Boss Baby ဟမ်းစတားလေး ဝူယိ

By phyolay1991

30.8K 3.9K 22

Title - A Filthy Rich Hamster In Apocalypse 🐹 ကမ္ဘာပျက်ကပ်ထဲက ဟမ်းစတားသူဌေးလေး Description ဟမ်းစတားလေး : "ဒ... More

Boss Babyဟမ်းစတားလေးဝူယိ
Boss Babyဟမ်းစတားလေးဝူယိ
Boss Babyဟမ်းစတားလေးဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
chapter 60
chapter 61
chapter 62
chapter 63
chapter 64
chapter 65
chapter 66
chapter 67
chapter 68
chapter 69
chapter 70
chapter 71
chapter 72
chapter 73
chapter 74
chapter 75
chapter 76
chapter 77
chapter 78
chapter 79
chapter 80
chapter 81
chapter 82
chapter 83

Boss Baby ဟမ်းစတားလေး ဝူယိ

416 59 0
By phyolay1991

Chapter 12
Sue Xing NwayAugust 26, 2023

🐹 အခန်း ၁၂ ဝူယိလေး ယွင်ချန်တက္ကသိုလ်ကို သွားနေတယ်





လျှိုတာ့ရှန်က လျောင်ယုံအား မြေပြင်ပေါ်မှ သွားထူလိုက်ပြီးနောက် ညစ်ပေပြိုလဲနေသည့် လင်းမုန့်ဖေးအား လှည့်ကြည့်လိုက်သည်။ သူမ၏အသားအရေမှာ ဖြူဖျော့လို့နေသည်။ လျှိုတာ့ရှန်သည် လင်းမုန့်ဖေးအား ထိခိုက်လွယ်ပြီး ဆင်းရဲပင်ပန်းမှုဒဏ်ကို မခံနိုင်သည့် ကောင်မလေးဟုသာ ထင်ခဲ့မိခြင်းဖြစ်သည် လှပသည့် အပေါ်ယံသွင်ပြင် ရှိသော်လည်း အတွင်းစိတ်ထားမှာ အလွန်အကျည်းတန်နေလိမ့်မည်ဟု မျှော်လင့်မထားမိချေ။

လျှိုတာ့ရှန်ကဲ့သို့သော ရိုးသားသည့်လူများမှာ ထိုအခြင်းအရာအား အကြည့်တစ်ချက်နှင့်ပင် မြင်နိုင်စွမ်း မရှိကြချေ။ ဆရာဖြစ်သူ သင်ကြားပေးခဲ့သည့် အရာများတွင် ကျည်ဆန်ကို တားဆီးရန် ညီအစ်ကိုများအား ဒိုင်းကာလုပ်ရမည်ဟု မပါခဲ့ချေ။

လင်းမုန့်ဖေး၏ နှုတ်ခမ်းများ တဆတ်ဆတ်တုန်နေသည်။ သူမကိုယ်သူမ ခုခံကာကွယ်ပြောဆိုလိုသည့် စကားလုံးအနည်းငယ်မှာလည်း လူတိုင်း၏ အေးစက်စက်မျက်လုံးများအောက်တွင် တားမြစ်ခြင်း ခံလိုက်ရသည်။ မှားယွင်းစွပ်စွဲခံနေရသလို မျက်ရည်ပိုးပိုးပေါက်ပေါက် ကျလာလေသည်။

“ကျွန်.. ကျွန်မ အဲဒီလို ပြောချင်တာ မဟုတ်ပါဘူး..”

ကျန်းဝမ်ကျွင်းမှာ တိတ်ဆိတ်မနေနိုင်တော့ချေ။ ထို့ကြောင့် အခြားသူများ၏ အကြည့်အောက်မှာပင် လည်ချောင်းများ တစ်ဆို့လာပြီး အသက်ရှူမဝဖြစ်လာကာ ခပ်မာမာပြောလေသည်။

“ရှောင်ဖေးကိုလည်း အပြစ်တင်လို့ မရဘူးလေ.. ဆက်လက်ရှင်သန်ဖို့ ရုန်းကန်နိုင်စွမ်းဆိုတာ အခုလိုမျိုး အရေးပေါ်အခြေအနေမျိုးမှာ မသိစိတ်က ဖြစ်ပေါ်လာတဲ့ ပင်ကိုဗီဇပဲ..”

“ဗီဇ ဟုတ်လား..”

ရှဲ့ကျွင်း ပြက်လုံးတစ်ခု ကြားလိုက်ရသကဲ့သို့ နားကလော်လိုက်သည်။ ထိုလူများအား ကယ်နိုင်ခဲ့သည့်အတွက် ကောင်းမွန်နေခဲ့သည့် စိတ်အခြေအနေမှာ လုံးလုံးလျားလျား ဖျက်စီးခံလိုက်ရလေပြီ။

အရသာရှိရှိ စားသောက်နေချိန်တွင် ပါးစပ်ထဲသို့ ယင်ကောင်ဝင်သွားသည်နှင့် တူလှသည်။ အလွန်ရွံရှာဖွယ် ကောင်းလှပြီး လူတိုင်းမှာ ချက်ချင်းပင် ထိုနှစ်ယောက်နှင့်အတူ တစ်လျှောက်လုံး ရှိနေခဲ့သည့် လျောင်ယုံအား ဂရုဏာသက်မိကြသည်။

“ငါကြားတာသာ မှန်မယ်ဆိုရင် လူတွေကို ဇွန်ဘီအုပ်ထဲကို တွန်းပို့ပြီး ထွက်ပြေးလာတာ ဟုတ်လား.. မင်းဘာသာမင်း ပြေးလာရတာနဲ့ပဲ အသက်ရှင်သန်ချင်တဲ့ ဗီဇအရလို့ ပြောလိုက်ရင် ဘယ်သူကမှ အပြစ်တင်လို့မရတော့ဘူးပေါ့လေ.. ဒါပေမဲ့ မင်းရဲ့ သူငယ်ချင်းကောင်းတွေကို သားကောင်အဖြစ်ချနင်းပြီး ထွက်ပြေးလာခဲ့တာက အတော်လေး ကြောက်စရာကောင်းပြီး ရက်စက်တဲ့ ဗီဇပဲကွ..”

အခြားသူမှာ မိန်းကလေး ဖြစ်သည်၊ မဖြစ်သည်အား ရှဲ့ကျွင်း ဂရုမစိုက်တော့ပေ။ စကားလုံးများမှာ ထက်ရှကာ ရက်စက်ပြင်းထန်သည်။ ထို့နောက် ခပ်ထေ့ထေ့ လှောင်ရယ်ကာပြောသည်။

“ဟုတ်သားပဲ.. အခုနက ငါတို့တွေက သေတော့မယ့်လူတွေကို တွေ့ရဲ့သားနဲ့ မကယ်လိုက်ဘူး ဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်တဲ့ ဗီဇလို့ ခေါ်ရမှာပေါ့ ဟုတ်တယ်မလား..”

ကျန်းဝမ်ကျွင်း ရှက်ရွံ့လာပြီး ရုတ်တရက် မွန်းကြပ်လာကာ မည်သည့်စကားမျှ မပြောနိုင်တော့ချေ။ လင်းမုန့်ဖေးသည် ကျန်းဝမ်ကျွင်း၏နောက်တွင် ကြောက်ရွံ့မှုကြောင့် တုန်ယင်နေပြီး ငိုဖို့ရန်သာ သိလေသည်။ သို့သော်လည်း ထိုမျက်ရည်မိုးဖြိုင်ဖြိုင်ကျနေသည့် အလှလေးအား ကျန်းဝမ်ကျွင်းမှအပ မည်သူမျှ ဂရုစိုက်ခြင်း မရှိကြချေ။

လင်းမုန့်ဖေးသည် ရှဲ့ကျွင်းတို့အဖွဲ့အား ဖုံးကွယ်ထားသည့် မကျေနပ်မှု အရိပ်အယောင်များ ရှိနေသော မျက်ရည်အပြည့် မျက်လုံးများဖြင့် ကြည့်လိုက်သည်။

ရှောင်ဝူယိသည် လင်းမုန့်ဖေးနှင့် ကျန်းဝမ်ကျွင်းအားကြည့်လိုက်ပြီးနောက် ရှဲ့ကျွင်းနှင့် လျှိုတာ့ရှန်အား ကြည့်လိုက်သည်။ ရုတ်တရက်ဆိုသလို သူအရမ်းကံကောင်းသည်ဟု ခံစားမိလိုက်သည်။

ရှဲ့ကျွင်းသည် လျောင်ယုံတို့ကျောင်းရှိ အခြေအနေအသေးစိတ်အား မေးတော့မည် ပြင်စဉ်မှာပင် သူ၏ အင်္ကျီလက်အား ဆွဲနေသည်ကို ခံစားမိသည်။ လှည့်ကြည့်လိုက်သည့်အခါ နို့ဘူးတစ်ဘူးအား ကိုင်ထားသည့် သူ၏တာ့ကောသည် အလွန်လေးနက်သည့်ဟန်ဖြင့် သူ့အားကြည့်နေသည်ကို မြင်လိုက်ရသည်။

“ရှောင်ကျွင်းကျွင်း.. မင်းတို့အားလုံးက အရမ်းကောင်းတဲ့လူတွေပဲ.. ငါနဲ့အတူတူ အဖော်လိုက်ပြီး ဒယ်ဒီ့ကို ရှာပေးလို့ ကျေးဇူးတင်ပါတယ်..”

ဟမ်းစတားလေးသည် အလွန်ရိုးသားစွာဖြင့် ဖြူစင်သန့်ရှင်းဆုံး ကျေးဇူးတင်စကားကို တလက်လက်တောက်ပနေသည့် မျက်လုံးလေးများဖြင့်ကြည့်ကာ ပြောလာခြင်းဖြစ်သည်။

ရှဲ့ကျွင်း ခေတ္တမျှ အေးခဲသွားသည်။ မည်သည်ကြောင့်ရယ်မသိ ရှက်ရွံ့သွားသည့်အတွက် တစ်ဘက်သို့ ခေါင်းလှည့်လိုက်ချိန်တွင် မျက်နှာအနည်းငယ် နီမြန်းလို့နေသည်။ ထို့နောက် လျှိုတာ့ရှန်နှင့် ညီငယ်လေးများအား အလျင်အမြန် ပြောလိုက်သည်။

“သခင်ငယ်လေး ဗိုက်ဆာနေပြန်ပြီဟေ့.. မြန်မြန်လေး ကျွေးဖို့ပြင်..”

“?”

ဟမ်းစတားလေးမှာ ပိုက်ကလေးကိုက်ကာ စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းကလေးငဲ့စောင်းလိုက်သည်။

—လူသားတွေက ထူးဆန်းပြီး ရှက်တတ်ကြတယ်ကော... (๑•‌ -•‌)

ဟမ်းစတားလေးမှာ လျှိုတာ့ရှန်တို့၏ အတင်းအကြပ် ကျွေးမွေးခံနေရစဉ် ရှဲ့ကျွင်းသည်လည်း ယွင်ချန်တက္ကသိုလ်ရှိ အခြေအနေများအကြောင်း လျောင်ယုံထံမှ မေးမြန်းလို့နေသည်။ ကမ္ဘာပျက်ကပ်ဖြစ်ပွားချိန်တွင် ကျောင်းမဖွင့်သေးသော်လည်း ကျောင်းသားအချို့မှာ စောစီးစွာ ရောက်လာကြလေသည်။ အချို့ ကျောင်းသူကျောင်းသားများနှင့် ဆရာများမှာ ဘာသာရပ်ဆိုင်ရာ ပြဿနာများကြောင့် အားလပ်ရပ်တစ်ခုလုံး ကျောင်းမှာပင် နေခဲ့ကြသည်။

လျောင်ယုံသည်လည်း လေ့လာရန် ခေါင်းစည်အချို့ ရှိနေသည့်အတွက် ကျောင်းသို့ စောစောရောက်လာခဲ့သည်။ သို့သော်လည်း သူရောက်ရှိပြီး မကြာမီတွင် ကမ္ဘာပျက်ကပ် ဖြစ်သည်နှင့် ကြုံရလိမ့်မည်ဟု မျှော်လင့်မထားမိချေ။

“ကျောင်းမှာ အသက်ရှင်နေတဲ့လူတွေ ရှိလိမ့်ဦးမယ်.. ကျွန်တော့်ဘေးခန်းက ညီအစ်ကိုတွေလည်း ဇွန်ဘီမဖြစ်ကြဘူး.. အဲဒီနေ့က ပြတင်းပေါက်ကနေ မြင်လိုက်ရတယ်.. အဆောင်ကတော့ အခုဆို ဇွန်ဘီတွေနဲ့ ပြည့်နေမှာ.. သူတို့တွေ အခန်းထဲကနေတောင် ထွက်နိုင်ကြမှာ မဟုတ်ဘူး.. ဘယ်သူကမှ မကယ်ဘူးဆိုရင် ဗိုက်ဆာပြီး သေသွားနိုင်တယ်..”

လျောင်ယုံ၏ မျက်လုံးများဖြင့် မျက်ရည်များနှင့် နီမြန်းလို့နေသည်။

“ဒါက အန္တရာယ်များမှန်း ကျွန်တော်သိပါတယ်.. ဒါပေမဲ့ သူတို့ကို ကယ်တင်ပေးနိုင်မလား.. ကျောင်းက အရမ်းကြီးတော့ လူဘယ်လောက်တောင် ပိတ်မိနေမလဲဆိုတာ မသိတော့ဘူး.. ကျွန်တော် ထွက်ပြေးလာတုန်းက အားလင်းနဲ့ တခြားသူတွေ ပါသေးတယ်.. အခုတော့ ကျွန်တော်တို့ သုံးယောက်ပဲ ကျန်တော့တာ..”

(အားလင်းက ‘လင်း’ ဆိုတာ လှပတဲ့ကျောက်စိမ်းရဲ့ ‘လင်း/လင်’ ဖြစ်ပြီး လင်းမုန့်ဖေးရဲ့ သစ်တော ‘လင်း/လင်’ မဟုတ်ပါ)

ရှဲ့ကျွင်း စိတ်လှုပ်ရှားသွားမိသည်။ ဤခရီးမှာ အန္တရာယ်များမည်ကို သိထားသော်လည်း သဘောမတူဘဲ မနေနိုင်ချေ။ ရှဲ့ကျွင်း၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ရှောင်ဝူယိနှင့် လျှိုတာ့ရှန်တို့ထံတွင် အခြားထင်မြင်ချက်မျိုး မရှိကြပေ။

လင်းမုန့်ဖေးနှင့် ကျန်းဝမ်ကျွင်းတို့သည် ထိုလူများအား အရူးများအား ကြည့်နေရသလို ကြည့်လိုက်ကြသည်။ သို့သော်လည်း ဤအချိန်တွင် သူတို့၏ အတွေးများအား မည်သူကမျှ ဂရုမစိုက်ကြချေ။

ကျောင်းထဲရှိ ကျောင်းသားများမှာ နိုင်ငံတော်၏ အနာဂတ်ဖြစ်သည်။ ရှဲ့ကျွင်းနှင့် လျှိုတာ့ရှန်မှာ စာအုပ်များများ မဖတ်ခဲ့ရသော်လည်း စာဖတ်နိုင်သည့်သူများကို လေးစားအားကျလေသည်။ သူတို့အနေဖြင့် အသက်ရှင်ကျန်ရစ်သူများအား ထိုင်ကာဖြင့် လျစ်လျူရှုမထားနိုင်ပေ။

ကြိုးကြိုးစားစား ရှင်သန်ခဲ့ကြသော်လည်း ကယ်တင်မည့်သူ မရှိသဖြင့် အချည်းနှီးသေဆုံးခဲ့ရမည်ဆိုလျှင် သူတို့အတွက် အလွန်ကြီးမားကာ ဝမ်းနည်းဖွယ်ကောင်းသည့် ဆုံးရှုံးမှုတစ်ခု ဖြစ်ပေမည်။

***

တစ်ချိန်တည်းမှာပင် ယွင်ချန်တက္ကသိုလ်၌။

ကျောင်းအတွင်းရှိ အသက်ရှင်သန်သူ အားလုံးနီးပါးမှာ ကစားကွင်းလေးထဲ စုစည်းလျက် ရှိနေကြသည်။ ဇွန်ဘီတစ်အုပ်သည် ထွင်းဖောက်မြင်ရသည့် အကာအကွယ်စည်းအား ဘက်ပေါင်းစုံမှ သိပ်သည်းစွာ ဝိုင်းရံထားလေသည်။

ဇွန်ဘီများသည် လတ်ဆတ်သည့်သွေးသားနှင့် ထိပ်တိုက်တွေ့နေသည့်အတွက် သူတို့အား စည်းသားထားသော ထွင်းဖောက်မြင်ရသည့် အကာအရံအား ရူးသွပ်စွာဖြင့် အဆက်မပြတ် ထုရိုက်လို့နေကြသည်။

အကာအရံထဲရှိ လူတိုင်းသည် စည်းအလယ်ရှိ ပိန်ပါးပါး မိန်းကလေးအား အားပေးထောက်ပံ့လို့နေသည်။ သူမ၏ ခွန်အားများ ကုန်ဆုံးလုနီးနီးဖြစ်ကာ ချွေးအေးများ အဆက်မပြတ် စီးကျလို့နေသော်လည်း သူမ၏လက်များကို မြှောက်ကာ အံကိုတင်းတင်းကြိတ်လို့ထားဆဲ ဖြစ်သည်။ ထို့နောက်တွင် အတန်းဖော်များနှင့် ဆရာများအတွက် အကာအရံအား ထီးတစ်ခုလို ပင့်တင်ထားသည်။

ဤထီးကာထဲတွင် မူလက လူနှစ်ဦးသာ ရှိနေခဲ့ခြင်းဖြစ်သော်လည်း ယခုအခါတွင် ကျောင်းတစ်ကျောင်းလုံးမှ အသက်ရှင်ကျန်ရစ်သူအားလုံး၏ အကာအကွယ်တစ်ခု ဖြစ်လာခဲ့သည်။ ထီးကာသည် တဖြည်းဖြည်းချင်း ကျယ်ပြန့်လာပြီး နည်းနည်းလေးမျှပင် စုကျုံ့သွားခြင်းမျိုး မရှိချေ။

ဝူဝမ်ယွီ တောင့်ခံထားနိုင်စွမ်း မရှိတော့သော်လည်း ဆက်လက်ရုန်းကုန်နေပြီး သူတို့အား ကျောင်းအပြင်သို့ ခေါ်ထုတ်ကာ ဇွန်ဘီများနနှင့် ဝေးရာသို့သွား၇န် ကြိုးစားနေသည်ကို မြင်သည့်အခါ စိတ်ထိခိုက်လွယ်သည့် ကျောင်းသူများ စတင်ငိုကြွေးကြလေသည်။

သူတို့မှာ အချင်းချင်း မသိကြသည့်အပြင် အတန်းဖော်များလည်း မဟုတ်ချေ။ သို့သော်လည်း ဝူဝမ်ယွီသည် သူမ၏ စွမ်းရည်ဖြင့် လွယ်လွယ်ကူကူ လွတ်မြောက်နိုင်စွမ်းရှိသော်လည်း သူတို့အား ကယ်တင်ပေးခဲ့သည်။

အပြင်ဘက်ကျသည့်နေရာတွင် ရှိနေကြသည့် ယောကျ်ားလေးများမှာ မျက်လုံးများ နီရဲလို့လာသည်။ မျက်ရည်သုတ်ပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် အလယ်တွင်ရှိသည့် ဝူဝမ်ယွီအား အော်ပြောလိုက်သည်။

“နင်.. စည်းကိုကျဉ်းလိုက်.. ငါ့ကိုထွက်ခွင့်ပြု.. ငါ့ကိုမကယ်နဲ့တော့ ခွန်အားကို ချန်ထားဦး.. အဲဒီလိုဆိုရင် တခြားကျောင်းသားတွေကို ကယ်ထုတ်နိုင်လောက်မယ်..”

ဝူဝမ်ယွီ၏နံဘေးတွင် ရပ်နေသည့် ဟန်လင်းမှာလည်း ငိုကြွေးလို့နေသည်။

“ရှောင်ယွီ ငါ့ကိုလည်း သွားခွင့်ပြုပါ.. ငါတို့အတွက် စိုးရိမ်မနေပါနဲ့.. နင့်ဘာသာ လွတ်အောင်ပြေးပါတော့...”

“မရဘူး.. နင်တို့အသက်ကို ငါကယ်ထားတာ.. ငါ့စကားကပဲ အကျုံးဝင်တယ်..”

ဝူဝမ်ယွီ ခေါင်းခါလိုက်သည်။ သူမ၏ အသံဖျော့ဖျော့မှာ ပြတ်သားမှုအပြည့်နှင့်ပင်။

ဝူဝမ်ယွီ၏ ခေါင်းမာမှုနှင့် ရင်ဆိုင်ရသည့်အခါ လူတိုင်းမျက်လုံးများ နီရဲလို့လာသည်။ အကာအရံအပြင်ဘက်တွင် ဇွန်ဘီအရေအတွက် တိုးလာသည်ကို မြင်သည့်အခါ အများစုမှာ ဝမ်းနည်းကာ စိတ်ပျက်အားငယ်လာကြသည်။

ကျောင်းရှိ ရှင်သန်ကျစ်ရစ်သူများထဲမှ တစ်ဦးဖြစ်သော ယွင်ချန်တက္ကသိုယ်၏ ကျောင်းအုပ်‌ကြီး ဖြစ်သူသည်လည်း ဝူဝမ်ယွီ၏ အကာအရံစည်း အစွန်းနားသို့ တိုးဝှေ့သွားလေသည်။ ဝူဝမ်ယွီအား ကြင်နာစွာဖြင့် ကြည့်လိုက်ပြီးနောက် အပြုံးတစ်ခုနှင့် ပြောလေသည်။

“ကျောင်းသူရှောင်ယွီ.. ဒီအဖိုးကြီးကို အပြင်ထုတ်လိုက်ပါ.. ငါက ဒီအသက်အရွယ်ထိအောင် နေခဲ့ပြီးပါပြီ.. အသက်ရှင်ဖို့အတွက်လည်း အချိန်သိပ်မကျန်တော့ပါဘူး..”

“မရဘူး.. အားလုံးအတူတူ ထွက်ကြမယ်..”

ဝူဝမ်ယွီ ခေါင်းမာမာဖြင့် ခေါင်းခါလိုက်သည်။ နှင်းဆီရောင်ရှိသည့် မျက်နှာလေးမှာ လူနာသဖွယ် ဖြူဖျော့လို့နေလေပြီ။

“ဘာဖြစ်လို့ အခုလို လုပ်နေရတာလဲကွာ..”

ကျောင်းအုပ်ကြီး၏ မျက်လုံးများ ချက်ချင်းပင် နီရဲလာသည်။  သူ့အနေဖြင့် ဝူဝမ်ယွီ၏ အပြုအမူကြောင့် စိတ်လှုပ်ရှားသွားခြင်းလား၊ စိတ်ဆိုးဒေါသဖြစ်လာခြင်းလား မည်သူကမျှ မသိနိုင်ပေ။

“ဘယ်လောက်တောင် ဇွဲကောင်းပြီး ခေါင်းမာလိုက်တာလဲနော်..”

ထိုစကားကို နားထောင်ရင်း ဝူဝမ်ယွီသည် သွားဖြီးလျက်နှင့် ဂုဏ်ယူစွာဖြင့် ဆိုလေသည်။

“ကျွန်မရဲ့ အစ်ကိုက သင်ပေးထားတာလေ..”

သို့သော်လည်း ဇွန်ဘီအမြောက်အများနှင့် ရင်ဆိုင်ရာတွင် ဝူဝမ်ယွီ၏ စွမ်းရည်မှာ အလွန်အကျူး သုံးစွဲထားမှုကြောင့် ကုန်ဆုံးလုနီးနေပြီဖြစ်ကာ ယခုအခါတွင် သူမ၏ သန်မာသည့် စိတ်ခွန်အားကိုသာ မှီတည်ကာ တောင့်ခံနေခြင်း ဖြစ်သည်။

ဝူဝမ်ယွီ၏ ခြောက်သွေ့ဖြူဖျော့နေသည့် နှုတ်ခမ်းများကို မြင်သည့်အခါ ဟန်လင်းသည် တွင်းရေ တစ်ဘူးအား အဖုံးဖွင့်လိုက်သည်။ မျက်ရည်များ အဆက်မပြတ် စီးကျလျက် နူးညံ့ညင်သာစွာ ဂရုတစိုက်နှင့် ဝူဝမ်ယွီ၏ နှုတ်ခမ်းဝသို့ ရေပုလင်းတေ့ပေးလိုက်သည်။ ပြုံးနေသော်လည်း ဆို့နင့်စွာဖြင့် ပြောလာသည်။

“ရှောင်ယွီ.. ရေလေးသောက်လိုက်နော်.. ငါ့ဆီမှာ ဘီစကစ်နည်းနည်း ရှိသေးတယ်.. အဲဒါလေးလည်း စားလိုက်..”

ဟန်လင်း ဤသို့ပြောပြီးသည့်နောက်တွင် အခြားသူများသည်လည်း တစ်ယောက်နှင့်တစ်ယောက် လက်ဆင့်ကမ်း ပြောလိုက်ပြီးနောက် သူတို့ထံတွင် ကျန်ရှိသည့် အစာများကို ဝူဝမ်ယွီ စားသောက်ဖို့ရန် ပေးလာကြသည်။

ကျောင်းအုပ်ကြီးသည် သူ၏မျက်ရည်များအား လက်ဖြင့်သုတ်ဖယ်ရင်း ဝူဝမ်ယွီအား နူးညံ့ကြင်နာစွာ ကြည့်လိုက်သည်။ အကြည့်တစ်ချက်နှင့်ပင် သေးငယ်ပိန်လှီသည့် ပုံရိပ်လေးဖြစ်သည်မှာ ထင်ရှားသော်လည်း စိတ်ကူးဖို့ရန်ပင် မဖြစ်နိုင်လောက်သည့် စွမ်းအားများကို ဖုံးကွယ်လို့ထားသည်။

“ဒီမြို့တော်တက္ကသိုလ်က ဘယ်လိုလုပ်ပြီး သူ့ရဲ့ ဆိုးသွမ်းကြီးရင့်နေတဲ့ ကျောင်းသားတွေအတွက် လိမ္မာတဲ့ ကလေးတစ်ယောက်ဆီက အကူအညီကို ရနေရတာလဲ..”

“ဘာလို့ဆို မြို့တော်တက္ကသိုလ်က အမှတ်ပိုမြင့်လို့ပေါ့.."

ဝူဝမ်ယွီ ဘီစကစ်များအား မျိုချရင်း တစ်ချိန်တည်းမှာပင် ကျောင်းအုပ်ကြီးအား ဟာသပြောဖို့ရန်လည်း မမေ့ပေ။ ပါးလှပ်လှပ် ခန္ဓာကိုယ်လေးတွင် အဆုံးမဲ့ အကောင်းမြင်စိတ်နှင့် ခွန်အားတို့ ရှိလို့နေသည်။

ဟန်လင်းသည် ဤသို့ ကြင်နာလှပသည့် ဝူဝမ်ယွီအား နံဘေးမှ ကြည့်နေရင်း သူမ၏ နှလုံးသားထဲတွင် လင်းမုန့်ဖေးအား မုန်းတီးသည့်စိတ်များ ပိုမိုတိုးပွားလာသလို ဝူဝမ်ယွီအား သဘောကျမှုတို့လည်း တိုးမြင့်လာသည်။

ဇွန်ဘီအုပ်ထဲသို့ သူတို့ တွန်းပို့ခံရစဉ်တွင် အဖျားတက်ကာ စွမ်းရည်နိုးထလာသည့် ဝူဝမ်ယွီကြောင့်သာ မဟုတ်ခဲ့လျှင် သူမတို့နှစ်ယောက်မှာ ဇွန်ဘီများ အကိုက်ခံရကာ အရိုးများပင် ဆုတ်ဖြဲခံရပြီး ဇွန်ဘီအဖြစ်သို့ ပြောင်းသွားမည်ကို သူမကြောက်ရွံ့နေမိသည်။

“ရှောင်ယွီ.. ငါတို့တွေ အသက်ဆက်ရှင်ဦးမယ်ဆိုရင်လေ ငါ့ကို နင့်ရဲ့ အကောင်းဆုံးသူငယ်ချင်း ဖြစ်ခွင့်ပေးမလားဟင်..”

ဟန်လင်းသည် ငိုနေရင်းဖြင့် မျက်ရည်များ သုတ်လိုက်သေးသည်။

“နောက်ဆိုရင် ယွင်ချန်တက္ကသိုလ်ကိုလာပြီး ငါနဲ့လာကစားလေ.. နော်..”

ထိုစကားအား ကြားသည့်အခါ ဝူဝမ်ယွီ အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ပျော်ရွှင်မှုနှင့် ဝမ်းနည်းမှုတို့ ရောစွက်နေသည့် အပြုံးတစ်ခုဖြင့် ခေါင်းညိတ်ကာ ကတိပေးလိုက်သည်။

“အိုခေ..”

ယခုမှစကာ သူမသည် လင်းမုန့်ဖေးဟု အမည်ရသည့် ပုဂ္ဂိုလ်အား မသိတော့ပေ။

ဟန်လင်းနှင့် ဝူဝမ်ယွီတို့ အကြားရှိ လျှို့ဝှက်နက်နဲသည့် စကားပြောခန်းကို ကြားသည့်အခါတွင် အခြားသူများမှာ အတွင်းဇာတ်လမ်းအား သိချင်လာကြသည်။ သို့သော်လည်း အမြဲလိုလို အကောင်းမြင်တတ်သည့် ဝူဝမ်ယွီမှာ ရုတ်တရက် တိတ်ဆိတ်သွားသဖြင့် ဤပြဿနာအား နားလည်မှုရှိရှိ ရှောင်ဖယ်လိုက်ကြသည်။

အပြင်ဘက်ရှိ ဇွန်ဘီများကို ကြည့်ရင်း လူတိုင်းမှာ ဆုတောင်းရုံသာ တတ်နိုင်ကြလေသည်။ ဘုရားသခင်သည် ကမ္ဘာပေါ်သို့ သူရဲကောင်းတစ်ယောက် စေလွှတ်ပြီး သူတို့အား ကယ်တင်စေမည့် ယုတ္တိမတန်သော မျှော်လင့်ချက်မျိုးပင် ပါရှိလို့နေသည်။

ဝမ်းနည်းဖွယ်ရန်မှာ သူရဲကောင်းများ ရောက်မလာမီတွင် ဇွန်ဘီအုပ်သည် ပထမဆုံးအကြိမ် ချိုးဖောက်ပြီး သန်မာအားကောင်းစွာ ပြောင်းလဲလာကြသည်။

ဇွန်ဘီတစ်ကောင်သည် ရုတ်တရက်ဆိုသလို ကိုယ်ပိုင်စွမ်းရည်တစ်ခု ရရှိလာပုံရှိသည်။ ထီးကာကို ထုရိုက်နေသည့်အစား သူ၏ ကြီးမားကာ သွေးစွန့်နေသည့် ပါးစပ်အားဖွင့် နံဘေးရှိ ကျန်ဇွန်ဘီများဘက်သို့ ခေါင်းလှည့်လိုက်သည်။

အဖြူရောင်အစွယ်များတွင် အပြာရောင်သွေးပြည်များ စီးကျနေသည့် ခေါင်းသည် သူ၏နံဘေးရှိ ဇွန်ဘီ၏ ဦးခေါင်းတစ်ဝက်အား ကိုက်ချလိုက်လေသည်။ အကိုက်ခံရသည့် ဇွန်ဘီ တုန်တုန်ယင်ယင်ဖြင့် လဲကျသွားပြီးနောက် ထိုဇွန်ဘီ၏ ခွန်အားမှာ ပေါက်ကွဲထွက်လာပုံရပြီး သူနှင့်မျိုးတူများအား စတင် ကိုက်ဖြတ်လာသည့်အတွက် ပို၍ပင် ထိတ်ထိတ်ပျာပျာ ဖြစ်လာလေသည်။

ဤကဲ့သို့ ကြောက်မက်ဖွယ် မြင်ကွင်းမျိုးမှာ မိန်းကလေးများအား ကြောက်လန့်တကြား အော်ဟစ်စေပြီး ယောကျ်ားလေးများ၏ မျက်နှာမှာလည်း ဖြူဖျော့လို့လာလေသည်။

***

ထိုအချိန်မှာပင် ရှောင်ဝူယိတို့အဖွဲ့သည်လည်း ယွင်ချန်တက္ကသိုလ်၏ အဓိကဝင်ပေါက်သို့ ရောက်ရှိလာကြပြီ ဖြစ်သည်။

Continue Reading

You'll Also Like

21.5K 2.9K 70
DESCRIPTION 💥 December 19, 2023 Title - It Is Said That I Give Out Sugar Everyday ငါက နေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့ Description 💥 ရွှီလော့ယန်သည်...
35.5K 4.1K 48
Title - After Transmigrated into a Book, I've Gained an Entire Family of Cannon Fodder Description ...
688K 18.1K 78
ညဘက်မှာပဲ ထွက်တဲ့ကြယ်လေးတွေက နေ့ခင်းဘက်မှာထွန်းလင်းတဲ့နေမင်းကြီးကို သတိရနေတတ်သလိုမျိုး ဘယ်သောအခါမှမဆုံနိုင်ပေမယ့် ကျမရှင့်ကို လွမ်းနေဦးမယ်ထင်ပါရဲ့...
4.3K 387 42
Title - Who Touched My Tail Description 💥 ရွှယ်လင်သည် နှစ်ပေါင်းထောင်ချီ ကျင့်ကြံခဲ့သော်လည်း မတည်မြဲသော အခိုက်အတန့်တစ်ခုတွင် အမြှီးကိုးချောင်းလုံး ဆ...