Chapter 84

600 104 0
                                    

Unicode

ကုမျန် ထိုင်ခုံတစ်ခုံပေါ် ထိုင်ပြီးပြီးချင်းမှာပဲ စက္ကန့်များစွာကြာပြီးနောက် လော့ချယ်က သူမဘေးမှာ လာထိုင်ခဲ့တယ်။

ကျန်တဲ့ဧည့်သည်တွေက အချင်းချင်း နှုတ်ဆက်နေကြတယ်။ မျက်နှာတန်ဖိုးမြင့်မားတဲ့ လူနှစ်ယောက် အတူတူထိုင်ရတာကိုမြင်ရတာက နည်းနည်းတော့ မှင်သက်စရာပဲ။

လော့ချယ်က နယ်ပယ်ထဲမှာ‌ဆို သူငယ်ချင်းမရှိဘူးဆိုတဲ့ နာမည်ဆိုးနဲ့ကျော်ကြားတယ်။ သူက သူငယ်ချင်းမဖွဲ့တာ မဟုတ်ဘဲ ဆန့်ကျင်ဘက်အားဖြင့် တော်တော်များများက သူနဲ့ သူငယ်ချင်း ဖြစ်ချင်ပေမယ့် သူက သူငယ်ချင်း မဖွဲ့ချင်ခဲ့တာပင်။ အချိန်ကြာလာတာနဲ့အမျှ၊ လူတိုင်းက လော့ချယ်ရဲ့ကိုယ်ရည်ကိုယ်သွေး၊ အေးစက်စက်နိုင်မှုနဲ့ မြင့်မားတဲ့အနေအထားတို့နဲ့အတူ လော့ချယ်ကိုသွားရှာဖို့ ဘယ်သူမှ အစမပြုကြတော့ဘူး။

အတွင်းလူတော်တော်များများရဲ့အမြင်မှာတော့ သူတို့ လော့ကျစ်ယွီနဲ့ ဆက်ဆံရေးကောင်းရင် လော့ချယ်နဲ့ ဆက်ဆံရေးကောင်းတာပဲလို့ ယူဆကြတယ်။ ဒါကြောင့် ဖျော်ဖြေရေးနယ်ပယ်မှာ လော့ကျစ်ယွီက လော့ချယ်ထက် ပိုနာမည်ကြီးတယ်။

ဒီတစ်ခါတော့ ပထမဆုံးအကြိမ်အဖြစ်  ကုမျန်ရဲ့ဘေးမှာထိုင်ဖို့ လော့ချယ်အစပြုခဲ့တာပင်။ဒါက  လူမသိတဲ့အချက်အလက်အချို့ကို ထုတ်ပြနေပုံပဲ။

ဧည့်သည်တွေကို အတည်ပြုဖို့ အချိန်အနည်းငယ် လိုအပ်နေဆဲပင်။

လော့ချယ်က ထိုင်ချပြီးနောက်
"ဒီရက်တွေမှာ အဆင်ပြေရဲ့လား" ဆိုတဲ့ လူတကာသုံး အကြိုနှုတ်ဆက်စကားကိုမပြောခင် ခဏလောက် တိတ်ဆိတ်နေခဲ့တယ်။

"အရမ်းပြေတယ်"

ဒီရက်တွေမှာ ကုမျန်က ကောင်းကောင်းစားပြီး ကောင်းကောင်းအိပ်တယ်။ သူမက အချိန်အများစုကို သရုပ်ဆောင်ပညာကို သင်ယူဖို့ အလုပ်များနေပေမယ့်လည်း သူမရဲ့ဘ၀လေးက ပြည့်စုံပြီး ပျော်ရွှင်စရာကောင်းပါတယ်။ သူမရဲ့အမြင်အရတော့ ဘဝဆိုတာ တကယ်ကို အံ့သြစရာကောင်းတယ်။

မျှော်လင့်ထားတဲ့အဖြေကြောင့် လော့ချယ်က တခစ်ခစ်ရယ်မောလိုက်တယ်။ ရွှယ်ရိဆွဲချပြီးနင်းခြေတာက သူမကို ဘယ်လိုမှမသက်ရောက်စေဘူးဆိုတာ သူသိပေမယ့်လည်း လော့ချယ်က အနည်းငယ် အံ့အားသင့်သွားဆဲဖြစ်ပြီး သူမရဲ့လွတ်လပ်ပေါ့ပါးတဲ့ နေထိုင်မှုကို သဘောကျမိတယ်။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now