အပိုင်း 27
ကောင်းမွန်မြတ်တစ်ယောက် ခြံထဲမှာရှိသည့် ပိတောက်ပင်အောက်တွင်တစ်ယောက်တည်းထိုင်နေသည်။
ထိုစဥ်သူ့အနားကို မေလေးပြေးလို့လာသည်။
"ကိုကို ကိုကို ဒီမှာကြည့်ဦး....ဒီအပန်းဖြေစခန်းကိုသွားရအောင်"
တက္ကသိုလ်ဝင်စာမေးပွဲကြီးဖြေဖို့ အချိန်အားဖြင့်4လသာလိုတော့သည်။ကောင်းမွန် မေလေးအားမသွားစေချင်။အရင်တစ်ပတ်ကလည်းပြင်ဦးလွင်သွားချင်တယ်ဆိုလို့လိုက်ပို့ထားသေးသည်။
"မေလေး ညီမလေး စာမေးပွဲနီးနေပြီလေ...အပျော်အပါးတွေမမက်နဲ့တော့ကလေး....စာမေးပွဲပြီးမှကိုကို tripလိုက်ပို့မယ်လေ"
မေလေး ကိုကို့အားစိတ်ကောက်မည်တွေးလိုက်သည်။စောနာက ကိုကို့အားပြနေ သောဖုန်းကိုချက်ချင်းမြေကြီးပေါ်ပစ်ချလိုက်သည်။
"ဟမ်....အဲ့တာဘာဖြစ်တာလဲ...အရင်ပတ်ကမှပြင်ဦးလွင်သွားထားတာကို"
"ကိုကိုမှလိုက်မပို့တာ...အဲ့တာက အခုနာမည်ကြီးနေတဲ့ဟာကို"
မေလေးက အရင်ကလို သူ့စကားတွေသိပ်နားမထောင်တော့တာကောင်းမွန်သတိထားမိသည်။အနည်းငယ်ဂျစ်တတ်လာသည်။အလိုလိုက်မိလို့ ဆိုးသွားတာများလားဟုသူတွေးမိသည်။
"မေလေး....5ချက်ထက်ပိုမရိုက်ဘူးဆိုတဲ့နေ့ကနေစလို့ မေလေးဆိုးလာတယ်နော်....ကိုကို့စကားတွေ အရင်ကလိုလည်းနားမထောင်တော့ဘူး....မေလေးက ကိုကို့ကိုမချစ်တော့ဘူးထင်တယ်"
"ကိုကို ...မေလေးကိုကို့ကိုချစ်တာပေါ့"
"ချစ်တယ်ဆိုရင် ကိုကို့စကားနားထောင်လေ...မေလေးကကိုကို့ကိုလည်းမလေးစားတော့ဘူးမကြောက်တော့ဘူး ...မေလေးကအစကတည်းကတုတ်ကိုပဲကြောက်တာနေမာပါ"
မေလေး ချက်ချင်း မျက်ရည်ဝဲလာသည်။ထို့နောက် အော်ပြီးငိုလိုက်မိသည်။
"အီးဟီး...ကိုကိုက မေလေးကိုမချစ်ဘူး အီးဟီး"
ကောင်းမွန်မြတ် ငိုနေသောညီမဖြစ်သူကြောင့်စိတ်မကောင်း။
"မေလေး"
"ရတယ်... ဒီနေ့ကစ 5ချက်ထက်ပိုရိုက်လို့ရတယ်"
"ဟော...ဘာဖြစ်တာလဲအဲ့တာ ကောက်တာလား"
"ဟင့်အင်း တကယ်ပြောတာ မေလေးအပြစ်ရှိသလောက် ကိုကိုရိုက်...မေလေးကိုညှာတာတွေဘာတွေမလုပ်နဲ့တော့"
မေမွန်မြတ် ပြောချင်ရာပြောပြီးအိမ်ထဲကိုပြေးကာဝင်သွားလေသည်။
ကောင်းမွန် ခါတိုင်းလိုစိတ်နဲ့ဆို ငါ့ကိုဘာအချိုးချိုးသွားတာလဲဟုမေးပြီးရိုက်မိမည်ဖြစ်သည်။
သူ့စိတ်တွေအများကြီးလျှော့ထားတာဖြစ်သည်။အရာရာမှာဒေါသကိုရှေ့တန်းမတင်ချင်တော့ပေ။
............
နန်းနန်း ဒီတစ်ပတ်ပြန်လွှတ်မည်ဆိုသည့်အသံကြားကြားချင်း ထခုန်မိသည်။
စာမေးပွဲကနီးလာတာနှင့်အမျှ သူ့ရဲ့အားဆေးလေးကိုပိုပိုချစ်စိတ်တွေဖြစ်လာမိသည်။ ကိုကောင်းမွန်မြတ်နဲ့နီးဖို့အချိန်တွေဟာပိုလို့နီးလာလေပြီ။သူဆေးကျောင်းသူဖြစ်ရမည်ဟု သူ့ကိုယ်သူခံယူထားသည်။
"ကလေးတွေနားထောင်မယ်"
"...."
"တီချယ်တို့ တက္ကသိုလ်ဝင်စာမေးပွဲဖြေဖို့အချိန်နီးကပ်နေပြီနော်.....အဲ့တာစာကိုကြိုးစားကြမယ်နော်"
"ဟုတ်ကဲ့ပါတီချယ်"
"ကလေးတို့ ...အနာခံမှအသာစံရဆိုတဲ့စကားအတိုင်း အနာမခံဘဲဘယ်အောင်မြင်မှမရဘူး....ဒါကြောင့်ကြိုးစားကြရမယ်နော်...နောက်ပြီးတော့ အချိန်နဲ့ဒီရေသည်လူကိုမစောင့်ဆိုတာကြားဖူးတယ်မလား....အချိန်ကိုအကျိုးရှိအောင်အသုံးချကြတတ်ရမယ်နော်....နောက်ပြီးတော့ တီချယ်တို့ရဲ့သားတွေသမီးတွေကို တီချယ်တို့ကလူတော်လူကောင်းတွေဖြစ်စေချင်လို့ ဆုံးမတာတွေကိုသားတို့သမီးတို့ဘက်ကနားထောင်ပေးလို့ကျေးဇူးတင်ပါတယ်တီချယ်က....နောက်ပြီးတော့ သားတို့သမီးတို့လိုအပ်တာရှိရင်တီချယ်တို့ကိုပြော....နောက်ပြီးတော့"
"ခစ် ခစ်....ဟိ"
အတန်းထဲက ရယ်သံလေးတွေကြားရတော့ တီချယ်ကစကားပြောနေတာရပ်လို့သွားသည်။
ထို့နောက်ခဏအကြာတွင်...
"ကလေးတွေ တီချယ်နောက်ကွယ်မှာ နောက်ပြီးတော့ဆိုတဲ့ဆရာမ လို့ တီချယ်ကိုနာမည်ပြောင်တွေခေါ်နေတာတွေကြားတယ်နော်....အေးနော် ဆရာကိုအဲ့လိုမပြောရဘူးဆိုတာသိကြတယ်မလား"
"ဟုတ်ကဲ့ပါတီချယ်"
"အင်း ....တီချယ်သွားပြီ"
...............
နန်းနန်း ထုံးစံအတိုင်း ကိုကောင်းမွန်မြတ်တို့အိမ်ကိုသာလိုက်ပို့ခိုင်းသည်။ ခြံရှေ့သို့ရောက်သော်ပန်ဒါလေးကသူ့အားလာကြိုမြဲကြိုဆဲပင်။ဒီကလေးလေးက သူအလာကိုဘယ်လိုများသိနေလေလဲမသိ။
ပန်ဒါလေးကို ပွေ့ချီပြီးအိမ်ထဲကိုဝင်သွားလိုက်သည်။
ကိုကောင်းမွန်မြတ်က ဒီချိန်ဆို အိမ်မှာမရှိဘူးဆိုတာနန်းနန်းသိသည်။
အိမ်ထဲကို ဝင်ဝင်ချင်း ကိတ်မုန့်ထိုင်စားနေသောမေလေးကိုသူတွေ့သည်။
"မေလေး"
"အာ နန်းနန်း!!!"
နန်းနန်းကိုပြောကာဖက်လာသောမေလေးရဲ့မျက်ဝန်းတစ်စုံက ပျော်ရွှင်နေသည့်အရိပ်အယောင်အတိနှင့်ပင်။
"နန်းနန်း ...မေလေးလွမ်းနေတာ ...အများကြီးကိုလွမ်းနေတာသိလား"
"နန်းရောပဲ...ဒါနဲ့ ကိုကောင်းမွန်မြတ်ရောမလာသေးဘူးလား"
"ကိုကို့အကြောင်းမမေးစမ်းပါနဲ့...ကိုကို့ကိုစိတ်ကောက်နေတာ"
"မေလေး...ဘာလို့လဲ"
မေလေး နန်းနန်းကို ကိုကို့အားဘာလို့ကောက်နေတာလဲကိုပြောပြလိုက်သည်။
"ဟာ မေလေး ...နန်းရောအဲ့အပန်းဖြေစခန်းသွားချင်တယ်.....စိတ်လန်းဆန်းအောင်နန်းတို့သွားသင့်တယ်"
"ကိုကို့ကို ရအောင်ပြောကြည့်ရအောင်"
"ommomm"
........................
ကောင်းမွန်အိမ်ထဲကိုဝင်ဝင်ချင်း နန်းနန်းရဲ့စီးနေကျ ရှူးဖိနပ်လေးအားတွေ့လေသည်။ထိုကောင်မလေးသူ့အိမ်ရောက်နေပြီဆိုတာသိသည်။
"ဝါး..."
နန်းနန်း တံခါးကြားကနေထွက်ပြီး ကိုကောင်းမွန်မြတ်အားခြောက်လေသည်။
"ဟင်... အကိုက မလန့်ဘူး"
စိတ်ပျက်သလိုအသံနဲ့ပြောလာသောနန်းနန်းအား ကောင်းမွန်ရယ်ချင်မိသည်။နန်းနန်းက မျက်မှန်လေးပါတပ်ထားသေးသည်။
"ပေါက်ကရတွေမလုပ်စမ်းနဲ့... လာ လာ ဘယ်နှရက်ပိတ်တာလဲပြောဦး...ဒါနဲ့ စာတွေရောလိုက်နိုင်လား"
"ပေါက်ကရမဟုတ်ပါဘူး အကိုရ....အကို့ကိုလန့်စေချင်လို့နန်းကလုပ်တာကို....စာတွေကလိုက်နိုင်ပါတယ်"
ပါတယ်လို့သုံးပြီးပြောတာကို ကောင်းမွန်သိပ်သဘောမတွေ့။
"နန်းနန်း...လိုက်နိုင်တယ်လို့ပြောရင်ရနေတာကို ဘာကိုလိုက်နိုင်ပါတယ်လဲ...အဲ့ပါတယ်ကြီးမသုံးစမ်းနဲ့"
"အကိုကလည်း ဇီဇာကြောင်လိုက်တာ....ဘယ်လိုသုံးသုံးအတူတူပဲကို"
"ဟင့်အင်း မတူဘူး...လိုက်နိုင်တယ်လို့ကိုကို့ကိုပြန်ပြော"
"ဟုတ် လိုက်နိုင်တယ်"
.
.
.
ကောင်းမွန်မြတ် 1ရက်တာခရီးလေးထွက်ပေးဖို့စီစဥ်ထားသည်။ဒေါ်ခရီးကြိုက်ခင် မေမွန်မြတ်ကိုချော့ဖို့အတွက်ဒီခရီးလေးကိုစီစဥ်ထားခြင်းဖြစ်သည်။အခု နန်းနန်းပါရောက်နေတော့ပိုလို့အဆင်ပြေသွားသည်။
"မေလေး ကိုကိုနန်းနန်းနဲ့မေလေးကို မနက်ကမေလေးပြောတဲ့အပန်းဖြေစခန်းလိုက်ပို့မယ်...
မနက်ဖြန်ကိုကိုခွင့်ယူထားတယ်"
နန်းနန်းနဲ့မေလေးခွင့်မတောင်းရသေးဘဲ ပြောလာသောကိုကောင်းမွန်မြတ်ကြောင့်နန်းနန်းပျော်နေသည်။
"အကို...ဆိုင်ကယ်နဲ့ သွားရအောင်"
"ဟင့်အင်း နေပူတယ် ကိုကို့ကားနဲ့ပဲလိုက်ပို့မယ်"
"ဆိုင်ကယ်နဲ့သွားရင်ပိုပျော်စရာကောင်းမာကို"
"အေးလိုက်မပို့တော့ဘူးနှစ်ယောက်လုံး"
"ကားနဲ့ပဲသွားမယ် လိုက်တော့ပို့ပါ"
.
.
.
နန်းနန်း သူ့ရဲ့အိမ်ကနေအဝတ်အစားတွေဝင်ယူရမည်ဖြစ်သည်။ကိုကောင်းမွန်မြတ်ကသူ့အားဘောင်းဘီရှည်လက်ရှည်တွေထည့်ခဲ့ဟုပြောသည်။
နန်းနန်းမထည့်ချင်။ရေသွားဆော့ရမည့်နေရာဖြစ်လို့ ရေကူးဝတ်စုံနဲ့ပဲသူချိုးချင်သည်။
...........
"နန်းနန်း....ဘောင်းဘီရှည်လက်ရှည်ပါတယ်နော်"
"ဟုတ်ပါတယ် အိတ်ထဲမယ်"
လက်တစ်လုံးကြိုးဂါဝန်အနီရောင်လေးကိုဝတ်ထားပြီး ဂုတ်ဝဲဆံပင်လေးကို စုကာစီးထားသောနန်းနန်းမျက်နှာလေးကချောလွန်းသည်။သူ့ရဲ့အိတ်အနက်လေးထဲကနေ မျက်မှန်လေးကိုထုတ်လိုက်ပြီးတပ်လိုက်သောနန်းနန်းကိုကောင်းမွန်ခိုးကြည့်နေမိသည်။
"ကိုကို မောင်းပြီနော်ကလေးတို့"
"..."
"နန်းနန်း မျက်မှန်တပ်နေရပြီပေါ့ကလေး...မနေ့ကတည်းက ကိုကိုမေးမလို့ မမေးဖြစ်တာ"
"ဟုတ်တယ်အကို.... နန်း အရင်ပတ်က မျက်စိတွေအောင့်ပြီးဝါးလို့ဆေးခန်းသွားပြတာ အဲ့တာဆရာဝန်ကစမ်းသပ်ပြီးမျက်မှန်ပေးလိုက်တာ"
"အော် အွန်းအွန်းကလေး"
ကားလေးကတဖြည်းဖြည်းမောင်းလာရင်း မန္တလေးအထွက်ကိုရောက်လာလေပြီဖြစ်သည်။
ကားပေါ်တွင် ကလေးနှစ်ယောက်မှာငြိမ်သက်လို့နေသည်။
"ကိုကို သီချင်းဖွင့်မယ်နော်....ပျင်းနေကြပြီလား"
"ဟီး မပျင်းပါဘူး နန်းတို့ရှုခင်းတွေကြည့်နေလို့ပါ...ဟီး"
ခရီးထွက်ရင်း ဘေးကတောင်တန်းတွေရှုခင်းတွေကြည့်ရတာကိုနန်းနန်းသဘောကျသည်။သဘာဝအလှကိုခံစားရသည်ကိုသူပျော်သည်။
သူအသက်ကြီးလာရင် သဘာဝအလှတွေရှိသောတောင်တန်းဒေသကိုသူသွားဖို့တွေးထားသည်။
ကားလေးထဲတွင် သီချင်းသံတို့ပျံ့လွင့်လို့နေသည်။သီချင်းသံတို့...တောင်တန်းအလှတွေနဲ့တင်ဒီခရီးကပြည့်စုံနေလေပြီ။ချစ်ရသူရောပါသည်မို့ ပြည့်စုံသည်ထက်ကိုပိုနေလေပြီ။
သဝန်တိုနေရင် နင့်အမောပဲ နောက်တစ်ယောက်ဆိုတာတကယ်မရှိပါ🎶🎶
မနာလိုသူတွေယုံတမ်းစကားများကြားထဲ စဥ်းစားချင့်ချိန်ဦး🎶🎶
နေရာတကာမှာသံသယများပြည့်နှက်နေတာ ဘယ်ကောင်းမလဲ🎶🎶
အကြိမ်ကြိမ်အခါခါနင်မေးတတ်တဲ့စကားလေးတစ်ခွန်း 🎶🎶🎶
ဒီစကားတစ်ခွန်း🎶🎶🎶
ဘယ်လောက်ထိလဲ ဘယ်လောက်ချစ်လဲ အနားနားကပ်ကာသူမေးတယ် ဒီမှာမင်းအတွက်ဆို အသက်တောင်ပေးဆပ်မယ်ယုံလားချစ်သူရယ်🎶🎶🎶
သီချင်းသံတို့က နန်းနန်းအားကြည်နူးစေသည်။ကိုကောင်းမွန်မြတ်ကိုခိုးကြည့်ပြီး ပြုံးနေမိသည်။
...............
အပန်းဖြေစခန်းသို့ရောက်သော်ကောင်းမွန် ဝင်ကြေးပေးပြီးကားရပ်ရာနေရာကိုမောင်းသွားလိုက်သည်။
ကားရပ်ပြီးနောက် နန်းနန်းနဲ့မေလေးကားပေါ်ကနေဆင်းကာပြေးလေသည်။ကောင်းမွန်ချက်ချင်း ကားပေါ်ကနေဆင်းလိုက်သည်။
"နန်းနန်း နေဦး.... လာဦး အခုချက်ချင်းကားပေါ်မှာအဝတ်သွားလဲ"
မေလေးရဲ့အဝတ်အစားကပြောစရာမလိုသည်မို့ကောင်းမွန်မပြောပေ။နန်းနန်းရဲ့လက်တစ်လုံးဂါဝန်ကရေဆော့ရင်အဆင်ပြေမည်မဟုတ်။
"အကို...ဂါဝန်ကခြေသလုံးထိရှည်တာကို"
"မရဘူး ဘောင်းဘီရှည် လက်ရှည်နဲ့ချိုးရမယ်...အိမ်တုန်းကကြဘယ်လိုကတိပေးထားလဲ"
နန်းနန်း မေလေးအားပြေးဖို့အချက်ပြလိုက်သည်။
ရေထဲကိုပြေးဆင်းသွားသောကောင်မလေးကြောင့် ကောင်းမွန်ဒေါသကထွက်လို့လာသည်။ဒေါသအရမ်းမထွက်ဖို့ကိုယ့်ကိုကိုယ်ထိန်းနေသော်လည်း အခုကိစ္စမှာထိန်းမရ။
ခါးထောက်ပြီး ဘေးပတ်ဝန်းကျင်ကိုဟိုကြည့်ဒီကြည့်ကြည့်လိုက်သည်။လူတွေများပြားလှသည်။ရေကစားနေကြသောနိုင်ငံခြားသားခရီးသည်တွေလည်းရှိသည်။ရေပြင်ကျယ်ကြီးရဲ့ဘေးဘက်တွေမှာ သစ်ပင်အုပ်အုပ်တွေရှိလေသည်။
သစ်ပင်စိမ်းစိမ်းတွေကိုသူကြည့်သော်လည်းစိတ်ကမအေးချမ်းနိုင်။
"တောက်"
"မေလေးနဲ့ နန်းနန်း အခုချက်ချင်းပြန်လာခဲ့...မဟုတ်ရင်ကိုကိုပြန်ပြီ"
ရေထဲကိုလည်းဆင်းမခေါ်ချင်။ကောင်းမွန် အပေါ်ကနေသာအော်ခေါ်လိုက်သည်။ဘေးကလူတွေကလည်းသူ့အားကြည့်နေကြသည်။
လက်တစ်လုံးဂါဝန်ဝတ်ထားသောကျေးဇူးရှင်မကိုငေးပြီးကြည့်နေသောကောင်လေးတစ်သိုက်ကိုလည်းသူမြင်သည်။
ကောင်မလေးနှစ်ယောက်က သူ့အနားကိုမလာချင်လာချင်နဲ့ရောက်လာလေသည်။
"နန်းနန်း!!ကိုကိုမရိုက်ချင်ဘူးနော် အဝတ်ချက်ချင်းသွားလဲ"
"ကိုကို....နန်း အိမ်ကအပိုယူလာတဲ့အဝတ်ကလည်း ဒီလိုပုံစံဂါဝန်ပဲ"
"ဘာ တောက်"
ဖြောင်း...
ဘေးကကြည့်နေသောလူတွေကိုလည်းကောင်းမွန်ဂရုမစိုက်။နန်းနန်းရဲ့နားရင်းအားရိုက်လိုက်သည်။မျက်မှန်လေးကမြေပေါ်တွင်ပြုတ်ကျသွားသည်။
"ကိုကို ဘာလို့ရိုက်တာလဲနန်းနန်းကို ..
လူတွေကြည့်နေပြီမြင်လား"
မေလေး ကိုကို့အားမကျေမနပ်နှင့်ပြောနေလေသည်။ထို့နောက်နန်းနန်းရဲ့မျက်မှန်လေးကိုကောက်ပြီး နန်းနန်းအားပေးလိုက်သည်။
"ရတယ် မေလေး...နန်းမှာအပြစ်ရှိလို့ဆုံးမတာပါ"
နန်းနန်း ကိုကောင်းမွန်မြတ် သူ့ကိုရိုက်တာကိုနည်းနည်းလေးမှစိတ်မဆိုးပေ။ကြည့်နေကြသောလူတွေကိုလည်းနန်းနန်းမရှက်။ကိုကောင်းမွန်မြတ်သာသူ့ကိုဆုံးမရင် တစ်မြို့လုံးကလူတွေရှေ့လည်းအပြစ်ကိုခံယူရဲသည်။
"နန်းနန်း မင်းပုံစံမင်းပြန်ကြည့်စမ်း"
ရင်ဘတ်ကအနည်းငယ်ဟိုက်ပြီး ရေကြောင့် ခန္ဓာကိုယ်ကောက်ကြောင်းကပေါ်လို့နေသည်။
ကောင်းမွန် သူ့ရဲ့အပေါ်ဝတ်အင်္ကျီကိုချွတ်ပြီးနန်းနန်းအပေါ်ကိုဖုံးပေးလိုက်သည်။
"ကားပေါ်တုန်းကပြောတော့ ဘောင်းဘီရှည်နဲ့ အင်္ကျီလက်ရှည်ယူခဲ့တယ်ဆို...အခုကြဘာလဲ...မင်းငါ့ကိုညာတာလား"
ဒေါသကြောင့် မင်းလို့သုံးလိုက်မိတော့ သူ့အားတစ်ခုခုပြောချင်နေပုံရတဲ့ကောင်မလေးရဲ့နှုတ်ခမ်းတစ်စုံက အနည်းငယ်တုန်ရီနေသည်။
"ကိုကို ခရီးထွက်ပေးတယ်ဆိုတာ မင်းလေးတို့ကိုပျော်စေချင်လို့.....အခုလို ကိုကို အလိမ်ခံရဖို့မဟုတ်ဘူး"
"နန်း တောင်းပန်ပါတယ်....နန်း ဒီဂါဝန်လေးနဲ့ပဲရေချိုးချင်လို့အခုလိုဖြစ်သွားတာပါ"
"ထားလိုက်တော့ ကိုကိုဘောင်းဘီရှည်နဲ့လက်ရှည်နန်းနန်းအတွက်သွားဝယ်ပေးမယ်..... ရေထဲကိုပြန်မဆင်းနဲ့တော့"
"ဟုတ်"
"စောနာကကိိုကို ဒေါသအရမ်းထွက်လို့ရိုက်မိသွားတာ...နာသွားလား"
"ဟင့်အင်း ရတယ်...နန်းဘာမှမဖြစ်ဘူး ဟီး"
"အဲ့တာဆိုကိုကိုသွားဝယ်မို့ ခဏစောင့်...မေလေးနဲ့ဒီနေရာမှာပဲနေကြနော်"
"ဟုတ်"
နန်းနန်း ကိုကောင်းမွန်မြတ်ဆီကနေအရိုက်ခံလိုက်ရသော်လည်း သူ့အားဂရုစိုက်လို့ဆုံးမပေးတယ်ဆိုတဲ့အသိနဲ့တင်ကျေနပ်ပျော်ရွှင်နေမိသည်။
#နှင်း
#1.11.2023
#စိတ်ကူးယဥ်ရေးသားခြင်းသာဖြစ်လို့လိုအပ်ချက်များကိုနားလည်ပေးကြပါဗျ
............
"...."
...............
"ommomm"
........................
.
.
.
.
.
.
...........
"..."
...............
#1.11.2023