The Deal With A Demon King

Por HninAung913

130K 12.8K 931

မိစ္ဆာဘုရင်တစ်ပါးနဲ့ တနှစ်တာ စာချုပ်ချုပ်ဆိုပြီးတဲ့နောက်မှာ သူ့ရဲ့ကံတရားက စတင်ပြောင်းလဲလာခဲ့တယ်။ ဒါမှမဟုတ် သူ... Más

Intro And Characters
Part 1 (အမှတ်အသား)
Part 2 ( ဘဝရဲ့စာမျက်နှာ)
Part 3 ( ပူလောင်ခြင်း)
Part 4 ( ကျေးဇူးကြွေး)
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Characters of Deal (Edit)
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31**
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 48
Part 49
Part 50
Part 51
Part 52
Part 53
Part 54
Part 55
Part 56
Part 57

Part 47

300 30 2
Por HninAung913

Unicode

နှစ်ရက်၊ သုံးရက် နေထိုင်ပြီးသည့်အခါ ဤနေရာမှထွက်သွားဟူသော ထိုဒေါင်းအိုကြီး၏စကားတို့သည် အချည်းနှီးအတိုင်းသာ ဖြစ်နေခဲ့ပြီး ချီယွမ်၏သူငယ်ချင်းပီသသော တိဟွအပေါ်တွင် မသက်ရောက်နိုင်ခဲ့ချေ။ ထို့ကြောင့်ပင် ထိုသူသည် ပြင်ပသို့ ထွက်လာချိန်၌ တိဟွ၏နားပူစွာတိုက်တွန်းမှုကြောင့် တိဟွကိုပါ တပါတည်းခေါ်လာခဲ့လိုက်ရတော့လေသည်။ မျောလွင့်နေသော တောင်ကုန်းသည် ထိုဒေါင်းအိုကြီး၏ သီးသန့်ကမ္ဘာငယ်လေးဖြစ်ပုံရပြီး သူသည် ထိုအစီအရင်အပြင်ဘက်သို့ ရံဖန်ရံခါမှထွက်ပုံရသည်။

" ဝါး...ဒီနေရာက ဒဏ္ဍာရီထဲမှာ ပျောက်ကွယ်သွားပြီလို့ ပြောနေကြတဲ့ ဒေါင်းမျိုးနွယ်တွေ စုစည်းနေထိုင်ကြတာလား၊ တကယ်ကို အလှမျိုးစုံနေကြသလိုပဲ။ မသေခင်မြင်ရလိမ့်မယ်လို့ မထင်မိတာတော့ တကယ်ပဲ။

ကျွန်တော်က ကံကောင်းတဲ့မြေခွေးပဲ။"

"....."

တိဟွက ​မိစ္ဆာ၊ နတ်မျိုးနွယ် ဒေါင်းအနွယ်ဝင်တို့ လူသားအသွင်သဏ္ဍာန်ရှိနေကြသော ရွာသားများ၏ သာမာန်ဆန်ဆန်နေထိုင်နေကြပုံကိုပါကြည့်ရင်း ထူးဆန်းကာအံ့သြနေပါ၏။ သူ့ရှေ့တွင် အေးချမ်းစွာလမ်းလျောက်နေသော ဒေါင်းအိုကြီးကတော့ သူ့ကိုဂရုမစိုက်ပါချေ။ တပြိုင်နက်တည်းတွင်လည်း အနှီဒေါင်းမျိုးနွယ်ရွာသားများက တိဟွအားထူးဆန်းသည့် အကြည့်တို့ဖြင့်ကြည့်လိုက်၊ သူ့ရှေ့ရှိ ဒေါင်းအိုကြီးအား စိုးရိမ်သည့်အကြည့်ဖြင့်ကြည့်လိုက်နှင့် လုပ်နေကြသည်ကိုပါ သူသတိထားမိလိုက်လေသည်။ ကြည့်ရသည်က သူ၏မူလကိုယ်ခန္တာသည် မြေခွေးဖြစ်တာမို့ ငှက်မျိုးနွယ်ဖြစ်သည့် ၎င်းတို့ ထိတ်လန့်ကြသည်က ထူးတော့လည်း မထူးဆန်းပါချေ။

" သူ...သူတို့က...အင့် "

ဒေါင်းအိုကြီးရုတ်တရက် ရပ်လိုက်တာမို့ ဘေးဘီကိုသာငေးရင်း မေးခွန်းထူတ်ဖို့ကြံနေသည့် တိဟွသည် ထိုသူ၏ကျောပြင်ကျယ်အား ဝင်တိုက်မိပါတော့သည်။

" အကြီးအကဲ....မင်္ဂလာပါ။ ပစ္စည်းလာယူတာပါလား။ "

လူတယောက်က ဒေါင်းအိုကြီးအား ရိုသေစွာဂါရဝပြုနေသည်ကို တိဟွတွေ့လိုက်ရပြီး ဒေါင်းအိုကြီးကတော့ ခေါင်းကိုအသာငြိမ့်ပြလိုက်သည်။ တိဟွက ရုတ်တရက် ဒေါင်းအိုကြီးနောက်မှ သူ၏ကိုယ်တဝက်ကို စောင်းငဲ့ကာ ထိုလူအားလှမ်းကြည့်လိုက်လေတော့မှ ထိုသူက သူ့အားမြင်သွားပုံရကာ ထိန့်လန့်လျက် နောက်သိူ့ဆုတ်မိသွား၏။

ထို့နောက် တိဟွအား လက်ညိုးထိုးကာ ဒေါင်းအိုကြီးကိုတလှည့် တိဟွကိုတလှည့်ကြည့်ရင်း

" သူ...သူ...သူက...မြေ..မြေခွေး..."

ဒေါင်းအိုကြီးက ထိုလူအားဘာမျှဆက်ပြောခွင့်မပေးချင်သည့်အလား သူ၏လက်တဖက်ကိုဝှေ့ယမ်းကာ ပါးစပ်ကိုပိတ်ထားစေလိုက်သည်။ ထို့နောက် သူ၏လက်နှစ်ဖက်အားနောက်ပစ်လိုက်ပြီး ရှေ့သိူ့သာဆက်သွားလေတော့၏။

တိဟွကတော့ ထိုလူ၏မိမိအားရည်ညွှန်းတော့မည့် အမူအရာအားနားမလည်နိုင်စွာကြည့်နေခဲ့ပြီးနောက် သူ၏ခေါင်းကိုတချက်စောင်းကာ ထိုလူအားအကဲခတ်လိုက်လေသည်။ မိမိကိုယ်ကို လက်ညိုးထိုးကာ

" ငါ့ကိုသိလား...."

ထိုသူ့ပုံစံက ကြောက်လန့်နေသည်မှာ မသိလျင်မိမိကပဲ သူတို့အား ဒုက္ခတွေပေးဖူးသလို။ သိူ့သော် သုံးလောကကို လှည့်လည်ခဲ့ဖူးသည့် သူ၏မှတ်ဉာဏ်ထဲတွင် ဤဒေါင်းမျိုးနွယ်များကို ရှားရှားပါးပါး တကောင်၊နှစ်ကောင်စသာ မြင်တွေ့ဖူးခဲ့လိမ့်မည်။ ဒေါင်းမျိုးနွယ် ပျောက်ကွယ်သွားသည့်အချိန်တွင် သူပင် မမွေးသေးခဲ့ချေ။

"...."

ထိုလူက သူ့ကိုသေချာကြည့်နေရင်း သူ၏ပါးစပ်ကိုတင်းတင်းစိပိတ်ထားသည်။ ဒေါင်းအိုကြီးအားတချက်ကြည့်လိုက်ပြီးနောက် တိဟွအားပြန်ကြည့်ရင်း ခေါင်းကိုအသွင်သွင်ခါလေတော့၏။

( ဘာလား...ခေါင်းလည်းပြုတ်ထွက်အုန်းမယ်)

" မြေခွေးနီလေး....မင်းငါ့နောက်လိုက်ချင်နေတာမဟုတ်ဘူးလား..."

" အော့....လာပြီ...လာပြီ။ "

ခေါင်းဆက်တိုက်ခါနေသော လူကိုသာအာရုံစိုက်နေသည့် တိဟွကို ဒေါင်းအိုကြီးက လှမ်းခေါ်ကာ သူ့အနားသိူ့လာစေသည်။ တိဟွကလည်း ဒေါင်းအိုကြီးဘေးနားတွင် အမြန်ကပ်လိုက် လိုက်ပြီး သူတိူ့အတူတူ အဆောင်တော်ကြီးတစ်ခုထဲသို့ ဝင်သွားတော့သည်။

ခန်းမဆောင်သည် သာမာန်အဆောက်အဦးများထက်အနည်းငယ်ကြီးမားသော်လည်း အလုံပိတ်အဆောင်နှင့်တူကာ အထဲတွင် တန်ဖိုးရှိပုံရသော ပစ္စည်းများရှိနေသည့်အပြင် တစ်စုံတစ်ခုကိုပါ ကာကွယ်ရန် အစီအရင်များလုပ်ထားသည်ကို တိဟွဝင်လိုက်သည်နှင့်ခံစားမိလိုက်သည်။ ထိုအထဲတွင်မှ အခန်းငယ်လေးတစ်ခုရှိရာ ထိုအခန်းငယ်လေးထဲကိုတော့ သူနှင့်တိဟွတို့သာ ဝင်သွားခဲ့ပြီး အစောပိုင်းသူတို့အားအဖော်ပြုပေးသည့်သူတော့ မပါလာတော့ချေ။

သူတို့ ထိုအခန်းငယ်လေးထဲသို့ဝင်လိုက်သည်နှင့် တိဟွသည် သူ၏ကိုယ်ခန္တာရှိစွမ်းအားများ တမဟူတ်ချင်းပျောက်ကွယ်သွားသလိုခံစားလိုက်ရသည်။ ရုတ်တရက်ပေမို့ ထိတ်လန့်သွားကာ တိဟွသည် သူ၏ရင်ဘတ်အားလက်ဖြင့်ဖိမိ၏။ ဒေါင်းအိုကြီးက သူရှေ့ရှိ ကျောက်မျက်ရတနာတို့ဖုံးအုပ်ထားသည့် သေတ္တာရှည်တစ်ခုကိုကြည့်နေရင်းမှ တိဟွအားအသာစောင်းငဲ့ကြည့်ရင်း

" အပြင်ပြန်ထွက်တာနဲ့ ပုံမှန်ပြန်ဖြစ်သွားလိမ့်မယ်။ စိတ်မပူနဲ့...."

တိဟွသည် ဘာရယ်ကြောင့်မှန်းမသိ ထိုဒေါင်းအိုကြီး၏စကားကြောင့် ချက်ချင်းပင်စိတ်သက်သာရာရသွားခဲ့ရသည်။ လက်ကိုပြန်ချလိုက်ပြီးနောက် သူတိူ့ရှေ့တွင် တသသထားရှိသော ထိုကျောက်မျက်ရတနာတိူ့ဖုံးအုပ်ထားသည့် သေတ္တာရှည်အား

" အဲ့တာက ဘာထည့်ထားတာမလို့လဲ။ အပြင်မှာဖုံးထားတဲ့ရတနာတွေကတောင် မနည်းမနော..."

" ဒီနားမှာပဲ ရပ်နေ..."

ဒေါင်းအိုကြီးက သူ၏အမေးကိုမဖြေပဲ တိဟွကိုလက်ရှိနေရာတွင်သာ ရပ်နေရန်ပြောလိုက်ပြီးတဲ့နောက် သူကတော့ ထိုသေတ္တာရှည်နားသို့ တိုးသွားလိုက်သည်။ ထို့နောက် ထိုသေတ္တာအားဖွင့်လိုက်ပြီး အထဲမှ ဓားမြှောင်တလက်ကိုထူတ်ယူလိုက်လေတော့သည်။

တိဟွသည် ဒေါင်းအိုကြီးကိုင်လိုက်တော့ ဓားမြှောင်ကိုမြင်လိုက်ရသည်နှင့်တပြိုင်နက် သူ၏မျက်ဝန်းတို့သည် အံ့သြမှုနှင့်အတူ တလက်လက်တောက်ပလာပါလေတော့သည်။ သူသည်ဟန်မဆောင်နိုင်စွာပြုံးမိလိုက်ပြီး သေချာပေါက် သူသည်နေရာမှန်ကိုရောက်ရှိလာခဲ့ပြီဆိုတာ တပ်အပ်ပြောနိုင်ခဲ့လေပြီ။ ထိုဒေါင်းအိုကြီးကိုင်ထားသော ဓားမြှောင်သည် သူရှေးဟောင်းစာအုပ်များတွင် ဖော်ပြထားသည့်၊ သူနေရာတိုင်းတွင်အပင်ပန်းခံလိုက်လံရှာဖွေနေခဲ့သည့် ဝိညာည်ခွဲဓားမြှောင်ပါပင်။

သွားရေမကျရုံတမယ် ထိုဓားမြှောင်အားငမ်းနေစဥ်၌ပင် ရုတ်တရက်အသိဝင်လာလိုက်သည်က ထိုဓားမြှောင်ကိုကိုင်ထားသော သူပင်။

( ဒါဆို ဒီဒေါင်းအိုကြီးက.... စစ်နတ်မင်းပိုင်ယင်းချွီပေါ့၊ အဲ့တာကြောင့် အဖြူချည်းဝတ်ထားတာတောင် အရောင်အဝါက သေးမနေတာ....လေးစားတယ်...တကယ်...)

" ဘာလဲ...မင်းသဘောကျလို့လား.."

ဒေါင်းအိုကြီးက အသာပြုံးရင်း တိဟွကိုမေးသည်။ ထိုအချိန်မှ တိဟွကအသိစိတ်ပြန်ဝင်ပြီး

" အင်း...အာ....မဟုတ်...မဟုတ်ပါဘူး။ ဒီအတိုင်းလှလို့..."

( သူများနယ်မြေကြီးမှာ အားတော့နာပေမဲ့ ငါခိုးဖို့ အကြံထုတ်ရတော့မာပေါ့။)

ဒေါင်းအိုကြီးက ဓားမြှောင်ကိုတချက်ဆွဲထုတ်ပြီးနောက် ပြန်သိမ်းလိုက်ရင်း တိဟွကိုကြည့်ကာ တချက်ပြုံးလိုက်သည်။ ဓားမြှောင်၏ဓားအိမ်အား အသာပွတ်လိုက်ရင်း

" ဒီဟာကို ဝိညာည်ခွဲဓားမြှောင်လို့ခေါ်တယ်...သုံးလောကမှာ တန်ဖိုးအကြီးမားဆုံးတွေထဲကတစ်ခုဆိုလည်းမမှားဘူး။ ဒီဓားမြှောင်ကို လိုချင်နေတဲ့သူတွေလည်း အများကြီးပဲ။ အဲ့တာကြောင့်မလို့ အခုလိုအစီအရင်တွေနဲ့ ထားထားရတာ။ ဒါပေမဲ့ အနည်းဆုံး သုံးလတကြိမ် သူ့ဆီမှာရှိနေတဲ့ လောဘအခိုးအငွေ့ တွေပြေပျောက်စေဖို့ အသန့်စင်ဆုံးဘုံကို သယ်ဆောင်ပေးရတယ်။ အခုလက်ရှိ ကိုယ်နေနေတဲ့နေရာပေါ့။

အဲ့တာကြောင့် ကိုယ်ဒီကိုရောက်လာတာ..."

" အော်...အဲ့တာကြောင့်ကိုး....။ ဒါပေမဲ့ သုံးလတကြိမ် သွားလိုက်ပြန်လိုက်လုပ်နေတော့ အလုပ်မရှုပ်ဘူးလား။ နတ်သက်တမ်းအရှည်ကြီးမှာ ဒီကိုခဏ ခဏလာနေရတာ။ ဒီဓားမြှောင်ကို ခင်ဗျားဆီမှာပဲ တခါတည်းထားလိုက်တာမဟုတ်ဘူး။ "

"...."

ပိုင်ယင်းချွီက တိဟွကိုတခဏစိုက်ကြည့်နေပြီး ပြုံးလိုက်သည်။ ထို့နောက် ဓားမြှောင်ကို သေတ္တာရှည်ထဲသို့ပြန်ထည့်လိုက်ရင်း

" မင်းပြောတာ အဓိပ္ပါယ်ရှိတယ်။"

( အရှင်ယွင်းရန်ထက်အသက်အများကြီးပိုကြီးတဲ့ စစ်နတ်မင်းက အဲ့လောက်တုံးတာလား။ ငါက ငါ့ကိုယ်ငါတုံးလှပြီထင်နေတာ)

" ဒါပေမဲ့ ဒီရတနာကပဲ ဒီရွာကို ဘယ်သူမှမမြင်နိုင်အောင်ကာကွယ်ပေးနေတာဆိုတော့ ငါ့ဆီမှာပဲဆက်တိုက်ထားထားရင် အဆင်ပြေပါ့မလား။

ဘာပဲဖြစ်ဖြစ် ဒီနေရာက သာမာန်အဆင့်လောက်ရှိတဲ့သူတွေ ရှာတွေ့နိုင်တဲ့နေရာမျိုးမဟုတ်တော့ ငါစိတ်ချလို့ရမှာပါ။

မင်းရော....ဘယ်လိုထင်လဲ။"

ပိုင်ယင်းချွီက တိဟွကိုမေးမော့ကာထပ်မေးလိုက်သည်။ တိဟွက ပြုံးလျက်ပင်

" တစ်နှစ်တခေါက်လောက် လာကြည့်ပေါ့။ သူတို့က ခင်ဗျားရဲ့နောက်ဆုံးမျိုးနွယ်တွေပဲမလား။ အဲ့တုန်းက ခင်ဗျားရော မျိုးနွယ်ရော အကုန်ပျောက်....."

( ချီး....ပြောမိသွားပြီ...)

တိဟွက ဒေါင်းအိုကြီး၏သရုပ်မှန်ကိုသူသိလိုက်ပြီးဆိုတာ ထုတ်ပြောမိလုဆဲဆဲဖြစ်သွားလေ၏။ သူသည် သူ့ခေါင်းကိုကုတ်မိကာ ပိုင်ယင်းချွီအားကြည့်မိတော့ ထိုသူက သေတ္တာဗူးကိုလက်ထဲတွင်ပိုက်လျက် မိမိအားပြုံးလျက်ကြည့်နေလေသည်။

( ဘာလို့ အဲ့လောက်ပြုံးနေတာလဲ...ရင်ခုန်အောင်..)

ရင်ခုန်စေသည့်အပြုံးဟူသည်က လူသတ်ပြီးဖျောက်တော့မည့် ခံစားချက်မျိုး တိဟွရသောကြောင့်ဖြစ်သည်။

" သုံးလောကတစ်ခွင်လုံး ဝိညာည်ခွဲဓားမြှောင်က ကိုယ့်လက်ထဲမှာဆိုတာသိတယ်။ ကိုယ်ဘယ်မှာရှိနေလဲဆိုတာသာမသိကြတာ။ အဲ့တော့ ကိုယ့်သရုပ်မှန်ကို မင်းသိတာ ထူးဆန်းတဲ့ကိစ္စတစ်ခုမဟုတ်ပါဘူး။ "

"ဟီး..."

တိဟွမှာ ရယ်ပြရုံသာ တတ်နိုင်တော့၏။

......................................................

" အဲ့တော့ မင်းရဲ့အစီအစဉ်က ဒီလောက်ထိကို ရိုးရှင်းတာပေါ့။ ကိုယ်တကယ်စိတ်ပျက်မိတယ်။ "

"........."

ပိုင်ယင်းချွီအိပ်ပျော်နေသည့်အချိန်ကို စောင့်ဆိုင်းရင်းဓားမြှောင်ထည့်ထားသည့် သေတ္တာကိုယူရန် စီစဉ်ထားခြင်းပင်။ ရိုးရိုးအိပ်ပျော်နေလျင်ပင် သတိရှိနေမည်ကိုစိုးရိမ်တာမို့ မိမိမြေခွေးတို့၏အထူးဆေးဖြစ်သည့် အိမ်မက်ယောင်ဆေးမှုန့်ကိုတောင် ယနေ့လက်ဖက်ရည်ကြမ်းထဲတွင် ထည့်တိုက်ခဲ့သေးသည်။ ထိုဆေးသည် အဆိပ်မဟုတ်သော်လည်း သောက်မိသည့်လူအား အချိန်တခဏအထိ အိမ်မက်ထဲတွင် လမ်းပျောက်နေစေကာ ထိန်းချုပ်ထားနိုင်သည်။ စွမ်းအားမြင့်သော မိစ္ဆာတချို့ကိုပင် ဤနည်းလမ်းသုံးကာ အနိုင်ယူခဲ့သေးသည်။

သို့သော် သူ၏လက်တဖက်ကိုလှမ်းဆွဲလိုက်ချိန်တွင်တော့ သူ၏အစီအစဉ်ကျရှုံးခဲ့ပြီကို သဘောပေါက်လိုက်ချေပြီ။

ရုတ်တရက်ပင် ပက်လက်အနေအထားဖြစ်နေသော ပိုင်ယင်းချွီက တိဟွလက်ကိုဆွဲကိုင်ထားသည့် သူ၏လက်အား ပြန်ဆွဲလိုက်ရာ တိဟွသည်ပင် သူ၏ဘက်သို့ ဆွဲခေါ်ခံလိုက်ရတော့သည်။

" အ့...."

ကိုယ်ခန္တာချင်း ထပ်လျက်သားအနေအထားဖြင့် တိဟွသည် ပိုင်ယင်းချွီပေါ်သိူ့ ပြုတ်ကျပါလေ၏။ ပိုင်ယင်းချွီကိုအပေါ်စီးမှကြည့်မိလေတော့ ထိုသူသည် မိမိအား မျက်တောင်မခပ်တမ်း စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ကြက်သီးထမှုကို သူ့ကျောရိုးတလျောက်ခံစားလိုက်ရပြီးသည့်နောက် တိဟွသည် အနေအထားကို ပြောင်းလဲရန်ကြိုးစားလေသည်။

" ကျွန်တော်...ထ..."

သို့သော်လည်း ပိုင်ယင်းချွီက သူ့လက်အားမလွှတ်သည့်အပြင် သူ၏ဆံနွယ်များကပါ ရုတ်တရက် တိဟွ၏ ကိုယ်ခန္တာတစ်ခုလုံး နေရာအနှံ ရစ်ပတ်ကာ တတ်လာကြ၏။

" ချမ်းသာပေးပါ...အကြီးအကဲ...ချမ်းသာပေးပါ။ "

တိဟွသည် ရှိသမျှ အားကုန်သုံးလျက် သူ၏လက်နှစ်ဖက်ကို ပူးကပ်ကာ လက်အုပ်ချီရင်း တောင်းပန်လေတော့သည်။ သူတို့အနေအထားက ထပ်လျက်အနေအထားရှိနေသည်ကိုပင် သူ့မှာမတွေးနိုင်ပဲရှိနေပြီး သူ့အောက်ရှိသူကိုသာ တောင်းပန်နေတော့၏။

" ငြိမ်....ငြိမ်..ငြိမ်ငြိမ်နေ...."

ပိုင်ယင်းချွီ၏ အသံက အနည်းငယ် ဟန်ချက်ပြတ်လျက် တိုးလျစွာထွက်ပေါ်လာသည်။ ထို့နောက် သူ၏လက်တဖက်ကို ဝှေ့ယမ်းကာ တိဟွအားချုပ်နှောင်ထားသော သူ၏ဆံနွယ်များကို ဖြေလျော့စေလိုက်ပြီး တိဟွကိုပါ ဘေးသိူ့ တွန်းထုတ်ချလိုက်လေတော့၏။

တိဟွကတော့ ဘာမျှနားမလည်သည့် ပုံစံအတိုင်းသာ ကုတင်ဘေးနေရာလွတ်ပေါ်သို့ ကျသွားရှာလေတော့သည်။ ပိုင်ယင်းချွီက တိဟွကိုကျောပေးကာ ရပ်လိုက်ရင်း ဘေးရှိဝတ်ရုံဖြူအပါးတထည်ကို အပေါ်ထပ်အဖြစ်ထပ်မံဝတ်ဆင်လိုက်ရင်း သက်ပြင်းတချက်ချသည်။ စားပွဲပေါ်ရှိ ဓားမြှောင်ထည့်ထားသော သေတ္တာဘူးကို စွမ်းအားဖြင့် ဖျောက်သိမ်းလိုက်ရင်း

" မင်း သခင်ယွင်းရန်ရဲ့ အမိန့်ပဲလား"

တိဟွသည် ယွင်းရန်ဟူသော စကားကိုကြားသည်နှင့် ခွေခွေလေးလဲနေရာမှ ကောက်ထလိုက်သည်။ သူ့အားကျောပေးနေသေးသော ပိုင်ယင်းချွီကိုမော့ကြည့်ရင်း

" အရှင်ယွင်းရန်ကို သိတာလား...

မဟုတ်သေးဘူး အဲ့တာထက် ကျွန်တော်က သူ့လူမှန်း ခင်ဗျား ဘယ်လိုသိ..."

တိဟွက ချက်ချင်းမျက်မှောင်ကြုတ်လိုက်သည်။ဤသူက မိမိ၏သရုပ်မှန်ကိုသိနေပုံရပြီး မိမိအားစေခိုင်းသူကိုပါ တန်းသိနေသည်။ ထို့အပြင် မိမိဒုက္ခရောက်နေချိန်၌လည်း အချိန်အတိအကျ လာရောက်ကယ်တင်ကာ သူ၏နေရာသို့ ခေါ်ဆောင်လာပြီး ထိုဓားမြှောင်ကိုပင် တမင်ပြ.....

( ဒါတွေအားလုံးက ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာလား!!)

တိဟွသည် သူ၏ဓားအားချက်ချင်းပင်ဆွဲထုတ်လိုက်ပြီး အသင့်အနေအထားသိူ့ ပြောင်းလိုက်တော့သည်။ သူသည် ရန်လိုနေသည့် မြေခွေးတကောင်ကဲ့သို့ သူ၏သားရဲအစွယ်၊ အမြှီးနှင့်နားရွက်တို့ကိုပင် ထုတ်မိသွား၏။

" ခင်ဗျား ကျုပ်ကိုဘာလို့ဒီကိုခေါ်လာခဲ့တာလဲ။ ကျုပ်ရဲ့ နောက်ကွယ်က အကြံကိုသိနေတာတောင် တမင်ဓားမြှောင်ကိုလည်းပြပြီး....."

ပိုင်ယင်းချွီက တိဟွဘက်သို့ပြန်လှည့်လာတော့ တိဟွက ပိုင်ယင်းချွီ၏လည်ပင်းအနားသိူ့ သူ၏ဓားကိုကပ်ထားလိုက်သည်။ ပိုင်ယင်းချွီ၏ ပုံစံကစိုးစဉ်းမျှပင် ကြောက်လန့်ပုံမပေါ်ပဲ သူကတိဟွကိုကြည့်လျက်ပင် ပြုံးလိုက်သေး၏။

ထို့နောက် သူ၏ကိုယ်အား တိဟွဘက်သို့ကိုင်းလိုက်ရင်း တိဟွသည်လည်း သူ၏ဓားအား နောက်သို့ ဆုတ်ပေးမိသည်။

" ကိုယ်က တချိန်ကစစ်နတ်ဘုရားပါ။ ကိုယ့်ရဲ့စွမ်းအား ဘယ်လောက်ရှိတယ်ဆိုတာ မင်းမသိနိုင်စရာတော့ အကြောင်းမရှိဘူးမလား။ "

ပိုင်ယင်းချွီက ပြောပြီးသည်နှင့် တိဟွ၏ မိမိလည်ပင်းသို့ ရွယ်ထားသောဓားအား လက်ညိုးဖြင့်တချက်ထိလိုက်ရာ ဓားသည်လေထဲ၌ပင် အမှုန့်သဖွယ်ဖြစ်လျက် ပျောက်ကွယ်သွားလေ၏။

တိဟွသည် လက်ဗလာဖြစ်သွားသည့်တိုင်အောင် မလှုပ်မယှက် ရပ်တန့်နေမိ၏။ အနှီလူပြောသည့်အတိုင်း သူတို့နှစ်ဦး၏စွမ်းအားက မိုးနှင့်မြေနီးပါးတောင် ကွာခြားသေးသည်။ သူသည် ထိုလူအား သေချာပေါက်မနိုင်။ တိဟွက သူ၏လက်ကိုအားကုန်သွားသည့်အတိုင်း လွှတ်ချလိုက်မိပြီး

" ဒီနေ့ကိစ္စက ကျွန်တော့်သခင်နဲ့မဆိုင်ပါဘူး။ ကျွန်တော် ကောင်းကင်ဘုံကို သွားတဲ့အချိန်တုန်းက အဲ့ဓားမြှောင်ပုံကိုတွေ့မိပြီး လိုချင်မိတာမို့ အခုလို လောဘတတ်မိတာပါ။ ကျွန်တော် တယောက်တည်းရဲ့အပြစ်ပါ အရှင်ယွင်းရန်နဲ့ မဆိုင်ပါဘူး။"

တိဟွက သူ၏ခေါင်းကိုမော့လိုက်ကာ ပိုင်ယင်းချွီကို မျက်လုံးချင်းဆုံအောင်ကြည့်လိုက်သည်။

" အဲ့တာကြောင့် သတ်ချင်တယ်ဆိုလည်း ကျုပ်ကိုပဲသတ်"

တိဟွ၏စကားများကို လျစ်လျူရှုလျက် ပိုင်ယင်းချွီကတော့ တိဟွအနားသို့တိုးကပ်လာပြီး တိဟွ၏မေးဖျားကို အသာကိုင်လိုက်သည်။

" မင်းကို ရွာသားတွေ ဘာလို့ကြောက်နေလဲသိလား။

မင်းထင်သလို မင်းကမြေခွေးဖြစ်တာမို့ ကြောက်တာမဟုတ်ဘူး။ "

"....."

ပိုင်ယင်းချွီက တိဟွ၏မေးဖျားကိုလွှတ်လိုက်ပြီးနောက် သူ၏ပုခုံးသို့နေရာပြောင်းလိုက်သည်။ ထို့နောက် သူ၏လက်များက ကျောဘက်သို့ဦးတည်လျက်

" မင်းက သူတို့ကို အန္တာရာယ်ပေးဖူးခဲ့တယ်။ သူတို့နေတဲ့ အိုးအိမ်၊နေရာတွေကို ဖျက်စီးခဲ့ဖူးတယ်ဆိုရင် ငါပြောတာကို မင်းယုံမလား။"

တိဟွက သူ၏ကျောကိုထိတွေ့နေသော ပိုင်ယင်းချွီ၏လက်ကို အမြန်ရှောင်လိုက်ရင်း

" မဖြစ်နိုင်တာ...ကျုပ်လုပ်ဖူးတယ်ဆိုရင် ကျုပ်သိရမှာပေါ့။ ကျုပ်မှတ်ဉာဏ်ထဲမှာ ဘာမှတောင်မရှိဘူး။ "

" အ့...ကျုပ်ကိုလွှတ်..."

ပိုင်ယင်းချွီ၏ ဆံနွယ်များက တိဟွ၏ခြေလက်များကို တမဟူတ်ချင်းရစ်ပတ်နှောင်လိုက်ပြီး သူ၏ကိုယ်ခန္တာအား ထိန်းချုပ်ပစ်လိုက်သည်။ ထိုဆံနွယ်များကပင် တိဟွကို ပိုင်ယင်းချွီအား ကျောပေးစေလိုက်ပြီးနောက် ပိုင်ယင်းချွီကပင် တိဟွ၏ ဝတ်ရုံကို လည်ဂုတ်မှနေ၍ ဆွဲချကာ ကျွတ်စေလိုက်၏။ ထိုအပြုအမူကြောင့် တိဟွမှာ ရုတ်တရက်ငြိမ်သက်သွားလေသည်။

တခဏကြာမှသာ အပြင်းအထန်ပြန်ရုန်းကန်ရင်း

" လွှတ်....လွှတ်ပေး..."

ပိုင်ယင်းချွီက တိဟွ၏ကျောပြင်ထက်တွင် ထွက်ပေါ်လာသော ဒေါင်းအမွှေးတောင် အမှတ်အသားအား ဖြည်းဖြည်းချင်း ထိတွေ့နေကာ

" မင်းသာ ယွင်းရန်ရဲ့နောက်လိုက်ဆို ဒီကျောကအမှတ်အသားက သားရဲတကောင်ရဲ့သူ့သားကောင်ကို အချိန်မရွေးဖမ်းနိုင်ဖို့ ပြုလုပ်ထားတဲ့အမှတ်အသားဆိုတာ သိနေရမှာမဟုတ်ဘူးလား"

"......."

( အဲ့တာဆို ဒီအမှတ်က တကယ်ပဲ....သူလုပ်ထားတာလား။ ငါက သူ့မျိုးနွယ်ကို ဒုက္ခပေးခဲ့မိတာလား။ သူတို့တွေရဲ့ ကြောက်လန့်နေတဲ့အကြည့်ကိုတော့ ခံစားမိပေမဲ့ ငါ့ကိုမြေခွေးမို့လို့ ကြောက်တယ်လောက်ပဲ ထင်ခဲ့တာ)

တိဟွသည် သူ၏ရုန်းကန်နေခြင်းကို ရပ်တန့်လိုက်မိ၏။ သူ့ဦးနှောက်တစ်ခုလုံး မည်သို့ပင် လှန်လောကာ မှတ်ဉာဏ်များကို ရှာဖွေနေပါစေ။ သူရှာမတွေ့နိုင်။ သို့သော်လည်း သူသည် ထိုသူ၏လက်ထဲတွင် မကြာခင်အဆုံးသတ်ရတော့မည်ကိုတော့ နားလည်သဘောပေါက်ခဲ့ချေပြီ။တိဟွသည် မျက်ဝန်းအစုံကိုသာ မှိတ်ထားလိုက်ရင်း ထိုလူ့ထံ အသက်ကိုအပ်နှင်းရန်သာ အသင့်ပြင်ထားလိုက်တော့သည်။

" အဲ့အချိန်တုန်းက ကိုယ်ပြောခဲ့တယ်....

အကယ်၍......... နောက်တကြိမ်သာဆို ကိုယ်မင်းကို လက်လွှတ်ပေးတော့မှာ မဟုတ်ဘူးလို့...."

နောက်ဘက်ရှိ ပိုင်ယင်းချွီ၏ တီးတိုးဆိုသံက တိဟွ၏နားအတွင်းဆို ညှင်သာစွာဝင်ရောက်လာခဲ့သည်။ တိဟွသည် ဆိုလိုရင်းကိုမသိသော်ငြား ပြန်လည်မေးမြန်းခြင်းကိုလည်း မပြုချေ။

" ဟွန်းးးးး.....!!"

ရုတ်တရက် သူ၏ရင်ဘတ်ကိုထိကိုင်ကာ သူ၏ကျောပြင်အား နှခေါင်းထိပ်ကလေးနှင့်သာ မက တချက်တချက် နှူတ်ခမ်းဖျားတို့နှင့်ပါ တို့ထိလာသော ခံစားချက်ကြောင့် တိဟွသည် သူကိုယ်တိုင်ပင် မရင်းနှီးသော အသံတစ်ခုကို ပြုလိုက်မိ၏။ သူ၏အသိစိတ်အရ မရင်းနှီးသောအရာဟုထင်ရပါသော်လည်း သူ၏ကိုယ်ခန္တာကတော့ ချက်ချင်းတုန်ယင်လာပြီး ထိုအရာကို ကောင်းကောင်းကြီး ရင်းနှီးနေသလို တုံ့ပြန်လာတော့သည်။ ထိူ့နောက် သူကိုယ်တိုင်ပင် သတိဝင်လာကာ ထိတ်လန့်မိသွားတော့သည်။

" အား....အား....ဒေါင်းအိုကြီး ခင်ဗျား ဘာလုပ်နေတာလဲ....!!!"

~~~~~~~~~~~~~~~~~♥~~~~~~~~~~~~~~~~~
ဟဲဟဲ အနားးအဝယူပြီး ပြန်လာပါပြီ။ 😁😁
အစက ဒီဟာကိုဆက်မရေးတော့ဖိူ့ ဆုံးဖြတ်ထားပေမဲ့ ဝင်ကြည့်မိတော့ တန်းလန်းတွေ မထားချင်တော့တာနဲ့ အဆုံးသတ်ဖို့ဆုံးဖြတ်လိုက်တာပါ။ 🤧🤧

Zawgyi

ႏွစ္ရက္၊ သုံးရက္ ေနထိုင္ၿပီးသည့္အခါ ဤေနရာမွထြက္သြားဟူေသာ ထိုေဒါင္းအိုႀကီး၏စကားတို႔သည္ အခ်ည္းႏွီးအတိုင္းသာ ျဖစ္ေနခဲ့ၿပီး ခ်ီယြမ္၏သူငယ္ခ်င္းပီသေသာ တိဟြအေပၚတြင္ မသက္ေရာက္ႏိုင္ခဲ့ေခ်။ ထို႔ေၾကာင့္ပင္ ထိုသူသည္ ျပင္ပသို႔ ထြက္လာခ်ိန္၌ တိဟြ၏နားပူစြာတိုက္တြန္းမႈေၾကာင့္ တိဟြကိုပါ တပါတည္းေခၚလာခဲ့လိုက္ရေတာ့ေလသည္။ ေမ်ာလြင့္ေနေသာ ေတာင္ကုန္းသည္ ထိုေဒါင္းအိုႀကီး၏ သီးသန္႔ကမ႓ာငယ္ေလးျဖစ္ပုံရၿပီး သူသည္ ထိုအစီအရင္အျပင္ဘက္သို႔ ရံဖန္ရံခါမွထြက္ပုံရသည္။

" ဝါး...ဒီေနရာက ဒ႑ာရီထဲမွာ ေပ်ာက္ကြယ္သြားၿပီလို႔ ေျပာေနၾကတဲ့ ေဒါင္းမ်ိဳးႏြယ္ေတြ စုစည္းေနထိုင္ၾကတာလား၊ တကယ္ကို အလွမ်ိဳးစုံေနၾကသလိုပဲ။ မေသခင္ျမင္ရလိမ့္မယ္လို႔ မထင္မိတာေတာ့ တကယ္ပဲ။

ကြၽန္ေတာ္က ကံေကာင္းတဲ့ေျမေခြးပဲ။"

"....."

တိဟြက ​မိစၧာ၊ နတ္မ်ိဳးႏြယ္ ေဒါင္းအႏြယ္ဝင္တို႔ လူသားအသြင္သ႑ာန္႐ွိေနၾကေသာ ႐ြာသားမ်ား၏ သာမာန္ဆန္ဆန္ေနထိုင္ေနၾကပုံကိုပါၾကည့္ရင္း ထူးဆန္းကာအံ့ၾသေနပါ၏။ သူ႕ေ႐ွ႕တြင္ ေအးခ်မ္းစြာလမ္းေလ်ာက္ေနေသာ ေဒါင္းအိုႀကီးကေတာ့ သူ႕ကိုဂ႐ုမစိုက္ပါေခ်။ တၿပိဳင္နက္တည္းတြင္လည္း အႏွီေဒါင္းမ်ိဳးႏြယ္႐ြာသားမ်ားက တိဟြအားထူးဆန္းသည့္ အၾကည့္တို႔ျဖင့္ၾကည့္လိုက္၊ သူ႕ေ႐ွ႕႐ွိ ေဒါင္းအိုႀကီးအား စိုးရိမ္သည့္အၾကည့္ျဖင့္ၾကည့္လိုက္ႏွင့္ လုပ္ေနၾကသည္ကိုပါ သူသတိထားမိလိုက္ေလသည္။ ၾကည့္ရသည္က သူ၏မူလကိုယ္ခႏၲာသည္ ေျမေခြးျဖစ္တာမို႔ ငွက္မ်ိဳးႏြယ္ျဖစ္သည့္ ၎တို႔ ထိတ္လန္႔ၾကသည္က ထူးေတာ့လည္း မထူးဆန္းပါေခ်။

" သူ...သူတို႔က...အင့္ "

ေဒါင္းအိုႀကီး႐ုတ္တရက္ ရပ္လိုက္တာမို႔ ေဘးဘီကိုသာေငးရင္း ေမးခြန္းထူတ္ဖို႔ၾကံေနသည့္ တိဟြသည္ ထိုသူ၏ေက်ာျပင္က်ယ္အား ဝင္တိုက္မိပါေတာ့သည္။

" အႀကီးအကဲ....မဂၤလာပါ။ ပစၥည္းလာယူတာပါလား။ "

လူတေယာက္က ေဒါင္းအိုႀကီးအား ႐ိုေသစြာဂါရဝျပဳေနသည္ကို တိဟြေတြ႕လိုက္ရၿပီး ေဒါင္းအိုႀကီးကေတာ့ ေခါင္းကိုအသာၿငိမ့္ျပလိုက္သည္။ တိဟြက ႐ုတ္တရက္ ေဒါင္းအိုႀကီးေနာက္မွ သူ၏ကိုယ္တဝက္ကို ေစာင္းငဲ့ကာ ထိုလူအားလွမ္းၾကည့္လိုက္ေလေတာ့မွ ထိုသူက သူ႕အားျမင္သြားပုံရကာ ထိန္႔လန္႔လ်က္ ေနာက္သိူ႕ဆုတ္မိသြား၏။

ထို႔ေနာက္ တိဟြအား လက္ညိဳးထိုးကာ ေဒါင္းအိုႀကီးကိုတလွည့္ တိဟြကိုတလွည့္ၾကည့္ရင္း

" သူ...သူ...သူက...ေျမ..ေျမေခြး..."

ေဒါင္းအိုႀကီးက ထိုလူအားဘာမွ်ဆက္ေျပာခြင့္မေပးခ်င္သည့္အလား သူ၏လက္တဖက္ကိုေဝွ႔ယမ္းကာ ပါးစပ္ကိုပိတ္ထားေစလိုက္သည္။ ထို႔ေနာက္ သူ၏လက္ႏွစ္ဖက္အားေနာက္ပစ္လိုက္ၿပီး ေ႐ွ႕သိူ႕သာဆက္သြားေလေတာ့၏။

တိဟြကေတာ့ ထိုလူ၏မိမိအားရည္ၫႊန္းေတာ့မည့္ အမူအရာအားနားမလည္ႏိုင္စြာၾကည့္ေနခဲ့ၿပီးေနာက္ သူ၏ေခါင္းကိုတခ်က္ေစာင္းကာ ထိုလူအားအကဲခတ္လိုက္ေလသည္။ မိမိကိုယ္ကို လက္ညိဳးထိုးကာ

" ငါ့ကိုသိလား...."

ထိုသူ႕ပုံစံက ေၾကာက္လန္႔ေနသည္မွာ မသိလ်င္မိမိကပဲ သူတို႔အား ဒုကၡေတြေပးဖူးသလို။ သိူ႕ေသာ္ သုံးေလာကကို လွည့္လည္ခဲ့ဖူးသည့္ သူ၏မွတ္ဉာဏ္ထဲတြင္ ဤေဒါင္းမ်ိဳးႏြယ္မ်ားကို ႐ွား႐ွားပါးပါး တေကာင္၊ႏွစ္ေကာင္စသာ ျမင္ေတြ႕ဖူးခဲ့လိမ့္မည္။ ေဒါင္းမ်ိဳးႏြယ္ ေပ်ာက္ကြယ္သြားသည့္အခ်ိန္တြင္ သူပင္ မေမြးေသးခဲ့ေခ်။

"...."

ထိုလူက သူ႕ကိုေသခ်ာၾကည့္ေနရင္း သူ၏ပါးစပ္ကိုတင္းတင္းစိပိတ္ထားသည္။ ေဒါင္းအိုႀကီးအားတခ်က္ၾကည့္လိုက္ၿပီးေနာက္ တိဟြအားျပန္ၾကည့္ရင္း ေခါင္းကိုအသြင္သြင္ခါေလေတာ့၏။

( ဘာလား...ေခါင္းလည္းျပဳတ္ထြက္အုန္းမယ္)

" ေျမေခြးနီေလး....မင္းငါ့ေနာက္လိုက္ခ်င္ေနတာမဟုတ္ဘူးလား..."

" ေအာ့....လာၿပီ...လာၿပီ။ "

ေခါင္းဆက္တိုက္ခါေနေသာ လူကိုသာအာ႐ုံစိုက္ေနသည့္ တိဟြကို ေဒါင္းအိုႀကီးက လွမ္းေခၚကာ သူ႕အနားသိူ႕လာေစသည္။ တိဟြကလည္း ေဒါင္းအိုႀကီးေဘးနားတြင္ အျမန္ကပ္လိုက္ လိုက္ၿပီး သူတိူ႕အတူတူ အေဆာင္ေတာ္ႀကီးတစ္ခုထဲသို႔ ဝင္သြားေတာ့သည္။

ခန္းမေဆာင္သည္ သာမာန္အေဆာက္အဦးမ်ားထက္အနည္းငယ္ႀကီးမားေသာ္လည္း အလုံပိတ္အေဆာင္ႏွင့္တူကာ အထဲတြင္ တန္ဖိုး႐ွိပုံရေသာ ပစၥည္းမ်ား႐ွိေနသည့္အျပင္ တစ္စုံတစ္ခုကိုပါ ကာကြယ္ရန္ အစီအရင္မ်ားလုပ္ထားသည္ကို တိဟြဝင္လိုက္သည္ႏွင့္ခံစားမိလိုက္သည္။ ထိုအထဲတြင္မွ အခန္းငယ္ေလးတစ္ခု႐ွိရာ ထိုအခန္းငယ္ေလးထဲကိုေတာ့ သူႏွင့္တိဟြတို႔သာ ဝင္သြားခဲ့ၿပီး အေစာပိုင္းသူတို႔အားအေဖာ္ျပဳေပးသည့္သူေတာ့ မပါလာေတာ့ေခ်။

သူတို႔ ထိုအခန္းငယ္ေလးထဲသို႔ဝင္လိုက္သည္ႏွင့္ တိဟြသည္ သူ၏ကိုယ္ခႏၲာ႐ွိစြမ္းအားမ်ား တမဟူတ္ခ်င္းေပ်ာက္ကြယ္သြားသလိုခံစားလိုက္ရသည္။ ႐ုတ္တရက္ေပမို႔ ထိတ္လန္႔သြားကာ တိဟြသည္ သူ၏ရင္ဘတ္အားလက္ျဖင့္ဖိမိ၏။ ေဒါင္းအိုႀကီးက သူေ႐ွ႕႐ွိ ေက်ာက္မ်က္ရတနာတို႔ဖုံးအုပ္ထားသည့္ ေသတၱာ႐ွည္တစ္ခုကိုၾကည့္ေနရင္းမွ တိဟြအားအသာေစာင္းငဲ့ၾကည့္ရင္း

" အျပင္ျပန္ထြက္တာနဲ႔ ပုံမွန္ျပန္ျဖစ္သြားလိမ့္မယ္။ စိတ္မပူနဲ႔...."

တိဟြသည္ ဘာရယ္ေၾကာင့္မွန္းမသိ ထိုေဒါင္းအိုႀကီး၏စကားေၾကာင့္ ခ်က္ခ်င္းပင္စိတ္သက္သာရာရသြားခဲ့ရသည္။ လက္ကိုျပန္ခ်လိုက္ၿပီးေနာက္ သူတိူ႕ေ႐ွ႕တြင္ တသသထား႐ွိေသာ ထိုေက်ာက္မ်က္ရတနာတိူ႕ဖုံးအုပ္ထားသည့္ ေသတၱာ႐ွည္အား

" အဲ့တာက ဘာထည့္ထားတာမလို႔လဲ။ အျပင္မွာဖုံးထားတဲ့ရတနာေတြကေတာင္ မနည္းမေနာ..."

" ဒီနားမွာပဲ ရပ္ေန..."

ေဒါင္းအိုႀကီးက သူ၏အေမးကိုမေျဖပဲ တိဟြကိုလက္႐ွိေနရာတြင္သာ ရပ္ေနရန္ေျပာလိုက္ၿပီးတဲ့ေနာက္ သူကေတာ့ ထိုေသတၱာ႐ွည္နားသို႔ တိုးသြားလိုက္သည္။ ထို႔ေနာက္ ထိုေသတၱာအားဖြင့္လိုက္ၿပီး အထဲမွ ဓားေျမႇာင္တလက္ကိုထူတ္ယူလိုက္ေလေတာ့သည္။

တိဟြသည္ ေဒါင္းအိုႀကီးကိုင္လိုက္ေတာ့ ဓားေျမႇာင္ကိုျမင္လိုက္ရသည္ႏွင့္တၿပိဳင္နက္ သူ၏မ်က္ဝန္းတို႔သည္ အံ့ၾသမႈႏွင့္အတူ တလက္လက္ေတာက္ပလာပါေလေတာ့သည္။ သူသည္ဟန္မေဆာင္ႏိုင္စြာျပဳံးမိလိုက္ၿပီး ေသခ်ာေပါက္ သူသည္ေနရာမွန္ကိုေရာက္႐ွိလာခဲ့ၿပီဆိုတာ တပ္အပ္ေျပာႏိုင္ခဲ့ေလၿပီ။ ထိုေဒါင္းအိုႀကီးကိုင္ထားေသာ ဓားေျမႇာင္သည္ သူေ႐ွးေဟာင္းစာအုပ္မ်ားတြင္ ေဖာ္ျပထားသည့္၊ သူေနရာတိုင္းတြင္အပင္ပန္းခံလိုက္လံ႐ွာေဖြေနခဲ့သည့္ ဝိညာည္ခြဲဓားေျမႇာင္ပါပင္။

သြားေရမက်႐ုံတမယ္ ထိုဓားေျမႇာင္အားငမ္းေနစဥ္၌ပင္ ႐ုတ္တရက္အသိဝင္လာလိုက္သည္က ထိုဓားေျမႇာင္ကိုကိုင္ထားေသာ သူပင္။

( ဒါဆို ဒီေဒါင္းအိုႀကီးက.... စစ္နတ္မင္းပိုင္ယင္းခြၽီေပါ့၊ အဲ့တာေၾကာင့္ အျဖဴခ်ည္းဝတ္ထားတာေတာင္ အေရာင္အဝါက ေသးမေနတာ....ေလးစားတယ္...တကယ္...)

" ဘာလဲ...မင္းသေဘာက်လို႔လား.."

ေဒါင္းအိုႀကီးက အသာျပဳံးရင္း တိဟြကိုေမးသည္။ ထိုအခ်ိန္မွ တိဟြကအသိစိတ္ျပန္ဝင္ၿပီး

" အင္း...အာ....မဟုတ္...မဟုတ္ပါဘူး။ ဒီအတိုင္းလွလို႔..."

( သူမ်ားနယ္ေျမႀကီးမွာ အားေတာ့နာေပမဲ့ ငါခိုးဖို႔ အၾကံထုတ္ရေတာ့မာေပါ့။)

ေဒါင္းအိုႀကီးက ဓားေျမႇာင္ကိုတခ်က္ဆြဲထုတ္ၿပီးေနာက္ ျပန္သိမ္းလိုက္ရင္း တိဟြကိုၾကည့္ကာ တခ်က္ျပဳံးလိုက္သည္။ ဓားေျမႇာင္၏ဓားအိမ္အား အသာပြတ္လိုက္ရင္း

" ဒီဟာကို ဝိညာည္ခြဲဓားေျမႇာင္လို႔ေခၚတယ္...သုံးေလာကမွာ တန္ဖိုးအႀကီးမားဆုံးေတြထဲကတစ္ခုဆိုလည္းမမွားဘူး။ ဒီဓားေျမႇာင္ကို လိုခ်င္ေနတဲ့သူေတြလည္း အမ်ားႀကီးပဲ။ အဲ့တာေၾကာင့္မလို႔ အခုလိုအစီအရင္ေတြနဲ႔ ထားထားရတာ။ ဒါေပမဲ့ အနည္းဆုံး သုံးလတႀကိမ္ သူ႕ဆီမွာ႐ွိေနတဲ့ ေလာဘအခိုးအေငြ႕ ေတြေျပေပ်ာက္ေစဖို႔ အသန္႔စင္ဆုံးဘုံကို သယ္ေဆာင္ေပးရတယ္။ အခုလက္႐ွိ ကိုယ္ေနေနတဲ့ေနရာေပါ့။

အဲ့တာေၾကာင့္ ကိုယ္ဒီကိုေရာက္လာတာ..."

" ေအာ္...အဲ့တာေၾကာင့္ကိုး....။ ဒါေပမဲ့ သုံးလတႀကိမ္ သြားလိုက္ျပန္လိုက္လုပ္ေနေတာ့ အလုပ္မ႐ႈပ္ဘူးလား။ နတ္သက္တမ္းအ႐ွည္ႀကီးမွာ ဒီကိုခဏ ခဏလာေနရတာ။ ဒီဓားေျမႇာင္ကို ခင္ဗ်ားဆီမွာပဲ တခါတည္းထားလိုက္တာမဟုတ္ဘူး။ "

"...."

ပိုင္ယင္းခြၽီက တိဟြကိုတခဏစိုက္ၾကည့္ေနၿပီး ျပဳံးလိုက္သည္။ ထို႔ေနာက္ ဓားေျမႇာင္ကို ေသတၱာ႐ွည္ထဲသို႔ျပန္ထည့္လိုက္ရင္း

" မင္းေျပာတာ အဓိပၸါယ္႐ွိတယ္။"

( အ႐ွင္ယြင္းရန္ထက္အသက္အမ်ားႀကီးပိုႀကီးတဲ့ စစ္နတ္မင္းက အဲ့ေလာက္တုံးတာလား။ ငါက ငါ့ကိုယ္ငါတုံးလွၿပီထင္ေနတာ)

" ဒါေပမဲ့ ဒီရတနာကပဲ ဒီ႐ြာကို ဘယ္သူမွမျမင္ႏိုင္ေအာင္ကာကြယ္ေပးေနတာဆိုေတာ့ ငါ့ဆီမွာပဲဆက္တိုက္ထားထားရင္ အဆင္ေျပပါ့မလား။

ဘာပဲျဖစ္ျဖစ္ ဒီေနရာက သာမာန္အဆင့္ေလာက္႐ွိတဲ့သူေတြ ႐ွာေတြ႕ႏိုင္တဲ့ေနရာမ်ိဳးမဟုတ္ေတာ့ ငါစိတ္ခ်လို႔ရမွာပါ။

မင္းေရာ....ဘယ္လိုထင္လဲ။"

ပိုင္ယင္းခြၽီက တိဟြကိုေမးေမာ့ကာထပ္ေမးလိုက္သည္။ တိဟြက ျပဳံးလ်က္ပင္

" တစ္ႏွစ္တေခါက္ေလာက္ လာၾကည့္ေပါ့။ သူတို႔က ခင္ဗ်ားရဲ႕ေနာက္ဆုံးမ်ိဳးႏြယ္ေတြပဲမလား။ အဲ့တုန္းက ခင္ဗ်ားေရာ မ်ိဳးႏြယ္ေရာ အကုန္ေပ်ာက္....."

( ခ်ီး....ေျပာမိသြားၿပီ...)

တိဟြက ေဒါင္းအိုႀကီး၏သ႐ုပ္မွန္ကိုသူသိလိုက္ၿပီးဆိုတာ ထုတ္ေျပာမိလုဆဲဆဲျဖစ္သြားေလ၏။ သူသည္ သူ႕ေခါင္းကိုကုတ္မိကာ ပိုင္ယင္းခြၽီအားၾကည့္မိေတာ့ ထိုသူက ေသတၱာဗူးကိုလက္ထဲတြင္ပိုက္လ်က္ မိမိအားျပဳံးလ်က္ၾကည့္ေနေလသည္။

( ဘာလို႔ အဲ့ေလာက္ျပဳံးေနတာလဲ...ရင္ခုန္ေအာင္..)

ရင္ခုန္ေစသည့္အျပဳံးဟူသည္က လူသတ္ၿပီးေဖ်ာက္ေတာ့မည့္ ခံစားခ်က္မ်ိဳး တိဟြရေသာေၾကာင့္ျဖစ္သည္။

" သုံးေလာကတစ္ခြင္လုံး ဝိညာည္ခြဲဓားေျမႇာင္က ကိုယ့္လက္ထဲမွာဆိုတာသိတယ္။ ကိုယ္ဘယ္မွာ႐ွိေနလဲဆိုတာသာမသိၾကတာ။ အဲ့ေတာ့ ကိုယ့္သ႐ုပ္မွန္ကို မင္းသိတာ ထူးဆန္းတဲ့ကိစၥတစ္ခုမဟုတ္ပါဘူး။ "

"ဟီး..."

တိဟြမွာ ရယ္ျပ႐ုံသာ တတ္ႏိုင္ေတာ့၏။

......................................................

" အဲ့ေတာ့ မင္းရဲ႕အစီအစဥ္က ဒီေလာက္ထိကို ႐ိုး႐ွင္းတာေပါ့။ ကိုယ္တကယ္စိတ္ပ်က္မိတယ္။ "

"........."

ပိုင္ယင္းခြၽီအိပ္ေပ်ာ္ေနသည့္အခ်ိန္ကို ေစာင့္ဆိုင္းရင္းဓားေျမႇာင္ထည့္ထားသည့္ ေသတၱာကိုယူရန္ စီစဥ္ထားျခင္းပင္။ ႐ိုး႐ိုးအိပ္ေပ်ာ္ေနလ်င္ပင္ သတိ႐ွိေနမည္ကိုစိုးရိမ္တာမို႔ မိမိေျမေခြးတို႔၏အထူးေဆးျဖစ္သည့္ အိမ္မက္ေယာင္ေဆးမႈန္႔ကိုေတာင္ ယေန႔လက္ဖက္ရည္ၾကမ္းထဲတြင္ ထည့္တိုက္ခဲ့ေသးသည္။ ထိုေဆးသည္ အဆိပ္မဟုတ္ေသာ္လည္း ေသာက္မိသည့္လူအား အခ်ိန္တခဏအထိ အိမ္မက္ထဲတြင္ လမ္းေပ်ာက္ေနေစကာ ထိန္းခ်ဳပ္ထားႏိုင္သည္။ စြမ္းအားျမင့္ေသာ မိစၧာတခ်ိဳ႕ကိုပင္ ဤနည္းလမ္းသုံးကာ အႏိုင္ယူခဲ့ေသးသည္။

သို႔ေသာ္ သူ၏လက္တဖက္ကိုလွမ္းဆြဲလိုက္ခ်ိန္တြင္ေတာ့ သူ၏အစီအစဥ္က်႐ႈံးခဲ့ၿပီကို သေဘာေပါက္လိုက္ေခ်ၿပီ။

႐ုတ္တရက္ပင္ ပက္လက္အေနအထားျဖစ္ေနေသာ ပိုင္ယင္းခြၽီက တိဟြလက္ကိုဆြဲကိုင္ထားသည့္ သူ၏လက္အား ျပန္ဆြဲလိုက္ရာ တိဟြသည္ပင္ သူ၏ဘက္သို႔ ဆြဲေခၚခံလိုက္ရေတာ့သည္။

" အ့...."

ကိုယ္ခႏၲာခ်င္း ထပ္လ်က္သားအေနအထားျဖင့္ တိဟြသည္ ပိုင္ယင္းခြၽီေပၚသိူ႕ ျပဳတ္က်ပါေလ၏။ ပိုင္ယင္းခြၽီကိုအေပၚစီးမွၾကည့္မိေလေတာ့ ထိုသူသည္ မိမိအား မ်က္ေတာင္မခပ္တမ္း စိုက္ၾကည့္ေနသည္ကို ေတြ႕လိုက္ရသည္။ ၾကက္သီးထမႈကို သူ႕ေက်ာ႐ိုးတေလ်ာက္ခံစားလိုက္ရၿပီးသည့္ေနာက္ တိဟြသည္ အေနအထားကို ေျပာင္းလဲရန္ႀကိဳးစားေလသည္။

" ကြၽန္ေတာ္...ထ..."

သို႔ေသာ္လည္း ပိုင္ယင္းခြၽီက သူ႕လက္အားမလႊတ္သည့္အျပင္ သူ၏ဆံႏြယ္မ်ားကပါ ႐ုတ္တရက္ တိဟြ၏ ကိုယ္ခႏၲာတစ္ခုလုံး ေနရာအႏွံ ရစ္ပတ္ကာ တတ္လာၾက၏။

" ခ်မ္းသာေပးပါ...အႀကီးအကဲ...ခ်မ္းသာေပးပါ။ "

တိဟြသည္ ႐ွိသမွ် အားကုန္သုံးလ်က္ သူ၏လက္ႏွစ္ဖက္ကို ပူးကပ္ကာ လက္အုပ္ခ်ီရင္း ေတာင္းပန္ေလေတာ့သည္။ သူတို႔အေနအထားက ထပ္လ်က္အေနအထား႐ွိေနသည္ကိုပင္ သူ႕မွာမေတြးႏိုင္ပဲ႐ွိေနၿပီး သူ႕ေအာက္႐ွိသူကိုသာ ေတာင္းပန္ေနေတာ့၏။

" ၿငိမ္....ၿငိမ္..ၿငိမ္ၿငိမ္ေန...."

ပိုင္ယင္းခြၽီ၏ အသံက အနည္းငယ္ ဟန္ခ်က္ျပတ္လ်က္ တိုးလ်စြာထြက္ေပၚလာသည္။ ထို႔ေနာက္ သူ၏လက္တဖက္ကို ေဝွ႔ယမ္းကာ တိဟြအားခ်ဳပ္ေႏွာင္ထားေသာ သူ၏ဆံႏြယ္မ်ားကို ေျဖေလ်ာ့ေစလိုက္ၿပီး တိဟြကိုပါ ေဘးသိူ႕ တြန္းထုတ္ခ်လိုက္ေလေတာ့၏။

တိဟြကေတာ့ ဘာမွ်နားမလည္သည့္ ပုံစံအတိုင္းသာ ကုတင္ေဘးေနရာလြတ္ေပၚသို႔ က်သြား႐ွာေလေတာ့သည္။ ပိုင္ယင္းခြၽီက တိဟြကိုေက်ာေပးကာ ရပ္လိုက္ရင္း ေဘး႐ွိဝတ္႐ုံျဖဴအပါးတထည္ကို အေပၚထပ္အျဖစ္ထပ္မံဝတ္ဆင္လိုက္ရင္း သက္ျပင္းတခ်က္ခ်သည္။ စားပြဲေပၚ႐ွိ ဓားေျမႇာင္ထည့္ထားေသာ ေသတၱာဘူးကို စြမ္းအားျဖင့္ ေဖ်ာက္သိမ္းလိုက္ရင္း

" မင္း သခင္ယြင္းရန္ရဲ႕ အမိန္႔ပဲလား"

တိဟြသည္ ယြင္းရန္ဟူေသာ စကားကိုၾကားသည္ႏွင့္ ေခြေခြေလးလဲေနရာမွ ေကာက္ထလိုက္သည္။ သူ႕အားေက်ာေပးေနေသးေသာ ပိုင္ယင္းခြၽီကိုေမာ့ၾကည့္ရင္း

" အ႐ွင္ယြင္းရန္ကို သိတာလား...

မဟုတ္ေသးဘူး အဲ့တာထက္ ကြၽန္ေတာ္က သူ႕လူမွန္း ခင္ဗ်ား ဘယ္လိုသိ..."

တိဟြက ခ်က္ခ်င္းမ်က္ေမွာင္ၾကဳတ္လိုက္သည္။ဤသူက မိမိ၏သ႐ုပ္မွန္ကိုသိေနပုံရၿပီး မိမိအားေစခိုင္းသူကိုပါ တန္းသိေနသည္။ ထို႔အျပင္ မိမိဒုကၡေရာက္ေနခ်ိန္၌လည္း အခ်ိန္အတိအက် လာေရာက္ကယ္တင္ကာ သူ၏ေနရာသို႔ ေခၚေဆာင္လာၿပီး ထိုဓားေျမႇာင္ကိုပင္ တမင္ျပ.....

( ဒါေတြအားလုံးက ရည္႐ြယ္ခ်က္႐ွိ႐ွိလုပ္ခဲ့တာလား!!)

တိဟြသည္ သူ၏ဓားအားခ်က္ခ်င္းပင္ဆြဲထုတ္လိုက္ၿပီး အသင့္အေနအထားသိူ႕ ေျပာင္းလိုက္ေတာ့သည္။ သူသည္ ရန္လိုေနသည့္ ေျမေခြးတေကာင္ကဲ့သို႔ သူ၏သားရဲအစြယ္၊ အၿမႇီးႏွင့္နား႐ြက္တို႔ကိုပင္ ထုတ္မိသြား၏။

" ခင္ဗ်ား က်ဳပ္ကိုဘာလို႔ဒီကိုေခၚလာခဲ့တာလဲ။ က်ဳပ္ရဲ႕ ေနာက္ကြယ္က အၾကံကိုသိေနတာေတာင္ တမင္ဓားေျမႇာင္ကိုလည္းျပၿပီး....."

ပိုင္ယင္းခြၽီက တိဟြဘက္သို႔ျပန္လွည့္လာေတာ့ တိဟြက ပိုင္ယင္းခြၽီ၏လည္ပင္းအနားသိူ႕ သူ၏ဓားကိုကပ္ထားလိုက္သည္။ ပိုင္ယင္းခြၽီ၏ ပုံစံကစိုးစဥ္းမွ်ပင္ ေၾကာက္လန္႔ပုံမေပၚပဲ သူကတိဟြကိုၾကည့္လ်က္ပင္ ျပဳံးလိုက္ေသး၏။

ထို႔ေနာက္ သူ၏ကိုယ္အား တိဟြဘက္သို႔ကိုင္းလိုက္ရင္း တိဟြသည္လည္း သူ၏ဓားအား ေနာက္သို႔ ဆုတ္ေပးမိသည္။

" ကိုယ္က တခ်ိန္ကစစ္နတ္ဘုရားပါ။ ကိုယ့္ရဲ႕စြမ္းအား ဘယ္ေလာက္႐ွိတယ္ဆိုတာ မင္းမသိႏိုင္စရာေတာ့ အေၾကာင္းမ႐ွိဘူးမလား။ "

ပိုင္ယင္းခြၽီက ေျပာၿပီးသည္ႏွင့္ တိဟြ၏ မိမိလည္ပင္းသို႔ ႐ြယ္ထားေသာဓားအား လက္ညိဳးျဖင့္တခ်က္ထိလိုက္ရာ ဓားသည္ေလထဲ၌ပင္ အမႈန္႔သဖြယ္ျဖစ္လ်က္ ေပ်ာက္ကြယ္သြားေလ၏။

တိဟြသည္ လက္ဗလာျဖစ္သြားသည့္တိုင္ေအာင္ မလႈပ္မယွက္ ရပ္တန္႔ေနမိ၏။ အႏွီလူေျပာသည့္အတိုင္း သူတို႔ႏွစ္ဦး၏စြမ္းအားက မိုးႏွင့္ေျမနီးပါးေတာင္ ကြာျခားေသးသည္။ သူသည္ ထိုလူအား ေသခ်ာေပါက္မႏိုင္။ တိဟြက သူ၏လက္ကိုအားကုန္သြားသည့္အတိုင္း လႊတ္ခ်လိုက္မိၿပီး

" ဒီေန႔ကိစၥက ကြၽန္ေတာ္႕သခင္နဲ႔မဆိုင္ပါဘူး။ ကြၽန္ေတာ္ ေကာင္းကင္ဘုံကို သြားတဲ့အခ်ိန္တုန္းက အဲ့ဓားေျမႇာင္ပုံကိုေတြ႕မိၿပီး လိုခ်င္မိတာမို႔ အခုလို ေလာဘတတ္မိတာပါ။ ကြၽန္ေတာ္ တေယာက္တည္းရဲ႕အျပစ္ပါ အ႐ွင္ယြင္းရန္နဲ႔ မဆိုင္ပါဘူး။"

တိဟြက သူ၏ေခါင္းကိုေမာ့လိုက္ကာ ပိုင္ယင္းခြၽီကို မ်က္လုံးခ်င္းဆုံေအာင္ၾကည့္လိုက္သည္။

" အဲ့တာေၾကာင့္ သတ္ခ်င္တယ္ဆိုလည္း က်ဳပ္ကိုပဲသတ္"

တိဟြ၏စကားမ်ားကို လ်စ္လ်ဴ႐ႈလ်က္ ပိုင္ယင္းခြၽီကေတာ့ တိဟြအနားသို႔တိုးကပ္လာၿပီး တိဟြ၏ေမးဖ်ားကို အသာကိုင္လိုက္သည္။

" မင္းကို ႐ြာသားေတြ ဘာလို႔ေၾကာက္ေနလဲသိလား။

မင္းထင္သလို မင္းကေျမေခြးျဖစ္တာမို႔ ေၾကာက္တာမဟုတ္ဘူး။ "

"....."

ပိုင္ယင္းခြၽီက တိဟြ၏ေမးဖ်ားကိုလႊတ္လိုက္ၿပီးေနာက္ သူ၏ပုခုံးသို႔ေနရာေျပာင္းလိုက္သည္။ ထို႔ေနာက္ သူ၏လက္မ်ားက ေက်ာဘက္သို႔ဦးတည္လ်က္

" မင္းက သူတို႔ကို အႏၲာရာယ္ေပးဖူးခဲ့တယ္။ သူတို႔ေနတဲ့ အိုးအိမ္၊ေနရာေတြကို ဖ်က္စီးခဲ့ဖူးတယ္ဆိုရင္ ငါေျပာတာကို မင္းယုံမလား။"

တိဟြက သူ၏ေက်ာကိုထိေတြ႕ေနေသာ ပိုင္ယင္းခြၽီ၏လက္ကို အျမန္ေ႐ွာင္လိုက္ရင္း

" မျဖစ္ႏိုင္တာ...က်ဳပ္လုပ္ဖူးတယ္ဆိုရင္ က်ဳပ္သိရမွာေပါ့။ က်ဳပ္မွတ္ဉာဏ္ထဲမွာ ဘာမွေတာင္မ႐ွိဘူး။ "

" အ့...က်ဳပ္ကိုလႊတ္..."

ပိုင္ယင္းခြၽီ၏ ဆံႏြယ္မ်ားက တိဟြ၏ေျခလက္မ်ားကို တမဟူတ္ခ်င္းရစ္ပတ္ေႏွာင္လိုက္ၿပီး သူ၏ကိုယ္ခႏၲာအား ထိန္းခ်ဳပ္ပစ္လိုက္သည္။ ထိုဆံႏြယ္မ်ားကပင္ တိဟြကို ပိုင္ယင္းခြၽီအား ေက်ာေပးေစလိုက္ၿပီးေနာက္ ပိုင္ယင္းခြၽီကပင္ တိဟြ၏ ဝတ္႐ုံကို လည္ဂုတ္မွေန၍ ဆြဲခ်ကာ ကြၽတ္ေစလိုက္၏။ ထိုအျပဳအမူေၾကာင့္ တိဟြမွာ ႐ုတ္တရက္ၿငိမ္သက္သြားေလသည္။

တခဏၾကာမွသာ အျပင္းအထန္ျပန္႐ုန္းကန္ရင္း

" လႊတ္....လႊတ္ေပး..."

ပိုင္ယင္းခြၽီက တိဟြ၏ေက်ာျပင္ထက္တြင္ ထြက္ေပၚလာေသာ ေဒါင္းအေမႊးေတာင္ အမွတ္အသားအား ျဖည္းျဖည္းခ်င္း ထိေတြ႕ေနကာ

" မင္းသာ ယြင္းရန္ရဲ႕ေနာက္လိုက္ဆို ဒီေက်ာကအမွတ္အသားက သားရဲတေကာင္ရဲ႕သူ႕သားေကာင္ကို အခ်ိန္မေ႐ြးဖမ္းႏိုင္ဖို႔ ျပဳလုပ္ထားတဲ့အမွတ္အသားဆိုတာ သိေနရမွာမဟုတ္ဘူးလား"

"......."

( အဲ့တာဆို ဒီအမွတ္က တကယ္ပဲ....သူလုပ္ထားတာလား။ ငါက သူ႕မ်ိဳးႏြယ္ကို ဒုကၡေပးခဲ့မိတာလား။ သူတို႔ေတြရဲ႕ ေၾကာက္လန္႔ေနတဲ့အၾကည့္ကိုေတာ့ ခံစားမိေပမဲ့ ငါ့ကိုေျမေခြးမို႔လို႔ ေၾကာက္တယ္ေလာက္ပဲ ထင္ခဲ့တာ)

တိဟြသည္ သူ၏႐ုန္းကန္ေနျခင္းကို ရပ္တန္႔လိုက္မိ၏။ သူ႕ဦးေႏွာက္တစ္ခုလုံး မည္သို႔ပင္ လွန္ေလာကာ မွတ္ဉာဏ္မ်ားကို ႐ွာေဖြေနပါေစ။ သူ႐ွာမေတြ႕ႏိုင္။ သို႔ေသာ္လည္း သူသည္ ထိုသူ၏လက္ထဲတြင္ မၾကာခင္အဆုံးသတ္ရေတာ့မည္ကိုေတာ့ နားလည္သေဘာေပါက္ခဲ့ေခ်ၿပီ။တိဟြသည္ မ်က္ဝန္းအစုံကိုသာ မွိတ္ထားလိုက္ရင္း ထိုလူ႕ထံ အသက္ကိုအပ္ႏွင္းရန္သာ အသင့္ျပင္ထားလိုက္ေတာ့သည္။

" အဲ့အခ်ိန္တုန္းက ကိုယ္ေျပာခဲ့တယ္....

အကယ္၍......... ေနာက္တႀကိမ္သာဆို ကိုယ္မင္းကို လက္လႊတ္ေပးေတာ့မွာ မဟုတ္ဘူးလို႔...."

ေနာက္ဘက္႐ွိ ပိုင္ယင္းခြၽီ၏ တီးတိုးဆိုသံက တိဟြ၏နားအတြင္းဆို ညႇင္သာစြာဝင္ေရာက္လာခဲ့သည္။ တိဟြသည္ ဆိုလိုရင္းကိုမသိေသာ္ျငား ျပန္လည္ေမးျမန္းျခင္းကိုလည္း မျပဳေခ်။

" ဟြန္းးးးး.....!!"

႐ုတ္တရက္ သူ၏ရင္ဘတ္ကိုထိကိုင္ကာ သူ၏ေက်ာျပင္အား ႏွေခါင္းထိပ္ကေလးႏွင့္သာ မက တခ်က္တခ်က္ ႏႉတ္ခမ္းဖ်ားတို႔ႏွင့္ပါ တို႔ထိလာေသာ ခံစားခ်က္ေၾကာင့္ တိဟြသည္ သူကိုယ္တိုင္ပင္ မရင္းႏွီးေသာ အသံတစ္ခုကို ျပဳလိုက္မိ၏။ သူ၏အသိစိတ္အရ မရင္းႏွီးေသာအရာဟုထင္ရပါေသာ္လည္း သူ၏ကိုယ္ခႏၲာကေတာ့ ခ်က္ခ်င္းတုန္ယင္လာၿပီး ထိုအရာကို ေကာင္းေကာင္းႀကီး ရင္းႏွီးေနသလို တုံ႔ျပန္လာေတာ့သည္။ ထိူ႕ေနာက္ သူကိုယ္တိုင္ပင္ သတိဝင္လာကာ ထိတ္လန္႔မိသြားေတာ့သည္။

" အား....အား....ေဒါင္းအိုႀကီး ခင္ဗ်ား ဘာလုပ္ေနတာလဲ....!!!"

~~~~~~~~~~~~~~~~~♥~~~~~~~~~~~~~~~~~
ဟဲဟဲ အနားးအဝယူၿပီး ျပန္လာပါၿပီ။ 😁😁
အစက ဒီဟာကိုဆက္မေရးေတာ့ဖိူ႕ ဆုံးျဖတ္ထားေပမဲ့ ဝင္ၾကည့္မိေတာ့ တန္းလန္းေတြ မထားခ်င္ေတာ့တာနဲ႔ အဆုံးသတ္ဖို႔ဆုံးျဖတ္လိုက္တာပါ။ 🤧🤧

Seguir leyendo

También te gustarán

53.6K 4.3K 34
ကျွန်မအတွက်တော့လီလီဆိုတဲ့ အချစ်ဦး​လေးကသိပ်ကိုလှပတဲ့ဖြစ်တည်မှုလေးပါပဲ။
285K 39.7K 200
Book-7 I just translate this story. I don't own this story. All credits go to the original writer and English translator team. Profile picture goes c...
382K 51.1K 59
Author(s): 很是矫情 English translator: Butterfly's Curse English title: Quick Transmigration Cannon Fodder's Record of Counterattacks Original name: 快穿...