Chapter 7

1.2K 165 0
                                    

Unicode

လော့ချယ်က နှင်းလိုဖြူဆွတ်ဆွတ်အင်္ကျီကို ဝတ်ဆင်ထားပြီး အဖြူရောင်မြေခွေးသားမွေးတွေက အင်္ကျီလည်ပင်းမှာ ရှိနေတယ်။ မြေခွေးသားမွေးတွေကို ပေါ့ပေါ့ပါးပါး အလှဆင်ထားတယ်။ သူ့ဆံပင်ကိုတော့ ခပ်မြင့်မြင့်ချည်နှောင်ထားပြီး နူးညံ့ပြီးတောက်ပတဲ့ သားမွေးတစ်ချောင်းကို ဆံပင်မှာထိုးထားတယ်။ ဆွဲဆောင်မှုအရှိဆုံးအရာက သူ့နဖူးစပ်ကြားမှာရှိတဲ့ လခြမ်းသဏ္ဍာန်လေးဖြစ်တယ်။

မျက်ခုံးကြားရှိ အရောင်ဖျော့ဖျော့လခြမ်းသဏ္ဍာန်၊ မျက်ရည်ခံမှဲ့၊ နက်ရှိုင်းပြီး လှပတဲ့မျက်၀န်းတွေ၊ အရပ်ရှည်ပြီး ဖြောင့်မတ်တဲ့ ကိုယ်ဟန်အနေအထားနဲ့ အေးစက်ပြီး ခပ်မှိုင်းမှိုင်းဖြစ်နေတဲ့ စိတ်နေသဘောထား။

ထျန်းဟူမျိုးနွယ်စုရဲ့မင်းသားလေးချန်းရှန်က ကမ္ဘာပေါ်မှာ အမှန်တကယ်တည်ရှိနေသလိုပါပဲ။

"ကြည့်ဦး မင်းရဲ့ကောင်မလေးက မင်းကိုကြည့်နေတယ်" လော့ချယ်ရဲ့လက်ထောက်က လော့ချယ်ကို မကျီစယ်ပဲမနေနိုင်ခဲ့ဘူး။

လော့ချယ်ရဲ့လက်ထောက်က "တိရိစ္ဆာန်လေးတွေက စိတ်ဝိညာဉ်ရေးရာမှာ အားအကောင်းဆုံးဖြစ်ပြီး စိတ်နှလုံးဖြူစင်တဲ့လူတွေကို သဘောအကျဆုံးပဲဆိုတာ ကျွန်တော်ကြားဖူးတယ်" လို့ အခုလေးတင်ပြောခဲ့တဲ့ သူ့ရဲ့၀မ်းကွဲ လော့ကျစ်ယွီပါ။

အလုပ်ဆက်ဆံရေးအပြင် လော့ချယ်နဲ့လော့ကျစ်ယွီတို့က သွေးရင်းတာကြောင့် သူတို့နှစ်ယောက်က ရင်းနှီးပြီး မပြောရဲတာဘာမှမရှိကြဘူး။

လော့ချယ်ရဲ့ပယင်းရောင်သူငယ်အိမ်တွေက ဖောက်ထွင်းမြင်ရလောက်အောင် ကြည်လင်နေပြီး နေရောင်အောက်မှာတောင် အလွန်အမင်းအေးစက်နေတယ်။ "အကြောင်းရင်းကို မင်းမသိတာလည်း မဟုတ်ဘူး"

လော့ကျစ်ယွီက စိတ်ကောင်း၀င်စွာနဲ့ ပြုံးလိုက်တယ်။"ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ်၊ သူမက အခု မင်းရဲ့ စစ်မှန်တဲ့ချစ်သူ‌လေးပဲလေ မင်း သူမကို ဘာလို့ အရမ်းအေးစက်နေရမှာလဲ" လော့ကျစ်ယွီက လော့ချယ်ရဲ့ဒဏ္ဍာရီဆန်ဆန် ချစ်သူကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်းပင်။ သူက ကုမျန်ကို အထင်အမြင်ကောင်းရှိတဲ့အတွက် သူမကို ကူညီချင်ခဲ့တယ်။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now