(ဒီအပိုင်းက ရှမ်းမြောက်ကိုရောက်ဖူးတဲ့မောင်လေးတစ်ယောက်ကိုမေးပြီးရေးထားတာပါဗျ...တစ်စုံတစ်ရာမှားယွင်းမှု..လူမျိုးဝါဒအယူအဆလွဲမှားမှုတို့ရှိခဲ့ရင် နားလည်ပေးကြပါဗျ)
အပိုင်း 37
"အိုက်နိုင်...လုပ်လေ ရွာကို သွားဖို့ပြင်နော့်... ဆရာမလေးကိုသွားခေါ်မယ်လေ..."
"ဘယ်ကဆရာမလေးလဲ အဘ....ရွာကဆရာမတွေ မပြန်ပါဘူးနော့်..."
"မန်းလေးသူလို့ကြားတာပဲ... ငယ်ငယ်ချောချောလေးတဲ့...ငါတို့ဆီကိုလာချင်လို့ တမင်ဒေသရွေးခဲ့တာလို့ တိုက်နယ်မှုးဆီက ငါကြားတာပဲ..."
"ကိုကျော်မင်းနိုင်အိမ်က ဈေးကားနဲ့ သွားခေါ်မယ်လေ အဘ...မြို့သူဆိုတော့ ဆိုင်ကယ်နဲ့ အဆင်မပြေလောက်ဘူးလို့ငါထင်တယ်..."
"နင်ကဘာသိလို့လဲ...ဆရာမလေးက ဆိုင်ကယ်နဲ့ပဲ လာကြိုပါတဲ့...သူကိုယ်တိုင်စီးချင်တယ်တဲ့..."
"ဖြစ်ပါ့မလားအဘရယ်...သူတခုခုဖြစ်မှာ ငါစိုးရိမ်တယ်..."
"အိုက်နိုင်...နင်တော်တော်လျာရှည်တာပဲ...စိတ်မချရင် နင်သူနဲ့စီးပေါ့...မြန်မြန်လုပ် သွားမယ်..."
တားဘုန်းနိုင် စိတ်မရှည်သောလေသံဖြင့်ပြောမှ မိုင်းအိုက်နိုင်တယောက် ဖင်ထောင်တစ်စီးနဲ့ သူစီးနေကျ DT ကိုထုတ်လာလိုက်သည်။ တောင်ပေါ်ဒေသ၏ထုံးစံအတိုင်း နှစ်ဘီးစလုံးကို ချိန်းပတ် ပတ်လိုက်သည်။ ညက မိုးရွာထား၍ လမ်းက အတော်ဆိုးနေမည်ဖြစ်သည်။ မိမိတို့ရွှေဖီမြေကို ရောက်လာမယ့် ဆရာမလေး ဘေးကင်းရေးက သူ့တာဝန်ပင်။နေမလင့်ခင် အရောက်သွားမှသာ နေစောင်းချိန်တွင် မိမိတို့ လုံတောက်ကျေးရွာသိုပြန်ရောက်နိုင်မည်ဖြစ်သည်။
________
"ဆရာမ...ကျမတို့ဆီမှာ မနက်စာက သိပ်မကောင်းလို့အားနာပါတယ်...ဒီပဲပြုတ်ဆီဆမ်းလေးစားလိုက်ပါအုံးနော်..."
သူကြီးကတော် အဖွားက အားနာနာလာချပေးသောထမင်းပန်းကန်ကိုကြည့်ရင်း ပြုံးပြလိုက်မိသည်။ စေတနာအပြည့်ပါသည်မို့ နတ်သုဒ္ဓါထက်ပင် ကောင်းလိမ့်မည်။
"သမီးကြိုက်ပါတယ်အဖွားရဲ့... အဖွားတို့ရော... သမီးနဲ့အတူတူ လာစားလေနော်... သမီး တယောက်ထဲ မစားတတ်လို့ပါနော်အဖွား... အဘိုးရော ဘယ်သွားလဲ..."
"ကျမတို့က စားပြီးပါပြီဆရာမလေး...သူကြီးကတော့ ယာထဲသွားပြီး ပြောင်းဖူးဆွတ်နေတယ်...ဆရာမလေးကို ပေးလိုက်ချင်လို့တဲ့...ခနနေပြန်ရောက်မယ်ထင်တယ်...."
နာရီကိုကြည့်လိုက်မှ မနက်ကိုးနာရီထိုးနေပြီ။မနေ့ညက ခရီးပန်းလာလို့ ဘယ်လိုအိပ်ပျော်သွားသလဲ မသိလိုက်ပေ။အဖွားကို အားနာနာပြန်ကြည့်ရင်း ရှက်ပြုံးပြုံးပြလိုက်မိသည်။
"စားကောင်းတယ်အဖွားရဲ့... ရှယ်ပဲ...သမီးကြိုက်တယ်..."
"ဆရာမလေးကိုလာကြိုမယ့်လူတွေလဲ လာနေပြီ လို့ပြောတယ်...ဒီကနေ ကြိုးတံတားကိုတော့ သူကြီး လိုက်ပို့လိမ့်မယ်..."
ပြောနေရင်းပင် ပြောင်းဖူးတွေကို ကိုင်ပြီးရောက်လာသူမှာသူကြီးပင်။ပြုံးရွှင်နေသောမျက်နှာက နန်းနန်းအားရင်အေးစေသည်။
"ဆရာမလေးတောင် နိုးနေပြီလား...စားကောင်းလား ဆရာမလေး..."
"ဟုတ်...ကောင်းပါတယ် အဘ...အဖွားလက်ရာက ရှယ်ပဲနော်..."
"ဆရာမလေးစားပြီးရင် ကျွန်တော်တို့ ခရီးသွားရအောင်...အိုက်နိုင်တို့လဲ ထွက်လာလောက်ပြီထင်တယ်..."
"ဟုတ်...သမီး အဝတ်အစားလဲလိုက်အုံးမယ်..."
တောင်ပေါ်သား တော်တော်များများက တောနင်းဖိနပ်တွေစီးထားကြသည်။ တောင်စောင်းများပေါ်တွေ နေ့စဥ်သွားလာနေကြရသောကြောင့်ဖြစ်သည်။
မနေ့က လမ်းခရီးက အလွန်သာယာလှသည်။လမ်းတလျှောက်တွင် ပြောင်းပင်ရှည်ကြီးတွေ၊နေကြာခင်းတွေကိုမျှော်မဆုံးမြင်ခဲ့ရသည်။ ရှန်ခိုက်ဘုရားကျောင်းကိုလဲ ဝင်လည်ခဲ့သေးသည်။ယနေ့တွင်မူ တောင်ပေါ်ဈေးကို မြင်တွေ့ရသည်။မျက်ခုံးမွှေးရေးရေးကလေးနှင့် ပလောင်လေးများက သိပ်ပြီးချစ်ဖို့ကောင်းနေသည်။မွန်းတည့်ချိန်တွင်မူ တောင်စောင်းအနိမ့်အမြင့်တွေကို ဖြတ်ကျော်လာရင်း မြစ်ကိုဖြတ်ပြီးခင်းထားသော သံမဏိကြိုးတံတားသို့ရောက်လာသည်။
"နမ့်ဆန် လက်ဖက်တောင်တန်းမှ ကြိုဆိုပါ၏"
ဆိုင်းဘုတ်ကို ဖတ်ကြည့်ပြီး တဖက်ကမ်းက တောင်တန်းကြီးကိုငေးကြည့်မိသည်။လက်ဖက်ပင်တွေကိုသူ မမြင်ဖူး၍ ကြည့်ချင်သည်။လက်ဖက်ခင်းထဲ လေ့လာရေး ဆင်းချင်သည်။နောက်ပြီး သူသိပ်ပြီးသဘောကျရတဲ့ ချယ်ရီပန်းကလေးတွေလဲ ပန်ချင်သေးသည်။တောင်ပေါ်ဒေသက တောရိုင်းပန်းကလေးတွေကိုလည်း ပြုစုပျိုးထောင်ပေးချင်သည်။
"ဆရာမလေး...အပေါ်နားက ဆိုင်မှာ ကျနော်အပ်ထားပေးခဲ့မယ်... မကြာဘူး အိုက်နိုင်တို့သားအဖလာကြိုလိမ့်မယ်...အာ့မှာ ဆရာမလေးဆာရင်လဲ တခုခုမှာစားပေါ့...ကျွန်တော်ယာထဲဆင်းရမှာမို့ ပြန်အုံးမယ်ဆရာမလေး...အားတော့နာပါရဲ့...ဧည့်ဝတ်မကျေသလိုဖြစ်သွားလားမသိ"
"ရတယ်အဘ... သမီးဒီနားပတ်ကြည့်ချင်သေးတယ်... စိတ်ချပါ..."
ဆိုင်အဝင်ဝတွင် တရုတ်စာများ ရေးထားသည်။အထဲတွင် အသားဖြူဖြူ ဝဝ အမျိုးသမီးတဦးထိုင်နေသည်။သူကြီးကသေချာလေးမှာသွားသည့်ပုံစံပင်။
"ဆရာမလေး...ဘာစားမလဲ...ရှမ်းခေါက်ဆွဲ...တို့ဟူးနွေး...ဆီချက်...ရေဖျော်သုပ်....ရှမ်းသုပ်...ထမင်းကြော်...ကြက်သား...ဝက်သား...ဆိတ်သား....ရှမ်းအစားအစာ အစုံရတယ်နော်... အအေးဘာညာသောက်ချင်လဲ ရှိတယ်ရှင့်"
"ဟုတ်...ကျမ မဆာသေးလို့ပါ... လာကြိုတဲ့သူတွေနဲ့မှ အတူတူစားတော့မယ်...ခုတော့ ဟိုစမ်းချောင်းနားလေး သွားချင်လို့... အန္တရာယ်မရှိဘူးမလား..."
နန်းနန်း စမ်းချောင်းလေးကို မြင်မြင်ချင်း သွားချင်စိတ်ဖြစ်လို့လာသည်။
"ဟုတ်ကဲ့ရှင့်...ရပါတယ်..."
စမ်းချောင်းကလေးမှာ ကြည်လင်နေသည်။အောက်ခြေမှ ကျောက်တုံးအသေးလေးများကို ထင်ထင်ရှားရှားမြင်နေရသည်။ရေကျသံ တဝေါဝေါက နားထဲမှာပဲ့တင်ရိုက်နေသည်။ရှေ့နားကို မျှော်ကြည့်လိုက်တော့ ရေတံခွန်အသေးလေးတစ်ခု ရှိနေသည်။ ခြေဆေးချင်စိတ်ပေါ်လာ၍ စမ်းချောင်းထဲသို့ ဆင်းကြည့်လိုက်သည့်အချိန်တွင် ခန္ဓာကိုယ်တစ်ခုလုံး တုန်တက်သွားသည်။
"အမလေး...အေးလိုက်တာ..."
"ဒီကအမက...မနန်းသဇင်မြင့်လားမသိဘူး..."
"ရှင်..."
နန်းနန်း မျက်မှန်ကိုပင့်တင်ပြီး ကြည့်လိုက်သည့်အချိန်တွင် သူ့ကို ထူးဆန်းသလိုကြည့်နေသော မျက်ဝန်းတစုံကို ပထမဆုံးမြင်လိုက်ရသည်။ မျက်ခုံးမွှေးထူထူတွေနဲ့ ဖြောင့်စင်းသော နှာတံရဲ့အောက်က နှင်းဆီဖူးရောင်နှုတ်ခမ်းတစ်စုံ။သိပ်လှတဲ့အမျိုးသမီး တယောက်လား။မဖြစ်နိုင်ပါဘူး။နှုတ်ခမ်းမွှေးတွေလဲ ပါနေတာပဲ။နန်းနန်းသေချာကြည့်နေစဉ်မှာပင်...
"ဆရာမလေး...ကျွန်တော်က မိုင်းအိုက်နိုင်ပါ...ဆရာမလေးကို လာကြိုတာပါ..."
"ဪ...ဟုတ်ကဲ့...သွားရအောင်လေနော်..."
အိုက်နိုင်က မိန်းမချော ချောသည်။မျက်နှာက မိန်းမပျိုတဦးလိုချောမွေ့ပြေပြစ်လှသည်။
"အ..."
ကျောက်တုံးကို ခလုတ်တိုက်မိရင်းရှေ့သို့လဲအကျ သန်မာသော လက်တစ်ဖက်က သူမရဲ့ခါးကို သိုင်းဖမ်းထားသည်။
"ဆရာမလေး...ရရဲ့လား..."
"ဟုတ်...နန်း ခလုတ်တိုက်မိသွားလို့ပါ..."
နန်းနန်းတစ်ယောက် စိတ်တွေကို ထိန်းချုပ်မရဖြစ်နေသည်။အိုက်နိုင်နဲ့ သူမျက်နှာချင်းမဆိုင်ချင်ပေ။ အကြောင်းမှာ သူ့ရဲ့ မျက်နှာကျကို ခဏခဏငေးမိနေသောကြောင့်ပင်။ ပါးသိုင်းမွှေးသာ မပါလျှင် မိန်းကလေးဟုပင် ထင်နိုင်သည်။တည်ငြိမ်နေသောရေပြင်မှာ သစ်သီးတစ်လုံးကြွေကျလာသလို အိုက်နိုင်ဆီကလာတဲ့လှိုင်းကြပ်ခွပ်တွေက နန်းနန်းရဲ့နှလုံးသားကို ရိုက်ခတ်နေသည်။
"ဒုတိယအကြိမ်ရင်ခုန်ခြင်းလား...မဖြစ်နိုင်ပါဘူးနန်းရယ်... နင်မှ ကိုကောင်းမွန်မြတ်ကို မမေ့နိုင်သေးတာ...လူတစ်ယောက်ကိုမုန်းတယ်ဆိုတာ အာ့ဒီလူဟာ ကိုယ့်နှလုံးသားထဲမှာ ရှင်သန်နေသေးလို့ပဲလေ..."
...............
"ဟဲလို...ကောင်းမွန်...ပြော...ဒီအချိန်ကြီးငါ့ဆီဘာလို့ဆက်တာလဲ...အရေးကြီးလို့လား..."
"မဟုတ်ဘူးအမ...အကိုက ဆိုင်မှာအိမ်မပြန်နိုင်လို့ ဘယ်သူ့လာခေါ်ခိုင်းရမလဲမသိတာနဲ့ တွေ့တာဆက်လိုက်တာပါ"
"အေးအေးမောင်လေး...ဆိုင်လိပ်စာလေး အမကို တစ်ချက်လောက်ပြောပါအုံး..."
".....လမ်း....ထောင့်မှာ အမ....ဆိုင်ပိတ်တော့မှာမို့လို့ ခေါ်ရတာ အားနာပါတယ်..."
"ရပါတယ်... အမ အခုထွက်လာပြီနော်..."
ရွှေအိမ်စည်တစ်ယောက် ကောင်းမွန်ရှိရာကို ကားနဲ့ ထွက်လာခဲ့လိုက်သည်။ အရင်က အရက်ဆို အနံ့တောင်မခံနိုင်တဲ့သူက ခု ဆိုင်မှာမှောက်နေတာကတော့ မထူးဆန်းပေ။ ကောင်းမွန်က တကယ်သနားစရာကောင်းလှသည်။ သူချစ်ကိုပယ်ပြီး ကိုယ်ချစ်ကို ရွေးချယ်ခဲ့တဲ့လူသားတစ်ယောက်။ တိုက်ရိုက်မဟုတ်ပေမယ့် အချစ်နဲ့ပတ်သက်ပြီး မိဘနှစ်ပါးစလုံးကို ဆုံးရှူံးခဲ့ရသည်။ အချစ်ရဆုံးအမျိုးသမီးရဲ့ အထင်လွဲမှု...ညီမဖြစ်သူက သူ့အပေါ်လိမ်ညာထားမှု တို့က သူ့အားလုံလောက်စွာနာကျင်စေသည်။
နှလုံးသားတစ်ခုလုံး ကွဲအက်နေချိန်မှာ ရင်ဖွင့်စရာက သူ့ကိုတစ်ဖက်သက် ချစ်နေသော ရွှေအိမ်စည်သာရှိခဲ့သည်။ဖြစ်ကြောင်းကုန်စင်ကို အကုန်ပြောပြသည်။ နန်းနန်းကိုရှင်းပြပေးဖို့ကိုလဲ တောင်းဆိုခဲ့သေးသည်။ပုံမှန်ဆို မျက်ရည်ကျခဲသောယောက်ျားသားတယောက်က သူချစ်သောမိန်းကလေးအကြောင်း ပြောပြရင်း ငိုတတ်သေးသည်။
ရွှေအိမ်စည်တစ်ယောက် ရင်နာနာနဲ့ နာကျင်စရာတွေကို နားထောင်ပေးရင်းက သနားစိတ်အပြင် ချစ်စိတ်ကပိုလာလေသည်။
"နင်ဘာလို့ငိုနေတာလဲ အိမ်စည်...ဘာငိုစရာပါလို့လဲ...တိတ်စမ်း...ခုတိတ်လိုက်စမ်းပါ..."
ကိုယ့်ကိုယ်ကိုယ် အားပေးနေရင်းက မျက်ရည်တွေသာ တသွင်သွင်ကျလာသည်။ဆိုင်ထဲတွင် ဘယ်သူမှ မရှိတော့ပေ။ကောင်းမွန်တစ်ယောက်သာ ခုံပေါ် မှောက်အိပ်နေသည်။သူ့ဘေးတွင် အိပ်ပျော်နေသူက ဆိုင်မှ ဝန်ထမ်းကလေး။
"မောင်လေး...ဒါတွေ ဘယ်လောက်ကျလဲဟင်..."
"ဗျာ...အမရောက်လာပြီလား...အကိုလေးရှင်းပြီးသွားပြီ...သောက်ရင်းထိုင်ငိုနေတာနဲ့ ဆိုင်ပိတ်ပြီလို့ပြောတော့ သူအသည်းကွဲနေလို့ ဒီမှာပဲ အိပ်ပါရစေပြောနေတာ...ဖုန်းဖွင့်ကြည့်လိုက်တော့ အမဖုန်းပေါ်လာတာနဲ့ကျနော်ဆက်လိုက်တာ....အမက အကို့ကောင်မလေးလားဟင်"
"သူ့ကောင်မလေးက အမ မဟုတ်ဘူးမောင်လေး...သူချစ်တာက တခြားတစ်ယောက်ရယ်..."
"ဗျာ...အမက ဒီလောက် လှနေတာကို အကိုက ဘာလို့မကြိုက်လဲမသိဘူး..."
"သူ့ကို ကားပေါ်ကူတင်ပေးအုံး....ချစ်ခြင်းမေတ္တာဆိုတာလုပ်ယူလို့မှမရတာ"
"ဗျာ...ဟုတ်ဟုတ်...အမကားတံခါးသာ ဖွင့်ထားလိုက်...ကျနော် ကုန်းပိုးခဲ့မယ်...."
"အေးအေး....ကျေးဇူးမောင်လေး...."
အိမ်စည်တစ်ယောက် ကောင်းမွန်ကို ကားနောက်ခန်းထဲ ထည့်ပြီး ခေါ်လာခဲ့သည်။ သူ့အိမ်ကိုပြန်ပို့ပေးရမည်။
"ကြီးကြီးညိုအိပ်ပြီလားမသိဘူး"
"ချယ်ရီတွေ ငိုနေပြီ နန်းရေ...အေ့....နန်းနန်းရယ်"
"ကောင်းမွန်!!...သီချင်းကျ ဆိုနိုင်တယ်နော်...အိမ်ကျ မပြန်နိုင်ဘူး"
တကယ်ဆို... အသည်းကွဲမြို့က... မင်းစွန့်ခွာနိုင်သူပါ...ဒီလိုအသည်းကွဲပြီးတော့...ကိုယ့်ရဲ့ ကမ္ဘာ ပျက်ဆီးသွား..."
အိမ်စည် မူးနေသောကောင်းမွန်အားကြည့်ရင်း မျက်ရည်ကျမိသည်။
"တီ..တီ..."
"ဝုတ်...ဝုတ်..."
ပထမဆုံးပြေးထွက်လာသူမှာ ပန်ဒါလေးပင်။သခင်အိမ်ပြန်မလာ၍ မျှော်နေရှာသည်ထင်၏။ နောက်မှ ကြီးမေလိုက်လာသည်။
"အားနာလိုက်တာ သမီးရယ်...ဒီည ဒီမှာပဲ အိပ်သွားပါ့လား....ကြီးမေ အခန်းပြင်ပေးထားတယ်... မပြန်နဲ့တော့နော်သမီး..."
"ဟုတ်ပါ...နှစ်နာရီတောင်ထိုးနေမှတော့ မပြန်တော့ဘူးရယ်...ကောင်းမွန်ကို ကူတွဲပါဦး ကြီးကြီး"
"ဒီကလေး ဘာလို့မသောက်ဖူးတာတွေသောက်နေရတာလဲမသိတော့ပါဘူး...ဟူး"
ကြီးကြီးညိုက သက်ပြင်းချကာပြောလိုက်သည်။
"ပန်ဒါလေး...ကားထဲက နင့်ဖေအိတ်သွားယူချည်"
"ဝုတ်...ဝုတ်..."
ပန်ဒါက ကားထဲဝင်ပြီး ကောင်းမွန်လက်ဆွဲအိတ်ကို ချီလာသည်။ကားလော့ချပြီး ရေချိုးဖို့ပြင်ရအုံးမည်။တကိုယ်လုံး နံစော်နေသည့်အတွက် အိပ်ဖို့ရာ အဆင်မပြေသောကြောင့်ပင်။
"ချစ်ခြင်းမေတ္တာဆိုတာ အသွားအပြန်ရှိရင် သိပ်ကောင်းမှာပဲ ကောင်းမွန်ရယ်.....နင် နန်းနန်းကိုချစ်သလောက် ငါနင့်ကိုချစ်တာဟ"
အိမ်စည်ရေချိုးပြီး ချောကလက်ကိုဖောက်ကာစားလိုက်သည်။အပျော်ဆုံးအချိန် ဝမ်းနည်းဆုံးအချိန်မှာ ချောကလက်စားတတ်တာသူ့အကျင့်ပင်။
Ring.....Ring.....
"ကြီးကြီးညို.... ကောင်းမွန်ရဲ့ဖုန်းလာနေတယ်"
"ပေးပေး ကြီးကြီးကို"
"hello"
"အာ ကောင်းမွန်က အိပ်ပျော်နေလို့ သမီး ဘာပြောပေးရမလဲ"
"ထူးထူး အိမ်ပြန်မလာလို့ အဲ့တာ ကောင်းမွန်လေးဆီမှာများရှိနေမလားလို့"
"ဟာ ဟုတ်လား... ဒီမှာမရှိဘူး သမီးရေ...ကောင်းမွန်ကလည်း အခု အရက်တွေသောက်ပြီးအိမ်ပြန်လာတာ..အဲ့တာ"
"အာ ရတယ် ကြီးကြီး..သမီးဖုန်းချလိုက်တော့မယ်နော်"
.
.
"ထူးထူးလေး အိမ်ပြန်မလာလို့တဲ့ သမီးရေ"
"ဟူး....ဘယ်များရောက်နေလဲမသိ...ဒါနဲ့ ကြီးကြီးညို မေလေးရော ရွာမှာအဆင်ပြေရဲ့လား"
မေလေးက ကောင်းမွန်တို့ ဇာတိရွာဖြစ်သည့် မန်ကျည်းရိပ်ရွာလေးမှာတာဝန်ကျသည်။
"ပြေပါတယ် သမီးရယ်....ကြီးကြီးညိုလေ ကောင်းမွန်အရက်သောက်လာတာကိုစိတ်ထဲမကောင်းဘူးသမီး...သားလေးမှာ ဘာခံစားချက်တွေများရှိနေတာလဲမသိဘူး...သူကအမြဲမြိုသိပ်လွန်းတယ်တူမလေးရဲ့"
"ကြီးကြီးညို အရမ်းမတွေးပါနဲ့......ကြီးကြီးညိုအိပ်တော့လေ သမီးလည်းအိပ်တော့မယ်"
"အေးအေး သမီး"
#နှင်း
#16.11.2023
#စိတ်ကူးယဥ်ရေးသားခြင်းသာဖြစ်လို့ လိုအပ်ချက်များကိုနားလည်ပေးကြပါဗျ
...........
...............
Ring.....Ring.....
"hello"
.
.
#16.11.2023