((Zawgyi))
အပိုင္း (၁၂၇)
ေၾကးမုံမွန္ကြဲ (၁၅) - နမ္းလို႔ရမလား?
👾👾👾
"ေတာင္းပန္ပါတယ္"
ဟယ့္ရန္ ေနာက္တစ္ခါ ထပ္ေတာင္းပန္ၿပီး လူငယ္ေလးဦးေခါင္းကို လက္ဝါးနဲ႕အသာပြတ္ကာ ႏွစ္သိမ့္ေပးေနသည္။
ျဖဴေကာင္ေလး စိတ္အေျခအေနက နည္းနည္း သက္ေတာင့္သက္သာျဖစ္လာသည္။ သူက ဟယ့္ရန္ရင္ဘတ္ေပၚမွီကာ အရင္ကေလာက္ တင္းခံေနတာမ်ိဳးမရွိေတာ့ေပ။
ဟယ့္ရန္ ေခါင္းငုံ႕ကာ အနားတိုးသြားလိုက္သည္။ ျဖဴေကာင္ေလးက ငိုထားလို႔ မ်က္လုံးေတြ မို႔ေဖာင္းေနသည္။
"ကိုယ္ မင္းအေပၚ မေကာင္းခဲ့တာပါ"
ဟယ့္ရန္ လက္ျမႇောက္ကာ လူငယ္ေလး မ်က္လုံးေထာင့္ေလးေတြကို ဂ႐ုတစိုက္ အသာထိလိုက္သည္။
အဲဒီငါးႏွစ္ကကိစၥေတြက အားလုံး သူ႕အမွားခ်ည္းပဲ။
သူ သိလိုက္တဲ့အခ်ိန္မွာ အားလုံး ေနာက္က်သြားခဲ့ၿပီ။
ဟယ့္ရန္ လူငယ္ေလးကို ခဏေလာက္ ဆက္ဖက္ထားၿပီးမွ လႊတ္ေပးလိုက္သည္။
႐ႊီခ်န္ရန့္လည္း ကုတင္ေပၚျပန္မွီကာ ၿခဳံေစာင္ထဲျပန္ဝင္ၿပီး တိတ္ဆိတ္ေနသည္။
ခုနက အမ်ားႀကီး ငိုထားတာေၾကာင့္ အခု သူ အားအင္ကုန္ခန္းၿပီး ႐ုတ္တရတ္ အိပ္ငိုက္လာကာ အိပ္ခ်င္မူးတူးျဖစ္လာသည္။
ဟယ့္ရန္က ေနရာမွထကာ တီဗြီပိတ္လိုက္သည္။
သူက အခန္းမီးေတြလည္း ပိတ္လိုက္ၿပီး ကုတင္ေဘးဗီရိုေပၚရွိ ေႏြးေထြးသည့္ အဝါေရာင္ မီးအိမ္ေလးသာ က်န္ရစ္ခဲ့သည္။
ဟယ့္ရန္က ကုတင္နားလာၿပီး ေစာင္ေပၚကေန လူငယ္ေလးကို ပုတ္ေပးကာ:
"ခဏေလာက္ အရင္အိပ္လိုက္ေနာ္"
႐ႊီခ်န္ရန့္ အိပ္ခ်င္မူးတူးနဲ႕ ျပန္ေျဖကာ မ်က္လုံး မွိတ္လိုက္သည္။
လူနာခန္းထဲမွာ အလြန္တိတ္ဆိတ္ေနၿပီး သူတို႔ႏွစ္ဦးရဲ႕ အသက္ရႈသံေဖ်ာ့ေဖ်ာ့သာ ရွိေနသည္။
ဒါေပမယ့္ မ်က္လုံးမွိတ္ထားတာေတာင္ ကုတင္ေဘးကေန သူ႕ကိုၾကည့္ေနတဲ့အၾကည့္ေတြကို ႐ႊီခ်န္ရန့္ ခံစားမိေနသည္။
ဟယ့္ရန္ ေဘးမွာရွိေနတဲ့ခံစားခ်က္က တကယ္ကို အရမ္းႀကီးမားၿပီး လ်စ္လ်ဴရႈထားလို႔မရျဖစ္ကာ သူ လုံးဝအိပ္မေပ်ာ္ေတာ့။
႐ႊီခ်န္ရန့္ ေခါင္းနည္းနည္းငုံ႕ကာ မ်က္ႏွာတစ္ဝက္ေက်ာ္ေက်ာ္ကို ေစာင္နဲ႕အုပ္လိုက္ရင္း:
"ကြၽန္ေတာ့္ကို စိုက္ၾကည့္မေနနဲ႕"
"ေကာင္းၿပီ"
ဟယ့္ရန္က အၾကည့္လႊဲကာ ေနရာမွထသြားသည္။
အဲေနာက္ သူက ကုတ္အကၤ်ီကို ခ်က္ခ်င္း ခြၽတ္ၿပီး ၿခဳံေစာင္ကို အသာဆြဲမ'လိုက္သည္။
႐ႊီခ်န္ရန့္ ကုတင္ေဘးဘက္ကေန ႐ႊီး႐ႊီးရွားရွား လႈပ္ရွားသံေတြၾကားရၿပီးေနာက္ ဟယ့္ရန္ ကုတင္ေပၚတက္လာမွန္း သိသြားသည္။
ဟယ့္ရန္က သူ႕ေဘးမွာဝင္လွဲၿပီး လက္ျမႇောက္ကာ ျဖဴေကာင္ေလးကို ရင္ခြင္ထဲ ထည့္လိုက္သည္။
"ဟယ့္ရန္"
႐ႊီခ်န္ရန့္ မေနတတ္ျဖစ္သြားၿပီး ဟယ့္ရန္ပုခုံးကိုတြန္းကာ ေျပာသည္။
"ခင္ဗ်ား ဘာလို႔အေပၚတက္လာတာလဲ?"
"မင္းကို အေဖာ္လုပ္ေပးမလို႔"
ဟယ့္ရန္က လူငယ္ေလးခါးကို ဖက္လိုက္ကာ အနားတိုးလာၿပီး လူငယ္ေလးမ်က္ႏွာကို နမ္းလိုက္သည္။
႐ႊီခ်န္ရန့္ မ်က္လုံး မွိတ္ထားလိုက္သည္။ မ်က္ႏွာေပၚ အနမ္းခံရတာက ယားက်ိက်ိ ျဖစ္ၿပီး သူ႕ မ်က္ေတာင္ေလးမ်ားပင္ အနည္းငယ္ တုန္ခါသြားသည္။
သူ႕မ်က္ႏွာေပၚကို အနမ္းေတြ အဆက္မျပတ္က်ေရာက္လာၿပီး အနမ္းေတြက သူ႕ႏႈတ္ခမ္းေထာင့္နားဆီ ေရာက္လာသည္။
သူတို့္ႏွစ္ဦးၾကားမွာ အလြန္နီးကပ္ေနၿပီး အမ်ိဳးသား၏ ဝင္သက္ထြက္သက္ေႏြးေႏြးက သူ႕မ်က္ႏွာေပၚ က်ေရာက္ေနသည္။ ႐ႊီခ်န္ရန့္ ေခါင္းနည္းနည္းငုံ႕လိုက္ကာ နည္းနည္း မေနတတ္ျဖစ္လာသည္။ သူက အက်င့္အတိုင္း ခါးကိုင္းကာ ေဘာလုံးေလးတစ္လုံးလို ေကြးဖို႔လုပ္လိုက္သည္။
ဒါေပမယ့္ ဟယ့္ရန္က ျဖဴေကာင္ေလးကို ပုန္းကြယ္ခြင့္မေပးေတာ့ဘဲ ခပ္တင္းတင္းဖက္လိုက္သည္။
ဟယ့္ရန္က လူငယ္ေလးမ်က္ႏွာကို အဆက္မျပတ္ နမ္းရွိုက္ေနရင္း လူငယ္ေလးလက္တစ္ဖက္ကို အလိုလို လွမ္းကိုင္မိသြားေတာ့ လက္ေခ်ာင္းခ်င္းယွက္ကာ မလႊတ္တမ္း တင္းၾကပ္စြာ ဆုပ္ကိုင္လိုက္သည္။
အခန္းထဲမွာ အခ်ိန္ခဏေလာက္ အသက္ရႈသံေတြ ျမန္လာသည္။
႐ႊီခ်န္ရန့္ မ်က္ႏွာ နည္းနည္းနီလာၿပီး ရင္ဘတ္က အနည္းငယ္ နိမ့္ခ်ည္ျမင့္ခ်ည္ျဖစ္လာသည္။
ဟယ့္ရန္ ေခါင္းငုံ႕လိုက္ၿပီး လူငယ္ေလးလည္တိုင္ဆီ မ်က္ႏွာအပ္ကာ အသက္ျပင္းျပင္းရႉလိုက္္သည္။
"ရန့္ရန့္"
ဟယ့္ရန္က လူငယ္ေလးလည္တိုင္မွာ မ်က္ႏွာအပ္ကာ ပြတ္သီးပြတ္သပ္လုပ္ၿပီး တိုးတိုးေလး ေျပာသည္။
"နမ္းလို႔ရမလား?"
႐ႊီခ်န္ရန့္က ႐ုတ္တရတ္ ေသခ်ာမၾကားလိုက္တာေၾကာင့္:
"ဟမ္?"
"ကိုယ္ နမ္းလို႔ရမလား?"
ဟယ့္ရန္ ေနာက္တစ္ခါထပ္ေျပာၿပီး သူ လက္ေခ်ာင္းထိပ္ေတြက လူငယ္ေလးႏႈတ္ခမ္းသားကို ဖြဖြေလး ပြတ္လိုက္သည္။
လက္ေခ်ာင္းထိပ္ကတဆင့္ ႏူးညံ့တဲ့အထိအေတြ႕ေလးကို သူ ခံစားရသည္။
႐ႊီခ်န္ရန့္ မ်က္လုံးဖြင့္ေနလ်က္ သူ႕ေရွ႕က အမ်ိဳးသားကို ၾကည့္ကာ တစ္ခုခုကို ေသခ်ာစဥ္းစားေနပုံေပၚသည္။
ဟယ့္ရန္က ထိုမက္မြန္ပြင့္မ်က္ဝန္းတစ္စုံကိုစိုက္ၾကည့္ရင္း အသံဩရွရွနဲ႕ေျပာလိုက္သည္။
"ရနိုင္မလား?"
႐ႊီခ်န္ရန့္က အေျဖျပန္မေပးေသးေပ။
ဟယ့္ရန္ကေတာ့ သူ႕ကိုနမ္းေတာ့မည့္အလား တျဖည္းျဖည္းအနားတိုးလာသည္။
ဒါေပမယ့္ ႐ႊီခ်န္ရန့္က လက္ဆန့္ကာ အမ်ိဳးသားရဲ႕ရင္ဘတ္ကို တားထားလိုက္သည္။
႐ႊီခ်န္ရန့္က အရင္အေၾကာင္း ျပန္သတိရသြားကာ ခဏေလာက္ တင္းခံလိုက္သည္။
"ေနာက္ဆုံးတစ္ေခါက္က မနမ္းဘူးေလ"
ဟယ့္ရန္က လြန္ခဲ့တဲ့ငါးႏွစ္တုန္းက သူနမ္းဖို႔ျငင္းခဲ့တဲ့ကိစၥကို ေျပာတယ္ အထင္နဲ႕ ခ်က္ခ်င္း ျပန္ေျပာသည္။
"အရင္က ကို္ယ္ မေကာင္းတာပါ"
"ၿခံစည္းရိုးေလွကား ျပင္တဲ့ေန႕တုန္းကဟာ"
ဟယ့္ရန္ အံ့အားသင့္သြားသည္။ အဲေတာ့မွ ၿခံစည္း႐ုံးေလွကား ျပင္တဲ့ေန႕ညတုန္းက သူ အနမ္းကိုေရွာင္ခဲ့တာ ျပန္သတိရသြားသည္။
ဟယ့္ရန္က ရွင္းျပလိုက္သည္။
"အဲတုန္းက နည္းနည္း စိတ္မထိန္းနိုင္မွာစိုးလို႔"
သူ စိတ္မထိန္းနိုင္ဘဲ အဲဒီထက္ ပိုနီးစပ္ခ်င္မိသြားရင္ ျဖဴေကာင္ေလးကို လန့္ေအာင္လုပ္မိသလို ျဖစ္သြားနိုင္သည္။
"အခုေတာ့ ကိုယ္ မေအာင့္နိုင္ေတာ့ဘူး......."
ဟယ့္ရန္အသံက တစ္ခုခုကို ခ်ဳပ္တည္းထားရသလို ဩရွရွျဖစ္လာသည္။
ဟယ့္ရန္က လူငယ္ေလးမ်က္ႏွာကိုအုပ္ကိုင္ၿပီး ဖြဖြေလးပြတ္ေပးကာ ေနာက္တစ္ခါထပ္ေမးသည္။
"ကိုယ္ နမ္းလို႔ရမလား?"
႐ႊီခ်န္ရန့္ ဘာမွျပန္မေျပာေပ။
ဒါနဲ႕ ဟယ့္ရန္က အစမ္းသေဘာနဲ႕ ျဖည္းျဖည္းခ်င္း အနားတိုးလာသည္။ လူငယ္ေလးခါးေပၚတင္ထားသည့္ သူ႕လက္က တျဖည္းျဖည္း ပိုမိုတင္းၾကပ္စြာ ဖက္လိုက္သည္။
ရင္ခြင္ထဲက ခႏၶာကိုယ္ေလးက စိတ္လႈပ္ရွားသလို အနည္းငယ္ေတာင့္တင္းသြားသည္။
ေသခ်ာျပန္တြက္ၾကည့္ရင္ သူတို႔ႏွစ္ေယာက္ မနမ္းရတာ အရမ္းကိုၾကာခဲ့ၿပီ။
ေနာက္ၿပီး ရိုးရိုးနမ္းတာနဲ႕ ႏႈတ္ခမ္းခ်င္းနမ္းတာက မတူ။ ႏႈတ္ခမ္းကိုနမ္းတာက ရိုးရိုးနမ္းတာထက္ ႏွစ္ကိုယ္ၾကား ပိုၿပီး နီးစပ္မႈရွိသည္။
ဟယ့္ရန္က အလ်င္စလို မနမ္းဘဲ လူငယ္ေလးနား႐ြက္နားကပ္ကာ တိုးတိုးေလး ေခ်ာ့ျမဴလိုက္သည္။
"စိတ္ကိုေလ်ာ့ထား"
ဟယ့္ရန္က ရင္ခြင္ထဲကျဖဴေကာင္ေလး အနည္းငယ္ ေပ်ာ့ေပ်ာင္းလာတာ ခံစားမိတဲ့အခ်ိန္ထိ စိတ္ရွည္ရွည္ထားၿပီး ႏွစ္သိမ့္လိုက္သည္။
ျဖဴေကာင္ေလးက ကိုယ္ေပၚက ဆူးခြၽန္ခြၽန္ေတြကို ႐ုတ္သိမ္းကာ တျဖည္းျဖည္း ေပ်ာ့ေပ်ာင္းလာသည္။
ေလထုက တစ္စတစ္စ ဘာလိုလိုျဖစ္လာကာ ဝင္သက္ထြက္သက္ေတြ အခ်င္းခ်င္း ေရာယွက္သြားသည္။
ျပင္ဆင္စရာရွိတာ အားလုံးျပင္ဆင္လို႔အၿပီးမွာ ေနာက္ဆုံးေျခတစ္လွမ္း လွမ္းဖို႔သာလိုေတာ့သည္။
ဟယ့္ရန္ လူငယ္ေလးမ်က္ႏွာကို လက္ႏွစ္ဖက္နဲ႕ အုပ္ကိုင္လိုက္ကာ တျဖည္းျဖည္း အနားတိုးသြားၿပီး ႏႈတ္ခမ္းသားခ်င္း ပိုနီးသထက္နီးလာသည္။
ဒါေပမယ့္ ဟယ့္ရန္ ႏႈတ္ခမ္းသားေတြကို နမ္းမိလုဆဲဆဲမွာ ႐ုတ္တရတ္ လူနာခန္းတံခါးဝကေန အသံထြက္လာသည္။
"ခ်င္က်ိဳး မင္း........."
ေအးဂ်င့္က တံခါးတြန္းဖြင့္ကာ အထဲဝင္လာသည္။ ရလဒ္ကေတာ့ သူက လူနာကုတင္ေပၚမွာ ႏွစ္ေယာက္သား ေပြ႕ဖက္ေနတာကို ျမင္ၿပီး ခ်က္ခ်င္း ဆြံ႕အသြားသည္။
ကုတင္ေပၚက ႐ႊီခ်န္ရန့္လည္း သူ႕ကိုယ္ေပၚက အမ်ိဳးသားကို အလိုလို တြန္းဖယ္ပစ္လိုက္ကာ ခ်က္ခ်င္း ထထိုင္ၿပီး ေမာဟိုက္သလို အသက္ကိုရွိုက္ရႉေနသည္။
နမ္းရခါနီးမွာ အဖ်က္ဝင္သြားတာေၾကာင့္ ဟယ့္ရန္တစ္ေယာက္ မ်က္ေမွာင္ၾကဳတ္သြားကာ တံခါးဝမွာရပ္ေနတဲ့ ေအးဂ်င့္ကို လွမ္းၾကည့္လိုက္သည္။
ေအးဂ်င့္လည္း နည္းနည္း ရွက္ကိုးရွက္ကန္းျဖစ္ကာ ခ်က္ခ်င္းပဲ အျမန္လက္ခါျပလိုက္သည္။
"ဘာမွမဟုတ္ဘူး၊ ဘာမွမဟုတ္ဘူး"
ေအးဂ်င့္ အခန္းတံခါးျပန္ပိတ္ၿပီး ေကာ္ရစ္တာဘက္ လွည့္ထြက္လာသည္။ အဲေနာက္ သူက လူနာေစာင့္ ထိုင္ခုံမွာထိုင္ကာ တိတ္ဆိတ္စြာ ေစာင့္ဆိုင္းလိုက္သည္။
မိနစ္ပိုင္းေလာက္ၾကာေတာ့ လူနာခန္းတံခါး ပြင့္လာသည္။
ေအးဂ်င့္ ေခါင္းေမာ့ၾကည့္လိုက္ေတာ့ ဟယ့္ရန္ အခန္းထဲက ထြက္လာတာ ေတြ႕ရသည္။
ဟယ့္ရန္ရဲ႕ အကၤ်ီေကာ္လံေတြက အနည္းငယ္ တြန့္ေၾကေနၿပီး မ်က္ႏွာအမူအရာက သိပ္မၾကည္ေပ။
"ကြၽန္ေတာ္ ခ်င္က်ိဳးကို သြားၾကည့္လိုက္ဦးမယ္......."
ေအးဂ်င့္က ဆင္ေျခတစ္ခုရွာကာ လူနာခန္းထဲဝင္သြားသည္။
လူနာခန္းထဲမွာ အခန္းမီးေတြ ျပန္ဖြင့္ထားၿပီး ႐ႊီခ်န္ရန့္က ကုတင္ေပၚမွာ တိတ္ဆိတ္စြာ မွီထိုင္ေနသည္။
ေအးဂ်င့္ အနားေလွ်ာက္သြားေတာ့ ႐ႊီခ်န္ရန့္မ်က္လုံးေတြ မို႔ေဖာင္းေနတာေတြ႕ၿပီး မ်က္ေမွာင္ၾကဳတ္သြားကာ ေမးသည္။
"မ်က္လုံးက ဘယ္လိုျဖစ္တာလဲ? ငိုထားတာလား?"
ေအးဂ်င့္က ဟယ့္ရန္ ခုနက လူနာခန္းထဲရွိေနတာ ျပန္စဥ္းစားမိၿပီး ႐ုတ္တရတ္ မေကာင္းတဲ့ ခံစားခ်က္ေတြရလာသည္။ ဒါနဲ႕ သူ အျမန္ေျပာလိုက္သည္။
"မဟုတ္မွလြဲေရာ ဥကၠ႒ဟယ့္မ်ား....."
"ဘာမွမဟုတ္ဘူး"
႐ႊီခ်န္ရန့္က ၿပဳံးလိုက္ကာ:
"ကြၽန္ေတာ္ ခုနက တီဗြီၾကည့္ရင္း ငိုထားတာ"
"တကယ္လား?"
"အင္း"
႐ႊီခ်န္ရန့္ ေခါင္းညိမ့္ျပလိုက္သည္။
ေအးဂ်င့္က မယုံတဝက္ယုံတဝက္နဲ႕ ႐ႊီခ်န္ရန့္မ်က္ႏွာအမူအယာကို သူ႕ဟာသူ အကဲခတ္လိုက္သည္။ ဒါေပမယ့္ ဘာမူမမွန္တာမ်ိဳးမွ သူမေတြ႕ရေပ။
"ငါ မင္းကို အခ်ိန္ဇယား လာေျပာတာ"
ေအးဂ်င့္က သူ႕မွတ္စုစာအုပ္ကို ထုတ္ရင္း ေျပာသည္။
"အစကေတာ့ တစ္ရက္ေန႕မွာ ရိုက္ကူးေရးအဖြဲ႕ထဲဝင္ဖို႔ စီစဥ္ထားတယ္၊ ဒါေပမယ့္ အခု မင္း ေဆး႐ုံတက္ေနရေတာ့ ငါ မင္းအတြက္ ရက္ေနာက္ဆုတ္ေပးထားတယ္"
႐ႊီခ်န္ရန့္ နားေထာင္ၿပီးေနာက္ ေျပာလိုက္သည္။
"မလိုဘူး၊ အရင္အခ်ိန္ဇယား အတိုင္းပဲလုပ္လိုက္ပါ"
ေအးဂ်င့္က ႐ႊီခ်န္ရန့္ လက္ရွိအေျခအေနကို စိတ္မခ်တာေၾကာင့္ ေျပာလိုက္သည္။
"မင္း ေဆး႐ုံမွာသာ ေကာင္းေကာင္းအနားယူၿပီး အလုပ္ကို ေနာက္ေ႐ႊ႕လိုက္ပါ"
"တကယ္ ဘာမွမျဖစ္ပါဘူး"
႐ႊီခ်န္ရန့္ ေခါင္းခါျပလိုက္သည္။
"ဘာပဲျဖစ္ျဖစ္ ရက္ေတြအမ်ားႀကီးက်န္ေသးတာပဲဟာ၊ အခ်ိန္မီပါတယ္"
ေအးဂ်င့္က သိပ္သေဘာမတူခ်င္ေပ။
"ခြင့္ယူထားတာပဲ ေတာ္ေတာ္ၾကာလွေနၿပီ၊ ရိုက္ကူးေရးကလည္း ေနာက္က်သြားလို႔မျဖစ္ဘူး"
႐ႊီခ်န္ရန့္က ေျပာလိုက္သည္။
"ဖန္းေကာ၊ ကြၽန္ေတာ္ ဒီရက္ပိုင္း ျပန္သြားၿပီး ဇာတ္ၫႊန္းေတြဖတ္ထားမယ္၊ ေနာက္အပတ္က် တန္းၿပီးရိုက္ကူးေရးအဖြဲ႕ထဲဝင္မယ္"
ေအးဂ်င့္ သက္ျပင္းအသာခ်လိဳက္သည္။ ႐ႊီခ်န္ရန့္က အဲေလာက္ မရမကေျပာေနမွေတာ့ သူလည္းမတတ္သာတဲ့အဆုံး ေခါင္းညိမ့္ၿပီး ေျပာလိုက္သည္။
"ေကာင္းၿပီကြာ၊ အရင္အတိုင္းပဲ သြားၾကတာေပါ့"
👾👾👾
႐ႊီခ်န္ရန့္ အခန္းထဲမွာ တစ္ညအနားယူလိုက္သည္။
ေနာက္တစ္ေန႕မနက္ သူ နိုးလာေတာ့ ဟယ့္ရန္လည္း လူနာခန္းထဲမွာ ရွိေနသည္။
ဟယ့္ရန္က မလွမ္းမကမ္း ဆိုဖာေပၚမွာ တိတ္ဆိတ္စြာထိုင္ရင္း စာဖတ္ေနသည္။
လူနာကုတင္ဘက္က လႈပ္ရွားသံေတြကို သတိထားမိေတာ့ ဟယ့္ရန္ ေခါင္းေမာ့ၾကည့္လာသည္။ အဲေနာက္ လက္ထဲကစာအုပ္ကို ေဘးခ်ကာ ေနရာမွထၿပီး ကုတင္နားေလွ်ာက္လာသည္။
႐ႊီခ်န္ရန့္လည္း ထထိုင္ၿပီး ျပတင္းေပါက္ကို လွမ္းၾကည့္လိုက္သည္။ ေနေရာင္ျခည္က ျပတင္းေပါက္ လိုက္ကာစကိုျဖတ္၍ အခန္းထဲ တိုးဝင္ကာ ျဖာက်ေနသည္။
အျပင္ဘက္မွာ ေနမင္းႀကီးက ေတာက္ပစြာ ထြန္းလင္းေနသည္။
ဟယ့္ရန္ သူ႕အနားလာကာ ကုတင္ေဘးမွာ ဝင္ထိုင္ၿပီး ေမးသည္။
"တစ္ခုခုစားခ်င္လား?"
႐ႊီခ်န္ရန့္ သိပ္မဆာေသးတာေၾကာင့္ ေခါင္းခါျပၿပီး ေျပာလိုက္သည္။
"ခဏေနမွ ေျပာမယ္"
ဟယ့္ရန္ ေခါင္းညိမ့္ျပကာ ဘာမွထပ္မေျပာေတာ့ေပ။
ႏွစ္ေယာက္စလုံး ဘယ္သူမွ စကားမေျပာျဖစ္ေတာ့ဘဲ လူနာခန္းထဲမွာ ေလထုက တျဖည္းျဖည္း အေနရခက္လာသည္။
အထူးသျဖင့္ မေန႕ညက အဆုံးထိ မၿပီးဆုံးသြားတဲ့ အဲဒီအနမ္း ---
သူတို႔ႏွစ္ေယာက္စလုံးက အခ်င္းခ်င္းနားလည္မႈနဲ႕ အဲကိစၥကို ဘာမွမျဖစ္ခဲ့သလို ေရွာင္ဖယ္ေရွာင္ဖယ္လုပ္ေနၾကသည္။
အခ်ိန္အေတာ္ၾကာမွ ဟယ့္ရန္က စကားစကာ တိတ္ဆိတ္မႈကို ၿဖိဳခြဲလိုက္သည္။
"ကိုယ္ ခုတေလာ နည္းနည္းရွာထားတယ္"
"ဟမ္?"
႐ႊီခ်န္ရန့္ သူ႕ကို လွမ္းၾကည့္လိုက္သည္။
ဟယ့္ရန္က ကုတင္ေဘးဗီရိုေပၚက မွတ္စုစာအုပ္ေလးတစ္အုပ္ကို လွမ္းယူၿပီး သူ႕ဆီ ကမ္းေပးသည္။
"တကယ္လို႔ စိတ္ထဲ ေကာင္းတာပဲျဖစ္ျဖစ္ မေကာင္းတာပဲျဖစ္ျဖစ္ အားလုံး အဲထဲမွာ ခ်ေရးလို႔ရတယ္"
႐ႊီခ်န္ရန့္က စာအုပ္ကို လက္ခံယူကာ ပထမစာမ်က္ႏွာကို ဖြင့္လိုက္သည္။
မွတ္စုစာအုပ္က အသစ္ေလးျဖစ္ၿပီး အထဲမွာ ဘာမွမေရးရေသးဘဲ ဗလာျဖစ္ေနသည္။
အဲေနာက္ ဟယ့္ရန္က ေဘာပင္တစ္ေခ်ာင္းကမ္းေပးလာကာ ေျပာသည္။
"ဘာကိစၥပဲရွိရွိ အထဲမွာခ်ေရးလို႔ရတယ္"
႐ႊီခ်န္ရန့္ သူ႕ကိုလွမ္းၾကည့္ၿပီး နားမလည္သလို အူေၾကာင္ေၾကာင္ေလးျဖစ္ေနသည္။
ဒါနဲ႕ ဟယ့္ရန္က လက္ကိုင္ဖုန္းထုတ္ကာ တျခားသူေတြေရးထားတဲ့ စိတ္ခံစားခ်က္မွတ္စုနမူနာေတြ ႐ႊီခ်န္ရန့္ကို ျပလိုက္သည္။
[အိမ္ကအထြက္မွာ မိုး႐ြာလာတယ္၊ ထီးယူဖို႔ေမ့ခဲ့တယ္၊ စိတ္ခံစားခ်က္ -5]
[ကိုယ့္ကိုယ္ကို ဆုခ်ဖိဳ႕ milk tea ဝယ္ခဲ့တယ္၊ စိတ္ခံစားခ်က္ +20]
႐ႊီခ်န္ရန့္ သူ႕အနား သြားၾကည့္လိုက္ၿပီးေနာက္ ဟယ့္ရန္က ဒိုင္ယာရီေရးဖို႔ ေျပာေနတာမွန္း သေဘာေပါက္သြားသည္။
"ဒါေရးလည္း ဘာမွမသုံးမဝင္ပါဘူး........."
႐ႊီခ်န္ရန့္ မေနနိုင္ဘဲ ရယ္လိုက္သည္။
"အသုံးဝင္တယ္"
ဟယ့္ရန္က လူငယ္ေလးေခါင္းကို ပြတ္လိုက္ကာ ေျပာသည္။
"ေနာင္ကို ဘာကိစၥပဲရွိရွိ စိတ္ထဲမွာသိမ္းမထားနဲ႕"
"ႀကိဳက္တဲ့ကိစၥေရာ မႀကိဳက္တဲ့ကိစၥေရာ အားလုံး စာအုပ္ထဲမွာ ခ်ေရးလိုက္"
႐ႊီခ်န္ရန့္က အဲလိုေရးရမွာ နည္းနည္းအလုပ္ရႈပ္တယ္လို႔ ေတြးမိတာေၾကာင့္ ေျပာလိုက္သည္။
"တကယ္ မလိုပါဘူး၊ ဒိုင္ယာရီေရးရတာ အရမ္းအလုပ္ရႈပ္တယ္"
ဟယ့္ရန္က စကားမေျပာဘဲ သူ႕ေရွ႕က လူငယ္ေလးကိုသာ ၾကည့္ေနသည္။
႐ႊီခ်န္ရန့္ သက္ျပင္းအသာခ်လိဳက္ကာ ေဘာပင္ကိုင္ၿပီး စာအုပ္ထဲမွာ ဒိုင္ယာရီ ေရးလိုက္သည္။
[ေနသာေနတယ္၊ စိတ္ခံစားခ်က္ +1]
ေရးၿပီးသြားေတာ့ ႐ႊီခ်န္ရန့္က မွတ္စုစာအုပ္ကို ျပန္ကမ္းေပးရင္း:
"ဒါဆို ရၿပီမလား?"
ဟယ့္ရန္က အင္းခနဲ ျပန္ေျဖသည္။ အဲေနာက္ သူက အနားတိုးလာကာ တိုးတိုးေလးေျပာလိုက္သည္။
"မေန႕ညကကိစၥ ကိုယ္တို႔ၿပီးေအာင္မလုပ္ရေသးဘူး"
႐ႊီခ်န္ရန့္ သူေျပာတာ နားေထာင္ကာ ခ်က္ခ်င္း အသံတိတ္သြားသည္။ သူ႕မသိစိတ္က လက္ထဲက စာအုပ္နဲ႕ေဘာပင္ကို ခပ္တင္းတင္း ဆုပ္ကိုင္လိုက္သည္။
ဟယ့္ရန္ ထိုင္ရာမွထလိုက္သည္။ သူက လူငယ္ေလးေဘးမွာ လက္တစ္ဖက္ေထာက္လိုက္ကာ အနားနားကပ္ၿပီး တိုးတိုးေလး ေျပာလိုက္သည္။
"စိတ္ခံစားခ်က္ အမွတ္တစ္ရာျပည့္ရင္ ကိုယ္တို႔ ဆက္လုပ္လို႔ရနိုင္မလား?"
"ဟမ္?"
႐ႊီခ်န္ရန့္ ေခါင္းေမာ့ၾကည့္လာသည္။
"မေန႕ညကဟာ ဆက္လုပ္ၾကမယ္"
"ကြၽန္ေတာ္ ေသခ်ာမစဥ္းစားရေသးဘူး......"
႐ႊီခ်န္ရန့္ ခဏေလာက္ ပ်ာယာခတ္သြားသည္။
မေန႕ည အဲဒီအခ်ိန္တုန္းက သူ နည္းနည္း စိတ္လြတ္သြားတယ္။
ဟယ့္ရန္ အရင္တုန္းက သူ႕ကို ေျပာခဲ့ဖူးတာကို သူမွတ္မိေနတယ္။ နမ္းတယ္ဆိုတာ အရမ္းကို ႏွစ္ကိုယ္ၾကား နီးစပ္မႈရွိတဲ့ကိစၥပဲ၊ ကိုယ္သေဘာက်တဲ့သူနဲ႕ပဲ နမ္းရတာ။
႐ႊီခ်န္ရန့္ ေခါင္းငုံ႕ၿပီး အၾကာႀကီး စဥ္းစားေနသည္။
ေနာက္ဆုံးမွာ ႐ႊီခ်န္ရန့္ ေခါင္းေမာ့လာကာ ေျပာလိုက္သည္။
"အမွတ္တစ္ေထာင္"
အကယ္၍ အမွတ္တစ္ေထာင္ျပည့္ခဲ့ရင္ သူတို႔အစကေန ျပန္စၾကမယ္။
____________________________________
အခ်စ္ဆုံးတို႔ေရ.......
ဘဲႀကီးရဲ႕ မိန္းမပိုးနည္းနိႆရည္း နံပါတ္တစ္ကေတာ့ စိုက္ၾကည့္မေနနဲ႕ လို႔ေျပာရင္ ကုတင္ေပၚေျပးတက္လိုက္ပါ။ 😌 ဟုတ္ကဲ့ အရမ္းအဆင္ေျပပါတယ္။ ကဲ ေနာက္အပိုင္းမွာေတာ့ စာအုပ္တစ္အုပ္ေပးၿပီး အပိုင္နမ္းရေအာင္ႀကံတဲ့ကိစၥ ဘယ္လိုဆက္ျဖစ္မလဲဆိုတာ ေစာင့္ၾကည့္ၾကမယ္ေနာ္။ အားလုံးပဲ ေဘးကင္းလုံၿခဳံၾကပါေစ။ ❤
With love ❤
Taiga 😘
((Unicode))
အပိုင်း (၁၂၇)
ကြေးမုံမှန်ကွဲ (၁၅) - နမ်းလို့ရမလား?
👾👾👾
"တောင်းပန်ပါတယ်"
ဟယ့်ရန် နောက်တစ်ခါ ထပ်တောင်းပန်ပြီး လူငယ်လေးဦးခေါင်းကို လက်ဝါးနဲ့အသာပွတ်ကာ နှစ်သိမ့်ပေးနေသည်။
ဖြူကောင်လေး စိတ်အခြေအနေက နည်းနည်း သက်တောင့်သက်သာဖြစ်လာသည်။ သူက ဟယ့်ရန်ရင်ဘတ်ပေါ်မှီကာ အရင်ကလောက် တင်းခံနေတာမျိုးမရှိတော့ပေ။
ဟယ့်ရန် ခေါင်းငုံ့ကာ အနားတိုးသွားလိုက်သည်။ ဖြူကောင်လေးက ငိုထားလို့ မျက်လုံးတွေ မို့ဖောင်းနေသည်။
"ကိုယ် မင်းအပေါ် မကောင်းခဲ့တာပါ"
ဟယ့်ရန် လက်မြှောက်ကာ လူငယ်လေး မျက်လုံးထောင့်လေးတွေကို ဂရုတစိုက် အသာထိလိုက်သည်။
အဲဒီငါးနှစ်ကကိစ္စတွေက အားလုံး သူ့အမှားချည်းပဲ။
သူ သိလိုက်တဲ့အချိန်မှာ အားလုံး နောက်ကျသွားခဲ့ပြီ။
ဟယ့်ရန် လူငယ်လေးကို ခဏလောက် ဆက်ဖက်ထားပြီးမှ လွှတ်ပေးလိုက်သည်။
ရွှီချန်ရန့်လည်း ကုတင်ပေါ်ပြန်မှီကာ ခြုံစောင်ထဲပြန်ဝင်ပြီး တိတ်ဆိတ်နေသည်။
ခုနက အများကြီး ငိုထားတာကြောင့် အခု သူ အားအင်ကုန်ခန်းပြီး ရုတ်တရတ် အိပ်ငိုက်လာကာ အိပ်ချင်မူးတူးဖြစ်လာသည်။
ဟယ့်ရန်က နေရာမှထကာ တီဗွီပိတ်လိုက်သည်။
သူက အခန်းမီးတွေလည်း ပိတ်လိုက်ပြီး ကုတင်ဘေးဗီရိုပေါ်ရှိ နွေးထွေးသည့် အဝါရောင် မီးအိမ်လေးသာ ကျန်ရစ်ခဲ့သည်။
ဟယ့်ရန်က ကုတင်နားလာပြီး စောင်ပေါ်ကနေ လူငယ်လေးကို ပုတ်ပေးကာ:
"ခဏလောက် အရင်အိပ်လိုက်နော်"
ရွှီချန်ရန့် အိပ်ချင်မူးတူးနဲ့ ပြန်ဖြေကာ မျက်လုံး မှိတ်လိုက်သည်။
လူနာခန်းထဲမှာ အလွန်တိတ်ဆိတ်နေပြီး သူတို့နှစ်ဦးရဲ့ အသက်ရှုသံဖျော့ဖျော့သာ ရှိနေသည်။
ဒါပေမယ့် မျက်လုံးမှိတ်ထားတာတောင် ကုတင်ဘေးကနေ သူ့ကိုကြည့်နေတဲ့အကြည့်တွေကို ရွှီချန်ရန့် ခံစားမိနေသည်။
ဟယ့်ရန် ဘေးမှာရှိနေတဲ့ခံစားချက်က တကယ်ကို အရမ်းကြီးမားပြီး လျစ်လျူရှုထားလို့မရဖြစ်ကာ သူ လုံးဝအိပ်မပျော်တော့။
ရွှီချန်ရန့် ခေါင်းနည်းနည်းငုံ့ကာ မျက်နှာတစ်ဝက်ကျော်ကျော်ကို စောင်နဲ့အုပ်လိုက်ရင်း:
"ကျွန်တော့်ကို စိုက်ကြည့်မနေနဲ့"
"ကောင်းပြီ"
ဟယ့်ရန်က အကြည့်လွှဲကာ နေရာမှထသွားသည်။
အဲနောက် သူက ကုတ်အင်္ကျီကို ချက်ချင်း ချွတ်ပြီး ခြုံစောင်ကို အသာဆွဲမ'လိုက်သည်။
ရွှီချန်ရန့် ကုတင်ဘေးဘက်ကနေ ရွှီးရွှီးရှားရှား လှုပ်ရှားသံတွေကြားရပြီးနောက် ဟယ့်ရန် ကုတင်ပေါ်တက်လာမှန်း သိသွားသည်။
ဟယ့်ရန်က သူ့ဘေးမှာဝင်လှဲပြီး လက်မြှောက်ကာ ဖြူကောင်လေးကို ရင်ခွင်ထဲ ထည့်လိုက်သည်။
"ဟယ့်ရန်"
ရွှီချန်ရန့် မနေတတ်ဖြစ်သွားပြီး ဟယ့်ရန်ပုခုံးကိုတွန်းကာ ပြောသည်။
"ခင်ဗျား ဘာလို့အပေါ်တက်လာတာလဲ?"
"မင်းကို အဖော်လုပ်ပေးမလို့"
ဟယ့်ရန်က လူငယ်လေးခါးကို ဖက်လိုက်ကာ အနားတိုးလာပြီး လူငယ်လေးမျက်နှာကို နမ်းလိုက်သည်။
ရွှီချန်ရန့် မျက်လုံး မှိတ်ထားလိုက်သည်။ မျက်နှာပေါ် အနမ်းခံရတာက ယားကျိကျိ ဖြစ်ပြီး သူ့ မျက်တောင်လေးများပင် အနည်းငယ် တုန်ခါသွားသည်။
သူ့မျက်နှာပေါ်ကို အနမ်းတွေ အဆက်မပြတ်ကျရောက်လာပြီး အနမ်းတွေက သူ့နှုတ်ခမ်းထောင့်နားဆီ ရောက်လာသည်။
သူတို့်နှစ်ဦးကြားမှာ အလွန်နီးကပ်နေပြီး အမျိုးသား၏ ဝင်သက်ထွက်သက်ေနွးနွေးက သူ့မျက်နှာပေါ် ကျရောက်နေသည်။ ရွှီချန်ရန့် ခေါင်းနည်းနည်းငုံ့လိုက်ကာ နည်းနည်း မနေတတ်ဖြစ်လာသည်။ သူက အကျင့်အတိုင်း ခါးကိုင်းကာ ဘောလုံးလေးတစ်လုံးလို ကွေးဖို့လုပ်လိုက်သည်။
ဒါပေမယ့် ဟယ့်ရန်က ဖြူကောင်လေးကို ပုန်းကွယ်ခွင့်မပေးတော့ဘဲ ခပ်တင်းတင်းဖက်လိုက်သည်။
ဟယ့်ရန်က လူငယ်လေးမျက်နှာကို အဆက်မပြတ် နမ်းရှိုက်ေနရင်း လူငယ်လေးလက်တစ်ဖက်ကို အလိုလို လှမ်းကိုင်မိသွားတော့ လက်ချောင်းချင်းယှက်ကာ မလွှတ်တမ်း တင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည်။
အခန်းထဲမှာ အချိန်ခဏလောက် အသက်ရှုသံတွေ မြန်လာသည်။
ရွှီချန်ရန့် မျက်နှာ နည်းနည်းနီလာပြီး ရင်ဘတ်က အနည်းငယ် နိမ့်ချည်မြင့်ချည်ဖြစ်လာသည်။
ဟယ့်ရန် ခေါင်းငုံ့လိုက်ပြီး လူငယ်လေးလည်တိုင်ဆီ မျက်နှာအပ်ကာ အသက်ပြင်းပြင်းရှူလိုက််သည်။
"ရန့်ရန့်"
ဟယ့်ရန်က လူငယ်လေးလည်တိုင်မှာ မျက်နှာအပ်ကာ ပွတ်သီးပွတ်သပ်လုပ်ပြီး တိုးတိုးလေး ပြောသည်။
"နမ်းလို့ရမလား?"
ရွှီချန်ရန့်က ရုတ်တရတ် သေချာမကြားလိုက်တာကြောင့်:
"ဟမ်?"
"ကိုယ် နမ်းလို့ရမလား?"
ဟယ့်ရန် နောက်တစ်ခါထပ်ပြောပြီး သူ လက်ချောင်းထိပ်တွေက လူငယ်လေးနှုတ်ခမ်းသားကို ဖွဖွလေး ပွတ်လိုက်သည်။
လက်ချောင်းထိပ်ကတဆင့် နူးညံ့တဲ့အထိအတွေ့လေးကို သူ ခံစားရသည်။
ရွှီချန်ရန့် မျက်လုံးဖွင့်နေလျက် သူ့ရှေ့က အမျိုးသားကို ကြည့်ကာ တစ်ခုခုကို သေချာစဥ်းစားနေပုံပေါ်သည်။
ဟယ့်ရန်က ထိုမက်မွန်ပွင့်မျက်ဝန်းတစ်စုံကိုစိုက်ကြည့်ရင်း အသံဩရှရှနဲ့ပြောလိုက်သည်။
"ရနိုင်မလား?"
ရွှီချန်ရန့်က အဖြေပြန်မပေးသေးပေ။
ဟယ့်ရန်ကတော့ သူ့ကိုနမ်းတော့မည့်အလား တဖြည်းဖြည်းအနားတိုးလာသည်။
ဒါပေမယ့် ရွှီချန်ရန့်က လက်ဆန့်ကာ အမျိုးသားရဲ့ရင်ဘတ်ကို တားထားလိုက်သည်။
ရွှီချန်ရန့်က အရင်အကြောင်း ပြန်သတိရသွားကာ ခဏလောက် တင်းခံလိုက်သည်။
"နောက်ဆုံးတစ်ခေါက်က မနမ်းဘူးလေ"
ဟယ့်ရန်က လွန်ခဲ့တဲ့ငါးနှစ်တုန်းက သူနမ်းဖို့ငြင်းခဲ့တဲ့ကိစ္စကို ပြောတယ် အထင်နဲ့ ချက်ချင်း ပြန်ပြောသည်။
"အရင်က ကို်ယ် မကောင်းတာပါ"
"ခြံစည်းရိုးလှေကား ပြင်တဲ့နေ့တုန်းကဟာ"
ဟယ့်ရန် အံ့အားသင့်သွားသည်။ အဲတော့မှ ခြံစည်းရုံးလှေကား ပြင်တဲ့နေ့ညတုန်းက သူ အနမ်းကိုရှောင်ခဲ့တာ ပြန်သတိရသွားသည်။
ဟယ့်ရန်က ရှင်းပြလိုက်သည်။
"အဲတုန်းက နည်းနည်း စိတ်မထိန်းနိုင်မှာစိုးလို့"
သူ စိတ်မထိန်းနိုင်ဘဲ အဲဒီထက် ပိုနီးစပ်ချင်မိသွားရင် ဖြူကောင်လေးကို လန့်အောင်လုပ်မိသလို ဖြစ်သွားနိုင်သည်။
"အခုတော့ ကိုယ် မအောင့်နိုင်တော့ဘူး......."
ဟယ့်ရန်အသံက တစ်ခုခုကို ချုပ်တည်းထားရသလို ဩရှရှဖြစ်လာသည်။
ဟယ့်ရန်က လူငယ်လေးမျက်နှာကိုအုပ်ကိုင်ပြီး ဖွဖွလေးပွတ်ပေးကာ နောက်တစ်ခါထပ်မေးသည်။
"ကိုယ် နမ်းလို့ရမလား?"
ရွှီချန်ရန့် ဘာမှပြန်မပြောပေ။
ဒါနဲ့ ဟယ့်ရန်က အစမ်းသဘောနဲ့ ဖြည်းဖြည်းချင်း အနားတိုးလာသည်။ လူငယ်လေးခါးပေါ်တင်ထားသည့် သူ့လက်က တဖြည်းဖြည်း ပိုမိုတင်းကြပ်စွာ ဖက်လိုက်သည်။
ရင်ခွင်ထဲက ခန္ဓာကိုယ်လေးက စိတ်လှုပ်ရှားသလို အနည်းငယ်တောင့်တင်းသွားသည်။
သေချာပြန်တွက်ကြည့်ရင် သူတို့နှစ်ယောက် မနမ်းရတာ အရမ်းကိုကြာခဲ့ပြီ။
နောက်ပြီး ရိုးရိုးနမ်းတာနဲ့ နှုတ်ခမ်းချင်းနမ်းတာက မတူ။ နှုတ်ခမ်းကိုနမ်းတာက ရိုးရိုးနမ်းတာထက် နှစ်ကိုယ်ကြား ပိုပြီး နီးစပ်မှုရှိသည်။
ဟယ့်ရန်က အလျင်စလို မနမ်းဘဲ လူငယ်လေးနားရွက်နားကပ်ကာ တိုးတိုးလေး ချော့မြူလိုက်သည်။
"စိတ်ကိုလျော့ထား"
ဟယ့်ရန်က ရင်ခွင်ထဲကဖြူကောင်လေး အနည်းငယ် ပျော့ပျောင်းလာတာ ခံစားမိတဲ့အချိန်ထိ စိတ်ရှည်ရှည်ထားပြီး နှစ်သိမ့်လိုက်သည်။
ဖြူကောင်လေးက ကိုယ်ပေါ်က ဆူးချွန်ချွန်တွေကို ရုတ်သိမ်းကာ တဖြည်းဖြည်း ပျော့ပျောင်းလာသည်။
လေထုက တစ်စတစ်စ ဘာလိုလိုဖြစ်လာကာ ဝင်သက်ထွက်သက်တွေ အချင်းချင်း ရောယှက်သွားသည်။
ပြင်ဆင်စရာရှိတာ အားလုံးပြင်ဆင်လို့အပြီးမှာ နောက်ဆုံးခြေတစ်လှမ်း လှမ်းဖို့သာလိုတော့သည်။
ဟယ့်ရန် လူငယ်လေးမျက်နှာကို လက်နှစ်ဖက်နဲ့ အုပ်ကိုင်လိုက်ကာ တဖြည်းဖြည်း အနားတိုးသွားပြီး နှုတ်ခမ်းသားချင်း ပိုနီးသထက်နီးလာသည်။
ဒါပေမယ့် ဟယ့်ရန် နှုတ်ခမ်းသားတွေကို နမ်းမိလုဆဲဆဲမှာ ရုတ်တရတ် လူနာခန်းတံခါးဝကနေ အသံထွက်လာသည်။
"ချင်ကျိုး မင်း........."
အေးဂျင့်က တံခါးတွန်းဖွင့်ကာ အထဲဝင်လာသည်။ ရလဒ်ကတော့ သူက လူနာကုတင်ပေါ်မှာ နှစ်ယောက်သား ပွေ့ဖက်နေတာကို မြင်ပြီး ချက်ချင်း ဆွံ့အသွားသည်။
ကုတင်ပေါ်က ရွှီချန်ရန့်လည်း သူ့ကိုယ်ပေါ်က အမျိုးသားကို အလိုလို တွန်းဖယ်ပစ်လိုက်ကာ ချက်ချင်း ထထိုင်ပြီး မောဟိုက်သလို အသက်ကိုရှိုက်ရှူနေသည်။
နမ်းရခါနီးမှာ အဖျက်ဝင်သွားတာကြောင့် ဟယ့်ရန်တစ်ယောက် မျက်မှောင်ကြုတ်သွားကာ တံခါးဝမှာရပ်နေတဲ့ အေးဂျင့်ကို လှမ်းကြည့်လိုက်သည်။
အေးဂျင့်လည်း နည်းနည်း ရှက်ကိုးရှက်ကန်းဖြစ်ကာ ချက်ချင်းပဲ အမြန်လက်ခါပြလိုက်သည်။
"ဘာမှမဟုတ်ဘူး၊ ဘာမှမဟုတ်ဘူး"
အေးဂျင့် အခန်းတံခါးပြန်ပိတ်ပြီး ကော်ရစ်တာဘက် လှည့်ထွက်လာသည်။ အဲနောက် သူက လူနာစောင့် ထိုင်ခုံမှာထိုင်ကာ တိတ်ဆိတ်စွာ စောင့်ဆိုင်းလိုက်သည်။
မိနစ်ပိုင်းလောက်ကြာတော့ လူနာခန်းတံခါး ပွင့်လာသည်။
အေးဂျင့် ခေါင်းမော့ကြည့်လိုက်တော့ ဟယ့်ရန် အခန်းထဲက ထွက်လာတာ တွေ့ရသည်။
ဟယ့်ရန်ရဲ့ အင်္ကျီကော်လံတွေက အနည်းငယ် တွန့်ကြေေနပြီး မျက်နှာအမူအရာက သိပ်မကြည်ပေ။
"ကျွန်တော် ချင်ကျိုးကို သွားကြည့်လိုက်ဦးမယ်......."
အေးဂျင့်က ဆင်ခြေတစ်ခုရှာကာ လူနာခန်းထဲဝင်သွားသည်။
လူနာခန်းထဲမှာ အခန်းမီးတွေ ပြန်ဖွင့်ထားပြီး ရွှီချန်ရန့်က ကုတင်ပေါ်မှာ တိတ်ဆိတ်စွာ မှီထိုင်နေသည်။
အေးဂျင့် အနားလျှောက်သွားတော့ ရွှီချန်ရန့်မျက်လုံးတွေ မို့ဖောင်းနေတာတွေ့ပြီး မျက်မှောင်ကြုတ်သွားကာ မေးသည်။
"မျက်လုံးက ဘယ်လိုဖြစ်တာလဲ? ငိုထားတာလား?"
အေးဂျင့်က ဟယ့်ရန် ခုနက လူနာခန်းထဲရှိနေတာ ပြန်စဥ်းစားမိပြီး ရုတ်တရတ် မကောင်းတဲ့ ခံစားချက်တွေရလာသည်။ ဒါနဲ့ သူ အမြန်ပြောလိုက်သည်။
"မဟုတ်မှလွဲရော ဥက္ကဋ္ဌဟယ့်များ....."
"ဘာမှမဟုတ်ဘူး"
ရွှီချန်ရန့်က ပြုံးလိုက်ကာ:
"ကျွန်တော် ခုနက တီဗွီကြည့်ရင်း ငိုထားတာ"
"တကယ်လား?"
"အင်း"
ရွှီချန်ရန့် ခေါင်းညိမ့်ပြလိုက်သည်။
အေးဂျင့်က မယုံတဝက်ယုံတဝက်နဲ့ ရွှီချန်ရန့်မျက်နှာအမူအယာကို သူ့ဟာသူ အကဲခတ်လိုက်သည်။ ဒါပေမယ့် ဘာမူမမှန်တာမျိုးမှ သူမတွေ့ရပေ။
"ငါ မင်းကို အချိန်ဇယား လာပြောတာ"
အေးဂျင့်က သူ့မှတ်စုစာအုပ်ကို ထုတ်ရင်း ပြောသည်။
"အစကတော့ တစ်ရက်နေ့မှာ ရိုက်ကူးရေးအဖွဲ့ထဲဝင်ဖို့ စီစဥ်ထားတယ်၊ ဒါပေမယ့် အခု မင်း ဆေးရုံတက်နေရတော့ ငါ မင်းအတွက် ရက်နောက်ဆုတ်ပေးထားတယ်"
ရွှီချန်ရန့် နားထောင်ပြီးနောက် ပြောလိုက်သည်။
"မလိုဘူး၊ အရင်အချိန်ဇယား အတိုင်းပဲလုပ်လိုက်ပါ"
အေးဂျင့်က ရွှီချန်ရန့် လက်ရှိအခြေအနေကို စိတ်မချတာကြောင့် ပြောလိုက်သည်။
"မင်း ဆေးရုံမှာသာ ကောင်းကောင်းအနားယူပြီး အလုပ်ကို နောက်ရွှေ့လိုက်ပါ"
"တကယ် ဘာမှမဖြစ်ပါဘူး"
ရွှီချန်ရန့် ခေါင်းခါပြလိုက်သည်။
"ဘာပဲဖြစ်ဖြစ် ရက်တွေအများကြီးကျန်သေးတာပဲဟာ၊ အချိန်မီပါတယ်"
အေးဂျင့်က သိပ်သဘောမတူချင်ပေ။
"ခွင့်ယူထားတာပဲ တော်တော်ကြာလှနေပြီ၊ ရိုက်ကူးရေးကလည်း နောက်ကျသွားလို့မဖြစ်ဘူး"
ရွှီချန်ရန့်က ပြောလိုက်သည်။
"ဖန်းကော၊ ကျွန်တော် ဒီရက်ပိုင်း ပြန်သွားပြီး ဇာတ်ညွှန်းတွေဖတ်ထားမယ်၊ နောက်အပတ်ကျ တန်းပြီးရိုက်ကူးရေးအဖွဲ့ထဲဝင်မယ်"
အေးဂျင့် သက်ပြင်းအသာချလိုက်သည်။ ရွှီချန်ရန့်က အဲလောက် မရမကပြောနေမှတော့ သူလည်းမတတ်သာတဲ့အဆုံး ခေါင်းညိမ့်ပြီး ပြောလိုက်သည်။
"ကောင်းပြီကွာ၊ အရင်အတိုင်းပဲ သွားကြတာပေါ့"
👾👾👾
ရွှီချန်ရန့် အခန်းထဲမှာ တစ်ညအနားယူလိုက်သည်။
နောက်တစ်နေ့မနက် သူ နိုးလာတော့ ဟယ့်ရန်လည်း လူနာခန်းထဲမှာ ရှိေနသည်။
ဟယ့်ရန်က မလှမ်းမကမ်း ဆိုဖာပေါ်မှာ တိတ်ဆိတ်စွာထိုင်ရင်း စာဖတ်နေသည်။
လူနာကုတင်ဘက်က လှုပ်ရှားသံတွေကို သတိထားမိတော့ ဟယ့်ရန် ခေါင်းမော့ကြည့်လာသည်။ အဲနောက် လက်ထဲကစာအုပ်ကို ဘေးချကာ နေရာမှထပြီး ကုတင်နားလျှောက်လာသည်။
ရွှီချန်ရန့်လည်း ထထိုင်ပြီး ပြတင်းပေါက်ကို လှမ်းကြည့်လိုက်သည်။ နေရောင်ခြည်က ပြတင်းပေါက် လိုက်ကာစကိုဖြတ်၍ အခန်းထဲ တိုးဝင်ကာ ဖြာကျနေသည်။
အပြင်ဘက်မှာ နေမင်းကြီးက တောက်ပစွာ ထွန်းလင်းနေသည်။
ဟယ့်ရန် သူ့အနားလာကာ ကုတင်ဘေးမှာ ဝင်ထိုင်ပြီး မေးသည်။
"တစ်ခုခုစားချင်လား?"
ရွှီချန်ရန့် သိပ်မဆာသေးတာကြောင့် ခေါင်းခါပြပြီး ပြောလိုက်သည်။
"ခဏနေမှ ပြောမယ်"
ဟယ့်ရန် ခေါင်းညိမ့်ပြကာ ဘာမှထပ်မပြောတော့ပေ။
နှစ်ယောက်စလုံး ဘယ်သူမှ စကားမပြောဖြစ်တော့ဘဲ လူနာခန်းထဲမှာ လေထုက တဖြည်းဖြည်း အနေရခက်လာသည်။
အထူးသဖြင့် မနေ့ညက အဆုံးထိ မပြီးဆုံးသွားတဲ့ အဲဒီအနမ်း ---
သူတို့နှစ်ယောက်စလုံးက အချင်းချင်းနားလည်မှုနဲ့ အဲကိစ္စကို ဘာမှမဖြစ်ခဲ့သလို ရှောင်ဖယ်ရှောင်ဖယ်လုပ်နေကြသည်။
အချိန်အတော်ကြာမှ ဟယ့်ရန်က စကားစကာ တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။
"ကိုယ် ခုတလော နည်းနည်းရှာထားတယ်"
"ဟမ်?"
ရွှီချန်ရန့် သူ့ကို လှမ်းကြည့်လိုက်သည်။
ဟယ့်ရန်က ကုတင်ဘေးဗီရိုပေါ်က မှတ်စုစာအုပ်လေးတစ်အုပ်ကို လှမ်းယူပြီး သူ့ဆီ ကမ်းပေးသည်။
"တကယ်လို့ စိတ်ထဲ ကောင်းတာပဲဖြစ်ဖြစ် မကောင်းတာပဲဖြစ်ဖြစ် အားလုံး အဲထဲမှာ ချရေးလို့ရတယ်"
ရွှီချန်ရန့်က စာအုပ်ကို လက်ခံယူကာ ပထမစာမျက်နှာကို ဖွင့်လိုက်သည်။
မှတ်စုစာအုပ်က အသစ်လေးဖြစ်ပြီး အထဲမှာ ဘာမှမရေးရသေးဘဲ ဗလာဖြစ်နေသည်။
အဲနောက် ဟယ့်ရန်က ဘောပင်တစ်ချောင်းကမ်းပေးလာကာ ပြောသည်။
"ဘာကိစ္စပဲရှိရှိ အထဲမှာချရေးလို့ရတယ်"
ရွှီချန်ရန့် သူ့ကိုလှမ်းကြည့်ပြီး နားမလည်သလို အူကြောင်ကြောင်လေးဖြစ်နေသည်။
ဒါနဲ့ ဟယ့်ရန်က လက်ကိုင်ဖုန်းထုတ်ကာ တခြားသူတွေရေးထားတဲ့ စိတ်ခံစားချက်မှတ်စုနမူနာတွေ ရွှီချန်ရန့်ကို ပြလိုက်သည်။
[အိမ်ကအထွက်မှာ မိုးရွာလာတယ်၊ ထီးယူဖို့မေ့ခဲ့တယ်၊ စိတ်ခံစားချက် -5]
[ကိုယ့်ကိုယ်ကို ဆုချဖို့ milk tea ဝယ်ခဲ့တယ်၊ စိတ်ခံစားချက် +20]
ရွှီချန်ရန့် သူ့အနား သွားကြည့်လိုက်ပြီးနောက် ဟယ့်ရန်က ဒိုင်ယာရီရေးဖို့ ပြောေနတာမှန်း သဘောပေါက်သွားသည်။
"ဒါရေးလည်း ဘာမှမသုံးမဝင်ပါဘူး........."
ရွှီချန်ရန့် မနေနိုင်ဘဲ ရယ်လိုက်သည်။
"အသုံးဝင်တယ်"
ဟယ့်ရန်က လူငယ်လေးခေါင်းကို ပွတ်လိုက်ကာ ပြောသည်။
"နောင်ကို ဘာကိစ္စပဲရှိရှိ စိတ်ထဲမှာသိမ်းမထားနဲ့"
"ကြိုက်တဲ့ကိစ္စရော မကြိုက်တဲ့ကိစ္စရော အားလုံး စာအုပ်ထဲမှာ ချရေးလိုက်"
ရွှီချန်ရန့်က အဲလိုရေးရမှာ နည်းနည်းအလုပ်ရှုပ်တယ်လို့ တွေးမိတာကြောင့် ပြောလိုက်သည်။
"တကယ် မလိုပါဘူး၊ ဒိုင်ယာရီရေးရတာ အရမ်းအလုပ်ရှုပ်တယ်"
ဟယ့်ရန်က စကားမပြောဘဲ သူ့ရှေ့က လူငယ်လေးကိုသာ ကြည့်နေသည်။
ရွှီချန်ရန့် သက်ပြင်းအသာချလိုက်ကာ ဘောပင်ကိုင်ပြီး စာအုပ်ထဲမှာ ဒိုင်ယာရီ ရေးလိုက်သည်။
[နေသာနေတယ်၊ စိတ်ခံစားချက် +1]
ရေးပြီးသွားတော့ ရွှီချန်ရန့်က မှတ်စုစာအုပ်ကို ပြန်ကမ်းပေးရင်း:
"ဒါဆို ရပြီမလား?"
ဟယ့်ရန်က အင်းခနဲ ပြန်ဖြေသည်။ အဲနောက် သူက အနားတိုးလာကာ တိုးတိုးလေးပြောလိုက်သည်။
"မနေ့ညကကိစ္စ ကိုယ်တို့ပြီးအောင်မလုပ်ရသေးဘူး"
ရွှီချန်ရန့် သူပြောတာ နားထောင်ကာ ချက်ချင်း အသံတိတ်သွားသည်။ သူ့မသိစိတ်က လက်ထဲက စာအုပ်နဲ့ဘောပင်ကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်သည်။
ဟယ့်ရန် ထိုင်ရာမှထလိုက်သည်။ သူက လူငယ်လေးဘေးမှာ လက်တစ်ဖက်ထောက်လိုက်ကာ အနားနားကပ်ပြီး တိုးတိုးလေး ပြောလိုက်သည်။
"စိတ်ခံစားချက် အမှတ်တစ်ရာပြည့်ရင် ကိုယ်တို့ ဆက်လုပ်လို့ရနိုင်မလား?"
"ဟမ်?"
ရွှီချန်ရန့် ခေါင်းမော့ကြည့်လာသည်။
"မနေ့ညကဟာ ဆက်လုပ်ကြမယ်"
"ကျွန်တော် သေချာမစဥ်းစားရသေးဘူး......"
ရွှီချန်ရန့် ခဏလောက် ပျာယာခတ်သွားသည်။
မနေ့ည အဲဒီအချိန်တုန်းက သူ နည်းနည်း စိတ်လွတ်သွားတယ်။
ဟယ့်ရန် အရင်တုန်းက သူ့ကို ပြောခဲ့ဖူးတာကို သူမှတ်မိနေတယ်။ နမ်းတယ်ဆိုတာ အရမ်းကို နှစ်ကိုယ်ကြား နီးစပ်မှုရှိတဲ့ကိစ္စပဲ၊ ကိုယ်သဘောကျတဲ့သူနဲ့ပဲ နမ်းရတာ။
ရွှီချန်ရန့် ခေါင်းငုံ့ပြီး အကြာကြီး စဥ်းစားေနသည်။
နောက်ဆုံးမှာ ရွှီချန်ရန့် ခေါင်းမော့လာကာ ပြောလိုက်သည်။
"အမှတ်တစ်ထောင်"
အကယ်၍ အမှတ်တစ်ထောင်ပြည့်ခဲ့ရင် သူတို့အစကနေ ပြန်စကြမယ်။
____________________________________
အချစ်ဆုံးတို့ရေ.......
ဘဲကြီးရဲ့ မိန်းမပိုးနည်းနိဿရည်း နံပါတ်တစ်ကတော့ စိုက်ကြည့်မနေနဲ့ လို့ပြောရင် ကုတင်ပေါ်ပြေးတက်လိုက်ပါ။ 😌 ဟုတ်ကဲ့ အရမ်းအဆင်ပြေပါတယ်။ ကဲ နောက်အပိုင်းမှာတော့ စာအုပ်တစ်အုပ်ပေးပြီး အပိုင်နမ်းရအောင်ကြံတဲ့ကိစ္စ ဘယ်လိုဆက်ဖြစ်မလဲဆိုတာ စောင့်ကြည့်ကြမယ်နော်။ အားလုံးပဲ ဘေးကင်းလုံခြုံကြပါစေ။ ❤
With love ❤
Taiga 😘