Chapter 36

1K 143 0
                                    

Unicode

လော့ကျစ်ယွီက ကင်မရာကို ဂရုတစိုက်ဖယ်လိုက်ပြီး "ဘယ်လိုနေလဲ အရမ်းစိတ်လှုပ်ရှားစရာကောင်းတယ်မလား?" သူက မျက်လုံးမှိတ်ပြလိုက်ပြီး ပျင်းရိပျင်းတွဲနဲ့စိတ်အေးလက်အေးဖြစ်နေတဲ့ လော့ချယ်ကို ကြည့်လိုက်တယ်။

ကုမျန်စကားပြောဖို့ အချိန်မရခင်မှာ လင်းချီက သူတို့ကို အော်လာတယ်။"ဒါပြီးရင် ကျွန်တော် ခင်ဗျားတို့ကို demoတစ်ခု ပေးမယ်"

ဒါကြောင့် သူမမေးလိုက်တယ်လေ။ “ဒါဆို ကျွန်မ အခုသွားလို့ရပြီလား”

လင်းချီက သူမကို နောက်ပြန်လေးတောင်လှည့်မကြည့်ဘဲ သူ့လက်ကို ဝှေ့ယမ်းပြီး "ရပြီ"

လော့ချယ်ရဲ့အသံသွင်းတာကလည်း ပြီးဆုံးသွားတာကြောင့် နှစ်ယောက်သားက အသံသွင်းစတူဒီယိုကနေ အတူတူထွက်လာလိုက်ကြတယ်။

လော့ချယ်က ခေါင်းငုံ့ပြီး ကုမျန်ကိုကြည့်လာကာ "မင်း ဘယ်သွားမလို့လဲ"

"အိမ်ပြန်မလို့ပါ"

"ကောင်းပြီ လိပ်စာ?"

ကုမျန်က လော့ချယ်ကို ထူးဆန်းတဲ့အကြည့်တစ်ချက် ပေးလိုက်တယ်။

"ကိုယ် မင်းကို အရင်ပို့ပေးမယ်"

ကုမျန်က ဒါကို စဉ်းစားကြည့်လိုက်တယ်။ အခုက ရုံးတက်ရုံးဆင်းချိန်ပဲ။ တက္ကစီရဖို့က မလွယ်ကူလောက်ဘူးဆိုတော့ သူမရဲ့အိမ်လိပ်စာကို ပြောပြလိုက်တယ်။

လော့ချယ်ရဲ့vanကားက အရမ်းluxuryဆန်တယ်။ ကားထဲမှာ ရေခဲသေတ္တာအသေးလေးတစ်လုံးရှိတယ်။ ရေခဲသေတ္တာထဲမှာတော့ အချိုပွဲတွေ၊ snackတွေနဲ့ အချိုရည်အမျိုးမျိုး ရှိနေတယ်။

"ဘာစားချင်လဲ?"

ကုမျန်က ခေါင်းခါလိုက်ပြီး "ဟင်အင်း၊  ရေနွေးတစ်ခွက်ပဲ လိုချင်တယ်"

လော့ချယ်က ကုမျန်အတွက် ရေနွေးပူပူတစ်ခွက် ထည့်ပေးလိုက်ပြီး "ကိုယ့်မိဘတွေက မင်းကို တွေ့ချင်နေတယ်"

ကုမျန်အံ့သြသွားတယ်။ အရမ်းရုတ်တရတ်ဆန်လွန်းတယ်။

နောက်တော့ မူရင်းစာအုပ်ထဲမှာ ဒီဇာတ်ကွက် တကယ်ရှိတယ်ဆိုတာ သူမ ပြန်တွေးမိသွားတယ်။အခုအချိန်မှာ လော့ချယ်ရဲ့ဖခင်က အလွန်အမင်းဖျားနာနေပြီဖြစ်တယ်။ အချိန်ကိုကြည့်ရရင် သူ နေထိုင်ဖို့ လအနည်းငယ်ပဲရှိတော့တယ်။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now