နှလုံးသွေးဖြင့် ဆေးပါရစေ (Com...

By Hnin_528

33.2K 1.6K 637

#Normal #Myanmar fiction #punishment type #ဆိုးသွမ်းလွန်းတဲ့ကောင်မလေးနဲ့ တည်ငြိမ်ရင့်ကျက်တဲ့ကောင်လေးရဲ့အချစ်ဇ... More

Intro
အပိုင်း 1
အပိုင်း 2
အပိုင်း 3
အပိုင်း 4
အပိုင်း 5
အပိုင်း 6
အပိုင်း 7
အပိုင်း 8
အပိုင်း 9
အပိုင်း 10
အပိုင်း 11
အပိုင်း 12
အပိုင်း 13
အပိုင်း 14
အပိုင်း 15
အပိုင်း 16
အပိုင်း 17
အပိုင်း 18
အပိုင်း 19
အပိုင်း 20
အပိုင်း 21
အပိုင်း 22
အပိုင်း 23
အပိုင်း 24
အပိုင်း 25
အပိုင်း 26
အပိုင်း 27
အပိုင်း 28
အပိုင်း 29
အပိုင်း 30
အပိုင်း 31
အပိုင်း 32
အပိုင်း 33
အပိုင်း 35
အပိုင်း 36
အပိုင်း 37
အပိုင်း 38
အပိုင်း 39
အပိုင်း 40
အပိုင်း 41
အပိုင်း 42
အပိုင်း 43
အပိုင်း 44 💙
အပိုင်း 45 (Final)

အပိုင်း 34

494 29 7
By Hnin_528

အပိုင်း 34

နန်းနန်းတို့ ပ S2အခန်းသည် သောကြာနေ့ဖြစ်လို့ PTချိန်အပြီးတွင် အိမ်တွင်းမှုခန်းကိုသွားကြရမည်။ယောကျ်ားလေးများက စက်မှုခန်းကိုသွားရသည်။

ဂီတ၊ကာယ၊စိုက်ပျိုးရေး၊ပန်းချီချိန်တို့တွင် ယောကျ်ားလေးမိန်းကလေးအတူပေါင်းပြီးသင်ရသော်လည်း စက်မှုလက်မှုဘာသာရပ်တွင် ခွဲ၍သင်ရသည်။

အတန်းထဲရှိအတွဲများသည် စက်မှုလက်မှုချိန်ခွဲသင်ရသည်ကိုသဘောမကျ။

သူတို့မှာ ခဏမမြင်ရရင်ကို မနေနိုင်အောင်ဖြစ်ကြသည်။

နန်းနန်း ကောလိပ်မှာရည်းစားထားဖြစ်မည်မထင်။သူ့နှလုံးသားက ကိုကောင်းမွန်မြတ်ကိုပဲလွမ်းနေမိသည်။
အသိစိတ်က မုန်းဖို့ပြောနေသော်လည်း မသိစိတ်ကဘယ်လိုမှမုန်းမရ။

ကောလိပ်ရှိအတွဲများသည် စနေတနဂ်နွေအိမ်မပြန်သည့်အပတ်များတွင် အတွဲလိုက် ကုသိုလ်တော် ...အောင်တော်မူဘုရားများကိုသွားကြသည်။

ကျုံးအထိ ကောလိပ်ကနေလမ်းလျောက်ပြီး နန်းတွင်းထဲစက်ဘီးပတ်စီးကြသောသူများလည်းရှိသည်။

နန်းနန်းမှာမူ ကျောင်းပိတ်ရက်များတွင် အခန်းတွင်းအောင်းပြီးသာအိပ်နေတာများသည်။

ဒီတစ်ပတ်ကျောင်းပိတ်ရက်တော့ မေလေးနဲ့နှစ်ယောက်အတူတူ Diamond ကိုသွားဖို့တွေးထားသည်။

.
.

နန်းနန်းနဲ့မေလေး အိမ်တွင်းမှုခန်းကိုသွားနေစဥ် ကာယဆရာမကိုတွေ့လေသည်။

"ဆရာမ သမီးဘောလုံးပြိုင်ပွဲထဲပါချင်လို့....သမီးအကောင်းဆုံးကြိုးစားမာပါ"

"အေးအေး ငှာနကိုစာရင်းလာပေးနော်သမီး"
................

မေလေး Diamondသွားဖို့အတွက် အဝတ်အစားရွေးလို့နေသည်။

"ပန်းလေး ကြည့်ပေးဦး လှလား...ဆုနှင်းရော ကြည့်ပေးပါဦး"

"လှတယ် လှတယ် ...မေလေး ကောင်လေးရနေပြီလား"

"ဟင့်အင်း မရပါဘူး...နန်းနန်းနဲ့အပြင်လျောက်လည်မို့ပါ"

"နန်းနန်းနဲ့ ရှင်နဲ့ကဘာတွေလဲ"

"သူငယ်ချင်းတွေပါနော်"
.
.

Ring...Ring..

"hello"

"နန်းနန်းပြီးပြီလား "

"နန်းအခုမှရေချိုးပြီးတာ ခဏနော်မေလေး"

"ommomm မေလေးနန်းနန်းဆီလာခဲ့မယ်"

...................

ကောင်းမွန် မေလေးအား ဟင်းနဲ့မာလာရှမ်းကောပေးရန်အတွက် ကောလိပ်ကိုမောင်းလာလေသည်။

ဒီတစ်ပတ်ပြန်မလာဘူးပြောသဖြင့် လိုအပ်တာဘာညာဝယ်ပေးရအောင်လာခြင်းဖြစ်သည်။
ကောလိပ်ကိုရောက်ရောက်ချင်း မေလေးဖုန်းကိုဆက်လိုက်သည်။ဖုန်းမကိုင်သဖြင့် ဂျူတီစောင့်နေသောဆရာမလေးများကိုမေးလိုက်သည်။

" အိပ်ခန်း12က မေမွန်မြတ်နဲ့တွေချင်လို့ပါ"

"အာ...မေမွန်မြတ်တို့က စောနာလေးကမှအပြင်ကိုထွက်သွားတယ်ရှင့်"

ပိတ်ရက်တွင် day outသွားချင်ပါက အသွားတစ်ခါအပြန်တစ်ခါလက်မှတ်ထိုးရသည်။သွားသောအချိန်အတိအကျနှင့် ပြန်သောအချိန်အတိအကျရေးရသည်။သတ်မှတ်ချိန်ထက်နောက်ကျပါက အပြစ်ပေးခြင်းခံရသည်။

"ဟင် ဘယ်အချိန်လောက်ကထွက်သွားတာလဲဗျ"

"9နာရီ 7မိနစ်တုန်းကပါ...ဒါနဲ့ဘာတော်စပ်တာလဲမသိဘူးရှင့်"

"ကျနော်က သူ့အကိုပါ"

"ဟုတ်"

ကောင်းမွန် canteenက စားသောက်ဆိုင်တစ်ခုတွင်ထိုင်ပြီးစောင့်နေသည်။

သူ 9ခွဲလောက်ကနေ ထိုင်စောင့်နေတာ အခု2နာရီခွဲလေပြီ။ မေလေးဆီကိုဖုန်းဆက်တော့လည်း ဖုန်းမကိုင်။

"မေလေး ရည်းစားတွေများရနေပြီလားမသိဘူး...ဟူး"

.
.

Diamondကနေ အပြန် မေလေးနဲ့နန်းနန်း ဓာတ်ပုံဆိုင်ကိုသွားလိုက်သည်။နောက်အပတ်ထဲထပ်ရမည့်Assignmentတွေအတွက် လိုအပ်သောပုံတွေထုတ်ရမှာမို့ဖြစ်သည်။

ဓာတ်ပုံဆိုင်ကိုအရောက် မေလေးဖုန်းထဲကနေ ပုံပြရန်အတွက် ဖုန်းကိုအိတ်ထဲကနေထုတ်လိုက်သည်။

"ဟမ် ကိုကိုဖုန်းတွေခေါ်ထားတယ် အခါ20တောင်"

"ဟမ် ဟုတ်လား"

"အေးနန်းနန်း ငါပြန်ခေါ်လိုက်မယ်"

"ဖုန်းပြန်ခေါ်လိုက်တော့ ..ငါ့ဖုန်းထဲကနေ ဓာတ်ပုံထုတ်ဖို့ပြလိုက်မယ်"

မေလေး ကိုကိုစိတ်ပူနေမည်ဆိုတာသိပါသည်။

"အကို ဒီပုံတွေကို 2စုံစာထုတ်ပေးနော်"

"အေးအေးညီမ ထိုင်ဦးလေ"

.
.

မေလေး ကိုကို့ဆီဖုန်းဆက်ရမာလက်တွေတုန်နေသည်။

"helloကိုကို"

"မေလေး ဘယ်မှာလဲ... ကိုကို ကောလိပ်ထဲမှာထိုင်စောင့်နေတာ "

မေလေး ရင်ခုန်သံတွေမြန်လာမိသည်။ ကိုကို နန်းနန်းကိုတွေ့သွားရင်သူဘယ်လိုလုပ်ရမလဲ....သူဘယ်လိုဖြေရမလဲ စသည့်အတွေးတွေနှင့် လူကထူပူနေမိသည်။
ချွေးပင်အနည်းငယ်ထွက်လာသည်။

"မေလေး...မေလေး hello"

"ကိုကို... မေ​ မေလေး ဓာတ်ပုံဆိုင်မှာ Assignment အတွက်ပုံထုတ်နေတာ...ပြီးတော့ လိုအပ်တာလေးတွေဝယ်နေတာ"

"ဘယ်အချိန်ကသွားတာလဲမေလေး"

ကောင်းမွန်သိရက်နဲ့မေလေးကို တမင်မေးလိုက်ခြင်းဖြစ်သည်။

"မေလေး စောနာကမှသွားတာကိုကို"

"အချိန်အတိအကျပြော"

"2နာရီကမှ"

ကောင်းမွန် မေလေးအဖြေကြောင့်

"ဘယ်သူနဲ့သွားတာလဲမေလေး "

"သူငယ်ချင်းနဲ့ကိုကို"

"အဲ့ဒီသူငယ်ချင်းဘေးမာရှိလား ဖုန်းပေးလိုက်"

မေလေး အကြံအိုက်လာလေပြီ။နန်းနန်းနဲ့ဖုန်းပေးပြောလိုက်လို့လည်းမဖြစ်။နန်းနန်းအသံကို ကိုကိုမှတ်မိမှာသေချာသည်။

သူဘယ်လိုလုပ်ရမလဲတွေးနေစဥ်ပင်...

"မေမွန်မြတ် ကိုကို့ကိုလိမ်နေတာမလား"

"ကိုကို"

"ကောင်လေးရနေပြီလား.....ရရင်ရနေပြီလို့ပြော...သူဘယ်သူလဲဘယ်ကလဲ မေလေးကိုတကယ်ချစ်တာသေချာရဲ့လား မေလေးအပေါ်ကောင်းရဲ့လား"

"ကိုကို ညီမလေး ကောင်လေးမရပါဘူးဗျာ"

"မေလေး ဘယ် ဓာတ်ပုံဆိုင်မာလဲပြော ကိုကိုလာခဲ့မယ်"

ကိုကို့ရဲ့အခုဖြစ်နေမည့်ပုံစံကိုမေလေးတွေးကြည့်ရုံနှင့်သိနိုင်သည်။

"ကိုကို ညီမလေးပြန်လာ​တော့မာ ဒါပဲနော်"

မေလေး ကိုကို့ဖုန်းကိုချပစ်လိုက်သည်။

"ဟူး...မဟုတ်တာလုပ်ထားတာ စိတ်တကယ်သောကဖြစ်ရတာပါလား"

မေလေးသူ့ကိုယ်သူလည်းမှားနေမှန်းသိရက်နဲ့ ဆက်တိုက်အမှားတွေလုပ်နေမိသည်။မှားမှန်းသိရက်နဲ့မပြင်နိုင်တဲ့အကြောင်းအရင်းကလည်း သူကိုယ်တိုင်ပဲအသိဆုံးပင်။
..............

လမ်း30က ဓာတ်ပုံဆိုင်မှ ပညာရေးကောလိပ်ကို မေလေးနဲ့နန်းနန်းလမ်းလျောက်လို့လာလေသည်။
ကောလိပ်မရောက်ခင် ကြာရွက်ထမင်းဆိုင်အနားကိုအရောက် ကိုကို့ဆီကဖုန်းပြန်လာလေသည်။မေလေးချက်ချင်းမကိုင်ဘဲ ဖုန်းကိုသာကြည့်နေမိသည်။

"မေလေးကိုင်လိုက်လေဟာ"

"နန်းနန်း...ကိုကိုက ကျောင်းအပြင်ကနေ ထွက်စောင့်နေရင်နှစ်ယောက်လုံးမိလိမ့်မယ်...နန်းနန်း ငါကိုကို့ကို အရှေ့ပေါက်ကနေပြန်လာမာလို့ညာပြောလိုက်မယ်"

"မညာပါနဲ့ ကိုကောင်းမွန်မြတ်က လိမ်တာအမုန်းဆုံးဟာကို"

နန်းနန်း ပြောသော်လည်းမေလေးကမရ။

"Hello ကိုကို....မေလေးတို့ကောလိပ်အရှေ့ပေါက်နားရောက်တော့မာ"

ကောင်းမွန် ကောလိပ်ရဲ့အရှေ့ဝင်ပေါက်ကနေ ရပ်စောင့်နေမိသည်။
.
.
.

နန်းနန်းနဲ့မေလေး ကောလိပ်ထဲကို အနောက်ပေါက်ကနေဝင်ပြီး သီဟဆောင်ကနေ မြောက်ကိုချိုးတဲ့လမ်းကြားကနေ သဇင်ဆောင်အနောက်ပေါက်ကိုဝင်လေသည်။

"နန်းနန်း...နင်အပေါ်သွားနှင့် ငါကိုကို့ကိုသွားတွေ့မို့... ပြန်ရောက်ကြောင်းလက်မှတ်သွားထိုးဖို့မမေ့နဲ့ဦး ငါလည်းကိုကိုနဲ့တွေ့ပြီးမှထိုးလိုက်မယ်"

"မေလေး ကိုကောင်းမွန်မြတ်ကိုပြန်ခံမပြောနဲ့နော် ဆူရင်လည်းခံလိုက်ကြားလား"

"အေးပါဟာ"
.
.
.

"ကိုကို"

ကောင်းမွန်မြတ် အသံကြားရာအနောက်ဘက်ကိုကြည့်လိုက်သည်။

"မေလေး...ညီမလေးပြောတော့ အရှေ့ပေါက်ကနေလာမာဆို"

"ဟို ညီမလေးတို့ သူငယ်ချင်းတစ်ယောက်ကို ဓာတ်ပုံပေးစရာရှိလို့ အ​နောက်ပေါက်ကိုပြန်သွားလိုက်တာ"

"မေလေး ကားပေါ်ခဏတက်ခဲ့"

ကိုကိုက သူ့အားကားပေါ်ခေါ်တာ သေချာပေါက်ဆူမလို့ဆိုတာ သူသိသည်။

"မေလေး ဖုန်းပေး"

မေလေးပေးလို့မဖြစ်ပေ။ နန်းနန်းနဲ့သူနဲ့ရိုက်ထားတဲ့ပုံတွေကိုကိုတွေ့သွားလို့မဖြစ်။

"ကိုကို ဒါမေလေးဖုန်းလေ...pravicyဆိုတာနားမလည်ဘူးလား"

"ဟ...မေလေး...မေလေး ကိုကို့ကိုဘယ်လိုပြောလိုက်တာလဲ"

"မေလေး ဖုန်းကိုတော့ယူမစစ်ပါနဲ့ မေလေးတောင်းပန်ပါတယ်"

ကောင်းမွန် ကားမှန်ကို ပိတ်လိုက်သည်။

"မေလေး...ကိုကို့ကိုကြည့်စမ်း...မေလေးကိုယ်မေလေး ဟုတ်လှပြီထင်မနေနဲ့....မေလေးကိုကို့ကိုလိမ်နေတာတွေ ကိုကိုသိတယ်"

"..."

"မနက်အစောကြီးကတည်းကနေ ထွက်သွားတာကို စောနာကမှသွားတာလို့ဖြေတယ်...လိမ်တာအမုန်းဆုံးဆိုတာတောင် ဆက်တိုက်ဆက်တိုက်ကိုလိမ်တာ...မေလေးကို ကိုကိုဘယ်လိုလုပ်ရတော့မာလဲကွာ"

"...."

"ကိုကို တကယ် ဝမ်းနည်းမိတယ်မေလေး...မေလေးဘာလို့အခုလိုတွေဖြစ်သွားရတာလဲ အရင်ကမေလေးဘယ်မာလဲ"

ကိုကိုက အေးစက်တည်ငြိမ်စွာပြောနေလေသည်။ကိုကို့မျက်လုံးကိုမေလေးမကြည့်ရဲ။

"မေလေး.....ကိုကို မေလေးကို တအားချစ်တာသိတယ်မလား......ကိုကို့ညီမလေးကကျ ကိုကို့ကိုမချစ်ဘူး....ချစ်တယ်ဆိုရင်ကိုကို့စကားကိုနားထောင်ရမာပေါ့...ကိုကို့ကိုထပ်ခါထပ်ခါလိမ်တယ်...ကောင်လေးရနေတာလားမေလေး"

ကိုကိုက သူ့အားရည်းစားရနေတာလို့ပဲထင်နေသည်။

"ကိုကို မေလေးရည်းစားမရှိပါဘူး"

"မေလေး မဟုတ်တာလုပ်ရင် တစ်နေ့ပေါ်ကိုပေါ်မာ...မေလေးလုပ်ထားတာရှိရင်တစ်ခါတည်းပြော"

ကောင်းမွန် မေလေးမျက်လုံးကိုတည့်တည့်ကြည့်ပြီးပြောသည်။ မေလေးကို သူအချော့နည်းနဲ့သာဆုံးမဖို့တွေးထားသည်။

"ကိုကို တကယ်လို့မေလေးမဟုတ်တာလုပ်ထားရင် ကိုကိုမေလေးကိုမုန်းမှာလား"

တိုးလျစွာပြောလာသောညီမဖြစ်သူရဲ့ မျက်လုံးကိုကြည့်ရုံနဲ့ မေလေးတစ်ခုခုမဟုတ်တာလုပ်ထားတာဆိုတာသိသည်။

ကောင်းမွန်မြတ် မေလေးခေါင်းကိုဖွဖွလေးကိုင်ကာ...

"မေလေး လူတိုင်းအမှားနဲ့မကင်းဘူး .....နောက်မဖြစ်ဖို့သင်ခန်းစာယူဖို့ပဲ...အဲ့ဒီအမှားကိုတော့ ထပ်ခါထပ်ခါထပ်မလုပ်မိအောင်နေသင့်တယ်"

"ကိုကို မေလေးအခုမပြောပြချင်သေးဘူး...မေလေးအချိန်တစ်ခုရောက်ရင်ပြောပြပါ့မယ်"

"ဟူး...အင်းပါ....ရော့ မာလာရှမ်းကော အဆောင်ပေါ်ရောက်ရင်စားလိုက်ဦး...ဟင်းတွေရော ကြီးကြီးညိုကလုပ်ပေးထားတာ ရော့...မုန့်ဖိုးရောယူသွားဦး"

မေလေး ကိုကို့ကိုလက်ပြပြီး အဆောင်ကိုပြန်သွားလိုက်သည်။

...................

နန်းနန်း အားPTကွင်းထဲတွင်လေ့ကျင့်ပေးနေသူမှာ ကာယဆရာမအပြင် ဆရာမဒေါ်နှင်းနုဝေရောပါဖြစ်သည်။ဒေါ်နှင်းနုဝေက အားကစားမှာတော်သဖြင့် ကျောင်းအုပ်က ကလေးများကို လေ့ကျင့်ပေးဖို့အကူအညီတောင်းထားသည်။
.
.

PTကွင်းထဲတွင်လေ့ကျင့်နေစဥ် မေလေးက သူ့အားရေဗူးလာပေးသည်။ မေလေးပေးသောရေဗူးကိုသူယူပြီး သစ်ပင်အောက်တွင်ထိုင်နားနေစဥ် သူ့အားတစ်ယောက်ယောက်ကကြည့်နေသလိုခံစားနေရသည်။

"နန်းနန်း ဟိုဆရာမ နင့်ကိုကြည့်နေတယ်"

နန်းနန်း သူ့အားကြည့်နေသောဆရာမအား ပြန်ကြည့်လိုက်သည်။

ထို့နောက် ဆရာမအနားကို လမ်းလျှောက်သွားပြီး...

"တီချယ်...ဘာလို့ နန်းကိုစိုက်ကြည့်နေတာလဲ"

"နန်း...မင်းက ကိုယ့်ခေါင်းကို ကန်သွားတဲ့ကောင်မလေးမလား...ကိုယ်မင်းကိုကြည့်နေတာကြာပြီ"

"ဟုတ်တယ် အခုမှ မှတ်မိတာလား တီချယ်က...နန်းတောင်းပန်ပါတယ် အဲ့တုန်းကအပြုအမူတွေအတွက်"

နှင်းနုဝေပြုံးလိုက်သည်။ထိုကောင်မလေးက ငယ်ငယ်တုန်းကလို ချောပြီးချစ်ဖို့ကောင်းလွန်းသည်။

"ရပါတယ်....တီချယ်က အရာရာကိုခွင့်လွှတ်ပြီးသား..တီချယ်ဘဝမှာ အငြှိုးအတေးဆိုတာမရှိဘူး"

"ပြီးတော့ တစ်ခုအကူအညီတောင်းစရာရှိပါတယ်တီချယ်....ကိုကောင်းမွန်မြတ်ကို နန်း ဒီကောလိပ်မှာရှိနေတာလုံးဝမပြောပါနဲ့"

"မင်းရဲ့ကိုယ်ရေးကိုယ်တာနဲ့ပတ်သက်တဲ့ကိစ္စတွေကို ကိုယ်စွက်ဖက်ဖို့ စိတ်ကူးမရှိပါဘူးနန်းနန်း...ဒီကောလိပ်မှာ မင်းကိုပျော်ရွှင်စွာပဲ ပညာသင်ယူစေချင်တယ်...ငယ်ငယ်တုန်းကလို မဆိုးပါနဲ့တော့နန်းနန်း"

နန်းနန်း တီချယ်နဲ့စကားပြောပြီးနောက် ဆက်လက်လေ့ကျင့်သည်။
ပထမနှစ်ကုန်ခါနီးမှ ဗထူးကွင်းထဲတွင် သွားပြိုင်ရမည်ဖြစ်လို့ လေ့ကျင့်ချိန်အများကြီးရသည်။

................

မကြာမီအချိန်တွင် နှစ်ဝက်စာမေးပွဲဖြေရတော့မည်။သဇင်ဆောင်တစ်ခုလုံး စာကျက်သံများနဲ့ဆူလို့နေသည်။

"လူတွေရဲ့ ကျန်းမာရေးက ဘယ်အရာတွေကြောင့် ချို့တဲ့ပျက်စီးတတ်ကြတာလဲ"

"ကံ၊စိတ်၊ဥတု၊အာဟာရ တည်းဟူသော အကြောင်းတစ်ရားတစ်ပါးပါးကြောင့်"

"ဟုတ်ပြီ ...နောက်ထပ်မေးခွန်းတစ်ခုမေးမယ်နော်"

"ရေရှားပါးမှုကြောင့် ဘာရောဂါတွေဖြစ်စေတတ်လဲ"

"အရေပြားရောဂါရယ် နေပါဦး နောက်ထပ်...အာ သိပြီ မျက်ခမ်းစပ်ရောဂါရယ်ဖြစ်တတ်တယ်"

အိပ်ခန်းထဲက မိတ္ထီလာက အမကြီး မဝေဝေနဲ့ မြင်းခြံက အမကြီး မယွန်းတို့ရဲ့စာကျက်သံတွေကြောင့်နန်းနန်းအိပ်နေရာကနေနိုးလာသည်။

"ကလေးငယ်တွေအတွက် အကောင်းဆုံးအာဟာရ"

"မိခင်နို့ရည်"

ဒုတိယနှစ်အမကြီးတွေက စာတကယ်ကျက်ကြသည်။သူတို့BEdပေါင်းကူးကိုပါချင်သည်ပြောသည်။နန်းနန်းကတော့ အလုပ်ခွင်သာတန်းဝင်ချင်သည်။

"စိတ်ကို လွှမ်းမိုးနေတဲ့ အဖျက်စိတ်3မျိုးကဘာတွေလဲ"

နန်းနန်း ထိုမေးခွန်းရဲ့အဖြေကို သိချင်မိသည်။

အမကြီးက မ​ဖြေ။အဖြေကိုစဥ်းစားနေဟန်တူသည်။

"မှတ်ထားဟ ....တစ်မှတ်တန်တွေသေချာကြည့် လို့ အိမ်တွင်းမှုဆရာမကပြောထားတာကို...အဖြေကိုငါပြောပြမယ်...စိတ်ကိုလွှမ်းမိုးနေတဲ့အဖျက်စိတ်3မျိုးက
လောဘစိတ်၊ဒေါသစိတ်၊မောဟစိတ်"

နန်းနန်း အဖြေကိုနားထောင်ပြီးနောက် ပြုံးမိသည်။

"ငါ့ဘဝကိုလည်း လောဘ၊ဒေါသ၊မောဟတွေနဲ့ ငါဖျက်စီးမိခဲ့တာပဲ....ငါ အဲ့စိတ်တွေနည်းအောင်တတ်နိုင်သမျှနေကြည့်ရမယ်"

နန်းနန်း အိပ်ယာကနေထထိုင်လိုက်ပြီး မှန်ကိုထုတ်ကြည့်လိုက်သည်။

"စိတ်ဓာတ်ကျန်းမာရေး ထိခိုက်ပါက ရုပ်ပိုင်းဆိုင်ရာရောဂါလက္ခဏာ ဝေ ဒ နာများခံစားကြရသည်။"

ဒုတိယနှစ်မှ မတ္တရာကအမကြီးကလည်း စာကိုအော်ဆိုနေသည်။

"ဟူး...ငါ့ရုပ်လေး ချစ်ဖို့ကောင်းသေးတာပဲ...စိတ်ကိုအဆင်ပြေအောင်နေ နန်းနန်း...စိတ်ပျိုကိုယ်နုတဲ့ စိတ်ထောင်းကိုယ်ကြေတဲ့...ဘာမှမတွေးနဲ့တော့ ပျော်အောင်နေတော့"

နန်းနန်း မှန်ကိုကြည့်ပြီး တစ်ယောက်ထဲတိုးတိုးလေးပြောနေလိုက်သည်။

နရိုဖြောင့်စင်းနေသောဆံပင်လေးကို စုစည်းပြီး ရှေ့မှာကျနေသောဆံပင်လေးကိုဘောပင်အပိတ်နဲ့တွယ်လိုက်သည်။

ထို့နောက် ဂီတဘာသာရပ်ဆိုသည့်စာအုပ်လေးကိုထုတ်ပြီး လေ့လာစရာရှိသည်များကို လေ့လာလိုက်သည်။

#နှင်း
#11.11.2023
#စိတ်ကူးယဥ်ရေးသားခြင်းသာဖြစ်လို့ လိုအပ်ချက်များကိုနားလည်ပေးကြပါဗျ











.
.



................






.
.

Ring...Ring..

"hello"




...................













.
.










.
.



























..............







.
.
.




.
.
.














"..."


"...."















...................

.
.













................
























#11.11.2023




Continue Reading

You'll Also Like

51.9K 747 31
Aya er en 15 årig pige, der lige er flyttet tilbage til USA. Hun er født i USA, men flyttede til Danmark, på gund af at hendes mor fik arbejde. Da hu...
33.2K 1.6K 46
#Normal #Myanmar fiction #punishment type #ဆိုးသွမ်းလွန်းတဲ့ကောင်မလေးနဲ့ တည်ငြိမ်ရင့်ကျက်တဲ့ကောင်လေးရဲ့အချစ်ဇာတ်လမ်း #ဖတ်ကြည့်ပါ တစ်ခုခုတော့ကျန်မှာပါ
34.1K 31 5
ER DU LIDERLIG? GØR ONANI BEDRE MED FANTASIEN HER! !HANDLER UDELUKKENDE OM SEXSCENER! Skriv "mere", hvis I ønsker flere ;) 🥇- hot 🥇- liderlig 🥇...
35.4K 130 8
Efter en laaang pause, har jeg altså nu udgivet et nyt kapitel (kapitel 8). Det er meget frækt, altså meget. Så hvis du er under 15 år, vil jeg ikke...