|| ᴍʏ ʜᴜꜱʙᴀɴᴅ ɪꜱ ɢᴏʀɢᴇᴏᴜꜱ ᴍᴀɴ...

Bởi MadelynnBX1823

126K 5.9K 83

BJYX Xem Thêm

Part - 1
Part - 2
Part - 3
Part - 5
Part - 6
Part - 7
Part - 8
Part - 9
Part - 10
Part - 11
Part - 12
Part - 13
Part - 14
Part - 15
Part - 16
Part - 17
Part - 18
Part - 19
Part - 20
Part - 21
Part - 22
Part - 23
Part - 24
Part - 25
Part - 26
Part - 27
Part - 28
Part - 29
Part - 30
Part - 31
Part - 32 [ Final ]

Part - 4

4.9K 261 1
Bởi MadelynnBX1823

Unicode

" မြို့စားဝမ်ရဲ့သက်ဆိုင်သူကို ကျတော်က ရှောင်းပိုင် ထင်ထားတာ "

အသံလာရာကို ရှောင်းကျန့်လှမ်းကြည့်တော့ မြို့စားဝမ်နဲ့မတိမ်းမယိမ်း လူငယ်လေး တစ်ယောက်ဖြစ်သည် ။
သူက ရှောင်းကျန့်အနားရောက်လာကာ သေချာကြည့်ပြီး

" အိမ်မှာ ဘာတွေချက်စားလို့ ဒီလောက်ချစ်ဖို့‌ေကာင်းနေတာလဲ မင်းက "

ဝမ်ရိပေါ်က ရှောင်းကျန့်အစား ဝင်ဖြေလိုက်ကာ

" ငါကျွေးမှတော့ ချစ်ဖို့ကောင်းရမှာပေါ့
ဟုတ်တယ်မလား အချစ် "

လီယွန်က ကြောင်သွားကာ

" မြို့စားဝမ်က အလှလေးကို ဘာတွေကျွေးလို့လဲ "

ဝမ်ရိပေါ်က မျက်မှောင်ကျုတ်လိုက်ကာ

" ထမင်းလေ "

" ရှင်းအောင် ပြောပါလား "

" ငါအချစ်က မင်းထက်အသက်ကြီးတယ် လေးစားပြီးခေါ် "

" ဘယ်လောက်ကြီးမှာမို့လဲ ကြီးချင်ကြီး လပိုင်း..... "

" မင်းထက် 6နှစ်ကြီးတယ် "

" မထင်ရဘူးနော် အလှလေးက နာမည်ဘယ်လိုခေါ်လဲ "
ရှောင်းကျန့် ဖြေမယ်လုပ်ရင် ဝမ်ရိပေါ်က သူခါးကို ‌ကြေညပ်အောင် လုပ်နေတာကြောင့် ရှောင်းကျန့်မှာ
မချိုမချင်ပဲ ပြုံးပြ‌နေရသည် ။

" နောက်ကျ ဖိတ်စာပို့လိုက်မယ်လေ အဲ့ကျ
နာမည်ပါလာလိမ့်မယ် "

မေးတာက အလှလေးကို မေးတာ ။ ဖြေတာက သူအစ်ကိုဖြစ်နေတာကြောင့် လီယွန်မှာ စိတ်ပေါက်လာရသည် ။

" မင်းကို မေးလား "

" ........ "

ကြားထဲက ရှောင်းကျန့်ပဲ စိတ်ညစ်လာတာကြောင့်

" မြို့စား ...အာ့ ... ညစ်ပြန်ပြီ ‌ဒီခွေး.... "

ဝမ်ရိပေါ်က သူရဲ့နားအနားကပ်ကာ တိုးတိုးလေးပြောသည် ။

" ဒါလင် လို့ခေါ် .... "

" ‌ဒီ..... အ့ .. ဒါလင် အချစ်ကို ခနလောက်
လွှတ်ပေးအုံးနော် "

" ကောင်းပြီ "

ရှောင်းကျန့် ထွက်သွားတော့ လီယွန်က

" သူနာမည်က ရှောင်းကျန့် ဟုတ်တယ်မလား ငါ သူကို သိတယ် "

ဝမ်ရိပေါ်က မျက်ခုံးနှစ်ဖက် စုကြုံ့သွားကာ

" မင်းမသိတဲ့သူ ရှိသေးလား "

" အဟက် ငါက အနောက်တိုင်းမှာ ကြီးပြင်းလာတာလေ သူနဲ့ညစာ တစ်ခါစားဖူးတယ် "

" အဲ့တော့ "

" ပြောရရင် အကိုရှောင်းက ဂေး မဟုတ်ဘူး
မင်းနဲ့ရုတ်တရက်ကြီး ကြိုက်သွားတာတော့ မဖြစ်နိုင်ဘူး "

‌လီယွန်က ပြုံးစစမျက်နှာပေးနဲ့သူကို စောက်မြင်ကတ်အောင် ကြည့်နေတာကြောင့် ဝမ်ရိပေါ် စိတ်အလိုမကျစွာ မျက်နှာလွဲလိုက်သည် ။

လီယွန်က သူရဲ့ ဖအေတူမအေကွဲ ညီလေး ဖြစ်သည် ။
မိန်းမတွေနဲ့လည်း ပွေရှုပ်သလို Onenight stand လည်း လုပ်လေ့ရှိသည် ။ ပညာသင်ယူပြီး ပြန်လာကတည်းက ဝမ်ရိပေါ်နဲ့အရာရာတိုင်းကို ပြိုင်ဆိုင်လေ့ရှိသည် ။ ဝမ်ရိပေါ်ဆီက အရာရာတိုင်းကိုလည်း လုယူလေ့ရှိသည် ။

ဝမ်ရိပေါ် အကြောင်းအရာတစ်ချို့ကို တွေးမိတော့

" မင်းက ငါလူကို သဘောကျနေတာတော့ မဟုတ်လောက်ဘူးမလား "

" ........ "

ဝမ်ရိပေါ်သာ ရှောင်းကျန့်ရဲ့ပထမဆုံးကို သူရထားတယ်ဆိုတာ လီယွန်သိရင် ဘယ်လိုနေမလဲဆိုတဲ့အတွေးနဲ့တင် ရယ်ချင်လာသည် ။

လီယွန်ဘက်က စကားပြန်စလာသည် ။

" ဒါမှ မဟုတ် ငါတို့ ပြိုင်ပွဲတစ်ခု ထပ်လုပ်ကြမလား "

" ဘာကိုလဲ ရှောင်းကျန့်ကို လိုက်တဲ့ပြိုင်ပွဲလား "

" ........ "

‌ဝမ်ရိပေါ် မအောင့်နိုင်တော့ပဲ ရယ်လိုက်ကာ

" ဗက်ဟက်ဟက် ပြိုင်ပွဲလုပ်ခဲ့ရင် မစခင်ကတည်းက မင်းက ရှုံးနေပြီ "

" ဘာလို့.... "

" ခုနက မကြားတာလား "

" အကိုရှောင်းက လက္မထပ်ရသေးသ၍တော့
အစ်ကိုရဲ့အပိုင်မဟုတ်သေးပါဘူး "

" ရော် ငါလူကို ထိဖို့ သတ္တိ‌ေတွ ရှိနေတယ်ပေါ့ "

" ...... "

" တခြားဟာတွေသာ ငါဆီက ဖြတ်ခုတ်လို့ရမယ်
ဒီဟာကျ မင်းရမယ်မထင်ဘူး "

ဝမ်ရိပေါ် လီယွန်ပုခုံးကို ပုတ်လိုက်ကာ ရှောင်းကျန့်အနား ပြန်သွားလိုက်သည် ။ သေချာပါတယ် ကိစ္စတွေ ရှုပ်လာတော့မယ်ဆိုတာ ။

ဝမ်ရိပေါ် သူအနားရောက်လာတော့ ရှောင်းကျန့်က

" ပြန်လို့ရပြီမလား "

" မရသေးဘူး ည12ကျော်မှ ပြန်လို့ရမှာ "

" ကလေးတွေကို နောက်ကျမှ သိပ်မလို့လား "

" စိတ်ပူမနေနဲ့ အရင်တုန်းကလည်း ဒီလိုပဲ "

ရှောင်းကျန့်က ဝမ်ရိပေါ်ရဲ့စကားကြောင့်
မျက်နှာပျက်သွားသည် ။ သူသာ စောစောသိခဲ့ရင်
ပြီးနေတာပဲကို ။

" ခင်ဗျား ဒီကပဲစောင့် ကျွန်တော် စောအော်ကို သွားခေါ်မလို့ "

ရှောင်းကျန့် ခေါင်းငြိမ့်ပြလိုက်သည် ။ ဝမ်ရိပေါ် ထွက်သွားတော့ ရှောင်းပိုင်က အနား ရောက်လာသည် ။

" အစ်ကိုရှောင်းကျန့် မှားလို့ ရှောင်းကျန့်လို့ပဲ
ခေါ်ရတော့မှာမလား "

ရှောင်းကျန့် ဂရုမစိုက်ပဲ ဘေးက အသီးတွေပဲ နှိုက်စားနေလိုက်သည် ။

" ရိပေါ်ကို ဘယ်လိုများ မြူစွယ်လိုက်တာလဲ သိရင် ငါကို မျှပါအုံး "

" ဖေဖေလို့ သုံးခါခေါ်ရင် ပြောပြမယ်လေ "

ရှောင်းပိုင်က မျက်နှာမဲ့သွားသည် ။

" တကယ်လို့ ‌ရှင်သာ ကလေးအဖေဆိုတာ သိသွားရင် အဟင်းး "

" သိပါ‌ေစ ဘာလုပ်ရမှာလဲ "

ဘာပြောပြော မတုန်လှုပ်နေတဲ့ ရှောင်းကျန့်ကို သူမ
အသဲပေါက်လာသည် ။ တစ်ခုခုတောင် မတုန့်ပြန်ဘူး ။

" ရှင်က‌ေလးတွေရော ရှာတွေ့ပြီလား "

" ကံကောင်းစွာနဲ့ ပြန်တွေ့တယ် "

" ဟုတ်လား ငါနဲ့မိတ်ဆက်ပေးလေ "

" ဘာကျေးဇူးရှိဖူးလို့ မင်းနဲ့မိတ်ဆက်ပေးရမှာလဲ "

" ရှင်...!! ဟင်းးး ထားပါတော့ ဖအေတောင် ဒီပုံစံဖြစ်နေတာ ကလေးတွေလည်း ဒီလိုလာမှာပဲ အရိုင်းအစိုင်းလေးတွေလေ အဟက် "

ရှောင်းကျန့် ဒေါသထွက်သွားပေမယ့် ရှောင်းပိုင်ရဲ့
အကြံကို သိတာကြောင့် စိတ်လျှော့လိုက်သည် ။
သူမက သူကို ဒေါသထွက်အောင် စိတ်ဆွပြီး
ရှောင်းကျန့်က စိတ်လိုက္မာန်ပါတစ်ခုခုတုန့်ပြန်လိုက္မိရင် ရှောင်းကျန့်အပြင် မြို့စားဝမ်ပါ အရှက်ရနိုင်ချေရှိသည် ။

" အရိုင်းအစိုင်းလေးတွေ ? ဘယ်လိုစိတ်နဲ့နှိုင်းပြီး
အရိုင်းအစိုင်းလေးတွေလို့ ပြောရတာလဲ "

" ရှင်ပုံစံပဲကြည့်လေ ပြောတာကိုက
အချိုးကို မပြေတာ "

" မင်းအရင် အချိုးမပြေတာမဟုတ်ဘူးလား
အာ နေပါဦး မင်းကအခု မနာလိုနေတာမလား "

" ယောင်္ကျားလေးတစ်ယောက်ကို မနာလိုစရာလား "

" ဒါပေါ့ မင်းအမေလို့ ထုတ်မှမပြတက်ပဲ ကွယ်ရာကျရင် ကြိတ်ငိုမနေနဲ့နော် အဟက် "

မြို့စားဝမ်ရောက်လာတာကြောင့် သူမတို့ စကားဝိုင်း ပျက်သွားရသည် ။ ရှောင်းပိုင်က မြို့စားဝမ်ချီထားတဲ့စောအော်ကို မြင်တော့

" စောအော်လေးတောင် အကောင်ပေါက်လေးဖြစ်နေပြီ
တီတီကို အာဘွားမပေး‌ေတာ့ဘူးလား "

" တီတီကလည်း နောက္မှယူ "

သူမက စိတ်ဆိုးခြင်းမရှိပဲ ရယ်နေသည် ။ ရှောင်းကျန့် မျက်မှောင်ကျုတ်လိုက်သည် ။ ဒါက ဘယ်လိုဆက်ဆံရေးကြီးလဲ ။ စောအော်နဲ့သူမက အစကတည်းက
သိနေကြတာလား ... ။ ရှောင်းပိုင်က စောအော်ကို နမ်းမယ်လုပ်တော့ မြို့စားဝမ်က တားလိုက်သည် ။

" မနမ်းနဲ့ နှုတ်ခမ်းနီတွေနဲ့ ပေသွားလိမ့်မယ် "

" အာ ရိပေါ်ကလည်း ကြည့်လို့တောင် ကောင်းသွားမယ်ဟာကို ဒါမှမဟုတ် နင်ကို နမ်းလိုက္ရမလား "

" မရဘူး အလက်ဂျစ် ရှိတယ် "

" ဟဲ့ ..... "

ရှောင်းကျန့် သဘောပေါက်လိုက်ပြီ ။ ကြည့်ရတာ သူမက မြို့စားဝမ်နဲ့သူငယ်ချင်းဆက်ဆံရေးပဲ ။ တကယ်လို့ မြို့စားဝမ်ဘက်က သူမကို သဘောကျနေတယ်ဆိုရင်
ရှောင်းပိုင် ရေလာမြောင်းပေးလုပ်တာတွေကို မြို့စားဝမ်က လက္မခံပဲနေမှာမဟုတ်ဘူး ။

ရှောင်းကျန့် ဝမ်ရိပေါ်လက်ထဲက စောအော်ကို ယူချီရန် ပြင်လိုက်သည် ။ စောအော်ကလည်း အလိုက်သင့်ပါသွားတော့ ရှောင်းပိုင်က အံ့ဩနေသည် ။
စောအော်က အရင်က သူမနဲ့ဝမ်ရိပေါ် ချီတာပဲအများဆုံး လက်ခံသည် ။ ဒီအသက်အရွယ်အထိပင် ။
သူမက စသလို့နောက်သလို့ စကားနဲ့ပြောလိုက်သည် ။

" စောအော် သူစိမ်းတွေချီတာကို လက်ခံတယ်ပေါ့
တီတီတော့ စိတ်ဆိုးသွားပြီ "

" တီတီ စိတ်ဆိုးလည်း မတတ်နိုင်ဘူး ဒါက သားရဲ့
ပါးပါးအသစ် "

" ပါး...ပါးပါး "

" အင်း .. မွ ...! "

ရှောင်းကျန့်ရဲ့ပါးကိုတောင် နမ်းလိုက်သေးတာမို့
သူမ ထပ်ပြီး မနာလိုသွားရသည် ။ သူမ တောင်းတုန်းကကျ မပေးတာ ဒါကြောင့်လား ။

သူမတို့ စကားပြောတာ ဘယ်‌ေ‌လာက်ကြာသွားလဲမသိ ။ ကပွဲအချိန်တောင် နီးလာသည် ။

ငြိမ့်ညောင်းတဲ့တေးသံက ထွက်ပေါ်လာသည် ။
တစ်ချို့လူတွေကလည်း ပါတနာကိုယ်စီနဲ့ ထကကြသည် ။ ရှောင်းပိုင်က

" ရိပေါ် ငါတို့လည်း ...... "

" အလှလေး ကျတော်နဲ့ကပေးပါ ... !! "

လီယွန်က ရုတ်တရက်ရောက်လာကာ ရှောင်းကျန့်အရှေ့ကို လက်ဆန့်ကာ လက်ပေးသည် ။

" အာ ငါက ကလေးနဲ့မအား .... "

" ကလေးကို ကျွန်တော်အစ်ကို ထိန်းလိမ့်မယ် "

" ........ "

ဝမ်ရိပေါ်က လက်ဆန့်ထားတဲ့လူကို ရှောင်းကျန့်ဆီက စောအော်ကို ယူကာ လီယွန်လက်ထဲ ထည့်ပေးလိုက်သည် ။ လီယွန်ကလည်း ရုတ်တရက်ဆိုတော့ ချီလိုက်ရသည် ။

" ကျေးဇူးပဲ ညီလေး အစ်ကိုအစား ကလေးထိန်းပေးလို့ "

" ဘာ...! ကျွန်တော်က အဲ့လိုမဟုတ်ဘူးလေ "

စောအော်ကလည်း နားလည်တဲ့ပုံနဲ့ လီယွန် ခန္ဓာကိုယ်ကို တွဲကပ်‌ေနသည် ။ လီယွန်မှာ ဆွဲခွာလို့လည်းမရ ။
မြို့စားဝမ်က အရင်နှစ်တွေက ရှောင်းရိနဲ့ပဲ တွဲကတာများတယ်ဆိုပေမယ့် အခုချိန်မှာတော့ မဖြစ်နိုင်တော့ ။

ရှောင်းကျန့်က ကြိုသိနေတဲ့အလား

" ငါနဲ့အတူတူကချင်နေတယ်ဆိုရင် လက်လျော့လိုက် မကတတ်ဘူး "

" ... ဟမ့် မရဘူး ကရမှာ ... "

ဝမ်ရိပေါ်က ရှောင်းကျန့်ရဲ့ ပုခုံးနှစ်ဖက်ကို ဆွဲယူကာ

" လျှောက်ကလိုက်ရင် အဆင်ပြေတယ် "

" မြို့စားဝမ်က ရူးနေတာများလား "

‌မြို့စားဝမ်ရဲ့ ပုံစံအတိုင်း လိုက်ကနေရတာမို့
ရှောင်းကျန့်မှာ မြို့စားဝမ်ရဲ့ခြေထောက်ကို
သွားသွားနင်းမိသည် ။

" အသက်ကဖြင့် ကြီးနေပြီ ခုချိန်ထိ မကတတ်သေးဘူး "

" ........ "

" ခင်ဗျား လီယွန်ကို သိလား "

" ....... "

" ဖြေလေ ပါးစပ်ကြီးက ပျားတုတ်သွားလို့လား "

ရှောင်းကျန့်ရဲ့ ခါးသေးသေးလေးကို ထပ်ညစ်လိုက်တာကြောင့် ရှောင်းကျန့်မှာ အရိုးကြေမတတ်ပဲ ။

" သိတော့ မင်းက ဘာလုပ်မှာလဲ "

" ဘာမှမလုပ်ဘူး မေးကြည့်တာ "

" ........ "

" ခင်ဗျားက ယောင်္ကျားလေးသာ ပြောတာ
အလုပ်ကြမ်းရော လုပ်ဖူးရဲ့လား "

ရှောင်းကျန့်လက်က သွေးကြော‌မျှင်မျှင်‌ေလး‌ေတွနဲ့သေးပြီး ဝမ်ရိပေါ်လက်က သွေးကြောလှိုင်းတွေ ထနေသည် ။

" ငါက စာအုပ်‌တွေ‌ေဘာပင်‌ေတွနဲ့ပဲ အလှုပ်ရှုပ်လာတာ "

" အော် အဲ့လိုကိုးး "

မြို့တော်ဝန်က အတွဲချိန်းဖို့ အော်လာတာကြောင့်
အချိန်ကောင်းကို စောင့်နေတဲ့ လီယွန်က
ဝမ်ရိပေါ်ကို တွန်းတိုက်ကာ
ရှောင်းပိုင်နဲ့ ပေးချိန်းလိုက်သည်။
ဝမ်ရိပေါ်လည်း ရုတ်တရက်ဆိုတော့ ခံလိုက်ရသည် ။

" ဟဲဟဲ အကိုရှောင်း "

" အာ ... "

" ကျတော်က လီယွန်ပါ မှတ်မိတယ်မလား "

" အော် မှတ်မိတယ် "

" အကိုရှောင်းက ပိန်လိုက်တာ အစားများများစားလေ "

" အဲ့ စားပါတယ် "

ဝမ်ရိပေါ်ကတော့ စကားပြောနေတဲ့နှစ်ယောက်ကို
အလိုမကျတဲ့မျက်ဝန်းတွေနဲ့ကြည့်လိုက်သည် ။

သူဖက်နေတဲ့ခါးကို တစ်ခြားကောင်က ဖက်သွားပြီ

" ဒီခွေးကောင် "

" အမ် ရိပေါ် နင်ဆဲလိုက်တာလား "

" မဆဲဘူး ပြန်မယ် အချစ် ...!! "

ကနေတာကို ရပ်လိုက်ကာ ရှောင်းကျန့်ကို ဆွဲခေါ်လာလိုက်သညိ ။ အကုန်လုံးကလည်း မြို့စားဝမ် သဝန်တိုနေသည်ဟု ကောက်ချက်ချလိုက်သည် ။

" စောအော် ရိကျန့် မြန်မြန်လာ "

" ဟုတ် "
" ဟုတ် "

____________________

🤧

Zawgyi

" ၿမိဳ႕စားဝမ္ရဲ႕သက္ဆိုင္သူကို က်ေတာ္က ေ႐ွာင္းပိုင္ ထင္ထားတာ "

အသံလာရာကို ေ႐ွာင္းက်န္႔လွမ္းၾကည့္ေတာ့ ၿမိဳ႕စားဝမ္နဲ႔မတိမ္းမယိမ္း လူငယ္ေလး တစ္ေယာက္ျဖစ္သည္ ။
သူက ေ႐ွာင္းက်န္႔အနားေရာက္လာကာ ေသခ်ာၾကည့္ၿပီး

" အိမ္မွာ ဘာေတြခ်က္စားလို႔ ဒီေလာက္ခ်စ္ဖို႔‌ေကာင္းေနတာလဲ မင္းက "

ဝမ္ရိေပၚက ေ႐ွာင္းက်န္႔အစား ဝင္ေျဖလိုက္ကာ

" ငါေကြၽးမွေတာ့ ခ်စ္ဖို႔ေကာင္းရမွာေပါ့
ဟုတ္တယ္မလား အခ်စ္ "

လီယြန္က ေၾကာင္သြားကာ

" ၿမိဳ႕စားဝမ္က အလွေလးကို ဘာေတြေကြၽးလို႔လဲ "

ဝမ္ရိေပၚက မ်က္ေမွာင္က်ဳတ္လိုက္ကာ

" ထမင္းေလ "

" ႐ွင္းေအာင္ ေျပာပါလား "

" ငါအခ်စ္က မင္းထက္အသက္ႀကီးတယ္ ေလးစားၿပီးေခၚ "

" ဘယ္ေလာက္ႀကီးမွာမို႔လဲ ႀကီးခ်င္ႀကီး လပိုင္း..... "

" မင္းထက္ 6ႏွစ္ႀကီးတယ္ "

" မထင္ရဘူးေနာ္ အလွေလးက နာမည္ဘယ္လိုေခၚလဲ "
ေ႐ွာင္းက်န္႔ ေျဖမယ္လုပ္ရင္ ဝမ္ရိေပၚက သူခါးကို ‌ေၾကညပ္ေအာင္ လုပ္ေနတာေၾကာင့္ ေ႐ွာင္းက်န္႔မွာ
မခ်ိဳမခ်င္ပဲ ျပဳံးျပ‌ေနရသည္ ။

" ေနာက္က် ဖိတ္စာပို႔လိုက္မယ္ေလ အဲ့က်
နာမည္ပါလာလိမ့္မယ္ "

ေမးတာက အလွေလးကို ေမးတာ ။ ေျဖတာက သူအစ္ကိုျဖစ္ေနတာေၾကာင့္ လီယြန္မွာ စိတ္ေပါက္လာရသည္ ။

" မင္းကို ေမးလား "

" ........ "

ၾကားထဲက ေ႐ွာင္းက်န္႔ပဲ စိတ္ညစ္လာတာေၾကာင့္

" ၿမိဳ႕စား ...အာ့ ... ညစ္ျပန္ၿပီ ‌ဒီေခြး.... "

ဝမ္ရိေပၚက သူရဲ႕နားအနားကပ္ကာ တိုးတိုးေလးေျပာသည္ ။

" ဒါလင္ လို႔ေခၚ .... "

" ‌ဒီ..... အ့ .. ဒါလင္ အခ်စ္ကို ခနေလာက္
လႊတ္ေပးအုံးေနာ္ "

" ေကာင္းၿပီ "

ေ႐ွာင္းက်န္႔ ထြက္သြားေတာ့ လီယြန္က

" သူနာမည္က ေ႐ွာင္းက်န္႔ ဟုတ္တယ္မလား ငါ သူကို သိတယ္ "

ဝမ္ရိေပၚက မ်က္ခုံးႏွစ္ဖက္ စုၾကဳံ႕သြားကာ

" မင္းမသိတဲ့သူ ႐ွိေသးလား "

" အဟက္ ငါက အေနာက္တိုင္းမွာ ႀကီးျပင္းလာတာေလ သူနဲ႔ညစာ တစ္ခါစားဖူးတယ္ "

" အဲ့ေတာ့ "

" ေျပာရရင္ အကိုေ႐ွာင္းက ေဂး မဟုတ္ဘူး
မင္းနဲ႔႐ုတ္တရက္ႀကီး ႀကိဳက္သြားတာေတာ့ မျဖစ္ႏိုင္ဘူး "

‌လီယြန္က ျပဳံးစစမ်က္ႏွာေပးနဲ႔သူကို ေစာက္ျမင္ကတ္ေအာင္ ၾကည့္ေနတာေၾကာင့္ ဝမ္ရိေပၚ စိတ္အလိုမက်စြာ မ်က္ႏွာလြဲလိုက္သည္ ။

လီယြန္က သူရဲ႕ ဖေအတူမေအကြဲ ညီေလး ျဖစ္သည္ ။
မိန္းမေတြနဲ႔လည္း ေပြ႐ႈပ္သလို Onenight stand လည္း လုပ္ေလ့႐ွိသည္ ။ ပညာသင္ယူၿပီး ျပန္လာကတည္းက ဝမ္ရိေပၚနဲ႔အရာရာတိုင္းကို ၿပိဳင္ဆိုင္ေလ့႐ွိသည္ ။ ဝမ္ရိေပၚဆီက အရာရာတိုင္းကိုလည္း လုယူေလ့႐ွိသည္ ။

ဝမ္ရိေပၚ အေၾကာင္းအရာတစ္ခ်ိဳ႕ကို ေတြးမိေတာ့

" မင္းက ငါလူကို သေဘာက်ေနတာေတာ့ မဟုတ္ေလာက္ဘူးမလား "

" ........ "

ဝမ္ရိေပၚသာ ေ႐ွာင္းက်န္႔ရဲ႕ပထမဆုံးကို သူရထားတယ္ဆိုတာ လီယြန္သိရင္ ဘယ္လိုေနမလဲဆိုတဲ့အေတြးနဲ႔တင္ ရယ္ခ်င္လာသည္ ။

လီယြန္ဘက္က စကားျပန္စလာသည္ ။

" ဒါမွ မဟုတ္ ငါတို႔ ၿပိဳင္ပြဲတစ္ခု ထပ္လုပ္ၾကမလား "

" ဘာကိုလဲ ေ႐ွာင္းက်န္႔ကို လိုက္တဲ့ၿပိဳင္ပြဲလား "

" ........ "

‌ဝမ္ရိေပၚ မေအာင့္ႏိုင္ေတာ့ပဲ ရယ္လိုက္ကာ

" ဗက္ဟက္ဟက္ ၿပိဳင္ပြဲလုပ္ခဲ့ရင္ မစခင္ကတည္းက မင္းက ႐ႈံးေနၿပီ "

" ဘာလို႔.... "

" ခုနက မၾကားတာလား "

" အကိုေ႐ွာင္းက လကၼထပ္ရေသးသ၍ေတာ့
အစ္ကိုရဲ႕အပိုင္မဟုတ္ေသးပါဘူး "

" ေရာ္ ငါလူကို ထိဖို႔ သတၱိ‌ေတြ ႐ွိေနတယ္ေပါ့ "

" ...... "

" တျခားဟာေတြသာ ငါဆီက ျဖတ္ခုတ္လို႔ရမယ္
ဒီဟာက် မင္းရမယ္မထင္ဘူး "

ဝမ္ရိေပၚ လီယြန္ပုခုံးကို ပုတ္လိုက္ကာ ေ႐ွာင္းက်န္႔အနား ျပန္သြားလိုက္သည္ ။ ေသခ်ာပါတယ္ ကိစၥေတြ ႐ႈပ္လာေတာ့မယ္ဆိုတာ ။

ဝမ္ရိေပၚ သူအနားေရာက္လာေတာ့ ေ႐ွာင္းက်န္႔က

" ျပန္လို႔ရၿပီမလား "

" မရေသးဘူး ည12ေက်ာ္မွ ျပန္လို႔ရမွာ "

" ကေလးေတြကို ေနာက္က်မွ သိပ္မလို႔လား "

" စိတ္ပူမေနနဲ႔ အရင္တုန္းကလည္း ဒီလိုပဲ "

ေ႐ွာင္းက်န္႔က ဝမ္ရိေပၚရဲ႕စကားေၾကာင့္
မ်က္ႏွာပ်က္သြားသည္ ။ သူသာ ေစာေစာသိခဲ့ရင္
ၿပီးေနတာပဲကို ။

" ခင္ဗ်ား ဒီကပဲေစာင့္ ကြၽန္ေတာ္ ေစာေအာ္ကို သြားေခၚမလို႔ "

ေ႐ွာင္းက်န္႔ ေခါင္းၿငိမ့္ျပလိုက္သည္ ။ ဝမ္ရိေပၚ ထြက္သြားေတာ့ ေ႐ွာင္းပိုင္က အနား ေရာက္လာသည္ ။

" အစ္ကိုေ႐ွာင္းက်န္႔ မွားလို႔ ေ႐ွာင္းက်န္႔လို႔ပဲ
ေခၚရေတာ့မွာမလား "

ေ႐ွာင္းက်န္႔ ဂ႐ုမစိုက္ပဲ ေဘးက အသီးေတြပဲ ႏိႈက္စားေနလိုက္သည္ ။

" ရိေပၚကို ဘယ္လိုမ်ား ျမဴစြယ္လိုက္တာလဲ သိရင္ ငါကို မွ်ပါအုံး "

" ေဖေဖလို႔ သုံးခါေခၚရင္ ေျပာျပမယ္ေလ "

ေ႐ွာင္းပိုင္က မ်က္ႏွာမဲ့သြားသည္ ။

" တကယ္လို႔ ‌႐ွင္သာ ကေလးအေဖဆိုတာ သိသြားရင္ အဟင္းး "

" သိပါ‌ေစ ဘာလုပ္ရမွာလဲ "

ဘာေျပာေျပာ မတုန္လႈပ္ေနတဲ့ ေ႐ွာင္းက်န္႔ကို သူမ
အသဲေပါက္လာသည္ ။ တစ္ခုခုေတာင္ မတုန္႔ျပန္ဘူး ။

" ႐ွင္က‌ေလးေတြေရာ ႐ွာေတြ႕ၿပီလား "

" ကံေကာင္းစြာနဲ႔ ျပန္ေတြ႕တယ္ "

" ဟုတ္လား ငါနဲ႔မိတ္ဆက္ေပးေလ "

" ဘာေက်းဇူး႐ွိဖူးလို႔ မင္းနဲ႔မိတ္ဆက္ေပးရမွာလဲ "

" ႐ွင္...!! ဟင္းးး ထားပါေတာ့ ဖေအေတာင္ ဒီပုံစံျဖစ္ေနတာ ကေလးေတြလည္း ဒီလိုလာမွာပဲ အ႐ိုင္းအစိုင္းေလးေတြေလ အဟက္ "

ေ႐ွာင္းက်န္႔ ေဒါသထြက္သြားေပမယ့္ ေ႐ွာင္းပိုင္ရဲ႕
အၾကံကို သိတာေၾကာင့္ စိတ္ေလွ်ာ့လိုက္သည္ ။
သူမက သူကို ေဒါသထြက္ေအာင္ စိတ္ဆြၿပီး
ေ႐ွာင္းက်န္႔က စိတ္လိုကၼာန္ပါတစ္ခုခုတုန္႔ျပန္လိုကၼိရင္ ေ႐ွာင္းက်န္႔အျပင္ ၿမိဳ႕စားဝမ္ပါ အ႐ွက္ရႏိုင္ေခ်႐ွိသည္ ။

" အ႐ိုင္းအစိုင္းေလးေတြ ? ဘယ္လိုစိတ္နဲ႔ႏိႈင္းၿပီး
အ႐ိုင္းအစိုင္းေလးေတြလို႔ ေျပာရတာလဲ "

" ႐ွင္ပုံစံပဲၾကည့္ေလ ေျပာတာကိုက
အခ်ိဳးကို မေျပတာ "

" မင္းအရင္ အခ်ိဳးမေျပတာမဟုတ္ဘူးလား
အာ ေနပါဦး မင္းကအခု မနာလိုေနတာမလား "

" ေယာက်ၤားေလးတစ္ေယာက္ကို မနာလိုစရာလား "

" ဒါေပါ့ မင္းအေမလို႔ ထုတ္မွမျပတက္ပဲ ကြယ္ရာက်ရင္ ႀကိတ္ငိုမေနနဲ႔ေနာ္ အဟက္ "

ၿမိဳ႕စားဝမ္ေရာက္လာတာေၾကာင့္ သူမတို႔ စကားဝိုင္း ပ်က္သြားရသည္ ။ ေ႐ွာင္းပိုင္က ၿမိဳ႕စားဝမ္ခ်ီထားတဲ့ေစာေအာ္ကို ျမင္ေတာ့

" ေစာေအာ္ေလးေတာင္ အေကာင္ေပါက္ေလးျဖစ္ေနၿပီ
တီတီကို အာဘြားမေပး‌ေတာ့ဘူးလား "

" တီတီကလည္း ေနာကၼွယူ "

သူမက စိတ္ဆိုးျခင္းမ႐ွိပဲ ရယ္ေနသည္ ။ ေ႐ွာင္းက်န္႔ မ်က္ေမွာင္က်ဳတ္လိုက္သည္ ။ ဒါက ဘယ္လိုဆက္ဆံေရးႀကီးလဲ ။ ေစာေအာ္နဲ႔သူမက အစကတည္းက
သိေနၾကတာလား ... ။ ေ႐ွာင္းပိုင္က ေစာေအာ္ကို နမ္းမယ္လုပ္ေတာ့ ၿမိဳ႕စားဝမ္က တားလိုက္သည္ ။

" မနမ္းနဲ႔ ႏႈတ္ခမ္းနီေတြနဲ႔ ေပသြားလိမ့္မယ္ "

" အာ ရိေပၚကလည္း ၾကည့္လို႔ေတာင္ ေကာင္းသြားမယ္ဟာကို ဒါမွမဟုတ္ နင္ကို နမ္းလိုက္ရမလား "

" မရဘူး အလက္ဂ်စ္ ႐ွိတယ္ "

" ဟဲ့ ..... "

ေ႐ွာင္းက်န္႔ သေဘာေပါက္လိုက္ၿပီ ။ ၾကည့္ရတာ သူမက ၿမိဳ႕စားဝမ္နဲ႔သူငယ္ခ်င္းဆက္ဆံေရးပဲ ။ တကယ္လို႔ ၿမိဳ႕စားဝမ္ဘက္က သူမကို သေဘာက်ေနတယ္ဆိုရင္
ေ႐ွာင္းပိုင္ ေရလာေျမာင္းေပးလုပ္တာေတြကို ၿမိဳ႕စားဝမ္က လကၼခံပဲေနမွာမဟုတ္ဘူး ။

ေ႐ွာင္းက်န္႔ ဝမ္ရိေပၚလက္ထဲက ေစာေအာ္ကို ယူခ်ီရန္ ျပင္လိုက္သည္ ။ ေစာေအာ္ကလည္း အလိုက္သင့္ပါသြားေတာ့ ေ႐ွာင္းပိုင္က အံ့ဩေနသည္ ။
ေစာေအာ္က အရင္က သူမနဲ႔ဝမ္ရိေပၚ ခ်ီတာပဲအမ်ားဆုံး လက္ခံသည္ ။ ဒီအသက္အ႐ြယ္အထိပင္ ။
သူမက စသလို႔ေနာက္သလို႔ စကားနဲ႔ေျပာလိုက္သည္ ။

" ေစာေအာ္ သူစိမ္းေတြခ်ီတာကို လက္ခံတယ္ေပါ့
တီတီေတာ့ စိတ္ဆိုးသြားၿပီ "

" တီတီ စိတ္ဆိုးလည္း မတတ္ႏိုင္ဘူး ဒါက သားရဲ႕
ပါးပါးအသစ္ "

" ပါး...ပါးပါး "

" အင္း .. မြ ...! "

ေ႐ွာင္းက်န္႔ရဲ႕ပါးကိုေတာင္ နမ္းလိုက္ေသးတာမို႔
သူမ ထပ္ၿပီး မနာလိုသြားရသည္ ။ သူမ ေတာင္းတုန္းကက် မေပးတာ ဒါေၾကာင့္လား ။

သူမတို႔ စကားေျပာတာ ဘယ္‌ေ‌လာက္ၾကာသြားလဲမသိ ။ ကပြဲအခ်ိန္ေတာင္ နီးလာသည္ ။

ၿငိမ့္ေညာင္းတဲ့ေတးသံက ထြက္ေပၚလာသည္ ။
တစ္ခ်ိဳ႕လူေတြကလည္း ပါတနာကိုယ္စီနဲ႔ ထကၾကသည္ ။ ေ႐ွာင္းပိုင္က

" ရိေပၚ ငါတို႔လည္း ...... "

" အလွေလး က်ေတာ္နဲ႔ကေပးပါ ... !! "

လီယြန္က ႐ုတ္တရက္ေရာက္လာကာ ေ႐ွာင္းက်န္႔အေ႐ွ႕ကို လက္ဆန္႔ကာ လက္ေပးသည္ ။

" အာ ငါက ကေလးနဲ႔မအား .... "

" ကေလးကို ကြၽန္ေတာ္အစ္ကို ထိန္းလိမ့္မယ္ "

" ........ "

ဝမ္ရိေပၚက လက္ဆန္႔ထားတဲ့လူကို ေ႐ွာင္းက်န္႔ဆီက ေစာေအာ္ကို ယူကာ လီယြန္လက္ထဲ ထည့္ေပးလိုက္သည္ ။ လီယြန္ကလည္း ႐ုတ္တရက္ဆိုေတာ့ ခ်ီလိုက္ရသည္ ။

" ေက်းဇူးပဲ ညီေလး အစ္ကိုအစား ကေလးထိန္းေပးလို႔ "

" ဘာ...! ကြၽန္ေတာ္က အဲ့လိုမဟုတ္ဘူးေလ "

ေစာေအာ္ကလည္း နားလည္တဲ့ပုံနဲ႔ လီယြန္ ခႏၶာကိုယ္ကို တြဲကပ္‌ေနသည္ ။ လီယြန္မွာ ဆြဲခြာလို႔လည္းမရ ။
ၿမိဳ႕စားဝမ္က အရင္ႏွစ္ေတြက ေ႐ွာင္းရိနဲ႔ပဲ တြဲကတာမ်ားတယ္ဆိုေပမယ့္ အခုခ်ိန္မွာေတာ့ မျဖစ္ႏိုင္ေတာ့ ။

ေ႐ွာင္းက်န္႔က ႀကိဳသိေနတဲ့အလား

" ငါနဲ႔အတူတူကခ်င္ေနတယ္ဆိုရင္ လက္ေလ်ာ့လိုက္ မကတတ္ဘူး "

" ... ဟမ့္ မရဘူး ကရမွာ ... "

ဝမ္ရိေပၚက ေ႐ွာင္းက်န္႔ရဲ႕ ပုခုံးႏွစ္ဖက္ကို ဆြဲယူကာ

" ေလွ်ာက္ကလိုက္ရင္ အဆင္ေျပတယ္ "

" ၿမိဳ႕စားဝမ္က ႐ူးေနတာမ်ားလား "

‌ၿမိဳ႕စားဝမ္ရဲ႕ ပုံစံအတိုင္း လိုက္ကေနရတာမို႔
ေ႐ွာင္းက်န္႔မွာ ၿမိဳ႕စားဝမ္ရဲ႕ေျခေထာက္ကို
သြားသြားနင္းမိသည္ ။

" အသက္ကျဖင့္ ႀကီးေနၿပီ ခုခ်ိန္ထိ မကတတ္ေသးဘူး "

" ........ "

" ခင္ဗ်ား လီယြန္ကို သိလား "

" ....... "

" ေျဖေလ ပါးစပ္ႀကီးက ပ်ားတုတ္သြားလို႔လား "

ေ႐ွာင္းက်န္႔ရဲ႕ ခါးေသးေသးေလးကို ထပ္ညစ္လိုက္တာေၾကာင့္ ေ႐ွာင္းက်န္႔မွာ အ႐ိုးေၾကမတတ္ပဲ ။

" သိေတာ့ မင္းက ဘာလုပ္မွာလဲ "

" ဘာမွမလုပ္ဘူး ေမးၾကည့္တာ "

" ........ "

" ခင္ဗ်ားက ေယာက်ၤားေလးသာ ေျပာတာ
အလုပ္ၾကမ္းေရာ လုပ္ဖူးရဲ႕လား "

ေ႐ွာင္းက်န္႔လက္က ေသြးေၾကာ‌မွ်င္မွ်င္‌ေလး‌ေတြနဲ႔ေသးၿပီး ဝမ္ရိေပၚလက္က ေသြးေၾကာလိႈင္းေတြ ထေနသည္ ။

" ငါက စာအုပ္‌ေတြ‌ေဘာပင္‌ေတြနဲ႔ပဲ အလႈပ္႐ႈပ္လာတာ "

" ေအာ္ အဲ့လိုကိုးး "

ၿမိဳ႕ေတာ္ဝန္က အတြဲခ်ိန္းဖို႔ ေအာ္လာတာေၾကာင့္
အခ်ိန္ေကာင္းကို ေစာင့္ေနတဲ့ လီယြန္က
ဝမ္ရိေပၚကို တြန္းတိုက္ကာ
ေ႐ွာင္းပိုင္နဲ႔ ေပးခ်ိန္းလိုက္သည္။
ဝမ္ရိေပၚလည္း ႐ုတ္တရက္ဆိုေတာ့ ခံလိုက္ရသည္ ။

" ဟဲဟဲ အကိုေ႐ွာင္း "

" အာ ... "

" က်ေတာ္က လီယြန္ပါ မွတ္မိတယ္မလား "

" ေအာ္ မွတ္မိတယ္ "

" အကိုေ႐ွာင္းက ပိန္လိုက္တာ အစားမ်ားမ်ားစားေလ "

" အဲ့ စားပါတယ္ "

ဝမ္ရိေပၚကေတာ့ စကားေျပာေနတဲ့ႏွစ္ေယာက္ကို
အလိုမက်တဲ့မ်က္ဝန္းေတြနဲ႔ၾကည့္လိုက္သည္ ။

သူဖက္ေနတဲ့ခါးကို တစ္ျခားေကာင္က ဖက္သြားၿပီ

" ဒီေခြးေကာင္ "

" အမ္ ရိေပၚ နင္ဆဲလိုက္တာလား "

" မဆဲဘူး ျပန္မယ္ အခ်စ္ ...!! "

ကေနတာကို ရပ္လိုက္ကာ ေ႐ွာင္းက်န္႔ကို ဆြဲေခၚလာလိုက္သညိ ။ အကုန္လုံးကလည္း ၿမိဳ႕စားဝမ္ သဝန္တိုေနသည္ဟု ေကာက္ခ်က္ခ်လိုက္သည္ ။

" ေစာေအာ္ ရိက်န္႔ ျမန္ျမန္လာ "

" ဟုတ္ "
" ဟုတ္ "

____________________

🤧

Đọc tiếp

Bạn Cũng Sẽ Thích

683K 52.8K 35
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
959K 86.3K 39
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...
3.7M 238K 98
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
4.7K 229 11
𝐈𝐍 𝐖𝐇𝐈𝐂𝐇 ★ solace the sister of raq moves back to newyork quietly tryna get away from her cheating husband but then her sister gets her involv...