း ဒိန်ချဉ်ကိုလဲစားရင်း လမ်းကိုသေချာကြည့်လျှောက်နေရသည်။ အစက လူရှင်းသည့်လမ်းက ခုတော့ လူတွေရှိလာသည့်အပြင် မျက်နှာချင်းဆိုင်ကလာသည့် မိန်းကလေး အုပ်စုလေးတွေက သူမလျှောက်လာတာမြင်သည်နှင့် ခေါင်းချင်းဆိုင်ပြီး ပြုံးရင်းအချင်းချင်းတီးတိုးပြောနေကြတာမို့ သူမများ အင်္ကျီပြောင်းပြန်ဝတ်လဲ့လား အောက်ကိုငုံ့ကြည့်ရသေးသည်။ ဘာမှမမှားတာမြင်မှ မျက်နှာမှာ ဒိန်ချဉ်ပေနေလို့လား စမ်းတော့လဲဘာမှမရှိ။ ထပ်ပြီး ရှေ့က မျက်နှာချင်းဆိုင်လာနေသည့် ကောင်မလေးနှစ်ယောက် သူမ အနောက်ခပ်လှမ်းလှမ်းကို ကြည့်ရင်းရှက်ပြုံးလေးတွေပြုံးပြီး အချင်းချင်းတီးတိုးပြောနေတာမို့ သူမအနောက်မှာ ဘာရှိလဲ သူမကြည့်လိုက်တော့ .... ရှိသမျှ အမွှေးတွေအကုန်ထောင်သွားသည်လို့ထင်မိသည်။ သူမအနောက်တည့်တည့်မှာ ရုံးသွားရင်းဝတ်နေကြ suite အနက်ရောင်အပြည့်နဲ့ အရပ်ရှည်ပြီးခန့်ညားတဲ့ရုပ်ရည်ကြောင့် လူကြားထဲ ထင်းထင်းကြီး ရှိနေတာ။ ဒါကြောင့် သူ့ကိုငမ်းရင်း ကောင်မလေးတွေရှက်ပြုံးပြုံးနေကြတာကိုး။ ဇိမ်ခံကားတွေအများကြီးရှိပြီး တခုခုဆို ခိုင်းလို့ရသည့် တပည့်ပေါင်းသောင်းခြောက်ထောင်ရှိသည့်လူက ဘယ်တုန်းကခြေကျင်လျှောက်လို့လဲ။ သူမနောက်လှည့်အကြည့် သူနဲ့မျက်လုံးချင်းကလည်း ဆုံသွားသေးသည်။ အရှေ့ကို မြန်မြန်လှည့်လိုက်ကာ သူမကို မမှတ်မိဖို့ကြိတ်ဆုတောင်းရင်း လမ်းကိုမြန်မြန်နဲ့ဂရုတစိုက်လျှောက်လိုက်တော့သည်။
အနန္တအစက တိတ်တိတ်လေးကြည့်ရင်းလိုက်ဖို့လုပ်နေပေမယ့် သူ့ကိုမြင်သည်နှင့်ထိတ်လန့်သွားသော သူမမျက်နှာကိုတွေ့တော့ သူတခုခုကိုသိချင်သိမို့ လာဗန်ဒါနောက်ကိုအမြန်လိုက်တော့သည်။
"လာဗန်ဒါ"
နောက်ကခေါ်သံကြောင့် သူမခြေလှမ်းတွေ ခဏတုန့်ဆိုင်းသွားပေမယ့် ချက်ချင်းပဲ ခပ်မြန်မြန်ပြန်လျှောက်လိုက်တော့သည်။
"လာဗန်ဒါ"
ဒီတခါတော့ သူမလက်ကောက်ဝတ်ကိုအသာဆွဲကိုင်ခံလိုက်ရလို့ သူမလည်းရပ်လိုက်တော့သည်။
"ရှင် လူမှားနေပြီထင်တယ်၊ ကျမ လာဗန်ဒါ မဟုတ်ဘူး"
သူ သူမကိုစေ့စေ့ကြည့်နေတာမို့ မျက်လုံးလွှဲလိုက်လေ၏။
" မင်း လာဗန်ဒါ ဟုတ်မဟုတ် မင်းရဲ့ ညာဘက်ကမှဲ့လေးက သက်သေပဲလေ။ ပြီးတော့"
ဆိုကာ သူမနားအနားကပ်လိုက်ရင်း
" မင်းရဲ့ဘယ်ဘက်ရင်အုံအောက်မှာလဲ မှဲ့အနက်ကလေးတစ်လုံးရှိသေးတယ်လေ။ နောက်ထပ်ဘယ်နေရာတွေရှိသေးလဲ ပြောပြရဦးမလား"
" အချစ်ပန်းတို့ဘာမှမဆိုင်တော့ဘူး။ မသိသလိုနေရအောင်"
" ဘာလို့မသိသလိုနေချင်ရတာလဲ"
ထိုလူက သူမဗိုက်ကို စေ့စေ့ကြည့်နေပြန်တော့ လက်တွေကအလိုလိုဗိုက်လေးကိုပိုက်လိုက်ရင်း စိတ်အားတင်းလိုက်ကာ
"ရှင် ရှင်က အချစ်ပန်းရဲ့အတိတ်ဆိုးမို့ မေ့လိုက်ပြီ။ ခု မိသားစုအသစ်ရနေပြီ။ အချစ်ပန်းတို့ မသိခဲ့သလိုပဲနေကြရအောင်"
မိသားစုအသစ်ဆိုတာကကြောင့် သူစိတ်ထဲတွေဝေမိသွားသည်။ သူလည်း သူများမိသားစုကိုမပြိုကွဲစေချင်ဘူးလေ။ မိသားစုပြိုကွဲတဲ့ခံစားချက်ကို သူသေချာသိတာနေတာမလား။ ဒါပေမယ့် သူသိချင်နေတဲ့ တစ်ခုထဲသောအဖြေက သူမဆီမှာရှိနေတာမို့
" ဒီ ဒီကလေး ဒါရိုက်တာနဲ့ရတာလား"
သူမ ဗိုက်ပူပူလေးရှိရာ လက်ညှိုးတထိုးထိုး နဲ့ပြောနေတဲ့ ထိုလူရဲ့ နူးညံတဲ့မျက်နှာကြောင့် သူမလည်း မျှော်လင့်ချက်လေး အနည်းငယ်ရှိလာပေမယ့် " စာချုပ်ထဲ ကလေးလုံးဝမယူရ၊ရှိလာရင်ဖျက်ချ" ဆိုတဲ့အသံက နားထဲပြန်ဝင်လာသလို ထိုလူမှာ စေ့စပ်ထားတဲ့အမျိုးသမီးရှိနေတာလည်း သိနေပြန်တော့
" ဒါရိုက်တာကြီးကလည်း သူ့အိမ်ထောင်နဲ့သူဖြစ်နေသလို၊ အချစ်ပန်းလည်း မိသားစုတစ်ခုထူထောင်နေတာမို့ အထင်လွဲလို့မေးတဲ့မေးခွန်းတွေ လာမမေးပါနဲ့၊ အချစ်ပန်း ကြိုးကြိုးစားစားတည်ဆောက်ထားတဲ့မိသားစုလေးပါ။ ရှင်လဲ မိသားစုတစ်ခုထူထောင်တော့မှာမလား။ ကင်းကင်းနေကြရအောင်"
ဟုတ်တယ်မလားပဲပင်ပေါက်လေး။ မေမေရယ်၊ပဲပင်ပေါက်လေးရယ်၊ မမမိုးသွန်းပန်းရယ် ဒါကအခုမိသားလေးဖြစ်နေပြီမလား။ ပြီးတော့ထိုလူကိုလဲ သူမှာဆိုင်သူရှိကြောင်း သတိရအောင် ပြောပစ်လိုက်သည်။
" ဟုတ်ပါပြီ ၊ ဘာဖြစ်ဖြစ် ဂရုစိုက်နော်"
သူမ ဘာမှမပြောတော့ပဲလှည့်ထွက်လာလိုက်ပေမယ့် သူရဲ့ "ဂရုစိုက်နော် " ဆိုတဲ့ နွေးထွေးညင်သာတဲ့ အမှာစကားကြောင့် သူမခံစားချက်တွေ ရှုက်ရှက်ခက်ကုန်သည်။ သူမကိုယ်ကိုယ်ကို သူ့ဆီက ဘာခံစားချက်မှ မျှော်လင့်ဖို့မစဉ်းစားရန် ဆုံးမလိုက်ပြီး အရှေ့ကိုသာ ဆက်လျှောက်လိုက်တော့သည်။
အနန္တလေး ပုစ္ဆာကိုအဖြေမရသေးသည့်လူတစ်ယောက်လို ခံစားချက်ပေါင်းများစွာနဲ့ ကျန်ခဲ့တော့၏။ သေချာတာကတော့ ကလေးက ဒါရိုက်တာကလေးမဟုတ်လောက်သလို သူမမိသားစုလို့ပြောသည့် ထိုကောင်ကဘယ်သူလဲသိချင်စိတ်ရှိနေသလို တဖက်မှာသူသိသွားရင်လည်း နာကျင်ရမှာနဲ့ ထိုလူကိုတခုခုလုပ်ချင်စိတ်ဖြစ်ပေါ်လာမှာဆိုးတာကြောင့် သိဖို့မကြိုးစားမိအောင် သတိပေးလိုက်တော့သည်။ ဟုတ်တာပဲ သူမက အခု အိမ်လည်းပိုင်နေပြီ လုပ်ငန်းတခုလဲလုပ်နေပြီ၊ ဘာလဲသူမသိပေမယ်ပေါ့။ သူတို့နှစ်ယောက်ဟာ တစ်ယောက်အလိုဆန္ဒတစ်ယောက်ဖြည့်ဆည်းဖို့ စာချုပ်ချုပ်ပြီး ပက်သက်ခဲ့သည့် သူတွေမဟုတ်လား။ သူက ဘာကိုများမျှော်လင့်ချင်ရတာလဲ။ သူ့ကိုယ်သူ စိတ်ပျက်စွာဆုံးမလိုက်ရင်း စိတ်ကိုပြန်လည်စုစည်းလိုက်သည်။ လမ်းလျှောက်ချင်စိတ်ပင်မရှိတော့တာမို့ နောင်ရိုးကိုဖုန်းလှမ်းဆက်ကာ သူ့ကိုလာခေါ်ဖို့ပြောရင်း စောင့်နေလိုက်တော့သည်။
.............................................
Have a beautiful day!
စာလုံးပေါင်းတွေမစစ်ဘူးနော်။ ဖတ်ရတာအဆင်မပြေရင်တော့ပြောပါ။ နောက်အပိုဒ်တွေ အချိန်အနည်းငယ်ယူပြီးစစ်ပြီးမှ တင်ပေးမယ်နော်။ ခုအလုပ်တစ်ဖြတ်နားတုန်းရေးတင်လိုက်တာ၊ ဒီနေ့တော့ အရှိန်မြန်တယ် တစ်နာရီကျော်ပဲရေးလိုက်ရတယ် ၈ မျက်နှာကို၊ ခါတိုင်း သုံးနာရီလောက်အချိန်ယူရတာ။
Zawgyi
ေလေျပညႇင္းေလးတိုးေဝွ႕ခဲ့ေသာအခ်စ္ပန္း - ၈
ဆိုင္မွာေတာ့ လာဝယ္သူပါးေပမယ့္ အြန္လိုင္းကေနမွာတဲ့သူမ်ားတာေၾကာင့္ သိမ့္သိမ့္နဲ႔မမတို႔က deliအပ္ဖို႔လိပ္စာနဲ႔အထုပ္ေတြ ေသခ်ာလုပ္ေနၾကသည္။ ေဈးဝယ္သူႏွစ္ေယာက္ရွိတာကိုေတာ့ အခ်စ္ပန္းကပဲ ေသခ်ာလိုက္ျပၿပီးေရာင္းေပးလိုက္၏။ ေဈးဝယ္သူမရွိေတာ့တာနဲ႔ အခ်စ္ပန္းလည္း ပါဆယ္ထုပ္ေနတဲ့ႏွစ္ေယာက္ကိုၾကည့္ရင္း
"ခ်စ္ပန္း ဒိန္ခ်ဥ္စားခ်င္လို႔ Convenience Store မွာသြားဝယ္လိုက္ဦးမယ္ ဘာမွာဦးမလဲ"
" တစ္ေယာက္ထဲမသြားနဲ႔ေလ မမတို႔ၿပီးမွ သိမ့္သိမ့္နဲ႔သြား"
" အခ်စ္ပန္းက အခုစားခ်င္ေနၿပီ မမတို႔အထုပ္ေတြကအမ်ားႀကီး က်န္ေသးတယ္မလား ၿပီးေတာ့ ေနလယ္အမွီ deliအပ္ရဦးမွာကို"
" တစ္ေယာက္ထဲ စိတ္မခ်ဘူး ၿပီးမွသြား လမ္းကကူးရဦးမွာ ဉီမေလးက ဗိုက္တကားကားနဲ႔သြားတာကေႏွးေသး။ ခုေခတ္ကားေမာင္းသူေတြက ေရွ႕ေနာက္ၾကည့္ၾကတာမဟုတ္ဘူး"
" အခ်စ္ပန္း ကေလးမွမဟုတ္ေတာ့တာ လမ္းကူးတတ္ပါတယ္။ ၿပီးေတာ့လူကူးမ်ဥ္းၾကားကကူးမွာ စိတ္ခ်ေနာ္ ။ အခ်စ္ပန္းေတာ့သြားၿပီ"
အထုပ္ေတြထုပ္ေနရင္း မိုးသြန္းတစ္ေယာက္ ထြက္သြားတဲ့ လွုပ္လီလွုပ္လဲ့ မိန္းကေလးကိုၾကည့္ရင္း
" ေသခ်ာသတိထားကူးေနာ္ သြားရတာအဆင္မေျပရင္ အကူအညီေတာင္း"
လွမ္းေအာ္လိုက္ေတာ့သည္။
လမ္းလူကူးမ်ဥ္းၾကားမွာ မီးနီေနလို႔ အခ်စ္ပန္းလဲရပ္ေနလိုက္သည္။
ထိုစဥ္ အနႏၲာတို႔ကားေလးမီးပြိဳင့္ကိုျဖတ္ခါနီးမီးဝါျပလို႔ အရွိန္ေလ်ာ့လိုက္ေလ၏။ လူကူးမ်ဥ္းက မီးစိမ္းျပေနၿပီမို႔ အခ်စ္ပန္းလဲ ဗိုက္ေလးကို လက္နဲ႔အသာကိုင္ၿပီး ေျဖးေျဖးခ်င္း ျဖတ္ေနလိုက္သည္။
ကားေမာင္းေနရင္း ေနာင္ရိုးအေရွ႕ကိုၾကည့္လိုက္ေတာ့ လာဗန္ဒါနဲ႔တူတဲ့ကိုယ္ဝန္သည္တစ္ေယာက္ သူလည္းမေနနိုင္ေတာ့စြာနဲ႔ ကားအေနာက္ခန္းမွာ စေတာ့ေဈးကြက္ၾကည့္ေနတဲ့ ဒုဥကၠဌကို လွမ္းေျပာလိုက္ေလသည္။
" ဒုဥကၠဌ အေရွ႕က ကိုယ္ဝန္သည္မိန္းကေလးက လာဗန္ဒါနဲ႔တူတယ္ေနာ္ ။ ဆံပင္တိုသြားတာရယ္ ျပည့္ျပည့္ေလးျဖစ္ေနတာရယ္ပဲေျပာင္းလဲသြားတာ။ ကိုယ္ဝန္ေၾကာင့္ထင္တယ္"
လာဗန္ဒါလို႔ေျပာလိုက္ေတာ့ သူ႔မ်က္လုံးေတြက သူမရွိေနမည့္ ေရွ႕တည့္တည့္က လူကုးမ်ဥ္းၾကားဘက္ၾကည့္လိုက္ေတာ့ တကယ္ပဲ ထိုေကာင္မေလး။ ဘာေတြပဲေျပာင္းလဲေနပါေစ ရင္းႏွိးခဲ့တဲ့ ခႏၶာကိုယ္ေလးကိုေတာ့ သူမွတ္မိလို႔ေနသည္။ ဖက္ဖူးစိမ္းေရာင္ ဗိုက္ဖုံးဂါဝန္ေလးနဲ႔သူမက အခုမွထြက္လာသည့္ဖူးသစ္စ အရြက္ေလးလို လန္းဆန္းေနသလို ထိခိုက္လြယ္မည့္ပုံေလးေပၚေနသည္။ ေရွ႕စူထြက္ေနသည့္ ဗိုက္ေဖာင္းေဖာင္းေလးကို လက္ေမာင္းသြယ္သြယ္ေလးေတြနဲ႔ အသာအယာကိုင္တြယ္ရင္း အေရွ႕ကိုလည္းေသခ်ာၾကည့္ရင္း ေလၽွာက္ေနေလသည္။ မေတြ႕ရသည့္ လပိုင္းေတြမွာ သူမအေတာ္ေလးေျပာင္းလဲေနသလို တကယ္ပဲသူမမွာ တျခားလူရဲ့ကိုယ္ဝန္ကိုလြယ္ထားရသည္ဆိုတာ လက္ခံလိုက္ေတာ့ ဘယ္ဘက္ရင္အုံထဲမွာ အနည္းငယ္ေတာ့ေအာင့္သက္ၿပီး နာၾကင္သြားသည္။ စိတ္ထဲကမြန္းၾကပ္မွုကိုမခံနိုင္သည့္အဆုံး ကားထဲမွထြက္ရင္း
" ငါ့ကိုအေရွ႕ shopping mall နားမွာခဏေစာင့္ပါ"
ေနာင္ရိုးကိုမွာၿပီးသူ လာဗန္ဒါသြားရာလမ္းဘက္ကိုေျခလွည္းေတြက အလိုလိုဦးတည္ၿပီး ထြက္လာလိုက္ေလသည္။ ထြက္သြားေသာ သူေဌးကို ကားအေနာက္ၾကည့္မွန္ထဲမွ ေနာင္ရိုးလွမ္းၾကည့္ေနရင္း ျပဳံးမိေနသည္။ ေနာက္ဆုံးေတာ့ ႏွလုံးသားေခၚေဆာင္ရာေနာက္ကိုလိုက္ခ်င္ၿပီေပါ့။ သူခန႔္မွန္းတာသာမမွားရင္ သူေဌးက လာဗန္ဒါကိုသေဘာက်ေနတာ ေသခ်ာသေလာက္ရွိမည္။ သူ႔သူေဌးအေၾကာင္း သူအသိဆုံးမလား။ လာဗန္ဒါအေရွ႕မွာေမာ္ဒယ္ သုံးေယာက္နဲ႔စာခ်ဳပ္ခ်ဳပ္ ဖူးေပမယ့္ မိန္းကေလးေတြဆီကိုသြားတာ တစ္ႏွစ္မွာ ႏွစ္ခါ သုံးခါထက္မပိုပါ။ တတိယတစ္ေယာက္ စြဲဆို စာခ်ဳပ္သာခ်ဳပ္ ၿပီး တခါမွသြားမအိပ္ဖူးေပ။ ဒါေၾကာင့္လဲ စြဲက သူမနဲ႔ဇာတ္လမ္းတြဲရိုက္ေနသည့္ ဒါရိုက္တာေပါက္စတစ္ေယာက္နဲ႔ ဒိတ္တင္း သတင္းထြက္လာျခင္းပင္။ အစထဲက စိတ္ဝင္စားမွုနည္းေနတဲ့သူေဌးက ထိုအခ်ိန္မွစၿပီး စာခ်ဳပ္ကိုဖ်က္လိုက္ေတာ့သည္။ ေနာက္ဆုံးတစ္ေယာက္က လာဗန္ဒါျဖစ္ၿပီး သူမွတ္မိသေလာက္ဆို သူမနဲ႔တစ္ပတ္ ေလး ငါးခါေလာက္သြားအိပ္တက္သလို အခြင့္အေရးေပးမွုအမ်ားဆုံးပင္။ ပုံမွန္အားျဖင့္ စာခ်ဳပ္ခ်ဳပ္ထားေသာ သူေတြနဲ႔စာခ်ဳပ္ထဲကအတိုင္း တျခားပါတီရဲ့ မိသားစုအေရး ပုဂၢိဳလ္ေရးေတြကိုဝင္ေရာက္စြက္ဖက္ကူညီေလ့မရွိေပမယ့္ အခ်စ္ပန္းရဲ့ မမအတြက္ သူကိုယ္တိုင္ ျပည္တြင္းျပည္ပ အသိေဒါက္တာနဲ႔စီးပြားဘက္ေတြကို ႏွလုံးလွူမည့္သူကို ရွာေဖြေပးခဲ့သည္။ အခ်စ္ပန္းမသိေအာင္လဲ သူမ မမခြဲစိတ္ဖို႔အတြက္ နိုင္ငံရဲ့အေတာ္ဆုံးခြဲစိတ္အထူးကုနဲ႔ ႏွလုံးအထူးကုကို ငွားေပးခဲ့သည္မဟုတ္လား။ ဒါက လာဗန္ဒါကိုစိတ္ထဲမွာရွိေနၿပီး ပံ့ပိုးမွုေပးေနတာ သေဘာ က်တဲ့လကၡဏာေတြမဟုတ္ လား။ မီးစိမ္းေနၿပီမို႔ သူလဲကားကိုေမာင္းထြက္လာခဲ့ေတာ့သည္။
ခပ္လွမ္းလွမ္းကေန တေရြ႕ေရြ႕နဲ႔ အစိမ္းေရာင္လုံးလုံးေလးကို အေနာက္ကေနၾကည့္ေနရင္း သူသေဘာက်ေနမိၿပီး ႏွုတ္ခမ္းမွာပင္ အျပဳံးပန္းဆင္လိုက္မိသည္။ ထိုအစိမ္းေရာင္ေလးကေတာ့ သူ႔ေနာက္မွာ လူေတြရွိတယ္လို႔ပင္ သတိထားမိမည္မဟုတ္ေပ။
အခ်စ္ပန္း ဒိန္ခ်ဥ္ စားခ်င္ေနၿပီ။ ဆိုင္ကေရာက္ဖို႔နည္းနည္းလိုေနတာမို႔ ေျခလွမ္းကိုပိုၿပီး ျမန္ျမန္ေလးလွမ္းလိုက္သည္။ ထိုစဥ္ အေရွ႕မွာ ၁၁ႏွစ္အရြယ္ကေလးတစ္ေယာက္က စကိတ္စီးရင္း ထိန္းမရတဲ့ပုံစံျဖစ္ေနၿပီး သူမကိုဝင္ပစ္တိုက္ေတာ့မလို႔ခံစားမိတာေၾကာင့္ သူမဗိုက္ကိုပိုၿပီးခပ္တင္းတင္းပိုက္လိုက္ရင္း မ်က္လုံးကိုလည္းအသားကုန္မွိတ္ကာ ေဘးကိုလြဲလိုက္ေလသည္။
"အမေလး"
သူမေအာ္ရင္းေရွာင္လိုက္သလို ထိုကေလးကလည္း
"ေဆာရီး ေဆာရီး" လို႔ေအာ္သြားေတာ့သည္။ တုန္ေနသည့္ရင္ကို အသာဖိလိုက္ရင္း အေရွကိုသာေသခ်ာၾကည့္ၿပီး ေျဖးေျဖးမွန္မွန္ေလၽွာက္လိုက္ေတာ့သည္။
အနႏၲ စကိတ္စီးလာတဲ့ကေလးနဲ႔သူမ ဝင္တိုက္မိေတာ့မလိုျဖစ္တာျမင္လိုက္မိသည့္ခဏခ်င္း အေျပးအလႊားသြားလိုက္ေပမယ့္ အကြာေဝးနည္းနည္းမ်ားတာမို႔ သူမအနားေတာ့မေရာက္ေပ။ စကိတ္နဲ႔ကေလးကသူမေက်ာ္သြားမွ သူလည္း သက္ပ်င္းခ်နိုင္ေတာ့သည္။ သူ လွမ္းၾကည့္လိုက္ေတာ့ သူမကအေရွ႕ကို ေျဖးေျဖးမွန္မွန္ျပန္သြားေနေလသည္။ စကိတ္နဲ႔ကေလးက သူ႔အနားေရာက္လာသည္ႏွင့္ သူလည္းထိုကေလးကို မလဲေအာင္ ဆြဲဖမ္းလိုက္သည္။ ကေလးကေခ်ာ္လဲမလိုျဖစ္ေပမယ့္ သူထိန္းထားတာေၾကာင့္လဲမသြားပဲ စကိတ္အရွိန္ရပ္သြားေတာ့သည္။ သူလည္း ကေလးရဲ့လက္ကိုေသခ်ာဆြဲထားလိုက္ေတာ့သည္။
" ဦး လႊတ္ဗ် က်ေနာ့္လက္နာေနၿပီ"
" ေနာက္ဆို စကိတ္စီးရင္ အရွိန္နဲ႔မစီးနဲ႔ ေရွ႕ေနာက္ၾကည့္စီး၊ ေစာနက ကိုယ္ဝန္သည္ကို မေတာ္တဆတိုက္မိရင္ မင္း လုံးဝခြင့္လႊတ္ခံရမွာမဟုတ္ဘူး။ ၿပီးေတာ့ ဒီလိုေရွ႕ေနာက္မၾကည့္ပဲစီးရင္ ကားတိုက္ၿပီးေသလိမ့္မယ္"
သူ႔စကားေၾကာင့္ ထိုကေလးလဲ ထိန႔္လန႔္သြားသလိုျဖစ္ကာ သူ႔ကိုျပဴးျပဴးေလးၾကည့္ရင္း
" ဟုတ္ ဟုတ္ကဲ့ ေနာက္ဆို အရွိန္ေလ်ာ့စီးပါမယ္ဗ်"
သူလက္လႊတ္လိုက္ေတာ့ ထိုကေလးက စကိတ္ကိုခၽြတ္လိုက္ၿပီးေျပးထြက္သြားေတာ့သည္။ သူအေရွ႕ကိုၾကည့္လိုက္ေတာ့ အစိမ္းလုံးေလးက ဆိုင္ထဲဝင္သြားၿပီမို႔ အျမန္ေလးလိုက္သြားေတာ့သည္။
ဆိုင္ကိုေရာက္ေတာ့ တံခါးကိုဖြင့္ ဝင္ၿပီးသည္ႏွင့္ အေအးဘူးေတြထားရာကို ျမန္ျမန္ေလၽွာက္သြားလိုက္ၿပီး သူမစားေနၾကဒိန္ခ်ဥ္တစ္ဗူးကို မေစာင့္နိုင္ေတာ့လို႔ ေဖာက္စားလိုက္သည္။ စားေနရင္းပဲ သိမ့္သိမ့္နဲ႔မမအတြက္ေသာက္စရာနဲ႔ တခုခုစားဖို႔ ဝယ္သြားမလို႔ ေလၽွာက္ၾကည့္ေနလိုက္သည္။
အနႏၲာလည္း စတိုးဆိုင္ထဲဝင္ရင္းခပ္လွမ္းလွမ္းကေနပဲ ဒိန္ခ်ဥ္စားေနတဲ့သူမကို တိတ္တိတ္ဆိတ္ဆိတ္ၾကည့္ေနလိုက္သည္။
Notice me
Take my hand
Why are we
Strangers when
Our love is strong?
Why carry on without me?
ဆိုင္ထဲကဖြင့္တဲ့ သီခ်င္းသဲ့သဲ့ကို သူမၾကားလိုက္ေတာ့ တစ္စုံတစ္ေယာက္ကို သူမ သတိရမိသြားသည္။ သူမတို႔အျဖစ္ကလဲ ပိုၿပီးရင္းႏွီးလာမည္ဆိုမွ ပိုေဝးၿပီး သူစိမ္းေတြျဖစ္သြားၾကတာမလား။ ခုဆို ထိုလူက သူနဲ႔လိုက္ဖက္လြန္းသည့္ လက္တြဲေဖာ္အမ်ိဳးသမီးတစ္ေယာက္ပင္ ေဘးမွာရွိေတာ့မည္။ သူမလို ေသးသိမ္သည့္ မိန္းကေလးကေတာ့ သူ႔အတြက္အေပ်ာ္ရွာရာ ယာယီေနရာေလးသက္သက္ပဲမဟုတ္လား။ လက္ထဲကိုင္ထားသည့္ မစ္ရွိတ္ဘူးကို မရည္ရြယ္ပါပဲေသခ်ာစိုက္ၾကည့္ရင္း သီခ်င္းကိုနားေထာင္ေနမိသလို ထိုလူအေၾကာင္းကို ေတြးေနေလသည္။
And every time I try to fly I fall without my wings
I feel so small
I guess I need you baby
And every time I see you in my dreams
I see your face
It's haunting me
I guess I need you baby
I make-believe
That you are here
It's the only way
That I see clear
What have I done?
You seem to move on easy
And every time I try to fly I fall without my wings
I feel so small
I guess I need you baby
And every time I see you in my dreams
I see your face
You're haunting me
I guess I need you baby
I may have made it rain
Please forgive me
My weakness caused you pain
And this song's my sorry
အနႏၲလည္း ထိုေကာင္မေလး ပါတီမွာဆိုသြားသည့္ သီခ်င္းကိုနားေထာင္ေနရင္း ဘာရယ္မဟုတ္ စာသားေတြက သူတို႔အျဖစ္နဲ႔ နည္းနည္းတိုက္ဆိုင္ေနတယ္လို႔ထင္မိသည္။ သူလည္းဝန္မခံခ်င္ေပမယ့္ သူမကိုစိတ္ဝင္စားေနမွန္း သူ႔ကိုယ္သူရိပ္မိေနတာၾကာပါၿပီ။ သူမနဲ႔ ရင္းႏွီးဖို႔ပိုႀကိဳးစားမည္လို႔ စဥ္းစားကာမွ သူမက လက္ထဲမွာရွိေနတဲ့ေရႊေရာင္ အခြင့္အေရးေတြကို သူမဟုတ္တဲ့ လူတစ္ေယာက္နဲ႔လုံးဝ လဲလိုက္သည္မဟုတ္လား။ ဒီလိုေတြးမိေတာ့ သူမအေပၚအခြင့္အေရး ယူၿပီးတျခားတစ္ေယာက္နဲ႔ လက္ထပ္သြားသည့္ ဟိုဒါရိုက္တာရဲ့ မ်က္ခြက္ တခြပ္ခြပ္ျမည္ေအာင္ ေျပးထိုးခ်င္စိတ္ေတြေပၚေနၿပီး ဘယ္လိုဒုကၡေပးရင္ေကာင္းမလဲဆိုတာေတာင္ ေတြးေနမိသည္။ Carrer ပ်က္သြားေအာင္လား၊ ထိုလူရဲ့ အိမ္ေထာင္ေရး ၿပိဳကြဲသြားေအာင္လား။ လူယုတ္မာဆိုၿပီး လူေတြေရွာင္ဖယ္ခံရေအာင္လား။
သူေတြးေနရင္း လာဗန္ဒါကိုလွမ္းၾကည့္လိုက္ေတာ့ သူမက အ႐ုပ္တန္းေရာက္ေနၿပီး အ႐ုပ္ေတြကိုင္ၾကည့္ေနသည္။ ကေလးအတြက္လား သူမအတြက္လားေတာ့မသိ။ ထပ္ၿပီးသူ႔စိတ္ေတြေရွ႕ကပုံရိပ္ေလးၾကည့္ၿပီး ေက်နပ္ေနျပန္သည္။
အခ်စ္ပန္းလည္း စားစရာနဲ႔မစ္ရွိတ္၁ဗူးျခင္းထဲထည့္ၿပီး ဘာရယ္မဟုတ္ အ႐ုပ္တန္းဘက္ၾကည့္ေနရင္း နန္းေတာ္ပုံစံLego (အတုံးေလးေတြနဲ႔အ႐ုပ္ဆက္ရသည္) အ႐ုပ္တစ္ခုဝယ္ခဲ့သည္။ အရင္က အ႐ုပ္ေတြဘာေတြမက္တာမရွိပဲ ခုမွ Lego ဆက္ခ်င္သည့္စိတ္ေၾကာင့္တခုယူလိုက္ၿပီး ေကာင္တာမွာသြားရွင္းလိုက္ေတာ့သည္။
အခ်စ္ပန္းေကာင္တာထြက္သြားသည္ႏွင့္ အနႏၲေလး အခ်စ္ပန္းယူလိုက္သည့္Legoအ႐ုပ္လိုမ်ိဳးတခုထပ္ယူလိုက္သည္။ သူလည္းထိုအ႐ုပ္ကိုျမင္ၿပီး အ႐ုပ္ဆက္ခ်င္သည့္စိတ္ေပၚလာသလို အ႐ုပ္ဆက္ရင္းေပၚလာမည့္ သူမရဲ့ခံစားခ်က္အတိုင္း သူလည္းတစ္ထပ္ထဲခံစားခ်င္သည္။
လက္တစ္ဖက္က မုန႔္ထုပ္ဆြဲရင္း ဒိန္ခ်ဥ္ကိုလဲစားရင္း လမ္းကိုေသခ်ာၾကည့္ေလၽွာက္ေနရသည္။ အစက လူရွင္းသည့္လမ္းက ခုေတာ့ လူေတြရွိလာသည့္အျပင္ မ်က္ႏွာခ်င္းဆိုင္ကလာသည့္ မိန္းကေလး အုပ္စုေလးေတြက သူမေလၽွာက္လာတာျမင္သည္ႏွင့္ ေခါင္းခ်င္းဆိုင္ၿပီး ျပဳံးရင္းအခ်င္းခ်င္းတီးတိုးေျပာေနၾကတာမို႔ သူမမ်ား အကၤ်ီေျပာင္းျပန္ဝတ္လဲ့လား ေအာက္ကိုငုံ႔ၾကည့္ရေသးသည္။ ဘာမွမမွားတာျမင္မွ မ်က္ႏွာမွာ ဒိန္ခ်ဥ္ေပေနလို႔လား စမ္းေတာ့လဲဘာမွမရွိ။ ထပ္ၿပီး ေရွ႕က မ်က္ႏွာခ်င္းဆိုင္လာေနသည့္ ေကာင္မေလးႏွစ္ေယာက္ သူမ အေနာက္ခပ္လွမ္းလွမ္းကို ၾကည့္ရင္းရွက္ျပဳံးေလးေတြျပဳံးၿပီး အခ်င္းခ်င္းတီးတိုးေျပာေနတာမို႔ သူမအေနာက္မွာ ဘာရွိလဲ သူမၾကည့္လိုက္ေတာ့ .... ရွိသမၽွ အေမႊးေတြအကုန္ေထာင္သြားသည္လို႔ထင္မိသည္။ သူမအေနာက္တည့္တည့္မွာ ႐ုံးသြားရင္းဝတ္ေနၾက suite အနက္ေရာင္အျပည့္နဲ႔ အရပ္ရွည္ၿပီးခန႔္ညားတဲ့႐ုပ္ရည္ေၾကာင့္ လူၾကားထဲ ထင္းထင္းႀကီး ရွိေနတာ။ ဒါေၾကာင့္ သူ႔ကိုငမ္းရင္း ေကာင္မေလးေတြရွက္ျပဳံးျပဳံးေနၾကတာကိုး။ ဇိမ္ခံကားေတြအမ်ားႀကီးရွိၿပီး တခုခုဆို ခိုင္းလို႔ရသည့္ တပည့္ေပါင္းေသာင္းေျခာက္ေထာင္ရွိသည့္လူက ဘယ္တုန္းကေျခက်င္ေလၽွာက္လို႔လဲ။ သူမေနာက္လွည့္အၾကည့္ သူနဲ႔မ်က္လုံးခ်င္းကလည္း ဆုံသြားေသးသည္။ အေရွ႕ကို ျမန္ျမန္လွည့္လိုက္ကာ သူမကို မမွတ္မိဖို႔ႀကိတ္ဆုေတာင္းရင္း လမ္းကိုျမန္ျမန္နဲ႔ဂ႐ုတစိုက္ေလၽွာက္လိုက္ေတာ့သည္။
အနႏၲအစက တိတ္တိတ္ေလးၾကည့္ရင္းလိုက္ဖို႔လုပ္ေနေပမယ့္ သူ႔ကိုျမင္သည္ႏွင့္ထိတ္လန႔္သြားေသာ သူမမ်က္ႏွာကိုေတြ႕ေတာ့ သူတခုခုကိုသိခ်င္သိမို႔ လာဗန္ဒါေနာက္ကိုအျမန္လိုက္ေတာ့သည္။
"လာဗန္ဒါ"
ေနာက္ကေခၚသံေၾကာင့္ သူမေျခလွမ္းေတြ ခဏတုန႔္ဆိုင္းသြားေပမယ့္ ခ်က္ခ်င္းပဲ ခပ္ျမန္ျမန္ျပန္ေလၽွာက္လိုက္ေတာ့သည္။
"လာဗန္ဒါ"
ဒီတခါေတာ့ သူမလက္ေကာက္ဝတ္ကိုအသာဆြဲကိုင္ခံလိုက္ရလို႔ သူမလည္းရပ္လိုက္ေတာ့သည္။
"ရွင္ လူမွားေနၿပီထင္တယ္၊ က်မ လာဗန္ဒါ မဟုတ္ဘူး"
သူ သူမကိုေစ့ေစ့ၾကည့္ေနတာမို႔ မ်က္လုံးလႊဲလိုက္ေလ၏။
" မင္း လာဗန္ဒါ ဟုတ္မဟုတ္ မင္းရဲ့ ညာဘက္ကမွဲ႕ေလးက သက္ေသပဲေလ။ ၿပီးေတာ့"
ဆိုကာ သူမနားအနားကပ္လိုက္ရင္း
" မင္းရဲ့ဘယ္ဘက္ရင္အုံေအာက္မွာလဲ မွဲ႕အနက္ကေလးတစ္လုံးရွိေသးတယ္ေလ။ ေနာက္ထပ္ဘယ္ေနရာေတြရွိေသးလဲ ေျပာျပရဦးမလား"
" အခ်စ္ပန္းတို႔ဘာမွမဆိုင္ေတာ့ဘူး။ မသိသလိုေနရေအာင္"
" ဘာလို႔မသိသလိုေနခ်င္ရတာလဲ"
ထိုလူက သူမဗိုက္ကို ေစ့ေစ့ၾကည့္ေနျပန္ေတာ့ လက္ေတြကအလိုလိုဗိုက္ေလးကိုပိုက္လိုက္ရင္း စိတ္အားတင္းလိုက္ကာ
"ရွင္ ရွင္က အခ်စ္ပန္းရဲ့အတိတ္ဆိုးမို႔ ေမ့လိုက္ၿပီ။ ခု မိသားစုအသစ္ရေနၿပီ။ အခ်စ္ပန္းတို႔ မသိခဲ့သလိုပဲေနၾကရေအာင္"
မိသားစုအသစ္ဆိုတာကေၾကာင့္ သူစိတ္ထဲေတြေဝမိသြားသည္။ သူလည္း သူမ်ားမိသားစုကိုမၿပိဳကြဲေစခ်င္ဘူးေလ။ မိသားစုၿပိဳကြဲတဲ့ခံစားခ်က္ကို သူေသခ်ာသိတာေနတာမလား။ ဒါေပမယ့္ သူသိခ်င္ေနတဲ့ တစ္ခုထဲေသာအေျဖက သူမဆီမွာရွိေနတာမို႔
" ဒီ ဒီကေလး ဒါရိုက္တာနဲ႔ရတာလား"
သူမ ဗိုက္ပူပူေလးရွိရာ လက္ညႇိုးတထိုးထိုး နဲ႔ေျပာေနတဲ့ ထိုလူရဲ့ ႏူးညံတဲ့မ်က္ႏွာေၾကာင့္ သူမလည္း ေမၽွာ္လင့္ခ်က္ေလး အနည္းငယ္ရွိလာေပမယ့္ " စာခ်ဳပ္ထဲ ကေလးလုံးဝမယူရ၊ရွိလာရင္ဖ်က္ခ်" ဆိုတဲ့အသံက နားထဲျပန္ဝင္လာသလို ထိုလူမွာ ေစ့စပ္ထားတဲ့အမ်ိဳးသမီးရွိေနတာလည္း သိေနျပန္ေတာ့
" ဒါရိုက္တာႀကီးကလည္း သူ႔အိမ္ေထာင္နဲ႔သူျဖစ္ေနသလို၊ အခ်စ္ပန္းလည္း မိသားစုတစ္ခုထူေထာင္ေနတာမို႔ အထင္လြဲလို႔ေမးတဲ့ေမးခြန္းေတြ လာမေမးပါနဲ႔၊ အခ်စ္ပန္း ႀကိဳးႀကိဳးစားစားတည္ေဆာက္ထားတဲ့မိသားစုေလးပါ။ ရွင္လဲ မိသားစုတစ္ခုထူေထာင္ေတာ့မွာမလား။ ကင္းကင္းေနၾကရေအာင္"
ဟုတ္တယ္မလားပဲပင္ေပါက္ေလး။ ေမေမရယ္၊ပဲပင္ေပါက္ေလးရယ္၊ မမမိုးသြန္းပန္းရယ္ ဒါကအခုမိသားေလးျဖစ္ေနၿပီမလား။ ၿပီးေတာ့ထိုလူကိုလဲ သူမွာဆိုင္သူရွိေၾကာင္း သတိရေအာင္ ေျပာပစ္လိုက္သည္။
" ဟုတ္ပါၿပီ ၊ ဘာျဖစ္ျဖစ္ ဂ႐ုစိုက္ေနာ္"
သူမ ဘာမွမေျပာေတာ့ပဲလွည့္ထြက္လာလိုက္ေပမယ့္ သူရဲ့ "ဂ႐ုစိုက္ေနာ္ " ဆိုတဲ့ ေႏြးေထြးညင္သာတဲ့ အမွာစကားေၾကာင့္ သူမခံစားခ်က္ေတြ ရွုက္ရွက္ခက္ကုန္သည္။ သူမကိုယ္ကိုယ္ကို သူ႔ဆီက ဘာခံစားခ်က္မွ ေမၽွာ္လင့္ဖို႔မစဥ္းစားရန္ ဆုံးမလိုက္ၿပီး အေရွ႕ကိုသာ ဆက္ေလၽွာက္လိုက္ေတာ့သည္။
အနႏၲေလး ပုစၧာကိုအေျဖမရေသးသည့္လူတစ္ေယာက္လို ခံစားခ်က္ေပါင္းမ်ားစြာနဲ႔ က်န္ခဲ့ေတာ့၏။ ေသခ်ာတာကေတာ့ ကေလးက ဒါရိုက္တာကေလးမဟုတ္ေလာက္သလို သူမမိသားစုလို႔ေျပာသည့္ ထိုေကာင္ကဘယ္သူလဲသိခ်င္စိတ္ရွိေနသလို တဖက္မွာသူသိသြားရင္လည္း နာက်င္ရမွာနဲ႔ ထိုလူကိုတခုခုလုပ္ခ်င္စိတ္ျဖစ္ေပၚလာမွာဆိုးတာေၾကာင့္ သိဖို႔မႀကိဳးစားမိေအာင္ သတိေပးလိုက္ေတာ့သည္။ ဟုတ္တာပဲ သူမက အခု အိမ္လည္းပိုင္ေနၿပီ လုပ္ငန္းတခုလဲလုပ္ေနၿပီ၊ ဘာလဲသူမသိေပမယ္ေပါ့။ သူတို႔ႏွစ္ေယာက္ဟာ တစ္ေယာက္အလိုဆႏၵတစ္ေယာက္ျဖည့္ဆည္းဖို႔ စာခ်ဳပ္ခ်ဳပ္ၿပီး ပက္သက္ခဲ့သည့္ သူေတြမဟုတ္လား။ သူက ဘာကိုမ်ားေမၽွာ္လင့္ခ်င္ရတာလဲ။ သူ႔ကိုယ္သူ စိတ္ပ်က္စြာဆုံးမလိုက္ရင္း စိတ္ကိုျပန္လည္စုစည္းလိုက္သည္။ လမ္းေလၽွာက္ခ်င္စိတ္ပင္မရွိေတာ့တာမို႔ ေနာင္ရိုးကိုဖုန္းလွမ္းဆက္ကာ သူ႔ကိုလာေခၚဖို႔ေျပာရင္း ေစာင့္ေနလိုက္ေတာ့သည္။
.............................................
Have a beautiful day!
စာလုံးေပါင္းေတြမစစ္ဘူးေနာ္။ ဖတ္ရတာအဆင္မေျပရင္ေတာ့ေျပာပါ။ ေနာက္အပိုဒ္ေတြ အခ်ိန္အနည္းငယ္ယူၿပီးစစ္ၿပီးမွ တင္ေပးမယ္ေနာ္။ ခုအလုပ္တစ္ျဖတ္နားတုန္းေရးတင္လိုက္တာ၊ ဒီေန႔ေတာ့ အရွိန္ျမန္တယ္ တစ္နာရီေက်ာ္ပဲေရးလိုက္ရတယ္ ၈ မ်က္ႏွာကို၊ ခါတိုင္း သုံးနာရီေလာက္အခ်ိန္ယူရတာ။