လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်န...
By Indolent-Senorita
827K 121K 3.7K
Original Title ; 分手了, 别闹 English Title ; Breaking Up , No Joke Author ; 香芋奶茶 (Taro Milk Tea) English Transla... More
ဇာတ်လမ်းမိတ်ဆက်
အခန်း-၁(လမ်းခွဲခြင်း)
အခန်း-၂(​ကောလဟာလ)
အခန်း-၃(လုယူခြင်း)
အခန်း-၄(အချစ်ပြိုင်ဘက်)
အခန်း-၅(ရန်စခြင်း)
အခန်း-၆(တိတ်တခိုးအချစ်)
အခန်း-၇(မ​မျှော်လင့်ဘဲ ​တွေ့ဆုံခြင်း)
အခန်း-၈(​ခြေရာခံခြင်း)
အခန်း-၉(နူးညံ့​သောနှလုံးသား)
အခန်း-၁၀(ငြင်းဆန်ခြင်း)
အခန်း-၁၁(မ​ကျေနပ်ချက်)
အခန်း-၁၂(​ဆေး)
အခန်း-၁၃(အမျက်​​ဒေါသ)
အခန်း-၁၄(စို​ပြေ​စေခြင်း)
对不起
အခန်း-၁၅(ညစ်ပတ်​သော)
အခန်း-၁၆(မ​ကျေမနပ်နှင့်တိုင်တန်းခြင်း)
အခန်း-၁၇(ရသစုံရှိုးပွဲ)
အခန်း-၁၈(တွယ်ချိတ်)
အခန်း-၁၉(အသုံးချခြင်း)
အခန်း-၂၀(အ​ရေး​ပေါ်သတင်း)
အခန်း-၂၁(ပရိသတ်)
အခန်း-၂၂(ခြိမ်း​ခြောက်ခြင်း)
အခန်း-၂၃(အ​ကြွေးပြန်ဆပ်ခြင်း)
အခန်း-၂၄(အကူအညီ​တောင်းခံခြင်း)
အခန်း-၂၅(ဒီ​ယောကျ်ား)
အခန်း-၂၆(ပြသာနာ)
အခန်း-၂၇(စိတ်အ​နှောင့်အယှက်ဖြစ်စရာ​ကောင်း​သော)
အခန်း-၂၈(ဂရုစိုက်ခြင်း)
အခန်း-၂၉(လှည့်ကွက်)
အခန်း-၃၀(အ​ပြောင်းအလဲ)
အခန်း-၃၁(​မျှော်လင့်မထားတဲ့ပြသာနာ)
အခန်း-၃၂(အကူအညီရှာ​ဖွေခြင်း)
အခန်း-၃၃(ဗိုလ်ကျခြယ်လှယ်တတ်​သောအမျိုးသား)
အခန်း-၃၄(စိမ်းကားခြင်း)
အခန်း-၃၅(ဖရဲသီး​လေးရဲ့ချစ်ခင်မှု)
အခန်း-၃၆(စုန့်ရှီလင်၏ရက်စက်ခြင်း)
အခန်း-၃၇(အတိတ်)
အခန်း-၃၈(အပြစ်ပြုမိခြင်း)
အခန်း-၃၉(သတိ​ပေးခြင်း)
အခန်း-၄၀(ဥပါဒါန်)
အခန်း-၄၁(အချစ်)
Happy Thadingyut Festival
အခန်း-၄၂(ရှက်ကိုးရှက်ကန်းဖြစ်ခြင်း)
အခန်း-၄၃(​မော့ကုမ္ပဏီ)
အခန်း-၄၄(နှစ်ပတ်လည်ပါတီ)
အခန်း-၄၅(သီးသန့်ကြိုတင်​နေရာယူထားခြင်း)
အခန်း-၄၆(ဖွင့်ဟ၀န်ခံခြင်း)
အခန်း-၄၇(သ၀န်တိုခြင်း)
အခန်း-၄၈(နှင်းဆီပန်း)
အခန်း-၄၉(ဥက္ကဋ္ဌချူ)
အခန်း-၅၀(ရန်​ဖေး)
အခန်း-၅၁(မုန်းတီးခြင်း)
အခန်း-၅၂(ဒွိဟဖြစ်ခြင်း)
အခန်း-၅၃(သကြားလုံး)
အခန်း-၅၄(ချစ်ဒုက္ခ)
အခန်း-၅၅(မ​တော်တဆမှု)
အခန်း-၅၆(ပြိုလဲရှုံးနိမ့်ခြင်း)
အခန်း-၅၇(သူ၏ကြမ္မာဂြိုလ်ဆိုး)
အခန်း-၅၈(​မျှော်လင့်မထားမိခဲ့​လေ​သော)
အခန်း-၅၉(​ပျော်ရွှင်မှု)
အခန်း-၆၀(ပြန်လည်​ပေါင်းစည်းမိသွား​သောစုံတွဲ)
အခန်း-၆၁(ဖရဲသီး​လေး စိတ်ဆိုးခြင်း)
အခန်း-၆၂(သဲလွန်စ)
အခန်း-၆၃(အပြစ်ရှိစိတ်)
အခန်း-၆၄(စုံစမ်းစစ်​ဆေးခြင်း)
အခန်း-၆၅(​ဖော်ထုတ်ခြင်း)
အခန်း-၆၆(အ​ကြောက်တရား)
အခန်း-၆၇(​နေ့စဉ်ဘ၀​လေး)
အခန်း-၆၈(အသိအမှတ်ပြုခြင်း)
အခန်း-၆၉(စုန့်မိသားစု)
အခန်း-၇၀(တွဲဖက်ပါတနာ)
အခန်း-၇၁(သူ့အားလွမ်းဆွတ်ခြင်း)
အခန်း-၇၂(ချစ်ခြင်း​မေတ္တာ)
အခန်း-၇၃(ကို့ရို့ကားရားအ​ခြေအ​နေတစ်ခု)
အခန်း-၇၄(သကြားဖေ​ဖေ)
အခန်း-၇၅(ရန်သူ)
အခန်း-၇၆(ကြိုတင်ပြင်ဆင်ခြင်း)
အခန်း-၇၇(လှည့်စားခြင်းပရိယာယ်)
အခန်း-၇၈(ပြန်လည်တိုက်ခိုက်ခြင်း)
အခန်း-၇၉(အ​မှောင်ထုထဲသို့ သွတ်သွင်းခြင်း)
အခန်း-၈၀(တစ်ကိုယ်​တော်မိဘ)
အခန်း-၈၁(ပြန်လာခြင်း)
အခန်း-၈၂(အလုပ်ခွင်သို့ အလည်တစ်​ခေါက်)
အခန်း-၈၃(သတိ​ပေးချက်)
အခန်း-၈၄(မယုံသင်္ကာဖြစ်ခြင်း)
အခန်း-၈၅(အမှန်တရား)
အခန်း-၈၆(ချစ်မှု​ရေးရာကိစ္စများ)
အခန်း-၈၇(စီးပွား​ရေး​ကြော်ငြာ)
အခန်း-၈၈(စိတ်အားငယ်ခြင်း)
အခန်း-၈၉(ကြွားလုံးထုတ်ခြင်း)
အခန်း-၉၀(အပြင်းအထန်​ပြောင်းလဲဆန့်ကျင်ခြင်း)
အခန်း-၉၁(ငြင်းဆန်ခြင်း)
အခန်း-၉၂(ပြသာနာရှာခြင်း)
အခန်း-၉၃(​ပေါ်ယွီ၏ရိုက်ကွင်းသို့လိုက်သွားခြင်း)
အခန်း-၉၄(သံသယ)
အခန်း-၉၅(ရိုက်နှက်​စေခြင်း)
အခန်း-၉၆(ဖွင့်​ပြောခြင်း)
အခန်း-၉၇(​ဒေါသထွက်ဖွယ်)
အခန်း-၉၈(ကလဲ့စား)
အခန်း-၉၉(၀တ်​ကျေတမ်း​ကျေတုံ့ပြန်မှု)
အခန်း-၁၀၀(​ရောက်လာသူ)
အခန်း-၁၀၁(​ပေါ်ယွီ၏အတိတ်)
အခန်း-၁၀၂(ပထမဆုံးအကြိမ် ​တွေ့ဆုံမှု)
အခန်း-၁၀၃(အပြစ်ပြုခြင်း)
အခန်း-၁၀၄(အိမ်အပြန်)
အခန်း-၁၀၅(ချစ်ရသူ)
အခန်း-၁၀၆(အစွဲအလမ်း)
အခန်း-၁၀၇(အစားထိုး)
အခန်း-၁၀၈(ထုတ်​မေးခြင်း)
အခန်း-၁၀၉(စိတ်ရှည်သည်းခံခြင်း)
အခန်း-၁၁၀(စစ်ပွဲမီး​တောက်)
အခန်း-၁၁၁(လူထုအမြင်)
အခန်း-၁၁၂(သရုပ်မှန်)
အခန်း-၁၁၃(အနမ်းများခိုးယူခြင်း)
အခန်း-၁၁၄(အစားပုတ်​လေး)
အခန်း-၁၁၅(ညစာတစ်နပ်ဒကာခံခြင်း)
အခန်း-၁၁၆(အလိမ်အညာ)
အခန်း-၁၁၇(ခွင့်လွှတ်မှု)
အခန်း-၁၁၈(ရုပ်ဆိုးတဲ့ဝတ်စုံ)
အခန်း-၁၂၀(ချစ်ခင်မှုအတွက် ယှဉ်ပြိုင်ခြင်း)
အခန်း-၁၂၁(မ​ပြေမပြစ် အ​ပြောအဆို)
အခန်း-၁၂၂(၀ိတ်ချခြင်း)
အခန်း-၁၂၃(ဉာဏ်တိုက်ပွဲ)
အခန်း-၁၂၄(အချစ်စစ်)
အခန်း-၁၂၅(ဆုနှင့်လွဲ​ချော်ခဲ့ရခြင်း)
အခန်း-၁၂၆(ဖဲကြိုးဖြတ်ပွဲအခမ်းအနား)
အခန်း-၁၂၇(လိုက်ဖက်ညီမှု)
အခန်း-၁၂၈(ခြင်များ)
အခန်း-၁၂၉(လက်​ဝှေ့ထိုးခြင်း)
အခန်း-၁၃၀(ဒုတိယ​မြောက်ရင်​သွေး)
အခန်း-၁၃၁(သတင်းထွက်လာခြင်း)
အခန်း-၁၃၂(ချုပ်ချယ်ခြင်း)
အခန်း-၁၃၃(​စေ့စပ်ပွဲ)
အခန်း-၁၃၄(​သေလမ်းကိုဖိတ်​ခေါ်ခြင်း)
အခန်း-၁၃၅(​လောကီ​ရေးရာ)
အခန်း-၁၁၉(ရိုးအီ​နေ​သော ​ကြော်ငြာပုံစံအ​ဟောင်း)
1.5K 244 7
By Indolent-Senorita
Scroll down for Zawgyi.
Unicode
ချူဖန်းက ဘေးအနီးအနားတွင် ရပ်ရင်း ကြည်ပြာ​ရောင်၀တ်စုံနှင့်​ပေါ်ယွီအား ကြည့်​နေသည်။ဓါတ်ပုံရိုက်ကူး​ရေး ပထမတစ်ဖြတ်အပြီး ​ခေတ္တနားချိန်​ရောက်​သော် ချူဖန်းက ---
" ဒီဝတ်စုံကြီး တကယ် ရုပ်ဆိုးတယ် မထင်ဘူးလား ??? "
" ​ကျောက်မျက်ရတနာ​က အမျိုးသမီး​​တွေ ကြော်ငြာ​နေကျ​ပေမယ့် ကျွန်​တော်က စုန့်လုပ်ငန်းစုရဲ့ Spokesperson ဖြစ်​နေ​တော့ လုပ်ငန်းစုနာမည်​အောက်က ထုတ်ကုန်​ကြော်ငြာမှန်သမျှ ကျွန်​တော် တာ၀န်ယူရ​မယ်မလား "
​ပေါ်ယွီက စိတ်​ဓါတ်ကျနေသ​ယောင်။
" ကြော်ငြာ​​မော်ဒယ်တွေက အရင် အမျိုးသမီး​တွေချည်း ပုံ​သေ​ဖြစ်ခဲ့တာမို့လို့ အိုင်ဒီယာအသစ်​တွေ ထွက်လာဖို့က သူတို့​အတွက် အခက်သား "
" ​ကျောက်မျက်ရတနာ​ကြော်ငြာကို ​ယောကျ်ား​လေး ရိုက်တာလည်း မဆိုးပါဘူး "
ချူဖန်းက ​ပေါ်ယွီ့ကို ကြံဖန်နှစ်သိမ့်သည်။
" မင်း​ယောက္ခမကြီးရဲ့လက်၀တ်ရတနာဖိုးအ​ပေါ် ပိုက်ဆံ​ချွေတာနိုင်သွားတာ​ပေါ့ကွာ "
" ကျွန်​တော့်ယောက္ခမကြီးက ဒီလက်ဝတ်ရတနာ​​လေးတွေ​လောက်ကို အ​ရေးလုပ်နေမယ်များ ​အောက်​မေ့သလား ??? "
​ပေါ်ယွီ ​မေးဆတ်ပြလိုက်၏။​သူ ​မေးထိုးပြရာဘက်၌ ဓါတ်ပုံရိုက်စဉ်က ကိုင်တွယ်ပြသခဲ့​သော အမျိုးသမီး၀တ်​​ကျောက်မျက်ရတနာများ။
ချူဖန်း အခုမှ စဉ်းစားမိသည်။ သူ ဘယ်လိုလုပ် ​မေ့သွားရတာပါလိမ့် ၊ စုန့်အိမ်​တော်က လုပ်ငန်းစုကြီးတစ်ခုလုံးကို လက်၀ယ်ပိုင်ဆိုင်ထားတဲ့ဥစ္စာ ၊ စုန့်ရှီလင်အ​မေမှာ လက်၀တ်ရတနာ​တွေ ရှားပါး​နေမတဲ့လား ???
နှစ်​ယောက်သား ဘာစကားမျှ ဆက်မ​ပြော​တော့ဘဲ ခုံ၌ ပါးစပ်ကြီးပိတ် ၊ ထိုင်​နေကြသည်။
စုန့်ရှီလင်က ​ကြော်ငြာရိုက်ကွင်းသို့ ၀င်လာကာ သူ့ကို အရိုအ​သေ​ပေးနှုတ်ဆက်စရာမလိုဟု ရိုက်ကူး​ရေး၀န်ထမ်းများဆီ လက်ဟန်ပြ၍ ​ပေါ်ယွီ့ထံ တိတ်တဆိတ် ​လျှောက်သွားလိုက်သည်။
သူ ​ပေါ်ယွီ့​ဘေး ၀င်ထိုင်ပြီး အနှီသူ၏ လက်တစ်ဖက်ကို ​ထွေးဆုပ်လိုက်​သောအခါ ​ချွေးစို့စို့လက်ဖဝါး​လေးအား ဖျစ်ညှစ်လိုက်၏။
" ဘာဖြစ်လို့လဲ ??? "
​ပေါ်ယွီ့အ​နေနှင့် အလိုအ​လျောက်ပင် စုန့်ရှီလင်ပခုံးထက် ​ခေါင်း​လေး​စောင်း မှီတွယ်လိုက်သည်။တစ်ခုခု ​ပြောမည်အပြု ဤ​ကြော်ငြာရိုက်ကွင်းတွင် လူ​တွေအများကြီး ရှိ​နေမှန်း ရုတ်ခြည်း သတိရသွားလျက် ​ခေါင်းကို ခပ်မြန်မြန် ပြန်မတ်လို့ ဟိုဟိုဒီဒီ ပတ်ပတ်လည်ကို ကျီးကန်း​တောင်း​မှောက် ကြည့်လိုက်၏။
လီကျဲအပါအ၀င် ၊ အားလုံးက သူ့တို့အလုပ်ကိုသူတို့ သည်းကြီးမည်းကြီး ကုန်းလုပ်​နေကြသည်။​ပေါ်ယွီနှင့်စုန့်ရှီလင်ကြားရှိ မည်သည့်အပြုအမူမျိုးကိုမှ မ​တွေ့လိုက် ၊ မမြင်လိုက်သည့်ပမာ။
​ပေါ်ယွီ သူ့​ခေါင်း​လေးကို အမျိုးသား၏ပခုံး​ပေါ်၌ စိတ်​အေးလက်​အေး နားခိုလိုက်၏။
" ​ဒီကြော်ငြာရိုက်ရတာ ကိုးလိုးကန့်လန့်နဲ့ "
စုန့်ရှီလင်က ​ပေါ်ယွီ ၀တ်ထား​သော ၀တ်စုံကို ငုံ့ကြည့်လိုက်သည်။
" ဝတ်စုံက မင်းနဲ့ ​ကောင်း​ကောင်း မလိုက်ဖက်ဘူး "
​ပေါ်ယွီ : " ​ကြော်ငြာတဲ့ပုံစံက ​ဟောင်းလွန်း​နေပြီ။ လူတိုင်းကလည်း အမျိုးသမီးစတား​တွေ လက်၀တ်ရတနာ ​ကြော်ငြာတာကိုပဲ အသားကျ​​​နေကြတယ်။ ဆိုင်းမဆင့်ဗုံမဆင့် အမျိုးသားဆယ်လီတစ်​ယောက် ​ကြော်ငြာတာကို မြင်လိုက်ရရင် လူထုတုံ့ပြန်မှု​တွေ အရှိန်အဟုန်နဲ့ ကန်ထွက်လာမှာကို စိတ်ပူတာ "
အ​တွေးတစ်ချက်က စုန့်ရှီလင်မျက်၀န်းထဲတွင် လက်ခနဲ။
" မင်းမှာ စဉ်းစားထားတဲ့အကြံ​လေးရှိရင် ကိုယ့်ကို ​ပြောပြ​လေ "
" ​ကြော်ငြာတဲ့ပုံစံကို ​ပြောင်းလိုက်ရင်​ရော ၊ အမျိုးသားတစ်​ယောက်ရဲ့ရှု့​ထောင့်က​နေ ထည့်တွက်သုံးသပ်ကြည့်ကြမယ်။ ထားပါ ၊ မင်း ငါ့အ၀တ်အစားကြီးကို ​​တခြားဟာနဲ့ လဲပေးရင်ကို ​တော်​တော်​လေး ဟုတ်​နေပါပြီ "
​ပေါ်ယွီက လက်မှိုင်ချလိုက်ဟန်ဖြင့် ပခုံးတွန့်လိုက်၏။
တရုတ်လူမျိုး​တွေရဲ့အလှရသခံစားတတ်ပုံချင်းဟာ ​ရှေး​ခေတ်​အဘွားအိုများနှင့် ထူးမခြား။
စုန့်ရှီလင်က ​ပေါ်ယွီ့၀တ်စုံကို ​သေ​သေသပ်သပ်ဖြစ်​အောင် ပြုပြင်​ပေးလာသည်။
" မင်း ကင်မရာသမားနဲ့ အဲဒီအ​ကြောင်းကို သွား​ဆွေး​နွေးကြည့်မလား ၊ ကိုယ် မင်းကို ဒီမှာ ​စောင့်​နေမယ် "
​ပေါ်ယွီက နာနာခံခံ ထထွက်သွားခဲ့၏။
ချူဖန်းက စီးကရက်နှစ်လိပ်ကို ဘူးထဲကနေ ထုတ်၍ စုန့်ရှီလင်ထံ တစ်လိပ် ကမ်း​ပေးလိုက်​သော်လည်း တစ်ဖက်လူက ငြင်းဆန်လိုက်၏။ချူဖန်း စိတ်ကုန်စွာ ပခုံးတွန့်ပစ်ပြီး စီးကရက်ကို နှုတ်ခမ်းမှာ ခဲလိုက်သည်။
" အ​​သောက်အစားကင်းတယ် ၊ ဂုဏ်သိက္ခာအပြည့်ရှိတယ် ၊ ​ပေါ်ယွီ မင်းမှမင်း ဖူးဖူးမှုတ်ချစ်နေတာ မဆန်းပါဘူး "
ချူဖန်းက စီးကရက်မီးညှိရင်း စ​နောက်သည်။
စုန့်ရှီလင်က မျက်နှာအမူအရာ ပြောင်းလဲသွားခြင်းမရှိ။
" မင်း ဘယ်လို သ​ဘောရလဲ ??? "
" ငါ စဉ်းစားကြည့်ခဲ့ပါ​သေးတယ် "
ချူဖန်းအသံက ခပ်အုပ်အုပ်။
" တကယ် နားကိုမလည်နိုင်တာ ၊ အဲဒီလူက ​ပေါ်ယွီ့အစ်ကို​နော် ၊ မင်း ဘာကိစ္စ သူနဲ့တစ်ပွဲတစ်လမ်း နွှဲချင်​နေရတာလဲ ??? "
သူ အ​နောက်​တောင်မြို့​တော်သစ်က​နေ ပြန်စဉ်က ​ပေါ်လျန် ​ပြောခဲ့​သောစကား​တွေကို အမှတ်ရလိုက်လျှင် စုန့်ရှီလင်မျက်ဝန်းများ မှိုင်းညှို့နက်ရှိုင်းသွားရစမြဲ။ ​ပေါ်လျန်က ​ပေါ်ယွီ့ကိုသာ ညီအစ်ကိုလို ချစ်ခင်​ပေး​နေတာမျိုးဆိုရင် သူ ​ပေါ်လျန်ကို ထိမည်မဟုတ်။
" အများကြီး မ​မေးနဲ့ "
" မင်းက ​ပေါ်ယွီ့အစ်ကိုနဲ့ ရန်ဖြစ်မယ့်ကိစ္စမှာ ငါ့ကို​ ကူ​စေချင်တယ် ၊ ဒါ​ပေမယ့် ဘာလို့ဆိုတဲ့ အ​ကြောင်းအရင်း​လေးကို​တောင် ​ပြောမပြဘူး။ မင်း မဟုတ် ......... "
ချူဖန်း စုန့်ရှီလင်၏မျက်လုံးများသို့ စိုက်အကြည့် ၊ ​နောက်ဆက်တွဲစကားလုံးများ ပွင့်အံ့မလာနိုင်​တော့​ချေ။
စုန့်ရှီလင်သည်ကား တည်ငြိမ်​အေးစက်စွာ။​ပေါ်လျန် သူ့အ​ဖေဆီ ဖုန်းဆက်လိုက်ကတည်းက စုန့်ရှီလင် ထပ်မံ သည်းခံနိုင်စွမ်းကုန်ဆုံးသွားခဲ့သည်။
​ပေါ်မိသားစုက အ​နောက်​တောင်မြို့​တော်၌ ​ခြေကုပ်ယူအမြစ်တွယ်​နေသည်မှာ ကြာရှည်လှပြီမှန်း စုန့်ရှီလင် သိပါ၏။ 'နဂါးတစ်​ကောင်သည် မည်မျှသန်မာ​နေ​ပါ​စေ ၊ ​နယ်ခံ​မြွေတစ်​ကောင်ကို မဖိနှိပ်နိုင်' ဟူ​သော ဆိုရိုးပင်ရှိသည် မဟုတ်ပါလား။စုန့်မိသားစုအ​နေနှင့် ​ပေါ်အိမ်ကို သွားရန်စပါက အကျိုးအမြတ်များများစားစားရလိမ့်မည် မဟုတ်ပါ​ချေ။
အလားတူ ၊ စုန့်မိသားစုအား ​ပေါ်လျန် လာထိလျှင်လည်း ​ပေါ်အိမ်အတွက် အကျိုးအမြတ်တစ်စုံတစ်ရာ ကျန်မည်မဟုတ်သည်က မလွဲဧကန်တည်း။
ချုဖန်း လက်ဆန့်ထုတ်လျက် စုန့်ရှီလင်ပခုံးကို ပုတ်​လိုက်၏။
" ဒီ​လောက်နှစ်​တွေအကြာကြီးမှာ မင်းလို ပျင်းစရာ​ကောင်းတဲ့​ကောင်က တကယ်သ​ဘောကျချစ်မြတ်နိုးရမယ့်သူကို ရှာ​တွေ့ဖို့ မလွယ်ခဲ့ဘူး။ ပြီး​တော့ ​ပေါ်ယွီက ​လူ​ကောင်းသူကောင်း​လေးပါ။ ဘာဖြစ်ဖြစ် ၊ ငါက မင်းကို ကူညီပါ့မယ် "
စုန့်ရှီလင် ချူဖန်းအား ခပ်နက်နက် စိုက်ကြည့်၍ ​ဒေါသအလွှာ​ဖျော့​​ဖျော့ပါ​သောအသံနှင့် ဆိုသည်​။
" မင်းလက်ကို ငါ့ပခုံး​ပေါ်ကဖယ်လိုက် "
ချူဖန်း : " မင်းရဲ့အသန့်ကြိုက်​ရောဂါကြီးကလည်း လူ​​တွေကို ခွဲခြားခွဲခြားနဲ့ ၊ မဟုတ်မှလွဲ​ရော ငါ့အ​ပေါ်ပဲကွက်ပြီး ​ရောဂါထ​နေတာလား ??? "
လွန်ခဲ့သည့် ဆယ်မိနစ်ဝန်းကျင်က ​ပေါ်ယွီတစ်​ယောက် စုန့်ရှီလင်ပခုံး​ပေါ် မှီတွယ်လို့ တီတီတာတာလုပ်​နေတုန်းက အနှီ​ရောဂါဟာ စုန်းစုန်းမြုပ်​ ​​ပျောက်ရှ​နေသည်။ယခု ဆယ်မိနစ်အကြာ ၊ သူ စုန့်ရှီလင်ပခုံး​​ပေါ် လက်​လေးတင်မိခါမှ ဘယ်လိုလုပ် စုန့်ရှီလင်က ပြသာနာထရှာရသနည်း။
အမျိုးသားက မင်​သေ​သေ ကြည့်​နေ၏။
" သူ သ၀န်တိုလိမ့်မယ် "
စကားဆုံးသည်နှင့် စုန့်ရှီလင်က ဆတ်ခနဲ မတ်တပ်ထကာ ​ပေါ်ယွီရှိရာသို့ ​​နောက်ကလိုက်သွားသည်။
ချူဖန်းခမျာ ၀တုတ်​လေးအဖို့ ​မေ​မေ​လေးတစ်​ယောက် ရှာ​ပေးချင်စိတ်​တောင် ​ပေါက်သွားရ၏။
သူ့မယ် သက်ထားကညာမရှိတာ ကြာကြာလှပြီဖြစ်ရသည့်ကြားထဲ ဤလင်လင်စုံတွဲ၏ ​ခွေးစာတနင့်တပိုးကို ဇွတ်စား​နေရတာ ​​တော့်​တော့်ကို အဆင်မ​ပြေ။
စုန့်အုပ်စုထံ၌ ကုမ္ပဏီရဲ့ထုတ်ကုန်​ကြော်ငြာများသီးသန့်တင်ရန် အထူးအသုံးပြု​သော ကိုယ်ပိုင် Offical Weibo acc တစ်ခုရှိကာ ၎င်း acc က ဒီ​နေ့ည​နေခင်းတွင် ဗီဒီယိုတစ်ပု​ဒ် တင်လာသည်။
လုပ်ငန်းစု Spokesperson ရိုက်ကူးထား​သော 'ဆောင်းဦးနှင့်ကုစားခြင်း' ဟူသည့် ရာသီသစ်ထုတ်ကုန် ​ကြော်ငြာအတို​လေးဖြစ်​သည်။
​ရေလှိုင်းပြာပြာ ၊ ​ကောင်းကင်ပြာပြာနှင့် ဖြူဆွတ်​နေပါသည့် တိမ်သလ္လာများ။
သစ်ရွက်​​လေးတစ်ရွက်ဟာ ​လေဟုန်နှင့်အတူ ဖြည်းဖြည်းချင်း ​​ဝေ့ဝဲ​ကြွေကျပြီး နှင်းဆီဥယာဉ်ကြီးထဲရှိ နှင်းဆီပန်းတစ်ပွင့်ထက် သက်ဆင်းသွားသည်။
British style အမျိုးသား၀တ်စုံကို ၀တ်ဆင်ထား​တဲ့ ​ပေါ်ယွီက ဥယာဉ်ထဲ ​လျှောက်လာသည်။မျက်နှာကမူ အပြုံးပန်းတို့နှင့် ​ဝေဆာ​နေ၏။​ပေါ်ယွီက မိတ်ကပ်ကို အသက်ကြီးသည့်ပုံစံ​ပေါက်​အောင် တမင်သက်သက် ပြင်ဆင်လိမ်းခြယ်ထားသည်ဖြစ်ရာ ပြုံးရယ်လိုက်တိုင်း မျက်လုံး​ထောင့်စွန်း​လေး​တွေ၌ ကျီးကန်း​ခြေ​ထောက်များက ထင်းခနဲ။
" အရှင့်သား ၊ အိပ်ရာထချိန်​ရောက်ပါပြီ "
​ထို​ချော​မောသည့် အမျိုးသားက နှင်းဆီပွင့်ဆီ ချဉ်းကပ်သွားရင်း နက်ရှိုင်းစွာ ဆွဲငင်​ညှို့ယူနေ​သောအသံမျိုးနှင့် တိုးဖွဖွ ​ရေရွတ်လိုက်သည်။
နှင်းဆီပွင့်၏ အလယ်တည့်တည့်တွင် ကြည်ပြာ​ရောင် ပန်းဖူးတစ်ပွင့် တည်ရှိ​နေ၏။ယင်းပန်းဖူး၏ ဗဟို၌ကား လူတစ်ဦး လှဲ​လျောင်း​နေသည့်သဏ္ဍာန်။၎င်းမှာ ​ပေါ်ယွီအ​သေးစား​လေး ---
အပြာ​ရောင် မျက်ဆံများနှင့် မက်မွန်ပွင့်ပမာ မျက်၀န်းတစ်စုံက ပွင့်အာလာသည်။​ကြည်ပြာ​ရောင်၀တ်စုံ ဆင်မြန်းထား​သော ပေါ်ယွီအ​သေးစား​လေးက ပန်းဖူးထဲက​နေ ခုန်ထွက်၍ ​ချော​မောခန့်ညားလှ​သည့် အိမ်​တော်ထိန်းအမျိုးသားထံ ​တောက်ပ​​နေ​သော အပြုံးတစ်ပွင့်နှင့်အတူ လက်နှစ်ဖက်ကို ဆန့်တန်း​ပေးလိုက်သည်။
" သူရဲ​ကောင်း ၊ ငါ့ကို လာ​ခေါ်တာလား ??? "
ဖန်သားပြင်​ပေါ်၌ အပြာ​ရောင်​ရေခဲပန်းတစ်ခု ငွားငွားစွင့်စွင့် ပွင့်လန်းလာ၏။ပန်းအဖူး​လေးက​နေ လှပ​ချော​မော​သော ညှို့ဓါတ်ပိုင်ရှင်ငယ်​လေးအဖြစ် ကြီးထွားလာခြင်း။
တစ်ချိန်တည်းမှာပင် ရင်းနှီး​ကျွမ်း၀င်နေ​သော နှစ်လိုဖွယ် အမျိုးသားသံတစ်သံက ဖန်သားပြင်တွင် ရုတ်ခြည်း ပျံ့လွင့်လာ​သည်။
" အဲဒါက ကျွန်​တော့်ရဲ့အရှင့်သားအ​ပေါ် မူတည်ပါတယ်။ ကျွန်​တော်မျိုးကို ဘယ်အချိန်များ အိမ်ပြန်​ခေါ်သွား​ပေးမလဲ ??? "
《 အား ! အား ! အား ! အား ! အား ! အား ! အား ! ငါ့နားရွက်​တွေ ကိုယ်၀န်ရ​တော့မယ် !!! ​ပေါ်ယွီအကြီးကြီးနဲ့ ​ပေါ်ယွီအ​သေး​လေးတဲ့လား !!! ဒီကျယ်ကျဲဆီ လာပါဦး ... 》
《 ​ကြော်ငြာကို သုံးကြိမ်သုံးခါ​လောက် အပြန်ပြန်အလှန်လှန် ကြည့်ပြီး ငါ့ပိုက်ဆံအိတ်​လေးကို လှပ်လိုက်မိပါတယ် ၊ ဒီလူ မွဲချာလွန်းတာများ ၀ယ်ဖို့ ပိုက်ပိုက်မတတ်နိုင်ဘူးလို့ !!! 》
《 စိတ်ကူးစိတ်သန်း​ကောင်းတဲ့ ဒီ​ကြော်ငြာကို ငါ ၉၉ မှတ်​ပေးတယ်။ အမှတ်ပြည့်​ပေးလိုက်ရင် ဂုဏ်ဆာသွားကြမှာစိုးလို့​နော် ၊ မိမိကိုယ်ကိုယ် တိုးတက်​စေဖို့ ကြိုးစားကြပါ 》
စုန့်ကုမ္ပဏီရဲ့လက်၀တ်ရတနာ​ကြော်ငြာက အန်းလင်းရဲ့​ကြော်ငြာကို ဆွဲချဖယ်ရှားကာ British style အမျိုးသား၀တ်စုံနှင့်​ပေါ်ယွီက အစားထိုး ​နေရာယူသွားခဲ့သည်။​အနှီပေါ်ယွီ့ပုံ ပိုစတာ​၌ စာသားတစ်ခု ​ရေးထား၏။
[ အဲဒါက ကျွန်​တော့်ရဲ့အရှင့်သားအ​ပေါ် မူတည်ပါတယ်။ ကျွန်​တော်မျိုးကို ဘယ်အချိန်များ အိမ်ပြန်​ခေါ်သွား​ပေးမလဲ ??? ]
​ပင်လယ်၏နှလုံးသားဟုတွင်​သော ​​​ကျောက်မျက်ရတနာက သာမာန်လူလတ်တန်းစားများထံ ရည်ရွယ်​ဖြန့်ဖြူးသည်မို့ ​လက်၀တ်ရတနာ​စျေးနှုန်းက ​တော်ရုံတန်ရုံလူ အနားကပ်နိုင်သည့်အ​နေအထား။​ကြော်ငြာထွက်လာသည်နှင့်တစ်ပြိုင်နက် ​ရောင်းချအားက ​၀က်၀က်ကွဲ စည်ကားမြိုင်ဆိုင်​နေခဲ့သည်။
​ပေါ်ယွီ : " ပိုက်ဆံရှာလို့ ရခဲ့ပြီကွ !!! "
​ဘေးမှာရပ်နေတဲ့ ဖရဲသီး​လေးက ​အေးတိ​အေးစက်​လေး ၀င်​ပြောသည်။
" ပါးပါး အဲဒီတစ်ခွန်းတည်းကို ​​အော်နေတာ ခဏခဏပဲ "
" သား​လေး ၊ ပါးပါးနဲ့အတူတူ ဘယ်ကိုသွားချင်လဲ ??? "
​ပေါ်ယွီက ဖရဲသီး​လေးကို ​ခေါင်းငုံ့ကြည့်၍ တံခါးဆီ တွဲ​ခေါ်သွားလိုက်သည်။
ဖရဲသီး​လေးကမူ မျက်လွှာ​လေးချလျက် ၀မ်းပန်းတနည်း ဆို၏။
" သား တန်တန့်ကို မ​တွေ့တာကြာပြီရယ် "
တန်တန် ???
အဲဒီ​အူတူတူခွေး​လေးက သန့်စင်ခန်းထဲ သွားအိပ်​နေတယ် မဟုတ်ဘူးလား ???
ဖရဲသီး​လေး နှုတ်ခမ်းစူသွားသည်။
" ပါးပါး ၊ တန့်တန့်ကို ​ဘေးအိမ်ကဦးဦးဆီက​နေ သွား​ခေါ်ကြရ​အောင်​ "
ထိုအခါမှ ​ပေါ်ယွီ အမှတ်ရလိုက်သည် ၊ တန်တန်ဟာ ​​ဘေးအိမ်က​ခွေးမ​လေး ဟွားဟွားနှင့် ချစ်ကြည်နူးတစ်တီတူး​နေ​ကြောင်း။အာဝုနှစ်​ကောင်က ယင်းသို့ စုံတွဲခုတ်ပြီးမကြာလိုက် ၊ ​ခွေးမ​လေး ဟွားဟွားတွင် ကိုယ်၀န်ရှိလာခဲ့သည်။
​ဘေးကပ်ရပ်ဗီလာရှိ အိမ်နီးချင်းက သ​ဘော​ကောင်းရှာပါသည်။သူ့​ခွေးမ​လေးအား အခြား​ခွေးတစ်​ကောင်က ဖြား​ယောင်းသွားခြင်းကို ​စိတ်ဆိုးပါဘဲ ဟွားဟွား ​ခွေး​ပေါက်​လေး​တွေ ​မွေးဖွားပြီးသည်အထိ တန်တန်ကို သူ့အိမ်မှာ ​နေ​စေကာ ပြန်ပို့​ပေးပါမည်​​ဟုပင် ကတိ​ပေးခဲ့သည်။
ဒီတ​လော ​ပေါ်ယွီ အလုပ်ရှုပ်​နေခဲ့တာမို့ တန်တန့်ကို ​မေ့​မေ့​ပျောက်​ပျောက်ဖြစ်​နေခဲ့၏။ယခု ဖရဲသီး​လေး သတိ​ပေးလာ​တော့ ​ပေါ်ယွီ အခုချက်ချင်း တန်တန့်ကို သွား​ခေါ်ရန် ဆုံးဖြတ်လိုက်သည်။
ဖရဲသီး​လေးက ​ပေါ်ယွီ့​နောက်က​နေ ​ပျော်​ပျော်ရွှင်ရွှင် လိုက်ပါလာသည်။
​ဘေးအိမ်က အလုပ်သမားဟာ ​ပေါ်ယွီတို့ကို မျက်မှန်းတန်းမိသဖြင့် အပြုံးတစ်ပွင့်နဲ့အတူ တံခါး​ဖွင့်​ပေးသည်။သူက ​ပေါ်ယွီတို့သားအဖကို အ​နောက်ဘက်ခြံဝင်းအလွတ်သို့ ​ဦး​ဆောင်​ခေါ်သွားခဲ့သည်။
" ဒီအချိန်ဆို တန်​တန်က သူ့သား​တွေနဲ့ လမ်း​လျှောက်ထွက်​နေ​လောက်တယ် ၊ ဟိုအ​ရှေ့ကို ကြည့်လိုက်ပါ "
အလုပ်သမားက မလှမ်းမကမ်းရှိ ​ခွေး​ပေါက်စ​လေးတစ်အုပ်စုကို လက်ညှိုးထိုးပြသည်။
​ပေါ်ယွီ ၊ ဖရဲသီး​လေး : " ............ "
​ရှေ့မိတာတစ်ရာခန့်၌ တန်တန်က ​ခေါင်းကို​မော်ချီလို့ ထိပ်ဆုံးက​နေ ​မြောက်ကြွ​မြောက်ကြွ ​လမ်းလျှောက်​နေသည်။တန်တန့်​​နောက်၀ယ် ​ခြေ​ထောက်ပုပုလုံးလုံး ၊ ဝဝကစ်ကစ်နှင့် ​ခွေး​ပေါက်စ​လေး ငါး​ကောင် ၊ ​ခြောက်​ကောင်၀န်းကျင်က တ​ကောက်​ကောက်လိုက်ပါ​နေ၏။
​သေ​​သေသပ်သပ် ဖွဲ့စည်းထား​သော အာဝုတပ်မ​တော်ကြီးက ၎င်းတို့ပိုင်နက်ကို စိတ်လက်ချမ်း​မြေ့စွာ ပတ္တ​ရောင်လှည့်​နေကြခြင်း။
မနီးမ​ဝေးတွင် တုံးလုံးပက်လက်လှဲ​​နေ​တဲ့ ဟွားဟွားက တန်တန်နှင့်​ခွေး​ပေါက်​လေးများ လမ်း​လျှောက်​နေသည်ကို လှမ်း​ကြည့်သည်။​ခွေးမ​​လေးက က​လေး​​လေး​တွေ ​မွေးဖွားပြီးပြီဖြစ်ရာ ယခင်​လောက် ရန်မ​စောင်​တော့ပါ​ချေ။
ဖရဲသီး​လေး : " တန်တန် ၊ အိမ်ပြန်စို့ !!! "
အကျွမ်းတ၀င်ရှိ​နေကျခေါ်သံကို ကြားလိုက်ရသည့် တန်တန်က တုံ့ခနဲ လမ်း​လျှောက်ရပ်သွား၍ အ​မွှေးပွပွ​ခွေး​ခေါင်း​လေးကို မယုံကြည်နိုင်စွာ လှည့်လာ​သောအခါ အံ့သြ​နေတဲ့ ဖရဲသီး​လေးရဲ့မျက်နှာနှင့် ဇ​ဝေဇဝါရဖြစ်​နေတဲ့ ​ပေါ်ယွီ့မျက်နှာတို့အား ​တွေ့လိုက်ရသည်။
ဝုတ် ! ဝုတ် ! ​ဝုတ် ! ဝုတ် ! ဝုတ် !
တန်တန်က သူ့ရဲ့​ခြေပုတို​လေး ​လေး​ချောင်းကို ဆန့်တန်းထုတ်ရင်း ​ပေါ်ယွီတို့ဆီ ​ပြေးလာသည်။အမြှီး​လေးတလှုပ်လှုပ် ​ဝှေ့ယမ်း​နေ​သော တန်တန်က ဖရဲသီး​လေးကို ပတ်​ဝိုင်းလျက် ထိုး​ဟောင်​နေ၏။အနည်းငယ်မျှ စိတ်လှုပ်ရှား​နေသည့်အလား။
​ခွေး​ပေါက်စ​လေး​တွေကလည်း ​ခေါင်း​ဆောင်ကြီးတန်တန် ​ပြေးထွက်သွားသည်ကို မြင်​မြင်ချင်း အစပထမ​တော့ မင်တက်​နေကြ​​ပေတည့် ​နောက် ၊ သူတို့ပါ တန်တန်​​ပြေးသည့်ဘက်သို့ ယိုင်တိယိုင်တိုင် လိုက်​ပြေးလာကြပြီး ​​ပေါ်ယွီတို့အား တဝုတ်ဝုတ်​ရော​​ဟောင်​နေသည်။
ဟွားဟွားသည်ကား ဤလူစိမ်းနှစ်ဦးဟာ သူမ၏ရင်​သွေးငယ်များကို နာ​ကျင်ထိခိုက်​စေမည် မဟုတ်မှန်း ​သေချာ သိ​နေသည့်ထင်။အကြည့်များကို ရုတ်သိမ်းကာ ​နေပူဆာဆက်လှုံ​နေ၏။
​ပေါ်ယွီ ငုတ်တုတ်ထိုင်ချလိုက်၍ ၀တုတ်ပြဲ​ခွေး​လေးတစ်​​ကောင်ကို ​ကောက်ချီလိုက်သည်။
" တကယ်​လေးတာပဲ "
ယင်း​အာဝု​ပေါက်စန​လေးက ​ပေါ်ယွီအား အရည်လဲ့​နေ​သောမျက်လုံး​သေး​သေး​လေးတို့ဖြင့် ​​မော့ကြည့်ရင်း ​ခွေးလိမ္မာ​လေးတစ်​ကောင်ပမာ ​ပေါ်ယွီ့လက်​မောင်းထဲ၌ ငြိမ်၀ပ်​နေ၏။
အခြား​ပေါက်စန​လေး​တွေက စတင်တအီအီအသံပြုလာပြီး သူတို့​လေး​တွေပါ အချီခံ ၊ အဖက်ခံချင်​နေကြသည်။
ဖရဲသီး​လေးက တန့်တန့်ကို ​ပွေ့ပိုက်​လျက် မျက်နှာကအ​မွှေးဖွာဖွာ​လေး​တွေကို ​ပျော်ရွှင်စွာ ပွတ်သပ်​ပေး​နေသည်။
" ပါးပါး ၊ သား တန်တန့်ကို အိမ်​ခေါ်သွားလို့ရပြီမလားဟင် ??? "
" ဒါ​ပေါ့ "
​ပေါ်ယွီတစ်​ယောက် သူ့လက်​မောင်းထဲရှိ ချွဲနွဲ့​နေ​သော အာဝုဝတုတ်​ပေါက်စ​လေး​ကို ​အောက်ပြန်မချနိုင်ရှာ။​ပေါ်ယွီ့​ခေါင်းထဲ စိတ်ကူးတချို့ ​ပေါ်လာ၏။
ဟွားဟွားရဲ့ပိုင်ရှင် ​ပြောခဲ့ဖူးတာကို ​ပေါ်ယွီ မှတ်မိသည် ၊ ဟွားဟွား၏ကိုယ်၀န်က တန်တန်ရဲ့ကြိုးစားအားထုတ်မှု​တွေဖြစ်ခြင်း​ကြောင့် ​ခွေး​ပေါက်​လေး​တွေ ​မွေးလာလျှင် ​ပေါ်ယွီ နှစ်ခြိုက်သည့်တစ်​ကောင်ကို ယူပါဟု။
​သူ ဖရဲသီး​လေးရယ် ၊ တန်တန်ရယ်ကို ငုံ့ကြည့်လိုက်သည်။တန်တန်ရဲ့ဇနီးနှင့် သားသမီး​တွေက ဒီ​နေရာမှာ ရှိ​နေသည့်အ​လျောက် တန်တန့်ခမျာ ဒီအိမ်က​နေခွာလိုမည်မဟုတ်​ပေ။
ဖရဲသီး​လေးဆန္ဒက ပြည့်ဖို့ ကံပါလာပုံမရ။
ထိုအခိုက် သူ့အင်္ကျီစကို ဖရဲသီး​လေးက လာဆွဲသည်။​က​လေး​လေး၏ ​မျှော်လင့်တကြီးမျက်၀န်းများနှင့် ပေါ်ယွီ ​​တေ့ဆိုင်သွား၏။
​ပေါ်ယွီ : " ဘာဖြစ်လို့လဲ ??? "
ဖရဲသီး​လေးက သူ့မျက်နှာ​လေးကို ​ပေါ်ယွီ့ခါးထံအပ်ကာ တိုးတိုး​လေး ​ပြောသည်။
" ပါးပါး ၊ သား တန်တန့်ကို မယူတော့ဘူး။ ဖရဲသီး​လေး သူ့ကို လိုချင်တယ် !!! "
ဖရဲသီး​လေး ရှက်ကိုးရှက်ကန်း လက်ညှိုးညွှန်ပြ​နေသည်မှာ ​ပေါ်ယွီ့လက်​မောင်းအတွင်းက ဝ၀ကစ်ကစ်အာ၀ု​ပေါက်စန​လေး။
​ပေါ်ယွီ : " ......... "
တန်တန်က ​ဒေါသကုမ္မာထသွားခဲ့၏။
" ဝုတ် !!! "
.
.
.
.
.
.
Thanks ... ❤
Zawgyi
" ​ကျောက်မျက်ရတနာ​ကြော်ငြာကို ​ယောက်ျား​လေး ရိုက်တာလည်း မဆိုးပါဘူး "
" ဘာဖြစ်လို့လဲ ??? "
" မင်း ဘယ်လို သ​ဘောရလဲ ??? "
" အများကြီး မ​မေးနဲ့ "
" သူ သ၀န်တိုလိမ့်မယ် "
တန်တန် ???
ပေါ်ယွီ ၊ ဖရဲသီး​လေး : " ............ "
" တကယ်​လေးတာပဲ "
" ဒါ​ပေါ့ "
ပေါ်ယွီ : " ဘာဖြစ်လို့လဲ ??? "
ပေါ်ယွီ : " ......... "
" ဝုတ် !!! "
.
.
.
.
.
.
Thank you ... ❤
Continue Reading
You'll Also Like
1.2M 90.2K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
254K 9.2K 39
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
79.1K 14.1K 51
ကုကျိုး - မင်းမှာ ရောဂါရှိလား? ကုန်းရိထျန်းဟန် - မင်းမှာ ဆေးရှိလား? ကုကျိုး - မင်းမှာ ရောဂါရှိနေတာပဲ! ကုန်းရိထျန်းဟန် - ရောဂါရှိတော့ မင်းကကုနိုင်လို့...