Part - 30

3.2K 125 1
                                    

Unicode

" ပါးပါး ... အီးဟီးး တားတိုကို ထားသဝါးတော့မှာလား .... "

" ဟုတ်ထယ်မြို့ချားကတော် ဟင့် တားတို့တွေ မိန်းမယူတာ ကြည့်သဝါးတော့ဘူးလား ... အူးဝါး . "

ဘေးကနေ အသံဆိုးကြီးနဲ့ အော်နေတဲ့ ရိလုံးနဲ့စောအော်ကို ဝမ်ရိပေါ် ကိုင်ပေါက်ပြီး ‌နှင်ထုတ်ပစ်ချင်လာသည် ။
ရိကျန့်ကတော့ ရှောင်းကျန့်ကိုပဲ ကြည့်နေသည် ။

" ထွီ အသံဆိုးကြီးတွေနဲ့ နမိတ်မရှိ နမာမရှိတွေ လုပ်မနေကြနဲ့ အစ်မရိဟွား ဘာလို့ကလေးတွေကို ခေါ်လာတာလဲ .. "

" ဟယ် ခေါ်ချင်‌လွန်းလို့ခေါ်လာတယ်ထင်နေတာလား "

"အီးဟီး ... တားတို့ကို ထားသဝါးတော့မှာလား ‌ဗြဲ ... "

" ဒီ ... ရိကျန့် မင်းညီလေးကို ခေါ်သဝါး အာ ခေါ်သွားကွာ ... "

ရိကျန့်ကတော့ ရှောင်းကျန့်မျက်နှာကိုပဲ မျက်တောင်မခတ်ပဲ စိုက်ကြည့်နေတယ် ။ ပြီးကျ သူက ထအော်ကာ

" ဖေဖေ!! ပါးပါးမျက်တောင် လှုပ်သွားတယ် !! "

" ဘာ ... "

" ရေးး ပါးပါးပြန်လာဖီကွ ... ! "

" ရေးး " ²

" ကျစ် ! ... "

ကလေးတွေရဲ့ဆူသံတွေကို လျစ်လျူရှူလိုက်ကာ
ရှောင်းကျန့်ကိုပဲ စိုက်ကြည့်နေလိုက်သည် ။

လက်ချောင်းလေးတွေက လှုပ်သွားတာမို့
ဝမ်ရိပေါ်လည်း အတိုင်းအဆမရှိ ပျော်သွားရသည် ။

" ကျဲရိဟွား ဆရာဝန်သွားခေါ်ပေးပါလား ..! မြန်မြန်! "

" ကောင်းပြီ ငါသွားလိုက်မယ် "

ရိဟွားကလည်း ဝမ်းသာပြီး မချော်လဲရုံတမယ် ပြေးထွက်သွားသည် ။

" တော‌်သေးတာပေါ့ ကျွန်တော့်တို့ကို မထားသွားလို့ ... "

ရှောင်းကျန့်မေ့မျောနေတာ တစ်ပတ်ကျော်လောက်ရှိပြီဖြစ်သည် ။ ဒီနေ့မှ ထပ်ကျော်ရင် ဆရာဝန်က
ကိုမာဖြစ်တဲ့အဆင့်ထိကို  ‌ပြောပြမှာဆိုးနေတာကြောင့်
ဝမ်ရိပေါ်မှာ ရှောင်းက်န့်ဘေးနားကနေကို တစ်ဖဝါးမှ မခွာရဲ ။ အခုတော့ သတိရလာပေးလို့ တော်သေးတာပေါ့ ။

|| ᴍʏ ʜᴜꜱʙᴀɴᴅ ɪꜱ ɢᴏʀɢᴇᴏᴜꜱ ᴍᴀɴ || ( ᴄᴏᴍᴘʟᴇᴛᴇ )Where stories live. Discover now