Chapter 68

692 101 2
                                    

Unicode

ကုမျန်က လက်ဆန့်ပြီး သကြားလုံးကို ယူလိုက်တယ်။

သကြားလုံးက ချိုလိုက်တာ။

ဒါက သူမရဲ့ငယ်ဘဝအမှတ်တရတွေထဲက ပူဒီနာ(mint)အရသာပဲ။

ချိုမြိန်မှုက အအေးမိပျောက်ဆေးရဲ့ ခါးသက်သက်အရသာကို ဖုံးလွှမ်းသွားတယ်။

အဲ့ဒီအချိန်မှာပဲ ကုမျန်က တစ်စုံတစ်ခုကို သတိရသွားပြီး လော့ချယ်ဆီ သူမရဲ့လက်ကို ဖြည်းညှင်းစွာ ဆန့်ထုတ်ပေးလိုက်တယ်။

"ဟင်?" လော့ချယ်က သူ့ရှေ့ရှိ ဖြူဖွေးနူးညံ့လှတဲ့ လက်လေးကို ကြည့်လိုက်တယ် ။

"သေတ္တာလေ" လော့ချယ်နားမလည်မှာစိုးလို့ သူမက ရှင်းပြလိုက်တယ်။"ရှင် ကျွန်မကိုသေတ္တာမပေးရင် ဒီလည်ဆွဲကို ဘယ်လိုထိန်းသိမ်းရမှာလဲ"

လော့ချယ်ရဲ့နှုတ်ခမ်းပါးက တွန့်ကွေးသွားတယ်။ ကုမျန်က သူ့ဆီ လည်ဆွဲပြန်ပေးဖို့ ရည်ရွယ်ချက်မရှိဘူးဆိုတာ သိလိုက်ရမှ အိတ်ကပ်ထဲက သေတ္တာကို သူမရဲ့လက်ထဲထည့်လိုက်တယ်။

ကုမျန်ကို အိမ်ပြန်ပို့ပြီးနောက် လော့ကျစ်ယွီရဲ့အမူအရာက လေးနက်သွားတယ်။ "ဒုတိယဦးလေး နေကောင်းလား"

လော့ကျစ်ယွီနဲ့ လော့ချယ်တို့က ဝမ်းကွဲတွေပါ။ လော့ကျစ်ယွီရဲ့ဖခင်က အိမ်မှာအကြီးဆုံးသားဖြစ်ပြီး လော့ချယ်ရဲ့ဖခင်ကတော့ ဒုတိယမြောက်သားပင်။ ဒီတော့ လော့ကျစ်ယွီက လော့ချန်းကို ဒုတိယဦးလေးလို့ခေါ်တယ်။

လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းက သူ့အလုပ်ကြောင့် လော့ချန်းက ဒဏ်ရာအပြင်းအထန်ရခဲ့ပြီး ပုံမှန်အတိုင်း အလုပ်,လုပ်ဆောင်နိုင်စွမ်း ဆုံးရှုံးခဲ့တယ်။ လော့ချယ် ဖျော်ဖြေရေးနယ်ပယ်ထဲကို ဝင်ရောက်ခဲ့ပြီး ငွေအမြောက်အမြားရရှိပြီးနောက် လော့ချန်းကို ကုသပေးခဲ့ပေမယ့်လည်း သူ့ကျန်းမာရေးက ပြန်လည်ကောင်းမွန်လာခြင်းမရှိခဲ့ပေ။ ပြီးခဲ့တဲ့လအနည်းငယ်အတွင်းမှာ သူ့အသက်ကိုကယ်တင်ဖို့အတွက် ခွဲစိတ်ခန်းထဲကို အကြိမ်ကြိမ်ရောက်ခဲ့ရတယ်။ ဒီလိုမှမဟုတ်ရင် လော့ချယ် ချစ်သူကောင်မလေးရှိဖို့ကို အရမ်းစိုးရိမ်တကြီးနဲ့ မြင်ချင်နေမှာမဟုတ်ဘူးလေ။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Tahanan ng mga kuwento. Tumuklas ngayon