အပိုင်း (၃၇)
အိုး! သူက ထက်မြတ်လိုက်တာ။ သူမ၏ အစ်ကိုသည် တစ်လောကလုံးတွင် အတော်ဆုံး အစ်ကိုကြီး တစ်ယောက်ဖြစ်သည်။
"မင်း အလုပ်ပြုတ်သွားလည်း ကိစ္စမရှိပါဘူး။ မင်းလည်း အခု အိမ်ပြန်ရောက်လာပြီဆိုတော့ ဒီမြို့လေးထဲမှာပဲ အလုပ်ရှာပေါ့။ အဲဒါဆိုရင် မင်းရဲ့ အစ်မနဲ့ ညီမကိုလည်း စောင့်ရှောက်ပေးလို့ ရပြီ"
အမျိုးသမီးအန်းသည် သူမသားသည် ထိုကဲ့သို့ ကောင်းမွန်လှသော အလုပ်ကို ဆုံးရှုံးလိုက်ရသည့်အတွက် ဝမ်းနည်းနေမိသည်။ သို့သော်လည်း သူမ၏ သမီးငယ်လေးသည် အိမ်ပြန်ရောက်လာ၍ သူတို့နှင့် အတူနေထိုင်တော့မည်ကိုလည်း စဉ်းစားမိသွားပြန်လေသည်။
မိသားစုဝင်များ အတူတကွရှိနေခြင်းသည် ကောင်းမွန်သောကိစ္စ ဖြစ်လေသည်။
နောင်အနာဂတ်တွင် သူမသည် အန်းသုန်ကိုလည်း မြို့တွင်းတွင်ပဲ နေထိုင်ခိုင်းတော့မည် ဖြစ်သည်။
သို့သော် အန်းရှသည် သဘောမတူခဲ့ပေ။
မြို့တွင်း၌ပဲ နေထိုင်လျှင် အန်းသုန်အတွက် မကောင်းနိုင်သောကြောင့် ဖြစ်လေသည်။
ထိုအချိန်မှစ၍ အန်းရှသည် သူမအစ်ကိုအတွက် အလုပ်အသစ်တစ်ခုကို အစားပြန်လည် ရှာဖွေပေးရန် စတင် စဉ်းစားလေတော့သည်။
အိမ်အပြန်လမ်းတွင်တော့ သူမသည် အမေဖြစ်သူကို အန်းသုန်သည် မည်သည့်အလုပ်ကို စိတ်ဝင်စား၍ မည်သည့်အလုပ်၌ ကျွမ်းကျင်သည်ကို မေးမြန်းခိုင်းရန် အပူကပ်လေတော့သည်။
သူမသည် အစ်ကိုဖြစ်သူကို ကောင်းမွန်သော အလုပ်အသစ်တစ်ခု ရရှိနိုင်ရန် ကူညီရှာဖွေပေးရန် ကြံရွယ်နေတော့သည်။
အန်းသုန်သည် အထက်တန်းတတိယနှစ်တွင် အလုပ်လုပ်ရန် ကျောင်းထွက်ခဲ့ရခြင်း ဖြစ်သည်။ ထို့ကြောင့် မိဘများသည် သားဖြစ်သူအနေဖြင့် မည်သည့်အရာကို စိတ်ဝင်စား၍ မည်သည့်ကိစ္စ၌ ကျွမ်းကျင်သည်ကို တကယ်ပင် မသိကြပေ။
သူတို့သိကြသည့် အကြောင်းမှာ သားဖြစ်သူသည် အိမ်ခြံမြေကုမ္ပဏီတွင် အိမ်ရောင်းရသည့်ကိစ္စများကို တာဝန်ယူ ဆောင်ရွက်ရခြင်းကိုသာ ဖြစ်သည်။ သူသည် အလုပ်ကြိုးစား၍ တော်လေသောကြောင့် အကြိမ်ပေါင်းများစွာ လစာလည်း တိုးမြင့်ရရှိခဲ့လေသည်။
နောက်ဆုံးတွင်တော့ အန်းရှသည် အိမ်ပြန်ရောက်၍ သူမအစ်ကိုကို မေးလိုက်တော့သည်။
"ညီမလေး...ဘာလို့ ဒါတွေမေးနေရတာလဲ။ အစ်ကို ကိုယ့်ဘာသာ အလုပ်ရှာနိုင်ပါတယ်"
"အစ်ကိုကြီး... အစ်ကိုက ကျွန်မကြောင့် အလုပ်ပြုတ်သွားရတာလေ။ အဲဒီတော့ အစ်ကိုကို အလုပ်ပြန်ရှာပေးရမှာပေါ့"
အန်းရှ၏ တည်ကြည်လေးနက်သော အမူအယာကို တွေ့မြင်လိုက်ရသောအခါ အန်းသုန်က ပြောလေသည်။ "ညီမလေး... မှားနေပြီနော်။ အစ်ကို အလုပ်ထွက်လိုက်ရတာက ညီမလေးကြောင့် မဟုတ်ဘူး"
"ကျွန်မကို မလိမ်နဲ့။ အစ်ကို ညီမကို အပြစ်ရှိသလို ခံစားရမှာစိုးလို့ မဟုတ်လား။ ဒါပေမဲ့ အစ်ကိုကြီး ကျွန်မ တကယ်ကို အပြစ်ရှိသလို ခံစားနေရတယ်။ အဲဒါကို သည်းမခံနိုင်ဘူး။ ကျွန်မက အိမ်ပြန်ရောက်လာပြီး အစ်ကို့ကို အလုပ်ပြုတ်အောင် လုပ်လိုက်မိတယ်"
အန်းရှသည် သူမကိုယ်သူမ အသုံးမကျဘူးဟု ခံစားနေရသည်။ သူမ၏ လက်ထဲတွင် ငွေကြေးမြောက်များစွာ ရှိနေသော်လည်း မိသားစုအတွက် အိမ်တစ်လုံးတောင် မဝယ်ပေးနိုင်ချေ။ အစ်ကိုဖြစ်သူသည်လည်း သူမအတွက်နှင့် အလုပ်ပြုတ်သွားလေသောကြောင့် သူမကိုယ်သူမ အသုံးမကျလှဟု ခံစားလိုက်ရတော့သည်။
သူမသည် တွေးမိလေလေ ဝမ်းနည်းမိလေလေ ဖြစ်နေတော့သည်။
အန်းသုန်သည် ငိုတော့မလိုဖြစ်နေသော အန်းရှကို မြင်လိုက်ရသောအခါ သူအလုပ်ထွက်ခဲ့ရသည့် အကြောင်းအရင်းကို ပြောပြလိုက်တော့သည်။
မန်နေဂျာရှုန်းသည် သူ့ကို အလုပ်ထွက်စေရန် တွန်းအားပေးနေခြင်းဖြင့် အခက်တွေ့နေသူဖြစ်သည်။ သူသည် ညီမဖြစ်သူကို စိတ်သက်သာရာ ရစေချင်သောကြောင့် အသေးစိတ် အကြောင်းအရာများကို ပြောပြလိုက်လေသည်။
သို့သော် အစ်ကိုဖြစ်သူသည် ထွက်စာတင်ရခြင်း၏ အကြောင်းအရင်းကို ပြောပြပြီးသောအခါ အန်းရှ၏ ဝမ်းနည်းပူဆွေးမှုများနှင့် အပြစ်ခံစားနေရသည့် အမူအယာသည် ပြောင်းလဲသွားလေသည်။
"အစ်ကိုကြီး... အစ်ကို ပြောတာတွေက တကယ့် အမှန်တရားတွေလား"
သူမသည် ဦးခေါင်းကို မတ်လိုက်ကာ သူမ၏ မျက်နှာတွင်လည်း စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်လို့နေပြီး အန်းသုန်ကိုလည်း သူမ၏ တောက်ပနေသော မျက်လုံးအစုံဖြင့် ကြည့်လိုက်လေသည်။
"ဟင်... အင်း ဟုတ်တယ်လေ" အန်းသုန်သည် အနည်းငယ် စိတ်မသက်မသာဖြစ်စွာဖြင့် ခေါင်းညိမ့်ပြလိုက်တော့သည်။
"အစ်ကိုကြီး... ကျွန်မ အစ်ကို့ကို အလုပ် အသစ်တစ်ခု ကူရှာပေးမယ်" အန်းရှသည် နောက်တစ်ကြိမ် ထပ်ပြောလိုက်ပြီးနောက် ရယ်မောလိုက်လေတော့သည်။
"ဟင်... ညီမလေး မင်း ဘာတွေပြောနေတာလဲ။ ဘာကို အလုပ်အသစ်လဲ"
အန်းရှ၏ စိတ်လှုပ်ရှားမှုနှင့် ပျော်ရွှင်နေမှုကို တွေ့မြင်လိုက်ရသောအခါ အန်းသုန်သည် တွေဝေလို့သွားပြီး သူညီမဖြစ်သူ၏ ပျော်ရွှင်သွားရခြင်းအကြောင်းကို လုံးဝပင် နားမလည်နိုင်တော့ချေ။
"အစ်ကိုကြီး... အစ်ကို့ရဲ့ လက်ရှိအလုပ်ကို သဘောကျတယ်မလား။ အစ်ကိုရဲ့ အရင်ကုမ္ပဏီကို သဘောကျလား"
အန်းသုန်သည် ညီမဖြစ်သူမှာ အဘယ်ကြောင့် ထိုကဲ့သို့ မေးမြန်းသည်ကို မသိသော်လည်း အမှန်အတိုင်း ဖြေလိုက်လေသည်။ "သဘောကျတာပေါ့။ အဲဒီမှာ နှစ်ပေါင်းများစွာ အလုပ်လုပ်ပြီးတော့ အိမ်တွေလည်း ရောင်းနိုင်သွားပြီလေ..."
သူသည် သူနှစ်သက်သော အလုပ်အကြောင်းကို မျက်လုံးများ ဝင်းပလျက် ပြောပြနေလေတော့သည်။
အန်းရှသည် ပျော်ရွှင်စွာဖြင့် လက်ခုပ်ထတီးလိုက်လေသည်။ "အစ်ကိုကြီး ကျွန်မ ဆုံးဖြတ်လိုက်ပြီ။ ကျွန်မ ရှုန်းထျန်း အိမ်ခြံမြေကုမ္ပဏီကို ဝယ်ချင်တယ်"
ဟမ်! သူမအစ်ကိုကို ဘယ်လိုတောင် ဒုက္ခပေးရဲရသနည်း။ အစ်ကိုဖြစ်သူ၏ ဒေါသများကို ပြန်လည်ပေးဆပ်ပေးရန် သူမကူညီပေးရမည်လေ။
ဟုတ်တာပေါ့! စံအိမ်ကို အပြီးသတ် ဆောက်လုပ်နိုင်ရန် ထိုအဆောက်အအုံဝန်းကို သူမ ဝယ်ယူရရှိနိုင်မှ ဖြစ်လေမည်။
ဟီးဟီးဟီး! ငှက်သုံးကောင်ကို ခဲတစ်လုံးတည်းဖြင့် ပစ်မိလိုက်သလိုပင်။ သူမသည် ဉာဏ်ကောင်းလွန်းလှသည်။
Telegram မှာ အပိုင်း ၁၅၁အထိ ရောက်ပါပြီနော်။
Zawgyi
အပိုင္း (၃၇)
အိုး! သူက ထက္ျမတ္လိုက္တာ။ သူမ၏ အစ္ကိုသည္ တစ္ေလာကလုံးတြင္ အေတာ္ဆုံး အစ္ကိုႀကီး တစ္ေယာက္ျဖစ္သည္။
"မင္း အလုပ္ျပဳတ္သြားလည္း ကိစၥမရွိပါဘူး။ မင္းလည္း အခု အိမ္ျပန္ေရာက္လာၿပီဆိုေတာ့ ဒီၿမိဳ႕ေလးထဲမွာပဲ အလုပ္ရွာေပါ့။ အဲဒါဆိုရင္ မင္းရဲ႕ အစ္မနဲ႔ ညီမကိုလည္း ေစာင့္ေရွာက္ေပးလို႔ ရၿပီ"
အမ်ိဳးသမီးအန္းသည္ သူမသားသည္ ထိုကဲ့သို႔ ေကာင္းမြန္လွေသာ အလုပ္ကို ဆုံးရႈံးလိုက္ရသည့္အတြက္ ဝမ္းနည္းေနမိသည္။ သို႔ေသာ္လည္း သူမ၏ သမီးငယ္ေလးသည္ အိမ္ျပန္ေရာက္လာ၍ သူတို႔ႏွင့္ အတူေနထိုင္ေတာ့မည္ကိုလည္း စဥ္းစားမိသြားျပန္ေလသည္။
မိသားစုဝင္မ်ား အတူတကြရွိေနျခင္းသည္ ေကာင္းမြန္ေသာကိစၥ ျဖစ္ေလသည္။
ေနာင္အနာဂတ္တြင္ သူမသည္ အန္းသုန္ကိုလည္း ၿမိဳ႕တြင္းတြင္ပဲ ေနထိုင္ခိုင္းေတာ့မည္ ျဖစ္သည္။
သို႔ေသာ္ အန္းရွသည္ သေဘာမတူခဲ့ေပ။
ၿမိဳ႕တြင္း၌ပဲ ေနထိုင္လွ်င္ အန္းသုန္အတြက္ မေကာင္းႏိုင္ေသာေၾကာင့္ ျဖစ္ေလသည္။
ထိုအခ်ိန္မွစ၍ အန္းရွသည္ သူမအစ္ကိုအတြက္ အလုပ္အသစ္တစ္ခုကို အစားျပန္လည္ ရွာေဖြေပးရန္ စတင္ စဥ္းစားေလေတာ့သည္။
အိမ္အျပန္လမ္းတြင္ေတာ့ သူမသည္ အေမျဖစ္သူကို အန္းသုန္သည္ မည္သည့္အလုပ္ကို စိတ္ဝင္စား၍ မည္သည့္အလုပ္၌ ကြၽမ္းက်င္သည္ကို ေမးျမန္းခိုင္းရန္ အပူကပ္ေလေတာ့သည္။
သူမသည္ အစ္ကိုျဖစ္သူကို ေကာင္းမြန္ေသာ အလုပ္အသစ္တစ္ခု ရရွိႏိုင္ရန္ ကူညီရွာေဖြေပးရန္ ႀကံ႐ြယ္ေနေတာ့သည္။
အန္းသုန္သည္ အထက္တန္းတတိယႏွစ္တြင္ အလုပ္လုပ္ရန္ ေက်ာင္းထြက္ခဲ့ရျခင္း ျဖစ္သည္။ ထို႔ေၾကာင့္ မိဘမ်ားသည္ သားျဖစ္သူအေနျဖင့္ မည္သည့္အရာကို စိတ္ဝင္စား၍ မည္သည့္ကိစၥ၌ ကြၽမ္းက်င္သည္ကို တကယ္ပင္ မသိၾကေပ။
သူတို႔သိၾကသည့္ အေၾကာင္းမွာ သားျဖစ္သူသည္ အိမ္ၿခံေျမကုမၸဏီတြင္ အိမ္ေရာင္းရသည့္ကိစၥမ်ားကို တာဝန္ယူ ေဆာင္႐ြက္ရျခင္းကိုသာ ျဖစ္သည္။ သူသည္ အလုပ္ႀကိဳးစား၍ ေတာ္ေလေသာေၾကာင့္ အႀကိမ္ေပါင္းမ်ားစြာ လစာလည္း တိုးျမင့္ရရွိခဲ့ေလသည္။
ေနာက္ဆုံးတြင္ေတာ့ အန္းရွသည္ အိမ္ျပန္ေရာက္၍ သူမအစ္ကိုကို ေမးလိုက္ေတာ့သည္။
"ညီမေလး...ဘာလို႔ ဒါေတြေမးေနရတာလဲ။ အစ္ကို ကိုယ့္ဘာသာ အလုပ္ရွာႏိုင္ပါတယ္"
"အစ္ကိုႀကီး... အစ္ကိုက ကြၽန္မေၾကာင့္ အလုပ္ျပဳတ္သြားရတာေလ။ အဲဒီေတာ့ အစ္ကိုကို အလုပ္ျပန္ရွာေပးရမွာေပါ့"
အန္းရွ၏ တည္ၾကည္ေလးနက္ေသာ အမူအယာကို ေတြ႕ျမင္လိုက္ရေသာအခါ အန္းသုန္က ေျပာေလသည္။ "ညီမေလး... မွားေနၿပီေနာ္။ အစ္ကို အလုပ္ထြက္လိုက္ရတာက ညီမေလးေၾကာင့္ မဟုတ္ဘူး"
"ကြၽန္မကို မလိမ္နဲ႔။ အစ္ကို ညီမကို အျပစ္ရွိသလို ခံစားရမွာစိုးလို႔ မဟုတ္လား။ ဒါေပမဲ့ အစ္ကိုႀကီး ကြၽန္မ တကယ္ကို အျပစ္ရွိသလို ခံစားေနရတယ္။ အဲဒါကို သည္းမခံႏိုင္ဘူး။ ကြၽန္မက အိမ္ျပန္ေရာက္လာၿပီး အစ္ကို႔ကို အလုပ္ျပဳတ္ေအာင္ လုပ္လိုက္မိတယ္"
အန္းရွသည္ သူမကိုယ္သူမ အသုံးမက်ဘူးဟု ခံစားေနရသည္။ သူမ၏ လက္ထဲတြင္ ေငြေၾကးေျမာက္မ်ားစြာ ရွိေနေသာ္လည္း မိသားစုအတြက္ အိမ္တစ္လုံးေတာင္ မဝယ္ေပးႏိုင္ေခ်။ အစ္ကိုျဖစ္သူသည္လည္း သူမအတြက္ႏွင့္ အလုပ္ျပဳတ္သြားေလေသာေၾကာင့္ သူမကိုယ္သူမ အသုံးမက်လွဟု ခံစားလိုက္ရေတာ့သည္။
သူမသည္ ေတြးမိေလေလ ဝမ္းနည္းမိေလေလ ျဖစ္ေနေတာ့သည္။
အန္းသုန္သည္ ငိုေတာ့မလိုျဖစ္ေနေသာ အန္းရွကို ျမင္လိုက္ရေသာအခါ သူအလုပ္ထြက္ခဲ့ရသည့္ အေၾကာင္းအရင္းကို ေျပာျပလိုက္ေတာ့သည္။
မန္ေနဂ်ာရႈန္းသည္ သူ႔ကို အလုပ္ထြက္ေစရန္ တြန္းအားေပးေနျခင္းျဖင့္ အခက္ေတြ႕ေနသူျဖစ္သည္။ သူသည္ ညီမျဖစ္သူကို စိတ္သက္သာရာ ရေစခ်င္ေသာေၾကာင့္ အေသးစိတ္ အေၾကာင္းအရာမ်ားကို ေျပာျပလိုက္ေလသည္။
သို႔ေသာ္ အစ္ကိုျဖစ္သူသည္ ထြက္စာတင္ရျခင္း၏ အေၾကာင္းအရင္းကို ေျပာျပၿပီးေသာအခါ အန္းရွ၏ ဝမ္းနည္းပူေဆြးမႈမ်ားႏွင့္ အျပစ္ခံစားေနရသည့္ အမူအယာသည္ ေျပာင္းလဲသြားေလသည္။
"အစ္ကိုႀကီး... အစ္ကို ေျပာတာေတြက တကယ့္ အမွန္တရားေတြလား"
သူမသည္ ဦးေခါင္းကို မတ္လိုက္ကာ သူမ၏ မ်က္ႏွာတြင္လည္း စိတ္လႈပ္ရွားမႈမ်ားျဖင့္ ျပည့္ႏွက္လို႔ေနၿပီး အန္းသုန္ကိုလည္း သူမ၏ ေတာက္ပေနေသာ မ်က္လုံးအစုံျဖင့္ ၾကည့္လိုက္ေလသည္။
"ဟင္... အင္း ဟုတ္တယ္ေလ" အန္းသုန္သည္ အနည္းငယ္ စိတ္မသက္မသာျဖစ္စြာျဖင့္ ေခါင္းညိမ့္ျပလိုက္ေတာ့သည္။
"အစ္ကိုႀကီး... ကြၽန္မ အစ္ကို႔ကို အလုပ္ အသစ္တစ္ခု ကူရွာေပးမယ္" အန္းရွသည္ ေနာက္တစ္ႀကိမ္ ထပ္ေျပာလိုက္ၿပီးေနာက္ ရယ္ေမာလိုက္ေလေတာ့သည္။
"ဟင္... ညီမေလး မင္း ဘာေတြေျပာေနတာလဲ။ ဘာကို အလုပ္အသစ္လဲ"
အန္းရွ၏ စိတ္လႈပ္ရွားမႈႏွင့္ ေပ်ာ္႐ႊင္ေနမႈကို ေတြ႕ျမင္လိုက္ရေသာအခါ အန္းသုန္သည္ ေတြေဝလို႔သြားၿပီး သူညီမျဖစ္သူ၏ ေပ်ာ္႐ႊင္သြားရျခင္းအေၾကာင္းကို လုံးဝပင္ နားမလည္ႏိုင္ေတာ့ေခ်။
"အစ္ကိုႀကီး... အစ္ကို႔ရဲ႕ လက္ရွိအလုပ္ကို သေဘာက်တယ္မလား။ အစ္ကိုရဲ႕ အရင္ကုမၸဏီကို သေဘာက်လား"
အန္းသုန္သည္ ညီမျဖစ္သူမွာ အဘယ္ေၾကာင့္ ထိုကဲ့သို႔ ေမးျမန္းသည္ကို မသိေသာ္လည္း အမွန္အတိုင္း ေျဖလိုက္ေလသည္။ "သေဘာက်တာေပါ့။ အဲဒီမွာ ႏွစ္ေပါင္းမ်ားစြာ အလုပ္လုပ္ၿပီးေတာ့ အိမ္ေတြလည္း ေရာင္းႏိုင္သြားၿပီေလ..."
သူသည္ သူႏွစ္သက္ေသာ အလုပ္အေၾကာင္းကို မ်က္လုံးမ်ား ဝင္းပလ်က္ ေျပာျပေနေလေတာ့သည္။
အန္းရွသည္ ေပ်ာ္႐ႊင္စြာျဖင့္ လက္ခုပ္ထတီးလိုက္ေလသည္။ "အစ္ကိုႀကီး ကြၽန္မ ဆုံးျဖတ္လိုက္ၿပီ။ ကြၽန္မ ရႈန္းထ်န္း အိမ္ၿခံေျမကုမၸဏီကို ဝယ္ခ်င္တယ္"
ဟမ္! သူမအစ္ကိုကို ဘယ္လိုေတာင္ ဒုကၡေပးရဲရသနည္း။ အစ္ကိုျဖစ္သူ၏ ေဒါသမ်ားကို ျပန္လည္ေပးဆပ္ေပးရန္ သူမကူညီေပးရမည္ေလ။
ဟုတ္တာေပါ့! စံအိမ္ကို အၿပီးသတ္ ေဆာက္လုပ္ႏိုင္ရန္ ထိုအေဆာက္အအုံဝန္းကို သူမ ဝယ္ယူရရွိႏိုင္မွ ျဖစ္ေလမည္။
ဟီးဟီးဟီး! ငွက္သုံးေကာင္ကို ခဲတစ္လုံးတည္းျဖင့္ ပစ္မိလိုက္သလိုပင္။ သူမသည္ ဉာဏ္ေကာင္းလြန္းလွသည္။
Telegram မွာ အပိုင္း ၁၅၁အထိ ေရာက္ပါၿပီေနာ္။