Chapter 39

1K 141 2
                                    

Unicode

"မျန်းမျန်၊ နင်က သူမရဲ့ ဂုဏ်သတင်းကိုပျက်စီးစေပြီး သူမရဲ့မှန်ကန်ဖြောင့်မတ်မှုကို ဥပဒေကနေတဆင့် ခုခံကာကွယ်ဖို့ စီစဉ်နေတယ်လို့ ၀မ့်ရှားရဲ့စတူဒီယိုက ကြေငြာချက်ထုတ်ခဲ့တယ်"

ကုမျန်က ယဲ့ယဲ့လေးပြောလိုက်တယ်။"ဘာပဲဖြစ်ဖြစ်"

ရှောင်ကျူးက သူမရဲ့အသံကို တမင်တကာနိမ့်ချလိုက်ပြီး" ၀မ့်ရှားမှာ တကယ်ကြီး ကလေးရှိနေတာလား ဒါကြီးက မဖြစ်နိုင်လိုက်တာ ဒီနှစ်တွေအတွင်း သူမက အရမ်းသန်မာလွန်းတာကြောင့် ကလေးယူဖို့ အချိန်ရှိမှာမဟုတ်လောက်ဘူးလေ အငှားကိုယ်ဝန်ဆောင်လိုက်လို့လား?"

ရှောင်ကျူးက ဖျော်ဖြေရေးနယ်ပယ်ထဲမှာ ရှိနေတာကြာပြီဖြစ်ပြီး သူမရဲ့အတွေးအမြင်တွေက လျင်မြန်စွာ ဖြာထွက်သွားတယ်။

ကုမျန်ကတော့ သူမရဲ့လက်ထောက်ကို ဆွံ့အသွားရပြီ။ "မဟုတ်ဘူး၊ သူမက နိုင်ငံခြားမှာ မွေးခဲ့တာ ကလေးက သူမရဲ့နောက်ဆုံးနာမည်နဲ့ အသက်ခြောက်နှစ်ရှိပြီ"

ရှောင်ကျူးက အံ့အားသင့်မှုကြောင့် မအော်ဟစ်မိဘဲ မနေနိုင်တော့ဘူး။ "ဒါ... ဒါအမှန်ပဲလား မျန်းမျန် နင်ဘယ်လိုသိတာလဲ"

ကုမျန်က အင်တာနက်ပေါ်က လူတွေအကြောင်း တွေးမိသွားပြီး ပေါ့ပေါ့ပါးပါး အရွှန်းဖောက်လိုက်တယ်။"ငါတွက်ချက်လိုက်တာလေ"

ရှောင်ကျုးက ကုမျန် ဒီအကြောင်း ဘယ်လိုသိထားလဲဆိုတာကို စိတ်မ၀င်စားဘဲ "မျန်းမျန် အဲ့ဒါက အမှန်ဆိုရင်၊ ဒါဆို ၀မ့်ရှားက ဘာလို့ ဒီလောက်တောင် သတ္တိရှိရတာလဲ"

ကုမျန်ရဲ့လေသံက ပေါ့ပေါ့ပါးပါးပဲ "သူမက သန်မာတဲ့အပေါ်ယံကို တပ်ဆင်ထားရမယ်‌လေ မဟုတ်ရင် ဒါကမှ အမှန်တရားပါလို့ ရှင်းလင်းနေမှာ မဟုတ်ဘူး"

"ဒါဆို သူမရဲ့ကလေးက... နာနီ နှိပ်စက်တာ တကယ်ကြီးခံ‌နေရတာလား"

"ဟုတ်တယ်"

ရှောင်ကျူးက သက်ပြင်းချလိုက်ပြီး "သနားစရာကောင်းလိုက်တာ"

ကုမျန်ကလည်း အသံနိမ့်နိမ့်နဲ့ နောက်ကလိုက်ပြောတယ်။

၀မ့်ရှားက ပရော်ဖက်ရှင်နယ်နာနီအတွက် လစာအများကြီးပေးခဲ့ပေမယ့်လည်း သူမ(နာနီ)က ပရော်ဖက်ရှင်နယ်မဟုတ်ခဲ့ပေ။ နာနီဖြစ်သူက အပြစ်ကင်းစင်တဲ့ ကလေးအပေါ်ကို သူမရဲ့မကျေနပ်ချက်အားလုံး ထွက်ပေါက်ရှာခဲ့တယ်။ နှစ်များစွာကြာပြီးနောက်မှာတောင် ၀မ့်ရှားသတိမထားမိခဲ့တာကတော့ သနားစရာပင်။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now