The Deal With A Demon King

By HninAung913

131K 12.9K 934

မိစ္ဆာဘုရင်တစ်ပါးနဲ့ တနှစ်တာ စာချုပ်ချုပ်ဆိုပြီးတဲ့နောက်မှာ သူ့ရဲ့ကံတရားက စတင်ပြောင်းလဲလာခဲ့တယ်။ ဒါမှမဟုတ် သူ... More

Intro And Characters
Part 1 (အမှတ်အသား)
Part 2 ( ဘဝရဲ့စာမျက်နှာ)
Part 3 ( ပူလောင်ခြင်း)
Part 4 ( ကျေးဇူးကြွေး)
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Characters of Deal (Edit)
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31**
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 51
Part 52
Part 53
Part 54
Part 55
Part 56
Part 57

Part 50

300 37 2
By HninAung913

Unicode

ယွင်းရန်၏အမေးကြောင့် တိဟွသည် ကျောပေးထားလျက်ပင် ရပ်တန့်မိသွား၏။ အနည်းငယ်တွန့်ဆုပ်နေမိပြီးတဲ့နောက်တော့ သူယွင်းရန်ဘက်သို့လှည့်ကာ ပြုံးပြလိုက်ရင်း

" ကျွန်တော် အဆင်ပြေပါတယ်။ ဝံပုလွေတချို့နဲ့ တိုက်ခိုက်ခဲ့ရတာမို့ အမြုတေအစွမ်းက အနည်းငယ်အားနည်းနေရုံပါ။"

ယွင်းရန်က တိဟွကိုသေချာကြည့်ကာ မျက်မှောင်ကြုတ်နေရင်းမှ သူ၏မျက်နှာကို သာမာန်အတိုင်း ပြန်တည်လိုက်ရင်း

" မင်းမှာကိစ္စတစ်ခုခုရှိတယ်ဆိုရင် ငါ့ကိုပြောပြလို့ရတယ်ဆိုတာ မှတ်ထားပေး။ ငါလက်လှမ်းမမှီနိုင်တဲ့အရာဆိုရင်တောင် ငါအကောင်းဆုံး ဖြေရှင်းပေးမယ်။"

ယွင်းရန်၏စကားကြောင့် တိဟွသည် များများစားစားတွေးမနေတော့ပဲ သူ၏မျက်နှာက ချက်ချင်းပင် ဝင်းပသွားရင်း ယွင်းရန်ကို ဂါရဝပြုကာ

" ကျေးဇူးတင်ပါတယ် အရှင်ယွင်းရန်"

" အင်း ဒါဆို မင်းကောင်းကောင်းအနားယူလိုက်အုန်း"

ယွင်းရန်သည် တံခါးမှထွက်သွားပြီဖြစ်သော တိဟွကိုလှမ်းကြည့်နေရင်း သူ၏ပုလ္လင်တွင် ပြန်ထိုင်လိုက်သည်။ တိဟွမည်သို့သောအရာနှင့် ကြုံတွေ့ခဲ့သည်ကိုသူသိသည်။ ဝိညာည်ခွဲဓားမြှောင်ကို ပိုင်ဆိုင်သူသည် တချိန်ကစစ်နတ်ဘုရားဖြစ်ခဲ့သည့် တော်ဝင်ဥဒေါင်းမျိုးနွယ်ဝင် ပိုင်ယင်းချီဖြစ်ကာ ထိုသူသည် ဇာတ်မြုပ်နေခဲ့ပြီး သူ့ကိုတွေ့နိုင်ဖို့နည်းလမ်းသည် တစ်ခုသာရှိသည်။

*ထိုသူ့အား တွေ့ဆုံချင်သည့်သူသည် ဥဒေါင်းမျိုးနွယ်ဝင်သာဖြစ်ရမည်။ *

ပုံမှန်သာဆိုလျင် ယွင်းရန်က တခြားသောနည်းလမ်းကိုသာ လိုက်ရှာမိလိမ့်မည်ဖြစ်ပြီး  ချွင်းချက်အနေဖြင့် တိဟွသည် ထိုနတ်ဘုရား၏ အမှတ်အသားပြုထားခံရသူဖြစ်သည်။ ထိုအရာကို သူနှင့်တိဟွပြန်ဆုံသည့်အချိန်ကတည်းက သိနေခဲ့တာဖြစ်ပြီး တိဟွကိုယ်တိုင်ကတော့ သိပုံမပေါ်ခဲ့ချေ။ ထိုအချိန်က တိဟွ၏ကိုယ်၌သည်ကပင် မှတ်ဉာဏ်ဖျောက်ဖျက်ခံထားရသော အခြေအနေမှာရှိနေခဲ့ပြီး ထိုအချင်းအရာက တိဟွအား နှစ်တထောင်အတွင်း ဖြစ်ခဲ့သမျှမှတ်တမ်းများကို မသိနိုင်တောင်အောင် လုပ်ထားခဲ့ပုံရသည်။ သို့သော်လည်း တိဟွထံတွင် မည်သည့်ခံစားချက်၊ နာကျင်မှု ၊ မှတ်ဉာဏ်ရှုပ်ထွေးမှု တို့မျှမရှိအောင် သေချာဖျောက်ဖျက်ပေးထားမှန်းသိသာ၏။ ထိုကိစ္စမျိုးသည်ကလည်း ရှေးယခင်နတ်ဘုရားများသာလုပ်နိုင်မည့်ကိစ္စဖြစ်လေသည်။

လွန်ခဲ့သောနှစ်တထောင်ကျော် သူချုပ်နှောင်ခံခဲ့ရတဲ့အချိန်အတောအတွင်းက တိဟွနှင့်ပိုင်ယင်းချွီတို့နှစ်ဦးကြားဖြစ်ပျက်ခဲ့သည့် ကိစ္စတွေကို သေချာရှင်းရှင်းလင်းလင်းမသိနိုင်သော်လည်း စစ်နတ်ဘုရားပိုင်ယင်းချွီသည် တိဟွအသက်အန္တာရာယ်ကြုံသည့်အချိန်တွင် ရောက်လာမည်ဖြစ်ပြီး ထိုနတ်ဘုရားနှင့် တိဟွတွေ့ဆုံကြသည့်အခါ တိဟွသည် အသ​က်ခံရမည်မဟုတ်သည်ကတော့ သေချာသည်။ ထိုအမှတ်အသားမျိုးက သူကိုယ်တိုင် ချီယွမ့်ကိုကိုက်ကာ အမှတ်အသားပြုခဲ့သည့် အရာမျိုးလိုပင်။

အမုန်းတို့ဖုံးအုပ်ထားသည့် အောက်ရှိတစ်လွှာသည် ချစ်မြတ်နိုးခြင်းတို့နှင့်သာ အမြစ်တွယ်နေသော အမှတ်အသားပင်ဖြစ်ရာ၏။

..........................................

" အဲ့တော့ မင်းက ဒီအတောအတွင်း ဘယ်တွေကိုပျောက်နေတာလဲ။ အဘိုးကြီးက တကယ်ပဲ မင်းကို ဘယ်တွေလွှတ်ထားတာတုန်း"

ချီယွမ်နှင့် တိဟွတို့နှစ်ဦးလုံး မိစ္ဆာတိုင်းပြည်ရှိ နန်းတော်၏ခပ်မြင့်မြင့် အဆောင်တစ်ခုပေါ်တွင် ထိုင်ကာ သေရည်သောက်ရင်း စကားစမြည်ပြောဖြစ်ကြသည်။ အပြာနှင့် အနီရောင် ရောယှက်ထားသော အခိုးအငွေ့အနည်းငယ်နှင့် ပတ်ဝန်းကျင်၏လှပမှုက ချီယွမ့်ကိုအမြဲလိုလို နှစ်သက်သဘောကျစေသည်။ သေချာပေါက်ကတော့ နျူး၏ခံစားချက်တွေကြောင့်လည်း ပါသလို သူကိုယ်တိုင်လည်း ဤနေရာကိုသဘောကျနှစ်သက်သည်။

ချီယွမ်၏အမေးကြောင့် တိဟွက ချီယွမ့်ကိုဘေးစောင်းကာ ကြည့်လိုက်ရင်း သေရည်ကို တကျိုက်မော့လိုက်သည်။

"ဒီအတိုင်း အရေးမကြီးတဲ့ကိစ္စတွေပါပဲ။ "

ချီယွမ်က တိဟွသူ့ကို အသိမပေးချင်မှန်းသိလိုက်တာမို့ စကားလမ်းကြောင်းလွှဲရန်ဆုံးဖြတ်လိုက်သည်။ တနည်းပြောရရင် တိဟွက မိစ္ဆာတိုင်းပြည်၏နေရာတနေရာတွင် တာဝန်ယူရသူဖြစ်ပြီး သူက ဒီအတိုင်း သာမန်လူတယောက်သာဖြစ်သည်မို့ တချို့သောမိစ္ဆာတိုင်းပြည်နှင့်သက်ဆိုင်သည့် လျို့ဝှက်ချက်များက သူ့ကိုအသိပေးရန် မသင့်တော်လောက်ချေ။

တကယ်တမ်းကျတော့လည်း ယွင်းရန်သူ့အားအချိန်မပေးနိုင်သည့်အချိန်များတွင် သူတကယ်ကိုပျင်းလှသည်။ ယွင်းရန်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်မိမှာကိုစိုးရိမ်တာမို့ သူမပြောဖြစ်ခဲ့ပေမဲ့ ယွင်းရန်သူ့အနားမှရှိနေချိန်များတွင်တော့ ထိုအထီးကျန်သည့်ခံစားချက်များသည် ပျောက်ကွယ်ကုန်ပါ၏။

ဒီနေရာကိုရောက်ပြီး မကြာမီက ချီယွမ်တယောက် သူ၏စူးစမ်းတတ်သည့်အကျင့်အတိုင်း မိစ္ဆာတိုင်းသူပြည်သားများရှိသည့်နေရာကို သူသွားလည်ဖူးခဲ့ပြီး သူ၏ပုံစံကြောင့်ပင် အားလုံးက သူ့အား ကြောက်လန့်နေကြပုံပေါ်သည်။ မိမိ၏နတ်သားအသွင်အပြင်ကြောင့် ဖြစ်မည်ဟုစဉ်းစားမိခဲ့သော်လည်း ၎င်းတို့က တစ်စုံတစ်ခုကိုပါ ဖုံးကွယ်ထားခဲ့ကြသလိုခံစားရသည်။ ယွင်းရန်ကတော့ သူ့ကိုထိုသူတွေကြားထဲထပ်မသွားစေရန်ပဲမှာနေခဲ့ပြီး အကြောင်းအရင်းက မိစ္ဆာဓာတ်များလျင်သူ့အတွက် အန္တာရာယ်ရှိလာနိုင်သည်ဆိုသောကြောင့် သူသည်လည်း ယွင်းရန်ပြောသည့်အတိုင်း နေလိုက်ရင်း တခါတရံသာ အထီးကျန်လျက်နေတော့သည်။

" ဒါပေမဲ့လေ...ငါတာဝန်ထမ်းဆောင်နေတဲ့အချိန် ငါမြေခွေးပေါက်ဘဝက ရန်စရှိခဲ့တဲ့ ဝံပုလွေအုပ်နဲ့တွေ့ခဲ့တာ....ငါ့မှာ သေတော့မလို့....ကံကောင်းလို့ သူ ကယ်...."

ချီယွမ်စဉ်းစားခန်းဖွင့်နေတုန်းမှာပဲ တိဟွက သူ၏လမ်းခရီးစွန့်စားခန်းများကို ပြောပြလာရာ " သူ " ဆိုသောနေရာ၌ ရပ်တန့်သွားလေတော့၏။ ချီယွမ်၏စိတ်ဝင်စားမှုကလည်း ပြန်မြင့်တတ်လာတော့သည်။

" သူ....ဟုတ်လား....ဘယ်သူလဲ။ မင်းခန္တာကိုယ်ကအမှတ်တွေရဲ့ပိုင်ရှင်လား.... ချောလား....လှလား....မင်းနဲ့ မျိုးနွယ်တူ မြေခွေးမလေးပဲလား...ဒါမဲ့မိန်းကလေးက အရမ်း...ကြမ်း...အွတ်"

တိဟွက အမြည်းပန်းကန်ထဲရှိ ကြက်ပေါင်တုံးတစ်တုံးကိုကောက်ကိုင်ကာ ချီယွမ့်ပါးစပ်အား ပိတ်လိုက်လေတော့သည်။

" များများ စား...များများစား...."

ချီယွမ်က ပါးစပ်ဝရှိ ကြက်ပေါင်ကိုပြန်ယူကာ တကိုက်ကိုက်လိုက်ပြီးမှ ပါးကန်ထဲ ပြန်ချလိုက်သည်။ တိဟွနှင့်အတူ နှစ်ယောက်သား လမင်းကြီးကို မော့ကြည့်လိုက်ကြရင်း

" အားယားးး......လမင်းကြီးက လူ့လောကမှာရှိတာထက်တောင် ပိုဝိုင်းပြီး ပိုကြီးနေတာပဲ။ "

" ဟုတ်တယ်။ ကောင်းကင်ဘုံမှာတောင် ဒီလိုမြင်ကွင်းမျိုးကို မင်းကြည့်ရမှာမဟုတ်ဘူး။ "

လမင်းကြီးကို ငေးနေသော တိဟွကို ချီယွမ်က သူ့လက်ကိုနောက်သို့ထောက်ကာထားရင်းမှ လှမ်းကြည့်သည်။ သူ၏မျက်နှာက ပြုံးစိစိဖြစ်နေပြီးတဲ့နောက်

" လမင်းကြီးကို မင်းကြာကြာငေးကြည့်လိုက်တော့ မင်းသတိရမိတဲ့သူများ ရှိသွားလား။ ဥပမာ မင်းလည်ပင်းနားတဝိုက်ကို ကိုက်သွားတဲ့တယောက်ယောက်တို့ ဘာတို့...."

တိဟွမှာ ချီယွမ်၏စကားကြောင့် လမင်းကိုကြည့်ရင်း မျက်နှာတစ်ခုလုံးက နီရဲလာ၏။ သူ့မှာ ဘာပြန်ဖြေလို့ဖြေရမှန်းမသိပဲ လမင်းကိုပဲ ဆက်ကြည့်ရမလို သူ၏ရှက်နေသည့်အမူအရာကို စောင့်ကြည့်နေသည့် ချီယွမ်ကိုပဲ ကြည့်ရမလိုဖြစ်နေတော့၏။

" အဲ့...အဲ့တာတွေက...."

" ဟားဟား ဟားဟားဟား....မင်းမျက်နှာက အနီရောင်လမင်းကြီးတောင်ဖြစ်နေပြီ....ဟားဟားဟား "

" မင်း စတာများနေပြီ။ လာခဲ့ ငါတို့ သိုင်းပြိုင်ကြမယ်"

တိဟွက မခံနိုင်တော့သည့်အဆုံး ချက်ချင်းပင် သူ၏ဓားကိုဆွဲထုတ်ကာ မတ်တပ်ရပ်လိုက်တော့သည်။ ချီယွမ်ကလည်း အရယ်မပျက်ပဲ သူ၏ဝတ်ရုံစကိုမကာ ထလိုက်ရင်း ဓားကိုဆွဲထုတ်မည့်အစား ထွက်ပြေးလေတော့၏။

" မိအောင်အရင် လိုက်စမ်းပါ....ဟားဟားဟား ။"

တိဟွမှာ ချီယွမ့်နောက်သို့ ဓားကိုဆွဲထုတ်ကာ လိုက်လေတော့သည်။

" မင်း မိရင်သေမယ်...ဖုန်း ချီ ယွမ်....!!!"

...................................................

" ယွမ်လေး...."

"ရှူးးးး..."

ယွင်းရန်က သူ၏အခန်းထဲတွင် ထိုင်နေကာ တစုံတခုကိုကြည့်ကာ တွေးတောနေပုံရပြီး ရုတ်တရက်တံခါးဖွင့်ကာဝင်လာသော ချီယွမ်ကြောင့် ထိုအရာအားအမြန်ဖွက်လိုက်သည်။ ချီယွမ်ကတော့ ပျော်ရွှင်နေတာမို့ ယွင်းရန်၏အမူအရာကို သေချာမကြည့်မိချေ။

ချီယွမ်ကတံခါးအပြင်ဘက်ကို တော်တော်ကြာ နားစွင့်နေပြီးတဲ့နောက်မှာတော့ မည်သည့်အသံမျှမကြားရတော့သည်မို့ ယွင်းရန်ဘက်သို့ ပြန်လှည့်လာတော့၏။ သေချာသလောက်တော့ သူတိဟွလက်ထဲမှ လွတ်အောင်ပြေးလာနိုင်ပုံရသည်။ တိဟွသည် အကြောင်းပြချက်မရှိပဲ ယွင်းရန်၏အခန်းနားအား မလာရဲပေ။

" အဘိုးကြီး ဘာလုပ်နေတာလဲ။"

ယွင်းရန်ကလည်း ထိုင်နေသော ခုံနေရာမှထလိုက်ပြီး ချီယွမ့်ဆီသို့ လျောက်လာလိုက်သည်။ ချီယွမ်၏ခါးကို လက်နှစ်ဖက်ဖြင့် ပွေ့ဖက်လိုက်ပြီး

" မင်းရော တိဟွနဲ့အတော်မှ ပျော်ခဲ့ရဲ့လား။ ဒီအတောအတွင်း အထီးကျန်နေတာတွေ ပျောက်သွားပြီလား။ "

ချီယွမ်၏ ပါးနှစ်ဖက်ရော နားရွက်တွေကပါ သေရည်တော်တော်များများသောက်ထားတာကြောင့် နီရဲကာနေပြီး သူကယွင်းရန်၏ပုခုံးကို လက်နှစ်ဖက်ဖြင့် လှမ်းချိတ်ရင်း ယွင်းရန်အားမော့ကြည့်သည်။

" မူးနေပြီလား....အိပ်တော့မလား။"

" ဟင့်အင်း...."

ယွင်းရန်၏အမေးကို ချီယွမ်က ခေါင်းအတွင်တွင်ခါရင်း ဖြေသည်။ ယွင်းရန်က ခါးကိုချိတ်ထားသော လက်တွေကို ချီယွမ်၏ပါးနှစ်ဖက်တွင် လာပြောင်းကပ်လိုက်ရင်း ခါနေသောခေါင်းကို ရပ်တန့်စေသည်။

" ပိုမူးနေလိမ့်မယ် အဲ့လိုမလုပ်ရဘူး"

" ကျွန်တော်က အရင်တည်းက....ခံနိုင်ရည်ရှိတဲ့ အရက်သမားပါ။ တော်ရုံမူးစရာလား.....အေ့....အရင်ကိုယ်ခန္တာနဲ့သာဆို....အေ့..... "

ဒီအမြုတေနှင့်ကိုယ်ခန္တာပြောင်းလဲမှုက သူ့အတွက် သိသာထင်ရှားသည့်အရာများစွာရှိသည့်တိုင်အောင် ချီယွမ်သည် နေသားကျရန်ကြိုးစားခဲ့ရသည်။ ယွင်းရန်က ချီယွမ်ပြန်တွေးကာ သူ့ကိုယ်သူစိတ်မကောင်းဖြစ်အောင်လုပ်မိမည်စိုးတာကြောင့် ဆက်မပြောစေရန် သူ၏ပါးနှစ်ဖက်ကိုညှစ်၏။

" ဟုတ်ပါပြီ....ဟုတ်ပါပြီ..."

ချီယွမ်က သူ၏လက်များကို ယွင်းရန်၏လည်တိုင်မှဖြုတ်ကာ ခါးတွင်ပြောင်းချိတ်လိုက်ရင်း

" အဘိုးကြီး....ကျွန်တော့်ကိုနမ်း..."

ချီယွမ်က သူ၏ပါးနှစ်ဖက်ကိုယွင်းရန်ညှစ်ထားသည့်ကြားထဲမှ သူ၏နှုတ်ခမ်းများကိုပါ ဆူလိုက်သည်။ ယွင်းရန်မှာချီယွမ့်အားကြည့်ရင်းပင် စိတ်ရိုင်းတို့က မနေနိုင်စွာ ကခုန်နေကြသလိုဖြစ်ပေါ်လာတာမို့ သူသည်တွန့်ဆုတ်နေခြင်းမရှိစွာ ချီယွမ့်၏နှုတ်ခမ်းတို့အား နမ်းရှိုက်လေတော့သည်။

နှစ်ဦးသား တယောက်နှင့်တယောက်ပွတ်သပ်ရင်း ယွင်းရန်၏ကုတင်ပေါ်သို့ပင် ပြုတ်ကျသွားကာ ယွင်းရန်ကပင် ဆက်လက်ဦးဆောင်လျက် နမ်းရှိုက်နေခဲ့သည်။

" အရှင်..... ရွှမ့်ဟွာပါ"

တံခါးခေါက်သံ သုံးလေးချက်နှင့်အတူ ရွှမ့်ဟွာ၏အသံက တံခါးအပြင်ဘက်မှ ပေါ်ထွက်လာလေ၏။ ချီယွမ်က အသံကြားတာကြောင့် နမ်းရှိုက်နေမှုမှ ရုန်းထွက်လိုက်ရင်း ခေါင်းထောင်ကြည့်လေတော့ ယွင်းရန်က ချီယွမ်၏လက်နှစ်ဖက်ကို ကုတင်ပေါ်၌ကပ်လျက်ဖိထားကာ

" ကိုယ့်ကိုပဲ အာရုံစိုက်လေ..."

"ဒါပေ...မဲ့...အွန်း..."

ယွင်းရန်က ချီယွမ်၏လည်တိုင်တို့အား တဆင့်ချင်းနမ်းရှိုက်ရင်း ချီယွမ့်အား သူနှင့်အတူ ပြန်စီးမြောစေသည်။

" အရှင် ဘာလုပ်နေမှန်းမသိလို့ နှောက်ယှက်မိသလိုဖြစ်သွားမယ်ဆိုပေမဲ့....အရေးကြီးပါတယ်။ ချန်းရှနဲ့ပတ်သတ်ပြီး စုံစမ်းခိုင်းထားတဲ့ကိစ္စပါ။"

ထိုနာမည်ကြားသည်နှင့် ယွင်းရန်၏လုပ်ဆောင်နေမှုများက ချက်ချင်းရပ်တန့်သွားပြီး သူသည် သူ့အောက်တွင်ရှိနေသော ချီယွမ်အားကြည့်လိုက်သည်။ ထို့နောက် တံခါးဘက်သို့ ကြည့်လိုက်ရင်း

" ငါလာခဲ့မှာမို့ ခန်းမဆောင်မှာ စောင့်နေ"

" မှန်လှပါ အရှင်...."

ယွင်းရန်က ချီယွမ်နှင့်ရှိနေသောအနေအထားမှ မတ်တပ်ရပ်ကာ ချီယွမ်အားကြည့်တော့ ချီယွမ်က ငုတ်တုတ်ပြောင်းထိုင်လိုက်ပြီး သူ့အား ခေါင်းငြိမ့်ပြသည်။

" သွားလေ...ကျွန်တော် စောင့်နေလိုက်မယ်။ အရမ်းမကြာစေနဲ့နော်....အိပ်ပျော်သွားရင် မတတ်နိုင်ဘူး။"

ယွင်းရန်က ပြုံးလိုက်ရင်း

" အင်း "

...............................

ယွင်းရန်ထွက်သွားပြီး တော်တော်ကြာသည်အထိ ချီယွမ်သည် ကုတင်ပေါ်တွင် မူလပုံစံအတိုင်းသာထိုင်ရင်း တံခါးအားကြည့်နေခဲ့သည်။

ယွင်းရန်၏ဆိုလိုရင်းကဲ့သို့ မည်သို့ပင် နျူးနှင့်မိမိကတဦးတည်းဟုဆိုပါစေ သူ့ထံတွင် နျူး၏မှတ်ဉာဏ်များမရှိတာကြောင့် သူသည်ချီယွမ်သာဖြစ်သည်။ ထိုအချက်သည်ကလည်း သူ့အနေဖြင့် ယွင်းရန်ဘေးတွင် နေထိုင်ရန် မလုံလော​က်သလိုခံစားရသည်။ ယခုအချိန်တွင် သူ့ဘဝအတွက် အရေးကြီးဆုံးသည် ယွင်းရန်သာဖြစ်သည်။ ယွင်းရန်အား မစွန့်ခွာနိုင်သလို စွန့်ခွာသွားနိုင်မည့် သတ္တိလည်း သူ့တွင်မရှိပါချေ။

" ငါ့မှာသာ အရင်ကငါရဲ့မှတ်ဉာဏ်တွေသာ ရှိခဲ့မယ်ဆိုရင် စိတ်အေးသွားနိုင်မလား။ လေးလံနေတဲ့ ဒီခံစားချက်တွေ..."

ချီယွမ်က ခေါင်းငိုက်စိုက်ချကာ သက်ပြင်းတချချဖြစ်နေတော့၏။

* ကျိ...ကျိ...ချိ...*

ရုတ်တရက် လှုပ်ရှားမှုနှင့်အတူအသံတချို့ကြားလိုက်ရတာကြောင့် ချီယွမ်ခေါင်းပြန်မော့ကြည့်တော့ သူနှင့်မနီးမဝေးစားပွဲခုံအောက်မှထွက်လာပြီး သူ၏လက်ခြောက်ချောင်းထဲမှ နှစ်ချောင်းသည်ကလည်း တစုံတစ်ခုကို သယ်လာသည်ကိုတွေ့လိုက်ရသည်။

" ကျိကျိ...မင်း ဒီအခန်းထဲမှာ ဘာလုပ်နေပြန်တာလဲ"

ချီယွမ့်တွင် အခန်းဆောင်သက်သက်ထားရှိပြီး ချီယွမ်ကလည်း ထိုအခန်းဆောင်တွင် တခါတရံမှသာနေဖြစ်ပြီး ယွင်းရန်နှင့် ယွင်းရန်၏အိပ်ဆောင်၌သာ အချိန်ကုန်ဆုံးလေ့ရှိသည်။ ထို့နည်းအတူ ကျိကျိဆိုသောကောင်လေးကလည်း သူ့သခင်၏လမ်းစဉ်အတိုင်း အမြဲတမ်း ယွင်ရန်၏အိပ်ဆောင်၌သာလာလာပုန်းနေလေ့ရှိ၏။ ကျိကျိက ဤအခန်းထဲ၌နေရသည်ကို သူ့ထက်ပင်ပိုကြိုက်သေးသည်။

ကျိကျိက ချီယွမ်၏ပေါင်ပေါ်အထိ တခါတည်း တန်းတတ်လာခဲ့ပြီးတဲ့နောက် ချီယွမ်၏လက်ထဲသို့ သူချီကာသယ်လာသော အရာကို ထည့်ပေးလိုက်သည်။

" ဒါက ရှန်းဝူပိုင်ပေးတဲ့ ဆံထိုးပဲ။ ငါကပျောက်သွားပြီထင်နေတာ.... မင်းဘယ်လိုတွေ့တာလဲ။"

ချီယွမ်က လက်ထဲရှိဆံထိုးအား မြှောက်ကြည့်ကာ ကျိကျိကိုမေးပေမဲ့ ကျိကျိကတော့ ခုံပေါက်နေရုံမှလွဲ၍ သူ့အားဘာမျှပြန်မပြောချေ။ ထို့နောက် သူ့ပေါင်ပေါ်တွင်သာ ကျိကျိကနေရာယူလိုက်ပြီး အိပ်ပျော်သွားလေတော့၏။ 

ချီယွမ်က ဆံထိုးကိုသာ ပြန်အာရုံစိုက်လိုက်ရင်း

" ကောင်းပြီ....အတိတ်ကကိစ္စတွေ ပြန်ကြည့်ကြည့်တာပေါ့။"

ချီယွမ်သည် အံကိုကြိတ်တာ ဆံထိုး၏အစွန်းနှစ်ဖက်ကို ဆုပ်ကိုင်လိုက်သည်။ ထို့နောက်ဆံထိုးအား အားပါပါချိုးချလိုက်ရာ ဆံထိုးသည် အလည်မှ ထက်ပိုင်းကျိုးသွားရင်း အလင်းရောင်တို့ဖြာထွက်လျက် ချီယွမ်၏မျက်ခုံးနှစ်ခုကြားရှိ အမှတ်အသားလေးထဲသို့ ဝင်သွားကြလေတော့သည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဒီအပတ်မအားဖြစ်လို့ တပိုင်းပဲရေးဖြစ်သွားတာ။ပုံမှန်ဆို တပတ်သုံးပိုင်းအပ်ပေးပါမယ်နော်။ 💞❤

Zawgyi

ယြင္းရန္၏အေမးေၾကာင့္ တိဟြသည္ ေက်ာေပးထားလ်က္ပင္ ရပ္တန္႔မိသြား၏။ အနည္းငယ္တြန္႔ဆုပ္ေနမိၿပီးတဲ့ေနာက္ေတာ့ သူယြင္းရန္ဘက္သို႔လွည့္ကာ ျပဳံးျပလိုက္ရင္း

" ကြၽန္ေတာ္ အဆင္ေျပပါတယ္။ ဝံပုေလြတခ်ိဳ႕နဲ႔ တိုက္ခိုက္ခဲ့ရတာမို႔ အျမဳေတအစြမ္းက အနည္းငယ္အားနည္းေန႐ုံပါ။"

ယြင္းရန္က တိဟြကိုေသခ်ာၾကည့္ကာ မ်က္ေမွာင္ၾကဳတ္ေနရင္းမွ သူ၏မ်က္ႏွာကို သာမာန္အတိုင္း ျပန္တည္လိုက္ရင္း

" မင္းမွာကိစၥတစ္ခုခု႐ွိတယ္ဆိုရင္ ငါ့ကိုေျပာျပလို႔ရတယ္ဆိုတာ မွတ္ထားေပး။ ငါလက္လွမ္းမမွီႏိုင္တဲ့အရာဆိုရင္ေတာင္ ငါအေကာင္းဆုံး ေျဖ႐ွင္းေပးမယ္။"

ယြင္းရန္၏စကားေၾကာင့္ တိဟြသည္ မ်ားမ်ားစားစားေတြးမေနေတာ့ပဲ သူ၏မ်က္ႏွာက ခ်က္ခ်င္းပင္ ဝင္းပသြားရင္း ယြင္းရန္ကို ဂါရဝျပဳကာ

" ေက်းဇူးတင္ပါတယ္ အ႐ွင္ယြင္းရန္"

" အင္း ဒါဆို မင္းေကာင္းေကာင္းအနားယူလိုက္အုန္း"

ယြင္းရန္သည္ တံခါးမွထြက္သြားၿပီျဖစ္ေသာ တိဟြကိုလွမ္းၾကည့္ေနရင္း သူ၏ပုလႅင္တြင္ ျပန္ထိုင္လိုက္သည္။ တိဟြမည္သို႔ေသာအရာႏွင့္ ၾကဳံေတြ႕ခဲ့သည္ကိုသူသိသည္။ ဝိညာည္ခြဲဓားေျမႇာင္ကို ပိုင္ဆိုင္သူသည္ တခ်ိန္ကစစ္နတ္ဘုရားျဖစ္ခဲ့သည့္ ေတာ္ဝင္ဥေဒါင္းမ်ိဳးႏြယ္ဝင္ ပိုင္ယင္းခ်ီျဖစ္ကာ ထိုသူသည္ ဇာတ္ျမဳပ္ေနခဲ့ၿပီး သူ႕ကိုေတြ႕ႏိုင္ဖို႔နည္းလမ္းသည္ တစ္ခုသာ႐ွိသည္။

*ထိုသူ႕အား ေတြ႕ဆုံခ်င္သည့္သူသည္ ဥေဒါင္းမ်ိဳးႏြယ္ဝင္သာျဖစ္ရမည္။ *

ပုံမွန္သာဆိုလ်င္ ယြင္းရန္က တျခားေသာနည္းလမ္းကိုသာ လိုက္႐ွာမိလိမ့္မည္ျဖစ္ၿပီး  ခြၽင္းခ်က္အေနျဖင့္ တိဟြသည္ ထိုနတ္ဘုရား၏ အမွတ္အသားျပဳထားခံရသူျဖစ္သည္။ ထိုအရာကို သူႏွင့္တိဟြျပန္ဆုံသည့္အခ်ိန္ကတည္းက သိေနခဲ့တာျဖစ္ၿပီး တိဟြကိုယ္တိုင္ကေတာ့ သိပုံမေပၚခဲ့ေခ်။ ထိုအခ်ိန္က တိဟြ၏ကိုယ္၌သည္ကပင္ မွတ္ဉာဏ္ေဖ်ာက္ဖ်က္ခံထားရေသာ အေျခအေနမွာ႐ွိေနခဲ့ၿပီး ထိုအခ်င္းအရာက တိဟြအား ႏွစ္တေထာင္အတြင္း ျဖစ္ခဲ့သမွ်မွတ္တမ္းမ်ားကို မသိႏိုင္ေတာင္ေအာင္ လုပ္ထားခဲ့ပုံရသည္။ သို႔ေသာ္လည္း တိဟြထံတြင္ မည္သည့္ခံစားခ်က္၊ နာက်င္မႈ ၊ မွတ္ဉာဏ္႐ႈပ္ေထြးမႈ တို႔မွ်မ႐ွိေအာင္ ေသခ်ာေဖ်ာက္ဖ်က္ေပးထားမွန္းသိသာ၏။ ထိုကိစၥမ်ိဳးသည္ကလည္း ေ႐ွးယခင္နတ္ဘုရားမ်ားသာလုပ္ႏိုင္မည့္ကိစၥျဖစ္ေလသည္။

လြန္ခဲ့ေသာႏွစ္တေထာင္ေက်ာ္ သူခ်ဳပ္ေႏွာင္ခံခဲ့ရတဲ့အခ်ိန္အေတာအတြင္းက တိဟြႏွင့္ပိုင္ယင္းခြၽီတို႔ႏွစ္ဦးၾကားျဖစ္ပ်က္ခဲ့သည့္ ကိစၥေတြကို ေသခ်ာ႐ွင္း႐ွင္းလင္းလင္းမသိႏိုင္ေသာ္လည္း စစ္နတ္ဘုရားပိုင္ယင္းခြၽီသည္ တိဟြအသက္အႏၲာရာယ္ၾကဳံသည့္အခ်ိန္တြင္ ေရာက္လာမည္ျဖစ္ၿပီး ထိုနတ္ဘုရားႏွင့္ တိဟြေတြ႕ဆုံၾကသည့္အခါ တိဟြသည္ အသ​က္ခံရမည္မဟုတ္သည္ကေတာ့ ေသခ်ာသည္။ ထိုအမွတ္အသားမ်ိဳးက သူကိုယ္တိုင္ ခ်ီယြမ့္ကိုကိုက္ကာ အမွတ္အသားျပဳခဲ့သည့္ အရာမ်ိဳးလိုပင္။

အမုန္းတို႔ဖုံးအုပ္ထားသည့္ ေအာက္႐ွိတစ္လႊာသည္ ခ်စ္ျမတ္ႏိုးျခင္းတို႔ႏွင့္သာ အျမစ္တြယ္ေနေသာ အမွတ္အသားပင္ျဖစ္ရာ၏။

..........................................

" အဲ့ေတာ့ မင္းက ဒီအေတာအတြင္း ဘယ္ေတြကိုေပ်ာက္ေနတာလဲ။ အဘိုးႀကီးက တကယ္ပဲ မင္းကို ဘယ္ေတြလႊတ္ထားတာတုန္း"

ခ်ီယြမ္ႏွင့္ တိဟြတို႔ႏွစ္ဦးလုံး မိစၧာတိုင္းျပည္႐ွိ နန္းေတာ္၏ခပ္ျမင့္ျမင့္ အေဆာင္တစ္ခုေပၚတြင္ ထိုင္ကာ ေသရည္ေသာက္ရင္း စကားစျမည္ေျပာျဖစ္ၾကသည္။ အျပာႏွင့္ အနီေရာင္ ေရာယွက္ထားေသာ အခိုးအေငြ႕အနည္းငယ္ႏွင့္ ပတ္ဝန္းက်င္၏လွပမႈက ခ်ီယြမ့္ကိုအၿမဲလိုလို ႏွစ္သက္သေဘာက်ေစသည္။ ေသခ်ာေပါက္ကေတာ့ ႏ်ဴး၏ခံစားခ်က္ေတြေၾကာင့္လည္း ပါသလို သူကိုယ္တိုင္လည္း ဤေနရာကိုသေဘာက်ႏွစ္သက္သည္။

ခ်ီယြမ္၏အေမးေၾကာင့္ တိဟြက ခ်ီယြမ့္ကိုေဘးေစာင္းကာ ၾကည့္လိုက္ရင္း ေသရည္ကို တက်ိဳက္ေမာ့လိုက္သည္။

"ဒီအတိုင္း အေရးမႀကီးတဲ့ကိစၥေတြပါပဲ။ "

ခ်ီယြမ္က တိဟြသူ႕ကို အသိမေပးခ်င္မွန္းသိလိုက္တာမို႔ စကားလမ္းေၾကာင္းလႊဲရန္ဆုံးျဖတ္လိုက္သည္။ တနည္းေျပာရရင္ တိဟြက မိစၧာတိုင္းျပည္၏ေနရာတေနရာတြင္ တာဝန္ယူရသူျဖစ္ၿပီး သူက ဒီအတိုင္း သာမန္လူတေယာက္သာျဖစ္သည္မို႔ တခ်ိဳ႕ေသာမိစၧာတိုင္းျပည္ႏွင့္သက္ဆိုင္သည့္ လ်ိဳ႕ဝွက္ခ်က္မ်ားက သူ႕ကိုအသိေပးရန္ မသင့္ေတာ္ေလာက္ေခ်။

တကယ္တမ္းက်ေတာ့လည္း ယြင္းရန္သူ႕အားအခ်ိန္မေပးႏိုင္သည့္အခ်ိန္မ်ားတြင္ သူတကယ္ကိုပ်င္းလွသည္။ ယြင္းရန္အတြက္ ဝန္ထုပ္ဝန္ပိုးျဖစ္မိမွာကိုစိုးရိမ္တာမို႔ သူမေျပာျဖစ္ခဲ့ေပမဲ့ ယြင္းရန္သူ႕အနားမွ႐ွိေနခ်ိန္မ်ားတြင္ေတာ့ ထိုအထီးက်န္သည့္ခံစားခ်က္မ်ားသည္ ေပ်ာက္ကြယ္ကုန္ပါ၏။

ဒီေနရာကိုေရာက္ၿပီး မၾကာမီက ခ်ီယြမ္တေယာက္ သူ၏စူးစမ္းတတ္သည့္အက်င့္အတိုင္း မိစၧာတိုင္းသူျပည္သားမ်ား႐ွိသည့္ေနရာကို သူသြားလည္ဖူးခဲ့ၿပီး သူ၏ပုံစံေၾကာင့္ပင္ အားလုံးက သူ႕အား ေၾကာက္လန္႔ေနၾကပုံေပၚသည္။ မိမိ၏နတ္သားအသြင္အျပင္ေၾကာင့္ ျဖစ္မည္ဟုစဥ္းစားမိခဲ့ေသာ္လည္း ၎တို႔က တစ္စုံတစ္ခုကိုပါ ဖုံးကြယ္ထားခဲ့ၾကသလိုခံစားရသည္။ ယြင္းရန္ကေတာ့ သူ႕ကိုထိုသူေတြၾကားထဲထပ္မသြားေစရန္ပဲမွာေနခဲ့ၿပီး အေၾကာင္းအရင္းက မိစၧာဓာတ္မ်ားလ်င္သူ႕အတြက္ အႏၲာရာယ္႐ွိလာႏိုင္သည္ဆိုေသာေၾကာင့္ သူသည္လည္း ယြင္းရန္ေျပာသည့္အတိုင္း ေနလိုက္ရင္း တခါတရံသာ အထီးက်န္လ်က္ေနေတာ့သည္။

" ဒါေပမဲ့ေလ...ငါတာဝန္ထမ္းေဆာင္ေနတဲ့အခ်ိန္ ငါေျမေခြးေပါက္ဘဝက ရန္စ႐ွိခဲ့တဲ့ ဝံပုေလြအုပ္နဲ႔ေတြ႕ခဲ့တာ....ငါ့မွာ ေသေတာ့မလို႔....ကံေကာင္းလို႔ သူ ကယ္...."

ခ်ီယြမ္စဥ္းစားခန္းဖြင့္ေနတုန္းမွာပဲ တိဟြက သူ၏လမ္းခရီးစြန္႔စားခန္းမ်ားကို ေျပာျပလာရာ " သူ " ဆိုေသာေနရာ၌ ရပ္တန္႔သြားေလေတာ့၏။ ခ်ီယြမ္၏စိတ္ဝင္စားမႈကလည္း ျပန္ျမင့္တတ္လာေတာ့သည္။

" သူ....ဟုတ္လား....ဘယ္သူလဲ။ မင္းခႏၲာကိုယ္ကအမွတ္ေတြရဲ႕ပိုင္႐ွင္လား.... ေခ်ာလား....လွလား....မင္းနဲ႔ မ်ိဳးႏြယ္တူ ေျမေခြးမေလးပဲလား...ဒါမဲ့မိန္းကေလးက အရမ္း...ၾကမ္း...အြတ္"

တိဟြက အျမည္းပန္းကန္ထဲ႐ွိ ၾကက္ေပါင္တုံးတစ္တုံးကိုေကာက္ကိုင္ကာ ခ်ီယြမ့္ပါးစပ္အား ပိတ္လိုက္ေလေတာ့သည္။

" မ်ားမ်ား စား...မ်ားမ်ားစား...."

ခ်ီယြမ္က ပါးစပ္ဝ႐ွိ ၾကက္ေပါင္ကိုျပန္ယူကာ တကိုက္ကိုက္လိုက္ၿပီးမွ ပါးကန္ထဲ ျပန္ခ်လိုက္သည္။ တိဟြႏွင့္အတူ ႏွစ္ေယာက္သား လမင္းႀကီးကို ေမာ့ၾကည့္လိုက္ၾကရင္း

" အားယားးး......လမင္းႀကီးက လူ႕ေလာကမွာ႐ွိတာထက္ေတာင္ ပိုဝိုင္းၿပီး ပိုႀကီးေနတာပဲ။ "

" ဟုတ္တယ္။ ေကာင္းကင္ဘုံမွာေတာင္ ဒီလိုျမင္ကြင္းမ်ိဳးကို မင္းၾကည့္ရမွာမဟုတ္ဘူး။ "

လမင္းႀကီးကို ေငးေနေသာ တိဟြကို ခ်ီယြမ္က သူ႕လက္ကိုေနာက္သို႔ေထာက္ကာထားရင္းမွ လွမ္းၾကည့္သည္။ သူ၏မ်က္ႏွာက ျပဳံးစိစိျဖစ္ေနၿပီးတဲ့ေနာက္

" လမင္းႀကီးကို မင္းၾကာၾကာေငးၾကည့္လိုက္ေတာ့ မင္းသတိရမိတဲ့သူမ်ား ႐ွိသြားလား။ ဥပမာ မင္းလည္ပင္းနားတဝိုက္ကို ကိုက္သြားတဲ့တေယာက္ေယာက္တို႔ ဘာတို႔...."

တိဟြမွာ ခ်ီယြမ္၏စကားေၾကာင့္ လမင္းကိုၾကည့္ရင္း မ်က္ႏွာတစ္ခုလုံးက နီရဲလာ၏။ သူ႕မွာ ဘာျပန္ေျဖလို႔ေျဖရမွန္းမသိပဲ လမင္းကိုပဲ ဆက္ၾကည့္ရမလို သူ၏႐ွက္ေနသည့္အမူအရာကို ေစာင့္ၾကည့္ေနသည့္ ခ်ီယြမ္ကိုပဲ ၾကည့္ရမလိုျဖစ္ေနေတာ့၏။

" အဲ့...အဲ့တာေတြက...."

" ဟားဟား ဟားဟားဟား....မင္းမ်က္ႏွာက အနီေရာင္လမင္းႀကီးေတာင္ျဖစ္ေနၿပီ....ဟားဟားဟား "

" မင္း စတာမ်ားေနၿပီ။ လာခဲ့ ငါတို႔ သိုင္းၿပိဳင္ၾကမယ္"

တိဟြက မခံႏိုင္ေတာ့သည့္အဆုံး ခ်က္ခ်င္းပင္ သူ၏ဓားကိုဆြဲထုတ္ကာ မတ္တပ္ရပ္လိုက္ေတာ့သည္။ ခ်ီယြမ္ကလည္း အရယ္မပ်က္ပဲ သူ၏ဝတ္႐ုံစကိုမကာ ထလိုက္ရင္း ဓားကိုဆြဲထုတ္မည့္အစား ထြက္ေျပးေလေတာ့၏။

" မိေအာင္အရင္ လိုက္စမ္းပါ....ဟားဟားဟား ။"

တိဟြမွာ ခ်ီယြမ့္ေနာက္သို႔ ဓားကိုဆြဲထုတ္ကာ လိုက္ေလေတာ့သည္။

" မင္း မိရင္ေသမယ္...ဖုန္း ခ်ီ ယြမ္....!!!"

...................................................

" ယြမ္ေလး...."

"႐ွဴးးးး..."

ယြင္းရန္က သူ၏အခန္းထဲတြင္ ထိုင္ေနကာ တစုံတခုကိုၾကည့္ကာ ေတြးေတာေနပုံရၿပီး ႐ုတ္တရက္တံခါးဖြင့္ကာဝင္လာေသာ ခ်ီယြမ္ေၾကာင့္ ထိုအရာအားအျမန္ဖြက္လိုက္သည္။ ခ်ီယြမ္ကေတာ့ ေပ်ာ္႐ႊင္ေနတာမို႔ ယြင္းရန္၏အမူအရာကို ေသခ်ာမၾကည့္မိေခ်။

ခ်ီယြမ္ကတံခါးအျပင္ဘက္ကို ေတာ္ေတာ္ၾကာ နားစြင့္ေနၿပီးတဲ့ေနာက္မွာေတာ့ မည္သည့္အသံမွ်မၾကားရေတာ့သည္မို႔ ယြင္းရန္ဘက္သို႔ ျပန္လွည့္လာေတာ့၏။ ေသခ်ာသေလာက္ေတာ့ သူတိဟြလက္ထဲမွ လြတ္ေအာင္ေျပးလာႏိုင္ပုံရသည္။ တိဟြသည္ အေၾကာင္းျပခ်က္မ႐ွိပဲ ယြင္းရန္၏အခန္းနားအား မလာရဲေပ။

" အဘိုးႀကီး ဘာလုပ္ေနတာလဲ။"

ယြင္းရန္ကလည္း ထိုင္ေနေသာ ခုံေနရာမွထလိုက္ၿပီး ခ်ီယြမ့္ဆီသို႔ ေလ်ာက္လာလိုက္သည္။ ခ်ီယြမ္၏ခါးကို လက္ႏွစ္ဖက္ျဖင့္ ေပြ႕ဖက္လိုက္ၿပီး

" မင္းေရာ တိဟြနဲ႔အေတာ္မွ ေပ်ာ္ခဲ့ရဲ႕လား။ ဒီအေတာအတြင္း အထီးက်န္ေနတာေတြ ေပ်ာက္သြားၿပီလား။ "

ခ်ီယြမ္၏ ပါးႏွစ္ဖက္ေရာ နား႐ြက္ေတြကပါ ေသရည္ေတာ္ေတာ္မ်ားမ်ားေသာက္ထားတာေၾကာင့္ နီရဲကာေနၿပီး သူကယြင္းရန္၏ပုခုံးကို လက္ႏွစ္ဖက္ျဖင့္ လွမ္းခ်ိတ္ရင္း ယြင္းရန္အားေမာ့ၾကည့္သည္။

" မူးေနၿပီလား....အိပ္ေတာ့မလား။"

" ဟင့္အင္း...."

ယြင္းရန္၏အေမးကို ခ်ီယြမ္က ေခါင္းအတြင္တြင္ခါရင္း ေျဖသည္။ ယြင္းရန္က ခါးကိုခ်ိတ္ထားေသာ လက္ေတြကို ခ်ီယြမ္၏ပါးႏွစ္ဖက္တြင္ လာေျပာင္းကပ္လိုက္ရင္း ခါေနေသာေခါင္းကို ရပ္တန္႔ေစသည္။

" ပိုမူးေနလိမ့္မယ္ အဲ့လိုမလုပ္ရဘူး"

" ကြၽန္ေတာ္က အရင္တည္းက....ခံႏိုင္ရည္႐ွိတဲ့ အရက္သမားပါ။ ေတာ္႐ုံမူးစရာလား.....ေအ့....အရင္ကိုယ္ခႏၲာနဲ႔သာဆို....ေအ့..... "

ဒီအျမဳေတႏွင့္ကိုယ္ခႏၲာေျပာင္းလဲမႈက သူ႕အတြက္ သိသာထင္႐ွားသည့္အရာမ်ားစြာ႐ွိသည့္တိုင္ေအာင္ ခ်ီယြမ္သည္ ေနသားက်ရန္ႀကိဳးစားခဲ့ရသည္။ ယြင္းရန္က ခ်ီယြမ္ျပန္ေတြးကာ သူ႕ကိုယ္သူစိတ္မေကာင္းျဖစ္ေအာင္လုပ္မိမည္စိုးတာေၾကာင့္ ဆက္မေျပာေစရန္ သူ၏ပါးႏွစ္ဖက္ကိုညႇစ္၏။

" ဟုတ္ပါၿပီ....ဟုတ္ပါၿပီ..."

ခ်ီယြမ္က သူ၏လက္မ်ားကို ယြင္းရန္၏လည္တိုင္မွျဖဳတ္ကာ ခါးတြင္ေျပာင္းခ်ိတ္လိုက္ရင္း

" အဘိုးႀကီး....ကြၽန္ေတာ္႕ကိုနမ္း..."

ခ်ီယြမ္က သူ၏ပါးႏွစ္ဖက္ကိုယြင္းရန္ညႇစ္ထားသည့္ၾကားထဲမွ သူ၏ႏႈတ္ခမ္းမ်ားကိုပါ ဆူလိုက္သည္။ ယြင္းရန္မွာခ်ီယြမ့္အားၾကည့္ရင္းပင္ စိတ္႐ိုင္းတို႔က မေနႏိုင္စြာ ကခုန္ေနၾကသလိုျဖစ္ေပၚလာတာမို႔ သူသည္တြန္႔ဆုတ္ေနျခင္းမ႐ွိစြာ ခ်ီယြမ့္၏ႏႈတ္ခမ္းတို႔အား နမ္း႐ိႈက္ေလေတာ့သည္။

ႏွစ္ဦးသား တေယာက္ႏွင့္တေယာက္ပြတ္သပ္ရင္း ယြင္းရန္၏ကုတင္ေပၚသို႔ပင္ ျပဳတ္က်သြားကာ ယြင္းရန္ကပင္ ဆက္လက္ဦးေဆာင္လ်က္ နမ္း႐ိႈက္ေနခဲ့သည္။

" အ႐ွင္..... ႐ႊမ့္ဟြာပါ"

တံခါးေခါက္သံ သုံးေလးခ်က္ႏွင့္အတူ ႐ႊမ့္ဟြာ၏အသံက တံခါးအျပင္ဘက္မွ ေပၚထြက္လာေလ၏။ ခ်ီယြမ္က အသံၾကားတာေၾကာင့္ နမ္း႐ိႈက္ေနမႈမွ ႐ုန္းထြက္လိုက္ရင္း ေခါင္းေထာင္ၾကည့္ေလေတာ့ ယြင္းရန္က ခ်ီယြမ္၏လက္ႏွစ္ဖက္ကို ကုတင္ေပၚ၌ကပ္လ်က္ဖိထားကာ

" ကိုယ့္ကိုပဲ အာ႐ုံစိုက္ေလ..."

"ဒါေပ...မဲ့...အြန္း..."

ယြင္းရန္က ခ်ီယြမ္၏လည္တိုင္တို႔အား တဆင့္ခ်င္းနမ္း႐ိႈက္ရင္း ခ်ီယြမ့္အား သူႏွင့္အတူ ျပန္စီးေျမာေစသည္။

" အ႐ွင္ ဘာလုပ္ေနမွန္းမသိလို႔ ေႏွာက္ယွက္မိသလိုျဖစ္သြားမယ္ဆိုေပမဲ့....အေရးႀကီးပါတယ္။ ခ်န္း႐ွနဲ႔ပတ္သတ္ၿပီး စုံစမ္းခိုင္းထားတဲ့ကိစၥပါ။"

ထိုနာမည္ၾကားသည္ႏွင့္ ယြင္းရန္၏လုပ္ေဆာင္ေနမႈမ်ားက ခ်က္ခ်င္းရပ္တန္႔သြားၿပီး သူသည္ သူ႕ေအာက္တြင္႐ွိေနေသာ ခ်ီယြမ္အားၾကည့္လိုက္သည္။ ထို႔ေနာက္ တံခါးဘက္သို႔ ၾကည့္လိုက္ရင္း

" ငါလာခဲ့မွာမို႔ ခန္းမေဆာင္မွာ ေစာင့္ေန"

" မွန္လွပါ အ႐ွင္...."

ယြင္းရန္က ခ်ီယြမ္ႏွင့္႐ွိေနေသာအေနအထားမွ မတ္တပ္ရပ္ကာ ခ်ီယြမ္အားၾကည့္ေတာ့ ခ်ီယြမ္က ငုတ္တုတ္ေျပာင္းထိုင္လိုက္ၿပီး သူ႕အား ေခါင္းၿငိမ့္ျပသည္။

" သြားေလ...ကြၽန္ေတာ္ ေစာင့္ေနလိုက္မယ္။ အရမ္းမၾကာေစနဲ႔ေနာ္....အိပ္ေပ်ာ္သြားရင္ မတတ္ႏိုင္ဘူး။"

ယြင္းရန္က ျပဳံးလိုက္ရင္း

" အင္း "

...............................

ယြင္းရန္ထြက္သြားၿပီး ေတာ္ေတာ္ၾကာသည္အထိ ခ်ီယြမ္သည္ ကုတင္ေပၚတြင္ မူလပုံစံအတိုင္းသာထိုင္ရင္း တံခါးအားၾကည့္ေနခဲ့သည္။

ယြင္းရန္၏ဆိုလိုရင္းကဲ့သို႔ မည္သို႔ပင္ ႏ်ဴးႏွင့္မိမိကတဦးတည္းဟုဆိုပါေစ သူ႕ထံတြင္ ႏ်ဴး၏မွတ္ဉာဏ္မ်ားမ႐ွိတာေၾကာင့္ သူသည္ခ်ီယြမ္သာျဖစ္သည္။ ထိုအခ်က္သည္ကလည္း သူ႕အေနျဖင့္ ယြင္းရန္ေဘးတြင္ ေနထိုင္ရန္ မလုံေလာ​က္သလိုခံစားရသည္။ ယခုအခ်ိန္တြင္ သူ႕ဘဝအတြက္ အေရးႀကီးဆုံးသည္ ယြင္းရန္သာျဖစ္သည္။ ယြင္းရန္အား မစြန္႔ခြာႏိုင္သလို စြန္႔ခြာသြားႏိုင္မည့္ သတၱိလည္း သူ႕တြင္မ႐ွိပါေခ်။

" ငါ့မွာသာ အရင္ကငါရဲ႕မွတ္ဉာဏ္ေတြသာ ႐ွိခဲ့မယ္ဆိုရင္ စိတ္ေအးသြားႏိုင္မလား။ ေလးလံေနတဲ့ ဒီခံစားခ်က္ေတြ..."

ခ်ီယြမ္က ေခါင္းငိုက္စိုက္ခ်ကာ သက္ျပင္းတခ်ခ်ျဖစ္ေနေတာ့၏။

* က်ိ...က်ိ...ခ်ိ...*

႐ုတ္တရက္ လႈပ္႐ွားမႈႏွင့္အတူအသံတခ်ိဳ႕ၾကားလိုက္ရတာေၾကာင့္ ခ်ီယြမ္ေခါင္းျပန္ေမာ့ၾကည့္ေတာ့ သူႏွင့္မနီးမေဝးစားပြဲခုံေအာက္မွထြက္လာၿပီး သူ၏လက္ေျခာက္ေခ်ာင္းထဲမွ ႏွစ္ေခ်ာင္းသည္ကလည္း တစုံတစ္ခုကို သယ္လာသည္ကိုေတြ႕လိုက္ရသည္။

" က်ိက်ိ...မင္း ဒီအခန္းထဲမွာ ဘာလုပ္ေနျပန္တာလဲ"

ခ်ီယြမ့္တြင္ အခန္းေဆာင္သက္သက္ထား႐ွိၿပီး ခ်ီယြမ္ကလည္း ထိုအခန္းေဆာင္တြင္ တခါတရံမွသာေနျဖစ္ၿပီး ယြင္းရန္ႏွင့္ ယြင္းရန္၏အိပ္ေဆာင္၌သာ အခ်ိန္ကုန္ဆုံးေလ့႐ွိသည္။ ထို႔နည္းအတူ က်ိက်ိဆိုေသာေကာင္ေလးကလည္း သူ႕သခင္၏လမ္းစဥ္အတိုင္း အၿမဲတမ္း ယြင္ရန္၏အိပ္ေဆာင္၌သာလာလာပုန္းေနေလ့႐ွိ၏။ က်ိက်ိက ဤအခန္းထဲ၌ေနရသည္ကို သူ႕ထက္ပင္ပိုႀကိဳက္ေသးသည္။

က်ိက်ိက ခ်ီယြမ္၏ေပါင္ေပၚအထိ တခါတည္း တန္းတတ္လာခဲ့ၿပီးတဲ့ေနာက္ ခ်ီယြမ္၏လက္ထဲသို႔ သူခ်ီကာသယ္လာေသာ အရာကို ထည့္ေပးလိုက္သည္။

" ဒါက ႐ွန္းဝူပိုင္ေပးတဲ့ ဆံထိုးပဲ။ ငါကေပ်ာက္သြားၿပီထင္ေနတာ.... မင္းဘယ္လိုေတြ႕တာလဲ။"

ခ်ီယြမ္က လက္ထဲ႐ွိဆံထိုးအား ေျမႇာက္ၾကည့္ကာ က်ိက်ိကိုေမးေပမဲ့ က်ိက်ိကေတာ့ ခုံေပါက္ေန႐ုံမွလြဲ၍ သူ႕အားဘာမွ်ျပန္မေျပာေခ်။ ထို႔ေနာက္ သူ႕ေပါင္ေပၚတြင္သာ က်ိက်ိကေနရာယူလိုက္ၿပီး အိပ္ေပ်ာ္သြားေလေတာ့၏။ 

ခ်ီယြမ္က ဆံထိုးကိုသာ ျပန္အာ႐ုံစိုက္လိုက္ရင္း

" ေကာင္းၿပီ....အတိတ္ကကိစၥေတြ ျပန္ၾကည့္ၾကည့္တာေပါ့။"

ခ်ီယြမ္သည္ အံကိုႀကိတ္တာ ဆံထိုး၏အစြန္းႏွစ္ဖက္ကို ဆုပ္ကိုင္လိုက္သည္။ ထို႔ေနာက္ဆံထိုးအား အားပါပါခ်ိဳးခ်လိုက္ရာ ဆံထိုးသည္ အလည္မွ ထက္ပိုင္းက်ိဳးသြားရင္း အလင္းေရာင္တို႔ျဖာထြက္လ်က္ ခ်ီယြမ္၏မ်က္ခုံးႏွစ္ခုၾကား႐ွိ အမွတ္အသားေလးထဲသို႔ ဝင္သြားၾကေလေတာ့သည္။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဒီအပတ္မအားျဖစ္လို႔ တပိုင္းပဲေရးျဖစ္သြားတာ။ပုံမွန္ဆို တပတ္သုံးပိုင္းအပ္ေပးပါမယ္ေနာ္။ 💞❤

Continue Reading

You'll Also Like

237K 32.6K 200
Book-8 I just translate this story. I don't own this story. All credits go to the original writer and English translator team. Profile picture goes c...
26K 2.9K 37
Marrim frymë çdo ditë e kjo na duket gjëja më normale, por shumë njerëz i numërojnë frymëmarrjet. Frymëmarrja e fundit që numëruan mund të jetë e fun...
288K 39.7K 200
Book-7 I just translate this story. I don't own this story. All credits go to the original writer and English translator team. Profile picture goes c...
330K 23.9K 54
Myanmar×BL (Unicode+Zawgyi) Owncreation Total: 49 parts This story is just my imagination. [Unicode] ရှေးခေတ်ကဝိညာဥ်တို့နေထိုင်ရာကို အလည်တစ်ခေါက်သွာ...