The Deal With A Demon King

By HninAung913

130K 12.8K 931

မိစ္ဆာဘုရင်တစ်ပါးနဲ့ တနှစ်တာ စာချုပ်ချုပ်ဆိုပြီးတဲ့နောက်မှာ သူ့ရဲ့ကံတရားက စတင်ပြောင်းလဲလာခဲ့တယ်။ ဒါမှမဟုတ် သူ... More

Intro And Characters
Part 1 (အမှတ်အသား)
Part 2 ( ဘဝရဲ့စာမျက်နှာ)
Part 3 ( ပူလောင်ခြင်း)
Part 4 ( ကျေးဇူးကြွေး)
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Characters of Deal (Edit)
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31**
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 50
Part 51
Part 52
Part 54
Part 55
Part 56
Part 57

Part 53

234 32 1
By HninAung913

Unicode

" သေပြီ....သူသေပြီ...ဟုတ်လား။ မဖြစ်...မဖြစ်နိုင်....ဘူး.."

" ဟုတ်တယ်။ အနှစ်တထောင်ချုပ်နှောင်မယ်လို့ ဆုံးဖြတ်ခဲ့တာက အန္တာရာယ်ကိုဖိတ်ခေါ်သလိုဖြစ်နိုင်တာမို့ နတ်မင်းတွေနဲ့ဆွေးနွေးပြီး သူမဆန့်ကျင်နိုင်ခင် တခါတည်းအပြတ်ရှင်းလိုက်ကြတာ။"

နျူးက မျက်ရည်တို့ တရစပ်ကျဆင်းလာသော မျက်ဝန်းတို့ဖြင့် ရှန်းဝူပိုင်ကိုကြည့်လာသည်။ ထိုအကြည့်တို့က မုန်းတီးနေသည့်အကြည့်တို့အစား ဝမ်းနည်းပူဆွေးမှုတို့ကြောင့် ခိုကိုးရာမဲ့သွားသည့် သူတယောက်နှယ်ဖြစ်လို့နေပါ၏။ သူသည်ရှန်းဝူပိုင်၏ လက်မောင်းနှစ်ဖက်ရှိဝတ်ရုံစကို တက်နိုင်သလောက် ဆုပ်ကိုင်ရင်း ငိုကြွေးကာ

" မဟုတ်ဘူး သူသေသွားတာ မဖြစ်နိုင်ဘူး။ အမြုတေ အမြုတေစွမ်းအား....အဲ့တာက....အခုထိ....ဒီထဲမှာ....ရှိနေသေးတယ်...အဲ့တာကြောင့်...အဲ့တာကြောင့်..."

ရှန်းဝူပိုင်သည် မနေနိုင်စွာဖြင့် နျူး၏ခေါင်းရှိဆံနွယ်များကို ခပ်ဖြည်းဖြည်းထိကိုင်လာပြီးနောက် သူ၏ရင်ခွင်ထဲသို့ နျူးအားမှီစေကာ ခပ်ဖွဖွပုတ်ပေးသည်။ ထို့နောက် နူးညံသည့်အသံဖြင့်

" အမြုတေထပ်ဝက်ခွဲမျှဝေတာက တဖက်သူကသာ ဆန္ဒရှိရင်သူသေဆုံးသည်ထိတိုင် တဖက်အသက်ရှင်နေသေးသူဆီမှာ ဆက်ပြီး ရှိနေအုန်းမှာ..."

နျူးသည် ရှန်းဝူပိုင်ကိုဆက်ကာ ရန်မတွေ့နိုင်တော့ပဲ သူ၏ရင်ဘတ်ကိုထုရင်း ယွင်းရန်ကိုသေဆုံးသွားပြီဟူသော သတင်းကြောင့်သာ ဝမ်းနည်းပက်လက်ငိုကြွေးနေပါတော့သည်။

.................................................

ရှန်းဝူပိုင်ကို မှီတွယ်ထားလျက်ပင် နျူးသည်အချိန်အတော်ကြာ ငိုကြွေးနေခဲ့သည်။ မျက်နှာတစ်ခုလုံးပင် ရဲရဲနီလျက် မျက်ဝန်းအောက်နားများဆိုလျင် သွေးစတို့ပေကျံနေသလားပင်ထင်ရပါ၏။ သို့သော်လည်း မောပန်းသွားသည့်အချိန်တွင်တော့ ရှန်းဝူပိုင်၏လက်ထဲ၌ပင် အိပ်ပျော်သွားခဲ့ပြီး ရှန်းဝူပိုင်ကပင် မက်မွန်တောသို့ နျူးအားပွေ့ကာ ဂရုတစိုက်နေရာချပေးခဲ့သည်။

ရှန်းဝူပိုင်က ငိုထားသောကြောင့် မို့ကာဖောင်းနေသော မျက်ဝန်းတစ်စုံနှင့် ပါးပြင်ပေါ်ရှိမျက်ရည်များနှင့် ကပ်တွယ်နေသော နျူး၏ဆံနွယ်ဖြူများကို ဘေးသို့သပ်တင်ရင်း အိပ်ပျော်နေသော နျူးကိုထိုင်ကြည့်နေမိသည်။

" မင်းနာကျင်ခဲ့ရတာတွေအတွက် ကိုယ်တကယ်တောင်းပန်ပါတယ်။ ဒါပေမဲ့.....ကိုယ် နောင်တမရဘူး....ကိုယ့်ကို မင်းတချိန်ကျ ခွင့်လွှတ်လာနိုင်မှာပါ။ မင်း ယွင်းရန်ကိုလည်း မေ့နိုင်သွားမှာ...."

ရှန်းဝူပိုင်သည် မိမိကိုယ်ကိုညွှန့်ကိုင်းကာ နျူး၏နှဖူးပြင်အား ခပ်ဖွဖွအနမ်းပေးလိုက်သည်။ ထို့နောက် ရဲနေသော နှခေါင်းထိပ်၊ ထို့နောက်တွင်မှ မဝံ့မရဲသာဖြင့် နျူး၏နှုတ်ခမ်းဆီသို့ ဆင်းလာခဲ့လေသည်။ နှုတ်ခမ်းချင်း ထိလုနီးအချိန်တွင်မှ နျူးက နှစ်ချိုက်စွာအိပ်ပျော်နေပြီး ပျင်းကြောဆန့်လာသာ သူ၏ကိုယ်အား ရှန်းဝူပိုင်နှင့်ဆန့်ကျင်ဘက်တဖက်သို့ လှည့်သွားကာ ဆက်အိပ်နေလေသည်။

ရှန်းဝူပိုင်သည်လည်း အနမ်းခိုးပေးမိသည်ကို သတိရမိသွားကာ ထိုင်နေရာမှ အမြန်ထလိုက်မိသည်။ တဖက်သို့လှည့်ကာ အိပ်ပျော်နေသာ နျူးကိုတချက်ငုံ့ကြည့်လိုက်ပြီးတဲ့နောက်

" ကိုယ်....မင်းကိုထပ်ပြီး မထိန်းချုပ်ချင်တာမို့ မင်းလည်း ကိုယ့်ဘေးမှာ အရင်တိုင်းလေးပဲ ရှိနေပေးပါ။"

"........"

နျူးကတော့ ဆက်လက်အိပ်မောကျနေဆဲဖြစ်ပုံပေါ်ပြီး ရှန်းဝူပိုင်ကတော့ နျူး၏အဆောင်ထဲမှ ထွက်သွားလေတော့သည်။

သို့သော် နျူးသည် ရှန်းဝူပိုင်ထွက်သွားသည်နှင့်တပြိုင်နက် သူ၏မျက်ဝန်းများကို ဖွင့်ဟလိုက်တော့သည်။ ထိုမျက်ဝန်းပြာပြာများကို ရဲနေသောမျက်ဝန်းဘောင်တို့က အလှတစ်ခုသဖွယ် ဖော်ပြနေလျက်ရှိသည်။ နျူးသည် သူ၏ကုတင်ထက်တွင်လှဲနေရာမှ ချက်ချင်းထကာ ထိုင်လိုက်သည်။ လက်တဖက်အား နှလုံးသားရှိရာ ဘယ်ဘက်ရင်ဘတ်ပေါ်သို့တင်လိုက်ရင်း

" ဒီနေရာတစ်ခုလုံးက သူ့အမြုတေစွမ်းအင် အငွေ့အသက်ကြောင့် သေမလိုနာကျင်နေရတာ။

မိစ္ဆာဘုရင်ကြီး အခုဆိုတနေရာရာကနေ ကျွန်တော့်ကိုအရမ်း မုန်းနေတော့မှာပဲ။ ဟုတ်တယ်မလား။ "

နျူးသည် တချက်ခန့် ရယ်လိုက်မိ၏။

" အခုလောက်ဆို နုတ်နုတ်ပါစင်းပစ်ချင်နေလောက်မှာ။ ငါတို့မိစ္ဆာဘုရင်ကြီးက အရမ်းကိုမှ စိတ်တိုလွယ်တာကို...."

ထို့​နောက် နျူးသည် ရှန်းဝူပိုင်ထွက်သွားသော တံခါးပေါက်ကို လှမ်းကြည့်နေရင်း သူ၏ရင်ဘတ်အားကိုင်ထားသောလက်ကို ပြန်ချလိုက်သည်။

" ရှန်းဝူပိုင်.....ငါက မင်းပြောသမျှ စုံလုံးကန်းသလို ယုံမဲ့ နတ်သူငယ်လေးမဟုတ်တော့ဘူး။ အခုချိန်ကစပြီး ငါ...... မင်းပြောတဲ့ ဘယ်လိုအရာမျိုးကိုမဆို မယုံကြည်တော့ဘူး။"

..................................................................

" မိစ္ဆာတိုင်းပြည်ကို ဘယ်လိုစီရင်မှာလဲ။"

ချန်းရှ၏အမေးကြောင့် ရှန်းဝူပိုင်က သူ့အယးလှမ်းကြည့်လာသည်။ ကြည့်လက်စ စာလွှာကိုစားပွဲပေါ်သို့ ပြန်တင်လိုက်ရင်း

" မင်းမဲ့တိုင်းပြည်ဖြစ်နေပြီဆိုတော့ သူတို့မျိူးနွယ်တူချင်း ချကြပါစေ။ ငါတို့နှစ်တစ်ရာ နှစ်ရာလောက် စောင့်ကြည့်ကြတာပေါ့။"

" မင်းက မင်းရဲ့ပုံစံထက်ကိုပိုပြီး ယုတ်မာတတ်တာပဲ။"

ချန်းရှ၏ ရယ်သံစွပ်သည့်စကားကြောင့် ရှန်းဝူပိုင်က သူ့ကိုကြည့်လိုက်၏။ ထို့နောက် အသာပြုံးလိုက်ကာ

" ချီးကျူးပေးတာ ကျေးဇူးတင်တယ်"

" ....."

ရှန်းဝူပိုင်က ကောင်းကင်တံဆိပ်တော်ကို စာလွှာပေါ်၌ ဖိကာရိုက်လိုက်သည်။ ထို့နောက် အပြင်ရှိနတ်သူငယ်နှစ်ပါးက လာယူ၏။ ရှန်းဝူပိုင်က ထိုနှစ်ဦးအား ပြုံးလျက်ပင်

" အခန်းအနားကို အမှားအယွင်းမရှိအောင် သေချာပြင်ဆင်ပါ။ ဒီဟာက သူ့ဘဝအတွက် အပျော်ရွှင်ဆုံး နေ့တရက်ဖြစ်ဖို့လိုတယ်။"

" အမိန့်တော်အတိုင်းပါ ကောင်းကင်မင်းကြီး..."

နတ်သူငယ်နှစ်ပါးက ရှန်းဝူပိုင်အား ဂါရဝပြုပြီးနောက် ပြန်ထွက်သွားလေတော့သည်။ ချန်းရှက သူ၏ယပ်တောင်ကို ခပ်ဖွဖွခပ်ရင်း

" မင်း သူ့အတွက်ဒီလောက်တောင် လုပ်ပေးနေတာ။ ဟိုက မင်းကိုဂရုတောင်မစိုက်တဲ့အပြင် မင်းကိုတောင် သတ်တော့မလို့။"

" ငါဂရုမစိုက်ဘူး။"

" ယား...မဟုတ်သေးဘူးနော်။ မင်းဘယ်လိုပဲ သူ့ကိုယွင်းရန်သေပြီလို့ လိမ်ထားထား...သူက မင်းကိုမုန်းနေမှာ... မင်းအတွက် အန္တာရာယ်ရှိလာနိုင်တယ်။

ဒါမှမဟုတ် သူ့ကိုမန္တန်နဲ့ပဲ ချုပ်ကိုင်ထားလိုက်ပါလား။ အဲ့တာက ပိုအဆင်ပြေတယ်လို့ ငါတော့ထင်တယ်။ "

ရှန်းဝူပိုင်က အပြုံးတချို့နှင့်စာလွှာကိုဖတ်နေရာမှ ချန်းရှ၏အကြံကြောင့် အရာအားလုံးရပ်တန့်သွားလေသည်။ ထို့နောက် ချန်းရှအားကြည့်ကာ

" နတ်သတ်တမ်းအရှည်ကြီးမှာ ဘာမဟုတ်တဲ့မိစ္ဆာတကောင်ကြောင့် သူငါ့ကိုဘယ်လောက်ထိများ စိတ်ဆိုးနိုင်မှာလဲ။

ငါတို့ကြားမှာ ယွင်းရန်နဲ့သူနဲ့ကြားကထက် ပိုရှည်တဲ့အမှတ်တရတွေရှိခဲ့ကြတာပဲ။ မသိနိုင်ဘူး တရက်ကျရင် သူစိတ်ဆိုးပြေပြီး ငါ့ဆီကိုပြန်လာလောက်မှာ...

ဘယ်နှနှစ်ပဲဖြစ်ဖြစ် ငါစောင့်နေမှာ။"

တဖက်တွင် တကယ်တမ်းဝန်ခံရလျင်လည်း သူ နျူးအားထပ်မံ၍မထိန်းချုပ်ချင်တော့ပါချေ။ ထိုကိစ္စက နျူး၏ကိုယ်ခန္တာအား ပျက်စီးထိခိုက်စေနိုင်သည့်အပြင် သူသည်လည်းထိုသို့သော နျူးနှင့်မတူသည်ဟုခံစားရသည့် နျူးပုံစံအား မကြိုက်ပါချေ။

တွေးတောနေရင်းမှ ရှန်းဝူပိုင်က တစ်စုံတစ်ခုကို သတိရမိသည့်အလား ချန်းရှကိုလက်ညိုးထိုးကာ

" ပြီးတော့....နျူးက မင်းကိုတောင်မနိုင်တာ ငါသာတစ်ခုခုဖြစ်ခွင့်မပေးရင် သူငါ့ကိုဘယ်လိုမှ ထိနိုင်မှာမဟုတ်ဘူး။ ငါ့ကိုအန္တာရာယ်ဖြစ်စေမယ်ဆိုတာ အဓိပ္ပါယ်မှမရှိတာ။ "

"......"

" ဘာပဲဖြစ်ဖြစ် ဒီအတောအတွင်း နျူးကိုငါသွားမတွေ့ဖြစ်နိုင်တာမို့ မင်းကသူ့နောက်ကနေ တကောက်ကောက်လိုက်ပြီး သူဘယ်တွေသွားလဲ၊ ဘာလုပ်လဲ၊ ဘယ်သူနဲ့တွေ့မိလဲဆိုတာ အကုန်ပြန်ပြီး အစီရင်ခံ။ မသင်္ကာစရာတွေ့ရင်လည်း ချက်ချင်းလှမ်းပြော..."

" ငါ့ကို ကလေးထိန်းခိုင်းနေတာလား"

" မင်း ထင်ချင်သလိုထင်...အခုတော့ သွားတော့"

ချန်းရှမှာ ရှန်းဝူပိုင်အား မျက်စောင်းတထိုးထိုးဖြင့်ပင် အခိုးအငွေ့သဖွယ်ဖြစ်ကာ ပျောက်ကွယ်သွားလေတော့သည်။

.................................................................

နျူးသည် သုံးလောကတခုလုံး၌ မိမိနေရာအားရှာမတွေ့နိုင်ချေ။ မက်မွန်တောသည် သူ၏နေထိုင်ရာအိမ်လေးဖြစ်သာ့်အလျောက် တဦးတည်းအထီးကျန်နေရသည့်ခံစားချက်ကြောင့် ထိုနေရာတွင်ဆက်မနေနိုင်တော့ချေ။ မက်မွန်တောကို ရပ်ကြည့်လိုက်မိတိုင်း သူနှင့်လောင်ရဲ့၏ ပမှတ်တရများက ပြန့်ကျဲစွာရှိနေကြသည်။ တံခါးဝတွင် ယွင်းရန်နှင့်သူ၏အမှတ်တရတို့ရှိသည်။ ကောင်းကင်ဘုံစာကြည့်တိုက်တွင်လည်းရှိသည်။ ကောင်းကင်ဘုံ၏လျောက်လမ်းများတွင်လည်း မရင့်ကျက်ခဲ့သည့် သူ၏ပျော်ရွှင်စရာ အမှတ်တရများက ပုံရိပ်ထင်လျက်ရှိနေကြသည်။ နျူးသည် ကောင်းကင်ဘုံတွင် ဆက်နေရန်မရဲတော့ပါချေ။

ထို့ကြောင့်ပင် ဤအတောအတွင်း သူစုံစမ်းသိရှိခဲ့သမျှအရာအားလုံးကို အတည်ပြုရန် ကောင်းကင်ဘုံနှင့်မိစ္ဆာတိုင်းပြည်တို့စစ်မက်ဖြစ်ပွားခဲ့သည့် စစ်တလင်းသို့ရောက်ရှိလာခဲ့တော့သည်။ ပတ်ဝန်းကျင်တစ်ခုလုံးသည် သွေးလွှမ်းမိုးပြီး ကောင်းကင်ကြီးသည်လည်း သွေးနီရောင်တောက်လျက်ရှိ၏။ အမြုတေစွမ်းအား နိမ့်ပါးသည့် စစ်သည်တော်တချို့တို့၏ရုပ်လောင်းများသည်ပင် ယခုအချိန်ထိ ချောက်နက်ထဲတွင်လက်ဆက်စွာ ရှိနေသေးတုန်းပင်။

နျူးသည် ထိုချောက်နက်၏အောက်ခြေကိုမမြင်ရသည့်တိုင်အောင် အောက်သို့ကျသွားသောသူသည် အသက်ရှင်နိုင်ရန်မဖြစ်နိုင်သည်ကိုလည်း ခန့်မှန်းမိသည်။ ထို့ကြောင့်ပင် စစ်မက်ဖြစ်ပွားသည့်နေရာသည် ဤနေရာတွင်ဖြစ်တည်လေ့ရှိခြင်းဖြစ်သည်။ တခါတရံချောက်နက်ကြီးထဲမှ ကြောက်စရာကောင်းသော ညီးညူအော်ဟစ်သံများကိုကြားရပြီး ငရဲပြည်နှင့်ဆက်စပ်ထားသလားပင် ထင်ရစေသည်။ ထိုအသူရာချောက်နက်သည် ကောင်းကင်ဘုံ၏အစွန်းမှစတင်ပြီး ငရဲပြည်တွင်အဆုံးသတ်သည့် ချောက်နက်ကြီးတစ်ခုဖြစ်လေ၏။ အကယ်၍ ကောင်းကင်ဘုံမှတစ်စုံတစ်ဦးသာ ပြုတ်ကျလာခဲ့ပါက သူ၏နတ်ဝိညာည်သည် တစစီကျေမွသွားပေလိမ့်မည်။ နောက်တဖန်ဝင်စားရန် မဖြစ်နိုင်တော့ပဲ ထိုချောက်နက်ထဲတွင်သာထာဝရချုပ်နှောင်ခံရမည်ဖြစ်၏။ ထို့ကြောင့်လည်း မည်သို့သောနတ်မင်း၊ နတ်သူငယ်များကမှ ဤချောက်နက်၏အစွန်းကို ယောင်ယမ်းကာပင်မလာရဲကြချေ။

" အားလုံးက ငါ့ကြောင့်နဲ့.....ငါ့ကြောင့်ဖြစ်ရတာ..."

နျူးသည် သူ၏ကိုယ်ကိုထိုချောက်ကမ်းပါအစွန်း၌ရပ်နေရာမှ ရုတ်တရက်ဆောင့်ကြောင့်ထိုင်ချလိုက်ရင်း ငိုကြွေးပြန်သည်။ သူသည် မိစ္ဆာတိုင်းပြည်သို့လည်း မသွားရဲပါချေ။ ပြဿနာများကိုမျက်နှာချင်းဆိုင်ရန် ကြောက်ရွံ့မိသည်မှာ သူ့အတွက် ပထမဆုံးပင်။ သို့မဟုတ် ပြဿနာသည်က သူရင်ဆိုင်ရန်မတတ်နိုင်သည်အထိ ကြီးမားလွန်နေတာပင်။

အပြစ်ရှိစိတ်ဖြင့် မရပ်တန့်နိုင်ခဲ့သည့်ခြေလှမ်းတို့သည် မိစ္ဆာတိုင်းပြည်၏အဝင်ဝသို့ပင်ရောက်ရှိခဲ့လေပြီ။ လွင့်မျောနေသော ကျောက်တုံးတို့သည် ယခင်အတိုင်းရှိနေသေးသော်လည်း မိစ္ဆာတိုင်းပြည်၏လေထုအခြေအနေသည် မူမှန်ခြင်းမရှိချေ။ ကောင်းကင်ယံတွင်အပြာတန်းတို့ ပျောက်ကွယ်နေခဲ့ပြီး အနီရောင်ကသာ ပိုလို့လွန်ကဲနေသည်။ ယခင်တုန်းကလို လှပနေခြင်းမရှိစွာ တိုင်းပြည်အတွင်း၌လည်း ဖရိုမဖဲဖြစ်လျက်နေပါ၏။ မိစ္ဆာစွမ်းအင်ကြီးသူက ငယ်သူကိုအနိုင်ကျင့်ကာ ငယ်သူကလည်း စွမ်းအင်ပင်မရှိသေးသည့် မိစ္ဆာကလေးငယ်များကို အနိုင်ကျင့်ကာ နိုင့်ထက်စီးနင်းပြုနေကြသည်။

နျူးသည် ထိုအချင်းအရာများကို ကြည့်နေရင်းပင် သူ့ကိုယ်သူပို၍ ပို၍ အပြစ်တင်လာမိတော့သည်။ သူနှင့် ယွင်းရန်တို့အတူရှိစဉ်က မိစ္ဆာတိုင်းပြည်သည် ယခုကဲ့သို့မဟုတ်ခဲ့ချေ။ အခုတော့ သူ့ကြောင့်နဲ့ အားလုံးက

" အ့..."

နျူးသည် လမ်းတလျောက်ကိုကြည့်နေမိရင်းပင် သူ၏နှဖူးနားအား ရုတ်တရက် လက်နှစ်လုံးစာရှိကျောက်တုံးတစ်တုံး လာမှန်သည်ကိုခံစားလိုက်ကသည်။ နှဖူးဘေးထောင့်မှ သွေးတို့က ရုတ်တရက်ကျဆင်းလာပြီး နျူးသည်လက်နှစ်ဖက်ဖြင့်ထိုနေရာအားဖိထားမိသည်။ တပြိုင်နက်တည်းပင် ဘေးပတ်ပတ်လည်မှ မိစ္ဆာများဝန်းရံလာသည်ကိုပါ သတိထားမိလိုက်၏။

"အဲ့တယောက်က မိစ္ဆာဘုရင်ယွင်းရန်ကို လိမ်ညာပြီး ငါတို့ကိုဘဝပျက်အောင်လုပ်ခဲ့တဲ့ နတ်သူငယ်ပဲ။"

" ဟုတ်တယ်....သူ့ကိုသတ်ပစ်....သူ့ကိုသတ်ပစ်"

နျူးသည် ပြေးရန်အပေါက်ကိုပင် ရှာမတွေ့နိုင်တော့ချေ။ သူ၏ဝတ်ရုံစကိုမကာ ဘယ်ဆီကိုဦးတည်ရမှန်းသူမသိတော့။ ပတ်ပတ်လည်ရှိမိစ္ဆာတို့ကလည်း နည်းမျိုးစုံဖြင့် ကျိန်ဆဲရင်း သူ့အားထပ်မံကာ ကျောက်တုံး၊ ကျောက်ခဲများဖြင့် ပစ်ခပ်ပြန်တော့သည်။

လှုပ်လှုပ်ရှားရှားဖြစ်ပြီးနော​က်တွင်တော့ နျူးသည် တစ်စုံတစ်ခုကို သတိရမိသွားသည့်နှယ် သူ၏လှုပ်ရှားမှုကိုရပ်တန့်လိုက်ပြီး ဝတ်ရုံစကိုပါ ပြန်ချလိုက်ကာ မျက်ဝန်းတို့ကိုသာ မှိတ်ထားလိုက်တော့သည်။ ဤသို့သော ဖြစ်ရပ်သည် မိမိကဲ့သို့သော အပြစ်ရှိသည့်သူအားပေးသည့် အပြစ်ဒဏ်ပင်။ သူသည် ဤအပြစ်ဒဏ်နှင့်ထိုက်တန်သူဖြစ်သည်။ မရုန်းကန်သင့်ပေ။

" ဘာလုပ်နေတာလဲ...မပြေးဘူးလား။ စွမ်းအားရှိနေတာကို အသုံးမချတတ်တာလား။"

သူ့နောက်သို့တချိန်လုံးလိုက်ကြည့်နေခဲ့ပြီး ယခုလည်း သူနှင့် မနီးမဝေးသစ်ပင်တစ်ခုပေါ်တွင် ဇိမ်ကျကျထိုင်နေသော ချန်းရှကခပ်တိုးတိုးရေရွတ်သည်။ သူ၏မြင်ကွင်းထဲတွင် နျူးသည် ခေါင်းကိုငိုက်စိုက်ကျလျက် ငြိမ်သက်စွာရပ်နေခဲ့ပြီး သူ၏ပတ်ပတ်လည်ရှိ မိစ္ဆာများက သူ့အား ၎င်းတို့ရှာဖွေ့တွေ့ရှိသည့် မည်သည့်အရာနှင့်မဆို ပစ်ပေါက်နေကြသည်။ နျူး၏ဖြူဖွေးစင်ကြယ်နေသော ဝတ်ရုံသည်ပင် အရောင်စုံသာမက သွေးတို့နှင့်ပင် ရောယှက်နေပါ၏။

" ဒီအတိုင်းဆို သေသွားနိူင်လောက်လား။ မသေတော့ မသေဘူးထင်တာပဲ။ ရှန်းဝူပိုင်ကို သတင်းပေးလိုက်တော့မယ်။ ငါတော့ မကယ်ချင်ဘူး။"

ချန်းရှက သူနှဖူးထိပ်ကိုလက်ညိုးနှစ်ချောင်းဖြင့်ထိရန်ပြင်လိုက်ချိန်တွင်ပင် အရိပ်ကြီးတစ်ခုက သူ့အပေါ်မှ ဖြတ်သန်းသွားသည်ကို ခံစားလိုက်မိတော့သည်။

* ဂါးးးးး!!!*

" ကျောက်....ကျောက်မီးနဂါး...အား....... !!"

ကိုယ်ထည်ကမီးလောင်ထားသော မီးသွေးခဲတို့နှယ်နီရဲနေကာ မီးရောင်ကဲ့သို့အမွှေးအမျှင်တို့ ကိုယ်ထည်တလျောက် လွင့်မျောနေသော ကျောက်မီးနဂါးသည် ကျယ်လောင်သော အော်သံကိုပေးရင်း နျူး၏ဦးခေါင်းထက်နှင့်မနီးမဝေးတွင် ပျံသန်းနေ၏။ ထို့နောက် ဝိုင်းနေကြတော့ မိစ္ဆာများအား စိတ်ဆိုးနေသည့် အမူအရာကိုထုတ်ပြကာ လူစုကွဲသွားစေတော့သည်။ သ​တြမ်းရင့်သည့် မည်သို့သော သုံးလောကသားမဆို ကျောက်မီးနဂါးအား သိသည်။ မမြင်ဖူးကြရုံသာရှိမည်။ ကျောက်မီးနဂါးသည် ဒဏ္ဍာရီလာသားရိုင်းတမျိူးဖြစ်ပြီး သူတို့၏ကိုယ်ရှိမီးတောက်သည် ငရဲမီးနှင့်ထပ်တူပူပြင်းကာ ငြိမ်းသက်ရန်မဖြစ်နိုင်ချေ။

ချန်းရှသည်ပင် ထိုကျောက်မီးနဂါးအား တောက်ပဝင်းလဲ့နေသောမျက်ဝန်းတို့ဖြင့် မျက်တောင်မခပ်တန်းကြည့်မိနေပြီး ရှန်းဝူပိုင်ဆီသို့ပင် သတင်းမပို့နိုင်တော့ပါချေ။ ပို၍ထူးခြားသည်က မိစ္ဆာများအားလုံး ကြောက်လန့်ကာထွက်ပြေးသွားပြီးသည့်နောက် နျူး၏ရှေ့တည့်တည့်တွင် ထိုကျောက်မီးနဂါးက ခစားလိုက်ခြင်းပင်။ နျူးသည်လည်း ထိုအကောင်လေးအား သူ၏နှုတ်သီးကိုအသာထိကိုင်ကာ ပွတ်သတ်လိုက်ပြီးနောက် ထိုကျောက်မီးနဂါးလေး၏ကျောပြင်ပေါ်သို့ တတ်ကာ ထိုအကောင်လေးခေါ်ရာ နောက်သို့ ပါသွားလေတော့သည်။

" အဟား..ဟား... ငါ့မျက်လုံးတောင် မယုံနိုင်တော့ဘူး။ ဒီနတ်သူငယ်လေးက တကယ်ကို အဖိုးတန်ရတနာလေး ဖြစ်နေခဲ့တာပဲ။ "

ချန်းရှက ကျောက်မီးနဂါးကိုယ်ပေါ်မှ နျူးကိုလှမ်းကြည့်ရင်း ပြုံးလိုက်ကာ

" ငါတော့ ရှန်းဝူပိုင်အပေါ် အပြစ်တချို့ပြုမိတော့မယ် ထင်တာပဲ။"

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အားလုံးပဲ ပျော်ရွှင်စရာ သတင်းကျွတ်လပြည့်နေ့လေးဖြစ်ပါစေ။🏮🏮🎇🎆

Zawgyi

" ေသၿပီ....သူေသၿပီ...ဟုတ္လား။ မျဖစ္...မျဖစ္ႏိုင္....ဘူး.."

" ဟုတ္တယ္။ အႏွစ္တေထာင္ခ်ဳပ္ေႏွာင္မယ္လို႔ ဆုံးျဖတ္ခဲ့တာက အႏၲာရာယ္ကိုဖိတ္ေခၚသလိုျဖစ္ႏိုင္တာမို႔ နတ္မင္းေတြနဲ႔ေဆြးေႏြးၿပီး သူမဆန္႔က်င္ႏိုင္ခင္ တခါတည္းအျပတ္႐ွင္းလိုက္ၾကတာ။"

ႏ်ဴးက မ်က္ရည္တို႔ တရစပ္က်ဆင္းလာေသာ မ်က္ဝန္းတို႔ျဖင့္ ႐ွန္းဝူပိုင္ကိုၾကည့္လာသည္။ ထိုအၾကည့္တို႔က မုန္းတီးေနသည့္အၾကည့္တို႔အစား ဝမ္းနည္းပူေဆြးမႈတို႔ေၾကာင့္ ခိုကိုးရာမဲ့သြားသည့္ သူတေယာက္ႏွယ္ျဖစ္လို႔ေနပါ၏။ သူသည္႐ွန္းဝူပိုင္၏ လက္ေမာင္းႏွစ္ဖက္႐ွိဝတ္႐ုံစကို တက္ႏိုင္သေလာက္ ဆုပ္ကိုင္ရင္း ငိုေႂကြးကာ

" မဟုတ္ဘူး သူေသသြားတာ မျဖစ္ႏိုင္ဘူး။ အျမဳေတ အျမဳေတစြမ္းအား....အဲ့တာက....အခုထိ....ဒီထဲမွာ....႐ွိေနေသးတယ္...အဲ့တာေၾကာင့္...အဲ့တာေၾကာင့္..."

႐ွန္းဝူပိုင္သည္ မေနႏိုင္စြာျဖင့္ ႏ်ဴး၏ေခါင္း႐ွိဆံႏြယ္မ်ားကို ခပ္ျဖည္းျဖည္းထိကိုင္လာၿပီးေနာက္ သူ၏ရင္ခြင္ထဲသို႔ ႏ်ဴးအားမွီေစကာ ခပ္ဖြဖြပုတ္ေပးသည္။ ထို႔ေနာက္ ႏူးညံသည့္အသံျဖင့္

" အျမဳေတထပ္ဝက္ခြဲမွ်ေဝတာက တဖက္သူကသာ ဆႏၵ႐ွိရင္သူေသဆုံးသည္ထိတိုင္ တဖက္အသက္႐ွင္ေနေသးသူဆီမွာ ဆက္ၿပီး ႐ွိေနအုန္းမွာ..."

ႏ်ဴးသည္ ႐ွန္းဝူပိုင္ကိုဆက္ကာ ရန္မေတြ႕ႏိုင္ေတာ့ပဲ သူ၏ရင္ဘတ္ကိုထုရင္း ယြင္းရန္ကိုေသဆုံးသြားၿပီဟူေသာ သတင္းေၾကာင့္သာ ဝမ္းနည္းပက္လက္ငိုေႂကြးေနပါေတာ့သည္။

.................................................

႐ွန္းဝူပိုင္ကို မွီတြယ္ထားလ်က္ပင္ ႏ်ဴးသည္အခ်ိန္အေတာ္ၾကာ ငိုေႂကြးေနခဲ့သည္။ မ်က္ႏွာတစ္ခုလုံးပင္ ရဲရဲနီလ်က္ မ်က္ဝန္းေအာက္နားမ်ားဆိုလ်င္ ေသြးစတို႔ေပက်ံေနသလားပင္ထင္ရပါ၏။ သို႔ေသာ္လည္း ေမာပန္းသြားသည့္အခ်ိန္တြင္ေတာ့ ႐ွန္းဝူပိုင္၏လက္ထဲ၌ပင္ အိပ္ေပ်ာ္သြားခဲ့ၿပီး ႐ွန္းဝူပိုင္ကပင္ မက္မြန္ေတာသို႔ ႏ်ဴးအားေပြ႕ကာ ဂ႐ုတစိုက္ေနရာခ်ေပးခဲ့သည္။

႐ွန္းဝူပိုင္က ငိုထားေသာေၾကာင့္ မို႔ကာေဖာင္းေနေသာ မ်က္ဝန္းတစ္စုံႏွင့္ ပါးျပင္ေပၚ႐ွိမ်က္ရည္မ်ားႏွင့္ ကပ္တြယ္ေနေသာ ႏ်ဴး၏ဆံႏြယ္ျဖဴမ်ားကို ေဘးသို႔သပ္တင္ရင္း အိပ္ေပ်ာ္ေနေသာ ႏ်ဴးကိုထိုင္ၾကည့္ေနမိသည္။

" မင္းနာက်င္ခဲ့ရတာေတြအတြက္ ကိုယ္တကယ္ေတာင္းပန္ပါတယ္။ ဒါေပမဲ့.....ကိုယ္ ေနာင္တမရဘူး....ကိုယ့္ကို မင္းတခ်ိန္က် ခြင့္လႊတ္လာႏိုင္မွာပါ။ မင္း ယြင္းရန္ကိုလည္း ေမ့ႏိုင္သြားမွာ...."

႐ွန္းဝူပိုင္သည္ မိမိကိုယ္ကိုၫႊန္႔ကိုင္းကာ ႏ်ဴး၏ႏွဖူးျပင္အား ခပ္ဖြဖြအနမ္းေပးလိုက္သည္။ ထို႔ေနာက္ ရဲေနေသာ ႏွေခါင္းထိပ္၊ ထို႔ေနာက္တြင္မွ မဝံ့မရဲသာျဖင့္ ႏ်ဴး၏ႏႈတ္ခမ္းဆီသို႔ ဆင္းလာခဲ့ေလသည္။ ႏႈတ္ခမ္းခ်င္း ထိလုနီးအခ်ိန္တြင္မွ ႏ်ဴးက ႏွစ္ခ်ိဳက္စြာအိပ္ေပ်ာ္ေနၿပီး ပ်င္းေၾကာဆန္႔လာသာ သူ၏ကိုယ္အား ႐ွန္းဝူပိုင္ႏွင့္ဆန္႔က်င္ဘက္တဖက္သို႔ လွည့္သြားကာ ဆက္အိပ္ေနေလသည္။

႐ွန္းဝူပိုင္သည္လည္း အနမ္းခိုးေပးမိသည္ကို သတိရမိသြားကာ ထိုင္ေနရာမွ အျမန္ထလိုက္မိသည္။ တဖက္သို႔လွည့္ကာ အိပ္ေပ်ာ္ေနသာ ႏ်ဴးကိုတခ်က္ငုံ႔ၾကည့္လိုက္ၿပီးတဲ့ေနာက္

" ကိုယ္....မင္းကိုထပ္ၿပီး မထိန္းခ်ဳပ္ခ်င္တာမို႔ မင္းလည္း ကိုယ့္ေဘးမွာ အရင္တိုင္းေလးပဲ ႐ွိေနေပးပါ။"

"........"

ႏ်ဴးကေတာ့ ဆက္လက္အိပ္ေမာက်ေနဆဲျဖစ္ပုံေပၚၿပီး ႐ွန္းဝူပိုင္ကေတာ့ ႏ်ဴး၏အေဆာင္ထဲမွ ထြက္သြားေလေတာ့သည္။

သို႔ေသာ္ ႏ်ဴးသည္ ႐ွန္းဝူပိုင္ထြက္သြားသည္ႏွင့္တၿပိဳင္နက္ သူ၏မ်က္ဝန္းမ်ားကို ဖြင့္ဟလိုက္ေတာ့သည္။ ထိုမ်က္ဝန္းျပာျပာမ်ားကို ရဲေနေသာမ်က္ဝန္းေဘာင္တို႔က အလွတစ္ခုသဖြယ္ ေဖာ္ျပေနလ်က္႐ွိသည္။ ႏ်ဴးသည္ သူ၏ကုတင္ထက္တြင္လွဲေနရာမွ ခ်က္ခ်င္းထကာ ထိုင္လိုက္သည္။ လက္တဖက္အား ႏွလုံးသား႐ွိရာ ဘယ္ဘက္ရင္ဘတ္ေပၚသို႔တင္လိုက္ရင္း

" ဒီေနရာတစ္ခုလုံးက သူ႕အျမဳေတစြမ္းအင္ အေငြ႕အသက္ေၾကာင့္ ေသမလိုနာက်င္ေနရတာ။

မိစၧာဘုရင္ႀကီး အခုဆိုတေနရာရာကေန ကြၽန္ေတာ္႕ကိုအရမ္း မုန္းေနေတာ့မွာပဲ။ ဟုတ္တယ္မလား။ "

ႏ်ဴးသည္ တခ်က္ခန္႔ ရယ္လိုက္မိ၏။

" အခုေလာက္ဆို ႏုတ္ႏုတ္ပါစင္းပစ္ခ်င္ေနေလာက္မွာ။ ငါတို႔မိစၧာဘုရင္ႀကီးက အရမ္းကိုမွ စိတ္တိုလြယ္တာကို...."

ထို႔​ေနာက္ ႏ်ဴးသည္ ႐ွန္းဝူပိုင္ထြက္သြားေသာ တံခါးေပါက္ကို လွမ္းၾကည့္ေနရင္း သူ၏ရင္ဘတ္အားကိုင္ထားေသာလက္ကို ျပန္ခ်လိုက္သည္။

" ႐ွန္းဝူပိုင္.....ငါက မင္းေျပာသမွ် စုံလုံးကန္းသလို ယုံမဲ့ နတ္သူငယ္ေလးမဟုတ္ေတာ့ဘူး။ အခုခ်ိန္ကစၿပီး ငါ...... မင္းေျပာတဲ့ ဘယ္လိုအရာမ်ိဳးကိုမဆို မယုံၾကည္ေတာ့ဘူး။"

..................................................................

" မိစၧာတိုင္းျပည္ကို ဘယ္လိုစီရင္မွာလဲ။"

ခ်န္း႐ွ၏အေမးေၾကာင့္ ႐ွန္းဝူပိုင္က သူ႕အယးလွမ္းၾကည့္လာသည္။ ၾကည့္လက္စ စာလႊာကိုစားပြဲေပၚသို႔ ျပန္တင္လိုက္ရင္း

" မင္းမဲ့တိုင္းျပည္ျဖစ္ေနၿပီဆိုေတာ့ သူတို႔မ်ိဴးႏြယ္တူခ်င္း ခ်ၾကပါေစ။ ငါတို႔ႏွစ္တစ္ရာ ႏွး္ရာေလာက္ ေစာင့္ၾကည့္ၾကတာေပါ့။"

" မင္းက မင္းရဲ႕ပုံစံထက္ကိုပိုၿပီး ယုတ္မာတတ္တာပဲ။"

ခ်န္း႐ွ၏ ရယ္သံစြပ္သည့္စကားေၾကာင့္ ႐ွန္းဝူပိုင္က သူ႕ကိုၾကည့္လိုက္၏။ ထို႔ေနာက္ အသာျပဳံးလိုက္ကာ

" ခ်ီးက်ဴးေပးတာ ေက်းဇူးတင္တယ္"

" ....."

႐ွန္းဝူပိုင္က ေကာင္းကင္တံဆိပ္ေတာ္ကို စာလႊာေပၚ၌ ဖိကာ႐ိုက္လိုက္သည္။ ထို႔ေနာက္ အျပင္႐ွိနတ္သူငယ္ႏွစ္ပါးက လာယူ၏။ ႐ွန္းဝူပိုင္က ထိုႏွစ္ဦးအား ျပဳံးလ်က္ပင္

" အခန္းအနားကို အမွားအယြင္းမ႐ွိေအာင္ ေသခ်ာျပင္ဆင္ပါ။ ဒီဟာက သူ႕ဘဝအတြက္ အေပ်ာ္႐ႊင္ဆုံး ေန႔တရက္ျဖစ္ဖို႔လိုတယ္။"

" အမိန္႔ေတာ္အတိုင္းပါ ေကာင္းကင္မင္းႀကီး..."

နတ္သူငယ္ႏွစ္ပါးက ႐ွန္းဝူပိုင္အား ဂါရဝျပဳၿပီးေနာက္ ျပန္ထြက္သြားေလေတာ့သည္။ ခ်န္း႐ွက သူ၏ယပ္ေတာင္ကို ခပ္ဖြဖြခပ္ရင္း

" မင္း သူ႕အတြက္ဒီေလာက္ေတာင္ လုပ္ေပးေနတာ။ ဟိုက မင္းကိုဂ႐ုေတာင္မစိုက္တဲ့အျပင္ မင္းကိုေတာင္ သတ္ေတာ့မလို႔။"

" ငါဂ႐ုမစိုက္ဘူး။"

" ယား...မဟုတ္ေသးဘူးေနာ္။ မင္းဘယ္လိုပဲ သူ႕ကိုယြင္းရန္ေသၿပီလို႔ လိမ္ထားထား...သူက မင္းကိုမုန္းေနမွာ... မင္းအတြက္ အႏၲာရာယ္႐ွိလာႏိုင္တယ္။

ဒါမွမဟုတ္ သူ႕ကိုမႏၲန္နဲ႔ပဲ ခ်ဳပ္ကိုင္ထားလိုက္ပါလား။ အဲ့တာက ပိုအဆင္ေျပတယ္လို႔ ငါေတာ့ထင္တယ္။ "

႐ွန္းဝူပိုင္က အျပဳံးတခ်ိဳ႕ႏွင့္စာလႊာကိုဖတ္ေနရာမွ ခ်န္း႐ွ၏အၾကံေၾကာင့္ အရာအားလုံးရပ္တန္႔သြားေလသည္။ ထို႔ေနာက္ ခ်န္း႐ွအားၾကည့္ကာ

" နတ္သတ္တမ္းအ႐ွည္ႀကီးမွာ ဘာမဟုတ္တဲ့မိစၧာတေကာင္ေၾကာင့္ သူငါ့ကိုဘယ္ေလာက္ထိမ်ား စိတ္ဆိုးႏိုင္မွာလဲ။

ငါတို႔ၾကားမွာ ယြင္းရန္နဲ႔သူနဲ႔ၾကားကထက္ ပို႐ွည္တဲ့အမွတ္တရေတြ႐ွိခဲ့ၾကတာပဲ။ မသိႏိုင္ဘူး တရက္က်ရင္ သူစိတ္ဆိုးေျပၿပီး ငါ့ဆီကိုျပန္လာေလာက္မွာ...

ဘယ္ႏွႏွစ္ပဲျဖစ္ျဖစ္ ငါေစာင့္ေနမွာ။"

တဖက္တြင္ တကယ္တန္းဝန္ခံရလ်င္လည္း သူ ႏ်ဴးအားထပ္မံ၍မထိန္းခ်ဳပ္ခ်င္ေတာ့ပါေခ်။ ထိုကိစၥက ႏ်ဴး၏ကိုယ္ခႏၲာအား ပ်က္စီးထိခိုက္ေစႏိုင္သည့္အျပင္ သူသည္လည္းထိုသို႔ေသာ ႏ်ဴးႏွင့္မတူသည္ဟုခံစားရသည့္ ႏ်ဴးပုံစံအား မႀကိဳက္ပါေခ်။

ေတြးေတာေနရင္းမွ ႐ွန္းဝူပိုင္က တစ္စုံတစ္ခုကို သတိရမိသည့္အလား ခ်န္း႐ွကိုလက္ညိဳးထိုးကာ

" ၿပီးေတာ့....ႏ်ဴးက မင္းကိုေတာင္မႏိုင္တာ ငါသာတစ္ခုခုျဖစ္ခြင့္မေပးရင္ သူငါ့ကိုဘယ္လိုမွ ထိႏိုင္မွာမဟုတ္ဘူး။ ငါ့ကိုအႏၲာရာယ္ျဖစ္ေစမယ္ဆိုတာ အဓိပၸါယ္မွမ႐ွိတာ။ "

"......"

" ဘာပဲျဖစ္ျဖစ္ ဒီအေတာအတြင္း ႏ်ဴးကိုငါသြားမေတြ႕ျဖစ္ႏိုင္တာမို႔ မင္းကသူ႕ေနာက္ကေန တေကာက္ေကာက္လိုက္ၿပီး သူဘယ္ေတြသြားလဲ၊ ဘာလုပ္လဲ၊ ဘယ္သူနဲ႔ေတြ႕မိလဲဆိုတာ အကုန္ျပန္ၿပီး အစီရင္ခံ။ မသကၤာစရာေတြ႕ရင္လည္း ခ်က္ခ်င္းလွမ္းေျပာ..."

" ငါ့ကို ကေလးထိန္းခိုင္းေနတာလား"

" မင္း ထင္ခ်င္သလိုထင္...အခုေတာ့ သြားေတာ့"

ခ်န္း႐ွမွာ ႐ွန္းဝူပိုင္အား မ်က္ေစာင္းတထိုးထိုးျဖင့္ပင္ အခိုးအေငြ႕သဖြယ္ျဖစ္ကာ ေပ်ာက္ကြယ္သြားေလေတာ့သည္။

.................................................................

ႏ်ဴးသည္ သုံးေလာကတခုလုံး၌ မိမိေနရာအား႐ွာမေတြ႕ႏိုင္ေခ်။ မက္မြန္ေတာသည္ သူ၏ေနထိုင္ရာအိမ္ေလးျဖစ္သာ္႕အေလ်ာက္ တဦးတည္းအထီးက်န္ေနရသည့္ခံစားခ်က္ေၾကာင့္ ထိုေနရာတြင္ဆက္မေနႏိုင္ေတာ့ေခ်။ မက္မြန္ေတာကို ရပ္ၾကည့္လိုက္မိတိုင္း သူႏွင့္ေလာင္ရဲ႕၏ ပမွတ္တရမ်ားက ျပန္႔က်ဲစြာ႐ွိေနၾကသည္။ တံခါးဝတြင္ ယြင္းရန္ႏွင့္သူ၏အမွတ္တရတို႔႐ွိသည္။ ေကာင္းကင္ဘုံစာၾကည့္တိုက္တြင္လည္း႐ွိသည္။ ေကာင္းကင္ဘုံ၏ေလ်ာက္လမ္းမ်ားတြင္လည္း မရင့္က်က္ခဲ့သည့္ သူ၏ေပ်ာ္႐ႊင္စရာ အမွတ္တရမ်ားက ပုံရိပ္ထင္လ်က္႐ွိေနၾကသည္။ ႏ်ဴးသည္ ေကာင္းကင္ဘုံတြင္ ဆက္ေနရန္မရဲေတာ့ပါေခ်။

ထို႔ေၾကာင့္ပင္ ဤအေတာအတြင္း သူစုံစမ္းသိ႐ွိခဲ့သမွ်အရာအားလုံးကို အတည္ျပဳရန္ ေကာင္းကင္ဘုံႏွင့္မိစၧာတိုင္းျပည္တို႔စစ္မက္ျဖစ္ပြားခဲ့သည့္ စစ္တလင္းသို႔ေရာက္႐ွိလာခဲ့ေတာ့သည္။ ပတ္ဝန္းက်င္တစ္ခုလုံးသည္ ေသြးလႊမ္းမိုးၿပီး ေကာင္းကင္ႀကီးသည္လည္း ေသြးနီေရာင္ေတာက္လ်က္႐ွိ၏။ အျမဳေတစြမ္းအား နိမ့္ပါးသည့္ စစ္သည္ေတာ္တခ်ိဳ႕တို႔၏႐ုပ္ေလာင္းမ်ားသည္ပင္ ယခုအခ်ိန္ထိ ေခ်ာက္နက္ထဲတြင္လက္ဆက္စြာ ႐ွိေနေသးတုန္းပင္။

ႏ်ဴးသည္ ထိုေခ်ာက္နက္၏ေအာက္ေျခကိုမျမင္ရသည့္တိုင္ေအာင္ ေအာက္သို႔က်သြားေသာသူသည္ အသက္႐ွင္ႏိုင္ရန္မျဖစ္ႏိုင္သည္ကိုလည္း ခန္႔မွန္းမိသည္။ ထို႔ေၾကာင့္ပင္ စစ္မက္ျဖစ္ပြားသည့္ေနရာသည္ ဤေနရာတြင္ျဖစ္တည္ေလ့႐ွိျခင္းျဖစ္သည္။ တခါတရံေခ်ာက္နက္ႀကီးထဲမွ ေၾကာက္စရာေကာင္းေသာ ညီးညဴေအာ္ဟစ္သံမ်ားကိုၾကားရၿပီး ငရဲျပည္ႏွင့္ဆက္စပ္ထားသလားပင္ ထင္ရေစသည္။ ထိုအသူရာေခ်ာက္နက္သည္ ေကာင္းကင္ဘုံ၏အစြန္းမွစတင္ၿပီး ငရဲျပည္တြင္အဆုံးသတ္သည့္ ေခ်ာက္နက္ႀကီးတစ္ခုျဖစ္ေလ၏။ အကယ္၍ ေကာင္းကင္ဘုံမွတစ္စုံတစ္ဦးသာ ျပဳတ္က်လာခဲ့ပါက သူ၏နတ္ဝိညာည္သည္ တစစီေက်မြသြားေပလိမ့္မည္။ ေနာက္တဖန္ဝင္စားရန္ မျဖစ္ႏိုင္ေတာ့ပဲ ထိုေခ်ာက္နက္ထဲတြင္သာထာဝရခ်ဳပ္ေႏွာင္ခံရမည္ျဖစ္၏။ ထို႔ေၾကာင့္လည္း မည္သို႔ေသာနတ္မင္း၊ နတ္သူငယ္မ်ားကမွ ဤေခ်ာက္နက္၏အစြန္းကို ေယာင္ယမ္းကာပင္မလာရဲၾကေခ်။

" အားလုံးက ငါ့ေၾကာင့္နဲ႔.....ငါ့ေၾကာင့္ျဖစ္ရတာ..."

ႏ်ဴးသည္ သူ၏ကိုယ္ကိုထိုေခ်ာက္ကမ္းပါအစြန္း၌ရပ္ေနရာမွ ႐ုတ္တရက္ေဆာင့္ေၾကာင့္ထိုင္ခ်လိုက္ရင္း ငိုေႂကြးျပန္သည္။ သူသည္ မိစၧာတိုင္းျပည္သို႔လည္း မသြားရဲပါေခ်။ ျပႆနာမ်ားကိုမ်က္ႏွာခ်င္းဆိုင္ရန္ ေၾကာက္႐ြံ႕မိသည္မွာ သူ႕အတြက္ ပထမဆုံးပင္။ သို႔မဟုတ္ ျပႆနာသည္က သူရင္ဆိုင္ရန္မတတ္ႏိုင္သည္အထိ ႀကီးမားလြန္ေနတာပင္။

အျပစ္႐ွိစိတ္ျဖင့္ မရပ္တန္႔ႏိုင္ခဲ့သည့္ေျခလွမ္းတို႔သည္ မိစၧာတိုင္းျပည္၏အဝင္ဝသို႔ပင္ေရာက္႐ွိခဲ့ေလၿပီ။ လြင့္ေမ်ာေနေသာ ေက်ာက္တုံးတို႔သည္ ယခင္အတိုင္း႐ွိေနေသးေသာ္လည္း မိစၧာတိုင္းျပည္၏ေလထုအေျခအေနသည္ မူမွန္ျခင္းမ႐ွိေခ်။ ေကာင္းကင္ယံတြင္အျပာတန္းတို႔ ေပ်ာက္ကြယ္ေနခဲ့ၿပီး အနီေရာင္ကသာ ပိုလို႔လြန္ကဲေနသည္။ ယခင္တုန္းကလို လွပေနျခင္းမ႐ွိစြာ တိုင္းျပည္အတြင္း၌လည္း ဖ႐ိုမဖဲျဖစ္လ်က္ေနပါ၏။ မိစၧာစြမ္းအင္ႀကီးသူက ငယ္သူကိုအႏိုင္က်င့္ကာ ငယ္သူကလည္း စြမ္းအင္ပင္မ႐ွိေသးသည့္ မိစၧယကေလးငယ္မ်ားကို အႏိုင္က်င့္ကာ ႏိုင့္ထက္စီးနင္းျပဳေနၾကသည္။

ႏ်ဴးသည္ ထိုအခ်င္းအရာမ်ားကို ၾကည့္ေနရင္းပင္ သူ႕ကိုယ္သူပို၍ ပို၍ အျပစ္တင္လာမိေတာ့သည္။ သူႏွင့္ ယြင္းရန္တို႔အတူ႐ွိစဥ္က မိစၧာတိုင္းျပည္သည္ ယခုကဲ့သို႔မဟုတ္ခဲ့ေခ်။ အခုေတာ့ သူ႕ေၾကာင့္နဲ႔ အားလုံးက

" အ့..."

ႏ်ဴးသည္ လမ္းတေလ်ာက္ကိုၾကည့္ေနမိရင္းပင္ သူ၏ႏွဖူးနားအား ႐ုတ္တရက္ လက္ႏွစ္လုံးစာ႐ွိေက်ာက္တုံးတစ္တုံး လာမွန္သည္ကိုခံစားလိုက္ကသည္။ ႏွဖူးေဘးေထာင့္မွ ေသြးတို႔က ႐ုတ္တရက္က်ဆင္းလာၿပီး ႏ်ဴးသည္လက္ႏွစ္ဖက္ျဖင့္ထိုေနရာအားဖိထားမိသည္။ တၿပိဳင္နက္တည္းပင္ ေဘးပတ္ပတ္လည္မွ မိစၧာမ်ားဝန္းရံလာသည္ကိုပါ သတိထားမိလိုက္၏။

"အဲ့တေယာက္က မိစၧာဘုရင္ယြင္းရန္ကို လိမ္ညာၿပီး ငါတို႔ကိုဘဝပ်က္ေအာင္လုပ္ခဲ့တဲ့ နတ္သူငယ္ပဲ။"

" ဟုတ္တယ္....သူ႕ကိုသတ္ပစ္....သူ႕ကိုသတ္ပစ္"

ႏ်ဴးသည္ ေျပးရန္အေပါက္ကိုပင္ ႐ွာမေတြ႕ႏိုင္ေတာ့ေခ်။ သူ၏ဝတ္႐ုံစကိုမကာ ဘယ္ဆီကိုဦးတည္ရမွန္းသူမသိေတာ့။ ပတ္ပတ္လည္႐ွိမိစၧာတို႔ကလည္း နည္းမ်ိဳးစုံျဖင့္ က်ိန္ဆဲရင္း သူ႕အားထပ္မံကာ ေက်ာက္တုံး၊ ေက်ာက္ခဲမ်ားျဖင့္ ပစ္ခပ္ျပန္ေတာ့သည္။

လႈပ္လႈပ္႐ွား႐ွားျဖစ္ၿပီးေနာ​က္တြင္ေတာ့ ႏ်ဴးသည္ တစ္စုံတစ္ခုကို သတိရမိသြားသည့္ႏွယ္ သူ၏လႈပ္႐ွားမႈကိုရပ္တန္႔လိုက္ၿပီး ဝတ္႐ုံစကိုပါ ျပန္ခ်လိုက္ကာ မ်က္ဝန္းတို႔ကိုသာ မွိတ္ထားလိုက္ေတာ့သည္။ ဤသို႔ေသာ ျဖစ္ရပ္သည္ မိမိကဲ့သို႔ေသာ အျပစ္႐ွိသည့္သူအားေပးသည့္ အျပစ္ဒဏ္ပင္။ သူသည္ ဤအျပစ္ဒဏ္ႏွင့္ထိုက္တန္သူျဖစ္သည္။ မ႐ုန္းကန္သင့္ေပ။

" ဘာလုပ္ေနတာလဲ...မေျပးဘူးလား။ စြမ္းအား႐ွိေနတာကို အသုံးမခ်တတ္တာလား။"

သူ႕ေနာက္သို႔တခ်ိန္လုံးလိုက္ၾကာ္႕ေနခဲ့ၿပီး ယခုလည္း သူႏွင့္ မနီးမေဝးသစ္ပင္တစ္ခုေပၚတြင္ ဇိမ္က်က်ထိုင္ေနေသာ ခ်န္း႐ွကခပ္တိုးတိုးေရ႐ြတ္သည္။ သူ၏ျမင္ကြင္းထဲတြင္ ႏ်ဴးသည္ ေခါင္းကိုငိုက္စိုက္က်လ်က္ ၿငိမ္သက္စြာရပ္ေနခဲ့ၿပီး သူ၏ပတ္ပတ္လည္႐ွိ မိစၧာမ်ားက သူ႕အား ၎တို႔႐ွာေဖြ႕ေတြ႕႐ွိသည့္ မည္သည့္အရာႏွင့္မဆို ပစ္ေပါက္ေနၾကသည္။ ႏ်ဴး၏ျဖဴေဖြးစင္ၾကယ္ေနေသာ ဝတ္႐ုံသည္ပင္ အေရာင္စုံသာမက ေသြးတို႔ႏွင့္ပင္ ေရာယွက္ေနပါ၏။

" ဒီအတိုင္းဆို ေသသြားႏိူင္ေလာက္လား။ မေသေတာ့ မေသဘူးထင္တာပဲ။ ႐ွန္းဝူပိုင္ကို သတင္းေပးလိုက္ေတာ့မယ္။ ငါေတာ့ မကယ္ခ်င္ဘူး။"

ခ်န္း႐ွက သူႏွဖူးထိပ္ကိုလက္ညိဳးႏွစ္ေခ်ာင္းျဖင့္ထိရန္ျပင္လိုက္ခ်ိန္တြင္ပင္ အရိပ္ႀကီးတစ္ခုက သူ႕အေပၚမွ ျဖတ္သန္းသြားသည္ကို ခံစားလိုက္မိေတာ့သည္။

* ဂါးးးးး!!!*

" ေက်ာက္....ေက်ာက္မီးနဂါး...အား....... !!"

ကိုယ္ထည္ကမီးေလာင္ထားေသာ မီးေသြးခဲတို႔ႏွယ္နီရဲေနကာ မီးေရာင္ကဲ့သို႔အေမႊးအမွ်င္တို႔ ကိုယ္ထည္တေလ်ာက္ လြင့္ေမ်ာေနေသာ ေက်ာက္မီးနဂါးသည္ က်ယ္ေလာင္ေသာ ေအာ္သံကိုေပးရင္း ႏ်ဴး၏ဦးေခါင္းထက္ႏွင့္မနီးမေဝးတြင္ ပ်ံသန္းေန၏။ ထို႔ေနာက္ ဝိုင္းေနၾကေတာ့ မိစၧာမ်ားအား စိတ္ဆိုးေနသည့္ အမူအရာကိုထုတ္ျပကာ လူစုကြဲသြားေစေတာ့သည္။ သ​ၾတမ္းရင့္သည့္ မည္သို႔ေသာ သုံးေလာကသားမဆို ေက်ာက္မီးနဂါးအား သိသည္။ မျမင္ဖူးၾက႐ုံသာ႐ွိမည္။ ေက်ာက္မီးနဂါးသည္ ဒ႑ာရီလာသား႐ိုင္းတမ်ိဴးျဖစ္ၿပီး သူတို႔၏ကိုယ္႐ွိမီးေတာက္သည္ ငရဲမီးႏွင့္ထပ္တူပူျပင္းကာ ၿငိမ္းသက္ရန္မျဖစ္ႏိုင္ေခ်။

ခ်န္း႐ွသည္ပင္ ထိုေက်ာက္မီးနဂါးအား ေတာက္ပဝင္းလဲ့ေနေသာမ်က္ဝန္းတို႔ျဖင့္ မ်က္ေတာင္မခပ္တန္းၾကည့္မိေနၿပီး ႐ွန္းဝူပိုင္ဆီသို႔ပင္ သတင္းမပို႔ႏိုင္ေတာ့ပါေခ်။ ပို၍ထူးျခားသည္က မိစၧာမ်ားအားလုံး ေၾကာက္လန္႔ကာထြက္ေျပးသြားၿပီးသည့္ေနာက္ ႏ်ဴး၏ေ႐ွ႕တည့္တည့္တြင္ ထိုေက်ာက္မီးနဂါးက ခစားလိုက္ျခင္းပင္။ ႏ်ဴးသည္လည္း ထိုအေကာင္ေလးအား သူ၏ႏႈတ္သီးကိုအသာထိကိုင္ကာ ပြတ္သတ္လိုက္ၿပီးေနာက္ ထိုေက်ာက္မီးနဂါးေလး၏ေက်ာျပင္ေပၚသို႔ တတ္ကာ ထိုအေကာင္ေလးေခၚရာ ေနာက္သို႔ ပါသြားေလေတာ့သည္။

" အဟား..ဟား... ငါ့မ်က္လုံးေတာင္ မယုံႏိုင္ေတာ့ဘူး။ ဒီနတ္သူငယ္ေလးက တကယ္ကို အဖိုးတန္ရတနာေလး ျဖစ္ေနခဲ့တာပဲ။ "

ခ်န္း႐ွက ေက်ာက္မီးနဂါးကိုယ္ေပၚမွ ႏ်ဴးကိုလွမ္းၾကည့္ရင္း ျပဳံးလိုက္ကာ

" ငါေတာ့ ႐ွန္းဝူပိုင္အေပၚ အျပစ္တခ်ိဳ႕ျပဳမိေတာ့မယ္ ထင္တာပဲ။"

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အားလုံးပဲ ေပ်ာ္႐ႊင္စရာ သတင္းကြၽတ္လျပည့္ေန႔ေလးျဖစ္ပါေစ။🏮🏮🎇🎆

Continue Reading

You'll Also Like

327K 23.7K 54
Myanmar×BL (Unicode+Zawgyi) Owncreation Total: 49 parts This story is just my imagination. [Unicode] ရှေးခေတ်ကဝိညာဥ်တို့နေထိုင်ရာကို အလည်တစ်ခေါက်သွာ...
356K 27.7K 56
Kaman yanda kaddara ta hada aurensu bayan ta rabata da wanda take so. Haka yake tunanin kaddara zata sa dole ya cika alkawarin daya dauka bayan cikar...
53.5K 4.3K 34
ကျွန်မအတွက်တော့လီလီဆိုတဲ့ အချစ်ဦး​လေးကသိပ်ကိုလှပတဲ့ဖြစ်တည်မှုလေးပါပဲ။
352K 37.5K 124
Book-2 I just translate this story. I don't own this story. All credits go to the original writer and English translator team. Profile picture goes c...