Chapter 20

1.1K 148 0
                                    

Unicode

ကုမျန်က တောင်တန်းအပေါ်မှီခိုကာ ဘာကြိုးစားအားထုတ်မှုမှမရှိဘဲ မူလပိုင်ရှင်ရဲ့ဖခင်ဖြစ်သူဆီကနေ ပံ့ပိုးကူညီမှုရရှိခဲ့ပေမယ့်လည်း၊ မဟုတ်သေးဘူး၊သူက အခုတော့ သူမရဲ့ အဖေဖြစ်နေပြီ။‌ လော့ချယ်ယူဆောင်ပေးတဲ့ အကျိုးကျေးဇူးတွေကို ခံစားခဲ့ရတဲ့အတွက် သူမ သူ့ကို ကျေးဇူးတင်ရမယ်။

လော့ချယ်ရဲ့မျက်ခွံလေးတွေက အနည်းငယ်အောက်ကျသွားပြီး ပယင်း ရောင်မျက်၀န်းတွေကို ဖုံးအုပ်သွားတယ်။ သူက လော့ကျစ်ယွီကို သူပေးခဲ့တဲ့အဖြေအတိုင်း  ပြန်ပြောလိုက်တယ်။

ကုမျန်ရဲ့တုံ့ပြန်မှုက လော့ကျစ်ယွီနဲ့ အတော်လေး ကွာခြားတယ်။

လော့ချယ်ရဲ့အဖြေက မျက်နှာနှစ်ဖက်ရှိတဲ့ အဖြေဖြစ်ပြီး  အမှန်အတိုင်းမပြောဘူးလို့ လော့ကျစ်ယွီက တွေးခဲ့သေးပေမယ့်လည်း ကုမျန်ကတော့ သူပြောတာကိုယုံကြည်ခဲ့တယ်။

လော့ချယ်က သူ့ပရိသတ်တွေကို အဲ့ဒီစကားနှစ်ခွန်းပြောနေတာ သူမရှင်းရှင်းလင်းလင်း မှတ်မိနေတယ်။

ပထမစာကြောင်းကတော့ "တစ်နေ့ ငါ ဒီနယ်ပယ်က ထွက်သွားရင် မင်းတို့ကို ကြိုပြီးနှုတ်ဆက်မယ် အဲဒီနေ့မတိုင်ခင်မှာ မင်းတို့ရဲ့အချစ်တွေနဲ့ ထိုက်တန်အောင် ငါ အကောင်းဆုံးကြိုးစားမှာဖြစ်ပြီးတော့ မင်းတို့ကို စိတ်မပျက်စေရပါဘူး"

လော့ချယ်က သူ့ပရိသတ်တွေကို အရမ်းrespectထားတယ်။

သူက နေမကောင်းတဲ့ပရိတ်သတ်တွေဆီ လက်ဆောင်တွေနဲ့ကောင်းချီး‌ဆုတောင်းတွေ ပို့ပေးလိမ့်မယ်။ပူပြင်းခြောက်သွေ့တဲ့နေရောင်အောက် ဒါမှမဟုတ် မိုးသက်မုန်တိုင်းတွေအောက်မှာ သူ့ကိုတွေ့ဖို့အတွက် စိတ်ရှည်ရှည်စောင့်ဆိုင်းနေတဲ့ ပရိသတ်တွေကို ထီးနဲ့ သောက်စရာအေးအေးလေးတွေ ပေးလိုက်ဖို့ကိုလည်း  သူ့လက်ထောက်ကို သူတောင်းဆိုပေးလိမ့်မယ်။ သူ့ရဲ့နှစ်လိုဖွယ်‌ကောင်းမှုကြောင့် သူ့မှာ စစ်မှန်တဲ့followerတွေ သေချာပေါက်ကို အများကြီးရှိတယ်။

ပြီးတော့ သူပြောခဲ့တဲ့ ဒုတိယစာကြောင်းက "တစ်နေ့ ငါ သဘောကျတဲ့ တစ်စုံတစ်ယောက်ရှိခဲ့မယ်ဆိုရင် ငါ မင်းတို့ကိုပြောပြမယ်"

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now