Scroll down for Zawgyi .
Unicode
《 Secret Agent 》 ၏ တစ်ပြည်လုံးအနှံ့ ကြော်ငြာမိတ်ဆက်ပွဲများကို အင်တိုက်အားတိုက် စတင်ခဲ့သည်။ပေါ်ယွီခမျာ လေယာဉ်စီးရ ၊ ဟိုတယ်ရှာရ ၊ ကြော်ငြာမိတ်ဆက်ပွဲတွေမှာ ပရိသတ်တွေရှေ့ လူလုံးပြရနှင့် နေ့နေ့ညည အလုပ်ရှုပ်နေခဲ့သည်။ကသီလင်တနိုင်လှသော လ၀က်ခန့်အလွန်တွင် ပေါ်ယွီတစ်ယောက် ကိုယ်အလေးချိန်လျော့လာတော့သည်။
လင်းရှန့်မြို့၀ယ် ရုပ်ရှင်မိတ်ဆက်ပွဲကျင်းပခိုက် သူ့သား၀တုတ်လေးနဲ့အတူတူ ခရီးထွက်နေသည့် ချူဖန်းနှင့် ပေါ်ယွီ ဆုံခဲ့သည်။သူတို့သုံးယောက်သား ဤနေ့လယ်ခင်း၌ လင်းရှန့်မြို့ရှိ သဘာ၀ပသာဒရှူမျှော်ခင်းဖြစ်သော တံတားပျက်ကြီးတွင် တွေ့ကြရန် အချိန်းအချက်ပြုလိုက်ကြ၏။
နေ့လယ်ခင်း၌ မိုးပြေးလေးက တဖွဲဖွဲ။လူတွေ သူ့ကို မှတ်မိကုန်မှာစိုးတဲ့ ပေါ်ယွီက နေကာမျက်မှန်ကိုတပ် ၊ ဦးထုပ်ဝတ်လို့ လမ်းခုလတ်က ၀ယ်ခဲ့သော ဆီစိမ်ထီးတစ်ချောင်းကိုပါ ဆောင်းလာသေးသည်။
မိုးစက်မိုးပေါက်လေးများက လင်းရှန့်မြို့၏ တံတားပျက်ကြီးအောက်တွင်ရှိသော ရေကန်ထက်သို့ ထိမှန်ကျဆင်းရာ လှိုင်းကြပ်ခွပ်လေးတွေ ဖြစ်ပေါ်နေ၏။တံတားပျက်ကြီး၀န်းကျင်တစ်၀ိုက်က အိမ်များဟာ မင်ခေတ်အိမ်ပုံစံများကို တုပဆောက်လုပ်ထားခြင်း။ထို့အတူ ဟိုတယ်များသည်လည်း ရှေးခေတ်ဗိသုကာပညာ တည်းခိုခန်းများအတိုင်း သရုပ်ဖော်ဖန်တီးထားကြသည်။အနုသုခုမမူဟန်က အင်မတန် တင့်တယ်ပြောင်မြောက်လှစွာ။
ခပ်လှမ်းလှမ်းတွင် လှေထိုးသမားတစ်ဦး တရွေ့ရွေ့ လှော်ခတ်နေသော လှေငယ်လေးတစ်စီးက ပေါ်ယွီထံ ငြိမ့်ငြိမ့်လေး ဦးတည်ချဉ်းကပ်လာလေသည်။
သစ်သားလှေငယ်ပေါ်၌ ထိုင်နေသည့် ချူဖန်းနှင့်၀တုတ်လေးအား ပေါ်ယွီ လှမ်းကြည့်၍ အော်ပြောလိုက်သည်။
" ခင်ဗျားတို့တွေ နှစ်ယောက်တည်း လှေစီးနေကြတယ်ပေါ့ !!!??? "
ပျော်စရာလေးဘာလေးတွေ့ရင် သူများလက်တို့ရကောင်းမှန်း မသိတဲ့လူတွေ နောင်ဘ၀ နတ်သားဖြစ်သွားရင်တောင် အတောင်ပံကျိုးနေပါစေဗျာ !!!
ချူဖန်းက လက်ထဲမှာ ထီးတစ်ချောင်းနှင့် ပေါ်ယွီဆီ လျှောက်လာသည်။အတော်လေး စိတ်လက်ပေါ့ပေါ့ပါးပါးရှိနေဟန်။
ဝတုတ်လေးက ပါးစပ်ကို အကျယ်ကြီးဟအော်ဟစ်ရင်း ပြေးလာ၏။
" ပေါ်ကောကော ၊ ကောကော ဘာလို့ ဝိတ်တွေကျသွားတာလဲဟင် ??? "
လ၀က်ကျော်ကျော်မျှ လက်မလည်အောင် အလုပ်ရှုပ်နေခဲ့သော အချိန်ဇယားကြောင့် ပေါ်ယွီ သိသိသာသာ ပိန်လျသွားခဲ့သည်။ထင်းထွက်လာသည့် မေးစေ့ ၊ သေးသွယ်နေသော ခါးကျင်ကျင် ၊ အရိုးနှင့်အသား ကပ်နေပြီဖြစ်သော ခြေတံရှည်များ။ပိန်ပိန်ပါးပါးရှိသင့်သည့် ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံး ပိန်သွားသည်ဟု ဆိုရမလား။
လျော့ရဲပိန်ကျမသွားသင့်သည့် နေရာ ၊ ဥပမာ --- တင်ပါးလိုအစိတ်အပိုင်းမျိုးကမူ ကျစ်ကျစ်လျစ်လျစ်ရှိနေစမြဲပေ။
ပေါ်ယွီ ယခင် ၀တုတ်သည်ထက် ဝတုတ်လို့နေပါသော ဝတုတ်လေးအား ငုံ့ကြည့်လိုက်သည်။
" ချူလင်းရွှိန် ၊ မင်းကျ ၀ိတ်တွေတက်လာလှချည်လား "
အမှန်တကယ်ကို ဝတုတ်လေးက ဝတုတ်ဖောင်းကားနေခဲ့သည်။မျက်နှာလေးက ပိုမိုလုံးကစ်လာသည့်အပြင် မေးစေ့လေး၌ အသားထပ်က နှစ်ရစ်ဖြင့်။ဝမ်းဗိုက်လေးက စည်ပိုင်းလေးတစ်ခုနှယ် မို့မို့မောက်မောက်။အရပ်လေးလည်း ရှည်လာ၏။
၀တုတ်လေးက ယခု ၀တုတ်လတ်အဆင့်သို့ ရောက်နေပြီး ထိုမှတစ်ဆင့် ဝတုတ်ကြီးဖြစ်လာမည့်အရေးက သိပ်မဝေးတော့။
စိတ်လေနေသည့် မျက်နှာထားနှင့် ချူဖန်းက ပေါ်ယွီကို ရင်ဖွင့်ရှာသည်။
" ဟိုတလောက ငါ အလုပ်မအားတာနဲ့ သူ့ကို ငါ့မိဘတွေဆီ ပို့လိုက်မိပါတယ် ၊ ပြန်သွားခေါ်ရော အဲဒီပုံ ဖြစ်နေတာပဲ "
ပေါ်ယွီ လေးလေးနက်နက် ဆင်ခြင်မိပါ၏ ၊ ဝတုတ်လေးရဲ့ဖြစ်အင်ကို သာဓကယူရလျှင် ဖရဲသီးလေးအား စုန့်ရှီလင်အမေထံ ၀ကွက်အပ်စောင့်ရှောက်ခွင့်ပြုလိုက်လို့ လုံး၀ မဖြစ်ရေးချမဖြစ်။
အထက်ပါအချက်ကို အသာထား ၊ မိမိကိုယ်ပွားလေး တစ်နေ့တခြား ကြီးပြင်းလာသည်ကို ဘေးကနေ တစိမ့်စိမ့် ငေးမောကြည့်နေရခြင်းကပင် ဆန်းသစ်လှပသော အတွေ့အကြုံတစ်ခုတည်း။
ဝတုတ်လေးရဲ့စိတ်နေစိတ်ထားက ယခင်ထက်စာလျှင် အရွယ်ရောက်လာသည်။သူ နှစ်လခန့် မတွေ့ခဲ့ရတဲ့ ပေါ်ယွီက ပိုပိုချောမောခန့်ညားလျက်ရှိသည်ကို မြင်သောအခါ ၀တုတ်လေး ဆုံးဖြတ်ချက်ချလိုက်၏။
" ဒက်ဒီ ၊ သား ၀ိတ်ချချင်တယ် !!! "
ချူဖန်းက အေးစက်စက်ကြည့်သည်။
" ဘာတွေကများ မင်းကို ရုတ်တရက်ကြီး ၀ိတ်ချချင်စိတ်ပေါက်အောင် လုပ်လိုက်ပြန်ပြီလဲ ??? "
ဝတုတ်လေးက ပေါ်ယွီ့ကို ချစ်ရည်ရွှန်းလဲ့စွာ မော့ကြည့်ရင်း ရှက်ကိုးရှက်ကန်းလေး ဖြေသည်။
" သားက ဖျော်ဖြေရေးလောကထဲ ပေါ်ကောကောနဲ့အတူတူ နေရဦးမှာ။ ဒီ၀တုတ်ခန္ဓာကိုယ်ကြောင့် သားအိမ်မက်လေး ပျက်စီးကုန်မယ့်ကိစ္စမျိုး လက်မခံနိုင်ပေါင် "
အဲဒီအချိန်ကျ သူ့ Male idol ကြီးနဲ့ 'ချူပေါ် CP' ဟု အမည်ရသည့် ဖရဲသီးစုံတွဲသတင်းကို Entertainment လောကတစ်ခွင် ပြဲပြဲစင်သည်အထိ စန်းစန်းတင်ပစ်ရမည်။၀တုတ်လေးရဲ့စိတ်ကူးယဉ်မှုအပေါင်းဟာ တားမနိုင်ဆီးမရ။
ချူဖန်းက သူ့သားအကြောင်း နောကျေနေချေပြီ။၀တုတ်လေး ဖြစ်ပျက်နေပုံကို မြင်သည်နှင့်တစ်ပြိုင်နက် သူ့သားတစ်ယောက် စိတ်ကူးယဉ်ကမ္ဘာထဲ လက်ပစ်ကူးနေမှန်း သဘောပေါက်လိုက်သည်။
" အင်း ၊ ဒက်ဒီ မင်းအတွက် အာဟာရပညာရှင်ကို ဆက်သွယ်ထားလိုက်မယ် "
ဝတုတ်လေး : " gym trainer ပါ လိုချင်တယ် "
သားအဖနှစ်ဦး၏ အချီအချစကား၀ိုင်းကို နားစွင့်နေတဲ့ ပေါ်ယွီက ၀တုတ်လေးကို ဆတ်ခနဲ လှည့်ကြည့်သည်။
" မင်းက ငယ်သေးတယ် ၊ လေ့ကျင့်ခန်းတွေ လုပ်လို့မရသေးဘူး "
ချူဖန်းက သဘောတူစွာ ခေါင်းညိတ်သည်။
" ဟုတ်တယ် ၊ အခု ၀ိတ်အရင်ကျဖို့က အဓိက ဦးစားပေးပဲ "
ဝိတ်ချမှ ၊ မဟုတ်လျှင် ချူဖန်း ၀တုတ်လေးကို ဆက်ချီနိုင်တော့မည်မဟုတ်။
သူတို့သုံးယောက် အမဲသားခေါက်ဆွဲဆိုင်သို့ တက်ညီလက်ညီ ချီတက်ခဲ့ကြသည်။ယင်းအမဲသားခေါက်ဆွဲဆိုင်က အစားအသောက်တွေဟာ အရသာရှိပြီး စျေးချိုသည်။အမဲသားဖတ်တွေလည်း ပေါပေါလှိုင်လှိုင်ထည့်ပေး၏။မွှေးရနံ့က နှာခေါင်း၀ထံ ကျီစယ်ပျံ့လွင့်လာသည်။
ဝတုတ်လေးက ခေါက်ဆွဲလုတ်အကြီးကြီးကို အားပါးတရ မျိုချလိုက်သည်။ကလေးလေးက ပြင်းရှရှအရသာမျိုးကို ကြိုက်သည်မို့ ပန်းကန်လုံးထဲ ငရုတ်သီးမှုန့်များ ဖြူးလိုက်၏။ထို့နောက် ဆန်ခေါက်ဆွဲများကို သူ့ပါးစပ်လေးနှင့်အပြည့် ခေါင်းမဖော်တမ်း အပီအပြင်လွေးနေသည်။
ပေါ်ယွီက ငရုတ်သီးမှုန့်အနည်းငယ်ထည့်လို့ အမဲသားခေါက်ဆွဲတစ်လုတ် စားကြည့်လိုက်သော် အရသာက အတော်လေး ကောင်းမွန်သည်။
" ဥက္ကဋ္ဌချူ ၊ ခင်ဗျား ကျွန်တော့်ကို အရသာရှိတာ ၀ယ်ကျွေးမယ်ပြောဖူးတယ်လေ ၊ အဲဒါ ဒီခေါက်ဆွဲတော့ မဟုတ်ဘူးမလား ??? "
ပေါ်ယွီ မကျေမနပ်ဖြင့် ခေါက်ဆွဲတွေကို ညှပ်ယူကာ ပလုတ်ပလောင်း ရှူးခနဲရှဲခနဲ စုပ်စားလိုက်သည်။
ချူဖန်းက သူ့အား အကြီးကြီးတစ်၀ိုင်းကျွေးမည်ဟု ဆိုခဲ့ဖူးသည်ကို ပေါ်ယွီ မှတ်မိရာ မနက်စာကိုတောင် တမင်သက်သက် နည်းနည်းလေးစားလာခဲ့ခြင်း။နိဂုံးချုပ်၌ သူ့ရဲ့မျှော်လင့်ချက်တွေက ဆုတောင်းတစ်ခုသာ ဖြစ်နေကြောင်း ပေါ်ယွီ တရားရလိုက်သည်။
ချူဖန်းက သူ့ကို စျေးကြီးကြီးတစ်၀ိုင်း၀ယ်ကျွေးဖို့ အစီအစဉ်မရှိဘူးကိုး !!!
၀တုတ်လေးက တဟီးဟီး ၀င်ပြော၏။
" ဒက်ဒီ မညာဘူးပဲ။ သား သဘောကျတဲ့လူနဲ့ တွေ့ဖို့ ခေါ်သွားပေးမယ်ပြောတာ ၊ တကယ်ကြီး ပေါ်ကောကောနဲ့ တွေ့ရတယ် !!! "
ပေါ်ယွီ ခေါက်ဆွဲစားနေသည်ကို ရပ်၍ တည်ငြိမ်သူကြီး ချူဖန်းဘက် လှည့်ကြည့်လိုက်သည်။
" ခင်ဗျား ကျွန်တော့်ကို အပြင်ခေါ်ထုတ်တာက မုန့်၀ယ်ကျွေးဖို့လား ၊ ခင်ဗျားသားနဲ့ တွေ့ဖို့လား ??? "
" ဒီဆိုင်ရဲ့အမဲသားခေါက်ဆွဲက အရမ်းစားကောင်းလို့ မင်း လင်းရှန့်မြို့ရောက်နေတာသိကတည်းက မင်းကို ဆက်ဆက်မြည်းခိုင်းရမယ် တေးထားခဲ့တာပါကွာ "
ချူဖန်းက မိမိကိုယ်ကိုယ် ခုခံလျှောက်လဲသည်။
" တိုက်တိုက်ဆိုင်ဆိုင် စောစောက လှေစီးနေတုန်း ၀တုတ်လေးက တစ်ခုခု စားချင်တယ် ဂျီကျနေတာနဲ့ မင်းကိုပါ ငါတို့နဲ့အတူတူ လာစားရအောင် ခေါ်လိုက်တာ "
ပေါ်ယွီ မယုံသင်္ကာဖြစ်နေဆဲ။
" တကယ်လား ??? "
" ဘုရားစူး "
ပြုတ်ချိုဟင်းရည်များကို လောဘတကြီး မော့သောက်နေတဲ့ ၀တုတ်လေးက ကမန်းကတန်း ပါးစပ်သုတ်ပြီး ဆိုသည်။
" ဒက်ဒီက ပေါကောကောကို နှစ်ပေါက်တစ်ပေါက်နေတာရယ်။ ပေါ်ကောကော ယုံချင်မှ ယုံပါလေ "
ချူဖန်း သူ့ပန်းကန်လုံးထဲက အမဲသားတစ်ဖတ်ကို ကောက်ကာ သူ့သားပါးစပ်အတွင်းသို့ ထိုးထည့်ပေးရင်း နူးညံ့ကြင်နာစွာ သတိပေးလိုက်သည်။
" စကားမပြောဘဲ တိတ်တိတ်လေး နေနေလည်း မင်းကို အ'နေတယ်လို့ ဘယ်သူမှ မထင်ဘူးနော် "
ပေါ်ယွီ : " ကျွန်တော် ဗိုက်၀ပြီ ... "
ဝတုတ်လေးက အသားဖတ်ကို ပျော်ပျော်ပါးပါးကြီး ဝါးနေရာကနေ ဂလုခနဲ မျိုချလျက် လေချဉ်လေးတက်လိုက်၏။
" ဟင် ! ၀ပြီ !!??? ပိစိညှောင့်တောင့်လေး စားရသေးတာကို "
ချူဖန်း ဖင်ကပ်ကျန်တော့သော ဝတုတ်လေးရဲ့ခေါက်ဆွဲပန်းကန်နှင့် တစ်၀က်လျော့လျော့ရှိနေသော သူ့ခေါက်ဆွဲပန်းကန်ကို ကြည့်လိုက်သည်။ပေါ်ယွီကမူ သုံးလေးလုတ်မျှသာ သုံးဆောင်ထားပုံပေါ်သည်။
" မင်း စားတာ နည်းလွန်းမနေဘူးလား ??? "
ပေါ်ယွီက နှုတ်ခမ်းတစ်၀ိုက်ကို တစ်ရှူးနှင့် သန့်စင်လိုက်သည်။
" ဒီလိုအစားအသောက်တွေက ကစီဓါတ်များတယ် ၊ ဆန်ခေါက်ဆွဲဆိုရင် အစာချေဖို့ပါ ခက်တယ်။ လျော့နိုင်သလောက် လျော့စားရမှာ "
ဝတုတ်လေးက ပေါ်ယွီရဲ့ပြားချပ်ချပ်ဗိုက်လေးကို လှမ်းထိကြည့်သည်။ပေါ်ယွီ၌ ၀မ်းဗိုက်ကြွက်သားတွေကလည်း တောင့်တောင့်တင်းတင်း။၀တုတ်လေးခမျာ သူ့လေသံထဲစွက်နေသော ၀မ်းနည်းမှုလေးတွေကို မဖုံးဖိနိုင်ရှာ။
" ပေါ်ကောကောမှာ six packs တွေ ရှိနေပြီပဲဥစ္စာ ၊ ဘာလို့ ၀လာမှာကို စိုးရိမ်နေတာလဲ ??? "
" ဒီ six packs မျိုးရဖို့ gym မှာ ချွေးတလုံးလုံးကျတဲ့အထိ ကြိုးစားခဲ့ရတာ ၊ ဒုက္ခခံရချက်က မင်း စိတ်ကူးကြည့်နိုင်မှာကို မဟုတ်ဘူး။ အဲဒါတွေထက် ၊ တစ်လကျော်ကျော် ကြက်နှလုံးရယ် ၊ ကြက်ရင်ပုံရယ်ချည်း ဆက်တိုက်စားခဲ့ရတဲ့ ဒီကောကောရဲ့ဘ၀ကို မင်း တွေးကြည့်လိုက်စမ်းပါ "
ပေါ်ယွီ့လေသံက အင်မတန် စိတ်ဓါတ်ကျနေသယောင်။
လူတွေက သူ့ရဲ့ six packs ကိုပဲ မြင်သည် ၊ ဤ six packs တွေ ရရန် သူ ပေးဆပ်ခဲ့ရသည့် ချွေးစက်ပေါင်းများစွာကိုကျ မြင်အောင်မကြည့်ကြ။
သို့ပေငြား သူ အပေါ်ပိုင်း ဗလာကျင်းလို့ ရိုက်ကူးရေးလုပ်ချိန်တိုင်း တရိပ်ရိပ် တိုးပွားလာသော ပရိသတ်အမြောက်အများကို ပြေးစဉ်းစားလိုက်မိလျှင် ပေါ်ယွီ အနှီနာကျင်မှုတွေကို တိတ်တဆိတ် မျိုသိပ်ထားလိုက်၏။
ချူဖန်းက လက်ကောက်၀တ်ရှိနာရီကို မြှောက်ကြည့်အပြီး ၊ တူကို အောက်ချလိုက်သည်။
" ဟုတ်ပြီ ၊ ငါ ဒီမှာ လုပ်စရာရှိသေးတယ်။ အရင်ပြန်နှင့်ဦးမယ်။ ချူလင်းရွှိန်ရေ ၊ စားမနေပါနဲ့တော့ ၊ မြန်မြန်လိုက်ခဲ့ "
ပေါ်ယွီ တဒင်္ဂမျှ အံ့အားသင့်သွားကာ သူပါ မတ်တပ်ထရပ်လိုက်သည်။
" ကျွန်တော်လည်း ပြန်ဖို့လုပ်ရဦးမယ်။ ရုပ်ရှင်မိတ်ဆက်ပွဲက ပြီးပြီဆိုတော့ ဟိုတယ်မှာ အထုပ်သိမ်းစရာရှိတာတွေ သိမ်းရမယ်။ အတူတူ သွားကြတာပေါ့ "
ဝတုတ်လေးက ပျော်ရွှင်မြူးထူးစွာ ခေါင်းတဆတ်ဆတ်ညိတ်သည်။
ချူဖန်း ကျသင့်ငွေ ပေးချေ၍ ပေါ်ယွီနှင့်၀တုတ်လေးတို့နောက် လိုက်လာခဲ့သည်။
သူတို့သုံးယောက် လမ်းဆုံ၌ လမ်းခွဲလိုက်ကြသည်။ပေါ်ယွီ လမ်းဘေးတွင် ရပ်လျက် ဟိုတယ်သို့ပြန်ရန် တက်စီငှား၏။ဟိုတယ်၌ တရေးတမောအိပ် ၊ အထုပ်အပိုးတွေ သိမ်းဆည်းပြီး လေဆိပ်ဆင်းခဲ့သည်။
လင်းရှန့်မြို့မှ ဟွားချန်ထံ လေယာဉ်ပျံသန်းချိန်က အတော်အတန်ကြာမြင့်သည့်အလျောက် ပေါ်ယွီက လေယာဉ်ပေါ်ရောက်သည်နှင့် ဆက်အိပ်ရန် နှာခေါင်းစည်းနှင့် မျက်လုံးအုပ်တို့ကို ၀တ်ဆင်လိုက်သည်။အိပ်မောကျနေစဉ် လေထုအလွှာနှင့် ရုတ်ခြည်း တိုက်မိသဖြင့် ဖြစ်ပေါ်လာသော လေယာဉ်တုန်ခါမှုကြောင့် ပေါ်ယွီ လန့်နိုးလာခဲ့သည်။
သူ နိုးနိုးချင်း သူ့ခေါင်းက သူစိမ်းတစ်ယောက်၏ ပခုံးပေါ် တင်နေပြန်ပြီမှန်း သိလိုက်ရာ ပေါ်ယွီ့မျက်နှာလေး စွေးစွေးနီသွားသည်။သူ ကို့ရို့ကားယား တောင်းပန်လိုက်၏။
" တောင်းပန်ပါတယ် ၊ ကျွန်တော် ....... "
" မတွေ့တာ ကြာပြီနော် ... "
သူ ပခုံးမှီအိပ်ခဲ့သော သူစိမ်းကို ပေါ်ယွီ မြင်သောအခါ တအံ့တသြ ရေရွတ်လိုက်သည်။
" ဝမ်းဟယ်ရှန်း ??? "
ဝမ်းဟယ်ရှန်းက ပေါ်ယွီ့ကို ရှုံ့မဲ့မဲ့ပြုံးပြရင်း ထုံကျဉ်နေသည့် သူ့ပခုံးအား လှုပ်လှုပ်ရှားရှားပြုနေသည်။
" အိပ်ရာနိုးလာကိုး ၊ ကျွန်တော့်ဆီးအိမ်တွေလည်း တင်းကြပ်နေပြီ "
ပေါ်ယွီ ပျာပျာသလဲ ဆိုလိုက်သည်။
" သန့်စင်ခန်းသွားလိုက်ပါဦး ၊ ပြန်လာမှ ကျွန်တော်တို့ စကားပြောကြမယ်လေ "
ဝမ်းဟယ်ရှန်းက သန့်စင်ခန်းဆီ အလောသုံးဆယ် ထလျှောက်သွား၏။
ဝမ်းဟယ်ရှန်း ပြန်အလာ ၊ ပေါ်ယွီ့က နို့အရသာ ဖရဲစေ့တစ်ထုပ်ကို ကျေးဇူးတင်လက်ဆောင်အဖြစ် ၀မ်းဟယ်ရှန်းထံ ပေးသည်။
နှစ်ဦးသား စကားတပြောပြောနှင့် ဖရဲစေ့ကိုက်နေကြသည်။
ပေါ်ယွီ ; " တိုက်ဆိုင်လိုက်တာ ၊ ကျွန်တော်က ခင်ဗျားဖြစ်နေမယ် ထင်မထားဘူး "
ဝမ်းဟယ်ရှန်းက ပြုံးပြလာသည်။
" ခဏနေရင် ကျွန်တော့်အတွက် ပေါ်ရှန့်ရှန်း လက်မှတ်လေးထိုးပေးနိုင်မလား "
" ထိုးပေးရမှာပေါ့ဗျာ "
ဖရဲစေ့စားနေတဲ့ ပေါ်ယွီက ခေါင်းညိတ်သည်။ထို့နောက် တွန်းလှည်းလေး တွန်းလာသည့် လေယာဉ်မယ်လေးအား လှမ်းတားလိုက်၏။
" လိမ္မော်ရည်တစ်ခွက်ပေးပါ "
ပေါ်ယွီက ဝမ်းဟယ်ရှန်းဘက် လှည့်မေးသည်။
" ခင်ဗျားရော ဘာသောက်မှာလဲ ??? "
ဝမ်းဟယ်ရှန်း : " လိမ္မော်ရည်ဆို ရပါတယ် "
ပေါ်ယွီ လိမ္မော်ရည်ကို နည်းနည်းချင်းစီ စုပ်သောက်လိုက်သည်။
" အလုပ်ကိစ္စနဲ့ ဟွားချန်ကို သွားမလို့လား ??? "
ဝမ်းဟယ်ရှန်းကမူ လိမ္မော်ရည်ရဲ့အရသာချိုချိုအား သောက်လေ့သောက်ထရှိဟန်မတူ။တစ်ငုံခန့် ငုံကြည့်ပြီးသည်နှင့်တစ်ပြိုင်နက် မျက်မှောင်ကြုတ်ကာ ထပ်မထိတော့။
" ဖောက်သည်ဟောင်းတစ်ယောက်က ဟွားချန်မြို့ရုံးခွဲနဲ့ ပြသာနာတက်နေတာ ၊ သူ့ဆီလာဖြေရှင်းပေးပါဦးတောင်းဆိုနေလို့ "
၀မ်းဟယ်ရှန်းက ခပ်ပြုံးပြုံး။သူ့ရဲ့စိတ်နေစိတ်ထားနှင့် စကားပြောပုံဆိုပုံအမူအရာတို့က ရှေ့နေဆိုတာထက် တက္ကသိုလ်ဆရာတစ်ဦးနှယ်။
ပေါ်ယွီ သူ ကျောင်းတက်တုန်းက အဲဒီလိုမျိုးသူငယ်ချင်းတစ်ယောက်ရှိခဲ့ဖူးသည်။အပြောအဆို ၊ အပြုအမူ ၊ နောက်ခံအသိုင်းအ၀ိုင်း အကုန်အထက်တန်းကျရုံမက ဗဟုသုတကျယ်ပြန့်သည်။၎င်းနှင့် မည်သည့်အကြောင်းအရာဖြစ်စေ ၊ ပြောဆိုဆွေးနွေးလိုက်တိုင်း စကား၀ိုင်းက ပျင်းရိအေးစက်ဖွယ်ကောင်းသွားခြင်းမရှိ။
နှမြောစရာက ထိုသူငယ်ချင်းဟာ ဘွဲ့ရသည်နှင့် တရုတ်နိုင်ငံကနေ ပြောင်းရွေ့သွားခဲ့သည်။
ယင်းအချိန်က ပေါ်ယွီ သူတစ်ယောက်တည်း အထက်တန်းကျောင်းတက်ရန် အိမ်ကခွဲနေတုန်းမို့ သူ ပေါ်မိသားစုကမှန်း တစ်ဖက်သူငယ်ချင်းက မသိခဲ့ချေ။
ဝမ်းဟယ်ရှန်း : " ဘာတွေများ ငေးနေတာလဲ ??? "
ပေါ်ယွီ သတိပြန်ကပ်လာကာ မျက်နှာပူပူနှင့် ဖြေလိုက်သည်။
" သူငယ်ချင်းတစ်ယောက်ကို ရုတ်တရက်ကြီး စဉ်းစားမိသွားလို့ပါ။ ခင်ဗျားတို့နှစ်ယောက်ဆီကရတဲ့ ခံစားချက်ကြီးက တော်တော်ကိုတူတယ်ရယ် "
၀မ်းဟယ်ရှန်းက ပေါ်ယွီအား စကားဆက်ပါရန်နှင့် သူ စိတ်မရှိပါကြောင်း ခေါင်းဆတ်ပြသည်။
ပေါ်ယွီ : " အဲဒီသူငယ်ချင်းရဲ့အိမ်မက်က ပညာတော်သင်သွားချင်တာတဲ့။ ခင်ဗျားတို့က အရမ်းတူတာ။ ဒါနဲ့လေ ကျွန်တော် နားမလည်တာက ဘာဖြစ်လို့ ၀မ်းရှန့်ရှန်းအနေနဲ့ ရှေ့နေလုပ်ဖို့ရွေးခဲ့တာလဲ။ ကျွန်တော်သာ ခင်ဗျားဆိုရင် တက္ကသိုလ်မှာ ဆရာလုပ်ဖို့ ရွေးဖြစ်ခဲ့လောက်တယ် "
၀မ်းဟယ်ရှန်းက ခေတ္တ မင်သက်သွားသည့်တိုင် ပေါ်ယွီရဲ့ဒိုးဒိုးဒေါက်ဒေါက် မပြေမပြစ်စကားတွေကို စိတ်အနှောင့်အယှက်ဖြစ်ပုံမရ။
" ကျွန်တော့်အိမ်မက်က ကျောင်းဆရာဖြစ်ချင်တာမှ မဟုတ်ဘဲ။ ကျောင်းနေဘ၀ဆိုတာလေးက ကောင်းပါရဲ့။ ဒါပေမယ့် ကျွန်တော့်အတွက် ကျောင်းဆိုတာက လက်တွေ့ဘ၀ရဲ့စက်ရက်မှုတွေကို အမှောင်ဖုံးပေးထားတဲ့ နေရာမျိုးနဲ့တူတယ်။ အဲဒီလောက်ကြီး ကာကွယ်ပေးထားဖို့ လိုတယ်လို့ ကျွန်တော် မထင်ဘူး "
ပေါ်ယွီ : " ဒါဆို ၀မ်းရှန့်ရှန်းက ရှေ့နေတစ်ယောက်ရဲ့စိတ်လှုပ်ရှားစရာဘ၀မျိုးကို သဘောကျတာလား ??? "
၀မ်းဟယ်ရှန်း : " ရှေ့နေဘ၀က စိတ်လှုပ်ရှားစရာကောင်းတယ်လို့ ဘယ်သူ ပြောလဲ ??? "
ပေါ်ယွီက ဇဝေဇဝါ။
" ခင်ဗျားအလုပ်က လူတွေကို အပြစ်လုပ်ဖို့ လွယ်တယ်လေ။ နောက်ခံတောင့်တောင့်မရှိရင် ဘယ်သူက ရှေ့နေလုပ်မှာလဲ ??? "
ဝမ်းဟယ်ရှန်းက ခြောက်ကပ်ကပ် ပြန်ဖြေသည်။
" အဲဒါ အမှန်မဟုတ်ရပါဘူးဗျာ။ ပေါ်ရှန့်ရှန်း ရှေ့နေအလုပ်ကို နားလည်မှုလွဲနေပြီ "
ထို့နောက် ၀မ်းဟယ်ရှန်း တစ်လုံးမျှ ထပ်မဟတော့။
လေထုက စိမ်းသက်သက်။
ပေါ်ယွီ မရေမရာဖြစ်နေ၏ ၊ သူ အခုလေးတင် ပြောလိုက်တဲ့စကားက ရိုက်ပေါက်ဖြစ်နေလို့များ ၀မ်းဟယ်ရှန်း စိတ်ခုသွားတာလား ???
ပေါ်ယွီ စကားစဆွဲထုတ်ရန် ပြင်လိုက်သည်။
" ဟုတ်ပါပြီ ၊ ....... "
ဝမ်းဟယ်ရှန်းကလည်း တစ်ချိန်တည်း ဆိုလာသည်။
" အဲဒါ ........ "
နှစ်ယောက်သား တစ်ဦးကိုတစ်ဦး အံ့သြစွာ ကြည့်လိုက်ကြသည်။
ပေါ်ယွီက ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေကြီးကို ဖြိုခွဲသည့်အနေနှင့် အပြုံးတစ်ပွင့်ကို ချိတ်ဆွဲလျက် -
" ကျွန်တော် ပြောတာ ရိုင်းသွားတယ်။ တောင်းပန်ပါတယ် "
၀မ်းဟယ်ရှန်းက ခေါင်းယမ်းသည်။
" မဟုတ်တာ ၊ ကျွန်တော်ကိုယ်တိုင်ကိုက စကားပြောမတတ်တာပါ။ ခင်ဗျားကို နေရခက်အောင် လုပ်လိုက်မိတယ် "
ပေါ်ယွီ တစ်ဖက်လူ၏ ဘေးတစောင်းမျက်နှာကို ကြည့်၍ 'လူကြီးလူကောင်းပဲ' ဟု မှတ်ချက်ချလိုက်သည်။
ဒါပေမယ့် လူကြီးလူကောင်းကို အနိုင်ကျင့်ရတဲ့ ခံစားချက်လေးကလည်း မဆိုးပေါင် ......
.
.
.
.
.
.
Zawgyi
《 Secret Agent 》 ၏ တစ္ျပည္လုံးအႏွံ႔ ေၾကာ္ျငာမိတ္ဆက္ပြဲမ်ားကို အင္တိုက္အားတိုက္ စတင္ခဲ့သည္။ေပၚယြီခမ်ာ ေလယာဥ္စီးရ ၊ ဟိုတယ္႐ွာရ ၊ ေၾကာ္ျငာမိတ္ဆက္ပြဲေတြမွာ ပရိသတ္ေတြေ႐ွ႕ လူလုံးျပရႏွင့္ ေန႔ေန႔ညည အလုပ္႐ႈပ္ေနခဲ့သည္။ကသီလင္တႏိုင္လွေသာ လ၀က္ခန္႔အလြန္တြင္ ေပၚယြီတစ္ေယာက္ ကိုယ္အေလးခ်ိန္ေလ်ာ့လာေတာ့သည္။
လင္း႐ွန္႔ၿမိဳ႕၀ယ္ ႐ုပ္႐ွင္မိတ္ဆက္ပြဲက်င္းပခိုက္ သူ႕သား၀တုတ္ေလးနဲ႔အတူတူ ခရီးထြက္ေနသည့္ ခ်ဴဖန္းႏွင့္ ေပၚယြီ ဆုံခဲ့သည္။သူတို႔သုံးေယာက္သား ဤေန႔လယ္ခင္း၌ လင္း႐ွန္႔ၿမိဳ႕႐ွိ သဘာ၀ပသာဒ႐ွဴေမွ်ာ္ခင္းျဖစ္ေသာ တံတားပ်က္ႀကီးတြင္ ေတြ႕ၾကရန္ အခ်ိန္းအခ်က္ျပဳလိုက္ၾက၏။
ေန႔လယ္ခင္း၌ မိုးေျပးေလးက တဖြဲဖြဲ။လူေတြ သူ႕ကို မွတ္မိကုန္မွာစိုးတဲ့ ေပၚယြီက ေနကာမ်က္မွန္ကိုတပ္ ၊ ဦးထုပ္ဝတ္လို႔ လမ္းခုလတ္က ၀ယ္ခဲ့ေသာ ဆီစိမ္ထီးတစ္ေခ်ာင္းကိုပါ ေဆာင္းလာေသးသည္။
မိုးစက္မိုးေပါက္ေလးမ်ားက လင္း႐ွန္႔ၿမိဳ႕၏ တံတားပ်က္ႀကီးေအာက္တြင္႐ွိေသာ ေရကန္ထက္သို႔ ထိမွန္က်ဆင္းရာ လိႈင္းၾကပ္ခြပ္ေလးေတြ ျဖစ္ေပၚေန၏။တံတားပ်က္ႀကီး၀န္းက်င္တစ္ဝိုက္က အိမ္မ်ားဟာ မင္ေခတ္အိမ္ပုံစံမ်ားကို တုပေဆာက္လုပ္ထားျခင္း။ထို႔အတူ ဟိုတယ္မ်ားသည္လည္း ေ႐ွးေခတ္ဗိသုကာပညာ တည္းခိုခန္းမ်ားအတိုင္း သ႐ုပ္ေဖာ္ဖန္တီးထားၾကသည္။အႏုသုခုမမူဟန္က အင္မတန္ တင့္တယ္ေျပာင္ေျမာက္လွစြာ။
ခပ္လွမ္းလွမ္းတြင္ ေလွထိုးသမားတစ္ဦး တေ႐ြ႕ေ႐ြ႕ ေလွာ္ခတ္ေနေသာ ေလွငယ္ေလးတစ္စီးက ေပၚယြီထံ ၿငိမ့္ၿငိမ့္ေလး ဦးတည္ခ်ဥ္းကပ္လာေလသည္။
သစ္သားေလွငယ္ေပၚ၌ ထိုင္ေနသည့္ ခ်ဴဖန္းႏွင့္၀တုတ္ေလးအား ေပၚယြီ လွမ္းၾကည့္၍ ေအာ္ေျပာလိုက္သည္။
" ခင္ဗ်ားတို႔ေတြ ႏွစ္ေယာက္တည္း ေလွစီးေနၾကတယ္ေပါ့ !!!??? "
ေပ်ာ္စရာေလးဘာေလးေတြ႕ရင္ သူမ်ားလက္တို႔ရေကာင္းမွန္း မသိတဲ့လူေတြ ေနာင္ဘ၀ နတ္သားျဖစ္သြားရင္ေတာင္ အေတာင္ပံက်ိဳးေနပါေစဗ်ာ !!!
ခ်ဴဖန္းက လက္ထဲမွာ ထီးတစ္ေခ်ာင္းႏွင့္ ေပၚယြီဆီ ေလွ်ာက္လာသည္။အေတာ္ေလး စိတ္လက္ေပါ့ေပါ့ပါးပါး႐ွိေနဟန္။
ဝတုတ္ေလးက ပါးစပ္ကို အက်ယ္ႀကီးဟေအာ္ဟစ္ရင္း ေျပးလာ၏။
" ေပၚေကာေကာ ၊ ေကာေကာ ဘာလို႔ ဝိတ္ေတြက်သြားတာလဲဟင္ ??? "
လ၀က္ေက်ာ္ေက်ာ္မွ် လက္မလည္ေအာင္ အလုပ္႐ႈပ္ေနခဲ့ေသာ အခ်ိန္ဇယားေၾကာင့္ ေပၚယြီ သိသိသာသာ ပိန္လ်သြားခဲ့သည္။ထင္းထြက္လာသည့္ ေမးေစ့ ၊ ေသးသြယ္ေနေသာ ခါးက်င္က်င္ ၊ အ႐ိုးႏွင့္အသား ကပ္ေနၿပီျဖစ္ေသာ ေျခတံ႐ွည္မ်ား။ပိန္ပိန္ပါးပါး႐ွိသင့္သည့္ ခႏၶာကိုယ္အစိတ္အပိုင္းအားလုံး ပိန္သြားသည္ဟု ဆိုရမလား။
ေလ်ာ့ရဲပိန္က်မသြားသင့္သည့္ ေနရာ ၊ ဥပမာ --- တင္ပါးလိုအစိတ္အပိုင္းမ်ိဳးကမူ က်စ္က်စ္လ်စ္လ်စ္႐ွိေနစၿမဲေပ။
ေပၚယြီ ယခင္ ၀တုတ္သည္ထက္ ဝတုတ္လို႔ေနပါေသာ ဝတုတ္ေလးအား ငုံ႔ၾကည့္လိုက္သည္။
" ခ်ဴလင္း႐ႊိန္ ၊ မင္းက် ၀ိတ္ေတြတက္လာလွခ်ည္လား "
အမွန္တကယ္ကို ဝတုတ္ေလးက ဝတုတ္ေဖာင္းကားေနခဲ့သည္။မ်က္ႏွာေလးက ပိုမိုလုံးကစ္လာသည့္အျပင္ ေမးေစ့ေလး၌ အသားထပ္က ႏွစ္ရစ္ျဖင့္။ဝမ္းဗိုက္ေလးက စည္ပိုင္းေလးတစ္ခုႏွယ္ မို႔မို႔ေမာက္ေမာက္။အရပ္ေလးလည္း ႐ွည္လာ၏။
၀တုတ္ေလးက ယခု ၀တုတ္လတ္အဆင့္သို႔ ေရာက္ေနၿပီး ထိုမွတစ္ဆင့္ ဝတုတ္ႀကီးျဖစ္လာမည့္အေရးက သိပ္မေဝးေတာ့။
စိတ္ေလေနသည့္ မ်က္ႏွာထားႏွင့္ ခ်ဴဖန္းက ေပၚယြီကို ရင္ဖြင့္႐ွာသည္။
" ဟိုတေလာက ငါ အလုပ္မအားတာနဲ႔ သူ႕ကို ငါ့မိဘေတြဆီ ပို႔လိုက္မိပါတယ္ ၊ ျပန္သြားေခၚေရာ အဲဒီပုံ ျဖစ္ေနတာပဲ "
ေပၚယြီ ေလးေလးနက္နက္ ဆင္ျခင္မိပါ၏ ၊ ဝတုတ္ေလးရဲ႕ျဖစ္အင္ကို သာဓကယူရလွ်င္ ဖရဲသီးေလးအား စုန္႔႐ွီလင္အေမထံ ၀ကြက္အပ္ေစာင့္ေ႐ွာက္ခြင့္ျပဳလိုက္လို႔ လုံး၀ မျဖစ္ေရးခ်မျဖစ္။
အထက္ပါအခ်က္ကို အသာထား ၊ မိမိကိုယ္ပြားေလး တစ္ေန႔တျခား ႀကီးျပင္းလာသည္ကို ေဘးကေန တစိမ့္စိမ့္ ေငးေမာၾကည့္ေနရျခင္းကပင္ ဆန္းသစ္လွပေသာ အေတြ႕အၾကဳံတစ္ခုတည္း။
ဝတုတ္ေလးရဲ႕စိတ္ေနစိတ္ထားက ယခင္ထက္စာလွ်င္ အ႐ြယ္ေရာက္လာသည္။သူ ႏွစ္လခန္႔ မေတြ႕ခဲ့ရတဲ့ ေပၚယြီက ပိုပိုေခ်ာေမာခန္႔ညားလ်က္႐ွိသည္ကို ျမင္ေသာအခါ ၀တုတ္ေလး ဆုံးျဖတ္ခ်က္ခ်လိုက္၏။
" ဒက္ဒီ ၊ သား ၀ိတ္ခ်ခ်င္တယ္ !!! "
ခ်ဴဖန္းက ေအးစက္စက္ၾကည့္သည္။
" ဘာေတြကမ်ား မင္းကို ႐ုတ္တရက္ႀကီး ၀ိတ္ခ်ခ်င္စိတ္ေပါက္ေအာင္ လုပ္လိုက္ျပန္ၿပီလဲ ??? "
ဝတုတ္ေလးက ေပၚယြီ႕ကို ခ်စ္ရည္႐ႊန္းလဲ့စြာ ေမာ့ၾကည့္ရင္း ႐ွက္ကိုး႐ွက္ကန္းေလး ေျဖသည္။
" သားက ေဖ်ာ္ေျဖေရးေလာကထဲ ေပၚေကာေကာနဲ႔အတူတူ ေနရဦးမွာ။ ဒီ၀တုတ္ခႏၶာကိုယ္ေၾကာင့္ သားအိမ္မက္ေလး ပ်က္စီးကုန္မယ့္ကိစၥမ်ိဳး လက္မခံႏိုင္ေပါင္ "
အဲဒီအခ်ိန္က် သူ႕ Male idol ႀကီးနဲ႔ 'ခ်ဴေပၚ CP' ဟု အမည္ရသည့္ ဖရဲသီးစုံတြဲသတင္းကို Entertainment ေလာကတစ္ခြင္ ၿပဲၿပဲစင္သည္အထိ စန္းစန္းတင္ပစ္ရမည္။၀တုတ္ေလးရဲ႕စိတ္ကူးယဥ္မႈအေပါင္းဟာ တားမႏိုင္ဆီးမရ။
ခ်ဴဖန္းက သူ႕သားအေၾကာင္း ေနာေက်ေနေခ်ၿပီ။၀တုတ္ေလး ျဖစ္ပ်က္ေနပုံကို ျမင္သည္ႏွင့္တစ္ၿပိဳင္နက္ သူ႕သားတစ္ေယာက္ စိတ္ကူးယဥ္ကမ႓ာထဲ လက္ပစ္ကူးေနမွန္း သေဘာေပါက္လိုက္သည္။
" အင္း ၊ ဒက္ဒီ မင္းအတြက္ အာဟာရပညာ႐ွင္ကို ဆက္သြယ္ထားလိုက္မယ္ "
ဝတုတ္ေလး : " gym trainer ပါ လိုခ်င္တယ္ "
သားအဖႏွစ္ဦး၏ အခ်ီအခ်စကားဝိုင္းကို နားစြင့္ေနတဲ့ ေပၚယြီက ၀တုတ္ေလးကို ဆတ္ခနဲ လွည့္ၾကည့္သည္။
" မင္းက ငယ္ေသးတယ္ ၊ ေလ့က်င့္ခန္းေတြ လုပ္လို႔မရေသးဘူး "
ခ်ဴဖန္းက သေဘာတူစြာ ေခါင္းညိတ္သည္။
" ဟုတ္တယ္ ၊ အခု ၀ိတ္အရင္က်ဖို႔က အဓိက ဦးစားေပးပဲ "
ဝိတ္ခ်မွ ၊ မဟုတ္လွ်င္ ခ်ဴဖန္း ၀တုတ္ေလးကို ဆက္ခ်ီႏိုင္ေတာ့မည္မဟုတ္။
သူတို႔သုံးေယာက္ အမဲသားေခါက္ဆြဲဆိုင္သို႔ တက္ညီလက္ညီ ခ်ီတက္ခဲ့ၾကသည္။ယင္းအမဲသားေခါက္ဆြဲဆိုင္က အစားအေသာက္ေတြဟာ အရသာ႐ွိၿပီး ေစ်းခ်ိဳသည္။အမဲသားဖတ္ေတြလည္း ေပါေပါလိႈင္လိႈင္ထည့္ေပး၏။ေမႊးရနံ႔က ႏွာေခါင္း၀ထံ က်ီစယ္ပ်ံ႕လြင့္လာသည္။
ဝတုတ္ေလးက ေခါက္ဆြဲလုတ္အႀကီးႀကီးကို အားပါးတရ မ်ိဳခ်လိုက္သည္။ကေလးေလးက ျပင္း႐ွ႐ွအရသာမ်ိဳးကို ႀကိဳက္သည္မို႔ ပန္းကန္လုံးထဲ င႐ုတ္သီးမႈန္႔မ်ား ျဖဴးလိုက္၏။ထို႔ေနာက္ ဆန္ေခါက္ဆြဲမ်ားကို သူ႕ပါးစပ္ေလးႏွင့္အျပည့္ ေခါင္းမေဖာ္တမ္း အပီအျပင္ေလြးေနသည္။
ေပၚယြီက င႐ုတ္သီးမႈန္႔အနည္းငယ္ထည့္လို႔ အမဲသားေခါက္ဆြဲတစ္လုတ္ စားၾကည့္လိုက္ေသာ္ အရသာက အေတာ္ေလး ေကာင္းမြန္သည္။
" ဥကၠ႒ခ်ဴ ၊ ခင္ဗ်ား ကြၽန္ေတာ္႕ကို အရသာ႐ွိတာ ၀ယ္ေကြၽးမယ္ေျပာဖူးတယ္ေလ ၊ အဲဒါ ဒီေခါက္ဆြဲေတာ့ မဟုတ္ဘူးမလား ??? "
ေပၚယြီ မေက်မနပ္ျဖင့္ ေခါက္ဆြဲေတြကို ညႇပ္ယူကာ ပလုတ္ပေလာင္း ႐ွဴးခနဲ႐ွဲခနဲ စုပ္စားလိုက္သည္။
ခ်ဴဖန္းက သူ႕အား အႀကီးႀကီးတစ္ဝိုင္းေကြၽးမည္ဟု ဆိုခဲ့ဖူးသည္ကို ေပၚယြီ မွတ္မိရာ မနက္စာကိုေတာင္ တမင္သက္သက္ နည္းနည္းေလးစားလာခဲ့ျခင္း။နိဂုံးခ်ဳပ္၌ သူ႕ရဲ႕ေမွ်ာ္လင့္ခ်က္ေတြက ဆုေတာင္းတစ္ခုသာ ျဖစ္ေနေၾကာင္း ေပၚယြီ တရားရလိုက္သည္။
ခ်ဴဖန္းက သူ႕ကို ေစ်းႀကီးႀကီးတစ္ဝိုင္း၀ယ္ေကြၽးဖို႔ အစီအစဥ္မ႐ွိဘူးကိုး !!!
၀တုတ္ေလးက တဟီးဟီး ၀င္ေျပာ၏။
" ဒက္ဒီ မညာဘူးပဲ။ သား သေဘာက်တဲ့လူနဲ႔ ေတြ႕ဖို႔ ေခၚသြားေပးမယ္ေျပာတာ ၊ တကယ္ႀကီး ေပၚေကာေကာနဲ႔ ေတြ႕ရတယ္ !!! "
ေပၚယြီ ေခါက္ဆြဲစားေနသည္ကို ရပ္၍ တည္ၿငိမ္သူႀကီး ခ်ဴဖန္းဘက္ လွည့္ၾကည့္လိုက္သည္။
" ခင္ဗ်ား ကြၽန္ေတာ္႕ကို အျပင္ေခၚထုတ္တာက မုန္႔၀ယ္ေကြၽးဖို႔လား ၊ ခင္ဗ်ားသားနဲ႔ ေတြ႕ဖို႔လား ??? "
" ဒီဆိုင္ရဲ႕အမဲသားေခါက္ဆြဲက အရမ္းစားေကာင္းလို႔ မင္း လင္း႐ွန္႔ၿမိဳ႕ေရာက္ေနတာသိကတည္းက မင္းကို ဆက္ဆက္ျမည္းခိုင္းရမယ္ ေတးထားခဲ့တာပါကြာ "
ခ်ဴဖန္းက မိမိကိုယ္ကိုယ္ ခုခံေလွ်ာက္လဲသည္။
" တိုက္တိုက္ဆိုင္ဆိုင္ ေစာေစာက ေလွစီးေနတုန္း ၀တုတ္ေလးက တစ္ခုခု စားခ်င္တယ္ ဂ်ီက်ေနတာနဲ႔ မင္းကိုပါ ငါတို႔နဲ႔အတူတူ လာစားရေအာင္ ေခၚလိုက္တာ "
ေပၚယြီ မယုံသကၤာျဖစ္ေနဆဲ။
" တကယ္လား ??? "
" ဘုရားစူး "
ျပဳတ္ခ်ိဳဟင္းရည္မ်ားကို ေလာဘတႀကီး ေမာ့ေသာက္ေနတဲ့ ၀တုတ္ေလးက ကမန္းကတန္း ပါးစပ္သုတ္ၿပီး ဆိုသည္။
" ဒက္ဒီက ေပါေကာေကာကို ႏွစ္ေပါက္တစ္ေပါက္ေနတာရယ္။ ေပၚေကာေကာ ယုံခ်င္မွ ယုံပါေလ "
ခ်ဴဖန္း သူ႕ပန္းကန္လုံးထဲက အမဲသားတစ္ဖတ္ကို ေကာက္ကာ သူ႕သားပါးစပ္အတြင္းသို႔ ထိုးထည့္ေပးရင္း ႏူးညံ့ၾကင္နာစြာ သတိေပးလိုက္သည္။
" စကားမေျပာဘဲ တိတ္တိတ္ေလး ေနေနလည္း မင္းကို အ'ေနတယ္လို႔ ဘယ္သူမွ မထင္ဘူးေနာ္ "
ေပၚယြီ : " ကြၽန္ေတာ္ ဗိုက္၀ၿပီ ... "
ဝတုတ္ေလးက အသားဖတ္ကို ေပ်ာ္ေပ်ာ္ပါးပါးႀကီး ဝါးေနရာကေန ဂလုခနဲ မ်ိဳခ်လ်က္ ေလခ်ဥ္ေလးတက္လိုက္၏။
" ဟင္ ! ၀ၿပီ !!??? ပိစိေညႇာင့္ေတာင့္ေလး စားရေသးတာကို "
ခ်ဴဖန္း ဖင္ကပ္က်န္ေတာ့ေသာ ဝတုတ္ေလးရဲ႕ေခါက္ဆြဲပန္းကန္ႏွင့္ တစ္၀က္ေလ်ာ့ေလ်ာ့႐ွိေနေသာ သူ႕ေခါက္ဆြဲပန္းကန္ကို ၾကည့္လိုက္သည္။ေပၚယြီကမူ သုံးေလးလုတ္မွ်သာ သုံးေဆာင္ထားပုံေပၚသည္။
" မင္း စားတာ နည္းလြန္းမေနဘူးလား ??? "
ေပၚယြီက ႏႈတ္ခမ္းတစ္ဝိုက္ကို တစ္႐ွဴးႏွင့္ သန္႔စင္လိုက္သည္။
" ဒီလိုအစားအေသာက္ေတြက ကစီဓါတ္မ်ားတယ္ ၊ ဆန္ေခါက္ဆြဲဆိုရင္ အစာေခ်ဖို႔ပါ ခက္တယ္။ ေလ်ာ့ႏိုင္သေလာက္ ေလ်ာ့စားရမွာ "
ဝတုတ္ေလးက ေပၚယြီရဲ႕ျပားခ်ပ္ခ်ပ္ဗိုက္ေလးကို လွမ္းထိၾကည့္သည္။ေပၚယြီ၌ ၀မ္းဗိုက္ႂကြက္သားေတြကလည္း ေတာင့္ေတာင့္တင္းတင္း။၀တုတ္ေလးခမ်ာ သူ႕ေလသံထဲစြက္ေနေသာ ၀မ္းနည္းမႈေလးေတြကို မဖုံးဖိႏိုင္႐ွာ။
" ေပၚေကာေကာမွာ six packs ေတြ ႐ွိေနၿပီပဲဥစၥာ ၊ ဘာလို႔ ၀လာမွာကို စိုးရိမ္ေနတာလဲ ??? "
" ဒီ six packs မ်ိဳးရဖို႔ gym မွာ ေခြၽးတလုံးလုံးက်တဲ့အထိ ႀကိဳးစားခဲ့ရတာ ၊ ဒုကၡခံရခ်က္က မင္း စိတ္ကူးၾကည့္ႏိုင္မွာကို မဟုတ္ဘူး။ အဲဒါေတြထက္ ၊ တစ္လေက်ာ္ေက်ာ္ ၾကက္ႏွလုံးရယ္ ၊ ၾကက္ရင္ပုံရယ္ခ်ည္း ဆက္တိုက္စားခဲ့ရတဲ့ ဒီေကာေကာရဲ႕ဘ၀ကို မင္း ေတြးၾကည့္လိုက္စမ္းပါ "
ေပၚယြီ႕ေလသံက အင္မတန္ စိတ္ဓါတ္က်ေနသေယာင္။
လူေတြက သူ႕ရဲ႕ six packs ကိုပဲ ျမင္သည္ ၊ ဤ six packs ေတြ ရရန္ သူ ေပးဆပ္ခဲ့ရသည့္ ေခြၽးစက္ေပါင္းမ်ားစြာကိုက် ျမင္ေအာင္မၾကည့္ၾက။
သို႔ေပျငား သူ အေပၚပိုင္း ဗလာက်င္းလို႔ ႐ိုက္ကူးေရးလုပ္ခ်ိန္တိုင္း တရိပ္ရိပ္ တိုးပြားလာေသာ ပရိသတ္အေျမာက္အမ်ားကို ေျပးစဥ္းစားလိုက္မိလွ်င္ ေပၚယြီ အႏွီနာက်င္မႈေတြကို တိတ္တဆိတ္ မ်ိဳသိပ္ထားလိုက္၏။
ခ်ဴဖန္းက လက္ေကာက္၀တ္႐ွိနာရီကို ေျမႇာက္ၾကည့္အၿပီး ၊ တူကို ေအာက္ခ်လိုက္သည္။
" ဟုတ္ၿပီ ၊ ငါ ဒီမွာ လုပ္စရာ႐ွိေသးတယ္။ အရင္ျပန္ႏွင့္ဦးမယ္။ ခ်ဴလင္း႐ႊိန္ေရ ၊ စားမေနပါနဲ႔ေတာ့ ၊ ျမန္ျမန္လိုက္ခဲ့ "
ေပၚယြီ တဒဂၤမွ် အံ့အားသင့္သြားကာ သူပါ မတ္တပ္ထရပ္လိုက္သည္။
" ကြၽန္ေတာ္လည္း ျပန္ဖို႔လုပ္ရဦးမယ္။ ႐ုပ္႐ွင္မိတ္ဆက္ပြဲက ၿပီးၿပီဆိုေတာ့ ဟိုတယ္မွာ အထုပ္သိမ္းစရာ႐ွိတာေတြ သိမ္းရမယ္။ အတူတူ သြားၾကတာေပါ့ "
ဝတုတ္ေလးက ေပ်ာ္႐ႊင္ျမဴးထူးစြာ ေခါင္းတဆတ္ဆတ္ညိတ္သည္။
ခ်ဴဖန္း က်သင့္ေငြ ေပးေခ်၍ ေပၚယြီႏွင့္၀တုတ္ေလးတို႔ေနာက္ လိုက္လာခဲ့သည္။
သူတို႔သုံးေယာက္ လမ္းဆုံ၌ လမ္းခြဲလိုက္ၾကသည္။ေပၚယြီ လမ္းေဘးတြင္ ရပ္လ်က္ ဟိုတယ္သို႔ျပန္ရန္ တက္စီငွား၏။ဟိုတယ္၌ တေရးတေမာအိပ္ ၊ အထုပ္အပိုးေတြ သိမ္းဆည္းၿပီး ေလဆိပ္ဆင္းခဲ့သည္။
လင္း႐ွန္႔ၿမိဳ႕မွ ဟြားခ်န္ထံ ေလယာဥ္ပ်ံသန္းခ်ိန္က အေတာ္အတန္ၾကာျမင့္သည့္အေလ်ာက္ ေပၚယြီက ေလယာဥ္ေပၚေရာက္သည္ႏွင့္ ဆက္အိပ္ရန္ ႏွာေခါင္းစည္းႏွင့္ မ်က္လုံးအုပ္တို႔ကို ၀တ္ဆင္လိုက္သည္။အိပ္ေမာက်ေနစဥ္ ေလထုအလႊာႏွင့္ ႐ုတ္ျခည္း တိုက္မိသျဖင့္ ျဖစ္ေပၚလာေသာ ေလယာဥ္တုန္ခါမႈေၾကာင့္ ေပၚယြီ လန္႔ႏိုးလာခဲ့သည္။
သူ ႏိုးႏိုးခ်င္း သူ႕ေခါင္းက သူစိမ္းတစ္ေယာက္၏ ပခုံးေပၚ တင္ေနျပန္ၿပီမွန္း သိလိုက္ရာ ေပၚယြီ႕မ်က္ႏွာေလး ေစြးေစြးနီသြားသည္။သူ ကို႔႐ို႕ကားယား ေတာင္းပန္လိုက္၏။
" ေတာင္းပန္ပါတယ္ ၊ ကြၽန္ေတာ္ ....... "
" မေတြ႕တာ ၾကာၿပီေနာ္ ... "
သူ ပခုံးမွီအိပ္ခဲ့ေသာ သူစိမ္းကို ေပၚယြီ ျမင္ေသာအခါ တအံ့တၾသ ေရ႐ြတ္လိုက္သည္။
" ဝမ္းဟယ္႐ွန္း ??? "
ဝမ္းဟယ္႐ွန္းက ေပၚယြီ႕ကို ႐ႈံ႕မဲ့မဲ့ျပဳံးျပရင္း ထုံက်ဥ္ေနသည့္ သူ႕ပခုံးအား လႈပ္လႈပ္႐ွား႐ွားျပဳေနသည္။
" အိပ္ရာႏိုးလာကိုး ၊ ကြၽန္ေတာ္႕ဆီးအိမ္ေတြလည္း တင္းၾကပ္ေနၿပီ "
ေပၚယြီ ပ်ာပ်ာသလဲ ဆိုလိုက္သည္။
" သန္႔စင္ခန္းသြားလိုက္ပါဦး ၊ ျပန္လာမွ ကြၽန္ေတာ္တို႔ စကားေျပာၾကမယ္ေလ "
ဝမ္းဟယ္႐ွန္းက သန္႔စင္ခန္းဆီ အေလာသုံးဆယ္ ထေလွ်ာက္သြား၏။
ဝမ္းဟယ္႐ွန္း ျပန္အလာ ၊ ေပၚယြီ႕က ႏို႔အရသာ ဖရဲေစ့တစ္ထုပ္ကို ေက်းဇူးတင္လက္ေဆာင္အျဖစ္ ၀မ္းဟယ္႐ွန္းထံ ေပးသည္။
ႏွစ္ဦးသား စကားတေျပာေျပာႏွင့္ ဖရဲေစ့ကိုက္ေနၾကသည္။
ေပၚယြီ ; " တိုက္ဆိုင္လိုက္တာ ၊ ကြၽန္ေတာ္က ခင္ဗ်ားျဖစ္ေနမယ္ ထင္မထားဘူး "
ဝမ္းဟယ္႐ွန္းက ျပဳံးျပလာသည္။
" ခဏေနရင္ ကြၽန္ေတာ္႕အတြက္ ေပၚ႐ွန္႔႐ွန္း လက္မွတ္ေလးထိုးေပးႏိုင္မလား "
" ထိုးေပးရမွာေပါ့ဗ်ာ "
ဖရဲေစ့စားေနတဲ့ ေပၚယြီက ေခါင္းညိတ္သည္။ထို႔ေနာက္ တြန္းလွည္းေလး တြန္းလာသည့္ ေလယာဥ္မယ္ေလးအား လွမ္းတားလိုက္၏။
" လိေမၼာ္ရည္တစ္ခြက္ေပးပါ "
ေပၚယြီက ဝမ္းဟယ္႐ွန္းဘက္ လွည့္ေမးသည္။
" ခင္ဗ်ားေရာ ဘာေသာက္မွာလဲ ??? "
ဝမ္းဟယ္႐ွန္း : " လိေမၼာ္ရည္ဆို ရပါတယ္ "
ေပၚယြီ လိေမၼာ္ရည္ကို နည္းနည္းခ်င္းစီ စုပ္ေသာက္လိုက္သည္။
" အလုပ္ကိစၥနဲ႔ ဟြားခ်န္ကို သြားမလို႔လား ??? "
ဝမ္းဟယ္႐ွန္းကမူ လိေမၼာ္ရည္ရဲ႕အရသာခ်ိဳခ်ိဳအား ေသာက္ေလ့ေသာက္ထ႐ွိဟန္မတူ။တစ္ငုံခန္႔ ငုံၾကည့္ၿပီးသည္ႏွင့္တစ္ၿပိဳင္နက္ မ်က္ေမွာင္ၾကဳတ္ကာ ထပ္မထိေတာ့။
" ေဖာက္သည္ေဟာင္းတစ္ေယာက္က ဟြားခ်န္ၿမိဳ႕႐ုံးခြဲနဲ႔ ျပသာနာတက္ေနတာ ၊ သူ႕ဆီလာေျဖ႐ွင္းေပးပါဦးေတာင္းဆိုေနလို႔ "
၀မ္းဟယ္႐ွန္းက ခပ္ျပဳံးျပဳံး။သူ႕ရဲ႕စိတ္ေနစိတ္ထားႏွင့္ စကားေျပာပုံဆိုပုံအမူအရာတို႔က ေ႐ွ႕ေနဆိုတာထက္ တကၠသိုလ္ဆရာတစ္ဦးႏွယ္။
ေပၚယြီ သူ ေက်ာင္းတက္တုန္းက အဲဒီလိုမ်ိဳးသူငယ္ခ်င္းတစ္ေယာက္႐ွိခဲ့ဖူးသည္။အေျပာအဆို ၊ အျပဳအမူ ၊ ေနာက္ခံအသိုင္းအဝိုင္း အကုန္အထက္တန္းက်႐ုံမက ဗဟုသုတက်ယ္ျပန္႔သည္။၎ႏွင့္ မည္သည့္အေၾကာင္းအရာျဖစ္ေစ ၊ ေျပာဆိုေဆြးေႏြးလိုက္တိုင္း စကားဝိုင္းက ပ်င္းရိေအးစက္ဖြယ္ေကာင္းသြားျခင္းမ႐ွိ။
ႏွေျမာစရာက ထိုသူငယ္ခ်င္းဟာ ဘြဲ႕ရသည္ႏွင့္ တ႐ုတ္ႏိုင္ငံကေန ေျပာင္းေ႐ြ႕သြားခဲ့သည္။
ယင္းအခ်ိန္က ေပၚယြီ သူတစ္ေယာက္တည္း အထက္တန္းေက်ာင္းတက္ရန္ အိမ္ကခြဲေနတုန္းမို႔ သူ ေပၚမိသားစုကမွန္း တစ္ဖက္သူငယ္ခ်င္းက မသိခဲ့ေခ်။
ဝမ္းဟယ္႐ွန္း : " ဘာေတြမ်ား ေငးေနတာလဲ ??? "
ေပၚယြီ သတိျပန္ကပ္လာကာ မ်က္ႏွာပူပူႏွင့္ ေျဖလိုက္သည္။
" သူငယ္ခ်င္းတစ္ေယာက္ကို ႐ုတ္တရက္ႀကီး စဥ္းစားမိသြားလို႔ပါ။ ခင္ဗ်ားတို႔ႏွစ္ေယာက္ဆီကရတဲ့ ခံစားခ်က္ႀကီးက ေတာ္ေတာ္ကိုတူတယ္ရယ္ "
၀မ္းဟယ္႐ွန္းက ေပၚယြီအား စကားဆက္ပါရန္ႏွင့္ သူ စိတ္မ႐ွိပါေၾကာင္း ေခါင္းဆတ္ျပသည္။
ေပၚယြီ : " အဲဒီသူငယ္ခ်င္းရဲ႕အိမ္မက္က ပညာေတာ္သင္သြားခ်င္တာတဲ့။ ခင္ဗ်ားတို႔က အရမ္းတူတာ။ ဒါနဲ႔ေလ ကြၽန္ေတာ္ နားမလည္တာက ဘာျဖစ္လို႔ ၀မ္း႐ွန္႔႐ွန္းအေနနဲ႔ ေ႐ွ႕ေနလုပ္ဖို႔ေ႐ြးခဲ့တာလဲ။ ကြၽန္ေတာ္သာ ခင္ဗ်ားဆိုရင္ တကၠသိုလ္မွာ ဆရာလုပ္ဖို႔ ေ႐ြးျဖစ္ခဲ့ေလာက္တယ္ "
၀မ္းဟယ္႐ွန္းက ေခတၱ မင္သက္သြားသည့္တိုင္ ေပၚယြီရဲ႕ဒိုးဒိုးေဒါက္ေဒါက္ မေျပမျပစ္စကားေတြကို စိတ္အေႏွာင့္အယွက္ျဖစ္ပုံမရ။
" ကြၽန္ေတာ္႕အိမ္မက္က ေက်ာင္းဆရာျဖစ္ခ်င္တာမွ မဟုတ္ဘဲ။ ေက်ာင္းေနဘ၀ဆိုတာေလးက ေကာင္းပါရဲ႕။ ဒါေပမယ့္ ကြၽန္ေတာ္႕အတြက္ ေက်ာင္းဆိုတာက လက္ေတြ႕ဘ၀ရဲ႕စက္ရက္မႈေတြကို အေမွာင္ဖုံးေပးထားတဲ့ ေနရာမ်ိဳးနဲ႔တူတယ္။ အဲဒီေလာက္ႀကီး ကာကြယ္ေပးထားဖို႔ လိုတယ္လို႔ ကြၽန္ေတာ္ မထင္ဘူး "
ေပၚယြီ : " ဒါဆို ၀မ္း႐ွန္႔႐ွန္းက ေ႐ွ႕ေနတစ္ေယာက္ရဲ႕စိတ္လႈပ္႐ွားစရာဘ၀မ်ိဳးကို သေဘာက်တာလား ??? "
၀မ္းဟယ္႐ွန္း : " ေ႐ွ႕ေနဘ၀က စိတ္လႈပ္႐ွားစရာေကာင္းတယ္လို႔ ဘယ္သူ ေျပာလဲ ??? "
ေပၚယြီက ဇေဝဇဝါ။
" ခင္ဗ်ားအလုပ္က လူေတြကို အျပစ္လုပ္ဖို႔ လြယ္တယ္ေလ။ ေနာက္ခံေတာင့္ေတာင့္မ႐ွိရင္ ဘယ္သူက ေ႐ွ႕ေနလုပ္မွာလဲ ??? "
ဝမ္းဟယ္႐ွန္းက ေျခာက္ကပ္ကပ္ ျပန္ေျဖသည္။
" အဲဒါ အမွန္မဟုတ္ရပါဘူးဗ်ာ။ ေပၚ႐ွန္႔႐ွန္း ေ႐ွ႕ေနအလုပ္ကို နားလည္မႈလြဲေနၿပီ "
ထို႔ေနာက္ ၀မ္းဟယ္႐ွန္း တစ္လုံးမွ် ထပ္မဟေတာ့။
ေလထုက စိမ္းသက္သက္။
ေပၚယြီ မေရမရာျဖစ္ေန၏ ၊ သူ အခုေလးတင္ ေျပာလိုက္တဲ့စကားက ႐ိုက္ေပါက္ျဖစ္ေနလို႔မ်ား ၀မ္းဟယ္႐ွန္း စိတ္ခုသြားတာလား ???
ေပၚယြီ စကားစဆြဲထုတ္ရန္ ျပင္လိုက္သည္။
" ဟုတ္ပါၿပီ ၊ ....... "
ဝမ္းဟယ္႐ွန္းကလည္း တစ္ခ်ိန္တည္း ဆိုလာသည္။
" အဲဒါ ........ "
ႏွစ္ေယာက္သား တစ္ဦးကိုတစ္ဦး အံ့ၾသစြာ ၾကည့္လိုက္ၾကသည္။
ေပၚယြီက ေ႐ွ႕မတိုးသာ ေနာက္မဆုတ္သာ အေျခအေနႀကီးကို ၿဖိဳခြဲသည့္အေနႏွင့္ အျပဳံးတစ္ပြင့္ကို ခ်ိတ္ဆြဲလ်က္ -
" ကြၽန္ေတာ္ ေျပာတာ ႐ိုင္းသြားတယ္။ ေတာင္းပန္ပါတယ္ "
၀မ္းဟယ္႐ွန္းက ေခါင္းယမ္းသည္။
" မဟုတ္တာ ၊ ကြၽန္ေတာ္ကိုယ္တိုင္ကိုက စကားေျပာမတတ္တာပါ။ ခင္ဗ်ားကို ေနရခက္ေအာင္ လုပ္လိုက္မိတယ္ "
ေပၚယြီ တစ္ဖက္လူ၏ ေဘးတေစာင္းမ်က္ႏွာကို ၾကည့္၍ 'လူႀကီးလူေကာင္းပဲ' ဟု မွတ္ခ်က္ခ်လိုက္သည္။
ဒါေပမယ့္ လူႀကီးလူေကာင္းကို အႏိုင္က်င့္ရတဲ့ ခံစားခ်က္ေလးကလည္း မဆိုးေပါင္ ......
.
.
.
.
.
.