နှလုံးသွေးဖြင့် ဆေးပါရစေ (Com...

By Hnin_528

33.2K 1.6K 637

#Normal #Myanmar fiction #punishment type #ဆိုးသွမ်းလွန်းတဲ့ကောင်မလေးနဲ့ တည်ငြိမ်ရင့်ကျက်တဲ့ကောင်လေးရဲ့အချစ်ဇ... More

Intro
အပိုင်း 1
အပိုင်း 2
အပိုင်း 3
အပိုင်း 4
အပိုင်း 5
အပိုင်း 6
အပိုင်း 7
အပိုင်း 8
အပိုင်း 9
အပိုင်း 10
အပိုင်း 11
အပိုင်း 12
အပိုင်း 13
အပိုင်း 14
အပိုင်း 15
အပိုင်း 16
အပိုင်း 17
အပိုင်း 18
အပိုင်း 20
အပိုင်း 21
အပိုင်း 22
အပိုင်း 23
အပိုင်း 24
အပိုင်း 25
အပိုင်း 26
အပိုင်း 27
အပိုင်း 28
အပိုင်း 29
အပိုင်း 30
အပိုင်း 31
အပိုင်း 32
အပိုင်း 33
အပိုင်း 34
အပိုင်း 35
အပိုင်း 36
အပိုင်း 37
အပိုင်း 38
အပိုင်း 39
အပိုင်း 40
အပိုင်း 41
အပိုင်း 42
အပိုင်း 43
အပိုင်း 44 💙
အပိုင်း 45 (Final)

အပိုင်း 19

605 33 13
By Hnin_528

အပိုင်း 19

ဒီဇင်ဘာရဲ့အေးချမ်းတဲ့မနက်ခင်းက နန်းနန်းအားမထချင်အောင်မြူစွယ်နေ၏။ကျောင်းသွားရမည်ဖြစ်လို့ မထလို့လည်းမဖြစ်။8တန်းတစ်နှစ်လုံး သူကောင်းမွန်အားအရွဲ့တိုက်ကာမစမ်းဖူးတာတွေအကုန်စမ်းကြည့်မိသည်။ အိပ်ယာအောက်က ဘီယာဗူးခွံတွေ၊ဆေးလိပ်တိုတွေကသက်သေပင်။

"အား.....ဆောင်းရာသီကို ချစ်ပေမယ့် အိပ်ယာမထနိုင်တာကြီးတစ်ခုပဲ.....ငါ့အိပ်ယာလေးကို ကျောင်း စာသွားသင်ရင်လည်း ယူသွားချင်တယ်"

နန်းနန်း သိုးမွှေးဝမ်းဆက်လေးနဲ့ အိပ်ယာထဲကနေ ကုန်းထလိုက်သည်။ ဆံပင်ဂုတ်ဝဲလေးကို ထိုးဖွလိုက်ပြီး လက်နှစ်ဖက်ကိုအပေါ်ကိုဆန့်လိုက်သည်။

"အား...ပျင်းလိုက်တာ"

စောစောစီးစီး အပျင်းကြီးနေသောသူ့အား ကောင်းမွန်သာသိရင် ဆူပူနေလောက်မည်။အခန့်မသင့်ရင်ရိုက်ကောင်းရိုက်လိမ့်မည်။

"ဟူး နန်းနန်း မတွေးနဲ့ နင့်ကိုနာကျင်စေတဲ့သူကိုမေ့ပစ်စမ်း...ဒီခေါင်းက မတွေးနဲ့ မတွေးနဲ့"

နန်းနန်း သူ့ခေါင်းကို လက်ကလေးနဲ့ထုရိုက်နေသည်။သူကောင်းမွန်မြတ်ကိုအရွဲ့တိုက်ပြီးလုပ်ချင်သလိုလုပ်နေပေမယ့် သူကောင်းမွန်အား လိုချင်နေတုန်းပင်။မျှော်လင့်နေတုန်းပင်။

အိပ်ယာကနေ ထကာ အခန်းပြတင်းပေါက်ကိုဖွင့်လိုက်တော့ ခြံထဲမှာလေ့ကျင့်ခန်းလုပ်နေတဲ့မေလေးနဲ့ကိုကောင်းမွန်မြတ်ကိုတွေ့ရသည်။အရပ်6ပေရှိသော ကိုကောင်းမွန်မြတ်က နန်းနန်းမျက်လုံးထဲချစ်ဖို့ကောင်းနေသည်။ အားကစားဝတ်စုံဝတ်ထားသောသူ့ပုံစံက လုံးဝမိမိုက်နေသည်။
မေလေးအား အကြောလျော့လေ့ကျင့်ခန်း ခေါင်းလေ့ကျင့်ခန်း ခါးလေ့ကျင့်ခန်း အစရှိသည့်လေ့ကျင့်ခန်းတို့ကိုသင်ပေးနေလေသည်။ကိုကောင်းမွန်မြတ်က  ဒီဇင်ဘာလူထုလမ်းလျောက်ပွဲမှာလည်းအမြဲလမ်းလျောက်သည်။

"သူတို့များစောစောစီးစီးလေ့ကျင့်ခန်းလုပ်နေကြတယ် ငါနဲ့ကွာပ...အိပ်ယာကနေတောင်မနည်းထရတယ်"
.....................

နန်းနန်း ဆွယ်တာအဖြူရောင်လေးကို ဝတ်လိုက်ပြီး  ဂုတ်ဝဲဆံပင်လေးကိုတစ်လွှာစီးစီးလိုက်သည်။ပါးနှစ်ဖက်တွင်လည်း သနပ်ခါးပါးကွက်သေးသေးလေးနှစ်ဖက်ကွက်လိုက်သည်။ ထို့နောက်  ကျောင်းသွားဖို့အတွက် မေလေးဆီကိုသွားလိုက်သည်။

"မေလေး...နန်း လှလား"

"...."

မေလေး နန်းနန်းအား မျက်တောင်မခပ်ဘဲငေးကြည့်မိသည်။ဖြူဖွေးသောပါးပြင်လေးထက် ပါးကွက်သေးသေးလေးက နန်းနန်းမျက်နှာသေးသေးနဲ့လိုက်ဖက်လွန်းသည်။ ဆံပင်တို့ကို တစ်လွှာစီးစီးထားသောသူ့ရှေ့ကကောင်မလေးက သွားလေးဖြီးကာ ပြုံးပြနေသည်။ နန်းနန်းက သူ့နှလုံးသားကို လှုပ်ခတ်သွားအောင် ပြုစားနိုင်တဲ့ နတ်နိမယ်လေးပင်ဖြစ်သည်။

"မေလေး လာကျောင်းသွားမယ်လေ"

"အေး သွားမယ် နန်းနန်း"
...........

ဒုတ်..ဒုတ်...ဒုတ်...

ကောင်းမွန် ရင်ခုန်သံတွေမြန်လွန်းနေသည်။

ပါးကွက်သေးသေးလေးကွက်ထားသောနန်းနန်းရဲ့ခပ်ချောချောမျက်နှာလေးကို သူတွေ့လိုက်ရတော့ သူ့ရင်ထဲတမျိုးဖြစ်လို့နေသည်။ ဒါဟာအချစ်ဆိုရင် သူနန်းနန်းကိုချစ်နေတာကြာနေလေပြီ။နန်းနန်းနဲ့ပတ်သက်ပြီး ရသမျိုးစုံခံစားချက်မျိုးစုံ ခံစားနေရတာ သူတော်တော်ကြာပြီဖြစ်၏။ထိုကောင်မလေးက သူ့အားရင်ခုန်စေသည်။စိတ်တိုစေသည်။ဒေါသဖြစ်စေသည်။ပျော်ရွှင်စေသည်။ဝမ်းနည်းစေသည်။
................

ကျောင်းတက်ဖို့ 15မိနစ်လိုသေးသည်။ နန်းနန်း သူ့အားငေးကြည့်နေသော ကောင်းမွန်မျက်နှာကိုမြင်ယောင်လာသည်။ မေ့ပစ်ချင်ပေမယ့်မေ့လို့မရတဲ့ ကောင်းမွန်အား သူပွေ့ဖက်ချင်မိသည်။

"မေလေး.....ငါ နင့်ကိုရင်ဖွင့်ချင်လို့ နားထောင်ပေးမလား"

"နန်းနန်း.....နင်ငါ့ကိုပြောချင်တာပြောလို့ရတယ်...နင် ငါနဲ့ရှိနေရင်စကားတွေထိန်းပြောစရာမလိုဘူး...နင်မှားမှားမှန်မှန် ငါနင့်ဘက်မှာအမြဲရှိနေပေးမာ...နင်ပြောချင်တာကိုပြော ငါနားထောင်ပေးမယ်..... ငါ နင့်ဘေးမာတစ်သက်လုံးရှိနေပေးချင်တာ"

နန်းနန်း မေလေးစကားကြောင့် ပြုံးလိုက်သည်။မေလေးက သူ့အား နားလည်ပေးလွန်းသည်။မေလေးက သူ့အတွက် ကံကြမ္မာက ဖန်ဆင်းပေးလိုက်သော အဖိုးတန်သည့် လက်ဆောင်လေးဖြစ်လိမ့်မည်။

"မေလေး...ငါ ကိုကောင်းမွန်မြတ်နဲ့ပတ်သက်ပြီးအမြဲခံစားနေရတယ်...ငါ သူ့ကိုချစ်မိနေတာ"

နန်းနန်း စကားကြောင့် မေလေးကြေကွဲရလေပြီ။ သူချစ်ရသူက သူ့ရဲ့အကိုကိုချစ်နေသည်တဲ့လား။မေလေး စိတ်တွေစုစည်းမရ။အရာအားလုံးကိုပင်မမြင်နိုင်တော့ဘဲမျက်လုံးကလည်းဝေဝါးလို့နေသည်။

နန်းနန်း သူ့ရင်ထဲခံစားနေရတဲ့အရာတွေ မေလေးကိုရင်ဖွင့်နေရင်း လက်က ခုံပေါ်မှာရှိတဲ့စာရွက်ဆီကိုရောက်သွားသည်။သူ့လက်က ထိုစာရွက်ကို ကိုင်ကာ  အပိုင်းအစလေးတွေ အများကြီးဖြစ်အောင်ဖြဲနေမိသည်။နန်းနန်း သူကိုယ်တိုင်လည်း ထိုစာရွက်ကို မကြည့်မိ။မေလေးလည်း နန်းနန်းဖြဲနေသောစာရွက်ကို မကြည့်နိုင်။အချစ်စိတ်က မိုးမွှန်နေသဖြင့်ဘာမှဂရုမစိုက်နိုင်ဖြစ်လို့နေသည်။

"နန်းနန်း...ကိုကို့ကို နင်တကယ်ချစ်နေမိတာလား"

"အင်းဟုတ်တယ် ငါကိုကောင်းမွန်မြတ်ကိုချစ်တယ်"

ရုတ်တရက်စာသင်ခန်းထဲဝင်လာသော ဆရာမကြောင့် နန်းနန်းနဲ့မေလေးစကားပြောတာရပ်သွားသည်။

"ဟင် နန်းနန်း.... အား...ခုံပေါ်တင်ထားတဲ့ recordစာရွက်မလားအဲ့တာ"

"ဟင်"

"ငါရိုက်ခံရတော့မယ်ထင်တယ်....ကိုကို့ဆီက မရိုက်ခံရတာကြာနေပြီ...အခုတစ်ခါကိစ္စ ကိုကိုခွင့်မလွှတ်လောက်ဘူး"

နန်းနန်းလည်း မေလေးရဲ့recordစာရွက်သူဖြဲမိလိုက်သည်ကို သူစိတ်မကောင်း။သူလည်း တကယ်မရည်ရွယ်ဘဲ ဖြစ်သွားတာဖြစ်သည်။

"မေလေး ငါတောင်းပန်ပါတယ်ဟာ ...ငါတကယ်မသိလိုက်ဘူး...ငါ ကာကွယ်ပေးမယ် နင့်ကို... ဘာမှမကြောက်နဲ့နော်"

နန်းနန်း မေလေးရဲ့ခေါင်းလေးကို ဖွဖွလေးကိုင်လိုက်သည်။မေလေးရဲ့မျက်ဝန်းက မျက်ရည်တို့ဝဲကာနေသည်။

"ရတယ်နန်းနန်း...ကိုကို့ကို ပျောက်သွားတာ လို့ပဲငါပြောလိုက်မယ်"

"ဟင့်အင်း ငါ့ကြောင့်ပါ...ငါပြောပေးမယ်နော်"

...................

ဒေါ်မြင့်ဖူးမောင် သူ့ရဲ့ကျောက်မျက်ရတနာဆိုင်အတွက် မော်ဒယ်ရှာနေတဲ့ကိစ္စက အခုထိ အဆင်မပြေ။သမီးလေးမွေးနေ့မှာR6 စပရိုက်တိုက်ဖို့ကိစ္စကိုလည်း သူလုပ်ရဦးမည်။8တန်းစာမေးပွဲပြီးမှဝယ်ပေးမည်ပြောထားသော်လည်းမွေးနေ့အမှီစပရိုက်တိုက်ပေးမည်တွေးထားသည်။
ရုတ်တရက် ဖုန်းဝင်လာသဖြင့် ကိုင်လိုက်တော့ သူငယ်ချင်းအားမော်ဒယ်ကိစ္စစုံစမ်းခိုင်းထားသည့်ကိစ္စဖြစ်နေသည်။

"ကျေးဇူးသူငယ်ချင်း ...အေး....ငယ်ငယ်ချောချောလေးဆိုတော့ပိုအဆင်ပြေတယ် အေးအေး အဲ့တာဆိုအဲ့ကောင်လေးနဲ့ ငါမနက်ဖြန်တွေ့ကြည့်လိုက်မယ်"

"....."

"အိုကေ သူငယ်ချင်း ကျေးဇူးနော်"

.............

ခြေလှမ်းတို့က အိမ်ထဲဝင်ရမာကိုမေလေးအတွက်တွန့်ဆုတ်လို့နေသည်။ ကိုကို ကျောင်းကပြန်မလာသေးဘူးဆိုတာသိပေမယ့် သူ အိမ်ထဲမဝင်ချင်။
Recordစာရွက်ကို ကိုကိုက ဘယ်လောက်အလေးထားကြောင်းသူသိသည်။ပျောက်သွားတာလို့ပဲ သူပြောလိုက်မည်။ နန်းနန်းကြောင့်လို့သူမပြောချင်။ချစ်ရသူနန်းနန်းအား ကိုကိုကစိတ်ဆိုးမည်ကိုလည်းသူမလိုချင်။

"နန်းနန်း....သမီး သူငယ်ချင်း သူရဇော်ဆိုလားပဲ.... ဖုန်းလာနေတယ်"

"ဟုတ်မေမေ"

နန်းနန်း မေမေပေးသောဖုန်းကိုယူလိုက်ကာ သူရဇော်နဲ့ဖုန်းပြောလိုက်သည်။

"နန်းနန်း ဆိုင်ကယ်စီးလိုက်ဦးမလား"

"အေး လိုက်မယ်လေ ဒါပေမယ့်ညနေ5နာရီဆိုပြန်ပို့ပေးရမယ်နော်"

"အိုကေ ငါလာခေါ်မယ်"

နန်းနန်း ဖုန်းပြောပြီးနောက် မေလေးဆီကိုသွားလိုက်သည်။ သူအပြင်မှာ1နာရီလောက်ဆိုင်ကယ်သွားစီးမလို့ဟုပြောလိုက်သည်။အပြင်ကပြန်လာရင်ကိုကောင်းမွန်မြတ်ကိုသူပြောပေးမည်၊သူအပြင်ကပြန်မလာမချင်း recordစာရွက်ကိစ္စမပြောသေးနဲ့ဦးဟု မေလေးကိုသေချာမှာထားသည်။
............

ကောင်းမွန်မြတ် ကျောင်းကပြန်လာလာချင်း အဝတ်အစားလဲလိုက်သည်။ဆေးကျောင်းတစ်ကျောင်းလုံးမှာ စာအတော်ဆုံးကျောင်းသားဟုနာမည်ကြီးလှသောသူ့ကို မသိတဲ့သူမရှိပေ။ဆရာဆရာမများကလည်းသူ့အားချစ်ကြသည်။ရွှေအိမ်စည်နဲ့သူနဲ့အား တစ်ကျောင်းလုံးကတွဲနေကြသည်ဟုထင်ကြသည်။စာအတော်ဆုံးကျောင်းသားနဲ့ ဆေးကျောင်းရဲ့အချောဆုံးကျောင်းသူတို့ဇာတ်လမ်းက ဝတ္ထုတစ်ပုဒ်လိုပင်လူတိုင်းပါးစပ်ဖျားမှာ ရေပန်းစားလှသည်။

ကောင်းမွန် မေလေးအားစာသင်ပေးရန် အခန်းထဲကိုသွားလိုက်သည်။

"မေလေး"

"ဟင် ..ရှင် ကိုကို"

မျက်နှာအမူအရာကပျက်နေသောညီမဖြစ်သူကြောင့်ကောင်းမွန် သူ့ညီမတစ်ခုခုမဟုတ်တာလုပ်ထားပြီဆိုတာသိ၏။

"မေလေး ဘာပြုနေတာလဲ"

"ဟင့်အင်း"

"မေမွန်မြတ် ကိုကို့ကိုအမှန်တိုင်းပြော ဘာဖြစ်နေတာလဲ"

"ကိုကို...မေလေး recordစာရွက်ပျောက်သွားတာ"

"ဘယ်လိုပျောက်သွားတာလဲ"

"မသိဘူး ကိုကို"

"မသိဘူးဆိုတဲ့အဖြေမလိုချင်ဘူး စဥ်းစားပြီးသေချာဖြေ"

"....."

5မိနစ် 10မိနစ် 15မိနစ် ကြာလေပြီ။မဖြေဘဲမတ်တပ်ရပ်နေသောညီမဖြစ်သူကြောင့် ကောင်းမွန်စိတ်တိုလာလေပြီ။

"မေလေး အဲ့recordစာရွက်ထဲက စာတွေမှတ်မိလား"

"ဟင့်အင်း"

"ကိုကို recordစာရွက်ကို ဘာလို့ အလေးထားတယ်ဆိုတာမေလေးသိတယ်နော်...ဘာကိစ္စပျောက်ရတာလဲ...ကိုကို့ကိုအမှန်တိုင်းပြောပျောက်သွားတာသေချာလား"

"မေလေး ပျောက်သွားတာပါကိုကို...ကိုကို့စကားအလေးမထားတာအပြစ်ရှိပါတယ် အပြစ်ပေးပါကိုကို"

မေလေး တစ်ဖက်ကလက်ပိုက်ကာ ကျန်လက်တစ်ဖက်က ရှေ့ကိုဖြန့်ထားလိုက်သည်။

"ဘာလို့ ရိုက်စေချင်နေတာလဲ မေလေး.....ကိုကို မရိုက်သေးဘူး ဖြေ ကိုကို့ကို....ဘယ်လိုပျောက်တာလဲသိချင်တယ်"

"မေလေး ဆော့ရင်းပျောက်သွားတာပါကိုကို အဲ့စာရွက်နဲ့ကျောင်းမှာဆော့ကြတာ"

မဖြစ်နိုင်သောအဖြေတွေဖြေနေသောညီမဖြစ်သူအား ကောင်းမွန်ဒေါသထွက်မိသည်။

"မေလေး ကိုကို့ကိုမလိမ်နဲ့ အခုဘယ်လိုပျောက်တာလဲဖြေလို့ပြောနေတယ်နော်....ပြီးတော့မဖြစ်နိုင်တဲ့အဖြေတွေဖြေနေတာအခုချက်ချင်းရပ်"
"ကိုကို တကယ်ပါ"

"မေမွန်မြတ်!! ညီမလေး ကိုကို့ကိုလိမ်နေတယ်ဆိုတာသိတယ်နော်...ကိုကိုအလေးထားတဲ့ အဲ့recordစာရွက်ကိုညီမလေးဆော့ကစားမယ်ဆိုတာ ကိုကိုမယုံဘူး....အဲ့လိုလူမှမဟုတ်တာ မေလေးက"

"...."

"မျက်ရည်မကျနဲ့ ကိိုကို့ကိုကြည့်....အဲ့မျက်ဝန်းအိမ်ထဲက မျက်လုံးတွေအောက်ကိုတစ်ပေါက်ထပ်ကျရင်ရိုက်ပြီပဲ"

ဖြန်း...

"မကျနဲ့လို့ပြောနေတယ်လေ"

"အီးဟီး"

ဖြန်း...

ဖြန်း

"အခုတိတ်"
..........

"မေလေး!!"

နန်းနန်း ဆိုင်ကယ် တစ်နာရီစီးမည်ပြောသော်လည်း နာရီဝက်စီးပြီးသာပြန်လာသည်။မေလေးကိုစိတ်မဖြောင့်သဖြင့်ပြန်လာတာ မှန်လေပြီ။

"ကိုကောင်းမွန်မြတ် မေလေးကို ဘာလို့ရိုက်နေတာလဲ"

"ကိုကို့ညီမနဲ့ ကိုကို့ကြားကပြသနာကြောင့်....ဘာကိစ္စရှိလို့လဲနန်းနန်း"

"record စာရွက် နန်းနန်းဖြဲမိတာ"

"ဘာ!!"

"ဟုတ်တယ် မရည်ရွယ်ဘဲဖြဲလိုက်မိတာ...အဲ့တာမေလေးကိုမရိုက်ပါနဲ့"

"မေမွန်မြတ် ကိုကို့ကိုလိမ်ရတာပျော်လား...ဟမ်"

ကောင်းမွန်မြတ် မေလေး သူ့အားလိမ်နေတယ်လို့တွေးထားတာအမှန်ဖြစ်နေသည်။လိမ်တာမကြိုက်တာသိရက်နဲ့သူ့အားအကြိမ်ကြိမ်လိမ်နေသောညီမဖြစ်သူကိုတကယ်အံ့သြမိသည်။

"မေမွန်မြတ် ဘာလို့လိမ်တာလဲ လာစမ်း"

ဖြန်း...ဖြန်း..ဖြန်း

"နင်ပြောတော့ ပျောက်သွားတာဆို"

ဖြန်း

"ငါအကြိမ်ကြိမ်မေးနေတာကို မဖြေဘူး လိမ်ချင်ဦး"

ဖြန်း

"ကိုကောင်းမွန်မြတ် !!တော်ပါတော့....မေလေးကိုမရိုက်ပါနဲ့"

"မင်းဖယ်စမ်း"

ကောင်းမွန် နန်းနန်းကို တွန်းထုတ်လိုက်သည်။

ဖြန်း...ဖြန်း

မေလေးရဲ့ တင်ပါးအား ကြိမ်လုံးနဲ့ အဆက်မပြတ်ရိုက်နေသည်။

"ကိုကောင်းမွန်မြတ်!!"

ဖြန်း...အာ့

နန်းနန်း မေလေးအစားတစ်ချက်ဝင်ခံလိုက်သည်။

"ကိုကောင်းမွန်မြတ် နန်း တော်တော့လို့ပြောနေတယ်လေ ဘာလို့စကားနားမထောင်ရတာလဲ!!!"

သူ့အားအော်သောကောင်မလေးအားကောင်းမွန်ကြည့်လိုက်မိသည်။ မျက်ဝန်းကဒေါသကြောင့်တောက်လောင်နေသည့်အရိပ်အယောင်တို့ဖြစ်နေသည်။

"အကို့ကို နန်းချစ်နေတာ သိလား....အကို့ကို နန်း ချစ်တယ်...အကို့လို လူကို နန်းချစ်နေမိတဲ့နေ့ကစပြီး နန်းပူလောင်ရတယ်"

ကောင်းမွန်မြတ် သူ့အားချစ်တယ်လို့ဖွင့်ပြောနေသောကောင်မလေးကြောင့် လက်က ကြိမ်လုံးကိုလွှတ်ချမိလိုက်သည်။

"အကို့ကို နန်း ချစ်နေတာမို့ နန်း စကားကို အလေးအနက်ထားပြီးနားထောင်ပေးဦး....ကိုယ်ချစ်ရတဲ့သူက ကိုယ့်စကားနားမထောင်ရင်ဒေါသဖြစ်ရတယ်မလား... နန်းဒေါသမဖြစ်ချင်ဘူး"

"...."

"နန်းကြောင့် မေလေးရဲ့စာရွက်ပျက်ဆီးသွားတာ နန်းတောင်းပန်ပါတယ်...အဲ့စာရွက်ဖြဲမိသွားတာက အကို့ကိုချစ်ကြောင်းမေလေးကိုရင်ဖွင့်နေရင်းမတော်တဆဖြစ်သွားတာပါ...အဲ့လောက်ထိ ရိုက်စရာလိုလား"

"အခု ကိုကိိုရိုက်နေတာက သူလိမ်လို့....ငယ်ငယ်ကတည်းက လိမ်တာနဲ့ပတ်သက်ပြီးဆုံးမထားတာကိုမမှတ်ဘူး"

"ကိုကောင်းမွန်မြတ် အကို့ကို နန်းချစ်တယ်.....နန်းရဲ့မွေးနေ့ ဒီ ဒီဇင်ဘာလမှာရှိတယ် မွေးနေ့လက်ဆောင်အဖြစ်အဖြေပြန်မပေးချင်ဘူးလား"

နန်းနန်း ကိုကောင်းမွန်မြတ်အား10တန်းပြီးမှဖွင့်ပြောမည်တွေးထားသော်လည်း အခုဖွင့်ပြောမိလိုက်ပြီဖြစ်သည်။

"နန်းနန်း...အကိုတို့မဖြစ်နိုင်ဘူး....ညီမကငယ်သေးတယ် ညီမစာကိုပဲကြိုးစားရမယ်"

"ဟင့်အင်း ငယ်လည်းဘာဖြစ်လဲ...အကို့ကိုတကယ်ချစ်နေတာ... မွေးနေ့လက်ဆောင်အဖြစ် ချစ်တယ်ဆိုတဲ့အဖြေပေးလိုက်စမ်းပါ"

ကောင်းမွန်မြတ် ခေါင်းခါမိသည်။
သူ့ရှေ့ကကောင်မလေးက စိတ်ကစားတတ်တဲ့အရွယ်မို့သူမဖြစ်သင့်တာမဖြစ်အောင်တားရမည်။

"ကိုကိုတောင်းပန်ပါတယ် နန်းနန်း...နန်းနန်းအချစ်ကို ကိုကိုလက်မခံနိုင်ဘူး"

နန်းနန်း ရင်ထဲဗလောင်ဆူနေမိသည်။ မေလေးလည်းသူ့ရှေ့ကမြင်ကွင်းတွေကြောင့်ငိုနေမိသည်။ကိုကိုရိုက်ထားသဖြင့်နာလှသောတင်ပါးကနာကျင်မှုထက် ရင်ဘတ်ကနာကျင်မှုကပိုလွန်းသည်။

"ကိုကောင်းမွန်မြတ်!!!နန်းနန်း လိမ္မာပါ့မယ် နန်းနန်းအချစ်ကိုလက်ခံပေးပါ... နန်းနန်းတို့ချစ်သူတွေလုပ်ကြရအောင်"

"ဟင့်အင်း ကိုကို လက်မခံပါရစေနဲ့"

ကောင်းမွန်မြတ် ချစ်နေရက်နဲ့ တမင်ငြင်းလိုက်ခြင်းဖြစ်သည်။

"ဟင့်"

နန်းနန်း အခန်းထဲကနေ ပြေးထွက်ပြီး သူ့ရဲ့အိပ်ခန်းဆီကိုဦးတည်ကာသွားလိုက်သည်။

အိပ်ခန်းထဲသို့အရောက်....

"ခင်ဗျား သိပ်ရက်စက်တယ်...နန်းနန်း အရမ်းဆိုးလာမှ ခင်ဗျားအပြစ်မ​ပြောနဲ့..အား"

ဒုန်း...ခလွမ်း...

"ကိုကောင်းမွန်မြတ် ခင်ဗျားက နန်း ကို ငြင်းလိုက်တယ်တဲ့လား...ဟား..ဟား"

#နှင်း

#15.10.2023










.....................



"...."



...........



................



















...................



"....."


.............








............













"....."












"...."







..........





























"...."




















#15.10.2023

Continue Reading

You'll Also Like

34.1K 31 5
ER DU LIDERLIG? GØR ONANI BEDRE MED FANTASIEN HER! !HANDLER UDELUKKENDE OM SEXSCENER! Skriv "mere", hvis I ønsker flere ;) 🥇- hot 🥇- liderlig 🥇...
210 5 6
Maya er på sejltur med sin familie. En aften hun må op med opvasken støder en fyr ind i hende med en tung duft af aftershave. Maya betænker det medvi...
10.8K 90 8
A sixteen year old female named Raven is kidnapped while at a party. This guy is so hot she doesn't give a shit! A 21 year old gang leader named Ryde...
1.2K 22 6
Chloe er 17 årig smuk ,genert pige . Som fik sit hjerte knust. Men hvad vil der ske når hun flytter ind ved siden af fuckboyen Alex.