နွေဦးသည် နောက်တစ်ဖန်
Par Sparkle_Shoon
83.2K 6.7K 409
ပျော်ရွှင်မှု၊အလှတရားတွေနဲ့ အရာအားလုံး အသစ်တစ်ဖန် စတင်တဲ့အချိန်ကို နွေဦးလို့သတ်မှတ်ကြပါတယ်။ နွေဦးဆိုတာ ပြော... Plus
အမှာစာ
Chapter (1)
Chapter (1) Zawgyi
Chapter (2)
Chapter (2) Zawgyi
Chapter (3)
Chapter (3) Zawgyi
Chapter (4)
Chapter (4) Zawgyi
Chapter (5)
Chapter (5) Zawgyi
Chapter (6)
Chapter (6) Zawgyi
Chapter (7)
Chapter (7) Zawgyi
Chapter (8)
Chapter (8) Zawgyi
Chapter (9)
Chapter (9) Zawgyi
Chapter (10)
Chapter (10) Zawgyi
Chapter (11)
Chapter (11) Zawgyi
Chapter (12)
Chapter (12) Zawgyi
Chapter (13)
Chapter (13) Zawgyi
Chapter (14)
Chapter (14) Zawgyi
Chapter (15)
Chapter (15) Zawgyi
Chapter (16)
Chapter (16) Zawgyi
Chapter (17)
Chapter (18)
Chapter (18) Zawgyi
Chapter (19)
Chapter (19) Zawgyi
Chapter (20)
Chapter (20) Zawgyi
Chapter (21)
Chapter (21) Zawgyi
Chapter (22)
Chapter (22) Zawgyi
Chapter (23)
Chapter (23) Zawgyi
Chapter (24)
Chapter (24) Zawgyi
Chapter (25)
Chapter (25) Zawgyi
Chapter (26)
Chapter (26) Zawgyi
Chapter (27)
Chapter (27) Zawgyi
Chapter (28)
Chapter (28) Zawgyi
Chapter (29)
Chapter (29) Zawgyi
Chapter (30)
Chapter (30) Zawgyi
Chapter (31)
Chapter (31) Zawgyi
Chapter (32)
Chapter (32) Zawgyi
Chapter (33)
Chapter (33) Zawgyi
Chapter (34)
Chapter (34) Zawgyi
Chapter (35)
Chapter (35) Zawgyi
Chapter (36)
Chapter (36) Zawgyi
Chapter (37) ဇာတ်သိမ်းပိုင်း
ကျေးဇူးတင်လွှာ
Extra
Chapter (17) Zawgyi
353 6 0
Par Sparkle_Shoon
နွေဦးတစ်ယောက်မှာ ကိုယ့်ကွန်ဒိုတိုက်ခန်းကိုယ် မပြန်ရဲဘဲ ကားလျှောက်မောင်းနေရသည်။ ဘေးမှာပါလာတာကတော့ ဆယ်မင်းဆက်ပင်။ ထိုကလေးဘယ်လောက်တောင် လန့်သွားလဲမပြောတတ်။ မျက်နှာတစ်ပြင်လုံးနီရဲခတ်နေသည်။
"ငါတို့ဆိုင်တစ်ခုခုမှာ ထိုင်ကြမလား"
"ရတယ်လေ ကိုကို ဒါမှမဟုတ်လည်း ကျွန်တော့်ဆိုင်ပဲသွားကြတာပေါ့"
တိုက်ခန်းမှာကျန်နေခဲ့သည့် လင်မယားကဘယ်အချိန်မှ ပြီးမလဲမပြောတတ်။ နွေဦးမှာ ဤအဖြစ်ပျက်ပေါ် ရယ်ချင်စိတ်သာရှိသည်။ ဖြစ်မှဖြစ်တတ်ပလေ...
ဆယ်လေးက သူ့ဘေးမှာငြိမ်ငြိမ်လေးထိုင်လိုက်လာသည်။ သူ့ကိုဆို တစ်ခုမဟုတ်တစ်ခု စကားလာပြောတတ်သည့်ကောင်လေးမို့ အခုလိုငြိမ်နေခြင်းက နွေဦးကိုစိတ်မသက်မသာဖြစ်စေသည်။
သူတို့နှစ်ယောက်မတွေ့ဖြစ်တာ နှစ်ပတ်နီးပါးရှိသွားပြီထင်ရဲ့...
"ကျောင်းတက်ရတာ အဆင်ပြေရဲ့လား... ဒရိုင်ဘာအသစ်ကရော ဘယ်လိုနေလဲ"
"အဆင်ပြေပါတယ်"
ဆယ်မင်းဆက်အဖြေက တိုတောင်းလွန်းသည်။ နွေဦးလည်း ဘာဆက်ပြောရမှန်းမသိတော့၍ ကားမောင်းခြင်းကိုပဲ အာရုံစိုက်လိုက်သည်။
"ကိုကိုရော အဆင်ပြေရဲ့လား... ကျွန်တော့်ကိုမတွေ့ရတဲ့ ရက်တွေမှာဘယ်လိုနေလဲ ကျွန်တော့်ကိုမလွမ်းဘူးလား"
ဆယ်မင်းဆက်စကားကြောင့် နွေဦးတစ်ယောက် သဘောတကျပြုံးမိသွားသည်။ ဒါမျိုးတွေ မေးမှမေးပါ့မလားလို့လေ... အချိန်ကာလအတော်ကြာလာသောအခါ သူသည် အနှီကောင်လေးကိုသံယောဇဉ်ရှိလာသည်။ အငယ့်လိုပဲ ဆယ်လေးကို မေတ္တာစေတနာထားသည်။
"အင်း နည်းနည်းတော့အထီးကျန်တာပေါ့"
ကိုကို့အဖြေကြောင့် ဆယ်မင်းဆက်ကျေနပ်သွားသည်။ နည်းနည်းတော့အထီးကျန်တယ်တဲ့လား...ဒါဆိုရင် ကိုကို့ရင်ထဲမှာ သူ့အတွက်နေရာအနည်းငယ်ရှိတယ်လို့ ဆိုလိုတာပဲ... ဆယ်မင်းဆက်က ရှေ့ဆက်တိုးချင်နေပြီ ဒါပေမဲ့အခုအခြေအနေနဲ့ ရှေ့တိုးသင့်မတိုးသင့် တွေဝေနေရတုန်းပဲ။
ကိုကိုက သူ့ကိုလက်မခံမှာ ကြောက်တယ်...
ကိုကိုမှမချစ်ရင် သူ့အချစ်တွေက သူ့ရင်ထဲမှာပဲ ထာဝရပိတ်လှောင်ထားရတော့မှာ...နောက်တစ်ယောက်ကိုလည်း မချစ်နိုင်တော့ဘူး...
ကားထဲမှာ နှစ်ယောက်သားအတွေးကိုယ်စီနှင့် ငြိမ်သက်နေကာ ဆိုင်ရောက်တဲ့အထိ စကားမပြောဖြစ်ကြပေ။
.............................................................
Alwaysသည် မြင်နေကျအတိုင်း မြူးကြွသောမီးရောင်စုံတို့ဖြင့် အသက်ဝင်လျက်ရှိသည်။ ဤဆိုင်က ဆယ်မင်းဆက်အတွက် အချိန်တစ်ခုထိ comfort zoneဖြစ်ခဲ့သည်။ ဘားဆိုင်လေးကို တဖြည်းဖြည်းပြင်ဆင်ရင်း ရောင်းအားတက်အောင် marketing လုပ်ပေးသူ
တွေငှားရမ်းပြီး ကျွမ်းကျင်သော ဝန်ထမ်းများကိုခေါ်ယူကာ ဤဆိုင်ကို အသက်ဝင်အောင်ကြိုးစားခဲ့ရသည်။ ဒယ်ဒီပေးခဲ့သောအမွေကို လက်လွတ်စပယ်သုံးလိုက်တာမျိုး မဖြစ်ရအောင် အစွမ်းကုန်ကြိုးစားခဲ့ရသည်။ မာမီအကြိမ်ကြိမ်တားသည့်ကြားကမှ လုပ်ချင်ရာလုပ်ခဲ့သော သူ၏အောင်မြင်မှုဖြစ်သည်။
ကိုထိုက်မင်းဆွေက ဆယ်မင်းဆက်ကိုမြင်တော့ ဝမ်းသာအားရကြိုဆို၏။ ဆယ်မင်းဆက်အတွက် ကျောင်းစာတစ်ဖက်နှင့် ဆိုင်ကိုပြန်ပြန်ကြည့်ရတာ အနည်းငယ်တော့ပင်ပန်းသည်။ စာမေးပွဲရှိသည့်ရက်များဆို အကုန်လုံးအစ်ကိုထိုက်မင်းဆွေနှင့်သာ လွှဲထားရသည်။ မာမီ့တစ်ဝမ်းကွဲညီမ၏သားဖြစ်သူ အစ်ကိုထိုက်မင်းဆွေက ဆွေမျိုးဆိုတော့ သူ့ဆိုင်အပေါ်ကိုစေတနာထားသည်။
သူသည် ကိုကို့ကိုပါ ဆိုင်ကလူတွေနှင့်မိတ်ဆက်ပေးလိုက်သည်။ တစ်ချိန်ကျ ကိုကိုကဒီဆိုင်နဲ့ သက်ဆိုင်သူဖြစ်လာမှာမလား...
မကြာခင်မှာပဲ သူတို့ဆိုင်ကို ကိုကို့သူငယ်ချင်း သီဟနိုင်ဆိုသူရောက်လာ၏။
"ဆောတီးပါသူငယ်ချင်းရာ မင်းပြန်မလာလောက်သေးဘူးထင်လို့"
သီဟနိုင်က နွေဦးကိုရယ်ကျဲကျဲဖြင့် ပြောသည်။ ဆိုတော့ မိန်းမနဲ့အဆင်ပြေသွားပြီပေါ့လေ။
"မင်းတိုက်ခန်းမှာရှိနေမှန်းလည်းသိရော လိပ်စာဘယ်မှာလဲငါ့ကိုအတင်းမေးပြီး ရောက်လာတာ...သူကချော့တော့ငါလည်းပျော့ရတာပါပဲ"
"မင်းပြောတော့ ဒီမိန်းမနဲ့ဆက်ပေါင်းဖို့ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးဆို... မြုံစိစိနဲ့ဘာမှမပြောဘဲနဲ့ လူကိုအရူးလိုခံစားရအောင်လုပ်တယ်ဆို"
"အဲတာက မူးတုန်းပြောတဲ့စကားပါ အတည်ယူလို့ဘယ်ဖြစ်မလဲ...နွေဦးရာ ဒါတွေမင်းနားမလည်ပါဘူး"
သီဟနိုင်စကားကြောင့် နွေဦးသည် မျက်နှာကိုတမင်ရှုံမဲ့မိသည်။ လင်မယားတွေရန်ဖြစ်လိုက် ပြန်ချစ်လိုက်လုပ်နေတာမှာ ကြားထဲကသူတို့ကမျက်နှာပူစရာအခြေအနေဖြစ်သွားသည်။
"တကယ်ဆောတီးပါသူငယ်ချင်းရာ"
"ရပါတယ် ထားလိုက်ပါတော့"
နွေဦးသည် ထိုစကားကိုပြောရင်း သီဟနိုင်နှင့် ဘီယာခွက်ချင်းတိုက်လိုက်သည်။ ဘီယာသောက်နေရင်း တစ်ဖန်ပြန်ရယ်ချင်လာသည်။ သီဟနိုင်မျက်နှာမြင်လေလေ ပိုရယ်ချင်လာလေ။
"အဲတော့ သေချာတော့ရှင်းခဲ့တယ်မလား"
"အင်း အိပ်ရာခင်းတွေစောင်တွေအကုန်ဖယ်ခဲ့တယ်...ငါအသစ်ပြန်ဝယ်ပေးမယ်"
နွေဦး၏လူပျိုအိပ်ရာလေးမှာတော့ သူငယ်ချင်းလင်မယားကြောင့် ဈေးဦးပေါက်သွားရလေပြီ။ သူနှင့်သီဟနိုင်ရောက်တတ်ရာရာ ပြောဆိုနေကြချိန်မှာ ဆယ်မင်းဆက်ကတော့ ဆိုင်အနောက်ထဲတွင်ရှိနေသည်။ သီဟနိုင်ရောက်တည်းက သူတို့ကို လွတ်လွတ်လပ်လပ်ဖြစ်စေရန် ထိုကောင်လေးကရှောင်ပေးခြင်းဖြစ်သည်။
ထိုကလေးကို သီဟနိုင်နှင့်မိတ်ဆက်ပေးဖို့လည်း မကြိုးစားမိတော့ချေ။ အသက်အရွယ်ကွာဟချက်ကြောင့် ပေါင်းသင်းလို့အဆင်ပြေသည့် ဘော်ဒါတွေလည်း ဖြစ်မလာနိုင်။ တကယ်တော့ နွေဦးနှင့်ဆယ်လေးကလည်း ၁၀နှစ်ကျော်လောက်ကွာတာပဲ...သူတို့နှစ်ယောက်ယခုလို အလွန်တရာရင်းနှီးနေခြင်းက ဆယ်လေးကြောင့်ဖြစ်သည်။ ဆယ်လေးက သူ့ထံကိုအမြဲတမ်းလာနေတာမို့... ကိုလင်းမာန်နှင့်တောင်မှ တရင်းတနှီးမရှိလှသော ဆယ်မင်းဆက်က သူ့ကို အစ်ကိုအရင်းထက်ပိုပြီးခင်တွယ်နေသည်။
နွေဦးသည် သီဟနိုင်နှင့်စကားတွေအများကြီးပြောလိုက် သောက်ရင်းစားရင်းဖြင့်အချိန်ဖြုန်းမိသည်။ ကျောင်းတက်တည်းက ခင်ခဲ့သောသူငယ်ချင်းဖြစ်တာမို့ သူတို့ကြားထဲမှာရှေးဟောင်းနှောင်းဖြစ် ပြောစရာအစုံရှိသည်။ သီဟနိုင်က
သက်လတ်ပိုင်းအရွယ် အိမ်ထောင်ဦးစီးယောက်ျားတစ်ယောက်ဖြစ်နေပြီမို့ နွေဦးနှင့် အခြေအနေချင်းကွာသည်။ ရည်မှန်းချက်၊မျှော်လင့်ချက် အနာဂတ်တွေရောပေါ့...သီဟနိုင်က ကလေးယူဖို့စီစဉ်နေပြီး မိသားစုအတွက်အခြေကျမည့်စီးပွားရေးတစ်ခုမှာ ရင်းနှီးမြှုပ်နှံဖို့စဉ်းစားနေသည့်အကြောင်းတွေ။ သီဟနိုင်၏ ရည်မှန်းချက်နှင့်ပန်းတိုင်များက မိသားစုနှင့်သက်ဆိုင်တာတွေချည်းပဲ။
နွေဦးသည် သီဟနိုင်ပြောသမျှကို အပြုံးတစ်ခုဖြင့်နားထောင်နေရင်း အားကျနေမိတော့သည်။ သည်အသက်အရွယ်ရောက်မှ ‌ချစ်ရသူနှင့်လမ်းခွဲရပြီး ရထားတွေလွဲခဲ့သည့်အခါ ပုံမှန်အတိုင်းပြန်ဖြစ်ဖို့ကို မနည်းကြိုးစားနေရသော အခြေအနေရောက်သွားခဲ့သည်။ သူကတစ်စုံတစ်ယောက်နှင့် ဘဝတစ်ခုကိုထူထောင်ဖို့ရာ မဖြစ်နိုင်တော့ပေ။ အရာအားလုံးအစကနေပြန်စဖို့ သတ္တိမရှိပါချေ။ လမ်းတစ်ဝက်ရောက်ခါမှ ထိုသူကလက်တွဲဖြုတ်သွားလျှင် သူမည်သို့မျှ ရှင်သန်နိုင်တော့မှာမဟုတ်ပေ။
စိတ်အခြေအနေကြောင့် အမူးလွန်အောင်သောက်ချင်ပေမဲ့ ဆယ်လေးကိုပါအိမ်ပြန်ပို့ရဦးမှာမို့ သူ့ကိုယ်သူထိန်းလိုက်သည်။ သီဟနိုင်ကတော့ မိန်းမနှင့်ပြန်အဆင်ပြေကာစမှာ စိတ်ကွက်အောင်မလုပ်ချင်ဘူးဟုဆိုကာ သိပ်မသောက်ပေ။ ထို့ကြောင့် သူတို့နှစ်ယောက်လုံး ညဥ့်နက်သည်ထိမနေဖြစ်ကြ။
ဆယ်မင်းဆက်ကိုစောင့်နေသည့်အချိန်မှာဆိုင်ပြင်ကိုထွက်ကာ ကားကိုအဆင်သင့်ထုတ်ထားလိုက်သည်။ Always ဟူသောစာလုံးများသည် နီယွန်မီးရောင်များဖြင့်ထင်ရှားနေသည်။ အပြင်ဘက်စားပွဲဝိုင်းများမှာ ဝိုင်းတချို့ရှိနေပြီး အရောင်စုံသောမီးရောင်အောက်မှာ ညသည်သက်ဝင်တက်ကြွနေသည်။
ဆိုင်ရှေ့ပလက်ဖောင်းပေါ်တွင် ဆေးလိပ်သောက်ရင်း ရပ်စောင့်လိုက်သည်။ ဤဆိုင်ရှေ့မှာအမူးလွန်ပြီး ထိုးအန်ခဲ့တာကိုမှတ်မိလိုက်သည်။
တော်တော်သရုပ်ပျက်ခဲ့တာပဲ...ထိုအချိန်တုန်းက ဆယ်မင်းဆက်ကကူညီပြီး ကားပေါ်ကိုတင်ပေးခဲ့တာ။ လေလွင့်ပျက်စီးခဲ့တာတွေ၊ ကိုယ့်ကိုယ်ကိုယ်ဖျက်စီးခဲ့တာတွေ၊ မိုက်ရူးရဲဆန်ခဲ့တာတွေလွန်ခဲ့တဲ့လတွေတုန်းက နွေဦးသည် လုံးဝတခြားလူတစ်ယောက်လို ဖြစ်ခဲ့တာ...ဘဝမှာပထမဆုံးအနေနဲ့ ပြိုလဲပျက်စီးသွားခြင်းပင်။
ဆယ်မင်းဆက်တစ်ယောက် ဆိုင်အပြင်ထွက်လာသောအခါယခပ်လှမ်းလှမ်းတွင်
ရပ်စောင့်နေသည့် ကိုကို့ကိုတွေ့လိုက်ရသည်။ ဆေးလိပ်ကိုတစ်ရှိုက်ဖွာလိုက်ပြီးနောက် ကိုကိုကကောင်းကင်ကို မော့ကြည့်နေသည်။ ကိုကို့ဘယ်ဘက်နားထင်အောက်က အမှတ်နီလေးကိုထင်ရှားစွာမြင်နေရသည်။ အငွေ့တွေမှုတ်ထုတ်နေသည့်နှုတ်ခမ်းပါးများက ဘေးတိုက်မြင်ရတာမို့အရှေ့ကိုနည်းနည်းချွန်ထွက်နေသည်။ ဆေးလိပ်ပြာများကို ခြွေချနေသောလက်ချောင်းတွေ။ ထိုမြင်ကွင်းက နွေဦးညတွေမှာမြင်မက်ရသောအိမ်မက်တွေလိုပဲ ကဗျာဆန်လှသည်။
"ကိုကို"
ဆယ်မင်းဆက်ကိုမြင်တော့ နွေဦးသည်သောက်လက်စ ဆေးလိပ်ကိုချနင်းကာမီးသတ်လိုက်သည်။ ထို့နောက်မြေပေါ်မှာရှိနေသည့်ဆေးလိပ်တိုကို ကောက်ကာဆိုင်ရှေ့မှာရှိသော အမှိုက်ပုံးထဲထည့်သည်။
ဆယ်မင်းဆက်မှာ ထိုအပြုအမူကိုကြည့်ပြီး နှမြောနေသည်။ အနှီဆေးလိပ်က ကိုကို့နှုတ်ခမ်းတွေနှင့် အချိန်အကြာကြီး ထိတွေ့ထားရတာမလား။ ဆေးလိပ်တစ်ဖွာလောက်ဟု တောင်းသောက်ပြီးခွင်ဆင်ဦးမည့် သူ့အကြံလေးကမစခင်ပင်ပျက်စီးသွားရချေပြီ။
ခြေနဲ့နင်းခံရတဲ့အပြင် အမှိုက်ပုံးထဲပါရောက်သွားရှာတဲ့ဆေးလိပ်လေး...
နှုတ်ခမ်းနွေးနွေးလေးရဲ့ အငွေ့အသက်တွေရှိအုံးမှာကို...
"ဆယ်လေး မင်းအိမ်ကိုလိုက်ပို့ပေးရမှာမလား"
"မဟုတ်ဘူး ဒီနေ့ကိုကို့အိမ်မှာ အိပ်မှာ"
"အင်း တက်"
ကိုကိုကကားတံခါးကိုဖွင့်ပေးလာသည်။ ဆယ်မင်းဆက်သည် ဖွင့်ပေးထားတာကို အဆင်သင့်လေးဝင်ထိုင်လိုက်သည်။ မျက်နှာပေါ်မှာတော့ ကျေနပ်ပီတိတွေအပြည့်။ သည်လိုဂရုစိုက်ယုယမှုတွေ ရပြီးမှတော့သူကဘယ်လိုလုပ် လက်လျှော့နိုင်မှာလဲ။ ကိုကို့မှာ သူ့အပြင်နောက်တစ်ယောက်ဆိုတာ မရှိရဘူး... ကိုကို့ကားရဲ့lover seatကလည်းသူ့အပိုင်၊ ကိုကို့နှလုံးသားထဲက နေရာကသေချာပေါက်သူ့နေရာ။ ကိုကို့ကိုထိပါးလာမဲ့သူရှိရင် သူဒီနေ့လိုလုပ်ရပ်မျိုး ထပ်လုပ်ပစ်မိမှာ...
ကားပေါ်မှာ The Weeknd ၏Blinding Lights သီချင်းကိုဖွင့်ထားသည်။ ‌နွေဦးမျက်နှာက တည်ငြိမ်နေပေမဲ့မျက်လုံးတွေထဲမှာ ဝမ်းနည်းဆွေ့မြေ့ခြင်းတွေက ဖုံးဖိမရ။ မြူးကြွကြွbeatတွေနှင့်သီချင်းစာသားတွေကြားမှာ နွေဦး၏ခံစားချက်တွေက အနိမ့်အမြင့် အတက်အကျများလွန်းနေသည်။
ကွန်ဒိုကိုပြန်ရောက်သည့်အခါ နွေဦးသည်ရေချိုးပြီး တန်းအိပ်လိုက်သည်။ နွမ်းနယ်ချိန်မှပျော်အောင်မအိပ်နိုင်လျှင် တစ်ညလုံးအိပ်မပျော်ဖြစ်ကာ သောကများရလိမ့်မည်။
ညသန်းခေါင်ကျော်အချိန်တွင် နွေဦးသည် လည်ချောင်းတွေပူပြင်းပြီး ရေဆာသောခံစားချက်နှင့် နိုးလာတော့သည်။ အိပ်ရာဘေးမှာအဆင်သင့်တင်ထားသည့် ရေဘူးကိုကောက်မော့လိုက်သည်။ အဲကွန်းလေက တမြေ့မြေ့အေးနေသည်။ သူ့အိပ်ရာခင်းသည် အနွေးဓာတ်ကင်းမဲ့ကာအေးစက်နေသည်။ တစ်ကိုယ်လုံးနုံးချိနေသည့်ကြားကနေ ခန်းစီးအပြည့်ပိတ်ထား
သော ပြတင်းပေါက်ကိုဖွင့်ကြည့်ချင်လာသည်။ လက်ရှိတွင်အပြင်ဘက် မြင်ကွင်းကဘယ်လိုရှိနေလောက်မလဲ။
ခန်းစီးရှည်များကိုဆွဲဖွင့်လိုက်သည့်အခါ မှန်ပြတင်းပေါက်ကတစ်ဆင့် မီးပွင့်အပြည့်နှင့်မြို့ပြမြင်ကွင်းကို မြင်လိုက်ရသည်။ ညသည်ငြိမ်သက်တိတ်ဆိတ်လွန်းသည်။ သူ့သက်ပြင်းချသံတောင်အကျယ်ကြီး ကြားရမည်စိုး၍ သက်ပြင်းချဖို့ကို ခဲယဉ်းနေသည်။
အခန်း၏ထောင့်ဘက်တွင်ရှိသောတစ်ယောက်အိပ်ခုတင်ပေါ်တွင် လူမရှိ။ ထိုခုတင်က ဆယ်မင်းဆက်အဆင်ပြေအောင် သူသေချာဝယ်ထည့်ပေးထားသည့် ခုတင်ဖြစ်သည်။ ဆယ်မင်းဆက်က အပြင်မှာပဲရှိနေဦးမည်။
ဒီအချိန်ထိစာလုပ်နေတာများလား...
သူသည်အခန်းတံခါးကို အသာအယာဖွင့်ကာ အိပ်ခန်းအပြင်ဘက်ထွက်လာလိုက်သည်။ စာကြည့်စားပွဲပေါ်မှာ မှောက်ရက်အိပ်ပျော်နေသည့် ဆယ်မင်းဆက်ကိုတွေ့လိုက်ရသည်။
စာကြည့်မီးရောင်အောက်တွင် အေးအေးချမ်းချမ်း အိပ်ပျော်နေသော ဆယ်မင်းဆက်ကိုကြည့်ပြီး သူစိတ်သက်သာရသွားသည်။ အထီးကျန်လွန်းသောညတွေကို တစ်ယောက်တည်းကုန်လွန်ရတာ သူ့အတွက်ခဲယဉ်းလွန်းလှသည်။ အချိန်ကြာမြင့်စွာ တည်ရှိခဲ့သည့်လူတစ်ယောာက်နှင့်
ထွေးပွေ့မှုတွေ ရုတ်တရက်ပျောက်ဆုံးသွားခြင်းမှာ နေသားကျဖို့ရာမဖြစ်နိုင်ခဲ့။ သူက စွန့်လွှတ်နိုင်၊မနိုင် ဝေခွဲမရသေးခင်မှာပဲ စွန့်ပစ်ခံလိုက်ရတာ။ ထိုလူ့ကိုမေ့ပစ်ဖို့ အတင်းကြိုးစားခဲ့ရသည်။ အခုတော့ ထိုလူပေးသွားသည့်ဝေဒနာတွေကို မေ့ပစ်ဖို့ကြိုးစားနေရသေးသည်။
ခြောက်သွေ့သေဆုံးလုနီးပါး သူ့ဘဝထဲကိုဆယ်လေးက ရောက်လာသည်။ သူရှိနေသည့်အခွံအိမ်လေးက ဆယ်လေးအသံရှူသံတွေကြောင့် ပြည့်သိပ်သွားသည်။ လူတစ်ယောက်က သည်တိုင်းရှိနေရုံနှင့်တင်သူစိတ်သက်သာရသည်အထိ သူ့လစ်ဟာမှုကပြင်းထန်ခဲ့၏။
ဆယ်မင်းဆက်မရှိသော အချိန်များတွင် တစ်ရေးနိုးလာသောသူ့ကို ခြောက်ခြားဖွယ်ကောင်းသော တိတ်ဆိတ်ခြင်းကစောင့်ကြိုတတ်သည်။ ထို့ကြောင့် ဆယ်မင်းဆက်၏တွယ်ကပ်နေခြင်းကို သူကိုယ်တိုင်လိုလိုလားလား လက်ခံနေခြင်းဖြစ်၏။
သူသည် ခုံပေါ်မှောက်အိပ်နေသောဆယ်လေးကို နှိုးဖို့ကြံလိုက်သည်။ သည်အတိုင်းတစ်ညလုံးအိပ်ပျော်ခိုင်းလို့ မဖြစ်ပေ။
"ဆယ်လေး ထတော့ အခန်းထဲသွားအိပ်"
သူသည်ဆယ်လေးပခုံးကို ညင်ညင်သာသာလေး ပုတ်နှိုးလိုက်သည်။
"ဆယ်လေး ထတော့"
တလွန့်လွန့်ဖြစ်လာသည့် ခန္ဓာကိုယ်ကိုထပ်ပြီး လှုပ်ခါကာနှိုးလိုက်သည်။ ဆယ်မင်းဆက်သည် ခုံပေါ်ကနေထလာပေမဲ့
မျက်လုံးများကတော့ မှိတ်ထားဆဲ။
"ဆယ်လေး"
ဆက်ပြီးနှိုးဖို့လုပ်နေသည့် သူ့လက်တွေကအဆွဲခံလိုက်ရသည်။ ဆယ်မင်းဆက်က သူ့ကိုဆွဲဖက်လာသည်။ မျက်လုံးမှိတ်ထားသော ဆယ်မင်းဆက်၏ပါးပြင်တို့က နွေဦးရဲ့ဝမ်းဗိုက်နဲ့ထိကပ်နေသည်။ ဆယ်မင်းဆက်ရဲ့လက်တွေကတော့ နွေဦးခါးကို ခပ်တင်းတင်းပွေ့ဖက်ထား၏။
"ဆယ်လေး..."
နွေဦးရဲ့ရေရွတ်သံက တိုးတိုးလေး။ ဆယ်မင်းဆက်၏ပါးစပ်ကနေဗလုံးဗထွေး ရေရွတ်သံ‌များထွက်လာသည်။
"မာမီ ကျွန်တော်မထချင်သေးဘူး"
အီလေးဆွဲနေသည့်အသံကြောင့် နွေဦးတွန့်သွားသည်။ ဒီကလေးက သူ့အမေနဲ့မှားနေတာပဲ...
"ဆယ်မင်းဆက် အိပ်ရာထဲသွားအိပ် ထရအောင်"
"မာမီ"
ဆယ်မင်းဆက်က မျက်နှာအပ်ထားရင်းဗိုက်ကို ခေါင်းနှင့်တွန်းထိုးကာပွတ်သပ်နေသည်။ နွေဦးကိုတင်းတင်းဖက်ထားသည့် ဆယ်လေးကို သူမတွန်းထုတ်နိုင်။ ဆယ်လေးခေါင်းကို ခပ်ဖွဖွပွတ်သပ်ပေးနေမိသည်။ သည်ကောင်လေးက သူမြင်နေရသလိုပဲ အမြဲပျော်ရွှင်တက်ကြွနေလျှင်ကောင်းမည်။ မည်သည့်စိတ်ဒဏ်ရာအထီးကျန်မှုမှ မရှိပဲ။
ကိုကို သူ့ကိုစပြီးလှုပ်နှိုးတည်းက သူနိုးနေတာ။ သူ့ဘေးနားမှရပ်နေတဲ့ ကိုကို့ရဲ့အနွေးဓာတ်ကိုသူခံစားလို့ရတယ်...ကိုကိုရဲ့ လေသံအေးလေး... ဆယ်မင်းဆက်ဟာ နှစ်ခါမစဉ်းစားဘဲ ကိုကို့ကိုဆွဲဖက်လိုက်တယ်။
ဖက်တွယ်ပြီးမှ အိမ်မက်ယောင်သလိုမျိုး ဟန်ဆောင်လိုက်သည်။ မာမီ့ကိုအကာအကွယ်ယူလိုက်မိတဲ့သူက တကယ်ကိုမကောင်းတဲ့ကောင်ပဲ။ ဒါပေမဲ့ ကိုကို့ကိုဖက်ထားချင်တယ်...ဖက်ထားပေးချင်တယ်...
ကိုကိုကသူ့ခေါင်းကို အသာအယာပွတ်သပ်ပေးနေတယ်... နွေးထွေးလိုက်တာ။ နွေဦးကို မြတ်နိုးလွန်းလို့ ဘယ်လိုလုပ်ရမလဲ...
"ဆယ်လေး ထတော့..."
သည်တစ်ခါမှာတော့ သူဆက်ပြီးဟန်ဆောင်မနေတော့ပါ။ မျက်လုံးကိုဖွင့်ကာ ဖက်ထားသည်ကိုလွှတ်ပေးလိုက်သည်။ ယခုမှအသိစိတ်ဝင်သည့်နှယ် ပြုမူလိုက်သည်။ ကိုကိုကသူ့ကို အခန်းထဲသွားအိပ်ရန် ပြောလေသည်။
"စာလုပ်ရင်းအိပ်ပျော်သွားတာ ကိုကိုရော မအိပ်သေးဘူးလား"
"အိပ်တော့မှာ မင်းကိုလာနှိုးတာ"
သူတို့နှစ်ယောက်လုံး ကိုယ်စီအိပ်ရာပေါ်ကိုတက်လိုက်ကြသည်။ ခေါင်းရင်းဘက်ခပ်လှမ်းလှမ်းမှာရှိသော ကိုကို့ကိုမြင်ရဖို့ဆိုလျှင် သူ့အိပ်ရာကနေ ခေါင်းထောင်ကြည့်မှမြင်ရသည်။
ဆယ်မင်းဆက်မှာ မျက်နှာကြက်ကိုမော့ကြည့်ရင်း အစောကရခဲ့သည့်နွေးထွေးမှုလေးကို ပြန်တွေးနေမိသည်။
ရှေ့ဆက်ပြီး ကိုကို့ကို ဖက်ထားပေးနိုင်ဖို့ အကြောင်းပြချက်တွေမရှာချင်တော့ဘူး...
Continuer la Lecture
Vous Aimerez Aussi
197K 18.3K 139
96.1K 8.4K 57
287K 10.3K 42
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
1.7M 70K 79
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...