ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်...

Da KimHsuYoon99

112K 13.7K 109

Associated name : 佛系少女穿书日常 Author : 十六月西瓜 , shiliu yue xig... Altro

Description
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 24
Chapter 23
Chapter 25
Chapter 26
Chapter 27
Good news😍
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 64
Chapter 63
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99
Chapter 100
Chapter 101
Chapter 102
Chapter 103
Chapter 104
Chapter 105
Chapter 106
Chapter 107
Chapter 108

Chapter 48

991 124 0
Da KimHsuYoon99

Unicode

ရှောင်ကျူးနဲ့လော့ကျစ်ယွီတို့က ဗိုက်ဆာနေတာ အချိန်အတော်ကြာပြီဖြစ်ပြီး မှာယူထားတဲ့ ပါဝင်ပစ္စည်းတွေ ရောက်ရှိနေတာလည်း ကြာမြင့်နေပြီဖြစ်တယ်။ ကုမျန်နဲ့ လော့ချယ်ရောက်ရှိလာပြီးတာနဲ့ အစားအစာပြင်ဆင်ဖို့ သူတို့ဆုံးဖြတ်ထားကြတယ်။

ကုမျန်ကိုမြင်တာနဲ့ ရှောင်ကျူးက ရှေ့ကိုပြေးလာပြီး သူမဗိုက်အောင့်နေတာကို ဂရုမထားဘဲ ကုမျန်ရဲ့ခန္ဓာကိုယ်ပေါ် မျက်စိရောက်သွားကာ  ကြောက်ရွံ့တုန်လှုပ်မှုတို့ ရစ်ဝဲနေတဲ့အသံနဲ့ ပြောလာတယ်။"မျန်းမျန်၊ ကံကောင်းထောက်မစွာနဲ့ နင်အဆင်ပြေတယ်!"

ကုမျန်က ပြုံးပြီး သူမရဲ့နောက်ကျောကို ညင်ညင်သာသာပုတ်ပေးလိုက်တယ်။

အရင်က လူအိုကြီး သူမကိုသင်ပေးခဲ့တဲ့အရာတွေကို သူမတကယ် ဂရုမစိုက်ခဲ့ဘဲ အလုပ်တွေပြီးအောင် လိုက်လုပ်ရုံသာလုပ်ခဲ့တာပင်။

ဒါပေမယ့် အဲ့ဒီအရာတွေက သူမရဲ့အသက်ကို ကယ်တင်နိုင်မယ်လို့ မမျှော်လင့်ထားမိဘဲ ဒါက ကံကောင်းတာလို့လည်း ယူဆလို့ရလေတယ်။

ရှောင်ကျုးက ကုမျန်ကို တက်တက်ကြွကြွပွေ့ဖက်လိုက်ပြီး "မျန်းမျန်၊ နင် ဒီကပ်ဆိုးကြီးကို ရှောင်နိုင်ခဲ့ပြီဆိုတော့ ကံကောင်းလာတော့မှာပါ"

"ဟုတ်ပါပြီ"

ညစာက အရမ်းကိုနှုတ်မြိန်လွန်းလှတယ်။ ရှောင်ကျူးနဲ့လော့ကျစ်ယွီတို့က fresh food appမှာ ရူးရူးမူးမူးအော်ဒါတင်ခဲ့ပြီး ပါ၀င်ပစ္စည်းများစွာကို ဝယ်ယူခဲ့ကြတယ်။

Appက‌နေ ဟင်းသီးဟင်းရွက်တွေ၊ အသားတွေ၊ ပင်လယ်စာတွေနဲ့ အစားအစာအမျိုးမျိုးကို မှာယူရရှိနိုင်ပြီး ချက်ပြုတ်နေစဉ်မှာ ကောင်းမွန်လှတဲ့ စားသောက်ချိန်လေး ရရှိခဲ့ကြတယ်။

ညစာစားပြီးနောက် ရှောင်ကျူးက ကုတင်ပေါ်မှာ ကျေနပ်စွာ လှဲလျောင်းနေပြီး သူမရဲ့ဗိုက်ကို ထိလိုက်တယ်။

သူမက ရုတ်တရက် တစ်ခုခုကို တွေးမိသွားပြီး ကုမျန်ကို ပြောလာတယ်။"မျန်းမျန်၊ နင် hot search‌ ပေါ်ရောက်နေတယ်!"

ကုမျန်က လော့ချယ်နဲ့ ပန်းကန်ခွက်ယောက်တွေကို ရှင်းလင်းနေပြီး ခေါင်းမမော့လာဘဲ "အိုး"

ရှောင်ကျူးအံ့သြသွားရတယ်။ "အိုးပဲလား...?"

ဒါပဲလား?သူမရဲ့ တုံ့ပြန်မှုက အရမ်းသိမ်မွေ့လွန်းတယ်။

ကုမျန်က အသံခပ်သဲ့သဲ့ပေးလိုက်တယ်။

သူမက သုံးရက်တစ်ကြိမ်လောက် hot search‌ ပေါ်ရောက်နေပြီး hot search physique လိုမျိုး အဲ့လိုတွေဖြစ်နေတတ်တာကြာပြီ။

ရှောင်ကျူးက ကုမျန်နဲ့လော့ချယ်တို့ အတူတူ သီချင်းဆိုနေတဲ့ ဗီဒီယိုကို တိုက်ရိုက်ပြလိုက်တယ်။

"Ask the Immortal" သီချင်းက အခန်းထဲ ထွက်ပေါ်လာတယ်။

လော့ချယ်ရဲ့ဆွဲဆောင်မှုရှိတဲ့ အနိမ့်သံနဲ့အတူ ကုမျန်ရဲ့သိမ်‌မွေ့နူးညံ့လှတဲ့အသံတို့ပါ၀င်တဲ့ နားထဲတရစ်ဝဲဝဲကြားနေရစေတဲ့ တီးလုံးက ဒီသီချင်းကို အထူးကို ဆွတ်ပျံ့ဖွယ်ရာကောင်းစေတယ်။

ဒါက ပထမဆုံးအကြိမ်အဖြစ် ဖုန်းထဲကနေ သူမနဲ့လော့ချယ်ရဲ့အသံကို ကြားရတာပဲ။ သီချင်းကို နားထောင်ပြီးနောက် သူမတို့ရဲ့အသံတွေက နာမည်ကြီးအဆိုတော်တွေထက်တော့ မဆိုးနေပါဘူးလို့ ခံစားရတယ်။

သိသိသာသာကို သူမက စတူဒီယိုထဲမှာ လော့ချယ်နဲ့တစ်ကြိမ်သာ သီဆိုခဲ့ရပြီး ဒုတိယ အကြိမ်ကတော့ စင်မြင့်ပေါ်တွင်ဖြစ်တယ် ။

သူမတို့ မမျှော်လင့်ဘဲ နားလည်မှုရှိရှိနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ကြတာလား။

ရှောင်ကျူးက "အင်တာနက်ပေါ်က မှတ်ချက်တွေက အရမ်းကောင်းတယ်၊ နင့်မှာ ကောင်းမွန်တဲ့ သရုပ်ဆောင်စွမ်းရည်ရှိရုံသာမက သီချင်းလည်း ကောင်းကောင်းဆိုနိုင်တယ်လို့ ပြောနေကြတယ်"

ကုမျန်က သူမသီချင်းကောင်းကောင်းဆိုခဲ့မှန်းသိတယ်။အရင်က တခါမှမသီဆိုခဲ့ဖူးပေမယ့်လည်း သီချင်းဘယ်လိုဆိုရမလဲ‌‌တော့ သိပါတယ်။ဒါပေမယ့် သူမရဲ့သရုပ်ဆောင်စွမ်းရည်က ကောင်းတယ်လို့ အင်တာနက်အသုံးပြုသူတွေ မှတ်ချက်ပေးတဲ့အခါမှာတော့ အဲ့ဒါကိုဝန်မခံရဲဘူး။

သူမ သရုပ်မဆောင်တတ်ဘူးလို့ အရင်က အကြိမ်ကြိမ်အခါခါပြောခဲ့ပေမယ့် ဘယ်သူကမှ မယုံကြတာကြောင့် ရှင်းပြဖို့အတွက် စိတ်ရှုပ်မခံနေတော့ဘူး။

သရုပ်ဆောင်တစ်ယောက်သာ သူမကို ကိုယ်တိုင်ကိုယ်ကျ သင်ကြားပြသပေးရင်တော့ သူမရဲ့သရုပ်ဆောင်စွမ်းရည်က တိုးတက်လာလိမ့်မယ်။

ထိုအကြောင်းကိုပြောရင်း ယမန်နှစ်က ကိန်းသရုပ်ဆောင်ဆုရရှိခဲ့တဲ့ လော့ချယ်ကို ကုမျန်တွေးမိသွားတယ်။

အသက် 21 နှစ်သာရှိသေးတဲ့ သရုပ်ဆောင်က ရုပ်ရှင်သမိုင်းမှာတော့ ရှားပါးလှတဲ့ သရုပ်ဆောင်တစ်ယောက်ပဲ။

သရုပ်ဆောင်တာ သူ့ကို သင်ခိုင်းရင်ရော...

ကုမျန်က ထိုမြင်ကွင်းကို ခဏလောက် မြင်ယောင်ကြည့်မိတယ်။ မေ့လိုက်တော့၊ သူမ အမျိုးသားဇာတ်ဆောင်နဲ့ အလွန်အကျွံမရောထွေးနေချင်ဘူး။

စားသောက်ပြီးနောက် စားကြွင်းစားကျန်တွေကို ရှင်းလင်းဖို့ လော့ချယ်တို့အတွက် အချိန်သိပ်မယူလိုက်ရဘူး။

ရှောင်ကျူးက ကုမျန်အလုပ်များနေရလို့ အနည်းငယ်ရှက်သွားပုံရတယ်။သူမက ကုတင်ပေါ်မှာ လဲလျောင်းနေရင်း စိတ်မသက်မသာဖြစ်မိသွားကာ "မျန်းမျန် တောင်းပန်ပါတယ် လက်ထောက်တစ်ယောက်အနေနဲ့ ဟော့ပေါ့စားပြီးရင် စားပွဲကို ကိုယ်တိုင်ကိုယ်ကျ သန့်ရှင်းရေးလုပ်ပေးရမှာကို"

ကုမျန်က ဒီလိုအသေးအဖွဲကိစ္စတွေကို ဂရုမစိုက်တာကြောင့် ပေါ့ပေါ့ပါးပါး လက်ကိုဝှေ့ယမ်းလိုက်တယ်။

လော့ကျစ်ယွီက ပြုံးပြီး ကြားဖြတ်ပြောတယ်။ "ဆိုရိုးစကား‌တွေအတိုင်းပဲ စုံတွဲတွေ အတူတူအလုပ်လုပ်ရင် မပင်ပန်းဘူးတဲ့"

သူက သူမတို့ကို စုံတွဲတစ်တွဲအဖြစ် ‌ဗြောင်ပဲနှိုင်းယှဉ်လိုက်တယ်။

သူက လော့ချယ်ကို နောက်ပြောင်ကျီစယ်ပြီး ကောင်းမွန်တဲ့ရှိုးလေးကို ကြည့်နေတယ်။

လော့ချယ်က သူ့ကို အေးစက်စက်နဲ့ မော့ကြည့်လိုက်တယ်။ သူ့ရဲ့နှုတ်ခမ်းပါးက အသာအယာပွင့်ဟလာပြီး "ထွက်သွား"

လော့ကျစ်ယွီက သူ့ဝမ်းကွဲကို လုံးဝ မကြောက်လေဘူး။ အရာအားလုံး သန့်ရှင်းရေး လုပ်ပြီးသွားတာကိုမြင်တော့ သူက သူ့မေးစေ့ကိုထိပြီး ပြုံးကာ အကြံပြုလာတယ်။ "Dou dizhu ကစားကြမလား"

လော့ချယ်က လက်ပိုက်ပြီး သူ့ကိုကြည့်လိုက်တယ်။ "မင်း Dou Dizhu မကြိုက်ဘူးလို့ ပြောထားတာမဟုတ်ဘူးလား"

လော့ကျစ်ယွီက "ကြိုက်တယ်‌လေ ကြိုက်လို့မရဘူးလား"

လော့ချယ်က ခေါင်းကိုက်လာလို့ မျက်ခုံးကို ဖျစ်ညှစ်လိုက်ရတယ်။ သူ့ဝမ်းကွဲက သရုပ်ဆောင်ဖြစ်သင့်တယ်။

သူ့ရဲ့သရုပ်ဆောင်မှုလယ်ဗယ်ကို အားကိုးပြီး ပထမတန်းစား သရုပ်ဆောင်တစ်ယောက်ဖြစ်ဖို့က အချိန်တောင် အရမ်းကြီးယူလိုက်ရမှာမဟုတ်ဘူး။

လော့ကျစ်ယွီက အခန်းအတွင်းရှိ အံဆွဲတစ်ခုမှ ကတ်တစ်ထုပ်ကို ပျော်ရွှင်စွာ ထုတ်ယူလိုက်ကာ "ကြည့်လေ၊ ကတ်တွေရှိနေတယ်"

ရှောင်ကျူးက ဝမ်းသာအားရ သူမရဲ့လက်ကို မြှောက်လိုက်ပြီး "ကောင်းတယ်  အတူတူကစားကြရအောင်လေ"

ကုမျန်က သူမကို တစ်ချက်ကြည့်လိုက်ပြီး "နင် ဗိုက်မအောင့်တော့ဘူးလား"

ရှောင်ကျူးက သူမရဲ့ဗိုက်ကိုကာလိုက်ပြီး ရှက်ကိုးရှက်ကန်းနဲ့ "နည်းနည်းအောင့်နေသေးပေမယ့် Dou Dizhu က ငါ့ကို ဗိုက်မအောင့်အောင် နှောင့်ယှက်ပေးနိုင်တယ်လေ"

ကုမျန်က  မယုံကြည်ဟန်နဲ့ ပခုံးတွန့်ပြလိုက်ပြီး "ကောင်းပြီ‌လေ နင်တို့တွေကစားကြပေါ့"

Dou Dizhu က များသောအားဖြင့် လူသုံးယောက်နဲ့ ကစားရပေမယ့်လည်း အခုက လေးယောက်ရှိနေတယ်။

လော့ကျစ်ယွီနဲ့ ရှောင်ကျူးတို့က အရမ်းစိတ်ဝင်စားနေပုံရတယ်။ လော့ချယ်အတွက် သူမရဲ့အမြင်အရတော့ သူက Dou Dizhu ပရိတ်သတ်လေးပဲ။

သူ Dou Dizhu ကို အကြိမ်ပေါင်းမြောက်များစွာ ဆော့ကစားနေတာကို သူမ မတော်တဆ တွေ့ဖူးတယ်။

ဒါကြောင့် သူတို့သုံးယောက်က Dou Dizhu ကို အတူတူကစားကြပေါ့။

သူမအနေနဲ့ကတော့ ဒီလိုဂိမ်းမျိုးကို စိတ်မဝင်စားသလို ကစားရတာဖြစ်စေ မကစားရတာဖြစ်စေ အရေးမကြီးလှဘူး။

ကုမျန်ရဲ့ အဆိုပြုချက်က လော့ကျစ်ယွီလိုချင်တာနဲ့ အတိအကျပဲ။

သူက မြေခွေးတစ်ကောင်လို ပြုံးလိုက်ပြီး "ဒါဆို ကစားကြရအောင် မင်းက ကြည့်နေလို့ရတယ်""

Miao-

ဗုဒ္ဓက မျောက်ကို ဝူကျိ‌တောင်(လက်ငါးချောင်းတောင်)လို့သိကြတဲ့ မဟာတောင်တန်းအောက်မှာ အကျဉ်းချထားခဲ့တယ်။ ဇွဲနပဲကြီးတဲ့မျောက်က ကြီးမားလှတဲ့ အလေးချိန်နဲ့ နှစ်ငါးရာကြာ ဖိနှိပ်ထားမှုအောက်မှာ အသက်ရှင်သန်နိုင်ခဲ့တယ်တဲ့။

T/N - အရင်တစ်ခန်းမှာပါတာကို ပြန်ရှင်းပေးထားတာပါ။ ထည့်ပေးဖို့ မေ့သွားလို့ရယ်။





Zawgyi

ေရွာင္က်ဴးနဲ႕ေလာ့က်စ္ယြီတို႔က ဗိုက္ဆာေနတာ အခ်ိန္အေတာ္ၾကာၿပီျဖစ္ၿပီး မွာယူထားတဲ့ ပါဝင္ပစၥည္းေတြ ေရာက္ရွိေနတာလည္း ၾကာျမင့္ေနၿပီျဖစ္တယ္။ ကုမ်န္နဲ႕ ေလာ့ခ်ယ္ေရာက္ရွိလာၿပီးတာနဲ႕ အစားအစာျပင္ဆင္ဖို႔ သူတို႔ဆုံးျဖတ္ထားၾကတယ္။

ကုမ်န္ကိုျမင္တာနဲ႕ ေရွာင္က်ဴးက ေရွ႕ကိုေျပးလာၿပီး သူမဗိုက္ေအာင့္ေနတာကို ဂ႐ုမထားဘဲ ကုမ်န္ရဲ႕ခႏၶာကိုယ္ေပၚ မ်က္စိေရာက္သြားကာ  ေၾကာက္႐ြံ႕တုန္လႈပ္မႈတို႔ ရစ္ဝဲေနတဲ့အသံနဲ႕ ေျပာလာတယ္။"မ်န္းမ်န္၊ ကံေကာင္းေထာက္မစြာနဲ႕ နင္အဆင္ေျပတယ္!"

ကုမ်န္က ၿပဳံးၿပီး သူမရဲ႕ေနာက္ေက်ာကို ညင္ညင္သာသာပုတ္ေပးလိုက္တယ္။

အရင္က လူအိုႀကီး သူမကိုသင္ေပးခဲ့တဲ့အရာေတြကို သူမတကယ္ ဂ႐ုမစိုက္ခဲ့ဘဲ အလုပ္ေတြၿပီးေအာင္ လိုက္လုပ္႐ုံသာလုပ္ခဲ့တာပင္။

ဒါေပမယ့္ အဲ့ဒီအရာေတြက သူမရဲ႕အသက္ကို ကယ္တင္နိုင္မယ္လို႔ မေမွ်ာ္လင့္ထားမိဘဲ ဒါက ကံေကာင္းတာလို႔လည္း ယူဆလို႔ရေလတယ္။

ေရွာင္က်ဳးက ကုမ်န္ကို တက္တက္ႂကြႂကြေပြ႕ဖက္လိုက္ၿပီး "မ်န္းမ်န္၊ နင္ ဒီကပ္ဆိုးႀကီးကို ေရွာင္နိုင္ခဲ့ၿပီဆိုေတာ့ ကံေကာင္းလာေတာ့မွာပါ"

"ဟုတ္ပါၿပီ"

ညစာက အရမ္းကိုႏႈတ္ၿမိန္လြန္းလွတယ္။ ေရွာင္က်ဴးနဲ႕ေလာ့က်စ္ယြီတို႔က fresh food appမွာ ႐ူး႐ူးမူးမူးေအာ္ဒါတင္ခဲ့ၿပီး ပါ၀င္ပစၥည္းမ်ားစြာကို ဝယ္ယူခဲ့ၾကတယ္။

Appက‌ေန ဟင္းသီးဟင္း႐ြက္ေတြ၊ အသားေတြ၊ ပင္လယ္စာေတြနဲ႕ အစားအစာအမ်ိဳးမ်ိဳးကို မွာယူရရွိနိုင္ၿပီး ခ်က္ျပဳတ္ေနစဥ္မွာ ေကာင္းမြန္လွတဲ့ စားေသာက္ခ်ိန္ေလး ရရွိခဲ့ၾကတယ္။

ညစာစားၿပီးေနာက္ ေရွာင္က်ဴးက ကုတင္ေပၚမွာ ေက်နပ္စြာ လွဲေလ်ာင္းေနၿပီး သူမရဲ႕ဗိုက္ကို ထိလိုက္တယ္။

သူမက ႐ုတ္တရက္ တစ္ခုခုကို ေတြးမိသြားၿပီး ကုမ်န္ကို ေျပာလာတယ္။"မ်န္းမ်န္၊ နင္ hot search‌ ေပၚေရာက္ေနတယ္!"

ကုမ်န္က ေလာ့ခ်ယ္နဲ႕ ပန္းကန္ခြက္ေယာက္ေတြကို ရွင္းလင္းေနၿပီး ေခါင္းမေမာ့လာဘဲ "အိုး"

ေရွာင္က်ဴးအံ့ၾသသြားရတယ္။ "အိုးပဲလား...?"

ဒါပဲလား?သူမရဲ႕ တုံ႕ျပန္မႈက အရမ္းသိမ္ေမြ႕လြန္းတယ္။

ကုမ်န္က အသံခပ္သဲ့သဲ့ေပးလိုက္တယ္။

သူမက သုံးရက္တစ္ႀကိမ္ေလာက္ hot search‌ ေပၚေရာက္ေနၿပီး hot search physique လိုမ်ိဳး အဲ့လိုေတြျဖစ္ေနတတ္တာၾကာၿပီ။

ေရွာင္က်ဴးက ကုမ်န္နဲ႕ေလာ့ခ်ယ္တို႔ အတူတူ သီခ်င္းဆိုေနတဲ့ ဗီဒီယိုကို တိုက္ရိုက္ျပလိုက္တယ္။

"Ask the Immortal" သီခ်င္းက အခန္းထဲ ထြက္ေပၚလာတယ္။

ေလာ့ခ်ယ္ရဲ႕ဆြဲေဆာင္မႈရွိတဲ့ အနိမ့္သံနဲ႕အတူ ကုမ်န္ရဲ႕သိမ္‌ေမြ႕ႏူးညံ့လွတဲ့အသံတို႔ပါ၀င္တဲ့ နားထဲတရစ္ဝဲဝဲၾကားေနရေစတဲ့ တီးလုံးက ဒီသီခ်င္းကို အထူးကို ဆြတ္ပ်ံ့ဖြယ္ရာေကာင္းေစတယ္။

ဒါက ပထမဆုံးအႀကိမ္အျဖစ္ ဖုန္းထဲကေန သူမနဲ႕ေလာ့ခ်ယ္ရဲ႕အသံကို ၾကားရတာပဲ။ သီခ်င္းကို နားေထာင္ၿပီးေနာက္ သူမတို႔ရဲ႕အသံေတြက နာမည္ႀကီးအဆိုေတာ္ေတြထက္ေတာ့ မဆိုးေနပါဘူးလို႔ ခံစားရတယ္။

သိသိသာသာကို သူမက စတူဒီယိုထဲမွာ ေလာ့ခ်ယ္နဲ႕တစ္ႀကိမ္သာ သီဆိုခဲ့ရၿပီး ဒုတိယ အႀကိမ္ကေတာ့ စင္ျမင့္ေပၚတြင္ျဖစ္တယ္ ။

သူမတို႔ မေမွ်ာ္လင့္ဘဲ နားလည္မႈရွိရွိနဲ႕ ပူးေပါင္းေဆာင္႐ြက္ခဲ့ၾကတာလား။

ေရွာင္က်ဴးက "အင္တာနက္ေပၚက မွတ္ခ်က္ေတြက အရမ္းေကာင္းတယ္၊ နင့္မွာ ေကာင္းမြန္တဲ့ သ႐ုပ္ေဆာင္စြမ္းရည္ရွိ႐ုံသာမက သီခ်င္းလည္း ေကာင္းေကာင္းဆိုနိုင္တယ္လို႔ ေျပာေနၾကတယ္"

ကုမ်န္က သူမသီခ်င္းေကာင္းေကာင္းဆိုခဲ့မွန္းသိတယ္။အရင္က တခါမွမသီဆိုခဲ့ဖူးေပမယ့္လည္း သီခ်င္းဘယ္လိုဆိုရမလဲ‌‌ေတာ့ သိပါတယ္။ဒါေပမယ့္ သူမရဲ႕သ႐ုပ္ေဆာင္စြမ္းရည္က ေကာင္းတယ္လို႔ အင္တာနက္အသုံးျပဳသူေတြ မွတ္ခ်က္ေပးတဲ့အခါမွာေတာ့ အဲ့ဒါကိုဝန္မခံရဲဘူး။

သူမ သ႐ုပ္မေဆာင္တတ္ဘူးလို႔ အရင္က အႀကိမ္ႀကိမ္အခါခါေျပာခဲ့ေပမယ့္ ဘယ္သူကမွ မယုံၾကတာေၾကာင့္ ရွင္းျပဖို႔အတြက္ စိတ္ရႈပ္မခံေနေတာ့ဘူး။

သ႐ုပ္ေဆာင္တစ္ေယာက္သာ သူမကို ကိုယ္တိုင္ကိုယ္က် သင္ၾကားျပသေပးရင္ေတာ့ သူမရဲ႕သ႐ုပ္ေဆာင္စြမ္းရည္က တိုးတက္လာလိမ့္မယ္။

ထိုအေၾကာင္းကိုေျပာရင္း ယမန္ႏွစ္က ကိန္းသ႐ုပ္ေဆာင္ဆုရရွိခဲ့တဲ့ ေလာ့ခ်ယ္ကို ကုမ်န္ေတြးမိသြားတယ္။

အသက္ 21 ႏွစ္သာရွိေသးတဲ့ သ႐ုပ္ေဆာင္က ႐ုပ္ရွင္သမိုင္းမွာေတာ့ ရွားပါးလွတဲ့ သ႐ုပ္ေဆာင္တစ္ေယာက္ပဲ။

သ႐ုပ္ေဆာင္တာ သူ႕ကို သင္ခိုင္းရင္ေရာ...

ကုမ်န္က ထိုျမင္ကြင္းကို ခဏေလာက္ ျမင္ေယာင္ၾကည့္မိတယ္။ ေမ့လိုက္ေတာ့၊ သူမ အမ်ိဳးသားဇာတ္ေဆာင္နဲ႕ အလြန္အကြၽံမေရာေထြးေနခ်င္ဘူး။

စားေသာက္ၿပီးေနာက္ စားႂကြင္းစားက်န္ေတြကို ရွင္းလင္းဖို႔ ေလာ့ခ်ယ္တို႔အတြက္ အခ်ိန္သိပ္မယူလိုက္ရဘူး။

ေရွာင္က်ဴးက ကုမ်န္အလုပ္မ်ားေနရလို႔ အနည္းငယ္ရွက္သြားပုံရတယ္။သူမက ကုတင္ေပၚမွာ လဲေလ်ာင္းေနရင္း စိတ္မသက္မသာျဖစ္မိသြားကာ "မ်န္းမ်န္ ေတာင္းပန္ပါတယ္ လက္ေထာက္တစ္ေယာက္အေနနဲ႕ ေဟာ့ေပါ့စားၿပီးရင္ စားပြဲကို ကိုယ္တိုင္ကိုယ္က် သန႔္ရွင္းေရးလုပ္ေပးရမွာကို"

ကုမ်န္က ဒီလိုအေသးအဖြဲကိစၥေတြကို ဂ႐ုမစိုက္တာေၾကာင့္ ေပါ့ေပါ့ပါးပါး လက္ကိုေဝွ႕ယမ္းလိုက္တယ္။

ေလာ့က်စ္ယြီက ၿပဳံးၿပီး ၾကားျဖတ္ေျပာတယ္။ "ဆိုရိုးစကား‌ေတြအတိုင္းပဲ စုံတြဲေတြ အတူတူအလုပ္လုပ္ရင္ မပင္ပန္းဘူးတဲ့"

သူက သူမတို႔ကို စုံတြဲတစ္တြဲအျဖစ္ ‌ေျဗာင္ပဲႏွိုင္းယွဥ္လိုက္တယ္။

သူက ေလာ့ခ်ယ္ကို ေနာက္ေျပာင္က်ီစယ္ၿပီး ေကာင္းမြန္တဲ့ရွိုးေလးကို ၾကည့္ေနတယ္။

ေလာ့ခ်ယ္က သူ႕ကို ေအးစက္စက္နဲ႕ ေမာ့ၾကည့္လိုက္တယ္။ သူ႕ရဲ႕ႏႈတ္ခမ္းပါးက အသာအယာပြင့္ဟလာၿပီး "ထြက္သြား"

ေလာ့က်စ္ယြီက သူ႕ဝမ္းကြဲကို လုံးဝ မေၾကာက္ေလဘူး။ အရာအားလုံး သန႔္ရွင္းေရး လုပ္ၿပီးသြားတာကိုျမင္ေတာ့ သူက သူ႕ေမးေစ့ကိုထိၿပီး ၿပဳံးကာ အႀကံျပဳလာတယ္။ "Dou dizhu ကစားၾကမလား"

ေလာ့ခ်ယ္က လက္ပိုက္ၿပီး သူ႕ကိုၾကည့္လိုက္တယ္။ "မင္း Dou Dizhu မႀကိဳက္ဘူးလို႔ ေျပာထားတာမဟုတ္ဘူးလား"

ေလာ့က်စ္ယြီက "ႀကိဳက္တယ္‌ေလ ႀကိဳက္လို႔မရဘူးလား"

ေလာ့ခ်ယ္က ေခါင္းကိုက္လာလို႔ မ်က္ခုံးကို ဖ်စ္ညွစ္လိုက္ရတယ္။ သူ႕ဝမ္းကြဲက သ႐ုပ္ေဆာင္ျဖစ္သင့္တယ္။

သူ႕ရဲ႕သ႐ုပ္ေဆာင္မႈလယ္ဗယ္ကို အားကိုးၿပီး ပထမတန္းစား သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္ဖို႔က အခ်ိန္ေတာင္ အရမ္းႀကီးယူလိုက္ရမွာမဟုတ္ဘူး။

ေလာ့က်စ္ယြီက အခန္းအတြင္းရွိ အံဆြဲတစ္ခုမွ ကတ္တစ္ထုပ္ကို ေပ်ာ္႐ႊင္စြာ ထုတ္ယူလိုက္ကာ "ၾကည့္ေလ၊ ကတ္ေတြရွိေနတယ္"

ေရွာင္က်ဴးက ဝမ္းသာအားရ သူမရဲ႕လက္ကို ျမႇောက္လိုက္ၿပီး "ေကာင္းတယ္  အတူတူကစားၾကရေအာင္ေလ"

ကုမ်န္က သူမကို တစ္ခ်က္ၾကည့္လိုက္ၿပီး "နင္ ဗိုက္မေအာင့္ေတာ့ဘူးလား"

ေရွာင္က်ဴးက သူမရဲ႕ဗိုက္ကိုကာလိုက္ၿပီး ရွက္ကိုးရွက္ကန္းနဲ႕ "နည္းနည္းေအာင့္ေနေသးေပမယ့္ Dou Dizhu က ငါ့ကို ဗိုက္မေအာင့္ေအာင္ ႏွောင့္ယွက္ေပးနိုင္တယ္ေလ"

ကုမ်န္က  မယုံၾကည္ဟန္နဲ႕ ပခုံးတြန့္ျပလိုက္ၿပီး "ေကာင္းၿပီ‌ေလ နင္တို႔ေတြကစားၾကေပါ့"

Dou Dizhu က မ်ားေသာအားျဖင့္ လူသုံးေယာက္နဲ႕ ကစားရေပမယ့္လည္း အခုက ေလးေယာက္ရွိေနတယ္။

ေလာ့က်စ္ယြီနဲ႕ ေရွာင္က်ဴးတို႔က အရမ္းစိတ္ဝင္စားေနပုံရတယ္။ ေလာ့ခ်ယ္အတြက္ သူမရဲ႕အျမင္အရေတာ့ သူက Dou Dizhu ပရိတ္သတ္ေလးပဲ။

သူ Dou Dizhu ကို အႀကိမ္ေပါင္းေျမာက္မ်ားစြာ ေဆာ့ကစားေနတာကို သူမ မေတာ္တဆ ေတြ႕ဖူးတယ္။

ဒါေၾကာင့္ သူတို႔သုံးေယာက္က Dou Dizhu ကို အတူတူကစားၾကေပါ့။

သူမအေနနဲ႕ကေတာ့ ဒီလိုဂိမ္းမ်ိဳးကို စိတ္မဝင္စားသလို ကစားရတာျဖစ္ေစ မကစားရတာျဖစ္ေစ အေရးမႀကီးလွဘူး။

ကုမ်န္ရဲ႕ အဆိုျပဳခ်က္က ေလာ့က်စ္ယြီလိုခ်င္တာနဲ႕ အတိအက်ပဲ။

သူက ေျမေခြးတစ္ေကာင္လို ၿပဳံးလိုက္ၿပီး "ဒါဆို ကစားၾကရေအာင္ မင္းက ၾကည့္ေနလို႔ရတယ္""

Miao-

ဗုဒၶက ေမ်ာက္ကို ဝူက်ိ‌ေတာင္(လက္ငါးေခ်ာင္းေတာင္)လို႔သိၾကတဲ့ မဟာေတာင္တန္းေအာက္မွာ အက်ဥ္းခ်ထားခဲ့တယ္။ ဇြဲနပဲႀကီးတဲ့ေမ်ာက္က ႀကီးမားလွတဲ့ အေလးခ်ိန္နဲ႕ ႏွစ္ငါးရာၾကာ ဖိႏွိပ္ထားမႈေအာက္မွာ အသက္ရွင္သန္နိုင္ခဲ့တယ္တဲ့။

T/N - အရင္တစ္ခန္းမွာပါတာကို ျပန္ရွင္းေပးထားတာပါ။ ထည့္ေပးဖို႔ ေမ့သြားလို႔ရယ္။

Continua a leggere

Ti piacerà anche

19.6K 1K 5
Author : Celine Gu Xi Jue Short chinese story Not Mine Myanmar Translation (Zawgyi&Unicode) 5July-8July(2020)
16.2K 1.9K 32
Totally Credited to original author
319K 44.9K 84
I don't own this story. Credit to Original Author/s and English Translator/s. Title-In the Apocalpyse,Jiao Jiao Struggled Every Day [JJSED] Author...