နှလုံးသွေးဖြင့် ဆေးပါရစေ (Com...

By Allian528

28.6K 1.5K 636

#Normal #Myanmar fiction #punishment type #ဆိုးသွမ်းလွန်းတဲ့ကောင်မလေးနဲ့ တည်ငြိမ်ရင့်ကျက်တဲ့ကောင်လေးရဲ့အချစ်ဇ... More

Intro
အပိုင်း 1
အပိုင်း 2
အပိုင်း 3
အပိုင်း 4
အပိုင်း 5
အပိုင်း 6
အပိုင်း 7
အပိုင်း 8
အပိုင်း 9
အပိုင်း 10
အပိုင်း 11
အပိုင်း 12
အပိုင်း 13
အပိုင်း 14
အပိုင်း 15
အပိုင်း 16
အပိုင်း 17
အပိုင်း 18
အပိုင်း 19
အပိုင်း 20
အပိုင်း 21
အပိုင်း 22
အပိုင်း 23
အပိုင်း 24
အပိုင်း 25
အပိုင်း 26
အပိုင်း 27
အပိုင်း 28
အပိုင်း 29
အပိုင်း 30
အပိုင်း 31
အပိုင်း 32
အပိုင်း 33
အပိုင်း 34
အပိုင်း 35
အပိုင်း 36
အပိုင်း 37
အပိုင်း 38
အပိုင်း 39
အပိုင်း 40
အပိုင်း 41
အပိုင်း 42
အပိုင်း 44 💙
အပိုင်း 45 (Final)

အပိုင်း 43

626 36 6
By Allian528

အပိုင်း 43

ဆောင်းရာသီက ညတာရှည်သည်ဆိုတာ မှန်၏။မတ်တပ်ရပ်နေရသော တစ်နာရီကကြာလွန်းသည်။
နန်းနန်းတစ်ယောက် သူ့အပြစ်တွေကိုသူသုံးသပ်ရင်း လက်မှာပတ်ထားသောအညိုရောင်နာရီလေးကိုခဏခဏကြည့်နေမိသည်။ထိုနာရီလေးက အရင်နှစ်မွေးနေ့တုန်းက ကိုကိုဝယ်ပေးထားသောနာရီလေးဖြစ်သည်။
ဒီနှစ်မွေးနေ့တောင်ရောက်​တော့မည်။
ရက်ပိုင်းပဲလိုတော့သည့်မွေးနေ့မှာ ကိုကို့ဆီက ဘာလက်ဆောင်ရမလဲကို နန်းနန်းရင်ခုန်မိသည်။

.
.

ဒေါက်....ဒေါက်....

ကိုကိုက အခန်းထဲကို ခပ်တည်တည်နဲ့ပဲဝင်လာလေသည်။

နန်းနန်း ခေါင်းကိုအောက်သို့ငုံ့ထားလိုက်သည်။

ကုတင်ပေါ်တွင်ထိုင်ပြီး စကားမပြောဘဲတိတ်ဆိတ်နေသောကိုကိုက 5မိနစ်လောက်အကြာတွင်...

"နန်းနန်း.....မင်း ဘယ်လိုစိတ်ကူးနဲ့ အဲ့လိုအကြံရတာလဲ ပြောပါဦး"

လေသံအေးအေးလေးနဲ့ပြောနေပေမယ့် နန်းနန်း
သွေးကြောတွေထဲအထိစိမ့်နေသည်။
နန်းနန်း ချက်ချင်းပြန်မဖြေဘဲ ကိုကို့ကို တစ်ချက်ကြည့်လိုက်သည်။

"ကိုကို....Babeတောင်းပန်ပါတယ်"

"မတောင်းပန်နဲ့ မေးနေတာကိုပဲဖြေ....အဖြေကိုပဲသိချင်တယ်"

"ကိုကို့ကိုစမ်းကြည့်တာပါ"

"နန်းနန်း....မင်းကို ကိိုကိုချစ်တာကိုမယုံဘူးလား....ကိုကို့အချစ်ကမင်းအတွက်မလုံလောက်သေးဘူးလား....ပြီးတော့ မင်းကိုပြောမယ်....မလုပ်သင့်တဲ့အရာမစနောက်သင့်တဲ့အရာဆိုတာခွဲခြားသိတယ်မလား"

"....."

"နန်းနန်း....ဆိုးသင့်တာပဲဆိုး ဂျစ်သင့်တာပဲဂျစ်... limitထက်တော့ပိုမလာနဲ့....ကိုကို့အကြောင်းမင်းအသိဆုံးနော်....ကိုကိုမင်းကိုချစ်တာလည်းမင်းသိတယ်...အဲ့တာကို ပေါက်ကရတွေမလုပ်စမ်းနဲ့"

"ဟုတ်"

"အခုထိ ကိုကို စိတ်တိုနေတုန်းပဲ....ဒီည မေလေးနဲ့အိပ်မာလို့အိမ်ကိုဖုန်းဆက်ထားတယ်....အိမ်ကလည်းအိပ်တဲ့"

"ဟုတ်"

ကောင်းမွန် ငိုနေသောကောင်မလေးကြောင့် စိတ်ထဲမကောင်းမိပြန်။

"ကိုကို...."

နန်းနန်းက သူ့အား ကိုကိုလို့ တိုးလျစွာခေါ်လာပြီး သူ့ရဲ့ခြေရင်းမှာ ဒူးတုတ်ထိုင်နေသည်။

"ကိုကို....Babeချမ်းတယ်"

နန်းနန်း ကိုကို့ခြေထောက်လေးကိုဖက်လိုက်သည်။
ကိုကိုက သူ့အားအနွေးထည်လေးဝတ်ပေးသည်။

"Babe....ဘာလို့ငိုနေတာလဲ"

"Babeကို ကိုကိုစိတ်မပျက်ဘူးမလားဟင်"

"စိတ်ပျက်စရာလား....ကိုကို Babeကိုချစ်တယ်....Babeကို စွန့်ပစ်ဖို့စိတ်နဲ့တောင်မတွေးဖူးဘူး....ပြီးတော့ Babeမလိမ်မာရင်ဆုံးမရမာ ကိိုကို့တာဝန်....Babe ဆိုးတာကဆိုးပါ...ဒါပေမယ့်limitတော့သိ....နောက်ထပ်ဘာအပြစ်တွေလုပ်ထားသေးလဲ ပြောပါဦး"

မျက်ရည်စလေးတွေနဲ့မော့ကြည့်လာသောကောင်မလေးက သူ့အားပြုံးပြလာသည်။

"ဟမ်...ဘာလို့ပြုံးနေတာလဲ...စောနာကကြ ငိုပြီး"

"စောနာကငိုတာက Babeရဲ့အပြစ်တွေကိုမြင်ပြီး... အော် ငါ ငါ့ကိုကို ကို ဘယ်လိုတောင်စမ်းရက်တာလဲ...ငါတော်တော်ဆိုးတာပဲဆိုပြီး ကိုယ့်ကိုကိုယ်ဒေါသဖြစ်မိလို့ငိုတာပါကိိုကို"

"အမ်..."

ကောင်းမွန် နန်းနန်းစကားကြောင့်ပြုံးမိသည်။

"ပြုံးတာကကြ ကိုကို့မျက်နှာကချောပြီး ကျက်သရေရှိတော့ ငါ့ကောင်လေးကချောလိုက်တာဆိုပြီးအတွေးလွန်ပြီးပြုံးမိသွားတာကိုကို...နောက်ထပ်အပြစ်တွေလုပ်ထားတာမရှိပါဘူးဗျ"

ကောင်းမွန် နန်းနန်းရဲ့ဆံပင်လေးကိုထိုးဖွလိုက်သည်။ထို့နောက် ခေါင်းလေးကိုနမ်းလိုက်သည်။

"Babe....မေလေးကို ကိုကိုဆေးလိမ်းခိုင်းလိုက်မယ်နော်...."

"ဟုတ်ကိုကို....မွ"

ကိုကို့လက်ဖဝါးကို နန်းနန်းတဖွဖွနမ်းရင်း....

"ကိုကို....Babeမွေးနေ့ရောက်တော့မာနော်"

"ကိုကိုသိတာပေါ့...Babeလေးရ"

............................

"ချယ်ရီတွေပွင့်နေပြန်ပြီ နန်းရေ....ကိုယ် နန်းကိုသိပ်လွမ်းတာပဲ...နန်းရဲ့ မွေးနေ့တောင်ရောက်တော့မယ်နော်......ကိုကောင်းမွန်မြတ်နဲ့မင်းရောအဆင်ပြေရဲ့လား"

အိုက်နိုင်တစ်ယောက် နန်းနန်းနဲ့အမြဲလာနေကျ ချယ်ရီပင်အောက်မှာ တစ်ယောက်တည်းထိုင်ရင်းအတွေးလွန်နေမိသည်။ လုံတောက်ရွာလေးရဲ့ခေါင်းဆောင်ဖြစ်တဲ့ သူ့လိုလူကို ပြုစားသွားသောနတ်မိမယ်လေးသဖွယ်လှသည့်နန်းနန်းကို သူဘယ်လိုမှမေ့မရ။ပိုင်ရှင်ရှိရင်ရှောင်ရမယ်ဆိုသည့် လူ့ကျင့်ဝတ်ကိုသူနားလည်သောကြောင့်သာနောက်ဆုတ်ပေးရခြင်းဖြစ်သည်။နန်းနန်းကို သူချစ်တဲ့သူလက်ထဲထည့်လိုက်ရတာ အိုက်နိုင်ပျော်ပါသည်။ကိုယ်ချစ်တဲ့သူကို သူချစ်နေတဲ့သူရဲ့လက်ထဲမှာပဲအိုက်နိုင်မြင်ချင်သည်။

"အိုက်နိုင် "

"လွေးမီးငယ် လာလေ"

ညီမဖြစ်သူ လွေးမီးငယ်က သူ့အနားမှာလာထိုင်သည်။

"ဘာတွေတွေးနေတာလဲ"

"နန်းနန်းအကြောင်းပါ"

"အော် ထင်တော့ထင်သား....မန္တလေးကိုလိုက်သွားပါလား"

"တော်ပါပြီ လွေးမီးငယ်ရယ်....သူ့ဘဝလေးနဲ့သူအဆင်ပြေနေမာ...ငါကသွားပြီးဘာလုပ်ရမှာလဲ"

"မိတ်ဆွေအနေနဲ့ပေါ့ဟာ"

"တော်ပါပြီဟာ"

ချယ်ရီတွေပွင့်တိုင်း သူ နန်းကိုလွမ်းသည်။ကလေးတွေရင်ထဲမှာရော သူ့ရင်ထဲမှာရော တစ်ရွာလုံးရင်ထဲမှာရော နန်းနန်းကအမြဲရှိနေသည်။

.....................

ထူးထူးဂိမ်းဆော့နေရင်း ကိုကို့ဆီကဖုန်းလာသဖြင့်ချက်ချင်းကိုင်လိုက်သည်။

"ဟုတ်ကိုကို"

"ထူးထူး....ကျောင်းပုံမှန်သွားရဲ့လား"

"ဟုတ်"

"အင်း......မိဘစကားရောနားထောင်နော်....ပြီးတော့မကောင်းတာတွေမစမ်းရဘူးကြားလား...ဆေးလိပ်ကရော ဘာကိစ္စသောက်တာလဲ"

ထူးထူး ကိုကို့ကိုဖုန်းထဲမှာတင်ရှိန်နေသည်။

"ကိုကို သားမလုပ်တော့ဘူး...."

"အင်း...ထူးထူး....ကိုကို့စကားကိုနားထောင်မယ်လို့မျှော်လင့်တယ်..."

"ဟုတ် ကိုကို"

"အင်း...နာခံတယ်ဆိုတာ ရှေ့တင်မဟုတ်ဘူး ကွယ်ရာမှာပါ နာခံမှုရှိရတယ်နော် မှတ်ထား....ဂိမ်းတွေရောအများကြီးမဆော့နဲ့နော်ကြားလားထူးထူး...ကိုကို့ညီလေးကို ကိုကိုကစိတ်ပူလို့ပြောတာ"

ထူးထူး ကိုကို့လို လူမျိုးရှိတာကံကောင်းလွန်းသည်။အရာရာမှာလမ်းပြဆုံးမသွန်သင်ပေးသည်။ညီလေးအရင်းလေးတစ်ယောက်လိုသူ့အားသဘောထားသောကိုကို့ကို သူသိပ်ချစ်သည်။သူ့ရဲ့စိတ်တွေကို ကိုကိုကနားလည်သည်။

"ကိုကို....မနန်း​နဲ့ ဘယ်တော့လက်ထပ်မှာလဲ....သား တူလေးတွေတူမလေးတွေလိုချင်နေပြီ"

"ဟား.....စပရိုက်ပေါ့ကွ...ပြောစရာလား"

"ဟွန်း..."

ထူးထူး ကိုကိုနဲ့ မနန်းကိုလက်ထပ်စေချင်ပြီဖြစ်သည်။မနန်းက ကိုကို့လိုလူရတာတကယ်ကံကောင်းသည်။ကိုကိုက အရာရာမှာရင့်ကျက်ပြီးလူကြီးဆန်သည်။
အကျင့်စာရိတ္တလည်းကောင်းသည်။ရိုးသားကြိုးစားသည်။

......................

ဒီဇင်ဘာ30ရက်..... စနေနေ့....

ဆောင်းနှင်းဝေနေတဲ့မနက်ခင်းလေးမှာ နန်းနန်းမထချင်ထချင်နဲ့ကုန်းထနေသည်။
မွေးနေ့မို့12ထိနေချင်သည်ဟု ပြောလည်းကိုကိုကမရ။မနေ့ညကအစောကြီးအိပ်ခိုင်းသည်။
ဖုန်းကိုဖွင့်ကြည့်လိုက်တော့လည်း ကိုကိုမှလွဲ တစ်ခြားသူတွေရဲ့မွေးနေ့ဆုတောင်းလွှာတွေ။
ကိုကိုမအားလို့နေမာပါဟုတွေးရင်း နန်းနန်း ဖြေသိမ့်လိုက်သည်။
Fbကိုဝင်ပြီး ကိုကို့အကောင့်ထဲကိုဝင်ကြည့်နေမိသည်။

"ဟင် အရင်က Fri က 300​ ပါ.....အခု302ယောက်ဖြစ်နေတယ်"

နန်းနန်း ကိုကို့friendတွေကိုစစ်ကြည့်ရင်း ကိုကိုရှဲထားသောpostအောက်က reactတွေကိုနှိပ်ကြည့်နေမိသည်။

"ဟင်....ဒီကောင်မလေးက ဘယ်သူလေးလဲ ကိုကို့postကို အသဲreactပေးထားတယ်....ကိုကိုနဲ့တွေ့မှ မေးကြည့်တော့မယ်...ဟာ ကိုကို့ကိုmentionထားသေးတယ်ဟ"

နန်းနန်း နှုတ်ခမ်းလေးဆူကာ အလိုမကျစွာပြောရင်း မျက်နှာသစ်ဖို့ ပြင်လိုက်သည်။
မျက်နှာသစ်ပြီးနောက် အခန်းအပြင်ကိုထွက်ရန်တံခါးကိုဖွင့်စဥ်....

"Surprise!!!"

"အာ"

နန်းနန်း ကိုယ့်ပါးကိုရိုက်ကြည့်လိုက်သည်။

ဖြန်းဖြန်း..

"အာ့ နာတယ်ဟ"

ကိုကိုက သူ့ရှေ့မှာ ဒူးထောက်ပြီး နှင်းဆီပန်းစည်းကိုကိုင်ထားသည်။ပန်းစည်းထဲတွင် သိပ်လှသောစိန်လက်စွပ်လေးက တဖြက်ဖြက်လက်နေသည်။

"Babe.... ကိုကို Babeကို အလေးအနက်ပြောစရာရှိတယ်....Babe ကိိုကို့ကို လက်ထပ်နိုင်မလား"

"အား.....ကိုကို ဘယ်လိုမေးလိုက်တာလဲ...လက်ထပ်မှာပေါ့လို့...အား...ပျော်လိုက်တာ မေမေရေ"

နန်းနန်း မေမေ့ကိုပြေးဖက်လိုက်သည်။ဖေဖေရယ်မေလေးရယ် ထူးထူးရယ်က နန်းနန်းအားပြုံးပြီးကြည့်နေကြသည်။

ကိုကိုက သူ့အားလက်စွပ်လေးကိုဝတ်ပေးပြီး ဖက်ထားသည်။

.
.

"Babe....ကိုကို Babeကို အများကြီးချစ်တယ်နော်...Babeက ကိုကို့ဘဝရဲ့တန်ဖိုးထားရတဲ့ကောင်မလေးမို့ ကိုကိုBabeကို ဘယ်တော့မှစွန့်ပစ်ဖို့မတွေးဖူးဘူးဆိုတာယုံပေးနော်...ပြီးတော့ ကိုကို Babeကိုပြည့်ပြည့်စုံစုံနဲ့စိတ်ချမ်းသာအောင်ထားမယ်...Babeရဲ့ကျန်နေသေးတဲ့ဘဝတစ်လျှောက်လုံးကို ကိိုကို့အချစ်တွေနဲ့သာယာစေရမယ်....ကိုကို့ကိုယုံလား"

"ယုံတယ်ကိုကို....Babe ကိုကို့ကိုယုံတယ်....Babeဘဝမှာ ကိုကို့လိုလူရတာ Babeသိပ်ကံကောင်းတာ....Babeလေ ကိုကို့အပေါ်ငယ်ငယ်ကတည်းက ဆိုးခဲ့တာတွေရိုင်းခဲ့တာတွေအများကြီးပဲ......ပြီးတော့Babeကိုယ့်ကိုကိုယ်ထိခိုက်အောင်လုပ်ပြီးဆိုးတာတွေရော...အဲ့လိုဆိုးခဲ့တာတောင်Babeကို ကိုကိုက မမုန်းခဲ့ဘူး.....ကိုကိုကလမ်းပြပေးတယ် ဆုံးမပေးတယ်....ကိုကိုက Babeဘဝရဲ့ဆုလာဘ်လေးပါ....Babeဘယ်လောက်ဆိုးဆိုး ကိုကိုမမုန်းဘဲချစ်ပေးဂရုစိုက်ပေးလို့ ကိုကို့ကိုBabeကျေးဇူးတင်တယ်နော်....ဟင့်"

နန်းနန်းငိုမိသည်။ကိုကို့ကိုသူဆုံးရှုံးမခံနိုင်အောင်ထိချစ်သည်။

"ကဲ....သားနဲ့သမီး.... ငါ့သားလေးနဲ့သမီးလေးကို ဦးတို့ကကြာလှပြီလက်ထပ်စေချင်တာ....ဦးတို့ဆန္ဒတွေပြည့်ဝပြီ....သား ကောင်းမွန်... ဦးရဲ့သမီးဆိုးလေးကို ချစ်ပေးလို့ဦးကကျေးဇူးတင်တယ်နော်"

"ဒါနဲ့ ကိုကို... ကိုကိုတို့ဘယ်တုန်းကရောက်နေတာလဲ"

"ကိုကိုတို့ ည12ထိုးကတည်းက ဒီအခန်းရှေ့မှာထိုင်စောင့်နေတာ"

"ဟင်....တကယ်.....ဟီး ချစ်လိုက်တာ"

............................

ကိုကိုနဲ့ နန်းနန်း မင်္ဂလာပွဲကိစ္စတွေနဲ့အလုပ်ရှုပ်နေသည်။
နန်းနန်း ကိုကို့ကိုမေးမယ်ဆိုတဲ့ကိစ္စလည်းခုထိမမေးရသေး။ကိုကို့ကိုမေးရင်ကောင်းမလား မမေးရင်ကောင်းမလားတွေးနေမိသည်။

"Babe...ကိုကို့ကို ဘာပြောစရာရှိလို့လဲ"

"ဟို...ဟို"

ကောင်းမွန် နန်းနန်းရဲ့ပခုံးလေးကိုကိုင်ကာ...

"Babe...ပွင့်ပွင့်လင်းလင်းပြောရမယ်လေ ...ကိုကိုနဲ့Babeကြားမှာ ဘာမှမပြောရဲစရာမလိုဘူး ပြော....ဘာလဲ အပြစ်လုပ်ထားလို့လား....အပြစ်လုပ်ထားရင်တော့ ကိိုကိုအပြစ်ပေးရမာပဲနော်"

နန်းနန်း ကိုကို့နှုတ်ခမ်းကို နမ်းလိုက်သည်။

"မွ"

"အာ"

ကောင်းမွန် နန်းနန်းအားကြည့်ကာပြုံးမိသည်။သူ ငယ်စဥ်ကချစ်ခဲ့ရသော အခုချိန်ထိရော ချစ်နေရသော နောင်ထိရော ချစ်နေမည့်ကောင်မလေးရဲ့ နဖူးလေးကို အနမ်းတစ်ပွင့်ခြွေလိုက်သည်။

"Babe....ကိုကိုရဲ့သဲတုန်းလေး....မွ....ဘာပြောချင်တာလဲပြော"

"ကိုကို့အကောင့်ထဲမှာ ကိုကို့ကိုmentionထားတဲ့တစ်ယောက်ကဘယ်သူလဲ....ပြီးတော့သူက ကိုကို့postအောက်မှာreactရောပေးထားသေးတယ်"

"Babe....သဝန်တိုနေတာကြည့်ပါဦး"

"....."

"အဲ့တာက ကိုကို့ရဲ့ဂျူနီယာလေးပါ....ပြီးတော့ mentionထားတာက သူမသိတဲ့အကြောင်းအရာကိုလိုင်းပေါ်ကနေမေးချင်လို့ဆိုပြီးကိုကို့ကိုအဲ့postအောက်မှာမန်းရှင်းထားတာ"

"အော်....ယုတ္တိကိုမရှိဘူး"

နန်းနန်း ကိုကို့ရှေ့ကနေထပြီး ရေခဲသေတ္တာဆီသွားလိုက်သည်။

ရေခဲသေတ္တာထဲက အချိုရည်ဗူးကို ယူပြီး ဖွင့်လိုက်သည်။

"Babe...Gasပါတယ်လေ အဲ့ဗူးက ...မသောက်နဲ့.... သောက်ချင်ရင် ကိုကို အသီးစစ်ဖျော်ပေးမယ်"

နန်းနန်း ကိုကို့စကားတွေကို နားမထောင်ဘဲ ခပ်တည်တည်နဲ့အချိုရည်ကိုမော့ချလိုက်သည်။

"Babe!!"

ကောင်းမွန်အချိုရည်ဗူးကို ဆွဲယူလိုက်သည်။

"ကိုကို ဒေါသမထွက်ချင်ဘူးနော်"

"အဲ့တစ်ယောက်ကို unfriendလုပ်လိုက်"

"Babe....သဝန်တိုတာနဲ့သဝန်ကြောင်တာနဲ့မတူဘူးနော်....သဝန်တိုတာကတိုလို့ရတယ် သဝန်မကြောင်ပါနဲ့.....ပြီးတော့ ကိုကို့မှာBabeရှိတယ်ဆိုတာလည်းသူသိတယ်....reactလေးတစ်ခုက ဘာများအရေးကြီးနေလို့လဲ..."

"ကိုကို! ကိုကို့အောက်မှာ ဘယ်သူတွေဘယ်လိုreactပေးတာကအစ Babeအကုန်သိတယ်.....ကိိုကို့အကောင့်ထဲ Babeတစ်နေ့ဘယ်နှခေါက်လောက်ရောက်တယ်ထင်လဲ....ဖြေ"

"Babe....Babeကြည့်ရတာပင်ပန်းလိုက်တာကွာ"

"ကိုကို...ကိုကိုမသိဘူး....ကိုကိုကဘာမှမသိဘူး"

"Babe .....လိုင်းပေါ်က reactတစ်ခု က Babeကို အဲ့လောက်တောင်စိတ်တိုစေနေတာလား....Babe... ကိုကိုပြောမယ် ...ကိုကို့အချစ်ကလေးကို ကိုကို စိတ်မပင်ပန်းစေချင်ဘူး....ပြီးတော့ ကိုကို့ကို Babeမယုံဘူးလား"

"ယုံတယ်....ဟုတ်ပါတယ်လေ reactတစ်ခုက ဘာမှကိစ္စမရှိပါဘူး....babeသဝန်တိုတာလျှော့ပေးမယ်..."

"လိမ်မာနေတဲ့ကလေးလေးကို ဆုချရမယ်ပေါ့"

မွ...

"ဟိ.."

"စောနာက Gasပါတဲ့အချိုရည်သောက်တာကြ ဘယ်လိုအပြစ်ပေးသင့်လဲ"

"Babe ပါးစပ်ကသောက်မိတော့... Babeပါးစပ်ကို ကိုကို ကိုက်လိုက်"

ဂွက်...

"အာ့..."

"အ​တော်တတ်နေ....ဒေါ်နန်းနန်းတို့ ဝါးစိမ်းမစားရတာကြာလို့ထင်တယ်...ဟွန်းနော်"

"ဟီး ကိုကိုကလည်း...ကိုကို ဒါနဲ့ အိုက်နိုင်တို့ လွေးမီးငယ်တို့...ပြီးတော့ ကလေးတွေကိုရော Babeမင်္ဂလာပွဲမှာဖိတ်ချင်တယ်"

"ကိုကို ဖိတ်ထားပြီးသား...နောက်နေ့လာကြတော့မာ"

"ဟာတကယ်လား....ကိုကို့ကို ချစ်လိုက်တာ....မွမွ"

နန်းနန်း ကိုကို့ပါးတွေကို ကိုင်ပြီးဖက်နမ်းပစ်လိုက်သည်။
ကိုကိုက အလိုက်သိလွန်းသည်။

.
.
.

ဘာလိုလိုနဲ့ လက်ထပ်ပွဲနေ့တောင်ရောက်လို့လာလေပြီဖြစ်သည်။

ခန်းမကြီးရဲ့အလယ် ဧည့်ပရိသတ်အပေါင်းတို့စုံလင်နေကြသည်။
အိုက်နိုင်နန်းနန်းကိုသာငေးကြည့်နေမိသည်။

"နန်း....နန်းဘဝလေးပျော်ရွှင်ပါစေလို့ ကိုယ် ဆုတောင်းပေးလိုက်ပါတယ်"

.
.

နှင်းမိုးစက်တူမဖြစ်သူရဲ့ ပြုံးရွှင်နေသောမျက်နှာကိုကြည့်ပြီး သူပါအပျော်တွေကူးစက်နေသည်။
သူ့လက်ဖွဲ့ကိုမြင်ရင် နန်းနန်းပိုအံ့အားသင့်လိမ့်မည်ဟုတွေးနေမိသည်။
..................

နန်းနန်း မင်္ဂလာပွဲကို လာသော ပရိသတ်အပေါင်းကို ကိုကို့လက်ကိုတွဲပြီး ဧည့်ခံနေသည်။

"တီတီနှင်း....တီတီနှင်း နန်းလှလား"

"ommလှတယ် တူမလေးက လှပြီးသားပဲဟာကို"
"တီတီနှင်း...တီတီနှင်းရော အပျိုကြီးပဲလုပ်တော့မာလား"

"omm တီတီနှင်းချစ်တဲ့သူ....ဟမ်"

နှင်းမိုးစက် တစ်ဝိုင်းကျော်က ကောင်မလေးကိုမြင်မြင်ချင်းရှော့ရသွားသည်။

"နန်းနန်း...ဟိုအနီရောင်ဂါဝန်နဲ့"

"အော် အဲ့တာ ဆရာကြီးရဲ့တူမလေ....စိမ်းခက်ထန်တဲ့....သူက စန္ဒယားတီးတာတကယ်မိုက်တာ"

"စိမ်းခက်ထန်....တီတီနှင်းရဲ့ ခက်ထန်...တီတီနှင်းသူ့ကိုပဲစောင့်ဆိုင်းနေရတာ....အရင်လိုလှပတုန်းပဲ....သူ့ရဲ့အမြဲတမ်းချေမိုးနေတတ်တဲ့ပုံစံကအခုထိပါပဲလား"

နန်းနန်း ထိုအမျိုးသမီးကိိုပိိုလို့စိတ်ဝင်စားမိသည်။တီတီနှင်းလိုလူရဲ့အသဲကိုဘယ်လိုခွဲသွားတာလဲသိချင်သည်။

.
.
.

စိမ်းခက်ထန် သူ့အားကြည့်နေသော မမနှင်းကိုမျက်နှာလွဲနေမိသည်။မမနှင်းကို သူအဆက်အသွယ်ဖြတ်လိုက်တာ အကြောင်းများစွာရှိသည်။

........................

ခန်းမရဲ့အပြင်ဘက်မှာ အမျိုးသမီးနှစ်ယောက် မတ်တပ်ရပ်လို့နေသည်။

"စိမ်းခက်ထန်......ကိုယ့်ကိုပြောစရာမရှိဘူးလား"

"ကျနော် မမနှင်းကိုပြောစရာမရှိဘူး....ကျနော်တို့ကိုယ့်လမ်းကိုလျောက်ရအောင်"

"အချိန်အကြာကြီးစောင့်နေတဲ့ ကိုယ့်ကို မင်းဘာမှပြောစရာမရှိတာသေချာလား"

"အင်း....ကျနော် မမနှင်းကို မဖြစ်နိုင်တော့လို့ အဆက်အသွယ်ဖြတ်လိုက်တာ"

နှင်း သူ့ရဲ့စကားကိုလုံးဝမယုံကြည်ပေ။မဖြစ်နိုင်တဲ့စကားတွေကို ပြောနေသည့်ကောင်မလေးကို သူဖက်လိုက်သည်။

ကောင်မလေးရဲ့ ရင်ဘတ်ကရင်ခုန်သံတွေက မြန်နေသည်။

"မင်းရင်ခုန်သံတွေ......မင်းရဲ့ရင်ခုန်သံတွေ မြန်နေတာပဲ"

စိမ်းခက်ထန် နှင်းအား တွန်းလိုက်သည်။

"မမနှင်းကို ကျနော်မကြိုက်တာအဲ့တာတွေ....ကျနော့်ခံစားချက်ကိုတစ်ချက်မကြည့်ဘူး....မမနှင်းဖြစ်ချင်တာလုပ်တယ်.... မမနှင်းဖြစ်ချင်တာတွေးတယ်...လိုရာကိုအမြဲဆွဲတွေးတယ်....ကျနော်ပြောမယ် ကျနော်မမနှင်းကိုအဆက်အသွယ်ဖြတ်ရတဲ့ထဲ အဲ့တာတွေရော"

"ဟာ...."

"ကျနော်တို့မဖြစ်နိုင်တော့ဘူး....ကျနော့်အိမ်က ယောကျ်ားပေးစားတော့မာ....ကျနော် မမနှင်းနဲ့တွဲလို့မရတော့ဘူး"

"မင်း မမနှင်းကိုချစ်ခဲ့တယ်လေကွာ...ကိုယ်တို့အရာရာရင်ဆိုင်နိုင်ခဲ့တာပဲ....မင်းဘာလို့ကိုယ့်ကိုအဆက်အသွယ်ဖြတ်သွားရက်တာလဲ"

စိမ်းခက်ထန် မမနှင်းကို အခုထိချစ်နေဆဲ ချစ်နေတုန်းပင်။သို့ပေမယ့် ဒီဇာတ်လမ်းကိုအဆုံးသတ်ရမည်။မဟုတ်ရင်မမနှင်း ပိုခံစားရမည်။သူအဆက်အသွယ်ဖြတ်လို့မေ့သွားမည်ဟုထင်ခဲ့ပေမယ့် မမနှင်းကအခုချိန်ထိ သူ့အားစောင့်နေသည်တဲ့လား။

"မမနှင်း..... ကျနော် ယောကျ်ားပဲယူမာ....အချိန်တန်ရင်ကျနော်က ယောကျ်ားပဲယူမာ...ကျနော့်ကိုမုန်းလိုက်"

"အေး....အချိန်တန်ရင်ယောကျ်ားယူမာပဲလို့တွေးထားတဲ့မင်းက ဘာလို့ ကိုယ့်ကိုချစ်တယ်ပြောခဲ့တာလဲ....မင်းလို မိန်းမက ကြောက်စရာကောင်းတာပါလား...မင်းကို စောင့်နေတဲ့ကိုယ်ကအရူးလား...မင်းရက်စက်တယ်ကွာ"

"မမနှင်း ကျနော့်ကိုခွင့်လွှတ်ပါ....ကျနော်တကယ်တောင်းပန်ပါတယ်"

စိမ်းခက်ထန်တစ်ယောက် နှင်းရဲ့ရှေ့မှာဒူးထောက်ချလိုက်သည်။

"မထောက်နဲ့....မင်းထောက်စရာမလိုဘူး....မင်းကို ကိုယ်ချစ်ခဲ့တဲ့အချစ်တွေ....ကိုယ်တို့နှစ်ယောက်သံယောဇဥ်တွေထောက်ပြီး အဲ့ယောကျ်ားကို မယူလို့မရဘူးလားကွာ....ကိုယ် မင်းနဲ့ဆိုရင်ဘာမဆိုရင်ဆိုင်နိုင်တယ် စိမ်းခက်ထန်ရ"

"ဟင့်အင်း....ကျနော်တို့ ဒီဘဝတော့မဖြစ်နိုင်တော့ဘူး...."

ပြတ်သားစွာပြောလာသော စိမ်းခက်ထန်ကို သူတကယ်အံ့သြမိသည်။

"ဘာ့ကြောင့်လဲ....ဘာ့ကြောင့်လဲလို့....ဟူး"

.......................

မင်္ဂလာလက်ဖွဲ့တွေကို နန်းနန်းတစ်ယောက်ဖွင့်ကြည့်နေမိသည်။

"ကိုကို....တီတီနှင်းပေးတဲ့လက်ဖွဲ့က ဘာတွေဖြစ်မယ်ထင်လဲ...ဗူးကအကြီးကြီးပဲ"

"ဖွင့်ကြည့်ကြမယ် Babe"

.
.

"အာ....ကိုကိုရေ တကယ်စပရိုက် မထင်ထားဘူး...ဟား"

ဗူးကိုဖွင့်ကြည့်လိုက်တော့ တွေ့ရသည့်ပစ္စည်းတွေကြောင့်နန်းနန်းအံ့အားသင့်နေမိသည်။

ကြိမ်လုံးတွေ ၊ဝါးစိမ်းတွေ၊BDSM toolsတွေကို တီတီနှင်းက လက်ဖွဲ့အနေနှင့်ပေးလေသည်။

.
.
.

နန်းနန်း ကိုကို့လက်မောင်းပေါ်တွင်အိပ်နေရင်း...

"ကိုကို....ဟီး"

"Babe....Babeကို ကိုကိုချစ်တယ်"

"ကိုကို Babeတို့ ဒီည စကြတော့မလား"

ကောင်းမွန် နန်းနန်းကိုဖက်ကာ....

ပြွတ်စ်

"အာ...ကိုကို"

ဖြောင်း...

"အာ့..."

ဖြောင်း...

.
.

နန်းနန်း ကိုကို့ရဲ့အနမ်းတွေနောက် ကောက်ကောက်ပါအောင်လိုက်ရင်း ကိုကိုနဲ့ ပထမဆုံး မင်္ဂလာဦးညလေးကို ဖြတ်သန်းလိုက်သည်။
ထိုညက နန်းနန်းအတွက်တော့ အပျော်ရွှင်ဆုံး
ညများထဲက တစ်ညပင်။

#နှင်း
#27.11.2023



.
.











"....."

























............................













.....................
















......................







"Surprise!!!"










.
.








............................













"....."


"အောျ....ယုတ်တိကိုမရှိဘူး"





"Babe!!"









"ယုံတယျ....ဟုတျပါတယျလေ reactတဈခုက ဘာမှကိစ်စမရှိပါဘူး....babeသဝနျတိုတာလြှော့ပေးမယျ..."

"လိမျမာနတေဲ့ကလေးလေးကို ဆုခရြမယျပေါ့"

မှ...

"ဟိ.."










.
.
.




.
.

..................










.
.
.


........................























.......................




.
.




.
.
.











.
.


#27.11.2023

Continue Reading

You'll Also Like

12.1K 448 43
Vicktoria møder Pelle... Ja nemlig ham fra Page Four!! Hun er helt væk i ham... Kan han lide hende? Og hvad med ham der Stefan Hjort? Hvordan går det...
118K 3K 56
Abigail Barnes er på vej hjem fra arbejde en sen aften, da hun finder en mobil på jorden. Hun samler den op, og da det i rædsel går op for hende, at...
28.8K 17 5
Freja er 17 år gammel, og hendes far har gæster på besøg. Vilde sex scener
4.3K 768 54
Jeon Jungkook (Omega ) Se casa con su mejor amigo de adolescencia Min Yoongi (alfa). Al tiempo conoce a Taehyung un abogado el cual no le gustan los...