သု တျာ ( သုတ်ာ ) Uni+Zaw ( Co...

My_Phoenix_12 द्वारा

125K 3.7K 69

" မမေ့ပါနဲ့နော်အချစ် မောင်က မင်းမရှိရင် ရပ်တည်ဖို့မလွယ်တာကိုလေ ကျေးဇူးပြုပြီး အဲဒါလေးတစ်ချက်ကို မမေ့လိုက်ပါနဲ... अधिक

အသိပေးခြင်း ( အသိပေးခြင်း )
Part 1 (Unicode )
Part 1 ( Zawgyi )
Part 2 (Unicode)
Part 2 (Zawgyi)
Part 3 ( Unicode)
Part 3 ( Zawgyi)
Part -4 ( Unicode)
Part - 4 (Zawgyi)
Part - 5 (Unicode)
Part - 5 (Zawgyi)
Part - 6 ( Unicode)
Part - 6 (Zawgyi)
Part - 7 ( Unicode)
Part - 7 (Zawgyi)
Part - 8 (Zawgyi )
Part - 9 (Unicode )
Part - 9 (Zawgyi)
Part - 10 (Unicode )
Part - 10 (Zawgyi )
Part -11 (Unicode)
Part - 11(Zawgyi)
Part -12 (Unicode)
Part -12 (Zawgyi)
Part - 13 (Unicode)
Part - 13 (Zawgyi)
Part - 14 (Unicode)
Part -14 ( Zawgyi)
Part - 15 (Unicode)
Part - 15 ( Zawgyi)
Part - 16 ( Uni)
Part - 16 ( Zaw)
Part - 17 ( Uni )
Part - 17 ( Zaw )
Part - 18 ( Uni )
Part - 18 ( Zaw )
Part - 19 ( Uni )
Part - 19 ( Zaw )
Part - 20 (Uni )
Part - 20 (Zaw )
Part - 21 ( Uni )
Part - 21 ( Zaw )
Part - 22 ( Uni )
Part - 22 ( Zaw )
Part - 23 ( Uni )
Part - 23 ( Zaw )
Part - 24 ( Uni )
Part - 24 ( Zaw)
Part - 25 ( Uni)
Part - 25 ( Zaw)
Part - 26 ( Uni )
Part - 26 ( Zaw)
Part - 27 ( Uni)
Part - 27 ( Zaw)
Part - 27 ( Zaw)
Part - 28 ( Uni)
Part - 28 ( Zaw)
Part - 29 ( Uni)
Part - 29 ( Zaw)
Part - 30 ( Uni)
Part - 30 ( Zaw )
Part - 31 ( Uni )
Part - 31 ( Zaw)
Part - 32 ( Uni)
Part - 32 ( Zaw)
Part - 33 ( Uni)
Part - 33 ( Zaw)
Part - 34 ( Uni )
Part - 34 ( Zaw)
Part - 35 ( Uni)
Part - 35 ( Zaw)
Part - 36 ( Uni)
Part - 36 ( Zaw)
Part - 37 ( Uni)
Part - 37 ( Zaw)
Part - 38 ( Uni)
Part - 38 ( Zaw)
Book
Inner Art
Book Cover
Preorder Gift
Book Details

Part - 8 (Unicode )

2.2K 88 5
My_Phoenix_12 द्वारा

စကားဆုံးတာနဲ့ အနမ်းတို့ရပ်တန့်သွား၏ ။ ကိုယ်အိပ်ယာပေါ်ကနေ ထထိုင်လိုက်လိုက်တဲ့အချိန် သူကတော့ အိပ်ယာပေါ်ပက်လက်လှဲချလိုက်သည် ။  ဘေးနားမှာ အဆင်သင့်ရှိနေတဲ့ခေါင်းအုံးကိုယူကာ  အချက်ပေါင်းများစွာရိုက်နေမိတာကိုလည်း
ငြိမ်ပြီးခံနေသည်။

" ငါ့ကို အိမ်ကနေဘယ်လိုခေါ်လာတာလဲ "

" ချီလာတာလေ မောလိုက်တာမှ "

" နောက်ဆို မင်းငါ့ကိုအခုလိုတွေလုပ်ကြည့်။ သေအောင်သတ်ပစ်မယ် "

" အခုလိုလုပ်ကြည့်ဆိုတာက ဘာကိုပြောတာလဲ ချီခေါ်လာတာကိုလား နမ်းတာကိုလား ရှင်းရှင်းလင်းလင်းပြော "

" နမ်းတာကိုပြောနေတာလေ ခွေးကောင်ရဲ့ ။
အဲလိုမကောင်းတဲ့အတတ်တွေကို ဘယ်ကနေဘယ်လိုတတ် လာရပြန်တာလဲ။ အသက်က လက်တစ်ဆစ်နဲ့ "

" မကောင်းတဲ့အတတ်မဟုတ်ပါဘူး ။နမ်းရတာဘယ်လောက်ကောင်းလဲ လူကတိမ်တွေပေါ်ဝဲပျံနေရသလိုပဲ ငါဖြင့်ရပ်တောင်မရပ်ချင်ဘူး "

အထိန်းအကွပ်မဲ့တဲ့စကားတွေကြောင့် သုတျာတကယ်ရှက် သွားရပြန်သည်။

" ခွေးကောင်! မင်းပါးစပ်ကိုအခုပိတ်နော် ငါဆွဲထိုးမိတော့မယ် ။ မကောင်းတဲ့အတတ်ပေါင်းစုံကိုတတ်နေလိုက် ။ငါမေးတာဖြေစမ်း ။မင်းအဲဒါတွေကို ဘယ်ကနေဘယ်လိုတတ်လာတာလဲလို့ "

" ဖုန်းတစ်လုံးရှိရင် အကုန်သင်လို့ရတယ် နားလည်လား ။ ငါလဲ ဖုန်းထဲကနေပဲလေ့လာထားတာ ။နောက်တစ်ချိန်
ငါအတွက်ရော သုတျာအတွက်ပါအဆင်သင့်ဖြစ်အောင်
လေ့လာထားပြီးပြီ။ လက်တွေအသုံးချဖို့ကတော့ သုတျာ
အသက်မပြည့်သေးလို့စောင့်နေတာ "

" ဒီခွေးကောင်ကတော့ ပြောလေဆိုးလေပဲ "

ဆက်ကတော့  ကိုယ်ပါးတစ်ဖက်ကို ဖျက်ခနဲနမ်းလိုက်ရင်း ...

" ငါ့ကို အသဲယားအောင်လာမလုပ်နဲ့နော် ကြောင်ပေါက်လေး ။ သမီးရည်စားတောင်မဖြစ်လိုက်ရပဲ အခုချက်ချင်း မင်္ဂလာဦးညဖြစ်သွားမယ် "

" သျှန်းဆက်ရှိန်ဝါ! !!! မင်း ..."

" ငါ ကြောင်ပေါက်လေးကို အခုမှချစ်တာမဟုတ်ဘူး ။
အဲဒီအချစ်ဆိုတာကြီးက ဘာလဲဆိုတာကိုစသိထဲကပဲ ။
ကိုယ်မင်းကိုအရမ်းချစ်တယ် ကြောင်ပေါက်လေးရယ့် "

ရုတ်တရက်ကြားလိုက်ရတဲ့စကားကြောင့် သုတျာ ဘာပြန်ပြောရမလဲမသိနိုင်အောင် ကြောင်အသွားပါတော့သည် ။

" သုတျာ ကိုယ်ပြောတာကြားလား "

" မင်းရူးနေတာလား ဆက် ။ ယောကျ်ားလေးချင်းကို
ဘာတွေဘာပြောနေတာလဲ "

" ငါကမင်းကိုချစ်တာသုတျာရဲ့။ ယောကျ်ားလေးတွေကိုချစ် တာကြိုက်မျိုးမဟုတ်ဘူး ။ မင်းကလွဲ ဘယ်ယောကျ်ားလေးကိုမှလဲမချစ်ဘူး ဘယ်မိန်းကလေးကိုမှလဲစိတ်မဝင်စားဘူး ။ မင်းတစ်ယောက်ထဲကိုပဲချစ်တာ ။ ငါချစ်မိတဲ့မင်းက
ယောကျ်ားလေးတစ်ယောက်ဖြစ်နေယုံပါပဲ "

" မင်းရူးရင်လဲ ထမင်းလွတ်ဟင်းလွတ်ရူးလိုက် သျှန်းဆက်ရှိန်ဝါ ။ မဟုတ်မဟက်စကားတွေနဲ့ အာရုံလာမစားနဲ့ ။ မင်းကိုယ်မင်းဘာထင်နေလဲ "

" တစ်ချိန်ချိန်မှာ စေသုတျာရဲ့ယောကျ်ားဖြစ်မယ့်ကောင် လို့ထင်နေတာလေ "

" ဆက် ငါတကယ်ဒေါသထွက်လာပြီနော် ။ မင်းတစ်ချိန်လုံးအကောင်းသားကနေ အခုမှဘာတွေစိတ်ဖောက်နေရတာလဲကွာ "

" ငါတစ်ချိန်လုံးကောင်းနေတာက မင်းဘေးနားမှာငါကလွဲပြီး ဘယ်သူမှမရှိဘူးလေ ။ အခုမင်းကို အခြားသူတွေကသတိထားမိကုန်ပြီ ။ အဲလိုကနေတစ်ဆင့်တက်ပြီး တစ်ဖက်မိန်းကလေးတွေကို မင်းဘက်ကပြန်သတိထားမိသွားရင်ဘယ်လိုလုပ်မလဲ ။ သူများတွေသတိထားမိလာတာ မင်းအပြစ်လဲမကင်းဘူးနော်ကြောင်ပေါက် ။ မင်းက မိန်းကလေးတွေရှုံးလောက်အောင်လှလာတာလေ။  ယောကျ်ားလေးဖြစ်ပြီး အဲလောက် လှနေရတာ မင်း မပင်ပန်းဘူးလား "

" အဓိပ္ပါယ်မရှိတာတွေကို လေကုန်ခံပြောနေလိုက် "

" ငါ့စကားကို ပေါ့ပျက်ပျက်လာမလုပ်နဲ့ သုတျာ ။ တော်ယုံစိတ်ခံစားချက်နဲ့ ငါမင်းကို အခုလိုတွေလုပ်မလား ။ငါတို့အသက်တွေ ငယ်သေးတာကြောင့် စိတ်ကစားတာလို့ို့လဲလာမပြောနဲ့ ။အသက်ငယ်သေးလို့ ငါစိတ်ကစားတယ်ထင်နေရင် မင်းဘေးမှာ ဆယ်နှစ်လောက်အတူတူရှိခဲ့တာကိုသတိရပေး ။ ငါ့ကို ဆယ့်ငါးနှစ်အရွယ် ငချွတ်လေးလို့ထင်နေရင် ငါးနှစ်အရွယ်ထဲက မင်းကို ငါ့အနားမှာခေါ်ထားတာကိုသတိရလိုက် "

" ဒါပေမဲ့ ငါတို့က "

ကိုယ့်စကားမဆုံးသေးခင်ပဲ သုတျာက ကိုယ့်အနောက်ကနေ သူ့လက်နှစ်ဖက်နဲ့သိုင်းဖက်လာပြီး ကိုယ့်ခန္ဓာကိုယ်တစ်ခုလုံးသူ့ရင်ခွင်ထဲမြုပ်သွားအောင် ဆွဲဖက်လာသည် ။

" ငါ မင်းကိုရူးလောက်အောင်ချစ်တယ်သုတျာ ။ ငါဘဝ
အစပိုင်းထဲက မင်းကိုအတူတူခေါ်လာခဲ့ပြီးသား။
ဒီအခြေအနေ ဒီအချိန်အထိရောက်လာကာမှ ငါ့ကိုထားခဲ့ဖို့တော့မတွေးနဲ့ ။ ငါပြောထားပြီးသားနော် မင်းထွက်သွားတာနဲ့ ငါ့ကိုငါသတ်သေပစ်မယ်လို့ "

" မင်းငါ့ကိုအကျပ်ကိုင်ပြီး ခြိမ်းခြောက်နေတာလား ဆက် "

" ထင်ချင်သလိုထင်ပါ။ အဓိက, က မင်းကိုငါ့အနားမှာ
ဆွဲထားနိုင်ဖို့ဆိုရင် ဘယ်နည်းလမ်းမဆိုငါသုံးမှာပဲ ။ ယုတ်မာဖို့လဲ ဝန်မလေးသလို ကောက်ကျစ်ဖို့အတွက်လဲ တွေဝေနေမှာမဟုတ်ဘူး။ မယုံဘူးဆိုရင် စမ်းကြည့်လို့ရပါတယ် ။ အလျော်အစားက ငါ့အသက်ဆိုတာတော့ မင်းမမေ့နဲ့ "

သုတျာကတော့ စိတ်တွေထဲမွန်းကျပ်လာတာမို့်  ဆက်ရဲ့လက်တွေကို ဆွဲဖယ်ဖို့ကြိုးစားမိတော့သည်။

"ဆက်! ငါ့ကိုလွှတ်ပေးစမ်း "

ပြောလိုက်မှ ပိုးတိုးပြီးဖက်လာကာ ကိုယ်လည်ဂုတ်သားတွေဆီကို ကျရောက်လာတဲ့ အထိအတွေ့ ။

" ကိုယ်အခုလိုတွေဝန်ခံလိုက်လို့ ကြောင်ပေါက်လေးက နေရထိုင်ရခက်စရာမလိုပါဘူး ။ ပိုနေမြဲကျားနေမြဲပဲနေပါ။ တစ်ခုပဲ ငါကိုတော့ရှောင်မထွက်သွားနဲ့နော် ။ အဲလိုဆိုရင်တော့ ငါ ငြိမ်နေမှာမဟုတ်ဘူး ။ ဒီတိုင်းလေးနေရင် သုတျာလေးအသက်ပြည့်တဲ့အထိ အလှကြည့်နေပေးမှာ စိတ်ချ "

ကြားလိုက်ရတဲ့စကားကြောင့် သုတျာ စိတ်တိုလာတာနဲ့ ရှိသမျှအားကုန်စုပြီး တံတောင်ဆစ်နဲ့ သူ့ဗိုက်ဆီကို နောက်ပြန်ထိုးချလိုက်တော့သည် ။

" အား! !! "

" မှတ်ပြီလား ပေါက်ကရတွေပြောဦး  "

ဆက်ကတော့ ကိုယ့်စကားကို ခွန်းတုံ့မပြန်နိုင်သေးပဲ
သူ့ဗိုက်ကိုလက်နဲ့အုပ်က တကယ်ကိုရှုံ့မဲ့နေတော့၏ ။ 

" ငါ့ကို အခုနာအောင်လုပ်ထားနော်။ ငါနာအောင်ပြန်လုပ်တဲ့အခါကျမှ မင်းက စာနာစိတ်မရှိဘူးလို့လာမပြောနဲ့ အတိုးရောအရင်းရောပေါင်းကိုယူမှာ "

" သျှန်းဆက်ရှိန်ဝါ !မင်းက ပြောလေကဲလေဖြစ်နေပါလား "

" ရော်!!  ငါတကယ်ပြောနေတာကို မယုံဘူးလား ။သုတျာလေး အသက်မပြည့်သေးလိုစောင့်နေတာ "

" သောက်ရူး ! မင်းက ငါ့ထက်အသက်ငယ်တယ်ဆိုတာ
မမေ့နဲ့ "

" အဟဲ ! ငါ့အတွက်ပူမနေစမ်းပါနဲ့ ငါက အခုဆိုလဲ
ဖြစ်တယ် ဟား!!! ဟား!!! ဟား !!! "

တဟားဟားနဲ့အော်ရီနေသည့်ဆက်ကြောင့် သုတျာနေရခက်လှသည်။အခြေအနေတွေက ချက်ချင်းကြီး ပြောင်းလဲသွားလေပြီ။ အန်တီမြတ်ပြောခဲ့သည့် စေ့စပ်ပွဲအကြောင်း
တွေးမိပြန်တော့လည်း ရှေ့ဆက်ဘယ်လိုနေရမလဲဆိုသည့်အတွေးဖြင့် လမ်းပျောက်သလိုခံစားနေရတော့၏။

<<<<<<<<<<<<<<<<<<<<>>>>>>>>>>>>>>

စာမေးပွဲရာသီကိုရောက်လာတော့ ဆက်နဲ့ကိုယ်က စာတော်တဲ့သူတွေမို့ ဒီစာမေးပွဲအတွက် ဘာမှကိုစိတ်ပူစရာမလို ။
စာမေးပွဲနောက်ဆုံးနေ့တွင် နှစ်ယောက်သားအတူလမ်းလျှောက်ထွက်လာသည့်အချိန်မှာ ဆက်က နောက်ကိုချာခနဲလှည့်
ကြည့်လိုက်ပြီး လူတစ်ယောက်ရဲ့လက်ကိုလှမ်းဆွဲလေသည်။
လှည့်ကြည့်လိုက်တော့ ကိုယ်ရဲ့အနောက်မှာရပ်နေတဲ့ ပိုးကဗျာ ။

" နင်တရားလွန်နေပြီနော် ပိုးကဗျာ။ ငါလွှတ်ပေးထားတာကို ရောင့်တက်မလာနဲ့ "

ပြောရင်းနှင့် ပိုးကဗျာလက်ထဲကစာရွက်ကိုဆွဲယူလိုက်ပြီး
ကိုယ့်ဆီလှမ်းပေးလာသည်။

" သူများတွေသတိထားမိကုန်ရင် နင်ပိုရှက်ရမယ်နော် ပိုးကဗျာ။ ငြိမ်ငြိမ်နေလိုက် "

သူတို့နှစ်ယောက်ဘာဖြစ်နေဖြစ်နေ စိတ်မဝင်စားနိုင်သေး။
စာရွက်ကိုဖွင့်ဖတ်လိုက်တဲ့အချိန် ရေးထားနဲ့စာက ပိုးကဗျာက ကိုယ့်ကို စိတ်ဝင်စားကြောင်းရေးထားခြင်းဖြစ်သည် ။
နောက်ပြီး ဒီလက်ရေးတွေက ကိုယ့်ကို မုန့်ထုတ်လာထားပေးတိုင်း ရေးပေးထားတဲ့စာတွေထဲကလက်ရေး ။ ဒါဆိုကိုယ့်ကို စိတ်အနှောက်အယှက်ပေးနေတာ ပိုးကဗျာပေါ့ ။

" နင် မုန့်တွေလာထားနေတာကို ငါအရင်ထဲကသိပြီးသား ။ မသိချင်ယောင်ဆောင်နေတာက နင့်မိဘ ငါ့မိဘရင်းနှီးမှုတွေကြောင့်မလို့ ။ ငါသတိပေးထားတယ်နော် သုတျာကို ငါ့ဆီကနေလာမလုနဲ့ ။ မိန်းကလေးဆိုပြီး ညှာနေမှာမဟုတ်ဘူး "

ဆက် စကားကြောင့် ပိုးကဗျာက ကိုယ့်ဘက်ကိုကြည့်လာသည်။

" သုတျာက နင်ပိုင်တဲ့အရုပ်မဟုတ်ဘူး သျှန်းဆက်ရှိန်ဝါ ။ အဲတော့ သူ့ကိုချစ်ချင်တဲ့သူက ချစ်ပိုင်ခွင့်ရှိသလို သူကလဲ ပြန်ချစ်ပိုင်ခွင့်ရှိတယ် ။ သူငယ်ချင်းဆိုတဲ့အကြောင်းပြချက်နဲ့ နင် နေရာတကာဝင်မပါနဲ့ "

" ပိုးကဗျာ !!! "

ဆက်ရဲ့ ဒေါသသံကြောင့် သုတျာလည်းမနေသာတော့ချေ။

" ဆက်! တော်တော့ လွန်ကုန်မယ် မပြောတော့နဲ့ ။
ပိုးကဗျာ နင့်ကိုလဲငါတောင်းပန်ပါတယ်ဟာ ။ ငါ့လိုကောင်က နင်နဲ့မတန်ပါဘူး ။ နင်အနေအထားနဲ့ဆို ငါ့ထက်သာတာတွေ အများကြီးရွေးချယ်လို့ရတယ်လေ ။ ငါ့ကို နင့်ခေါင်းထဲကထုတ်လိုက်နော် ။ ဆက်! ငါတို့သွားကြရအောင် "

ပြောပြီးတာနဲ့ ဆက်ကို လက်တစ်ဖက်ကနေဆွဲပြီး
ခေါ်လာရသည် ။ လမ်းတစ်လျှောက် ဘာများပြဿနာရှာမလဲ
လန့်နေရပေမည့် ဆက်က ငြိမ်သက်နေလေသည်။
ပိုးကဗျာအကြောင်းကိုလည်း တစ်ခွန်းမှမပြော။
ထိုအကြောင်းနဲ့ပတ်သက်ပြီး ဘာဆိုဘာမှမပြောသဖြင့်
ပြဿနာမရှိလောက်ဘူးလို့သာ တွေးလိုက်မိတော့သည်။
စာမေးပွဲလဲပြီးပြီမို့ သုတျာကိုယ်တိုင်လည်း ကိုယ့်အိမ်မှာပဲပြန်နေလိုက်သည် ။ ဒီတစ်ခါတော့ ဆက်က ထူးထူးဆန်းဆန်းလိုက်ခေါ်တာမျိုးမရှိ ။

အမြဲတမ်း မခွဲအတူတူနေခဲ့တဲ့သူမို့ ပထမဆုံးအကြိမ်
သူလိုက်မခေါ်တော့ ညအိပ်တိုင်း မျက်ရည်ကျအောင်
လွမ်းမိတဲ့သူက သုတျာကိုယ်တိုင်ပဲဖြစ်လေသည် ။
ဆက်က ကိုယ့်မျက်စိရှေ့ပေါ်မလာတာ တစ်ပတ်တိတိ ။

" မင်း နေနိုင်လိုက်တာ နေတတ်လိုက်တာ ဆက်ရယ်"

အိမ်မှာ အန်တီမာရီတို့ပြောနေတဲ့စကားအရ ဒီရက်ထဲ အိမ်ကလူတွေနဲ့ ဆက်တို့မိသားစုတွေ ပြင်ဦးလွင်ကိုအပန်းဖြေခရီးထွက်ကျမည် ။ကိုယ်ကတော့ လိုက်ခွင့်မရှိတဲ့သူမို့ အိမ်စောင့်ယုံပေါ့ ။

ခရီးထွက်မည့်ရက်မှာလဲ တစ်ဖက်ခြံထဲက ဆက်ကို တွေ့လိုက်ရသည်။ မတွေ့ရတဲ့တစ်ပတ်အတွင်း ဆက်က တကယ့်ကိုလူကြီးတစ်ယောက်လိုပုံစံမျိုးဖြစ်သွား၏။ ဆံပင်တွေကိုနောက်လှန်ဖြီးထားပြီး နေကာမျက်မှန်ကို နှဖူးပေါ်ပင့်တင်ထားပုံက အဝေးကမြင်နေရတာတောင် တကယ်ကိုကြည့်ကောင်းလွန်းသည် ။ သရဖီကတော့ ဆက် နဲ့အတူတူခရီးထွက်ရမှာမို့
တက်ကြွပြီး ပျော်ရွှင်နေတော့၏ ။ သွားမှာက အနည်းဆုံး တစ်ပတ်လောက်ကြာမည် ။ ပြင်ဦးလွင်သွားရင်း အထက်မြန်မာပြည် ဘုရားဖူးထွက်ကြဦးမှာတဲ့ ။

ဟိုဘက်အိမ်သည်ဘက်အိမ် ကားနှစ်စီးတစ်ပြိုင်တည်း
ထွက်သွားတော့ ကိုယ်တစ်ယောက်ထဲပဲ ယောင်ချာချာကျန်ခဲ့ရသည် ။ ညရောက်တော့ စောစောအိပ်ယာဝင်လိုက်၏ ။ အိမ်မက်ထဲအထိ ကိုယ်ဟာ ဆက်ကို လွမ်းနေမိတော့သည် ။

पढ़ना जारी रखें

आपको ये भी पसंदे आएँगी

1.2M 48.5K 53
Being a single dad is difficult. Being a Formula 1 driver is also tricky. Charles Leclerc is living both situations and it's hard, especially since h...
Reborn BunnyTaeil द्वारा

फैनफिक्शन

362K 17.7K 79
Kang y/n was always been the black sheep of the family. Overshadow by her extremely talented, gorgeous sister Roseanne . Who has the world revolve a...
776K 47.5K 112
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...
2.3M 119K 65
↳ ❝ [ INSANITY ] ❞ ━ yandere alastor x fem! reader ┕ 𝐈𝐧 𝐰𝐡𝐢𝐜𝐡, (y/n) dies and for some strange reason, reincarnates as a ...