Part - 19

2.7K 202 4
                                    

Unicode

ဝမ်ရိပေါ်ဘက်က မျက်နှာလွဲကာ ပြန်လည်တိတ်ဆိတ်သွားသည်မို့ ရှောင်းကျန့်လည်း စကားပြန်လွှဲလိုက်သည် ။ ‌ဝမ်ရိပေါ်ပုခုံးပေါ်ကနေ ဖယ်လိုက်ကာ

" မင်းလက်က ဘာဖြစ်တာလဲ ... "

လက်ဖျံရိုးပေါ်‌မှာ ခြစ်ရာကြီးမို့ ရှောင်းကျန့်လည်း မေးလိုက်သည်။

" အာ ခုနက ထင်းတွေဆွဲယူတုန်းက ခြစ်မိသွားတာထင်တယ် "

ရှောင်းကျန့်က သူရင်ဘတ်ထဲက နက်ခ်တိုင်ကို ထုတ်ယူလိုက်သည် ။ အနံ့ရှူကြည့်တော့ စပယ်နံလေးက မွှေးနေတုန်းဖြစ်သည် ။ ဝမ်ရိပေါ်လက်ကို ယူလိုက်ကာ
ချည်ပေးလိုက်သည် ။

" အသစ်ကြီးထင်တယ် မနှမျောဘူးလား ... "

" ဒဏ်ရာသေးသေးလေးလည်း မပေါ့ဆရဘူးတဲ့ ငါမားက ပြောဖူးတယ် ..... "

" အော် .... "

" လှသားပဲ ..... "

" အင်း ..... "

" ကျွန်တော်ပုခုံးပေါ် ပြန်မှီလေ ..... "

" တော်ပြီ အားနာစရာကြီး .... "

" အဟမ်း ..... "

ရှောင်းက်န့်က ဝမ်ရိပေါ်ဘေးနားကနေ ရွေ့ကာ သုံးပေအကွာလောက်မှာ သွားပြန်ထိုင်လိုက်သည် ။ ရှောင်းကျန့်က ဝမ်ရိပေါ်ကို ကြည့်ကာ

" မအိပ်သေးဘူးလား .... "

" ခင်ဗျားအိပ်ချင်အိပ်လေ ကျွန်တော်စောင့်ပေးမယ် .... "

" ......... "

အချိန်တွေကြာလာတာတော့ ညသန်းခေါင်လောက်ရောက်လာသည် ။ လေတွေကလည်း တဖြူးဖြူးတိုက်လာသည် ။ ရှောင်းကျန့်လည်း အေးလာတာကြောင့် ကိုယ်ကျုံထားမိသည် ။ မျက်လုံးတွေကလည်း ပူစပ်ကာ ကျိန်းလာသည်မို့ မျက်လုံးမှိတ်ထားလိုက်သည် ။

" ရလား .... ? "

" ဟမ် .... "

ဝမ်ရိပေါ်က သူဘေးနားကပ်ကာ ပြန်လာထိုင်သည် ။

" အိပ်လို့မရဘူးမလား ..... ကျွန်တော်ရင်ဖွင့်တဲ့စကားကိုရော နားထောင်ချင်သေးလား ..... "

" အင်း ...... "

" ခင်ဗျားကို ယုံကြည်လို့ပြောပြတာနော် ... ကျွန်တော်ရဲ့ငယ်နာမည်က ဝမ်ကျယ်တဲ့ ..... "

|| ᴍʏ ʜᴜꜱʙᴀɴᴅ ɪꜱ ɢᴏʀɢᴇᴏᴜꜱ ᴍᴀɴ || ( ᴄᴏᴍᴘʟᴇᴛᴇ )Where stories live. Discover now