အပိုင်း (၅၁)
ရှုန်းထျန်း အိမ်ခြံမြေကုမ္ပဏီ၏ ဝန်ထမ်းဟောင်းများသည် ယခင်သူဋ္ဌေးမှာ ကောင်းမွန်စွာ မစီမံနိုင်ခဲ့သောကြောင့် ကုမ္ပဏီကို ရောင်းချလိုက်ရခြင်းကို သိရှိကြလေသည်။
သူဋ္ဌေးအသစ်သည် ချမ်းသာကြွယ်ဝရုံတင်မကဘဲ အာဏာကြီးမားလှသည် ဟူ၍ပါ လူဟောင်းများထံမှ သိရှိထားကြလေသည်။
ထို့ကြောင့် ကုမ္ပဏီကို လက်လွှဲလိုက်သည့် အချိန်ကတည်းက ဝန်ထမ်းဟောင်းများသည် နေ့စဉ် စိုးရိမ်စွာဖြင့် အလုပ်လုပ်နေကြရလေသည်။
သူတို့သည် တစ်စုံတစ်ရာ အမှားလုပ်မိလျှင် အလုပ်ဖြုတ်ခံရမည်ကို စိုးရိမ်နေကြခြင်း ဖြစ်သည်။
သို့သော် ထိုကဲ့သို့ ကြောက်ရွံ့နေကြသူများကြားတွင် ယခင်သူဋ္ဌေးနှင့် ဆက်နွယ်နေသူဖြစ်သော မန်နေဂျာရှုန်းတစ်ဦးထဲသာ ဆက်လက်လုပ်ကိုင်၍ ကျန်ရှိနေလေသည်။
ကုမ္ပဏီကို လူသစ်တစ်ဦးမှ လက်လွှဲရယူပြီးနောက်တွင် ကုမ္ပဏီနှင့်ပတ်သက်သော ကိစ္စအဝဝကို ယခင်အကြီးအကဲများနှင့်အတူ ရှင်းလင်းဖယ်ရှားလိုက်ပြီ ဖြစ်သည်။
သူသည် ကုမ္ပဏီမှ ထွက်မသွားသည်သာမက သူ၏ ရာထူးတွင်သာ ဆက်လက်လုပ်ကိုင်နေ၍ ဝန်ထမ်းများကိုလည်း သူ၏အောက်တွင်သာ ထိန်းချုပ်ထားလေသည်။
လူတိုင်းက မန်နေဂျာရှုန်းသည် သူဋ္ဌေးအသစ်ဖြင့် အထူး ဆက်ဆံရေး တစ်စုံတစ်ရာ ရှိသောကြောင့် ကုမ္ပဏီတွင် မန်နေဂျာအဖြစ် ဆက်လက်လုပ်ကိုင်နေသည်ဟု ထင်ထားကြလေသည်။ ထို့ကြောင့် ဝန်ထမ်းဟောင်းများသည် ထိုသူကို မတိုက်ခိုက်ရဲဘဲ သူ၏ ညွှန်ကြားချက်များကိုသာ လိုက်နာ ဆောင်ရွက်ခဲ့ကြသည်။
အရင်ကတည်းက လစာမြင့်မား၍ သင့်တော်သော ဤအလုပ်ကို ဆုံးရှုံးသွားမည်ကို စိုးရိမ်လှသော မန်နေဂျာရှုန်းသည် လုံးဝကွဲပြားခြားနားသွားသော အနေအထားကို တဖြည်းဖြည်း ခံစားလာမိတော့သည်။
သူ၏ဆွေမျိုးများသည် ကုမ္ပဏီကို ရောင်းချလိုက်သောအခါ သူ့အနေဖြင့် သူဋ္ဌေးအသစ်မှ သူ့အား စောင့်ရှောက်ပေးရန် တောင်းဆိုထားပုံရလေသည်။
ထို့ကြောင့် မန်နေဂျာရှုန်းသည် သူ၏ ယခင်အနေအထားကို ပြန်လည်ရယူနိုင်ခြင်း ဖြစ်လေမည်။
ထို့ကြောင့်သူသည် လက်ထပ်တော့မည့်အကြောင်းကို ဂုဏ်ယူစွာဖြင့် ကြေငြာလိုက်ပြီး ဟယ်ရာဝမ်၏ တောင်းဆိုချက်အတိုင်း အဆင့်အတန်းမြင့်စွာ လက်ထပ်ပွဲကျင်းပပေးရန် သဘောတူထားခြင်း ဖြစ်လေသည်။
သူတို့ မထင်မှတ်ထားခဲ့သည်မှာ ရှုန်ထျန်း၏ ပိုင်ရှင်အသစ်သည် အာဏာကြီးမားလှသည်ဟု အားလုံးက ထင်မြင်ထားကြသော သုရန်မဟုတ်လေဘဲ အန်းသုန်ဖြစ်နေကိုပင်။
လူတိုင်းသည် သုရန်မှ အန်းသုန်ကို နှုတ်ဆက်လိုက်ခြင်းအတွက် အံ့သြနေမိကြဆဲပင်။
ထိုအရာသည် အမှန်တရား မဖြစ်နိုင်ပေ။
အန်းသုန်သည် ပိုင်ရှင်အသစ်တဲ့လား။
ပိုင်ရှင်အသစ်သည် ကြွယ်ဝချမ်းသာ၍ အာဏာကြီးသူ မဟုတ်လား။
လူများသည် အန်းသုန်ကို ဆင်းရဲသည်ဟူ၍သာ သိထားကြလေသည်။ သူသည် ကောလိပ်ပင် မတတ်ရောက်နိုင်ဘဲ အထက်တန်းပညာရေးကိုသာ သင်ယူထားခဲ့ရသည်။
သူသည် လူကောင်းတစ်ယောက်ဖြစ်ပြီး အနိုင်ကျင့်ခြင်းနှင့် အခွင့်အရေးယူခြင်းကိုပင် ခံစားခဲ့ရလေသည်။ ထိုသူက မည်ကဲ့သို့ ချမ်းသာလာနိုင်မည်နည်း။
"ဥက္ကဋ္ဌသု... ခင်ဗျားနောက်နေတာလား။ သူက ဘယ်လိုဖြစ်ပြီး ဥက္ကဋ္ဌအန်း ဖြစ်နိုင်ရမှာလဲ။ တစ်ခုခုများ မှားနေတာလား"။ ရှုန်းကျင့်သည် အန်းသုန်ကို ရှုန်ထျန်း၏ ပိုင်ရှင်အသစ် မဖြစ်နိုင်ဟူ၍သာ တွေးတောနေခဲ့လေသည်။
သူသည် အချိန်အနည်းငယ် ကြာအောင်ပင် ရယ်မောလိုက်သေးသည်။
သို့သော် သုရန်၏အဖြေက မန်နေဂျာရှုန်းကို စိတ်ပျက်သွားစေတော့သည်။
သုရန်သည် မန်နေဂျာရှုန်းကို ကြည့်လိုက်၍ အေးစက်စွာ ပြောလိုက်လေသည်။ "နောက်တယ် ဟုတ်လား။ ငါက မင်းကို ဘာဖြစ်လို့ နောက်နေရမှာလဲ..."
အကယ်၍ ထိုသူသည် အန်းရှ၏ အစ်ကိုဖြစ်သူကို နှောင့်ယှက်ခဲ့ခြင်းကိုသာ သိခဲ့လျှင် အန်းသုန်၏ တုံ့ပြန်မှုကိုပင် မစောင့်တော့ဘဲ ပထမနေ့ကတည်းကပင် ထိုသူကို အလုပ်ဖြုတ်လိုက်မည် ဖြစ်လေသည်။
ရှုန်းထျန်းတွင် ဤကဲ့သို့သော ကပ်ပါးကောင်များ ရှိနေသေးသည်လား။
"ငါ မင်းတို့ကို မိတ်ဆက်ပေးမယ်..."
"သူက အန်းသုန်... ဥက္ကဋ္ဌအန်းပဲ... သူက ငါ့ရဲ့အထက်လူကြီး... မင်းတို့ အားလုံးရဲ့ သူဋ္ဌေးအသစ်ပဲ..."
သုရန်သည် ဝန်ထမ်းများအားလုံးကို ဝေ့၍ ကြည့်လိုက်သောအခါ ထိတ်လန့်မှု၊ မယုံကြည်နိုင်မှု၊ အားကျမှု၊ မနာလိုမှုနှင့် အခြားသော ရှုပ်ထွေးနေသော အကြည့်များကို တွေ့မြင်လိုက်ရသောအခါ ပြုံးရယ်လိုက်မိ၍ အန်းသုန်ကို ကြည့်လိုက်လေသည်။ "ဥက္ကဋ္ဌအန်း... ခင်ဗျား အခုအချိန်ကစပြီးတော့ ကျွန်တော့်ကို အမိန့်ပေးနိုင်ပါပြီ..."
သုရန်သည် သူ့အပေါ်တွင် လေးလေးစားစား ဆက်ဆံနေ၍ မျက်နှာသာ ပေးနေလေသောကြောင့် အနည်းငယ် ဆွံ့အနေမိတော့သည်။
"မဟုတ်တာ... အစ်ကိုသု..."
အန်းသုန်သည် မည်သည့်စကားကိုမျှ မပြောရသေးခင်တွင် သုရန်က စကားဖြတ်ပြောလိုက်လေသည်။ "ဥက္ကဋ္ဌအန်း ကျေးဇူးပြုပြီး ကုမ္ပဏီမှာ ကျွန်တော့်ကို မန်နေဂျာသုလို့ပဲ ခေါ်ပေးပါ..."
အန်းသုန်သည် တုန်လှုပ်သွားပြီးနောက် ခေါင်းညိတ်လိုက်လေသည်။ "မန်နေဂျာ သု..."
လူတိုင်းမှာ အန်းသုန်သည် ရှုန်းထျန်း၏ ပိုင်ရှင်အသစ်ဖြစ်သည်ဆိုသော အကြောင်းကို စဉ်းစားနေကြစဉ် အန်းသုန်နှင့် အာဏာကြီးမားလှသော သုရန်တို့ စကားပြောနေကြသည်ကို ကြည့်ရှုနေကြလေသည်။
ရှုန်းထျန်း အိမ်ခြံမြေကုမ္ပဏီ၏ တံခါးဝတွင် ထိုကဲ့သို့ အုတ်အော်သောင်းတင်း ဖြစ်လို့နေခဲ့သည်။
ထိုအချိန်တွင် လုံခြုံရေးများ ဝင်ရောက်လာတော့သည်။
"ဘယ်မှာလဲ အနှောင့်အယှက်ပေးတဲ့သူ..."
ကုမ္ပဏီသည် မြို့ထဲရှိ အကောင်းဆုံး ကုန်သွယ်ရေး အဆောက်အအုံတွင် တည်ရှိနေခြင်း ဖြစ်လေသည်။ ထို့ကြောင့် လုံခြုံရေးစနစ်သည်လည်း လွန်စွာ ကောင်းမွန်လှသည်။
လုံခြုံရေးဝန်ထမ်းများသည် ဝတ်စုံပြည့်ဝတ်ဆင်ထား၍ အခြေအနေကို စနစ်တကျစီမံရန် ဝင်ရောက်လာကြလေသည်။
"ဒီမှာ ဘာတွေ ဖြစ်နေကြတာလဲ..."
သုရန်သည် ကုမ္ပဏီသို့ ရောက်ရှိလာကြသော လူံခြုံရေးများကို တွေ့မြင်လိုက်သောအခါ အခြားဝန်ထမ်းများကို ကြည့်လိုက်လေသည်။
လူတိုင်း၏ အကြည့်များသည် မန်နေဂျာရှုန်းအပေါ်သို့ ကျရောက်သွားလေသည်။ မန်နေဂျာရှုန်းသည် ကံဆိုးသွားသည်ကိုတော့ အားလုံးလည်း သဘောပေါက်နေကြပြီ ဖြစ်သည်။
ယခင်တုန်းက မန်နေဂျာရှုန်းသည် အန်းသုန်ကို အနိုင်ကျင့်ခဲ့သည်၊ အနှောင့်အယှက်လည်း ပေးခဲ့၍ အလုပ်ထွက်သွားရန်ပင် တွန်းအားပေးခဲ့လေသည်။
သူသည် အန်းသုန်၏ ချစ်သူကိုပင် လုယူခဲ့လေသည်။
ယခုအချိန်တွင်တော့ လူများအားလုံးသည် ခေါင်းဆောင်ဟောင်းများ အားလုံးက ရှုန်ထျန်းမှ ထွက်ခွာသွားကြ၍ မန်နေဂျာရှုန်းပင် ကျန်ရှိနေခဲ့ရခြင်းအကြောင်းကို နားလည်သွားကြပြီ ဖြစ်လေသည်။
ထိုသူများအားလုံးသည် သူ့အပေါ်တွင် ကလဲ့စားချေချင်၍သာ ချန်ထားခဲ့ကြခြင်း ဖြစ်လေသည်။
အခြားသူများအားလုံး သဘောပေါက်သွားသော ထိုအကြောင်းအရာကို မန်နေဂျာရှုန်းသည်လည်း မသိဘဲနှင့် မနေပေ။
သူ၏မျက်နှာသည် ဖြူဖက်သွား၍ ချွေးများဖြင့် ပြည့်သွားတော့သည်။
"ဥက္ကဋ္ဌသု... မဟုတ်ပါဘူး မန်နေဂျာသု... လုံခြုံရေးတွေကို ရှုန်းလျောင်က ခေါ်လိုက်တာပါ။ သူပြောတာကတော့ ဥက္ကဋ္ဌအန်းကို ကုမ္ပဏီကနေ နှင်ထုတ်မလို့တဲ့..."
ထိုသို့ကြားလိုက်ရသောအခါ သုရန်သည် နှာတစ်ချက်မှုတ်လိုက်၍ တုန်လှုပ်နေသော မန်နေဂျာရှုန်းကို စိုက်ကြည့်လိုက်လေသည်။
"ဥက္ကဋ္ဌအန်း... ကျွန်တော့်ကိုပြောပါ ဒီပြဿနာကောင်ကို ကျွန်တော် ဘယ်လိုစီမံလိုက်ရမလဲ..."
အန်းသုန်သည် ရုတ်တရက် အံ့သြနေလျက်ရှိသည်။ သို့သော် တောင်းပန်တိုးလျှိုးနေသော မန်နေဂျာရှုန်းကို မြင်လိုက်ရသောအခါ သူသည် လက်သီးဆုပ်လိုက်ကာ အသက်ဝဝ ရှူရှိုက်လိုက်၍ တည်ငြိမ်စွာ ပြောလိုက်တော့သည်။ "ရှုန်းလျောင်... ခင်ဗျားကို ဒီကုမ္ပဏီကနေ အလုပ်ဖြုတ်လိုက်ပြီ..."
ထို့နောက် အန်းသုန်၏ ရင်ဘတ်ထဲတွင် တစ်ဆို့နေမှုများသည်လည်း ပြန်လည် သက်သာသွားတော့သည်။
သူ၏ မွန်းကြပ်နေမှုများ လျော့ကျသွားသောအခါ စိတ်လက် ပေါ့ပါးသွားတော့သည်။
"လုံခြုံရေး အစ်ကိုတို့... ပြဿနာရှာနေတဲ့သူက အဲဒီတစ်ယောက်ပါ။ သူ့ကို ဆွဲထုတ်သွားလိုက်ပါ..."
သုရန်သည် အန်းသုန်ကို ခေါင်းညိတ်ပြလိာက်ပြီးနောက် လုံခြုံရေးအဖွဲ့ကို ကြည့်လိုက်လေသည်။
Telegram မှာ အပိုင်း ၁၈၇အထိ ရောက်ပါပြီနော်။
Zawgyi
အပိုင္း (၅၁)
ရႈန္းထ်န္း အိမ္ၿခံေျမကုမၸဏီ၏ ဝန္ထမ္းေဟာင္းမ်ားသည္ ယခင္သူေ႒းမွာ ေကာင္းမြန္စြာ မစီမံႏိုင္ခဲ့ေသာေၾကာင့္ ကုမၸဏီကို ေရာင္းခ်လိုက္ရျခင္းကို သိရွိၾကေလသည္။
သူေ႒းအသစ္သည္ ခ်မ္းသာႂကြယ္ဝ႐ုံတင္မကဘဲ အာဏာႀကီးမားလွသည္ ဟူ၍ပါ လူေဟာင္းမ်ားထံမွ သိရွိထားၾကေလသည္။
ထို႔ေၾကာင့္ ကုမၸဏီကို လက္လႊဲလိုက္သည့္ အခ်ိန္ကတည္းက ဝန္ထမ္းေဟာင္းမ်ားသည္ ေန႔စဥ္ စိုးရိမ္စြာျဖင့္ အလုပ္လုပ္ေနၾကရေလသည္။
သူတို႔သည္ တစ္စုံတစ္ရာ အမွားလုပ္မိလွ်င္ အလုပ္ျဖဳတ္ခံရမည္ကို စိုးရိမ္ေနၾကျခင္း ျဖစ္သည္။
သို႔ေသာ္ ထိုကဲ့သို႔ ေၾကာက္႐ြံ႕ေနၾကသူမ်ားၾကားတြင္ ယခင္သူေ႒းႏွင့္ ဆက္ႏြယ္ေနသူျဖစ္ေသာ မန္ေနဂ်ာရႈန္းတစ္ဦးထဲသာ ဆက္လက္လုပ္ကိုင္၍ က်န္ရွိေနေလသည္။
ကုမၸဏီကို လူသစ္တစ္ဦးမွ လက္လႊဲရယူၿပီးေနာက္တြင္ ကုမၸဏီႏွင့္ပတ္သက္ေသာ ကိစၥအဝဝကို ယခင္အႀကီးအကဲမ်ားႏွင့္အတူ ရွင္းလင္းဖယ္ရွားလိုက္ၿပီ ျဖစ္သည္။
သူသည္ ကုမၸဏီမွ ထြက္မသြားသည္သာမက သူ၏ ရာထူးတြင္သာ ဆက္လက္လုပ္ကိုင္ေန၍ ဝန္ထမ္းမ်ားကိုလည္း သူ၏ေအာက္တြင္သာ ထိန္းခ်ဳပ္ထားေလသည္။
လူတိုင္းက မန္ေနဂ်ာရႈန္းသည္ သူေ႒းအသစ္ျဖင့္ အထူး ဆက္ဆံေရး တစ္စုံတစ္ရာ ရွိေသာေၾကာင့္ ကုမၸဏီတြင္ မန္ေနဂ်ာအျဖစ္ ဆက္လက္လုပ္ကိုင္ေနသည္ဟု ထင္ထားၾကေလသည္။ ထို႔ေၾကာင့္ ဝန္ထမ္းေဟာင္းမ်ားသည္ ထိုသူကို မတိုက္ခိုက္ရဲဘဲ သူ၏ ၫႊန္ၾကားခ်က္မ်ားကိုသာ လိုက္နာ ေဆာင္႐ြက္ခဲ့ၾကသည္။
အရင္ကတည္းက လစာျမင့္မား၍ သင့္ေတာ္ေသာ ဤအလုပ္ကို ဆုံးရႈံးသြားမည္ကို စိုးရိမ္လွေသာ မန္ေနဂ်ာရႈန္းသည္ လုံးဝကြဲျပားျခားနားသြားေသာ အေနအထားကို တျဖည္းျဖည္း ခံစားလာမိေတာ့သည္။
သူ၏ေဆြမ်ိဳးမ်ားသည္ ကုမၸဏီကို ေရာင္းခ်လိုက္ေသာအခါ သူ႔အေနျဖင့္ သူေ႒းအသစ္မွ သူ႔အား ေစာင့္ေရွာက္ေပးရန္ ေတာင္းဆိုထားပုံရေလသည္။
ထို႔ေၾကာင့္ မန္ေနဂ်ာရႈန္းသည္ သူ၏ ယခင္အေနအထားကို ျပန္လည္ရယူႏိုင္ျခင္း ျဖစ္ေလမည္။
ထို႔ေၾကာင့္သူသည္ လက္ထပ္ေတာ့မည့္အေၾကာင္းကို ဂုဏ္ယူစြာျဖင့္ ေၾကျငာလိုက္ၿပီး ဟယ္ရာဝမ္၏ ေတာင္းဆိုခ်က္အတိုင္း အဆင့္အတန္းျမင့္စြာ လက္ထပ္ပြဲက်င္းပေပးရန္ သေဘာတူထားျခင္း ျဖစ္ေလသည္။
သူတို႔ မထင္မွတ္ထားခဲ့သည္မွာ ရႈန္ထ်န္း၏ ပိုင္ရွင္အသစ္သည္ အာဏာႀကီးမားလွသည္ဟု အားလုံးက ထင္ျမင္ထားၾကေသာ သုရန္မဟုတ္ေလဘဲ အန္းသုန္ျဖစ္ေနကိုပင္။
လူတိုင္းသည္ သုရန္မွ အန္းသုန္ကို ႏႈတ္ဆက္လိုက္ျခင္းအတြက္ အံ့ၾသေနမိၾကဆဲပင္။
ထိုအရာသည္ အမွန္တရား မျဖစ္ႏိုင္ေပ။
အန္းသုန္သည္ ပိုင္ရွင္အသစ္တဲ့လား။
ပိုင္ရွင္အသစ္သည္ ႂကြယ္ဝခ်မ္းသာ၍ အာဏာႀကီးသူ မဟုတ္လား။
လူမ်ားသည္ အန္းသုန္ကို ဆင္းရဲသည္ဟူ၍သာ သိထားၾကေလသည္။ သူသည္ ေကာလိပ္ပင္ မတတ္ေရာက္ႏိုင္ဘဲ အထက္တန္းပညာေရးကိုသာ သင္ယူထားခဲ့ရသည္။
သူသည္ လူေကာင္းတစ္ေယာက္ျဖစ္ၿပီး အႏိုင္က်င့္ျခင္းႏွင့္ အခြင့္အေရးယူျခင္းကိုပင္ ခံစားခဲ့ရေလသည္။ ထိုသူက မည္ကဲ့သို႔ ခ်မ္းသာလာႏိုင္မည္နည္း။
"ဥကၠ႒သု... ခင္ဗ်ားေနာက္ေနတာလား။ သူက ဘယ္လိုျဖစ္ၿပီး ဥကၠ႒အန္း ျဖစ္ႏိုင္ရမွာလဲ။ တစ္ခုခုမ်ား မွားေနတာလား"။ ရႈန္းက်င့္သည္ အန္းသုန္ကို ရႈန္ထ်န္း၏ ပိုင္ရွင္အသစ္ မျဖစ္ႏိုင္ဟူ၍သာ ေတြးေတာေနခဲ့ေလသည္။
သူသည္ အခ်ိန္အနည္းငယ္ ၾကာေအာင္ပင္ ရယ္ေမာလိုက္ေသးသည္။
သို႔ေသာ္ သုရန္၏အေျဖက မန္ေနဂ်ာရႈန္းကို စိတ္ပ်က္သြားေစေတာ့သည္။
သုရန္သည္ မန္ေနဂ်ာရႈန္းကို ၾကည့္လိုက္၍ ေအးစက္စြာ ေျပာလိုက္ေလသည္။ "ေနာက္တယ္ ဟုတ္လား။ ငါက မင္းကို ဘာျဖစ္လို႔ ေနာက္ေနရမွာလဲ..."
အကယ္၍ ထိုသူသည္ အန္းရွ၏ အစ္ကိုျဖစ္သူကို ေႏွာင့္ယွက္ခဲ့ျခင္းကိုသာ သိခဲ့လွ်င္ အန္းသုန္၏ တုံ႔ျပန္မႈကိုပင္ မေစာင့္ေတာ့ဘဲ ပထမေန႔ကတည္းကပင္ ထိုသူကို အလုပ္ျဖဳတ္လိုက္မည္ ျဖစ္ေလသည္။
ရႈန္းထ်န္းတြင္ ဤကဲ့သို႔ေသာ ကပ္ပါးေကာင္မ်ား ရွိေနေသးသည္လား။
"ငါ မင္းတို႔ကို မိတ္ဆက္ေပးမယ္..."
"သူက အန္းသုန္... ဥကၠ႒အန္းပဲ... သူက ငါ့ရဲ႕အထက္လူႀကီး... မင္းတို႔ အားလုံးရဲ႕ သူေ႒းအသစ္ပဲ..."
သုရန္သည္ ဝန္ထမ္းမ်ားအားလုံးကို ေဝ့၍ ၾကည့္လိုက္ေသာအခါ ထိတ္လန္႔မႈ၊ မယုံၾကည္ႏိုင္မႈ၊ အားက်မႈ၊ မနာလိုမႈႏွင့္ အျခားေသာ ရႈပ္ေထြးေနေသာ အၾကည့္မ်ားကို ေတြ႕ျမင္လိုက္ရေသာအခါ ၿပဳံးရယ္လိုက္မိ၍ အန္းသုန္ကို ၾကည့္လိုက္ေလသည္။ "ဥကၠ႒အန္း... ခင္ဗ်ား အခုအခ်ိန္ကစၿပီးေတာ့ ကြၽန္ေတာ့္ကို အမိန္႔ေပးႏိုင္ပါၿပီ..."
သုရန္သည္ သူ႔အေပၚတြင္ ေလးေလးစားစား ဆက္ဆံေန၍ မ်က္ႏွာသာ ေပးေနေလေသာေၾကာင့္ အနည္းငယ္ ဆြံ႕အေနမိေတာ့သည္။
"မဟုတ္တာ... အစ္ကိုသု..."
အန္းသုန္သည္ မည္သည့္စကားကိုမွ် မေျပာရေသးခင္တြင္ သုရန္က စကားျဖတ္ေျပာလိုက္ေလသည္။ "ဥကၠ႒အန္း ေက်းဇူးျပဳၿပီး ကုမၸဏီမွာ ကြၽန္ေတာ့္ကို မန္ေနဂ်ာသုလို႔ပဲ ေခၚေပးပါ..."
အန္းသုန္သည္ တုန္လႈပ္သြားၿပီးေနာက္ ေခါင္းညိတ္လိုက္ေလသည္။ "မန္ေနဂ်ာ သု..."
လူတိုင္းမွာ အန္းသုန္သည္ ရႈန္းထ်န္း၏ ပိုင္ရွင္အသစ္ျဖစ္သည္ဆိုေသာ အေၾကာင္းကို စဥ္းစားေနၾကစဥ္ အန္းသုန္ႏွင့္ အာဏာႀကီးမားလွေသာ သုရန္တို႔ စကားေျပာေနၾကသည္ကို ၾကည့္ရႈေနၾကေလသည္။
ရႈန္းထ်န္း အိမ္ၿခံေျမကုမၸဏီ၏ တံခါးဝတြင္ ထိုကဲ့သို႔ အုတ္ေအာ္ေသာင္းတင္း ျဖစ္လို႔ေနခဲ့သည္။
ထိုအခ်ိန္တြင္ လုံၿခဳံေရးမ်ား ဝင္ေရာက္လာေတာ့သည္။
"ဘယ္မွာလဲ အေႏွာင့္အယွက္ေပးတဲ့သူ..."
ကုမၸဏီသည္ ၿမိဳ႕ထဲရွိ အေကာင္းဆုံး ကုန္သြယ္ေရး အေဆာက္အအုံတြင္ တည္ရွိေနျခင္း ျဖစ္ေလသည္။ ထို႔ေၾကာင့္ လုံၿခဳံေရးစနစ္သည္လည္း လြန္စြာ ေကာင္းမြန္လွသည္။
လုံၿခဳံေရးဝန္ထမ္းမ်ားသည္ ဝတ္စုံျပည့္ဝတ္ဆင္ထား၍ အေျခအေနကို စနစ္တက်စီမံရန္ ဝင္ေရာက္လာၾကေလသည္။
"ဒီမွာ ဘာေတြ ျဖစ္ေနၾကတာလဲ..."
သုရန္သည္ ကုမၸဏီသို႔ ေရာက္ရွိလာၾကေသာ လူံၿခဳံေရးမ်ားကို ေတြ႕ျမင္လိုက္ေသာအခါ အျခားဝန္ထမ္းမ်ားကို ၾကည့္လိုက္ေလသည္။
လူတိုင္း၏ အၾကည့္မ်ားသည္ မန္ေနဂ်ာရႈန္းအေပၚသို႔ က်ေရာက္သြားေလသည္။ မန္ေနဂ်ာရႈန္းသည္ ကံဆိုးသြားသည္ကိုေတာ့ အားလုံးလည္း သေဘာေပါက္ေနၾကၿပီ ျဖစ္သည္။
ယခင္တုန္းက မန္ေနဂ်ာရႈန္းသည္ အန္းသုန္ကို အႏိုင္က်င့္ခဲ့သည္၊ အေႏွာင့္အယွက္လည္း ေပးခဲ့၍ အလုပ္ထြက္သြားရန္ပင္ တြန္းအားေပးခဲ့ေလသည္။
သူသည္ အန္းသုန္၏ ခ်စ္သူကိုပင္ လုယူခဲ့ေလသည္။
ယခုအခ်ိန္တြင္ေတာ့ လူမ်ားအားလုံးသည္ ေခါင္းေဆာင္ေဟာင္းမ်ား အားလုံးက ရႈန္ထ်န္းမွ ထြက္ခြာသြားၾက၍ မန္ေနဂ်ာရႈန္းပင္ က်န္ရွိေနခဲ့ရျခင္းအေၾကာင္းကို နားလည္သြားၾကၿပီ ျဖစ္ေလသည္။
ထိုသူမ်ားအားလုံးသည္ သူ႔အေပၚတြင္ ကလဲ့စားေခ်ခ်င္၍သာ ခ်န္ထားခဲ့ၾကျခင္း ျဖစ္ေလသည္။
အျခားသူမ်ားအားလုံး သေဘာေပါက္သြားေသာ ထိုအေၾကာင္းအရာကို မန္ေနဂ်ာရႈန္းသည္လည္း မသိဘဲႏွင့္ မေနေပ။
သူ၏မ်က္ႏွာသည္ ျဖဴဖက္သြား၍ ေခြၽးမ်ားျဖင့္ ျပည့္သြားေတာ့သည္။
"ဥကၠ႒သု... မဟုတ္ပါဘူး မန္ေနဂ်ာသု... လုံၿခဳံေရးေတြကို ရႈန္းေလ်ာင္က ေခၚလိုက္တာပါ။ သူေျပာတာကေတာ့ ဥကၠ႒အန္းကို ကုမၸဏီကေန ႏွင္ထုတ္မလို႔တဲ့..."
ထိုသို႔ၾကားလိုက္ရေသာအခါ သုရန္သည္ ႏွာတစ္ခ်က္မႈတ္လိုက္၍ တုန္လႈပ္ေနေသာ မန္ေနဂ်ာရႈန္းကို စိုက္ၾကည့္လိုက္ေလသည္။
"ဥကၠ႒အန္း... ကြၽန္ေတာ့္ကိုေျပာပါ ဒီျပႆနာေကာင္ကို ကြၽန္ေတာ္ ဘယ္လိုစီမံလိုက္ရမလဲ..."
အန္းသုန္သည္ ႐ုတ္တရက္ အံ့ၾသေနလ်က္ရွိသည္။ သို႔ေသာ္ ေတာင္းပန္တိုးလွ်ိဳးေနေသာ မန္ေနဂ်ာရႈန္းကို ျမင္လိုက္ရေသာအခါ သူသည္ လက္သီးဆုပ္လိုက္ကာ အသက္ဝဝ ရႉရႈိက္လိုက္၍ တည္ၿငိမ္စြာ ေျပာလိုက္ေတာ့သည္။ "ရႈန္းေလ်ာင္... ခင္ဗ်ားကို ဒီကုမၸဏီကေန အလုပ္ျဖဳတ္လိုက္ၿပီ..."
ထို႔ေနာက္ အန္းသုန္၏ ရင္ဘတ္ထဲတြင္ တစ္ဆို႔ေနမႈမ်ားသည္လည္း ျပန္လည္ သက္သာသြားေတာ့သည္။
သူ၏ မြန္းၾကပ္ေနမႈမ်ား ေလ်ာ့က်သြားေသာအခါ စိတ္လက္ ေပါ့ပါးသြားေတာ့သည္။
"လုံၿခဳံေရး အစ္ကိုတို႔... ျပႆနာရွာေနတဲ့သူက အဲဒီတစ္ေယာက္ပါ။ သူ႔ကို ဆြဲထုတ္သြားလိုက္ပါ..."
သုရန္သည္ အန္းသုန္ကို ေခါင္းညိတ္ျပလိာက္ၿပီးေနာက္ လုံၿခဳံေရးအဖြဲ႕ကို ၾကည့္လိုက္ေလသည္။
Telegram မွာ အပိုင္း ၁၈၇အထိ ေရာက္ပါၿပီေနာ္။