အပိုင်း 10
ဒေါ်မြင့်ဖူးမောင် မနက်ကတည်းကနေ အခန်းထဲကမထွက်သောသမီးဖြစ်သူထံ ကော်ဖီနဲ့ကိတ်မုန့်ကိုယူကာသွားလိုက်သည်။
ပုံမှန်ဆို ကျောင်းပိတ်ရက်များတွင် မနက်8နာရီဆိုနိုးတတ်သည့်သမီးဖြစ်သူက 9နာရီခွဲထိအခန်းထဲကနေမထွက်သောကြောင့် သူစိတ်ပူမိသည်။
သမီးဖြစ်သူကို မနက်စာကျွေးပြီးမှ ဆိုင်ကိုသွားထိုင်မည်တွေးလိုက်သည်။
နန်းနန်းနာမည်နဲ့ ကျောက်မြတ်ရတနာဆိုင်ဖွင့်ထားပြီးထိုဆိုင်ကို ဒေါ်မြင့်ဖူးမောင် သူကိုယ်တိုင်ဦးစီးသည်။
ဦးမောင်ဇင်က သူ့ရဲ့ဆေးဆိုင်ကိုသာ ဂရုတစိုက်နှင့်ဦးစီးလေသည်။
...........
ဒေါ်မြင့်ဖူးမောင် နန်းနန်းအခန်းကိုတံခါးခေါက်ကာဝင်လိုက်သည်။
"သမီး...နန်းနန်း ထပြီလား.....ဟင် မျက်လုံးတွေမို့အစ်နေတာပဲ...သမီးလေးဘာဖြစ်တာလဲပြောပြော"
"မေမေ....အခု နန်းနန်းဗိုက်ဆာနေပြီ.... မေမေက ဘာလို့အခုမှလာတာလဲ ...ဟင့်....နန်းနန်း ကကြာလှပြီစောင့်နေတာကို....မေမေ ကဘာလို့ခုမှလာတာလဲလို့"
"မငိုပါနဲ့နန်းနန်းရယ်....သမီးလေးငိုရင်မေမေ့နှလုံးသားနာကျင်ရလို့ပါ....သမီးဘယ်ကတည်းကနေငိုနေတာလဲ မျက်လုံးတွေမို့အစ်နေတာပဲ"
"ဟင့်"
နန်းနန်း မေမေ့ကို ဘယ်အချိန်လာမလဲဟုမျှော်နေတာကြာလေပြီဖြစ်သည်။
နန်းနန်းခေါင်းမာချက်က ဗိုက်ဆာတာကိုတောင်သွားမစားဘဲအခန်းထဲသာရွဲ့ကာနေလေခြင်းဖြစ်သည်။
"သမီး....ဘာလို့အောက်ကိုဆင်းမလာတာလဲ"
"သမီးတစ်အိမ်လုံးကိုစိတ်ကောက်နေလို့"
"ဟော.....လာလာ မေမေ့ရဲ့သမီးလေးအတွက် ကော်ဖီနဲ့ကိတ်မုန့်ပါတယ်....ကိတ်လေးကို ဇွန်းလေးနဲ့ကော်စား.. သမီးလက်တွေပွကုန်မှာစိုးလို့မေမေကဇွန်းလေးယူလာတယ်"
..................
ကော်ဖီခွက်ကို စိုက်ကြည့်ပြီး ဇွန်းနှင့်မွှေနေသောနန်းနန်းကို ဒေါ်မြင့်ဖူးမောင်ကြည့်နေသည်။
"နန်းနန်း သမီးလေး....ကော်ဖီက အဆင်သင့်သောက်ရုံပဲလေ ဘာလို့မွှေနေတာလဲ"
"မေမေ.....နန်းနန်းက မေမေ့မျက်လုံးထဲမှာ တအားဆိုးလားဟင် "
မမေးစဖူးမေးသောသမီးဖြစ်သူကြောင့် ဘာဖြေရမလဲမသိ။
"နန်းနန်း ဘာလို့တွေးနေတာလဲ....ပုံမှန်ဆိုရင်မေမေ့သမီးလေးကမတွေးပါဘူး"
"မေမေ....နန်းနန်းလေ နန်းနန်းကြောင့် မေလေးရိုက်ခံရမာကို ကြောက်တယ်.....နန်းနန်း ငယ်ငယ်ကတည်းကနေ အခုထိ မေမွန်မြတ်က ပထမဆုံးသူငယ်ချင်းပဲ...သူ့ကိုနန်းနန်းတကယ်ခင်တယ်...မေမေ့ကိုနန်းနန်းချစ်သလို သူ့ကိုလည်း နန်းနန်းချစ်တယ်"
ပုံမှန်ဆို တစ်ဖက်လူကိုတွေးမပေးတတ်သောသမီးဖြစ်သူက အခု မေလေးကိုတွေးပေးနေသည်ကို ဒေါ်မြင့်ဖူးမောင်ဝမ်းသာမိသည်။
"နန်းနန်း....မေမေ့သမီးလေးကိုလေ ဆိုးတယ်လို့ဘယ်သူပြောလဲ...မေမေ့သမီးလေးကအလိမ္မာလေးပါ....သမီးလေးရဲ့ကောင်းကွက်လေးတွေကို လူတွေကမြင်အောင်မကြည့်တတ်ကြတာ"
"မေမေ....သွား....နန်းနန်းက ဆိုးတာကို နန်းနန်းကိုလာပြီးနှစ်သိမ့်နေတယ်...မေမေကညာတယ်"
"ဟော...သမီးလေး.....မေမေ့သမီးလေးဘယ်လောက်ဆိုးဆိုးမေမေချစ်တယ်....သမီးလေး ကိုယ့်ကိုကိုယ်ထိခိုက်အောင်တော့မလုပ်ပါနဲ့ကွယ်"
သားမိနှစ်ယောက်စကားပြောရင်း နန်းနန်းကော်ဖီသောက်လိုက် ကိတ်မုန့်စားလိုက်နှင့် မနက်စာစားတာပြီးသွားလေပြီ။
"နန်းနန်း....လိမ္မာတယ် မနက်စာကုန်သွားပြီ... မေမေ ဆိုင်သွားထိုင်လိုက်ဦးမယ်....နန်းနန်း ဘာလိုချင်လဲမေမေ့သမီးလေး"
"နန်းနန်း မေမွန်မြတ်နဲ့အတူ T shirtဆင်တူလေးတွေဝတ်ချင်တယ်....မေမေဝယ်လာခဲ့ပေးနော်....ပြီးတော့လေ နန်းနန်း ကိုကောင်းမွန်မြတ်ဆီ သွားပြီး မေမွန်မြတ်နဲ့အတူအဆူခံလိုက်မယ်နော်"
"သမီး...သမီးလေးကို လေသံမာရင်တောင် ငါ့သမီးလေးကမကြိုက်ဘူးလေ အခုဟာက"
"နန်းနန်း အပြစ်မကင်းဘူးလို့ ထင်လို့ပါ မေမေ"
...........................
"မလှဘူး ပြောရင် ရယ်လိုက်မယ်...."
"ဟ....မလှဘူးပြောရင် ငိုလိုက်မယ်မဟုတ်ဘူးလား"
ရွှေအိမ်စည် သူ့အတွေးထဲတင်သူ ပြောလိုက်သည်။
ရွှေအိမ်စည် Chemistry တွက်နေရင်း တစ်ခုံကျော်ကသီချင်းဆိုနေသော ကျော်ခန့်သွေးကို ကြည့်ကာ ခေါင်းရမ်းလိုက်သည်။
အခန်းထဲတွင် ဆရာ မရှိသေးသောကြောင့်ကျော်ခန့်သွေးသီချင်းဆိုနေခြင်းဖြစ်သည်။ နေတာထိုင်တာနူးညံ့ပြီးနွဲ့နွဲ့လေးဖြစ်နေသောကျော်ခန့်သွေးက သူတို့အတန်းရဲ့စာအတော်ဆုံးကျောင်းသားပင်။
ရွှေအိမ်စည်တို့ ဘော်ဒါက ယောကျ်ားလေးနှင့် မိန်းကလေးစကားမပြောရစည်းကမ်းရှိလေသည်။ ယောကျ်ားလေးနှင့်မိန်းကလေးများစကားပြောမိပါက အရိုက်ခံကြရသည်။
တချို့ဆို ဆရာဆရာမများမသိအောင် ရည်းစားခိုးထားကြသည်။မိလို့သိသွားပါက ဝါးခြမ်းကျိုးအောင်ထိရိုက်တတ်သည်။
ယောကျ်ားလေးမိန်းကလေးစကားမပြောရသည့်အတွက်ကြောင့် တချို့သူများမှာ ယောကျ်ားလေးအချင်းချင်း မိန်းကလေးအချင်းချင်းသံယောဇဥ်ဖြစ်ကာ တွဲသွားကြသူများလည်းရှိသည်။
ရွှေအိမ်စည်ကတော့ ရည်းစားထားဖို့မပြောနှင့် ကိုယ့်စာနဲ့ကိုယ်တောင်မအားပေ။ကောင်းမွန်ကိုကတိပေးထားသည့်အတိုင်း ဆရာဝန်ဖြစ်အောင်လုပ်ရမည်။
ကောင်းမွန်နှင့်အတူဆေးကျောင်းအတူတူတက်ရမှဖြစ်မည်။မိဘတွေက စာကြိုးစားဟုပြောလို့စာလုပ်တာထက် ကောင်းမွန်နှင့် နီးချင်လို့စာလုပ်တာလို့ပြောရင်ပိုမှန်လိမ့်မည်။
.........................
မိုးများအဆက်မပြတ်ရွာလို့နေသည်။ ဘယ်အညှိုးနှင့်ပိုးစိုးပက်စက်ရွာနေလည်းမသိတော့ပေ။ ဦးအောင်ဇာ အိမ်ရှေ့ရှိဝါးရုံပင်လေးကိုငေးကာကြည့်နေသည်။ထိုဝါးရုံပင်လေးအောက်တွင် ရည်မွန်နှင့်သူထိုင်ကာသခွားသီးများကို ခြင်းထဲထည့်နေပုံ.....ကောင်းမွန်နှင့်မေလေး ထိုအောက်တွင်ဆော့ကစားနေပုံ စသည့်ပုံရိပ်တို့ကပေါ်လို့လာသည်။
ဦးအောင်ဇာ တွေးနေစဥ် အမဖြစ်သူအနားကိုရောက်ချလာသည်။
"အောင်ဇာ....ဘာတွေတွေးနေတာလဲငါ့မောင်.....လယ်တွေရောကောင်းရဲ့လား"
"ဟုတ်အမ...ကျနော် ရည်မွန်နဲ့ကလေးတွေကိုသတိရလို့ပါ"
"ရည်မွန်လေးကို အမလည်းသတိရလိုက်တာ....ငယ်ငယ်ရွယ်ရွယ်လေးနဲ့ဆုံးသွားရှာတယ်...ငါ့မောင်...ရှာလဲမတွေ့ ကြာလဲမမေ့ ငါလည်းတစ်နေ့တဲ့...ဖြေနိုင်အောင်ဖြေပါ"
"ဟုတ်ပါ"
မိုးက အခုထိမစဲသေး။ဦးအောင်ဇာ ရွာထဲကအလှူအိမ်ကိုသွားရဦးမည်။ကျေးလက်ဓလေ့အရ ရွာထဲတွင်အလှူရှိပါက အလှူမတိုင်ခင်ကနေ အလှူပြီးသည်အထိ ဝိုင်းကူလုပ်ကြသည်။
ထိုအလှူက ဇာတ်နဲ့လှူမှာဖြစ်လို့သူ့သားနဲ့သမီးကို ကျောင်းပိတ်ပါကဇာတ်ကြည့်ရအောင်ခေါ်ချင်သည်။နန်းနန်းကိုရောခေါ်ချင်သည်။
မေလေးကြိုက်တဲ့ "ဖိုးချစ်"ဇာတ်ဖြစ်သဖြင့် မေလေးသေချာပေါက်လာချင်လောက်မည်။
မေလေးက ဖိုးချစ်နဲ့ ရွှေညီကိုဇာတ်ဆိုတအားကြိုက်သည်။
ဦးအောင်ဇာတို့ရွာလေးရှိ ချမ်းသာသောသူများသည် အလှူတိုင်တွင်ဇာတ်များထည့်လေ့ရှိသည်မှာရိုးရာလိုဖြစ်နေလေပြီ။
အရင်တစ်ခါ ရွာဦးကျောင်းရှိဘုန်းဘုန်း ပျံလွန်တော်မူတုန်းကလည်း" ဖိုးချစ်"ဇာတ်ကိုငှားလေသည်။အဲ့တုန်းကဆို မနက်မိုးလင်းသည်အထိ သူတို့မိသားစုလေးယောက်ကြည့်ခဲ့ကြသည်။
ဦးအောင်ဇာ နောက်နေ့ မြို့သွားမှ သားနဲ့သမီးရယ် နန်းနန်းရယ်ကိုပြောဦးမည်ဟုတွေးထားသည်။
........................
နန်းနန်း ရေမိုးချိုးပြီး မေလေးဆီကိုထွက်လာလိုက်သည်။
"မွန်မြတ်.....နန်းနန်းဝင်လာမယ်နော်"
"လာလေ နန်းနန်း...လာ"
"မွန်မြတ် ကိုကောင်းမွန်မြတ်နဲ့စာရင်းရှင်းပြီးပြီလား"
"ဟင့်အင်း....နန်းနန်း စာမလုပ်ဘူးလား"
"စာလုပ်ရင်နန်းနန်းဘယ်ဟုတ်မလဲ ဟီးဟီး"
"မေလေးကို စာတွေကြိုသင်ပေးတယ်လေကိုကိုက....စာတွေကျက်နေရတာ ပြီးတော့ ကိုကို့ကိုစိတ်ပျက်အောင်ခဏခဏလုပ်မိနေတယ်နန်းနန်းရယ်"
"မွန်မြတ်....ငါ နင်နဲ့အတူတူရောပြီးအဆူခံမို့လာတာ...ဟီး"
"ဟင် ရပါတယ်နန်းနန်းရယ် ကိုကိုကနန်းနန်းကိုမဆူလောက်ပါဘူး"
.
.
.
"မဆူဘူးလို့ ဘယ်သူပြောလဲ...လာလာ နှစ်ယောက်လုံး ကြက်ဥခွဲခဲ့တဲ့နေရာကိုလိုက်ခဲ့"
ပြတင်းပေါက်ကနေ ကိုကိုက မေလေးနဲ့နန်းနန်းအား ကြည့်ကာပြောလေသည်။
..............................
"နန်းနန်း.... ကလေးကိုယ်တိုင် ကိုကိုဆူတာခံမယ်ပြောတာနော်....ကလေးကို ကိုကို ဆူလို့ရတာသေချာရဲ့လား"
"အင်း"
"ဟုတ်လို့ပြော"
"ဟုတ်"
နန်းနန်း ဟုတ်လို့ပြောရတာပါးစပ်ထဲတစ်မျိုးဖြစ်နေသည်။
"မေလေး....ကိုကို့မှာ ကောင်မလေးရှိနေပြီ"
"ဟင်"
မေလေးတော့ ဘယ်လိုနေလဲမသိ နန်းနန်းကတော့ ရင်ထဲဟာတာတာနဲ့ဝမ်းနည်းသည့်ခံစားချက်နှင့်ပင်။
"ကိုကို....ကိုကိုပြောတော့ ကောင်မလေး မထားသေးဘူးဆို မေလေးကိုပဲ ချစ်ပေးမာဆို "
မေမွန်မြတ် မျက်လုံးတို့ကမျက်ရည်များဝဲကာနေလေပြီ။
"ကိုကို လိမ်လိုက်တာ....ကိုကို့မှာကောင်မလေးမရှိပါဘူး"
"ကိုကို ဘာလို့လိမ်တာလဲ အီးဟီး"
"မေလေးနဲ့နန်းနန်း ကိုကို့ပြောမယ်နားထောင်....အခုကိုကိုလိမ်ပြောတာ မေလေးတို့မကြိုက်ဘူးမလား....လူတွေကလေ ကိုယ်ကိုယ်တိုင်ကကြ သူများကိုလိမ်ရတာကိုကြိုက်တယ် ကိုယ်လိမ်ခံရတော့ကြမကြိုက်ကြဘူးမလား"
"....."
ကောင်းမွန်မြတ် မေလေးနဲ့နန်းနန်းရဲ့မျက်လုံးကို တစ်ယောက်တစ်လှည့်စီကြည့်ကာပြောနေသည်။
"ကိုကို့ကို လိမ်လိုက်တဲ့အချိန်မှာ ကိုကိုကလိမ်တာအမုန်းဆုံးဆိုတာမတွေးမိဘူးလား...ကိုကိုကလိမ်ညာတာကိုမကြိုက်ဘူး ငါလိမ်ပြောလို့မရဘူးလို့မေလေးမတွေးမိဘူးလား....တစ်ခုခုမဟုတ်တာလုပ်နေချိန်မှာလည်း မေလေးကိုကို့မျက်နှာကိုမြင်သင့်တယ်....ငါ့ကိိုကိုက ငါ့ကိုဘယ်လိုတွေပြောထားတယ် ဘယ်လိုတွေဆုံးမထားတယ် အဲ့လိုနည်းနည်းလေးမှမတွေးမိဘူးလား ဟမ်!...ကိုကို့ကိုဘာလို့တွေးမပေးတာလဲ...ကိုကိုကတော့ မေလေးကိုလိမ်မာတယ်ထင်နေတာ...မေလေးကဆိုးတယ်ပေါ့"
"...."
"နန်းနန်း....နန်းနန်းလည်း ကိုကိုပြောမာကို နားထောင်...ဆိုးသင့်တာပဲဆိုး ကလေး...နန်းနန်း တွေးထားရမာက ဆိုးတယ်ဆိုတာမှာလည်း အကန့်အသတ်တော့ရှိတယ်ကလေး....အကန့်အသတ်ကျော်လာရင် ဘယ်သူမှသည်းခံနိုင်မာမဟုတ်ဘူးကလေး"
ကောင်းမွန်မြတ်ရဲ့ ဆုံးမစကားတွေက နန်းနန်းလိုအကြောတင်းလေးကိုအရည်ပျော်ကျစေသည်။တခြားသူတွေနဲ့ဆို လေသံမာရင်တောင်ဖြဲမည့်နန်းနန်းက ကောင်းမွန်ရှေ့မှာအခုအဆူခံနေသည်က အိပ်ပျော်နေသော ကြောင်လေးတစ်ကောင်လိုပင် အူယားပြီးချစ်ဖို့ကောင်းနေသည်။
"ကွဲသွားတဲ့ ကြက်ဥတွေက ဘယ်နှလုံးလဲ"
"အလုံး30"
ကောင်းမွန်မြတ် ခေါင်းငြိမ့်ပြီး....
"အဲ့ဒီကြက်ဥတွေကလေ ဆော့စရာလို့ ဒီခေါင်းသေးသေးလေးတွေက ဘယ်လိုတွေးကြတာလဲ"
နန်းနန်းခေါင်းနဲ့ မေလေးခေါင်းအား အသာပုတ်ကာပြောလိုက်တော့ ပြန်ဖြေသည့်အဖြေကြောင့် ကောင်းမွန် ခဏတာငြိမ်သက်သွားသည်။
နန်းနန်းပြန်ဖြေလိုက်သည့်အဖြေမှာ...
"အဲ့တာဆို နောက်တစ်ခါ နန်းနန်းတို့ပျင်းရင် ကိုကောင်းမွန်မြတ်အတူတူဆော့ပေးမာလား" ဟူ၍ ဖြစ်သည်။
"နန်းနန်း! ပျင်းလို့ဆော့ရင်လည်း ကလေးက ကလေးလိုဆော့လေ"
"ကလေးဆော့နည်းတွေက ဘာတွေလဲ လူကြီးဆော့နည်းတွေ့ကဘာတွေလဲ နန်းနန်းကိုပြောပြထားလေ"
ကောင်းမွန်မြတ် နန်းနန်းအား ခပ်စပ်စပ်လေးရိုက်ပစ်ချင်သည်။
"နန်းနန်း....ကိုကိုဆူနေတာနော်...နန်းနန်းလာရွဲ့နေတာလား.....ကိုကို ဆူတာမခံချင်ရင် နန်းနန်းအိမ်ထဲဝင်လိုက်တော့"
"တောင်းပန်ပါတယ်"
နန်းနန်း ပါးစပ်ကတောင်းပန်ပါတယ်ဟုကြားလိုက်ရသည့်အချိန် ကောင်းမွန် ရင်ဘတ်အောင့်လို့သွားသည်။
ဘာလို့အောင့်သွားလဲဆိုတာသူမသိပေ။
...............
"မေလေး...အပြစ်ရှိလားဖြေ"
"ဟုတ်ကဲ့ကိုကို"
"သွား ဂျယ်လီပေတံသွားယူပြီးပြန်လာခဲ့"
မေလေး အိမ်ထဲသွားနေချိန်တွင် ကောင်းမွန် နန်းနန်းအားစကားပြောလိုက်သည်။
"နန်းနန်း...နောက်မဆိုးနဲ့တော့ ကိုကို စိတ်တိုပြီး မဆူချင်ဘူး အိမ်ထဲသွားတော့ကလေး"
"နန်းနန်း ကို မရိုက်တော့ဘူးလားဟင်"
"ဟင့်အင်း.....မေလေးကိုရိုက်မာက သူက ကိုကိုအမုန်းဆုံးဆိုတာကိုသိရဲ့နဲ့လုပ်လို့....ပြီးတော့ ကိုကို့ စည်းကမ်းတွေကို တစ်ကြိမ်နှစ်ကြိမ်မကတော့ဘူး ချိုးဖောက်နေတာ....နန်းနန်းက ဒါပထမဦးဆုံးအကြိမ်မို့ ကိုကိုမရိုက်တော့ဘူး သွားတော့"
"ဟုတ်"
နန်းနန်း စကပ်အတိုလေးကို ခါးထိလိပ်တင်ပြီး အိမ်ထဲကိုပြေးကာဝင်သွားလေသည်။
"ဟူး...အောက်ကဘောင်းဘီပါလို့တော်သေး...နောင်ကျအဲ့လိုတွေမပြေးဖို့ပြောရဦးမယ်"
..........
"မေလေး လက်ဖြန့်....ဘယ်ဘက်ပဲဖြန့်ထား"
ဖြန်း...ဖြန်း...ဖြန်း...ဖြန်း..ဖြန်း အာ့
ဖြန်း....အာ့
"လက်မရုတ်နဲ့...လက်ရုတ်ရင် နှစ်ဆဖြစ်လိမ့်မယ်"
ဖြန်း...ဖြန်း..ဖြန်း...အာ့...ဖြန်း
10ချက်တိတိပြည့်သည်နှင့် ကောင်းမွန်ရပ်လိုက်သည်။
"မေလေး... ကိုကို ဘာလို့ရိုက်တာလဲ...ချစ်လို့လား မုန်းလို့လား"
"ချစ်လို့...ပါ"
"အင်း.....နောက်ဆိုးဦးမာလား"
"ဟင့်အင်း"
"ကိုကို့ညီမလေး လိမ်မာပါ.....ကိိုကို ညီမလေးကိုအများကြီးချစ်တာမို့ အများကြီးလိမ်မာစေချင်တယ်"
"ဟုတ်ကဲ့ကိုကို"
#နှင်း
#30.9.2023
#စိတ်ကူးယဥ်ရေးသားခြင်းသာဖြစ်လို့ အမှားတစ်စုံတစ်ရာပါပါက နားလည်ပေးကြပါဗျ
...........
..................
...........................
.........................
........................
.
.
.
..............................
"....."
"...."
...............
..........
#30.9.2023