လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်န...

Von Indolent-Senorita

826K 121K 3.7K

Original Title ; 分手了, 别闹 English Title ; Breaking Up , No Joke Author ; 香芋奶茶 (Taro Milk Tea) English Transla... Mehr

ဇာတ်လမ်းမိတ်ဆက်
အခန်း-၁(လမ်းခွဲခြင်း)
အခန်း-၂(​ကောလဟာလ)
အခန်း-၃(လုယူခြင်း)
အခန်း-၄(အချစ်ပြိုင်ဘက်)
အခန်း-၅(ရန်စခြင်း)
အခန်း-၆(တိတ်တခိုးအချစ်)
အခန်း-၇(မ​မျှော်လင့်ဘဲ ​တွေ့ဆုံခြင်း)
အခန်း-၈(​ခြေရာခံခြင်း)
အခန်း-၉(နူးညံ့​သောနှလုံးသား)
အခန်း-၁၀(ငြင်းဆန်ခြင်း)
အခန်း-၁၁(မ​ကျေနပ်ချက်)
အခန်း-၁၂(​ဆေး)
အခန်း-၁၃(အမျက်​​ဒေါသ)
အခန်း-၁၄(စို​ပြေ​စေခြင်း)
对不起
အခန်း-၁၅(ညစ်ပတ်​သော)
အခန်း-၁၆(မ​ကျေမနပ်နှင့်တိုင်တန်းခြင်း)
အခန်း-၁၇(ရသစုံရှိုးပွဲ)
အခန်း-၁၈(တွယ်ချိတ်)
အခန်း-၁၉(အသုံးချခြင်း)
အခန်း-၂၀(အ​ရေး​ပေါ်သတင်း)
အခန်း-၂၁(ပရိသတ်)
အခန်း-၂၂(ခြိမ်း​ခြောက်ခြင်း)
အခန်း-၂၃(အ​ကြွေးပြန်ဆပ်ခြင်း)
အခန်း-၂၄(အကူအညီ​တောင်းခံခြင်း)
အခန်း-၂၅(ဒီ​ယောကျ်ား)
အခန်း-၂၆(ပြသာနာ)
အခန်း-၂၇(စိတ်အ​နှောင့်အယှက်ဖြစ်စရာ​ကောင်း​သော)
အခန်း-၂၈(ဂရုစိုက်ခြင်း)
အခန်း-၂၉(လှည့်ကွက်)
အခန်း-၃၀(အ​ပြောင်းအလဲ)
အခန်း-၃၁(​မျှော်လင့်မထားတဲ့ပြသာနာ)
အခန်း-၃၂(အကူအညီရှာ​ဖွေခြင်း)
အခန်း-၃၃(ဗိုလ်ကျခြယ်လှယ်တတ်​သောအမျိုးသား)
အခန်း-၃၄(စိမ်းကားခြင်း)
အခန်း-၃၅(ဖရဲသီး​လေးရဲ့ချစ်ခင်မှု)
အခန်း-၃၆(စုန့်ရှီလင်၏ရက်စက်ခြင်း)
အခန်း-၃၇(အတိတ်)
အခန်း-၃၈(အပြစ်ပြုမိခြင်း)
အခန်း-၃၉(သတိ​ပေးခြင်း)
အခန်း-၄၀(ဥပါဒါန်)
အခန်း-၄၁(အချစ်)
Happy Thadingyut Festival
အခန်း-၄၂(ရှက်ကိုးရှက်ကန်းဖြစ်ခြင်း)
အခန်း-၄၃(​မော့ကုမ္ပဏီ)
အခန်း-၄၄(နှစ်ပတ်လည်ပါတီ)
အခန်း-၄၅(သီးသန့်ကြိုတင်​နေရာယူထားခြင်း)
အခန်း-၄၆(ဖွင့်ဟ၀န်ခံခြင်း)
အခန်း-၄၇(သ၀န်တိုခြင်း)
အခန်း-၄၈(နှင်းဆီပန်း)
အခန်း-၄၉(ဥက္ကဋ္ဌချူ)
အခန်း-၅၀(ရန်​ဖေး)
အခန်း-၅၁(မုန်းတီးခြင်း)
အခန်း-၅၂(ဒွိဟဖြစ်ခြင်း)
အခန်း-၅၃(သကြားလုံး)
အခန်း-၅၄(ချစ်ဒုက္ခ)
အခန်း-၅၅(မ​တော်တဆမှု)
အခန်း-၅၆(ပြိုလဲရှုံးနိမ့်ခြင်း)
အခန်း-၅၇(သူ၏ကြမ္မာဂြိုလ်ဆိုး)
အခန်း-၅၈(​မျှော်လင့်မထားမိခဲ့​လေ​သော)
အခန်း-၅၉(​ပျော်ရွှင်မှု)
အခန်း-၆၀(ပြန်လည်​ပေါင်းစည်းမိသွား​သောစုံတွဲ)
အခန်း-၆၁(ဖရဲသီး​လေး စိတ်ဆိုးခြင်း)
အခန်း-၆၂(သဲလွန်စ)
အခန်း-၆၃(အပြစ်ရှိစိတ်)
အခန်း-၆၄(စုံစမ်းစစ်​ဆေးခြင်း)
အခန်း-၆၅(​ဖော်ထုတ်ခြင်း)
အခန်း-၆၆(အ​ကြောက်တရား)
အခန်း-၆၇(​နေ့စဉ်ဘ၀​လေး)
အခန်း-၆၈(အသိအမှတ်ပြုခြင်း)
အခန်း-၆၉(စုန့်မိသားစု)
အခန်း-၇၀(တွဲဖက်ပါတနာ)
အခန်း-၇၁(သူ့အားလွမ်းဆွတ်ခြင်း)
အခန်း-၇၂(ချစ်ခြင်း​မေတ္တာ)
အခန်း-၇၃(ကို့ရို့ကားရားအ​ခြေအ​နေတစ်ခု)
အခန်း-၇၄(သကြားဖေ​ဖေ)
အခန်း-၇၅(ရန်သူ)
အခန်း-၇၆(ကြိုတင်ပြင်ဆင်ခြင်း)
အခန်း-၇၇(လှည့်စားခြင်းပရိယာယ်)
အခန်း-၇၈(ပြန်လည်တိုက်ခိုက်ခြင်း)
အခန်း-၇၉(အ​မှောင်ထုထဲသို့ သွတ်သွင်းခြင်း)
အခန်း-၈၀(တစ်ကိုယ်​တော်မိဘ)
အခန်း-၈၁(ပြန်လာခြင်း)
အခန်း-၈၂(အလုပ်ခွင်သို့ အလည်တစ်​ခေါက်)
အခန်း-၈၃(သတိ​ပေးချက်)
အခန်း-၈၄(မယုံသင်္ကာဖြစ်ခြင်း)
အခန်း-၈၅(အမှန်တရား)
အခန်း-၈၆(ချစ်မှု​ရေးရာကိစ္စများ)
အခန်း-၈၇(စီးပွား​ရေး​ကြော်ငြာ)
အခန်း-၈၈(စိတ်အားငယ်ခြင်း)
အခန်း-၈၉(ကြွားလုံးထုတ်ခြင်း)
အခန်း-၉၀(အပြင်းအထန်​ပြောင်းလဲဆန့်ကျင်ခြင်း)
အခန်း-၉၁(ငြင်းဆန်ခြင်း)
အခန်း-၉၂(ပြသာနာရှာခြင်း)
အခန်း-၉၃(​ပေါ်ယွီ၏ရိုက်ကွင်းသို့လိုက်သွားခြင်း)
အခန်း-၉၄(သံသယ)
အခန်း-၉၅(ရိုက်နှက်​စေခြင်း)
အခန်း-၉၆(ဖွင့်​ပြောခြင်း)
အခန်း-၉၇(​ဒေါသထွက်ဖွယ်)
အခန်း-၉၈(ကလဲ့စား)
အခန်း-၉၉(၀တ်​ကျေတမ်း​ကျေတုံ့ပြန်မှု)
အခန်း-၁၀၀(​ရောက်လာသူ)
အခန်း-၁၀၁(​ပေါ်ယွီ၏အတိတ်)
အခန်း-၁၀၂(ပထမဆုံးအကြိမ် ​တွေ့ဆုံမှု)
အခန်း-၁၀၃(အပြစ်ပြုခြင်း)
အခန်း-၁၀၄(အိမ်အပြန်)
အခန်း-၁၀၅(ချစ်ရသူ)
အခန်း-၁၀၆(အစွဲအလမ်း)
အခန်း-၁၀၇(အစားထိုး)
အခန်း-၁၀၈(ထုတ်​မေးခြင်း)
အခန်း-၁၀၉(စိတ်ရှည်သည်းခံခြင်း)
အခန်း-၁၁၀(စစ်ပွဲမီး​တောက်)
အခန်း-၁၁၁(လူထုအမြင်)
အခန်း-၁၁၂(သရုပ်မှန်)
အခန်း-၁၁၄(အစားပုတ်​လေး)
အခန်း-၁၁၅(ညစာတစ်နပ်ဒကာခံခြင်း)
အခန်း-၁၁၆(အလိမ်အညာ)
အခန်း-၁၁၇(ခွင့်လွှတ်မှု)
အခန်း-၁၁၈(ရုပ်ဆိုးတဲ့ဝတ်စုံ)
အခန်း-၁၁၉(ရိုးအီ​နေ​သော ​ကြော်ငြာပုံစံအ​ဟောင်း)
အခန်း-၁၂၀(ချစ်ခင်မှုအတွက် ယှဉ်ပြိုင်ခြင်း)
အခန်း-၁၂၁(မ​ပြေမပြစ် အ​ပြောအဆို)
အခန်း-၁၂၂(၀ိတ်ချခြင်း)
အခန်း-၁၂၃(ဉာဏ်တိုက်ပွဲ)
အခန်း-၁၂၄(အချစ်စစ်)
အခန်း-၁၂၅(ဆုနှင့်လွဲ​ချော်ခဲ့ရခြင်း)
အခန်း-၁၂၆(ဖဲကြိုးဖြတ်ပွဲအခမ်းအနား)
အခန်း-၁၂၇(လိုက်ဖက်ညီမှု)
အခန်း-၁၂၈(ခြင်များ)
အခန်း-၁၂၉(လက်​ဝှေ့ထိုးခြင်း)
အခန်း-၁၃၀(ဒုတိယ​မြောက်ရင်​သွေး)
အခန်း-၁၃၁(သတင်းထွက်လာခြင်း)
အခန်း-၁၃၂(ချုပ်ချယ်ခြင်း)
အခန်း-၁၃၃(​စေ့စပ်ပွဲ)
အခန်း-၁၃၄(​သေလမ်းကိုဖိတ်​ခေါ်ခြင်း)
အခန်း-၁၃၅(​လောကီ​ရေးရာ)

အခန်း-၁၁၃(အနမ်းများခိုးယူခြင်း)

2.5K 343 10
Von Indolent-Senorita

Scroll down for Zawgyi.

Unicode

ခွဲစိတ်မှုပြီးသည့် ​နောက်တစ်နေ့မနက်၀ယ် ချင်ရှန်း သတိပြန်လည်လာခဲ့သည်။

သူမ နိုးနိုးချင်း ​အိပ်ရာဘေးတွင် ထိုင်​နေ​သော ​ပေါ်ယွီ့ကို မြင်လိုက်ရ​သောအခါ ဖြူ​ဖျော့နေတဲ့မျက်နှာ၌ အပြုံးတစ်ပွင့်က ထိန်းချုပ်မရစွာ ဖြစ်ထွန်းသွားသည်။

လူနာ​ဆောင်အပြင်ဘက်။စုန့်ရှီလင်နှင့်​ပေါ်လျန်တို့ဟာ အချင်းချင်း ထိပ်တိုက်​တွေ့​နေကြ၏။ဖရဲသီး​လေးခမျာ ၎င်းတို့နှစ်ယောက်အား အ​ကြောက်​ကြောက်အလန့်လန့်နှင့် ​ဘေးက​နေ ငုတ်တုတ်​လေး ထိုင်ကြည့်​နေရရှာသည်။

​​ပေါ်ယွီ မျက်​မှောင်ကြုတ်လိုက်၏။
" ကျွန်​တော် နှစ်ရက်အတွင်း ​ရှေ့​နေ​ခေါ်ပြီး ပိုင်ဆိုင်မှု​တွေ ပြန်လွှဲ​ပေးမယ် "

" အ​မေ မလိုချင်ပါဘူး "
ချင်ရှန်း ငြင်းဆန်လိုက်သည်။
" အ​မေက သားကို ​ပေးတာ ၊ အဲဒီဥစ္စာ​တွေကို သား စိတ်တိုင်းကျ စီမံလို့ရတယ် "

​ပေါ်ယွီ : " ဒါ​တွေပြီးရင် အ​မေ ဘယ်ကိုသွားမှာလဲ ??? "

" ဟွားမြို့​တော်ဆီ "
ချင်ရှန်းက ​ပေါ်ယွီ့ကို ကြည့်လျက် ​ဖြေသည်။

​ပေါ်ယွီက ပျာယာခတ်သွားသ​ယောင်။
" အ​မေ့သ​ဘောပါ​ "

စကားဝိုင်း အဆုံးသတ်​လေ​တော့ ​ပေါ်ယွီ သူ့အိတ်ကပ်ထဲက စီးကရက်ဘူးကို သတိလက်လွတ် ထုတ်ယူလိုက်မိသည်။သို့တိုင် ​ဆေးရုံခုတင်တွင် လှဲ​လျောင်း​နေသည့် ချင်ရှန်းကို တစ်ချက် ငဲ့ကြည့်ကာ ၎င်းစီးကရက်ဘူးအား ပြန်ထိုးထည့်လိုက်၏။

ဤခွတီးခွတ​လေထုကြီးက ​ပေါ်ယွီ့ကို ​ဆေးလိပ်ဖွာချင်စိတ် ဖြစ်​ပေါ်လာ​စေသည်။

" စုန့်မိသားစုက သူတို့ရဲ့အင်အားကို ကျိယန်မှာ ဖြန့်ကျက်ဖို့ လုပ်​နေကြတယ်။ ဒီလက်​ဆောင်ကို တအားလွယ်လွယ် ​ပေးမပစ်နဲ့ "

ချင်ရှန်းက ထပ်မံ အကြံ​ပေးသည်။
" ဒီဟာ​တွေကို သား သိမ်းထား။ အဲဒါဆိုရင် စုန့်မိသားစု ...... မဟုတ်ဘူး တခြားဘယ်သူမှ သားကို လာထိလို့မရဘူး "

​ပေါ်ယွီက ' အမ်း ' တစ်လုံးနှင့် အသံပြုသည် ၊ ချင်ရှန်းအား ငြင်းပယ်ခြင်း မလုပ်။

စုန့်ရှီလင်၏အ​​ဖေနှင့်အ​မေက သူ့အ​ပေါ် အ​တော်​​လေး ​ကောင်း​ပေးကြပါသည်။ယင်း ' ​ကောင်း ' ဟူ​သော ​ဝေါဟာရက စုန့်ရှီလင်နှင့်ဖရဲသီး​လေးတို့အ​ပေါ် အ​ခြေတည်ထားခြင်း။

​ပေါ်ယွီက သူ့အနာဂတ်ကို အခြားလူ​တွေလက်ထဲ ပုံအပ်လိမ့်မည် မဟုတ်​ချေ။သူ့ကံကြမ္မာကို သူကိုယ်တိုင် ထိန်းချုပ်မည့်သူပင်။

ချင်ရှန်းက ​ပေါ်ယွီ့ကို ကြည့်၍ တစ်ခုခု ​ပြောမည့်ဟန်ပြုပြီးမှ တုံ့ဆိုင်း​နေ၏။

​ပေါ်ယွီက ချင်ရှန်းအား ထူးမခြားနား စိုက်ကြည့်ရင်း သူမ ​ပြောမည့်အရာကို ​စောင့်​နေသည်။

" သား အိမ်ပြန်ရင် ပြန်​လေ ၊ အ​မေ အနားယူလိုက်ဦးမယ် "
သို့​​ပေမင့် ချင်ရှန်းက ​အနုနည်းနှင့် နှင်ထုတ်လာသည်။

​ပေါ်ယွီက ထူးထူး​ထွေထွေ သံသယ၀င်မ​နေဘဲ လူနာခန်းထဲက​နေ ထွက်သွား​ပေးခဲ့သည်။​ပေါ်ယွီလည်း အပြင်​အရောက် ၊ လူနာခန်းတံခါးလည်း ပြန်အပိတ်၌ မူလက ​ဆေးရုံခုတင်ထက်တွင် ချည့်နဲ့​ဖြူဖျော့စွာ လှဲ​လျောင်း​ဟန်​ဆောင်နေသည့် ချင်ရှန်းတစ်ယောက် မျက်လုံးများကို ဗြုန်းခနဲ ဖွင့်လိုက်သည်။မည်သည့်အားအင်ချည့်နဲ့မှုမျိုးမျှ သူမမျက်ဝန်းများထဲတွင် ရှိမ​နေ။

လူနာ​ဆောင်တံခါး​ရှေ့၌ စုန့်ရှီလင်နှင့်​ပေါ်လျန်တို့က တစ်​ယောက်ကိုတစ်​ယောက် စိုက်ကြည့်​နေကြသည်မှာ အသက်မပါလှစွာ။

​ပေါ်ယွီ ထိုလူနှစ်​ယောက်ကြား အလျင်အမြန် ပိတ်ရပ်လိုက်ခြင်းဖြင့် နှစ်​ယောက်သား၏စက္ခုအာရုံတိုက်ပွဲကို တားမြစ်လိုက်သည်။

​ဖရဲသီး​လေးက ​​ပေါ်ယွီ့​ပေါင်ကို ​ပျော်​ပျော်ကြီး အ​​ပြေးအလွှား လာဖက်တွယ်သည်။

​ပေါ်ယွီ : " အ​​မေက အနားယူ​နေပြီ။ အရင် ပြန်နှင့်ရ​အောင် "

​ပေါ်လျန် : " ပြန်မယ် ??? ဘယ်ကိုလဲ ??? "

" ​ဟော်တယ်ကိုပါ "
​ပေါ်ယွီက ​ပေါ်လျန့်ကို အကဲခတ်လျက် ဂရုတစိုက် ​​ဖြေ၏။

" မင်းမှာ ကိုယ်ပိုင်အိမ်မရှိဘူးလား ၊ ဟော်တယ်တက်​နေဖို့က "
​ပေါ်လျန်က စကားဆုံးသည်နှင့် ရန်စခြင်း ၊ အထင်​သေးခြင်းတို့ အပြည့်ပါ​သော အကြည့်တစ်ချက်အား စုန့်ရှီလင်ထံ ပို့လွှတ်လိုက်သည်။

စုန့်ရှီလင်ကလည်း ​ပေါ်လျန်ကို ဘာမထီစွာ ​ဝေ့ဝဲကြည့်လိုက်သည်။အ​ရေးမစိုက်ခြင်းနှင့် ရန်လို​ဒေါသတို့က မျက်ဝန်းထဲမှာ သိသိသာသာ ထင်ဟပ်​နေ၏။

​ပေါ်ယွီခမျာ မျက်လုံးအဝိုင်းသား သြချ​နေရသည်။
ဒီနှစ်​ယောက် ဘယ်လိုလုပ် အ​စေးမကပ်ကြတယ် ???

" ပါးပါး ၊ ဖရဲသီး​လေး ဗိုက်ဆာပြီရယ် "
ဖရဲသီး​လေးက ဆိုသည်။

​​ပေါ်ယွီ ​နောက်သို့ ​ခြေတစ်လှမ်းရုတ်ကာ က​လေးငယ်​လေးကို ​ပွေ့ချီလျက် ​ဝေ့လည်​ကြောင်ပတ်ဆန်ဆန် ​ပြောလိုက်သည်။
" ​ကော ၊ ကျွန်​တော် ဒီတ​လော ​ဟော်တယ်မှာ သူနဲ့အတူတူ ​နေမလို့ ၊ အဲတာ အိမ်မပြန်ဖြစ်​လောက်ဘူး "

​ပေါ်လျန်က ​ခြေလှမ်းကျဲကြီးများနှင့် ချာခနဲ လှည့်ထွက်သွားခဲ့သည်။

" သူ အ​တော်​လေး ​စိတ်ဆိုးသွားတာပဲ "
စုန့်ရှီလင်အသံက ပျံ့လွင့်လာသည်။

အစ်ကိုဖြစ်သူရဲ့တ​ရွေ့​ရွေ့​ဝေးကွာ​သွားသော​ ကျောပြင်ကို ခပ်​တွေ​တွေ ​ငေးကြည့်ရင်း ​ပေါ်ယွီ ​ထောက်ခံစွာ ​ခေါင်းညိတ်လိုက်လင့်ကစား ​ပေါ်လျန့်​နောက်​တော့ လိုက်သွားခြင်း မရှိ​ချေ။
" အ​သေအချာ​ပေါ့ "

​ပေါ်လျန့်​ဒေါသဟာ မည်သူမဆို ​ခေါင်းခံနိုင်သည့်အရာမျိုး မဟုတ်​ရေးချမဟုတ်။​ပေါ်ယွီသည်လည်း သာမာန်ပြည်သူ​လေး​တွေထဲက တစ်ယောက်မို့ ​ပေါ်လျန် စိတ်​ပြေဖို့အ​ရေး သူ့ဘ၀​လေးကို အရင်းအနှီးပြုရန် ငြင်းပါရ​စေ။

" မင်း သူ့​နောက် တ​ကောက်​ကောက်လိုက်မသွားဘူးလား ??? "
စုန့်ရှီလင်က ​ပေါ်ယွီ့လက်​မောင်းများအတွင်းရှိ စိတ်အားထက်သန်​နေ​သော က​လေး​လေးကို လွှဲ​ပြောင်းချီလိုက်ပြီး တန်းလှည့်ထွက်သွား၏။

လူနှစ်ယောက်ဆီက​နေ ဆက်တိုက် ပစ်ထားခံခဲ့ရသည့် ​ပေါ်ယွီမှာ ​ခေတ္တမျှ ​ကြောင်အမ်းအမ်းဖြစ်​နေမိသည်။ထို့​နောက် ဘာမှန်းသ​ဘော​ပေါက်သွားကာ ​စုန့်ရှီလင်​နောက်သို့ အ​လောသုံးဆယ် ​ပြေးလိုက်လာသည်။

​ပေါ်ယွီခမျာ အနည်းငယ် အကူအညီမဲ့​နေ၏။
" ဘာလို့များ မင်းတို့နှစ်​ယောက် တအား က​လေးဆန်ရတာလဲ ??? "

ထိုစကားလုံး​တွေက ​စုန့်ရှီလင်အား ရှူးရှူးရှားရှားဖြစ်သွား​စေရာ သူ ​ခေါင်းစီး​ပြောင်း​မေးလိုက်​လေသည်။
" ကိုယ့်​ယောက္ခမကြီး မင်းကို ​ပေးခဲ့တာ​တွေနဲ့ ဘာလုပ်မယ် စဉ်းစားထားလဲ ??? "

​ပေါ်ယွီ အ​တွေးနက်သွားရပြီး စုန့်ရှီလင် ချင်ရှန်းအား ရည်ညွှန်းလိုက်ပုံကို သတိမမူမိ​။
" ငါ ဒီည ကျိယန်ကို သွားဖို့ စီစဉ်ထားတယ် "

စုန့်ရှီလင် လမ်း​လျှောက်​ခြင်းကို ရပ်တန့်လိုက်၏။
​ပေါ်ယွီက သူတစ်​ယောက်တည်း သွားမယ်ဆိုတဲ့ အဓိပ္ပါယ်လား။

ထင်သည့်အတိုင်းပင် ​ပေါ်ယွီရဲ့​နောက်လာတဲ့ စကားလုံး​တွေက : " ငါဘာသာငါပဲ သွားလိုက်မယ်။ မင်းက ကုမ္ပဏီကိစ္စ​တွေ ​ဖြေရှင်းဖို့ အ​နောက်​တောင်မြို့​တော်မှာ ​နေရဦးမှာမလား "

​ပေါ်ယွီ့စကားဆုံးသည်နှင့် စုန့်ရှီလင်က လက်မခံစွာ ဆိုသည်။
" ကိုယ်က​တော့ ဖရဲသီး​လေး ​ပေါ်အိမ်​တော်မှာ ​နေ​မယ့်ကိစ္စကို စိတ်မချပါဘူး။ ဖရဲသီး​လေးကလည်း ​ပေါ်အိမ်မှာ ​နေရတာကို မကြိုက်ဘူးတဲ့ "

ဖရဲသီး​လေးက သ​ဘောတူညီသည့်နှယ် ​ခေါင်း​လေး တဆတ်ဆတ် ညိတ်ပြ​သော်ငြား ​ပေါ်ယွီက မမြင်။

" အဲဒါဆို ဖရဲသီး​လေးကို မင်း ​ခေါ်ထားလိုက်​လေ။ ရုံးခွဲကအလုပ်​တွေပြီးရင် ငါမပါလည်း မင်း ဟွားချန်မြို့ကို ပြန်နှင့်​နော် "
​ပေါ်ယွီက အလျင်အမြန် ဖြည့်​ပြောရသည်။
" ငါ ကျိယန်မှာ အလုပ်​တွေလတ်စသတ်တာနဲ့ ဟွားချန်ကို တန်းပြန်လာမှာပါ "

" ကိုယ်က မင်း အ​နောက်​တောင်မြို့​တော်မှာ ခဏဆက်နေဦးမယ် ​အောက်​မေ့တာ "

" ငါက ဘာလို့ အ​နောက်​တောင်မြို့​တော်မှာ နေရမှာလဲ ??? "
​ပေါ်ယွီက စုန့်ရှီလင် ဆိုလိုသည်ကို လုံး၀ နားမလည်စွာ အံ့သြတကြီး ​မေးလိုက်သည်။

စုန့်ရှီလင်က ဝိုးတဝါး ​စောင်းပါးရိပ်ခြည်ဆို၏။
" မင်း ဥက္ကဋ္ဌ​ပေါ်ကို တာ့တာပါ မ​နှုတ်ဆက်ရ​သေးဘူး မဟုတ်လား ??? "

" ငါက အခု လူကြီးဖြစ်​နေပြီ။ ငါ ဘယ်သွားဘာလုပ်ကို သူ့ဆီ သတင်းပို့​နေရဦးမှာလား ??? "
​ပေါ်ယွီက စုန့်ရှီလင်စကား​တွေကို စိတ်မ​ကျေနပ်​ကြောင်းပြသည့်အ​နေဖြင့် ​မျက်မှောင်​လေး​တွေ ကြုတ်လိုက်သည်။

သို့​ပေမင့် ​စုန့်ရှီလင်ကမူ ​ပေါ်ယွီ့အပြုအမူ​လေး​တွေ​ကြောင့် အ​ကျေနပ်ကြီး ​ကျေနပ်သွားခဲ့သည်။

" 《 Secret Agent 》 က ဆင်ဆာ​အောင်သွားပြီ။ ​လျူခိုင်က ငါ့ကို ပရိုမိုရှင်းဆင်းမယ့်ကိစ္စ ​ပြောတယ်။ အဲဒါ​ကြောင့် ပထမဆုံး ရုပ်ရှင်ပရိုမိုးရှင်းဆင်းပွဲကို တက်ဖို့ ငါ နောက်နှစ်ရက်အတွင်း ဟွားချန်ကို ပြန်လာရမှာရယ် "

​ပြောရင်းဆိုရင်းတန်းလန်းမှ ​ပေါ်ယွီ ​ဆေးလိပ်​သောက်ချင်လာရသည်။

စုန့်ရှီလင်က ​ဘေးပတ်ဝန်းကျင်အား အရိပ်အခြည်ကြည့်လိုက်သည်။ဒါက ထိပ်တန်းအဆင့် လူနာ​ဆောင်အ​ဆောင်အဦးမို့ စင်္ကြန်၌ လူအနည်းငယ်သာ ရှိသည်။

" ခဏတစ်ဖြုတ်​လေး သည်းခံလိုက်ပါဦးကွာ ၊ ဟုတ်ပြီလား "
စုန့်ရှီလင်က ရုတ်တရက်ကြီး ​ဖြောင့်ဖြလာသည်။

​ပေါ်ယွီက စုန့်ရှီလင်အား ပ​ဟေဠိဖြစ်စွာ ​မော့ကြည့်လိုက်သည်။သူ တစ်ဖက်အမျိုးသား၏မျက်နှာကို အ​သေးစိတ် အကျယ်ချဲ့ကြည့်ရင်း သူ့နှုတ်ခမ်း​တွေ ပူ​နွေး​တောက်​လောင်လာသ​ယောင်။

" မင်း ... လူကြားသူကြားထဲမှာ လူရိုင်း​ကောင်ကြီးလို မ​လျော်ကန်တာ​တွေ ပြုမူ​နေတယ် "
​ပေါ်ယွီ့မျက်နှာ​လေးက နီနီ​စွေး​စွေး။

စုန့်ရှီလင်က အငြိုးကြီးမားစွာ ​ခြောက်ခြားဖွယ် ​ကြုံးဝါးသည်။
" မင်း အိမ်ပြန်လာခါမှ ကိုယ် ဘယ်​လောက် လူရိုင်း​ကောင်ဆန်သလဲဆိုတာကို နက်နက်နဲနဲ ​ပြ​ပေးမယ် "

ထိုစကားလုံး​တွေရဲ့​နောက်ကွယ်က အဓိပ္ပါယ်ကို ​ပေါ်ယွီ နားလည်လည်ချင်း ပိုလို့ ရှက်​သွေးဖြာသွားရသည်။သူ့နှလုံးသား​လေးကား ပရမ်းပတာ ဆူဆူညံညံ ခုန်​ပေါက်နေခဲ့၏။

ဖရဲသီး​လေးခမျာ ​တောင်​ငေးလိုက် ၊ ​မြောက်​ငေးလိုက်နှင့် ​စောင့်​နေရတာ ကြာကြာလှ​ချေပြီ။လူကြီးနှစ်​ယောက်ကမူ သူ့အား ​မွှေး​မွှေး​ပေးရန်ပင် အာရုံမရကြရာ က​လေး​လေးက မ​ကျေမနပ် ညည်းတွားလိုက်သည်။

​ညခုနစ်နာရီ၀န်းကျင် ၊ ​ပေါ်ယွီ ​လေယာဉ်စီးရန်အလို့ငှာ ရိုးရိုးရှင်းရှင်း ခရီး​ဆောင်အိတ်တစ်လုံးဖြင့် ​လေဆိပ်သို့ ဆင်းခဲ့သည်။

​လေယာဉ်​ပေါ်တက်​​သော် ဖုန်းမပိတ်မီ ​ပေါ်လျန်ထံ သူ ကျိယန်သွားမည်ဖြစ်​ကြောင်း message ပို့လိုက်၏။

ယင်း message အား ​ပေါ်ယွီ လက်ခံရရှိချိန် သူ့မျက်နှာက ​ဒေါသ​ကြောင့် အစိမ်း​ရောင်​ပြောင်းလုနီးနီး။ ​ပေါ်ယွီက သူ တခြားမြို့သွားမယ့်ကိစ္စကို သူ့ဆီ ​နောက်ကျမှ လှမ်း​ပြောရဲတယ် !!!

ထိုစဉ် ​ပေါ်ယွီက ​ကောင်းကင်ကြီး၌ လွတ်လွတ်လပ်လပ် ပျံသန်း​နေသည်။

" ကားပြင်လိုက် ၊ စုန့်ရှီလင်ကို သွား​​တွေ့မယ် "

လက်​ထောက်​လေးခမျာ ​ပေါ်လျန်က သူ့အ​ပေါ် ​ဒေါသ​တွေ လာပုံချမည်စိုး၍ ရုံးခန်းထဲက​နေ ဒ​ရော​သောပါး ​​အ​သော့နှင် ထွက်သွားခဲ့သည်။

​ပေါ်လျန် စုန့်ရှီလင်အခန်းတံခါးကို ​ခေါက်လိုက်သည်။

​ခေတ္တအကြာ စုန့်ရှီလင်က တံခါးထဖွင့်​ပေးသည်။တန်းတူရည်တူ အမျိုးသားနှစ်ဦးက အချင်းချင်း တန်းတန်းမတ်မတ် စိုက်ကြည့်​နေကြ၏။စုန့်ရှီလင်ကအရင် စကားစလိုက်သည်။
" အပြင်မှာ ​ပြောမယ် ၊ က​လေး အိပ်​နေတယ် "

​ပေါ်လျန်က ​ဘေးတစ်ခြမ်းသို့ ကိုယ်ကို​စောင်းလျက် ​စုန့်ရှီလင်ကို အပြင်ထွက်​စေလိုက်သည်။

" ငါ မင်းကို ဘာလို့လာရှာသလဲ မင်း မှန်းမိမှာပါ "
​ပေါ်လျန့်​လေသံထဲက ​ထေ့​ငေါ့​လှောင်ပြန်ဟန်ဟာ ဖုံးမရကွယ်မရ။

စုန့်ရှီလင်က ခပ်ပါးပါးတစ်ချက်ပြန်ကြည့်ကာ ခနဲ့လိုက်သည်။
" အဲဒီ​တော့ ??? "

အဲဒီ​တော့ ???!!!

​ပေါ်လျန့်ပတ်ပတ်လည်က အနက်​ရောင် အ​ငွေ့အသက်များဟာ ဤစကားလုံး​တွေနှင့်အတူ ပိုမို​လေးလံသိပ်သည်းလာသည်။သူ ​ဒေါသတကြီး အံကြိတ် ဆိုလိုက်၏။
" ​ပေါ်ယွီ အ​နောက်​တောင်မြို့​တော်က​နေ ထွက်မယ့်အ​ကြောင်း မင်း ဘာကိစ္စ ငါ့ဆီ ကြိုမပြောတာလဲ ??? "

" ​ပေါ်ယွီ ခင်ဗျားကို ​ပြောသွားလိမ့်မယ်လို့ ကျွန်​တော် ​တွေး​နေတာ ၊ ​ပေါ်ယွီက ကြိုမ​ပြောမသွားဘူးကိုး "
သီးသန့် VIP ခန်းထဲက အမျိုးသားနှစ်​ယောက်ဟာ မျက်နှာချင်းဆိုင် စကားစစ်ထိုး​နေကြ၏။

​ပေါ်လျန်က ​အေးစက်စွာ ​မေးသည်။
" မင်း ငါ့ကို ဟာသလုပ်​နေတာလား ??? "

" မဟုတ်ရပါဘူး "
စုန့်ရှီလင်က ဆို၏။
" ဥက္ကဋ္ဌ​ပေါ် အထင်လွဲ​​နေပါပြီ "

သို့​ပေတည့် စုန့်ရှီလင်ရဲ့မျက်နှာအမူအရာက ဆန့်ကျင်ဘက်အနက်သို့ အပြည့်အ၀ ​ဖော်ကျူးနေသည်။

" စုန့်ရှီလင် ၊ ငါက မင်းကို မထိရဲဘူးလို့များ ထင်​နေသလား "

" ​ပေါ်လျန် ၊ ခင်ဗျားက ကျုပ်ရဲ့လူကို အ​နောက်​တောင်မြို့​တော်မှာ ပိတ်ထားဖို့ လုပ်​နေတယ် ၊ ခင်ဗျား ​ပြောကြည့် ၊ ကျုပ်က​ရော ​ပေါ်အိမ်​တော်ကို တစ်ခုခု လုပ်မပစ်ရဲဘူးလား "
စုန့်ရှီလင်က ခနဲ့သည်။

" ​ပေါ်ယွီက ဘယ်တုန်းက မင်းရဲ့လူဖြစ်သွားရတာလဲ ???!!! "

" သူက ခင်ဗျားညီ​လေး ၊ ခင်ဗျား ၀င်ပါလွန်း​နေပြီ "

" မင်းကိစ္စ မဟုတ်ဘူး "
​ပေါ်လျန်က အသက်မဲ့စွာ နှုတ်လှန်ထိုးသည်။

" အဲဒါဆိုလည်း ဘာကိစ္စ ကျုပ်ကို လာ​မေး​နေ​သေးလဲ ??? "
စုန့်ရှီလင်က ပြန်လည်သ​ရော်မှုပြုသည်။

အမျိုးသားနှစ်​ယောက်လုံး မည်သူကမျှ ​နောက်ဆုတ်ရန် စိတ်ကူးမရှိကြ ၊ ​ပေါ်ယွီ့အ​ပေါ် ပိုင်ဆိုင်မှုအား ယှဉ်ပြိုင်​နေကြသည်။

ဘယ်သူကများ ​ပေါ်ယွီ့ကို လက်​လွှတ်​ပေးချင်ပါမည်နည်း။

ဘ၀တစ်သက်တာမှာ တစ်ခုတည်းရှိတဲ့ အရာ​လေး​လေ။

___________

​ရှေ့ရက်များက ချင်ရှန်းပြသာနာ​တွေ​ကြောင့် ​ပေါ်ယွီ ​ကောင်း​ကောင်းမွန်မွန် မအိပ်စက်ခဲ့ရ​ချေ။သူ ​လေယာဉ်​ပေါ် ​ရောက်သည်နှင့် သတ်မှတ်ထိုင်ခုံ၌ ​ကွေး​ကွေး​လေး ​ခွေကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်​မောကျသွားခဲ့သည်။

အိမ်မက်မက်​ကောင်း​နေတုန်း လက်တစ်ဖက်က ​ပေါ်ယွီ့ပခုံးကို ညင်သာစွာ တို့လာ၏။

​ပေါ်ယွီက ကျွစ်စုတ်လိုက်သည့်တိုင် မလှုပ်မယှက်။

ထိုပုဂ္ဂိုလ်ဟာ ​ဒတင်္ဂမျှ ချီတုံချတုံဖြစ်သွားပြီး တဖန် လာတို့ပြန်သည်။

​ပေါ်ယွီ မျက်ခုံးများ တွန့်ချိုးရင်း မျက်လုံးလှန်ကြည့်လိုက်သည်။တစ်ဖက်လူက ​ပေါ်ယွီ နိုးလာပြီဟု ထင်လိုက်​ပေမင့် ​ပေါ်ယွီကမူ တ​ခေါ​ခေါ​ဟောက်အိပ်သွားပြန်​လေသည်။

ထိုလူက ​ပေါ်ယွီ့ပခုံးအား ​နောက်တစ်ကြိမ် ထပ်တို့မည်အပြု ၊ ​ပေါ်ယွီ ဆတ်ခနဲ အိပ်ရာနိုးလာခဲ့သည်။

သူ အိပ်ရာနိုး​တော့ သူ့လည်ပင်းတစ်ဖက်က အနည်းငယ် လိမ်​နေသလိုလို ၊ လည်ပင်းလည်း ​တောင့်​နေ၏။

" မင်း အဆင်​ပြေရဲ့လား ??? "
သာယာညင်း​ပျောင်းသည့် အမျိုးသားသံတစ်သံက​ ​ပေါ်ယွီ့နံ​ဘေးမှ ထွက်​ပေါ်လာ၏။

​ပေါ်ယွီ ပခုံးကြွက်သားများကို လက်နှင့် နှိပ်နယ်လိုက်သည်။သူ့မျက်နှာက စိတ်ရှုပ်​နေသည့်နှယ်။
" အဆင်​ပြေပါတယ် ၊ လည်ပင်း​တောင့်ခဲ​နေရုံပါ။ စိတ်ပူ​ပေးတာ ​ကျေးဇူးတင်ပါတယ် "

" ........ ကျွန်​တော် ​ပြောချင်တာက ...... မင်း အဆင်​ပြေတယ်ဆိုရင် ကျွန်​တော့်အ​ပေါ်က​နေ ဖယ်​ပေးလို့ရမလား။ ကျွန်​တော် သန့်စင်ခန်း သွားရမှာမို့လို့ "

သူက သူစိမ်းတစ်​ယောက်ရဲ့ပခုံး​ပေါ် မှီအိပ်​နေမိမှန်း ​ပေါ်ယွီ သ​ဘော​ပေါက်လိုက်ရာ ချက်ချင်း မျက်နှာပူသွားရပြီး အမြန်ဆုံး ခပ်မတ်မတ်ပြန်ထိုင်လိုက်သည်။ယင်းအပြုအမူကပဲ ​တောင့်​တင်း​နေ​သော လည်တိုင်အား ပိုဆိုးသွား​စေသည်။

" ဗု​ဒ္ဓေါ ......... "

ထိုပုဂ္ဂိုလ် သန့်စင်ခန်းက​နေ ပြန်​ရောက်လာ​သောအခါ ​ပေါ်ယွီ့လည်ပင်းလည်း အ​တော်အတန် သက်သာ​နေပြီဖြစ်သည်။​ပေါ်ယွီ သူ့​ဘေးက ​ချော​မောခန့်ညားသည့် လူကြီးလူ​ကောင်း အမျိုးသားကို မျက်စိကစား၍ စတင် စကားဦးသမ်းလိုက်သည်။
" မင်္ဂလာပါ ၊ ကျွန်​တော်က ​ပေါ်ယွီပါ "

" ...... မင်္ဂလာပါ ၊ ကျွန်​တော်က ဝမ်းဟယ်ရှန်းပါ "

၀မ်းဟယ်ရှန်းဆိုသူက ပြုံးပြလျက် သူ့အိတ်ထဲက notebook နှင့် ​ဘောပင်တစ်​ချောင်းရယ် ထုတ်​​ပေးသည်။
" ကျွန်​​တော့်ညီ​လေးက မင်းကို ​တော်​တော်​လေး ကြိုက်တာ ၊ မင်း သူ့အတွက် လက်မှတ်​လေး ထိုး​ပေးနိုင်မလား ??? "

​သူက ဝမ်းဟယ်ရှန်း၏ပခုံး​ပေါ် မှီအိပ်ထားခဲ့သည်မို့ ​မေတ္တာလက်​ဆောင်စကား​ ​ရေး​ပေးရမှာဖြစ်ဖြစ် ၊ လက်မှတ်ထိုး​ပေးရမှာဖြစ်ဖြစ် ​ပေါ်ယွီ ဆယ်ကြိမ်ဆယ်ခါ​လောက် လုပ်​ပေးလိုက်ဦးမည်။

လက်မှတ်ထိုးပြီး​နောက် ဝမ်းဟယ်ရှန်းက notebook ကို အိတ်ထဲ ပြန်ယူသိမ်းလိုက်၏။

" ​ပေါ်ရှန့်ရှန်း(​ပေါ်လူကြီးမင်း) က ကျိယန်မှာ ဘာလုပ်မလို့လဲ ??? "
ဝမ်းဟယ်ရှန်းက ဆိုသည်။
" ကျွန်​တော် မှတ်မိတာ​တော့ ​ပေါ်ရှန့်ရှန်းရဲ့​နောက်ဆုံးအချိန်ဇယားက ကျိယန်မှာ မဟုတ်ဘူးလားလို့ပဲ "

" ......... မင်းရဲ့ညီ​လေးက ကျွန်​တော့်ပရိသတ်ဆို ၊ ဘယ်လိုလုပ်များ ဝမ်းရှန့်ရှန်းက ကျွန်​တော့်အချိန်စာရင်းကို ​ကောင်း​ကောင်းကြီး သိ​နေရတာလဲ ??? "

သူ့ကိုယ်သူ ​ဖော်​ကောင်လုပ်လိုက်မိမှန်း သတိရသွားတဲ့ ဝမ်းဟယ်ရှန်းက ရှက်ဝဲဝဲဖြင့် အခြား​ခေါင်းစဉ်တစ်ခုဆီ ခုန်ကူးလိုက်သည်။
" ​တောင်းပန်ပါတယ် "

​ပေါ်ယွီ : " ကိစ္စမရှိပါဘူး "   " ကျိယန်ကို သွားတာက ကျွန်​တော့်ရဲ့သီးသန့်ခရီးစဉ်မို့လို့ Weibo မှာ မတင်ဖြစ်တာပါ "

ဝမ်းဟယ်ရှန်း : " ကျွန်​တော် နားလည်ပါတယ် "

​ပေါ့​ပေါ့ပါးပါး စကားစမြည်​ပြော​​နေသင့်သည့် လူနှစ်ဦးမှာ ထိုကိုးလို့ကန့်လန့် ​ခေါင်းစဉ်ကြီး​အောက်ဝယ် နှုတ်ဆိတ်​နေကြရရှာသည်။

​လေယာဉ်ဆိုက်​သော် ​ဝမ်းဟယ်ရှန်းက ​ပေါ်ယွီ့ကို တစ်ချက် တစ်ချက် လှည့်ကြည့်ကာ အင်တင်တင်နှင့် ဝန်​လေးစွာ ထွက်သွားခဲ့သည်။

​ပေါ်ယွီ ​လေဆိပ်ကို ဖြတ်​လျှောက်၍ ထွက်​ပေါက်၌ သူ့အား ရပ်​စောင့်​နေ​​သော လူတစ်​ယောက်က သူ့ထံ လာ​နေသည်ကို ​တွေ့လိုက်ရသည်။

​ပေါ်ယွီ့ကို လာကြိုတဲ့လူက ချင်ရှန်း၏လူယုံဖြစ်သည်။ထိုလူယုံ​လေးက သူ့ရဲ့​နောက်ထပ်အလုပ်ရှင်ဟာ ​ပေါ်ယွီမှန်း သိပြီး​နှင့်သည့်အ​လျောက် အံ့သြ​နေခြင်း မရှိ​ချေ။
" ​ပေါ်ကျုံး(ဥက္ကဋ္ဌ​ပေါ်) ၊ မင်္ဂလာပါ။ ကျွန်​တော်က လျှို့ယွင်ပါ "

" မင်္ဂလာပါ "
​ပေါ်ယွီ လက်ဆွဲနှုတ်ဆက်လိုက်၏။

လျှို့ယွင်နှင့်အတူပါ​လာသော ဝန်ထမ်း​လေး​တွေခမျာ ​ပေါ်ယွီ့ကို အထိတ်တလန့် ကြည့်​နေကြသည်။

​သောက်ကျိုးနဲ !!!!!!!!

သူတို့ရဲ့အလုပ်ရှင်အသစ်က ​ပေါ်ယွီဟ !!!!!!!!!

.
.
.
.
.
.

ဒီအခန်းမှာဆိုရင်​တော့ ရှာလကာရည်​သောက်​နေတဲ့ စုန့်ရှီလင်နဲ့ ​ပေါ်ယွီ ဝမ်းဟယ်ရှန်းပခုံး​ပေါ်မှာ မှီအိပ်တာကို မဆီမဆိုင် ကြားက သ၀န်တို​နေတဲ့ ကျွန်မကို ​တွေ့ရမှာ ဖြစ်ပါတယ်ရှင် ...
🥲🥲🥲😂😂😂












Zawgyi

ခြဲစိတ္မႈၿပီးသည့္ ​ေနာက္တစ္ေန႔မနက္၀ယ္ ခ်င္႐ွန္း သတိျပန္လည္လာခဲ့သည္။

သူမ ႏိုးႏိုးခ်င္း ​အိပ္ရာေဘးတြင္ ထိုင္​ေန​ေသာ ​ေပၚယြီ႕ကို ျမင္လိုက္ရ​ေသာအခါ ျဖဴ​ေဖ်ာ့ေနတဲ့မ်က္ႏွာ၌ အျပဳံးတစ္ပြင့္က ထိန္းခ်ဳပ္မရစြာ ျဖစ္ထြန္းသြားသည္။

လူနာ​ေဆာင္အျပင္ဘက္။စုန္႔႐ွီလင္ႏွင့္​ေပၚလ်န္တို႔ဟာ အခ်င္းခ်င္း ထိပ္တိုက္​ေတြ႕​ေနၾက၏။ဖရဲသီး​ေလးခမ်ာ ၎တို႔ႏွစ္ေယာက္အား အ​ေၾကာက္​ေၾကာက္အလန္႔လန္႔ႏွင့္ ​ေဘးက​ေန ငုတ္တုတ္​ေလး ထိုင္ၾကည့္​ေနရ႐ွာသည္။

​​ေပၚယြီ မ်က္​ေမွာင္ၾကဳတ္လိုက္၏။
" ကြၽန္​ေတာ္ ႏွစ္ရက္အတြင္း ​ေ႐ွ႕​ေန​ေခၚၿပီး ပိုင္ဆိုင္မႈ​ေတြ ျပန္လႊဲ​ေပးမယ္ "

" အ​ေမ မလိုခ်င္ပါဘူး "
ခ်င္႐ွန္း ျငင္းဆန္လိုက္သည္။
" အ​ေမက သားကို ​ေပးတာ ၊ အဲဒီဥစၥာ​ေတြကို သား စိတ္တိုင္းက် စီမံလို႔ရတယ္ "

​ေပၚယြီ : " ဒါ​ေတြၿပီးရင္ အ​ေမ ဘယ္ကိုသြားမွာလဲ ??? "

" ဟြားၿမိဳ႕​ေတာ္ဆီ "
ခ်င္႐ွန္းက ​ေပၚယြီ႕ကို ၾကည့္လ်က္ ​ေျဖသည္။

​ေပၚယြီက ပ်ာယာခတ္သြားသ​ေယာင္။
" အ​ေမ့သ​ေဘာပါ​ "

စကားဝိုင္း အဆုံးသတ္​ေလ​ေတာ့ ​ေပၚယြီ သူ႕အိတ္ကပ္ထဲက စီးကရက္ဘူးကို သတိလက္လြတ္ ထုတ္ယူလိုက္မိသည္။သို႔တိုင္ ​ေဆး႐ုံခုတင္တြင္ လွဲ​ေလ်ာင္း​ေနသည့္ ခ်င္႐ွန္းကို တစ္ခ်က္ ငဲ့ၾကည့္ကာ ၎စီးကရက္ဘူးအား ျပန္ထိုးထည့္လိုက္၏။

ဤခြတီးခြတ​ေလထုႀကီးက ​ေပၚယြီ႕ကို ​ေဆးလိပ္ဖြာခ်င္စိတ္ ျဖစ္​ေပၚလာ​ေစသည္။

" စုန္႔မိသားစုက သူတို႔ရဲ႕အင္အားကို က်ိယန္မွာ ျဖန္႔က်က္ဖို႔ လုပ္​ေနၾကတယ္။ ဒီလက္​ေဆာင္ကို တအားလြယ္လြယ္ ​ေပးမပစ္နဲ႔ "

ခ်င္႐ွန္းက ထပ္မံ အၾကံ​ေပးသည္။
" ဒီဟာ​ေတြကို သား သိမ္းထား။ အဲဒါဆိုရင္ စုန္႔မိသားစု ...... မဟုတ္ဘူး တျခားဘယ္သူမွ သားကို လာထိလို႔မရဘူး "

​ေပၚယြီက ' အမ္း ' တစ္လုံးႏွင့္ အသံျပဳသည္ ၊ ခ်င္႐ွန္းအား ျငင္းပယ္ျခင္း မလုပ္။

စုန္႔႐ွီလင္၏အ​​ေဖႏွင့္အ​ေမက သူ႕အ​ေပၚ အ​ေတာ္​​ေလး ​ေကာင္း​ေပးၾကပါသည္။ယင္း ' ​ေကာင္း ' ဟူ​ေသာ ​ေဝါဟာရက စုန္႔႐ွီလင္ႏွင့္ဖရဲသီး​ေလးတို႔အ​ေပၚ အ​ေျခတည္ထားျခင္း။

​ေပၚယြီက သူ႕အနာဂတ္ကို အျခားလူ​ေတြလက္ထဲ ပုံအပ္လိမ့္မည္ မဟုတ္​ေခ်။သူ႕ကံၾကမၼာကို သူကိုယ္တိုင္ ထိန္းခ်ဳပ္မည့္သူပင္။

ခ်င္႐ွန္းက ​ေပၚယြီ႕ကို ၾကည့္၍ တစ္ခုခု ​ေျပာမည့္ဟန္ျပဳၿပီးမွ တုံ႔ဆိုင္း​ေန၏။

​ေပၚယြီက ခ်င္႐ွန္းအား ထူးမျခားနား စိုက္ၾကည့္ရင္း သူမ ​ေျပာမည့္အရာကို ​ေစာင့္​ေနသည္။

" သား အိမ္ျပန္ရင္ ျပန္​ေလ ၊ အ​ေမ အနားယူလိုက္ဦးမယ္ "
သို႔​​ေပမင့္ ခ်င္႐ွန္းက ​အႏုနည္းႏွင့္ ႏွင္ထုတ္လာသည္။

​ေပၚယြီက ထူးထူး​ေထြေထြ သံသယ၀င္မ​ေနဘဲ လူနာခန္းထဲက​ေန ထြက္သြား​ေပးခဲ့သည္။​ေပၚယြီလည္း အျပင္​အေရာက္ ၊ လူနာခန္းတံခါးလည္း ျပန္အပိတ္၌ မူလက ​ေဆး႐ုံခုတင္ထက္တြင္ ခ်ည့္နဲ႔​ျဖဴေဖ်ာ့စြာ လွဲ​ေလ်ာင္း​ဟန္​ေဆာင္ေနသည့္ ခ်င္႐ွန္းတစ္ေယာက္ မ်က္လုံးမ်ားကို ျဗဳန္းခနဲ ဖြင့္လိုက္သည္။မည္သည့္အားအင္ခ်ည့္နဲ႔မႈမ်ိဳးမွ် သူမမ်က္ဝန္းမ်ားထဲတြင္ ႐ွိမ​ေန။

လူနာ​ေဆာင္တံခါး​ေ႐ွ႕၌ စုန္႔႐ွီလင္ႏွင့္​ေပၚလ်န္တို႔က တစ္​ေယာက္ကိုတစ္​ေယာက္ စိုက္ၾကည့္​ေနၾကသည္မွာ အသက္မပါလွစြာ။

​ေပၚယြီ ထိုလူႏွစ္​ေယာက္ၾကား အလ်င္အျမန္ ပိတ္ရပ္လိုက္ျခင္းျဖင့္ ႏွစ္​ေယာက္သား၏စကၡဳအာ႐ုံတိုက္ပြဲကို တားျမစ္လိုက္သည္။

​ဖရဲသီး​ေလးက ​​ေပၚယြီ႕​ေပါင္ကို ​ေပ်ာ္​ေပ်ာ္ႀကီး အ​​ေျပးအလႊား လာဖက္တြယ္သည္။

​ေပၚယြီ : " အ​​ေမက အနားယူ​ေနၿပီ။ အရင္ ျပန္ႏွင့္ရ​ေအာင္ "

​ေပၚလ်န္ : " ျပန္မယ္ ??? ဘယ္ကိုလဲ ??? "

" ​ေဟာ္တယ္ကိုပါ "
​ေပၚယြီက ​ေပၚလ်န္႔ကို အကဲခတ္လ်က္ ဂ႐ုတစိုက္ ​​ေျဖ၏။

" မင္းမွာ ကိုယ္ပိုင္အိမ္မ႐ွိဘူးလား ၊ ေဟာ္တယ္တက္​ေနဖို႔က "
​ေပၚလ်န္က စကားဆုံးသည္ႏွင့္ ရန္စျခင္း ၊ အထင္​ေသးျခင္းတို႔ အျပည့္ပါ​ေသာ အၾကည့္တစ္ခ်က္အား စုန္႔႐ွီလင္ထံ ပို႔လႊတ္လိုက္သည္။

စုန္႔႐ွီလင္ကလည္း ​ေပၚလ်န္ကို ဘာမထီစြာ ​ေဝ့ဝဲၾကည့္လိုက္သည္။အ​ေရးမစိုက္ျခင္းႏွင့္ ရန္လို​ေဒါသတို႔က မ်က္ဝန္းထဲမွာ သိသိသာသာ ထင္ဟပ္​ေန၏။

​ေပၚယြီခမ်ာ မ်က္လုံးအဝိုင္းသား ၾသခ်​ေနရသည္။
ဒီႏွစ္​ေယာက္ ဘယ္လိုလုပ္ အ​ေစးမကပ္ၾကတယ္ ???

" ပါးပါး ၊ ဖရဲသီး​ေလး ဗိုက္ဆာၿပီရယ္ "
ဖရဲသီး​ေလးက ဆိုသည္။

​​ေပၚယြီ ​ေနာက္သို႔ ​ေျခတစ္လွမ္း႐ုတ္ကာ က​ေလးငယ္​ေလးကို ​ေပြ႕ခ်ီလ်က္ ​ေဝ့လည္​ေၾကာင္ပတ္ဆန္ဆန္ ​ေျပာလိုက္သည္။
" ​ေကာ ၊ ကြၽန္​ေတာ္ ဒီတ​ေလာ ​ေဟာ္တယ္မွာ သူနဲ႔အတူတူ ​ေနမလို႔ ၊ အဲတာ အိမ္မျပန္ျဖစ္​ေလာက္ဘူး "

​ေပၚလ်န္က ​ေျခလွမ္းက်ဲႀကီးမ်ားႏွင့္ ခ်ာခနဲ လွည့္ထြက္သြားခဲ့သည္။

" သူ အ​ေတာ္​ေလး ​စိတ္ဆိုးသြားတာပဲ "
စုန္႔႐ွီလင္အသံက ပ်ံ႕လြင့္လာသည္။

အစ္ကိုျဖစ္သူရဲ႕တ​ေ႐ြ႕​ေ႐ြ႕​ေဝးကြာ​သြားေသာ​ ေက်ာျပင္ကို ခပ္​ေတြ​ေတြ ​ေငးၾကည့္ရင္း ​ေပၚယြီ ​ေထာက္ခံစြာ ​ေခါင္းညိတ္လိုက္လင့္ကစား ​ေပၚလ်န္႔​ေနာက္​ေတာ့ လိုက္သြားျခင္း မ႐ွိ​ေခ်။
" အ​ေသအခ်ာ​ေပါ့ "

​ေပၚလ်န္႔​ေဒါသဟာ မည္သူမဆို ​ေခါင္းခံႏိုင္သည့္အရာမ်ိဳး မဟုတ္​ေရးခ်မဟုတ္။​ေပၚယြီသည္လည္း သာမာန္ျပည္သူ​ေလး​ေတြထဲက တစ္ေယာက္မို႔ ​ေပၚလ်န္ စိတ္​ေျပဖို႔အ​ေရး သူ႕ဘ၀​ေလးကို အရင္းအႏွီးျပဳရန္ ျငင္းပါရ​ေစ။

" မင္း သူ႕​ေနာက္ တ​ေကာက္​ေကာက္လိုက္မသြားဘူးလား ??? "
စုန္႔႐ွီလင္က ​ေပၚယြီ႕လက္​ေမာင္းမ်ားအတြင္း႐ွိ စိတ္အားထက္သန္​ေန​ေသာ က​ေလး​ေလးကို လႊဲ​ေျပာင္းခ်ီလိုက္ၿပီး တန္းလွည့္ထြက္သြား၏။

လူႏွစ္ေယာက္ဆီက​ေန ဆက္တိုက္ ပစ္ထားခံခဲ့ရသည့္ ​ေပၚယြီမွာ ​ေခတၱမွ် ​ေၾကာင္အမ္းအမ္းျဖစ္​ေနမိသည္။ထို႔​ေနာက္ ဘာမွန္းသ​ေဘာ​ေပါက္သြားကာ ​စုန္႔႐ွီလင္​ေနာက္သို႔ အ​ေလာသုံးဆယ္ ​ေျပးလိုက္လာသည္။

​ေပၚယြီခမ်ာ အနည္းငယ္ အကူအညီမဲ့​ေန၏။
" ဘာလို႔မ်ား မင္းတို႔ႏွစ္​ေယာက္ တအား က​ေလးဆန္ရတာလဲ ??? "

ထိုစကားလုံး​ေတြက ​စုန္႔႐ွီလင္အား ႐ွဴး႐ွဴး႐ွား႐ွားျဖစ္သြား​ေစရာ သူ ​ေခါင္းစီး​ေျပာင္း​ေမးလိုက္​ေလသည္။
" ကိုယ့္​ေယာကၡမႀကီး မင္းကို ​ေပးခဲ့တာ​ေတြနဲ႔ ဘာလုပ္မယ္ စဥ္းစားထားလဲ ??? "

​ေပၚယြီ အ​ေတြးနက္သြားရၿပီး စုန္႔႐ွီလင္ ခ်င္႐ွန္းအား ရည္ၫႊန္းလိုက္ပုံကို သတိမမူမိ​။
" ငါ ဒီည က်ိယန္ကို သြားဖို႔ စီစဥ္ထားတယ္ "

စုန္႔႐ွီလင္ လမ္း​ေလွ်ာက္​ျခင္းကို ရပ္တန္႔လိုက္၏။
​ေပၚယြီက သူတစ္​ေယာက္တည္း သြားမယ္ဆိုတဲ့ အဓိပၸါယ္လား။

ထင္သည့္အတိုင္းပင္ ​ေပၚယြီရဲ႕​ေနာက္လာတဲ့ စကားလုံး​ေတြက : " ငါဘာသာငါပဲ သြားလိုက္မယ္။ မင္းက ကုမၸဏီကိစၥ​ေတြ ​ေျဖ႐ွင္းဖို႔ အ​ေနာက္​ေတာင္ၿမိဳ႕​ေတာ္မွာ ​ေနရဦးမွာမလား "

​ေပၚယြီ႕စကားဆုံးသည္ႏွင့္ စုန္႔႐ွီလင္က လက္မခံစြာ ဆိုသည္။
" ကိုယ္က​ေတာ့ ဖရဲသီး​ေလး ​ေပၚအိမ္​ေတာ္မွာ ​ေန​မယ့္ကိစၥကို စိတ္မခ်ပါဘူး။ ဖရဲသီး​ေလးကလည္း ​ေပၚအိမ္မွာ ​ေနရတာကို မႀကိဳက္ဘူးတဲ့ "

ဖရဲသီး​ေလးက သ​ေဘာတူညီသည့္ႏွယ္ ​ေခါင္း​ေလး တဆတ္ဆတ္ ညိတ္ျပ​ေသာ္ျငား ​ေပၚယြီက မျမင္။

" အဲဒါဆို ဖရဲသီး​ေလးကို မင္း ​ေခၚထားလိုက္​ေလ။ ႐ုံးခြဲကအလုပ္​ေတြၿပီးရင္ ငါမပါလည္း မင္း ဟြားခ်န္ၿမိဳ႕ကို ျပန္ႏွင့္​ေနာ္ "
​ေပၚယြီက အလ်င္အျမန္ ျဖည့္​ေျပာရသည္။
" ငါ က်ိယန္မွာ အလုပ္​ေတြလတ္စသတ္တာနဲ႔ ဟြားခ်န္ကို တန္းျပန္လာမွာပါ "

" ကိုယ္က မင္း အ​ေနာက္​ေတာင္ၿမိဳ႕​ေတာ္မွာ ခဏဆက္ေနဦးမယ္ ​ေအာက္​ေမ့တာ "

" ငါက ဘာလို႔ အ​ေနာက္​ေတာင္ၿမိဳ႕​ေတာ္မွာ ေနရမွာလဲ ??? "
​ေပၚယြီက စုန္႔႐ွီလင္ ဆိုလိုသည္ကို လုံး၀ နားမလည္စြာ အံ့ၾသတႀကီး ​ေမးလိုက္သည္။

စုန္႔႐ွီလင္က ဝိုးတဝါး ​ေစာင္းပါးရိပ္ျခည္ဆို၏။
" မင္း ဥကၠ႒​ေပၚကို တာ့တာပါ မ​ႏႈတ္ဆက္ရ​ေသးဘူး မဟုတ္လား ??? "

" ငါက အခု လူႀကီးျဖစ္​ေနၿပီ။ ငါ ဘယ္သြားဘာလုပ္ကို သူ႕ဆီ သတင္းပို႔​ေနရဦးမွာလား ??? "
​ေပၚယြီက စုန္႔႐ွီလင္စကား​ေတြကို စိတ္မ​ေက်နပ္​ေၾကာင္းျပသည့္အ​ေနျဖင့္ ​မ်က္ေမွာင္​ေလး​ေတြ ၾကဳတ္လိုက္သည္။

သို႔​ေပမင့္ ​စုန္႔႐ွီလင္ကမူ ​ေပၚယြီ႕အျပဳအမူ​ေလး​ေတြ​ေၾကာင့္ အ​ေက်နပ္ႀကီး ​ေက်နပ္သြားခဲ့သည္။

" 《 Secret Agent 》 က ဆင္ဆာ​ေအာင္သြားၿပီ။ ​လ်ဴခိုင္က ငါ့ကို ပ႐ိုမို႐ွင္းဆင္းမယ့္ကိစၥ ​ေျပာတယ္။ အဲဒါ​ေၾကာင့္ ပထမဆုံး ႐ုပ္႐ွင္ပ႐ိုမိုး႐ွင္းဆင္းပြဲကို တက္ဖို႔ ငါ ေနာက္ႏွစ္ရက္အတြင္း ဟြားခ်န္ကို ျပန္လာရမွာရယ္ "

​ေျပာရင္းဆိုရင္းတန္းလန္းမွ ​ေပၚယြီ ​ေဆးလိပ္​ေသာက္ခ်င္လာရသည္။

စုန္႔႐ွီလင္က ​ေဘးပတ္ဝန္းက်င္အား အရိပ္အျခည္ၾကည့္လိုက္သည္။ဒါက ထိပ္တန္းအဆင့္ လူနာ​ေဆာင္အ​ေဆာင္အဦးမို႔ စႀကၤန္၌ လူအနည္းငယ္သာ ႐ွိသည္။

" ခဏတစ္ျဖဳတ္​ေလး သည္းခံလိုက္ပါဦးကြာ ၊ ဟုတ္ၿပီလား "
စုန္႔႐ွီလင္က ႐ုတ္တရက္ႀကီး ​ေျဖာင့္ျဖလာသည္။

​ေပၚယြီက စုန္႔႐ွီလင္အား ပ​ေဟဠိျဖစ္စြာ ​ေမာ့ၾကည့္လိုက္သည္။သူ တစ္ဖက္အမ်ိဳးသား၏မ်က္ႏွာကို အ​ေသးစိတ္ အက်ယ္ခ်ဲ႕ၾကည့္ရင္း သူ႕ႏႈတ္ခမ္း​ေတြ ပူ​ေႏြး​ေတာက္​ေလာင္လာသ​ေယာင္။

" မင္း ... လူၾကားသူၾကားထဲမွာ လူ႐ိုင္း​ေကာင္ႀကီးလို မ​ေလ်ာ္ကန္တာ​ေတြ ျပဳမူ​ေနတယ္ "
​ေပၚယြီ႕မ်က္ႏွာ​ေလးက နီနီ​ေစြး​ေစြး။

စုန္႔႐ွီလင္က အၿငိဳးႀကီးမားစြာ ​ေျခာက္ျခားဖြယ္ ​ၾကဳံးဝါးသည္။
" မင္း အိမ္ျပန္လာခါမွ ကိုယ္ ဘယ္​ေလာက္ လူ႐ိုင္း​ေကာင္ဆန္သလဲဆိုတာကို နက္နက္နဲနဲ ​ျပ​ေပးမယ္ "

ထိုစကားလုံး​ေတြရဲ႕​ေနာက္ကြယ္က အဓိပၸါယ္ကို ​ေပၚယြီ နားလည္လည္ခ်င္း ပိုလို႔ ႐ွက္​ေသြးျဖာသြားရသည္။သူ႕ႏွလုံးသား​ေလးကား ပရမ္းပတာ ဆူဆူညံညံ ခုန္​ေပါက္ေနခဲ့၏။

ဖရဲသီး​ေလးခမ်ာ ​ေတာင္​ေငးလိုက္ ၊ ​ေျမာက္​ေငးလိုက္ႏွင့္ ​ေစာင့္​ေနရတာ ၾကာၾကာလွ​ေခ်ၿပီ။လူႀကီးႏွစ္​ေယာက္ကမူ သူ႕အား ​ေမႊး​ေမႊး​ေပးရန္ပင္ အာ႐ုံမရၾကရာ က​ေလး​ေလးက မ​ေက်မနပ္ ညည္းတြားလိုက္သည္။

​ညခုနစ္နာရီ၀န္းက်င္ ၊ ​ေပၚယြီ ​ေလယာဥ္စီးရန္အလို႔ငွာ ႐ိုး႐ိုး႐ွင္း႐ွင္း ခရီး​ေဆာင္အိတ္တစ္လုံးျဖင့္ ​ေလဆိပ္သို႔ ဆင္းခဲ့သည္။

​ေလယာဥ္​ေပၚတက္​​ေသာ္ ဖုန္းမပိတ္မီ ​ေပၚလ်န္ထံ သူ က်ိယန္သြားမည္ျဖစ္​ေၾကာင္း message ပို႔လိုက္၏။

ယင္း message အား ​ေပၚယြီ လက္ခံရ႐ွိခ်ိန္ သူ႕မ်က္ႏွာက ​ေဒါသ​ေၾကာင့္ အစိမ္း​ေရာင္​ေျပာင္းလုနီးနီး။ ​ေပၚယြီက သူ တျခားၿမိဳ႕သြားမယ့္ကိစၥကို သူ႕ဆီ ​ေနာက္က်မွ လွမ္း​ေျပာရဲတယ္ !!!

ထိုစဥ္ ​ေပၚယြီက ​ေကာင္းကင္ႀကီး၌ လြတ္လြတ္လပ္လပ္ ပ်ံသန္း​ေနသည္။

" ကားျပင္လိုက္ ၊ စုန္႔႐ွီလင္ကို သြား​​ေတြ႕မယ္ "

လက္​ေထာက္​ေလးခမ်ာ ​ေပၚလ်န္က သူ႕အ​ေပၚ ​ေဒါသ​ေတြ လာပုံခ်မည္စိုး၍ ႐ုံးခန္းထဲက​ေန ဒ​ေရာ​ေသာပါး ​​အ​ေသာ့ႏွင္ ထြက္သြားခဲ့သည္။

​ေပၚလ်န္ စုန္႔႐ွီလင္အခန္းတံခါးကို ​ေခါက္လိုက္သည္။

​ေခတၱအၾကာ စုန္႔႐ွီလင္က တံခါးထဖြင့္​ေပးသည္။တန္းတူရည္တူ အမ်ိဳးသားႏွစ္ဦးက အခ်င္းခ်င္း တန္းတန္းမတ္မတ္ စိုက္ၾကည့္​ေနၾက၏။စုန္႔႐ွီလင္ကအရင္ စကားစလိုက္သည္။
" အျပင္မွာ ​ေျပာမယ္ ၊ က​ေလး အိပ္​ေနတယ္ "

​ေပၚလ်န္က ​ေဘးတစ္ျခမ္းသို႔ ကိုယ္ကို​ေစာင္းလ်က္ ​စုန္႔႐ွီလင္ကို အျပင္ထြက္​ေစလိုက္သည္။

" ငါ မင္းကို ဘာလို႔လာ႐ွာသလဲ မင္း မွန္းမိမွာပါ "
​ေပၚလ်န္႔​ေလသံထဲက ​ေထ့​ေငါ့​ေလွာင္ျပန္ဟန္ဟာ ဖုံးမရကြယ္မရ။

စုန္႔႐ွီလင္က ခပ္ပါးပါးတစ္ခ်က္ျပန္ၾကည့္ကာ ခနဲ႔လိုက္သည္။
" အဲဒီ​ေတာ့ ??? "

အဲဒီ​ေတာ့ ???!!!

​ေပၚလ်န္႔ပတ္ပတ္လည္က အနက္​ေရာင္ အ​ေငြ႕အသက္မ်ားဟာ ဤစကားလုံး​ေတြႏွင့္အတူ ပိုမို​ေလးလံသိပ္သည္းလာသည္။သူ ​ေဒါသတႀကီး အံႀကိတ္ ဆိုလိုက္၏။
" ​ေပၚယြီ အ​ေနာက္​ေတာင္ၿမိဳ႕​ေတာ္က​ေန ထြက္မယ့္အ​ေၾကာင္း မင္း ဘာကိစၥ ငါ့ဆီ ႀကိဳမေျပာတာလဲ ??? "

" ​ေပၚယြီ ခင္ဗ်ားကို ​ေျပာသြားလိမ့္မယ္လို႔ ကြၽန္​ေတာ္ ​ေတြး​ေနတာ ၊ ​ေပၚယြီက ႀကိဳမ​ေျပာမသြားဘူးကိုး "
သီးသန္႔ VIP ခန္းထဲက အမ်ိဳးသားႏွစ္​ေယာက္ဟာ မ်က္ႏွာခ်င္းဆိုင္ စကားစစ္ထိုး​ေနၾက၏။

​ေပၚလ်န္က ​ေအးစက္စြာ ​ေမးသည္။
" မင္း ငါ့ကို ဟာသလုပ္​ေနတာလား ??? "

" မဟုတ္ရပါဘူး "
စုန္႔႐ွီလင္က ဆို၏။
" ဥကၠ႒​ေပၚ အထင္လြဲ​​ေနပါၿပီ "

သို႔​ေပတည့္ စုန္႔႐ွီလင္ရဲ႕မ်က္ႏွာအမူအရာက ဆန္႔က်င္ဘက္အနက္သို႔ အျပည့္အ၀ ​ေဖာ္က်ဴးေနသည္။

" စုန္႔႐ွီလင္ ၊ ငါက မင္းကို မထိရဲဘူးလို႔မ်ား ထင္​ေနသလား "

" ​ေပၚလ်န္ ၊ ခင္ဗ်ားက က်ဳပ္ရဲ႕လူကို အ​ေနာက္​ေတာင္ၿမိဳ႕​ေတာ္မွာ ပိတ္ထားဖို႔ လုပ္​ေနတယ္ ၊ ခင္ဗ်ား ​ေျပာၾကည့္ ၊ က်ဳပ္က​ေရာ ​ေပၚအိမ္​ေတာ္ကို တစ္ခုခု လုပ္မပစ္ရဲဘူးလား "
စုန္႔႐ွီလင္က ခနဲ႔သည္။

" ​ေပၚယြီက ဘယ္တုန္းက မင္းရဲ႕လူျဖစ္သြားရတာလဲ ???!!! "

" သူက ခင္ဗ်ားညီ​ေလး ၊ ခင္ဗ်ား ၀င္ပါလြန္း​ေနၿပီ "

" မင္းကိစၥ မဟုတ္ဘူး "
​ေပၚလ်န္က အသက္မဲ့စြာ ႏႈတ္လွန္ထိုးသည္။

" အဲဒါဆိုလည္း ဘာကိစၥ က်ဳပ္ကို လာ​ေမး​ေန​ေသးလဲ ??? "
စုန္႔႐ွီလင္က ျပန္လည္သ​ေရာ္မႈျပဳသည္။

အမ်ိဳးသားႏွစ္​ေယာက္လုံး မည္သူကမွ် ​ေနာက္ဆုတ္ရန္ စိတ္ကူးမ႐ွိၾက ၊ ​ေပၚယြီ႕အ​ေပၚ ပိုင္ဆိုင္မႈအား ယွဥ္ၿပိဳင္​ေနၾကသည္။

ဘယ္သူကမ်ား ​ေပၚယြီ႕ကို လက္​လႊတ္​ေပးခ်င္ပါမည္နည္း။

ဘ၀တစ္သက္တာမွာ တစ္ခုတည္း႐ွိတဲ့ အရာ​ေလး​ေလ။

___________

​ေ႐ွ႕ရက္မ်ားက ခ်င္႐ွန္းျပသာနာ​ေတြ​ေၾကာင့္ ​ေပၚယြီ ​ေကာင္း​ေကာင္းမြန္မြန္ မအိပ္စက္ခဲ့ရ​ေခ်။သူ ​ေလယာဥ္​ေပၚ ​ေရာက္သည္ႏွင့္ သတ္မွတ္ထိုင္ခုံ၌ ​ေကြး​ေကြး​ေလး ​ေခြကာ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္​ေမာက်သြားခဲ့သည္။

အိမ္မက္မက္​ေကာင္း​ေနတုန္း လက္တစ္ဖက္က ​ေပၚယြီ႕ပခုံးကို ညင္သာစြာ တို႔လာ၏။

​ေပၚယြီက ကြၽစ္စုတ္လိုက္သည့္တိုင္ မလႈပ္မယွက္။

ထိုပုဂၢိဳလ္ဟာ ​ဒတဂၤမွ် ခ်ီတုံခ်တုံျဖစ္သြားၿပီး တဖန္ လာတို႔ျပန္သည္။

​ေပၚယြီ မ်က္ခုံးမ်ား တြန္႔ခ်ိဳးရင္း မ်က္လုံးလွန္ၾကည့္လိုက္သည္။တစ္ဖက္လူက ​ေပၚယြီ ႏိုးလာၿပီဟု ထင္လိုက္​ေပမင့္ ​ေပၚယြီကမူ တ​ေခါ​ေခါ​ေဟာက္အိပ္သြားျပန္​ေလသည္။

ထိုလူက ​ေပၚယြီ႕ပခုံးအား ​ေနာက္တစ္ႀကိမ္ ထပ္တို႔မည္အျပဳ ၊ ​ေပၚယြီ ဆတ္ခနဲ အိပ္ရာႏိုးလာခဲ့သည္။

သူ အိပ္ရာႏိုး​ေတာ့ သူ႕လည္ပင္းတစ္ဖက္က အနည္းငယ္ လိမ္​ေနသလိုလို ၊ လည္ပင္းလည္း ​ေတာင့္​ေန၏။

" မင္း အဆင္​ေျပရဲ႕လား ??? "
သာယာညင္း​ေပ်ာင္းသည့္ အမ်ိဳးသားသံတစ္သံက​ ​ေပၚယြီ႕နံ​ေဘးမွ ထြက္​ေပၚလာ၏။

​ေပၚယြီ ပခုံးႂကြက္သားမ်ားကို လက္ႏွင့္ ႏွိပ္နယ္လိုက္သည္။သူ႕မ်က္ႏွာက စိတ္႐ႈပ္​ေနသည့္ႏွယ္။
" အဆင္​ေျပပါတယ္ ၊ လည္ပင္း​ေတာင့္ခဲ​ေန႐ုံပါ။ စိတ္ပူ​ေပးတာ ​ေက်းဇူးတင္ပါတယ္ "

" ........ ကြၽန္​ေတာ္ ​ေျပာခ်င္တာက ...... မင္း အဆင္​ေျပတယ္ဆိုရင္ ကြၽန္​ေတာ္႕အ​ေပၚက​ေန ဖယ္​ေပးလို႔ရမလား။ ကြၽန္​ေတာ္ သန္႔စင္ခန္း သြားရမွာမို႔လို႔ "

သူက သူစိမ္းတစ္​ေယာက္ရဲ႕ပခုံး​ေပၚ မွီအိပ္​ေနမိမွန္း ​ေပၚယြီ သ​ေဘာ​ေပါက္လိုက္ရာ ခ်က္ခ်င္း မ်က္ႏွာပူသြားရၿပီး အျမန္ဆုံး ခပ္မတ္မတ္ျပန္ထိုင္လိုက္သည္။ယင္းအျပဳအမူကပဲ ​ေတာင့္​တင္း​ေန​ေသာ လည္တိုင္အား ပိုဆိုးသြား​ေစသည္။

" ဗု​ေဒၶါ ......... "

ထိုပုဂၢိဳလ္ သန္႔စင္ခန္းက​ေန ျပန္​ေရာက္လာ​ေသာအခါ ​ေပၚယြီ႕လည္ပင္းလည္း အ​ေတာ္အတန္ သက္သာ​ေနၿပီျဖစ္သည္။​ေပၚယြီ သူ႕​ေဘးက ​ေခ်ာ​ေမာခန္႔ညားသည့္ လူႀကီးလူ​ေကာင္း အမ်ိဳးသားကို မ်က္စိကစား၍ စတင္ စကားဦးသမ္းလိုက္သည္။
" မဂၤလာပါ ၊ ကြၽန္​ေတာ္က ​ေပၚယြီပါ "

" ...... မဂၤလာပါ ၊ ကြၽန္​ေတာ္က ဝမ္းဟယ္႐ွန္းပါ "

၀မ္းဟယ္႐ွန္းဆိုသူက ျပဳံးျပလ်က္ သူ႕အိတ္ထဲက notebook ႏွင့္ ​ေဘာပင္တစ္​ေခ်ာင္းရယ္ ထုတ္​​ေပးသည္။
" ကြၽန္​​ေတာ္႕ညီ​ေလးက မင္းကို ​ေတာ္​ေတာ္​ေလး ႀကိဳက္တာ ၊ မင္း သူ႕အတြက္ လက္မွတ္​ေလး ထိုး​ေပးႏိုင္မလား ??? "

​သူက ဝမ္းဟယ္႐ွန္း၏ပခုံး​ေပၚ မွီအိပ္ထားခဲ့သည္မို႔ ​ေမတၱာလက္​ေဆာင္စကား​ ​ေရး​ေပးရမွာျဖစ္ျဖစ္ ၊ လက္မွတ္ထိုး​ေပးရမွာျဖစ္ျဖစ္ ​ေပၚယြီ ဆယ္ႀကိမ္ဆယ္ခါ​ေလာက္ လုပ္​ေပးလိုက္ဦးမည္။

လက္မွတ္ထိုးၿပီး​ေနာက္ ဝမ္းဟယ္႐ွန္းက notebook ကို အိတ္ထဲ ျပန္ယူသိမ္းလိုက္၏။

" ​ေပၚ႐ွန္႔႐ွန္း(​ေပၚလူႀကီးမင္း) က က်ိယန္မွာ ဘာလုပ္မလို႔လဲ ??? "
ဝမ္းဟယ္႐ွန္းက ဆိုသည္။
" ကြၽန္​ေတာ္ မွတ္မိတာ​ေတာ့ ​ေပၚ႐ွန္႔႐ွန္းရဲ႕​ေနာက္ဆုံးအခ်ိန္ဇယားက က်ိယန္မွာ မဟုတ္ဘူးလားလို႔ပဲ "

" ......... မင္းရဲ႕ညီ​ေလးက ကြၽန္​ေတာ္႕ပရိသတ္ဆို ၊ ဘယ္လိုလုပ္မ်ား ဝမ္း႐ွန္႔႐ွန္းက ကြၽန္​ေတာ္႕အခ်ိန္စာရင္းကို ​ေကာင္း​ေကာင္းႀကီး သိ​ေနရတာလဲ ??? "

သူ႕ကိုယ္သူ ​ေဖာ္​ေကာင္လုပ္လိုက္မိမွန္း သတိရသြားတဲ့ ဝမ္းဟယ္႐ွန္းက ႐ွက္ဝဲဝဲျဖင့္ အျခား​ေခါင္းစဥ္တစ္ခုဆီ ခုန္ကူးလိုက္သည္။
" ​ေတာင္းပန္ပါတယ္ "

​ေပၚယြီ : " ကိစၥမ႐ွိပါဘူး "   " က်ိယန္ကို သြားတာက ကြၽန္​ေတာ္႕ရဲ႕သီးသန္႔ခရီးစဥ္မို႔လို႔ Weibo မွာ မတင္ျဖစ္တာပါ "

ဝမ္းဟယ္႐ွန္း : " ကြၽန္​ေတာ္ နားလည္ပါတယ္ "

​ေပါ့​ေပါ့ပါးပါး စကားစျမည္​ေျပာ​​ေနသင့္သည့္ လူႏွစ္ဦးမွာ ထိုကိုးလို႔ကန္႔လန္႔ ​ေခါင္းစဥ္ႀကီး​ေအာက္ဝယ္ ႏႈတ္ဆိတ္​ေနၾကရ႐ွာသည္။

​ေလယာဥ္ဆိုက္​ေသာ္ ​ဝမ္းဟယ္႐ွန္းက ​ေပၚယြီ႕ကို တစ္ခ်က္ တစ္ခ်က္ လွည့္ၾကည့္ကာ အင္တင္တင္ႏွင့္ ဝန္​ေလးစြာ ထြက္သြားခဲ့သည္။

​ေပၚယြီ ​ေလဆိပ္ကို ျဖတ္​ေလွ်ာက္၍ ထြက္​ေပါက္၌ သူ႕အား ရပ္​ေစာင့္​ေန​​ေသာ လူတစ္​ေယာက္က သူ႕ထံ လာ​ေနသည္ကို ​ေတြ႕လိုက္ရသည္။

​ေပၚယြီ႕ကို လာႀကိဳတဲ့လူက ခ်င္႐ွန္း၏လူယုံျဖစ္သည္။ထိုလူယုံ​ေလးက သူ႕ရဲ႕​ေနာက္ထပ္အလုပ္႐ွင္ဟာ ​ေပၚယြီမွန္း သိၿပီး​ႏွင့္သည့္အ​ေလ်ာက္ အံ့ၾသ​ေနျခင္း မ႐ွိ​ေခ်။
" ​ေပၚက်ံဳး(ဥကၠ႒​ေပၚ) ၊ မဂၤလာပါ။ ကြၽန္​ေတာ္က လွ်ိဳ႕ယြင္ပါ "

" မဂၤလာပါ "
​ေပၚယြီ လက္ဆြဲႏႈတ္ဆက္လိုက္၏။

လွ်ိဳ႕ယြင္ႏွင့္အတူပါ​လာေသာ ဝန္ထမ္း​ေလး​ေတြခမ်ာ ​ေပၚယြီ႕ကို အထိတ္တလန္႔ ၾကည့္​ေနၾကသည္။

​ေသာက္က်ိဳးနဲ !!!!!!!!

သူတို႔ရဲ႕အလုပ္႐ွင္အသစ္က ​ေပၚယြီဟ !!!!!!!!!

.
.
.
.
.
.

ဒီအခန္းမွာဆိုရင္​ေတာ့ ႐ွာလကာရည္​ေသာက္​ေနတဲ့ စုန္႔႐ွီလင္နဲ႔ ​ေပၚယြီ ဝမ္ဟးယ္႐ွန္းပခုံး​ေပၚမွာ မွီအိပ္တာကို မဆီမဆိုင္ ၾကားက သ၀န္တို​ေနတဲ့ ကြၽန္မကို ​ေတြ႕ရမွာ ျဖစ္ပါတယ္႐ွင္ ...
🥲🥲🥲😂😂😂


Weiterlesen

Das wird dir gefallen

137K 14.8K 49
This is Myanmar Translation of (Rebirth)Ten Years that I loved You Most ဆယ်နှစ်ထက်မကမင်းကိုပိုချစ်ခဲ့ပါတယ်ရဲ့ အသစ်တဖန်မွေးဖွားခြင်း(Rebirth)ပါ...
117K 9.9K 38
This is myanmar translation. Not my own story. Eng Title-Its Not Easy Being your love ravil's Big Brother (Completed) Chinese Tit...
932K 106K 92
Title - After Rebirth, I Become Popular in the Entertainment Industry Author - 林盎司 ( Lin Ang Si) Status in COO - 43 chapters and 6...
79.1K 14.1K 51
ကုကျိုး - မင်းမှာ ရောဂါရှိလား? ကုန်းရိထျန်းဟန် - မင်းမှာ ဆေးရှိလား? ကုကျိုး - မင်းမှာ ရောဂါရှိနေတာပဲ! ကုန်းရိထျန်းဟန် - ရောဂါရှိတော့ မင်းကကုနိုင်လို့...