The Deal With A Demon King

By HninAung913

130K 12.8K 931

မိစ္ဆာဘုရင်တစ်ပါးနဲ့ တနှစ်တာ စာချုပ်ချုပ်ဆိုပြီးတဲ့နောက်မှာ သူ့ရဲ့ကံတရားက စတင်ပြောင်းလဲလာခဲ့တယ်။ ဒါမှမဟုတ် သူ... More

Intro And Characters
Part 1 (အမှတ်အသား)
Part 2 ( ဘဝရဲ့စာမျက်နှာ)
Part 3 ( ပူလောင်ခြင်း)
Part 4 ( ကျေးဇူးကြွေး)
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Characters of Deal (Edit)
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31**
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 50
Part 51
Part 52
Part 53
Part 54
Part 56
Part 57

Part 55

270 31 0
By HninAung913

Unicode Ver

မည်သို့သော စကားတခွန်းရယ်လို့မျှ ပြောဆိုခြင်းမရှိခဲ့ပဲ မိမိအားအရာအားလုံးဆုံးရှုံးသွားပြီဟု ထင်မှတ်နိုင်အောင် လုပ်ဆောင်နိုင်စွမ်းသည် နျူးထံတွင်သာရှိသည်။

အရာအားလုံး အဆင်ပြေသွားမှာ၊ အဆင်ပြေနေခဲ့ပြီဟု သူထင်ထားခဲ့သမျှသည် သူ၏တုံးအမှုအတိုင်းအတာကို တိုင်းတာပြလျက်ရှိသည်။ မနာလိုဝန်တိုစိတ်၊ လိုချင်တပ်မက်စိတ်တို့နှင့် ယှဥ်ပြိုင်လာခဲ့ပြီးကာမှ  ပြိုင်ဘက်ကိုအနိုင်ရခဲ့ပြီဟု ထင်ခဲ့သည့် သူသည် စိတ်အေးလက်အေးနေခဲ့မိပုံရ၏။ နျူးသည် ရှန်းဝူပိုင်အား သူ့ဘဝတလျောက်လုံး မမေ့ရက်နိုင်လောက်သည့် ဖြစ်ရပ်မျိုးကို သူ့ရှေ့တွင်ပြုမူပစ်ခဲ့သည်။

ထိုအသူရာချောက်ကမ်းပါးကို နျူးခုန်ချသွားခဲ့သည်နှင့်တပြိုင်နက် နျူး၏အကာအရံသည်လည်း ကျိုးပြတ်သွားခဲ့သည်။ ရှန်းဝူပိုင်သည် အကာအရံပျောက်ကွယ်သွားသည်နှင့် အော်ဟစ်ကာ ထိုအသူရာချောက်နက်ထဲသို့ သူပါခုန်ဆင်းပြီး နျူးအား ဖမ်းရန်ပြင်လိုက်သည်။

" နျူးးး!!!"

သို့သော်လည်း သူ၏ကိုယ်ခန္တာက တစုံတခု၏ရပ်တန့်ခြင်းကို ခံလိုက်ရကာ သူ၏ကိုယ်ခန္တာအား ချုပ်နှောင်ထားခြင်းကိုခံလိုက်ရ၏။ ရှန်းဝူပိုင်သည် မျက်ရည်များကျဆင်းနေကာ ယူကျုံးမရဖြစ်နေသည့်ကြားမှ မာထန်နေသော အမူအရာဖြင့် သူ၏နောက်ရှိ သူ့အားချုပ်ထားသော သူ့ကိုလှမ်းကြည့်လိုက်သည်။

" ငါ့ကိုလွှတ်...ငါသူ့ကို ပြန်ခေါ်ရမှာ။"

ရှန်းဝူပိုင်သည် အတင်းရုန်းကန်ရင်း ရှေ့သို့သာ ဆက်တိုးနေလျက်ရှိသည်။ သို့သော်လည်း ချန်းရှက

"မမှီတော့ဘူး!!!

မင်းလိုက်ဆင်းသွားရင် မင်းပဲ ဒဏ်ရာရမှာ...ဒါဘယ်လိုနေရာလဲဆိုတာ မင်းအသိဆုံး"

ရှန်းဝူပိုင်သည် ချန်းရှပြောသမျှကိုနားလည်သည့်အလား သူသည်ဦးတည်ချက်ကိုပြောင်းပစ်လိုက်သည်။ ရှန်းဝူပိုင်သည် ချန်းရှ၏လည်ပင်းနားဝတ်ရုံစကို အတင်း ဆွဲကိုင်ပစ်လိုက်ပြီးနောက် အံ့ကိုကြိတ်ကာ ချန်းရှအား နီရဲနေသောမျက်ဝန်းတို့ဖြင့်ကြည့်ရင်း

" ဘာလို့မပြောတာလဲ....ဘာလို့ စောစောမပြောတာလဲ...ဘာလို့လဲ....!!!"

*ခွပ်...*

ရှန်းဝူပိုင်သည် အမြဲတစေအေးချမ်းတည်ငြိမ်သည့်အပြုအမူ၊ ပြုံးနေသည့်မျက်နှာအနေအထား စသည့် တသက်တာလုံးထိန်းချုပ်ထားသမျှသော သူ၏အပြုအမူများကို လွှတ်ချလိုက်သည့်နှယ် သူသည် အော်ဟစ်လျက်ပင် ချန်းရှအား လက်သီးဖြင့် ထိုးလိုက်တော့သည်။ မျက်နှာအား လက်သီးဖြင့်အထိုးခံရသည့်တိုင်အောင် ချန်းရှသည်အသံတသံမထွက်လာပဲ ရှန်းဝူပိုင်ကိုသာ ကြည့်နေ၏။

ထို့နောက်တွင်တော့ ရှန်းဝူပိုင်က သက်ပြင်းချလိုက်ပြီး ချန်းရှအား လွှတ်ပေးလိုက်သည်။

" မင်း...သွားတော့..."

ရှန်းဝူပိုင်သည် တဖက်သို့လှည့်ကာ နျူးထားခဲ့သော သွေးစွန်းနေသည့် ဆံထိုးရှိရာသို့ ဦးတည်ကာလျောက်လှမ်းလိုက်သည်။ တုန်ရီနေသော လက်တို့က ထိုဆံထိုးအားကောက်ကိုင်နိုင်ရန်အတွက် အလွန်ခက်ခဲကာ ဆံထိုးကိုထိကိုင်နိုင်ဖို့ကိုပင် အားကုန်သုံးနေရသလို ခံစားနေရပါ၏။

မည်သို့ပင် အကြောင်းအရင်းမျိုးလာခဲ့ပါစေ အလုံးစုံသိနိုင်ရန် နျူးနှင့်မနီးမဝေးသိူ့ ချန်းရှအား ထောက်လှမ်းရန် ပို့ထားပေးခြင်းပင်။ သိူ့သော်လည်း ချန်းရှသည်နျူး၏အသက်အန္တာရာယ်စိုးရိမ်နေရသည့် အချိန်၌တွင်ပင် သူ့အားသတင်းမပေးခဲ့ချေ။ သူသည်သာ နျူး၏အမြုတေထွက်ခွာသွားမှုကို ခံစားလိုက်ရတာကြောင့် အလျင်စလိုရောက်လာခဲ့ရတာဖြစ်ပြီး နျူးကလည်း သူ့ကိုမျှားကာ ထိုလုပ်ရပ်မျိုးလုပ်ပြရန် အသင့်ရှိနေခဲ့ပုံရသည်။

ချန်းရှသည် ဆံထိုးကိုကိုင်ကာ ငိုကြွေးနေသော ရှန်းဝူပိုင်ကိုကြည့်မိပြီး သူ၏ပုံစံကစိတ်မချမ်းသာသလိုပင်။ သိူ့သော် နျုးခုန်ချသွားခဲ့သည့်ချောက်ကမ်းပါးဘက်ကို ကြည့်မိလေတော့မှ သူ၏မျက်နှာထက်အပြုံးပန်းက ဟန်မဆောင်နိုင်စွာထွက်ပေါ်လာတော့သည်။ သူသည် နျူး၏လုပ်ရပ်များကို မျက်ကွယ်တနေရာမှ တလျောက်လုံးရပ်ကြည့်နေခဲ့တာဖြစ်ပြီး သူသည်အဆုံးသတ်အချိန်ထိ ရှန်းဝူပိုင်ကိုအသိပေးချင်စိတ်မရှိခဲ့ချေ။ သူ့ထံတွင် ထိုနတ်သူငယ်လေးနှင့်ပတ်သတ်ပြီး ကိစ္စကြီးတစ်ခုကိုလုပ်ဆောင်ရန် လိုအပ်နေတာမို့ ထိုကောင်လေးသူ့လက်ထဲရောက်ရန် ကြံရွယ်နေခဲ့တာဖြစ်ပြီး ယခုလိုဖြစ်ပျက်သွားသည့်အခါတွင် သူ၏အကြံအစည်များသည် အကောင်အထည်ပေါ်နိုင်ရန် အလိုလိုဖြစ်လာခဲ့လေပြီ။

အသူရာချောက်နက်၏တနေရာတွင်အစီအရင်တစ်ခုရေးဆွဲထားခဲ့ပြီး ထိုအရာက နျူးကို နတ်ဘုရားစွမ်းအင်များအချိန်တခဏအထိ ချိတ်ပိတ်စေပြီး နှစ်တချို့အတွင်း ဘဝအသစ်တစ်ခုပေးနိုင်သည်။ ထို့နည်းကြောင့်ပင် နျူး၏ယွင်းရန်အတွက် စွန့်လွှတ်အနစ်နာခံမှုသည် အလကားဖြစ်သွားပေလိမ့်မည်။ တလစတည်း နျူး၏မူလကိုယ်၌ ခြေရာခံနိုင်သည့်မန္ဏန်ကိုပါ ထည့်ထားသေးတာမို့ နျူးကိုရှာရန်အချိန်သိပ်မလိုချေ။ နျူး၏နတ်စွမ်းအင်ပြန်ပွင့်လာချိန်ကိုစောင့်ရန်သာလိုအပ်သည်။

ချန်းရှသည် အောင်နိုင်သွားသည့်နှယ် ပြုံးလိုက်ပြီးတဲ့နောက် အခိုးအငွေ့သဖွယ်ဖြစ်ကာ ပျောက်ကွယ်သွားတော့သည်။ ရှန်းဝူပိုင်ကတော့ ချန်းရှအားဂရုစိုက်နိုင်ချိန်မရပဲ ဆံထိုးကိုသာရင်ခွင်ထဲ၌ပိုက်ထားရင်း သူ၏ကိုယ်က တုန်ရီနေလျက်ရှိသည်။

........................................................

ဦးနှောက်၏မြန်ဆန်လှစွာသော အလုပ်လုပ်မှုတို့သည် ချီယွမ်၏မျက်ဝန်းများထက်တွင်ပင် ထင်ဟပ်လို့နေလေ၏။ နျူးနှင့်သူ၏မှတ်ညာဏ်များကို လက်ခံရယူနေစဉ်အတွင်း ချီယွမ်သည် အသက်ပင်မရှုနိုင်ချေ။ ရင်နင့်ဖွယ်ရာကောင်းသော သူ၏အတိတ်ကဒဏ်ရာများသည် နှလုံးသားအား နောက်တကြိမ်ထိုးနှက်ပစ်လိုက်ကြသည်။

" ဟ့....အဟွတ်...အဟွတ်..."

ချီယွမ်သည် မျက်ရည်များသာမက သူ၏နှလုံးသားမှ ဆို့နင့်မှုကိုပါ တပြိုင်တည်းခံစားလိုက်ရပြီး သူ့ကိုယ်သူပင် မနည်းအသက်လုရှုနေရတော့သည်။ အခိုးအငွေ့စွမ်းအင်တို့နှင့်အတူ လေတွင်လွင့်မျောနေသော နှစ်ပိုင်းကျိုးသွားသည်ဆံထိုးကတော့ အားလုံးပြီးဆုံးသည်နှင့် သူ့ရှေ့ရှိ ကြမ်းပြင်ပေါ်သို့ပြုတ်ကျသွားလေသည်။

ချီယွမ်သည့် ယခုအချိန်ထိ အသက်ရှုရန်ခက်ခဲနေတုန်းပင်။ သူသည် ရင်ဘတ်နှင့်လည်ပင်းအား တလှည့်စီ ဖိထားရင်း အသက်ကိုကြိုးစားရှုနေခဲ့သည်။

တဖြည်းဖြည်းအဆင်ပြေလာချိန်၌ သူမှတ်ညာဏ်မရခင် ယွင်းရန်ကိုစသိချိန်က ယွင်းရန်၏သူမနားမလည်နိုင်သည့် အပြုအမူများကိုလည်း ယခုသူနားလည်ခဲ့ချေပြီ။ ယွင်းရန်သည် သူ့အားဘဝဆက်တိုင်း အဆုံးသတ်ပစ်ချင်လျင်တောင် ထိုအရာကဖြစ်သင့်ပါ၏။ သို့သော်လည်း အဆုံးသတ်တွင် ယွင်းရန်သည်သူ့အား ခွင့်လွှတ်ပေးခဲ့ပုံရ၏။

ထိုအချိန်ကလည်း အရိုးသားဆုံးပြောရလျင် ယွင်းရန်အားကယ်တင်ရန်ကြိုးစားခဲ့သည့်အပြင် သူသည် သူ၏အပြစ်ကြွေးတို့ကြောင့် ယွင်းရန်ကိုထပ်မံကာ မျက်နှာချင်းဆိုင်ရန်မရဲတော့ပါချေ။ ထို့ကြောင့်လည်း ထိုချောက်နက်ထဲသို့ခုန်ချကာ အဆုံးသတ်ရန်ကြိုးစားခဲ့ခြင်းပင်။

ချီယွမ်သည် သူ၏ဦးခေါင်းထဲမှ လက်ခံလိုက်ရသည့်မှတ်ညာဏ်များသာမက ယခုလက်ရှိဘဝ၏မှတ်ညာဏ်တို့ကပါ သူ့အား မျိုးစုံရှုပ်ထွေးစေ လျက်ရှိသည်။ တချိန်မိစ္ဆာတိုင်းပြည်၏ ပျံကျစျေးသို့သွားချိန် ယွင်းရန်လိုက်တားခဲ့တာကြောင့်သာ သူသည်နျူးဘဝကလို ကျောက်ခဲများဖြင့် ပစ်ပေါက်ခံရခြင်းမဖြစ်ခဲ့တာပေ။ ယွင်းရန်က ထိုမိစ္ဆာအုပ်ကို မကျေမနပ်ဖြစ်စေရုံမှတပါး ချီယွမ်အားထိနိုင်ခွင့်မပေးချေ။ ချီယွမ့်ကိုလည်း ယွင်းရန်က နန်းတော်ပြင်ပသို့ သူမပါပဲထပ်မထွက်ဖို့သာ အကြိမ်ကြိမ်ပြောခဲ့သည်။ သူ့ကိုစိတ်ပူနေခဲ့တာမို့ ယခုလိုပြုမူနေမှန်း သိတာကြောင့် မည်သည့်စကားတစ်ခွန်းမျှ ထိုအချိန်ကမမေးခဲ့။

ယခင်အချိန်ကတော့ ယွင်းရန်မရှိတာကြောင့် အတိတ်ကသူသည် နာကျင်လျှင်တောင်မှ မိမိအပြစ်ကြွေးများနှင့်သာနစ်မွန်းနေရပြီး သူ့လက်ကိုဆုပ်ကိုင်ကာ သူ့အား အားပေးမည့်သူမရှိတာကြောင့် ထွက်မပြေးနိုင်ခဲ့ပေ။ ချီယွမ်သည် အတိတ်ကမိမိ၏ပုံစံကြောင့်လည်း ရယ်မိပြန်၏။

ထို့နောက် သူသိလိုက်ရသည်က ချန်းရှဟူသောမကောင်းသည့်နတ်မင်းသည် သူ့အားနျူးဘဝကတည်းက ပစ်မှတ်ထားနေခဲ့တာဖြစ်ပြီး မွေးနေ့မာပေါ်ခဲ့သည့် ခြေရာခံအမှတ်အသားကအစ ထိုလူလုပ်ခဲ့ခြင်းဖြစ်သည်။ အနှီလူ၏ရည်ရွယ်ချက်အစစ်အမှန်ကိုမသိသော်လည်း မကောင်းသည့်သူတယောက်ဖြစ်သည်က ထိုလူ၏လုပ်ရပ်များကို ကြည့်ရုံနှင့်ပင် သေချာသည်။

အနှီလူကြောင့် သူခွဲထုတ်ခဲ့သည့်အမြုတေက သူ့ကိုယ်နှင့်ခွဲကာ ချိတ်ပိတ်ထားခံရပြီး ယွင်းရန်လွတ်မြောက်ရန်  အနှစ်တထောင်သည် မကြာသင့်ပဲ ကြာမြင့်ခဲ့ရသည်။ နျူးသာ ချီယွမ်အဖြစ်ပြန်မမွေးဖွားပဲ ထိုအမြုတေကိုကလေးဘဝကသာမထိတွေ့ခဲ့ပါကာ ယွင်းရန်သည်ချိတ်ပိတ်ထားခံရသည့်နေရာမှ လွတ်မြောက်နိုင်ခြင်းရှိမရှိ
မသေချာပေ။

အရာအားလုံးကို နားလည်သွားခဲ့ပြီဖြစ်သော ချီယွမ်သည် ကုတင်ပေါ်မှ ချက်ချင်းကောက်ထကာ အပြင်သို့ပြေးထွက်လေတော့သည်။

......................................................

" နတ်မင်း...နတ်မင်း...ဝင်ခွင့်မရှိပါဘူး။ "

" ဘယ်လိုပဲ နတ်အရာရှိဖြစ်ခဲ့ပါစေ....ယခုအချိန်မှာ ကောင်းကင်မင်းကြီး ခွင့်ပြုချက်ရမှ...."

" ပါးစပ်ပိတ်ထား...!!"

ချီယွမ်သည် သူ၏ရေခဲနှောင်ကြိုးရစ်ပတ်ကာစွမ်းအင်ပေးထားသည် အသွားနှစ်ဖက်ပါဓားရှည်အား ထုတ်ကာ ကောင်းကင်ဘုံ၏အဝင်ဝတွင် သောင်းကျန်းနေခြင်းပင်။ သူသည် စွမ်းအင်ကိုသုံးလျက် ထိုဂိတ်ဝအား ဖျက်စီးရန်လုပ်ဆောင်နေသည်။ သူ့အားတားနေသော နတ်စစ်သည်တချို့လည်းရှိပြီး ထိုသူတို့က သူ့အားအထဲသို့မဝင်နိုင်ရန် အစွမ်းကုန်တိုက်ခိုက်ကြ၏။ သို့သော်လည်း နာကျင်အောင်တော့မလုပ်ရဲကြချေ။

" မင်းတို့ နောက်ဆုတ်လိုက်ကြ။ သူဝင်လာပါစေ။"

ကောင်းကင်ဘုံတစ်ခုလုံး အသံသဲ့သဲ့ကလှုပ်ရှားသွားကာ ထိုအသံသည် နတ်စစ်သည်များအားလုံးကို နာခံလျက် ငြိမ်သွားအောင်လုပ်ဆောင်နိုင်စွမ်းရှိသည်။ ထိုအသံက ရှန်းဝူပိုင်၏အသံဖြစ်ပြီး ချီယွမ်သည် သူ၏ဓားကိုဆက်ကိုင်ထားလျက်ပင် ရှန်းဝူပိုင်ရှိရာ ခန်းမဆောင်ကြီးဆီသို့ လျောက်လာခဲ့လေတော့သည်။

*ဝုန်း...!!!*

ကောင်းကင်ဘုံ၏ ကိစ္စရပ်များကိုကြည့်ရှုနေသော ရှန်းဝူပိုင်၏ရွှေရောင်စားပွဲရှည်ကြီးသည် ချီယွမ်၏ အပေါက်ဝမှနေ၍ စွမ်းအင်သုံးကာလှမ်းခုတ်လိုက်သော ဓားချက်ကြောင့် နှစ်ပိုင်းပိုင်းခံလိုက်ရတော့သည်။ စားပွဲကြီးပေါ်ရှိ စာပေလိပ်များနှင့် စာရွက်စာတန်းများသည်ပင် အောက်ကြမ်းပြင်သို့ ကျသည်ကကျ၊ လေပေါ်တွင် လွင့်သည်ကလွင့်ဖြင့် ဖရိုဖရဲဖြစ်နေလေတော့၏။

ရှန်းဝူပိုင်ကတော့ သူကိုင်ထားလက်စစာလိပ်တစ်ခုကိုသာ မြှောက်ကာယူထားရင်း သူ၏ကိုယ်ခန္တာက ချီယွမ်၏ဓားချက်ကို မည်သို့မျှမနေချေ။ သိူ့သော်လည်း နှစ်ပိုင်းပြတ်သွားသော စားပွဲကြီးအား အလည်ထား၍ ခန်းမဆောင်၏အပေါက်ဝတွင်ပင် ရပ်နေကာ သူ့အားဒေါသတို့ပေါက်ကွဲထွက်နေသည့် မျက်နှာထားဖြင့် ကြည့်နေသော ချီယွမ်ကိုလှမ်းကြည့်လိုက်သည်။

ထိုနောက်တွင်တော့ သူ၏လက်ထဲရှိနောက်ဆုံးလက်ကျန်စာလိပ်ကိုပါ အပျက်အစီးပုံအကြား ပစ်ချလိုက်လေကာ သူကချက်ချင်းပင် အပေါက်ဝနားရှိ ချီယွမ့်ဆီသို့ ရောက်လာလေတော့သည်။

" နောက်ဆုံးတော့ မင်းရောက်လာပြီပေါ့..... နျူး..."

" လက်နက်ထုတ်လိုက်!!"

ချီယွမ်က ရှန်းဝူပိုင်အားတစက်ကလေးမှပင် ယဉ်ကျေးမနေပဲ သူ၏မျက်လုံးတို့က ခက်ထန်မာကြောမှုကိုသာပြလျက်ရှိသည်။ ချီယွမ်က တိုက်ခိုက်ရန်အသင့်အနေအထားရှိနေပြီး ရှန်းဝူပိုင်ကတော့ သူ့ကိုသာကြည့်နေလေ၏။ ချီယွမ်က နျူးဘဝ၏မှတ်ညာဏ်များအားလုံးကို ဆံထိုးမှတဆင့်သိရှိခဲ့လေပြီဆိုသည်ကို ချီယွမ်၏အခြေအနေအားကြည့်ရုံဖြင့် အတပ်ပြောနိုင်သည်။

ရှန်းဝူပိုင်သည် သူ့ရှေ့ရှိချီယွမ်အား တိုက်ခိုက်ရန်ပြင်မည့်အစား ချီယွမ်၏မျက်နှာအားထိကိုင်ရန်သာ လက်လှမ်းမိ၏။

" လက်နက်ထုတ်လို့...!!!"

သိူ့သော်လည်း ချီယွမ့်ထံမှ ပြင်းပြင်းထန်ထန်ထပ်မံအော်သံကိုသာ ကြားလိုက်ရသည်။ ထို့ကြောင့်ပင် သူအသိဝင်ကာ သူ၏လက်ကိုပြန်ရုတ်လိုက်မိ၏။ ချီယွမ့်အားကြည့်မိတော့ သူ၏မျက်ခုံးနှစ်ခုကြားရှိ အမှတ်ကလေးက အနီးရောင့်ရင့်ရင့်သို့ပင် ရောက်ရှိနေချေပြီ။

တကယ်တမ်းတော့ ယခုပုံစံသည်က သူတချိန်ကသိခဲ့သည့် နျူး၏ပုံစံအမှန်ဖြစ်လေသည်။ သူသည်လည်း ဒီနှစ်ပေါင်းတထောင်အတွင်း နျူး၏နောက်ဆုံးသော ပုံစံကသာ သူ၏မှတ်ညာဏ်ထဲတွင် ပြေးလွှားနေခဲ့ပြီး သူ၏နှလုံးသားကိုဓားနှင့်မွှန်းသကဲ့သို့ နာကျင်ရလေသည်။ မေ့ဖျောက်ချင်လျင်တောင်မရ။ နှဖူးထက်က သွေးတို့စီးကျနေသည့် ထိုအချိန်ကနျူးသည် သူ၏ပျော်ရွှင်မှုများကို နှူတ်ယူခဲ့လေသည်။

ယခုကဲ့သို့ ပုံစံအမှန်ဖြင့်နျူးအား တွေ့လိုက်ရသည့်အခါ သူ့ထံတွင် မည်သိူ့သောလောဘတို့မျှ ထပ်မံမရှိနိုင်တော့ပါချေ။ ဤတကြိမ်တွင်တော့ နျူး၏မည်သို့သော ဆုံးဖြတ်ချက်ကိုမဆို သူထောက်ခံပေးမည်ဖြစ်ပြီး နျူးကိုလည်း စွန့်လွှတ်ရန် အသင့်ဖြစ်နေခဲ့ပြီ။ နျူးကို အဝေးတနေရာမှ ကြည့်ရန်လည်း ပြင်ဆင်ထားပြီးဖြစ်ပါ၏။ ထိုနှင်းပန်းကလေးအား ၎င်းစိတ်ကြိုက် ဖူးပွင့်စေရန်ခွင့်ပြုနိုင်ခဲ့လေပြီ။

" နျူး....မင်း ကိုယ့်ကိုမနိုင်ပါဘူး။ မမိုက်မဲစမ်းပါနဲ့"

" မနိုင်ရင်တောင် တိုက်ခိုက်ရင်း သေမယ်။"

ရှန်းဝူပိုင်က စကားကိုတည်ငြိမ်စွာပြောပေမဲ့ ချီယွမ်ကတော့ ပြတ်သားသည့်စကားကိုဆိုလေ၏။ သူ၏ဓားဦးအား ရှန်းဝူပိုင်၏ရင်ဘတ်တည့်တည့်သို့ ချိန်တွယ်ထားလိုက်သည်။ သူ ရှန်းဝူပိုင်အား မနိုင်နိုင်တာသေချာပေါက် သူသိသည်။ သိူ့သော် လုပ်ခဲ့သမျှအရာအားလုံးအတွက် ရှန်းဝူပိုင်ကို လက်စားချေရန်လိုအပ်သည်။

" ဘာလဲ...မင်း ကိုယ့်ကိုသတ်နိုင်ခဲ့ပြီးရင်လည်း မင်းကိုယ်မင်း အဆုံးစီရင်အုန်းမလို့လား။"

" မင်း...ဘယ်လိုလုပ်..."

ဤမှတ်ညာဏ်များကို ပြန်ရခဲ့လေမှတော့ သူသည်အဘယ်နည်းဖြင့် ယွင်းရန်အနားတွင် မျက်နှာပြောင်တိုက်ကာ ဆက်နေနိုင်ပါမည်နည်း။ ယွင်းရန်က သူ၏အပြစ်ကြွေးများနှင့်ပတ်သတ်၍ မည်သည့်စကားတခွန်းမျှ မဟသည့်တိုင်အောင် သူ့အပေါ်တွင် ခွင့်လွှတ်သည်လည်းမဟုတ်၊ မခွင့်လွှတ်သည်လည်း မဟုတ် ဖြစ်နေသည့်အခြေအနေပင်။ နောက်ဆုံး ယွင်းရန်ဆီမှ မည်သို့သောအဖြေကိုမဆို လက်ခံရှိပြီးသည့်တိုင်အောင် သူသည် ယခုအချိန်ထိ မိမိကိုယ်ကို ခွင့်မလွှတ်နိုင်သေးပါချေ။ တချိန်က ယွင်းရန်၊ လောင်ရဲ့နှင့် သုံးလောကရှိ သက်ရှိများသည် သူ့ကြောင့်သေဆုံးခဲ့ကြရသည်။ တချိန်ကျ သုံးလောကကိုဖျက်စီးမည့် ကံကြမ္မာဆိုးကိုကြိုသိခဲ့သည့် လောင်ရဲ့သည်ပင် သူ့အားမွေးမြူပြီး ချစ်ခင်ပေး၊ ကာကွယ်ပေး၊ ဂရုစိုက်ပေးခဲ့သည်။ သို့သော် မိမိကြောင့် အနှီလူပြန်ရသည်က သေခြင်းတရားသာ။ ထို့ကြောင့် မိမိသည်လည်း သေသင့်သည်။

ချီယွမ်သည် သူ၏စိတ်ကိုသိနေသလို ပြုမူပြနေသော ရှန်းဝူပိုင်အား ဟန်မဆောင်နိုင်စွာ ကြည့်လိုက်မိသည်။ သူ၏ဓားသွားထိပ်က ရှန်းဝူပိုင်နှင့် မနီးမဝေးတွင်ရှိနေခဲ့ပြီး ရှန်းဝူပိုင်က သူ၏လက်တဖက်ကိုမြှောက်ကာ ချီယွမ်၏ဓားကိုသာမကာ ချီယွမ့်ကိုပါ သူနှင့်နီးကပ်အောင်လုပ်ပစ်လိုက်သည်။

* အု...*

" မင်း...!!"

ချီယွမ်၏ဓားသွားတစ်ခုလုံးသည် ရှန်းဝူပိုင်၏ ရင်ဘတ်တည့်တည့်သို့ ထိုးစိုက်ဝင်ရောက်ခဲ့လေပြီး ဓား၏ထိပ်ပိုင်းသည် ရှန်းဝူပိုင်၏နောက်ကျောဘက်မှ ပြန်ထွက်လာခဲ့သည်။ ဓားသွားတလျောက်၊ ကိုယ်ခန္တာရှိဝတ်ရုံနှင့် ရှန်းဝူပိုင်၏ပါးစပ်မှ သွေးတို့စီးကျလာသည့်တိုင်အောင် ရှန်းဝူပိုင်သည် ချီယွမ့်အား သူ၏ရင်ခွင်ထဲသို့ အတင်းထည့်ကာဖက်တွယ်ထားသည်။

ဓားကိုဆွဲနှုတ်ရန်သာမက ရှန်းဝူပိုင်၏ရင်ခွင်ထဲမှ ရုန်းထွက်ရန် ရုန်းကန်ကြိုးစားနေသော ချီယွမ်ကို ရှန်းဝူပိုင်သည် အလွတ်မပေးချေ။ နှစ်ဦးသား ရုန်းရင်းပင် ရှန်းဝူပိုင်၏ဒဏ်ရာက လှုပ်ရှားမှူကြောင့် သွေးပိုထွက်လာ၏။

" ငြိမ်...ငြိမ်ငြိမ်...လေး...ခဏနေပေး.....ဟုတ်ပြီလား။"

"......"

" ကိုယ်...တောင်းပန်ပါတယ်....။ မင်းနဲ့သူနဲ့ကြားမှာ ဝင်ရောက်ဖျက်စီးမိတဲ့အတွက်၊ မင်းကို စိတ်ဒဏ်ရာတွေနဲ့ ဒုက္ခရောက်စေမိတဲ့အတွက်...

ကိုယ်သိပါတယ်....ကိုယ်ဘယ်လိုပဲလုပ်လုပ် မင်းရဲ့ခွင့်လွှတ်မှုကို မရနိုင်တာ....

ဒါပေမဲ့....ဘယ်လိုပဲဖြစ်ဖြစ် တ...တခါ...လောက်တော့ မင်းကို...တောင်းပန်စကားပြောချင်ခဲ့တာပါ......"

ရှန်းဝူပိုင်သည် စကားတချို့ကို နူးညံ့ညှင်သာသည့်အသံဖြင့် ပြောနေခဲ့ပေမဲ့ သူသည်နာကျင်မှုကြောင့် စကားလုံးတို့က ဖြောင့်တန်းစွာတော့ ထွက်မလာပါချေ။ သူနှင့်ချီယွမ်ကြား ဖက်တွယ်ထားမှုကို သူကပင်ပြန်စတင်ကာ ခွာလိုက်တော့ ချီယွမ်၏ဓားသွားသည်လည်း သူ၏ကိုယ်ထဲမှ အနည်းငယ်ပြန်ထွက်လာကာ ရှန်းဝူပိုင်သည် သူ၏မျက်လုံးများကိုမှိတ်လျက် နာကျင်မှုကို တင်းခံသည်။ ထို့နောက်မှ သူ့အားမော့ကြည့်နေသော ချီယွမ်၏ ပုခုံးနှစ်ဖက်ကိုအသာကိုင်ရင်း

" ဖြစ်ပျက်ခဲ့သမျှ......အားလုံးက....မင်းရဲ့အမှားမဟုတ်ပါဘူး......အဲ့တာကြောင့်....ကျေး...ကျေးဇူးပြုပြီး....မင်းကိုမင်း....နာကျင်အောင်...မလုပ်ပါနဲ့တော့..... ဟုတ်ပြီလား.....အ့.."

ချီယွမ်သည် ရှန်းဝူပိုင်၏စကားဆုံးသည်နှင့် ရှန်းဝူပိုင်၏ရင်ဘတ်တွင် ထိုးစိုက်နေသေးသော သူ၏ဓားရှည်အား ဆွဲထုတ်ပစ်လိုက်သည်။ သူ၏မျက်ဝန်းတို့က မထင်မှတ်ထားသော အရာဖြင့်တွေ့ကြုံလိုက်ရသည့်အလား အံ့သြမှုတို့အပြင် ထိတ်လန့်နေသကဲ့သို့ ဖြစ်နေ၏။ ရှန်းဝူပိုင်၏သွေးတို့က ချီယွမ်၏ဝတ်ရုံဖြူကိုပင် အနည်းငယ်လာစင်ကာ ရှန်းဝူပိုင်ထိကိုင်ခဲ့သော ချီယွမ်၏ပုခုံးနေရာတွင်လည်း သွေးတို့ပေကျံနေလေ၏။

သို့သော် တဖြည်းဖြည်းနှင့်ပင် ရှန်းဝူပိုင်သည် ချီယွမ်၏ရှေ့တွင် ခွေကာ ဒူးထောက်ကျသွားလေတော့၏။ ချီယွမ်က ထိတ်လန့်နေသေးကာ သူသည် ရှန်းဝူပိုင်အနားမှာ တလှမ်းဆုတ်လိုက်ပြီးနောက် သူ၏လက်ထဲရှိ သွေးတို့စွန်းနေသည့် ဓားကိုကြည့်ရင်း မျက်ဝန်းတို့က ပြူးကျယ်လာလေတော့သည်။ ထို့နောက် ဒူးထောက်လျက်အနေအထားဖြင့်ပင် ငြိမ်သက်သွားသော ရှန်းဝူပိုင်ကို ငုံ့ကြည့်ရင်း တဖက်သို့လှည့်ကာ သူ၏ဝတ်ရုံစကိုမလျက် အဆောင်တော်ထဲမှ ထွက်ပြေးသွားလေတော့သည်။

ချီယွမ်ထွက်ပြေးသွားကာ မကြာသေးချိန်၌ပင် ရှန်းဝူပိုင်၏ခန်းမဆောင်ထဲသို့ နတ်သူငယ်များ နတ်စစ်သည်များက ရောက်ရှိလာလေပြီး ခန်းမဆောင်တစ်ခုလုံး အုပ်အော်သောင်းနင်းဖြစ်ကုန်ကျလေတော့သည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~
Alittle လေးကြာသွားလို့ ဆောတီးပါ။ မီးပျက်နေတော့ အိုက်တာနဲ့ စာမရေးချင်တာနဲ့တိုးသွား 😁😁

Zawgyi Ver

မည္သို႔ေသာ စကားတခြန္းရယ္လို႔မွ် ေျပာဆိုျခင္းမ႐ွိခဲ့ပဲ မိမိအားအရာအားလုံးဆုံး႐ႈံးသြားၿပီဟု ထင္မွတ္ႏိုင္ေအာင္ လုပ္ေဆာင္ႏိုင္စြမ္းသည္ ႏ်ဴးထံတြင္သာ႐ွိသည္။

အရာအားလုံး အဆင္ေျပသြားမွာ၊ အဆင္ေျပေနခဲ့ၿပီဟု သူထင္ထားခဲ့သမွ်သည္ သူ၏တုံးအမႈအတိုင္းအတာကို တိုင္းတာျပလ်က္႐ွိသည္။ မနာလိုဝန္တိုစိတ္၊ လိုခ်င္တပ္မက္စိတ္တို႔ႏွင့္ ယွဥ္ၿပိဳင္လာခဲ့ၿပီးကာမွ  ၿပိဳင္ဘက္ကိုအႏိုင္ရခဲ့ၿပီဟု ထင္ခဲ့သည့္ သူသည္ စိတ္ေအးလက္ေအးေနခဲ့မိပုံရ၏။ ႏ်ဴးသည္ ႐ွန္းဝူပိုင္အား သူ႕ဘဝတေလ်ာက္လုံး မေမ့ရက္ႏိုင္ေလာက္သည့္ ျဖစ္ရပ္မ်ိဳးကို သူ႕ေ႐ွ႕တြင္ျပဳမူပစ္ခဲ့သည္။

ထိုအသူရာေခ်ာက္ကမ္းပါးကို ႏ်ဴးခုန္ခ်သြားခဲ့သည္ႏွင့္တၿပိဳင္နက္ ႏ်ဴး၏အကာအရံသည္လည္း က်ိဳးျပတ္သြားခဲ့သည္။ ႐ွန္းဝူပိုင္သည္ အကာအရံေပ်ာက္ကြယ္သြားသည္ႏွင့္ ေအာ္ဟစ္ကာ ထိုအသူရာေခ်ာက္နက္ထဲသို႔ သူပါခုန္ဆင္းၿပီး ႏ်ဴးအား ဖမ္းရန္ျပင္လိုက္သည္။

" ႏ်ဴးးး!!!"

သို႔ေသာ္လည္း သူ၏ကိုယ္ခႏၲာက တစုံတခု၏ရပ္တန္႔ျခင္းကို ခံလိုက္ရကာ သူ၏ကိုယ္ခႏၲာအား ခ်ဳပ္ေႏွာင္ထားျခင္းကိုခံလိုက္ရ၏။ ႐ွန္းဝူပိုင္သည္ မ်က္ရည္မ်ားက်ဆင္းေနကာ ယူက်ံဳးမရျဖစ္ေနသည့္ၾကားမွ မာထန္ေနေသာ အမူအရာျဖင့္ သူ၏ေနာက္႐ွိ သူ႕အားခ်ဳပ္ထားေသာ သူ႕ကိုလွမ္းၾကည့္လိုက္သည္။

" ငါ့ကိုလႊတ္...ငါသူ႕ကို ျပန္ေခၚရမွာ။"

႐ွန္းဝူပိုင္သည္ အတင္း႐ုန္းကန္ရင္း ေ႐ွ႕သို႔သာ ဆက္တိုးေနလ်က္႐ွိသည္။ သို႔ေသာ္လည္း ခ်န္း႐ွက

"မမွီေတာ့ဘူး!!!

မင္းလိုက္ဆင္းသြားရင္ မင္းပဲ ဒဏ္ရာရမွာ...ဒါဘယ္လိုေနရာလဲဆိုတာ မင္းအသိဆုံး"

႐ွန္းဝူပိုင္သည္ ခ်န္း႐ွေျပာသမွ်ကိုနားလည္သည့္အလား သူသည္ဦးတည္ခ်က္ကိုေျပာင္းပစ္လိုက္သည္။ ႐ွန္းဝူပိုင္သည္ ခ်န္း႐ွ၏လည္ပင္းနားဝတ္႐ုံစကို အတင္း ဆြဲကိုင္ပစ္လိုက္ၿပီးေနာက္ အံ့ကိုႀကိတ္ကာ ခ်န္း႐ွအား နီရဲေနေသာမ်က္ဝန္းတို႔ျဖင့္ၾကည့္ရင္း

" ဘာလို႔မေျပာတာလဲ....ဘာလို႔ ေစာေစာမေျပာတာလဲ...ဘာလို႔လဲ....!!!"

*ခြပ္...*

႐ွန္းဝူပိုင္သည္ အၿမဲတေစေအးခ်မ္းတည္ၿငိမ္သည့္အျပဳအမူ၊ ျပဳံးေနသည့္မ်က္ႏွာအေနအထား စသည့္ တသက္တာလုံးထိန္းခ်ဳပ္ထားသမွ်ေသာ သူ၏အျပဳအမူမ်ားကို လႊတ္ခ်လိုက္သည့္ႏွယ္ သူသည္ ေအာ္ဟစ္လ်က္ပင္ ခ်န္း႐ွအား လက္သီးျဖင့္ ထိုးလိုက္ေတာ့သည္။ မ်က္ႏွာအား လက္သီးျဖင့္အထိုးခံရသည့္တိုင္ေအာင္ ခ်န္း႐ွသည္အသံတသံမထြက္လာပဲ ႐ွန္းဝူပိုင္ကိုသာ ၾကည့္ေန၏။

ထို႔ေနာက္တြင္ေတာ့ ႐ွန္းဝူပိုင္က သက္ျပင္းခ်လိုက္ၿပီး ခ်န္း႐ွအား လႊတ္ေပးလိုက္သည္။

" မင္း...သြားေတာ့..."

႐ွန္းဝူပိုင္သည္ တဖက္သို႔လွည့္ကာ ႏ်ဴးထားခဲ့ေသာ ေသြးစြန္းေနသည့္ ဆံထိုး႐ွိရာသို႔ ဦးတည္ကာေလ်ာက္လွမ္းလိုက္သည္။ တုန္ရီေနေသာ လက္တို႔က ထိုဆံထိုးအားေကာက္ကိုင္ႏိုင္ရန္အတြက္ အလြန္ခက္ခဲကာ ဆံထိုးကိုထိကိုင္ႏိုင္ဖို႔ကိုပင္ အားကုန္သုံးေနရသလို ခံစားေနရပါ၏။

မည္သို႔ပင္ အေၾကာင္းအရင္းမ်ိဳးလာခဲ့ပါေစ အလုံးစုံသိႏိုင္ရန္ ႏ်ဴးႏွင့္မနီးမေဝးသိူ႕ ခ်န္း႐ွအား ေထာက္လွမ္းရန္ ပို႔ထားေပးျခင္းပင္။ သိူ႕ေသာ္လည္း ခ်န္း႐ွသည္ႏ်ဴး၏အသက္အႏၲာရာယ္စိုးရိမ္ေနရသည့္ အခ်ိန္၌တြင္ပင္ သူ႕အားသတင္းမေပးခဲ့ေခ်။ သူသည္သာ ႏ်ဴး၏အျမဳေတထြက္ခြာသြားမႈကို ခံစားလိုက္ရတာေၾကာင့္ အလ်င္စလိုေရာက္လာခဲ့ရတာျဖစ္ၿပီး ႏ်ဴးကလည္း သူ႕ကိုမွ်ားကာ ထိုလုပ္ရပ္မ်ိဳးလုပ္ျပရန္ အသင့္႐ွိေနခဲ့ပုံရသည္။

ခ်န္း႐ွသည္ ဆံထိုးကိုကိုင္ကာ ငိုေႂကြးေနေသာ ႐ွန္းဝူပိုင္ကိုၾကည့္မိၿပီး သူ၏ပုံစံကစိတ္မခ်မ္းသာသလိုပင္။ သိူ႕ေသာ္ ႏ်ဳးခုန္ခ်သြားခဲ့သည့္ေခ်ာက္ကမ္းပါးဘက္ကို ၾကည့္မိေလေတာ့မွ သူ၏မ်က္ႏွာထက္အျပဳံးပန္းက ဟန္မေဆာင္ႏိုင္စြာထြက္ေပၚလာေတာ့သည္။ သူသည္ ႏ်ဴး၏လုပ္ရပ္မ်ားကို မ်က္ကြယ္တေနရာမွ တေလ်ာက္လုံးရပ္ၾကည့္ေနခဲ့တာျဖစ္ၿပီး သူသည္အဆုံးသတ္အခ်ိန္ထိ ႐ွန္းဝူပိုင္ကိုအသိေပးခ်င္စိတ္မ႐ွိခဲ့ေခ်။ သူ႕ထံတြင္ ထိုနတ္သူငယ္ေလးႏွင့္ပတ္သတ္ၿပီး ကိစၥႀကီးတစ္ခုကိုလုပ္ေဆာင္ရန္ လိုအပ္ေနတာမို႔ ထိုေကာင္ေလးသူ႕လက္ထဲေရာက္ရန္ ၾကံ႐ြယ္ေနခဲ့တာျဖစ္ၿပီး ယခုလိုျဖစ္ပ်က္သြားသည့္အခါတြင္ သူ၏အၾကံအစည္မ်ားသည္ အေကာင္အထည္ေပၚႏိုင္ရန္ အလိုလိုျဖစ္လာခဲ့ေလၿပီ။

အသူရာေခ်ာက္နက္၏တေနရာတြင္အစီအရင္တစ္ခုေရးဆြဲထားခဲ့ၿပီး ထိုအရာက ႏ်ဴးကို နတ္ဘုရားစြမ္းအင္မ်ားအခ်ိန္တခဏအထိ ခ်ိတ္ပိတ္ေစၿပီး ႏွစ္တခ်ိဳ႕အတြင္း ဘဝအသစ္တစ္ခုေပးႏိုင္သည္။ ထို႔နည္းေၾကာင့္ပင္ ႏ်ဴး၏ယြင္းရန္အတြက္ စြန္႔လႊတ္အနစ္နာခံမႈသည္ အလကားျဖစ္သြားေပလိမ့္မည္။ တလစတည္း ႏ်ဴး၏မူလကိုယ္၌ ေျခရာခံႏိုင္သည့္မႏၰန္ကိုပါ ထည့္ထားေသးတာမို႔ ႏ်ဴးကို႐ွာရန္အခ်ိန္သိပ္မလိုေခ်။ ႏ်ဴး၏နတ္စြမ္းအင္ျပန္ပြင့္လာခ်ိန္ကိုေစာင့္ရန္သာလိုအပ္သည္။

ခ်န္း႐ွသည္ ေအာင္ႏိုင္သြားသည့္ႏွယ္ ျပဳံးလိုက္ၿပီးတဲ့ေနာက္ အခိုးအေငြ႕သဖြယ္ျဖစ္ကာ ေပ်ာက္ကြယ္သြားေတာ့သည္။ ႐ွန္းဝူပိုင္ကေတာ့ ခ်န္း႐ွအားဂ႐ုစိုက္ႏိုင္ခ်ိန္မရပဲ ဆံထိုးကိုသာရင္ခြင္ထဲ၌ပိုက္ထားရင္း သူ၏ကိုယ္က တုန္ရီေနလ်က္႐ွိသည္။

........................................................

ဦးေႏွာက္၏ျမန္ဆန္လွစြာေသာ အလုပ္လုပ္မႈတို႔သည္ ခ်ီယြမ္၏မ်က္ဝန္းမ်ားထက္တြင္ပင္ ထင္ဟပ္လို႔ေနေလ၏။ ႏ်ဴးႏွင့္သူ၏မွတ္ညာဏ္မ်ားကို လက္ခံရယူေနစဥ္အတြင္း ခ်ီယြမ္သည္ အသက္ပင္မ႐ႈႏိုင္ေခ်။ ရင္နင့္ဖြယ္ရာေကာင္းေသာ သူ၏အတိတ္ကဒဏ္ရာမ်ားသည္ ႏွလုံးသားအား ေနာက္တႀကိမ္ထိုးႏွက္ပစ္လိုက္ၾကသည္။

" ဟ့....အဟြတ္...အဟြတ္..."

ခ်ီယြမ္သည္ မ်က္ရည္မ်ားသာမက သူ၏ႏွလုံးသားမွ ဆို႔နင့္မႈကိုပါ တၿပိဳင္တည္းခံစားလိုက္ရၿပီး သူ႕ကိုယ္သူပင္ မနည္းအသက္လု႐ႈေနရေတာ့သည္။ အခိုးအေငြ႕စြမ္းအင္တို႔ႏွင့္အတူ ေလတြင္လြင့္ေမ်ာေနေသာ ႏွစ္ပိုင္းက်ိဳးသြားသည္ဆံထိုးကေတာ့ အားလုံးၿပီးဆုံးသည္ႏွင့္ သူ႕ေ႐ွ႕႐ွိ ၾကမ္းျပင္ေပၚသို႔ျပဳတ္က်သြားေလသည္။

ခ်ီယြမ္သည့္ ယခုအခ်ိန္ထိ အသက္႐ႈရန္ခက္ခဲေနတုန္းပင္။ သူသည္ ရင္ဘတ္ႏွင့္လည္ပင္းအား တလွည့္စီ ဖိထားရင္း အသက္ကိုႀကိဳးစား႐ႈေနခဲ့သည္။

တျဖည္းျဖည္းအဆင္ေျပလာခ်ိန္၌ သူမွတ္ညာဏ္မရခင္ ယြင္းရန္ကိုစသိခ်ိန္က ယြင္းရန္၏သူမနားမလည္ႏိုင္သည့္ အျပဳအမူမ်ားကိုလည္း ယခုသူနားလည္ခဲ့ေခ်ၿပီ။ ယြင္းရန္သည္ သူ႕အားဘဝဆက္တိုင္း အဆုံးသတ္ပစ္ခ်င္လ်င္ေတာင္ ထိုအရာကျဖစ္သင့္ပါ၏။ သို႔ေသာ္လည္း အဆုံးသတ္တြင္ ယြင္းရန္သည္သူ႕အား ခြင့္လႊတ္ေပးခဲ့ပုံရ၏။

ထိုအခ်ိန္ကလည္း အ႐ိုးသားဆုံးေျပာရလ်င္ ယြင္းရန္အားကယ္တင္ရန္ႀကိဳးစားခဲ့သည့္အျပင္ သူသည္ သူ၏အျပစ္ေႂကြးတို႔ေၾကာင့္ ယြင္းရန္ကိုထပ္မံကာ မ်က္ႏွာခ်င္းဆိုင္ရန္မရဲေတာ့ပါေခ်။ ထို႔ေၾကာင့္လည္း ထိုေခ်ာက္နက္ထဲသို႔ခုန္ခ်ကာ အဆုံးသတ္ရန္ႀကိဳးစားခဲ့ျခင္းပင္။

ခ်ီယြမ္သည္ သူ၏ဦးေခါင္းထဲမွ လက္ခံလိုက္ရသည့္မွတ္ညာဏ္မ်ားသာမက ယခုလက္႐ွိဘဝ၏မွတ္ညာဏ္တို႔ကပါ သူ႕အား မ်ိဳးစုံ႐ႈပ္ေထြးေစ လ်က္႐ွိသည္။ တခ်ိန္မိစၧာတိုင္းျပည္၏ ပ်ံက်ေစ်းသို႔သြားခ်ိန္ ယြင္းရန္လိုက္တားခဲ့တာေၾကာင့္သာ သူသည္ႏ်ဴးဘဝကလို ေက်ာက္ခဲမ်ားျဖင့္ ပစ္ေပါက္ခံရျခင္းမျဖစ္ခဲ့တာေပ။ ယြင္းရန္က ထိုမိစၧာအုပ္ကို မေက်မနပ္ျဖစ္ေစ႐ုံမွတပါး ခ်ီယြမ္အားထိႏိုင္ခြင့္မေပးေခ်။ ခ်ီယြမ့္ကိုလည္း ယြင္းရန္က နန္းေတာ္ျပင္ပသို႔ သူမပါပဲထပ္မထြက္ဖို႔သာ အႀကိမ္ႀကိမ္ေျပာခဲ့သည္။ သူ႕ကိုစိတ္ပူေနခဲ့တာမို႔ ယခုလိုျပဳမူေနမွန္း သိတာေၾကာင့္ မည္သည့္စကားတစ္ခြန္းမွ် ထိုအခ်ိန္ကမေမးခဲ့။

ယခင္အခ်ိန္ကေတာ့ ယြင္းရန္မ႐ွိတာေၾကာင့္ အတိတ္ကသူသည္ နာက်င္လွ်င္ေတာင္မွ မိမိအျပစ္ေႂကြးမ်ားႏွင့္သာနစ္မြန္းေနရၿပီး သူ႕လက္ကိုဆုပ္ကိုင္ကာ သူ႕အား အားေပးမည့္သူမ႐ွိတာေၾကာင့္ ထြက္မေျပးႏိုင္ခဲ့ေပ။ ခ်ီယြမ္သည္ အတိတ္ကမိမိ၏ပုံစံေၾကာင့္လည္း ရယ္မိျပန္၏။

ထို႔ေနာက္ သူသိလိုက္ရသည္က ခ်န္း႐ွဟူေသာမေကာင္းသည့္နတ္မင္းသည္ သူ႕အားႏ်ဴးဘဝကတည္းက ပစ္မွတ္ထားေနခဲ့တာျဖစ္ၿပီး ေမြးေန႔မာေပၚခဲ့သည့္ ေျခရာခံအမွတ္အသားကအစ ထိုလူလုပ္ခဲ့ျခင္းျဖစ္သည္။ အႏွီလူ၏ရည္႐ြယ္ခ်က္အစစ္အမွန္ကိုမသိေသာ္လည္း မေကာင္းသည့္သူတေယာက္ျဖစ္သည္က ထိုလူ၏လုပ္ရပ္မ်ားကို ၾကည့္႐ုံႏွင့္ပင္ ေသခ်ာသည္။

အႏွီလူေၾကာင့္ သူခြဲထုတ္ခဲ့သည့္အျမဳေတက သူ႕ကိုယ္ႏွင့္ခြဲကာ ခ်ိတ္ပိတ္ထားခံရၿပီး ယြင္းရန္လြတ္ေျမာက္ရန္  အႏွစ္တေထာင္သည္ မၾကာသင့္ပဲ ၾကာျမင့္ခဲ့ရသည္။ ႏ်ဴးသာ ခ်ီယြမ္အျဖစ္ျပန္မေမြးဖြားပဲ ထိုအျမဳေတကိုကေလးဘဝကသာမထိေတြ႕ခဲ့ပါကာ ယြင္းရန္သည္ခ်ိတ္ပိတ္ထားခံရသည့္ေနရာမွ လြတ္ေျမာက္ႏိုင္ျခင္း႐ွိမ႐ွိ
မေသခ်ာေပ။

အရာအားလုံးကို နားလည္သြားခဲ့ၿပီျဖစ္ေသာ ခ်ီယြမ္သည္ ကုတင္ေပၚမွ ခ်က္ခ်င္းေကာက္ထကာ အျပင္သို႔ေျပးထြက္ေလေတာ့သည္။

......................................................

" နတ္မင္း...နတ္မင္း...ဝင္ခြင့္မ႐ွိပါဘူး။ "

" ဘယ္လိုပဲ နတ္အရာ႐ွိျဖစ္ခဲ့ပါေစ....ယခုအခ်ိန္မွာ ေကာင္းကင္မင္းႀကီး ခြင့္ျပဳခ်က္ရမွ...."

" ပါးစပ္ပိတ္ထား...!!"

ခ်ီယြမ္သည္ သူ၏ေရခဲေႏွာင္ႀကိဳးရစ္ပတ္ကာစြမ္းအင္ေပးထားသည္ အသြားႏွစ္ဖက္ပါဓား႐ွည္အား ထုတ္ကာ ေကာင္းကင္ဘုံ၏အဝင္ဝတြင္ ေသာင္းက်န္းေနျခင္းပင္။ သူသည္ စြမ္းအင္ကိုသုံးလ်က္ ထိုဂိတ္ဝအား ဖ်က္စီးရန္လုပ္ေဆာင္ေနသည္။ သူ႕အားတားေနေသာ နတ္စစ္သည္တခ်ိဳ႕လည္း႐ွိၿပီး ထိုသူတို႔က သူ႕အားအထဲသို႔မဝင္ႏိုင္ရန္ အစြမ္းကုန္တိုက္ခိုက္ၾက၏။ သို႔ေသာ္လည္း နာက်င္ေအာင္ေတာ့မလုပ္ရဲၾကေခ်။

" မင္းတို႔ ေနာက္ဆုတ္လိုက္ၾက။ သူဝင္လာပါေစ။"

ေကာင္းကင္ဘုံတစ္ခုလုံး အသံသဲ့သဲ့ကလႈပ္႐ွားသြားကာ ထိုအသံသည္ နတ္စစ္သည္မ်ားအားလုံးကို နာခံလ်က္ ၿငိမ္သြားေအာင္လုပ္ေဆာင္ႏိုင္စြမ္း႐ွိသည္။ ထိုအသံက ႐ွန္းဝူပိုင္၏အသံျဖစ္ၿပီး ခ်ီယြမ္သည္ သူ၏ဓားကိုဆက္ကိုင္ထားလ်က္ပင္ ႐ွန္းဝူပိုင္႐ွိရာ ခန္းမေဆာင္ႀကီးဆီသို႔ ေလ်ာက္လာခဲ့ေလေတာ့သည္။

*ဝုန္း...!!!*

ေကာင္းကင္ဘုံ၏ ကိစၥရပ္မ်ားကိုၾကည့္႐ႈေနေသာ ႐ွန္းဝူပိုင္၏ေ႐ႊေရာင္စားပြဲ႐ွည္ႀကီးသည္ ခ်ီယြမ္၏ အေပါက္ဝမွေန၍ စြမ္းအင္သုံးကာလွမ္းခုတ္လိုက္ေသာ ဓားခ်က္ေၾကာင့္ ႏွစ္ပိုင္းပိုင္းခံလိုက္ရေတာ့သည္။ စားပြဲႀကီးေပၚ႐ွိ စာေပလိပ္မ်ားႏွင့္ စာ႐ြက္စာတန္းမ်ားသည္ပင္ ေအာက္ၾကမ္းျပင္သို႔ က်သည္ကက်၊ ေလေပၚတြင္ လြင့္သည္ကလြင့္ျဖင့္ ဖ႐ိုဖရဲျဖစ္ေနေလေတာ့၏။

႐ွန္းဝူပိုင္ကေတာ့ သူကိုင္ထားလက္စစာလိပ္တစ္ခုကိုသာ ေျမႇာက္ကာယူထားရင္း သူ၏ကိုယ္ခႏၲာက ခ်ီယြမ္၏ဓားခ်က္ကို မည္သို႔မွ်မေနေခ်။ သိူ႕ေသာ္လည္း ႏွစ္ပိုင္းျပတ္သြားေသာ စားပြဲႀကီးအား အလည္ထား၍ ခန္းမေဆာင္၏အေပါက္ဝတြင္ပင္ ရပ္ေနကာ သူ႕အားေဒါသတို႔ေပါက္ကြဲထြက္ေနသည့္ မ်က္ႏွာထားျဖင့္ ၾကည့္ေနေသာ ခ်ီယြမ္ကိုလွမ္းၾကည့္လိုက္သည္။

ထိုေနာက္တြင္ေတာ့ သူ၏လက္ထဲ႐ွိေနာက္ဆုံးလက္က်န္စာလိပ္ကိုပါ အပ်က္အစီးပုံအၾကား ပစ္ခ်လိုက္ေလကာ သူကခ်က္ခ်င္းပင္ အေပါက္ဝနား႐ွိ ခ်ီယြမ့္ဆီသို႔ ေရာက္လာေလေတာ့သည္။

" ေနာက္ဆုံးေတာ့ မင္းေရာက္လာၿပီေပါ့..... ႏ်ဴး..."

" လက္နက္ထုတ္လိုက္!!"

ခ်ီယြမ္က ႐ွန္းဝူပိုင္အားတစက္ကေလးမွပင္ ယဥ္ေက်းမေနပဲ သူ၏မ်က္လုံးတို႔က ခက္ထန္မာေၾကာမႈကိုသာျပလ်က္႐ွိသည္။ ခ်ီယြမ္က တိုက္ခိုက္ရန္အသင့္အေနအထား႐ွိေနၿပီး ႐ွန္းဝူပိုင္ကေတာ့ သူ႕ကိုသာၾကည့္ေနေလ၏။ ခ်ီယြမ္က ႏ်ဴးဘဝ၏မွတ္ညာဏ္မ်ားအားလုံးကို ဆံထိုးမွတဆင့္သိ႐ွိခဲ့ေလၿပီဆိုသည္ကို ခ်ီယြမ္၏အေျခအေနအားၾကည့္႐ုံျဖင့္ အတပ္ေျပာႏိုင္သည္။

႐ွန္းဝူပိုင္သည္ သူ႕ေ႐ွ႕႐ွိခ်ီယြမ္အား တိုက္ခိုက္ရန္ျပင္မည့္အစား ခ်ီယြမ္၏မ်က္ႏွာအားထိကိုင္ရန္သာ လက္လွမ္းမိ၏။

" လက္နက္ထုတ္လို႔...!!!"

သိူ႕ေသာ္လည္း ခ်ီယြမ့္ထံမွ ျပင္းျပင္းထန္ထန္ထပ္မံေအာ္သံကိုသာ ၾကားလိုက္ရသည္။ ထို႔ေၾကာင့္ပင္ သူအသိဝင္ကာ သူ၏လက္ကိုျပန္႐ုတ္လိုက္မိ၏။ ခ်ီယြမ့္အားၾကည့္မိေတာ့ သူ၏မ်က္ခုံးႏွစ္ခုၾကား႐ွိ အမွတ္ကေလးက အနီးေရာင့္ရင့္ရင့္သို႔ပင္ ေရာက္႐ွိေနေခ်ၿပီ။

တကယ္တမ္းေတာ့ ယခုပုံစံသည္က သူတခ်ိန္ကသိခဲ့သည့္ ႏ်ဴး၏ပုံစံအမွန္ျဖစ္ေလသည္။ သူသည္လည္း ဒီႏွစ္ေပါင္းတေထာင္အတြင္း ႏ်ဴး၏ေနာက္ဆုံးေသာ ပုံစံကသာ သူ၏မွတ္ညာဏ္ထဲတြင္ ေျပးလႊားေနခဲ့ၿပီး သူ၏ႏွလုံးသားကိုဓားႏွင့္မႊန္းသကဲ့သို႔ နာက်င္ရေလသည္။ ေမ့ေဖ်ာက္ခ်င္လ်င္ေတာင္မရ။ ႏွဖူးထက္က ေသြးတို႔စီးက်ေနသည့္ ထိုအခ်ိန္ကႏ်ဴးသည္ သူ၏ေပ်ာ္႐ႊင္မႈမ်ားကို ႏႉတ္ယူခဲ့ေလသည္။

ယခုကဲ့သို႔ ပုံစံအမွန္ျဖင့္ႏ်ဴးအား ေတြ႕လိုက္ရသည့္အခါ သူ႕ထံတြင္ မည္သိူ႕ေသာေလာဘတို႔မွ် ထပ္မံမ႐ွိႏိုင္ေတာ့ပါေခ်။ ဤတႀကိမ္တြင္ေတာ့ ႏ်ဴး၏မည္သို႔ေသာ ဆုံးျဖတ္ခ်က္ကိုမဆို သူေထာက္ခံေပးမည္ျဖစ္ၿပီး ႏ်ဴးကိုလည္း စြန္႔လႊတ္ရန္ အသင့္ျဖစ္ေနခဲ့ၿပီ။ ႏ်ဴးကို အေဝးတေနရာမွ ၾကည့္ရန္လည္း ျပင္ဆင္ထားၿပီးျဖစ္ပါ၏။ ထိုႏွင္းပန္းကေလးအား ၎စိတ္ႀကိဳက္ ဖူးပြင့္ေစရန္ခြင့္ျပဳႏိုင္ခဲ့ေလၿပီ။

" ႏ်ဴး....မင္း ကိုယ့္ကိုမႏိုင္ပါဘူး။ မမိုက္မဲစမ္းပါနဲ႔"

" မႏိုင္ရင္ေတာင္ တိုက္ခိုက္ရင္း ေသမယ္။"

႐ွန္းဝူပိုင္က စကားကိုတည္ၿငိမ္စြာေျပာေပမဲ့ ခ်ီယြမ္ကေတာ့ ျပတ္သားသည့္စကားကိုဆိုေလ၏။ သူ၏ဓားဦးအား ႐ွန္းဝူပိုင္၏ရင္ဘတ္တည့္တည့္သို႔ ခ်ိန္တြယ္ထားလိုက္သည္။ သူ ႐ွန္းဝူပိုင္အား မႏိုင္ႏိုင္တာေသခ်ာေပါက္ သူသိသည္။ သိူ႕ေသာ္ လုပ္ခဲ့သမွ်အရာအားလုံးအတြက္ ႐ွန္းဝူပိုင္ကို လက္စားေခ်ရန္လိုအပ္သည္။

" ဘာလဲ...မင္း ကိုယ့္ကိုသတ္ႏိုင္ခဲ့ၿပီးရင္လည္း မင္းကိုယ္မင္း အဆုံးစီရင္အုန္းမလို႔လား။"

" မင္း...ဘယ္လိုလုပ္..."

ဤမွတ္ညာဏ္မ်ားကို ျပန္ရခဲ့ေလမွေတာ့ သူသည္အဘယ္နည္းျဖင့္ ယြင္းရန္အနားတြင္ မ်က္ႏွာေျပာင္တိုက္ကာ ဆက္ေနႏိုင္ပါမည္နည္း။ ယြင္းရန္က သူ၏အျပစ္ေႂကြးမ်ားႏွင့္ပတ္သတ္၍ မည္သည့္စကားတခြန္းမွ် မဟသည့္တိုင္ေအာင္ သူ႕အေပၚတြင္ ခြင့္လႊတ္သည္လည္းမဟုတ္၊ မခြင့္လႊတ္သည္လည္း မဟုတ္ ျဖစ္ေနသည့္အေျခအေနပင္။ ေနာက္ဆုံး ယြင္းရန္ဆီမွ မည္သို႔ေသာအေျဖကိုမဆို လက္ခံ႐ွိၿပီးသည့္တိုင္ေအာင္ သူသည္ ယခုအခ်ိန္ထိ မိမိကိုယ္ကို ခြင့္မလႊတ္ႏိုင္ေသးပါေခ်။ တခ်ိန္က ယြင္းရန္၊ ေလာင္ရဲ႕ႏွင့္ သုံးေလာက႐ွိ သက္႐ွိမ်ားသည္ သူ႕ေၾကာင့္ေသဆုံးခဲ့ၾကရသည္။ တခ်ိန္က် သုံးေလာကကိုဖ်က္စီးမည့္ ကံၾကမၼာဆိုးကိုႀကိဳသိခဲ့သည့္ ေလာင္ရဲ႕သည္ပင္ သူ႕အားေမြးျမဴၿပီး ခ်စ္ခင္ေပး၊ ကာကြယ္ေပး၊ ဂ႐ုစိုက္ေပးခဲ့သည္။ သို႔ေသာ္ မိမိေၾကာင့္ အႏွီလူျပန္ရသည္က ေသျခင္းတရားသာ။ ထို႔ေၾကာင့္ မိမိသည္လည္း ေသသင့္သည္။

ခ်ီယြမ္သည္ သူ၏စိတ္ကိုသိေနသလို ျပဳမူျပေနေသာ ႐ွန္းဝူပိုင္အား ဟန္မေဆာင္ႏိုင္စြာ ၾကည့္လိုက္မိသည္။ သူ၏ဓားသြားထိပ္က ႐ွန္းဝူပိုင္ႏွင့္ မနီးမေဝးတြင္႐ွိေနခဲ့ၿပီး ႐ွန္းဝူပိုင္က သူ၏လက္တဖက္ကိုေျမႇာက္ကာ ခ်ီယြမ္၏ဓားကိုသာမကာ ခ်ီယြမ့္ကိုပါ သူႏွင့္နီးကပ္ေအာင္လုပ္ပစ္လိုက္သည္။

* အု...*

" မင္း...!!"

ခ်ီယြမ္၏ဓားသြားတစ္ခုလုံးသည္ ႐ွန္းဝူပိုင္၏ ရင္ဘတ္တည့္တည့္သို႔ ထိုးစိုက္ဝင္ေရာက္ခဲ့ေလၿပီး ဓား၏ထိပ္ပိုင္းသည္ ႐ွန္းဝူပိုင္၏ေနာက္ေက်ာဘက္မွ ျပန္ထြက္လာခဲ့သည္။ ဓားသြားတေလ်ာက္၊ ကိုယ္ခႏၲာ႐ွိဝတ္႐ုံႏွင့္ ႐ွန္းဝူပိုင္၏ပါးစပ္မွ ေသြးတို႔စီးက်လာသည့္တိုင္ေအာင္ ႐ွန္းဝူပိုင္သည္ ခ်ီယြမ့္အား သူ၏ရင္ခြင္ထဲသို႔ အတင္းထည့္ကာဖက္တြယ္ထားသည္။

ဓားကိုဆြဲႏႈတ္ရန္သာမက ႐ွန္းဝူပိုင္၏ရင္ခြင္ထဲမွ ႐ုန္းထြက္ရန္ ႐ုန္းကန္ႀကိဳးစားေနေသာ ခ်ီယြမ္ကို ႐ွန္းဝူပိုင္သည္ အလြတ္မေပးေခ်။ ႏွစ္ဦးသား ႐ုန္းရင္းပင္ ႐ွန္းဝူပိုင္၏ဒဏ္ရာက လႈပ္႐ွားမႉေၾကာင့္ ေသြးပိုထြက္လာ၏။

" ၿငိမ္...ၿငိမ္ၿငိမ္...ေလး...ခဏေနေပး.....ဟုတ္ၿပီလား။"

"......"

" ကိုယ္...ေတာင္းပန္ပါတယ္....။ မင္းနဲ႔သူနဲ႔ၾကားမွာ ဝင္ေရာက္ဖ်က္စီးမိတဲ့အတြက္၊ မင္းကို စိတ္ဒဏ္ရာေတြနဲ႔ ဒုကၡေရာက္ေစမိတဲ့အတြက္...

ကိုယ္သိပါတယ္....ကိုယ္ဘယ္လိုပဲလုပ္လုပ္ မင္းရဲ႕ခြင့္လႊတ္မႈကို မရႏိုင္တာ....

ဒါေပမဲ့....ဘယ္လိုပဲျဖစ္ျဖစ္ တ...တခါ...ေလာက္ေတာ့ မင္းကို...ေတာင္းပန္စကားေျပာခ်င္ခဲ့တာပါ......"

႐ွန္းဝူပိုင္သည္ စကားတခ်ိဳ႕ကို ႏူးညံ့ညႇင္သာသည့္အသံျဖင့္ ေျပာေနခဲ့ေပမဲ့ သူသည္နာက်င္မႈေၾကာင့္ စကားလုံးတို႔က ေျဖာင့္တန္းစြာေတာ့ ထြက္မလာပါေခ်။ သူႏွင့္ခ်ီယြမ္ၾကား ဖက္တြယ္ထားမႈကို သူကပင္ျပန္စတင္ကာ ခြာလိုက္ေတာ့ ခ်ီယြမ္၏ဓားသြားသည္လည္း သူ၏ကိုယ္ထဲမွ အနည္းငယ္ျပန္ထြက္လာကာ ႐ွန္းဝူပိုင္သည္ သူ၏မ်က္လုံးမ်ားကိုမွိတ္လ်က္ နာက်င္မႈကို တင္းခံသည္။ ထို႔ေနာက္မွ သူ႕အားေမာ့ၾကည့္ေနေသာ ခ်ီယြမ္၏ ပုခုံးႏွစ္ဖက္ကိုအသာကိုင္ရင္း

" ျဖစ္ပ်က္ခဲ့သမွ်......အားလုံးက....မင္းရဲ႕အမွားမဟုတ္ပါဘူး......အဲ့တာေၾကာင့္....ေက်း...ေက်းဇူးျပဳၿပီး....မင္းကိုမင္း....နာက်င္ေအာင္...မလုပ္ပါနဲ႔ေတာ့..... ဟုတ္ၿပီလား.....အ့.."

ခ်ီယြမ္သည္ ႐ွန္းဝူပိုင္၏စကားဆုံးသည္ႏွင့္ ႐ွန္းဝူပိုင္၏ရင္ဘတ္တြင္ ထိုးစိုက္ေနေသးေသာ သူ၏ဓား႐ွည္အား ဆြဲထုတ္ပစ္လိုက္သည္။ သူ၏မ်က္ဝန္းတို႔က မထင္မွတ္ထားေသာ အရာျဖင့္ေတြ႕ၾကဳံလိုက္ရသည့္အလား အံ့ၾသမႈတို႔အျပင္ ထိတ္လန္႔ေနသကဲ့သို႔ ျဖစ္ေန၏။ ႐ွန္းဝူပိုင္၏ေသြးတို႔က ခ်ီယြမ္၏ဝတ္႐ုံျဖဴကိုပင္ အနည္းငယ္လာစင္ကာ ႐ွန္းဝူပိုင္ထိကိုင္ခဲ့ေသာ ခ်ီယြမ္၏ပုခုံးေနရာတြင္လည္း ေသြးတို႔ေပက်ံေနေလ၏။

သို႔ေသာ္ တျဖည္းျဖည္းႏွင့္ပင္ ႐ွန္းဝူပိုင္သည္ ခ်ီယြမ္၏ေ႐ွ႕တြင္ ေခြကာ ဒူးေထာက္က်သြားေလေတာ့၏။ ခ်ီယြမ္က ထိတ္လန္႔ေနေသးကာ သူသည္ ႐ွန္းဝူပိုင္အနားမွာ တလွမ္းဆုတ္လိုက္ၿပီးေနာက္ သူ၏လက္ထဲ႐ွိ ေသြးတို႔စြန္းေနသည့္ ဓားကိုၾကည့္ရင္း မ်က္ဝန္းတို႔က ျပဴးက်ယ္လာေလေတာ့သည္။ ထို႔ေနာက္ ဒူးေထာက္လ်က္အေနအထားျဖင့္ပင္ ၿငိမ္သက္သြားေသာ ႐ွန္းဝူပိုင္ကို ငုံ႔ၾကည့္ရင္း တဖက္သို႔လွည့္ကာ သူ၏ဝတ္႐ုံစကိုမလ်က္ အေဆာင္ေတာ္ထဲမွ ထြက္ေျပးသြားေလေတာ့သည္။

ခ်ီယြမ္ထြက္ေျပးသြားကာ မၾကာေသးခ်ိန္၌ပင္ ႐ွန္းဝူပိုင္၏ခန္းမေဆာင္ထဲသို႔ နတ္သူငယ္မ်ား နတ္စစ္သည္မ်ားက ေရာက္႐ွိလာေလၿပီး ခန္းမေဆာင္တစ္ခုလုံး အုပ္ေအာ္ေသာင္းနင္းျဖစ္ကုန္က်ေလေတာ့သည္။

~~~~~~~~~~~~~~~~~~~~~~~~~~~~
Alittle ေလးၾကာသြားလို႔ ေဆာတီးပါ။ မီးပ်က္ေနေတာ့ အိုက္တာနဲ႔ စာမေရးခ်င္တာနဲ႔တိုးသြား 😁😁

Continue Reading

You'll Also Like

113K 2.4K 33
ကျွန်တော်က ကျွန်တော့်ကောင်မလေးကို *စာအုပ်လေး* လို့ ချစ်စနိုးခေါ်တယ်။ လောကမှာ ဘယ်လောက်ပဲ ပြီးပြည့်စုံတဲ့ မိန်းကလေးဖြစ်နေပါစေ လိုအပ်ချက် တစ်ခုတော့ ရှိ...
659K 78.1K 200
Book-1 I just translate this story. I don't own this story. All credits go to the original writer and English translator team. Profile picture goes c...
276K 37.8K 50
ငါလား ... ​သေပြီးသွားပြီ ... ဒါ​ပေမဲ့ လက်ထပ်ချင်​သေးတယ် ... ။ ငါလား ... ​ေသၿပီးသြားၿပီ ... ဒါ​ေပမဲ့ လက္ထပ္ခ်င္​ေသးတယ္ ... ။ By Jin Lusy .
528K 84.5K 115
Both Unicode and Zawgyi are available! Title - 穿越之灵植师 Author - Ye Yiluo (叶忆落) Type - Web Novel (CN) Status in COO - 397 chapters (Complete) Origina...