Chapter 34

1K 163 2
                                    

Unicode

ကုမျန်က လော့ချယ်ဆီကို ခြေလှမ်းအနည်းငယ်နဲ့ လျှောက်သွားလိုက်တယ်။အမြင်ရှိရှိနဲ့ လော့ကျစ်ယွီက ဝန်ထမ်းတွေနဲ့ လင်းချီတို့ကို နှုတ်ဆက်ဖို့ ဘေးကိုခေါ်ထားလိုက်တယ်။

ခဏကြာတော့ လော့ချယ်နဲ့ကုမျန်ပဲ နေရာကျဉ်းကျဉ်းလေးထဲမှာ ကျန်ခဲ့တော့တယ်။ ခေါင်းပေါ်ကနေ အလင်းရောင်က ခပ်ဖျော့ဖျော့ဖြာကျနေပြီး လေထုက ခဏတာလောက်  အနည်းငယ်တိတ်ဆိတ်သွားခဲ့တယ်။

ကုမျန်ရဲ့စိတ်ထဲမှာ လော့ချယ်ရဲ့တဒင်္ဂအပြုံးကို တွေးမိနေဆဲမို့ ဘာပြောရမှန်းတောင် မသိတော့ဘူး။

ဝန်ထမ်းရဲ့အချို့စကားတွေက မှားယွင်းပြီး မြှောက်ပင့်နေတာပဲ။ သူ သူတို့ကို ယုံမှာမဟုတ်ဘူး၊ ဟုတ်တယ်မလား။ တစ်နည်းအားဖြင့် သူ့မျက်လုံးတွေက ဘာလို့ ဒီလောက်တောင်ကွေး(ပြုံး)နေရတာလဲ။

ဒါပေမယ့် သူမ သူ့ကိုပြောလိုက်ချင်တယ်၊ သူမ,မလုပ်ခဲ့ဘူး ၊ သူမ,မဟုတ်ပါဘူးလို့ ။

ဒါက တစ်ချက်ကြည့်လိုက်တာနဲ့ တကယ်ကြီးနားလည်မှုလွဲနေရုံမှန်း မြင်နိုင်တာကို။

စက္ကန့်အနည်းငယ်အကြာမှာ လော့ချယ်က ကျောက်စိမ်းလို ကြည်လင်ပြီး ဆွဲဆောင်မှုရှိတဲ့ အသံနဲ့ အရင်ဆုံးပြောလာခဲ့တယ်။ "မင်းက 'Ask the Immortals' ရိုက်ကူးရေးအဖွဲ့ထဲကို လူကြိုက်များဖို့အတွက်မဟုတ်ဘဲ ... ကိုယ့်အတွက်လာခဲ့တာပါလို့ သတင်းထောက်တွေကို ပြောခဲ့တယ်"

ကုမျန် အံ့သြသွားတယ်။ ထိုအချိန် သတင်းထောက်နဲ့ သူမ မျက်နှာချင်းဆိုင်တွေ့ခဲ့ရတဲ့အချိန်တုန်းက မူလပိုင်ရှင်အတွက် ဘာကအမှန်ဖြစ်ကြောင်း ပြောခဲ့တယ်။မူလပိုင်ရှင်လုပ်ခဲ့သမျှက အမှန်တကယ်ပင် လော့ချယ်အတွက်ဖြစ်ခဲ့တယ်။ ဒါပေမယ့် မူလပိုင်ရှင်က မာနကြီးလွန်းပြီး သူမရဲ့အတ္တကို မစွန့်လွှတ်နိုင်ပေ။ ဒါ့အပြင်၊ သူမက လော့ချယ်ရဲ့မူလဇစ်မြစ်ကို သူမရဲ့ နှလုံးသားထဲမှာ နက်နက်ရှိုင်းရှိုင်း ငြင်းပယ်နေခဲ့တာကြောင့် သူမက ဒီလိုမျိုးလုပ်ခဲ့တာက"လော့ချယ်အတွက်" ‌ဆိုပြီးပြောဖို့က သဘာဝအတိုင်း မဖြစ်နိုင်ပေ။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now