အပိုင်း (၃၈)
သူ၏ ညီမလေးသည် သူမ၏ လေလုံးထွားမှုကို လျှော့ချလိုက်သည်မှာ ရက်အနည်းငယ်မျှသာ ရှိနေသေးသည်။ ယခုတော့ သူမသည် ရှုန်းထျန်း အိမ်ခြံမြေကုမ္ပဏီကို ဝယ်ယူမည်ဟု ပြောနေပြန်လေသည်။
မူလက အန်းသုန်ထင်ခဲ့မိသည်က ညီမလေးဖြစ်သူသည် အရည်မရ အဖက်မရ လျှောက်ပြောနေခြင်းသာ ဖြစ်သည်ဟူ၍ပင်။
သို့သော်လည်း သူမသည် အတည်ပြောနေခြင်း ဖြစ်လေသည်။
"အစ်ကိုကြီး... ကျွန်မမှာ ပိုက်ဆံတွေ အများကြီးရှိပါတယ်"
ထိုအချိန်တွင် အန်းသုန်သည် အန်းရှ၏လက်ထဲမှ ဖုန်းကို ယူကြည့်လိုက်သောအခါ သူမ၏ ဘဏ်အကောင့်မှ သုညအလုံးပေါင်းများစွာကို မြင်တွေ့လိုက်ရသောကြောင့် မူးမေ့မတတ်ပင် ထိတ်လန့်သွားတော့သည်။
သူ၏ ညီမလေးသည် ကွာရှင်းလိုက်သည့်အတွက် နစ်နာကြေးအဖြစ် ငွေကြေးများစွာ ရရှိလိုက်သည်ဟု သူ့အနေဖြင့် သိနှင့်နေသည် ဖြစ်သော်လည်း ထိုမျှများပြားလှသော ပိုက်ဆံပမာဏကို မြင်တွေ့လိုက်ရချိန်မှာတော့ သူသည် ထိတ်လန့်မိသွားတော့သည်။
"ညီမလေး... မင်း အတည်ပြောနေတာလား" နောက်ဆုံးတွင်တော့ အန်းသုန်သည် အသိစိတ် ပြန်ဝင်လာ၍ ညီမဖြစ်သူကို စိတ်ရှုပ်ထွေးနေသော မျက်ဝန်းများဖြင့် ကြည့်လိုက်မိတော့သည်။
သူထင်ခဲ့မိသည်က ညီမဖြစ်သူသည် သူ့အတွက်ကြောင့်သာ ကုမ္ပဏီကို ဝယ်ယူချင်နေခဲ့သည် ဟူ၍ဖြစ်သည်။
သို့သော်လည်း...
"ဟုတ်တယ်... ကျွန်မ အတည်ပြောနေတာပါ အစ်ကို။ ကျွန်မ စဉ်းစားပြီးသွားပြီ။ အခြားသူ တစ်ယောက်အတွက် အလုပ်လုပ်ပေးနေရတာထက် အစ်ကို ကိုယ်တိုင်ပဲ အကြီးအကဲလုပ်လိုက်တာ ပိုကောင်းတယ်လေ။ အဲဒါက ပိုပြီးတော့လည်း လွယ်ကူတာပေါ့" အန်းရှသည် အများကြီး တွေးတောမနေတော့ဘဲ သူမ၏ စိတ်ကူးများအတိုင်း ပြောပြလိုက်တော့သည်။
သူမထံတွင် ပိုက်ဆံများစွာရှိနေပြီး ထိုအရာများ အားလုံးသည်လည်း မူလပိုင်ရှင်၏ ပိုင်ဆိုင်မှုများသာ ဖြစ်လေသည်။
မူလပိုင်ရှင်၏ ပိုက်ဆံများသည်လည်း သူမ မိသားစု၏ ပိုင်ဆိုင်မှုများ ဖြစ်သည်လေ။
ထို့ကြောင့် ဤပိုက်ဆံများအားလုံးကို သူမ၏ မိသားစုအတွက် အသုံးပြုရမည်သာ ဖြစ်သည်။
"ညီမလေး... မင်းက အသက် ၂၆ နှစ်ရှိနေပြီနော်။ ဘာဖြစ်လို့ အရာအားလုံးကို ရိုးရိုးစင်းစင်း တွေးတောနေရတာလဲ။ ပိုက်ဆံတွေရှိတိုင်းလည်း ဒီလိုမျိုး သုံးဖြုန်းပစ်လို့ မရဘူးလေ"
အန်းသုန်သည် ထိုကိစ္စကြောင့် စိတ်လှုပ်ရှားမိသော်လည်း ထိုအရာနှင့်ပတ်သက်၍ တွေးတောနေမိဆဲပင်။
ဖြစ်ပျက်နေသော ပြဿနာများအရ ဤသည်က ပို၍ လက်တွေ့ကျလေသည်။
"ရှုန်းထျန်း အိမ်ခြံမြေကုမ္ပဏီရဲ့ အရင်းအနှီး မတည်ငွေက လုံးဝကို အရှုံးပေါ်နေပြီးတော့ အဲဒီကုမ္ပဏီက တာဝန်ယူထားတဲ့ အဆောက်အအုံတွေကလည်း မပြီးပြတ်သေးဘူး။ ညီမလေး အဲဒါတွေအားလုံးကို လက်လွှဲယူလိုက်မယ်ဆိုရင် ရှုပ်ထွေးမှုတွေက အများကြီးပဲနော်။ ဒါတောင် ညီမလေးက အိမ်ခြံမြေအကြောင်းကို လုံးဝ နားလည်တာ မဟုတ်သေးဘူး"
ထို့ကြောင့် သူသည် ညီမဖြစ်သူကို မဝယ်ယူစေခြင်း ဖြစ်သည်။
"ကိစ္စမရှိပါဘူး အစ်ကိုရဲ့။ အရင်ရက်တွေတုန်းက ကျွန်မ သူငယ်ချင်းတစ်ယောက်နဲ့ ဆွေးနွေးကြည့်သေးတယ်။ သူက လေ့လာကြည့်ပြီးသွားတော့ အဲဒီကုမ္ပဏီမှာ ရင်းနှီးမြုပ်နှံလိုက်တာက ကောင်းမွန်တဲ့ ရွေးချယ်မှု တစ်ခုပဲတဲ့"
သူမသည် ထိုအချိန်တုန်းက ထိုကုမ္ပဏီကို သူမ၏ပိုက်ဆံများဖြင့် ဝယ်ယူရန် ကြံကြံဖန်ဖန် စိတ်ကူးရခဲ့လေသည်။
ထို့ကြောင့် သူမသည် အစ်ကိုဖြစ်သူကို သူမ၏စိတ်ကူးကို စိတ်လှုပ်ရှားစွာဖြင့် ပြောပြပြီးနောက်တွင် သူမ၏ အခင်ဆုံး သူငယ်ချင်းဖြစ်သူ ချန်ရွှယ်မင်ကို ဆက်သွယ်ခဲ့လေသည်။
ချန်ရွှယ်မင်သည် ရှေ့နေတစ်ဦးဖြစ်ပြီး မြို့တော်ရှိ အကောင်းဆုံး ကုမ္ပဏီတစ်ခုတွင် လုပ်ကိုင်နေခြင်းဖြစ်လေသည်။
ထို့ကြောင့် သူမထံတွင် အဆက်အသွယ်များစွာနှင့် သတင်းအချက်အလက်များလည်း ရှိနေသည်ဖြစ်သည်။
ထို့ကြောင့် အန်းရှသည် သူမ၏ အကြံအစည်များကို ပြောပြ၍ ရှုန်းထျန်း ကုမ္ပဏီကို ဝယ်ယူရန် သင့်မသင့် အကြံဉာဏ် တောင်းခံခဲ့ခြင်း ဖြစ်လေသည်။
အန်းရှ၏ ရည်မှန်းချက်ကို မပျက်သုန်းစေဘဲ ချန်ရွှယ်မင်သည် ထိုကိစ္စကို ပြီးပြည့်စုံအောင် ကူညီဆောင်ရွက်ပေးခဲ့ရုံသာမက ပြီးပြည့်စုံခြင်းထက်ပင် ကျော်လွန်အောင် လုပ်ဆောင်ပေးခဲ့လေသည်။
ချန်ရွှယ်မင်သည် ရှုန်းထျန်း အိမ်ခြံမြေကုမ္ပဏီအကြောင်းကို လေ့လာနိုင်စေရန် အိမ်ခြံမြေလုပ်ငန်း နယ်ပယ်မှ လူတော်များကို ရှာဖွေတွေ့ရှိခဲ့ရုံသာမက ထိုလုပ်ငန်းနယ်ပယ်တွင် ကျွမ်းကျင်လိမ္မာသော စီမံခန့်ခွဲနိုင်သူ တစ်ဦးနှင့်ပါ အဆက်အသွယ် ရရှိခဲ့လေသည်။
"အစ်ကို... ကျွန်မတို့ရဲ့ ကုမ္ပဏီမှာ အထွေထွေမန်နေဂျာအဖြစ် ဆောင်ရွက်ပေးဖို့ ပညာရှင်တစ်ယောက်ကိုပါ ညီမတို့ ငှားထားတယ်"
သူမသည် ချမ်းသာပြီးသား ဖြစ်လေသည်။ ဒါဆိုရင် အဘယ်ကြောင့်များ ကုမ္ပဏီကို တည်ထောင်ချင်နေပြီး တစ်စုံတစ်ယောက်ကို အလုပ်လုပ်ပေးစေရန် လစာပေးနေရသနည်း။
"အစ်ကို... ကျွန်မတို့ကုမ္ပဏီက အစ်ကို့အပေါ်မှာပဲ မူတည်သွားပြီနော်။ အစ်ကို အဲဒီလုပ်ငန်းကနေ ကောင်းကောင်း သင်ယူရမယ်..."
အန်းရှသည် အစ်ကိုဖြစ်သူကို ပြုံး၍ ကြည့်လိုက်သည်။
အန်းသုန်သည် နှုတ်ခမ်းကိုသာ တွန့်လှုပ်လိုက်မိလေသည်။
သူသည် ညီမဖြစ်သူကို ခေါင်းရှုပ်စွာကြည့်လိုက်၍ စိတ်မပါစွာ ပြောလိုက်လေတော့သည်။ "မင်းကို ဘယ်သူက လုပ်ခိုင်းနေလို့လဲ"
"အစ်ကိုကြီး... စိတ်မပူပါနဲ့။ ကျွန်မတို့ လုံးဝရှုံးမှာ မဟုတ်ပါဘူး။ မင်မင်ကပြောတယ် သူက ရှုန်းထျန်း အိမ်ခြံမြေကုမ္ပဏီကို ဈေးအနိမ့်နဲ့ အနိုင်ဝယ်ယူနိုင်ဖို့ သူကိုယ်တိုင် ဥပဒေအကြံပေးအဖြစ် ဆောင်ရွက်ပေးပြီးတော့ မြို့ပေါ်က ကျွမ်းကျင်တဲ့ ပညာရှင်အဖွဲ့တစ်ဖွဲ့ကိုလည်း ခေါ်လာမယ်တဲ့။ အဲဒီတော့ အစ်ကို မှတ်ထားရမှာက ကျွန်မတို့ အဲဒီကုမ္ပဏီကို ဝယ်လိုက်လို့ ငွေကြေးဆုံးရှုံးမှု ဖြစ်မှာမဟုတ်ဘူး။ အစ်ကို မယုံဘူးဆိုရင် ကျွန်မကို မင်မင်ပို့ပေးလိုက်တဲ့ စာရွက်စာတမ်းတွေကို ပြမယ်။ ဘာပဲဖြစ်ဖြစ် အစ်ကို ဖတ်ကြည့်လိုက်မယ်ဆိုရင် နားလည်သွားမှာပါ"
ထို့သို့ပြောလိုက်ရင်းဖြင့် အန်းရှသည် အန်းသုန်ကို သူမအခန်းသို့ခေါ်ဆောင်သွားပြီး ကွန်ပျူတာကို ဖွင့်ပြလိုက်လေသည်။ ထို့နောက် အန်းသုန်သည် မေးလ်မှပို့ထားသော ဖိုင်တစ်ခုကို တွေ့လိုက်ရလေသည်။
အန်းသုန်သည် ထိုပုဂ္ဂိုလ်ကို ပညာရှင်အဖြစ် ကောက်ချက်ချလိုက်တော့သည်။
သူသည် ရှုန်းထျန်း အိမ်ခြံမြေကုမ္ပဏီတွင် အလုပ်လုပ်ခဲ့သော်လည်း ထိုမျှလောက် အမြင်များစွာ မရှိခဲ့ပေ။
ပြီးနောက် အရေးအကြီးဆုံးသော ကိစ္စမှာ...
"သူပြောထားပုံအရ လင်ရှန်းပျယ်ယွမ်ရဲ့ ပတ်ဝန်းကျင်မှာ စာသင်ကျောင်း ဆောက်လုပ်ဖို့ ဖြစ်နိုင်တယ်ပေါ့"
ထိုကိစ္စသည် သူ့အနေဖြင့် အာရုံအစိုက်ရဆုံး အကြာင်းတစ်ခုဖြစ်လေသည်။
အကယ်၍ လင်ရှန်းပျယ်ယွမ်၏ ပတ်ဝန်းကျင်တွင်သာ ကျောင်းဆောက်လုပ်နိုင်နည်ဆိုလျှင် စွန့်ပစ်ထားသော အဆောက်အအုံအနေအထားမှ အခြေအနေသည် လုံးဝ ပြောင်းလဲသွားတော့မည် ဖြစ်သည်။
ထို့အပြင် လင်ရှန်းပျယ်ယွမ်သည် အဖက်ဆယ်မရအောင် ပျက်စီးနေခြင်းမဟုတ်ဘဲ ကောင်းမွန်အောင် ပြုပြင်ရန် လိုအပ်နေခြင်းသာ ဖြစ်လေသည်။
"သူတို့ရဲ့ လေ့လာချက်အရတော့ ကျွန်မတို့ ကျောင်းဆောက်လုပ်သင့်တယ်လို့ ထင်တယ်နော်"
အန်းရှ၏ စကားလုံးများကို ကြားလိုက်ရသောအခါ အန်းသုန်သည် မျက်မှောင်ကြုတ်လိုက်မိသော်လည်း နောက်ဆုံးတွင် အန်းရှ၏ ထိုရှုန်းထျန်းကို ဝယ်ယူမည့်အစီအစဉ်ကို မတားဖြစ်တော့ချေ။
ဤအစီအစဉ်သည် အလွန် စိတ်ဝင်စားဖွယ်ရာကောင်းသည်။
ဒေဝါလီခံရတော့မည့် အနေအထားသို့ ကျရောက်နေသည့် ကုမ္ပဏီတစ်ခုသည် ထိုကဲ့သို့ ကောင်းမွန်သော အနေအထားသို့ ရောက်ရှိသွားရလိမ့်မည်ဟု မည်သူမျှ ခန့်မှန်းထားလိမ့်မည် မဟုတ်ပါ။
စာချုပ်စာတမ်းများအရ လေ့လာမှု အကြောင်းအရာများသည် မှန်ကန်ခဲ့မည်ဆိုလျှင် ရှုန်းထျန်း အိမ်ခြံမြေကုမ္ပဏီကို ဝယ်ယူလိုက်ခြင်းသည် အကျိုးအမြတ်များမည့် စီးပွားရေးတစ်ခု အမှန်တကယ် ဖြစ်လိမ့်မည်သာ ဖြစ်သည်။
"အစ်ကို... စိတ်မပူပါနဲ့။ ရှုန်းထျန်း အိမ်ခြံမြေကုမ္ပဏီကို ဝယ်ဖို့ ကျွန်မမှာ ပိုက်ဆံ လုံလုံလောက်လောက် ရှိပါတယ်။ အခုအချိန်က စပြီးတော့ အစ်ကိုက ရှုန်းထျန်းကုမ္ပဏီရဲ့ ပိုင်ရှင် ဖြစ်သွားပြီနော်"
အန်းရှသည် သူမ၏ နှုတ်ခမ်းများကို ကွေးညွတ်လိုက်သည်။ ထို့နောက် သူမ၏အစ်ကိုကို ဒုက္ခပေးရဲခဲ့သည့်သူကို တွေးကြည့်လိုက်မိသည်။
အဲဒီ မန်နေဂျာရှုန်းကတော့ သင်ခန်းစာတွေ ကောင်းကောင်းရတော့မယ်။
သူမသည် အစ်ကိုဖြစ်သူ၏ ရှုန်းထျန်းကုမ္ပဏီသို့ သွားရောက်၍ ထိုကုမ္ပဏီ၏ ပိုင်ရှင်အဖြစ် ပြန်လည်ဝင်ရောက် လုပ်ကိုင်ရမည်ကို တွေးကြည့်မိလိုက်သောအခါ စိတ်လှုပ်ရှားမိလေတော့သည်။
"ညီမလေး.. အစ်ကိုက မင်းရဲ့ အထက်လူကြီးမဟုတ်ဘူးလေ။ ကုမ္ပဏီက မင်းရဲ့ပိုင်ဆိုင်မှုပါ"
"မဟုတ်ပါဘူး... အစ်ကိုရဲ့။ အစ်ကိုကသာ သူဋ္ဌေးပါ။ အစ်ကိုပိုင်တဲ့ ကုမ္ပဏီပါ"
မောင်နှမနှစ်ယောက် ငြင်းခုံနေကြစဉ်တွင် သူတို့၏ မိဘများသည် အိမ်ပြန်ရောက်လာကြလေသည်။
သူတို့သည် လတ်တလောတွင် မနက်စာဆိုင်တွင် အလုပ်များနေသောကြောင့် အန်းရှနှင့် အချိန်အတော်ကြာအောင် အတူတူမရှိဖြစ်ကြပေ။
နောက်ဆုံးတွင် သူတို့သည် မောင်နှမနှစ်ဦး၏ စကားများနေကြသည့် မြင်ကွင်းကို တွေ့မြင်လိုက်ရလေသည်။
"မင်းတို့နှစ်ယောက် ဘာတွေ ငြင်းခုံနေကြတာလဲ"
"အမေ၊ အဖေ... ပြန်ရောက်လာကြပြီသား"
အန်းရှသည် မိဘများကို မြင်လိုက်ရသောအခါ မိတ်ဆွေများကို မြင်တွေ့လိုက်ရသကဲ့သို့ ဖြစ်နေလေသည်။
Telegram မှာ အပိုင်း ၁၅၃အထိ ရောက်ပါပြီနော်။
Zawgyi
အပိုင္း (၃၈)
သူ၏ ညီမေလးသည္ သူမ၏ ေလလုံးထြားမႈကို ေလွ်ာ့ခ်လိုက္သည္မွာ ရက္အနည္းငယ္မွ်သာ ရွိေနေသးသည္။ ယခုေတာ့ သူမသည္ ရႈန္းထ်န္း အိမ္ၿခံေျမကုမၸဏီကို ဝယ္ယူမည္ဟု ေျပာေနျပန္ေလသည္။
မူလက အန္းသုန္ထင္ခဲ့မိသည္က ညီမေလးျဖစ္သူသည္ အရည္မရ အဖက္မရ ေလွ်ာက္ေျပာေနျခင္းသာ ျဖစ္သည္ဟူ၍ပင္။
သို႔ေသာ္လည္း သူမသည္ အတည္ေျပာေနျခင္း ျဖစ္ေလသည္။
"အစ္ကိုႀကီး... ကြၽန္မမွာ ပိုက္ဆံေတြ အမ်ားႀကီးရွိပါတယ္"
ထိုအခ်ိန္တြင္ အန္းသုန္သည္ အန္းရွ၏လက္ထဲမွ ဖုန္းကို ယူၾကည့္လိုက္ေသာအခါ သူမ၏ ဘဏ္အေကာင့္မွ သုညအလုံးေပါင္းမ်ားစြာကို ျမင္ေတြ႕လိုက္ရေသာေၾကာင့္ မူးေမ့မတတ္ပင္ ထိတ္လန္႔သြားေတာ့သည္။
သူ၏ ညီမေလးသည္ ကြာရွင္းလိုက္သည့္အတြက္ နစ္နာေၾကးအျဖစ္ ေငြေၾကးမ်ားစြာ ရရွိလိုက္သည္ဟု သူ႔အေနျဖင့္ သိႏွင့္ေနသည္ ျဖစ္ေသာ္လည္း ထိုမွ်မ်ားျပားလွေသာ ပိုက္ဆံပမာဏကို ျမင္ေတြ႕လိုက္ရခ်ိန္မွာေတာ့ သူသည္ ထိတ္လန္႔မိသြားေတာ့သည္။
"ညီမေလး... မင္း အတည္ေျပာေနတာလား" ေနာက္ဆုံးတြင္ေတာ့ အန္းသုန္သည္ အသိစိတ္ ျပန္ဝင္လာ၍ ညီမျဖစ္သူကို စိတ္ရႈပ္ေထြးေနေသာ မ်က္ဝန္းမ်ားျဖင့္ ၾကည့္လိုက္မိေတာ့သည္။
သူထင္ခဲ့မိသည္က ညီမျဖစ္သူသည္ သူ႔အတြက္ေၾကာင့္သာ ကုမၸဏီကို ဝယ္ယူခ်င္ေနခဲ့သည္ ဟူ၍ျဖစ္သည္။
သို႔ေသာ္လည္း...
"ဟုတ္တယ္... ကြၽန္မ အတည္ေျပာေနတာပါ အစ္ကို။ ကြၽန္မ စဥ္းစားၿပီးသြားၿပီ။ အျခားသူ တစ္ေယာက္အတြက္ အလုပ္လုပ္ေပးေနရတာထက္ အစ္ကို ကိုယ္တိုင္ပဲ အႀကီးအကဲလုပ္လိုက္တာ ပိုေကာင္းတယ္ေလ။ အဲဒါက ပိုၿပီးေတာ့လည္း လြယ္ကူတာေပါ့" အန္းရွသည္ အမ်ားႀကီး ေတြးေတာမေနေတာ့ဘဲ သူမ၏ စိတ္ကူးမ်ားအတိုင္း ေျပာျပလိုက္ေတာ့သည္။
သူမထံတြင္ ပိုက္ဆံမ်ားစြာရွိေနၿပီး ထိုအရာမ်ား အားလုံးသည္လည္း မူလပိုင္ရွင္၏ ပိုင္ဆိုင္မႈမ်ားသာ ျဖစ္ေလသည္။
မူလပိုင္ရွင္၏ ပိုက္ဆံမ်ားသည္လည္း သူမ မိသားစု၏ ပိုင္ဆိုင္မႈမ်ား ျဖစ္သည္ေလ။
ထို႔ေၾကာင့္ ဤပိုက္ဆံမ်ားအားလုံးကို သူမ၏ မိသားစုအတြက္ အသုံးျပဳရမည္သာ ျဖစ္သည္။
"ညီမေလး... မင္းက အသက္ ၂၆ ႏွစ္ရွိေနၿပီေနာ္။ ဘာျဖစ္လို႔ အရာအားလုံးကို ႐ိုး႐ိုးစင္းစင္း ေတြးေတာေနရတာလဲ။ ပိုက္ဆံေတြရွိတိုင္းလည္း ဒီလိုမ်ိဳး သုံးျဖဳန္းပစ္လို႔ မရဘူးေလ"
အန္းသုန္သည္ ထိုကိစၥေၾကာင့္ စိတ္လႈပ္ရွားမိေသာ္လည္း ထိုအရာႏွင့္ပတ္သက္၍ ေတြးေတာေနမိဆဲပင္။
ျဖစ္ပ်က္ေနေသာ ျပႆနာမ်ားအရ ဤသည္က ပို၍ လက္ေတြ႕က်ေလသည္။
"ရႈန္းထ်န္း အိမ္ၿခံေျမကုမၸဏီရဲ႕ အရင္းအႏွီး မတည္ေငြက လုံးဝကို အရႈံးေပၚေနၿပီးေတာ့ အဲဒီကုမၸဏီက တာဝန္ယူထားတဲ့ အေဆာက္အအုံေတြကလည္း မၿပီးျပတ္ေသးဘူး။ ညီမေလး အဲဒါေတြအားလုံးကို လက္လႊဲယူလိုက္မယ္ဆိုရင္ ရႈပ္ေထြးမႈေတြက အမ်ားႀကီးပဲေနာ္။ ဒါေတာင္ ညီမေလးက အိမ္ၿခံေျမအေၾကာင္းကို လုံးဝ နားလည္တာ မဟုတ္ေသးဘူး"
ထို႔ေၾကာင့္ သူသည္ ညီမျဖစ္သူကို မဝယ္ယူေစျခင္း ျဖစ္သည္။
"ကိစၥမရွိပါဘူး အစ္ကိုရဲ႕။ အရင္ရက္ေတြတုန္းက ကြၽန္မ သူငယ္ခ်င္းတစ္ေယာက္နဲ႔ ေဆြးေႏြးၾကည့္ေသးတယ္။ သူက ေလ့လာၾကည့္ၿပီးသြားေတာ့ အဲဒီကုမၸဏီမွာ ရင္းႏွီးျမဳပ္ႏွံလိုက္တာက ေကာင္းမြန္တဲ့ ေ႐ြးခ်ယ္မႈ တစ္ခုပဲတဲ့"
သူမသည္ ထိုအခ်ိန္တုန္းက ထိုကုမၸဏီကို သူမ၏ပိုက္ဆံမ်ားျဖင့္ ဝယ္ယူရန္ ႀကံႀကံဖန္ဖန္ စိတ္ကူးရခဲ့ေလသည္။
ထို႔ေၾကာင့္ သူမသည္ အစ္ကိုျဖစ္သူကို သူမ၏စိတ္ကူးကို စိတ္လႈပ္ရွားစြာျဖင့္ ေျပာျပၿပီးေနာက္တြင္ သူမ၏ အခင္ဆုံး သူငယ္ခ်င္းျဖစ္သူ ခ်န္႐ႊယ္မင္ကို ဆက္သြယ္ခဲ့ေလသည္။
ခ်န္႐ႊယ္မင္သည္ ေရွ႕ေနတစ္ဦးျဖစ္ၿပီး ၿမိဳ႕ေတာ္ရွိ အေကာင္းဆုံး ကုမၸဏီတစ္ခုတြင္ လုပ္ကိုင္ေနျခင္းျဖစ္ေလသည္။
ထို႔ေၾကာင့္ သူမထံတြင္ အဆက္အသြယ္မ်ားစြာႏွင့္ သတင္းအခ်က္အလက္မ်ားလည္း ရွိေနသည္ျဖစ္သည္။
ထို႔ေၾကာင့္ အန္းရွသည္ သူမ၏ အႀကံအစည္မ်ားကို ေျပာျပ၍ ရႈန္းထ်န္း ကုမၸဏီကို ဝယ္ယူရန္ သင့္မသင့္ အႀကံဉာဏ္ ေတာင္းခံခဲ့ျခင္း ျဖစ္ေလသည္။
အန္းရွ၏ ရည္မွန္းခ်က္ကို မပ်က္သုန္းေစဘဲ ခ်န္႐ႊယ္မင္သည္ ထိုကိစၥကို ၿပီးျပည့္စုံေအာင္ ကူညီေဆာင္႐ြက္ေပးခဲ့႐ုံသာမက ၿပီးျပည့္စုံျခင္းထက္ပင္ ေက်ာ္လြန္ေအာင္ လုပ္ေဆာင္ေပးခဲ့ေလသည္။
ခ်န္႐ႊယ္မင္သည္ ရႈန္းထ်န္း အိမ္ၿခံေျမကုမၸဏီအေၾကာင္းကို ေလ့လာႏိုင္ေစရန္ အိမ္ၿခံေျမလုပ္ငန္း နယ္ပယ္မွ လူေတာ္မ်ားကို ရွာေဖြေတြ႕ရွိခဲ့႐ုံသာမက ထိုလုပ္ငန္းနယ္ပယ္တြင္ ကြၽမ္းက်င္လိမၼာေသာ စီမံခန္႔ခြဲႏိုင္သူ တစ္ဦးႏွင့္ပါ အဆက္အသြယ္ ရရွိခဲ့ေလသည္။
"အစ္ကို... ကြၽန္မတို႔ရဲ႕ ကုမၸဏီမွာ အေထြေထြမန္ေနဂ်ာအျဖစ္ ေဆာင္႐ြက္ေပးဖို႔ ပညာရွင္တစ္ေယာက္ကိုပါ ညီမတို႔ ငွားထားတယ္"
သူမသည္ ခ်မ္းသာၿပီးသား ျဖစ္ေလသည္။ ဒါဆိုရင္ အဘယ္ေၾကာင့္မ်ား ကုမၸဏီကို တည္ေထာင္ခ်င္ေနၿပီး တစ္စုံတစ္ေယာက္ကို အလုပ္လုပ္ေပးေစရန္ လစာေပးေနရသနည္း။
"အစ္ကို... ကြၽန္မတို႔ကုမၸဏီက အစ္ကို႔အေပၚမွာပဲ မူတည္သြားၿပီေနာ္။ အစ္ကို အဲဒီလုပ္ငန္းကေန ေကာင္းေကာင္း သင္ယူရမယ္..."
အန္းရွသည္ အစ္ကိုျဖစ္သူကို ၿပဳံး၍ ၾကည့္လိုက္သည္။
အန္းသုန္သည္ ႏႈတ္ခမ္းကိုသာ တြန္႔လႈပ္လိုက္မိေလသည္။
သူသည္ ညီမျဖစ္သူကို ေခါင္းရႈပ္စြာၾကည့္လိုက္၍ စိတ္မပါစြာ ေျပာလိုက္ေလေတာ့သည္။ "မင္းကို ဘယ္သူက လုပ္ခိုင္းေနလို႔လဲ"
"အစ္ကိုႀကီး... စိတ္မပူပါနဲ႔။ ကြၽန္မတို႔ လုံးဝရႈံးမွာ မဟုတ္ပါဘူး။ မင္မင္ကေျပာတယ္ သူက ရႈန္းထ်န္း အိမ္ၿခံေျမကုမၸဏီကို ေဈးအနိမ့္နဲ႔ အႏိုင္ဝယ္ယူႏိုင္ဖို႔ သူကိုယ္တိုင္ ဥပေဒအႀကံေပးအျဖစ္ ေဆာင္႐ြက္ေပးၿပီးေတာ့ ၿမိဳ႕ေပၚက ကြၽမ္းက်င္တဲ့ ပညာရွင္အဖြဲ႕တစ္ဖြဲ႕ကိုလည္း ေခၚလာမယ္တဲ့။ အဲဒီေတာ့ အစ္ကို မွတ္ထားရမွာက ကြၽန္မတို႔ အဲဒီကုမၸဏီကို ဝယ္လိုက္လို႔ ေငြေၾကးဆုံးရႈံးမႈ ျဖစ္မွာမဟုတ္ဘူး။ အစ္ကို မယုံဘူးဆိုရင္ ကြၽန္မကို မင္မင္ပို႔ေပးလိုက္တဲ့ စာ႐ြက္စာတမ္းေတြကို ျပမယ္။ ဘာပဲျဖစ္ျဖစ္ အစ္ကို ဖတ္ၾကည့္လိုက္မယ္ဆိုရင္ နားလည္သြားမွာပါ"
ထို႔သို႔ေျပာလိုက္ရင္းျဖင့္ အန္းရွသည္ အန္းသုန္ကို သူမအခန္းသို႔ေခၚေဆာင္သြားၿပီး ကြန္ပ်ဴတာကို ဖြင့္ျပလိုက္ေလသည္။ ထို႔ေနာက္ အန္းသုန္သည္ ေမးလ္မွပို႔ထားေသာ ဖိုင္တစ္ခုကို ေတြ႕လိုက္ရေလသည္။
အန္းသုန္သည္ ထိုပုဂၢိဳလ္ကို ပညာရွင္အျဖစ္ ေကာက္ခ်က္ခ်လိုက္ေတာ့သည္။
သူသည္ ရႈန္းထ်န္း အိမ္ၿခံေျမကုမၸဏီတြင္ အလုပ္လုပ္ခဲ့ေသာ္လည္း ထိုမွ်ေလာက္ အျမင္မ်ားစြာ မရွိခဲ့ေပ။
ၿပီးေနာက္ အေရးအႀကီးဆုံးေသာ ကိစၥမွာ...
"သူေျပာထားပုံအရ လင္ရွန္းပ်ယ္ယြမ္ရဲ႕ ပတ္ဝန္းက်င္မွာ စာသင္ေက်ာင္း ေဆာက္လုပ္ဖို႔ ျဖစ္ႏိုင္တယ္ေပါ့"
ထိုကိစၥသည္ သူ႔အေနျဖင့္ အာ႐ုံအစိုက္ရဆုံး အၾကာင္းတစ္ခုျဖစ္ေလသည္။
အကယ္၍ လင္ရွန္းပ်ယ္ယြမ္၏ ပတ္ဝန္းက်င္တြင္သာ ေက်ာင္းေဆာက္လုပ္ႏိုင္နည္ဆိုလွ်င္ စြန္႔ပစ္ထားေသာ အေဆာက္အအုံအေနအထားမွ အေျခအေနသည္ လုံးဝ ေျပာင္းလဲသြားေတာ့မည္ ျဖစ္သည္။
ထို႔အျပင္ လင္ရွန္းပ်ယ္ယြမ္သည္ အဖက္ဆယ္မရေအာင္ ပ်က္စီးေနျခင္းမဟုတ္ဘဲ ေကာင္းမြန္ေအာင္ ျပဳျပင္ရန္ လိုအပ္ေနျခင္းသာ ျဖစ္ေလသည္။
"သူတို႔ရဲ႕ ေလ့လာခ်က္အရေတာ့ ကြၽန္မတို႔ ေက်ာင္းေဆာက္လုပ္သင့္တယ္လို႔ ထင္တယ္ေနာ္"
အန္းရွ၏ စကားလုံးမ်ားကို ၾကားလိုက္ရေသာအခါ အန္းသုန္သည္ မ်က္ေမွာင္ၾကဳတ္လိုက္မိေသာ္လည္း ေနာက္ဆုံးတြင္ အန္းရွ၏ ထိုရႈန္းထ်န္းကို ဝယ္ယူမည့္အစီအစဥ္ကို မတားျဖစ္ေတာ့ေခ်။
ဤအစီအစဥ္သည္ အလြန္ စိတ္ဝင္စားဖြယ္ရာေကာင္းသည္။
ေဒဝါလီခံရေတာ့မည့္ အေနအထားသို႔ က်ေရာက္ေနသည့္ ကုမၸဏီတစ္ခုသည္ ထိုကဲ့သို႔ ေကာင္းမြန္ေသာ အေနအထားသို႔ ေရာက္ရွိသြားရလိမ့္မည္ဟု မည္သူမွ် ခန္႔မွန္းထားလိမ့္မည္ မဟုတ္ပါ။
စာခ်ဳပ္စာတမ္းမ်ားအရ ေလ့လာမႈ အေၾကာင္းအရာမ်ားသည္ မွန္ကန္ခဲ့မည္ဆိုလွ်င္ ရႈန္းထ်န္း အိမ္ၿခံေျမကုမၸဏီကို ဝယ္ယူလိုက္ျခင္းသည္ အက်ိဳးအျမတ္မ်ားမည့္ စီးပြားေရးတစ္ခု အမွန္တကယ္ ျဖစ္လိမ့္မည္သာ ျဖစ္သည္။
"အစ္ကို... စိတ္မပူပါနဲ႔။ ရႈန္းထ်န္း အိမ္ၿခံေျမကုမၸဏီကို ဝယ္ဖို႔ ကြၽန္မမွာ ပိုက္ဆံ လုံလုံေလာက္ေလာက္ ရွိပါတယ္။ အခုအခ်ိန္က စၿပီးေတာ့ အစ္ကိုက ရႈန္းထ်န္းကုမၸဏီရဲ႕ ပိုင္ရွင္ ျဖစ္သြားၿပီေနာ္"
အန္းရွသည္ သူမ၏ ႏႈတ္ခမ္းမ်ားကို ေကြးၫြတ္လိုက္သည္။ ထို႔ေနာက္ သူမ၏အစ္ကိုကို ဒုကၡေပးရဲခဲ့သည့္သူကို ေတြးၾကည့္လိုက္မိသည္။
အဲဒီ မန္ေနဂ်ာရႈန္းကေတာ့ သင္ခန္းစာေတြ ေကာင္းေကာင္းရေတာ့မယ္။
သူမသည္ အစ္ကိုျဖစ္သူ၏ ရႈန္းထ်န္းကုမၸဏီသို႔ သြားေရာက္၍ ထိုကုမၸဏီ၏ ပိုင္ရွင္အျဖစ္ ျပန္လည္ဝင္ေရာက္ လုပ္ကိုင္ရမည္ကို ေတြးၾကည့္မိလိုက္ေသာအခါ စိတ္လႈပ္ရွားမိေလေတာ့သည္။
"ညီမေလး.. အစ္ကိုက မင္းရဲ႕ အထက္လူႀကီးမဟုတ္ဘူးေလ။ ကုမၸဏီက မင္းရဲ႕ပိုင္ဆိုင္မႈပါ"
"မဟုတ္ပါဘူး... အစ္ကိုရဲ႕။ အစ္ကိုကသာ သူေ႒းပါ။ အစ္ကိုပိုင္တဲ့ ကုမၸဏီပါ"
ေမာင္ႏွမႏွစ္ေယာက္ ျငင္းခုံေနၾကစဥ္တြင္ သူတို႔၏ မိဘမ်ားသည္ အိမ္ျပန္ေရာက္လာၾကေလသည္။
သူတို႔သည္ လတ္တေလာတြင္ မနက္စာဆိုင္တြင္ အလုပ္မ်ားေနေသာေၾကာင့္ အန္းရွႏွင့္ အခ်ိန္အေတာ္ၾကာေအာင္ အတူတူမရွိျဖစ္ၾကေပ။
ေနာက္ဆုံးတြင္ သူတို႔သည္ ေမာင္ႏွမႏွစ္ဦး၏ စကားမ်ားေနၾကသည့္ ျမင္ကြင္းကို ေတြ႕ျမင္လိုက္ရေလသည္။
"မင္းတို႔ႏွစ္ေယာက္ ဘာေတြ ျငင္းခုံေနၾကတာလဲ"
"အေမ၊ အေဖ... ျပန္ေရာက္လာၾကၿပီသား"
အန္းရွသည္ မိဘမ်ားကို ျမင္လိုက္ရေသာအခါ မိတ္ေဆြမ်ားကို ျမင္ေတြ႕လိုက္ရသကဲ့သို႔ ျဖစ္ေနေလသည္။
Telegram မွာ အပိုင္း ၁၅၃အထိ ေရာက္ပါၿပီေနာ္။