ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တ...

Swae_Nyoe

400K 38.6K 340

ဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော် Еще

Description
Part 1
Part 2
Part 3
Part 4
Part 5
တယ်လီဂရုရရှိကြောင်း ကြေညာချက်
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Notice!!
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 50
Part 51
Part 52
Part 53
Part 54
Part 55
Part 56
Part 57
Part 58
Part 59
Part 60
Part 61
Part 62
Part 63
Part 64
Part 65
Part 66
ပေးဂရုလေးမှာ အဆုံးထိပြီးသွားပါကြောင်း
Part 67
Part 68
Part 69
Part 70
Part 71
Part 72
Part 73
Part 74
Part 75
Part 76
Part 77
Part 78
Part 79
Part 80
Part 81
Part 82
Part 83
Part 84
Part 85
Part 86
Part 87
Part 88
Part 89
Part 90
Part 91
Part 92
Part 93
Part 94
Part 95
Part 96
Part 97
Part 98
ဗီလိန်အတုမှ အမြောက်စာဇာတ်ကောင်သို့... အစအဆုံးပြီးဆုံးပါကြောင်း...
Part 99
Part 100
Part 101
Part 102
🌤️May Breeze Promotion နောက်ဆုံးရက်🌤️
Part 103
Part 104
Telegram ကို လာခဲ့နော်
Part 105
Part 106
🌅Summer Mood Promotion🌅
Part 107
🌧️ချစ်မေတ္တာများဖြင့် မိုးရာသီ ပရိုမိုးရှင်း 2nd Day🌧️
Completed in Telegram
Part 108

Part 39

3.9K 408 11
Swae_Nyoe

အပိုင်း (၃၉)

သို့သော်လည်း အန်းရှကိုသာ အမြဲတမ်း မျက်နှာသာပေးလေ့ရှိကြသော လင်မယားနှစ်ဦးသည် ယခုအချိန်တွင်တော့ အန်းသုန်၏ သဘောထားအတိုင်း ရပ်တည်လိုက်ကြလေသည်။

"သမီးအစ်ကိုပြောတာ မှန်တယ်။ သမီးက ကုမ္ပဏီအတွက် ကိစ္စမှန်သမျှကို လုပ်ပေးထားတော့ ဒီကုမ္ပဏီက သမီးပိုင်ဆိုင်မှုပဲ ဖြစ်ရမှာပေါ့"။

သူမ၏ဆုံးဖြတ်ချက်သည် အငြင်းပယ်ခံလိုက်ရတော့သည်။

အန်းရှသည် စိတ်ပျက်မိသွားလေသည်။

သူမ၏ဆန္ဒအတိုင်း အမြဲတမ်း လိုက်နာဖြည့်ဆည်းပေးခဲ့သော မိဘများသည် ယခုအချိန်တွင်တော့ သူမ၏ ဆုံးဖြတ်ချက်ကို သဘောမတူညီကြတော့ချေ။

နောက်ဆုံးတွင်တော့ အန်းရှအတွက် ထိုကိစ္စသည် အလွန်ခက်ခဲသော အကြောင်းတစ်ခုသာ ဖြစ်နေလေတော့သည်။ မိဘများသည် အန်းရှထောက်ပံ့ပေးထားသော ယွမ်ခြောက်သန်းကို ထုတ်ယူ၍ ထိုလုပ်ငန်း၌ ရင်းနှီးမြုပ်နှံရန် ဆုံးဖြတ်လိုက်ကြတော့သည်။

"ရှရှ... အငြင်းသန်မနေနဲ့တော့။ သမီးအစ်ကိုအတွက် ကုမ္ပဏီ တည်ထောင်ပေးချင်တယ်မလား။ အဲဒါဆိုရင် လုပ်လိုက်လေ။ သမီးက ဒီကုမ္ပဏီရဲ့ ရှယ်ယာပိုင်ဆိုင်မှု အများဆုံးသူပဲ ဖြစ်နေမှာကို။ သမီးအစ်ကိုက သမီးအတွက် အလုပ်လုပ်ပေးလိမ့်မယ်"

အန်းချောင်ရှုန်းသည် နောက်ဆုံး ဆုံးဖြတ်ချက်ကို သတ်မှတ်ပေးလိုက်လေသည်။ ထို့ကြောင့် အန်းရှ၏ စိတ်ကူးများသည်လည်း ဖိနှိပ်ခံလိုက်ရတော့သည်။

အန်းရှသည် သူမ၏အစ်ကိုမှာ နောက်ဆုံးအချိန်အထိ ကုမ္ပဏီပိုင်ရှင် ဖြစ်မလာရဘဲ အလုပ်သမားအဖြစ်သာ ဆက်လက် ဖြစ်နေရခြင်းအတွက် စိတ်မသက်မသာမှုကို ခံစားနေရတော့သည်။

သို့သော် သူမအနေဖြင့် ပိုင်ရှင်ဖြစ်နေရခြင်းမှာလည်း ဘာမျှအကျိုးမထူးပေ။ သူမသည် ကုမ္ပဏီသို့ သွားရောက်မည်လည်း မဟုတ်ချေ။

သူမသည် ကုမ္ပဏီကို သူမအစ်ကိုထံသို့ တာဝန်ရှိသူအဖြစ် တိုက်ရိုက် လွှဲပြောင်း ပေးအပ်လိုက်မည်ဖြစ်သည်။ ထိုနည်းလမ်းဖြင့် အစ်ကိုသည် ကုမ္ပဏီ၏ အကြီးအကဲ ဖြစ်သွားမည် ဖြစ်သည်။

သူမသည် စိတ်မချမ်းသာမှုကို ဆက်လက်၍ မခံစားရတော့ပေ။ ထိုအစား သူမသည် မျှော်လင့်ချက်များဖြင့်သာ ပြည့်နှက်သွားတော့သည်။ သူမသည် အချစ်ဆုံးသူငယ်ချင်းကို စောစောလာခိုင်းထားလေသည်။ ထိုမှသာ သူမအစ်ကို၏ ဒေါသများကို မြန်မြန်ဆန်ဆန် ပေးဆပ်နိုင်မည် ဖြစ်လေသည်။

...

"မော့ယွီစန်း... မင်း ပွင့်ပွင့်လင်းလင်း ရှင်းပြစမ်းပါဦး။ မင်းရဲ့ ဇနီးဟောင်းကို ဘယ်လို သဘောထားတာလဲ"

ဂေါက်ကွင်းတွင် ချီလိသည် ထက်မြတ်လှသော မော့ယွီစန်းကို ကြည့်နေလျက် သိချင်စိတ် ပြင်းပြနေလေတော့သည်။

ချီလိသည် မော့ယွီစန်း၏ ကိုယ်ပိုင်ရှေ့နေဖြစ်လေသည်။ ထို့ကြောင့် သူ၏ ပတ်ဝန်းကျင်မှ ကိစ္စများကို ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ အနည်းငယ်တော့ သိရှိထားလေသည်။

သို့သော်လည်း သူသည် မော့ယွီစန်း၏ လတ်တလော ခံစားချက်များကိုတော့ နားမလည်နိုင်သေးပေ။

သူသည် မူလတုန်းက သူ့ဇနီးဟောင်းကို အလွန်မုန်းနေသည်မှာ သိသာထင်ရှားလှသည်။ ထို့ကြောင့် သူမနှင့် ကွာရှင်းနိုင်ရန် အစွမ်းကုန် ကြိုးစားခဲ့ခြင်း ဖြစ်လေသည်။

အမှန်တကယ် ကွာရှင်းချိန်တွင်တော့ သူ့သူငယ်ချင်းသည် သူ၏ ဇနီးဟောင်းအပေါ်တွင် မုန်းတီးနေပုံ သိပ်မပေါ်တော့ချေ။

"မင်းက ဘာကိုဆိုလိုတာလဲ" သူသည် ဂေါက်သီးကို ရိုက်လိုက်ပြီးနောက် ချီလိကို ကြည့်လိုက်လေသည်။

"စိတ်ရှုပ်ထွေးချင်ယောင် ဆောင်မနေပါနဲ့။ မင်းသာ ချောင်ယွီကို ဆက်သွယ်ခဲ့ပြီး ချန်ရွှယ်မင်ကို မကူညီခိုင်းခဲ့ဘူးဆိုရင် အစီအစဉ်တွေက အဲဒီလောက်အထိ အသေးစိတ်ကျပြီး လွယ်ကူပါတော့မလား။ ငါ့ကို ဟာသလုပ်မနေပါနဲ့တော့။ ချောင်ယွီက ဘယ်သူလဲ။ ဘယ်သူက ကိုယ် အကျိုးအမြတ်ကြီးတွေရနိုင်မဲ့ လုပ်ငန်းတွေကို စွန့်လွှတ်ပြီး လူစိမ်းတစ်ယောက်အတွက် အစီအစဉ်တွေကို အချိန်အကုန်ခံပြီး ရေးဆွဲပေးပါ့မလဲ"။ သူသည် ရယ်မောလိုက်ပြီးနောက် သူ့နောက်ကွယ်တွင် မော့ယွီစန်း ပြုလုပ်ထားခဲ့သော ကိစ္စများအားလုံးကို ပြောနေလေသည်။

ချီလိသည် အရာအားလုံးကို သိနှင့်နေပြီ ဖြစ်လေသောကြောင့် မော့ယွီစန်းသည် အမှုမထားသကဲ့သို့ ခပ်တည်တည်ဖြင့် ပြန်ပြောလိုက်လေသည်။ "ငါက သူမအတွက် လုပ်ပေးချင်ရုံပါပဲ"

ကောင်းကင်ပြာကြီးကို မော့ကြည့်လိုက်လျက် မော့ယွီစန်းသည် စိတ်တည်ငြိမ်မှုကို ခံစားလိုက်ရလေသည်။

ထိုကဲ့သို့သော မိန်းမတစ်ယောက်သည် သူ့ကို ပျော်ရွှင်စွာဖြင့် ကွာရှင်းပေးလိုက်ရခြင်း၏ နောက်ကွယ်တွင် အကြံအစည်တစ်ခုခုများ ရှိနေနိုင်လောက်မည်လားဟု သူသိချင်နေမိသည်။

သူတို့ကွာရှင်းပြီးနောက်တွင် သူမသည် သူ၏မြင်ကွင်းရှေ့မှ လုံးဝပျောက်ကွယ်သွားလိမ့်မည်ဟုလည်း သူ မထင်မှတ်ထားမိခဲ့ပေ။

ထိုကိစ္စသည် သူတွေးထင်ထားသည်နှင့် လုံးဝကို ဆန့်ကျင်ဘက် ဖြစ်လို့နေသည်။ တစ်နည်းအားဖြင့် သူ့ကိုပင် စိတ်မသက်မသာ ဖြစ်စေလေသည်။

သူ့ကို အနေရ ခက်စေလေသည်။

အထူးသဖြင့် အန်းရှမထွက်ခွာမီ သူမ ပြောခဲ့သော စကားလုံးများကြောင့် သူ့ကို အပြစ်ရှိသူတစ်ယောက်ကဲ့သို့ ခံစားရစေသည်။

"ဒါက... သူမရဲ့ ပုံစံ မဟုတ်ဘူးလေ..."

ချီလိသည် မော့ယွီစန်းကို တည်ငြိမ်စွာဖြင့် ကြည့်လိုက်လေသည်။ သူ့သူငယ်ချင်းသည် အန်းရှအပေါ်တွင် ခံစားချက်တစ်စုံတစ်ရာ မရှိတော့သည်မှာ သံသယဝင်နေရန်ပင် မလိုတော့ချေ။

အမှန်တကယ်တော့ သူသည် ထိုသူနှစ်ဦး၏ စတင်လက်ထပ်ချိန်မှ ကွာရှင်းလိုက်သည်အထိ အစအဆုံး သိမြင်ထားသူဖြစ်သည်။

"ဒါပေမဲ့လည်း သူမကို ကူညီပေးလိုက်နိုင်တာ ကောင်းပါတယ်။ သူမက ဆင်းရဲသလို မင်းရဲ့ ဇနီးဟောင်းလည်း ဖြစ်တယ်လေ"

"ဟင်... သူ့ကို ငါ့ရဲ့ဇနီးဟောင်းဖြစ်မှန်း ဘယ်သူမှ မသိပါဘူး"

မော့ယွီစန်းသည် မျက်ခုံးပင့်လိုက်လေသည်။ သူတို့သည် အန်းရှ၏ အကြောင်းများကိုသာ စကားဖောင်ဖွဲ့ ပြောဖြစ်နေကြ၍ ဂေါက်သီးကို ဆက်မရိုက်ဖြစ်သကဲ့သို့ ဖြစ်နေသည့်အတွက် စိတ်တိုမိသွားတော့သည်။

မော့ယွီစန်းသည် ထိုနေရာမှထွက်ခွာရန် ပြင်ဆင်လိုက်ချိန်တွင် ချောမောလှပ၍ နူးညံ့သိမ်မွေ့လှသော အမွှာကလေးနှစ်ဦးသည် သူ့ထံသို့ ပြေးလာသည်ကို တွေ့လိုက်ရသည်။

"ဦးလေးမော့... ဦးလေးမော့..."

မော့ယွီစန်း၏ မျက်ဝန်းများသည် နူးညံ့သွား၍ ရင်ထဲမှ ပူလောင်မှုများသည်လည်း အလုံးစုံ ပျောက်ဆုံးသွားရတော့သည်။

သူ၏ နူးညံ့၍ ဖခင်မေတ္တာများနှင့် ပြည့်နှက်နေသော အမူအယာတို့ကို မြင်လိုက်ရသောအခါ ချီလိသည် သက်ပြင်းချမိလိုက်တော့သည်။ သူသည် သူငယ်ချင်းဖြစ်သူ၏ မင်္ဂလာပွဲမှ အရက်ကို မကြာခင်တွင် သောက်သုံးရတော့မည်ဟု ထင်မိတော့သည်။

Telegram မှာ အပိုင်း ၁၅၆အထိ ရောက်ပါပြီနော်။

Zawgyi

အပိုင္း (၃၉)

သို႔ေသာ္လည္း အန္းရွကိုသာ အၿမဲတမ္း မ်က္ႏွာသာေပးေလ့ရွိၾကေသာ လင္မယားႏွစ္ဦးသည္ ယခုအခ်ိန္တြင္ေတာ့ အန္းသုန္၏ သေဘာထားအတိုင္း ရပ္တည္လိုက္ၾကေလသည္။

"သမီးအစ္ကိုေျပာတာ မွန္တယ္။ သမီးက ကုမၸဏီအတြက္ ကိစၥမွန္သမွ်ကို လုပ္ေပးထားေတာ့ ဒီကုမၸဏီက သမီးပိုင္ဆိုင္မႈပဲ ျဖစ္ရမွာေပါ့"။

သူမ၏ဆုံးျဖတ္ခ်က္သည္ အျငင္းပယ္ခံလိုက္ရေတာ့သည္။

အန္းရွသည္ စိတ္ပ်က္မိသြားေလသည္။

သူမ၏ဆႏၵအတိုင္း အၿမဲတမ္း လိုက္နာျဖည့္ဆည္းေပးခဲ့ေသာ မိဘမ်ားသည္ ယခုအခ်ိန္တြင္ေတာ့ သူမ၏ ဆုံးျဖတ္ခ်က္ကို သေဘာမတူညီၾကေတာ့ေခ်။

ေနာက္ဆုံးတြင္ေတာ့ အန္းရွအတြက္ ထိုကိစၥသည္ အလြန္ခက္ခဲေသာ အေၾကာင္းတစ္ခုသာ ျဖစ္ေနေလေတာ့သည္။ မိဘမ်ားသည္ အန္းရွေထာက္ပံ့ေပးထားေသာ ယြမ္ေျခာက္သန္းကို ထုတ္ယူ၍ ထိုလုပ္ငန္း၌ ရင္းႏွီးျမဳပ္ႏွံရန္ ဆုံးျဖတ္လိုက္ၾကေတာ့သည္။

"ရွရွ... အျငင္းသန္မေနနဲ႔ေတာ့။ သမီးအစ္ကိုအတြက္ ကုမၸဏီ တည္ေထာင္ေပးခ်င္တယ္မလား။ အဲဒါဆိုရင္ လုပ္လိုက္ေလ။ သမီးက ဒီကုမၸဏီရဲ႕ ရွယ္ယာပိုင္ဆိုင္မႈ အမ်ားဆုံးသူပဲ ျဖစ္ေနမွာကို။ သမီးအစ္ကိုက သမီးအတြက္ အလုပ္လုပ္ေပးလိမ့္မယ္"

အန္းေခ်ာင္ရႈန္းသည္ ေနာက္ဆုံး ဆုံးျဖတ္ခ်က္ကို သတ္မွတ္ေပးလိုက္ေလသည္။ ထို႔ေၾကာင့္ အန္းရွ၏ စိတ္ကူးမ်ားသည္လည္း ဖိႏွိပ္ခံလိုက္ရေတာ့သည္။

အန္းရွသည္ သူမ၏အစ္ကိုမွာ ေနာက္ဆုံးအခ်ိန္အထိ ကုမၸဏီပိုင္ရွင္ ျဖစ္မလာရဘဲ အလုပ္သမားအျဖစ္သာ ဆက္လက္ ျဖစ္ေနရျခင္းအတြက္ စိတ္မသက္မသာမႈကို ခံစားေနရေတာ့သည္။

သို႔ေသာ္ သူမအေနျဖင့္ ပိုင္ရွင္ျဖစ္ေနရျခင္းမွာလည္း ဘာမွ်အက်ိဳးမထူးေပ။ သူမသည္ ကုမၸဏီသို႔ သြားေရာက္မည္လည္း မဟုတ္ေခ်။

သူမသည္ ကုမၸဏီကို သူမအစ္ကိုထံသို႔ တာဝန္ရွိသူအျဖစ္ တိုက္႐ိုက္ လႊဲေျပာင္း ေပးအပ္လိုက္မည္ျဖစ္သည္။ ထိုနည္းလမ္းျဖင့္ အစ္ကိုသည္ ကုမၸဏီ၏ အႀကီးအကဲ ျဖစ္သြားမည္ ျဖစ္သည္။

သူမသည္ စိတ္မခ်မ္းသာမႈကို ဆက္လက္၍ မခံစားရေတာ့ေပ။ ထိုအစား သူမသည္ ေမွ်ာ္လင့္ခ်က္မ်ားျဖင့္သာ ျပည့္ႏွက္သြားေတာ့သည္။ သူမသည္ အခ်စ္ဆုံးသူငယ္ခ်င္းကို ေစာေစာလာခိုင္းထားေလသည္။ ထိုမွသာ သူမအစ္ကို၏ ေဒါသမ်ားကို ျမန္ျမန္ဆန္ဆန္ ေပးဆပ္ႏိုင္မည္ ျဖစ္ေလသည္။

...

"ေမာ့ယြီစန္း... မင္း ပြင့္ပြင့္လင္းလင္း ရွင္းျပစမ္းပါဦး။ မင္းရဲ႕ ဇနီးေဟာင္းကို ဘယ္လို သေဘာထားတာလဲ"

ေဂါက္ကြင္းတြင္ ခ်ီလိသည္ ထက္ျမတ္လွေသာ ေမာ့ယြီစန္းကို ၾကည့္ေနလ်က္ သိခ်င္စိတ္ ျပင္းျပေနေလေတာ့သည္။

ခ်ီလိသည္ ေမာ့ယြီစန္း၏ ကိုယ္ပိုင္ေရွ႕ေနျဖစ္ေလသည္။ ထို႔ေၾကာင့္ သူ၏ ပတ္ဝန္းက်င္မွ ကိစၥမ်ားကို ႀကီးသည္ျဖစ္ေစ ငယ္သည္ျဖစ္ေစ အနည္းငယ္ေတာ့ သိရွိထားေလသည္။

သို႔ေသာ္လည္း သူသည္ ေမာ့ယြီစန္း၏ လတ္တေလာ ခံစားခ်က္မ်ားကိုေတာ့ နားမလည္ႏိုင္ေသးေပ။

သူသည္ မူလတုန္းက သူ႔ဇနီးေဟာင္းကို အလြန္မုန္းေနသည္မွာ သိသာထင္ရွားလွသည္။ ထို႔ေၾကာင့္ သူမႏွင့္ ကြာရွင္းႏိုင္ရန္ အစြမ္းကုန္ ႀကိဳးစားခဲ့ျခင္း ျဖစ္ေလသည္။

အမွန္တကယ္ ကြာရွင္းခ်ိန္တြင္ေတာ့ သူ႔သူငယ္ခ်င္းသည္ သူ၏ ဇနီးေဟာင္းအေပၚတြင္ မုန္းတီးေနပုံ သိပ္မေပၚေတာ့ေခ်။

"မင္းက ဘာကိုဆိုလိုတာလဲ" သူသည္ ေဂါက္သီးကို ႐ိုက္လိုက္ၿပီးေနာက္ ခ်ီလိကို ၾကည့္လိုက္ေလသည္။

"စိတ္ရႈပ္ေထြးခ်င္ေယာင္ ေဆာင္မေနပါနဲ႔။ မင္းသာ ေခ်ာင္ယြီကို ဆက္သြယ္ခဲ့ၿပီး ခ်န္႐ႊယ္မင္ကို မကူညီခိုင္းခဲ့ဘူးဆိုရင္ အစီအစဥ္ေတြက အဲဒီေလာက္အထိ အေသးစိတ္က်ၿပီး လြယ္ကူပါေတာ့မလား။ ငါ့ကို ဟာသလုပ္မေနပါနဲ႔ေတာ့။ ေခ်ာင္ယြီက ဘယ္သူလဲ။ ဘယ္သူက ကိုယ္ အက်ိဳးအျမတ္ႀကီးေတြရႏိုင္မဲ့ လုပ္ငန္းေတြကို စြန္႔လႊတ္ၿပီး လူစိမ္းတစ္ေယာက္အတြက္ အစီအစဥ္ေတြကို အခ်ိန္အကုန္ခံၿပီး ေရးဆြဲေပးပါ့မလဲ"။ သူသည္ ရယ္ေမာလိုက္ၿပီးေနာက္ သူ႔ေနာက္ကြယ္တြင္ ေမာ့ယြီစန္း ျပဳလုပ္ထားခဲ့ေသာ ကိစၥမ်ားအားလုံးကို ေျပာေနေလသည္။

ခ်ီလိသည္ အရာအားလုံးကို သိႏွင့္ေနၿပီ ျဖစ္ေလေသာေၾကာင့္ ေမာ့ယြီစန္းသည္ အမႈမထားသကဲ့သို႔ ခပ္တည္တည္ျဖင့္ ျပန္ေျပာလိုက္ေလသည္။ "ငါက သူမအတြက္ လုပ္ေပးခ်င္႐ုံပါပဲ"

ေကာင္းကင္ျပာႀကီးကို ေမာ့ၾကည့္လိုက္လ်က္ ေမာ့ယြီစန္းသည္ စိတ္တည္ၿငိမ္မႈကို ခံစားလိုက္ရေလသည္။

ထိုကဲ့သို႔ေသာ မိန္းမတစ္ေယာက္သည္ သူ႔ကို ေပ်ာ္႐ႊင္စြာျဖင့္ ကြာရွင္းေပးလိုက္ရျခင္း၏ ေနာက္ကြယ္တြင္ အႀကံအစည္တစ္ခုခုမ်ား ရွိေနႏိုင္ေလာက္မည္လားဟု သူသိခ်င္ေနမိသည္။

သူတို႔ကြာရွင္းၿပီးေနာက္တြင္ သူမသည္ သူ၏ျမင္ကြင္းေရွ႕မွ လုံးဝေပ်ာက္ကြယ္သြားလိမ့္မည္ဟုလည္း သူ မထင္မွတ္ထားမိခဲ့ေပ။

ထိုကိစၥသည္ သူေတြးထင္ထားသည္ႏွင့္ လုံးဝကို ဆန္႔က်င္ဘက္ ျဖစ္လို႔ေနသည္။ တစ္နည္းအားျဖင့္ သူ႔ကိုပင္ စိတ္မသက္မသာ ျဖစ္ေစေလသည္။

သူ႔ကို အေနရ ခက္ေစေလသည္။

အထူးသျဖင့္ အန္းရွမထြက္ခြာမီ သူမ ေျပာခဲ့ေသာ စကားလုံးမ်ားေၾကာင့္ သူ႔ကို အျပစ္ရွိသူတစ္ေယာက္ကဲ့သို႔ ခံစားရေစသည္။

"ဒါက... သူမရဲ႕ ပုံစံ မဟုတ္ဘူးေလ..."

ခ်ီလိသည္ ေမာ့ယြီစန္းကို တည္ၿငိမ္စြာျဖင့္ ၾကည့္လိုက္ေလသည္။ သူ႔သူငယ္ခ်င္းသည္ အန္းရွအေပၚတြင္ ခံစားခ်က္တစ္စုံတစ္ရာ မရွိေတာ့သည္မွာ သံသယဝင္ေနရန္ပင္ မလိုေတာ့ေခ်။

အမွန္တကယ္ေတာ့ သူသည္ ထိုသူႏွစ္ဦး၏ စတင္လက္ထပ္ခ်ိန္မွ ကြာရွင္းလိုက္သည္အထိ အစအဆုံး သိျမင္ထားသူျဖစ္သည္။

"ဒါေပမဲ့လည္း သူမကို ကူညီေပးလိုက္ႏိုင္တာ ေကာင္းပါတယ္။ သူမက ဆင္းရဲသလို မင္းရဲ႕ ဇနီးေဟာင္းလည္း ျဖစ္တယ္ေလ"

"ဟင္... သူ႔ကို ငါ့ရဲ႕ဇနီးေဟာင္းျဖစ္မွန္း ဘယ္သူမွ မသိပါဘူး"

ေမာ့ယြီစန္းသည္ မ်က္ခုံးပင့္လိုက္ေလသည္။ သူတို႔သည္ အန္းရွ၏ အေၾကာင္းမ်ားကိုသာ စကားေဖာင္ဖြဲ႕ ေျပာျဖစ္ေနၾက၍ ေဂါက္သီးကို ဆက္မ႐ိုက္ျဖစ္သကဲ့သို႔ ျဖစ္ေနသည့္အတြက္ စိတ္တိုမိသြားေတာ့သည္။

ေမာ့ယြီစန္းသည္ ထိုေနရာမွထြက္ခြာရန္ ျပင္ဆင္လိုက္ခ်ိန္တြင္ ေခ်ာေမာလွပ၍ ႏူးညံ့သိမ္ေမြ႕လွေသာ အမႊာကေလးႏွစ္ဦးသည္ သူ႔ထံသို႔ ေျပးလာသည္ကို ေတြ႕လိုက္ရသည္။

"ဦးေလးေမာ့... ဦးေလးေမာ့..."

ေမာ့ယြီစန္း၏ မ်က္ဝန္းမ်ားသည္ ႏူးညံ့သြား၍ ရင္ထဲမွ ပူေလာင္မႈမ်ားသည္လည္း အလုံးစုံ ေပ်ာက္ဆုံးသြားရေတာ့သည္။

သူ၏ ႏူးညံ့၍ ဖခင္ေမတၱာမ်ားႏွင့္ ျပည့္ႏွက္ေနေသာ အမူအယာတို႔ကို ျမင္လိုက္ရေသာအခါ ခ်ီလိသည္ သက္ျပင္းခ်မိလိုက္ေတာ့သည္။ သူသည္ သူငယ္ခ်င္းျဖစ္သူ၏ မဂၤလာပြဲမွ အရက္ကို မၾကာခင္တြင္ ေသာက္သုံးရေတာ့မည္ဟု ထင္မိေတာ့သည္။

Telegram မွာ အပိုင္း ၁၅၆အထိ ေရာက္ပါၿပီေနာ္။ 

Продолжить чтение

Вам также понравится

8.7K 1.2K 14
I Do Not Own This Story and I decided to translate the story cause I just love it . ( Available in both Zawgyi & Unicode Vers ) Original Author is @...
565K 57.8K 200
Book 1 အပိုင်း (1- 200) Title: Reincarnation of Businesswoman at School Author: Warm Color Su Eng Translator: Henyee Translations Mm Translator : Cha...
19.8K 1K 5
Author : Celine Gu Xi Jue Short chinese story Not Mine Myanmar Translation (Zawgyi&Unicode) 5July-8July(2020)
383K 51.1K 59
Author(s): 很是矫情 English translator: Butterfly's Curse English title: Quick Transmigration Cannon Fodder's Record of Counterattacks Original name: 快穿...