Chapter 78

651 99 0
                                    

Unicode

108 အဆောက်အဦရှိ ဆုံလည်စားသောက်ဆိုင်မှာ ညစာစားသောက်ကြပြီးနောက် ကုကော်အန်းက ကုမျန်အတွက် အဆာပြေတွေဝယ်ဖို့ သရေစာဆိုင်ကိုသွားခဲ့တယ်။ ဒါဆို သူမက ညဘက်တီဗီဇာတ်လမ်းတွဲကြည့်ရင်း စားနိုင်တာပေါ့။

ကုကော်အန်းက ဝတ်စုံပြည့်ဝတ်ဆင်ထားပြီး ထက်မြက်တဲ့စိတ်ထားရှိတယ်။ ဈေးကြီးတဲ့ နာရီတစ်လုံးကို ၀တ်ဆင်ထားသေးတာကိုတော့ ထည့်မတွက်နဲ့ဦး။သူက အောင်မြင်တဲ့ အသက်မွေးဝမ်းကြောင်းရှိတဲ့ လူလတ်ပိုင်းတစ်ဦးဖြစ်ကြောင်း အားလုံးက သိခဲ့ကြတယ်။

သရေစာဆိုင်တွေလို မိန်းမငယ်လေးတွေ ခြေချရတာကြိုက်ကြတဲ့နေရာနဲ့ သူ့ရဲ့စိတ်နေသဘောထားက တကယ်ကို ကီးမကိုက်ပေမယ့် ကုမျန်အတွက် အဆာပြေရွေးချယ်တဲ့အချိန်မှာတော့ သူက အရမ်းကိုစိတ်ရှည်နေခဲ့တယ်။

ကုမျန်က အဆာပြေတွေ သိပ်မစားတာကြောင့် ဒီအရာတွေအကြောင်းကို သိပ်မသိပါဘူး။

ကုကော်အန်းက ဝန်ထမ်းကို မိန်းကလေးကြားမှာ ရေပန်းအစားဆုံးက ဘယ်အဆာပြေလဲလို့ စိတ်ရှည်ရှည်နဲ့ မေးလိုက်သေးတယ်။

ဝန်ထမ်းတွေက အခွံမာသီးတွေ၊ သစ်သီးခြောက်တွေ၊ အသားညှပ်ပေါင်မုန့်မိုချီနဲ့ များစွာသောသရေစာတွေကို စိတ်အားထက်သန်စွာ အကြံပြုလိုက်ကြတယ်။ တိုတိုပြောရရင်တော့ သူမက ရောင်းအားကောင်းတာတွေ သူတို့ကို ထပ်ပြီး အကြံပြုလိုက်တယ်ပေါ့လေ။ နောက်ဆုံးမှာ၊ ကုကော်အန်းက ကားထဲက ပစ္စည်းထည့်တဲ့ နေရာတစ်ခုလုံး ပြည့်လုနီးပါးရှိတဲ့ အဆာပြေအိတ်ကြီးတစ်ထုပ်ကို ကုမျန်အတွက် ဝယ်ခဲ့တယ်။

ဝယ်လာတဲ့အဆာပြေက ကုမျန်တစ်လလောက် စားဖို့အတွက်တောင် လုံလောက်လိမ့်မယ်။

ကုမျန်က ကြယ်ပွင့်တစ်ယောက်ဖြစ်နေပြီလို့ အခုထိ သိပ်ပြီးမခံစားရသေးတဲ့အတွက် သူမက ပေါ့ပေါ့ပါးပါးနဲ့ အပြင်လိုက်သွားနေဆဲပင်။

ကုကော်အန်းနဲ့တူတူ သရေစာဆိုင်ကိုသွားတော့ သူမက သေသေချာချာတောင် ရုပ်မဖျက်ထားဘူး။

သူမတို့ညစာစားပြီးတဲ့နောက် နောက်ကျနေ လောက်ပြီဆိုတော့ ဝန်ထမ်းအနည်းငယ်ကလွဲရင် ဆိုင်ထဲမှာ ကာစတန်မာ များများစားစား မရှိနေဘူး။ ဒါကြောင့် သဘာဝကျကျပင် သူမကို ဘယ်သူကမှ မမှတ်မိသွားကြပေ။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now