Chapter 52

847 104 1
                                    

Unicode

Chapter 52

ရှောင်ကျူးက တစ်ခုခုကိုတွေးမိသွားပြီး ပြောလာတယ်။"မျန်းမျန် နင့်Weibo accနဲ့passwordကို ငါ့ဆီပေးထားလိုက်လေ ငါ တခါတလေ နင့်ရဲ့ကိုယ်ရေးကိုယ်တာမက်ဆေ့ချ်တွေကို ကြည့်ပြီးကိုင်တွယ်ပေးလို့ရတာပေါ့"

အနုပညာရှင်တွေရဲ့ weiboက ယေဘုယျအားဖြင့် သူတို့ကိုယ်တိုင် သုံးလေ့မရှိကြဘူး။တခါတလေဆို Weibo accတစ်ခုရဲ့နောက်မှာ အဖွဲ့တစ်ခုလုံး စီမံနေတာတောင် ရှိတယ်။companyတူတဲ့ အနုပညာပညာရှင်တွေမှာ မွေးနေ့လိုမျိုး အခါသမယလေးတွေရှိတတ်တယ်လေ။သူတို့က ကောင်းချီးပေးဖို့ forwardပြန်လုပ်ပေးရပြီး တစ်ခါတစ်ရံမှာဆို ရိုက်ကူးရေးအဖွဲ့တွေက ပြန်တင်ပေးတာလည်း ‌ရှိတယ်။ဒါပေမယ့် တကယ့်တကယ်မှာတော့ ဒီလိုစီးပွားရေးဆန်တဲ့ forwardမျိုးကို အများအားဖြင့် အနုပညာရှင်တွေက သူတို့ကိုယ်တိုင်မလုပ်ကြဘူး။

ဒါကြောင့် ကုမျန်က သူမရဲ့ Weibo အကောင့်နဲ့ စကားဝှက်ကို ပြောပြလိုက်တယ်။ သူမတို့နှစ်ယောက် မနက်စာစားပြီးနောက် ပေချန်းကိုပြန်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။

ကုမျန်ရဲ့အေးဂျင့်နဲ့ ယာဉ်မောင်းက ဟိုတယ်အောက်မှာ စောင့်နေပြီဖြစ်တယ်။

လီနန်ရဲ့လက်အောက်မှာ ကုမျန်တစ်ယောက်တည်းသာရှိပေမယ့် သူ့မိသားစုမှာ တစ်ခုခုဖြစ်သွားတာကြောင့် ကုမျန်က သူ့ကို အားလပ်ရက်ပေးခဲ့တာဖြစ်ပြီး သူက အလုပ်ကို ခုမှပြန်ရောက်လာတာဖြစ်တယ်။

လီနန်နဲ့ ရှောင်ကျူးတို့က ပြီးခဲ့တဲ့နှစ်ရက်အတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို ကားထဲပြောနေကြတဲ့အချိန်မှာ ကုမျန်က မျက်လုံးတွေကို မှိတ်ထားပြီး ငြိမ်သက်နေတယ်။ အခုက နိုဝင်ဘာလဖြစ်တာကြောင့် ဒီလက ဆောင်းရာသီ ရောက်တော့မယ်လို့ ဆိုလိုတဲ့အပြင် သူမရဲ့အလုပ်ကလည်း ပိုများလာမယ်လို့ပါ ဆိုလိုတယ်။

နှစ်ကုန်ခါနီးမှာ အမျိုးသားအော်ပရာပွဲလိုမျိုး အမျိုးမျိုးသောဆုပေးပွဲတွေ၊ music awardနဲ့ ကုမျန် နာမည်တွေတောင် မမှတ်မိတဲ့ ဆုပေးပွဲတွေ ကျင်းပကြတယ်။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now