Chapter 74

684 101 1
                                    

Unicode

ကုမျန်က ကားပေါ်ပြန်ရောက်လာပြီးနောက် လီနန်ကို ပြောလိုက်တယ်။"အစ်ကိုနန်၊ ရှင်ရှာတွေ့ထားတဲ့သတင်းကို တင်ပေးပါ"

၀မ့်ရှားကိုဖျက်ဆီးဖို့ သူမရဲ့လက်ထဲမှာ သက်သေအထောက်အထား အလုံအလောက်ရှိနေတာကြောင့် လော့ချယ်ရဲ့ကူညီပေးချင်တဲ့ ရည်ရွယ်ချက်ကို သူမ ငြင်းပယ်ခဲ့ခြင်းပင်။

အရင်တုန်းကတော့ ကုမျန်က စိတ်ထားနူးညံ့ပြီး သူတပါးကို မကောင်းတာမလုပ်ချင်ဘူး။ သူမက ကိစ္စတော်တော်များများ လုပ်‌တဲ့နေရာမှာ အမြဲတစေ သူများတွေရဲ့လုပ်ရပ်ကို ခွင့်ပြုနိုင်တဲ့နယ်ပယ်အတိုင်းအတာထားခဲ့ပေမယ့် ၀မ့်ရှားကတော့ တကယ်ကြီးကို ကိုယ့်သေတွင်းကိုယ်တူးနေခဲ့တာပဲ။

ရွှံ့ရုပ်ကတောင် ဆက်ပြီးသည်းခံနိုင်မှာ မဟုတ်ဘူးလေ။ ကုမျန်က သူမကို အရင်က အကြိမ်ပေါင်းများစွာ သည်းခံခဲ့ပြီးသားဆိုတာကတော့ ပြောစရာကိုမလိုအပ်ပေ။

ဖျော်ဖြေရေးနယ်ပယ်မှာ ဒီလောက်ထိမြင့်မြင့်မားမား ရပ်တည်လာနိုင်ခဲ့တဲ့ ၀မ့်ရှားက ဘယ်တုန်းကမှ မရိုးရှင်းခဲ့ပေ။ သူမလာရှုပ်မိတဲ့သူက ကုမျန်ဖြစ်နေတာကတော့ သနားစရာပင်။

သရဲအိမ်မှာ ဖြစ်ပျက်ခဲ့တာတွေကို လီနန်သိတယ်။ သူက okဆိုတဲ့ လက်ဟန်ပြလိုက်ပြီး "ငါ့ကိုထားခဲ့လိုက်၊ ချက်ချင်းလုပ်ပေးမယ်"

နေ့လည်ခင်းမှာတော့ နာမည်ကြီးကြယ်ပွင့်၀မ့်ရှား ပျက်ကိန်းဆိုက်လေပြီ။

ကလေးမွေးတယ်၊ သားကိုနှိပ်စက်တယ်၊ လူသတ်ဖို့လူဝယ်တယ်...

တစ်ခုပြီးတစ်ခု ဖော်ထုတ်ခံလိုက်ရတဲ့ အဖြစ်အပျက်တွေက သဘာဝကျကျပင် ပိုဆိုး၀ါးလာတယ်။

အနက်ရောင်မြွေအဖြစ်အပျက်က ၀မ့်ရှားနဲ့ ပတ်သက်တယ်လို့ အတည်မပြုနိုင်သေးတာကြောင့် လောလောဆယ်တော့ အဲ့ဒါနဲ့ပတ်သက်ပြီး သတင်းမရှိသေးဘူး။ ဒါပေမယ့် ထုတ်ဖော်ပြသထားတဲ့ အချက်သုံးချက်နဲ့တင် ၀မ့်ရှားကို ဖျော်ဖြေရေးနယ်ပယ်ထဲက ထုတ်ပစ်ဖို့ လုံလောက်တယ်။

မကြာသေးမီက  Weiboပေါ်မှာ ကုမျန်က ၀မ့်ရှားကို သူမရဲ့ကလေးကို ပိုဂရုစိုက်ဖို့နဲ့ အဲ့လိုလုပ်တာကသာ နာနီနှိပ်စက်တာခံနေရတဲ့ သူမရဲ့ကလေးအတွက် ပိုကောင်းလိမ့်မယ်လို့ ပြောခဲ့သေးတယ်။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now