လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်န...

By Indolent-Senorita

826K 121K 3.7K

Original Title ; 分手了, 别闹 English Title ; Breaking Up , No Joke Author ; 香芋奶茶 (Taro Milk Tea) English Transla... More

ဇာတ်လမ်းမိတ်ဆက်
အခန်း-၁(လမ်းခွဲခြင်း)
အခန်း-၂(​ကောလဟာလ)
အခန်း-၃(လုယူခြင်း)
အခန်း-၄(အချစ်ပြိုင်ဘက်)
အခန်း-၅(ရန်စခြင်း)
အခန်း-၆(တိတ်တခိုးအချစ်)
အခန်း-၇(မ​မျှော်လင့်ဘဲ ​တွေ့ဆုံခြင်း)
အခန်း-၈(​ခြေရာခံခြင်း)
အခန်း-၉(နူးညံ့​သောနှလုံးသား)
အခန်း-၁၀(ငြင်းဆန်ခြင်း)
အခန်း-၁၁(မ​ကျေနပ်ချက်)
အခန်း-၁၂(​ဆေး)
အခန်း-၁၃(အမျက်​​ဒေါသ)
အခန်း-၁၄(စို​ပြေ​စေခြင်း)
对不起
အခန်း-၁၅(ညစ်ပတ်​သော)
အခန်း-၁၆(မ​ကျေမနပ်နှင့်တိုင်တန်းခြင်း)
အခန်း-၁၇(ရသစုံရှိုးပွဲ)
အခန်း-၁၈(တွယ်ချိတ်)
အခန်း-၁၉(အသုံးချခြင်း)
အခန်း-၂၀(အ​ရေး​ပေါ်သတင်း)
အခန်း-၂၁(ပရိသတ်)
အခန်း-၂၂(ခြိမ်း​ခြောက်ခြင်း)
အခန်း-၂၃(အ​ကြွေးပြန်ဆပ်ခြင်း)
အခန်း-၂၄(အကူအညီ​တောင်းခံခြင်း)
အခန်း-၂၅(ဒီ​ယောကျ်ား)
အခန်း-၂၆(ပြသာနာ)
အခန်း-၂၇(စိတ်အ​နှောင့်အယှက်ဖြစ်စရာ​ကောင်း​သော)
အခန်း-၂၈(ဂရုစိုက်ခြင်း)
အခန်း-၂၉(လှည့်ကွက်)
အခန်း-၃၀(အ​ပြောင်းအလဲ)
အခန်း-၃၁(​မျှော်လင့်မထားတဲ့ပြသာနာ)
အခန်း-၃၂(အကူအညီရှာ​ဖွေခြင်း)
အခန်း-၃၃(ဗိုလ်ကျခြယ်လှယ်တတ်​သောအမျိုးသား)
အခန်း-၃၄(စိမ်းကားခြင်း)
အခန်း-၃၅(ဖရဲသီး​လေးရဲ့ချစ်ခင်မှု)
အခန်း-၃၆(စုန့်ရှီလင်၏ရက်စက်ခြင်း)
အခန်း-၃၇(အတိတ်)
အခန်း-၃၈(အပြစ်ပြုမိခြင်း)
အခန်း-၃၉(သတိ​ပေးခြင်း)
အခန်း-၄၀(ဥပါဒါန်)
အခန်း-၄၁(အချစ်)
Happy Thadingyut Festival
အခန်း-၄၂(ရှက်ကိုးရှက်ကန်းဖြစ်ခြင်း)
အခန်း-၄၃(​မော့ကုမ္ပဏီ)
အခန်း-၄၄(နှစ်ပတ်လည်ပါတီ)
အခန်း-၄၅(သီးသန့်ကြိုတင်​နေရာယူထားခြင်း)
အခန်း-၄၆(ဖွင့်ဟ၀န်ခံခြင်း)
အခန်း-၄၇(သ၀န်တိုခြင်း)
အခန်း-၄၈(နှင်းဆီပန်း)
အခန်း-၄၉(ဥက္ကဋ္ဌချူ)
အခန်း-၅၀(ရန်​ဖေး)
အခန်း-၅၁(မုန်းတီးခြင်း)
အခန်း-၅၂(ဒွိဟဖြစ်ခြင်း)
အခန်း-၅၃(သကြားလုံး)
အခန်း-၅၄(ချစ်ဒုက္ခ)
အခန်း-၅၅(မ​တော်တဆမှု)
အခန်း-၅၆(ပြိုလဲရှုံးနိမ့်ခြင်း)
အခန်း-၅၇(သူ၏ကြမ္မာဂြိုလ်ဆိုး)
အခန်း-၅၈(​မျှော်လင့်မထားမိခဲ့​လေ​သော)
အခန်း-၅၉(​ပျော်ရွှင်မှု)
အခန်း-၆၀(ပြန်လည်​ပေါင်းစည်းမိသွား​သောစုံတွဲ)
အခန်း-၆၁(ဖရဲသီး​လေး စိတ်ဆိုးခြင်း)
အခန်း-၆၂(သဲလွန်စ)
အခန်း-၆၃(အပြစ်ရှိစိတ်)
အခန်း-၆၄(စုံစမ်းစစ်​ဆေးခြင်း)
အခန်း-၆၅(​ဖော်ထုတ်ခြင်း)
အခန်း-၆၆(အ​ကြောက်တရား)
အခန်း-၆၇(​နေ့စဉ်ဘ၀​လေး)
အခန်း-၆၈(အသိအမှတ်ပြုခြင်း)
အခန်း-၆၉(စုန့်မိသားစု)
အခန်း-၇၀(တွဲဖက်ပါတနာ)
အခန်း-၇၁(သူ့အားလွမ်းဆွတ်ခြင်း)
အခန်း-၇၂(ချစ်ခြင်း​မေတ္တာ)
အခန်း-၇၃(ကို့ရို့ကားရားအ​ခြေအ​နေတစ်ခု)
အခန်း-၇၄(သကြားဖေ​ဖေ)
အခန်း-၇၅(ရန်သူ)
အခန်း-၇၆(ကြိုတင်ပြင်ဆင်ခြင်း)
အခန်း-၇၇(လှည့်စားခြင်းပရိယာယ်)
အခန်း-၇၈(ပြန်လည်တိုက်ခိုက်ခြင်း)
အခန်း-၇၉(အ​မှောင်ထုထဲသို့ သွတ်သွင်းခြင်း)
အခန်း-၈၀(တစ်ကိုယ်​တော်မိဘ)
အခန်း-၈၁(ပြန်လာခြင်း)
အခန်း-၈၂(အလုပ်ခွင်သို့ အလည်တစ်​ခေါက်)
အခန်း-၈၃(သတိ​ပေးချက်)
အခန်း-၈၄(မယုံသင်္ကာဖြစ်ခြင်း)
အခန်း-၈၅(အမှန်တရား)
အခန်း-၈၆(ချစ်မှု​ရေးရာကိစ္စများ)
အခန်း-၈၇(စီးပွား​ရေး​ကြော်ငြာ)
အခန်း-၈၈(စိတ်အားငယ်ခြင်း)
အခန်း-၈၉(ကြွားလုံးထုတ်ခြင်း)
အခန်း-၉၀(အပြင်းအထန်​ပြောင်းလဲဆန့်ကျင်ခြင်း)
အခန်း-၉၁(ငြင်းဆန်ခြင်း)
အခန်း-၉၂(ပြသာနာရှာခြင်း)
အခန်း-၉၃(​ပေါ်ယွီ၏ရိုက်ကွင်းသို့လိုက်သွားခြင်း)
အခန်း-၉၄(သံသယ)
အခန်း-၉၅(ရိုက်နှက်​စေခြင်း)
အခန်း-၉၆(ဖွင့်​ပြောခြင်း)
အခန်း-၉၇(​ဒေါသထွက်ဖွယ်)
အခန်း-၉၈(ကလဲ့စား)
အခန်း-၉၉(၀တ်​ကျေတမ်း​ကျေတုံ့ပြန်မှု)
အခန်း-၁၀၀(​ရောက်လာသူ)
အခန်း-၁၀၁(​ပေါ်ယွီ၏အတိတ်)
အခန်း-၁၀၂(ပထမဆုံးအကြိမ် ​တွေ့ဆုံမှု)
အခန်း-၁၀၃(အပြစ်ပြုခြင်း)
အခန်း-၁၀၄(အိမ်အပြန်)
အခန်း-၁၀၅(ချစ်ရသူ)
အခန်း-၁၀၆(အစွဲအလမ်း)
အခန်း-၁၀၇(အစားထိုး)
အခန်း-၁၀၈(ထုတ်​မေးခြင်း)
အခန်း-၁၀၉(စိတ်ရှည်သည်းခံခြင်း)
အခန်း-၁၁၀(စစ်ပွဲမီး​တောက်)
အခန်း-၁၁၁(လူထုအမြင်)
အခန်း-၁၁၂(သရုပ်မှန်)
အခန်း-၁၁၃(အနမ်းများခိုးယူခြင်း)
အခန်း-၁၁၄(အစားပုတ်​လေး)
အခန်း-၁၁၅(ညစာတစ်နပ်ဒကာခံခြင်း)
အခန်း-၁၁၇(ခွင့်လွှတ်မှု)
အခန်း-၁၁၈(ရုပ်ဆိုးတဲ့ဝတ်စုံ)
အခန်း-၁၁၉(ရိုးအီ​နေ​သော ​ကြော်ငြာပုံစံအ​ဟောင်း)
အခန်း-၁၂၀(ချစ်ခင်မှုအတွက် ယှဉ်ပြိုင်ခြင်း)
အခန်း-၁၂၁(မ​ပြေမပြစ် အ​ပြောအဆို)
အခန်း-၁၂၂(၀ိတ်ချခြင်း)
အခန်း-၁၂၃(ဉာဏ်တိုက်ပွဲ)
အခန်း-၁၂၄(အချစ်စစ်)
အခန်း-၁၂၅(ဆုနှင့်လွဲ​ချော်ခဲ့ရခြင်း)
အခန်း-၁၂၆(ဖဲကြိုးဖြတ်ပွဲအခမ်းအနား)
အခန်း-၁၂၇(လိုက်ဖက်ညီမှု)
အခန်း-၁၂၈(ခြင်များ)
အခန်း-၁၂၉(လက်​ဝှေ့ထိုးခြင်း)
အခန်း-၁၃၀(ဒုတိယ​မြောက်ရင်​သွေး)
အခန်း-၁၃၁(သတင်းထွက်လာခြင်း)
အခန်း-၁၃၂(ချုပ်ချယ်ခြင်း)
အခန်း-၁၃၃(​စေ့စပ်ပွဲ)
အခန်း-၁၃၄(​သေလမ်းကိုဖိတ်​ခေါ်ခြင်း)
အခန်း-၁၃၅(​လောကီ​ရေးရာ)

အခန်း-၁၁၆(အလိမ်အညာ)

2.3K 301 20
By Indolent-Senorita

Scroll down for Zawgyi.

Unicode

ချင်ရှန်း ​ဆေးရုံတက်​နေရ​ကြောင်း ချင်လုပ်ငန်းစု၌ သတင်းပျံ့နှံ့သွား​သောအခါ လုပ်ငန်းစုအတွင်းပိုင်းက စတင် လှုပ်ခတ်လာသည်။

ဥက္ကဋ္ဌအသစ်က ​နေရာ၀င်ယူထား​သော်လည်း ​ပေါ်ယွီက ​ငွေကြယ်ပွင့်တစ်​ယောက်ဖြစ်သည့်အပြင် အရင် တစ်ကြိမ်တစ်ခါမျှ ဒီလိုလုပ်ငန်းစုစီးပွား​ရေးမျိုးကို မကိုင်တွယ်ဖူးသူမို့ ချင်လုပ်ငန်းစု၏ ပဲ့နင်းဦး​ထောင်အ​ခြေအ​နေက ပြင်းပြင်းထန်ထန် လှိုက်စား​နေသည်။

သရုပ်​ဆောင်တစ်ဦးက ချင်လုပ်ငန်းစုအား ​ကောင်း​ကောင်းမွန်မွန် စီမံဦး​ဆောင်နိုင်လိမ့်မည်ဟု သူတို့ မယုံ။

​​ပေါ်ယွီတစ်​ယောက် ချင်လုပ်ငန်းစု၏အ​ခြေအ​နေကို မဖမ်းဆုပ်နိုင်မီ သူ့အား စိတ်ပူ၍ ချင်လုပ်ငန်းစုဆီ အ​ပြေးအလွှား ပြန်လာတဲ့ ချင်းရှန်း​ကြောင့် ​ပေါ်ယွီ အံ့သြသွားရသည်။သူ ရုတ်တရက် အာ​စေးမိ​နေ၏။

ဝှီးချဲလ်​ပေါ်မှာ ထိုင်​နေ​သော ချင်ရှန်းဟာ ​ပေါ်ယွီ့ဘေးက ​လျှို့ယွင်ကို ​အေးတိ​​အေးစက် ကြည့်သည်။

လျှို့ယွင်၏အသက်ရှူသံ​တွေက ဆိတ်သုဉ်း​နေသည်။သူ့ခမျာ အဆိပ်ပြင်းပြင်း ​မြွေကြီးတစ်​ကောင် စူးစိုက်ကြည့်​ခြင်းကို ခံ​နေရသည့်ပမာ။ချင်ရှန်းရဲ့အကြည့်​တွေ ဖယ်ခွာသွား​တော့မှ အသက်ရှူ​ချောင်စွာ သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်သည်။​သူ့​နောက်​ကျောဝယ် ​ချွေး​စေးများက တရွှဲရွှဲ။

​ပေါ်ယွီ : " အ​မေ ဒီကို ဘယ်လိုလုပ် ​ရောက်လာတာလဲ ??? "

ချင်ရှန်းရဲ့မျက်ခုံးမျက်လုံးများက အ​ရေးမထားဟန် အပြည့်။
" စုန့်ရှီလင် ၊ လျှို့ယွင် ၊ အပြင်ထွက်​ကြ။ ငါ ​ပေါ်ယွီနဲ့ ​ပြောစရာရှိတယ် "

အလကားမတ်တင်း ဒါရိုက်ဘာ​လေးအဖြစ် တာဝန်ထမ်း​ဆောင်​နေရတဲ့ စုန့်ရှီလင်က ဝှီးချဲလ်ကိုင်ထားသည့်လက်ကို လွှတ်​ပေးလိုက်၏။ချင်ရှန်း ထိုင်​နေ​သော ဝှီးချဲလ်အား ​ပေါ်ယွီ ရုံးခန်းထဲ တွန်းဝင်သွားသည်အထိ ​ငေးကြည့်​နေ၍ ထွက်ခွာသွားခဲ့သည်။

​ပေါ်ယွီ : " အ​မေက အ​နောက်​တောင်မြို့​တော်မှာ ရှိ​နေရမှာ မဟုတ်ဘူးလား ??? "

ဝှီးချဲလ်​ပေါ်က ချင်ရှန်းက ဆိုသည်။
" ဒီအ​မေသာ ထုံထုံထိုင်းထိုင်းနဲ့ ​သေချင်​ယောင်​နေရင် မင်း ငါ့မိသားစုစည်းစိမ်​​တွေ ပြုတ်ပြုတ်ပြုန်း​အောင် ဆွမ်းကြီး​လောင်းတာကို ထိုင်​စောင့်သလို ဖြစ်​နေလိမ့်မယ် "

" ကျွန်​တော် အ​မေ့စည်းစိမ်​တွေကို ဆွမ်းကြီးမ​လောင်းပါဘူး "

​ပေါ်ယွီ မျက်လုံးလှန်လိုက်​သော်ငြား ချင်ရှန်းကို တည့်တည့်မကြည့်ရဲ။
" အ​မေ့ဘာသာ မ​ပြောခဲ့ဘူးလား ၊ ကုမ္ပဏီကို ကျွန်​တော့်ဆီ ​ပေးမယ်ဆို ၊ အခု ကုမ္ပဏီပိုင်ရှင်က ကျွန်​တော်ပဲ​လေ ........ "

" ​​အ​မေ ​ပြောပါ​သေးတယ် ၊ ခွဲစိတ်မှုပြီးရင် ကျွန်​တော်နဲ့အတူတူ ဟွားမြို့​တော်ကို အငြိမ်းစားယူ လိုက်ခဲ့မယ်တဲ့။ ဘာလို့ ဒီကို ​ရောက်လာတာလဲ ??? "
​ပေါ်ယွီ ​ပြောရင်း​ပြောရင်း တစ်ခုခုက ထူးဆန်းလာသ​ယောင်။

သူ ​ပြော​လေ​လေ တစ်စုံတစ်ရာကို ​ရေး​တေး​​တေး အာရုံရလာ​လေ​လေ။သူ့အမြင်အရ ချင်ရှန်း၏ အပြုအမူ​တွေဟာ လုံးဝ ​ရှေ့​နောက်မညီ --- ခွဲစိတ်မှုမတိုင်ခင် သူမက သူ့ကို ကုမ္ပဏီလွှဲ​ပေးမည်ဟု အတိအလင်း ကတိ​ပေးခဲ့သည်။ခွဲစိတ်မှုလည်း နိတ္ထိတံ​ရော သူမခန္ဓာကိုယ်က ​ငေါက်ခနဲ ထူထူ​ထောင်​ထောင်ဖြစ်သွားကာ သူမစကားသူ ချက်ချင်းလက်ငင်း ပြန်​ကောက်သိမ်းသွား၏။

ဆိုရိုးရှိသည့်နှယ်။မိန်းမတစ်​ယောက်အား ကြိုတင်ခန့်မှန်းမရ​​ချေ။

ချင်ရှန်းက ​ဒေါသထွက်ထွက် ရယ်သည်။
" ငါ အခု အငြိမ်းစားယူ နှုတ်ထွက်​တော့မယ်လို့ မင်းက ထင်​နေတာ​ပေါ့ ??? "

​ပေါ်ယွီက 'အဲဒီလိုမဟုတ်ဘူးလား' ဟု အဓိပ္ပါယ်ပါ​နေသည့် မျက်ဝန်းများဖြင့် ချင်ရှန်းအား ကြည့်​နေသည်။

ချင်ရှန်းမှာ ​ပေါ်ယွီ့ကို အဖက်လုပ်ရှင်းပြဖို့ပင် ပျင်းပျင်းရိရိ။
" ဒီတ​လော ငါ ​​ဒေါင်​ဒေါင်မြည် နေ​ကောင်းသွားပြီ။ ဆရာဝန်က အာမဘ​​​န္တေခံလိုက်တယ် ၊ ငါ့ရဲ့​လော​လောဆယ် ကျန်းမာ​ရေးအ​ခြေအ​နေက ကုမ္ပဏီအလုပ်​တွေ လုပ်လို့ရတယ်တဲ့။ အဲဒါ​ကြောင့် ချင်လုပ်ငန်းစုကို ဆက်စီမံခန့်ခွဲဖို့ ငါ ပြန်လာခဲ့မယ် "

" ခဏ ! ခဏ !! အ​​မေက မ​​အောင်မြင်ရင် ​​သေနိုင်မယ့် ခွဲစိတ်မှုအကြီးကြီးကို လုပ်ခဲ့တာ မဟုတ်ဘူးလား ??? "

တစ်​နေရာရာက မူမမှန်ကြောင်း ​ပေါ်ယွီ သ​ဘော​ပေါက်လိုက်သည်။
" အ​မေ ဘယ်လိုလုပ် အလုပ်လာလုပ်နိုင်တာလဲ ??? အ​မေ့​ရောဂါက ဘာတဲ့လဲ ??? "

" ငါ ​သေ​လောက်တဲ့ ​ရောဂါဖြစ်နေတယ်လို့ မင်းကို ဘယ်တုန်းကများ ​ပြောဖူးလဲ ??? "

ချင်ရှန်းက ​ပေါ်ယွီကို ဉာဏ်တုံး​သည့် အရူး​လေးအလား ကြည့်သည်။
" အဲဒါက အ​သေးစားခွဲစိတ်မှု​လေးပါ။ အလွန်ဆုံး တစ်လဆိုရင် ပြန်​ကောင်းတယ် "

" ဘာခွဲစိတ်မှုလဲ ??? "
​ပေါ်ယွီက ဇွဲမ​​လျော့တမ်း ​မေးသည်။

" သွားကိုက်တာ​လေ။ အရင် အစားထိုးစိုက်ခဲ့တဲ့သွားက ပြသာနာဖြစ်​နေတာ "
ချင်ရှန်းက ​အေး​အေးလူလူ ​ဖြေသည်။

​ပေါ်ယွီ သူမထံ ပြန်လာ​တွေ့​စေဖို့အ​​ရေး သူမရဲ့​ရောဂါကို တစ်စိတ်တစ်အိတ်လုပ်ခဲ့ရသည်။ယခု သူမသား​လေးကို​​ရော ၊ သူမ​မြေး​လေးကိုရော မျက်နှာမြင်ရပြီးပြီမို့ ငြိမ်းငြိမ်းချမ်းချမ်း အလုပ်ဆက်လုပ်နိုင်​ချေပြီ။

ချင်လုပ်ငန်းစုရဲ့သံမဏိသခင်မက ချင်လုပ်ငန်းစုမှာ မရှိလျှင် ဘယ်လိုများ ချင်လုပ်ငန်းစုဟု ခေါ်​ဝေါ်ပါ​တော့မည်နည်း။

​ပေါ်ယွီ : " သွားကိုက်တာ​လေး​ကြောင့်နဲ့ အ​မေ ဘာလို့ ​ဆေးရုံတက်တာတုန်း ??? သွားဆရာဝန်နဲ့ ပြရမှာ မဟုတ်ဘူးလား ??? ...... အ​မေ တကယ် သွားအစားထိုးစိုက်ခဲ့တာဆိုရင် ဘယ်လိုလုပ် အကြာကြီး သတိ​မေ့​နေတာလဲ ??? "

" ငါက အသက်ကြီးပြီ​လေ။ နာမှာကျင်မှာလည်း ​ကြောက်တယ်။ အဲဒါ​ကြောင့် ဆရာဝန်ကို ​မေ့​ဆေးနည်းနည်းပို​ပေးဖို့ ​ပြောထားတာ။ တ​ရေးတ​မောအိပ် ဖြတ်​ကျော်လိုက်တာပေါ့ "
ချင်ရှန်း၏ သ​ဘောထားက ​သူမ ​ဆေးရုံတက်​​နေစဉ်ကနှင့် မိုး​မြေပမာ ကွာခြားလှသည်။သူမမျက်နှာက စိတ်မရှည်မှုများ ပြည့်နှက်​နေ၏။

​ပေါ်ယွီ ချင်ရှန်းအား စိတ်ကုန်စွာ ကြည့်လိုက်သည်။
" ခွဲစိတ်မှုက သုံးနာရီကြာ​နေတာက​ရော ??? "

ချင်ရှန်းက စိတ်မရှည်လက်မရှည် ပိုပိုဖြစ်လာသည်။
" ငါ့ရဲ့ခွဲစိတ်ပြီးခါစ ပုံဆိုးပန်းဆိုးကြီးကို မင်းတို့ဆီ ဘယ်လိုမြင်ခိုင်းရပါ့မလဲ ??? "

​ပေါ်ယွီ : " ........ "

ဆရာဝန်က ချင်ရှန်းရဲ့​ရောဂါအ​ခြေအ​နေကို ​ပေကပ်ကပ်နဲ့ ​ပြောမပြချင်တာ မထူးဆန်း​တော့ပါဘူး။ ကုသနည်းဟာ အလွန့်အလွန် ရိုးရှင်းသည်မို့ ​ပေါ်ယွီ တကူးတက သိထားရန် မလို​ကြောင်း ဆရာဝန် ​ပြောတာကိုလည်း မအံ့သြ​တော့ပါဘူး။ ချင်ရှန်း ​​ဆေးရုံတက်တဲ့ လူနာ​ဆောင်ထဲမှာ အလှကုန်ပစ္စည်း​တွေ ​တွေ့​တွေ့​နေရတာကိုလည်း ​ထွေထူး သြချမ​နေ​တော့ဘူး ......

သူမရဲ့မျက်နှာ ​​သွေးဆုတ်ဖြူ​ရော်​နေတာက မိတ်ကပ်ဖို့ထားလို့ကိုး !!!

သူ ​သောက်ကျိုးနည်း အလိမ်ခံလိုက်ရတာပဲ !!!

အ​ကောင်းဆုံးအမျိုးသားသရုပ်​ဆောင်ဆုရှင်က သူပါ ၊ အနာဂတ်ရဲ့ကမ္ဘာလုံးဆိုင်ရာ အထူးချွန်ဆုံး အမျိုးသားသရုပ်​ဆောင်ဆုရှင်ကလည်း သူပဲဖြစ်ရမှာ။ ဒါ​ပေမယ့် သူ့အ​​မေရဲ့အံ့ချီးမကုန်တဲ့ သရုပ်​ဆောင်ကွက်​တွေထဲ သူ့ခမျာ ဂျင်းမိခံလိုက်ရတယ် !!!

​ပေါ်ယွီ သူ့စိတ်ထဲ မ​ကျေမနပ် ​အော်ဟစ်​နေ​လင့်ကစား ချင်ရှန်း​ရှေ့၌ ကိုယ်အမူအရာ နှုတ်အမူအရာကို ​ကောင်း​ကောင်းမွန်မွန် ထိန်းသိမ်းထားမြဲ။
" ကျွန်​တော် ထုပ်ပိုးသိမ်းဆည်းပြီး မနက်ဖြန် ကျိယန်က​နေ ပြန်မယ်။ အ​မေ့ဘာသာ အလုပ်လုပ်​နေရစ်ခဲ့ပါ "

ချင်ရှန်း : " ထိုင်ဦး ၊ အ​မေ ​ပြောစရာရှိတယ် "

​ပေါ်ယွီက အသက်မပါစွာ ​ကျော​ဖြောင့်​ဖြောင့်မတ်လျက် ထိုင်လိုက်၏။​လောကကြီးအ​ပေါ် သူ့ရဲ့ရှူ့မြင်ပုံက ပြင်းပြင်းထန်ထန် ရိုက်ချခံလိုက်ရသည့်နှယ်။

" မင်းက ကုမ္ပဏီဥက္ကဋ္ဌဆက်ဖြစ်​နေဦးမှာ။ အ​မေက လုပ်ငန်းစုရဲ့ကိစ္စအ၀၀ကို တာဝန်ယူဆုံးဖြတ်​ပေးရုံပဲ "
ချင်ရှန်းက ​ရေတစ်ခွက် ငှဲ့​သောက်လိုက်သည်။
" ဘဏ္ဍာ​ရေးဋ္ဌာနက ချင်လုပ်ငန်းစုရဲ့နှစ်စဉ်အမြတ်​ငွေကို မင်းကဒ်ထဲ လွှဲ​ပေးလိမ့်မယ် "

" ကျွန်​တော်က ပိုက်ဆံရှားပါးမ​နေဘူး "

" က​လေးပြုစုပျိုး​ထောင်ရတာက ​​ငွေကုန်​ကြေးကျ များပါသဘိနဲ့။ ဒီဘွား​အေက ဖရဲသီး​လေးကို ကျူရှင်ခ​ပေးတယ် ​​အောက်​မေ့လိုက် "
ချင်ရှန်းက မျက်​မှောင်ကြုတ်သည်။
" ​ပေါ်လျန်က မင်းကို ယဉ်​ကျေးဖို့ သင်​ပေးမထားဘူးလား ??? "

" အ​မေ ဘယ်လိုထင်လဲ "

" ထားပါ ၊ ငါ ​နောက်တစ်​နာရီ​နေရင် အစည်းအ​ဝေးတစ်ခု တက်စရာရှိ​သေးတယ်။ မင်းနဲ့ ဂိမ်းကစား​နေဖို့ အချိန်မရှိဘူး "

ချင်ရှန်းက ​​လေးနက်စွာ အသံကို နှိမ့်​ပြောသည်။
" လွန်ခဲ့တဲ့ နှစ်ရက်က ငါ စုန့်မိသားစုနဲ့ ​ဆွေး​နွေးခဲ့တယ်။ အဲဒီကိစ္စကို ကိုင်တွယ်ဖို့ အ​မေ မင်းကို ကူညီ​ပေးမယ် ၊ ဒါ​ပေမယ့် မင်းကိုယ်မင်း စုန့်ရှီလင်ဆီ ထုတ်​ရောင်းမစားလိုက်နဲ့ဦး"

" ဟင် ??? "

" ​ပေါ်လျန်က အကြံသမား။ မင်းက စီးပွား​ရေးကိစ္စ​တွေမှာ သူ့ပြိုင်ဖက်မဟုတ်ဘူး။ စုန့်ရှီလင်ဆိုတဲ့က​လေးက ​ပျင်းစရာ​ကောင်း​ပေမယ့် မင်းကို ​တော်​တော်လေး ချစ်ရှာတာ။ အ​မေ့ကို အဲဒီလို လာကြည့်မ​နေနဲ့။ ငါက မင်းအ​မေပါ "

ခွဲစိတ်မှုပြီးကတည်းက သူ နှစ်ရက်သုံးရက်​လောက် မမြင်မ​တွေ့ခဲ့ရတဲ့ ချင်ရှန်းဟာ ဟိုတ​လောကဲ့သို့ ခယ​အောက်ကျို့မ​နေ​​တော့။

မျက်စိ​ရှေ့ရှိ ပြတ်ပြတ်သားသား ပြုမူ​ပြောဆို​နေ​သော စိတ်ဓါတ်မာမာထန်ထန် အမျိုးသမီးကြီးက သူ့မှတ်ဉာဏ်များအတွင်း ကြံ့ခိုင်ဖြတ်လတ်သန်မာသည့် အ​မေ့ပုံရိပ်နှင့် ထပ်တူကျသွားခဲ့သည်။

ယခင် သူမရဲ့​ပျော့​ပျော့ညံ့ညံ့ အားနွဲ့​နေခြင်းက အတုအ​ယောင် ဟန်​ဆောင်မှုများသာ ......

အဲဒီအချိန်က ဒီအကွက်​တွေမှန်း ကြိုသိခဲ့ရင် သူမကို ပစ်ပစ်ခါခါ ဆက်ဆံခဲ့လိုက်မှာ။
​ပေါ်ယွီသူ့အ​တွေးထဲသူ နစ်​နေကာ စိတ်နဲ့ကိုယ်နဲ့ မကပ်။

ချင်ရှန်း : " အ​မေ့မှာ ​ပြောဖို့ကျန်​သေးတယ် "

​ပေါ်ယွီ : " ဘာလဲ ??? "

" မင်းက ​ပေါ်လျန့်ညီ မဟုတ်ဘူး "
သူမက အံတင်းတင်းကြိတ်လျက် အမှန်တရားကို ရှင်းပြရန် အချိန်ယူလိုက်သည်။
" မင်းနဲ့သူက ​သွေးမ​တော်သားမစပ်ဘူး "

" ဒါဆို ကျွန်​တော်က ဘယ်သူ့မျိုး​စေ့လဲ ??? "
​ပေါ်ယွီက ​အေးစက်စက်။ရိုးရိုးသားသား ဝန်ခံရပါမူ သူ ချင်ရှန်း​ ပြောတာ​တွေကို မယုံ​ချေ။ချင်ရှန်း ​ပြောသမျှက အလိမ်အညာ​တွေဟုပင် သူ ယုံကြည်ချင်သည်။

သို့​ပေမင့် ချင်ရှန်းမျက်ဝန်း​တွေက သူမ မလိမ်​ကြောင်း သက်​သေပြ​နေသည်။

" အဲဒီလူနဲ့ လမ်းခွဲပြီးပြီးချင်း အ​မေ ​လော​င်ပေါ်နဲ့ လက်ထပ်ခဲ့တယ် "
ချင်ရှန်းက ဆိုသည်။
" အစက အ​မေလည်း မင်းကို ​ပေါ်မိသားစုရဲ့က​လေးလို့ မှတ်ခဲ့တာ။ မင်း တစ်နှစ်သားအရွယ် ​ရောက်တော့ မင်းရဲ့ရုပ်က သူနဲ့ ပိုပိုဆင်လာတယ်။ အဲဒီကျမှ အ​မေ သိလိုက်တာ ၊ မင်းရဲ့မျိုးရိုးနာမည်က ​ပေါ် မဖြစ်နိုင်ဘူးလို့ "

​" ........... "

​ပေါ်ယွီ နှုတ်ခမ်းများကို ဖိကိုက်လိုက်ရင်း တစ်ခွန်းတစ်ပါဒမျှ မ​ဖြေ။

တစ်ခါတရံ ဆိတ်ဆိတ်​နေခြင်းက အ​ကောင်းဆုံးအ​ဖြေ ဖြစ်သွားခြင်းမျိုး ရှိတတ်သည်။

" အ​မေက အဲဒီလျှို့ဝှက်ချက်ကို ရှာ​တွေ့ခဲ့တယ် ၊ ​ပေါ်လျန်​ရောပဲ "

ချင်ရှန်းက တိုးတိတ်စွာ ဆက်​ပြောသည်။
" အဲဒီအချိန်တုန်းက ​ပေါ်လျန် ဆယ်နှစ်​သားလောက်များလား။ မင်းက ​ပေါ်မိသားစုရဲ့မျိုးဆက်မဟုတ်မှန်း ဆယ်နှစ်အရွယ် က​လေးတစ်​ယောက်က ရှာ​တွေ့ခဲ့တာ။ ဒါ​ပေမယ့် သူ ပထမဆုံး လုပ်ခဲ့တဲ့အလုပ်က အဲဒီအ​ကြောင်းကို ဖုံးကွယ်ထားပြီး မဖော်ထုတ်တာပဲ။ သူ ဘယ်​လော​က်တောင် အကြံအစည်​တွေ ချထားမလဲဆိုတာ ငါ တကယ် စိတ်ကူးကြည့်လို့မရဘူး "

" အဲဒီ​တော့ ??? "
​ပေါ်ယွီ့နှလုံးသားဟာ အကြွင်းမဲ့ ရှုပ်​ထွေးရစ်​​နှောင်​နေသည်။

ထိုအရာက အမှန်သာဆိုလျှင် သူ့အ​ပေါ် ​ပေါ်လျန်ရဲ့ဒွိဟဖြစ်ဖွယ် မရှင်းမလင်း အပြုအမူများအတွက် ​ဖြေရှင်းချက်တစ်ခု ရခဲ့​ချေပြီ။

------ သူတို့နှစ်​ယောက်က ညီအစ်ကိုအရင်း​တွေ မဟုတ်မှန်း ​ပေါ်လျန်က သိ​နေခဲ့တာကိုး။ အဲဒါ​ကြောင့်မို့ သူ့ကို စိတ်အ​နှောင့်အယှက်မရှိ စ​နောက်ကျီစယ်​နေခဲ့တာ ......

ဘယ်လို ​သောက်ကျိုးနည်းတဲ့ ​လောကကြီးလဲကွာ ......

" ငါ မင်းကို အ​ဝေး​ခေါ်ပြီး ထွက်သွားချင်ခဲ့တယ်။ ဒါ​ပေမယ့် ​ပေါ်လျန်က ခွင့်မပြုဘူး။ သူ ​လောင်​​ပေါ်ကို ဘာ​ပြောလိုက်သလဲ​ အ​​မေ မသိရဘူး။ အဲဒီ​ပြောပြီးကတည်းက ​မင်းကို ​ခေါ်သွားဖို့ ​လောင်​ပေါ်က အ​မေ့ကို ပိတ်ပင်လိုက်တယ် "

မှတ်ဉာဏ်များက တရိပ်ရိပ် ​ပေါ်လာခဲ့သည်။သူမ၌ ​နောက်ထပ်အခွင့်အ​ရေးတစ်ခု ရရှိခဲ့ပါက ဤကိစ္စ​တွေ တစ်ဖန် ပြန်မကျော့​အောင် အစွမ်းကုန် တားဆီးမည်ပင်။

" အ​မေက မင်းကို ​ခေါ်သွားလို့မရဘူး။ ​ပေါ်လျန်က မင်းကို ပိတ်သိမ်းထားတယ်။ ​လောင်​ပေါ်က မင်းရဲ့ဖြစ်တည်မှုအမှန်ကို ရှာ​တွေ့သွားမှာမျိုး ငါ မလိုလားခဲ့ဘူး "
ချင်ရှန်းက ပြုံးသည်။

" ​လောင်​ပေါ် ​သေသွားတဲ့အချိန် ငါ စိတ်သက်သာရာရခဲ့တယ် "

" အဲဒါ​ကြောင့် အ​ဖေ့ဈာပနပြီးတာနဲ့ အ​ဖေ ဘာမှမယူဘဲ ကျိယန်ကို တစ်​ယောက်တည်း ဆင်းသွားခဲ့တာလား ??? "

ချင်ရှန်းက ​ခေါင်းညိတ်သည်။ ဒီက​လေး ​နောက်ဆုံး​တော့ ဉာဏ်​ကောင်းလာပြီပဲ။

​ပေါ်ယွီ : " အဲဒါဆို ကျွန်​တော့်အ​ဖေအရင်းက ဘယ်သူလဲ ??? တစ်​နေ့နေ့ကျမှ ကျွန်​တော့်အ​ဖေပါဆိုတဲ့ ​သေခါနီးဦး​လေးကြီးတစ်ယောက် ဘွားခနဲ ​ပေါ်လာပြီး သူ့ရဲ့သိန်းသန်းချီ​နေတဲ့ အ​မွေ​တွေ ဆက်ခံခိုင်း​နေမှာကို မလိုချင်ဘူး​နော် "

" သူက ​သေပြီ "

ချင်ရှန်းက ဇာတ်လမ်းရှည်ကြီးကို ချုံ့ချပစ်လိုက်သည်။
" သူ့မိသားစုက အ​တော်​လေး ချမ်းသာပါ​ပေမယ့် ​ပေါ်မိသားစုနဲ့​တော့ ဘယ်ယှဉ်နိုင်ပါ့မလဲ။ အ​မေတို့ လမ်းခွဲအပြီး သူ့မိသားစုလည်း စီးပွားပျက် ၊ သူလည်း ​သေပဲ။ မင်းကို အ​မွေ​တွေလာဆက်ခံခိုင်း​နေမှာကို ပူမ​နေနဲ့ ၊ ရတယ် "

" ဘယ်လိုလုပ် စီးပွားပျက်သွားတာလဲ ??? "
မူမမှန်သည်ကို ​ပေါ်ယွီ တန်းခံစားလိုက်မိ၏။

ချင်ရှန်းက ယင်းကိစ္စဟာ သူ့စိတ်ထဲ နည်းနည်းမျှ မ​ရေးမပါသည့်အလား ​တည်ငြိမ်​အေး​ဆေးစွာ။
" သူက ငါ့ကို သစ္စာ​ဖောက်ခဲ့တယ်​လေ ၊ ငါက ဒင်းကို လွယ်လွယ်​လေး လွှတ်​ပေးလိုက်ရမတဲ့လား "

သူမ ​ပေါ်က​တော်ဖြစ်လာ​သောအခါ နှလုံးသားမဲ့​သည့် ရည်းစား​ဟောင်းအား ဖျက်ဆီး ၊ ထိုလူ့ဘ၀ကို တစ်စစီ ​ချေမှုန်းပစ်ရန် ​ပေါ်မိသားစု၏ အဆက်အသွယ်နှင့် အင်အားကို အသုံးပြုခဲ့ခြင်း။

သူမ ဆိုလိုသည်ကို ​ပေါ်ယွီ ချက်ချင်း တီးမိ​ခေါက်မိရှိလိုက်၏။သူ မတ်တပ်ထရပ်လိုက်သည်။
" ကျွန်​တော် ပြန်ဦးမယ် ၊ အပြင်မှာ သူ ​စောင့်​နေလို့ "

" အ​မေ့ဥစ္စာက သားဥစ္စာပဲ။ တစ်ခုရှိတာက အ​မွေမဆက်ခံခင် အ​မေ ​သေတဲ့အထိ ​စောင့်ရမယ် "

ချင်ရှန်းက ​ပေါ်ယွီ့စိတ်ခံစားချက်များကို လုံးလုံးလျားလျား မျက်ကွယ်ပြုထားသည်။
" မင်းက အ​မေ့အ​မွေကို ဆက်ခံဖို့ အရည်အချင်းပြည့်မီတဲ့သူ။ ဒါ​ပေမယ့် သူစိမ်း​တွေ ငါ့ကုမ္ပဏီမှာ ရုတ်ရုတ်ရုတ်ရုတ် လာလုပ်​နေတာကို​တော့ ငါ ပွဲကြည့်မ​နေနိုင်ဘူး "

{ T/N : ​အား​ပေါ်က သူ့ချစ်ချစ်အကြံအစည် ​အောင်ဖို့အ​ရေး ချင်လုပ်ငန်းစုကို စုန့်ရှီလင်ဆီ ထိုးအပ်လိုက်မှာကို ​ပြောချင်တာပါ }

​ပေါ်ယွီခမျာ အသိစိတ်​ပျောက်မတတ် ချင်ရှန်းအား ​ဒေါသအလီလီ ထွက်​နေခဲ့သည်။

သူမက သူ့ကို နှစ်​ပေါက်တစ်​ပေါက် ရိုက်​နေမှန်းသာ သူ ​စော​စောစီးစီး သိခဲ့လျှင် ၊ ကုမ္ပဏီဥက္ကဋ္ဌဟူသည့် ​နေရာက ဗလာသက်သက် နာမည်တစ်ခုမှန်းသာ သူ ကြိုသိခဲ့လျှင် ၊ ဒါ​တွေက ချင်ရှန်း သူ့ဖို့ ပုံဆွဲထားတဲ့ ပိုင်မုန့်ကြီးမှန်းသာ သူ သိခဲ့လျှင် ၊

သူ !!! ဒီ​နေရာကို !!! လုံး၀ !!! လုံး၀ !!! ​ခြေဦးလှည့်ခဲ့မှာ !!! မဟုတ်ဘူး !!!

​ပေါ်ယွီက တံခါးကို ​ဆောင့်ပိတ်ထွက်သွားခဲ့သည်။

တံခါးဝမှာ မိုးထိုးမတ်တပ်ရပ်နေ​သော လျှို့ယွင်က ​ပေါ်ယွီကို အံ့သြစွာ ကြည့်သည်။​ပေါ်ယွီကမူ လျှို့ယွင်အား ​မျက်နှာ​သေနှင့် လျစ်လျူရှူထားခဲ့​လေသည်။

​ပေါ်ယွီဟာ လျှို့ယွင်​ဘေးမှ ​ဖြတ်​လျှောက်သွား၏။

စုန့်ရှီလင်က စင်္ကြန်လမ်းအဆုံးတွင် ရပ်​နေခဲ့သည်။ထိုအမျိုးသားက ​ပေါ်ယွီကို မြင်သည်နှင့် သူ့လက်​ချောင်းများကြားရှိ စီးကရက်အား မဆိုင်းမတွ မီးငြှိမ်းသတ်၍ ​ပေါ်ယွီထံပါး တိုးလာသည်။
" အကုန်လုံး ရှင်းရှင်းလင်းလင်း စကား​ပြောခဲ့ပြီလား ??? "

" အင်း ၊ ရှင်းခဲ့ပြီ "
​ပေါ်ယွီ အကြည့်ခပ်​ရေး​ရေးမျှ ပို့လွှတ်လိုက်သည်။
" ဒီကိစ္စက အ​မေ ငါ့အတွက် ပုံ​ဖော်ထားတဲ့ ပိုင်မုန့်ဆိုတာ မင်း သိခဲ့ပြီးသားလား ??? "

" အင်း "

" အ​မေ့ရဲ့အကြီးစားခွဲစိတ်မှုဆိုတာကြီးက​ သွားအစားထိုးစိုက်တဲ့ကိစ္စမှန်း​ရော မင်း သိပြီးသားလား ??? "

စုန့်ရှီလင် တုံ့ခနဲ ၊ ထို​နေ့ ခွဲစိတ်ခန်းတံခါး​ရှေ့၌ ​ပေါ်ယွီ ငို​ကြွေးခဲ့သည့် မျက်ရည်စများကို ပြန်​ပြောင်းသတိရလိုက်ရာ သူ ထပ်မံ သည်းမခံနိုင်​တော့​ချေ။
" အင်း "

" မင်း ဘာလို့များ ငါ့ကို ​စော​စော ​ပြောမပြခဲ့တာလဲ ??? "

" မင်း သိထားတယ်လို့ ကိုယ် ထင်​နေတာ "
စုန့်ရှီလင်အသံက တိုးဖွဖွ။သူလည်း ချင်ရှန်းကို စိုးရိမ်သဖြင့် တာဝန်ကျဆရာဝန်က ​ရောဂါအမှန်​ပြောပြ​စေရန် လူတစ်​ယောက်ကို လွှတ်ကာ ဖိအား​ပေးခဲ့သည်။

ထိုမှ ချင်ရှန်းဟာ သွားအစားထိုးမည့် ကိစ္စ​လေးဖြစ်​ကြောင်း သိခဲ့ရသည်။

​ပေါ်ယွီ ခြေလှမ်း​တွေ တုံ့ဆိုင်းသွားပြီး နှုတ်ခမ်းထိပ်ဖျား​သို့ ​ရောက်​နေ​သော စကားလုံးများကို မျိုသိပ်လိုက်၏။

အ​မေက အခု​လေးတင် ​ပြောလိုက်တယ် ၊ ငါက ​ပေါ်မိသားစုရဲ့က​လေး မဟုတ်ဘူးတဲ့ ...

ဝန်ခံရပါလျှင် သူ ချင်ရှန်းစကား​များအား မယုံကြည်။သို့တိုင် သူမအမူအရာက ​နောက်​ပြောင်​နေပုံ မရသည့်အ​လျောက် သူ့ထံ၌ ယုံကြည်ရုံကတစ်ပါး အခြား​ရွေးချယ်စရာ နတ္ထိ။

အဲဒီ​တော့ သူ စစ်​ဆေးရမည်။

ရလဒ် ထွက်လာပါက စုန့်ရှီလင်ကို ​ပြောပြမည်။

အနှီထွက်လာမည့် ရလဒ်က သူ ​မျှော်လင့်သည့် ရလဒ်ဖြစ်​နေဖို့ ဆန္ဒပြုပါ​ကြောင်း ..........

.
.
.
.
.
.

See you on coming Sunday ❤❤❤

Wattpad ​လေး ပြန်ရသွားလို့ ​တော်ပါ​သေးတယ် 😿😿😿



















































Zawgyi

ခ်င္႐ွန္း ​ေဆး႐ုံတက္​ေနရ​ေၾကာင္း ခ်င္လုပ္ငန္းစု၌ သတင္းပ်ံ႕ႏွံ႔သြား​ေသာအခါ လုပ္ငန္းစုအတြင္းပိုင္းက စတင္ လႈပ္ခတ္လာသည္။

ဥကၠ႒အသစ္က ​ေနရာ၀င္ယူထား​ေသာ္လည္း ​ေပၚယြီက ​ေငြၾကယ္ပြင့္တစ္​ေယာက္ျဖစ္သည့္အျပင္ အရင္ တစ္ႀကိမ္တစ္ခါမွ် ဒီလိုလုပ္ငန္းစုစီးပြား​ေရးမ်ိဳးကို မကိုင္တြယ္ဖူးသူမို႔ ခ်င္လုပ္ငန္းစု၏ ပဲ့နင္းဦး​ေထာင္အ​ေျခအ​ေနက ျပင္းျပင္းထန္ထန္ လိႈက္စား​ေနသည္။

သ႐ုပ္​ေဆာင္တစ္ဦးက ခ်င္လုပ္ငန္းစုအား ​ေကာင္း​ေကာင္းမြန္မြန္ စီမံဦး​ေဆာင္ႏိုင္လိမ့္မည္ဟု သူတို႔ မယုံ။

​​ေပၚယြီတစ္​ေယာက္ ခ်င္လုပ္ငန္းစု၏အ​ေျခအ​ေနကို မဖမ္းဆုပ္ႏိုင္မီ သူ႕အား စိတ္ပူ၍ ခ်င္လုပ္ငန္းစုဆီ အ​ေျပးအလႊား ျပန္လာတဲ့ ခ်င္း႐ွန္း​ေၾကာင့္ ​ေပၚယြီ အံ့ၾသသြားရသည္။သူ ႐ုတ္တရက္ အာ​ေစးမိ​ေန၏။

ဝွီးခ်ဲလ္​ေပၚမွာ ထိုင္​ေန​ေသာ ခ်င္႐ွန္းဟာ ​ေပၚယြီ႕ေဘးက ​လွ်ိဳ႕ယြင္ကို ​ေအးတိ​​ေအးစက္ ၾကည့္သည္။

လွ်ိဳ႕ယြင္၏အသက္႐ွဴသံ​ေတြက ဆိတ္သုဥ္း​ေနသည္။သူ႕ခမ်ာ အဆိပ္ျပင္းျပင္း ​ေႁမြႀကီးတစ္​ေကာင္ စူးစိုက္ၾကည့္​ျခင္းကို ခံ​ေနရသည့္ပမာ။ခ်င္႐ွန္းရဲ႕အၾကည့္​ေတြ ဖယ္ခြာသြား​ေတာ့မွ အသက္႐ွဴ​ေခ်ာင္စြာ သက္ျပင္းတစ္ခ်က္ မႈတ္ထုတ္လိုက္သည္။​သူ႕​ေနာက္​ေက်ာဝယ္ ​ေခြၽး​ေစးမ်ားက တ႐ႊဲ႐ႊဲ။

​ေပၚယြီ : " အ​ေမ ဒီကို ဘယ္လိုလုပ္ ​ေရာက္လာတာလဲ ??? "

ခ်င္႐ွန္းရဲ႕မ်က္ခုံးမ်က္လုံးမ်ားက အ​ေရးမထားဟန္ အျပည့္။
" စုန္႔႐ွီလင္ ၊ လွ်ိဳ႕ယြင္ ၊ အျပင္ထြက္​ၾက။ ငါ ​ေပၚယြီနဲ႔ ​ေျပာစရာ႐ွိတယ္ "

အလကားမတ္တင္း ဒါ႐ိုက္ဘာ​ေလးအျဖစ္ တာဝန္ထမ္း​ေဆာင္​ေနရတဲ့ စုန္႔႐ွီလင္က ဝွီးခ်ဲလ္ကိုင္ထားသည့္လက္ကို လႊတ္​ေပးလိုက္၏။ခ်င္႐ွန္း ထိုင္​ေန​ေသာ ဝွီးခ်ဲလ္အား ​ေပၚယြီ ႐ုံးခန္းထဲ တြန္းဝင္သြားသည္အထိ ​ေငးၾကည့္​ေန၍ ထြက္ခြာသြားခဲ့သည္။

​ေပၚယြီ : " အ​ေမက အ​ေနာက္​ေတာင္ၿမိဳ႕​ေတာ္မွာ ႐ွိ​ေနရမွာ မဟုတ္ဘူးလား ??? "

ဝွီးခ်ဲလ္​ေပၚက ခ်င္႐ွန္းက ဆိုသည္။
" ဒီအ​ေမသာ ထုံထုံထိုင္းထိုင္းနဲ႔ ​ေသခ်င္​ေယာင္​ေနရင္ မင္း ငါ့မိသားစုစည္းစိမ္​​ေတြ ျပဳတ္ျပဳတ္ျပဳန္း​ေအာင္ ဆြမ္းႀကီး​ေလာင္းတာကို ထိုင္​ေစာင့္သလို ျဖစ္​ေနလိမ့္မယ္ "

" ကြၽန္​ေတာ္ အ​ေမ့စည္းစိမ္​ေတြကို ဆြမ္းႀကီးမ​ေလာင္းပါဘူး "

​ေပၚယြီ မ်က္လုံးလွန္လိုက္​ေသာ္ျငား ခ်င္႐ွန္းကို တည့္တည့္မၾကည့္ရဲ။
" အ​ေမ့ဘာသာ မ​ေျပာခဲ့ဘူးလား ၊ ကုမၸဏီကို ကြၽန္​ေတာ္႕ဆီ ​ေပးမယ္ဆို ၊ အခု ကုမၸဏီပိုင္႐ွင္က ကြၽန္​ေတာ္ပဲ​ေလ ........ "

" ​​အ​ေမ ​ေျပာပါ​ေသးတယ္ ၊ ခြဲစိတ္မႈၿပီးရင္ ကြၽန္​ေတာ္နဲ႔အတူတူ ဟြားၿမိဳ႕​ေတာ္ကို အၿငိမ္းစားယူ လိုက္ခဲ့မယ္တဲ့။ ဘာလို႔ ဒီကို ​ေရာက္လာတာလဲ ??? "
​ေပၚယြီ ​ေျပာရင္း​ေျပာရင္း တစ္ခုခုက ထူးဆန္းလာသ​ေယာင္။

သူ ​ေျပာ​ေလ​ေလ တစ္စုံတစ္ရာကို ​ေရး​ေတး​​ေတး အာ႐ုံရလာ​ေလ​ေလ။သူ႕အျမင္အရ ခ်င္႐ွန္း၏ အျပဳအမူ​ေတြဟာ လုံးဝ ​ေ႐ွ႕​ေနာက္မညီ --- ခြဲစိတ္မႈမတိုင္ခင္ သူမက သူ႕ကို ကုမၸဏီလႊဲ​ေပးမည္ဟု အတိအလင္း ကတိ​ေပးခဲ့သည္။ခြဲစိတ္မႈလည္း နိတၳိတံ​ေရာ သူမခႏၶာကိုယ္က ​ေငါက္ခနဲ ထူထူ​ေထာင္​ေထာင္ျဖစ္သြားကာ သူမစကားသူ ခ်က္ခ်င္းလက္ငင္း ျပန္​ေကာက္သိမ္းသြား၏။

ဆို႐ိုး႐ွိသည့္ႏွယ္။မိန္းမတစ္​ေယာက္အား ႀကိဳတင္ခန္႔မွန္းမရ​​ေခ်။

ခ်င္႐ွန္းက ​ေဒါသထြက္ထြက္ ရယ္သည္။
" ငါ အခု အၿငိမ္းစားယူ ႏႈတ္ထြက္​ေတာ့မယ္လို႔ မင္းက ထင္​ေနတာ​ေပါ့ ??? "

​ေပၚယြီက 'အဲဒီလိုမဟုတ္ဘူးလား' ဟု အဓိပၸါယ္ပါ​ေနသည့္ မ်က္ဝန္းမ်ားျဖင့္ ခ်င္႐ွန္းအား ၾကည့္​ေနသည္။

ခ်င္႐ွန္းမွာ ​ေပၚယြီ႕ကို အဖက္လုပ္႐ွင္းျပဖို႔ပင္ ပ်င္းပ်င္းရိရိ။
" ဒီတ​ေလာ ငါ ​​ေဒါင္​ေဒါင္ျမည္ ေန​ေကာင္းသြားၿပီ။ ဆရာဝန္က အာမဘ​​​ေႏၲခံလိုက္တယ္ ၊ ငါ့ရဲ႕​ေလာ​ေလာဆယ္ က်န္းမာ​ေရးအ​ေျခအ​ေနက ကုမၸဏီအလုပ္​ေတြ လုပ္လို႔ရတယ္တဲ့။ အဲဒါ​ေၾကာင့္ ခ်င္လုပ္ငန္းစုကို ဆက္စီမံခန္႔ခြဲဖို႔ ငါ ျပန္လာခဲ့မယ္ "

" ခဏ ! ခဏ !! အ​​ေမက မ​​ေအာင္ျမင္ရင္ ​​ေသႏိုင္မယ့္ ခြဲစိတ္မႈအႀကီးႀကီးကို လုပ္ခဲ့တာ မဟုတ္ဘူးလား ??? "

တစ္​ေနရာရာက မူမမွန္ေၾကာင္း ​ေပၚယြီ သ​ေဘာ​ေပါက္လိုက္သည္။
" အ​ေမ ဘယ္လိုလုပ္ အလုပ္လာလုပ္ႏိုင္တာလဲ ??? အ​ေမ့​ေရာဂါက ဘာတဲ့လဲ ??? "

" ငါ ​ေသ​ေလာက္တဲ့ ​ေရာဂါျဖစ္ေနတယ္လို႔ မင္းကို ဘယ္တုန္းကမ်ား ​ေျပာဖူးလဲ ??? "

ခ်င္႐ွန္းက ​ေပၚယြီကို ဉာဏ္တုံး​သည့္ အ႐ူး​ေလးအလား ၾကည့္သည္။
" အဲဒါက အ​ေသးစားခြဲစိတ္မႈ​ေလးပါ။ အလြန္ဆုံး တစ္လဆိုရင္ ျပန္​ေကာင္းတယ္ "

" ဘာခြဲစိတ္မႈလဲ ??? "
​ေပၚယြီက ဇြဲမ​​ေလ်ာ့တမ္း ​ေမးသည္။

" သြားကိုက္တာ​ေလ။ အရင္ အစားထိုးစိုက္ခဲ့တဲ့သြားက ျပသာနာျဖစ္​ေနတာ "
ခ်င္႐ွန္းက ​ေအး​ေအးလူလူ ​ေျဖသည္။

​ေပၚယြီ သူမထံ ျပန္လာ​ေတြ႕​ေစဖို႔အ​​ေရး သူမရဲ႕​ေရာဂါကို တစ္စိတ္တစ္အိတ္လုပ္ခဲ့ရသည္။ယခု သူမသား​ေလးကို​​ေရာ ၊ သူမ​ေျမး​ေလးကိုေရာ မ်က္ႏွာျမင္ရၿပီးၿပီမို႔ ၿငိမ္းၿငိမ္းခ်မ္းခ်မ္း အလုပ္ဆက္လုပ္ႏိုင္​ေခ်ၿပီ။

ခ်င္လုပ္ငန္းစုရဲ႕သံမဏိသခင္မက ခ်င္လုပ္ငန္းစုမွာ မ႐ွိလွ်င္ ဘယ္လိုမ်ား ခ်င္လုပ္ငန္းစုဟု ေခၚ​ေဝၚပါ​ေတာ့မည္နည္း။

​ေပၚယြီ : " သြားကိုက္တာ​ေလး​ေၾကာင့္နဲ႔ အ​ေမ ဘာလို႔ ​ေဆး႐ုံတက္တာတုန္း ??? သြားဆရာဝန္နဲ႔ ျပရမွာ မဟုတ္ဘူးလား ??? ...... အ​ေမ တကယ္ သြားအစားထိုးစိုက္ခဲ့တာဆိုရင္ ဘယ္လိုလုပ္ အၾကာႀကီး သတိ​ေမ့​ေနတာလဲ ??? "

" ငါက အသက္ႀကီးၿပီ​ေလ။ နာမွာက်င္မွာလည္း ​ေၾကာက္တယ္။ အဲဒါ​ေၾကာင့္ ဆရာဝန္ကို ​ေမ့​ေဆးနည္းနည္းပို​ေပးဖို႔ ​ေျပာထားတာ။ တ​ေရးတ​ေမာအိပ္ ျဖတ္​ေက်ာ္လိုက္တာေပါ့ "
ခ်င္႐ွန္း၏ သ​ေဘာထားက ​သူမ ​ေဆး႐ုံတက္​​ေနစဥ္ကႏွင့္ မိုး​ေျမပမာ ကြာျခားလွသည္။သူမမ်က္ႏွာက စိတ္မ႐ွည္မႈမ်ား ျပည့္ႏွက္​ေန၏။

​ေပၚယြီ ခ်င္႐ွန္းအား စိတ္ကုန္စြာ ၾကည့္လိုက္သည္။
" ခြဲစိတ္မႈက သုံးနာရီၾကာ​ေနတာက​ေရာ ??? "

ခ်င္႐ွန္းက စိတ္မ႐ွည္လက္မ႐ွည္ ပိုပိုျဖစ္လာသည္။
" ငါ့ရဲ႕ခြဲစိတ္ၿပီးခါစ ပုံဆိုးပန္းဆိုးႀကီးကို မင္းတို႔ဆီ ဘယ္လိုျမင္ခိုင္းရပါ့မလဲ ??? "

​ေပၚယြီ : " ........ "

ဆရာဝန္က ခ်င္႐ွန္းရဲ႕​ေရာဂါအ​ေျခအ​ေနကို ​ေပကပ္ကပ္နဲ႔ ​ေျပာမျပခ်င္တာ မထူးဆန္း​ေတာ့ပါဘူး။ ကုသနည္းဟာ အလြန္႔အလြန္ ႐ိုး႐ွင္းသည္မို႔ ​ေပၚယြီ တကူးတက သိထားရန္ မလို​ေၾကာင္း ဆရာဝန္ ​ေျပာတာကိုလည္း မအံ့ၾသ​ေတာ့ပါဘူး။ ခ်င္႐ွန္း ​​ေဆး႐ုံတက္တဲ့ လူနာ​ေဆာင္ထဲမွာ အလွကုန္ပစၥည္း​ေတြ ​ေတြ႕​ေတြ႕​ေနရတာကိုလည္း ​ေထြထူး ၾသခ်မ​ေန​ေတာ့ဘူး ......

သူမရဲ႕မ်က္ႏွာ ​​ေသြးဆုတ္ျဖဴ​ေရာ္​ေနတာက မိတ္ကပ္ဖို႔ထားလို႔ကိုး !!!

သူ ​ေသာက္က်ိဳးနည္း အလိမ္ခံလိုက္ရတာပဲ !!!

အ​ေကာင္းဆုံးအမ်ိဳးသားသ႐ုပ္​ေဆာင္ဆု႐ွင္က သူပါ ၊ အနာဂတ္ရဲ႕ကမ႓ာလုံးဆိုင္ရာ အထူးခြၽန္ဆုံး အမ်ိဳးသားသ႐ုပ္​ေဆာင္ဆု႐ွင္ကလည္း သူပဲျဖစ္ရမွာ။ ဒါ​ေပမယ့္ သူ႕အ​​ေမရဲ႕အံ့ခ်ီးမကုန္တဲ့ သ႐ုပ္​ေဆာင္ကြက္​ေတြထဲ သူ႕ခမ်ာ ဂ်င္းမိခံလိုက္ရတယ္ !!!

​ေပၚယြီ သူ႕စိတ္ထဲ မ​ေက်မနပ္ ​ေအာ္ဟစ္​ေန​လင့္ကစား ခ်င္႐ွန္း​ေ႐ွ႕၌ ကိုယ္အမူအရာ ႏႈတ္အမူအရာကို ​ေကာင္း​ေကာင္းမြန္မြန္ ထိန္းသိမ္းထားၿမဲ။
" ကြၽန္​ေတာ္ ထုပ္ပိုးသိမ္းဆည္းၿပီး မနက္ျဖန္ က်ိယန္က​ေန ျပန္မယ္။ အ​ေမ့ဘာသာ အလုပ္လုပ္​ေနရစ္ခဲ့ပါ "

ခ်င္႐ွန္း : " ထိုင္ဦး ၊ အ​ေမ ​ေျပာစရာ႐ွိတယ္ "

​ေပၚယြီက အသက္မပါစြာ ​ေက်ာ​ေျဖာင့္​ေျဖာင့္မတ္လ်က္ ထိုင္လိုက္၏။​ေလာကႀကီးအ​ေပၚ သူ႕ရဲ႕႐ွဴ႕ျမင္ပုံက ျပင္းျပင္းထန္ထန္ ႐ိုက္ခ်ခံလိုက္ရသည့္ႏွယ္။

" မင္းက ကုမၸဏီဥကၠ႒ဆက္ျဖစ္​ေနဦးမွာ။ အ​ေမက လုပ္ငန္းစုရဲ႕ကိစၥအ၀၀ကို တာဝန္ယူဆုံးျဖတ္​ေပး႐ုံပဲ "
ခ်င္႐ွန္းက ​ေရတစ္ခြက္ ငွဲ႔​ေသာက္လိုက္သည္။
" ဘ႑ာ​ေရး႒ာနက ခ်င္လုပ္ငန္းစုရဲ႕ႏွစ္စဥ္အျမတ္​ေငြကို မင္းကဒ္ထဲ လႊဲ​ေပးလိမ့္မယ္ "

" ကြၽန္​ေတာ္က ပိုက္ဆံ႐ွားပါးမ​ေနဘူး "

" က​ေလးျပဳစုပ်ိဳး​ေထာင္ရတာက ​​ေငြကုန္​ေၾကးက် မ်ားပါသဘိနဲ႔။ ဒီဘြား​ေအက ဖရဲသီး​ေလးကို က်ဴ႐ွင္ခ​ေပးတယ္ ​​ေအာက္​ေမ့လိုက္ "
ခ်င္႐ွန္းက မ်က္​ေမွာင္ၾကဳတ္သည္။
" ​ေပၚလ်န္က မင္းကို ယဥ္​ေက်းဖို႔ သင္​ေပးမထားဘူးလား ??? "

" အ​ေမ ဘယ္လိုထင္လဲ "

" ထားပါ ၊ ငါ ​ေနာက္တစ္​နာရီ​ေနရင္ အစည္းအ​ေဝးတစ္ခု တက္စရာ႐ွိ​ေသးတယ္။ မင္းနဲ႔ ဂိမ္းကစား​ေနဖို႔ အခ်ိန္မ႐ွိဘူး "

ခ်င္႐ွန္းက ​​ေလးနက္စြာ အသံကို ႏွိမ့္​ေျပာသည္။
" လြန္ခဲ့တဲ့ ႏွစ္ရက္က ငါ စုန္႔မိသားစုနဲ႔ ​ေဆြး​ေႏြးခဲ့တယ္။ အဲဒီကိစၥကို ကိုင္တြယ္ဖို႔ အ​ေမ မင္းကို ကူညီ​ေပးမယ္ ၊ ဒါ​ေပမယ့္ မင္းကိုယ္မင္း စုန္႔႐ွီလင္ဆီ ထုတ္​ေရာင္းမစားလိုက္နဲ႔ဦး"

" ဟင္ ??? "

" ​ေပၚလ်န္က အၾကံသမား။ မင္းက စီးပြား​ေရးကိစၥ​ေတြမွာ သူ႕ၿပိဳင္ဖက္မဟုတ္ဘူး။ စုန္႔႐ွီလင္ဆိုတဲ့က​ေလးက ​ပ်င္းစရာ​ေကာင္း​ေပမယ့္ မင္းကို ​ေတာ္​ေတာ္ေလး ခ်စ္႐ွာတာ။ အ​ေမ့ကို အဲဒီလို လာၾကည့္မ​ေနနဲ႔။ ငါက မင္းအ​ေမပါ "

ခြဲစိတ္မႈၿပီးကတည္းက သူ ႏွစ္ရက္သုံးရက္​ေလာက္ မျမင္မ​ေတြ႕ခဲ့ရတဲ့ ခ်င္႐ွန္းဟာ ဟိုတ​ေလာကဲ့သို႔ ခယ​ေအာက္က်ိဳ႕မ​ေန​​ေတာ့။

မ်က္စိ​ေ႐ွ႕႐ွိ ျပတ္ျပတ္သားသား ျပဳမူ​ေျပာဆို​ေန​ေသာ စိတ္ဓါတ္မာမာထန္ထန္ အမ်ိဳးသမီးႀကီးက သူ႕မွတ္ဉာဏ္မ်ားအတြင္း ၾကံ့ခိုင္ျဖတ္လတ္သန္မာသည့္ အ​ေမ့ပုံရိပ္ႏွင့္ ထပ္တူက်သြားခဲ့သည္။

ယခင္ သူမရဲ႕​ေပ်ာ့​ေပ်ာ့ညံ့ညံ့ အားႏြဲ႕​ေနျခင္းက အတုအ​ေယာင္ ဟန္​ေဆာင္မႈမ်ားသာ ......

အဲဒီအခ်ိန္က ဒီအကြက္​ေတြမွန္း ႀကိဳသိခဲ့ရင္ သူမကို ပစ္ပစ္ခါခါ ဆက္ဆံခဲ့လိုက္မွာ။
​ေပၚယြီသူ႕အ​ေတြးထဲသူ နစ္​ေနကာ စိတ္နဲ႔ကိုယ္နဲ႔ မကပ္။

ခ်င္႐ွန္း : " အ​ေမ့မွာ ​ေျပာဖို႔က်န္​ေသးတယ္ "

​ေပၚယြီ : " ဘာလဲ ??? "

" မင္းက ​ေပၚလ်န္႔ညီ မဟုတ္ဘူး "
သူမက အံတင္းတင္းႀကိတ္လ်က္ အမွန္တရားကို ႐ွင္းျပရန္ အခ်ိန္ယူလိုက္သည္။
" မင္းနဲ႔သူက ​ေသြးမ​ေတာ္သားမစပ္ဘူး "

" ဒါဆို ကြၽန္​ေတာ္က ဘယ္သူ႕မ်ိဳး​ေစ့လဲ ??? "
​ေပၚယြီက ​ေအးစက္စက္။႐ိုး႐ိုးသားသား ဝန္ခံရပါမူ သူ ခ်င္႐ွန္း​ ေျပာတာ​ေတြကို မယုံ​ေခ်။ခ်င္႐ွန္း ​ေျပာသမွ်က အလိမ္အညာ​ေတြဟုပင္ သူ ယုံၾကည္ခ်င္သည္။

သို႔​ေပမင့္ ခ်င္႐ွန္းမ်က္ဝန္း​ေတြက သူမ မလိမ္​ေၾကာင္း သက္​ေသျပ​ေနသည္။

" အဲဒီလူနဲ႔ လမ္းခြဲၿပီးၿပီးခ်င္း အ​ေမ ​ေလာ​င္ေပၚနဲ႔ လက္ထပ္ခဲ့တယ္ "
ခ်င္႐ွန္းက ဆိုသည္။
" အစက အ​ေမလည္း မင္းကို ​ေပၚမိသားစုရဲ႕က​ေလးလို႔ မွတ္ခဲ့တာ။ မင္း တစ္ႏွစ္သားအ႐ြယ္ ​ေရာက္ေတာ့ မင္းရဲ႕႐ုပ္က သူနဲ႔ ပိုပိုဆင္လာတယ္။ အဲဒီက်မွ အ​ေမ သိလိုက္တာ ၊ မင္းရဲ႕မ်ိဳး႐ိုးနာမည္က ​ေပၚ မျဖစ္ႏိုင္ဘူးလို႔ "

​" ........... "

​ေပၚယြီ ႏႈတ္ခမ္းမ်ားကို ဖိကိုက္လိုက္ရင္း တစ္ခြန္းတစ္ပါဒမွ် မ​ေျဖ။

တစ္ခါတရံ ဆိတ္ဆိတ္​ေနျခင္းက အ​ေကာင္းဆုံးအ​ေျဖ ျဖစ္သြားျခင္းမ်ိဳး ႐ွိတတ္သည္။

" အ​ေမက အဲဒီလွ်ိဳ႕ဝွက္ခ်က္ကို ႐ွာ​ေတြ႕ခဲ့တယ္ ၊ ​ေပၚလ်န္​ေရာပဲ "

ခ်င္႐ွန္းက တိုးတိတ္စြာ ဆက္​ေျပာသည္။
" အဲဒီအခ်ိန္တုန္းက ​ေပၚလ်န္ ဆယ္ႏွစ္​သားေလာက္မ်ားလား။ မင္းက ​ေပၚမိသားစုရဲ႕မ်ိဳးဆက္မဟုတ္မွန္း ဆယ္ႏွစ္အ႐ြယ္ က​ေလးတစ္​ေယာက္က ႐ွာ​ေတြ႕ခဲ့တာ။ ဒါ​ေပမယ့္ သူ ပထမဆုံး လုပ္ခဲ့တဲ့အလုပ္က အဲဒီအ​ေၾကာင္းကို ဖုံးကြယ္ထားၿပီး မေဖာ္ထုတ္တာပဲ။ သူ ဘယ္​ေလာ​က္ေတာင္ အၾကံအစည္​ေတြ ခ်ထားမလဲဆိုတာ ငါ တကယ္ စိတ္ကူးၾကည့္လို႔မရဘူး "

" အဲဒီ​ေတာ့ ??? "
​ေပၚယြီ႕ႏွလုံးသားဟာ အႂကြင္းမဲ့ ႐ႈပ္​ေထြးရစ္​​ေႏွာင္​ေနသည္။

ထိုအရာက အမွန္သာဆိုလွ်င္ သူ႕အ​ေပၚ ​ေပၚလ်န္ရဲ႕ဒြိဟျဖစ္ဖြယ္ မ႐ွင္းမလင္း အျပဳအမူမ်ားအတြက္ ​ေျဖ႐ွင္းခ်က္တစ္ခု ရခဲ့​ေခ်ၿပီ။

------ သူတို႔ႏွစ္​ေယာက္က ညီအစ္ကိုအရင္း​ေတြ မဟုတ္မွန္း ​ေပၚလ်န္က သိ​ေနခဲ့တာကိုး။ အဲဒါ​ေၾကာင့္မို႔ သူ႕ကို စိတ္အ​ေႏွာင့္အယွက္မ႐ွိ စ​ေနာက္က်ီစယ္​ေနခဲ့တာ ......

ဘယ္လို ​ေသာက္က်ိဳးနည္းတဲ့ ​ေလာကႀကီးလဲကြာ ......

" ငါ မင္းကို အ​ေဝး​ေခၚၿပီး ထြက္သြားခ်င္ခဲ့တယ္။ ဒါ​ေပမယ့္ ​ေပၚလ်န္က ခြင့္မျပဳဘူး။ သူ ​ေလာင္​​ေပၚကို ဘာ​ေျပာလိုက္သလဲ​ အ​​ေမ မသိရဘူး။ အဲဒီ​ေျပာၿပီးကတည္းက ​မင္းကို ​ေခၚသြားဖို႔ ​ေလာင္​ေပၚက အ​ေမ့ကို ပိတ္ပင္လိုက္တယ္ "

မွတ္ဉာဏ္မ်ားက တရိပ္ရိပ္ ​ေပၚလာခဲ့သည္။သူမ၌ ​ေနာက္ထပ္အခြင့္အ​ေရးတစ္ခု ရ႐ွိခဲ့ပါက ဤကိစၥ​ေတြ တစ္ဖန္ ျပန္မေက်ာ့​ေအာင္ အစြမ္းကုန္ တားဆီးမည္ပင္။

" အ​ေမက မင္းကို ​ေခၚသြားလို႔မရဘူး။ ​ေပၚလ်န္က မင္းကို ပိတ္သိမ္းထားတယ္။ ​ေလာင္​ေပၚက မင္းရဲ႕ျဖစ္တည္မႈအမွန္ကို ႐ွာ​ေတြ႕သြားမွာမ်ိဳး ငါ မလိုလားခဲ့ဘူး "
ခ်င္႐ွန္းက ျပဳံးသည္။

" ​ေလာင္​ေပၚ ​ေသသြားတဲ့အခ်ိန္ ငါ စိတ္သက္သာရာရခဲ့တယ္ "

" အဲဒါ​ေၾကာင့္ အ​ေဖ့ဈာပနၿပီးတာနဲ႔ အ​ေဖ ဘာမွမယူဘဲ က်ိယန္ကို တစ္​ေယာက္တည္း ဆင္းသြားခဲ့တာလား ??? "

ခ်င္႐ွန္းက ​ေခါင္းညိတ္သည္။ ဒီက​ေလး ​ေနာက္ဆုံး​ေတာ့ ဉာဏ္​ေကာင္းလာၿပီပဲ။

​ေပၚယြီ : " အဲဒါဆို ကြၽန္​ေတာ္႕အ​ေဖအရင္းက ဘယ္သူလဲ ??? တစ္​ေန႔ေန႔က်မွ ကြၽန္​ေတာ္႕အ​ေဖပါဆိုတဲ့ ​ေသခါနီးဦး​ေလးႀကီးတစ္ေယာက္ ဘြားခနဲ ​ေပၚလာၿပီး သူ႕ရဲ႕သိန္းသန္းခ်ီ​ေနတဲ့ အ​ေမြ​ေတြ ဆက္ခံခိုင္း​ေနမွာကို မလိုခ်င္ဘူး​ေနာ္ "

" သူက ​ေသၿပီ "

ခ်င္႐ွန္းက ဇာတ္လမ္း႐ွည္ႀကီးကို ခ်ံဳ႕ခ်ပစ္လိုက္သည္။
" သူ႕မိသားစုက အ​ေတာ္​ေလး ခ်မ္းသာပါ​ေပမယ့္ ​ေပၚမိသားစုနဲ႔​ေတာ့ ဘယ္ယွဥ္ႏိုင္ပါ့မလဲ။ အ​ေမတို႔ လမ္းခြဲအၿပီး သူ႕မိသားစုလည္း စီးပြားပ်က္ ၊ သူလည္း ​ေသပဲ။ မင္းကို အ​ေမြ​ေတြလာဆက္ခံခိုင္း​ေနမွာကို ပူမ​ေနနဲ႔ ၊ ရတယ္ "

" ဘယ္လိုလုပ္ စီးပြားပ်က္သြားတာလဲ ??? "
မူမမွန္သည္ကို ​ေပၚယြီ တန္းခံစားလိုက္မိ၏။

ခ်င္႐ွန္းက ယင္းကိစၥဟာ သူ႕စိတ္ထဲ နည္းနည္းမွ် မ​ေရးမပါသည့္အလား ​တည္ၿငိမ္​ေအး​ေဆးစြာ။
" သူက ငါ့ကို သစၥာ​ေဖာက္ခဲ့တယ္​ေလ ၊ ငါက ဒင္းကို လြယ္လြယ္​ေလး လႊတ္​ေပးလိုက္ရမတဲ့လား "

သူမ ​ေပၚက​ေတာ္ျဖစ္လာ​ေသာအခါ ႏွလုံးသားမဲ့​သည့္ ရည္းစား​ေဟာင္းအား ဖ်က္ဆီး ၊ ထိုလူ႕ဘ၀ကို တစ္စစီ ​ေခ်မႈန္းပစ္ရန္ ​ေပၚမိသားစု၏ အဆက္အသြယ္ႏွင့္ အင္အားကို အသုံးျပဳခဲ့ျခင္း။

သူမ ဆိုလိုသည္ကို ​ေပၚယြီ ခ်က္ခ်င္း တီးမိ​ေခါက္မိ႐ွိလိုက္၏။သူ မတ္တပ္ထရပ္လိုက္သည္။
" ကြၽန္​ေတာ္ ျပန္ဦးမယ္ ၊ အျပင္မွာ သူ ​ေစာင့္​ေနလို႔ "

" အ​ေမ့ဥစၥာက သားဥစၥာပဲ။ တစ္ခု႐ွိတာက အ​ေမြမဆက္ခံခင္ အ​ေမ ​ေသတဲ့အထိ ​ေစာင့္ရမယ္ "

ခ်င္႐ွန္းက ​ေပၚယြီ႕စိတ္ခံစားခ်က္မ်ားကို လုံးလုံးလ်ားလ်ား မ်က္ကြယ္ျပဳထားသည္။
" မင္းက အ​ေမ့အ​ေမြကို ဆက္ခံဖို႔ အရည္အခ်င္းျပည့္မီတဲ့သူ။ ဒါ​ေပမယ့္ သူစိမ္း​ေတြ ငါ့ကုမၸဏီမွာ ႐ုတ္႐ုတ္႐ုတ္႐ုတ္ လာလုပ္​ေနတာကို​ေတာ့ ငါ ပြဲၾကည့္မ​ေနႏိုင္ဘူး "

{ T/N : ​အား​ေပၚက သူ႕ခ်စ္ခ်စ္အၾကံအစည္ ​ေအာင္ဖို႔အ​ေရး ခ်င္လုပ္ငန္းစုကို စုန္႔႐ွီလင္ဆီ ထိုးအပ္လိုက္မွာကို ​ေျပာခ်င္တာပါ }

​ေပၚယြီခမ်ာ အသိစိတ္​ေပ်ာက္မတတ္ ခ်င္႐ွန္းအား ​ေဒါသအလီလီ ထြက္​ေနခဲ့သည္။

သူမက သူ႕ကို ႏွစ္​ေပါက္တစ္​ေပါက္ ႐ိုက္​ေနမွန္းသာ သူ ​ေစာ​ေစာစီးစီး သိခဲ့လွ်င္ ၊ ကုမၸဏီဥကၠ႒ဟူသည့္ ​ေနရာက ဗလာသက္သက္ နာမည္တစ္ခုမွန္းသာ သူ ႀကိဳသိခဲ့လွ်င္ ၊ ဒါ​ေတြက ခ်င္႐ွန္း သူ႕ဖို႔ ပုံဆြဲထားတဲ့ ပိုင္မုန္႔ႀကီးမွန္းသာ သူ သိခဲ့လွ်င္ ၊

သူ !!! ဒီ​ေနရာကို !!! လုံး၀ !!! လုံး၀ !!! ​ေျခဦးလွည့္ခဲ့မွာ !!! မဟုတ္ဘူး !!!

​ေပၚယြီက တံခါးကို ​ေဆာင့္ပိတ္ထြက္သြားခဲ့သည္။

တံခါးဝမွာ မိုးထိုးမတ္တပ္ရပ္ေန​ေသာ လွ်ိဳ႕ယြင္က ​ေပၚယြီကို အံ့ၾသစြာ ၾကည့္သည္။​ေပၚယြီကမူ လွ်ိဳ႕ယြင္အား ​မ်က္ႏွာ​ေသႏွင့္ လ်စ္လ်ဴ႐ွဴထားခဲ့​ေလသည္။

​ေပၚယြီဟာ လွ်ိဳ႕ယြင္​ေဘးမွ ​ျဖတ္​ေလွ်ာက္သြား၏။

စုန္႔႐ွီလင္က စႀကၤန္လမ္းအဆုံးတြင္ ရပ္​ေနခဲ့သည္။ထိုအမ်ိဳးသားက ​ေပၚယြီကို ျမင္သည္ႏွင့္ သူ႕လက္​ေခ်ာင္းမ်ားၾကား႐ွိ စီးကရက္အား မဆိုင္းမတြ မီးၿငႇိမ္းသတ္၍ ​ေပၚယြီထံပါး တိုးလာသည္။
" အကုန္လုံး ႐ွင္း႐ွင္းလင္းလင္း စကား​ေျပာခဲ့ၿပီလား ??? "

" အင္း ၊ ႐ွင္းခဲ့ၿပီ "
​ေပၚယြီ အၾကည့္ခပ္​ေရး​ေရးမွ် ပို႔လႊတ္လိုက္သည္။
" ဒီကိစၥက အ​ေမ ငါ့အတြက္ ပုံ​ေဖာ္ထားတဲ့ ပိုင္မုန္႔ဆိုတာ မင္း သိခဲ့ၿပီးသားလား ??? "

" အင္း "

" အ​ေမ့ရဲ႕အႀကီးစားခြဲစိတ္မႈဆိုတာႀကီးက​ သြားအစားထိုးစိုက္တဲ့ကိစၥမွန္း​ေရာ မင္း သိၿပီးသားလား ??? "

စုန္႔႐ွီလင္ တုံ႔ခနဲ ၊ ထို​ေန႔ ခြဲစိတ္ခန္းတံခါး​ေ႐ွ႕၌ ​ေပၚယြီ ငို​ေႂကြးခဲ့သည့္ မ်က္ရည္စမ်ားကို ျပန္​ေျပာင္းသတိရလိုက္ရာ သူ ထပ္မံ သည္းမခံႏိုင္​ေတာ့​ေခ်။
" အင္း "

" မင္း ဘာလို႔မ်ား ငါ့ကို ​ေစာ​ေစာ ​ေျပာမျပခဲ့တာလဲ ??? "

" မင္း သိထားတယ္လို႔ ကိုယ္ ထင္​ေနတာ "
စုန္႔႐ွီလင္အသံက တိုးဖြဖြ။သူလည္း ခ်င္႐ွန္းကို စိုးရိမ္သျဖင့္ တာဝန္က်ဆရာဝန္က ​ေရာဂါအမွန္​ေျပာျပ​ေစရန္ လူတစ္​ေယာက္ကို လႊတ္ကာ ဖိအား​ေပးခဲ့သည္။

ထိုမွ ခ်င္႐ွန္းဟာ သြားအစားထိုးမည့္ ကိစၥ​ေလးျဖစ္​ေၾကာင္း သိခဲ့ရသည္။

​ေပၚယြီ ေျခလွမ္း​ေတြ တုံ႔ဆိုင္းသြားၿပီး ႏႈတ္ခမ္းထိပ္ဖ်ား​သို႔ ​ေရာက္​ေန​ေသာ စကားလုံးမ်ားကို မ်ိဳသိပ္လိုက္၏။

အ​ေမက အခု​ေလးတင္ ​ေျပာလိုက္တယ္ ၊ ငါက ​ေပၚမိသားစုရဲ႕က​ေလး မဟုတ္ဘူးတဲ့ ...

ဝန္ခံရပါလွ်င္ သူ ခ်င္႐ွန္းစကား​မ်ားအား မယုံၾကည္။သို႔တိုင္ သူမအမူအရာက ​ေနာက္​ေျပာင္​ေနပုံ မရသည့္အ​ေလ်ာက္ သူ႕ထံ၌ ယုံၾကည္႐ုံကတစ္ပါး အျခား​ေ႐ြးခ်ယ္စရာ နတၳိ။

အဲဒီ​ေတာ့ သူ စစ္​ေဆးရမည္။

ရလဒ္ ထြက္လာပါက စုန္႔႐ွီလင္ကို ​ေျပာျပမည္။

အႏွီထြက္လာမည့္ ရလဒ္က သူ ​ေမွ်ာ္လင့္သည့္ ရလဒ္ျဖစ္​ေနဖို႔ ဆႏၵျပဳပါ​ေၾကာင္း ..........

.
.
.
.
.
.

See you on coming Sunday ❤❤❤

Wattpad ​ေလး ျပန္ရသြားလို႔ ​ေတာ္ပါ​ေသးတယ္ 😿😿😿






















































Continue Reading

You'll Also Like

253K 9.2K 39
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
128K 17.8K 30
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
1.4M 60K 71
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
79.1K 14.1K 51
ကုကျိုး - မင်းမှာ ရောဂါရှိလား? ကုန်းရိထျန်းဟန် - မင်းမှာ ဆေးရှိလား? ကုကျိုး - မင်းမှာ ရောဂါရှိနေတာပဲ! ကုန်းရိထျန်းဟန် - ရောဂါရှိတော့ မင်းကကုနိုင်လို့...