Part - 17

3.1K 156 3
                                    

Unicode

" မင်းနာမည်က ရိလုံး .... "

" အင်း တားနာမည်က ရိလုံးပါခည "

" ဟိတ်ကောင် .... ပြီးအောင်ပြော "

" ဟွန့် မြို့ချားဝမ်က ဘာဆိုင်လို့ ဝင်ပြောတာလဲ
သားက မြို့ချားကတော်လှလှလေးကိုပဲ ဖြေတာ "

ဝမ်ရိပေါ်က မျက်နှာမဲ့သွားသည် ။ ရှောင်းကျန့်ကတော့ စကားတတ်လွန်းတဲ့ကလေးကို ခေါင်းပွတ်ပေးလိုက်သည် ။

" အာ .... သားက နာမည်‌နဲ့လိုက်အောင် မျက်နှာလေးက လုံးနေတာပဲ "

" ဟီး ဟုတ်လား ... အဲ့ဒါဆို မြို့ချားကတော်နဲ့အတူအိပ်လို့ရလား မြို့ချားဝမ်နဲ့ အိပ်ချင်ပု "

" ငါလည်း မင်းနဲ့မအိပ်ချင်ပါဘူး "

" ဟွန့် မြို့ချားဝမ်က မကောင်းပု ဝါးး တားပင်ပန်းနေပြီ  "

" အာ ဦးဦးအခန်းလိုက်ပို့ပေးမယ် "

" အင်း သားကိုချီ "

ရိလုံးက ရှောင်းကျန့်ကိုယ်ပေါ်ကို ဇွက်ကနဲတက်သည်။
ဝမ်ရိပေါ်ဘက်လှည့်ကာ လျှာထုတ်ပြသည် ။

ရှောင်းကျန့်လည်း အတင့်ရဲလွန်းတဲ့ ကလေးကို ချီလိုက်ကာ အပေါ်ထပ်တက်သွားလိုက်သည် ။
ရိကျန့်နဲ့‌ေစာ‌ေအာ်ကလည်း

" တားတို့လည်း လိုက်သွားလိုက်ပါအုံးမယ်ခညာ "

" မင်းတို့ .....!! "

နောက်ရက်တွေတော့ ဝမ်ရိပေါ်သွေးတွေဆောင့်တက်တော့မှာ မြင်ယောင်လာသည် ။

///

စာအုပ်စင်ပေါ်က စာအုပ်တွေ စီနေရင်း ရှောင်းကျန့် ခေါင်းထဲ မိုက်ကနဲဖြစ်သွားရသည် ။ ရိကျန့်နဲ့စောအော်က မြင်သွားကာ

" ပါးပါး ဘာဖြစ်လို့လဲ "

" အာ ဘာမှမဖြစ်ပါဘူး "

ခေါင်းထဲကို တစ်ခုခုထိုးနှက်‌ေနသလို့ ခံစားနေရတာကြောင့် အပေါ်ထပ် မြန်မြန်တက်လိုက်သည် ။
ရိကျန့်နဲ့စောအော်ကတော့ ကြောင်ကြည့်‌နေကြသည် ။

ဗီရိုအောက်က ဆေးဘူးကို အမြန်ယူကာ ရှောင်းကျန့် သောက်လိုက်သည် ။ ကုတင်ပေါ်ကို မျက်လုံးမှေးကာ လှဲနေလိုက်သည် ။ သူရောဂါဟောင်းကြီး ပြန်ဖောက်လာပြီ ထင်ပါရဲ့ ။

|| ᴍʏ ʜᴜꜱʙᴀɴᴅ ɪꜱ ɢᴏʀɢᴇᴏᴜꜱ ᴍᴀɴ || ( ᴄᴏᴍᴘʟᴇᴛᴇ )Where stories live. Discover now